Unicode
အခန်း(၅) - ပြဇာတ်
ရှန်ကျစ်ရှန်းကဖဲကြိုးအားသူ့လက်ချောင်းများနဲ့ပွတ်သပ်ကြည့်လိုက်သည်။
ရွှေဖြူရောင်ပိတ်သားကိုတိမ်များမျောလွင့်နေသည့်ပုံစံဖြင့်ချည်ထိုးထားပြီးချောချောမွေ့မွှေ့ဖြင့်နူးညံ့စွာချုပ်လုပ်ထားခြင်းဖြစ်သည်။ထိုအရာကအရည်အသွေးမြင့်ပိုးသားဖြစ်သော်လည်းအချိန်ရဲ့တိုက်စားမှုကြောင့်ပျက်စီးခြင်းကိုတော့မရှောင်ရှားနိုင်ပေ။
ဒါကရန်ကျင်းဟာဖြစ်သည်။ဒီပစ္စည်းရဲ့မူလကဘယ်ကလဲဆိုတာသူမသိပေမယ့်ရန်ကျင်းကဒီဖဲကြိုးအပိုင်းအစလေးအားပျက်စီးပျောက်ဆုံးစေမှာထက်သူပဲဒဏ်ရာရခံမယ့်အထိတန်ဖိုးထားတယ်ဆိုတာကိုတော့သူသိထားသည်။
ရှန်ကျစ်ရှန်းသည်ဇာတ်ကြောင်းကဒီဖဲကြိုးလေးကိုခိုးပြီးသိုဝှက်ဓားစံအိမ်ထဲပစ်ထည့်လိုက်တဲ့အတွက်ဖြစ်သွားချင်းဖြစ်နိုင်ကြောင်းကို(၈၀%)လောက်သေချာနေသည်။ပြစ်မှုကျူးလွန်တဲ့သူကရန်ကျင်းကိုတစ်ခုခုရန်စတဲ့စကားပြောလိုက်လို့ဖြစ်လာမယ့်အကျိုးဆက်ကိုထည့်သွင်းမစဉ်းစားနိုင်တော့ပဲရန်ကျင်းကဒီသိုဝှက်ဓားစံအိမ်ဆီသို့ပြေးလာခြင်းဖြစ်နိုင်၏။မဟုတ်ရင်ရန်ကျင်းရဲ့တည်ငြိမ်တဲ့စိတ်နေစိတ်ထားနဲ့ဆိုရင်ဒီလိုကြီးမားလှတဲ့စွန့်စားမှုကြီးကိုလုပ်မှာမဟုတ်ဘူး
ရှန်ကျစ်ရှန်းကသူ့လက်ချောင်းကြားထဲကဖဲကြိုးလေးကိုစိုက်ကြည့်နေမိပြီးနောက်ခဏမျှအကြာမှာသူ့စိတ်ကိုဆုံးဖြတ်ချက်ချလိုက်သည်။
သာမာန်အခြေအနေမှာဆိုရင်သူ့စိတ်ကအေးဆေးတည်ငြိမ်ပြီးသက်တောင့်သက်သာသွားတဲ့ပုံစံမျိုးပင်။ဒါပေမဲ့ဒီလိုမသိနိုင်တဲ့အန္တာရယ်အောက်မှာအသက်ရှင်သန်ရတာကိုတော့သဘောမကျဘူး။ကိုယ့်ခေါင်းပေါ်မှာဓားတစ်ချောင်းတင်ထားခံရပြီးဘယ်တော့ပြုတ်ကျမလဲမသိသလိုမျိုးခံစားရတာကအတော်လေးကိုစိတ်မသက်မသာဖြစ်စေတယ်
သူ့ပတ်ဝန်းကျင်ကထူးဆန်းတဲ့အရာတွေအားလုံးကိုဖြေရှင်းပြီးရန်ကျင်းနဲ့ဖြစ်ပျက်ခဲ့သမျှတွေကိုပြင်ဆင်ပြီးသွားရင်သူလည်းသူ့ကိုယ်ပိုင်ဘဝကိုငြိမ်းငြိမ်းချမ်းချမ်းနေနိုင်လိမ့်မယ်..အဲဒါကအံ့အားသင့်စရာမကောင်းဘူးလား?
နောက်ထပ်လေပြင်းတစ်ခုကတိုက်ခတ်လာပြီးမြေပေါ်သို့ပြုတ်ကျတာသိပ်မကြာသေးသည့်ရွက်ကြွေများကနောက်တစ်ဖန်လေထဲမျောလွင့်သွားရင်းဖြင့်တပည့်များရဲ့အာရုံကိုထပ်မံဆွဲဆောင်လိုက်ပြန်သည်။
ထိုဂျူနီယာတပည့်လေးများကဂိုဏ်းထဲသို့အခုမှဝင်လာကြသူများဖြစ်ပြီးစီနီယာတပည့်လေးများသည်လည်းအသက်(၁၇),(၁၈)လောက်သာရှိကြသည်။သူတို့စိတ်နှလုံးသားနဲ့ဝိဉာဉ်ကများသောအားဖြင့်လေ့ကျင့်ခြင်းမှာသာနစ်မြှုပ်ထားကြတာဖြစ်သဖြင့်သူတို့စိတ်ထဲမှာလှည့်စားဖြားယောင်းခြင်းလိုမျိုးတွေသိပ်မရှိပေ။'အကန့်အသတ်'မရှိတဲ့အကြီးအကဲရှန်လိုလူမျိုးကသူတို့မျက်စိရှေ့မှာတင်ခိုးဝင်ခိုးထွက်လုပ်သွားတာကိုတော့ပြောမနေနဲ့တော့...
ထိုမိုက်မဲတဲ့အရွက်တွေကိုသူတို့တွေတီးတိုးရေရွတ်ရင်းရယ်မောခြင်းလုပ်နေတဲ့အချိန်မှာပဲရှန်ကျစ်ရှန်းကတိတ်တဆိတ်ပြန်ထွက်ခွာသွားသည်။
ကူးပြောင်းရောက်ရှိလာပြီးနောက်တစ်ညနေလုံးဟိုပြေးဒီပြေးလုပ်ပြီးနောက်မှာသူအခန်းပြန်ရောက်တဲ့အချိန်အာရုဏ်တောင်တက်နေလေပြီ။
သူတစ်ညလုံးမအိပ်ရသေးဘူး...အာ,မဟုတ်ဘူး...တကယ်တော့သူနှစ်ညလုံးမအိပ်ရသေးဘူးအဲ့ဒါကြောင့်သူ့စိတ်တစ်ခုလုံးပင်ပန်းနေပြီ
အေးစက်နေတဲ့လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုသူ့အတွက်သူငှဲ့ထည့်လိုက်ပြီးနောက်,လုပ်ဖို့လိုနေသေးတဲ့အရာအားလုံးကိုကြိုးစားရှာဖွေနေလိုက်သည်။
သူ့လက်ခုံပေါ်ကဒဏ်ရာကလည်းသိပ်မပြင်းထန်တာကြောင့်အသားတက်စေမယ့်ပေါင်ဒါတစ်ချို့နဲ့ကုသဖို့သာလိုအပ်သည်။ဆေးလိမ်းတဲ့အချိန်မှာခဏတဖြုတ်အေးခနဲဖြစ်သွားပေမယ့်တော်တော်လေးကြာတော့တစ်ဝက်ကျော်ကျော်ပျောက်သွားခဲ့ပြီးဒဏ်ရာကနည်းနည်းနီတာနဲ့ရောင်တာလောက်သာကျန်တော့သည်။
ရှန်ကျစ်ရှန်းကဒဏ်ရာကိုကြည့်လိုက်ပြီးနောက်အင်္ကျီလက်အားခါယမ်းကာသူ့လက်ပေါ်ကဒဏ်ရာကိုဖုံးကွယ်ထားလိုက်သည်။သူ့အသားအရည်ကဖြူလွန်းတယ်ဖြူတာမှကြွေသားလိုပဲအဲ့ဒါကြောင့်ဒီနီရဲပြီးရောင်နေတာတွေကသတိပြုမိစရာဖြစ်နေသည်လေ။
အာရုဏ်ဦးကပြတင်းပေါက်မှတစ်ဆင့်ဝင်လာချိန်မှာပဲရှန်ကျစ်ရှန်းသည်သူ့ဘာသာသူရင်းနှီးနေသည့်မူလကိုယ်ရဲ့အဝတ်ဗီဒိုကိုဖွင့်လိုက်သည်။ထို့နောက်ဂရုတစိုက်ပြန်စီပြီးနောက်မှာအဝတ်အစားလဲပြီးအိမ်မှထွက်သွားတော့သည်။
တည်နေရာ:ဂိုဏ်းခေါင်းဆောင်များနှင့်တွေ့ဆုံမယ့်နေရာ
အမှန်အတိုင်းပြောရရင်စုန့်မင်းကကြောက်စရာကောင်းတဲ့ဓားဂိုဏ်းချုပ်တစ်ယောက်မဟုတ်ဘူး
နေ့တိုင်းသူကမနက်ခင်းတွေ့ဆုံခြင်းတွေ၊ဂိုဏ်းတွင်းအခြေခံကိစ္စရပ်တွေကိုအတည်ပြုတာတွေ၊လေ့ကျင့်ရေးဆင်းတာတွေနဲ့အဓိကဖြစ်ပျက်သမျှအားလုံးကိုဦးဆောင်တာတွေပြုလုပ်လိမ့်မယ်။သူကကိစ္စရပ်တွေကိုလည်းမကြာခဏကျွမ်းကျွမ်းကျင်ကျင်နဲ့ချောချောမွေ့မွေ့ကိုင်တွယ်လေ့ရှိသေးတယ်။
အကယ်၍မူလရှန်ကျစ်ရှန်းသာဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာမယ်ဆိုရင်သူကစုန့်မင်းလောက်တောင်ကောင်းချင်မှကောင်းမယ်ဒါမှမဟုတ်စုန့်မင်းလောက်လုံ့လဝီရိယရှိမယ်မထင်ဘူး
ရှန်ကျစ်ရှန်းရဲ့မျက်လုံးများကခဏလောက်ဖြတ်ခနဲဖြစ်သွားသည်။မူလကိုယ်အကြောင်းရိုးရှင်းစွာရေးထားတဲ့စာအုပ်ထဲကဖော်ပြချက်တစ်ချို့ကိုပြန်စဉ်းစားလိုက်ပြီးနောက်သူ့စိတ်ထဲကမူလကိုယ်ရဲ့မှတ်ဉာဏ်များနဲ့ချိတ်ဆက်လိုက်ကာမူလရှန်ကျစ်ရှန်းကဘယ်လိုလူမျိုးလဲဆိုတာကိုအနိုင်နိုင်နဲ့ခွဲခြားလိုက်သည်။
အကြမ်းဖျင်းခန့်မှန်းချက်အရတော့မူလကိုယ်ကထောင်လွှားမောက်မာပြီးမာနကြီးတဲ့သူမျိုးဖြစ်သည်။
*သူ့နှလုံးသားကကောင်းကင်ထက်မြင့်ပေမယ့်သူ့ဘဝကတော့စာရွက်ထက်တောင်ပါးလွှာသေးတယ်
ဒါပေမဲ့နှလုံးရောဂါမဖြစ်ခင်ကမှတ်ဉာဏ်တွေကတော့မရေမရာဖြစ်နေသည်။ရံဖန်ရံခါဆိုရင်ပုံရိပ်တစ်ချို့ကိုမြင်နေရပေမယ့်လိုက်ဖမ်းဖို့ခက်ခဲလှသည်။
ထိုကိစ္စအားလုံးကိုအချိန်တစ်ချို့လောက်ထိတော့အနောက်ပို့ထားလိုက်ပြီးနောက်ရှန်ကျစ်ရှန်းကခေါင်းကိုညိတ်လိုက်ကာစုန့်မင်းမထွက်သွားခင်မှာအထဲကိုဝင်လိုက်သည်။
အစည်းအဝေးခန်းမကိုကန့်သတ်မှုမထားထားပေ။တပည့်တွေကဂိုဏ်းချုပ်နဲ့အကြီးအကဲတွေအစည်းအဝေးထိုင်နေတာကိုမနှောင့်ယှက်ရဲတာပုံမှန်ပဲဖြစ်သည်။
သူကအကြီးအကဲငါးယောက်ထဲကတစ်ယောက်ဖြစ်လေတယ်
တကယ်တော့မူလကချင်းယွင်ဂိုဏ်းမှာအကြီးအကဲလေးယောက်ရှိတာဖြစ်သည်။ထိုအကြီးအကဲများကဝန်ထမ်းထိန်းသိမ်းရေး၊ဘဏ္ဍာရေး၊သံတမာန်ရေးရာနှင့်အတွင်းပိုင်းကိစ္စများကိုဖြေရှင်းရန်တာဝန်ယူထားသည်။သို့သော်လည်းမူလရှန်ကျစ်ရှန်းကဂိုဏ်းချုပ်ရာထူးကိုဆုံးရှုံးသွားခဲ့ရပြီးနောက်ယခင်ဂိုဏ်းချုပ်ဟောင်းကသူ့အတွက်ပင်မတောင်ထွတ်တစ်ခုတည်ထောင်ပေးပြီးသူ့ကိုငါးယောက်မြောက်အကြီးအကဲဖြစ်စေခဲ့ခြင်းပင်။
ဒါပေမဲ့လည်းသူရှန်ကျစ်ရှန်းအတွက်ပိုပြီးအစီအစဉ်မချပေးရသေးခင်မှာဂိုဏ်းချုပ်ဟောင်းကရုတ်တရက်ကွယ်လွန်သွားသည်။
ထို့ကြောင့်ပဉ္စမအကြီးအကဲရာထူးကအနည်းငယ်အဆင်မပြေဖြစ်စရာဖြစ်သွားရသည်။ယခင်ဂိုဏ်းချုပ်ဟောင်းရဲ့မျက်နှာကိုထောက်၍သူ့အဆင့်အတန်းကအလွန်မြင့်မားပြီးစုန့်မင်းဆီကလေးစားမှုကိုခံယူရသည်။သို့သော်လည်းသူ့ဆီမှာအစစ်အမှန်အင်အားမရှိပဲဒီအတိုင်းနူးညံ့သိမ်မွေ့တဲ့ပုံစံသာကျန်ရစ်ခဲ့ရသည်။
အစောပိုင်းနှစ်တွေမှာမူလကိုယ်ကထိုအစည်းအဝေးပွဲကိုရံဖန်ရံခါတက်ရောက်လေ့ရှိပေမယ့်နောက်ပိုင်းမှာတော့သူ့နှလုံးရောဂါကိုမဖြေရှင်းနိုင်တော့သည့်အခါဒီအသေးအဖွဲကိစ္စတွေကိုစိတ်မရှည်ဖြစ်လာပြီးဒီနေရာကိုခြေမချတော့ပေ။
ထို့ကြောင့်ဒီနေ့ရှန်ကျစ်ရှန်းပေါ်လာတဲ့အခါစုန့်မင်းတောင်မှအနည်းငယ်အံ့အားသင့်သွားသည်။
"ဂျူနီယာညီလေးကျစ်ရှန်း?"
ရှန်ကျစ်ရှန်းကသူ့ကို'ဂိုဏ်းချုပ်'ဟုခေါ်၍ခပ်သာသာခေါင်းညိတ်ပြလိုက်ပြိးနောက်တစ်ဖက်ကနေရာတစ်ခုမှာသက်တောင့်သက်သာဝင်ထိုင်လိုက်ပြီးသူတို့ကိုဆက်ပြောရန်အချက်ပြလိုက်သည်။
မနက်ခင်းအစည်းအဝေးကပြီးခါနီးနေပြီဖြစ်သည်။ရှန်ကျစ်ရှန်းမဝင်လာခင်တုန်းကစုန့်မင်သည်သူ့ရဲ့ပုံမှန်ထိုင်ခုံမှာမတ်မတ်ထိုင်နေပြီးသူ့ပုံမှန်အပိတ်စကားကိုပြောနေခဲ့ခြင်းပင်။သို့သော်လည်းရှန်ကျစ်ရှန်းဝင်လာပြီးနောက်လူတိုင်းကချက်ချင်းသူ့ကိုလှည့်ကြည့်ကြသည်။
စုန့်မင်းရဲ့မျက်လုံးများကနက်ရှိုင်းပြီးအေးဆေးတည်ငြိမ်သည့်အပြင်သူ့နှုတ်ခမ်းမှာလည်းနူးညံ့တဲ့အပြုံးလေးတစ်ခုချိတ်ဆွဲထားသည်။သူကစကားပြောတာရပ်လိုက်ပြီးတည်ငြိမ်စွာစကားပြော၏။
"ဒီအစည်းအဝေးပွဲမှာဂျူနီယာညီလေးကျစ်ရှန်းကိုမြင်ရခဲလိုက်တာ"
သူတို့ကဆွေးနွေးမှုကိုဆက်မယ့်အလားအလာမရှိတာကိုရှန်ကျစ်ရှန်းမြင်သည့်အခါအရေးမပါတာတွေမပြောတော့ပဲလိုရင်းကိုသာသွားလိုက်သည်။
"ဂိုဏ်းချုပ်ပြောလို့ပြီးသွားပါပြီလား?"
သူဘာကိုဆိုလိုချင်လဲဆိုတာစုန့်မင်းမသိပေမယ့်ခေါင်းညိတ်ပြလိုက်ပြီးရှန်ကျစ်ရှန်းပြောမှာကိုနားထောင်နေလိုက်သည်။
"ကျွန်တော်ခင်ဗျားကိုပြောစရာရှိတယ်"
သူက'ပြောမယ်'လို့ပြောလိုက်တာဖြစ်ပြီး'ဆွေးနွေးမယ်'လို့ပြောတာမဟုတ်ပေ။ထိုတည်ငြိမ်လှသည့်စကားလုံးများကခိုင်မာသောအဓိပ္ပါယ်ကိုဖော်ဆောင်သည်။
"ရန်ကျင်းကသိုဝှက်ဓားစံအိမ်ထဲဝင်သွားရတဲ့အကြောင်းအရင်းကိုပြောချင်လို့"
ထိုစကားကိုပြောပြီးနောက်လူတိုင်းအံ့အားသင့်သွားကြသည်။စုန့်မင်းရဲ့အပြုံးသည်ပင်အနည်းငယ်ချော်သွားရ၏
မနေ့ကဖြစ်ပျက်ခဲ့သမျှပရမ်းပတာဖြစ်ရပ်ထဲမှာစုန့်မင်းကအစကနေအဆုံးထိပေါ်လာခြင်းမရှိခဲ့ပေ။ဒါပေမဲ့လည်း'ရန်ကျင်းကသိုဝှက်ဓားစံအိမ်ထဲခိုးဝင်ပြီးအထဲကဓားတွေကိုခိုးယူဖို့ကြံစည်တယ်'ဆိုတဲ့ကြေညာချက်ကတော့ထွက်လာဖို့သိပ်မကြာခဲ့ဘူး။
ထိုအချိန်မှာမူလရှန်ကျစ်ရှန်းကရန်ကျင်းကိုရိုက်ပြိးနေပြီဖြစ်ပြီးတွေးတောဆင်ခြင်သည့်တောင်စွန်းကိုအပြစ်ဒဏ်အတွက်ပို့ခိုင်းလိုက်ပြီးနေပြီဖြစ်သည်။သိပ်မကြာခင်ပဲနောက်တစ်ကြိမ်နှလုံးရောဂါထဖောက်တာကြောင့်သူ့တောင်ပေါ်ကိုပြန်ပို့ပေးလိုက်ရသည်။
စုန့်မင်းရဲ့နှလုံးသားထဲမှာသံသယသုံးပုံနဲ့ဒေါသခုနှစ်ပုံလောက်ရှိနေသော်လည်းသူ့အပြင်ဘက်အသွင်အပြင်ကတော့ဆက်လို့အေးဆေးတည်ငြိမ်နေသည်။
"အဲ့ဒါရန်ကျင်းရဲ့အမှားဆိုတာသေချာနေတာပဲလေ"
"ဂိုဏ်းချုပ်" ရှန်ကျစ်ရှန်းကချောမွေ့သည့်အပြုံးတစ်ခုနှင့်ကြားဖြတ်ပြောလိုက်သည်။
"မနေ့တုန်းကရန်ကျင်းကသူ့သဘောနဲ့သူလုပ်ခဲ့တာပါလို့ပြောခဲ့တယ်...ကျွန်တော်လည်းအဲ့ဒီအချိန်တုန်းကအများကြီးမတွေးခဲ့မိတဲ့အပြင်မေးလည်းမမေးခဲ့မိဘူးအဲ့ဒါကြောင့်သူ့ကိုအရင်ဆုံးအပြစ်ပေးခဲ့မိတာ...ဒါပေမဲ့နောက်ပိုင်းစဉ်းစားကြည့်မိတော့အဲ့ဒါကနည်းနည်းသံသယဝင်ဖို့ကောင်းတယ်ဆိုတာနားလည်သွားတယ်..ပထမအချက်အနေနဲ့,ရန်ကျင်းကတည်ငြိမ်အေးဆေးတဲ့သူတစ်ယောက်အဲ့ဒီလိုအဓိပ္ပါယ်မရှိတဲ့အရာမျိုးကိုလုပ်မှာမဟုတ်ဘူး...ဒုတိယအချက်အနေနဲ့,သူကပထမအထပ်မှာပဲအကြာကြီးနေခဲ့တယ်...တပည့်အသစ်လေးတွေတောင်မှပထမအထပ်မှာရှိတဲ့ဓားတွေကအရည်အသွေးမှာအရမ်းကိုသာမာန်ဆန်တယ်ဆိုတာသိကြတာရန်ကျင်းကဒီလိုဓားတွေလောက်အတွက်ကိုတော့ဒီလိုစွန့်စားမှုမျိုးလုပ်မှာမဟုတ်ဘူး"
သူပြောတာကနည်းနည်းတော့ကျိုးကြောင်းဆီလျော်ပေမယ့်ထောက်ပံ့ပေးနိုင်မယ့်သက်သေမရှိဘူး။
ရှန်ကျစ်ရှန်းကဒီဖြစ်ရပ်အပေါ်မှာသူ့စီရင်မှုကိုကျေနပ်နေတယ်လို့စုန့်မင်းတွေးခဲ့သည်။တကယ်တော့လည်းဒီဆရာနဲ့တပည့်ကြားထဲကဆက်ဆံရေးကသိပ်မကောင်းဘူးလေ။မနေ့ကသူရှန်ကျစ်ရှန်းကိုသွားတွေ့တော့လည်းတစ်ဖက်လူကဘာမှမပြောခဲ့ဘူး
ဒါဆို,ဘာဖြစ်လို့ဒီလူကရုတ်တရက်ကြီးသူ့မျက်နှာကိုလစ်လျူရှုပြီးဒီလိုစကားတွေလာပြောနေရတာလဲ..အဲ့ဒါကသူ့မျက်နှာကိုတိုက်ရိုက်ဖြတ်ရိုက်ပစ်လိုက်တာပဲမဟုတ်ဘူးလား?!
အကြီးအကဲတစ်ယောက်ကမနေနိုင်ပဲထမေးတော့သည်။
"အကြီးအကဲရှန်ကကိုယ့်တပည့်ကိုယ်သိပ်မသိတာဖြစ်ပါလိမ့်မယ်...သူကလုံလောက်အောင်မသန်စွမ်းလို့များပထမထပ်ကိုမကျော်နိုင်ခဲ့တာလား?"
ရှန်ကျစ်ရှန်းကဘာမှမဖြစ်သည့်ဟန်ဖြင့်ပြောသည်။
"ခင်ဗျားပဲသူကကျွန်တော့တပည့်လို့ပြောတယ်လေ..သူ့ဆရာတစ်ယောက်အနေနဲ့ကျွန်တော်ကသူ့အကြောင်းပိုပြီးသိမှာပဲမဟုတ်ဘူးလား?"
လူတိုင်း: "..."
လူတိုင်းရဲ့နှလုံးသားမှာရယ်စရာဖြစ်သွားသလိုခံစားလိုက်ကြရသည်။ရှန်ကျစ်ရှန်းနဲ့ရန်ကျင်းတို့ကြားကသဘောထားကွဲလွဲမှုများကလူတိုင်းမြင်ရလောက်သည်အထိကြီးမားသည်။ဘယ်တုန်းကများရှန်ကျစ်ရှန်းကသူ့တပည့်အတွက်ပြောပေးဘူးလို့လဲ?!
သူ့ကိုနားလည်တယ်?
သူ့ကိုဘယ်လိုရိုက်ရမလဲသိတယ်ဆိုတာကမှဟုတ်သေးတယ်!
လူတိုင်းကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေကြသည်။စုန့်မင်းရဲ့ပြုံးနေတဲ့အမူအယာကတော့နှစ်ပေါင်းများစွာထိန်းသိမ်းထားခဲ့တဲ့အတိုင်း'အကိုကောင်း'တစ်ယောက်ရဲ့ဟန်အပြည့်ပင်။ရလဒ်အရတော့သူ့ရင်ထဲမှာမီးတောက်နေတာကိုသည်းခံရင်းကူကယ်ရာမဲ့စွာနဲ့သဘောတူလိုက်ရသည်။
သူခေါင်းညိတ်တာကိုရှန်ကျစ်ရှန်းတွေ့လိုက်သည်နှင့်သူရန်ကျင်းကိုတွေးတောဆင်ခြင်တောင်စွန်းကနေသွားခေါ်မယ်လို့ချက်ချင်းပြောလိုက်သည်။
သိုဝှက်ဓားစံအိမ်ကိစ္စကလွဲရင်ဂိုဏ်းထဲမှာလတ်တလောကိစ္စကြီးကြီးမားမားမဖြစ်သေးပေ။ထူးချွန်လှတဲ့ဂိုဏ်းချုပ်စုန့်မင်းကဲ့သို့ပင်ပထမအကြီးအကဲကဂိုဏ်းရဲ့ဘဏ္ဍာရေးများကိုစီမံနေရပြီးအမြဲတမ်းအထီးကျန်နေသည်။ဒုတိယအကြီးအကဲကတော့တပည့်တွေကိုနေရာချထားရင်းနဲ့အလွန်အလုပ်များနေသည်။သို့သော်တစ်ခြားအကြီးအကဲနှစ်ယောက်ကတော့ရှန်ကျစ်ရှန်းကိုကူညီလိုကြောင်းပြသလာသည်။
ရှန်ကျစ်ရှန်းကသူတို့ကိုကြည့်လိုက်တော့သူတို့နှစ်ယောက်ကပျင်းနေကြလို့ပျော်ရွှင်စရာပွဲတစ်ပွဲလောက်ကြည့်ချင်နေတာနဲ့ပိုတူနေတယ်လို့တွေးမိသည်။
ဒါပေမဲ့သူဂရုမစိုက်ဘူး...လူပိုပြီးများလေလေပြဿနာပိုကြီးလေလေပဲပြီးတော့ပြဿနာပိုကြီးလေလေသူကြိုက်လေလေပဲ
ထို့ကြောင့်နှစ်နာရီအတွင်းရှန်ကျစ်ရှန်းကတွေးတောဆင်ခြင်တောင်စွန်းပေါ်ရှိရန်ကျင်းရဲ့လှိုင်ဂူလေးရှေ့မှာနောက်တစ်ဖန်မတ်တပ်ရပ်နေပြီဖြစ်သည်။သူ့ဘေးမှာတော့အကြီးအကဲနှစ်ယောက်နှင့်ဘဏ္ဍာစိုးတစ်ချို့ပါလာသည်။
မြေမျက်နှာသွင်ပြင်ကကျဉ်းမြောင်းတာကြောင့်လူတိုင်းကျောက်တုန်းလမ်းပေါ်မှသာခြေချနေကြရသည်။သူတို့ကရှေ့ကိုမတိုးကြပဲရှန်ကျစ်ရှန်းကသူ့တပည်ကိုခေါ်သည်ကိုသာစောင့်နေကြ၏။
ရှန်ကျစ်ရှန်းကကျဉ်းမြောင်းလှတဲ့ဂူလေးထဲကိုဝင်သွားပြီးလူအုပ်နဲ့ဝေးရာကိုမျက်နှာမူလိုက်သည်။သူကထူထပ်သည့်နှင်းများအားတည်ငြိမ်စွာဖြတ်၍လျှောက်ဝင်သွားလိုက်ပြီးအရင်တစ်ခေါက်သူလာတုန်းကတမင်သက်သက်ချန်ရစ်ထားခဲ့သည့်သစ်ရွက်စိမ်းအားနင်းလိုက်ကာသရုပ်ဆောင်စွမ်းရည်ကိုမြှင့်သူ့ခံစားချက်ကိုပြင်ဆင်လို့အသက်ကိုပြင်းပြင်းရှုပြီးအော်ခေါ်လိုက်၏။
"အားကျင်း!"
ထိုအော်သံကစိတ်သောကရောက်ခြင်း၊သတိမမူခြင်း၊ဂရုစိုက်ခြင်းနှင့်စိတ်ပူပန်ခြင်းများရောထွေးနေသည်။လူအုပ်ကြီးကိုမဆိုနဲ့သတိလစ်မေ့မျောနေတဲ့ရန်ကျင်းတောင်ထိုကြောက်လန့်စရာအော်သံကြီးကြောင့်နိုးခါနီးဖြစ်သွားရသည်။
ပထမ,လူတိုင်း: ???
ပြီးနောက်: !!!
နောက်ဆုံးသူတို့ရဲ့အလွန်အံ့အားသင့်နေတဲ့အကြည့်အောက်မှာရှန်ကျစ်ရှန်းကဒရမ်မာဆန်ဆန်နဲ့သတိလစ်နေတဲ့ကောင်လေးကိုသူ့လက်မောင်းကြားထဲထွေးပွေ့လိုက်ပြီးသူတို့ကိုအေးစက်စက်စိုက်ကြည့်ရင်းနဲ့စကားတစ်ခွန်းချန်ရစ်ခဲ့လေရဲ့
"ဒီကိစ္စကသေသေချာချာစုံစမ်းစစ်ဆေးရမယ်" ထိုစကားပြောပြီးသည်နှင့်တောင်အောက်ကိုအလျင်အမြန်ပြေးဆင်းသွားတော့သည်။
လူတိုင်း: "...?"
ဘာကိုစိတ်ဆင်းရဲနေတာလဲ?မင်းတပည့်ဒီလိုဖြစ်သွားတာမင်းကြောင့်မဟုတ်ဘူးလားဟ?!
----------------------------
E-Translator's Note
*သူ့နှလုံးသားကကောင်းကင်ထက်မြင့်ပေမယ့်သူ့ဘဝကတော့စာရွက်ထက်တောင်ပါးလွှာသေးတယ် - Dream of Red Mansionကနေဆင်းသက်လာတဲ့စကားစုပါအရှင်းဆုံးပြောရရင်တော့ရည်မှန်းချက်တွေများပြားနေပေမယ့်ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပါယ်....အဲ့ဒါကအရည်အချင်းမရှိတာလည်းဖြစ်နိုင်တယ်အခြေအနေတွေကြောင့်လည်းဖြစ်နိုင်တယ်။
..............................
Next Episode
ဖြူကောင်လေး
..............................
Zawgyi
အခန္း(၅) - ျပဇာတ္
ရွန္က်စ္ရွန္းကဖဲႀကိဳးအားသူ႔လက္ေခ်ာင္းမ်ားနဲ႔ပြတ္သပ္ၾကည့္လိုက္သည္။
ေရႊျဖဴေရာင္ပိတ္သားကိုတိမ္မ်ားေမ်ာလြင့္ေနသည့္ပံုစံျဖင့္ခ်ည္ထိုးထားၿပီးေခ်ာေခ်ာေမြ႕ေမႊ႕ျဖင့္ႏူးညံ့စြာခ်ဳပ္လုပ္ထားျခင္းျဖစ္သည္။ထိုအရာကအရည္အေသြးျမင့္ပိုးသားျဖစ္ေသာ္လည္းအခ်ိန္ရဲ႔တိုက္စားမႈေၾကာင့္ပ်က္စီးျခင္းကိုေတာ့မေရွာင္ရွားႏိုင္ေပ။
ဒါကရန္က်င္းဟာျဖစ္သည္။ဒီပစၥည္းရဲ႔မူလကဘယ္ကလဲဆိုတာသူမသိေပမယ့္ရန္က်င္းကဒီဖဲႀကိဳးအပိုင္းအစေလးအားပ်က္စီးေပ်ာက္ဆံုးေစမွာထက္သူပဲဒဏ္ရာရခံမယ့္အထိတန္ဖိုးထားတယ္ဆိုတာကိုေတာ့သူသိထားသည္။
ရွန္က်စ္ရွန္းသည္ဇာတ္ေၾကာင္းကဒီဖဲႀကိဳးေလးကိုခိုးၿပီးသိုဝွက္ဓားစံအိမ္ထဲပစ္ထည့္လိုက္တဲ့အတြက္ျဖစ္သြားခ်င္းျဖစ္ႏိုင္ေၾကာင္းကို(၈၀%)ေလာက္ေသခ်ာေနသည္။ျပစ္မွဳက်ဴးလြန္တဲ့သူကရန္က်င္းကိုတစ္ခုခုရန္စတဲ့စကားေျပာလိုက္လို႔ျဖစ္လာမယ့္အက်ိဳးဆက္ကိုထည့္သြင္းမစဥ္းစားႏိုင္ေတာ့ပဲရန္က်င္းကဒီသိုဝွက္ဓားစံအိမ္ဆီသို႔ေျပးလာျခင္းျဖစ္ႏိုင္၏။မဟုတ္ရင္ရန္က်င္းရဲ႔တည္ၿငိမ္တဲ့စိတ္ေနစိတ္ထားနဲ႔ဆိုရင္ဒီလိုႀကီးမားလွတဲ့စြန္႔စားမႈႀကီးကိုလုပ္မွာမဟုတ္ဘူး
ရွန္က်စ္ရွန္းကသူ႔လက္ေခ်ာင္းၾကားထဲကဖဲႀကိဳးေလးကိုစိုက္ၾကည့္ေနမိၿပီးေနာက္ခဏမွ်အၾကာမွာသူ႔စိတ္ကိုဆံုးျဖတ္ခ်က္ခ်လိုက္သည္။
သာမာန္အေျခအေနမွာဆိုရင္သူ႔စိတ္ကေအးေဆးတည္ၿငိမ္ၿပီးသက္ေတာင့္သက္သာသြားတဲ့ပံုစံမ်ိဳးပင္။ဒါေပမဲ့ဒီလိုမသိႏိုင္တဲ့အႏာၱရယ္ေအာက္မွာအသက္ရွင္သန္ရတာကိုေတာ့သေဘာမက်ဘူး။ကိုယ့္ေခါင္းေပၚမွာဓားတစ္ေခ်ာင္းတင္ထားခံရၿပီးဘယ္ေတာ့ျပဳတ္က်မလဲမသိသလိုမ်ိဳးခံစားရတာကအေတာ္ေလးကိုစိတ္မသက္မသာျဖစ္ေစတယ္
သူ႔ပတ္ဝန္းက်င္ကထူးဆန္းတဲ့အရာေတြအားလံုးကိုေျဖရွင္းၿပီးရန္က်င္းနဲ႔ျဖစ္ပ်က္ခဲ့သမွ်ေတြကိုျပင္ဆင္ၿပီးသြားရင္သူလည္းသူ႔ကိုယ္ပိုင္ဘဝကိုၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနႏိုင္လိမ့္မယ္..အဲဒါကအံ့အားသင့္စရာမေကာင္းဘူးလား?
ေနာက္ထပ္ေလျပင္းတစ္ခုကတိုက္ခတ္လာၿပီးေျမေပၚသို႔ျပဳတ္က်တာသိပ္မၾကာေသးသည့္ရြက္ေႂကြမ်ားကေနာက္တစ္ဖန္ေလထဲေမ်ာလြင့္သြားရင္းျဖင့္တပည့္မ်ားရဲ႔အာရံုကိုထပ္မံဆြဲေဆာင္လိုက္ျပန္သည္။
ထိုဂ်ဴနီယာတပည့္ေလးမ်ားကဂိုဏ္းထဲသို႔အခုမွဝင္လာၾကသူမ်ားျဖစ္ၿပီးစီနီယာတပည့္ေလးမ်ားသည္လည္းအသက္(၁၇),(၁၈)ေလာက္သာရွိၾကသည္။သူတို႔စိတ္ႏွလံုးသားနဲ႔ဝိဉာဥ္ကမ်ားေသာအားျဖင့္ေလ့က်င့္ျခင္းမွာသာနစ္ႁမွဳပ္ထားၾကတာျဖစ္သျဖင့္သူတို႔စိတ္ထဲမွာလွည့္စားျဖားေယာင္းျခင္းလိုမ်ိဳးေတြသိပ္မရွိေပ။'အကန္႔အသတ္'မရွိတဲ့အႀကီးအကဲရွန္လိုလူမ်ိဳးကသူတို႔မ်က္စိေရွ႕မွာတင္ခိုးဝင္ခိုးထြက္လုပ္သြားတာကိုေတာ့ေျပာမေနနဲ႔ေတာ့...
ထိုမိုက္မဲတဲ့အရြက္ေတြကိုသူတို႔ေတြတီးတိုးေရရြတ္ရင္းရယ္ေမာျခင္းလုပ္ေနတဲ့အခ်ိန္မွာပဲရွန္က်စ္ရွန္းကတိတ္တဆိတ္ျပန္ထြက္ခြာသြားသည္။
ကူးေျပာင္းေရာက္ရွိလာၿပီးေနာက္တစ္ညေနလံုးဟိုေျပးဒီေျပးလုပ္ၿပီးေနာက္မွာသူအခန္းျပန္ေရာက္တဲ့အခ်ိန္အာ႐ုဏ္ေတာင္တက္ေနေလၿပီ။
သူတစ္ညလံုးမအိပ္ရေသးဘူး...အာ,မဟုတ္ဘူး...တကယ္ေတာ့သူႏွစ္ညလံုးမအိပ္ရေသးဘူးအဲ့ဒါေၾကာင့္သူ႔စိတ္တစ္ခုလံုးပင္ပန္းေနၿပီ
ေအးစက္ေနတဲ့လက္ဖက္ရည္ၾကမ္းတစ္ခြက္ကိုသူ႔အတြက္သူငွဲ႔ထည့္လိုက္ၿပီးေနာက္,လုပ္ဖို႔လိုေနေသးတဲ့အရာအားလံုးကိုႀကိဳးစားရွာေဖြေနလိုက္သည္။
သူ႔လက္ခံုေပၚကဒဏ္ရာကလည္းသိပ္မျပင္းထန္တာေၾကာင့္အသားတက္ေစမယ့္ေပါင္ဒါတစ္ခ်ိဳ႔နဲ႔ကုသဖို႔သာလိုအပ္သည္။ေဆးလိမ္းတဲ့အခ်ိန္မွာခဏတျဖဳတ္ေအးခနဲျဖစ္သြားေပမယ့္ေတာ္ေတာ္ေလးၾကာေတာ့တစ္ဝက္ေက်ာ္ေက်ာ္ေပ်ာက္သြားခဲ့ၿပီးဒဏ္ရာကနည္းနည္းနီတာနဲ႔ေရာင္တာေလာက္သာက်န္ေတာ့သည္။
ရွန္က်စ္ရွန္းကဒဏ္ရာကိုၾကည့္လိုက္ၿပီးေနာက္အက်ႌလက္အားခါယမ္းကာသူ႔လက္ေပၚကဒဏ္ရာကိုဖံုးကြယ္ထားလိုက္သည္။သူ႔အသားအရည္ကျဖဴလြန္းတယ္ျဖဴတာမွေႂကြသားလိုပဲအဲ့ဒါေၾကာင့္ဒီနီရဲၿပီးေရာင္ေနတာေတြကသတိျပဳမိစရာျဖစ္ေနသည္ေလ။
အာ႐ုဏ္ဦးကျပတင္းေပါက္မွတစ္ဆင့္ဝင္လာခ်ိန္မွာပဲရွန္က်စ္ရွန္းသည္သူ႔ဘာသာသူရင္းႏွီးေနသည့္မူလကိုယ္ရဲ႔အဝတ္ဗီဒိုကိုဖြင့္လိုက္သည္။ထို႔ေနာက္ဂ႐ုတစိုက္ျပန္စီၿပီးေနာက္မွာအဝတ္အစားလဲၿပီးအိမ္မွထြက္သြားေတာ့သည္။
တည္ေနရာ:ဂိုဏ္းေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆံုမယ့္ေနရာ
အမွန္အတိုင္းေျပာရရင္စုန္႔မင္းကေၾကာက္စရာေကာင္းတဲ့ဓားဂိုဏ္းခ်ဳပ္တစ္ေယာက္မဟုတ္ဘူး
ေန႔တိုင္းသူကမနက္ခင္းေတြ႕ဆံုျခင္းေတြ၊ဂိုဏ္းတြင္းအေျခခံကိစၥရပ္ေတြကိုအတည္ျပဳတာေတြ၊ေလ့က်င့္ေရးဆင္းတာေတြနဲ႔အဓိကျဖစ္ပ်က္သမွ်အားလံုးကိုဦးေဆာင္တာေတြျပဳလုပ္လိမ့္မယ္။သူကကိစၥရပ္ေတြကိုလည္းမၾကာခဏကၽြမ္းကၽြမ္းက်င္က်င္နဲ႔ေခ်ာေခ်ာေမြ႕ေမြ႕ကိုင္တြယ္ေလ့ရွိေသးတယ္။
အကယ္၍မူလရွန္က်စ္ရွန္းသာဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္လာမယ္ဆိုရင္သူကစုန္႔မင္းေလာက္ေတာင္ေကာင္းခ်င္မွေကာင္းမယ္ဒါမွမဟုတ္စုန္႔မင္းေလာက္လံု႔လဝီရိယရွိမယ္မထင္ဘူး
ရွန္က်စ္ရွန္းရဲ႔မ်က္လံုးမ်ားကခဏေလာက္ျဖတ္ခနဲျဖစ္သြားသည္။မူလကိုယ္အေၾကာင္း႐ိုးရွင္းစြာေရးထားတဲ့စာအုပ္ထဲကေဖာ္ျပခ်က္တစ္ခ်ိဳ႔ကိုျပန္စဥ္းစားလိုက္ၿပီးေနာက္သူ႔စိတ္ထဲကမူလကိုယ္ရဲ႔မွတ္ဉာဏ္မ်ားနဲ႔ခ်ိတ္ဆက္လိုက္ကာမူလရွန္က်စ္ရွန္းကဘယ္လိုလူမ်ိဳးလဲဆိုတာကိုအႏိုင္ႏိုင္န႔ဲခြဲျခားလိုက္သည္။
အၾကမ္းဖ်င္းခန္႔မွန္းခ်က္အရေတာ့မူလကိုယ္ကေထာင္လႊားေမာက္မာၿပီးမာနႀကီးတဲ့သူမ်ိဳးျဖစ္သည္။
*သူ႔ႏွလံုးသားကေကာင္းကင္ထက္ျမင့္ေပမယ့္သူ႔ဘဝကေတာ့စာရြက္ထက္ေတာင္ပါးလႊာေသးတယ္
ဒါေပမဲ့ႏွလံုးေရာဂါမျဖစ္ခင္ကမွတ္ဉာဏ္ေတြကေတာ့မေရမရာျဖစ္ေနသည္။ရံဖန္ရံခါဆိုရင္ပံုရိပ္တစ္ခ်ိဳ႔ကိုျမင္ေနရေပမယ့္လိုက္ဖမ္းဖို႔ခက္ခဲလွသည္။
ထိုကိစၥအားလံုးကိုအခ်ိန္တစ္ခ်ိဳ႔ေလာက္ထိေတာ့အေနာက္ပို႔ထားလိုက္ၿပီးေနာက္ရွန္က်စ္ရွန္းကေခါင္းကိုညိတ္လိုက္ကာစုန္႔မင္းမထြက္သြားခင္မွာအထဲကိုဝင္လိုက္သည္။
အစည္းအေဝးခန္းမကိုကန္႔သတ္မႈမထားထားေပ။တပည့္ေတြကဂိုဏ္းခ်ဳပ္နဲ႔အႀကီးအကဲေတြအစည္းအေဝးထိုင္ေနတာကိုမေႏွာင့္ယွက္ရဲတာပံုမွန္ပဲျဖစ္သည္။
သူကအႀကီးအကဲငါးေယာက္ထဲကတစ္ေယာက္ျဖစ္ေလတယ္
တကယ္ေတာ့မူလကခ်င္းယြင္ဂိုဏ္းမွာအႀကီးအကဲေလးေယာက္ရွိတာျဖစ္သည္။ထိုအႀကီးအကဲမ်ားကဝန္ထမ္းထိန္းသိမ္းေရး၊ဘ႑ာေရး၊သံတမာန္ေရးရာႏွင့္အတြင္းပိုင္းကိစၥမ်ားကိုေျဖရွင္းရန္တာဝန္ယူထားသည္။သို႔ေသာ္လည္းမူလရွန္က်စ္ရွန္းကဂိုဏ္းခ်ဳပ္ရာထူးကိုဆံုးရွံုးသြားခဲ့ရၿပီးေနာက္ယခင္ဂိုဏ္းခ်ဳပ္ေဟာင္းကသူ႔အတြက္ပင္မေတာင္ထြတ္တစ္ခုတည္ေထာင္ေပးၿပီးသူ႔ကိုငါးေယာက္ေျမာက္အႀကီးအကဲျဖစ္ေစခဲ့ျခင္းပင္။
ဒါေပမဲ့လည္းသူရွန္က်စ္ရွန္းအတြက္ပိုၿပီးအစီအစဥ္မခ်ေပးရေသးခင္မွာဂိုဏ္းခ်ဳပ္ေဟာင္းက႐ုတ္တရက္ကြယ္လြန္သြားသည္။
ထို႔ေၾကာင့္ပဥၥမအႀကီးအကဲရာထူးကအနည္းငယ္အဆင္မေျပျဖစ္စရာျဖစ္သြားရသည္။ယခင္ဂိုဏ္းခ်ဳပ္ေဟာင္းရဲ႔မ်က္ႏွာကိုေထာက္၍သူ႔အဆင့္အတန္းကအလြန္ျမင့္မားၿပီးစုန္႔မင္းဆီကေလးစားမႈကိုခံယူရသည္။သို႔ေသာ္လည္းသူ႔ဆီမွာအစစ္အမွန္အင္အားမရွိပဲဒီအတိုင္းႏူးညံ့သိမ္ေမြ႕တဲ့ပံုစံသာက်န္ရစ္ခဲ့ရသည္။
အေစာပိုင္းႏွစ္ေတြမွာမူလကိုယ္ကထိုအစည္းအေဝးပြဲကိုရံဖန္ရံခါတက္ေရာက္ေလ့ရွိေပမယ့္ေနာက္ပိုင္းမွာေတာ့သူ႔ႏွလံုးေရာဂါကိုမေျဖရွင္းႏိုင္ေတာ့သည့္အခါဒီအေသးအဖြဲကိစၥေတြကိုစိတ္မရွည္ျဖစ္လာၿပီးဒီေနရာကိုေျခမခ်ေတာ့ေပ။
ထို႔ေၾကာင့္ဒီေန႔ရွန္က်စ္ရွန္းေပၚလာတဲ့အခါစုန္႔မင္းေတာင္မွအနည္းငယ္အံ့အားသင့္သြားသည္။
"ဂ်ဴနီယာညီေလးက်စ္ရွန္း?"
ရွန္က်စ္ရွန္းကသူ႔ကို'ဂိုဏ္းခ်ဳပ္'ဟုေခၚ၍ခပ္သာသာေခါင္းညိတ္ျပလိုက္ၿပိးေနာက္တစ္ဖက္ကေနရာတစ္ခုမွာသက္ေတာင့္သက္သာဝင္ထိုင္လိုက္ၿပီးသူတို႔ကိုဆက္ေျပာရန္အခ်က္ျပလိုက္သည္။
မနက္ခင္းအစည္းအေဝးကၿပီးခါနီးေနၿပီျဖစ္သည္။ရွန္က်စ္ရွန္းမဝင္လာခင္တုန္းကစုန္႔မင္သည္သူ႔ရဲ႔ပံုမွန္ထိုင္ခံုမွာမတ္မတ္ထိုင္ေနၿပီးသူ႔ပံုမွန္အပိတ္စကားကိုေျပာေနခဲ့ျခင္းပင္။သို႔ေသာ္လည္းရွန္က်စ္ရွန္းဝင္လာၿပီးေနာက္လူတိုင္းကခ်က္ခ်င္းသူ႔ကိုလွည့္ၾကည့္ၾကသည္။
စုန္႔မင္းရဲ႔မ်က္လံုးမ်ားကနက္႐ွိဳင္းၿပီးေအးေဆးတည္ၿငိမ္သည့္အျပင္သူ႔ႏႈတ္ခမ္းမွာလည္းႏူးညံ့တဲ့အျပံဳးေလးတစ္ခုခ်ိတ္ဆြဲထားသည္။သူကစကားေျပာတာရပ္လိုက္ၿပီးတည္ၿငိမ္စြာစကားေျပာ၏။
"ဒီအစည္းအေဝးပြဲမွာဂ်ဴနီယာညီေလးက်စ္ရွန္းကိုျမင္ရခဲလိုက္တာ"
သူတို႔ကေဆြးေႏြးမႈကိုဆက္မယ့္အလားအလာမရွိတာကိုရွန္က်စ္ရွန္းျမင္သည့္အခါအေရးမပါတာေတြမေျပာေတာ့ပဲလိုရင္းကိုသာသြားလိုက္သည္။
"ဂိုဏ္းခ်ဳပ္ေျပာလို႔ၿပီးသြားပါၿပီလား?"
သူဘာကိုဆိုလိုခ်င္လဲဆိုတာစုန္႔မင္းမသိေပမယ့္ေခါင္းညိတ္ျပလိုက္ၿပီးရွန္က်စ္ရွန္းေျပာမွာကိုနားေထာင္ေနလိုက္သည္။
"ကၽြန္ေတာ္ခင္ဗ်ားကိုေျပာစရာရွိတယ္"
သူက'ေျပာမယ္'လို႔ေျပာလိုက္တာျဖစ္ၿပီး'ေဆြးေႏြးမယ္'လို႔ေျပာတာမဟုတ္ေပ။ထိုတည္ၿငိမ္လွသည့္စကားလံုးမ်ားကခိုင္မာေသာအဓိပၸါယ္ကိုေဖာ္ေဆာင္သည္။
"ရန္က်င္းကသိုဝွက္ဓားစံအိမ္ထဲဝင္သြားရတဲ့အေၾကာင္းအရင္းကိုေျပာခ်င္လို႔"
ထိုစကားကိုေျပာၿပီးေနာက္လူတိုင္းအံ့အားသင့္သြားၾကသည္။စုန္႔မင္းရဲ႔အျပံဳးသည္ပင္အနည္းငယ္ေခ်ာ္သြားရ၏
မေန႔ကျဖစ္ပ်က္ခဲ့သမွ်ပရမ္းပတာျဖစ္ရပ္ထဲမွာစုန္႔မင္းကအစကေနအဆံုးထိေပၚလာျခင္းမရွိခဲ့ေပ။ဒါေပမဲ့လည္း'ရန္က်င္းကသိုဝွက္ဓားစံအိမ္ထဲခိုးဝင္ၿပီးအထဲကဓားေတြကိုခိုးယူဖို႔ၾကံစည္တယ္'ဆိုတဲ့ေၾကညာခ်က္ကေတာ့ထြက္လာဖို႔သိပ္မၾကာခဲ့ဘူး။
ထိုအခ်ိန္မွာမူလရွန္က်စ္ရွန္းကရန္က်င္းကို႐ိုက္ၿပိးေနၿပီျဖစ္ၿပီးေတြးေတာဆင္ျခင္သည့္ေတာင္စြန္းကိုအျပစ္ဒဏ္အတြက္ပို႔ခိုင္းလိုက္ၿပီးေနၿပီျဖစ္သည္။သိပ္မၾကာခင္ပဲေနာက္တစ္ႀကိမ္ႏွလံုးေရာဂါထေဖာက္တာေၾကာင့္သူ႔ေတာင္ေပၚကိုျပန္ပို႔ေပးလိုက္ရသည္။
စုန္႔မင္းရဲ႔ႏွလံုးသားထဲမွာသံသယသံုးပံုနဲ႔ေဒါသခုႏွစ္ပံုေလာက္ရွိေနေသာ္လည္းသူ႔အျပင္ဘက္အသြင္အျပင္ကေတာ့ဆက္လို႔ေအးေဆးတည္ၿငိမ္ေနသည္။
"အဲ့ဒါရန္က်င္းရဲ႔အမွားဆိုတာေသခ်ာေနတာပဲေလ"
"ဂိုဏ္းခ်ဳပ္" ရွန္က်စ္ရွန္းကေခ်ာေမြ႕သည့္အျပံဳးတစ္ခုႏွင့္ၾကားျဖတ္ေျပာလိုက္သည္။
"မေန႔တုန္းကရန္က်င္းကသူ႔သေဘာနဲ႔သူလုပ္ခဲ့တာပါလို႔ေျပာခဲ့တယ္...ကၽြန္ေတာ္လည္းအဲ့ဒီအခ်ိန္တုန္းကအမ်ားႀကီးမေတြးခဲ့မိတဲ့အျပင္ေမးလည္းမေမးခဲ့မိဘူးအဲ့ဒါေၾကာင့္သူ႔ကိုအရင္ဆံုးအျပစ္ေပးခဲ့မိတာ...ဒါေပမဲ့ေနာက္ပိုင္းစဥ္းစားၾကည့္မိေတာ့အဲ့ဒါကနည္းနည္းသံသယဝင္ဖို႔ေကာင္းတယ္ဆိုတာနားလည္သြားတယ္..ပထမအခ်က္အေနနဲ႔,ရန္က်င္းကတည္ၿငိမ္ေအးေဆးတဲ့သူတစ္ေယာက္အဲ့ဒီလိုအဓိပၸါယ္မရွိတဲ့အရာမ်ိဳးကိုလုပ္မွာမဟုတ္ဘူး...ဒုတိယအခ်က္အေနနဲ႔,သူကပထမအထပ္မွာပဲအၾကာႀကီးေနခဲ့တယ္...တပည့္အသစ္ေလးေတြေတာင္မွပထမအထပ္မွာရွိတဲ့ဓားေတြကအရည္အေသြးမွာအရမ္းကိုသာမာန္ဆန္တယ္ဆိုတာသိၾကတာရန္က်င္းကဒီလိုဓားေတြေလာက္အတြက္ကိုေတာ့ဒီလိုစြန္႔စားမႈမ်ိဳးလုပ္မွာမဟုတ္ဘူး"
သူေျပာတာကနည္းနည္းေတာ့က်ိဳးေၾကာင္းဆီေလ်ာ္ေပမယ့္ေထာက္ပံ့ေပးႏိုင္မယ့္သက္ေသမရွိဘူး။
ရွန္က်စ္ရွန္းကဒီျဖစ္ရပ္အေပၚမွာသူ႔စီရင္မႈကိုေက်နပ္ေနတယ္လို႔စုန္႔မင္းေတြးခဲ့သည္။တကယ္ေတာ့လည္းဒီဆရာနဲ႔တပည့္ၾကားထဲကဆက္ဆံေရးကသိပ္မေကာင္းဘူးေလ။မေန႔ကသူရွန္က်စ္ရွန္းကိုသြားေတြ႕ေတာ့လည္းတစ္ဖက္လူကဘာမွမေျပာခဲ့ဘူး
ဒါဆို,ဘာျဖစ္လို႔ဒီလူက႐ုတ္တရက္ႀကီးသူ႔မ်က္ႏွာကိုလစ္လ်ဴရႈၿပီးဒီလိုစကားေတြလာေျပာေနရတာလဲ..အဲ့ဒါကသူ႔မ်က္ႏွာကိုတိုက္႐ိုက္ျဖတ္႐ိုက္ပစ္လိုက္တာပဲမဟုတ္ဘူးလား?!
အႀကီးအကဲတစ္ေယာက္ကမေနႏိုင္ပဲထေမးေတာ့သည္။
"အႀကီးအကဲရွန္ကကိုယ့္တပည့္ကိုယ္သိပ္မသိတာျဖစ္ပါလိမ့္မယ္...သူကလံုေလာက္ေအာင္မသန္စြမ္းလို႔မ်ားပထမထပ္ကိုမေက်ာ္ႏိုင္ခဲ့တာလား?"
ရွန္က်စ္ရွန္းကဘာမွမျဖစ္သည့္ဟန္ျဖင့္ေျပာသည္။
"ခင္ဗ်ားပဲသူကကၽြန္ေတာ့တပည့္လို႔ေျပာတယ္ေလ..သူ႔ဆရာတစ္ေယာက္အေနနဲ႔ကၽြန္ေတာ္ကသူ႔အေၾကာင္းပိုၿပီးသိမွာပဲမဟုတ္ဘူးလား?"
လူတိုင္း: "..."
လူတိုင္းရဲ႔ႏွလံုးသားမွာရယ္စရာျဖစ္သြားသလိုခံစားလိုက္ၾကရသည္။ရွန္က်စ္ရွန္းနဲ႔ရန္က်င္းတို႔ၾကားကသေဘာထားကြဲလြဲမႈမ်ားကလူတိုင္းျမင္ရေလာက္သည္အထိႀကီးမားသည္။ဘယ္တုန္းကမ်ားရွန္က်စ္ရွန္းကသူ႔တပည့္အတြက္ေျပာေပးဘူးလို႔လဲ?!
သူ႔ကိုနားလည္တယ္?
သူ႔ကိုဘယ္လို႐ိုက္ရမလဲသိတယ္ဆိုတာကမွဟုတ္ေသးတယ္!
လူတိုင္းကိုယ့္အေတြးနဲ႔ကိုယ္ျဖစ္ေနၾကသည္။စုန္႔မင္းရဲ႔ျပံဳးေနတဲ့အမူအယာကေတာ့ႏွစ္ေပါင္းမ်ားစြာထိန္းသိမ္းထားခဲ့တဲ့အတိုင္း'အကိုေကာင္း'တစ္ေယာက္ရဲ႔ဟန္အျပည့္ပင္။ရလဒ္အရေတာ့သူ႔ရင္ထဲမွာမီးေတာက္ေနတာကိုသည္းခံရင္းကူကယ္ရာမဲ့စြာနဲ႔သေဘာတူလိုက္ရသည္။
သူေခါင္းညိတ္တာကိုရွန္က်စ္ရွန္းေတြ႕လိုက္သည္ႏွင့္သူရန္က်င္းကိုေတြးေတာဆင္ျခင္ေတာင္စြန္းကေနသြားေခၚမယ္လို႔ခ်က္ခ်င္းေျပာလိုက္သည္။
သိုဝွက္ဓားစံအိမ္ကိစၥကလြဲရင္ဂိုဏ္းထဲမွာလတ္တေလာကိစၥႀကီးႀကီးမားမားမျဖစ္ေသးေပ။ထူးခၽြန္လွတဲ့ဂိုဏ္းခ်ဳပ္စုန္႔မင္းကဲ့သို႔ပင္ပထမအႀကီးအကဲကဂိုဏ္းရဲ႔ဘ႑ာေရးမ်ားကိုစီမံေနရၿပီးအၿမဲတမ္းအထီးက်န္ေနသည္။ဒုတိယအႀကီးအကဲကေတာ့တပည့္ေတြကိုေနရာခ်ထားရင္းနဲ႔အလြန္အလုပ္မ်ားေနသည္။သို႔ေသာ္တစ္ျခားအႀကီးအကဲႏွစ္ေယာက္ကေတာ့ရွန္က်စ္ရွန္းကိုကူညီလိုေၾကာင္းျပသလာသည္။
ရွန္က်စ္ရွန္းကသူတို႔ကိုၾကည့္လိုက္ေတာ့သူတို႔ႏွစ္ေယာက္ကပ်င္းေနၾကလို႔ေပ်ာ္ရႊင္စရာပြဲတစ္ပြဲေလာက္ၾကည့္ခ်င္ေနတာနဲ႔ပိုတူေနတယ္လို႔ေတြးမိသည္။
ဒါေပမဲ့သူဂ႐ုမစိုက္ဘူး...လူပိုၿပီးမ်ားေလေလျပႆနာပိုုႀကီးေလေလပဲၿပီးေတာ့ျပႆနာပိုႀကီးေလေလသူႀကိဳက္ေလေလပဲ
ထို႔ေၾကာင့္ႏွစ္နာရီအတြင္းရွန္က်စ္ရွန္းကေတြးေတာဆင္ျခင္ေတာင္စြန္းေပၚရွိရန္က်င္းရဲ႔လွိုင္ဂူေလးေရွ႕မွာေနာက္တစ္ဖန္မတ္တပ္ရပ္ေနၿပီျဖစ္သည္။သူ႔ေဘးမွာေတာ့အႀကီးအကဲႏွစ္ေယာက္ႏွင့္ဘ႑ာစိုးတစ္ခ်ိဳ႔ပါလာသည္။
ေျမမ်က္ႏွာသြင္ျပင္ကက်ဥ္းေျမာင္းတာေၾကာင့္လူတိုင္းေက်ာက္တုန္းလမ္းေပၚမွသာေျခခ်ေနၾကရသည္။သူတို႔ကေရွ႕ကိုမတိုးၾကပဲရွန္က်စ္ရွန္းကသူ႔တပည္ကိုေခၚသည္ကိုသာေစာင့္ေနၾက၏။
ရွန္က်စ္ရွန္းကက်ဥ္းေျမာင္းလွတဲ့ဂူေလးထဲကိုဝင္သြားၿပီးလူအုပ္နဲ႔ေဝးရာကိုမ်က္ႏွာမူလိုက္သည္။သူကထူထပ္သည့္ႏွင္းမ်ားအားတည္ၿငိမ္စြာျဖတ္၍ေလွ်ာက္ဝင္သြားလိုက္ၿပီးအရင္တစ္ေခါက္သူလာတုန္းကတမင္သက္သက္ခ်န္ရစ္ထားခဲ့သည့္သစ္ရြက္စိမ္းအားနင္းလိုက္ကာသ႐ုပ္ေဆာင္စြမ္းရည္ကိုႁမွင့္သူ႔ခံစားခ်က္ကိုျပင္ဆင္လို႔အသက္ကိုျပင္းျပင္းရွဳၿပီးေအာ္ေခၚလိုက္၏။
"အားက်င္း!"
ထိုေအာ္သံကစိတ္ေသာကေရာက္ျခင္း၊သတိမမူျခင္း၊ဂ႐ုစိုက္ျခင္းႏွင့္စိတ္ပူပန္ျခင္းမ်ားေရာေထြးေနသည္။လူအုပ္ႀကီးကိုမဆိုနဲ႔သတိလစ္ေမ့ေမ်ာေနတဲ့ရန္က်င္းေတာင္ထိုေၾကာက္လန္႔စရာေအာ္သံႀကီးေၾကာင့္ႏိုးခါနီးျဖစ္သြားရသည္။
ပထမ,လူတိုင္း: ???
ၿပီးေနာက္: !!!
ေနာက္ဆံုးသူတို႔ရဲ႔အလြန္အံ့အားသင့္ေနတဲ့အၾကည့္ေအာက္မွာရွန္က်စ္ရွန္းကဒရမ္မာဆန္ဆန္နဲ႔သတိလစ္ေနတဲ့ေကာင္ေလးကိုသူ႔လက္ေမာင္းၾကားထဲေထြးေပြ႕လိုက္ၿပီးသူတို႔ကိုေအးစက္စက္စိုက္ၾကည့္ရင္းနဲ႔စကားတစ္ခြန္းခ်န္ရစ္ခဲ့ေလရဲ႔
"ဒီကိစၥကေသေသခ်ာခ်ာစံုစမ္းစစ္ေဆးရမယ္" ထိုစကားေျပာၿပီးသည္ႏွင့္ေတာင္ေအာက္ကိုအလ်င္အျမန္ေျပးဆင္းသြားေတာ့သည္။
လူတိုင္း: "...?"
ဘာကိုစိတ္ဆင္းရဲေနတာလဲ?မင္းတပည့္ဒီလိုျဖစ္သြားတာမင္းေၾကာင့္မဟုတ္ဘူးလားဟ?!
----------------------------
E-Translator's Note
*သူ႔ႏွလံုးသားကေကာင္းကင္ထက္ျမင့္ေပမယ့္သူ႔ဘဝကေတာ့စာရြက္ထက္ေတာင္ပါးလႊာေသးတယ္ - Dream of Red Mansionကေနဆင္းသက္လာတဲ့စကားစုပါအရွင္းဆံုးေျပာရရင္ေတာ့ရည္မွန္းခ်က္ေတြမ်ားျပားေနေပမယ့္ဘာမွမလုပ္ႏိုင္ဘူးဆိုတဲ့အဓိပၸါယ္....အဲ့ဒါကအရည္အခ်င္းမရွိတာလည္းျဖစ္ႏိုင္တယ္အေျခအေနေတြေၾကာင့္လည္းျဖစ္ႏိုင္တယ္။
..............................
Next Episode
ျဖဴေကာင္ေလး
..............................