That Omega is so cute and I c...

By Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... More

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
60• Love is all you need 💛
Season 2 ???

59 • Luckiest person in the world

6.5K 748 82
By Its_just_Thu

Nicholasတစ်ယောက် Samနဲ့အတူမဂင်္လာပွဲမှာဝတ်ဖို့အတွက် မဂ်လာဝတ်စုံလာကြည့်ရင်း စိတ်တွေလှုပ်ရှားလို့နေတယ်။

Nicholasလိုလူတစ်ယောက်က မဂ်လာပွဲမှာဝတ်မယ့်ဝတ်စုံလေး လာကြည့်ဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတာ ဖြစ်သင့်လို့လား။

ဒါပေမယ့် တကယ်လက်တွေ့မှာဖြစ်နေခဲ့ပြီ၊ အဲ့ဒါကလည်း သူလက်ထပ်ရမယ့်သူ့ရဲ့Omega Samကြောင့်ပါပဲ။

Samက လက်ထပ်ဖို့အတွက်ခေါင်းညိမ့်လိုက်တာတောင်မှ သူကဒါတစ်ကယ်ဖြစ်ပျက်နေတာလို့ မယုံနိုင်သေးဘူး။

ဘာဖြစ်လို့လဲဆိုတော့ Samကသူ့ကိုအကြိမ်ပေါင်းများစွာ ငြင်းခဲ့တာမဟုတ်လား။

အရမ်းဖြစ်ချင်နေတဲ့ဆန္ဒက တကယ်ပဲဖြစ်လာခဲ့တဲ့အချိန်မှာတော့ Nicholasတစ်ယောက် တကယ်မှဟုတ်ရဲ့လားလို့ မယုံကြည်နိုင်ဖြစ်မိတာ ဆန်းတော့မဆန်းပါ။

သူတို့နှစ်ယောက် ဆိုင်ထဲကိုဝင်သွားလိုက်တော့ ဆိုင်ထဲကဝန်ထမ်း​​ ကောင်မလေးတစ်ယောက်က အပြေးအလွှားထွက်ကြိုတယ်။

"မဂ်လာပါရှင့် ဒီက Mr. Nicholasထင်တယ်နော်''

"ဟုတ်ပါတယ်''

သူမကြာခင် မင်္ဂလာဆောင်မှာမို့ မင်္ဂလာဝတ်စုံလာကြည့်မယ်လို့ ဒီဆိုင်ပိုင်ရှင်ကို ကြိုပြီးပြောထားတာ​ကြောင့် ဆိုင်ကဝန်ထမ်းက အပြေးအလွှားနဲ့သူ့ကိုလာကြိုတာဖြစ်ပုံရတယ်။

သူတို့မိသားစုအရှိန်အဝါကြောင့် ဝန်ထမ်းတွေက အဆင်မပြေတစ်ခုခုဖြစ်မှာကို စိုးရိမ်နေတယ်ဆိုတာ အသိသာကြီးပဲ။

"ကြွပါရှင့် မနက်ကပဲကျွန်မတို့သူဌေးက Mr. Nicholasလာမယ်ဆိုတာကို ကြိုတင်အကြောင်းကြားထားပါတယ်၊ လိုအပ်တာမှန်သမျှပြောပါနော် ကျွန်မတို့အကောင်းဆုံးဝန်ဆောင်မှုပေးပါ့မယ်ရှင့်''

ဝန်ထမ်းမင်းသမီးရဲ့အပြောကို ခေါင်းညိမ့်လိုက်ပြီး အနောက်ကဝင်လာမယ့်Samကို စောင့်နေလိုက်တယ်။

နှစ်ယောက်အတူ ဆိုင်ထဲဝင်လာခါနီးမှ Samကိုရုံးကဝန်ထမ်းတစ်ယောက်က ဖုန်းခေါ်တာမို့ Samကဖုန်းပြောရင်း အပြင်မှာခဏကျန်ခဲ့တယ်လေ။

"ဒါနဲ့ သတို့သမီးရော မရောက်သေးဘူးလားရှင်၊ နှစ်ယောက်လုံးတူတူစုံမှပဲ အဝတ်အစားကြည့်မှာလား''

"ဪ ဟုတ်တယ်၊ ဒါနဲ့သတို့သမီးမဟုတ်ဘူး သတို့သားပါ၊ ဟော ဟိုမှာလာပြီ''

Samဆိုင်ထဲဝင်လာတာနဲ့ Nicholasလည်း အနောက်ဖက်ကိုလှည့်ကာ Samရဲ့လက်ကိုဆွဲပြီးခေါ်တော့ Samက ရှက်သယောင်ဟန်ပန်နဲ့ မျက်နှာလေးအနည်းငယ်နီမြန်းသွားတယ်။

Nicholasကအခုနောက်ပိုင်း Samကိုသူမတူအောင်ဂရုစိုက်တယ်ဆိုတာ Samသိတယ်။

ဒါပေမယ့် အဲ့ဒီလိုဂရုစိုက်တာက အခုမှရုတ်တရတ်ကြီးဆိုတော့ Samနေသားမကျဘူး။

လူတွေကြားထဲရောက်တဲ့အခါ ယောကျာ်းလေးချင်းအတူတူ သူ့ကိုမိန်းမနေရာထားပြီး ဂရုစိုက်တာမျိုး တယုတယင်ပြုတာမျိုးဆိုရင် Samမနေတတ်မထိုင်တတ်ဖြစ်တယ်။

ဒါပေမယ့် ကိုယ်ကOmegaတစ်ယောက်ဆိုတော့လည်း မိန်းမနေရာရောက်နေရတာမို့ Nicholasက သည်းသည်းလှုပ်ဂရုစိုက်တာခံရတော့ သူပျော်လည်းပျော်သလို ရှက်လည်းရှက်မိတယ်။

နောက်ဆိုရင်တော့ နေသားကျနိုင်ပါရဲ့။

"အို အစ်ကိုတို့က ယောကျာ်းချင်းမဂ်လာဆောင်မှာလား၊ အရမ်းလိုက်တာပဲနော် ဒီကအစ်ကိုကလည်း ချောလိုက်တာ''

သူ့ရဲ့Samကို ချောတယ်လို့ အရောင်းဝန်ထမ်းအမျိုးသမီးက ပြောတော့ Nicholasမျက်မှောင်ကျုံ့ပြီးကြည့်လိုက်မိတယ်။

သူ့အကြည့်ကို သဘောပေါက်တဲ့အရောင်းဝန်ထမ်းလေးက အားတုံ့အားနာနဲ့ သူစကားမှားပြီလားဆိုပြီး လန့်လည်းလန့်သွားတဲ့ပုံပေါ်တယ်။

Samကတော့ Nicholasရဲ့အပြုအမူကိုကြည့်ပြီး အရောင်းဝန်ထမ်းကိုအားတောင်အားနာသွားတယ်။

Nicholasကတော့ ကဲရင်သဲရင်လည်း သူများတွေလိုက်လို့မမှီအောင်ကဲတော့တာပဲ။

"Hey Samual Ace! နင် Samမလား၊ ငါ့ကိုမှတ်မိလားDaisy လေ ငါတို့အထက်တန်းတူတူတက်ခံကြတာ''

"အာ မှတ်မိပြီ၊ မတွေ့ရတာကြာပြီနော် နင်ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေလဲ မလာဖြစ်ဘူးမလား''

"အေး ဟုတ်တယ်ဟ ငါက နိုင်ငံခြားမှာကျောင်းသွားတက်လိုက်သေးတယ်၊ ပြန်ရောက်လာတာ ခြောက်လလောက်ပဲရှိသေးတယ်၊ ဒါနဲ့ နင်ကပိုတောင်ချောလာသေးတယ်နော်''

"ဟာ မဟုတ်ပါဘူး''

ကျောင်းတုန်းကသူငယ်ချင်းနှုတ်ဆက်လို့ စကားေပြာနေတာကိုNicholasက ဘေးကနေပြုံးပြီးကြည့်နေတာမို့ Samမှာစကားပြောရတာတောင်မှ အယောင်ယောင်အမှားမှားတွေဖြစ်လို့။

အဲ့ဒီNicholasကတော့ အရင်တုန်းကလိုမျိုး ခပ်ချေချေပြန်နေပါလို့ သူ့မှာပြောရမလိုပဲ။

"ဟုတ်ပါတယ် တကယ်ချောလာတာပါဆို ဒါနဲ့နင်က Omegaမလား၊ အိမ်ထောင်ကျသွားပြီလား နင်အိမ်ထောင်မကျသေးဘူးဆိုရင် နင့်ကိုငါ့ အစ်ကိုဝမ်းကွဲAlphaတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ ငါ့အစ်ကိုကိုမှမဟုတ်ဘူးနော် ငါ့အသိထဲမှာ အိမ်ထောင်မကျသေးတဲ့ မျိုးရိုးကောင်းAlphaတွေ အများကြီးပဲဟ''

အမလေး မယ်မင်းကြီးမရယ် Nicholasရှေ့မှာမှ ဒီလိုစကားမျိုးပြောရသလား။

Nicholasတို့က အူတိုတတ်ပါပေ့နဲ Samအလန့်တကြားနဲ့ Nicholasမျက်နှာကို အကဲခတ်ကြည့်မိတော့ Nicholasမျက်နှာက မိုးပြိုတော့မယောင် မည်းမှောင်နေတဲ့တိမ်တိုက်တွေလိုဖြစ်နေတယ်။

"ဒီကညီမ Samမှာကအိမ်ထောင်ရှိတယ်၊ အဲ့တာက ကိုယ်ပဲ အိမ်ထောင်တင်မဟုတ်ဘူးSamမှာ သားလေးတစ်ယောက်တောင်ရှိသေးတယ်၊ အခုမှကိုယ်တို့က မဂ်လာပြန်ဆောင်မှာမို့ မဂ်လာဝတ်စုံလာကြည့်တာ၊ Nicholas Nathaniel ဆိုတာ ကိုယ်ပဲ''

"ဟယ် Mr. Nicholas Nathaniel နဲ့လက်ထပ်မှာက Samလား၊ အမလေးSamရယ် ကံကောင်းလိုက်တာ''

ဟော် အခုကျတော့လည်း လေသံကတစ်မျိုးဖြစ်သွားပြန်ပြီ၊ Nicholasကတော့ အပြောင်းအလဲမြန်တဲ့Samရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဆိုတဲ့တစ်ယောက်ကို အမြင်မကြည်လင်လှဘူး။

ဘယ့်နှယ် မဂ်လာဝတ်စုံဆိုင်ကို လာတဲ့လူတစ်ယောက်ကို သူက အိမ်ထောင်ဘက်တောင် စပ်ဟပ်ပေးနေသေးတယ်။

"အဟမ်း ဒီကညီမ နောက်ဆိုရင် စကားကို ရှေ့မကြည့်နောက်မကြည့်နဲ့မပြောပါနဲ့၊ ပြီးတော့ Samကို တခြားသူနဲ့ အောင်သွယ်လုပ်ဖို့လည်းမစဥ်းစားပါနဲ့''

"တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ် Mr. Nicholasရယ် ကျွန်မက Mr. Nicholasနဲ့လက်ထပ်မယ့်သူက Samဆိုတာ မသိလို့ပြောမိတာပါ''

"ကဲပါ Nicရယ် ပြောမနေပါနဲ့တော့ သူကမသိလို့ပဲဟာကို''

"Babyပြောလို့ ကိုယ်စိတ်လျှော့လိုက်တယ်မှတ်''

"ကဲပါ မျက်နှာကြီးစူပုတ်မနေနဲ့ အကျီအဝတ်အစားကြည့်ရအောင်လေ ပြီးရင် နေ့လည်ကျရင် အစည်းအဝေးတစ်ခုသွားရဦးမယ့်ဟာကို''

"အာ အင်း ဟုတ်သားပဲ၊ အဲ့တာဆိုလို့ရှိရင် ညီမတို့ဆီက အကောင်းဆုံးအမိုက်ဆုံးဒီဇိုင်းနဲ့Brandတွေကို ကိုယ်တို့ကိုတစ်ချက်လောက်ပြပေးပါ၊ အဲ့ဒီထဲကနေမှ Samနဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် အကျီကိုကိုယ်တို့ရွေးရအောင်''
"စိတ်ချပါ တကယ့်အမိုက်ဆုံးဆိုတဲ့ Selectiom brandတွေကျွန်မတို့ပေးမယ်နော်''

"ကဲ ညီမလေးရေ အစ်မကို catalogue တွေယူခဲ့ပေးပါဦး ပြီးတော့ အထည်နမူနာတွေပါ တစ်ခါတည်းပြင်ထားနော်''

Nicholasအနည်းငယ်ဟောက်လိုက်တော့ Samရဲ့ကျောင်းနေဖက်သူငယ်ချင်း Daisy က ပြူးပြူးပြာပြာနဲ့ အထည်တွေပြေးဆွဲလိုဆွဲ သူ့အနားကဝန်ထမ်းကိုမှာလိုမှာနဲ့ တဖြည်းဖြည်းစကားပြောရင်း သိရတာက Daisy က နိုင်ငံခြားကနေ ကျောင်းပြီးထားပြီး ဒီမှာ managerအနေနဲ့အလုပ်လုပ်နေတာတဲ့။

"Sam ဘယ်အရောင်လေးကြည့်ချင်လဲ၊ ဒီဒီဇိုင်းလေးကတော့ တော်တော်အဆင်ပြေမယ်လို့ ကိုယ်ကတော့မြင်တာပဲ''

"ကျွန်တော် နက်ပြာရောင်လေးဝတ်ကြည့်မလားလို့ စဥ်းစားနေတာ''

"နက်ပြာရောင်ဟုတ်လား သူများတွေက မင်္ဂလာပွဲဆိုရင် အဖြူနဲ့အနက်ပဲသုံးကြတာများတယ်''

Samရဲ့စကားကို Daisyက ဝင်ပြောတော့ Nicholasကခေါင်းခါတယ်။

"သူများဝတ်တဲ့အရောင်ဖြစ်ဖို့အရေးမကြီးဘူး၊ Samသဘောကျတဲ့အရောင်ဖြစ်ဖို့ပဲ အရေးကြီးတယ်၊ ကဲ Sam ဒါဆိုကိုယ်တို့နက်ပြာရောင်ဝတ်ကြည့်ကြမယ်လေ''

"ဟို ကျွန်မတို့ကူပေးဖို့လိုသေးလား''

"အမိက ကိုယ့်ယောကျာ်းကို ဘာကူပေးချင်တာလဲ၊ ကိုယ်ပဲကူပေးမယ် မလိုဘူး''

"Nicကလဲ''

Nicholasက ဆိုင်ကအကူဝန်ထမ်းကောင်မလေးကို ဟောက်လိုက်တော့ SamကNicholasကို မပြောစေလိုတဲ့သဘောမျိုးနဲ့ ဝင်ဟန့်တယ်။

သူ့ရဲ့Samလေးကို အကျီဝတ်ပေးဖို့ကြိုးစားနေတာကို သူစိတ်မဆိုးရဘူးလား။

တစ်ဖက်ခန်းက အဝတ်အစားလဲပြီးထွက်လာတဲ့ Samကိုကြည့်ပြီး Nicholasအသက်ရှူဖို့မေ့သွားရတယ်။

Samနဲ့နက်ပြာရောင်သတို့သားဝတ်စုံက အပိုအလိုမရှိ လုံးဝကွက်တိလိုက်ဖက်လွန်းနေတယ်။

Samရဲ့မျက်ဝန်းအစိမ်းရောင်တွေက သတုိ့သားဝတ်စုံနက်ပြာရောင်ကို ပံ့ပိုးပေးနေသလို အလွန်တရာ ကြည့်လို့ကောင်းနေလေရဲ့။

Nicholasဘယ်လောက်ထိသဘောကျသွားမိတယ်ဆိုတဲ့အကြောင်းကို စာဖွဲ့ပြီးပြောဖို့အတွက်စကားလုံးရှာမတွေ့ဘူး။

တကယ်ပဲSamက သူ့အတွက်ပြီးပြည့်စုံလွန်းတယ်။

တကယ်တမ်း သူများတွေကတော့ Samကို အဲ့လောက်မချောပါဘူးလို့ ပြောချင်ပြောလိမ့်မယ်၊ ဒါပေမယ့် Nicholasအတွက်တော့ Samကဘယ်သူနဲ့မှယှဥ်လို့မရလောက်အောင် ကြည့်လို့ကောင်းနေတယ်ဆိုတာ အမှန်တရားပဲ။

အဲ့တာကလည်း သူ့ရင်ထဲကSamအပေါ်ထားတဲ့ အချစ်စိတ်တွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

"အဟမ်း Nicholas ဘာကြောင်ကြည့်နေတာလဲ၊ ကျွန်တော်အဆင်ပြေရဲ့လား ပြောဦးလေ''

"ပြေတယ် အရမ်းကိုပြေတယ် ပြေလွန်းလို့ဘာပြောရမှန်းတောင်မသိဘူး''

"ဟင် ပြေလွန်းလို့ဘာပြောရမှန်းမသိဘူးဆိုတာ ဘယ်လိုကြီးတုန်း'''

"ကိုယ် အသက်ရှူမှားနေလို့ အရမ်းလိုက်တယ် အရမ်းအရမ်းလိုက်တယ်၊ Samထက်ကြည့်လို့ကောင်းတဲ့သူတောင် Samလောက်ကြည့်ကောင်းပါ့မလားမသိဘူး''

"အပိုတွေပြောမနေပါနဲ့''

"အပိုတွေပြောနေတာမဟုတ်ဘူး တကယ်ပြောနေတာ''

"ဟို ခင်များလည်းကြည့်လို့ကောင်းပါတယ်''

ကြည့်ကောင်းပါတယ်လို့ပြောတာကိုတောင် အရှက်သည်းနေတဲ့ Sam ကို မွတ်မွတ်သိပ်သိပ်နမ်းပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပေမယ့် ဆိုင်ထဲမှာမို့ Nicholas စိတ်ကို ထိန်းနေရတာဟာ တကယ်ပဲ အဆင်မပြေလှဘူး။

"ဒါဆို ဒီဝတ်စုံလေးယူလိုက်မယ်နော်''

"အွန်း ဒီဝတ်စုံလေးယူကြတာပေါ့၊ ဒါဆို ကျွန်တော်ပြန်ပြီးအဝတ်လဲလိုက်ဦးမယ်''

"ဟုတ်ပြီ ကိုယ်လဲသွားပြန်လဲလိုက်ဦးမယ်''

"ဪ ဒါနဲ့ ခင်များကိုပြောရဦးမယ်၊ Nixonလေးက မနက်ဖန်အလုပ်ပိတ်ရက်ကို သူ့ကိုကစားကွင်းလိုက်ပို့ပေးပါလို့ပြောနေလို့ အဲတ့ာ ခင်များအားလားလို့''

"ဟာ ဘယ်လိုလုပ်မလဲ မနက်ဖန်က Daddyက အလုပ်ကိစ္စတစ်ခုနဲ့ ကိုယ်နဲ့ကိုကိုကြီးနဲ့ကို တွေ့ချင်တယ်လို့ပြောထားတယ်''

"ဟာ ဘယ်တုန်းကပြောတာလဲ ကျွန်တော်လဲမသိရပါလား''

"ဟုတ်တယ် ကိုယ့်ကိုမနက်ကမှဖုန်းဆက်ပြီးပြောတာ အဲ့တာကြောင့်မို့ မနက်ဖန်တော့ ကို်ယ်လိုက်ပို့နို်င်မယ်လို့မထင်ဘူး''

"ရပါတယ် ဘယ်တတ်နိုင်မလဲ ထားလိုက်ပါတော့ ကျွန်တော်ပဲလိုက်ပို့လိုက်တော့မယ်၊ ကဲ ကျွန်တော်အဝတ်သွားလှဲလိုက်ဦးမယ်''

Nixonလေးက ကစားကွင်းသွားချင်တယ်လို့ပြောတာမို့ Nicholasနဲ့တူတူ ကလေးကိုကစားကွင်းလိုက်ပို့ပေးမယ်လို့ Samတွေးထားက Nicholasက မအားဘူးဆိုတော့လည်း Samတစ်ယောက်ထဲပဲလိုက်ပို့ရတော့တာပေါ့။

Xxxxxxxxx

နှစ်ယောက်အတူလိုက်ပို့မယ်လို့စဥ်းစားထားပြီးမှ သူတစ်ယောက်ထဲသွားရတာမို့ ရင်ထဲတော့သိပ်မကောင်း။

Nicholasက အလုပ်ကိစ္စရှိလို့ မလိုက်နိုင်တာကို သိရက်သားနဲ့ စိတ်မကောင်းဖြစ်နေတဲ့ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်မိတယ်။

Nicholasဆိုတာ သူ့ဘဝမှာပြန်ပြီးပေါ်မလာခင်တုန်းကလည်း သူနဲ့သားလေးနဲ့နှစ်ယောက်တည်းရှိတာပါပဲ။

ဒါပေမယ့် Nicholasအနားပြန်ရောက်လာတဲ့အချိန်မှာ သူ့ကိုယ်သူတောင်သတိမထားနိုင်သေးခင် Nicholas ဘေးနားမှာတည်ရှိမှုနဲ့ နေသားကျနေခဲ့တာ။

အဲ့တာကြောင့် Nicholasကတစ်ခါလောက်လေး မလိုက်နိုင်ဘူးဆိုတာနဲ့ သူစိတ်မကောင်းဖြစ်တော့တာပဲ။

Nixonလေးကလည်း Daddyကဘာဖြစ်လို့မလာတာလဲလို့ တမေးမေးနဲ့ ၊ သူNicholasကိုအတင်းအကြပ်လည်းမပြောချင်ဘူး။

မသိရင် Nicholasကိုသူက အရမ်းအားကိုးသလိုဖြစ်နေမှာလည်း စိုးရိမ်ပြန်တယ်။

ဟွန့် ခင်များမရှိလဲ ကျွန်တော်ကဖြစ်ပါတယ်၊ ကျွန်တော်တို့ သားအဖနှစ်ယောက်ကအရင်တည်းက ဒီလိုပဲသွားတာပဲ။

Nicholasတစ်ယောက်က အမြင်ကပ်စရာကောင်းပါတယ်၊ သူဒီနေ့သားကိုတစ်ယောက်ထဲ ကစားကွင်းလိုက်ပေးမယ်ဆိုတာ သိတာတောင်မှ ဖုန်းတစ်ချက်လေးဆက်ဖော်မရဘူး။

"ဒီနေ့နေလည်းမပူဘူးနော် ရာသီဥတုလေးကသာယာလိုက်တာ"

လူကြီးလေးတစ်ယောက်လို ပတ်ဝန်းကျင်ကိုအကဲခတ်ကာပြောတဲ့ Nixon လေးကို သူဘာမှပြန်မပြောပဲ သဘောတကျနဲ့ ငေးကြည့်နေမိတယ်။

"ပျော်စရာကြီးနော်.Sammy၊ Daddyပါလာရင် အရမ်းကောင်းမှာပဲ''

တွေ့လား မွေးခဲ့တဲ့အဖေကိုမှအားမနာ အမေကျော်ဒွေးတော်လွမ်းတယ်ဆိုတာ Nixonလိုဟာလေးကို ပြောတာပဲဖြစ်ရမယ်။

တသ်သက်လုံးသူနဲ့နေလာခဲ့တဲ့ဟာ မနေ့တစ်နေ့ကမှ အတူတူနေရတဲ့Daddyကို ပါးစပ်ဖျားကနေမချဘူး။

မတတ်နိုင်ပါဘူး သွေးသားကစကားပြောတယ်ဆိုတာ ဒါမျိုးပဲနေမှာပေါ့လေ။

Nixonလေးမပြောပါနဲ့ သူလည်းNicholasကို ဒီမှာအတူတူရှိစေချင်တာ အမှန်ပဲ။

အရင်တုန်းကတော့ သူနဲ့Nixonလေးနှစ်ယောက်ထဲ ရှိတယ်ဆိုပေမယ့် Nixonကမကြီးသေးတာမို့ ကစားကွင်းတွေဘာတွေသိပ်လိုက်ပို့စရာမလိုဘူးလေ။

အခုတော့ ကစားကွင်းကို လိုက်ပို့ပြီး ကစားကွင်းထဲမှာမြင်သမျှကလည်း မိသားစုတွေဆိုတော့ သူလည်းNicholasကို ဒီနေရာမှာရှိစေချင်စိတ်ဖြစ်မိတယ်။

"Nixon သားလေးကDaddyနဲ့တွေ့ချင်တယ်ဆို Daddyကိုဖုန်းခေါ်ကြည့်ပါလား''

တကယ်တမ်းတော့ ဖုန်းခေါ်ချင်တာသူဖြစ်ပေမယ့် သူကတိုက်ရိုက်Nicholasကို ဖုန်းခေါ်လိုက်ရင် အလုပ်ရှိတာတောင်နားလည်မှုမပေးတဲ့သူဖြစ်မှာစိုးလို့ သားကိုနာမည်တပ်ပြီး ဖုန်းခေါ်ခိုင်းလိူက်တယ်။

"ဟာ Daddyကလည်းDaddyခေါ်ပေးလေ သားသားမှာမှ ဖုန်းမရှိတာ''

အဲ Nixonလေးပြောတာလည်း ဟုတ်တော့ဟုတ်သားပဲ။

"ဒါဆို Sammyဖုန်းခေါ်ပေးမယ်လေ၊ သားကDaddyကိုပြောလိုက်ပေါ့''

"အဲ့တာဆို Sammyဖုန်းခေါ်ပေး''

ကစားကွင်းထဲက နားနေလို့ရတဲ့ ခုံတန်းတစ်ခုကိုရှာပြီး သားကိုထိုင်ခိုင်းလိုက်ကာ သူပါဘေးကနေဝင်ထိုင်လိုက်တယ်။

Nicholasဆီဖုန်းခေါ်တဲ့အချိန် သူ့ရင်ထဲမှာတဒိတ်ဒိတ်နဲ့ သူကသားကို ပြောပြီးဖုန်းခေါ်ခိုင်းတာကို Nicholasသိရင် ဘယ်လိုများတုန့်ပြန်မလဲလို့ သူ့မှာမလုံမလဲဖြစ်နေမိပြန်တယ်လေ။

"Hello''

Nicholasရဲ့ ဖုန်းဖြေသံကြောင့် သူအလန့်တကြားနဲ့ သားကိူဖုန်းထိုးပေးလိုက်မိတယ်။

"ရော့ သားလေး ပြောလိုက်ဦး''

"Hello Daddyလား''

တစ်ဖက်က Nicholasက သားကိုဘာတွေပြောနေတယ်မသိ သားကတော့ အင်းအင်း ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ နားထောင်နေတာပဲ။

ခဏနေကျတော့ သားက သူ့ကိုဖုန်းပြန်ထိုးပေးတယ်။

"Sammy Daddyက Sammyနဲ့ပြောမယ်တဲ့''

ဘုရား ဘုရား ဘာများပြောမလို့ပါလိမ့်!
သူကစပြီး သားကိုဖုန်းဆက်ဖို့အကြံပေးလိုက်တာများ Nicholasရိပ်မိသွားပြီလား။

"Hello Nicholas ပြော သားကိုကျွန်တော်ဖုန်းဆက်ခိုင်းတာမဟုတ်ဘူးနော် သားကသူ့ဘာသူဆက်မယ်ဆို​ပြီးဆက်တာ''

"ဟားဟား ဟုတ်ပါပြီ၊ ကိုယ်ကဘာပြောလို့လဲ''

"ဟုတ်ပါဘူး ကျွန်တော်က ခင်များသိအောင်ပြောပြတာ''

"သားနဲ့Baby ဘယ်အချိန်ပြန်မှာလဲ''

"သား ​ဆော့ပြီးတဲ့အချိန်ပေါ့ သားက အရင်တစ်ခါလာရတုန်းကတော့ ညနေစောင်းတဲ့ချိန်လောက်မှပြန်တာ''

"ဟုတ်ပြီလေ အဲ့တာဆိုရင် ကိုယ်Babyတို့ရှိတဲ့ဆီကို သုံးနာရီလေးနာရီလောက်လာကြိုလိုက်မယ် အခု​တော့အလုပ်မပြီးသေးလို့ ''

ကစားကွင်းကိုရောက်မလာပေမယ့် ညနေလာကြိုမယ်ဆိုတဲ့စကားကြောင့် Samဝမ်းသာသွားမိတယ်။

အနည်းဆုံးတော့ Nicholasကသူတို့သားအဖကို လုံးလုံးကြီးမပစ်ထားသေးဘူးလေ။

တကယ်မအားလို့မလာနိုင်တာပဲ၊ လာကြိုမယ်ဆိုတာနဲ့ပဲ Samတို့ကကျေနပ်ရမှာပေါ့။

"ကောင်းပြီလေ အဲ့တာဆို ခင်များရောက်ခါနီးကျွန်တော့်ကို ဖုန်းဆက်လိုက်''

"Okie Baby See you နော်''

"ကဲ လာ Sammyတို့သွားဆော့ကြမယ်''

သားလက်ကိုဆွဲပြီး သားကိုရဟတ်စီးဖို့ခေါ်လာခဲ့တဲ့ ကစားကွင်းထဲမှာ ကစားကွင်းကိုမနက်ဆယ်နာရီကျော်လောက်ကတည်းက ရောက်တာဖြစ်ပြီး နှစ်နာရီလေ​ာက် သားစီးချင်တာတွေစီးပြီးတဲ့အခါမှာတော့
သားကိုနေ့လည်စာကျွေးဖို့ Samဆိုင်လိုက်ရှာရတော့တယ်။

"Sammy Sammy ဟိုမှာလူတွေအများကြီးပဲ၊ ဘာပွဲလည်းမသိဘူး သွားကြည့်ရအောင်''

သားသားက လူစုစုစုဆိုပြီး ပွဲတစ်ခုခုကျင်းပနေပုံရတဲ့နေရာကို လက်ညိုးထိုးပြီးတော့ပြတော့ သူလည်း က​​လေးကာတွန်းပြဇာတ်လား ဘာလားဆိုပြီး Nixonကိုပြရအောင် Nixonဆွဲခေါ်ရာနောက်ကို လိုက်သွားရတယ်။

ဒါပေမယ့် အဲ့ဒီလူအုပ်ကြားထဲရောက်တဲ့အခါ Nixonလေးက ရုတ်တရတ်သူ့လက်ကိုလွှတ်ပြီး ထွက်ပြေးသွားတာမို့ Samလည်းNixonကိုလိုက်ရှာရတော့တယ်။

လူအုပ်ကြားထဲရောက်တော့ ဝင်ရော​က်သွားတဲ့သားဖြစ်သူကို လိုက်ရှာဖို့သူလည်း လူအုပ်ကြားထဲလိုက်တိုးဖို့ကြိုးစားနေတုန်းမှာပဲ အဲ့ဒီလူအုပ်ကြီးက ရုတ်တရတ်ဘေးကို ရှဲကနဲဖြစ်သွားပြီး ဘယ်ကမှန်းမသိတဲ့တီးလုံးသံတွေပေါ်လာတယ်။

သူအခုမှသတိထားလိုက်မိတာက ခုဏကဘေးကိုရှဲသွားတဲ့လူအုပ်ကြီးက ထွက်ပေါ်လာတဲ့တီးလုံးသံနဲ့အတူ လိုက်လျောညီထွေဖြစ်အောင်ကနေတယ်ဆိုတာပဲ။

နေပါဦး ဘာတွေဖြစ်နေတာလဲ၊ အခုသူတွေ့လိုက်တဲ့သူတွေက Dancerတွေလား ။

ဟိုဖက်ဒီဖက် သူလိုက်ကြည့်နေရင်းက သီချင်းဆိုသံထွက်ပေါ်လာပြီး သီဆိုတဲ့သီချင်းသံပိုင်ရှင်က သူရင်းနှီးတဲ့အသံပိုင်ရှင်​ဖြစ်နေတာကို ဘယ်နားကနေဆိုနေတာလဲလို့ သူကြည့်လိုက်မိတော့ Nicholasကိုအံ့အားသင့်စွာ တွေ့လိုက်ရတော့တယ်။

ပြီးတော့ ပိုပြီးထူးဆန်းတာ​က Nicholasဘေးမှာ သီချင်းသံနဲ့အတူလိုက်ကနေတာက သူ့သားတဲ့၊ သူတို့ရဲ့သားNixonလေးပဲ။

နေပါဦး ဒါကဘယ်ကနေဘယ်လို ဘယ်လိုတွေဖြစ်သွားရတာလဲ၊ Nixonလေးက Nicholasလာမှာကို ကြိုသိနေတာလား၊ သူတို့ကကြိုတင်ပြီး ဇာတ်တိုက်ထားကြတာလား။

Recommended song - Marry You, Bruno Mars

~~It's a beautiful night, we're looking for something dumb to do
Hey baby, I think I wanna marry you

Is it the look in your eyes or is it this dancing juice?
Who cares, baby, I think I wanna marry you

Well, I know this little chapel on the boulevard we can go
No one will know, oh, come on

Who cares if we're trashed, got a pocket full of cash we can blow
Shots of patron and it's on

Don't say no, no, no, no, no
Just say yeah, yeah, yeah, yeah, yeah
And we'll go, go, go, go, go
If you're ready, like I'm ready

'Cause it's a beautiful night, we're looking for something dumb to do
Hey baby, I think I wanna marry you
Is it the look in your eyes or is it this dancing juice?
Who cares, baby, I think I wanna marry you, oh ~~

လူအုပ်ကြားထဲမှာ အူကြောင်ကြောင်မျက်နှာပေးနဲ့ ဟိုဟိုဒီဒီကြည့်နေတဲ့Samကိုကြည့်ပြီး Nicholasမှာသီချင်းဆိုနေတဲ့ကြားထဲက သဘောကျကြီးကျနေရတော့တာပဲ။

ရယ်လိုက်ချင်ပေမယ့် ခဲရာခဲဆစ်တိုက်ထားတဲ့သီချင်းဆိုတာ မှားမှာစိုးလို့သူ့မှာ မရယ်ရဲလောက်အောင်ပဲ။

သူကသီချင်းဆိုနေရတာချည်းမဟုတ် ကပါကနေရသေးတာ။

ဒီလိူအလုပ်မျိုးတွေ တစ်သက်နဲ့တစ်ကိုယ်လုပ်ဖြစ်လိမ့်မည်လို့ သူယောင်လို့တောင် မတွေးဖူးခဲ့ပေ။

သူအခု ဒီလိုလုပ်နေရတယ်ဆိုတာ သူချစ်ရတဲ့ Sam အတွက်ကြောင့်သာ ဒီလိုသီချင်းဆိုပြီး လက်ထပ်ခွင့်တောင်းတဲ့အလုပ်ကို ရူးကြောင်ကြောင်နဲ့လုပ်ဖြစ်ခဲဲ့ခြင်းပါပဲ။

ဒယ်ဒီအတင်းတိုက်တွန်းလို့ Sam ကသူနဲ့လက်ထပ်လိုက်ဖို့အတွက် သဘောတူခဲ့တယ်ဆိုပေမယ့် သူ့ဘက်ကလဲ Sam ကိုတစ်သက်စာအမှတ်တရဖြစ်ဖို့အတွက် လေးျလးနက်နက် လက်ထပ်ခွင့်တောင်းချင်ခဲ့တယ်။

အဲဒါကြောင့်ပဲ ညီအငယ်ဆုံး Raymus ပေးတဲ့အကြံကို အကောင်အထည်ဖော်ဖြစ်ခဲ့တာ။

ဒီကိစ္စကို သားလေးကိုပြောပြပြီး Sam ကို ကစားကွင်းခေါ်လာခိုင်းရတာနဲ့၊ မူကြိုဆရာမနဲ့ညှိပြီး သားလေးနဲ့ အကတိုက်ရတာနဲ့ သူ့မှာရင်တခုန်ခုန်။
ရှက်တတ်တဲ့ Sam တစ်ယောက် သီချင်းဆုံးတဲ့အခါ သူ့ကိုမအော်ဖို့ ဆုတောင်းရင်း လက်စွပ်ဘူးလေးကိုထုတ်ကာ Sam အနားကို ချဉ်းကပ်သွားလိုက်တယ်။

"ကိုယ့်ကိုလက်ထပ်ပါ Sam ! ကလေးတစ်ယောက်ရှိလို့ တာဝန်ယူချင်လို့မဟုတ်ပဲ ဒယ်ဒီအတင်းတိုက်တွန်းလို့မဟုတ်ပဲ Baby ကိုသိပ်ချစ်တာမို့ Baby ခင်ပွန်းဖြစ်ချင်တယ်"

Nicholas ထံမှ လက်ထပ်ရအောင်လို့ပြောခြင်းကို သူ အကြိမ်ပေါင်းများစွားကြားခဲ့ဖူးပေမယ့် ဒီတစ်ခေါက်တော့ ဘယ်တုန်းကနဲ့မှမတူ။

သူ့စိတ်ထဲရှိရာကို အရိုးရှင်းဆုံးဖွင့်ပြောတဲ့ Nicholas စကားကြောင့် Sam ရဲ့မျက်ရည်တစ်ပွင့်ဟာ မျက်ဝန်းအိမ်ကနေ ပါးပြင်ပေါ် ခုန်ဆင်းသွားလို့သွားတယ်။

ချစ်ရတဲ့သူဆီက ချစ်ခြင်းမေတ္တာကိုရတဲ့အခါ အပျော်ရွှင်ရဆုံးလို့ ပြောကြမယ်ဆိုရင် ချစ်ရသူက ကိုယ့်ကိုတန်ဖိုးထားခြင်းခံရတဲ့အခါမှာတော့ မိမိကိုယ်ကို ကံအကောင်းဆုံးလူသားလို့ တင်စားရမည်ထင်။

Sam ဟာ ကံအကောင်းဆုံးလူသားဖြစ်ခွင့်ရခဲ့ပြီ။
အဲဒါဟာ ကျိကျိတက်ချမ်းသာတဲ့ Nathaniel မိသားစုက သားအလတ်ကို လက်ထပ်ခွင့်ရလို့မဟုတ်ပဲ Nic လို့ သူချစ်စနိူးခေါ်ရတဲ့ သူ့ရဲ့ Alpha က တန်ဖိုးထားမြတ်နိုးခြင်းကို ခံရလို့ပဲဖြစ်တယ်။

"လက်ခံလိုက် !!! လက်ခံလိုက် !!! "

"လက်ခံလိုက်ပါ Sammy"

ဘေးနားက ဝိုင်းပြီးအားပေးကြတဲ့သူတွေထဲ သူတို့နှစ်ယောက်ရဲ့ သားလေးအသံက အကျယ်ဆုံးပဲ။

အငိုမျက်လုံးနဲ့ပြုံးကာ သူခေါင်းညိတ်ပြလိုက်ပြီးတဲ့နောက်မှာတော့ သူ့လက်မှာ စိန်တစ်ပွင့်နဲ့လက်စွပ်က ဝင့်ကြွားစွာနေရာယူလို့သွားတယ်။

အဲဒီလိုပဲ သူ့ရင်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာလဲ Nic ဆိုတဲ့သူ့ရဲ့ ချစ်ဦးသူဟာ အပြီးတိုင်နေရာယူသွားခဲ့တယ်။

Final part will be continued
Sam နေရာကနေတစ်လျှောက်လုံးခံစားပြီး Nic ကိုဆဲ
လာခဲ့တာ .. ဒီအပိုင်းမှာတော့ Sam နေရာကနေအစားမျက်ရည်ကျရပြန်တယ်။
ကိုယ်တို့ကလေးလေး တကယ်ကံကောင်းခဲ့ပါပြီ။

Zawgyi below

Nicholasတစ္ေယာက္ Samနဲ႕အတူမဂလၤာပြဲမွာဝတ္ဖို႔အတြက္ မဂ္လာဝတ္စုံလာၾကည့္ရင္း စိတ္ေတြလႈပ္ရွားလို႔ေနတယ္။

Nicholasလိုလူတစ္ေယာက္က မဂ္လာပြဲမွာဝတ္မယ့္ဝတ္စုံေလး လာၾကည့္ဖို႔အတြက္ ရင္ခုန္စိတ္လႈပ္ရွားေနတယ္ဆိုတာ ျဖစ္သင့္လို႔လား။

ဒါေပမယ့္ တကယ္လက္ေတြ႕မွာျဖစ္ေနခဲ့ၿပီ၊ အဲ့ဒါကလည္း သူလက္ထပ္ရမယ့္သူ႕ရဲ႕Omega Samေၾကာင့္ပါပဲ။

Samက လက္ထပ္ဖို႔အတြက္ေခါင္းညိမ့္လိုက္တာေတာင္မွ သူကဒါတစ္ကယ္ျဖစ္ပ်က္ေနတာလို႔ မယုံနိုင္ေသးဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ Samကသူ႕ကိုအႀကိမ္ေပါင္းမ်ားစြာ ျငင္းခဲ့တာမဟုတ္လား။

အရမ္းျဖစ္ခ်င္ေနတဲ့ဆႏၵက တကယ္ပဲျဖစ္လာခဲ့တဲ့အခ်ိန္မွာေတာ့ Nicholasတစ္ေယာက္ တကယ္မွဟုတ္ရဲ႕လားလို႔ မယုံၾကည္နိုင္ျဖစ္မိတာ ဆန္းေတာ့မဆန္းပါ။

သူတို႔ႏွစ္ေယာက္ ဆိုင္ထဲကိုဝင္သြားလိုက္ေတာ့ ဆိုင္ထဲကဝန္ထမ္း​​ ေကာင္မေလးတစ္ေယာက္က အေျပးအလႊားထြက္ႀကိဳတယ္။

"မဂ္လာပါရွင့္ ဒီက Mr. Nicholasထင္တယ္ေနာ္''

"ဟုတ္ပါတယ္''

သူမၾကာခင္ မဂၤလာေဆာင္မွာမို႔ မဂၤလာဝတ္စုံလာၾကည့္မယ္လို႔ ဒီဆိုင္ပိုင္ရွင္ကို ႀကိဳၿပီးေျပာထားတာ​ေၾကာင့္ ဆိုင္ကဝန္ထမ္းက အေျပးအလႊားနဲ႕သူ႕ကိုလာႀကိဳတာျဖစ္ပုံရတယ္။

သူတို႔မိသားစုအရွိန္အဝါေၾကာင့္ ဝန္ထမ္းေတြက အဆင္မေျပတစ္ခုခုျဖစ္မွာကို စိုးရိမ္ေနတယ္ဆိုတာ အသိသာႀကီးပဲ။

"ႂကြပါရွင့္ မနက္ကပဲကြၽန္မတို႔သူေဌးက Mr. Nicholasလာမယ္ဆိုတာကို ႀကိဳတင္အေၾကာင္းၾကားထားပါတယ္၊ လိုအပ္တာမွန္သမွ်ေျပာပါေနာ္ ကြၽန္မတို႔အေကာင္းဆုံးဝန္ေဆာင္မႈေပးပါ့မယ္ရွင့္''

ဝန္ထမ္းမင္းသမီးရဲ႕အေျပာကို ေခါင္းညိမ့္လိုက္ၿပီး အေနာက္ကဝင္လာမယ့္Samကို ေစာင့္ေနလိုက္တယ္။

ႏွစ္ေယာက္အတူ ဆိုင္ထဲဝင္လာခါနီးမွ Samကို႐ုံးကဝန္ထမ္းတစ္ေယာက္က ဖုန္းေခၚတာမို႔ Samကဖုန္းေျပာရင္း အျပင္မွာခဏက်န္ခဲ့တယ္ေလ။

"ဒါနဲ႕ သတို႔သမီးေရာ မေရာက္ေသးဘူးလားရွင္၊ ႏွစ္ေယာက္လုံးတူတူစုံမွပဲ အဝတ္အစားၾကည့္မွာလား''

"ဪ ဟုတ္တယ္၊ ဒါနဲ႕သတို႔သမီးမဟုတ္ဘူး သတို႔သားပါ၊ ေဟာ ဟိုမွာလာၿပီ''

Samဆိုင္ထဲဝင္လာတာနဲ႕ Nicholasလည္း အေနာက္ဖက္ကိုလွည့္ကာ Samရဲ႕လက္ကိုဆြဲၿပီးေခၚေတာ့ Samက ရွက္သေယာင္ဟန္ပန္နဲ႕ မ်က္ႏွာေလးအနည္းငယ္နီျမန္းသြားတယ္။

Nicholasကအခုေနာက္ပိုင္း Samကိုသူမတူေအာင္ဂ႐ုစိုက္တယ္ဆိုတာ Samသိတယ္။

ဒါေပမယ့္ အဲ့ဒီလိုဂ႐ုစိုက္တာက အခုမွ႐ုတ္တရတ္ႀကီးဆိုေတာ့ Samေနသားမက်ဘဴး။

လူေတြၾကားထဲေရာက္တဲ့အခါ ေယာက်ာ္းေလးခ်င္းအတူတူ သူ႕ကိုမိန္းမေနရာထားၿပီး ဂ႐ုစိုက္တာမ်ိဳး တယုတယင္ျပဳတာမ်ိဳးဆိုရင္ Samမေနတတ္မထိုင္တတ္ျဖစ္တယ္။

ဒါေပမယ့္ ကိုယ္ကOmegaတစ္ေယာက္ဆိုေတာ့လည္း မိန္းမေနရာေရာက္ေနရတာမို႔ Nicholasက သည္းသည္းလႈပ္ဂ႐ုစိုက္တာခံရေတာ့ သူေပ်ာ္လည္းေပ်ာ္သလို ရွက္လည္းရွက္မိတယ္။

ေနာက္ဆိုရင္ေတာ့ ေနသားက်နိဳင္ပါရဲ႕။

"အို အစ္ကိုတို႔က ေယာက်ာ္းခ်င္းမဂ္လာေဆာင္မွာလား၊ အရမ္းလိုက္တာပဲေနာ္ ဒီကအစ္ကိုကလည္း ေခ်ာလိုက္တာ''

သူ႕ရဲ႕Samကို ေခ်ာတယ္လို႔ အေရာင္းဝန္ထမ္းအမ်ိဳးသမီးက ေျပာေတာ့ Nicholasမ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္လိုက္မိတယ္။

သူ႕အၾကည့္ကို သေဘာေပါက္တဲ့အေရာင္းဝန္ထမ္းေလးက အားတုံ႕အားနာနဲ႕ သူစကားမွားၿပီလားဆိုၿပီး လန့္လည္းလန႔္သြားတဲ့ပုံေပၚတယ္။

Samကေတာ့ Nicholasရဲ႕အျပဳအမူကိုၾကည့္ၿပီး အေရာင္းဝန္ထမ္းကိုအားေတာင္အားနာသြားတယ္။

Nicholasကေတာ့ ကဲရင္သဲရင္လည္း သူမ်ားေတြလိုက္လို႔မမွီေအာင္ကဲေတာ့တာပဲ။

"Hey Samual Ace! နင္ Samမလား၊ ငါ့ကိုမွတ္မိလားDaisy ေလ ငါတို႔အထက္တန္းတူတူတက္ခံၾကတာ''

"အာ မွတ္မိၿပီ၊ မေတြ႕ရတာၾကာၿပီေနာ္ နင္ေက်ာင္းသားေဟာင္းေတြ႕ဆုံပြဲေတြလဲ မလာျဖစ္ဘူးမလား''

"ေအး ဟုတ္တယ္ဟ ငါက နိုင္ငံျခားမွာေက်ာင္းသြားတက္လိုက္ေသးတယ္၊ ျပန္ေရာက္လာတာ ေျခာက္လေလာက္ပဲရွိေသးတယ္၊ ဒါနဲ႕ နင္ကပိုေတာင္ေခ်ာလာေသးတယ္ေနာ္''

"ဟာ မဟုတ္ပါဘူး''

ေက်ာင္းတုန္းကသူငယ္ခ်င္းႏႈတ္ဆက္လို႔ စကားေျပာေနတာကိုNicholasက ေဘးကေနၿပဳံးၿပီးၾကည့္ေနတာမို႔ Samမွာစကားေျပာရတာေတာင္မွ အေယာင္ေယာင္အမွားမွားေတြျဖစ္လို႔။

အဲ့ဒီNicholasကေတာ့ အရင္တုန္းကလိုမ်ိဳး ခပ္ေခ်ေခ်ျပန္ေနပါလို႔ သူ႕မွာေျပာရမလိုပဲ။

"ဟုတ္ပါတယ္ တကယ္ေခ်ာလာတာပါဆို ဒါနဲ႕နင္က Omegaမလား၊ အိမ္ေထာင္က်သြားၿပီလား နင္အိမ္ေထာင္မက်ေသးဘူးဆိုရင္ နင့္ကိုငါ့ အစ္ကိုဝမ္းကြဲAlphaတစ္ေယာက္နဲ႕ မိတ္ဆက္ေပးခ်င္လို႔ ငါ့အစ္ကိုကိုမွမဟုတ္ဘူးေနာ္ ငါ့အသိထဲမွာ အိမ္ေထာင္မက်ေသးတဲ့ မ်ိဳးရိုးေကာင္းAlphaေတြ အမ်ားႀကီးပဲဟ''

အမေလး မယ္မင္းႀကီးမရယ္ Nicholasေရွ႕မွာမွ ဒီလိုစကားမ်ိဳးေျပာရသလား။

Nicholasတို႔က အူတိုတတ္ပါေပ့နဲ Samအလန့္တၾကားနဲ႕ Nicholasမ်က္ႏွာကို အကဲခတ္ၾကည့္မိေတာ့ Nicholasမ်က္ႏွာက မိုးၿပိဳေတာ့မေယာင္ မည္းေမွာင္ေနတဲ့တိမ္တိုက္ေတြလိုျဖစ္ေနတယ္။

"ဒီကညီမ Samမွာကအိမ္ေထာင္ရွိတယ္၊ အဲ့တာက ကိုယ္ပဲ အိမ္ေထာင္တင္မဟုတ္ဘူးSamမွာ သားေလးတစ္ေယာက္ေတာင္ရွိေသးတယ္၊ အခုမွကိုယ္တို႔က မဂ္လာျပန္ေဆာင္မွာမို႔ မဂ္လာဝတ္စုံလာၾကည့္တာ၊ Nicholas Nathaniel ဆိုတာ ကိုယ္ပဲ''

"ဟယ္ Mr. Nicholas Nathaniel နဲ႕လက္ထပ္မွာက Samလား၊ အမေလးSamရယ္ ကံေကာင္းလိုက္တာ''

ေဟာ္ အခုက်ေတာ့လည္း ေလသံကတစ္မ်ိဳးျဖစ္သြားျပန္ၿပီ၊ Nicholasကေတာ့ အေျပာင္းအလဲျမန္တဲ့Samရဲ႕ အထက္တန္းေက်ာင္းတုန္းက သူငယ္ခ်င္းဆိုတဲ့တစ္ေယာက္ကို အျမင္မၾကည္လင္လွဘူး။

ဘယ့္ႏွယ္ မဂ္လာဝတ္စုံဆိုင္ကို လာတဲ့လူတစ္ေယာက္ကို သူက အိမ္ေထာင္ဘက္ေတာင္ စပ္ဟပ္ေပးေနေသးတယ္။

"အဟမ္း ဒီကညီမ ေနာက္ဆိုရင္ စကားကို ေရွ႕မၾကည့္ေနာက္မၾကည့္နဲ႕မေျပာပါနဲ႕၊ ၿပီးေတာ့ Samကို တျခားသူနဲ႕ ေအာင္သြယ္လုပ္ဖို႔လည္းမစဥ္းစားပါနဲ႕''

"ေတာင္းပန္ပါတယ္ တကယ္ ေတာင္းပန္ပါတယ္ Mr. Nicholasရယ္ ကြၽန္မက Mr. Nicholasနဲ႕လက္ထပ္မယ့္သူက Samဆိုတာ မသိလို႔ေျပာမိတာပါ''

"ကဲပါ Nicရယ္ ေျပာမေနပါနဲ႕ေတာ့ သူကမသိလို႔ပဲဟာကို''

"Babyေျပာလို႔ ကိုယ္စိတ္ေလွ်ာ့လိုက္တယ္မွတ္''

"ကဲပါ မ်က္ႏွာႀကီးစူပုတ္မေနနဲ႕ အက်ီအဝတ္အစားၾကည့္ရေအာင္ေလ ၿပီးရင္ ေန႕လည္က်ရင္ အစည္းအေဝးတစ္ခုသြားရဦးမယ့္ဟာကို''

"အာ အင္း ဟုတ္သားပဲ၊ အဲ့တာဆိုလို႔ရွိရင္ ညီမတို႔ဆီက အေကာင္းဆုံးအမိုက္ဆုံးဒီဇိုင္းနဲ႕Brandေတြကို ကိုယ္တို႔ကိုတစ္ခ်က္ေလာက္ျပေပးပါ၊ အဲ့ဒီထဲကေနမွ Samနဲ႕အလိုက္ဖက္ဆုံးျဖစ္မယ့္ အက်ီကိုကိုယ္တို႔ေ႐ြးရေအာင္''
"စိတ္ခ်ပါ တကယ့္အမိုက္ဆုံးဆိုတဲ့ Selectiom brandေတြကြၽန္မတို႔ေပးမယ္ေနာ္''

"ကဲ ညီမေလးေရ အစ္မကို catalogue ေတြယူခဲ့ေပးပါဦး ၿပီးေတာ့ အထည္နမူနာေတြပါ တစ္ခါတည္းျပင္ထားေနာ္''

Nicholasအနည္းငယ္ေဟာက္လိုက္ေတာ့ Samရဲ႕ေက်ာင္းေနဖက္သူငယ္ခ်င္း Daisy က ျပဴးျပဴးျပာျပာနဲ႕ အထည္ေတြေျပးဆြဲလိုဆြဲ သူ႕အနားကဝန္ထမ္းကိုမွာလိုမွာနဲ႕ တျဖည္းျဖည္းစကားေျပာရင္း သိရတာက Daisy က နိုင္ငံျခားကေန ေက်ာင္းၿပီးထားၿပီး ဒီမွာ managerအေနနဲ႕အလုပ္လုပ္ေနတာတဲ့။

"Sam ဘယ္အေရာင္ေလးၾကည့္ခ်င္လဲ၊ ဒီဒီဇိုင္းေလးကေတာ့ ေတာ္ေတာ္အဆင္ေျပမယ္လို႔ ကိုယ္ကေတာ့ျမင္တာပဲ''

"ကြၽန္ေတာ္ နက္ျပာေရာင္ေလးဝတ္ၾကည့္မလားလို႔ စဥ္းစားေနတာ''

"နက္ျပာေရာင္ဟုတ္လား သူမ်ားေတြက မဂၤလာပြဲဆိုရင္ အျဖဴနဲ႕အနက္ပဲသုံးၾကတာမ်ားတယ္''

Samရဲ႕စကားကို Daisyက ဝင္ေျပာေတာ့ Nicholasကေခါင္းခါတယ္။

"သူမ်ားဝတ္တဲ့အေရာင္ျဖစ္ဖို႔အေရးမႀကီးဘူး၊ Samသေဘာက်တဲ့အေရာင္ျဖစ္ဖို႔ပဲ အေရးႀကီးတယ္၊ ကဲ Sam ဒါဆိုကိုယ္တို႔နက္ျပာေရာင္ဝတ္ၾကည့္ၾကမယ္ေလ''

"ဟို ကြၽန္မတို႔ကူေပးဖို႔လိုေသးလား''

"အမိက ကိုယ့္ေယာက်ာ္းကို ဘာကူေပးခ်င္တာလဲ၊ ကိုယ္ပဲကူေပးမယ္ မလိုဘူး''

"Nicကလဲ''

Nicholasက ဆိုင္ကအကူဝန္ထမ္းေကာင္မေလးကို ေဟာက္လိုက္ေတာ့ SamကNicholasကို မေျပာေစလိုတဲ့သေဘာမ်ိဳးနဲ႕ ဝင္ဟန့္တယ္။

သူ႕ရဲ႕Samေလးကို အက်ီဝတ္ေပးဖို႔ႀကိဳးစားေနတာကို သူစိတ္မဆိုးရဘူးလား။

တစ္ဖက္ခန္းက အဝတ္အစားလဲၿပီးထြက္လာတဲ့ Samကိုၾကည့္ၿပီး Nicholasအသက္ရႉဖို႔ေမ့သြားရတယ္။

Samနဲ႕နက္ျပာေရာင္သတို႔သားဝတ္စုံက အပိုအလိုမရွိ လုံးဝကြက္တိလိုက္ဖက္လြန္းေနတယ္။

Samရဲ႕မ်က္ဝန္းအစိမ္းေရာင္ေတြက သတုိ့သားဝတ္စုံနက္ျပာေရာင္ကို ပံ့ပိုးေပးေနသလို အလြန္တရာ ၾကည့္လို႔ေကာင္းေနေလရဲ႕။

Nicholasဘယ္ေလာက္ထိသေဘာက်သြားမိတယ္ဆိုတဲ့အေၾကာင္းကို စာဖြဲ႕ၿပီးေျပာဖို႔အတြက္စကားလုံးရွာမေတြ႕ဘူး။

တကယ္ပဲSamက သူ႕အတြက္ၿပီးျပည့္စုံလြန္းတယ္။

တကယ္တမ္း သူမ်ားေတြကေတာ့ Samကို အဲ့ေလာက္မေခ်ာပါဘူးလို႔ ေျပာခ်င္ေျပာလိမ့္မယ္၊ ဒါေပမယ့္ Nicholasအတြက္ေတာ့ Samကဘယ္သူနဲ႕မွယွဥ္လို႔မရေလာက္ေအာင္ ၾကည့္လို႔ေကာင္းေနတယ္ဆိုတာ အမွန္တရားပဲ။

အဲ့တာကလည္း သူ႕ရင္ထဲကSamအေပၚထားတဲ့ အခ်စ္စိတ္ေတြေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မယ္။

"အဟမ္း Nicholas ဘာေၾကာင္ၾကည့္ေနတာလဲ၊ ကြၽန္ေတာ္အဆင္ေျပရဲ႕လား ေျပာဦးေလ''

"ေျပတယ္ အရမ္းကိုေျပတယ္ ေျပလြန္းလို႔ဘာေျပာရမွန္းေတာင္မသိဘူး''

"ဟင္ ေျပလြန္းလို႔ဘာေျပာရမွန္းမသိဘူးဆိုတာ ဘယ္လိုႀကီးတုန္း'''

"ကိုယ္ အသက္ရႉမွားေနလို႔ အရမ္းလိုက္တယ္ အရမ္းအရမ္းလိုက္တယ္၊ Samထက္ၾကည့္လို႔ေကာင္းတဲ့သူေတာင္ Samေလာက္ၾကည့္ေကာင္းပါ့မလားမသိဘူး''

"အပိုေတြေျပာမေနပါနဲ႕''

"အပိုေတြေျပာေနတာမဟုတ္ဘူး တကယ္ေျပာေနတာ''

"ဟို ခင္မ်ားလည္းၾကည့္လို႔ေကာင္းပါတယ္''

ၾကည့္ေကာင္းပါတယ္လို႔ေျပာတာကိုေတာင္ အရွက္သည္းေနတဲ့ Sam ကို မြတ္မြတ္သိပ္သိပ္နမ္းပစ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာေပမယ့္ ဆိုင္ထဲမွာမို႔ Nicholas စိတ္ကို ထိန္းေနရတာဟာ တကယ္ပဲ အဆင္မေျပလွဘူး။

"ဒါဆို ဒီဝတ္စုံေလးယူလိုက္မယ္ေနာ္''

"အြန္း ဒီဝတ္စုံေလးယူၾကတာေပါ့၊ ဒါဆို ကြၽန္ေတာ္ျပန္ၿပီးအဝတ္လဲလိုက္ဦးမယ္''

"ဟုတ္ၿပီ ကိုယ္လဲသြားျပန္လဲလိုက္ဦးမယ္''

"ဪ ဒါနဲ႕ ခင္မ်ားကိုေျပာရဦးမယ္၊ Nixonေလးက မနက္ဖန္အလုပ္ပိတ္ရက္ကို သူ႕ကိုကစားကြင္းလိုက္ပို႔ေပးပါလို႔ေျပာေနလို႔ အဲတ့ာ ခင္မ်ားအားလားလို႔''

"ဟာ ဘယ္လိုလုပ္မလဲ မနက္ဖန္က Daddyက အလုပ္ကိစၥတစ္ခုနဲ႕ ကိုယ္နဲ႕ကိုကိုႀကီးနဲ႕ကို ေတြ႕ခ်င္တယ္လို႔ေျပာထားတယ္''

"ဟာ ဘယ္တုန္းကေျပာတာလဲ ကြၽန္ေတာ္လဲမသိရပါလား''

"ဟုတ္တယ္ ကိုယ့္ကိုမနက္ကမွဖုန္းဆက္ၿပီးေျပာတာ အဲ့တာေၾကာင့္မို႔ မနက္ဖန္ေတာ့ ကို္ယ္လိုက္ပို႔နို္င္မယ္လို႔မထင္ဘူး''

"ရပါတယ္ ဘယ္တတ္နိုင္မလဲ ထားလိုက္ပါေတာ့ ကြၽန္ေတာ္ပဲလိုက္ပို႔လိုက္ေတာ့မယ္၊ ကဲ ကြၽန္ေတာ္အဝတ္သြားလွဲလိုက္ဦးမယ္''

Nixonေလးက ကစားကြင္းသြားခ်င္တယ္လို႔ေျပာတာမို႔ Nicholasနဲ႕တူတူ ကေလးကိုကစားကြင္းလိုက္ပို႔ေပးမယ္လို႔ Samေတြးထားက Nicholasက မအားဘူးဆိုေတာ့လည္း Samတစ္ေယာက္ထဲပဲလိုက္ပို႔ရေတာ့တာေပါ့။

Xxxxxxxxx

ႏွစ္ေယာက္အတူလိုက္ပို႔မယ္လို႔စဥ္းစားထားၿပီးမွ သူတစ္ေယာက္ထဲသြားရတာမို႔ ရင္ထဲေတာ့သိပ္မေကာင္း။

Nicholasက အလုပ္ကိစၥရွိလို႔ မလိုက္နိုင္တာကို သိရက္သားနဲ႕ စိတ္မေကာင္းျဖစ္ေနတဲ့ကိုယ့္ကိုကိုယ္လည္း အားမလိုအားမရျဖစ္မိတယ္။

Nicholasဆိုတာ သူ႕ဘဝမွာျပန္ၿပီးေပၚမလာခင္တုန္းကလည္း သူနဲ႕သားေလးနဲ႕ႏွစ္ေယာက္တည္းရွိတာပါပဲ။

ဒါေပမယ့္ Nicholasအနားျပန္ေရာက္လာတဲ့အခ်ိန္မွာ သူ႕ကိုယ္သူေတာင္သတိမထားနိုင္ေသးခင္ Nicholas ေဘးနားမွာတည္ရွိမႈနဲ႕ ေနသားက်ေနခဲ့တာ။

အဲ့တာေၾကာင့္ Nicholasကတစ္ခါေလာက္ေလး မလိုက္နိုင္ဘူးဆိုတာနဲ႕ သူစိတ္မေကာင္းျဖစ္ေတာ့တာပဲ။

Nixonေလးကလည္း Daddyကဘာျဖစ္လို႔မလာတာလဲလို႔ တေမးေမးနဲ႕ ၊ သူNicholasကိုအတင္းအၾကပ္လည္းမေျပာခ်င္ဘူး။

မသိရင္ Nicholasကိုသူက အရမ္းအားကိုးသလိုျဖစ္ေနမွာလည္း စိုးရိမ္ျပန္တယ္။

ဟြန့္ ခင္မ်ားမရွိလဲ ကြၽန္ေတာ္ကျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ သားအဖႏွစ္ေယာက္ကအရင္တည္းက ဒီလိုပဲသြားတာပဲ။

Nicholasတစ္ေယာက္က အျမင္ကပ္စရာေကာင္းပါတယ္၊ သူဒီေန႕သားကိုတစ္ေယာက္ထဲ ကစားကြင္းလိုက္ေပးမယ္ဆိုတာ သိတာေတာင္မွ ဖုန္းတစ္ခ်က္ေလးဆက္ေဖာ္မရဘူး။

"ဒီေန႕ေနလည္းမပူဘူးေနာ္ ရာသီဥတုေလးကသာယာလိုက္တာ"

လူႀကီးေလးတစ္ေယာက္လို ပတ္ဝန္းက်င္ကိုအကဲခတ္ကာေျပာတဲ့ Nixon ေလးကို သူဘာမွျပန္မေျပာပဲ သေဘာတက်နဲ႕ ေငးၾကည့္ေနမိတယ္။

"ေပ်ာ္စရာႀကီးေနာ္.Sammy၊ Daddyပါလာရင္ အရမ္းေကာင္းမွာပဲ''

ေတြ႕လား ေမြးခဲ့တဲ့အေဖကိုမွအားမနာ အေမေက်ာ္ေဒြးေတာ္လြမ္းတယ္ဆိုတာ Nixonလိုဟာေလးကို ေျပာတာပဲျဖစ္ရမယ္။

တသ္သက္လုံးသူနဲ႕ေနလာခဲ့တဲ့ဟာ မေန႕တစ္ေန႕ကမွ အတူတူေနရတဲ့Daddyကို ပါးစပ္ဖ်ားကေနမခ်ဘဴး။

မတတ္နိုင္ပါဘူး ေသြးသားကစကားေျပာတယ္ဆိုတာ ဒါမ်ိဳးပဲေနမွာေပါ့ေလ။

Nixonေလးမေျပာပါနဲ႕ သူလည္းNicholasကို ဒီမွာအတူတူရွိေစခ်င္တာ အမွန္ပဲ။

အရင္တုန္းကေတာ့ သူနဲ႕Nixonေလးႏွစ္ေယာက္ထဲ ရွိတယ္ဆိုေပမယ့္ Nixonကမႀကီးေသးတာမို႔ ကစားကြင္းေတြဘာေတြသိပ္လိုက္ပို႔စရာမလိုဘူးေလ။

အခုေတာ့ ကစားကြင္းကို လိုက္ပို႔ၿပီး ကစားကြင္းထဲမွာျမင္သမွ်ကလည္း မိသားစုေတြဆိုေတာ့ သူလည္းNicholasကို ဒီေနရာမွာရွိေစခ်င္စိတ္ျဖစ္မိတယ္။

"Nixon သားေလးကDaddyနဲ႕ေတြ႕ခ်င္တယ္ဆို Daddyကိုဖုန္းေခၚၾကည့္ပါလား''

တကယ္တမ္းေတာ့ ဖုန္းေခၚခ်င္တာသူျဖစ္ေပမယ့္ သူကတိုက္ရိုက္Nicholasကို ဖုန္းေခၚလိုက္ရင္ အလုပ္ရွိတာေတာင္နားလည္မႈမေပးတဲ့သူျဖစ္မွာစိုးလို႔ သားကိုနာမည္တပ္ၿပီး ဖုန္းေခၚခိုင္းလိူက္တယ္။

"ဟာ Daddyကလည္းDaddyေခၚေပးေလ သားသားမွာမွ ဖုန္းမရွိတာ''

အဲ Nixonေလးေျပာတာလည္း ဟုတ္ေတာ့ဟုတ္သားပဲ။

"ဒါဆို Sammyဖုန္းေခၚေပးမယ္ေလ၊ သားကDaddyကိုေျပာလိုက္ေပါ့''

"အဲ့တာဆို Sammyဖုန္းေခၚေပး''

ကစားကြင္းထဲက နားေနလို႔ရတဲ့ ခုံတန္းတစ္ခုကိုရွာၿပီး သားကိုထိုင္ခိုင္းလိုက္ကာ သူပါေဘးကေနဝင္ထိုင္လိုက္တယ္။

Nicholasဆီဖုန္းေခၚတဲ့အခ်ိန္ သူ႕ရင္ထဲမွာတဒိတ္ဒိတ္နဲ႕ သူကသားကို ေျပာၿပီးဖုန္းေခၚခိုင္းတာကို Nicholasသိရင္ ဘယ္လိုမ်ားတုန့္ျပန္မလဲလို႔ သူ႕မွာမလုံမလဲျဖစ္ေနမိျပန္တယ္ေလ။

"Hello''

Nicholasရဲ႕ ဖုန္းေျဖသံေၾကာင့္ သူအလန့္တၾကားနဲ႕ သားကိူဖုန္းထိုးေပးလိုက္မိတယ္။

"ေရာ့ သားေလး ေျပာလိုက္ဦး''

"Hello Daddyလား''

တစ္ဖက္က Nicholasက သားကိုဘာေတြေျပာေနတယ္မသိ သားကေတာ့ အင္းအင္း ဟုတ္ကဲ့ဟုတ္ကဲ့နဲ႕ နားေထာင္ေနတာပဲ။

ခဏေနက်ေတာ့ သားက သူ႕ကိုဖုန္းျပန္ထိုးေပးတယ္။

"Sammy Daddyက Sammyနဲ႕ေျပာမယ္တဲ့''

ဘုရား ဘုရား ဘာမ်ားေျပာမလို႔ပါလိမ့္!
သူကစၿပီး သားကိုဖုန္းဆက္ဖို႔အႀကံေပးလိုက္တာမ်ား Nicholasရိပ္မိသြားၿပီလား။

"Hello Nicholas ေျပာ သားကိုကြၽန္ေတာ္ဖုန္းဆက္ခိုင္းတာမဟုတ္ဘူးေနာ္ သားကသူ႕ဘာသူဆက္မယ္ဆို​ၿပီးဆက္တာ''

"ဟားဟား ဟုတ္ပါၿပီ၊ ကိုယ္ကဘာေျပာလို႔လဲ''

"ဟုတ္ပါဘူး ကြၽန္ေတာ္က ခင္မ်ားသိေအာင္ေျပာျပတာ''

"သားနဲ႕Baby ဘယ္အခ်ိန္ျပန္မွာလဲ''

"သား ​ေဆာ့ၿပီးတဲ့အခ်ိန္ေပါ့ သားက အရင္တစ္ခါလာရတုန္းကေတာ့ ညေနေစာင္းတဲ့ခ်ိန္ေလာက္မွျပန္တာ''

"ဟုတ္ၿပီေလ အဲ့တာဆိုရင္ ကိုယ္Babyတို႔ရွိတဲ့ဆီကို သုံးနာရီေလးနာရီေလာက္လာႀကိဳလိုက္မယ္ အခု​ေတာ့အလုပ္မၿပီးေသးလို႔ ''

ကစားကြင္းကိုေရာက္မလာေပမယ့္ ညေနလာႀကိဳမယ္ဆိုတဲ့စကားေၾကာင့္ Samဝမ္းသာသြားမိတယ္။

အနည္းဆုံးေတာ့ Nicholasကသူတို႔သားအဖကို လုံးလုံးႀကီးမပစ္ထားေသးဘူးေလ။

တကယ္မအားလို႔မလာနိုင္တာပဲ၊ လာႀကိဳမယ္ဆိုတာနဲ႕ပဲ Samတို႔ကေက်နပ္ရမွာေပါ့။

"ေကာင္းၿပီေလ အဲ့တာဆို ခင္မ်ားေရာက္ခါနီးကြၽန္ေတာ့္ကို ဖုန္းဆက္လိုက္''

"Okie Baby See you ေနာ္''

"ကဲ လာ Sammyတို႔သြားေဆာ့ၾကမယ္''

သားလက္ကိုဆြဲၿပီး သားကိုရဟတ္စီးဖို႔ေခၚလာခဲ့တဲ့ ကစားကြင္းထဲမွာ ကစားကြင္းကိုမနက္ဆယ္နာရီေက်ာ္ေလာက္ကတည္းက ေရာက္တာျဖစ္ၿပီး ႏွစ္နာရီေလ​ာက္ သားစီးခ်င္တာေတြစီးၿပီးတဲ့အခါမွာေတာ့
သားကိုေန႕လည္စာေကြၽးဖို႔ Samဆိုင္လိုက္ရွာရေတာ့တယ္။

"Sammy Sammy ဟိုမွာလူေတြအမ်ားႀကီးပဲ၊ ဘာပြဲလည္းမသိဘူး သြားၾကည့္ရေအာင္''

သားသားက လူစုစုစုဆိုၿပီး ပြဲတစ္ခုခုက်င္းပေနပုံရတဲ့ေနရာကို လက္ညိုးထိုးၿပီးေတာ့ျပေတာ့ သူလည္း က​​ေလးကာတြန္းျပဇာတ္လား ဘာလားဆိုၿပီး Nixonကိုျပရေအာင္ Nixonဆြဲေခၚရာေနာက္ကို လိုက္သြားရတယ္။

ဒါေပမယ့္ အဲ့ဒီလူအုပ္ၾကားထဲေရာက္တဲ့အခါ Nixonေလးက ႐ုတ္တရတ္သူ႕လက္ကိုလႊတ္ၿပီး ထြက္ေျပးသြားတာမို႔ Samလည္းNixonကိုလိုက္ရွာရေတာ့တယ္။

လူအုပ္ၾကားထဲေရာက္ေတာ့ ဝင္ေရာ​က္သြားတဲ့သားျဖစ္သူကို လိုက္ရွာဖို႔သူလည္း လူအုပ္ၾကားထဲလိုက္တိုးဖို႔ႀကိဳးစားေနတုန္းမွာပဲ အဲ့ဒီလူအုပ္ႀကီးက ႐ုတ္တရတ္ေဘးကို ရွဲကနဲျဖစ္သြားၿပီး ဘယ္ကမွန္းမသိတဲ့တီးလုံးသံေတြေပၚလာတယ္။

သူအခုမွသတိထားလိုက္မိတာက ခုဏကေဘးကိုရွဲသြားတဲ့လူအုပ္ႀကီးက ထြက္ေပၚလာတဲ့တီးလုံးသံနဲ႕အတူ လိုက္ေလ်ာညီေထြျဖစ္ေအာင္ကေနတယ္ဆိုတာပဲ။

ေနပါဦး ဘာေတြျဖစ္ေနတာလဲ၊ အခုသူေတြ႕လိုက္တဲ့သူေတြက Dancerေတြလား ။

ဟိုဖက္ဒီဖက္ သူလိုက္ၾကည့္ေနရင္းက သီခ်င္းဆိုသံထြက္ေပၚလာၿပီး သီဆိုတဲ့သီခ်င္းသံပိုင္ရွင္က သူရင္းႏွီးတဲ့အသံပိုင္ရွင္​ျဖစ္ေနတာကို ဘယ္နားကေနဆိုေနတာလဲလို႔ သူၾကည့္လိုက္မိေတာ့ Nicholasကိုအံ့အားသင့္စြာ ေတြ႕လိုက္ရေတာ့တယ္။

ၿပီးေတာ့ ပိုၿပီးထူးဆန္းတာ​က Nicholasေဘးမွာ သီခ်င္းသံနဲ႕အတူလိုက္ကေနတာက သူ႕သားတဲ့၊ သူတို႔ရဲ႕သားNixonေလးပဲ။

ေနပါဦး ဒါကဘယ္ကေနဘယ္လို ဘယ္လိုေတြျဖစ္သြားရတာလဲ၊ Nixonေလးက Nicholasလာမွာကို ႀကိဳသိေနတာလား၊ သူတို႔ကႀကိဳတင္ၿပီး ဇာတ္တိုက္ထားၾကတာလား။

Recommended song - Marry You, Bruno Mars

~~It's a beautiful night, we're looking for something dumb to do
Hey baby, I think I wanna marry you

Is it the look in your eyes or is it this dancing juice?
Who cares, baby, I think I wanna marry you

Well, I know this little chapel on the boulevard we can go
No one will know, oh, come on

Who cares if we're trashed, got a pocket full of cash we can blow
Shots of patron and it's on

Don't say no, no, no, no, no
Just say yeah, yeah, yeah, yeah, yeah
And we'll go, go, go, go, go
If you're ready, like I'm ready

'Cause it's a beautiful night, we're looking for something dumb to do
Hey baby, I think I wanna marry you
Is it the look in your eyes or is it this dancing juice?
Who cares, baby, I think I wanna marry you, oh ~~

လူအုပ္ၾကားထဲမွာ အူေၾကာင္ေၾကာင္မ်က္ႏွာေပးနဲ႕ ဟိုဟိုဒီဒီၾကည့္ေနတဲ့Samကိုၾကည့္ၿပီး Nicholasမွာသီခ်င္းဆိုေနတဲ့ၾကားထဲက သေဘာက်ႀကီးက်ေနရေတာ့တာပဲ။

ရယ္လိုက္ခ်င္ေပမယ့္ ခဲရာခဲဆစ္တိုက္ထားတဲ့သီခ်င္းဆိုတာ မွားမွာစိုးလို႔သူ႕မွာ မရယ္ရဲေလာက္ေအာင္ပဲ။

သူကသီခ်င္းဆိုေနရတာခ်ည္းမဟုတ္ ကပါကေနရေသးတာ။

ဒီလိူအလုပ္မ်ိဳးေတြ တစ္သက္နဲ႕တစ္ကိုယ္လုပ္ျဖစ္လိမ့္မည္လို႔ သူေယာင္လို႔ေတာင္ မေတြးဖူးခဲ့ေပ။

သူအခု ဒီလိုလုပ္ေနရတယ္ဆိုတာ သူခ်စ္ရတဲ့ Sam အတြက္ေၾကာင့္သာ ဒီလိုသီခ်င္းဆိုၿပီး လက္ထပ္ခြင့္ေတာင္းတဲ့အလုပ္ကို ႐ူးေၾကာင္ေၾကာင္နဲ႕လုပ္ျဖစ္ခဲဲ့ျခင္းပါပဲ။

ဒယ္ဒီအတင္းတိုက္တြန္းလို႔ Sam ကသူနဲ႕လက္ထပ္လိုက္ဖို႔အတြက္ သေဘာတူခဲ့တယ္ဆိုေပမယ့္ သူ႕ဘက္ကလဲ Sam ကိုတစ္သက္စာအမွတ္တရျဖစ္ဖို႔အတြက္ ေလး်လးနက္နက္ လက္ထပ္ခြင့္ေတာင္းခ်င္ခဲ့တယ္။

အဲဒါေၾကာင့္ပဲ ညီအငယ္ဆုံး Raymus ေပးတဲ့အႀကံကို အေကာင္အထည္ေဖာ္ျဖစ္ခဲ့တာ။

ဒီကိစၥကို သားေလးကိုေျပာျပၿပီး Sam ကို ကစားကြင္းေခၚလာခိုင္းရတာနဲ႕၊ မူႀကိဳဆရာမနဲ႕ညွိၿပီး သားေလးနဲ႕ အကတိုက္ရတာနဲ႕ သူ႕မွာရင္တခုန္ခုန္။
ရွက္တတ္တဲ့ Sam တစ္ေယာက္ သီခ်င္းဆုံးတဲ့အခါ သူ႕ကိုမေအာ္ဖို႔ ဆုေတာင္းရင္း လက္စြပ္ဘူးေလးကိုထုတ္ကာ Sam အနားကို ခ်ဥ္းကပ္သြားလိုက္တယ္။

"ကိုယ့္ကိုလက္ထပ္ပါ Sam ! ကေလးတစ္ေယာက္ရွိလို႔ တာဝန္ယူခ်င္လို႔မဟုတ္ပဲ ဒယ္ဒီအတင္းတိုက္တြန္းလို႔မဟုတ္ပဲ Baby ကိုသိပ္ခ်စ္တာမို႔ Baby ခင္ပြန္းျဖစ္ခ်င္တယ္"

Nicholas ထံမွ လက္ထပ္ရေအာင္လို႔ေျပာျခင္းကို သူ အႀကိမ္ေပါင္းမ်ားစြားၾကားခဲ့ဖူးေပမယ့္ ဒီတစ္ေခါက္ေတာ့ ဘယ္တုန္းကနဲ႕မွမတူ။

သူ႕စိတ္ထဲရွိရာကို အရိုးရွင္းဆုံးဖြင့္ေျပာတဲ့ Nicholas စကားေၾကာင့္ Sam ရဲ႕မ်က္ရည္တစ္ပြင့္ဟာ မ်က္ဝန္းအိမ္ကေန ပါးျပင္ေပၚ ခုန္ဆင္းသြားလို႔သြားတယ္။

ခ်စ္ရတဲ့သူဆီက ခ်စ္ျခင္းေမတၱာကိုရတဲ့အခါ အေပ်ာ္႐ႊင္ရဆုံးလို႔ ေျပာၾကမယ္ဆိုရင္ ခ်စ္ရသူက ကိုယ့္ကိုတန္ဖိုးထားျခင္းခံရတဲ့အခါမွာေတာ့ မိမိကိုယ္ကို ကံအေကာင္းဆုံးလူသားလို႔ တင္စားရမည္ထင္။

Sam ဟာ ကံအေကာင္းဆုံးလူသားျဖစ္ခြင့္ရခဲ့ၿပီ။
အဲဒါဟာ က်ိက်ိတက္ခ်မ္းသာတဲ့ Nathaniel မိသားစုက သားအလတ္ကို လက္ထပ္ခြင့္ရလို႔မဟုတ္ပဲ Nic လို႔ သူခ်စ္စနိူးေခၚရတဲ့ သူ႕ရဲ႕ Alpha က တန္ဖိုးထားျမတ္နိုးျခင္းကို ခံရလို႔ပဲျဖစ္တယ္။

"လက္ခံလိုက္ !!! လက္ခံလိုက္ !!! "

"လက္ခံလိုက္ပါ Sammy"

ေဘးနားက ဝိုင္းၿပီးအားေပးၾကတဲ့သူေတြထဲ သူတို႔ႏွစ္ေယာက္ရဲ႕ သားေလးအသံက အက်ယ္ဆုံးပဲ။

အငိုမ်က္လုံးနဲ႕ၿပဳံးကာ သူေခါင္းညိတ္ျပလိုက္ၿပီးတဲ့ေနာက္မွာေတာ့ သူ႕လက္မွာ စိန္တစ္ပြင့္နဲ႕လက္စြပ္က ဝင့္ႂကြားစြာေနရာယူလို႔သြားတယ္။

အဲဒီလိုပဲ သူ႕ရင္ရဲ႕ အနက္ရွိုင္းဆုံးတစ္ေနရာမွာလဲ Nic ဆိုတဲ့သူ႕ရဲ႕ ခ်စ္ဦးသူဟာ အၿပီးတိုင္ေနရာယူသြားခဲ့တယ္။

Final part will be continued
Sam ေနရာကေနတစ္ေလွ်ာက္လုံးခံစားၿပီး Nic ကိုဆဲ
လာခဲ့တာ .. ဒီအပိုင္းမွာေတာ့ Sam ေနရာကေနအစားမ်က္ရည္က်ရျပန္တယ္။
ကိုယ္တို႔ကေလးေလး တကယ္ကံေကာင္းခဲ့ပါၿပီ။

Continue Reading

You'll Also Like

224K 22.5K 44
Book-1 က Sueရဲ့ Accထဲမှာပဲ ရှိပါတယ် အဲ့မှာ Limitပြည့်သွားလို့ ခွဲတင်ပေးတာပါ💕 Do not Repost my Translation.🚫 All Crd To original Author & Artist.💯
716 82 4
ကမ္ဘာကြီးက ရက်စက်တယ် ခင်ဗျား သေသွားရင် ဘာအိမ်မက်၊ဘာပုံပြင်မှ ကျန်ခဲ့မှာမဟုတ်ဘူး.... Xingho ကမာၻႀကီးက ရက္​စက္​တယ္​ ခင္​​ဗ်ား ​ေသသြားရင္​ ဘာအိမ္​မက္​ ဘ...
675K 40.4K 104
story - yaoi Omege and Alpha
751K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...