My Crown Prince 🤴🏼

By ThetHmue3

177K 18.5K 1.4K

အစွန်အထိ အဆုံးအထိ....သံသရာအလွန်တွေအထိ ချစ်နိုင်သမျှတွေရဲ့...အရာခပ်သိမ်းအထိ သွေးစွန်းခဲ့သော....စိတ်ဝိဥာဉ်ဆိုပေ... More

🤴🏼1🤴🏼
🤴🏼2🤴🏼
🤴🏼3🤴🏼
🤴🏼4🤴🏼
🤴🏼5🤴🏼
🤴🏼6🤴🏼
🤴🏼8🤴🏼
🤴🏼9🤴🏼
🤴🏼10🤴🏼
🤴🏼Ending🤴🏼
Zawgyi1
2
3
4
5
6
7
8
9
10
Ending
❤️

🤴🏼7🤴🏼

9.4K 1.2K 84
By ThetHmue3

ပွဲတော်ထဲမှထွက်ပြေးလာပြီးအကွယ်တခုတွေ့သော်
အခါနေရာကျဉ်းကျဉ်းလေးထဲဝင်တိုး
ပုန်းလိုက်သည်။
တင်းမာနေသောမျက်နှာလေးသည်
ဘာတွေကိုအလိုမကျနေသလဲမသိ...။

"တိတ်တိတ်နေနော်...မိသွားလိမ့်မယ်..."

"မင်းပြောတော့ မင်းကဘုရင်ကြီးပါဆို
ရက်ကွက်ထဲကလူမိုက်တွေနဲ့ကျ
ထွက်ပြေးလာတယ်တဲ့လား...."

"ကြောက်လို့ပါ...."

အိမ်ရှေ့စံလေးသည်ကျဉ်းထဲကျပ်ထဲ
မကျေမနပ်တချက်ကြည့်ကာမျက်နှာလွှဲသွားသည်။

ကြောက်တာကလူမိုက်တွေကိုမဟုတ်ဘဲ
မင်းသားလေးပြန်ပါသွားမှာကို ဖြစ်ကြောင်း
ထပ်ရှင်းပြချင်သော်လည်းJeonသည်
ထပ်မပြောမိတော့...။
သူ့ကိုအထင်သေးနေပုံလေးကလည်း
ချစ်စရာအတိကောင်းနေခဲ့တာကို...။
ဒါအမူအယာလေးကိုလည်းသယ်ပိုးသွား
လိုက်အုန်းမည်....။

"ငါ့ကိုဒုက္ခတွေပေးတဲ့ကောင်
ငါလိုလူက ဒီအစုတ်အပြတ်နေရာမှ
ပုန်းနေမယ့် အဆင့်မဟုတ်ဘူး...."

"သွားရန်စတာဘယ်သူလဲ...
လမ်းလျှောက်တာရှေ့ကိုကြည့်လျှောက်မှပေါ့..."

ဖုန်းငှါးဆက်သော လူကြောင့်
သူအာရုံတွေထွေပြားသွားတာ။
ပုံမှန်ဆိုသူကလက်လွတ်စပယ်လူမှမဟုတ်ဘဲ။

"ဘယ်လိုလျှောက်လျှောက်ပေါ့...
မင်းဖမ်းခေါ်လာလို့ ဒီလိုဖြစ်တာ...."

"ချစ်လို့ဖမ်းတာလေ...
ချစ်တဲ့သူက အိမ်ရှေ့မင်းသားဖြစ်နေတော့
ကိုယ်မှလွတ်လွတ်လပ်လပ်ချဉ်းကပ်လို့မရတာ.."

ချစ်လို့တဲ့...။ဖြစ်တည်မှုတွေကိုခဏဖယ်ထား
ရင်တောင်ယောကျ်ားအချင်းချင်းဘယ်လိုချစ်ရမှာလဲ။
ချစ်လို့ရတယ်ဆိုရင်တောင် လူဆိုးခေါင်းဆောင်
ကို အိမ်ရှေ့စံက ချစ်ဖို့ဆိုတာ ကောင်းကင်နဲ့မြေကြီး
ထိတာကမှဖြစ်နိုင်ပါအုန်းမည်။
JeonJungkook ကရူးနှမ်းနေတာလား...။
သူဘာမှမတုံ့ပြန်ဘဲ ချစ်စကားကြိုက်စကား
တွေကို အလွယ်တကူပြောနေသော
လူဆိုးခေါင်းဆောင်အားနားမလည်သလိုကြည့်နေခဲ့သည်။
သူ့ကိုဖမ်းထားတာဟာ ပြသနာတွေအားလက်ယက်
ခေါ်သလိုဖြစ်နေပြီး အချိန်မရွေးထောင်နန်းစံသွား
နိုင်သောအခြေအနေ...။
သူကဘာကိုမှဂရုမစိုက်တာလား....
သူကဘာကိုမှစိတ်မဝင်စားတာလား..
ယုံကြည်မှုတွေသည်တော်ရုံတန်ရုံလွန်ကဲခြင်းမဟုတ်
JeonJungkook ဟာတော်တော်ကို
အလွန်အကြူးလူသား....။

" ဘာလို့စိုက်ကြည့်နေတာလဲ....
ပြန်ချစ်ချင်လာလို့လား...."

"ရမ်းကားလိုက်တာ"

Jeonကတိုးတိုးလေးရီခဲ့သည်။
မကြာပါ..ခြေလှမ်းတချို့ကိုကြားခဲ့ပြီး
နောက် သူတို့နှစ်ယောက်အားလူမိုက်အဖွဲ့မှ
တွေ့သွားခဲ့တော့သည်။

"တွေ့ပီ ဟေ့ကောင်တွေ ဒီမှာ!!!!!"

ပတ်ပတ်လည်ဝိုင်းလိုက်ပြီဖြစ်တာကြောင့်
Jeonသည်လူမိုက်အဖွဲ့အားကျေးဇူးမတင်ချင်တော့
ဇာတ်လမ်းကကောင်းခန်းရောက်မှ
ကြော်ငြာလာဝင်သလိုမျိုးခံစားရကာ
ထိုအကွယ်မှာမင်းသားလေးအားခေါ်လျက်
ထွက်လာလိုက်သည်။

"ပိုက်ဆံပေးရင်ရပီမလား....ရော့စွန်းသွားတဲ့
အကျီဖိုး..."

ဒေါ်လာတစ်ထပ်အားပစ်ချပေးလိုက်သော
Jeon၏အပြုအမူသည်
ရှင်းရှင်းပြတ်ပြတ်။

"အကျီဖိုးလိုချင်လို့လိုက်လာတာမဟုတ်ဘူး
မင်းကောင် လုပ်သွားတဲ့အချိုးကို
မကျေနပ်လို့လိုက်လာတာ...."

"အဲ့တော့မင်းတို့ကဘာဖြစ်ချင်လဲ
လမ်းဘေးကောင်တွေ...."

မင်းကောင်ဆိုတဲ့အသုံးအနူန်းတွင်နစ်မျော
နေတုန်း နောက်မှ အဖိုးတန်လေးက
ပြသနာရှာချလိုက်ပြီ။

"ဒါဖြစ်ချင်တယ်ကွာ...."

ဝိုင်းအုံလာသောလူတွေအားမတတ်နိုင်
ခံထိုးရတော့သည်။Jeonအတွက်မခက်ခဲ
သလိုအိမ်ရှေ့စံအတွက်လည်းမခက်ခဲခဲ့ပါ။
တိုက်ခိုက်နေတုန်းလူတယောက်၏
အ်ပ်ကပ်ထဲမှဖုန်းတလုံးသည်လွတ်ထွက်သွားကာ
သေသေချာချာမြင်လိုက်ရသူကအိမ်ရှေ့စံ။
သူဖုန်းကိုပြေးကောက်ဖို့ကြိုးစားခဲ့သည်။
မျက်စိရှေ့ကလူအားတချက်နာနာထိုးခဲ့ပြီးနောက်
ခပ်လှမ်းလှမ်းတွင်ကျနေသောဖုန်းဆီသို့
ပြေးသွားခဲ့သည်။
အိမ်ရှေ့စံမသိခဲ့သည်က နောက်တွင်ကပ်လျှက်
လိုက်လာကာ ဓားထက်ထက်နှင့်လူတယောက်
ရှေ့ကိုပဲအာရုံရနေတာကြောင့်သတိတချက်လွတ်
သွားချိန်

"မင်လေး....နောက်မှာ...!!"

JeonJungkook အသံနက်ကြီးကြောင့်
လျှင်မြန်စွာလှည့်ကြည့်လိုက်ချိန်ထိုလူသည်
ချိန်ရွယ်ပြီးနေပြီ..။မြန်မြန်ဆန်ဆန်ရှောင်တိမ်း
ခဲ့ပေမယ့် လက်မောင်းတဖက်အားရှပ်ထိကာ
ဦးထုတ်အမဲရောင်လေးသည်ကျွတ်ထွက်သွားပြီး
ရွှေဝါရောင်ဆံပင်ပျော့ပျော့လေးတွေထင်းခနဲပေါ်
လာတော့သည်။
Jeonမျက်လုံးတွေနီရဲသွားကာဒေါသသည်
ခုမှစထွက်ခဲ့သည်။မင်းသားလက်မောင်းမှစီးကျနေသော
သွေးများကြောင့်ဘယ်ကောင်ကိုမှ
အသက်ရှင်ခွင့်ပေးရန်မလိုတော့...။
ချက်ချင်းပြေးလာကာဓားကိုင်ပြီး
သတ္တိကြွယ်နေသောလူအားဆောင့်ကန်လိုက်ပြီးနောက်
လွှတ်ကျသွားသောဓားကိုကောက်လျှက်
လည်ပင်းအားလှီးချလိုက်ချိန်သည်ခဏလေး
လျှပ်တပျက်လေး....။

အိမ်ရှေ့စံ၏နူတ်ခမ်းတွေဟသွားကာ
တားလိုက်ချိန်တောင်မရခဲ့ပါ..။
ဦးထုတ်အားပစ်ပေးလိုက်တာကြောင့်
သူခပ်မြန်မြန်ဆောင်းလိုက်သည်။

"ဘယ်ကောင်လာချင်သေးလဲ....
လာလေ...."

လူတယောက်လုံးအသေဆိုးနဲ့သေသွား
ပီပဲ ဘယ်သူကရှေ့ဆက်တိုးရဲပါ့တော့မလဲ။
အားလုံးကြောင်အစွာနောက်သို့တဖြည်းဖြည်း
ဆုပ်သွားခဲ့ကြသည်။

"တောင်းပန်ပါတယ်....အရမ်းနာသွားလား..."

ကောက်ချီလိုက်သူသည်သူခြေထောက်ထိတာ
မဟုတ်ဘဲ လက်ကိုပဲထိတာကိုသေသေချာချာ
သိရက်နဲ့...။

"မင်းလူသတ်လိုက်တာလား.."

"နိုင်ငံရဲ့အိမ်ရှေ့စံလေးကိုကာကွယ်ခဲ့တာပါ
ဂုဏ်ပြုဆုတောင်ပေးသင့်တာကို
ဘာကို လူသတ်တယ် လို့ပြောတာလဲ
ကာကွယ်တယ်လို့ပြော..."

"ခုန လူက ဖုန်းဆက်လည်းဘာမှမထူးဘူး
ပြောမသွားဘူးလား အအေးဆိုင်ရှေ့မှာ
မင် ဖုန်းတောင်းဆက်တဲ့သူလေ.."

"မင်းတွေ့တာလား...."

"မတွေ့နိုင်ဘူးလို့ မင်လေးက ထင်နေတာလား
ကိုယ်ပြန်ပို့ပေးပါမယ်ဆိုကွာ..
လိမ်မာစမ်းပါ..."

မသိတာလည်းဘာမှမရှိ...။

အိမ်ရှေ့စံသည် လမ်းလျှောက်လို့ရကြောင်း
အော်ဟစ်နေခဲ့သော်လည်း လူဆိုးကြီးကတော့
ချီထားဆဲချီထားမြဲ...။

ပွဲတော်ကြီးသည်စည်ကားမြဲ...
မင်းသားလေးသည်လည်းရင်ခွင်ကျယ်ကြီးထဲ
အကြိမ်ကြိမ်အခါအခါငြင်းဆန်နေဆဲ....။

ညသည်...ကောင်းကင်နဲ့ပထဝီမြေကြီး
သေချာပေါက်ထိတွေ့စေခဲ့ပါသည်။
....................

"ကိုယ်အနာဆေးထည့်ပေးမယ်လေ..."

"ရတယ်..."

အိမ်ရှေ့စံသည်ရုတ်တရက်ဝတ်ထားသောအကျီအား
ဆွဲချွတ်လိုက်တာကြောင့်Jeonသည်
စီးကရက်မီးညှိနေရာမှကြောင်အသွားသည်။
အကြောက်အလန့်မရှိတာ သူမဟုတ်...
အိမ်ရှေ့စံလေးသာဖြစ်သည်။

ဖြူဖွေးနုဖက်နေသောခန္ဓာကိုယ်တည်ဆောက်
ပုံလေးသည်အန္တရာယ်ပေါင်းစုံအားလက်ယက်
ခေါ်နေသလိုမီးမြန်မြန်ညှိလိုက်ကာ
လှုပ်ရှားပုံလေးအားထိုင်ကြည့်နေလိုက်သည်။

"မင်းဘယ်အချိန်အထိထိုင်ကြည့်နေမှာလဲ..."

"ဘာဖြစ်လို့လဲ..ရှက်လို့လား..."

"ယောကျ်ားချင်းကိုရူးနေလို့ရှက်ရမှာလား.."

"ကိုယ်မြင်ခဲ့ဖူးသမျှ တော်ဝင်မင်းသား
မင်းသမီးတွေထဲ မင်းကအရိုင်းဆုံးပဲ.မင်..."

"မင်းလိုကောင်လို ယဉ်ယဉ်ကျေးကျေး
ဆက်ဆံစရာအကြောင်းတရားဘာတခုမှမရှိဘူး..."

"ဟုတ်ပါရဲ့....ကိုယ်က လူယုတ်မာကြီးကို..."

Jeonသည်ဆေးလိပ်အားတချက်ဖွာကာ
မင်းသားလေးဆီသို့ဖြေးဖြေးလေးလျှောက်
လာသည်။ဘေးနားတွင်ထိုင်လိုက်တော့
မြင့်မြတ်သူလေးကဘေးနားသို့ခွါသွားသည်။

"ရောဂါပိုးကင်းစင်ပါတယ်..."

"မင်းကိုရောဂါပိုးထက်ပိုသတိထားရမယ်..."

"ပေး ကိုယ်လုပ်ပေးမယ်...ကိုယ်ကဒဏ်ရာ
ခဏခဏရတတ်တဲ့သူမို့ ကျွမ်းကျင်ပါတယ်
မင်းဓားနဲ့ထိုးလိုက်တုန်းကလည်း
ကိုယ့်ဟာကိုယ်ပဲကုခဲ့တာ..."

"အဲ့ထဲကအသေထိုးခဲ့ရမှာ...."

"ရက်စက်လိုက်တာ...."

"သွားစမ်းပါ ငါ့ဟာငါလုပ်လို့ရတယ်
မင်းငါ့အနီးအနားမှာရှိနေတာ
ငါလုံးဝအဆင်မပြေဘူး..."

"သဘော သဘော...."

"မင်းကအလုပ်တွေအားတယ်နော်...
ပြောတော့လည်း....ခေါင်းဆောင်ကြီးဆို
မင်းလောက်အားနေတဲ့ခေါင်းဆောင်မျိုး
ငါဒီတစ်ခါပဲမြင်ဖူးတယ်...."

"အမြဲတမ်းအလုပ်ရှုပ်နေဖို့လိုလို့လား
ကိုယ်က...."

"ခွင့်ပြုပါ..ခေါင်းဆောင်
Kimရောက်နေတာပါတယ်..."

စကားအားရှေ့ဆက်လ်ို့မရတော့အောင်အခန်းဝတွင်
ရောက်နေသော နေသန်သည်မျက်နှာပျက်နေသည်။
Jeonသည်ချက်ချင်းထသွားကာ
နေသန်နောက်သို့လိုက်လာခဲ့သည်။
စကားတောင်မဆက်နိုင်ဘဲချက်ချင်းထပြေးသွား
ရအောင်အထိဘာတွေများအရေးကြီးနေလို့လဲ။
အိမ်ရှေ့စံသည် အကျီအားပြန်ဝတ်ကာ
ခြေလှမ်းဖွဖွနင်းလျှက်အခန်းဝဆီသို့လျှောက်သွား
လိုက်သည်။

"ငါ့ Msgတွေက ပြန်ပို့ဖို့မလိုဘူးလား
Jeon...ပြောလေ..စာတစ်ကြောင်းလောက်
ပြန်ပို့ရင်သေသွားမှာမလို့လား
ငါမင်းနဲ့အဆက်အသွယ်ပြတ်တော့ဘယ်လောက်
စိတ်ပူပြီးဘယ်လောက်စိုးရိမ်ခဲ့ရသလဲ
တနေရာရာကိုပြောင်းတယ် တခုခုလုပ်မယ်ဆို
ငါ့ကိုအသိတော့ပေးပါ...."

"ဒီကိစ္စက အလုပ်ကိစ္စမဟုတ်ဘူးလေ ထယ်
ဒါ ကိုယ့် ကိစ္စသီးသန့်..ဒါကြောင့်မလို့
ကိုယ် လျှို့လျှို့ဝှက်ဝှက်ပဲနေနေခဲ့တာ
ကိုယ်ခေါ်ထားတာ အိမ်ရှေ့စံလေ...
ကိုယ်အများကြီးသတိထားရမယ်..."

"လျှို့လျှို့ဝှက်ဝှက် ဟုတ်လား
ငါက မင်းလျှို့ဝှက်စရာလူဖြစ်နေပီလား
မင်းနဲ့ငါပေါင်းမှ တစ်ဘဝ ပါ JeonJungkook
ငါက နေသန်လောက်တောင်
စောက်ရေးမပါတော့ဘူးလား ဟုတ်လား.."

"KimTaeHyung!!!!"

"မင်းကရော ငါဒီလောက်ဆက်သွယ်နေတာကို..."

နေသန်အားပြေးရိုက်သောထယ်သည်
တစုံတခုအဆင်မပြေလာပုံ။
ထယ်က အမြဲတမ်းလိုလိုစိတ်ရှုပ်နေတတ်ကာ
အချ်န်တိုင်းအတွေးတွေနဲ့အလုပ်ရှုပ်နေတတ်သူမို့
စိတ်မကြည်လာရင်ပတ်ရမ်းတတ်သည့်အကျင့်တော့
ရှိသည်။

"မင်းဘာဖြစ်နေတာလဲ....ဒါကဒီလောက်
ပြသနာရှာရမဲ့ကိစ္စလား..."

"ဘာလို့ ဘာလို့ သူ့ကို အကြာကြီးခေါ်ထားတာလဲ
တော်ရုံလောက်တွေ့ရုံဆိုရပီလေ
မင်းဒီလိုခေါ်လာတာ အားလုံးလှုပ်ခတ်ကုန်ပီ
မင်းသွားတွေ့မယ်ဆိုတော့ ငါကခဏလေးလို့ထင်ခဲ့တာ
မင်းရူးနေပြီလား...ငါတို့အလုပ်တွေ
ငါတို့အသက်တွေကိုငဲ့စမ်းပါအုန်း..."

"ထယ်.....မင်းချမ်းသာဖို့ မင်းပိုက်ဆံတွေ
မင်းပိုင်ဆိုင်မှုတွေကိုပဲ ဘဝတစ်လျှောက်လုံး
ကြည့်မနေနဲ့ ဒါငါ့လွတ်လပ်ခွင့်
ငါ့ခံစားချက် ငါချစ်မိတာ အိမ်ရှေ့စံဖြစ်နေတဲ့အတွက်
ငါ့မှာရွေးချယ်ခွင့်မရှိဘူး
စိတ်ချစမ်းပါ မင်းရော မင်းပိုင်ဆိုင်မှုတွေရော
ဘာမှမဖြစ်စေရဘူး...ငါမင်းကိုကတိပေးတယ်..."

"............."

"ငိုနေတာလား KimTaeHyung...
မင်းငိုနေတာလား....ပြောစမ်း!!!"

Kimပုခုံးတွေအားလှုပ်ခတ်ပြီးဒေါသသံတွေအော်
နေသောခေါင်းဆောင်သည်
ဆံပင်တွေအားမျက်လုံးတွေပေါ်မှဆွဲဖယ်ပစ်သည်။
နီရဲနေသော ထယ့်မျက်လုံးထဲမှမျက်ရည်တွေ
အားမြင်လိုက်ရသော်အခါမျက်ခုံးတန်းတို့သည်
ချက်ချင်းတွန့်ချိုးသွားတော့သည်။

"ငိုစရာဘာပါလဲ...ပြောစမ်း...
ဘာလို့အဲ့ဒီမျက်ရည်တွေကကျရသလဲ
မင်းကိုငါမငိုတတ်ဖို့သေချာသင်ပေးခဲ့ပြီးပြီလေ
မကျလာနဲ့ ကျလာရင် မင်းနဲ့ငါတွေ့ပီ..."

"ငိုချင်လို့ကွာ....ငိုချင်လို့ငါငိုတာ
ငါ့ကိုကျ သန်မာအောင်သင်တယ်
မနာတတ်အောင်သင်တယ်
မငိုတတ်အောင်သင်တယ်
မခံစားတတ်အောင်သင်တယ်
ငါ့ကိုအမြဲတမ်းလောဘဇောတိုက်နေအောင်
ပုံစံသွင်းတယ်..ငါ့ကိုအမြဲစိုးရိမ်ရအောင်
ပူပန်ရအောင်လုပ်တယ်...
ပျော်ရွှင်စရာအချိန်ကောင်းတွေကျ
လျှို့လျှို့ဝှက်ဝှက်တဲ့...
ငါ့ကိုဂိုဏ်းတခုလုံးနဲ့ပစ်ထားခဲ့ပြီးတော့......."

"ထယ်....မင်းငါ့ကိုဘာတွေပြောနေတာလဲ...
ငါတခုခုဖြစ်ခဲ့ရင် မင်းဆက်လုပ်ရမဲ့
အလုပ်တွေလေ...မင်းနဲ့ငါမှာ
မင်းကပိုအသုံးဝင်တဲ့ကောင်ပါ
ငါကမိုက်ရဲသတ်ရဲတာအပြင်တခြားမရှိဘူး
ငါအန္တရာယ်တောထဲလည်းတွန်းပို့နေတာမဟုတ်ဘူးလေ
အန္တရာယ်များတာမှန်သမျှ မင်းထိခိုက်မှာစိုးလို့
ငါပဲရင်ဆိုင်ခဲ့တာမလား...
တခုခုစိတ်မကြည်နေတယ်ဆို...
ဘာလုပ်ချင်လဲ ကိုယ်ဘာလုပ်ပေးရမလဲ..."

"မလိုဘူး....."

ထယ်သည်လှည့်ထွက်သွားကာတံခါးအား
ပြင်းထန်စွာဆောင့်ပိတ်ခဲ့သည်။

"နေသန်"

"ဟုတ်ကဲ့...."

"ထယ့် ကို ဘယ်ကောင်ငိုအောင်လုပ်လိုက်လဲ
စုံစမ်း စမ်း...."

နေသန်သည် Jeonအားကြောင်အစွာ
ငေးကြည့်မိသလို တံခါးဝတွင်ရပ်နေသော
မင်းသားသည်လည်းအထူးအံ့ဩသွားခဲ့ရသည်။
ဘယ်ကောင့်ကြောင့် ငိုသလဲ ဆိုတာ
သူရော နေသန် ပါ နားလည်နေပေမယ့်
Jeon ကနားမလည်တာလား....။

"သူတခုခုအဆင်မပြေလာလို့
လာသောင်းကျန်းတာ.....
ထယ် လည်း ဘယ်တော့မှရင့်ကျက်မလဲမသိဘူး..."

အိမ်ရှေ့စံသည် တစုံတခုကိုတော့သေချာသိလိုက်
သည်။ JeonJungKookရဲ့အားနည်းချက်
လို့ဆိုရမလား နိုင်ကွက်လို့ဆိုရမလား
ပျော့ကွက်လို့လည်းဆိုလို့ရသည့် KimTaeHyung
ဆိုသော ပူပူလောင်လောင်လူအားသိခွင့်ရလိုက်ခြင်း။
ဒီကိုရောက်လာခဲ့တာ အရှုံးတော့မရှိ...။
ဒီလူဆိုး၏ဘဝကိုအနည်းငယ်တော့တီးခေါက်မိသည်။

JEonJungKookကိုမမိနိုင်ဘူးဆိုရင်တောင်
KimTaeHyung ကျန်သေးသည်...။
မျက်ရည်ပင် မကျစေချင်သော
ခေါင်းဆောင်ကြီး၏ အရေးကြီးလူသားသည်
တချိန်ချိန်မှာအသုံးဝင်လာနိုင်ပါသည်။

...........................။

"Kim ဒေါသတွေအများကြီးထွက်ခဲ့မှာပဲ...."

"နောင်တရတာပါ....Jeonကသိပ်တာဝန်ကျေ
ရက်နဲ့ ကျတော်ကဘာကြောင့်ပြသနာတွေ
ရှာချင်ခဲ့မှန်းမသိဘူး....ကျတော့်ကိုတရုတ်ကို
ချက်ချင်းပြန်ဖို့ပြောပေမယ့် ပေကပ်နေခဲ့တာ
ကျတော်အရမ်းကလေးဆန်ခဲ့တယ်မလားHyung"

Kim...ကခေါင်းဆောင်Jeonရဲ့အကြောင်း
အိမ်ရှေ့စံရဲ့အကြောင်းကိုအသေးစိတ်ပြောပြ
နေပေမယ့် ပေါ်လာခဲ့တာ Kimကိုယ်တိုင်တောင်
မသိတဲ့ Kimနှလုံးသားလို့ သူပြောမိရင်
သိပ်ဝမ်းနည်းသွားရှာမှာ....။
ဘာကြောင့်လဲဆို..Kimဟာ Jeonသင်ပေးထားခဲ့တဲ့
အတိုင်း ခုချိန်ထိ သန်မာစွာ ခံစားချက်တွေကို
ဦးစားမပေးစွာဟန်ဆောင်ကောင်းစွာ
နေနေတတ်တုန်း.....။
အပိုင်းပိုင်းကျကြွေခဲ့တဲ့ဘဝအစိတိအပိုင်းတွေ
ဘဝတလျှောက်လုံးအတွင်းစိတ်ကလေးက
သိပ်နူးညံ့သော်လည်း အတင်းအကျပ်
မာကျောစွာနေခဲ့ရခြင်းတွေဟာ ခုထိတိုင်သက်ရောက်
နေတုန်း....။
ခေါင်းဆောင်Jeonဟာသိပ်တော်လွန်းတဲ့သူပါ...။
Kim အားနည်းလွန်းတာကိုဘယ်သူတစ်ဦးတစ်ယောက်
မသိခဲ့ရအောင်
Kimကိုဘယ်သူကမှ မထိခိုက်ရဲအောင်ကို
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ
ပြင်ဆင်ပေးခဲ့တာ။
ပူလောင်မှုတွေ တက်မက်မှုတွေ ရောနှောခဲ့တဲ့
ပြင်းရှရှချစ်ခြင်းတရားတခုကလွဲလို့
JEonဟာ Kimကိုအားလုံးပေးခဲ့သည့်ပုံ....။

JEon နှလုံးသားထဲKimဟာ
ခေါင်းစဉ်ရှာလို့မရတဲ့သံယောဇဉ်ချည်နှောင်မှု
မျိုး ခိုင်ခိုင်မာမာရှိခဲ့လိမ့်မည်ဟုHoseok
ယုံကြည်ပါသည်။

"ဒီခြံဝန်းထဲငါကဘာလုပ်ရမှာလဲ....."

မနက်စောစော အိမ်ရှေ့စံလေးအားခေါ်ကာ
ခြံဝန်းကျယ်ကြီးထဲ စားပွဲချ၍မနက်စာစားရန်
ပြင်ဆင်နေသောခေါင်းဆောင်Jeonသည်
နုနုရွရွကြွေခွက်ကလေးတွေ.....
ကနုတ်လှလှလေးတွေပါတဲ့စားပွဲခင်း....
အရသာရှိသော စားစရာများစွာဖြင့်
လန်းလန်းဆန်းဆန်းရှိနေပါသည်။

"မနက်စာအတူစားကြမယ်လေ....
မနက်ဖြန်ဆို မင့် ကို ပြန်ပို့ရတော့မှာ...."

"ငါ့ကိုတကယ်ပြန်ပို့မှာလား....."

"ပ်ို့ရမယ် ကိုယ်လုပ်စရာတွေရှိတယ်
မင် ကို အနားမှာအမြဲထားလို့ရဖို့
ပြင်ဆင်စရာတွေကတွေးလေများလေးပဲကွာ
ညကတညလုံးစဉ်းစားတာတောင်မကုန်ဘူး"

"အမြဲထားဖို့...."

"အင်း...ကိုယ်ဘဝမှာရုန်းကန်သင့်သလောက်
ရုန်းကန်ပြီး ချမ်းသာသင့်သလောက်လည်း
ချမ်းသာနေပြီလေ...ကိုယ်ချစ်တဲ့သူလည်း
တွေ့ပြီဆိုတော့ အချိန်မဆွဲတော့ဘူး
ကိုယ်ပြင်ဆင်ပြီး ချက်ချင်းပြန်လာခေါ်မှာ
ခုလည်းပြန်မလွှတ်ချင်ပါဘူး
ဒါပေမယ့် မင်လေးက သိပ်ဂျီတော့
အဆင်မပြေဘူး နန်းတော်ထဲခဏလေးပြန်နေလိုက်အုန်း"

လွယ်လိုက်တာ....ပြောခဲ့သောစကားလုံးတွေသည်
သာမာန်ရက်ကွက်ထဲကကိစ္စတခုကို
စီစဉ်နေသလိုမျိုးစီးကရက်တချက်ဖွာရင်း
သူပြောနေတာ...။

"မင်းကတကယ်ရူးနေတာပဲ....."

"ထင်နိုင်ပါတယ်....."

"ငါနဲ့အတူတူနေဖို့ကိုစိတ်ကူးယဉ်နေပြီး
လက်တွေ့က ထောင်တစ်သက်တကျွန်းတို့
သေဒဏ်တို့ဆို ဘယ်လိုလုပ်မလဲ
အရမ်းဝမ်းနည်းစရာကောင်းမှာနော်...."

Coffeeခွက်အားကြေးဇွန်းလှလှလေးနဲ့မွှေကာ
ရှေ့သို့ရိုရိုသေသေချပေးနေရင်းမင်းသား၏
စကားကြောင့်Jeonသည်မင်းသားငယ်အား
စိုက်ကြည့်ကာ

"ဒီလောက်ချစ်ပေးနေတာကိုဖမ်းချင်နေတုန်းလား
ချစ်ဖို့ကောင်းရဲ့သားနဲ့
ဘာလို့ထောင်ပဲချချင်နေရတာလဲ...."

"ငါ မကောင်းတဲ့လူတွေကိုလောကကြီးမှာ
မရှိစေချင်ဘူး မင်းကဘဝပေါင်းများစွာကို
သတ်နေတာ....မင်းကိုယ်မင်းအသက်ရှင်ဖို့
ထိုက်တန်တယ်ထင်နေလား...."

"ကိုယိ့ဘဝသေဖို့ရှင်ဖို့ကိုယ်တိုင်ပဲ
ရွေးချယ်ရတာမလား...
ကိုယ့်ကိုပဲတဖက်သတ်ကြီးအပြစ်မမြင်ပါနဲ့.."

အိမ်ရှေ့စံသည်ခပ်ပါးပါးလေးမဲ့ကာ
မျက်နှာအားJeonရဲ့ဆန့်ကျင်ဘက်တနေရာသို့
ရွေ့လိုက်သည်။
ဒီမျက်နှာကို ကြာကြာကြည့်ပြီး
စိတ်ပျက်စရာစကားတွေအားကြာကြာကြားရလျှင်
မနက်စာစောဒေါသတွေထွက်ရအုန်းမည်။

"အရမ်းချစ်တယ်...."

နားထဲသံရည်ပူလောင်းထည့်သလိုခံစားလိုက်
ရတာကြောင့်ခပ်ပါးပါးလေးမမဲ့တော့ဘဲ
သိသိသာသာမဲ့ကာထိုလူအားဖျက်ခနဲပြန်ကြည့်
လိုက်တော့ ပါးချိုင့်ရေးရေးလေးပေါ်သည်အထိ
ပြုံးကြည့်နေသည်။

အမြဲတမ်းနောက်သို့သပ်ရပ်စွာလှန်တင်ထား
သောဆံပင်တွေနဲ့တက်တူးတွေပေါ်လွင်အောင်
ကြယ်သီးတွေဖြုတ်ဝတ်တတ်သော
ရှပ်အကျီအနက်ရောင်တွေ...
နူတ်ခမ်းနားကစီးကရက်တလိပ်နဲ့
ဆေးတွေကြောင့်နေသားကျနေသော
မျက်ဝန်းရီဝေဝေတွေက ၄၈နာရီအတွင်း
သူအလွတ်ရသွားသည်အထိ တခမ်းတနားဆန်သည်။

ဦးကျိုးချင်ယောင်ဆောင်ထားပြီး
မင်းလိုအိမ်ရှေ့စံသေးသေးလေးကို
တစက်ကလေးမှ ဂရုမစိုက်ကြောင်း
တဖက်လှည့်နှင့်ပြတတ်သော
လက်ရဲဇက်ရဲ အပြုအမူတွေကလည်း
ဖယ်စမ်း... လွှတ်စမ်းပါ ငါ့ကိုမထိနဲ့...ဆိုတဲ့
အငြင်းဝေါဟာရများကို
ထပ်ခါထပ်ခါပြောပီးရင်းပြောခဲ့ရသည်။

"ဘယ်လိုလုပ်ရင်ပြန်ချစ်ပေးမလဲ...."

"ငါ...ဒါကိုအိမ်ရှေ့စံအနေနဲ့မဟုတ်ဘူးသာမာန်
ယောကျ်ားတယောက်အနေနဲ့မင်းကိုရှင်းရှင်းပဲ
ပြောမယ် ငါ မိန်းကလေးတွေကိုပဲစိတ်ဝင်စားတယ်
မင်းမျက်လုံးထဲ ငါကယောကျ်ားချင်း
စိတ်ဝင်စားနေတဲ့ပုံများပေါက်နေလို့လား..."

"စမ်းသပ်ကြည့်ရအောင်..."

"ဘာကိုလဲ...."

ခုံမှထလာကာမျက်နှာအပျက်ပျက်နှင့်
အိမ်ရှေ့စံလေး၏နူတ်ခမ်းတွေအား
ရုတ်တရက်ဆွဲယူသိမ်းပိုက်လိုက်သည်။
ပြင်ဆင်ချိန်မရှိပါသွားခဲ့သောနူတ်ခမ်းထူထူ
တွေသည်မနက်စောစောစတော်ဘယ်ရီသီး
လေးတလုံးလိုချိုအေးအေး အရသာလေး။
ရင်ဘက်တွေကိုထုကာတွန်းလွှတ်သော
အရှိန်သည် အထဲက ကလီစာတွေကိုတောင်
ထိပြီလားဟုထင်မှတ်ရသည်အထိကြမ်းသည်။
ကွဲထွက်သွားစမ်းပါလေ....မရပ်ပစ်နိုင်။
ဘယ်လောက်များအသဲယားစရာလေးလဲ....။

အတင်းအကျပ်နမ်းနေသောJeonJungkook
၏ရမ်းကားမှုကြောင့်တွန်းကန်ထားရသော
လက်တွေနှင့်ခန္ဓာကိုယ်သည် ထိုင်ခုံလက်တန်း
တွေနှင့်ညှပ်သလိုဖြစ်လာပြီးခါးတွေပင်နာ
လာသည်အထိ။
အနေအထားသည်ဘယ်လိုမှအဆင်မပြေနိုင်
တော့တာကြောင့်ကောက်ချီကာ
နူတ်ခမ်းတွေကိုတော့မလွှတ်ပေးခဲ့...။
အသက်ရှုမရတော့၍ထုရိုက်လွန်းခါမှ
ခဏဖယ်ပေးခဲ့သည်။

"အယုတ်တမာကောင်....ဖယိစမ်း ဖယ်စမ်း..."

ဘာလုပ်ရမှန်းမသိတော့၍သူ့ကိုချီပိုးထား
သောလက်မောင်းတဖက်အားကိုက်ချလိုက်
တော့မှ သေချာပေါက်နာသွားခဲ့ကာ
တင်ပါးမှပင့်ချီထားသောလက်တွေသည်
ပြေလျှော့သွားခဲ့သည်။
စိတ်ထဲမှ မှတ်ပီလားဟု တွေးကာ မြေကြီးပေါ်
ပြေးဆင်းတော့မည်ဟုရွယ်ရုံရှိပါသေးသည်။
သူတို့နှစ်ယောက်အနီးရောက်နေသော
စစ်ခွေးကြီးကြီးနှစ်ကောင်....။
ရန်ဖြစ်နေတာနှင့်ခွေးကြီးတွေဘယ်အချိန်
အနားရောက်နေမှန်းမသိ....
ချွန်ထက်လှသောအစွယိတွေနဲ့သူ့ကိုစိုက်ကြည့်
နေကြသညိ။

တလောကလုံးတွင်အကြောက်ဆုံးကခွေး....။

အောက်ဆင်းမည့်မည့်ဆဲဆဲတွင်လန့်ဖျန့်ကာ
JeonJungkook ခါးတွေဆီခြေထောက်တွေ
ချိတ်လျက် ပြန်ကုတ်ကတ်တတ်ရသော
ဖြစ်ရပ်သည် ကိုယ့်ကိုကိုယ်အခါတစ်ရာလောက်
ရိုက်ပစ်လိုက်ချင်စရာ...။

တင်းကျပ်စွာဖက်တွယ်ထားပြီး
ဝက်ဝံလေးလိုကုတ်တွယ်တက်နေသော
အိမ်ရှေ့စံလေးသည် ခွေးကြောက်တတ်တာလား။
သူ့ကိုရိုက်ပုတ်နေ၍သစ္စာကြီးလှသော
ကောင်ကြီးတွေအနားသို့အပြေးရောက်
လာကြပုံရသည်။

"ဆင်းလေ...ဆင်းမလို့မလား..."

ခေါင်းခါပြကာလည်တိုင်တွေဆီက
လက်ကလေးနှစ်ဖက်သည် ခုန
ကလီစာတွေပြုတ်ထွက်အောင်ထုရိုက်နေခဲ့တာ
နဲ့လားလားမှမဆိုင်တင်းတင်းကျပ်ကျပ်ဖက်တွယ်
ထားခဲ့သည်။

"ဆင်းလိုက်စမ်းပါ ကိုယ်မနမ်းချင်တော့ဘူး..."

"မဆင်းဘူးလို့ငါပြောနေတယ်လေ..."

"ဘာလို့လဲ...မင်းကိုယ်ကို မထိချင်ဘူးဆို.."

"ငါ့ကို ဒီအတိုင်း အပေါ်ထပ်ကိုလိုက်ပို့ပေး
လွှတ်ချရင် မင်းနဲ့ငါတွေ့ပီဒါအမိန့်ပဲ..."

"Hey...မင်းသားအမိန့်က ဒီမှာအသုံးမဝင်ဘူးနော်..."

"JeonJungkook..!!!!!

နှဖူးမှချွေးစက်ကလေးတွေသည်စီးကျလာသည်အထိ
အိမ်ရှေ့စံလေးသည်အမှန်တကယ်ကြောက်
နေခဲ့သည်။တုန်တုန်ရီရီအသံလေးတွင်
ဘုရင်ကြီးသည် အများကြီးခံစားသွားခဲ့ရပြီ။
ဆက်ပြီး မစနောက်နိုင်တော့ပါ...။
မျက်နှာလေးပျက်သွားရင်ကို ရင်တခုလုံး
မုန်တိုင်းဝင်သလိုပါပဲလား....။

Jeonသည်ကိုယ်တိုင်ပင်မွေးထား
သောခွေးကြီးတွေအားချက်ချင်းကြောက်လာခဲ့သလို
အိမ်ရှေ့စံလေး၏နှလုံးသားလေးအား
အစွန်းဆုံအထိမျှဝေခံစားပေးနိုင်ခဲ့သည်။

ချစ်သူကြောက်ရင်...ကိုယ်ပါကြောက်လာသလို...
ချစ်သူ ချစ်ရင်...ကိုယ်ပါမမုန်းတော့သလို
အချစ်သည်...တခါတလေ....
ဆန်းကြယ်လွန်းလှသည်...။

အိမ်ထဲသို့ ပြသနာတချိူ့တက်ရင်း
ပြေးဝင်လာသော Jeonနှင့်Minအား
ဝရံတာမှငေးကြည့်နေသောမျက်ဝန်းစူးစူး
တစုံလည်းရှိခဲ့ပါသည်။

........................

10:15 PM


လူဆိုးကောင်သည်....ဘာတွေအလုပ်ရှုပ်နေမှန်း
မသိ...။နေသန်ဆိုသောသူနှင့်စကားအကြာကြီး
ပြောနေကာသူ့ဆီကိုအာရုံမရောက်။
အခန်းတံခါးအားအထဲမှLockချလိုက်ပီးနောက်
ပွဲတော်မှရလာခဲ့သောဖုန်းအားသေချာစွာဖွက်ထား
ခဲ့ရာမှထုတ်လိုက်သည်။
ဘယ်လောက်ပဲခက်ခဲခဲ့သောအခြေအနေဖြစ်
နေပါစေ...
သူသည်လည်း အကင်းပါးသူဖြစ်နေတာကြောင့်
ဖုန်းတလုံးကိုတော့အပါယူနိုင်ခဲ့သည်။
ဒါပေမယ့် အနားမှတဖဝါးမှမခွါသော
ဦးနှောက်ပျက်ကောင်ကြောင့်ထုတ်၍မရ...။
ခွါတုန်းတွင် မြန်မြန်လှုပ်ရှားနိုင်မှအဆင်ပြေပါလိမ့်မည်။

အခန်းအားအထဲမှLockချလိုက်သော
အသံကြောင်Jeonသည်နေသန်နှင့်
စကားပြောနေရင်းမှချက်ချင်းရပ်ကာ
မြန်မြန်ဆန်ဆန်ပင်လျှောက်လာသည်။
သူ့ရဲ့အကြားအာရုံကိုအိမ်ရှေ့စံက
အထင်သေးလွန်းပါသည်။

သော့ဖြင့်အခန်းတံခါးအားဖွင့်ကာ
ပြေးဝင်သွားလိုက်တော့ ထင်ထားသည့်အတိုင်း
ဖုန်းတလုံးအားအသုံးချနေသူ အိမ်ရှေ့စံ...။
မြန်ဆန်စွာပင်လက်ထဲကဖုန်းအားရိုက်ချလိုက်
တော့ ဖုန်းသည်ကြမ်းပြင်ပေါ်သို့တစစီကွဲ
ထွက်သွားသည်။

"ကိုယ်ဘာပြောထားလဲ......!!!!!"

"ဘာပြောထားထား ငါခေါင်းထဲမရှိဘူး...
မင်းလိုကောင်ပြောတာကိုလည်း
ဂရုစိုက်နေဖို့မလိုဘူး..."

"မင်းကိုငါမနက်ဖြန်ပြန်ပို့ပေးမယ်လို့
ပြောခဲ့ပြီးပြီ....စောက်ဇယားတွေနောက်အောင်
ဘယ်သတောင်းစားတွေကိုဆက်သွယ်နေရတာလဲ"

"စကားပြောတာကိုဆင်ခြင်စမ်း..
မင်းပြောနေတာ ဒီနိုင်ငံရဲ့အိမ်ရှေ့မင်းသား...."

"ငါ့အိမ်မှာ ငါ့စည်းကမ်းပဲ...
မင်းကြိုက်တာလုပ်လို့ရတယ်
ငါအရာအားလုံးကိုမသိချင်ယောင်ဆောင်ပေးလို့
ရတယ် ဒါကိုငါမလုပ်နဲ့ဆိုရင်တော့
မင်းဆင်ခြင်...."

"မင်းရဲ့ လွှတ်ပေးပါမယ်ဆိုတဲ့စကားကို
ငါဘယ်လိုယုံကြည်ရမလဲ
မင်းလိုကောင်မျိုးက စကားအတည်ပြောတတ်လို့လား
အမြဲကလိမ်ကကျစ်ကျနေတာကို
ငါလုံးဝမယုံဘူး....."

"ငါလိုကောင်မျိုးက မင်းတို့လိုမြင့်မြတ်သန့်စင်
တဲ့လူတွေထက် ကတိအရာမှာတော့
ပိုတည်တယ်....စိတ်ချ
နောက်ထပ် ဒီလိုအပြုအမူမျိုးထပ်မလုပ်နဲ့
ထပ်လုပ်ရင် မင်းကိုငါအိပ်ယာပေါ်ဆွဲတင်ပြီး
တစစီဖျက်ဆီးပစ်မယ်....."

ဖြောင်း....။

ဘာကြောင့်မှန်းမသိအောင့်တက်သွားသော
ရင်ဘက်ကြောင့်မျက်နှာချင်းဆိုင်လူ၏
မျက်နှာအားအရှိန်ပြင်းစွာရိုက်ခဲ့သည်။
ပေါပေါလောလောပြောပစ်လိုက်တာ...။
ရှက်တာရော ခံပြင်းတာရော ပေါင်းစပ်ပြီး
နောက် တတိယအကြိမ် မျက်ရည်တွေဝဲလာတော့
ဘယ်သူ့မှမအံ့ဩခင် ကိုယ်တိုင်အရင်အံ့ဩ
ခဲ့ရသည်။
မျက်ရည်ဝဲတက်လာသည်အထိ ဘယ်အရာကနာသွား
လို့လဲ....နာစရာလည်းမရှိပါပဲ...။

"ရိုက်...စိတ်ကျေနပ်တဲ့အထိရိုက်နေရင်လည်း
ရတယ်...ငါမကြိုက်တာကိုတော့မလုပ်နဲ့
ငါမင်းကိုပဲချစ်တာ မင်းနားကကောင်တွေကို
တူးခါးနေအောင်မုန်းတယ် လာကြည့်လိုက်
တစ်ယောက်မကျန်အကုန်ပစ်သတ််မှာ"

"ခေါင်းဆောင်....ပြသနာတက်နေပါပီ...."

အခန်းထဲပြေးဝင်လာသောနေသန်သည်
လက်ထဲတွင်သေနတ်တလက်ကိုကိုင်ထားလျက်။
နေသန်သေနတ်ကိုငိထားပုံရရင်
တခုခုကတော့ဆိုးဝါးစွာလွဲပြီ။
သူတို့ရန်ပွဲကိုခဏရပ်ကာနှစ်ယောက်လုံးပြိုင်တူ
နေသန်အားလှမ်းကြည့်လိုက်သည်။

"Kim...တရုတ်ကနေဒီကိုကူးလာတာ
ဟိုကောင်တွေအနံ့ခံမိပုံပဲ
ရောက်နေကြပီ အင်အားများတယ်ခေါင်းဆောင်...."

"ထယ်ရော....ထယ်ဘယ်မှာလဲ....."

အိမ်ရှေ့စံသည်ဖျက်ခနဲJeonအားမော့ကြည့်
လိုက်သည်။KimTaeHyung အပေါ်
စိုးရိမ်မှုအပေါင်းခငြောင်းနေသော
မျက်နှာသည် စိတ်ထဲဝင်မကြည့်နိုင်သည့်တိုင်
အောင်နားလည်နိုင်ပါသည်။

"သူ့ကြောင့်ဒီကောင်တွေရောက်လာနိုင်ခဲ့တာ
ဆိုပြီး သေနတ်ပြင်နေတယ်...."

"ဟာကွာ....."

Continue Reading

You'll Also Like

128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
253K 20K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...
232K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...