မွှေ့ယာနီနီပေါ်တွင် နုနုနယ်နယ်လေးအား
ခပ်ဖွဖွလေးချကာJeonသည်ပဲ့ကြွေသွား
တော့မလိုပြုမူသည်။
တွေ့ချင်လို့ခက်ခက်ခဲခဲစွန့်စားပြီး
ခေါ်လာခဲ့တာ တကယ်တမ်း မျက်စိရှေ့
ရောက်လာတဲ့တော့လည်းဆောက်တည်ရာမဲ့။
အိပ်ယာပေါ်တွင်ဖြေးဖြေးလေးထိုင်ကာ
မျက်နှာလေးအားမျက်တောင်ခတ်ဖို့မေ့သွားခဲ့သည်အထိ
ငေးကြည့်နေသည်။
သွေးကြောစိမ်းလေးတွေယှက်နေသော
ပါးလေးအား ထိရုံလေးထိကြည့်ကာ
စိတ်ကျေနပ်မှုသည်ပြောမပြတတ်...။
ရွှေဝါရောင်ဆံပင်လေးတွေအားဖွဖွလေးနမ်းကာ
သစ်သီးနံ့သင်းသင်းလေးရနေခဲ့တော့
သူ့မှာအရူးအမူး....။
ဖရိုဖရဲညဝတ်အကျီလေးအကူအညီဖြင့်
ပေါ်နေသော ညှပ်ရိုး လှလှလေးတွေ
နည်းနည်းလေးထပ်မြင်ချင်ခဲ့ပေမယ့်
အကျီစကို ဆွဲမဖယ်ရဲ....။
မဖယ်ရက်ခဲ့တာ....။
အဖိုးတန်လေးကို ဘာကောင်လဲသိအောင်
နမ်းမိခဲ့တာနဲ့တင် အားနာလွန်းလို့...
ထပ်ပီးမရမ်းကားရက်...။
လက်ဖောင်းဖောင်းလေးတဖက်ကို
လက်နှစ်ဖက်ဖြင့်မြတ်နိုးရိပ်ထင်ဟပ်စွာ
ညှင်ညှင်သာသာလေးကိုင်ကြည့်ခဲ့သည်။
ရူးရတာပဲ....မင်လေးရယ်....။
ကိုယ်ချစ်လိုက်တာ.ကွာ....။
ခြေဖဝါးလေးတွေ.....မြေကြီးရောနင်းခဲ့ဖူးရဲ့
လားမသိ...။နုထွေးနေကာရဲပတောင်းခတ်နေလျက်။
နူးနူးညံ့ညံ့လေးနမ်းမွှေးလိုက်ပြီး
ဘဝသည် အများကြီးတော့ မပူလောင်တော့ပါ။
ငွေကြေးချမ်းသာမှုတွေမလိုချင်တော့ဘဲ
ခြေဖဝါးရဲရဲလေးတွေကိုသာတစ်သက်လုံး
အပိုင်စားရချင်လာပြန်သည်။
ဆံပင်လေးတွေ.....နှာခေါင်းထိပ်လေးတွေ
နူတ်ခမ်းဖူးဖူးလေးတွေကို အထူးအဆန်းသဖွယ်
လက်ညိုးနှင့်လိုက်လိုက်ထိပြီး
ဒုစရိုက်ခေါင်းဆောင်ကြီးသည်တစ်ညလုံး
အလုပ်တွေရှုပ်နေခဲ့သည်။
အသက်ရှုမှန်မှန်လေးအိပ်မောကျနေတာ
အိမ်မက်တွေကြောင့်လားမသိ အမဲ့လှိုင်းလေး
တွေမျက်နှာပေါ်သို့ဖြတ်ပြေးသွားတာကြောင့်
အိမ်မက်ထဲတွင် သူနဲ့ရန်ဖြစ်နေတာသေချာပါသည်။
"ချစ်တယ်....."
တိုးတိုးလေးပြောခဲ့တာ...။နားနားကပ်ကာ
ကြားရုံလောက်လေး...။
နိုးလာတဲ့အချိန်ပြောလျှင်ဒီလိုငြိမ်ငြိမ်
နားထောင်မည်မဟုတ်...ဓားဖြင့်သုံးချက်
လောက်ဆင့်ထိုးခံရနိုင်သည်။
"အရမ်းချစ်တယ်......"
ဒုတိယအကြိမ်နားနားကပ်ကာထပ်ပြောခဲ့ပြီးသည့်
နောက်မင်းသားလေးဘေးတွင်ဝင်လှဲကာ
ကိုယ်လုံးသေးသေးလေးအားရင််ခွင်ထဲ
ထည့်ထားလိုက်သည်။
ကမ္ဘာကြီးကိုပိုင်ဆိုင်ခဲ့ရသလိုပဲ....။
အနွေးဓာတ်ကြောင့်လားမသိ...သတိလက်လွတ်
ထပ်မံတိုးဝှေ့လာသောကိုယ်လုံးငယ်လေးသည်
ရင်ခွင်ထဲတွင်နေရာတကျ....။
အသက်ရှုထုတ်သောလေသည်ရင်ဘက်သို့
တိုက်ရိုက်ထိတွေ့နေကာ အကျီကြားခံနေတာ
ကြောင့်ချက်ချင်းချွတ်လိုက်ပြီး
အိမ်ရှေ့စံလေး၏အသက်ရှုရာလေတွေကို
အကာအကွယ်မဲ့တက်တူးတဝက်ဖြင့်ရင်ဘက်ကြီးက
ခံစားခဲ့သည်။
ဘာကြားခံကိုမှမကြိုက်ပါ.....။
ညသည်အေးစက်လာပြီးနောက်Jeonသည်စောင်နီနီ
ကြီးအားနှစ်ယောက်လုံးအပေါ်လွှမ်းခြုံလိုက်ရင်း
အိမ်ရှေ့စံလေးနွေးနေစေရန်ရည်ရွယ်သည်။
မနက်လင်းတဲ့အခါဘာတွေဖြစ်မလဲမသိနိုင်ပေမယ့်
ခုညမှာဖြစ်တည်ခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
ကျေနပ်ခြင်းတွေ....ချစ်ခြင်းတရားတွေကတော့
ဘဝတစ်လျှောက်လုံးတခါမှမကြုံဆုံဖူး၍
အကောင်အထည်နဲ့သာသိမ်းထားလို့ရရင်
ကိုယ်တော့ သံသရာတလျှောက်လုံးသိမ်းထား
လိုက်ချင်တာပဲ.....မင်လေးရယ်....။
.............
အိပ်စက်ခြင်းသည် တမူထူးခြားစွာ
လုံခြုံနွေးထွေးနေပါသည်။ ပုံမှန်ဆို
မနက်တိုင်းသည်အေးစက်နေကာ
စောင်မကပ်တတ်သောသူ့သည်
စောင်ကိုအိပ််ချင်မူးတူးဖြင့်ရှာကာ
ခြုံပြီးဆက်အိပ်ရမြဲ...။
ဒီမနက်ခင်းတွေတွင်တော့အထူးနွေးထွေးနေကာ
ထပင်မထချင် ဆက်သာကွေးနေလိုက်ချင်သည်။
သို့သော်တာဝန်တွေကရှိသေးသည်။
မျက်လုံးတွေအားဖြည်းဖြည်းချင်းဖွင့်လိုက်
သော်အခါ ရုပ်ဆိုးဆိုးအရုပ်တရုပ်....။
စိတ်နဲ့လူကပ်လာသောအခါ တက်တူးဟု
သိလာသည်။သူဖက်ထားသည်။
သူသည်ဘယ်တုန်းကမှဘယ်ကိုမှဖက်တွယ်ပြီး
မအိပ်စက်ခဲ့ဖူးပါ။
ဦးနှောက်သည်အသိပေးသံတို့ချက်ချင်းဆူညံ
လာပြီးနောက်သေသေချာချာမျက်လုံးဖွင့်ကာ
အခြေအနေကိုအမြန်ဆန်းစစ်လ်ုက်တော့
သူလူတစ်ယောက်ကိုသေသေချာချာကို
ဖက်အိပ်နေခဲ့တာ....။
ဘယ်သူလဲဟု မြန်ဆန်စွာ မော့ကြည့်မိလိုက်
သော်အခါ နူတ်ခမ်းပါးပါးတွေကကြိုဆိုနေသည်။
လန့်တာထက်ပို တုန်လှုပ်သွားခဲ့သောအခြေအနေ
ကြောင့် အိမ်ရှေ့စံသည်စောင်နီနီထဲကချက်ချင်း
ရုန်းထွက်ကာအိပ်ယာပေါ်မှပြေးဆင်းသွားသည်။
လှုပ်ရှားသွားမှုကြောင့်Jeonမျက်လုံးတွေ
ဖွင့်လိုက်ကာ အိပ်ယာဘေးတွင် အိမ်မက်လား
တကယ်လား ခွဲခြားနိုင်ပုံမပေါ်သေးသော
အိမ်ရှေ့စံလေးအား ပြုံးပြလိုက်သည့်အခါ
မင်းသားလေးက အစစ်အမှန်ဖြစ်နေမှန်း
သေချာသိသွားသည်။
"အစောကြီးနိုးတာပဲ......"
"မင်းဘာလုပ်ခဲ့တာလဲ....."
တင်းမာအေးစက်သောအသံတွင်
အနည်းငယ်တုန်လှုပ်မှုတွေလည်းရောနှောပါဝင်နေသည်။
မျက်နှာလေးသည်အိပ်ရေးဝနေခဲ့သောကြောင့်
ပြည့်ဖောင်းနေကာ ဒေါသကြောင့်နီမြန်းနေပေမယ့်
လှနေတုန်း။
"ဘာမှမလုပ်ပါဘူး..ဒီတိုင်းတွေ့ချင်လို့
ခေါ်လာခဲ့ရုံပါ...."
အိမ်ရှေ့စံသည်ချက်ချင်း
အိပိယာပေါ်ပြေးတက်ကာJeonမေးရိုးတဖက်
အားပြင်းထန်စွာစထိုးခဲ့သည်။
ကိုယ်ပေါ်သို့ခွထိုင်ကာဒေါသတကြီး
ထိုးနေသောလက်တွေကိုမတားမိပါ။
ပြန်လည်းမခုခံမိ။
သွေးစက်တွေအိပ်ယာပေါ်သို့လွင့်ခနဲကျ
သည်အထိအိမ်ရှေ့မရပ်နိုင်သေး....
"ငါ့ဆီကဘာလိုချင်တာလဲ...ပြောစမ်း!!!!!"
ဘာကိုမက်နေလို့ ငါ့ကိုနှောက်ယှက်နေတာလဲ
လိုချင်တာကိုပွင့်ပွင့်လင်းလင်းပြော...."
"မင်း..ကို လိုချင်တာ....."
"ဘာ....."
"တကယ်......"
တောက်!!!!
တောက်ခေါက်သံအကျယ်ကြီးသည်
အလှလေးဆီကဘယ်လိုထွက်လာရသလဲ
ဟုအံ့ဩရလောက်အောင်ကျယ်လွန်းခဲ့ပါသည်။
"မင်းလိုကောင်ကများ...ရာရာစစ..."
ပါးတစ်ဖက်သည်လက်ဝါးနုနုအောက်
ပူခနဲ...။
ချစ်သည်.....သူ့ကိုယ်သူမင်းသားတပါးမို့
ဒီလူဆိုးနဲ့ မတန်မရာ ဟု ဆက်ဆံပြောဆိုတိုင်း
ထွက်လာတတ်သော ဒေါသမာန် အသံလေး
ကိုသူအချစ်ဆုံး။
ဒါလေးကိုလည်းထုတ်ပိုးသိမ်းဆည်း၍
ရလျှင် သံသရာအထိသယ်ပ်ုးသွားချင်သေးသည်။
"ဟုတ်ပါရဲ့ ကိုယ်လို အောက်တန်းစားက
ဒီအဖိုးတန်လေးကို...."
မင်ဟာ အိပ်ယာဘေးစားပွဲပေါ်ကသေနတ်
အားဖျက်ခနဲယူလိုက်ကာ နှဖူးတည့်တည့်သို့
ချိန်သည်။
"ဒါဘယ်နေရာလဲပြောစမ်း...."
"ကိုယ် ဗိုက်ပေါ်မှာလေ....မင်လေး ထိုင်နေတာ..."
"ရွံစရာတွေမပြောနဲ့...ပြောစမ်းဘယ်နေရာလဲ..."
"တောနက်ကြီးထဲမှာ....အမေဇုန်တောလား
တော်တော်နက်တဲ့တောကြီးထဲမှာ
မင်လေး နဲ့ ကိုယ်နှစ်ယောက်ထဲ..."
ပြုံးယဲ့ယဲ့သူ့မျက်နှာသည် သေနတ်နဲ့မသေမချင်း
ပစ်သတ်ချင်စရာကောင်းလှစွာလှောင်နေသည်။
ညကဘာတွေဖြစ်ပျက်ခဲ့လို့အခြေအနေသည်
ဒီလောက်ဆိုးဝါးခဲ့တာလဲ။
အစောင့်တွေရောဘာတွေဖြစ်ကုန်ပီလဲ။
အဖြစ်အပျက်သည် ဘယ်ကစ၍ဖြေရှင်းရမည်
ဆိုတာတောင်သူချက်ချင်းမတွေးတတ်တော့ပါ။
နှဖူးကိုသေနတ်ဖြင့်တေ့ထားသောလက်ကလေး
အားအလစ်အငိုက်တွင်ရိုက်ချလိုက်ကာ
တင်တင်စီးစီး ကိုယ်ပေါ်တက်ထိုင်ဗိုလ်ကျနေသော
မင်းသားလေးအား ဆွဲလှဲချလိုက်သည်။
"မင်းဘာလုပ်တာလဲ...ငါ့ကိုမထိနဲ့နော်..."
စိတ်ကြိုက်ထိုးထားသောကြောင့်ခေါင်းဆောင်
နူတ်ခမ်းမှသွေးစက်တစက်သည် မင်းသားလေး
၏ပါးပြင်ပေါ်သို့ ကျသွားတော့ Jeonက
နူးနူးညံ့ညံ့လေးသုတ်ပေးသည်။
"ပေကုန်ပြီ..."
"ဖယ်စမ်း...!!!!!!"
ရင်ဘက်တွေအား အားကုန်တွန်းလွှတ်သော်လည်း
ရွေ့ပင်မသွားခဲ့သောဒီလူသည်
စိတ်ပျက်စရာကောင်းအောင်အင်အားကြီးလွန်းသည်။
"ကိုယ်မင်းကို လာလာပတ်သတ်သမျှတွေဟာ
စီးပွါးရေးကြောင့်လည်းမဟုတ်ဘူး
နိုင်ငံရေးကြောင့်လည်းမဟုတ်ဘူး
တခုခုလိုချင်လို့ လည်းမဟုတ်ပါဘူး
မင်းကို ပဲတွေ့ချင်လို့ပါ....
ကိုယ်မင်းကိုမင်းမွေးနေ့ပွဲမှာစတွေ့ထဲက
စွဲလန်းခဲ့တာ....မြတ်နိုးမိသွားလို့ပါ...."
"မြတ်နိုးပါတယ်ပြောရအောင်
မင်းလိုကောင်မျိုးမှာနှလုံးသားပါလို့လား
မင်းလိုကောင်က ငါ့ကိုစွဲလန်းရအောင်
တန်လို့လား
လူသတ်ကောင်
မူးယစ်ဆေးနဲ့လူငယ်တွေရဲ့ဘဝကိုအညွန့်တုံးစေတဲ့
ကောင် မကောင်းမှုနဲ့အင်အားကြီးနေတာကို
အဟုတ်ကြီးမှတ်နေတာ....
မင်းစကားတွေဘယ်လောက်ရွံစရာကောင်းလဲသိလား"
"ချစ်ကြိုက်ကြောင်းဝန်ခံတာ ရွံစရာလို့
မသတ်မှတ်နဲ့ မင်....ကိုယ့်ဘဝတစ်လျှောက်လုံး
ပထမဆုံးရူးရူးမူးမူးချစ်ခဲ့တာမလို့
ဒီလိုစကားတွေမပြောတတ်ပေမယ့်
ကိုယ်ကြိုးစားပြောခဲ့တာ.....
ကိုယ်အင်အားကြီးတယ်....
ကိုယ့်အင်အားက မင်းအင်အားထက်အများကြီး
ကြီးတယ်....မင်းဆိုတာ ရုပ်သေးရုပ်လေးလိုပဲ
ပုံစံခွက်နဲ့ဘောင်အကြီးကြီးထဲက
နိုင်ငံကြိုးဆွဲရာကနေတဲ့အလှအရုပ်ကလေးအပြင်
ကိုယ့်မျက်လုံးထဲတော့ဘာမှမပိုဘူး
ကြိုက်သလောက်ထောင်လွှားလို့ရတယ်
မင်းအဲ့လိုလုပ်လေ ကိုယ်ကပိုချစ်လေပဲ...."
ရုပ်သေးရုပ်လေးတဲ့....။သူ့ကိုအရုပ်တဲ့လေ..။
အသားတွေပါတုန်လာသည်...။
အပေါ်မှအုပ်မိုးထားသောမုန်းစရာကောင်းတဲ့
လူအားစိုက်ကြည့်ကာအသက်ရှူတွေကျပ်လာသည်။
ဒုတိယအကြိမ်မျက်ရည်တွေဝဲလာခဲ့ပြန်တာလား။
ဒေါသမျက်ရည်တွေပါ။
တစ်နိုင်ငံလုံးက တန်ဖိုးထား ချစ်နှစ်သက်ပေးသော
သူ့ဘဝကို ဒီလိုမကောင်းဆိုးဝါးကျမှ
ရုပ်သေးရုပ်နဲ့ ခိုင်းနှိုင်းပြီးနှိမ်ချခဲ့တာ...။
တလောကလုံးကိုရင်ဆိုင်နိုင်ပြီဟုယုံကြည်ခဲ့သော်လည်း
ဒီလူဆိုးနဲ့တွေ့တိုင်းရှုံးခဲ့ပြန်ပြီ ။
သူ့ရင်ခွင်အောက် မိန်းမတစ်ယောက်လို
ထိန်းချူပ်ခံနေရတဲ့ဖြစ်ရပ်သည် သွေးအန်ချင်မိသည်အထိ။
"မင်...."
"မင်...."
နီရဲသောမျက်လုံးတွေနဲ့စိုက်ကြည့်ကာ
စကားမပြော မလှုပ်ရှားတော့သော
မင်းသားလေးသည် ဒေါသထွက်လွန်နေသည်။
တခုခုပြန်လုပ်ချင်သော်လည်းလုပ်လို့မရသော
အခြေအနေသည်ကြိုးတွေနဲ့အတင်းအကျပ်
တုတ်နှောင်ထားသလို....။
နှာခေါင်းရိုးတနေရာအားထပ်ထိုးခဲ့ပြန်တာကြောင့်
သူနည်းနည်းတော့ဖရိုဖရဲဖြစ်သွားသည်။
လွှတ်ပေးလိုက်သည်...။
အရမ်းဒေါသထွက်နေမှန်းသိ၍ထပ်ပီး
စိတ်မပင်ပန်းတော့အောင်။
အိမ်ရှေ့စံသည်လိုက်ကာတွေအားဖွင့်ချကာ
ဘေးပတ်ဝန်းကျင်အားအပြေးအလွှားကြည့်နေသည်။
ဒါတောနက်မဟုတ်...။ဒါမြို့ပြင်တနေရာ...။
စိတ်တဝက်တော့အေးသွားရသည်။
အရမ်းအလှမ်းဝေးသောတနေရာကိုမရောက်နေဘဲ
ဒီလောက်ဆိုသူကြိုးစားရုန်းထွက်နိုင်ပါသည်။
နောက်တခုက Jeonကသူ့လက်ထဲ
သူ့မျက်စိရှေ့မှာ....
စိတ်လှုပ်ရှားပြီးအတင်းအကျပ်လုပ်လို့မဖြစ်...။
ဒီမကောင်းဆိုးဝါးကိုဖမ်းချင်နေတာလေ....
အများကြီးအားစိုက်စရာမလိုဘဲသူကိုယ်တိုင်က
ပေါ်လာပေးတာ...အခွင့်အရေးတခုလည်းဖြစ်သွား
နိုင်ပါသည်။
Namjoon ကိုသာဆက်သွယ်နိုင်ရင်
ပွဲသိမ်းပီ....။
"ပြန်ပို့ပေးမှာ....ကိုယ့်အိမ်ရှေ့စံလေးကို
ပင်ပင်ပန်းပန်းလုပ်ရမဲ့အလုပ်တွေ
မလုပ်စေရပါဘူး.....ထွက်ပြေးဖို့စဉ်းစားမနေနဲ့...."
နားနားကပ်ကာခပ်တိုးတိုးကြားရုံမျှပြောလာသော
ထိုအကောင်ကိုလှည့်ကြည့်လိုက်သည်။
မျက်နှာကတော့သူမကြည့်ချင်၍မဝေဖန်ချင်
ပေမယ့် ခန္ဓာကိုယ်မှာရှိနေသောတက်တူး
တွေသည် ထူးဆန်းစွာကိုလှနေတာကြောင့်
စေ့စေ့စပ်စပ်ကြည့်ခဲ့မိသည်။
ဘယ်ဘက်ရင်ဘက်မှလက်ချောင်းတွေအထိ
အပြည့်ရှိနေသောအရုပ်တွေသည်
ဘာအဓိပ္ပာယ်တွေရှိမှန်းမသိပေမယ့်
မျက်တောင်တဖြတ်ဖြတ်ခတ်ကာစပ်စုနေခဲ့ပြီး
တချို့စာတန်းတွေကိုပြတ်ပြတ်သားသားမြင်ချင်
လာ၍နားနားတိုးကပ်ကာကြည့်မိသည်။
တက်တူးမမြင်ဖူးသည့်မင်းသားလေးကို
မရီချင်ပါ..။သူကြီးပြင်းခဲ့ရာအရပ်သည်
တက်တူးနဲ့ မှမသက်ဆိုင်ခဲ့တာ...။
"လှလား.....ကျောမှာလည်းရှိသေးတယ်..."
ကျောပြင်အားလှည့်ပြလိုက်တော့ပို၍ပင်အံ့ဩရပါသည်။
ကျောတခုလုံးအပြည့်..။
ဒေါသတွေတောင်ပြေပျောက်သွားသလိုခံစားရပြီး
တက်တူးအများကြီးကိုပထမဆုံးမြင်ဖူး
ခဲ့တာမို့တအံ့တဩအကြာကြီးကြည့်မိခဲ့တာ...။
"ထိုးချင်လား....."
"ငါကအိမ်ရှေ့စံ...."
Jeonသည်ဟက်ခနဲရီကာစီးကရက်တလိပ်ကို
မီးညှိလိုက်သည်။
"ဟုတ်ပါပြီ....."
.....
ငါအပြင်ထွက်သွားတယ်...
လွတ်လွတ်လပ်လပ်တစ်ယောက်ထဲနေချင်လို့
ပြန်လာခဲ့မယ် လိုက်မရှာနဲ့.....။
အိမ်ရှေ့စံသည်ဘယ်တော့မှဖြစ်သလို
စာမရေးတတ်ပါ...။
မိုးလင်းတာနှင့်ကိုယ်ရံတော်တဖွဲ့လုံး
အုန်းအုန်းကျက်ကျက်ဖြစ်သွားကာ
ထိုင်းကရဲများနှင့်ပူးပေါင်းလျက်အိမ်ရှေ့စံအား
ရှာဖွေရတော့သည်။
သေချာပေါက် ဖမ်းခေါ်သွားခံခဲ့ရတာသေချာပါသည်။
နန်းတော်ထဲမှ အထူးတပ်ဖွဲ့တွေပါချက်ချင်းလိုက်လာ
ကြကာအပူတပြင်းရှာဖွေခဲ့ကြတော့သည်။
KimNamJoonသည်တစုံတခုအားဖျက်ခနဲသတိရကာ
ထိုင်းသို့အပြေးလိုက်လာခဲ့သည်။
အိမ်ရှေ့စံကိုပြန်ပေးဆွဲသွားတာ
Jeonဖြစ်နိုင်တယ်လေ....။
"မှတ်မိသေးတယ်....မင်းသားရုတ်တရက်
ပျောက်သွားခဲ့လို့ သတင်းတွေအရမ်းကြီးခဲ့တာ
နေရာအနှံ့မှာအဲ့သတင်းကြီးပဲ...
ဖမ်းသွားတဲ့ကောင်ကိုမိရင် ဘာလုပ်ပစ်လိုက်လို့
လေကျယ်နေတဲ့သူတွေရဲ့ပါးစပ်တွေကို
သေနတ်နဲ့တေ့ပစ်ချင်တာ
သူတို့မင်းသားပဲ မြင့်မြတ်နေသလို
သူတို့မင်းသားကပဲကောင်းကင်ဘုံကကျလာသလိုလို
သူ့တို့ကမ္ဘာမှာ သူတို့မင်းသားက အဓိကဆိုရင်
ကျတော်တို့ကမ္ဘာမှာလည်း Jeonက အဓိကပဲ...."
Kim ရဲ့ နာကျင်မှုတွေကနှစ်တွေကြာလို့
နေသားကျပြီထင်ခဲ့ပေမယ့် လက်လက်ဆတ်ဆတ်
ရှိနေတုန်းဟုသိခဲ့ရတဲ့အခါ Kimလက်တွေကို
Hoseokအုပ်မိုးကိုင်ထားပေးလိုက်သည်။
Kimပြုံးသည်....။
သူ့ကိုနူးညံ့စွာဆက်ဆံတာမျိုး...
ဂရုစိုက်ပေးတာမျိုးဆို သိပ်သဘောကျတတ်တာကို။
..........
"ငါဒါတွေကိုမစားတတ်ဘူး..."
စားပွဲဝိုင်း၏ထိပ်ဆုံးတွင်ထိုင်ကာအကောင်းဆုံး
စားဖိုမှူးတယောက်၏ဟင်းလျာတွေအား
မစားသင့်သည့်အစားအသောက်လို
သက်သက်မဲ့ ညစ်နေသော အိမ်ရှေ့စံသည်
လက်ကိုလည်းပိုက်ထားသေးသည်။
"ဒီနိုင်ငံမှာတော့အကောင်းဆုံးတွေပဲမင်လေး.."
"ငါ့ကို အဲ့လိုမခေါ်ဖို့မင်းကိုဘယ်နှခါပြောရမလဲ..."
"ကိုယ်လည်း မခေါ်ဘဲမနေနိုင်ဘူးလို့
မင်းကိုအခါခါပြောပီးသားပဲ..."
"မကောင်းဆိုးဝါးကောင်...!"
"ဟုတ်ပါရဲ့...မကောင်းဆိုးဝါးတောင်ဖြစ်နေပြီ...
ဒါတွေမစားတတ်ရင် ဘာစီစဉ်ပေးရမလဲ"
"မစားဘူး...ငါမင်းကျွေးတာကိုယုံကြည်ပြီး
ဘာတခုမှကိုမစားချင်တာ...
ငါ့ကိုလုပ်ကြံနိုင်တယ်လေ..."
"မင်းကိုလုပ်ကြံလို့ ကိုယ်ကဘာအကျိုးရမှာလဲ...
အဲ့လောက်အားမနေဘူး မင်...
ကိုယ့်မှာ လုပ်စရာတွေအများကြီး
မင်းကို လွမ်းလွန်းလို့သာ အပြေးလာတွေ့ရတာ..
အဆင်ပြေပြေနေရအောင်ကွာ..."
Jeonရဲ့လွမ်းလို့တွေ့ဆုံခြင်းသည်...
တောင်ကိုရီးယားရော ထိုင်းနိုင်ငံပါ
အုန်းအုန်းကျက်ကျက်ဖြစ်နေပြီဆိုတာ
Jeonသိတာလား မသိတာလား...။
ဘဝတစ်လျှောက်လုံးသူ့ထက်ပိုပြီး
ထောင်လွှားနိုင်မည့်လူမျိုးမရှိတော့ဘူးဟု
အိမ်ရှေ့စံထင်ခဲ့သည်။
ထင်မြင်ချက်သည်လွဲမှားခဲ့ပါသည်။
မျက်စိရှေ့က လူမိုက်ခေါင်းဆောင်ရှိနေသေးတာပဲ။
"ပုဇွန်တွေကို ကိုယ်ခွါပေးမယ်...
အထဲကအသားတွေကအရမ်းအရသာရှိတယ်"
နေသန်သည်ပထဆုံးမြင်ဖူးခဲ့သောခေါင်းဆောင်၏
တဖက်လူအပေါ်ဂရုစိုက်ပေးခြင်းတွေအား
အံ့ဩဆွံ့အစွာပင်...။
ဖမ်းခေါ်လာပြီး သူ့ထုံးစံအတိုင်းအတင်းအကျပ်
ပြောဆိုဆက်ဆံမည်..ရန်ပွဲတွေဖြစ်လိမ့်မည်။
တဖက်လူကလည်းအိမ်ရှေ့စံမင်းသားမို့
အင်အားကြီးနှစ်ခုတွေ့ဆုံခြင်းသည်
အဏုမြူဗုံးပေါက်သလိုဖြစ်နေလိမ့်မည်ဟုထင်ခဲ့ပေမယ့်
တက်တက်စငိအောင်လွဲချော်ခဲ့သည်။
"မလိုဘူး....ငါ့ကိုသာငါ့နေရာကိုပြန်ပို့ပေး
ငါလုပ်စရာတွေရှိသေးတယ်..."
"နောက်နှစ်ရက်နေရင်မိန့်ခွန်းပြောဖို့ရှိတယ်မလား
ကိုယ်အမှီပို့ပေးမယ်လေ...မဖြစ်ဘူးလား
မင်းကိုတွေ့ရဖို့က သိပ်ခက်လို့ပါ
ကြာကြာလေးနေပါအုန်း..."
"ငါက ဘာကိစ္စမင်းနဲ့နေရမှာလဲ...
တစ်စက္ကန့်မင်းမျက်နှာကိုတွေ့ရရင်
တစ်စက္ကန့်အလျှောက် ပင်ပန်းတယ်"
"မျက်နှာကိုလက်တွေနဲ့ဒီလိုအုပ်ထားပေးမယ်လေ"
လက်ချောင်းသွယ်သွယ်တွေနဲ့သူ့မျက်နှာ
ကိုအုပ်လိုက်ကာ ကိုယ့်ဘက်ကအတည်တကျ
ပြောနေသောစကားလုံးတွေအား
သူကပေါ့ပါးစွာပြန်တုံ့ပြန်သည်။
"ထမင်းစားပါ...ညကျ ပွဲတော်တခုရှိတယ်
ညစျေးတန်းတွေဆီ
လျှောက်လည်မလား....
မင် လွတ်လွတ်လပ်လပ်ဘယ်သွားဖူးပါ့မလဲ
ကိုယ် လိုက်ပို့ပေးမယ်လေ...."
တကယ်ပဲဒီလူ တစုံတခုကိုမျှော်လင့်၍
လိုချင်၍ဖမ်းလာခြင်းမဟုတ်။
ပရော်ပရေ စကားတွေပြောရန်
ဟိုသွားဒီသွား သွားရန်
ကျောက်ပုဇွန်အခွံခွါပေးရန် ဖမ်းလာခြင်းဖြစ်သည်။
ထမင်းစစားတဲ့အခါ ဘေးနားတွင်
ပြုံးယဲ့ယဲ့ဖြင့်ထိုင်ကြည့်နေပြီးလိုအပ်သည်များ
ကိုဂရုတစိုက်လုပ်ကိုင်ပေးသည်။
"ထမင်းစားနေလည်းချစ်စရာကောင်းနေတာပဲ..."
"ငါခက်ရင်းနဲ့ မျက်စိကိုထိုးမှာနော်...."
"စိုးရွံမိပါတယ်...မင်းသား..."
Jeonရဲ့ အမြဲလိုလို ဆေးအရှိန်ကြောင့်ထိုင်းမှိုင်း
နေသောမျက်လုံးတွေသည် ထ်ုအချိန်တုန်းက
အထူးတောက်ပလင်းလက်နေခဲ့ကာ
စိတ်ကြွဆေးသောက်ဖို့မလိုဘဲအလွန်တက်ကြွနေခဲ့သည်။
အိမ်ရှေ့စံကတော့တယောက်ယောက်အား
ဆက်သွယ်လို့ရဖို့ တအိမ်လုံးအား
မသိမသာအကဲခတ်နေခဲ့သည်။
ညရောက်တဲ့အခါသူပြောထားတဲ့အတိုင်း
စျေးတန်းသွားရန်ပြောလာသည်။
ငြင်းစရာမရှိပါ...။
ဒါဟာအခွင့်အရေးပဲလေ.....။
"ရုပ်ဖျက်ဖို့တော့လိုမယ်...."
ဘဝမှာတခါနှမဝတ်ဆင်ခဲ့ဖူးတဲ့ပေါ့ပေါ့ပါးပါး
အဝတ်အစားတွေ...။Maskအနက်ရောင်လေး
အားတပ်ပေးကာဦးထုပ်လေးကိုခပ်ငိုက်ငိုက်
လာဆောင်းပေးသည်။
"မင်းကိုလူတွေကြားထဲကိုယ်ခေါ်သွားတာ
ကိုယ့်ကိုရူးနေတယ်လို့မင်းထင်ကောင်းထင်
နိုင်ပါတယ်....တကယ်လို့များပေါ့
အပြင်ရောက်တဲ့အခါ မင်းတခုခုများ
လှုပ်ခတ်အောင်လုပ်ခဲ့ရင် ဒီသေနတ်ထဲက
ကျည်တွေဟာ အဲ့ပတ်ဝန်းကျင်က
အရွယ်သုံးပါးမရွေးကိုကိုယ်ပစ်နိုင်တယ်လ်ု့
ယုံကြည်ပါ....အပြစ်မရှိတဲ့သူတွေကိုမသေစေချင်ရင်
ကိုယ်နဲ့ ပျော်ပျော်ရွှင်ရွှင်လျှောက်လည်ပေးပါ မင်..."
"မင်းကထင်ထားတာထက် ပိုပက်စက်တာပဲ"
"ကိုယ့်နာမည် JeonJungkook ပါ.....
KimNamJoon အကူအညီနဲ့မင်းသိရင်လည်း
သိနေလိမ့်မယ်....မင်းကြိုက်သလိုခေါ်နိုင်ပါတယ်"
Jeonသည်မင်းသားလေးအားတိတ်တဆိတ်
ခေါ်လာခဲ့ရင်းစည်းကားလှသော
ညစျေးတန်းတွေဆီသို့ဦးတည်ခဲ့သည်။
နေသန် ဘာမှမပြောမိ။
ဘာကြောင့်လဲဆိုခေါင်းဆောင်သည်
ညစျေးတန်းတွေ ရိုးရာပွဲတော်တွေလျှောက်လည်
ရတာကိုအရမ်းသဘောကျသည်။
ခဏခဏ ရုပ်ဖျက်ကာ တစ်ယောက်ထဲသွားလာ
ပျော်ရွှင်ခဲ့ဖူးသည်။ဒီတခါတော့ သူရူးရူးမူးမူး
ကြိုက်ရသောလူသားလေးနဲ့
ရူးရူးမူးမူးလုပ်ချင်လှသောအလုပ်ကိုလုပ်ခဲ့တာ
ဝေဖန်စရာတော့မရှိ။
အတတ်နိုင်ဆုံးခေါင်းဆောင်ကိုကာကွယ်ဖို့ရန်သာ
လိုအပ်သည်။
"ကိုယ်ငယ်ငယ်လေးထဲကပွဲတော်တွေဆို
သိပ်သွားချင်ခဲ့တာ...ဘာလို့လဲဆိုရင်
လူတွေရဲ့ပျော်ရွှင်နေတဲ့မျက်နှာတွေကို
ပဲမြင်ရလို့ပွဲတော်တွေကိုလာသမျှလူတွေက
စိတ်ညစ်နေမဲ့သူတယောက်မှမပါဘူးလေ
အားလုံးကပေါ့ပေါ့ပါးပါးပဲ ခုလည်းကြည့်
အကုန်ပြုံးရီနေကြတယ်တွေ့လား..."
ဘာမှပြန်မပြောသောအိမ်ရှေ့စံလေးသည်
တီးလုံးသံတွေ မုန့်စျေးတန်းတွေ လူတွေရဲ့
စကားသံကိုသူနဲ့မသက်ဆိုင်သလိုလုပ်နေသည်။
"မင်လေး....လမ်းလျှောက်တာပြင်အုန်းလေ
ပွဲစျေးတန်းထဲမှာဘယ်သူမှသတိအနေအထားနဲ့
လမ်းမလျှောက်ဘူး..."
"ငါမွေးကတည်းက ဒီလိုပဲလျှောက်လာတာ
ပြင်လို့မရဘူး JeonJungkook"
JeonJungkook တဲ့....။
ပထမဆုံးကြားခဲ့ရသော နှလုံးသားလေး
နူတ်ဖျားမှသူ့နာမည်...။
ဖြစ်ချင်ရာဖြစ်လေ..ပျော်လွန်းလို့
လက်ဖျားလေးကိုဆုပ်ကိုင်လိုက်တော့
ရွံစရာရှာစရာလိုရုန်းထွက်သွားသော
ပုံစံလေး...။
ချစ်ရပြန်ပါသည်....။
အားလုံးကဒူးတုန်အောင်ကြောက်ကာ
အာဏာကြီးမားလှသော သူ့လိူလူကို
ရွံစရာကြီးလို ဆက်ဆံပုံလေးကိုလည်း
အသဲတယားယား....။
"တခုခုစားရအောင်ရိုးရာမုန့်ဆိုရင်ရော....."
အိမ်ရှေ့စံသည်အပြင်သို့ရောက်လာခဲ့ပြီးနောက်
တခုခုထပ်လုပ်ရန်တစ်စုံတခုကိုစဉ်းစားနေသည်။
ဘေးနားတွင်တတွတ်တွတ်ပြောနေသော
ထိုလူ၏စကားတွေကိုလည်းတခွန်းမှနားထဲမဝင်။
ကိုယ်ရံတော်ခေါင်းဆောင် ဒါမှမဟုတ်KimNamJoon
တယောက်ယောက်နှင့်အဆက်အသွယ်ရဖို့လိုသည်။
ထွက်ပြေးလို့လည်းမဖြစ် မိတုန်းထိတုန်းမှာ
JeonJungkook ကိုဖမ်းထားချင်သည်။
တယောက်ယောက်ဆီကဖုန်းလေးတCall
လောက်ဆက်လို့ရလျှင်အခြေအနေကို
မြန်မြန်ပြောပြီးသူဘယ်နေရာရောက်နေတယ်
ဆိုတာပြောလို့ရလျှင်အဆင်ပြေလိမ့်မည်။
JeonJungkook သည် ရောင်စုံဖျော်ရည်ဆိုင်တခု
သို့ဝင်ကာ ဖျော်ရည်ဝယ်နေသည်။
ဆိုင်၏ခပ်လှမ်းလှမ်းတွင်မတ်တပ်ရပ်စောင့်
နေကာထိုလူမသိခင်ဖုန်းတCallတော့မြန်မြန်လေး
ဆက်ဖို့လိုသည်။ထွက်ပြေးလိုက်၍ရပေမယ့်
JeonJungkook ကိုထပ်မိဖို့မလွယ်တာရယ်
သေနတ်တရမ်းရမ်းနှင့်မဖြစ်သင့်တာတွေ
သူ့ကြောင့်မဖြစ်ရအောင် အင်အားတခုကိုဆက်သွယ်ပြီး
လာဖမ်းနိုင်လျှင်ဇာတ်သိမ်းပြီ။
" အစ်ကို....."
ဖုန်းအားငုံ့ကြည့်ကာလမ်းလျှောက်လာသော
လူတယောက်အားမသိပေမယ့်
အသံကိုအတတ်နိုင်ဆုံးနှိမ့်ကာခေါ်လိုက်သည်။
ကံကောင်းသည်က ထိုင်းလူမျိုးဖြစ်ဟန်မတူ
မမှားဘူးဆို ကိုရီးယားလူမျိုးပဲဖြစ်လိမ့်မည်။
မျက်လုံးတွေကိုဖုံးအုပ်ထားသောဆံပင်ရှည်တွေနဲ့
နှာခေါင်းမြင့်မြင့်တို့သည် လူကောင်းတယောက်
လားဆိုတာမသေချာပေမယ့် သူခေါ်ခဲ့ပြီးပြီ။
"ခေါ်တာလား...ငါ့ကို..."
ကိုရီးယားလိုပီပီသသပြန်ပြောတာကြောင့်
အားတက်သွားကာအကူအညီကိုတောင်းရတော့မည်။
"ဟုတ်တယ်...ကျတော့်ကိုအပန်းမကြီးရင်
ဖုန်းတCallလောက်ပေးဆက်ပါလား
အရေးနည်းနည်းကြီးလို့ပါ..ကျတော့်ဖုန်းပျောက်သွားလို့"
ထယ်ယောင်းသည်စိတ်ပျက်လွန်းစွာပင်
အအေးဆိုင်ထဲမှ Jeon ကိုတွေ့လိုက်ရသည်။
လိုက်ရှာနေခဲ့တာ...နေသောနေရာတခုကိုတောင်
သူ့ကိုမပြောနိုင်ဘဲတိတ်တဆိတ်လှုပ်ရှားနေသော
ထိုကောင့်နောက်ကိုလိုက်လာခဲ့တာ...။
မင်းသားနဲ့ပြေးတွေ့နေမှာသိပေမယ့်
အဆက်အသွယ်လုံးဝမရ၍စိတ်ပူလွန်းလို့
လိုက်လာခဲ့တာ...။
သူကတော့ ညစျေးတန်း တွင်အအေးဝယ်နေသည်။
မျက်စိရှေ့ကကောင်လေးသည်Jeon ကို
လှမ်းကြည့်လိုက် သူ့ကိုအကူအညီတောင်း
နေလိုက်နှင့်...။
အော်....ဒါလေးက အိမ်ရှေ့စံလေးပဲ....။
ထယ်ယောင်းသည်အော်သာရီလိုက်ချင်ပါသည်။
"ငါ့ဆီကဖုန်းယူဆက်လို့ရလည်း...
သူ့လက်ကနေ သူလွှတ်ပေးမယ့်အချိန်မှ
မင်းလွတ်မှာ....အရမ်းကြိုးစားနေလည်း
မထူးဘူး..."
ပြူးကျယ်သွားသောမျက်လုံးလေးတွေကို
Maskနှင့်ဦးထုတ်မဲမဲကြားကမြင်လိုက်ရသညိ။
အံ့ဩသွားရှာမှာပေါ့....။
အကူအညီတောင်းမိတဲ့သူက
ဒုတိယခေါင်းဆောင် KimTaeHyung ဖြစ်နေတာ...။
Jeonသည်အရောင်မတူသောအအေးဗူး
နှစ်ဗူးအားကိုင်ကာဆိုင်ထဲကထွက်လာတော့
ထယ်ယောင်းသည် လူအုပ်ထဲသို့တိုးဝှေ့ပျောက်ကွယ်
သွားတော့သည်။
"သောက်...လုပ်ကြံမထားဘူး....."
လက်ထဲသို့အစိမ်းရောင်ဖျော်ရည်ဗူးအားထည့်ကာ
သူကပြုံးယဲ့ယဲ့ဆိုသည်။
...ငါကသေပီမှတ်နေတာ....
....အနည်းဆုံးတော့နေရာကိုတော့ငါ့က်ုပြော
သင့်တယ်မလား.....
...Hotelကပြောင်းသွားထဲကအဆက်အသွယ်
မလုပ်တာ ဘာဖြစ်ချင်နေတာလဲ JeonJungkook....
...တော်ရုံလောက်တွေ့ရင်အဆင်ပြေနေတာကို
ဘာလို့ဖမ်းဆီးထားရတာလဲ နှစ်နိုင်ငံလုံး
စောက်ပြသနာတွေတက်နေပီ မကောင်းတဲ့ကောင်ရဲ့....
အတွင်းဘက်အကျီထဲထည့်ထားခဲ့သော
ဖုန်းသည်ခဏခဏတုန်ခါနေသည်။
သေချာပေါက်ထယ်ပြသနာရှာနေပြီဆိုတာ
သိနေတာကြောင့်နောက်မှရှင်းပြရန်တွေးလိုက်ပြီး
Msgသံတွေကိုဥပေက္ခာပြုလိုက်သည်။
"မင်းမျက်လုံးကန်းနေလား...!!!"
လမ်းအတူတူလျှောက်လာရင်းစိတ်နဲ့ကိုယ်နဲ့
မကပ်သော မင်းသားလေးသည် မျက်နှာချင်း
လူတယောက်အားဝင်တိုက်လိုက်တော့သည်။
လက်ထဲကအအေးခွက်သည်တဖက်လူ၏
အကျီတွေပေါ်သို့အားလုံးလိုလိုပေကျံကုန်ကာ
ထိုလူသည်မြန်မြန်ဆန်ဆန်ပင်အိမ်ရှေ့စံလေးအား
တွန်းကာ စရန်ဆောင်တော့သည်။
"ရာရာစစ!!!"
ရုတ်တရက်မလေးမစားဆက်ဆံခံလိုက်ရမှုအပေါ်
အသားမကျနေသောစိတ်ကြောင့်အိမ်ရှေ့စံသည်
အရှိန်ပြင်းစွာပြန်တွန်းလွှတ်ခဲ့တော့ထိုလူသည်
မြေပြင်ပေါ်သို့လဲကျသွားသည်။
"မင်းကလည်းလုပ်သေးတယ်..လူပါးဝလို့..!!!"
ထိုသူစိမ်းလူနှင့်နောက်ထပ်အပေါင်းအပါးများသည်
သူတို့နှစ်ယောက်ဆီသို့ပြေးဝင်လာကြတော့သည်။
Jeonသည်မင်းသားလေး၏လက်ဖဝါးတွေအား
ဆုပ်ကိုင်လိုက်သည်။
ရန်ဖြစ်ရတာအကြောင်းမဟုတ် ဒီထက်နှစ်ဆ
လောက်လူအုပ်ကိုတောင်သူနိုင်ပါသည်။
သို့သော် တစုံတခုများလွဲခဲ့လို့မင်းသားမှန်း
သိသွားပါကအိမ်ရှေ့စံမြန်မြန်ဆန်ဆန်သူ့နားမှထွက်သွား
နိုင်တာကြောင့် မင်းသားမျက်နှာကိုဘယ်သူမှ
မသိရန်လ်ုအပ်ပါသည်။
လဲကျနေသောလူရောနောက်ထပ်သွေးဆူနေသော
လူမိုက်တအုပ်ပါရုတ်ရုတ်သဲသဲဖြစ်လာပြီးနောက်
တွင် အိမ်ရှေ့စံလေး၏ လက်ကောက်ဝတ်လေး
အားဆွဲကိုင်ကာပွဲတော်ထဲမှ ထွက်ပြေးခဲ့တော့သည်။
နောက်မှလူအုပ်ကြီးသည်လည်းသူတို့နှစ်ယောက်
နောက်ထပ်ချပ်မကွာလိုက်လာကာ
Jeonသည်မီးရောင်ဝါဝါတွေအောက် စျေးတန်း
တလျှောက် နူးညံ့သောလက်ဖဝါးလေးအား
ဆွဲကာပြေးရခြင်းကို အထူးပျော်ရွှင်နေသည်။
ဒီရက်ကွက်၏လူမိုက်အုပ်စုဖြစ်ပုံရပြီး
အနည်းငယ်မူးနေပုံရတာကြောင့်အားမလျှော့ဘဲ
တောက်လျှောက်ပြေးလိုက်လာကြသည်။
တီးသံမှုတ်သံတွေကြား....ရောင်စုံလူတွေကြား
အလှဆုံးလေးကိုလိုရာခေါ်ပြီးပြေးလွှားရတာ
ကမ္ဘာကိုပင်ပတ်ပစ်လိုက်ချင်သည်အထိ။
ကျေးဇူးတင်လိုက်တာနောက်ကလိုက်လာပေးတဲ့
ကောင်တွေကို....။
Jeonသည်....သွားတန်းဖြူဖြူတွေပေါ်သည်အထိ
ထိုညက ပြုံးခဲ့သည်...။