သေတ္တာထဲမှရွှေချောင်းတွေသည်
ဆေးတချို့ဖြင့်လှဲလှယ်ခြင်းမှရခဲ့သော
ပစ္စည်းများ......။
Jeon သည်တချောင်းချင်းစေ့စေ့စပ်စပ်
စစ်ဆေးကာဘေးနားရှိလူတယောက်အား
တချောင်းပစ်ပေးလိုက်တော့အပြေးအလွှားဖမ်းရသည်။
"ဆုချတာ....."
ခိုင်းစေသောအလုပ်အားသေချာစွာလုပ်ပေးနိုင်လျှင်
သူစိတ်ကျေနပ်လောက်မည့်အောင်မြင်မှုမျိုး
ရနိုင်လျှင် Jeon ဟာ အတိုင်းအဆမရှိပေးကမ်း
စွန့်ကြဲတတ်သည်....။
မအောင်မြင်လျှင်သတ်ပစ်သည်။
ရိုးရှင်းသောနိယာမပါပဲ....။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်...."
"တခုပေးလို့တခုပြန်ရတဲ့အပေါ်
ကျေးဇူးတင်ဖို့မလိုပါဘူး.....သွားတော့
ငါတွေးစရာလေးနည်းနည်းရှိလို့...."
ခေါင်းညိတ်ကာထွက်သွားသောလူတံခါး
အပြင်ဘက်ရောက်သည်နှင့်နောက်ထပ်
ဝင်လာသောလူတစ်ယောက်....။
အမဲရောင်ဆံပင်ရှည်တွေနှင့်မျက်လုံးတွေအား
အမြဲဖုံးအုပ်ထားကာအနက်ရောင်ဝတ်ရုံရှည်
သည်အလောတကြီးပြေးဝင်လာတာကြောင့်
လေထဲလွင့်နေလျက်....။
"JEon!!!!!! ဒါဘယ်လိုမိုက်ရူးရဲဆန်မှုမျိုးလဲ..."
"ထယ်...ဘယ်ကနေဘယ်လို..."
"အိမ်ရှေ့စံမွေးနေ့ကိုမှဘာလို့သွားနှောက်ယှက်
ရတာလဲ...ငါတို့တွေအတက်နိုင်ဆုံး
သူတို့ကိုရှောင်နေရမှာလေ...
သူတို့တွေကဘယ်လောက်အာရုံနောက်ဖို့ကောင်းလဲ
မင်းသိရဲ့လား...."
"........."
"မင်းသားက သူ့မွေးနေ့ ပျက်စီးသွားလို့
ငါတို့ကို ရှိသမျှအင်အားသုံးရှာနေတယ်
သတိထားနေ ....."
"ငါ့ကို သူက ရှာနေတာလား...."
"အေး...သတ်မလို့...ရှာနေတာ...."
Jeon သည်ရွှေချောင်းသေတ္တာအားပိတ်လိုက်ကာ
နူတ်ခမ်းတွေတွန့်ရုံမျှပြုံးလိုက်ရင်း
ထယ်ယောင်းနားသို့လျှောက်သွားလိုက်သည်...။
"ထယ်က ကိုယ့်ကိုစိုးရိမ်လို့လာသတိပေးတာလား"
"မဟုတ်ဘူး...မင်းအဖမ်းခံရရင်
အကုန်ကမောက်ကမဖြစ်ကုန်မှာစိုးလို့
ငါ့ငွေတွေဘယ်လောက်များလိုက်သလဲ"
ထယ်နဲ့သူက ဂိုဏ်းကိုအတူတူအုပ်ချူပ်
သောခေါင်းဆောင်များဖြစ်ကြသော်လည်း
ထယ်ကသိပ်အပြင်မထွက်လာတတ်။
လုပ်ရမည့်အကွက်အကွင်းတွေကို
နေရာချကာ ကွန်ပျူတာတလုံးနဲ့
ထိန်းချူပ်တတ်သူဖြစ်သည်။
ငယ်စဉ်ထဲကအတူတူရှိခဲ့ကြပြီး
ထယ်ကငွေကိုသာကြိုးစားပမ်းစားစုဆောင်း
နေတဲ့သူ.....
ငွေမက်လွန်းလှသော လက်ရုံးတော်လေးကို
ကြည့်ပြီး
Jeonသည်အသံထွက်အောင်ရီမောလျက်
ဆံပင်အုပ်ထားတတ်သောမျက်လုံးတွေကို
သေနတ်ပြောင်းဝဖြင့်တွန်းဖယ်လိုက်ပြီး
"အဲ့ညက....မွေးနေ့ညကလေ....
ကိုယ် သူ့ကို တွေ့ခဲ့ရတယ်....
သူသိပ်ဆန်းကြယ်ပြီး....သိပ်လှတာပဲ....
ကိုယ်အဲ့ညထဲကဒီနေ့အထိသူ့အကြောင်းတွေပဲ
တွေးမိနေတာ...."
"ဘယ်သူ့ကိုပြောနေတာလဲ....."
"အိမ်ရှေ့စံဆိုတာလေးလေ....
ခုမွေးနေ့ပွဲပျက်လို့စိတ်တိုနေတဲ့ကလေးလေးပေါ့..."
"Jeon....!"
ထယ်သည် Jeon ပါးတွေအားလက်သွယ်သွယ်
များဖြင့်အုပ်ကိုင်ကာမီးခိုးရောင်မျက်လုံးများ
ဖြင့်လှုပ်ခတ်စွာကြည့်နေသည်။
"ဘာတွေပြောနေတာလဲ..
ပြောနေတာတွေက ဘယ်လောက်
အန္တရာယ်များနေပီလဲဆိုတာသိရဲ့လား
အိမ်ရှေ့စံကကလေးလေးမဟုတ်ဘူး Jeon...
သူ့ကိုတစ်တိုင်းပြည်လုံးကကလေးလေးလို
သတ်မှတ်ချင်ကြပေမယ့် သူသိပ်ကြောက်စရာ
ကောင်းမှန်းလည်းတစ်တိုင်းပြည်လုံးသိကြတယ်...."
"ထယ်..သူ့အကြောင်းသိလို့လား....."
"မင်းနဲ့လားလားမှမဆိုင်ဘူး Jeon....
နောက်ထပ် မင်းသားအကြောင်းကိုထပ်မတွေး
ပါနဲ့...."
ထယ်သည်နှဖူးတည့်တည့်အားသေနတ်ဖြင့်
ချိန်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
ဒါထယ် စိတ်တိုလာတိုင်းလုပ်တတ်သော
အပြုအမူတခုပဲ။အထူးအဆန်းတော့ဖြစ်မနေ။
"ဆိုင်ချင်နေတယ်.....
ဘယ်နှ ဘီလီယံလောက်နဲ့ဝယ်ရင်ရနိုင်မလဲ...
အင်း....တင်တောင်းတဲ့သဘောပေါ့
သူအရမ်းလှလွန်းတယ်...
ကိုယ်ခုပြန်တွေးမိရင်တောင် ကိုယ်အများကြီး
ရူးလိုက်ရတော့မလိုပဲ...."
ဘုရင်ကြီးက မူးယစ်ဆေးနံ့တွေမွှန်ထူနေသော
အခန်းထဲ အဲ့ဒီနေ့က မြင်မြင်ချင်းအချစ်မှာ
ဘယ်လောက်ကျဆုံးနေပြီဖြစ်ကြောင်း
စိတ်ပါလိုက်ပါပြောနေခဲ့တာ....။
ထယ်ယောင်းသည်ခေါင်းဆောင်Jeon
အိမ်ရှေ့စံအားသတိထားမိသွားခြင်းကို
လုံးဝလက်မခံနိုင်ခဲ့။
Jeon က လောကဘောင်တွေစည်းတွေကို
ဘယ်တုန်းကမှမမြင်တတ်တဲ့သူမျိုး...။
မျက်စိတချက်ကျလျှင် ဘယ်နိုင်ငံ
ဘယ်ဒေသ က ဘယ်လိုဖြစ်တည်မှုမျိုးပဲ
ဖြစ်ဖြစ် မရရအောင် လူ သော် လည်ကောင်း
အရာဝတ္တုသော်လည်းကောင်းမရရအောင်ယူ
တတ်သည်။
မရခဲ့သောအရာမျိုးဘဝတလျှောက်လုံးတွင်
တခုတေလေလေးမှမရှိဖူးပါ။
Jeon ကသူသာလျှင်အင်အားအကြီးဆုံးဟု
ထာဝရသတ်မှတ်သည်...။
အရာရာကိုအမှုန်အမွှားလိုကြည့်တတ်တာ
ပိုက်ဆံအထပ်လိုက်ပုံပေလိုက်လျင်
အဆင်ပြေပီးသားဖြစ်သောကြောင့်
ဥပဒေတွေ ပုဒ်မတွေကိုလည်းဂရုမစိုက်ခဲ့ဖူး။
ဘယ်သူမှသိပ်မသိသောတောအုပ်ထဲက
မြေအောက်လှိုဏ်ခေါင်းထဲတွင်
ခမ်းနားလွန်းသော အဆောင်အယောင်များ
မီးရောင်စုံများဖြင့်Jeonနေထိုင်သည်...။
နိုင်ငံတိုင်းတွင်လျှို့ဝှက်နေရာပေါင်းများစွာရှိသည်။
မြေအောက် ရတနာသိုက်တခုလို
တန်ဖိုးကြီးပစ္စည်းများဖြင့်စီရင်ထားသော
အခန်းပေါင်းများစွာဖြင့်နန်းတော်ကြီးတခုသည်
လူမသိသူမသိ ကြီးကျယ်ခမ်းနားခဲ့သည်။
အဲ့ဒီနေ့က Kimဟာ အလောတကြီးကိုတားဆီးခဲ့တာပါ။
အတိတ်တွေကိုပြန်ကြည့်လို့ Kimအဲ့တုန်းက
မတားခဲ့ဘူးလားလို့ အပြစ်ဖို့ခြင်းများရှိခဲ့သော်
KimTaeHyung ဟာ တညလုံးကိုတားဆီးခဲ့ပါတယ်။
Jeonဟာ စက္ကန့်ပိုင်းမျှမြင်လိုက်ရသော
ရွှေဝါရောင်ဆံပင်လေးတွေကို အလွန်အကျူး
တက်မက်နေခဲ့ပြီးပြီလေ......။
Nov 1.......
တော်ဝင်ကျောင်းမှာပညာသင်ယူနေသော
အိမ်ရှေ့စံသည်နေ့တိုင်းတော့မဟုတ်ပေမယ့်
တပတ်တွင်သုံးရက်လောက်တော့ကျောင်းကိုလာကာ
လေ့လာစရာရှိတာများကိုမြန်မြန်လေ့လာတတ်သည်။
အမြဲမပြတ်စာဖတ်နေတတ်ကာအသစ်အသစ်သော
တွေအားစိတ်ဝင်တစားရှာဖွေတတ်သူလည်းဖြစ်သည်။
အိမ်ရှေ့စံကျောင်းလာတက်သောနေ့မျိုးတွင်ကျောင်းသားတွေရောဆရာတွေပါအထူးသတိနဲ့ပြုမူလှုပ်ရှားရသည်။
အကျယ်ကြီးအော်ရီတာမျိုးကို မင်းသားမကြိုက်...။
အရမ်းပျော်ရွှင်ကျေနပ်ကာပေါ့ပါးမှုမျိုးကို
မင်းသားသည် မျက်မှောက်ကျုံ့စိုက်ကြည့်တတ်သည်။
သူငယ်ချင်းအပေါင်းအသင်းအစစ်အမှန်ရယ်
လို့လည်းမရှိသလို...ဘယ်သူတစ်ဦးတစ်ယောက်
ကိုမှလည်းမယုံကြည်ခဲ့ပါ...။
"အိမ်ရှေ့စံ..ကျတော်တို့ တရားခံကိုရှာတွေ့ပါပီ..."
စာကြည့်တိုက်တွင်ကိုယ်ရံတော်များခြံရံလျက်
စာအုပ်တအုပ်ဖတ်နေရင်းလာပြောသော
သတင်းစကားကြောင့်မျက်ဝန်းတို့လက်ခနဲ။
စာအုပ်အားပိတ်လိုက်ကာစာကြည့်တိုက်ထဲမှ
ချက်ချင်းထထွက်လာသည်။
မင်းသားလျှောက်လာရာလမ်းတလျှောက်လုံး
ဘေးကပ်ဦးညွှတ်ကြရသည်။
တခါက ပြေးလာရင်း အမှတ်တမဲ့ဝင်တိုက်မိခဲ့
သောကျောင်းသူမလေးသည်အေးစက်တင်းမာ
လှသောမင်းသား၏စကားတွေသည်
မတ်တပ်ပင်မရပ်နိုင်တော့တဲ့အထိ ပြင်းထန်ခဲ့ဖူးသည်။
အိတ်နှင့်တခြားပစ္စည်းများယူရန်သီးသန့်အခန်း
ထဲသို့ဝင်လာခဲ့ပြီးအဝတ်အစားလဲရန်
Necktie ဖြည်နေသောအချိန်တွင်
အခန်းထောင့်မှလှုပ်ရှားသွားသောပုံရိပ်တခု.....။
ဒါသူရဲ့သီးသန့်ခန်းအစောင့်တွေကလွဲပြီး
ဘယ်သူမှဝင်ခွင့်မရှိ။
တိကျသောလုံခြုံရေးများဖြင့်သေသေချာချာ
ပြင်ဆင်ထားသောအခန်းထဲ ဝင်လာသူသည်
သူ့လူလုံးဝမဖြစ်နိုင်။
အိတ်ထဲမှဓားမြောင်အားယူကာအရိပ်ရှိရာ
သို့ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။
မတ်တပ်ဗီရိုကြီးနှစ်ခုကြားအရောက်တွေ့လိုက်
ရသောအမဲရောင်လူ....။
လျှင်မြန်စွာဓားမြောင်နှင့်ရွယ်လိုက်ရင်း
တိုက်ခိုက်ခဲ့သော်လည်းကျွမ်းကျင်လှသော
သူစိမ်းလူ၏တိုက်ကွက်ကြား
သူ့လက်ထဲကဓားမြောင်လေးသည်ထိုလူ့လက်
ထဲသို့ရောက်သွားခဲ့ကာလည်ပင်းနားသို့
အလွယ်တကူပင်ထောက်မိရက်သား....။
"လှုပ်ရင်...ကိုယ်လှီးပစ်လိုက်မှာနော်....."
အေးစက်ပြတ်ရှနေသောအသံသည်
ပတ်ဝန်းကျင်တခုလုံးအေးစက်သွားသည်။
CCTVတွေအားမျက်လုံးရွေ့ကာလိုက်
ကြည့်လိုက်သောအခါအားလုံးသည်အလုပ်မလုပ်တော့။
ဘယ်အချိန်ထဲကဒီအခန်းထဲကိုရောက်နေတာလဲ။
သုံးစားမရသောအစောင့်တွေအား
ရိုက်ပစ်ချင်စိတ်ကိုထိန်းလိုက်ရသည်။
သူသည် ခဏခဏ ချောင်းမြောင်းလုပ်ကြံသူများ
နှင့်တွေ့တတ်ကာ ကျွမ်းကျင်ပိုင်နိုင်စွာ
ရင်ဆိုင်ခဲ့နိုင်တာကြီး...။
ဒီလူသည် သူ့လက်ထဲကဓားမြောင်အား
အလွယ်တကူပင်ယူနိုင်ခဲ့ကာလည်မျိုတည့်တည့်
ထောက်နိုင်ပုံအရ တော်ရုံတန်ရုံမဟုတ်နိုင်။
နှစ်ပေါင်းများစွာလေ့ကျင့်ထားကာ
အတွေ့အကြုံများစွာရှိမယ့်သူဖြစ်မည်ကမလွဲ။
"ဘယ်သူလဲ...ဘာလိုချင်လို့လဲ...."
Jeonသည်လက်ကဓားမြောင်လေးအား
လွှတ်ချမိမတတ်...။
ပထမဆုံးခပ်အက်အက်ထွက်ပေါ်လာသောအသံ
လေးသည် မင်းသားလေး ဖြစ်သင့်ဖြစ်ထိုက်တာပေါ့။
သားကောင်နေရာရောက်နေချိန်မှာတောင်
မာန်မချခဲ့သော အသံအနိမ့်အမြင့်သည်
ရူးလောက်အောင်ပင် နှလုံးသားတွေကိုခုန်စေခဲ့သည်။
မင်းသားလေးသည် သူ့ထက်ငယ်ရွယ်လိမ့်မည်။
သေးသွယ်သောခန္ဓာကိုယ်လေးအားဖမ်းချူပ်
ထားရသောကြောင့် သူ့ရင်ခွင်ကျယ်ထဲ
ပျောက်လုမတတ်....။
အနက်ရောင်အမှောင်ထုကြီးထဲက
ရွှေရောင်တောက်နေသောငှက်ကလေးတကောင်လို
သေချာပေါက်ဖြစ်နေပါလိမ့်မည်...။
အနီးကပ်လေးကြည့်ချင်လွန်းလို့
ကျောင်းတံတိုင်းကျော်ကာခက်ခက်ခဲခဲ
ဝင်ခဲ့ရတာ...။
ရည်ရွယ်ချက်ကရိုးရိုးလေး.....။
အဝေးကမြင်ပြီးအသေအလဲစွဲလန်းပီးပီမို့
မနေနိုင်တော့တဲ့အခါ...အနီးဆုံးလေးလာခစားခဲ့တာ...။
"လာကြည့်တာ.ပါ...."
ခြေထောက်တဖက်အားနောက်ပြန်ကန်ကာ
လည်တိုင်ကျော့ကျော့လေးအား
ထောက်ထားသောဓားမြောင်အား
ပုတ်ထုတ်လိုက်ပြီးနောက်ထပ်မံတိုက်ခိုက်လာ
သောမင်းသားလေးသည် ကိုယ်ခံပညာကို
ကျွမ်းကျင်လွန်းပါသည်...။
JEonသည် တိုးဝင်လာသောတိုက်ချက်များကို
သေသပ်စွာခုခံရင်းမင်းသားလေးနှင့်မျက်နှာ
ချင်းဆိုင်အနေအထားသို့ရောက်သွားခဲ့သည်။
ပထမဆုံးအကြိမ်စေ့စေ့စပ်စပ်ကြည့်ခွင့်ရခဲ့သော
မျက်နှာလေး....။
ချွေးစတွေဖြင့်စိတ်လှုပ်ရှားနေသောမျက်နှာ
လှလှလေးသည်နီရဲဖူးမွတ်နေလျက်ရှိကာ
အကြည့်တို့သည်ပြတ်ရှလွန်းသည်။
အဝေးကြီးကမြင်တွေ့ရတုန်းကတောင်
အရောင်အဝါတွေသည်နှလုံးသားတည့်တည့်
လာရောက်ထိမှန်ခဲ့တာ...
အနီးကပ်ဆုံး အိမ်ရှေ့စံ၏ အရောင်အဝါများ
သည် ၂၅နှစ်လုံးအိပ်စက်ခဲ့သော ကြင်နာခြင်း
ထွေးပွေ့ခြင်းများအား ပြန်လည်အသက်သွင်းသည်။
JEon သည်နူတ်ခမ်းတွေဟသွားသည်အထိ
Jeon သည်မျက်တောင်တွေအကြိမ်ကြိမ်ခတ်သွားမိ
သည်အထိ....
Jeonရဲ့ နှလုံးသားတခုလုံးပန်းတွေပွင့်သွားနိုင်သည်အထိ
၁၆နှစ်ထဲက ဂိုဏ်းခေါင်းဆောင်ဘဝကိုရပြီး
ဒုစရိုက်မှန်သမျှဝါသနာတရပ်လိုစွဲစွဲလန်းလန်း
လုပ်ကိုင်ခဲ့တာ....။
လူပဲသတ်ချင်ခဲ့တာ....။ငွေကြေးချမ်းသာမှုနဲ့
အာဏာကြီးမားမှုပေါ်ကိုပဲအာရုံစိုက်ခဲ့တာ...။
လှပသောမိန်းကလေးများ
လှပသောယောကျ်ားလေးများ....
အမျိုးမျိုးအဖုံဖုံကြုံခဲ့ရသော်လည်း.....
အိပ်ယာပေါ်ကခြေတလှမ်းလှမ်းသွားပီးလျှင်
သူနဲ့မဆိုင်တော့ပါ....။
ချစ်ခြင်းတရားသည်...ပစ်မှတ်ထိဖို့လောက်
အရေးမပါခဲ့တာမို့....။
ဒါကလည်း...ကမ္ဘာ့အလှဆုံးသက်ရှိလေးကို
မတွေ့ရသေးတဲ့အချိန်မလို့ဖြစ်နိုင်ပါသည်။
အဲ့ဒီနေ့က .ခေါင်းဆောင်Jeon သည်
CrownPrinceလေးရဲ့ အနီးကပ်ဆုံးအလှမှာ
တမြေ့မြေ့ရူးနေခဲ့တာမိနစ်ပိုင်းတွေအကြာကြီးအထိ။
"မင်းဘယ်သူလဲ...လို့ငါမေးနေတယ်..."
"မင်းသားလေး လိုက်ရှာနေတဲ့ Jeonလေ....."
Maskအနက်ရောင်အထက်ကမှိုင်းပြပြမျက်ဝန်း
များ....။ဘဝတစ်လျှောက်လုံးမျက်လုံးချင်းဆုံကာ
သူ့မျက်နှာအားရဲရဲကြည့်ဖူးသူဆို၍
ခမည်းတော် မယ်တော်နှင့် အထိန်းတော်သာ
ရှိသည်။လက်ရှိမျက်စိရှေ့ကလူ၏အကြည့်များ
သည်ဘဝတွင်ပထမဆုံးခံစားခဲ့ရသော
မနှစ်မြို့စရာအကြည့်များ။
သူလို ခိုးကြောင်ခိုးဝှက်ကောင်က
နိုင်ငံရဲ့အိမ်ရှေ့စံအား ရဲတင်းစွာပြင်းထန်စွာ
ပူလောင်စွာ ပေါက်ထွက်မတတ်ကြည့်ခဲ့တာ။
"ငါ့ကိုဘယ်လိုကြည့်နေတာလဲ
အတင့်ရဲချက်က...ခေါင်းငုံ့စမ်း....!!!!"
မျက်နှာချင်းဆိုင်လက်နှစ်ဖက်အား
ချူပ်ထားရာမှခါးသိမ်သိမ်အားဖမ်းဆွဲလိုက်ကာ
ရင်ဘက်ချင်းကပ်ထားလိုက်သောသူကြောင့်
လွတ်လပ်သွားသောလက်တို့သည်
Maskအားဆွဲဖြုတ်လိုက်သည်။
"..ဒီလိုခက်ခက်ခဲခဲ
မျက်နှာဖုံးကိုဆွဲချွတ်ပစ်ပီးပီဆိုတော့
ကဲပြော...ကိုယ့်ကိုသိလား..."
"မင်းလို အောက်တန်းစားကို ငါက
ဘာကိစ္စသိရမှာလဲ...ငါ့ခန္ဓာကိုယ်က
မင်းလက်တွေကို လွှတ်နော်...
အပိုင်းပိုင်းပြတ်ပီးသေသွားချင်လို့လား.
ငါ့မွေးနေ့ကိုအဖျက်ကောင်လုပ်ခဲ့တာနဲ့တင်
မင်းကိုသတ်ဖို့လုံလောက်နေပြီ...."
"မင်းသားလေး....ကိုသာအရင်တွေ့ရရင်
လူသတ်ဖို့မပြောနဲ့...ကိုယ်ပိုင်ဆိုင်တဲ့
အင်အားအားလုံးစုပြီး
လေကြမ်းကြမ်းတောင် မတိုက်နိုင်အောင်
ကာကွယ်ပေးခဲ့မှာ.....
ကိုယ်သူ့ကိုသတ်ပီးမှ ဒီအလှဆုံးလေးက
ထွက်လာတာလေ....ကိုယ်ခုထိဒါကိုနောင်တ
ရလို့မဆုံးဘူး....."
ပြီတီတီမျက်နှာနဲ့အတင့်ရဲလွန်းတဲ့လူ.......။
အိမ်ရှေ့စံ၏လက်ကောက်ဝတ်တွေသည်
မိနစ်ပိုင်းမျှကြာအောင်ဖျစ်ညစ်ခံထားရသော
ကြောင့်နီရဲနာကျင်နေပြီ။
ရုန်းထွက်နေသော်လည်း ဒီလူသည်
လက်ကောက်ဝတ်နှစ်ခုအားလက်တဖက်နှင့်
မလှုပ်နိုင်အောင်ထိန်းချူပ်နိုင်သည်အထိ
အင်အားကြီးခဲ့သည်။
နားထဲတွင်အဝေးကြီးမှပြေးလာသော
ခြေလှမ်းသံများ.......။
နည်းနည်းအာရုံစိုက်လိုက်သော်အခါ
လူအင်အားအားသူတွက်ချက်နိုင်ခဲ့သည်။
မင်းသားလေးနဲ့တွေ့ဆုံမှုသည်ဤမျှလောက်
နှင့်မပီးဆုံးလိုက်နိုင်.....။
လည်တိုင်ကျော့ကျော့လေးတွင်
တဖျက်ဖျက်လက်နေသောဆွဲကြိုးလေးအား
ဆွဲဖြတ်ကာပြတင်းပေါက်ဆီသို့လျှင်မြန်စွာပင်
ကျော်ထွက်သွားခဲ့သည်။
"ငါ့ဆွဲကြိုး....!!!"
တစ်ကျောင်းလုံး၏လုံခြုံရေးများ
ကိုယ်ရံတော်အဖွဲ့များချက်ချင်းရှုပ်ယှက်ခတ်သွားကာ
အနက်ရောင်အရိပ်သည်အရိပ်ဆိုရုံမျှမြင်လိုက်ရ
ကာကွေ့ဝှိက်ပျောက်ဆုံးသွားခဲ့ပြီ.....။
"အိမ်ရှေ့စံအဆင်ပြေရဲ့လား....."
နှစ်ချက်သုံးချက်ဆင့်အရိုက်ခံလိုက်သော
မျက်နှာသည်ပူထူသွားကာတုန်ရီနေသော
အိမ်ရှေ့စံ၏လက်ချောင်းတွေသည်
လက်သီးဆုပ်တွေဖြစ်သွားလျှက်
"တော်ဝင်ဆွဲကြိုးပါသွားပြီ......."
...............
"ကလေးမဆန်လွန်းဘူးလား....Hyung...
JEonက ချစ်မှုရေးရာမှာ
ခြေတလှမ်းစလှမ်းထဲက ညံ့ဖျင်းခဲ့တာ....."
Kimသည်မချိပြုံးလှလှလေးပြုံးလျှက်
ပုံပြင်ကိုဆက်သည်။