ကဉ္စနရဲ့တောင်းဆိုချက်ကို အံ့ဩသွားသော်လည်း ရာဇမှာ ငြင်းနိုင်စွမ်းမရှိ။အဆောင်တော်ထဲကို အမြန်ဝင်သွားလိုက်ပြီး အစေခံတွေအကုန်လုံးကို မောင်းထုတ်လိုက်သည်။ရေချိုးတော်ဆောင်ဘက်ကနေ ထွက်လာတဲ့ ဓညလည်း အိပ်ယာပေါ်မှာ အိမ်ရှေ့စံရဲ့ အဝတ်တို့ကို ဖယ်ရှားနေသော မင်းကြီးကြောင့် အမြန်ထွက်လာပြီး အဆောင်တံခါးကို သေချာပိတ်ထားပေးလိုက်သည်။
တံခါးစောင့်တွေကို ခပ်ဝေးဝေးသွားခိုင်းပြီး သူကိုယ်တိုင် ကင်းစောင့်ပေးကာ ကြိတ်ပြုံးနေလေရဲ့။အရင်ကတည်းက လိုက်ဖက်လှတဲ့ သူတို့နှစ်ယောက်ကို ကိုယ်ရံတော်ဓည အခုလိုဖြစ်စေချင်ခဲ့တာကြာပြီ။မိမိသဘောတူနေတဲ့နှစ်ယောက် အဆောင်တော်အတူဝင်သွားတာလောက် ပျော်စရာကောင်းတာမရှိ။ ဒါ့အပြင် အိမ်ရှေ့စံက အမျိုးသမီးတွေလို ဓမ္မတာ ဖြစ်တာကြောင့် အရှင့်ရဲ့ မျိုးဆက်လေးတွေပါ မွေးပေးနိုင်လောက်သည်။
အဆောင်တွင်းထဲမှာတော့ ....
ကဉ္စနကို အိပ်ယာပေါ်သို့ ညင်သာစွာချလိုက်ပြီး ရာဇ အပေါ်မှ အုပ်မိုးကာ နှဖူးပြင်သို့အနမ်းခြွေသည်။ ပုခုံးကိုပြန်လည်ဖက်တွယ်ပြီး ရေအိုင်ကဲ့သို့ ကြည်လဲ့နေသော မျက်ဝန်းလေးတွေမှာ တောင်းတမှုတချို့ရှိနေတယ်။
တစ်လွှာချင်း ဖယ်ချလိုက်တဲ့ ဝတ်ရုံနဲ့အတူ ရာဇ ရင်ထဲမှာ တင်းခံထားတဲ့ အမုန်းတရားတို့က နေရောင်အောက်မှာ အရည်ပျော်သွားသော နှင်းစက်ပမာ။ဝတ်ရုံကင်းမဲ့သွားသော ကဉ္စနရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက နူးညံ့စွာ လှပလွန်းသည်။
ရာဇ နက်နက်ရှိုင်းရှိုင်းသုံးဆောင်ဖို့အတွက် အနမ်းတို့အား ဦးစွာ နေရာအနံ့ ပြန့်ကြဲစေသည်။
ညှပ်ရိုးက တဆင့်ရင်ဘတ်ပြင်အကုန်လုံးမှာ အနီရောင်အမှတ်သားတို့ပြည့်နှက်ပြီးမှ ပွင့်ဟနေတဲ့ နှုတ်ခမ်းပါးကိုထိကပ်ရုံသာနမ်းသည်။ထိုမှတဆင့် စပျစ်ဝိုင်အရသာစွဲကျန်နေသော လျှာဖျားလေးကို ရစ်တွယ်လျက်။
ရာဇ တောင်းတမှုအသွေးသားတို့ ကြားခံနယ် မရှိဘဲ ကဉ္စနရဲ့ နူးညံ့သော နေရာထံ နယ်ကျွံ၍လာချိန်။အိပ်ယာခင်းနဲ့ ပိုလွတ်သွားသော ခါးလေးအပြင် ဖဲသားတွေကို ဆုပ်ကိုင်လက်တဲ့ လက်လေးတွေ။ရာဇ ထိုလက်လေးတွေကို ပြန်ရစ်တွယ်ပြီး ဖိထားလျက် ခရီးဆက်သည်။
ပြီးဆုံးသွားလို့ စိတ်လျော့လိုက်သော ကဉ္စနက လက်မောင်းကနေ ဆွဲမကာ မှောက်ရက်အနေအထား ဖြစ်သွားချိန် အထိတ်တလန့်အသံလေးထွက်ပေါ်လာသည်။
"အရှင် ...! "
"ကိုယ်မပြီးသေးပြီး ကဉ္စန!"
ကျောပြင်စင်းစင်းလေးကို လက်ဖဝါးနဲ့ ဖိထားပြီး ရာဇ စိတ်အဟုန်တို့ တားဆီးမရ။ အပေါ်စီးမှ မြင်နေရာသော နူးညံ့တဲ့နေရာနဲ့ သူ့ရဲ့ ချိတ်ဆက်မှုကို ကြည့်ရင်း အငတ်မပြေတဲ့ ပင်လယ်ရေလို ဖြစ်နေသည်။ညတာအချိန် အလွန်ကြာရှည်ပြီးမှ ကဉ္စန ကျောပြင်ပေါ် အတူ မှောက်ချလိုက်ပြီး မောပန်းနေသော အသံရှူသံလေးကို နားစွင့်သည်။
ထို့နောက်အောက်ပိုင်းက ပူနွေးသော အရာကို ခံစားရင်း နားသယ်စလေးကို ဖိနမ်းကာ
" မင်းကအရမ်းကို လှပလွန်းပြီး စွဲမက်စရာကောင်းတယ် "
ရာဇ ရင်ခွင်ထဲ မြုပ်နေသော ကိုယ်လုံးလေးမှာ တုန့်ပြန်သံ ထွက်မလာ။မောပန်းလွန်း၍ မှေးစက်လို့သွားပြီ။စောင်အပါးတစ်ထည်ကို ခြုံလွှားပေးလိုက်ပြီး လက်မောင်းထဲ ယုယပိုက်ထွေးလျက်။ရာဇ နှုတ်ခမ်းမှလည်း အပြုံးကို ချိတ်ဆွဲမိသည်မှာ သူကိုယ်တိုင်တောင် သတိမထားမိတော့ပေ။
............
ခါးအောင်ပိုင်းတနေရာက တဆစ်ဆစ် ကိုက်နေတာကြောင့် မင်းထက် နိုးလာသည်။သွေးညှိနံ့လိုမျိုး ညှီစို့စို့အနံ့တို့ရနေပြီး သူ့တစ်ကိုယ်လုံးကို ဖိချုပ်ထားတာကြောင့်ဘေးကိုကြည့်လိုက်တော့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဘုရင်။အောက်ပိုင်းက နှစ်ယောက်လုံးအပေါ် စောင်အပါးရှိနေသည်။
မနေ့ညက ဘယ်လိုဖြစ်ပြီး ဒီဘုရင်ရဲ့ အိပ်ယာပေါ် ရောက်နေလဲ မင်းထက်မသိ။သူသိတာ အရက်တွေအများကြီးသောက်ပြီး ဗိုက်အောင့်တဲ့အထိပဲမှတ်မိသည်။ အခု ဗိုက်တင်မက တစ်ကိုယ်လုံး အားနဲ့ဆွဲညစ်ထားသလို နာကျင်ပြီး အောက်ပိုင်းကဆို နည်းနည်းလေးမှ ကိုလှုပ်လို့မရ။
ငါအိပ်ပျော်နေတုန်း ဒီဘုရင် ကကိုင်ပေါက်လိုက်တာလား။
"နိုးပြီလား ကဉ္စန ခဏလောက် ပြန်မှေးစက်ပါအုံး ပင်ပန်းနေမှာပေါ့ "
ပြွတ် ...
ပြောရင်း နားထင်စကို အသံထွက်အောင်ဖိနမ်းလိုက်တော့ မင်းထက် မျက်လုံးတို့ ပြူးကျယ်သွားသည်။မဟုတ်လောက်ပါဘူး ၊ မဖြစ်နိုင်ပါဘူး ဆိုကာ စောင်ကို ဖယ်ပြီး ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်ချိန် အသားကိုစုတ်ယူနမ်းထားတဲ့ အနီနဲ့ ခရမ်းရောင်အမှတ်သားတွေဟာ နေရာလွတ်မရှိ။
ခေါင်းကို အနည်းငယ်ကြွကာ တုန်တုန်ယင်ယင်ဖြင့် ပေါင်ကြားထဲ ငုံ့ကြည့်လိုက်တော့ နီရဲခြောက်သွေ့နေပြီဖြစ်သော သွေးတွေကအကွက်လိုက်ကြီး။
"အား!!!!!!!! "
"ဘာဖြစ်တာလဲ ကဉ္စန ... ဘယ်နားက နာလို့လဲ"
"မင်းမေစပတ် တစ်ကိုယ်လုံး နာနေတာဟ "
"......!"
မင်းထက် ထိုဘုရင်ကို ဝေးဝေးတွန်းလွတ်ပြီး ထထိုင်လို့တောင် မရတဲ့ တင်ပါးကြောင့် တဖန် အိပ်ယာပေါ် ပစ်ကျသွားပြန်သည်။မိဖုရားကို အနိုင်လိုချင်ပေမယ့် ကိုယ့်အတတ်ကိုယ်ဆူးတဲ့ နည်းလမ်းနဲ့မှမဟုတ်တာ။မင်းထက်ဘက်ကို ရာဇ နည်းနည်းလောက်ပါလာရုံသာ စည်းရုံးဖို့ကြံထားသော်လည်း အခု နယ်ကျွံတာမှ ဗိုက်ပေါက်သွားတော့မယ့်အတိုင်းပဲ။
ခုတင်ရဲ့ ထောင့်စွန်းဘက်ကို ယိုင်သွားတဲ့ ရာဇက ချက်ချင်း အနားပြန်ရောက်လာပြီး မင်းထက် ဆံပင်တွေကို လက်နဲ့အသာထိရင်း
"အရမ်းနာနေမယ် ဆိုတာ ကိုယ်သိပါတယ် ... ရေနွေးနဲ့စိမ်ရအောင်နော် ပြီးရင် သမားတော်ကိုခေါ်ပြီး ဆေးထည့်ပေးပါမယ် "
"မင်း ငါ့နားကို မကပ်နဲ့ ဝေးဝေးနေစမ်း ! ...အား !!! နာလို့သေတော့မယ် "
မနေ့ညက အရှင်လို့ခေါ်နေတဲ့ ကဉ္စနက အခုမနက် တခြားလူတစ်ယောက်လို ရန်လုပ်နေတာကြောင့် ရာဇမှာ နားမလည်နိုင်။အရမ်းနာသွားလို့ စိတ်ဆိုးတယ်ဆိုသော်လည်း ရာဇရဲ့ ခါးအောက်ပိုင်းကိုတလှည့် သူ့ရဲ့ အထိမခံနိုင်သော တင်ပါးကို တစ်လှည့်ကြည့်ပြီး အထိတ်တလန့်အမူအယာက ဘာမှမမှတ်မိဘူးဆိုတာကို ပြနေသည်။
လှုပ်လိုက်တာနဲ့ အသည်းခိုက်အောင် နာကျင်သောကြောင့် တောင့်တောင့်လေး ငြိမ်သွားတဲ့ ကဉ္စနကို ရာဇ ကြင်နာစွာကြည့်ရင်း
"ကိုယ်တောင်းပန်ပါတယ် ... "
"မင်း ပါးစပ်ပိတ်ထား"
"......."
ဘာမှဆက်မပြောဘဲ တိတ်ပေးလိုက်တော့ မျက်နှာကို လက်နဲ့ အုပ်ကာ တအိအိငိုလာနဲ့ ကဉ္စန။ထိုမှတဆင့် ကလေးတစ်ယောက်လို အော်ငိုပြီး ရာဇကို လက်ညိုးထိုးကာ
"မင်းကြောင့် .... မင်းငါ့ကို တကယ်ကြီး လုပ်ချလိုက်တာ "
" ဟုတ်တယ် ကိုယ်လုပ်လိုက်မိတာကြောင့် တောင်းပန်ပါတယ်နော် မငိုနဲ့တော့ ပိုနာလိမ့်မယ် "
"ငိုမှာပဲ ... ငါ့မျက်လုံးနဲ့ ငါငိုတာ မင်းနဲ့ဘာဆိုင်လဲ "
" ကဉ္စန မျက်လုံးကို မဆိုင်ပေမယ့် ဟောဒီနေရာကတော့ဆိုင်တယ်မလား ကိုယ့်ကြောင့်လေ"
အခုထိအဝတ်မကပ်သေးတဲ့ ကဉ္စန တင်ပါးအိအိလေးကို လက်နဲ့ အသာတို့ရင်း ရာဇ ပြုံးစစနဲ့မေးသည်။ငိုနေရာကနေ ကြောင်ကြည့်ပြီး တဖြည်းဖြည်း ပြန်မဲ့လာတဲ့ ကဉ္စန အမူအယာလေးတွေကို ရာဇမှာ အသည်းယားလို့မဆုံး။ အမြဲတည်နေတဲ့ သူ့မျက်နှာနဲ့ ခက်ထန်သော စိတ်ကိုတောင် မေ့လျော့နေခဲ့သည်။ရာဇက သဘောကျစွာ ပြုံးလေ ကဉ္စနက ပိုစိတ်ဆိုးလေပင်။
"မရယ်နဲ့ .... လီးလိုပဲ ဖင်နာလို့သေတော့မယ် ... အမေရေ .... သားတော့ လူပျိုဘဝ ပျက်ပါပြီ .... အီးဟီး .... "
ငလူးမ ဘုရင် ... နောက်ရက် မင်းဖင်ကို ပြန်ချမယ် ... မှတ်ထား !! အတိုးနဲ့ ပြန်စော်မှာ ။ ငါမူးနေတာကို အခွင့်ကောင်းယူတယ် သူ့ကိုယ်သူ မြန်မာကားရိုက်နေတယ်များ ထင်နေလားမသိ။မြန်မာကားထဲကတောင် ခြင်ထောင်ကြိုးပြတ်၊ ပန်းအိုးကွဲရုံလောက်ဆို တော်သေး။အခုတော့ တစ်ကိုယ်လုံးပြုတ်ထွက်ပြီး -င်ကွဲသွားပြီ။ စီစဉ်တဲ့ကောင်ကို ငါ ကမ္ဘာမကြေဘူး ... ကမ္ဘာမကြေဘူးကွ !!!!!
..........