Kyung : ငါက မင်းအသက်ကို ကယ်ခဲ့တာလေ...
Kyung Soo Kai ကို မော့မကြည့်ပဲ ခေါင်းငုံ့ရင်း ပြောသည်။ အေးစက်တဲ့မျက်ဝန်းတွေနဲ့ ရက်စက်တော့မည့် ပုံပေါ်နေသော Kai နှင့် သူ မျက်လုံးချင်းမဆုံရဲပေ...
Kai : အဲ့ဒါကြောင့် ငါ မင်းကို အရင်တစ်ခါက လွှတ်ပေးပြီးပြီပဲလေ... ငါ သေချာပြောထားသားပဲ.. နောက်တစ်ခါတွေ့ရင် သတ်မယ်လို့...
Kai အသံက အေးစက်စက်ထွက်လာသည်။ Kyung Soo အရဲစွန့်ရင်း သူသိချင်တာကို မေးလိုက်သည်။
Kyung : ငါ့ကို ဘာလို့ သတ်ချင်ရတာလဲ...
Kai : ဘာလို့လဲဆိုတော့ မင်းက ငါတို့ရဲ့ လျှို့ဝှက်ချက်ကို သိနေလို့..
Kyung : မင်းတို့ရဲ့ လျှို့ဝှက်ချက် ?
Kai : Chanyeol နဲ့ Lay က ငါတို့နဲ့ အတူတူပဲလေ....ဝံပုလွေတွေ... မင်းက ငါတိာ့ လျှို့ဝှက်ချက်ကို သိနေတာဆိုတော့ တခြားလူတွေဆီ မပြောနိုင်အောင် ငါတို့အန္တရာယ်ကင်းအောင် မင်းကို သတ်ရမယ်....
Kai ပြောတာကို နားထောင်ရင်း Kyung Soo အရာအားလုံးကို နားလည်သွားခဲ့သည်။ တောအုပ်ထဲမှာ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ ဝံပုလွေနှစ်ကောင်...ရုတ်တရက်ပေါ်လာပြီး သူ့ကို ကူညီပေးခဲ့တဲ့ Chanyeol နဲ့ Lay... Chanyeol နဲ့ Lay က သူတို့ကို တိုက်ခိုက်ခဲတဲ့ ဝံပုလွေတွေပဲဆိုတာ သူနားလည်လိုက်သည်။ ဒါတွေကို သူမသိခဲ့... Kai က သူသိနေတယ်ထင်လို့ သူ့ကို သတ်မယ် ပြောနေချင်းဖြစ်သည်။
Kyung : ငါ ဘယ်သူ့ကိုမှ မပြောပါဘူး... ငါ ကတိပေးမယ်... ဒါ့ကြောင့် မသတ်ပါနဲ့... တောင်းပန်ပါတယ်...
Kai : မရဘူး... ငါ မင်းကို မယုံဘူး.. မင်းမှမဟုတ်ဘူး...လူတွေဆို ယုံကိုမယုံတာ...
Kai ပြောရင်း ရှေကို တစ်လှမ်းချင့်းတိုးလာတော့ Kyung Soo နောက်ကိုဆုတ်ရင်း နံရံမှာ ကပ်သွားသည် ။ သူမျက်လုံးကို မှိတ်ပစ်လိုက်သည်။ နောက်ထပ်ဖြစ်လာမည့် အရာတွေကို မတွေးရဲတော့....
" Kai !! "
ရုတ်တရက် ခေါ်သံကြားသဖြင့် သူမျက်လုံးဖွင့်ကြည့်တော့ သူတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေသော ကောင်လေးတစ်ယောက်ကို တွေ့ရသည်။ Kai ထို ကောင်လေးဘက်ကို လှည့်သွားသည်။
Kai : ဘာလဲ...
" အရေးကြီးကိစ္စရှိတယ် "
Kai : ဘာကိစ္စလဲ...
ကောင်လေးက Kyung Soo ကို တစ်ချက်လှမ်းကြည့်သည်။ ပြီး Kai ကို မျက်နှာရိပ်ပြရင်း ထွက်သွားသည်။ Kai ထိုကောင်လေးနောက်ကို လိုက်သွားသည်။ ပြီးမှ Kyung Soo ဘက်ကို လှည့်ကြည့်ရင်း...
Kai : မင်း ငါနဲ့ နောက်ထပ်မတွေ့အောင်နေ...
KyungSoo တစ်ယောက်တည်း ကျန်နေခဲ့သည်။ အလန့်မပြေသေးပဲ မောဟိုက်နေသော ရင်ဘတ်ကိုဖိရင်း သူအတန်းဆီသို့ ပြေးခဲ့သည်။ အတန်းထဲမှ လွယ်အိတ်ကိုယူပြီး သူ အိမ်သို့ ပြန်ခဲ့သည်။ သူ ဒီကျောင်းမှာဆက်နေလို့မဖြစ်တော့.....
Kai Luhan နောက်ကို လိုက်ခဲ့သည်။ လူရှင်းတဲ့နေရာရောက်မှ Luhan ရပ်လိုက်သည်။
Lu : Chanyeol နဲ့ Lay မရှိတော့ဘူး ...
Kai : ဘာ!!! ဘယ်ရောက်သွားတာလဲ..
Lu : မသိဘူး... ငါတို့ သူတို့ကို လိုက်ရှာရမယ်... hunter တွေနဲ့ တိုးသွားလို့ မဖြစ်ဘူး...
Kai စိတ်ရှုပ်သလို ခေါင်းကိုဖွလိုက်သည်။ ပြီးမှ Kyung Soo ကို စဉ်းစားမိပြီး ပြုံးလိုက်သည်။
Kai : သူတို့နှစ်ယောက်ကို ရှာဖို့ကိစ္စ ငါ့တာဝန်ထား...ပြီးတော့ တောထဲကလွတ်သွားတဲ့ ကောင်လေးကိုလည်း ငါ ရှင်းလိုက်မယ်... မင်း hunter တွေကိစ္စကိုသာ သေချာစုံစမ်း...
Lu : မင်းတစ်ယောက်တည်း ဖြစ်ရဲ့လား...
Kai : ဖြစ်တယ်... အခု ငါတို့ Kris hyung နဲ့ သွားတွေ့ရအောင်... ငါ သူ့ကိုပြောစရာရှ်တယ်...
Lu : အင်း...
သူတို့နှစ်ယောက် ကျောင်းထဲမှ ထွက်ခဲ့ကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Suho အခန်းလွတ်တစ်ခန်းကို ပစ္စည်းတွေထည့်နေသော Baekhyun နဲ့ Chen ကို နားမလည်နိုင်သလို ကြည့်ရင်း ငြီးတွားသည်။
Suho: လူလည်းမရှိပဲနဲ့ ဘာလို့ ပစ္စည်းတွေထည့်နေတာလဲ...
Baek : လူရှိပါတယ်.. ဒီအခန်းမှာ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် နေလိမ့်မယ်....
Baekhyun မွေ့ယာကို အခန်းဆီသယ်သွားရင်း လှမ်းအော်ပြောသည်။
Suho : မင်းတို့ သူငယ်ချင်းတွေက ဘယ်မှာလဲ...
Chen : ဒီမှာလေ...
Chen Chanyeol နဲ့ Lay ကို သူတို့အခန်းထဲကနေ ဆွဲခေါ်လာခဲ့သည်။
Chan, Lay : Annyeongsaeyeo.. .
Suho : Nae.. Annyeongsaeyeo....သူတို့က ဘယ်တုန်းက သူငယ်ချင်းတွေလဲ... ငါ သူတို့ကို မသိပါဘူး....
Baek : ခင်တာမကြာသေးဘူးလေ hyung ကလဲ... သူတို့ ဒီအခန်းမှာ နေလိမ့်မယ်... ရတယ်မလား...
Suho: ရတာက ရပါတယ်.. ဒါပေမဲ့...
Chen: ဒါပေမဲ့တွေ လုပ်မနေနဲ့... ရတယ်ဆို ရတယ်ပေါ့...
Suho: အင်း...နာမည်တွေက..
Chan: ကျွန်တော်က Chanyeol သူက Lay ပါ..
Suho: Ok..
Xiu: ဒါနဲ့ Kyung Soo နေ့လည်ကတည်းက အိမ်ပြန်ရောက်နေတယ်...
Baek : ဘာ... ကျောင်းမသွားဘူးလား...
Xiu : နေမကောင်းဘူးထင်တယ်... မျက်နှာလည်း မကောင်းဘူး... အခန်းထဲဝင်သွားတာ ပြန်ထွက်မလာဘူး...
Xiumin စကားကြားတော့ Chanyeol မျက်နှာပျက်သွားသည်။ ထိုစဉ် ကောင်လေးနှစ်ယောက် အိမ်ထဲဝင်လာသည်။
Xiu : Sehun သူက ဘယ်သူလဲ...
Se: သူလား? ကျွန်တော်တို့အိမ်မှာ အခန်းငှါးမလို့လေ... ကျောင်းမှာတွေ့လို့ခေါ်လာတာ...ကျောင်းသားသစ်လေ...
Sehun စကားဆုံးတော့ မျက်မှန်လေးနဲ့ ကောင်လေးက အရိုအသေပေးရင်း နှုတ်ဆက်သည်။
" Annyeongsaeyeo.. ကျွန်တော့်နာမည်က Tao ပါ "
Chen : Korea လူမျိုးမဟုတ်ဘူးလား...
Korea လိုပြောတာ သိပ်မပီသော Tao ကိုကြည့်ရင်း Chen မေးလိုက်သည်။
Tao: တရုတ်လူမျိုးပါ..
Chen: Aww.. ဘာပဲဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်...
Suho: ဒါနဲ့ သူက ဘယ်အခန်းမှာ နေမှာလဲ...
Se: ကျွန်တော်နဲ့ အတူတူနေမှာ... သွားမယ်...
Sehun Tao ကိုခေါ်ပြီး အပေါ်ထပ် သူ့အခန်းဆီ တက်သွားသည်။ အခန်းထဲရောက်တော့ Tao သူ့အိတ်ထဲက အဝတ်အစားတွေ ပစ္စည်းတွေကို ထုတ်ပြီး ဗီရိုထဲထည့်လိုက်သည်။
Se: ဒါက ဘာလဲ...
Sehun Tao အိတ်ထဲမှ တွေ့သော ဓားမြှောင်လေးတစ်လက်ကို ထုတ်ကြည့်ရင်း မေးလိုက်သည်။
Tao : ဘာမှ မဟုတ်ပါဘူး...
Tao Sehun လက်ထဲမှ ဓားကို အမြန်ဆွဲလုရင်း ဖြေသည်။ ပြီးမှ Sehun ကို အံ့အားသင့်သလိုကြည့်ရင်း...
Tao: မင်း...မင်း ဒီဓားကို ကိုင်တာ ဘာမှမဖြစ်ဘူးလား..
Se: ဘာဖြစ်ရမှာလဲ...
Tao: ဘာမှမဟုတ်ပါဘူး...
Se: ပြီးတာပဲ... ငါ suho hyung ကို ညစာပြင်ဖို့ သွားကူလိုက်ဦးမယ်.. မင်း ရေချိုးချင် ချိုးလိုက်ဦး...
ပြောပြီးထွက်သွားသော Sehun ကျောပြင်ကိုကြည့်ရင်း Tao တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
Tao : နောက်တစ်ယောက် ပေါ်လာပြီပေါ့....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Xiumin ထမင်းကို အသက်မပါသလို စားနေသော Kyung Soo ကိုကြည့်ရင်း သက်ပြင်းချသည်။
Xiu: Kyung Soo.. နေမကောင်းဘူးလား... ဘာဖြစ်တာလဲ...
Kyung: ဘာမှ မဖြစ်ပါဘူး... စိတ်သိပ်မကြည်လို့ပါ....
Kyung Soo Xiumin တို့ကို သူဖြစ်နေတဲ့ အခက်အခဲတွေပြောပြလို့မရ... ပြောပြလိုက်ရင် သူတို့ပါ ဒုက္ခရောက်သွားနိုင်သည်။ Xiumin KyungSoo စကားကို မယုံသလို ဖြစ်ပေမဲ့ ဆက်မမေးတော့...သူ မေးလည်း ပြောပြမှာမဟုတ်ဘူးဆိုတာ သိနေသည်။
Xiu: အင်း.. အဲ့ဒါဆိုလည်း ပြီးတာပဲ...
Suho : ဒါနဲ့ အပေါ်ထပ်က Chanyeol နဲ့ Lay က ညစာလာမစားဘူးလား... ဗိုက်ဆာ... အား !!!
Baekhyun Suho ခြေထောက်ကို တက်နင်းလိုက်သည်။ Kyung Soo ကို အသာ လှမ်းကြည့်တော့ သူတို့ပြောနေတာကို အာရုံရှိပုံမရ... Suho က သူ့ကို မကြည်သလိုကြည့်သည်။
Suho: ဘာလုပ်တာလဲ ! ဘာလို့ ခြေထောက်ကိုတက်နင်းတာလဲ...
Baek : မမြင်လို့လေ... မတော်တဆ ဖြစ်သွားတာ... ဆောရီး...
ထိုစဉ် Kyung Soo ထမင်းစားပွဲဝိုင်းမှ ထရပ်သည်။
Chen : မစားတော့ဘူးလား...
Kyung : အင်း... စားချင်စိတ် မရှိဘူး...
Suho: ဒါဆို သစ်သီးဖြစ်ဖြစ် စားမလား....
Kyung : မစားတော့ဘူး... နားတော့မယ်....
Kyung Soo ပြောရင်း သူ့အခန်းထဲဝင်ခဲ့လိုက်သည်။ မီးမဖွင့်ထားသဖြင့် မှောင်နေသော သူ့အခန်းက အရင်ကဆို နွေးထွေးနေတတ်ပေမဲ့ အခု အေးစက်တဲ့အငွေ့အသက်တွေပျံ့နှံ့နေသလို ခံစားရသည်။ သူ့အတွက် အန္တရာယ်ရှိနေသလို ခံစားနေရသည်။ သူ သက်ပြင်းချရင်း မီးဖွင့်လိုက်တော့ သူ့ကုတင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်...
Kyung Soo မအော်မိအောင် သူ့ပါးစပ်ကို လက်နဲ့ပိတ်လိုက်သည်။ ထိုင်နေတဲ့လူရဲ့ မျက်နှာကို တွေ့လိုက်ရတော့ သူနှလုံးသွေးတွေ ရပ်တန့်မလို ခံစားလိုက်ရသည်။
Kyung: မင်း...မင်း...
Kai သူ့ကို လက်ညိုးထိုးရင်း စကားတွေထစ်နေသော Kyung Soo ငိုကြည့်ရင်း ပြုံးလိုက်သည်။
Kai : စိတ်မပူပါနဲ့... ငါမင်းကို မသတ်ပါဘူး....
Kyung : ဒါဆို မင်း ဒီကို ဘာလာလုပ်တာလဲ...
Kai : မင်းကို ကျောင်းမှာမတွေ့လို့ အိမ်ကို လိုက်လာတာ... အကူအညီတောင်းစရာရှိလို့....
Kai စကားကြောင့် Kyung Soo မျက်နှာပျက်သွားသည်။
Kyung : ငါက မင်းကို ဘာကိစ္စ အကူအညီပေးရမှာလဲ.. ငါ့ကို သတ်မဲ့လူတစ်ယောက်ကို...
Kai : ငါ့ကို အကူအညီပေးရင် မင်းကိုငါ မသတ်ဘူး...
Kyung: ငါက မင်းကို ဘာလို့ယုံရမှာလဲ...
Kyung Soo စကားကြောင့် Kai မျက်နှာ တင်းမာသွားသည်။ ထိုင်နေရာကနေ ထလာပြီး Kyung Soo အင်္ကျီကော်လံစကို လက်တစ်ဖက်တည်းနဲ့ ဆွဲလိုက်ရင်း ...
Kai : ငါ မင်းကို အခု ချက်ချင်း သတ်ပစ်လိုက်လို့ရတယ် Do Kyung Soo .. ကူညီမှာလား... မကူညီဘူးလား...
Kai အသံက တိုးသည်။ ဒါပေမဲ့ အသံက အန္တရာယ်အငွေ့အသက်တွေပါဝင်နေသည်။
Kyung : ကောင်း...ကောင်းပြီ.. ငါ မင်းကို ဘာကူညီပေးရမှာလဲ..
Kai အင်္ကျီကော်လံစကို ဆုပ်ကိုင်ထားသောသူ့လက်ကို လွှတ်ရင်းဖြေသည်။
Kai : မင်း ငါနဲ့ အတူတူနေရမယ်...
Kyung : ဘာ !!
#TBC