{Uni}
"ကျွန်မက ရှင့်လိုဆင်းရဲနွမ်းပါးတဲ့သူရဲ့အချစ်ကို လက်ခံရအောင်ထိ မတုံးသေးဘူး"
"မင်းစကားတွေက လွန်နေပြီနော်။ နောင်တစ်ချိန် အခုလိုမောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
'ကတ်'
"အဆင်ပြေပြီ။ ဒီနေ့အတွက်ဒီလောက်ပဲမို့ နားလို့ရပါပြီ။ တာဝန်ကျေပါတယ်"
ဒါရိုက်တာ၏ အဆင်ပြေကြောင်းပြောသံကြားမှ ဝမ်ရိပေါ် သက်ပြင်းချနိုင်တော့သည်။ သူတို့ယခု ဒီအခန်းရိုက်နေသည်မှာ ဒါနဲ့ဆို၇ခေါက်မြောက်ရှိပြီ။ မင်းသမီးသည်အမှားတွေချည်းလုပ်နေသည်မို့ပင်။
"ကော ရှောင်းလေးကိုကြိုဖို့မှီသေးတယ်။ အမြန်သွားရအောင်"
"အင်း သွားကြမယ်"
"ရိပေါ်..."
ဝမ်ရိပေါ်တို့လှည့်ထွက်ရန်အပြင်တွင် အသံကိုဆွဲကာ နာမည်ခေါ်လာသည့် မင်းသမီးလျိုမေကြောင့် ဝမ်ရိပေါ် မျက်မှောင်ကြုံ့၍နာရီကြည့်လိုက်သည်။
"မြန်မြန်ပြောပါ သွားစရာရှိသေးလို့"
"လျိုက ညစာအတူစားဖို့ဖိတ်ချင်လို့ပါ။ ပါးကလည်း အိမ်ခေါ်ခဲ့ဖို့ပြောလိုက်လို့"
ဝမ်ရိပေါ်အတွေးထဲ ဒေါသသည်ထောင်းကနဲ။
"မင်းသမီးရဲ့အဖေက အိမ်ခေါ်ခဲ့ဖို့ပြောရတဲ့အထိ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မရင်းနှီးဘူးထင်တယ်။ မင်းသမီးကဘယ်လိုတွေ ပိုလျှံပြီးပြောထားလဲတော့မသိပေမယ့် ကျွန်တော်အခုကိစ္စကိုလက်မခံပါဘူး။ တခြားသူနဲ့ပဲအတူစားလိုက်ပါ ခွင့်ပြုပါဦး"
တစ်ခွန်းမှပြန်အပြောမခံဘဲ တရစက်ပြောကာ ထွက်လာလိုက်သည်။ တကယ်ပါပဲ ရှောင်းကျန့်ဆီသွားဖို့အရေး သက်သက်မဲ့အချိန်ကုန်လိုက်ရသည်။
Tee Tee!
ဖုန်းဆက်ထားသည်မို့ ကျောင်းနားမှသစ်ပင်အကွယ်နားကိုလျှောက်လာရင်း ရှာနေသည့်ရှောင်းကျန့်အား ဟိုက်ခွမ်း ဟွန်းတီးကာအချက်ပြလိုက်သည်။ ရှောင်းကျန့် ချက်ချင်းပင်လူရှင်းမရှင်းကြည့်၍ သူတို့ဆီပြေးလာ၏။
"လာမကြိုလည်းဖြစ်ပါတယ်ဆိုနေ။ ဝမ်ကောရဲ့Fanတွေသိကုန်ရင်ဘယ်လိုလုပ်မလဲ"
"ကိုယ့်ရဲ့ Fan Boyလေးနဲ့ ကိုယ်တွေ့တာပါလို့ပြောလိုက်မှာပေါ့"
"ဖြစ်နိုင်တာပြောမှ ယုံမှာပေါ့"
"ဒါတွေထားပါ စာမေးပွဲဖြေနိုင်လား"
"ဟုတ် ဖြေနိုင်တယ်"
ရှောင်းကျန့်သည် စာမေးပွဲဖြေနေရသည်မှာနောက်ဆုံးနေ့ဖြစ်ကာ ကျောင်းပိတ်ရက်တွင်ဇာတ်ကားရိုက်ရမည်ဖြစ်သည်။
"မနက်ဖြန်ကစပြီး ရှောင်းလေးအခန်းတွေစပါမှာနော်"
"ဟုတ်တယ်။ ဟီး..တစ်မျိုးကြီးပဲ တစ်ခါမှသရုပ်မဆောင်ဖူးဘူး"
"ကိုယ်သင်ပေးမယ်လေ ညကျရင်အခန်းထဲလာခဲ့"
ကားမောင်းနေသည့်ဟိုက်ခွမ်းသည် ဝမ်ရိပေါ်စကားကြားသည့်အခါ ဘက်မှန်မှတစ်ဆင့် ဝမ်ရိပေါ်ကိုကြည့်လာသည်။ 'ငါသိနေတယ်'ဆိုသည့်အကြည့်မျိုးဖြင့်။
"ရှင်းလေးက လွှတ်ပါ့မလား"
"ကိုယ့်ချစ်သူအခန်းကိုယ်သွားတာပဲ ဘာဖြစ်လဲ"
"ဒါမယ့်..."
"ကိုယ်လာခေါ်မယ်။ အဲဒါဆိုသူပြောလို့မရတော့ဘူး ဟုတ်ပြီလား"
"ဟုတ်"
တစ်ဖက်တွင်ရှောင်းကျန့်ကိုထားခဲ့ပြီးပြန်သွားသည်ကြောင့် Condoအရင်ရောက်နေသည့်ဖန်ရှင်း ဘာမှမရှိသည့်ကြွေပြားပေါ်တွင် ခလုတ်တွေတိုက်နေလေရဲ့။
//////
ဟိုက်ခွမ်းစိတ်တွေညစ်နေလေပြီ။ ဘက်မှန်ကိုမကြည့်မိအောင်ကြိုးစားသော်လည်း သစ္စာဖောက်မျက်လုံးကသွားကြည့်မိသည်မို့ သူ့အချစ်လေး ကိုသာ သတိတွေရနေမိသည်။
မိုးမမြင် လေမမြင် ကားမောင်းနေသည့်ဟိုက်ခွမ်းတစ်ယောက်လုံးကိုလည်းမမြင်ဘဲ နမ်းနေကြသည့် အနောက်ခန်းမှနှစ်ယောက်သည် တော်တော်အရှိန်ကောင်းနေကြပုံ။ ဝမ်ရိပေါ်သည်ရှောင်းကျန့်ခေါင်းနောက်ကိုကိုင်ကာ ဘယ်တစ်လှည့် ညာတစ်လှည့်နမ်းနေသည်ကြောင့် တစ်ချက်တစ်ချက် 'တပြွတ်ပြွတ်'အသံတွေတောင်ကြားနေရသည်။ ရှောင်းကျန့်တစ်ချက်,တစ်ချက်တွန့်သွားသည်ကိုလည်းတွေ့ရသေးသည်။
Condoရောက်သည့်အခါ ရှောင်းကျန့်အခန်းထဲဝင်သည်အားကြည့်ပြီးမှ အပေါ်ထပ်တက်ခဲ့ကြကာ အခန်းထဲမဝင်ခင်၌ ဟိုက်ခွမ်းကဝမ်ရိပေါ်အနားကပ်ကာ
"ဒီနားကစတိုးဆိုင်မှာ ကွန်ဒုံးရတယ်"
"မလိုဘူး!"
//////
လက်ထဲရောက်လာသည့်အထုပ်ထဲမှပစ္စည်းတွေကို ဝမ်ရိပေါ်စစ်နေသည်။ ဟိုက်ခွမ်း ဦးထုပ်နှင့်Maskကိုချွတ်လိုက်ကာ
"ရိပေါ်ရာ ငါရှက်လွန်းလို့သေတော့မယ်။ ဘယ်နှယ့်တောင် အတွဲလိုက်ကြီးဝယ်ရလား။ ပိုက်ဆံရှင်းတော့ ဝန်ထမ်းကောင်လေးကငါ့ကိုလန့်သလိုလေးတောင်ကြည့်,ကြည့်နေတာကွ"
ဟိုက်ခွမ်းသူဝယ်လာရသည့် ချောဆီဗူးနှစ်ဗူးနှင့်ကွန်ဒုံးအထုပ်နှစ်ဆယ်အား ရိပေါ်ဆီပေးကာ သူအရှက်ကွဲခဲ့ကြောင်းဖွင့်ဟနေသည်။
"ခနခန မဝယ်ချင်လို့ပါ"
"ဘာ!!! မင်း!! ညီလေးရှောင်းကျန့်ကို ဘယ်တုန်းတည်းက ပြစ်မှားနေတာလဲ"
"အချစ်နဲ့တွေ့ရင် လူတိုင်းဆယ်ကျော်သက်ဖြစ်သွားတတ်သလို ကျွန်တော်လည်းရှောင်းလေးနဲ့တွေ့တိုင်း ဆယ်ကြိမ်မကအောင် ခနခနထောင်တယ်"
ဝမ်ရိပေါ်၏အဖြေကြောင့် ဟိုက်ခွမ်းအံ့အားသင့်သလိုလေးကြည့်ကာ ဘာမှတောင်ဆက်မပြောတော့ဘဲ ထပြန်သွားလေသည်။
ည၈နာရီ။
ဘဲလ်တီးသံကြားသည်နှင့် ရှောင်းကျန့်လှုပ်လှုပ်ယွယွဖြစ်နေသည်။ မျက်နှာချင်းဆိုင်ဆိုဖာတွင် ဖုန်းသုံးနေသည့်ဖန်ရှင်းသည် မူမမှန်သည့်ရှောင်းကျန့်အား မျက်လုံးလှန်ကြည့်လာသည်မို့ မသိချင်ဆောင်ယောင်လိုက်၏။ ဖွားဖွားနှင့်ပြန်မတိုင်ဖို့အရေး မသိချင်ယောင်သာဆောင်ထားရလိမ့်မည်။
"ဒီအချိန်ကြီးဘယ်သူများပါလိမ့်။ ငါတံခါးသွားဖွင့်ကြည့်လိုက်ဦးမယ်"
အရူးကွက်နင်းခဲ့ကာ တံခါးသွားဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည့် သူ့Idolလေးတစ်ဖြစ်လည်း ချစ်သူလေးကပြုံးပြနေ၏။
"ဝမ်ကော...ရှင်းကိုမပြောရသေးဘူး"
ဝမ်ရိပေါ်အထဲဝင်ကာ ဧည့်ခန်းထဲတန်းဝင်သွားသည်ကြောင့် ရှောင်းကျန့်အနောက်မှလိုက်သွားလိုက်သည်။ ဝမ်ရိပေါ်သည်ခပ်တည်တည်ပင် ဖန်ရှင်းအားပြောလိုက်သည်က
"ရှောင်းလေးဇာတ်ကားရိုက်ဖို့အတွက် သင်ပေးစရာလေးတွေရှိလို့ အပေါ်ထပ်ခနခေါ်သွားမယ်"
"အာ...ရပါတယ်"
ချက်ချင်းလက်ဆွဲပြီးပြန်ထွက်သွားသည့်အတွဲကိုကြည့်၍ ဖန်ရှင်းသက်ပြင်းတွေချနေမိသည်။
"ရှောင်းကျန့်စုတ်!! သူအလေလိုက်တာငါတိုင်မှာစိုးတာနဲ့ပဲ ဘဲအားကိုးပြီးချေသွားတယ်"
//////
"Wow!....ဝမ်ကောအခန်းက ရှောင်းလေးတို့အခန်းထက်တောင်ကျယ်နေသလားလို့။ ရှုခင်းလည်းပိုကောင်းတယ်"
သရုပ်ဆောင်တာလေ့ကျင့်မည့်သူသည် အခန်းထဲပတ်ကြည့်လိုက် ဝရန်တာထွက်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေလေသည်။ ထိုနှင့်မပြီးသေး။ မီးဖိုချောင်ထဲဝင်သွားပြန်၏။
"ဝမ်ကော...ဒါဘီယာဗူးတွေမလား"
ရှောင်းကျန့်ရေခဲသေတ္တာထဲအပြည့်ရှိနေသည့် ဗူးတွေကိုကြည့်ပြီးမေးလိုက်ခြင်းဖြစ်သည်။
"အင်း"
"အများကြီး ဘာလုပ်မလို့လဲ"
"ကိုယ်သောက်တာ"
"အဲ့လောက်အများကြီး မသောက်နဲ့လေ။ ကြာရင် ကျန်းမာရေးထိခိုက်လိမ့်မယ်"
ဝမ်ရိပေါ် ပြုံးလိုက်ကာ ရေခဲသေတ္တာဖွင့်ရင်းတန်းလန်းမေးနေသည့် ရှောင်းကျန့်အနားသွားလိုက်သည်။ ရေခဲသေတ္တာတံခါးကိုပြန်ပိတ်ကာရှောင်းကျန့်ကို တံခါးနှင့်ကပ်၍ လက်နှစ်ဖက်ဖြင့်တစ်ဖက်တစ်ချက်ဆီတွင်ထောက်ပြီး ပိတ်ထားလိုက်သည်။
"အခုချိန်မှာ ကိုယ့်ကျန်းမာရေးကိုစိတ်ပူရမှာထက် အခန်းထဲမှာကိုယ်တို့နှစ်ယောက်ပဲရှိတာကို ပိုစိတ်ပူသင့်တယ်လို့မထင်ဘူးလား"
"....."
"ကိုယ်ရှောင်းလေးကို တစ်ခုခုလုပ်မိလိုက်မှာကိုလေ"
"ဝမ်ကောကလုပ်ရက်လို့လား"
"မလုပ်ရက်ဘူးလို့ထင်လား"
"....."
ပုံစံကြည့်ငည်နှင့်တကယ်လုပ်မည့်ပုံမျိုးမို့ ရှောင်းကျန့်ပြောစရာစကားပျောက်သည်။ မျက်လုံးတွေကို တောင်ကြည့်၊ မြောက်ကြည့်လုပ်ရင်း စကားလမ်းကြောင်းလွှဲဖို့ရာ လုပ်လိုက်ရ၏။
"ဝမ်ကော ဘာစားပြီးပြီလဲ"
"ကိုယ်က ရှောင်းလေးကိုပဲစားချင်တာ"
"ရှောင်းလေးက စားစရာမှမဟုတ်တာ"
"ကိုယ်ကတော့ စားချင်တယ်"
တကယ်ပါပဲ စကားလမ်းကြောင်းလွှဲကာမှ ဒီထဲကကိုမထွက်နိုင်ဘူးဖြစ်နေသည်။
"ကိုယ့်ကိုရှောင်းလေးရဲ့ ပထမဆုံးအကြိမ်ကိုပေးနိုင်မလား"
"......"
ဝမ်ရိပေါ် ရှောင်းကျန့်၏ ပါးတွေနားရွက်တွေကိုနှုတ်ခမ်းနှင့်ပွတ်သပ်နေလိုက်ရင်းနဲ့မှ လည်တိုင်ကိုလျှာနှင့်လျက်လိုက်သည်။ လက်တွေသည် ရှောင်းကျန့်ခါး၌ရစ်ပတ်လာကာ ဘောင်းဘီထဲထည့်ဝတ်ထားသည့် ရှောင်းကျန့်အင်္ကျီစအားဆွဲထုတ်လာသည်။
"ဝမ်ကော..."
"ကိုယ်သင်ပေးမယ်"
"ဟင့်အင်း ကြောက်တယ်"
"မနာစေရဘူး.."
ဝမ်ရိပေါ် ရှောင်းကျန့်အားပွေ့ချီလိုက်သည်။ ထို့နောက် ဧည့်ခန်းမှ ဆိုဖာဆီသို့ခေါ်သွားလိုက်၏။
_______________________
{ZAWGYI}
'ကတ်'
"အင်း သွားကြမယ်"
"ရိပေါ်..."
Tee Tee!
"ဟုတ် ဖြေနိုင်တယ်"
"ဒါမယ့်..."
"ဟုတ်"
//////
"မလိုဘူး!"
//////
"ခနခန မဝယ်ချင်လို့ပါ"
ည၈နာရီ။
"အာ...ရပါတယ်"
//////
"အင်း"
"ကိုယ်သောက်တာ"
"....."
"....."
"......"
"ဝမ်ကော..."
"ကိုယ်သင်ပေးမယ်"
"ဟင့်အင်း ကြောက်တယ်"
"မနာစေရဘူး.."
_______________________