My Crown Prince 🤴🏼

ThetHmue3 tarafından

177K 18.5K 1.4K

အစွန်အထိ အဆုံးအထိ....သံသရာအလွန်တွေအထိ ချစ်နိုင်သမျှတွေရဲ့...အရာခပ်သိမ်းအထိ သွေးစွန်းခဲ့သော....စိတ်ဝိဥာဉ်ဆိုပေ... Daha Fazla

🤴🏼1🤴🏼
🤴🏼2🤴🏼
🤴🏼3🤴🏼
🤴🏼5🤴🏼
🤴🏼6🤴🏼
🤴🏼7🤴🏼
🤴🏼8🤴🏼
🤴🏼9🤴🏼
🤴🏼10🤴🏼
🤴🏼Ending🤴🏼
Zawgyi1
2
3
4
5
6
7
8
9
10
Ending
❤️

🤴🏼4🤴🏼

10.5K 1.4K 66
ThetHmue3 tarafından

"Jeon....Jeon...ဆိုတဲ့ကောင်....
ဘာလဲ...ဘာလဲဆိုတာငါ့ကိုခုချက်ချင်း
ပြောစမ်း....."

အိမ်ရှေ့စံနန်းဆောင်တွင်မင်းသား၏
အသံသည်ဟိန်းခနဲ။
လက်ရှိနိုင်ငံတော်အဆင့်ကျွမ်းကျင်လှသော
ရဲမှူး။ စစ်ဆေးရေးမှူးနှင့်စုံထောက်တချို့...ဥပဒေဘက်မှ
လူတချို့ပါရောက်နေပြီးမင်းသား၏
ကိုယ်ရံတော်များပါရှိနေခဲ့သည်..။

မင်းသားလေးသည်..နန်းဆောင်ရှေ့နောက်
အသွားအပြန်လျှောက်နေရင်း...
သူ့မွေးနေ့ပွဲအားဖျက်ဆီးသွားတဲ့လူ
အကြောက်အလန့်မရှိရွံစရာစကားတွေ
ပြောရဲခဲ့တဲ့သူ
အလွန်ကျူးဆုံး နန်းတက်ပွဲနေ့က
ခမည်းတော်ပေးထားခဲ့သောအိမ်ရှေ့စံအမှတ်အသား
တော်ဝင်ဆွဲကြိုးအား မခန့်လေးစား
ခိုးယူသွားခဲဲ့တဲ့လူ....
လူအင်အားများစွာဖြင့်မျက်စိရှေ့မှောက်
ဒူးထောက်ကျအောင်ဖမ်းခေါ်စေခဲ့ပေမယ့်
လက်ရှိအချိန်အထိ လုံးဝမအောင်မြင်ခဲ့ပါ။

ဘာမလို့လဲ...ဒီကောင်ကဘာမလို့လဲ
ဆိုတဲ့....သိချင်မှုသည်လူတွေအကုန်
နန်းဆောင်ထဲရောက်သည်အထိ။

"သူက မူးယစ်ဆေးဂိုဏ်းတခုရဲ့ခေါင်းဆောင်ပါ
လုံးဝဒုစရိုက်လောကကြီးကိုလွှမ်းမိုးချူပ်ကိုင်
ထားတဲ့သူပါ....ကျတော် သုံးနှစ်တိတိ
သူ့နောက်ကိုလိုက်နေခဲ့တာ....
ခုချိန်ထိသူ့မျက်နှာကိုမမြင်ဖူးသေးပါဘူး
သိပ်အန္တရာယ်များပြီးသိပ်ရက်စက်တဲ့သူပါ..."

"လူဆိုးခေါင်းဆောင်မလား..ရှင်းရှင်းပြောစမ်းပါ...
မကောင်းတဲ့အလုပ်ကိုလုပ်ပီးအသက်ရှင်နေတဲ့
ကောင်ကို ဘာကိစ္စကကြီးကြီးကျယ်ကျယ်
တွေချဲ့ကားပြောနေတာလဲ..."

"စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"

"ကလေကချေ မူးယစ်ဆေးဝါးမှောင်ခို
ရောင်းပြီးတော့များ...ငါ့ကိုလာထိရဲတဲ့ကောင်..."

"တကမ္ဘာလုံးပါ မင်းသား..."

"ဘာကိုလဲ...."

"သူလက်တံတွေကတကမ္ဘာလုံးကိုဖြန့်ကျက်
နေတာပါ...အသေးအမွှားလူတစ်ယောက်
တော့မဟုတ်တာသေချာပါတယ်..."

Namjoonသည်သူ့အတွေ့အကြုံအရ
JEonသည် ပုံမှန်မှောင်ခိုဒုစရိုက်သမား
မဟုတ်ဘဲ အင်အားအလွန်ကြီးကြောင်း
သေချာသိပါသည်...။
အိမ်ရှေ့စံက တောင်ကိုရီးယားမှာ
အာဏာထိရှတယ်ဆိုရင် Jeonက
မကောင်းမှုလောက၌တကမ္ဘာလုံးရှိ
အဖွဲ့တွေ ဂိုဏ်းတွေအားလုံးအပေါ်
တွင်အာဏာသေသေချာချာသက်ရောက်တဲ့သူ။

ဘုရင်တပါးလိုသူ့ကမ္ဘာတွင်
အကောင်းဆုံးသောဇိမ်ခံပစ္စည်းအစုံအလင်
နှင့်နေထိုင်နေပြီး ခုချိိန်ထိလည်းဘယ်နိုင်ငံမှာ
နေနေလဲဆိုတာခြေရာခံ၍မရနိုင်သေးပါ။
အိမ်ရှေ့စံလျှော့တွက်မှာကိုစိုးရိမ်၍
အလောတကြီးသတိပေးခဲ့သည်။

"မကောင်းမှုလုပ်နေတဲ့လူက
ဘယ်တော့မှကြီးကျယ်တဲ့သူဖြစ်မလာဘူး
KimNamJoon...တကမ္ဘာလုံးမကလို့
စကြဝဠာတခုလုံးအထိသက်ရောက်ပါစေ
အကုသိုလ်လုပ်နေသမျှ အင်းဆက်ကောင်ပဲ.....
ငါ့ကို ပမာမခန့်လုပ်သွားတယ်
ငါ့ဆွဲကြိုးကို ခိုးယူသွားတယ်...
သူခိုးကောင်က သူခိုးကောင်ပဲ
မင်းတို့ မဖမ်းနိုင်ရင် ငါကိုယ်တိုင်ဖမ်းမယ်..."

"မဖြစ်ပါဘူး အိမ်ရှေ့စံ....အန္တရာယ်အရမ်း
များလွန်းလို့ပါ..ကျတော်တို့လည်း
နေ့တိုင်းရပ်တန့်နေတာမဟုတ်ပါဘူး
သူ့ကိုဖမ်းမိဖို့ ကြိုးစားနေကြတာပါ
နားမလည်တာက သူတော်ဝင်မိသားစု
နဲ့ဘာကြောင့်လာပတ်သတ်ရသလဲဆိုတာပါ..."

"သူလိုကောင်မျိုးက တော်ဝင်မျိုးနွယ်
တွေကို လာထိပါးရဲတဲ့အထိ
ငါတို့ဘက်က ညံ့ဖျင်းနေလို့ပေါ့...."

"ငါရက်ပိုင်းအတွင်းပဲ အဲ့ဒီကောင်ကိုမိချင်တယ်..
ငါခရီးစဉ်တခုရှိတယ် အဲ့ဒီခရီးစဉ်မတိုင်ခင်
အဲ့ဒီကောင်ကိုစီရင်သွားချင်တယ်
ခိုကပ်မနေဘဲ အဖျက်ကောင်ကိုရအောင်ဖမ်းကြ..."

JEonဟာ နံပါတ်တစ် လိုချင်နေသော
လူဆိုးခေါင်းဆောင်ပါ...။သူတို့အားလုံး
နှစ်တွေနဲ့ချီဖမ်းမိဖို့နည်းမျိုးစုံနဲ့ဒီနေ့အထိ
ကြိုးစားနေခဲ့ကြတာပါ...။
မင်းသား သတိထားမိသွားတဲ့အခါ
အခြေအနေသည် အိပဲ့အိပဲ့လုပ်နေ၍မရတော့။
အဆိုးဆုံးက ဘာမှမထူးဆန်းသော
ဆွဲကြိုးအား ဘာကြောင့်များဖြတ်ယူသွားခဲ့တာလဲ။
အင်အားကြီးလာလွန်း၍ အိမ်ရှေ့စံကိုတောင်
ထိရဲနေပြီဆိုတဲ့အကြောင်းတစ်ဖက်လှည့်နှင့်
ပြချင်ခဲ့တာလား...။

ကြိုက်တဲ့နည်းလမ်းနဲ့ရန်စ၍ရ​ပေမယ့်...
ဘာကြောင့်များ...ထိန်းရသိမ်းရခက်လွန်းသော
အိမ်ရှေ့စံကိုမှထိပါးခဲ့ရတာလဲ..။
မင်းကြီးနဲ့ ထိပ်တိုက်တွေ့ဆုံပြသနာရှာ
ခဲ့မယ်ဆိုရင်တောင်သူတို့ဒီလောက်
စိတ်မညစ်ရ...။
ခေါင်းငိုက်စိုက်ကျသွားကြချိန်တွင်
မင်းသားသည်ဓားမြှောင်လေးတွေအား
နံရံဆီသို့တချက်ချင်းပစ်ပေါက်နေခဲ့သည်။

KimNamJoonသည် ခေါင်းတခုလုံးအား
အများကြီးအလုပ်ပေးနေရတော့သည်....။

...............
Nov 16.....

စောင်ဖြူဖြူထဲမှထသွားသောအနောက်တိုင်း
သူလေးသည်ပါးလွှာသောဝတ်ရုံလေးကိုခန္ဓာကိုယ်
ကောက်ကြောင်းတွေအားလွှမ်းခြုံကာ

"ဘာတွေများစိတ်ရှုပ်စရာတွေရှိလို့လဲ Jeon...
ဒါမှမဟုတ် ကျမက ဆွဲဆောင်မှုမရှိလို့လား..."

အပေါ်ပိုင်းဗလာဖြင့်Jeonသည်ဆေးလိပ်အား
မီးညှိကာတချက်ဖွာပြီးနောက်
ထိုဆေးလိပ်အားအနောက်တိုင်းသူလေးကို
ပေးလိုက်သည်။

"ကျေးဇူး....."

ဆေးလိပ်အားနူတ်ခမ်းဝတွင်တေ့ထားရင်း
သူမသည်တက်တူးအပြည့်နှင့်လက်မောင်း
တွေအားပွတ်သပ်ကာ မျက်ဝန်းပြာပြာတွေဖြင့်
စူးစမ်းနေသည်။

"ဆွဲဆောင်မှုမရှိတဲ့မိန်းမမျိုးကမ္ဘာပေါ်မှာ
မရှိပါဘူး...မာရာ...မင်းကကိုယ်သဘောကျရဆုံး
ကစားစရာလေးပါ..."

"တော်သေးတာပေါ့..."

Jeon သည်အိပ်ယာပေါ်မှထကာ
မှန်ပြတင်းပေါက်တွင်မြင်နေရသော
ပင်လယ်ပြာပြာကိုငေးကြည့်ရင်း
မျက်ဝန်းထဲတွင်နီရဲနေသောဒေါသမျက်နှာ
လေးကပေါ်လာသည်။
အလုပ်တခုအရေးတကြီးပေါ်လာ၍
ဆိုးလ်နဲ့အဝေးကြီးကိုရောက်နေပေမယ့်
တစက္ကန့်လေးမှမေ့မရခဲ့။

အိမ်ရှေ့စံလေးသည်
တခါတွေ့ပီးတာနဲ့ ထပ်ခါထပ်ခါနေ့တိုင်းကို
တွေ့ချင်ထိချင်နေတော့တာ။
နိုင်ငံရတနာလေးဆိုတော့ တွေ့ချင်တိုင်းလည်း
ပြေးတွေ့လို့မရတဲ့အခါ ကမ်းခြေလှလှတခု
မှာသူ့ကိုကျေနပ်မှုပေးနိုင်သည့်မျက်ဝန်းပြာပြာ
လေးနှင့်ခဏတာလေးတော့မေ့မေ့ပျောက်ပျောက်နေ
လိုက်မယ်ပေါ့ ........။

ဒီတခေါက်တော့...မာရာသည်ကျေနပ်စရာမဟုတ်ခဲ့တော့။

မာရာ နူတ်ခမ်းတွေနေရာတွင် ဖူးဖူးကြွကြွ
နူတ်ခမ်းတွေကအစားဝင်လာသော်အခါ
သူ့လိုအပ်ခြင်းသည် မာရာမဖြစ်ခဲ့ပါ။

ကောင်းတဲ့လူမဟုတ်ခဲ့တော့ကောင်းသော
တွေးခြင်းတွေမရှိဘဲ...မင်းသားလေးအား
စိတ်ကြိုက်အကြမ်းပတမ်းနမ်းလိုက်ရသည်ဟု
စိတ်ကူးယဉ်မိတော့အားနာလိုက်ရတာ...။

အဖိုးတန်လေးက အိမ်ရှေ့စံကို....။

ဘုရင်ကြီးဟာ စိတ်ကူးယဉ်မိခြင်းတွင်တောင်
အသဲတယားယားဖြင့် ကြိတ်ပြုံးမိခဲ့သေး။
သူ့ကိုမှန်းဆ ထိတွေ့နေတယ်လို့သာ
ကြားသိရပါက အနှီမင်းသားငယ်အဘယ်မျှလောက်
ယမ်းပုံမီးကျနေလိမ့်မလဲ။

"မာရာ...မင်းအိမ်ရှေ့စံမင်းသားတပါးကို
လိုချင်ခဲ့ဖူးလား..."

"JEonကလည်း ဒီဘုရင်ကြီးကို
ပိုင်နေတာ မင်းသားကို ဘာအကြောင်းကြောင့်
မာရာက လိုချင်ရအုန်းမှာလဲ..."

"ကိုယ်သဘောကျအောင်ဖြေဖို့မလိုဘူး
မင်းစိတ်ထဲကအတိုင်းဖြေနိုင်ပါတယ်...."

"စိတ်ထဲကအတိုင်းပါ.."

"ကိုယ် လူသားလေး တယောက်ကို
မြင်မြင်ချင်းချစ်မိသွားလို့
အလောတကြီးမေးကြည့်တဲ့အခါ
ကိုယ့်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားလေး
ဖြစ်နေတယ်......"

ချစ်မိသွားလို့တဲ့............။

မာရာဆေးလိပ်ပြာအားတချက်တောက်ချလိုက်ကာ
Jeon ကိုကြည့်မိလိုက်ချိန်တွင်
Jeon ကပေါ့ပါးစွာပြုံးနေခဲ့သည်....။
Jeon မှာက အချစ်ရှိနေသေးတာလား....။
မာရာတခုခုပြန်ပြောရန်ပြင်ဆင်လိုက်ချိန်တွင်
ဝုန်းခနဲပွင့်လာသောတံခါးချပ်နောက်
ဒေါသတကြီးဝင်လာသော Kim...။
မာရာသည်Jeonနားသို့ပြေးကပ်လိုက်ကာ
Kimသည် အရှိိန်ပြင်းစွာပြေးဝင်လာပြီး
သူမအားတွန်းလွှတ်လိုက်တာကြောင့်
အခန်းထောင့်သို့ပုံရက်သားလဲသွားတော့သည်။

"ထယ်...ဘာဖြစ်လာတာလဲ....."

"ငါမင်းကိုပြောထားတယ် သူ့ကိုမပတ်သတ်ပါနဲ့
သူနဲ့မငြိအောင်နေပါဆိုတာကို
ဘာလို့ ဘာလို့ ထပ်ပီးပြသနာရှာရတာလဲ
ဘယ်မလဲ ဆွဲကြိုး ခုပေး...
အဲ့ဒီဆွဲကြိုးကြောင့် ဘာသောက်လုပ်မှလုပ်လို့
မရတော့ဘူး နေရာတကာရဲတွေ စုံထောက်တွေကြီးပဲ"

"ကိုယ်ဘာလုပ်လာလဲကိုယ်သိပါတယ်
စိတ်အေးအေးထားပါ..."

"JeonJungKook!!!ဒါအပျော်အပျက်နောက်စရာ
မဟုတိဘူး....မင်းဇာတ်လမ်းထွင်လို့လိုက်ကစားပေး
မယ့်ထဲ အိမ်ရှေ့စံမပါဘူး..."

"ကိုယ်ကစားဖို့မဟုတ်ဘူးထယ်...."

"တနိုင်ငံလုံးကမင်းကိုမြေလှန်ရှာနေပီ
မင်းကိုမိရင် ငါတို့အားလုံးမသေချာဘူး
ငါတို့ဒီလိုအနေအထားရအောင်ဘယ်လောက်
ကြိုးစားခဲ့ရသလဲ...ဘယ်လောက်ရုန်းကန်ခဲ့ရလဲ
ဘာတွေရင်းခဲ့ရသလဲ....
မင်းရဲ့စိတ်ပျော်ရာကြောင့်ဘဝတွေအကုန်လုံး
ကိုမသတ်ပစ်နဲ့..."

"KimTaeHyung!!!"

Jeonသည်အသံဩရှရှဖြင့်အော်ပြောနေသော
Kim၏လက်ကောက်ဝတ်တွေကိုဆွဲခေါ်ကာ
အပြင်ဘက်ဝရံတာသို့ထွက်လိုက်သည်။
နံရံတခုနားKimအားဆွဲကပ်တော့
ဆံပင်နက်တွေကြားထဲကစူးရှနေသော
အကြည့်တစုံသည် ဒေါသတွေဖြင့်ပြည့်နှက်နေသည်။

"JeonJungkook ဆိုတဲ့လူအကြောင်း
မင်းကအသိဆုံးဖြစ်ပြီး
ဘာကိစ္စနဲ့များ လိုက်ဖမ်းနေတယ်
လိုက်ရှာနေတယ် ဆိုတဲ့ အကြောင်းအရာကို
စကားလုပ်လာပြသနာရှာရတာလဲ ထယ်
ကိုယ်ဘယ်တော့မှအဖမ်းမခံနိုင်ဘူးဆိုတာ
မင်းအသိဆုံးလေ....ဘာလို့အများကြီး
ဒေါသတွေထွက်နေရတာလဲ...."

"ငါအလုပ်လုပ်နေတယ်...
မီလီယံချီတဲ့အလုပ်တွေကိုငါလုပ်နေတယ်
မင်းသွားရန်စထားတဲ့ကောင်က
ဘာမှလုပ်မရအောင်ပိတ်ပင်နေတယ်
သူ့ကိုမင်းလျှော့မတွက်သင့်ဘူး
Jeon....ငါခုဘာမှလုပ်မရဘူး
ငါစိတ်မရှည်ဘူး ငါစိတ်မရှည်ရင်
မြင်သမျှအားလုံးပစ်သတ်မိလိမ့်မယ်.
အဲ့ဒီကောင်ကို ထပ်မပတ်သတ်ပါနဲ့
ငါ့ငွေတွေ မင်းအရူးထမှုကြောင့်တပြားမှ
အဆုံးမခံနိုင်ဘူး....."

"ပိတ်ပင်တယ်....သူကကိုယ့်အလုပ်တွေ
ကိုပိတ်ပင်တတ်နေတာလား..."

"အဲ့ဆွဲကြိုးကိုပြန်ပေးလိုက်တနည်းနည်းနဲ့...
အေး..ထပ်စိတ်တိုလာရရင်
ငါ့အကြောင်းကိုသိစေရမယ်..."

Kimသည်သေနတ်နှင့်သူရောမာရာရောကို
ချိန်တွယ်ကာပြောပြီးထွက်သွားခဲ့သည်။

ဘာတွေအဆင်မပြေဖြစ်သလဲ
ဆိုတဲ့ကိစ္စကိုထယ့်ကိုမေးလျှင်ဖြေမှာမဟုတ်။
ဒေါသထွက်လာတာနှင့်လိုရင်းရောက်မည်မဟုတ်ပါ။
နေသန်ကိုဖုန်းလှမ်းခေါ်ရသည်။
သူ့အလုပ်တွေမဖြောင့်ဖြူးလျှင်
ထယ့် ထက် သူကပိုဒေါသထွက်တတ်ပါသည်။
အကြောင်းစုံသိခဲ့ရတဲ့အခါ
နေသန်အားဘာလုပ်ရမယ်ဆိုတာ
အစီအစဉ်ချပေးပြီး...ဒီကအလုပ်ကိစ္စတွေ
ပြီးပါက ချက်ချင်းပြန်ကာကလေးကွက်တွေနှင့်
ကလေးလေးအား သွားရောက်ခစားရမည်...။

................
Dec 4. ....

"ဒီနှစ်အတွက်ပထမဆုံးနှင်းတွေကျနေပါပီ
အိမ်ရှေ့စံ......"

နန်းဆောင်ထဲတွင်Jeon ဆိုသောလူ၏
အချက်အလက်တွေအားကြည့်နေတုန်း
လာအသိပေးသောကြောင့်ပြတင်းပေါက်သို့
မော့ကြည့်လိုက်သည်။
မှန်အကြည်များဖြင့်အလှဆင်ထားသော
နန်းဆောင်ကြောင့်တဖွဲဖွဲကျနေသော
နှင်းအစုအခဲများသည် စိတ်လှုပ်ရှားမှုကို
နှစ်တိုင်းလိုလိုပေးစွမ်းနိုင်ခဲ့ပါသည်။

သူနှင်းတွေကိုသိပ်ချစ်သည်.....။

စည်းတွေဘောင်တွေ မင်းသားတပါးရယ်လို့
ကန့်သတ်မှုတွေအောက်သိတတ်စထဲက
အသက်ရှင်ခဲ့ရတာကြောင့် လိုချင်တာထက်
လိုအပ်တာကိုရွေးချယ်ခဲ့ရသည်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာအပေါ်
တည်ဆောက်ခဲ့ရခြင်းကြောင့် တက်တက်မက်မက်
စွဲလန်းခဲ့ရတာမျိုးလည်းမရှိ။
နှစ်သက်သောအရောင် အစားအစာ
သက်ရှိ သက်မဲ့ ဘာတခုမှမရှိခဲ့ဖူးပါ။
ထူးထူးခြားခြား နှစ်တစ်နှစ်ရဲ့ပထမဆုံး
နှင်းတွေကိုတော့ သဘောတကျ
စောင့်ကြည့်ခဲ့ရမြဲ။

"သိပြီ သွားတော့....."

ဝတ်ရုံရှည်တခုထပ်ဝတ်လိုက်ပီးနောက်
နန်းဆောင်အပြင်သို့ထွက်လာကာ
ကျဆင်းလာသောနှင်းပွင့်ဖြူဖြူလေးတွေအား
လက်ဝါးဖြန့်လျှက်ထိတွေ့ခဲ့သည်။
ပြုံးမိတော့မလိုဖြစ်သွားသောနူတ်ခမ်းတွေအား
ထိန်းကာတင်းတင်းစေ့ထားမိသည်။

ကမ်းခြေမြို့တခုမှအလုပ်ကိစ္စတွေပီးပြတ်ပြီး
ပြန်လာတဲ့အခါ ခြေလှမ်းသွက်နေသော
ရဲတွေနဲ့...တခါမှအလုပ်သေချာမလုပ်ခဲ့သော
တချို့ရာထူးကြီးကြီးတွေကပါသူ့ကိုအပြင်းအထန်
ရှာနေကြကြောင်းသိလိုက်ရတော့
ဝိုင်တခွက်သောက်ရင်းရီလိုက်ရတာ...။

ထယ်ကတော့...အလုပ်တွေမကြန့်ကြာသင့်ပဲ
ကြန့်ကြာနေတာ မအောင်မြင်တာတွေကြောင့်
အနားတွင်အမြဲတပူပူတဂျီဂျီ...

ပိုမိုတင်းကျပ်လာသောစစ်ဆေးမှုတွေနှင့်
အလှမ်းဝေးသောနယ်စပ်များအထိတောင်
အသဲယားစရာကောင်းစွာသူလေးက
အစောင့်အကျပ်တွေချကာနှောက်ယှက်သည်။
တချို့အကွက်အကွင်းတွေလည်းမအောင်မြင်ကာ
သူ့ဘက်ကလူများအဖမ်းခံထိသည်အထိ။
က်စ္စတော့မရှိပါ ဖမ်းသွားသောသူများသည်
သူ့ကိုမပြောနှင့်သူ့နာမည်အရင်းတောင်
သေချာမသိသောအစွယ်အပွါးသေးသေးလေးများ။
သေဆုံးသွားလျှင်လည်းကိုယ်တိုင်ညံ့ဖျင်းမှုကြောင့်မို့
သူအများကြီးဂရုတစိုက်ရှိနေလိမ့်မည်မဟုတ်။
ဒီလမ်းကိုလျှောက်နေသောလူများတွင်
ကိုယ်ချင်းစာတရားနှင့် ကြင်နာမှု မျှဝေခံစားမှု
တို့ အလွန်ရှားပါးသောကြောင့် အိမ်ရှေ့စံလေး
ဓားစာခံအဖြစ်ခေါ်သွားသောသူများကို
ခေါင်းဆောင်Jeonပုံမှန်ဆိုလျှင်တယောက်ယောက်
နှင့်လက်လွှဲကာတချက်မျှလှည့်ကြည့်မည်မဟုတ်ပါ။

ခုတော့လည်း...လှည့်ကြည့်ချင်လာသည်။
အလုပ်တခုအားအောင်မြင်အောင်မလုပ်နိုင်ခဲ့သော
လူများကို အပြစ်ကောင်းကောင်းပေးတာမျိုး
ရဲလက်ထဲအထိ ညံ့ဖျင်းစွာပါသွားတာမျိုးကို
သတ်ပစ်လိုက်တာမျိုးအထိ လက်စဖျောက်ပစ်တတ်
ပေမယ့် ဒီတကြိမ်တော့ ဓားစာခံများသည်
JEonအတွက်အရေးကြီးလှပါသည်။
အဘယ့်ကြောင့်ဆိုသော်....

အနီရောင်ဝတ်စုံလေးကိုခြုံထားသော
ဦးဆုံးနှင်းတွေကြားထဲ ကအိမ်ရှေ့စံလေး
ကိုပြောစရာ ကိစ္စလေးတခုရှိလာသောကြောင့်ဖြစ်သည်။
ဓားစာခံများသည် Jeonအတွက်သေချာပေါက်ကို
အရေးကြီးခဲ့ပြီ။

အမှောင်ထုထဲကအနက်ရောင်လူသားသည်
နန်းဆောင်ရှေ့ကမီးရောင်ထိန်ထိန်​အောက်
လက်ဝါးလေးဖြန့်ကာနှင်းပွင့်လေးတွေအား
ထိတွေ့နေသောပုံရိပ်လေးအားငေးကာ
နူတ်ခမ်းတွေအဆုံးအထိညွှတ်ကိုင်းလျှက်
ပြုံးပြီးကြည့်နေခဲ့သည်။
ဆွဲကြိုးဖြတ်သွားတဲ့နေ့ကစ
အလုပ်ကိစ္စတွေသည်အရင်လိုမချော့မွေ့နိုင်
တော့ဘဲမသိမသာအာရုံနောက်စရာလေးတွေ
ကြုံခဲ့ရခြင်းကြောင့် ဝတ်ရုံအနီရောင်လေးနှင့်
ချစ်စရာလူသားလေးကိုမေးမေးနမ်းချင်နေပြီ။

ဒုတိယတကြိမ်ရိပ်ခနဲလှုပ်ရှားမှုတခု..။
ကျောင်းကသီးသန့်ခန်းထဲမှာလိုပဲခံစားမှုသည်
တစ်ထပ်ထဲ....။
နှင်းတွေအားခံစားနေမှုကိုချက်ချင်းဖျောက်
ပစ်ကာထိုအမှောင်ထုထဲသို့လျှင်မြန်စွာပြေးသွား
လိုက်သည်။

ဘယ်သူလဲ...နန်းတော်ထဲအထိ...ရဲတင်းလိုက်တာ...။

အိမ်ရှေ့စံသည်မျက်လုံးရှင်ရှင်များဖြင့်
အမှောင်ထုထဲပတ်ပတ်လည်လိုက်ရှာမိသည်။
ဘယ်သူပဲဖြစ်ဖြစ် နန်းတော်သည်
ပေါက်လွှတ်ပဲစားဝင်ထွက်သွားလာရ
သောနေရာမဟုတ်...။
အန္တရာယ်တခုခုဆိုတာကျိန်းသေသေချာပါသည်။

"အ...!"

လက်ကောက်ဝတ်တဖက်အားအမှောင်ထုထဲ
ကရုတ်တရက်ဆွဲခေါ်သွားခဲ့သည်။
နွေးထွေးသောအသိုက်အမြုံတခုထဲသို့
ရောက်သွားခဲ့သလိုအသက်ရှုသံပြင်းပြင်းကိုလည်း
ကြားလိုက်ရသည်။ခြုံငုံခံစားကြည့်လိုက်လျှင်
လူတယောက်ကဆွဲခေါ်ကာရင်ခွင်ထဲထည့်
ထားလိုက်ခြင်း..။

အမြဲဆောင်နေကျ ဘောင်းဘီအိတ်ထဲမှ
ဓားမြောင်လေးအားထုတ်ကာ
ဆွဲဖက်ထားသောလက်တဖက်အားထိုးချလိုက်သည်။
နန်းဆောင်တခုနှင့်တခုကြားအလင်းရောင်
သည်လရောင်ကလွဲ၍မရှိ။
အသားထဲသို့ဓားတချောင်းလုံးစိုက်ဝင်သွား
ခဲ့သော်လည်းအသံတချက်မှမထွက်သောသူသည်
စိုက်ဝင်နေသောဓားအားဆွဲထုတ်လိုက်ကာ
မြေပြင်ပေါ်သို့အရှိန်ဖြင့်လွှင့်ပစ်သည်။
လက်တွေကိုလွှတ်ပေးလိုက်တာကြောင့်
အိမ်ရှေ့စံသည်မြန်ဆန်စွာရုန်းထွက်ကာ
တိုက်ခိုက်ရန်ပြင်ဆင်တော့သည်။

"ငြိမ်ငြိမ်နေစမ်း...ကိုယ်နာသွားတယ်..."

မျက်နှာတည့်တည့်သို့မြန်ဆန်စွာရောက်လာခဲ့သော
လက်တွေအားဆွဲချူပ်ကာအသံတိုးတိုး
ဆိုတော့ပြူးကျယ်သွားသောမျက်လုံးလေးတွေ။

"မင်း......!!!!"

"အိမ်ရှေ့စံမင်းသားဖြစ်ပီး
ဘယ်သူမှန်းမသိလည်း
ဓားနဲ့ထိုးတတ်တာပဲလား...."

လရောင်အောက်ကစူးရဲတောက်ပနေသော
မျက်လုံးဝိုင်းဝိုင်းတွေ။ထုံးစံအတိုင်း
အနက်ရောင်Maskတပ်ထားခဲ့ပေမယ့်
သူကလည်းထုံးစံအတိုင်းပဲ
ဆွဲဖြုတ်ပစ်သည်။

"သတိရနေခဲ့တာ...."

"ဒူးထောက်စမ်း!!!!!"

ခြေထောက်အားဖြတ်ကန်ကာဒူးထောက်စေ
ချင်သောအိမ်ရှေ့စံလေးသည်
တခြားလူတယောက်ရှေ့ မျက်လွှာပင်မချ
ဖူးခဲ့သည့်သူ့ကို အမိန့်ပေးခဲ့တာ.....။
ဘုရင်တပါးဖြစ်လာတော့မည့်သူ၏
မာန်နှင့် အသံသည် မျက်နှာဖူးဖူးလေးနှင့်
လုံးဝမလိုက်ဖက်သော်လည်း
JEonသည်ခိုးဝင်ခဲ့သောနန်းတော်ကြီးကို
မေ့ခဲ့သည်။

"ဒီတိုင်းရပ်ပြောလို့မရဘူးလား..
အောက်မှာအမှိုက်တွေနဲ့ အိမ်ရှေ့စံ
ခြုံထည်လေးခင်းပေးရင်တော့မဆိုးဘူး
ကိုယ်က ညစ်ပတ်တာမျိုးက်ုမကြိုက်လို့.."

"မင်းကများ.."

လက်သည်တည့်တည့်မတ်မတ်ထပ်မံမျက်နှာ
ဆီသို့ဦးတည်လာသောအခါ
JEonသည်ထိုလက်တွေကိုလွယ်ကူစွာ
သိမ်းပြီးနူတ်ခမ်းတွေဆီသို့ပို့သည်။
နီရဲတက်သွားသောနားရွက်ဖျားလေးတွေနဲ့
အရှိန်အဟုန်နဲ့ထွက်ပေါ်လာသောဒေါသ
အရိပ်အယောင်များသည်နူတ်ခမ်းများပင်
ဆက်ဆက်တုန်တဲ့အထိ။

"ငြိမ်ငြိမ်နေလို့ပြောထားသားပဲ...."

အိမ်ရှေ့စံသည်ပထမဆုံးအကြိမ်နန်းဆောင်အနီးအနား
အစောင့်များများမထားမိသည်ကို
နောင်တရခဲ့ကာဒီလက်တွေ၏အင်အားကို
ဘယ်လိုပဲရုန်းထွက် ရုန်းထွက်မရန်ုင်တာကို
သိနေခဲ့တာကြောင့် လှမ်းအော်အသိပေးရန်
နူတ်ခမ်းတွေကိုအားယူလိုက်ချိန်တွင်
အသံမထွက်လာနိုင်အောင်ချက်ချင်းပိတ်ဆို့
ခဲ့သောနူတ်ခမ်းပါးပါးများ....။

ဒုစရိုက်ခေါင်းဆောင်တယောက်ထက်ပိုပြီး
ဘာမှထပ်မသိခဲ့သောလူတစ်ယောက်ရဲ့
ရမ်းကားမှုသည် အိမ်ရှေ့စံ၏သွေးတွေအား
ပွက်ပွက်ဆူစေခဲ့ပါသည်။

စိတ်ကူးယဉ်ခဲ့တာနဲ့ယှဉ်မရအောင်
အိထွေးနေသောနူတ်ခမ်းထူထူလေးများသည်
ပထမဆုံးအကြိမ်မလို့လားမသိ...
တညလုံးတောင်လွှတ်မပေးချင်...။
ဒုတိယတကြိမ်လည်းလွှတ်ပေးနိုင်လိမ့်မယ်လို့
မထင်ပါ...။
အသံပင်မထွက်နိုင်အောင်သေးသွယ်သော
မျက်နှာလေးအားချူပ်ကိုင်ကာ
အပြင်းအထန်နမ်းနေခဲ့သည်။

နန်းတော်ထဲခိုးဝင်လာခဲ့ထဲက
ရည်ရွယ်ချက်သည်.....
မေးမေးနမ်းဖို့ရန်အပြင်တခြားမရှိ...။
ရည်ရွယ်ချက်ကိုအောင်မြင်အောင်အရင်လုပ်ရမည်။
ကျန်တာက ကျန်တဲ့အပိုင်း.... ။

အိမ်ရှေ့စံ၏
လက်နှစ်ဖက်လုံးသည်ရုန်းကန်တွန်းလွှတ်နေကာ
နောက်ဆုံး ဓားစိုက်ထားသော
ဒဏ်ရာအားလက်ဖြင့်အားကုန်ဖိချလိုက်တော့မှ
နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ
ပြတ်မထွက်ရုံတမယ်ထိတွေ့နေသော
နူတ်ခမ်းတွေအားလွှတ်ပေးခဲ့သော မူးယစ်ရာဇာ
သည်သေလောက်အောင်မုန်းဖို့ကောင်းလွန်းသည်။

ဖြောင်း...ဖြောင်း..

လက်ပြန်ဖြင့်မျက်နှာတည့်တည့်အားနှစ်ချက်
ဆင့်ရိုက်လိုက်ပြီးထိုမုန်းစရာလူ၏
ရင်ဘက်တည့်တည့်အားခြေထောက်ဖြင့်
ကန်လိုက်သော်အခါမြေပြင်ပေါ်သို့
လဲပြိုကျသွားသည်။

"ရွံစရာကောင်....!!!"

သွေးရူးသွေးတန်းဖြင့်အနီးအနားရှိအလှ မြေပန်းအိုး
အားပြေးယူကာအိမ်ရှေ့စံသည်Jeon ဆီသို့
တည့်တည့်မတ်မတ်ပစ်ခဲ့သည်။
လျှင်မြန်စွာလွတ်ရုံလေးရှောင်လိုက်ရပီး
သွေးထွက်နေသောဒဏ်ရာအားလက်ဖြင့်ဖိထားကာ
မင်းသားဆီသို့ပြေးဝင်လာပြန်သည်။
တကိုယ်လုံးတုန်ရီသည်အထိဒေါသအငွေ့အသက်
တွေဖြင့်အိမ်ရှေ့စံ၏ပါးနှစ်ဖက်အား
ဖျစ်ညစ်လိုက်ကာ

"မင်းနေရာမှာတခြားသူသာဆိုရင်
အသက်ရှင်စရာမလိုတော့ဘူး မင်လေး...
အရမ်းမဆိုးပါနဲ့လား...
ကိုယ်သတိရလွန်းလို့ခက်ခက်ခဲခဲလာတွေ့ရတာကို..."

"မင်းလိုအောက်တန်းစားကများငါ့နာမည်ကို...."

ဒဏ်ရာကိုဖိထားသောလက်တွေနဲ့ပဲ
ပါးလေးတွေကိုဖျစ်ညှစ်မိတော့
JEonရဲ့သွေးရဲရဲများသည်မင်းသားလေး၏
မျက်နှာပေါ်တွင် ဟိုတကွက်ဒီတကွက်။

"ငါက အိမ်ရှေ့စံ!!!!!"

"သိတယ်......"

"မင်းလုပ်ရပ်တွေက ဘယ်လောက်အထိ
ရမ်းကားနေပီလဲဆိုတာ မင်းကိုယ်တိုင်က
မကောင်းမှုတွေဖုံးနေလို့မသိပေမယ့်
ဒီညမှာမင်းလုပ်ခဲ့တဲ့အပြုအမူအတွက်
ထိုက်တန်တဲ့အရာမျိုးငါပြန်ပေးမယ်"

"နမ်းတာက အပြစ်လား
ကိုယ်မင်းနှောက်ယှက်ထားတဲ့
ပြသနာလေးတွေကို အချိန်ပေးပီးရှင်းရသေးတယ်
သတိရလွန်းလို့လည်းလာတွေ့ရတယ်
နမ်းတာကတော့ ကိုယ်အစထဲကရည်ရွယ်လာတာမို့
နန်းတော်တခုလုံးဝိုင်းထားရင်တောင်
မင်လေး ကို ရအောင်နမ်းမှာပဲ....
အနမ်းမှာအပြစ်မရှိပါဘူး...
ကိုယ်မင်းကိုစတွေ့တွေ့ချင်းထဲက
မြတ်နိုးမိသွားလို့ပါ..."

သက်သက်မဲ့နန်းဆောင်ထဲအထိလာ
မျက်နှာပြောင်တိုက်နေတဲ့လူ။
သူ့လူတွေ သူ့အလုပ်တွေ ကသောင်းကနင်း
ဖြစ်လို့ ပြေးလာပြသနာရှာမှန်းသိပ်သိသာပါသည်။
သို့သော် ပြသနာကို ရွံစရာနည်းဖြင့်ရှာခဲ့သည်။

ယောကျ်ားချင်း...ထိုသို့အပြောခံရခြင်းများသည်
သာမာန်လူဆိုရင်တောင် လက်မခံနိုင်စွာ
ရန်ပွဲများသို့ဦးတည်နိုင်တာ
မင်းသားတပါးအနေနဲ့ ကတော့ပြောဖွယ်ရာမရှိ။
ပစ်ခတ်ရန် သတ်ဖြတ်ရန် ရန်လာစရင်တောင်
သူဒီလောက်တုန်လှုပ်မည်မဟုတ်ပါ...။
ခုဟာက...စော်ကားနေတာ....
သူ့ကိုတင်မက တော်ဝင်မိသားစုတခုလုံးကိုပါ
မခန့်လေးစား လာလုပ်နေတာ...။
အသက်ရှူပင်ကျပ်လာသည်အထိ
ဒေါသမီးတောက်ခဲ့ရသည်...။

"အိမ်ရှေ့စံ!!!!!!!"

နန်းဆောင်မှာသူမရှိတာကြာသွား၍အစောင့်
အကျပ်တွေ အထိန်းတော်တွေရှာနေပီဆိုတာ
ခြေသံတွေအရကြားလိုက်ရသည်။
နားပါးလှသောထိုလူသည် လှစ်ခနဲအမှောင်ထဲ
သို့တိုးဝင်တော့မည်ကိုကြိုသိခဲ့နေတာကြောင့်
ထင်တဲ့အတိုင်းပြေးထွက်သွားတဲ့အခါ
သူနောက်မှမျက်ခြေမပြတ်လိုက်ခဲ့တော့သည်။

ဖမ်းမိမှဖြစ်မည်...။
မျက်စိရှေ့တည့်တည့်ရောက်လာခဲ့တာတောင်
ထပ်လွတ်သွားလျှင်သူညံ့ဖျင်းလွန်းရာကျလိမ့်မည်။
ရိပ်ခနဲရိပ်ခနဲခုန်ပျံကျော်လွှားသွားပုံသည်
အမှီလိုက်ဖို့မလွယ်ကူခဲ့ပါ။
အစောင့်အကျပ်တွေအား လုပ်ကြံသူ ဟုအသိပေး
ကာအစုအဖွဲ့ဖြင့် ထိုလူနောက်ကို
လိုက်ခဲ့ကြသည်။

ဓားမြောင်သေးသေးလေးတွေကိုခန္ဓာကိုယ်အနှံ့
ဆောင်တတ်သူမို့ အနက်ရောင်အရိပ်အား
နီးကပ်လာသည်နှင့်လှမ်းပေါက်ခဲ့သည်။
သူကလည်းပြေးခြင်းတွင်ထူးချွန်လှသလို
မင်းသားငယ်သည်နှင့်လက်တည့်လွန်းတာကြောင့်
ဒုတိယဓားမြောင်းလေးသည် ညာဘက်ခြေထောက်
တည့်တည့်သို့စိုက်သွားခဲ့သည်။

ငြီးငြူသံတချက်ကြားပီးနောက်တွင်
အနက်ရောင်အရိပ်သည်လျှင်မြန်လှစွာပင်
သူတိူ့အားလုံးအားမျက်ခြေဖျက်သွားခဲ့သည်။

"တောက်!!!!!"

မျက်နှာနုနုပေါ် တွင်ဒုစရိုက်သမားကြီး၏
သွေးရဲရဲများဖြင့် အပြင်းအထန်အနမ်းခံထားရ
သောနူတ်ခမ်းဖူးဖူးတို့အပါအဝင်
အခိုးအငွေ့များတောက်လောင်နေသောမျက်လုံး
တွေထဲမှ ပထမဆုံးအကြိမ်မျက်ရည်တို့ဝဲတက်
လာတော့...နန်းတော်တခုလုံးတုန်လှုပ်သွားကြသည်။

အိမ်ရှေ့စံရဲ့မျက်ရည်တွေကိုပထမဆုံး
မြင်ခဲ့ရတာကြောင့်ထွက်ပြေးသွားသော
လူသည်တော်ရုံတန်ရုံလူမဟုတ်နိုင်....။

အနီရောင်ဝတ်ရုံအားဆွဲချွတ်ကာမြေကြီးပေါ်
တွင်လွှင့်ပစ်ခဲ့ပြီးခြေလှမ်းကျဲများဖြင့်
နန်းဆောင်ထဲဝင်သွားခဲ့သော မင်းသားလေးအား
သူတို့ဘာမှမမေးရဲခဲ့ပါ.....။

ပထမဆုံးနှင်းတွေသည်ကျနေဆဲ....။
သို့သော် မင်းသားသည် နန်းဆောင်တခုလုံးအားခဏအကြာတွင်အမှောင်ချပစ်လိုက်တော့သည်။

Okumaya devam et

Bunları da Beğeneceksin

1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
185K 17.4K 40
လူတိုင်းကလူလိမ်တွေချည်းဘဲ..ကျွန်တော်ကအဲ့ထဲပါတယ်..ကိုယ့်ကိုယ်ကိုလိမ်ခဲ့တယ်..ခုကျွန်တော်မလိမ်ချင်တော့ရုံဘဲ..အမှန်တရား..တစ်ခုကိုပြောပြလိုက်တယ် ""သူမင်းက...
827K 73.3K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."