Unicode
မျက်နှာပေါ် ကို အသေးစိတ်ခြယ်သ ပေးနေသည့် အပျိုတော်တွေကြောင့် ဝမ်ရိပေါ် တစ်ယောက်စိတ်ရှုပ်နေသည်။ မိန်းကလေးဟန်ဆောင်ရတာ တကယ်ကိုမလွယ်တာပဲ။ ဖန်းဖန်းကြောင့်သာ မဟုတ်ရင် သူဒီလိုဒုက္ခတွေ ခံနေရမှာမဟုတ်ဘူး။ ဟင်း..ဝမ်ဖန်းဖန်း ဆိုးလိုက်တဲ့ညီမ။
"မိဖုရား က အရမ်းလှတာပဲ"
အပျိုတော်တွေရဲ့စကားကြောင့် ဝမ်ရိပေါ် ဒေါသထွက်သွားကာ သတိမထားလိုက်ပဲ မျက်မှောင်ကြုံ့လိုက်မိသည်။ အပျိုတော်က သူ့ မျက်နှာအပြောင်းအလဲကို ကြည့်ကာ ထိတ်လန့်သွားတာကို သတိထားမိမှ မျက်နှာကို ပြန်ပြင်လိုက်သည်။
"အဝတ်အစား ကို ကိုယ့်ဘာသာကိုယ် လဲမှာမို့ ထွက်သွားပေးပါ"
"အဆင်ပြေပ ပါ့မလား မိဖုရား...မင်္ဂလာဝတ်စုံ က တစ်ယောက်ထဲ ဝတ်ဖို့ အဆင်မပြေလောက်ပါဘူး"
ဝမ်ရိပေါ်က ရှည်လျှားကာ အထပ်ထပ် ဖြစ်နေသည့် မင်္ဂလာဝတ်စုံ ကို ကြည့်ကာ သက်ပြင်းချပြီး
"အတွင်းဝတ်တွေ ကိုယ့်ဘာကိုယ်ဝတ်မယ်..ကျန်တာ မင်းတို့ ဝတ်ပေး"
"အမိန့်တော်အတိုင်းပဲ...ခစ်ခစ်..ဒါနဲ့ မိဖုရားက အရမ်းရှက်တက်တာပဲနော်..ဒီပုံစံနဲ့ ဒီည မင်းကြီးရှေ့မှာ ဘယ်လိုလုပ်မလဲ "
အပျိုတော်တွေစကားကြောင့် ဝမ်ရိပေါ် နားရွက်ဖျားတွေ ရဲသွားသည်။ ဒီညက မင်္ဂလာဦးညပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် ဟန်လူမျိုးတွေနဲ့ စစ်ပွဲ မပြီးခင် သူကယောကျာၤးလေးဆိုတာ ရှောင်းဘုရင် သိလို့မဖြစ်ဘူး။ ဟင်း...ဒီည မူလအစီအစဉ်က အောင်မြင်ပါစေပဲ ဆုတောင်းရမှာပဲ။
...............
အနီရောင် မင်္ဂလာဝတ်စုံ နဲ့ သူရှိရာ တစ်လှမ်းချင်းလျှောက်လာနေသည့် ဝမ်မင်းသမီးကို ရှောင်းဘုရင် က သေချာ ကြည့်ရှုနေမိသည်။ အင်း...ဝမ်မင်းသမီးက လမ်းလျှောက်တာကလဲ မိန်းကလေးသိပ်မဆန်ဘူးပဲ။ အနားရောက်လာသည့် ဝမ်မင်းသမီးကို လက်ကမ်းပေးတော့ ချက်ချင်းမဆွဲပဲ သူ့ကို မော့ကြည့်လာသည်။ ဇာပဝါးအနီပါးပါးအောက်က ခပ်ရေးရေးမြင်နေရသည့် မျက်ဝန်း တွေစူးရဲလွန်းလှသည်။ သူစူးစိုက်ကြည့်လိုက်တော့မှ မျက်လွှာကို ပြန်ချကာ လက်ပြန်ကမ်းလာသည်။ ဆုပ်ကိုင်လိုက်မိတဲ့ လက်ဖဝါးပြင်ဟာ တခြားမိန်းကလေးနဲ့ မတူ နူးညံ့မှု့မရှိပဲ ကြမ်းရှရှ ဖြစ်နေသည်။ ထူးဆန်းလိုက်တာ။ မင်းသမီး တစ်ပါးရဲ့ လက်က ဘာလို့ မနူးညံ့ ရတာလဲ။
ဝမ်ရိပေါ် ကတော့သူ့ကို သေချာစူးစိုက်ကြည့်နေသည့် ရှောင်းဘုရင်ကြောင့်ချွေးပြန်ချင်လာသည်။ သူပိုသတိထားမှ ရတော့မယ်။ မိုးမြေ ကန်တော့ရန် ပြင်ဆင်ခိုင်းမှ ရှောင်းဘုရင် ကကြည့်နေရာမှ မျက်နှာလွှဲသွားသည်။
မိုးမြေကန်တော့နေရင်း လဲ စိတ်ထဲ ဝမ်ရိပေါ် က ညီမတော်ဖြစ်သူကို ကျိန်ဆဲနေမိသည်။ ဝမ်ဖန်းဖန်း.... မင်းကြောင့် အခု ငါ့မှာ မိန်းကလေး တစ်ယောက်နဲ့ မိုးမြေမကန်တော့ရပဲ ယောကျာၤးလေးတစ်ယောက်နဲ့ ကန်တော့နေရတယ်။
...................
"အရှင်မင်းကြီး ကြွလာပါပြီ ဝမ်ဖေး"
အပျိုတော်အသံကြားမှ မင်္ဂလာကုတင်ပေါ် ခြေကားယား လက်ကားယား ထိုင်နေသည့် အမူအယာကို ပြန်ပြင်ကာ ခုနက ချွတ်ထားပေးသည့် ပုဝါအနီကို မျက်နှာပေါ်ပြန်လွှမ်းလိုက်သည်။ ဘာပဲ ဖြစ်ဖြစ် ဒီည သူ့ရဲ့ ပုံစံအစစ်အမှန်ကို ရှောင်းဘုရင် မသိအောင် သတိထားမှဖြစ်မယ်။
မင်္ဂလာဝတ်စုံ အနီနဲ့ သူရှိရာကို တစ်လှမ်းချင်းလျှောက်လာသည့် ရှောင်းဘုရင် ရဲ့ ချောမောခန့်ညားမှု့က ယောကျာၤးချင်းပင် သတိထားမိစေသည့်အထိဆိုတာ ဝန်မခံချင်ပေမယ့် သူဝန်ခံပါသည်။
"ဝမ်ဖေး.."
သူထိုင်နေသည့် အိပ်ရာဘေးရှောင်း ဘုရင်က လာထိုင်တာကြောင့် သူလန့်သွားမိသည်။ ရှောင်းဘုရင်က သူ့ကို ကြည့်ကာ ခပ်ဖွဖွ ရယ်ရင်း...
"ဝမ်ဖေး...ကြောက်နေတာလား"
ရှောင်းဘုရင်က ပြောရင်းနဲ့ပဲ သူ့မျက်နှာပေါ် က အဝတ်စကို အသာအယာ ဖယ်လိုက်သည်။ အနီးကပ်မြင်နေရသည့် ရှောင်းဘုရင် ရဲ့နှုတ်ခမ်းအောက်က မှဲ့နက်လေး ကို ယောင်ယမ်းကာ ငေးနေမိတုန်း ရုတ်တရက် ရှောင်းဘုရင်က သူ့လက်ကို ဆွဲယူကာ ဓားနဲ့ အသာခြစ်လိုက်တာကြောင့်....
"အ..."
"ကိုယ်တော် တောင်းပန်ပါတယ်... ဝမ်ဖေး..နာသွားသေးလား"
ရှောင်းဘုရင် က သူ့လက်က ထွက်လာသည့်သွေးစက်တွေကို အိပ်ရာပေါ် ချရင်း သူ့ကို တောင်းပန်စကားဆိုသည်၊
"ဒါက...."
"ဒါက ဝမ်ဖေးရဲ့ သိက္ခာအတွက်ပါ...ကိုယ်တော်တောင်းပန်ပါတယ် ဝမ်ဖေး...နိုင်ငံရေးအရ လက်ထပ်လိုက်ရတဲ့ ကိုယ်တော်တို့နှစ်ယောက်မှာ ဘာခံစားချက်မှ ရှိကြတာမဟုတ်လို့ ကိုယ်တော် ဝမ်ဖေးဘဝကို မဖျက်စီးချင်ဘူး"
ဝမ်ရိပေါ် ကရှောင်းဘုရင်ကို ကြည့်ကာ ပြုံးလိုက်ပြီး
"သိထားရတဲ့ အရှင့်အကြောင်းတွေတကယ်ကို မှန်နေတာပဲ"
"ဝမ်ဖေးက ကိုယ်တော့်အကြောင်း ဘာတွေသိထားလို့လဲ"
"အရှင် ငယ်စဉ်ထဲက လက်ထပ်ထားတဲ့ မုဖေး ဆီကိုလဲ မင်္ဂလာဦးည တစ်ညကလွဲပြီးအဆောင်တော်ကို ထပ်မလာတော့ဘူးတဲ့..ကြည့်ရတာ အရှင် မုဖေးအပေါ်လဲ ဒီလိုဆက်ဆံခဲ့တာပဲလား"
"အင်း..."
"အရှင်ဘာလို့ ဒီလို လုပ်ရတာလဲ..ဘာပဲဖြစ်ဖြစ် အရှင်လက်ထပ်ထားတဲ့သူတွေလေ...သူတို့ စိတ်ထိခိုက်သွားမှာ အရှင်မစဉ်းစားမိဘူးလား"
ရှောင်းဘုရင် က သူ့ကို စူးစိုက်ကြည့်ကာ
"ဝမ်ဖေးက ကိုယ့်တော်ကို ဒီလိုမေးခွန်းကိုမေးရဲတာ တကယ်ပဲ သတ္တိရှိလိုက်တာ"
"ခွင့်လွှတ်တော်မူပါ အရှင်...အရှင် မကြိုက်ဘူးဆို မေးခွန်းကို ပြန်ရုတ်သိမ်းပေးပါမယ်"
"ရပါတယ်...ကိုယ်တော် ဘာမှမဖြစ်ပါဘူး..ဝမ်ဖေးက ဒီလိုမေးခွန်းမျိုးကို ရဲရဲတင်းတင်းမေးရဲလို့ ကိုယ်တော်အံ့သြ သွားမိတာပါ...တကယ်တော့ ကိုယ်တော်က ချစ်မြတ်နိုးတဲ့ လူတစ်ယောက်ထဲကိုပဲ ပေါင်းသင်းပြီး ဘဝကိုကုန်ဆုံးချင်တာ..ဒါပေမယ့် ရှင်ဘုရင် တစ်ပါးဖြစ်လာတော့လဲ ဆက်သလာတဲ့ မိဘုရားတွေကို ငြင်းပယ်လို့ မရပဲ လက်ထပ်ခဲ့ရပေမယ့် မချစ်မနှစ်သက်ပဲ သူတို့ဘဝကို မဖျက်ဆီးချင်ဘူး"
"အရှင် တိုင်းပြည်ရဲ့ဧကရီနေရာကို အခုချိန်ထိ ဘယ်သူ့ကိုမှမပေးသေးတာလဲ ဒီအကြောင်းကြောင့်လား"
"ဝမ်ဖေးပြောတာ မှန်ပါတယ်...ကိုယ်တော် မြတ်နိုးရတဲ့ သူတစ်ယောက်ထဲ ကိုပဲ ကိုယ့်တော်ဧကရီ နေရာကို ထားချင်တယ်"
"အရှင့်စိတ်ထားက တကယ်ကိုလေးစားဖို့ကောင်းပါတယ်"
ရှောင်းဘုရင် က သူ့ကို အံ့သြ တကြီးကြည့်ကာ
"ဝမ်ဖေးက တကယ့်ကိုနားလည်ပေးတက်တာပဲ..ဒီကိစ္စက ဘယ်မိန်းကလေးမှ လက်ခံပေးဖို့ဆိုတာ မလွယ်ဘူးလေ"
"ကျွန်တော်မျိုးမ က အစ်ကိုတော် လက်ထဲမှာ ကြီးပြင်းလာတာကြောင့် မိန်းမ သိပ်မဆန်လို့ ဖြစ်ပါလိမ့်မယ်"
"အစ်ကိုတော် လက်ထဲမှာ ကြီးပြင်းလာတာဆိုတော့ ဝမ်ဖေး စစ်ရေးစစ်ရာ တွေကို သင်ဘူးခဲ့လား"
"အရှင် ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ"
"ဝမ်ဖေးရဲ့ လက်တွေက နူးညံမနေပဲ ကြမ်းရှနေတယ်..စစ်ရေးစစ်ရာ ကို လေ့ကျင့်ဘူးတဲ့ လက်တွေ လို့ ကိုယ်တော် ထင်မိတယ်"
"အရှင် မှန်ပါတယ်...ကျွန်တော်မျိုးမ ရဲ့ အစ်ကိုတော် ဆီမှာ သင်ယူခဲ့ဘူးပါတယ်"
"ဝမ်အိမ်ရှေ့စံက စစ်ရေးစစ်ရာ မှာ အရမ်းတော်တယ်လို့ ကိုယ်တော် ကြားဘူးတယ်..ဝမ်ဖေးက အစ်ကိုတော် ဆီက သင်ယူခဲ့တယ်ဆိုတော့ ကိုယ် စစ်ရေးစစ်ရာ ကိစ္စ တွေကို ဝမ်ဖေးနဲ့ ဆွေးနွေးလို့ရလား"
"ရတာပေါ့ အရှင်...ကျွန်တော်မျိုးမ ဉာဏ်စွမ်းရှိသမျှ အရှင့်ကို ကူညီပါမယ်"
"အင်း....မကြာခင် ဟန်လူမျိုးတွေနဲ့ စစ်တိုက်ရတော့မှာ ဝမ်ဖေးသိပြီးသား ဖြစ်မှာပါ... ရှောင်းနိုင်ငံနဲ့ ဝမ်နိုင်ငံ နှစ်နိုင်ငံပေါင်းရင်တောင် သူတို့ အင်အားနဲ့ မညီမျှဘူး...နိုင်အောင် တိုက်နိုင်တယ်ဆိုတာ ယုံကြည်ပေမယ့် ကိုယ်တော့်စစ်သည်တော်တွေ ရဲ့ အသက်တွေအများကြီး ဆုံးရှုံးသွားမှာ မမြင်ချင်ဘူး"
"သူတို့ အင်အားကို လျှော့အောင် လုပ်မယ်ဆိုရင်ကော အရှင်"
"ဝမ်ဖေးမှာ နည်းလမ်းရှိလို့လား"
"ဟန်လူမျိုးတွေက ရေမကူးတက်ဘူးလို့ ကြားမိတယ်အရှင်..သူတို့ စစ်လာတိုက်မယ့်အချိန်ဟာ ရှောင်းနိုင်ငံနဲ့ ဟန်နိုင်ငံကြားမှာရှိတဲ့ မြစ် မှာ ရေမရှိတဲ့အချိန်ပဲ ဖြစ်မယ်.ရက်ပိုင်းအတွင်းမှာ မိုးအကြီးအကျယ်ရွာဖို့ရှိတယ် အဲ့အချိန် တောင်ကျရေတွေကို ဆည်အဖြစ်သိုလှောင်ထားပြီး သူတို့ လာမှ ဖွင့်ချလိုက်ရင် သူတို့ အင်အားတစ်ဝက်လောက် ရေနဲ့ ပါသွားလိမ့်မယ်...အဲ့အချိန်မှ ရှောင်းနိုင်ငံနဲ့ ဝမ်နိုင်ငံ နှစ်နိုင်ငံ အင်အားနဲ့ ကျန်နေတဲ့ တပ်တွေကို တိုက်ရင် ကျွန်တော်မျိုးမ တို့ဘက်က အဆုံးရှုံး မရှိပဲ သူတို့ကို အနိုင်ရနိုင်ပါတယ်"
ရှောင်းဘုရင် ဟာ သူ့စကားအဆုံးသဘောကျစွာရယ်လိုက်ပြီး
"ဝမ်ဖေးက တကယ့်ကိုပဲ ဉာဏ်ပညာကြီးမားပါတယ်..တကယ်ပဲ ဝမ်ဖေးရဲ့ အစ်ကို တော် ဝမ်အိမ်ရှေ့စံရဲ့ ဂုဏ်သတင်းကျော်ဇောမှု့က အလကားမဟုတ်ဘူးပဲ...သူ့ဆီက သင်ယူထားတဲ့ ဝမ်ဖေးတောင်ဒီလောက်တော်တာ သူဆို အများကြီးတော်မှာပဲ..ကိုယ်တော်သူနဲ့ ဆွေးနွေးချင်ပါသေးတယ်..ဝမ်ဘုရင်ကို ဒီကိစ္စကို ပြောအုံးမှပဲ"
ရှောင်းဘုရင် စကားကြောင့် ဝမ်ရိပေါ် တစ်ယောက်ထိတ်လန့်သွားသည်။ ခမည်းတော်ကိုသာ ရှောင်းဘုရင်က တောင်းဆိုလိုက်ရင် နန်းတော်ထဲမှာ ဝမ်အိမ်ရှေ့စံမရှိမှန်းသိသွားကြလိမ့်မယ်။ မဖြစ်ဘူး။
"အစ်ကိုတော် က ကျန်းမာရေးမကောင်းတာကြောင့်အခုချိန်ဆွေးနွေးနိုင်မှာမဟုတ်ပါဘူး အရှင်...အရှင်သိချင်တာ ရှိရင်ကျွန်တော်မျိုးမနဲ့ ဆွေးနွေးလို့ရပါတယ် "
"ကောင်းပြီလေ..ဒါဆို ဝမ်ဖေးကိုပဲ အားကိုးရတော့မှာပဲ..နောက်ညတွေလဲ စစ်ရေးဗျူဟာတွေဆွေးနွေးဖို့ ဝမ်ဖေးအဆောင်ဆီ ကိုယ်တော် လာခဲ့ပါမယ်"
"ကောင်းပါပြီ အရှင်"
.........................
"ဘာ....အရှင်က အသစ်မြှောက်လိုက်တဲ့ ဝမ်ဖေးဆီ နေ့တိုင်းသွားတယ် ဟုတ်လား"
"ဟုတ်ပါတယ် မုဖေး..မင်းကြီးက ဝမ်ဖေးဆီ ညတိုင်းသွားလို့ အခုနန်းတော်ထဲမှာ မင်းကြီးရဲ့ ဧကရီနေရာကို ဝမ်ဖေးကို မကြာခင် ပေးအပ်တော့မယ်လို့ သတင်းထွက်နေပါတယ်"
"တောက်.."
မုဖေးတစ်ယောက်ဒေါသထွက်သွားသည်။ လက်ထပ်ထားတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ရှောင်းဘုရင်က မင်္ဂလာဦး ညကလွဲပြီး သူမဆီမလာခဲ့ဘူး။ ဝမ်ဖေးဆီကျ နေ့တိုင်းသွားတယ်တဲ့လား။ ဝမ်ဖေးကိုဧကရီနေရာကို မပေးနိုင်ဘူး။ ရှောင်းဘုရင် ရဲ့ ဧကရီနေရာဟာ သူမအတွက်ပဲ ဖြစ်ရမယ်။ဝမ်ဖေးကို ပညာပေးမှ ရတော့မယ်။ သူမအကြောင်းသိအောင်ပြရသေးတာပေါ့။
"သွားစမ်း...ဝမ်ဖေးကို ငါ့ဆီအခုချက်ချင်း လာနှုတ်ဆက်ဖို့် သွားပြောကြ"
ထွက်သွားသည့် အပျိုတော်ကဝမ်ဖေးပါမလာပဲ ပြန်ရောက်လာတာကြောင့် မုဖေး အံ့သြ သွားသည်။
"ဝမ်ဖေးရော"
"ဝမ်...ဝမ်ဖေးက ပြောလိုက်ပါတယ် ဖုဖေး..သူရဲ့ရာထူးဟာ မုဖေးထက် မြင့်ပါတယ်တဲ့ ဒါကြောင့် နှုတ်ဆက်ချင်ရင် သူ့ကို မုဖေးကသာ လာနှုတ်ဆက်ရမှာပါတဲ့"
"ဘာ.."
မုဖေး ဒေါသထွက်သွားသည်။ သူမက သာမာန်အမတ်သမီးနေရာက မိဘုရားဖြစ်လာသူ။ ဝမ်ဖေးက ဘုရင့်သမီးနေရာက မိဖုရားဖြစ်လာသူ။ ဝမ်ဖေးအဆင့်က သူမထက် မြင့်တာမှန်ပေမယ့် သူမ လက်မခံနိုင်ဘူး။ သူမအကြောင်းသိအောင် ပြရသေးတာပေါ့။
"ဝမ်ဖေးဆီ ခုချက်ချင်း သွားမယ်"
...................
အဆောင်တော်ရှေ့က ကန်ရေပြင်ကို ကြည့်ကာ ဝမ်ရိပေါ် အတွေးတွေနဲ့ ရှုပ်ရှက်ခတ်နေသည်။ စစ်မြန်မြန်တိုက်မှဖြစ်မယ်။ နန်းတော်ထဲမှာ ဒီလို ဟန်ဆောင် ပြီးနေနေရတာ သူပျင်းနေပြီ။ အရင်လို အားနေတဲ့ အချိန်တွေမှာ စစ်ရေးလေ့ကျင့်မှု့တွေ လုပ်ချင်နေပြီ။ ဒါတောင် ရှောင်းဘုရင်က ညတိုင်းသူနဲ့ စစ်ရေးဗျူဟာတွေ လာဆွေးနွေးလို့ နည်းနည်းနေသာနေတာ။ မဟုတ်ရင် သူပျင်းလို့ သေ သွားနိုင်သည်။
"ဝမ်ဖေး...သတိထား"
အပျိုတော်ရဲ့ အော်သံကြောင့် နောက်ကို လှည့်ကြည့်လိုက်တော့ မိဘုရားဝတ်စုံနဲ့ မိန်းမတစ်ယောက်က သူ့ကို တွန်းချဖို့ လက်ရွယ်နေတာကို တွေ့လိုက်ရသည်။ သူ ရှောင်လိုက်ကာ ထိုမိန်းမကို လက်ပြန်ချုပ်ပြီး ခေါင်းမှဆံထိုးကို ဆွဲယူကာ သူမ လည်ပင်းပေါ်တင်လိုက်ပြီး
"မင်း ဘယ်သူလဲ ဘာလို့ ငါ့ကို တွန်းချဖို့ လုပ်ရတာလဲ"
"ငါ...ငါက မု..မုဖေး"
ကြောက်ကြောက် လန့်လန့်ဖြင့်သူမက ပြန်ဖြေလာသည်။ ထိုအခါမှ သူက သူမကို လွှတ်လိုက်ကာ..
"မုဖေး ဟုတ်လား...မုဖေးက ဘာလို့ ငါ့ကို ရေထဲတွန်းချဖို့ လုပ်ရတာလဲ"
"ဟို..."
"နောက်တစ်ခါ ဒီလို ထပ်လုပ်ရင် ငါ့ဆံထိုးက မင်းလည်ပင်းကို စိုက်မယ်ဆိုတာ သိထားပါ..မင်းက မုဖေး မကလို့ ဘယ်သူပဲ ဖြစ်ပါစေ ငါ့ကို အနိုင်ကျင့် မယ့်သူဆို ငါ ငြိမ်ခံနေမှာ မဟုတ်ဘူး"
"တောင်း..တောင်းပန်ပါတယ်...ကျွန်တော် မျိုးက ဝမ်ဖေးကို လာနှုတ်ဆက်တာ ပါ"
...................
ထိုမြင်ကွင်းကို အကွယ်တစ်နေရာက ကြည့်နေသည့် ရှောင်းဘုရင်က သဘောကျစွာ ပြုံးနေမိသည်။
"ဝမ်ဖေးက တကယ့်ကို ထက်မြက်လွန်းတာပဲ..ကြောက်စိတ်လဲမရှိဘူး"
ကိုယ်ရံတော် ကျိုးချန် က ပြုံးနေသည့် ရှောင်းဘုရင်ကိုကြည့်ကာ..
"မိန်းကလေး တစ်ယောက်ကြောင့် အရှင်ဒီလို ပြုံးတာ ကျွန်တော် ပထမဆုံး မြင် ဘူးတာပဲ"
"အင်း...ဝမ်ဖေးက ထူးခြားတယ်..သူ့ကြောင့် ကိုယ်တော်ခဏ ခဏ ပြုံးမိနေတယ်...သူက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလွန်းတယ်"
ကျိုးချိန်ကို ပြောပြီး ရှောင်းဘုရင် က ဝမ်ဖေးကို ဆက်ကြည့်နေကာ တွေးလိုက်မိသည်။
ဒါပေမဲ့ ဘာလို့မှန်းမသိဘူး။ ဝမ်ဖေးက ကိုယ့်တော်အပေါ်တစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားနေရတယ်။
TBC
Zawgyi
မ်က္ႏွာေပၚ ကို အေသးစိတ္ျခယ္သ ေပးေနသည့္ အပ်ိဳေတာ္ေတြေၾကာင့္ ဝမ္ရိေပၚ တစ္ေယာက္စိတ္႐ႈပ္ေနသည္။ မိန္းကေလးဟန္ေဆာင္ရတာ တကယ္ကိုမလြယ္တာပဲ။ ဖန္းဖန္းေၾကာင့္သာ မဟုတ္ရင္ သူဒီလိုဒုကၡေတြ ခံေနရမွာမဟုတ္ဘူး။ ဟင္း..ဝမ္ဖန္းဖန္း ဆိုးလိုက္တဲ့ညီမ။
"မိဖုရား က အရမ္းလွတာပဲ"
အပ်ိဳေတာ္ေတြရဲ႕စကားေၾကာင့္ ဝမ္ရိေပၚ ေဒါသထြက္သြားကာ သတိမထားလိုက္ပဲ မ်က္ေမွာင္ၾကံဳ႕လိုက္မိသည္။ အပ်ိဳေတာ္က သူ႔ မ်က္ႏွာအေျပာင္းအလဲကို ၾကည့္ကာ ထိတ္လန္႔သြားတာကို သတိထားမိမွ မ်က္ႏွာကို ျပန္ျပင္လိုက္သည္။
"အဝတ္အစား ကို ကိုယ့္ဘာသာကိုယ္ လဲမွာမို႔ ထြက္သြားေပးပါ"
"အဆင္ေျပပ ပါ့မလား မိဖုရား...မဂၤလာဝတ္စံု က တစ္ေယာက္ထဲ ဝတ္ဖို႔ အဆင္မေျပေလာက္ပါဘူး"
ဝမ္ရိေပၚက ႐ွည္လ်ွားကာ အထပ္ထပ္ ျဖစ္ေနသည့္ မဂၤလာဝတ္စံု ကို ၾကည့္ကာ သက္ျပင္းခ်ၿပီး
"အတြင္းဝတ္ေတြ ကိုယ့္ဘာကိုယ္ဝတ္မယ္..က်န္တာ မင္းတို႔ ဝတ္ေပး"
"အမိန္႔ေတာ္အတိုင္းပဲ...ခစ္ခစ္..ဒါနဲ႔ မိဖုရားက အရမ္း႐ွက္တက္တာပဲေနာ္..ဒီပံုစံနဲ႔ ဒီည မင္းႀကီးေ႐ွ႕မွာ ဘယ္လိုလုပ္မလဲ "
အပ်ိဳေတာ္ေတြစကားေၾကာင့္ ဝမ္ရိေပၚ နားရြက္ဖ်ားေတြ ရဲသြားသည္။ ဒီညက မဂၤလာဦးညပဲ။ဘယ္လိုပဲ ျဖစ္ျဖစ္ ဟန္လူမ်ိဳးေတြနဲ႔ စစ္ပြဲ မၿပီးခင္ သူကေယာက်ာၤးေလးဆိုတာ ေ႐ွာင္းဘုရင္ သိလို႔မျဖစ္ဘူး။ ဟင္း...ဒီည မူလအစီအစဥ္က ေအာင္ျမင္ပါေစပဲ ဆုေတာင္းရမွာပဲ။
...............
အနီေရာင္ မဂၤလာဝတ္စံု နဲ႔ သူ႐ွိရာ တစ္လွမ္းခ်င္းေလ်ွာက္လာေနသည့္ ဝမ္မင္းသမီးကို ေ႐ွာင္းဘုရင္ က ေသခ်ာ ၾကည့္႐ႈေနမိသည္။ အင္း...ဝမ္မင္းသမီးက လမ္းေလ်ွာက္တာကလဲ မိန္းကေလးသိပ္မဆန္ဘူးပဲ။ အနားေရာက္လာသည့္ ဝမ္မင္းသမီးကို လက္ကမ္းေပးေတာ့ ခ်က္ခ်င္းမဆြဲပဲ သူ႔ကို ေမာ့ၾကည့္လာသည္။ ဇာပဝါးအနီပါးပါးေအာက္က ခပ္ေရးေရးျမင္ေနရသည့္ မ်က္ဝန္း ေတြစူးရဲလြန္းလွသည္။ သူစူးစိုက္ၾကည့္လိုက္ေတာ့မွ မ်က္လႊာကို ျပန္ခ်ကာ လက္ျပန္ကမ္းလာသည္။ ဆုပ္ကိုင္လိုက္မိတဲ့ လက္ဖဝါးျပင္ဟာ တျခားမိန္းကေလးနဲ႔ မတူ ႏူးညံ့မႈ့မ႐ွိပဲ ၾကမ္း႐ွ႐ွ ျဖစ္ေနသည္။ ထူးဆန္းလိုက္တာ။ မင္းသမီး တစ္ပါးရဲ႕ လက္က ဘာလို႔ မႏူးညံ့ ရတာလဲ။
ဝမ္ရိေပၚ ကေတာ့သူ႔ကို ေသခ်ာစူးစိုက္ၾကည့္ေနသည့္ ေ႐ွာင္းဘုရင္ေၾကာင့္ေခြၽးျပန္ခ်င္လာသည္။ သူပိုသတိထားမွ ရေတာ့မယ္။ မိုးေျမ ကန္ေတာ့ရန္ ျပင္ဆင္ခိုင္းမွ ေ႐ွာင္းဘုရင္ ကၾကည့္ေနရာမွ မ်က္ႏွာလႊဲသြားသည္။
မိုးေျမကန္ေတာ့ေနရင္း လဲ စိတ္ထဲ ဝမ္ရိေပၚ က ညီမေတာ္ျဖစ္သူကို က်ိန္ဆဲေနမိသည္။ ဝမ္ဖန္းဖန္း.... မင္းေၾကာင့္ အခု ငါ့မွာ မိန္းကေလး တစ္ေယာက္နဲ႔ မိုးေျမမကန္ေတာ့ရပဲ ေယာက်ာၤးေလးတစ္ေယာက္နဲ႔ ကန္ေတာ့ေနရတယ္။
...................
"အ႐ွင္မင္းႀကီး ႂကြလာပါၿပီ ဝမ္ေဖး"
အပ်ိဳေတာ္အသံၾကားမွ မဂၤလာကုတင္ေပၚ ေျခကားယား လက္ကားယား ထိုင္ေနသည့္ အမူအယာကို ျပန္ျပင္ကာ ခုနက ခြၽတ္ထားေပးသည့္ ပုဝါအနီကို မ်က္ႏွာေပၚျပန္လႊမ္းလိုက္သည္။ ဘာပဲ ျဖစ္ျဖစ္ ဒီည သူ႔ရဲ႕ ပံုစံအစစ္အမွန္ကို ေ႐ွာင္းဘုရင္ မသိေအာင္ သတိထားမွျဖစ္မယ္။
မဂၤလာဝတ္စံု အနီနဲ႔ သူ႐ွိရာကို တစ္လွမ္းခ်င္းေလ်ွာက္လာသည့္ ေ႐ွာင္းဘုရင္ ရဲ႕ ေခ်ာေမာခန္႔ညားမႈ့က ေယာက်ာၤးခ်င္းပင္ သတိထားမိေစသည့္အထိဆိုတာ ဝန္မခံခ်င္ေပမယ့္ သူဝန္ခံပါသည္။
"ဝမ္ေဖး.."
သူထိုင္ေနသည့္ အိပ္ရာေဘးေ႐ွာင္း ဘုရင္က လာထိုင္တာေၾကာင့္ သူလန္႔သြားမိသည္။ ေ႐ွာင္းဘုရင္က သူ႔ကို ၾကည့္ကာ ခပ္ဖြဖြ ရယ္ရင္း...
"ဝမ္ေဖး...ေၾကာက္ေနတာလား"
ေ႐ွာင္းဘုရင္က ေျပာရင္းနဲ႔ပဲ သူ႔မ်က္ႏွာေပၚ က အဝတ္စကို အသာအယာ ဖယ္လိုက္သည္။ အနီးကပ္ျမင္ေနရသည့္ ေ႐ွာင္းဘုရင္ ရဲ႕ႏႈတ္ခမ္းေအာက္က မွဲ႔နက္ေလး ကို ေယာင္ယမ္းကာ ေငးေနမိတုန္း ႐ုတ္တရက္ ေ႐ွာင္းဘုရင္က သူ႔လက္ကို ဆြဲယူကာ ဓားနဲ႔ အသာျခစ္လိုက္တာေၾကာင့္....
"အ..."
"ကိုယ္ေတာ္ ေတာင္းပန္ပါတယ္... ဝမ္ေဖး..နာသြားေသးလား"
ေ႐ွာင္းဘုရင္ က သူ႔လက္က ထြက္လာသည့္ေသြးစက္ေတြကို အိပ္ရာေပၚ ခ်ရင္း သူ႔ကို ေတာင္းပန္စကားဆိုသည္၊
"ဒါက...."
"ဒါက ဝမ္ေဖးရဲ႕ သိကၡာအတြက္ပါ...ကိုယ္ေတာ္ေတာင္းပန္ပါတယ္ ဝမ္ေဖး...ႏုိင္ငံေရးအရ လက္ထပ္လိုက္ရတဲ့ ကိုယ္ေတာ္တို႔ႏွစ္ေယာက္မွာ ဘာခံစားခ်က္မွ ႐ွိၾကတာမဟုတ္လို႔ ကိုယ္ေတာ္ ဝမ္ေဖးဘဝကို မဖ်က္စီးခ်င္ဘူး"
ဝမ္ရိေပၚ ကေ႐ွာင္းဘုရင္ကို ၾကည့္ကာ ျပံဳးလိုက္ၿပီး
"သိထားရတဲ့ အ႐ွင့္အေၾကာင္းေတြတကယ္ကို မွန္ေနတာပဲ"
"ဝမ္ေဖးက ကိုယ္ေတာ့္အေၾကာင္း ဘာေတြသိထားလို႔လဲ"
"အ႐ွင္ ငယ္စဥ္ထဲက လက္ထပ္ထားတဲ့ မုေဖး ဆီကိုလဲ မဂၤလာဦးည တစ္ညကလြဲၿပီးအေဆာင္ေတာ္ကို ထပ္မလာေတာ့ဘူးတဲ့..ၾကည့္ရတာ အ႐ွင္ မုေဖးအေပၚလဲ ဒီလိုဆက္ဆံခဲ့တာပဲလား"
"အင္း..."
"အ႐ွင္ဘာလို႔ ဒီလို လုပ္ရတာလဲ..ဘာပဲျဖစ္ျဖစ္ အ႐ွင္လက္ထပ္ထားတဲ့သူေတြေလ...သူတို႔ စိတ္ထိခိုက္သြားမွာ အ႐ွင္မစဥ္းစားမိဘူးလား"
ေ႐ွာင္းဘုရင္ က သူ႔ကို စူးစိုက္ၾကည့္ကာ
"ဝမ္ေဖးက ကိုယ့္ေတာ္ကို ဒီလိုေမးခြန္းကိုေမးရဲတာ တကယ္ပဲ သတၱိ႐ွိလိုက္တာ"
"ခြင့္လႊတ္ေတာ္မူပါ အ႐ွင္...အ႐ွင္ မႀကိဳက္ဘူးဆို ေမးခြန္းကို ျပန္႐ုတ္သိမ္းေပးပါမယ္"
"ရပါတယ္...ကိုယ္ေတာ္ ဘာမွမျဖစ္ပါဘူး..ဝမ္ေဖးက ဒီလိုေမးခြန္းမ်ိဳးကို ရဲရဲတင္းတင္းေမးရဲလို႔ ကိုယ္ေတာ္အံ့ျသ သြားမိတာပါ...တကယ္ေတာ့ ကိုယ္ေတာ္က ခ်စ္ျမတ္ႏုိးတဲ့ လူတစ္ေယာက္ထဲကိုပဲ ေပါင္းသင္းၿပီး ဘဝကိုကုန္ဆံုးခ်င္တာ..ဒါေပမယ့္ ႐ွင္ဘုရင္ တစ္ပါးျဖစ္လာေတာ့လဲ ဆက္သလာတဲ့ မိဘုရားေတြကို ျငင္းပယ္လို႔ မရပဲ လက္ထပ္ခဲ့ရေပမယ့္ မခ်စ္မႏွစ္သက္ပဲ သူတို႔ဘဝကို မဖ်က္ဆီးခ်င္ဘူး"
"အ႐ွင္ တိုင္းျပည္ရဲ့ဧကရီေနရာကို အခုခ်ိန္ထိ ဘယ္သူ႔ကိုမွမေပးေသးတာလဲ ဒီအေၾကာင္းေၾကာင့္လား"
"ဝမ္ေဖးေျပာတာ မွန္ပါတယ္...ကိုယ္ေတာ္ ျမတ္ႏုိးရတဲ့ သူတစ္ေယာက္ထဲ ကိုပဲ ကိုယ့္ေတာ္ဧကရီ ေနရာကို ထားခ်င္တယ္"
"အ႐ွင့္စိတ္ထားက တကယ္ကိုေလးစားဖို႔ေကာင္းပါတယ္"
ေ႐ွာင္းဘုရင္ က သူ႔ကို အံ့ျသ တႀကီးၾကည့္ကာ
"ဝမ္ေဖးက တကယ့္ကိုနားလည္ေပးတက္တာပဲ..ဒီကိစၥက ဘယ္မိန္းကေလးမွ လက္ခံေပးဖို႔ဆိုတာ မလြယ္ဘူးေလ"
"ကြၽန္ေတာ္မ်ိဳးမ က အစ္ကိုေတာ္ လက္ထဲမွာ ႀကီးျပင္းလာတာေၾကာင့္ မိန္းမ သိပ္မဆန္လို႔ ျဖစ္ပါလိ္မ့္မယ္"
"အစ္ကိုေတာ္ လက္ထဲမွာ ႀကီးျပင္းလာတာဆိုေတာ့ ဝမ္ေဖး စစ္ေရးစစ္ရာ ေတြကို သင္ဘူးခဲ့လား"
"အ႐ွင္ ဘာလို႔ ဒီေမးခြန္းကို ေမးရတာလဲ"
"ဝမ္ေဖးရဲ႕ လက္ေတြက ႏူးညံမေနပဲ ၾကမ္း႐ွေနတယ္..စစ္ေရးစစ္ရာ ကို ေလ့က်င့္ဘူးတဲ့ လက္ေတြ လို႔ ကိုယ္ေတာ္ ထင္မိတယ္"
"အ႐ွင္ မွန္ပါတယ္...ကြၽန္ေတာ္မ်ိဳးမ ရဲ႕ အစ္ကိုေတာ္ ဆီမွာ သင္ယူခဲ့ဘူးပါတယ္"
"ဝမ္အိမ္ေ႐ွ႕စံက စစ္ေရးစစ္ရာ မွာ အရမ္းေတာ္တယ္လို႔ ကိုယ္ေတာ္ ၾကားဘူးတယ္..ဝမ္ေဖးက အစ္ကိုေတာ္ ဆီက သင္ယူခဲ့တယ္ဆိုေတာ့ ကိုယ္ စစ္ေရးစစ္ရာ ကိစၥ ေတြကို ဝမ္ေဖးနဲ႔ ေဆြးေႏြးလို႔ရလား"
"ရတာေပါ့ အ႐ွင္...ကြၽန္ေတာ္မ်ိဳးမ ဉာဏ္စြမ္း႐ွိသမ်ွ အ႐ွင့္ကို ကူညီပါမယ္"
"အင္း....မၾကာခင္ ဟန္လူမ်ိဳးေတြနဲ႔ စစ္တိုက္ရေတာ့မွာ ဝမ္ေဖးသိၿပီးသား ျဖစ္မွာပါ... ေ႐ွာင္းႏုိင္ငံနဲ႔ ဝမ္ႏုိင္ငံ ႏွစ္ႏုိင္ငံေပါင္းရင္ေတာင္ သူတို႔ အင္အားနဲ႔ မညီမ်ွဘူး...ႏုိင္ေအာင္ တိုက္ႏုိင္တယ္ဆိုတာ ယံုၾကည္ေပမယ့္ ကိုယ္ေတာ့္စစ္သည္ေတာ္ေတြ ရဲ႕ အသက္ေတြအမ်ားႀကီး ဆံုး႐ႈံးသြားမွာ မျမင္ခ်င္ဘူး"
"သူတို႔ အင္အားကို ေလ်ွာ့ေအာင္ လုပ္မယ္ဆိုရင္ေကာ အ႐ွင္"
"ဝမ္ေဖးမွာ နည္းလမ္း႐ွိလို႔လား"
"ဟန္လူမ်ိဳးေတြက ေရမကူးတက္ဘူးလို႔ ၾကားမိတယ္အ႐ွင္..သူတို႔ စစ္လာတိုက္မယ့္အခ်ိန္ဟာ ေ႐ွာင္းႏုိင္ငံနဲ႔ ဟန္ႏုိင္ငံၾကားမွာ႐ွိတဲ့ ျမစ္ မွာ ေရမ႐ွိတဲ့အခ်ိန္ပဲ ျဖစ္မယ္.ရက္ပိုင္းအတြင္းမွာ မိုးအႀကီးအက်ယ္ရြာဖို႔႐ွိတယ္ အဲ့အခ်ိန္ ေတာင္က်ေရေတြကို ဆည္အျဖစ္သိုေလွာင္ထားၿပီး သူတို႔ လာမွ ဖြင့္ခ်လိုက္ရင္ သူတို႔ အင္အားတစ္ဝက္ေလာက္ ေရနဲ႔ ပါသြားလိမ့္မယ္...အဲ့အခ်ိန္မွ ေ႐ွာင္းႏုိင္ငံနဲ႔ ဝမ္ႏုိင္ငံ ႏွစ္ႏုိင္ငံ အင္အားနဲ႔ က်န္ေနတဲ့ တပ္ေတြကို တိုက္ရင္ ကြၽန္ေတာ္မ်ိဳးမ တို႔ဘက္က အဆံုး႐ႈံး မ႐ွိပဲ သူတို႔ကို အႏုိင္ရႏုိင္ပါတယ္"
ေ႐ွာင္းဘုရင္ ဟာ သူ႔စကားအဆံုးသေဘာက်စြာရယ္လိုက္ၿပီး
"ဝမ္ေဖးက တကယ့္ကိုပဲ ဉာဏ္ပညာႀကီးမားပါတယ္..တကယ္ပဲ ဝမ္ေဖးရဲ႕ အစ္ကို ေတာ္ ဝမ္အိမ္ေ႐ွ႕စံရဲ႕ ဂုဏ္သတင္းေက်ာ္ေဇာမႈ့က အလကားမဟုတ္ဘူးပဲ...သူ႔ဆီက သင္ယူထားတဲ့ ဝမ္ေဖးေတာင္ဒီေလာက္ေတာ္တာ သူဆို အမ်ားႀကီးေတာ္မွာပဲ..ကိုယ္ေတာ္သူနဲ႔ ေဆြးေႏြးခ်င္ပါေသးတယ္..ဝမ္ဘုရင္ကို ဒီကိစၥကို ေျပာအံုးမွပဲ"
ေ႐ွာင္းဘုရင္ စကားေၾကာင့္ ဝမ္ရိေပၚ တစ္ေယာက္ထိတ္လန္႔သြားသည္။ ခမည္းေတာ္ကိုသာ ေ႐ွာင္းဘုရင္က ေတာင္းဆိုလိုက္ရင္ နန္းေတာ္ထဲမွာ ဝမ္အိမ္ေ႐ွ႕စံမ႐ွိမွန္းသိသြားၾကလိမ့္မယ္။ မျဖစ္ဘူး။
"အစ္ကိုေတာ္ က က်န္းမာေရးမေကာင္းတာေၾကာင့္အခုခ်ိန္ေဆြးေႏြးႏုိင္မွာမဟုတ္ပါဘူး အ႐ွင္...အ႐ွင္သိခ်င္တာ ႐ွိရင္ကြၽန္ေတာ္မ်ိဳးမနဲ႔ ေဆြးေႏြးလို႔ရပါတယ္ "
"ေကာင္းၿပီေလ..ဒါဆို ဝမ္ေဖးကိုပဲ အားကိုးရေတာ့မွာပဲ..ေနာက္ညေတြလဲ စစ္ေရးဗ်ဴဟာေတြေဆြးေႏြးဖို႔ ဝမ္ေဖးအေဆာင္ဆီ ကိုယ္ေတာ္ လာခဲ့ပါမယ္"
"ေကာင္းပါၿပီ အ႐ွင္"
.........................
"ဘာ....အ႐ွင္က အသစ္ေျမႇာက္လိုက္တဲ့ ဝမ္ေဖးဆီ ေန႔တိုင္းသြားတယ္ ဟုတ္လား"
"ဟုတ္ပါတယ္ မုေဖး..မင္းႀကီးက ဝမ္ေဖးဆီ ညတိုင္းသြားလို႔ အခုနန္းေတာ္ထဲမွာ မင္းႀကီးရဲ႕ ဧကရီေနရာကို ဝမ္ေဖးကို မၾကာခင္ ေပးအပ္ေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္"
"ေတာက္.."
မုေဖးတစ္ေယာက္ေဒါသထြက္သြားသည္။ လက္ထပ္ထားတာ ႏွစ္အေတာ္ၾကာၿပီျဖစ္တဲ့ ေ႐ွာင္းဘုရင္က မဂၤလာဦး ညကလြဲၿပီး သူမဆီမလာခဲ့ဘူး။ ဝမ္ေဖးဆီက် ေန႔တိုင္းသြားတယ္တဲ့လား။ ဝမ္ေဖးကိုဧကရီေနရာကို မေပးႏုိင္ဘူး။ ေ႐ွာင္းဘုရင္ ရဲ႕ ဧကရီေနရာဟာ သူမအတြက္ပဲ ျဖစ္ရမယ္။ဝမ္ေဖးကို ပညာေပးမွ ရေတာ့မယ္။ သူမအေၾကာင္းသိေအာင္ျပရေသးတာေပါ့။
"သြားစမ္း...ဝမ္ေဖးကို ငါ့ဆီအခုခ်က္ခ်င္း လာႏႈတ္ဆက္ဖို္႔ သြားေျပာၾက"
ထြက္သြားသည့္ အပ်ိဳေတာ္ကဝမ္ေဖးပါမလာပဲ ျပန္ေရာက္လာတာေၾကာင့္ မုေဖး အံ့ျသ သြားသည္။
"ဝမ္ေဖးေရာ"
"ဝမ္...ဝမ္ေဖးက ေျပာလိုက္ပါတယ္ ဖုေဖး..သူရဲ႕ရာထူးဟာ မုေဖးထက္ ျမင့္ပါတယ္တဲ့ ဒါေၾကာင့္ ႏႈတ္ဆက္ခ်င္ရင္ သူ႔ကို မုေဖးကသာ လာႏႈတ္ဆက္ရမွာပါတဲ့"
"ဘာ.."
မုေဖး ေဒါသထြက္သြားသည္။ သူမက သာမာန္အမတ္သမီးေနရာက မိဘုရားျဖစ္လာသူ။ ဝမ္ေဖးက ဘုရင့္သမီးေနရာက မိဖုရားျဖစ္လာသူ။ ဝမ္ေဖးအဆင့္က သူမထက္ ျမင့္တာမွန္ေပမယ့္ သူမ လက္မခံႏုိင္ဘူး။ သူမအေၾကာင္းသိေအာင္ ျပရေသးတာေပါ့။
"ဝမ္ေဖးဆီ ခုခ်က္ခ်င္း သြားမယ္"
...................
အေဆာင္ေတာ္ေ႐ွ႕က ကန္ေရျပင္ကို ၾကည့္ကာ ဝမ္ရိေပၚ အေတြးေတြနဲ႔ ႐ႈပ္႐ွက္ခတ္ေနသည္။ စစ္ျမန္ျမန္တိုက္မွျဖစ္မယ္။ နန္းေတာ္ထဲမွာ ဒီလို ဟန္ေဆာင္ ၿပီးေနေနရတာ သူပ်င္းေနၿပီ။ အရင္လို အားေနတဲ့ အခ်ိန္ေတြမွာ စစ္ေရးေလ့က်င့္မႈ့ေတြ လုပ္ခ်င္ေနၿပီ။ ဒါေတာင္ ေ႐ွာင္းဘုရင္က ညတိုင္းသူနဲ႔ စစ္ေရးဗ်ဴဟာေတြ လာေဆြးေႏြးလို႔ နည္းနည္းေနသာေနတာ။ မဟုတ္ရင္ သူပ်င္းလို႔ ေသ သြားႏုိင္သည္။
"ဝမ္ေဖး...သတိထား"
အပ်ိဳေတာ္ရဲ႕ ေအာ္သံေၾကာင့္ ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ မိဘုရားဝတ္စံုနဲ႔ မိန္းမတစ္ေယာက္က သူ႔ကို တြန္းခ်ဖို႔ လက္ရြယ္ေနတာကို ေတြ႔လိုက္ရသည္။ သူ ေ႐ွာင္လိုက္ကာ ထိုမိန္းမကို လက္ျပန္ခ်ဳပ္ၿပီး ေခါင္းမွဆံထိုးကို ဆြဲယူကာ သူမ လည္ပင္းေပၚတင္လိုက္ၿပီး
"မင္း ဘယ္သူလဲ ဘာလို႔ ငါ့ကို တြန္းခ်ဖို႔ လုပ္ရတာလဲ"
"ငါ...ငါက မု..မုေဖး"
ေၾကာက္ေၾကာက္ လန္႔လန္႔ျဖင့္သူမက ျပန္ေျဖလာသည္။ ထိုအခါမွ သူက သူမကို လႊတ္လိုက္ကာ..
"မုေဖး ဟုတ္လား...မုေဖးက ဘာလို႔ ငါ့ကို ေရထဲတြန္းခ်ဖို႔ လုပ္ရတာလဲ"
"ဟို..."
"ေနာက္တစ္ခါ ဒီလို ထပ္လုပ္ရင္ ငါ့ဆံထိုးက မင္းလည္ပင္းကို စိုက္မယ္ဆိုတာ သိထားပါ..မင္းက မုေဖး မကလို႔ ဘယ္သူပဲ ျဖစ္ပါေစ ငါ့ကို အႏုိင္က်င့္ မယ့္သူဆို ငါ ၿငိမ္ခံေနမွာ မဟုတ္ဘူး"
"ေတာင္း..ေတာင္းပန္ပါတယ္...ကြၽန္ေတာ္ မ်ိဳးက ဝမ္ေဖးကို လာႏႈတ္ဆက္တာ ပါ"
...................
ထိုျမင္ကြင္းကို အကြယ္တစ္ေနရာက ၾကည့္ေနသည့္ ေ႐ွာင္းဘုရင္က သေဘာက်စြာ ျပံဳးေနမိသည္။
"ဝမ္ေဖးက တကယ့္ကို ထက္ျမက္လြန္းတာပဲ..ေၾကာက္စိတ္လဲမ႐ွိဘူး"
ကိုယ္ရံေတာ္ က်ိဳးခ်န္ က ျပံဳးေနသည့္ ေ႐ွာင္းဘုရင္ကိုၾကည့္ကာ..
"မိန္းကေလး တစ္ေယာက္ေၾကာင့္ အ႐ွင္ဒီလို ျပံဳးတာ ကြၽန္ေတာ္ ပထမဆံုး ျမင္ ဘူးတာပဲ"
"အင္း...ဝမ္ေဖးက ထူးျခားတယ္..သူ႔ေၾကာင့္ ကိုယ္ေတာ္ခဏ ခဏ ျပံဳးမိေနတယ္...သူက တကယ့္ကို စိတ္ဝင္စားစရာ ေကာင္းလြန္းတယ္"
က်ိဳးခ်ိန္ကို ေျပာၿပီး ေ႐ွာင္းဘုရင္ က ဝမ္ေဖးကို ဆက္ၾကည့္ေနကာ ေတြးလိုက္မိသည္။
ဒါေပမဲ့ ဘာလို႔မွန္းမသိဘူး။ ဝမ္ေဖးက ကိုယ့္ေတာ္အေပၚတစ္ခုခုကို ဖံုးကြယ္ထားသလို ခံစားေနရတယ္။
TBC