"ဟယ်လို Boss ကျွန်တော် ဒီနေ့ခွင့်လေးတစ်ရက်လောက်ယူချင်လို့"
"ဘာ!!"
"တစ်ရက်တည်းပါ Boss ရယ် ငယ်လေးကိုလေဆိပ်မှာကြိုမလို့ပါဗျာ နော် နော်"
"ဒီနေ့အချိန်ဇယားပို့ပေးလိုက် မှာထားတဲ့ပန်းစည်းက"
"အဲ့တာ ဆိုင်ကိုမှာပြီးပြီ မှာနေကျဆိုတော့ကျွန်တော့်
နာမည်ပြောလိုက်ရင် သိတယ် Boss ဝင်ယူလိုက်ရုံဘဲ"
"ငါ့ကိုလိပ်စာပို့ပေးလိုက်"
"ဟုတ်ကဲ့ Boss ကျေးဇူးပါ Boss"
"ငါ့ညီကိုသာ ဂရုစိုက်"
"Yes, sir"
အောင်ဘုန်းသျှန် Black Sky (BS) Group ရဲ့ CEO။
အောင်ဘုန်းထက် ဆိုသည့်ညီတစ်ယောက်ရှိပေမယ့်
စီးပွါးရေးစိတ်မဝင်စားဘဲ နိုင်ငံခြားမှာဆေးကျောင်းသွားတက်ကာ ယနေ့ မြန်မာနိုင်ငံသို့အပြီးပြန်လာခြင်း။
ဟန်ငြိမ်းမောင်က လူယုံအတွင်းရေးမှူးဖြစ်ရုံသာမက
ညီဖြစ်သူအောင်ဘုန်းထက်နဲ့ လဲအကြောင်းပါသော
ကြောင့် ယောက်ဖ တော်သေးသည်။
အောင်ဘုန်းသျှန် ပန်းစည်းဝင်ယူဖို့လိပ်စာအတိုင်းလာခဲ့တော့ အိမ်ဆိုင်လေးတစ်ခု၊ ခြံထဲမှာလဲပန်းပင်တွေ
စိုက်ထားသည်၊ပန်းဆိုင်အပြင် ဘေးခန်းလေးနဲ့
အဝတ်အစားဆိုင်အသေးလေးပါဖွင့်ထားသည်၊
သူ့ဟာသူတော့သပ်ရပ်လို့ကြည့်ကောင်းနေသည်။
"ကြိုဆိုပါတယ်ဗျ ဘာများအလိုရှိပါသလဲ"
ပန်းဆိုင်ထဲဝင်လိုက်တာနဲ့အပြုံးလေးတစ်ပွင့်နဲ့
နွေးထွေးစွာ ကြိုဆိုနေတဲ့ကောင်လေးကြောင့်
သူ့ရင်ထဲနွေးထွေးသွားတာတော့အမှန်ပင်။
"ကိုယ်ပန်းစည်းလာယူတာ ငြိမ်းမောင်နာမည်နဲ့
မှာထားတယ်"
"ခဏလေးစောင့်ပေးလို့ရမလားဗျ ပြီးပါတော့မယ်"
"Okay ကိုယ်လဲဒီမှာလျှောက်ကြည့်လို့အဆင်ပြေလား"
"ဟုတ်ကဲ့ သက်သောင့်သက်သာနေပါ"
ဆိုင်ထဲသေချာကြည့်မိတော့မှ ကလေးမလေး
တစ်ယောက်က ဆိုင်ထောင့်လေးကဖော့ဖျာ လေးပေါ်မှာကစားနေသည်။ သူ့ကိုတွေ့တော့ရယ်ပြနေသည်။
"ဦးဦး ကပန်းလာဝယ်တာလား"
"ဟုတ်တယ်လေ"
"ကြည်သာ ကြောင့် မနက်ကဖေဖေအလုပ်လုပ်တာနောက်ကျသွားလို့ ဦးဦးပန်းစည်းကမမှီဘဲဖြစ်သွားတာ တောင်းပန်ပါတယ်ရှင့်"
နှုတ်ခမ်းလေးထော်ထော်နဲ့ပြောပြနေသောကောင်မလေးကချစ်စရာလေးပင်။သို့ပေမယ့်
"သူကကလေးမလေးရဲ့ ဖေဖေလား"
"ဟုတ်တယ်ရှင့်"
"ဪ နာမည်က ကြည်သာဘဲလား"
"မသိတဲ့လူဆို နာမည်မပြောပြရဘူးလို့ ဖေဖေကမှာထားတယ်"
မျက်မှောင်လေးကျုံ့ပြီးပြောသောကောင်မလေးကြောင့် သူပြုံးမိတာတော့အမှန်ပင်
"ရပါပြီခင်ဗျ"
"ကလေးမလေး ဦးဦးပြန်တော့မယ်နော်"
"ဟုတ်ကဲ့ ခရီးလမ်းဖြောင့်ဖြူးပါစေ"
"ပိုက်ဆံက ကြိုရှင်းပေးပြီးသွားပါပြီ"
"အင်း ကိုယ်သွားတော့မယ်"
"ဟုတ်ကဲ့ ခရီးလမ်းဖြောင့်ဖြူးပါစေ"
[နှုတ်ဆက်တာလေးက တူလိုက်တာ ကလေးမလေးကိုကောင်းကောင်းသင်ပေးထားတာဘဲ]
ထိုနေ့တစ်နေ့လုံး အောင်ဘုန်းသျှန် ရဲ့အတွေးထဲမှာတော့ ပန်းဆိုင်ကသားအဖက နေရာယူထားလေသည်။
~~~~~~~~
"ကိုကြီး မနက်ဖြန်ကျွန်တော်အလုပ်ဝင်ရတော့မယ်"
"ဝင်ပေါ့"
"ဟာဗျာ ကျွန်တော် ကားလိုချင်တယ်လေ"
"မင်းမှာ ငြိမ်းမောင်ရှိတာဘဲလေ"
"ကိုငြိမ်းမောင်က ကိုကြီးနောက်ဘဲလိုက်နေရတာနဲ့မအားတာလေ"
"ငါပြောတာ မင်းရဲ့ငြိမ်းမောင်ကိုဝယ်ခိုင်းပါလားပြောတာ"
"ယူတောင်မယူရသေးဘူးလေဗျာ"
"အဲ့တော့ ငါဝယ်ပေးရမယ်ပေါ့"
"ဝယ်စရာမလိုဘူးလေ ညနေကျကိုကြီးရဲ့showroom ထဲကနေ ကျွန်တော်ကြိုက်တာရွေးယူလိုက်မယ်"
"မင်းဘာသာ သွားယူ"
"ဟွန့် ကိုကြီးတို့များ ဘယ်လိုခန္ဓာနဲ့မွေးလာမှန်းကိုမသိဘူးပိုက်ဆံတွေဘဲရှာ သုံးဖြုန်းမယ့်လူလဲမရှိ အဲ့လိုမရှိလို့ တစ်ဦးတည်းသောညီလေးကို အလိုလိုက်မလား
အောက်မေ့တယ် အမြဲတမ်း ဘုနဲ့ဘောက်"
"ငါ့ဘာသာ ဘယ်လိုဖြစ်ဖြစ်"
"အင်းပါ အင်းပါ နောက် အချစ်နာကျမှ
အောင်ဘုန်းထက်ရေကယ်ပါဦးဆို ဆောတီးဘဲနော်"
"ခွေးကောင် မင်းမြန်မြန်သွားတော့"
"ဟားးးဟားး လူပျိုကြီးအရှိုက်ထိနေပြီ"
အောင်ဘုန်းထက် Car showroom မှာကြိုက်တဲ့ကားရွေးပြီး အိမ်သို့အပြန် လမ်းမှာ မီးပွိုင့်မိနေသောကြောင့် မျက်လုံးကလျှောက်ကြည့်ရာ
သူ့အစ်ကိုအောင်ဘုန်းသျှန်က လမ်းဘေးမှာ ကားရပ်ထားပြီး ကားကိုမှီကာ ကစားကွင်းထဲက တစ်စုံတစ်ခုကို မေ့မေ့မျောမျော ကြည့်နေသည့်မြင်ကွင်းပင်........သူကြည့်နေတဲ့ဘက်ကိုလိုက်ကြည့်တော့ ကလေးမလေးတစ်ယောက်ကစားနေတာကိုတွေ့ရသည်။
"WTFF!! အဲ့ကလေးမလေးကိုတော့....မဟုတ်လောက်ပါဘူး"
ဆက်ကြည့်နေရင်းမှ ထိုကလေးမလေးရဲ့
အဖေဖြစ်ဟန်တူသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။
"အဟိ...လူပျိုကြီးတော့ အချစ်တွေ့ပြီထင်တယ်"
ဒီနေ့ အောင်ဘုန်းသျှန် အိမ်သို့ပြန်လာစဉ် မီးပွိုင့်မှာရပ်နေတုန်း သူ့ကားရှေ့ကလူကူးမျဉ်းကျား ကနေဖြတ်သွားသော ထိုကောင်လေးကြောင့် ရင်ခုန်သံတွေမြန်လာသလိုခံစားရသည်။ ထိုကောင်လေးရဲ့ လက်ကလဲ လွယ်အိတ်လွယ်ထားသော ကလေးမလေးကိုဆွဲထားသေးသည်။ လက်တစ်ဖက်မှာလဲ ရေခဲမုန့်လေးကိုယ်စီနဲ့၊ ကြည့်ရတာ ကလေးမလေးကို မူကြိုကျောင်းကကြိုလာတာဖြစ်မည်၊ဆက်ကြည့်နေရင်းမှ ထိုနားမှာ ရှိသော ပန်းခြံထဲသို့ဝင်သွားခြင်းကြောင့် အောင်ဘုန်းသျှန် စောင့်ကြည့်နေမိခြင်း။ကလေးမလေးနဲ့တူတူကစားရင်း ပြုံးနေတဲ့ကောင်လေးရဲ့အပြုံးက အရမ်းချစ်ဖို့ကောင်းသည်။ဖြူစင်သည်။ ကောင်လေးရဲ့မျက်နှာလေးက သူ့ရင်ကိုအေးချမ်းစေသည်။
"ဟယ်လို Boss"
"ငြိမ်းမောင် ဟိုနေ့ကမင်းပန်းမှာတဲ့ဆိုင်က ကောင်လေးအကြောင်း အကုန်စုံစမ်းပေး"
"ဗျာ သူ့အကြောင်းကျွန်တော်သိတယ်ဗျ ညနေကျ
ကျွန်တော် Boss အိမ်လာပြီးပြောပြမယ်လေ
ဒါနဲ့ Boss လုပ်ငန်းချဲ့မလို့လား"
"အေး"
"ဟုတ်ကဲ့ Boss"
[လုပ်ငန်းချဲ့မှာမဟုတ်ဘူး အပိုင်သိမ်းပစ်မှာ]
"ကိုကြီး ကိုကြီး မပြောချင်ဘူးနော်
ကျွန်တော်သိနေတယ်ဟင်းးဟင်းး"
"ဘာကိုမပြောချင်တာလဲ"
"ထားပါ ထားပါကျွန်တော်မသိသလိုနေပေးပါ့မယ်"
Ti ~~Ti 🚘
"Boss, အစ်ကိုလေး, ကိုငြိမ်းမောင်ရောက်နေပါတယ်"
"ဝင်ခိုင်းလိုက်"
"ငယ်လေး"
"မင်းတို့နောက်မှအလွမ်းသယ် ဟိုကောင်အပြင်မှာစောင့်နေ"
ဆူပုတ်ပြီးထွက်သွားသော သူ့ညီကြောင့် စိတ်ထဲရယ်မိရသေးသည်။
"ဟို Boss နေ့လည်က စုံစမ်းခိုင်းထားတဲ့အကြောင်းရပါပြီBoss"
"ပြော"
"နာမည်က ခေတ်သစ်ကို ပါ
သူ့သမီးလေးနာမည်က နှင်းကြည်သာကို ပါ အသက်က(၅)နှစ်လောက်ရှိပြီBoss ၊ လွန်ခဲ့တဲ့(၂) နှစ်က သူ့သမီးလေးနဲ့အတူ အဲ့ရပ်ကွက်ထဲပြောင်းလာတာ၊ လွန်ခဲ့တဲ့(၃)လလောက်ကမှ Boss ပွဲတွေတက်ဖို့ပန်းစည်းတွေကို သူ့ဆိုင်ကဘဲမှာရင်းကျွန်တော်နဲ့သိတာ"
"ဒါဘဲလား"
"ဟုတ်ကဲ့ ကျွန်တော် သိသလောက်ပါဘဲ ဪ သူက
ခုပန်းဆိုင်အပြင် Online မှာလဲ Fashion shopလေးတစ်ခုဖွင့်ထားပါတယ်"
"ကလေးအမေကကော"
"အဲ့တာ မသိရဘူး Boss
သူတို့ရောက်လာတည်းက အဲ့အိမ်ကို စျေးဝယ်သူ customer အပြင် တခြားလူတွေ ရောက်မလာဘူး"
"အင်း အင်း ရပြီ သွားတော့"
"ဟို Boss ကျွန်တော် မေးစရာလေးရှိလို့"
"ဘာလဲ"
"Boss ကတကယ် ပန်းတွေဘက်ပါ လုပ်ငန်းချဲ့မလို့လား"
"အပြင်မှာ ငါ့ညီစောင့်နေတယ် ခဏတွေ့ပြီးပြန်တော့ ငါလဲနားချင်ပြီ"
"အာ..ဟုတ်ကဲ့ ဟုတ်ကဲ့"
[ ဟက်..ခေတ်သစ်ကိုတဲ့ မင်းကိုအပိုင်သိမ်းရတော့မှာဘဲ]
#Yeim Thwin📔