Once Upon A Dream

By Tulipbabejoon

699K 69.1K 4.5K

လူတိုင်းမှာ မေ့မရတဲ့ အိပ်မက်လှလှလေးတစ်ခုရှိတတ်ကြတယ်... ကိုယ့် ရဲ့ အိပ်မက်လှလှလေးက မင်း ပဲ။ More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29 (Final )
နှုတ်ဆက်
EXTRA
☁️💚
💙☁️

1

70.1K 3.3K 493
By Tulipbabejoon

"ဟေ့ ရွှတ် ရွှတ်"

ရယ်သံစွက်နေတဲ့လေသံနဲ့ မခိုးမခန့်ခေါ်သံကြောင့် ထယ်‌ယောင်းခြေထောက်တွေပိုမြန်မြန်သွက်သွက်ကလေးလှမ်းလိုက်ရတယ်..

ငဲ့စောင်းကြည့်စရာမလို ပလက်ဖောင်းပေါ်က သံလက်ရမ်းသေးသေးလေးပေါ် ခွထိုင်နေတဲ့ ထိုအုပ်စုကို သောက်မြင်ကပ်ခြင်းများစွာနှင့် ရင်းနှီးနေပြီးသားပင်..

ဒီပြသနာအစက လွန်ခဲ့တဲ့ တစ်ပါတ် ဒီကောင်တွေအုပ်စု ကောင်မလေးတစ်‌ေယာက်ကို ပါးစပ်အရသာခံစတာကနေစခဲ့တာဖြစ်၏။
ထယ်ယောင်းက မနေနိုင်လို့ ၀င်ပြောတော့ ရန်ဖြစ်ကြရင်း သူ့ပါးပေါ်မှာ အညိုအမဲတွေတောင် အခုထိခပ်ရေးရေးရှိနေတုန်း။

တမင်ဟီးရိုး၀င်လုပ်တာတော့ဘယ်ဟုတ်ပါ့မလဲ။ ထယ်ယောင်းကရန်ဖြစ်ရမှာရှက်သည်...
ထို့ကြောင့်လူမိုက်ယောင်ယောင် တွေဆိုပိုလို့တောင်ရှောင်ပါသေးတယ်။
အခုဟာကြီးက လက်ဆွဲဘာဆွဲအဆင့်မို့ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ကာကွယ်ပေးသင့်တယ် ထင်ဟုသူလုပ်လိုက်ခြင်း

နောင်တမရပေမဲ့ စိတ်အနှောင့်အယှက်တော့တော်တော်ရ‌သွားတယ်ဆိုရမည်။
ကျောင်းပြန်ကျုရှင်ပြန် ဒီအုပ်စုရဲ့ပေါက်ပန်းလေးဆယ်စကားတွေက သူ့ဆီသာအကုန်ဦးတည်လာခဲ့တယ်။

ထယ်ယောင်းရန်ဆက်မဖြစ်တော့ပါ။
ဖြစ်လဲသူမနိုင်တာကိုသိနေတယ်လေ
ကိုကိုကြီး ကျောင်းပိတ်လို့ပြန်လာမှပဲ ဒီငနဲတစ်သိုက်ရှိရာ လက်ဆွဲ‌ခေါ်ပြီး ဖွတ်ဖွတ်ကြေအောင်ထောင်းခိုင်းမည်ဟု ကြိမ်းဝါးကာအားတင်းထား၏။

"ချေတယ်ကွာ လူစွမ်းကောင်းက"

ဟုတ်သည်.. ထို့နေ့မှစ ထိုဂျလေဘီအုပ်စုအကြားထယ်ယောင်းနာမည်ပြောင်က လူစွမ်းကောင်းဖြစ်သွားလေသည်။

" ငါပြောတာကြားလား ငါကသရဲလား ဟမ်"

"ခွေးးသား "

သူ့ဆံပင်ကို ထိပ်ကနေဆွဲဆောင့်ပြီးမေးလိုက်ချိန်မှာတော့ ထယ်ယောင်းဒေါသတွေပေါက်ကွဲကာ ထဆဲရင်း ခြေသလုံးရိုးကိုဖြတ်ကန်လိုက်တော့သည်။

ထိုငနဲကလဲ သူ့ဆီလှိမ့်၀င်ကာ ထိုးရင်း နှစ်ယောက်သားမြေကြီးပေါ်ကိုလုံးထွေးလျှက်ကျသွားကြ၏။

"ဟေ့ကောင်လေးတွေ ဟေ့ကောင်တွေ"

ဘေးနားကလူတွေဝိုင်းဆွဲတော့မှ သူတို့လဲလူချင်းကွဲရသည်။ ထယ်ယောင်းမကျေနပ်စွာ ခြေထောက်နှင့်တစ်ချက်လှမ်းကန်လိုက်သေး၏။

" မင်းတွေ့မယ် ဟေ့ကောင်"

တစ်ဖက်က မျက်ပေတုံးနှင့်ငနဲက ဆွဲထားသည့်လူတွေကို ရုန်းရင်း ထယ်ယောင်းကို ရန်စကားလှမ်းစသည်။

"အချိန်မရွေးပဲ ဟေ့ကောင်
ဒယ်ဂူ အထက်တန်းကျောင်း တန်းခွဲCက ကင်မ်ထယ်ယောင်း သတ္တိရှိရင် လာခဲ့"

"ဒယ်ဂူအထက်တန်းကျောင်း
တန်းခွဲCက ကင်မ်ထယ်ယောင်း "

ဩဇာသံအပြည့်ပါသော အသံတစ်သံကြောင့် ထယ်ယောင်းဇက်ကလေးပု၀င်သွားသည်။

စိမ်းညိုရောင်ဂျစ်ကားလေးပေါ်မှ သူ့ကို စိုက်ကြည့်နေသော ဆရာကြီးကို မြင်လိုက်ရ၍ ထယ်ယောင်း နှလုံးတွေ ဆောင့်ခုန်သွားသည်။
တစ်ဖက်ကငနဲကတော့ ပြေးတာတန်းနေချေပြီ။

" သတ္တိရှိရင် ရုံးခန်းကိုကြွခဲ့ပါအုံးဗျ နော"

ဆရာကြီးက အံကိုကြိတ်ကာဆိုရင်း ကားကိုမောင်းထွက်သွားသည်။ ဘေးနားလေးမှာ ထိုင်လိုက်သွားသော ကောင်လေးတစ်ယောက်ကို ခပ်ရေးရေးမြင်လိုက်ရ၏။
.
.
.
.
.
မနက်ခင်းတစ်ချိန်နီးပါး ဆရာကြီးဆီမှာအဆူခံလိုက်ရသည့်အပြင် လက်မှတ်လာထိုးကြသော ဆရာမတွေဆရာတွေကပါ အဆစ်ဆူကြခေါက်သွားကြ၍ ထယ်ယောင်းမအီမလည်ဖြစ်နေသည်။

ဘုစုခရုကတည်းကတတ်ခဲ့ကာ ကြီးပျင်းလာရတဲ့ ကျောင်းမို့ ထယ်ယောင်းကိုဆို ချစ်ကြသည် ဆူစရာရှိလဲ အကုန်လုံးဝိုင်းဆူကြခေါက်ကြလေသည်။

" ဘယ်လိုလဲ ခေါက်ဆွဲကြော်က တော်တော်မှအီရဲ့လား "

အတန်းထဲ၀င်လာလာချင်း တန်း၍စသော ဂျန်းယောင်းကိုလျှာထုတ်ပြရင်း ၀င်ထိုင်လိုက်သည်။

" Section Aမှာ ဆိုးလ်ကလာတဲ့ကျောင်းသားသစ်ရောက်တယ်တဲ့ "

အွန်းဆော့က ရေခဲမုန့်တစ်ဇွန်းကိုခပ်ကြီးကြီးသွပ်ရင်း ပလုပ်ပလောင်းစကားလာစသည်။
သူ့ကိုကြည့်ပြီး ထယ်ယောင်းသွားတွေပင်ကျဉ်လာသည်။

"အဲ့တာငါနဲ့ဘာဆိုင်တုန်း လက်မှတ်သွားတောင်းရမှာလား"

စိတ်မကြည်တာမို့အငေါ်တူးသော်လည်း ငယ်ငယ်ကတည်းကပြောမနာတွေမို့ နာရမှန်းလဲမသိကြတော့..

"ကျောင်းသားသစ်က Aခန်းနေရလို့လေ..
အစဉ်အလာရဆို ငါတို့Cပဲနေရမှာကိုးကွ လူရင်းတွေဘာတွေဖြစ်နေလို့လားမသိ "

"သူ့အဆင့်က ဟိုဘက်မှာကောင်းခဲ့လို့ပေါ့
ဒီကောင်ထယ်ယောင်းဆို အလယ်တန်းကတည်းက Cမှာတပ်စွဲလာတာ သူ့ထက်ရင်းတဲ့လူရှိပါအုံးမလား ကဲ"

"အေးနော် ငါတို့ကမှ ဘီ ရောက်ခဲ့သေး "

နှစ်ကောင်သား ခေါင်းချင်းဆိုင် ရယ်နေတာကို ထယ်‌ယောင်း လျစ်လျူရှုကာ မပြီးသေးသော အိမ်စာတွေကိုပဲ အားကြိုးမာန်တတ်လှိမ့်ကူးနေတော့၏။
.
.
.
.
.
ကျူရှင်အ၀မှာ ရပ်ထားသော စိမ်းညိုရောင် ဂျစ်ကားကြောင့် ထယ်‌ယောင်း တွန့်သွားသည်။ ပြောင်လက်နေအောင် တိုက်ဆေးထားသော ကားက စက်ဘီး ဆိုင်ကယ်သာအများဆုံးမြင်ဖူးသောသူတို့ လူငယ်ပေါက်စလေးတွေအတွက် အားကျစရာ ပစ်မှားစရာ စီးတော်ယာဉ်တစ်ခုလဲဖြစ်၏။

ပေါ်ခါစဦးဦးဖျားဖျားကတည်းက တတ်စီးနိုင်သော ဆရာကြီး၏ အရှိန်အဝါကမသေးလှမှန်းထယ်‌ယောင်းတို့သိပါသည်။

ကျူရှင်အိမ်ထဲကိုမရဲတရဲ၀င်တော့ ဆရာမနှ့င်စကားရပ်ပြောနေသော ဆရာကြီးကိုတွေ့သည်။
ဆရာကြီးက သူ၀င်လာတော့ မျက်မှန်ကိုတစ်ချက်ပင့်ကြည့်ပြီး

" သတ္တိရှိတဲ့ ကိုထယ်ယောင်းလာပြီလား" ဟု လှမ်းစ၏။

ထယ်ယောင်း ရှက်ဝဲဝဲရယ်ရင်း သူ့နေရာမှာ၀င်ထိုင်ရန်ပြင်လိုက်သည်။

သစ်သားစားပွဲဝိုင်းရှည်ကြီးရှိ ထယ်ယောင်းထိုင်နေကျ ထိပ်ဆုံးနေ‌ရာတွင် ကျောင်းသားသစ်တစ်ယောက်ထိုင်နေတာမြင်ရသည်။

ဘေးနားကလူတွေကို သူ့နေရာမှန်း မပြောရကောင်းလား ဟူသောအကြည့်ဖြင့် ဘုကြည့်ကြည့်တော့ အကုန်လုံး စပ်ဖြဲဖြဲနှင့် အကြည့်လွှဲသွားကြသည်။

"ဆရာကြီး တူလေးပါကွာ..ဂျွန်ဂျုံးဂုတဲ့
အကုန်လုံး သင့်မြတ်အောင်ပေါင်းပေးကြအုံးကွ နော"

နေရာသွားဖယ်ခိုင်းမယ်ပြင်နေတုန်း စီခနဲထွက်လာသည့်ဆရာကြီးအသံကြောင့် တွေ့တဲ့နေရာ၀င်ထိုင်လိုက်ရပေမဲ့ စိတ်ထဲကမကျေနပ်သဖြင့် စူပုပ်ပုပ်။

ထိပ်ဆုံးကနေ အကြီးအကဲတစ်ယောက်လိုနေပြီး လေပေါလိုက်ဗိုလ်ကျလုပ်ရတာကို ထယ်ယောင်းကသိပ်နှစ်သက်တာ..
သူ့နေရာကိုလဲ အခုထိဘယ်သူမှမဦးရဲကြ
အခုတော့....

ကျောင်းသားသစ်ကိုပေစောင်းစောင်းဖြင့်အကဲခတ်ကြည့်တော့ တော်တော်ချောသည်။ ဆံပင်တွေကို ဆီဖြင့်သပ်တင်ထားပုံရသည် သူတို့လို နှဖူးပေါ်ဝဲကျမနေ..
ဆီနံ့မွှေးမွှေးလေးကိုလဲ နှာ‌၀တွင်ရနေ၏။

ကျောင်းအပြန်ဖြစ်သော်လည်း ယူနီဖောင်းကသပ်ရပ်နေသည်။ အထဲကခံ၀တ်ထားသော အဖြူရော အပြင်ကကုတ်အမည်းရောင်မှာပါ ဖုန်တစက်ပါမတင်..

ဘောပင်ထည့်သည့် အိတ်အမည်းကြီးရယ် အရွယ်အစားစုံပေတံတွေနှင့် စက်ဝိုင်းခြမ်းတွေရယ်ကိုမြင်ရတော့ သူတို့တစ်ဝိုင်းလုံး မသိမသာမျက်ခုံးတွေပင့်ကုန်သည်။

ပင့်ရသည့်အကြောင်းကားရှင်း၏..
သူတို့တစ်ကျုရှင်လုံးပေါင်းမှ စက်ဝိုင်းခြမ်းကတစ်ခုပဲရှိသည်။ ဒါတောင်အနားလေးကပဲ့နေ၍ ဆွဲရတာခပ်ထောက်ထောက်...သခ်ျာချိန်တွေဆို ထိုစက်ဝိုင်းခြမ်းဘ၀ကဆပ်ပြာသည်လင်ပျောက်သလိုကို ဒေါင်ချာစိုင်းနေရတော့သည်။

ဒီကောင် ကိန်းခန်းကြီးလိုက်တာဟု စိတ်ထဲတွေးမိရင်း ဘာမဆိုင်ညာမဆိုင် ထယ်ယောင်းအမြင်ကပ်ရပြန်ပါ၏။
.
.
.
.

"ဟေး စီထယ်ယောင်း "

"ဘာလဲ အေမင်ဂျယ်"

အေတန်းရှေ့ကဖြတ်သွားရင်း နှုတ်ဆက်သံတစ်ခုကြောင့် ထယ်ယောင်းချက်ချင်းပြန်နှုတ်ဆက်လိုက်သည်။

" ကံကောင်းလို့ အေရောက်ပြီး ဖေ့သားကြီးက ကျယ်ချင်တိုင်းကျယ်နေတော့တာပါပဲလား"

ထယ်ယောင်းပြောပြောဆိုဆိုနှင့်ပင်ပြတင်းပေါက်ပေါ်ကနေကိုယ်ကိုကိုင်းကာ မင်းဂျယ်ဂိုက်အပြည့်ဖြင့် ကောက်ထားသော ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။

" မင်းတို့ရပ်ကွက်ဘက်မှာ စတိတ်ရှိုးရှိတယ်ဆို ဒီည"

ထယ်ယောင်းပြတင်းပေါက်ပေါ်တတ်ထိုင်လိုက်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

"အေးလေ..ဂွန်းဆူတို့တောင်တတ်ဆိုမလို့တဲ့"

ထယ်ယောင်းပြောရင်း ပါးစပ်ကိုလက်နှင့်အုပ်ကာ တခွီးခွီးရယ်ဟန်ပြုသည်။

"ဟမ့်..မလာတာပဲကောင်းပါတယ်"

"မလာလဲ ကြားနေရမှာပဲ"

ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်ရင်း အော်ရယ်လိုက်ကြပြန်၏။

" တိုးတိုးနေလို့ရမလား ကိုယ်ဒီမှာ စာတွက်နေလို့"

အေးအေးဖြောင့်ဖြောင့် စကားတစ်ခွန်းက ထယ်ယောင်းတို့ထံပျံ့လွင့်လာသည်။
ဒေါသသံလဲမပါ စိတ်ညစ်ညူးဟန်လဲမပါပဲနဲ့
အမိန့်နဲနဲတော့ဆန်ချင်သည်။

" ကျောင်းသားသစ် ကျောင်းသားသစ်"

မင်ဂျယ်က တိုးတိုးလေးသူ့နားကပ်ပြောသည်။
ထိုအခါမှ ထယ်ယောင်း အော် ခနဲအသံပြုရင်း ပြတင်းပေါက်ပေါ်မှခုန်ဆင်းလိုက်သည်။

" အေခန်းက သောက်ကြီးကျယ်တွေကြည့်ပဲဟေး"

ထယ်ယောင်းအာပြဲနေအောင်အော်ပြီးတဖက်အတန်းသို့မကူးခင် သူ့ဘက်ကို စူးခနဲကြည့်သော မျက်၀န်းတစ်စုံနှင့်ခလုပ်တိုက်မိသွားပါ၏။

_____________________________

Once Upon a dreamအတွက် plotနှစ်ခု ချထားရင်း ဘယ်ဟာကို အတည်ယူရမလဲ ဆိုတာကို ဝေခွဲမရဖြစ်နေခဲ့တာပါ။

အခုတော့ ဒီplotလေးနဲ့ ပိုသဘောကျမိတဲ့အတွက် အသစ်ပြန်ပြောင်းရေးလိုက်ခြင်းပါ။

အရင်တစ်ပိုင်းတင်ထားတာကို ဖတ်မိတဲ့သူများရှိရင် နားလည်ပေးကြပါ‌လို့💗

         For Zawgyi

"ေဟ့ ႐ႊတ္ ႐ႊတ္"

ရယ္သံစြက္ေနတဲ့ေလသံနဲ႕ မခိုးမခန႔္ေခၚသံေၾကာင့္ ထယ္‌ေယာင္းေျခေထာက္ေတြပိုျမန္ျမန္သြက္သြက္ကေလးလွမ္းလိုက္ရတယ္..

ငဲ့ေစာင္းၾကည့္စရာမလို ပလက္ေဖာင္းေပၚက သံလက္ရမ္းေသးေသးေလးေပၚ ခြထိုင္ေနတဲ့ ထိုအုပ္စုကို ေသာက္ျမင္ကပ္ျခင္းမ်ားစြာႏွင့္ ရင္းႏွီးေနၿပီးသားပင္..

ဒီျပသနာအစက လြန္ခဲ့တဲ့ တစ္ပါတ္ ဒီေကာင္ေတြအုပ္စု ေကာင္မေလးတစ္‌ေယာက္ကို ပါးစပ္အရသာခံစတာကေနစခဲ့တာျဖစ္၏။
ထယ္ေယာင္းက မေနနိုင္လို႔ ၀င္ေျပာေတာ့ ရန္ျဖစ္ၾကရင္း သူ႕ပါးေပၚမွာ အညိုအမဲေတြေတာင္ အခုထိခပ္ေရးေရးရွိေနတုန္း။

တမင္ဟီးရိုး၀င္လုပ္တာေတာ့ဘယ္ဟုတ္ပါ့မလဲ။ ထယ္ေယာင္းကရန္ျဖစ္ရမွာရွက္သည္...
ထို႔ေၾကာင့္လူမိုက္ေယာင္ေယာင္ ေတြဆိုပိုလို႔ေတာင္ေရွာင္ပါေသးတယ္။
အခုဟာႀကီးက လက္ဆြဲဘာဆြဲအဆင့္မို႔ ေယာက်ာ္းေလးတစ္ေယာက္အေနနဲ႕ ကာကြယ္ေပးသင့္တယ္ ထင္ဟုသူလုပ္လိုက္ျခင္း

ေနာင္တမရေပမဲ့ စိတ္အေႏွာင့္အယွက္ေတာ့ေတာ္ေတာ္ရ‌သြားတယ္ဆိုရမည္။
ေက်ာင္းျပန္က်ဳရွင္ျပန္ ဒီအုပ္စုရဲ႕ေပါက္ပန္းေလးဆယ္စကားေတြက သူ႕ဆီသာအကုန္ဦးတည္လာခဲ့တယ္။

ထယ္ေယာင္းရန္ဆက္မျဖစ္ေတာ့ပါ။
ျဖစ္လဲသူမနိုင္တာကိုသိေနတယ္ေလ
ကိုကိုႀကီး ေက်ာင္းပိတ္လို႔ျပန္လာမွပဲ ဒီငနဲတစ္သိုက္ရွိရာ လက္ဆြဲ‌ေခၚၿပီး ဖြတ္ဖြတ္ေၾကေအာင္ေထာင္းခိုင္းမည္ဟု ႀကိမ္းဝါးကာအားတင္းထား၏။

"ေခ်တယ္ကြာ လူစြမ္းေကာင္းက"

ဟုတ္သည္.. ထို႔ေန႕မွစ ထိုဂ်ေလဘီအုပ္စုအၾကားထယ္ေယာင္းနာမည္ေျပာင္က လူစြမ္းေကာင္းျဖစ္သြားေလသည္။

" ငါေျပာတာၾကားလား ငါကသရဲလား ဟမ္"

"ေခြးးသား "

သူ႕ဆံပင္ကို ထိပ္ကေနဆြဲေဆာင့္ၿပီးေမးလိုက္ခ်ိန္မွာေတာ့ ထယ္ေယာင္းေဒါသေတြေပါက္ကြဲကာ ထဆဲရင္း ေျခသလုံးရိုးကိုျဖတ္ကန္လိုက္ေတာ့သည္။

ထိုငနဲကလဲ သူ႕ဆီလွိမ့္၀င္ကာ ထိုးရင္း ႏွစ္ေယာက္သားေျမႀကီးေပၚကိုလုံးေထြးလွ်က္က်သြားၾက၏။

"ေဟ့ေကာင္ေလးေတြ ေဟ့ေကာင္ေတြ"

ေဘးနားကလူေတြဝိုင္းဆြဲေတာ့မွ သူတို႔လဲလူခ်င္းကြဲရသည္။ ထယ္ေယာင္းမေက်နပ္စြာ ေျခေထာက္ႏွင့္တစ္ခ်က္လွမ္းကန္လိုက္ေသး၏။

" မင္းေတြ႕မယ္ ေဟ့ေကာင္"

တစ္ဖက္က မ်က္ေပတုံးႏွင့္ငနဲက ဆြဲထားသည့္လူေတြကို ႐ုန္းရင္း ထယ္ေယာင္းကို ရန္စကားလွမ္းစသည္။

"အခ်ိန္မေ႐ြးပဲ ေဟ့ေကာင္
ဒယ္ဂူ အထက္တန္းေက်ာင္း တန္းခြဲCက ကင္မ္ထယ္ေယာင္း သတၱိရွိရင္ လာခဲ့"

"ဒယ္ဂူအထက္တန္းေက်ာင္း
တန္းခြဲCက ကင္မ္ထယ္ေယာင္း "

ဩဇာသံအျပည့္ပါေသာ အသံတစ္သံေၾကာင့္ ထယ္ေယာင္းဇက္ကေလးပု၀င္သြားသည္။

စိမ္းညိုေရာင္ဂ်စ္ကားေလးေပၚမွ သူ႕ကို စိုက္ၾကည့္ေနေသာ ဆရာႀကီးကို ျမင္လိုက္ရ၍ ထယ္ေယာင္း ႏွလုံးေတြ ေဆာင့္ခုန္သြားသည္။
တစ္ဖက္ကငနဲကေတာ့ ေျပးတာတန္းေနေခ်ၿပီ။

" သတၱိရွိရင္ ႐ုံးခန္းကိုႂကြခဲ့ပါအုံးဗ် ေနာ"

ဆရာႀကီးက အံကိုႀကိတ္ကာဆိုရင္း ကားကိုေမာင္းထြက္သြားသည္။ ေဘးနားေလးမွာ ထိုင္လိုက္သြားေသာ ေကာင္ေလးတစ္ေယာက္ကို ခပ္ေရးေရးျမင္လိုက္ရ၏။
.
.
.
.
.
မနက္ခင္းတစ္ခ်ိန္နီးပါး ဆရာႀကီးဆီမွာအဆူခံလိုက္ရသည့္အျပင္ လက္မွတ္လာထိုးၾကေသာ ဆရာမေတြဆရာေတြကပါ အဆစ္ဆူၾကေခါက္သြားၾက၍ ထယ္ေယာင္းမအီမလည္ျဖစ္ေနသည္။

ဘုစုခ႐ုကတည္းကတတ္ခဲ့ကာ ႀကီးပ်င္းလာရတဲ့ ေက်ာင္းမို႔ ထယ္ေယာင္းကိုဆို ခ်စ္ၾကသည္ ဆူစရာရွိလဲ အကုန္လုံးဝိုင္းဆူၾကေခါက္ၾကေလသည္။

" ဘယ္လိုလဲ ေခါက္ဆြဲေၾကာ္က ေတာ္ေတာ္မွအီရဲ႕လား "

အတန္းထဲ၀င္လာလာခ်င္း တန္း၍စေသာ ဂ်န္းေယာင္းကိုလွ်ာထုတ္ျပရင္း ၀င္ထိုင္လိုက္သည္။

" Section Aမွာ ဆိုးလ္ကလာတဲ့ေက်ာင္းသားသစ္ေရာက္တယ္တဲ့ "

အြန္းေဆာ့က ေရခဲမုန႔္တစ္ဇြန္းကိုခပ္ႀကီးႀကီးသြပ္ရင္း ပလုပ္ပေလာင္းစကားလာစသည္။
သူ႕ကိုၾကည့္ၿပီး ထယ္ေယာင္းသြားေတြပင္က်ဥ္လာသည္။

"အဲ့တာငါနဲ႕ဘာဆိုင္တုန္း လက္မွတ္သြားေတာင္းရမွာလား"

စိတ္မၾကည္တာမို႔အေငၚတူးေသာ္လည္း ငယ္ငယ္ကတည္းကေျပာမနာေတြမို႔ နာရမွန္းလဲမသိၾကေတာ့..

"ေက်ာင္းသားသစ္က Aခန္းေနရလို႔ေလ..
အစဥ္အလာရဆို ငါတို႔Cပဲေနရမွာကိုးကြ လူရင္းေတြဘာေတြျဖစ္ေနလို႔လားမသိ "

"သူ႕အဆင့္က ဟိုဘက္မွာေကာင္းခဲ့လို႔ေပါ့
ဒီေကာင္ထယ္ေယာင္းဆို အလယ္တန္းကတည္းက Cမွာတပ္စြဲလာတာ သူ႕ထက္ရင္းတဲ့လူရွိပါအုံးမလား ကဲ"

"ေအးေနာ္ ငါတို႔ကမွ ဘီ ေရာက္ခဲ့ေသး "

ႏွစ္ေကာင္သား ေခါင္းခ်င္းဆိုင္ ရယ္ေနတာကို ထယ္‌ေယာင္း လ်စ္လ်ဴရႈကာ မၿပီးေသးေသာ အိမ္စာေတြကိုပဲ အားႀကိဳးမာန္တတ္လွိမ့္ကူးေနေတာ့၏။
.
.
.
.
.
က်ဴရွင္အ၀မွာ ရပ္ထားေသာ စိမ္းညိုေရာင္ ဂ်စ္ကားေၾကာင့္ ထယ္‌ေယာင္း တြန႔္သြားသည္။ ေျပာင္လက္ေနေအာင္ တိုက္ေဆးထားေသာ ကားက စက္ဘီး ဆိုင္ကယ္သာအမ်ားဆုံးျမင္ဖူးေသာသူတို႔ လူငယ္ေပါက္စေလးေတြအတြက္ အားက်စရာ ပစ္မွားစရာ စီးေတာ္ယာဥ္တစ္ခုလဲျဖစ္၏။

ေပၚခါစဦးဦးဖ်ားဖ်ားကတည္းက တတ္စီးနိုင္ေသာ ဆရာႀကီး၏ အရွိန္အဝါကမေသးလွမွန္းထယ္‌ေယာင္းတို႔သိပါသည္။

က်ဴရွင္အိမ္ထဲကိုမရဲတရဲ၀င္ေတာ့ ဆရာမႏွ႕င္စကားရပ္ေျပာေနေသာ ဆရာႀကီးကိုေတြ႕သည္။
ဆရာႀကီးက သူ၀င္လာေတာ့ မ်က္မွန္ကိုတစ္ခ်က္ပင့္ၾကည့္ၿပီး

" သတၱိရွိတဲ့ ကိုထယ္ေယာင္းလာၿပီလား" ဟု လွမ္းစ၏။

ထယ္ေယာင္း ရွက္ဝဲဝဲရယ္ရင္း သူ႕ေနရာမွာ၀င္ထိုင္ရန္ျပင္လိုက္သည္။

သစ္သားစားပြဲဝိုင္းရွည္ႀကီးရွိ ထယ္ေယာင္းထိုင္ေနက် ထိပ္ဆုံးေန‌ရာတြင္ ေက်ာင္းသားသစ္တစ္ေယာက္ထိုင္ေနတာျမင္ရသည္။

ေဘးနားကလူေတြကို သူ႕ေနရာမွန္း မေျပာရေကာင္းလား ဟူေသာအၾကည့္ျဖင့္ ဘုၾကည့္ၾကည့္ေတာ့ အကုန္လုံး စပ္ၿဖဲၿဖဲႏွင့္ အၾကည့္လႊဲသြားၾကသည္။

"ဆရာႀကီး တူေလးပါကြာ..ဂြၽန္ဂ်ဳံးဂုတဲ့
အကုန္လုံး သင့္ျမတ္ေအာင္ေပါင္းေပးၾကအုံးကြ ေနာ"

ေနရာသြားဖယ္ခိုင္းမယ္ျပင္ေနတုန္း စီခနဲထြက္လာသည့္ဆရာႀကီးအသံေၾကာင့္ ေတြ႕တဲ့ေနရာ၀င္ထိုင္လိုက္ရေပမဲ့ စိတ္ထဲကမေက်နပ္သျဖင့္ စူပုပ္ပုပ္။

ထိပ္ဆုံးကေန အႀကီးအကဲတစ္ေယာက္လိုေနၿပီး ေလေပါလိုက္ဗိုလ္က်လဳပ္ရတာကို ထယ္ေယာင္းကသိပ္ႏွစ္သက္တာ..
သူ႕ေနရာကိုလဲ အခုထိဘယ္သူမွမဦးရဲၾက
အခုေတာ့....

ေက်ာင္းသားသစ္ကိုေပေစာင္းေစာင္းျဖင့္အကဲခတ္ၾကည့္ေတာ့ ေတာ္ေတာ္ေခ်ာသည္။ ဆံပင္ေတြကို ဆီျဖင့္သပ္တင္ထားပုံရသည္ သူတို႔လို ႏွဖူးေပၚဝဲက်မေန..
ဆီနံ႕ေမႊးေမႊးေလးကိုလဲ ႏွာ‌၀တြင္ရေန၏။

ေက်ာင္းအျပန္ျဖစ္ေသာ္လည္း ယူနီေဖာင္းကသပ္ရပ္ေနသည္။ အထဲကခံ၀တ္ထားေသာ အျဖဴေရာ အျပင္ကကုတ္အမည္းေရာင္မွာပါ ဖုန္တစက္ပါမတင္..

ေဘာပင္ထည့္သည့္ အိတ္အမည္းႀကီးရယ္ အ႐ြယ္အစားစုံေပတံေတြႏွင့္ စက္ဝိုင္းျခမ္းေတြရယ္ကိုျမင္ရေတာ့ သူတို႔တစ္ဝိုင္းလုံး မသိမသာမ်က္ခုံးေတြပင့္ကုန္သည္။

ပင့္ရသည့္အေၾကာင္းကားရွင္း၏..
သူတို႔တစ္က်ဳရွင္လုံးေပါင္းမွ စက္ဝိုင္းျခမ္းကတစ္ခုပဲရွိသည္။ ဒါေတာင္အနားေလးကပဲ့ေန၍ ဆြဲရတာခပ္ေထာက္ေထာက္...သခ္်ာခ်ိန္ေတြဆို ထိုစက္ဝိုင္းျခမ္းဘ၀ကဆပ္ျပာသည္လင္ေပ်ာက္သလိုကို ေဒါင္ခ်ာစိုင္းေနရေတာ့သည္။

ဒီေကာင္ ကိန္းခန္းႀကီးလိုက္တာဟု စိတ္ထဲေတြးမိရင္း ဘာမဆိုင္ညာမဆိုင္ ထယ္ေယာင္းအျမင္ကပ္ရျပန္ပါ၏။
.
.
.
.

"ေဟး စီထယ္ေယာင္း "

"ဘာလဲ ေအမင္ဂ်ယ္"

ေအတန္းေရွ႕ကျဖတ္သြားရင္း ႏႈတ္ဆက္သံတစ္ခုေၾကာင့္ ထယ္ေယာင္းခ်က္ခ်င္းျပန္ႏႈတ္ဆက္လိုက္သည္။

" ကံေကာင္းလို႔ ေအေရာက္ၿပီး ေဖ့သားႀကီးက က်ယ္ခ်င္တိုင္းက်ယ္ေနေတာ့တာပါပဲလား"

ထယ္ေယာင္းေျပာေျပာဆိုဆိုႏွင့္ပင္ျပတင္းေပါက္ေပၚကေနကိုယ္ကိုကိုင္းကာ မင္းဂ်ယ္ဂိုက္အျပည့္ျဖင့္ ေကာက္ထားေသာ ဆံပင္ကို ေဆာင့္ဆြဲလိုက္သည္။

" မင္းတို႔ရပ္ကြက္ဘက္မွာ စတိတ္ရွိုးရွိတယ္ဆို ဒီည"

ထယ္ေယာင္းျပတင္းေပါက္ေပၚတတ္ထိုင္လိုက္ရင္း ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ

"ေအးေလ..ဂြန္းဆူတို႔ေတာင္တတ္ဆိုမလို႔တဲ့"

ထယ္ေယာင္းေျပာရင္း ပါးစပ္ကိုလက္ႏွင့္အုပ္ကာ တခြီးခြီးရယ္ဟန္ျပဳသည္။

"ဟမ့္..မလာတာပဲေကာင္းပါတယ္"

"မလာလဲ ၾကားေနရမွာပဲ"

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္‌ေယာက္ၾကည့္ရင္း ေအာ္ရယ္လိုက္ၾကျပန္၏။

" တိုးတိုးေနလို႔ရမလား ကိုယ္ဒီမွာ စာတြက္ေနလို႔"

ေအးေအးေျဖာင့္ေျဖာင့္ စကားတစ္ခြန္းက ထယ္ေယာင္းတို႔ထံပ်ံ့လြင့္လာသည္။
ေဒါသသံလဲမပါ စိတ္ညစ္ၫူးဟန္လဲမပါပဲနဲ႕
အမိန႔္နဲနဲေတာ့ဆန္ခ်င္သည္။

" ေက်ာင္းသားသစ္ ေက်ာင္းသားသစ္"

မင္ဂ်ယ္က တိုးတိုးေလးသူ႕နားကပ္ေျပာသည္။
ထိုအခါမွ ထယ္ေယာင္း ေအာ္ ခနဲအသံျပဳရင္း ျပတင္းေပါက္ေပၚမွခုန္ဆင္းလိုက္သည္။

" ေအခန္းက ေသာက္ႀကီးက်ယ္ေတြၾကည့္ပဲေဟး"

ထယ္ေယာင္းအာၿပဲေနေအာင္ေအာ္ၿပီးတဖက္အတန္းသို႔မကူးခင္ သူ႕ဘက္ကို စူးခနဲၾကည့္ေသာ မ်က္၀န္းတစ္စုံႏွင့္ခလုပ္တိုက္မိသြားပါ၏။


____________________________

Once Upon a dreamအတြက္ plotႏွစ္ခု ခ်ထားရင္း ဘယ္ဟာကို အတည္ယူရမလဲ ဆိုတာကို ေဝခြဲမရျဖစ္ေနခဲ့တာပါ။

အခုေတာ့ ဒီplotေလးနဲ႕ ပိုသေဘာက်မိတဲ့အတြက္ အသစ္ျပန္ေျပာင္းေရးလိုက္ျခင္းပါ။

အရင္တစ္ပိုင္းတင္ထားတာကို ဖတ္မိတဲ့သူမ်ားရွိရင္ နားလည္ေပးၾကပါ‌လို႔💗

Continue Reading

You'll Also Like

1.3M 52.7K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
7.3M 417K 56
''You remind me of the ocean..'' ''Is it because I'm deep and mysterious?'' he asks. ''No, because you're salty and scare the shit out of people'' ©2...
913K 55.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...