Spring

By BlackDevil0_0

143K 5K 710

Request (One Shots) More

ပိုင်ဆိုင်ရာ
မောင့်ရဲ့ ခိုနားရာ
မောင့်ရဲ့ခိုနားရာ(Zawgyi)
သခင်ငယ်(Unicode)
သခင်ငယ်(Zawgyicode)
ဘဝက ကိုကိုပါ(Unicode)
ဘဝက ကိုကိုပါ (zawgyi)
သော်ကနီထွေး(Unicode)
သော်ကနီထွေး(Zawgyi code)
Alex is Yours.Part-A
Alex is Yours.Part-A
Alex is yours Part-B
Alex is yours. Part-B
Alex is yours(Final)
Alex Is Yours(Final)Z
အသည်းကျော်၊ ပဲလှော်(U)
အသည်းကျော်ပဲလှော်(Z)
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်(Z)
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်2
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်2(Z)
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်3
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်3(Z)
Little Lovely Root
Little Lovely Root(Z)
လောင်ဆပ်(U)
လောင်ဆပ်(Z)
ကံ့ကော်တွေလား ဥဩသံချိုအောက်ဆိတ်ခဲ့ရပေါ့ (၁)
ကံ့ကော်တွေလား ဥဩသံချိုအောက် ဆိတ်ခဲ့ရပေါ့(၁)Z
ကံ့ကော်တွေလား ဥဩသံချိုအောက် ဆိတ်ခဲ့ရပေါ့ ၂
ကံ့ကော်တွေလား ဩဥသံချိုအောက် ဆိတ်ခဲ့ရပေါ့(၂)Z
ချာတိတ်(inner child)
Forbidden love
ကိုကို့ချာတိတ်
သူဌေးကြီး ဦးမိုးဒေဝါ စားပြီ
သူဌေးကြီးဦးမိုးဒေဝါ စားပြီ (Z)
တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့
တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့(Z)
My Brain isn't Your Snack❗
Safety Zone (Part A) U
Safety Zone (Part-A) Z
Safety Zone Part-B(U)
Safety Zone Part-B(Z)
လှိုင်းဝဲဂယက်ဝယ်
ရာဟုဖွဲ့တေးဆီသို့...။(U)
ရာဟုဖွဲ့တေးဆီသို့...။(Z)
နှစ်ဦးနှစ်ကူး
Join! Join!Plz

ပိုင်ဆိုင်ရာ(Zawgyi code)

3.2K 80 2
By BlackDevil0_0

Cast-မိုးဦးငယ်, ခန့်တည်ကြည်။

"သားငယ်! မပြီးသေးဘူးလား နောက်ကျနေမယ်နော်"

အောက်ထပ်က တီတီမေ့ အော်သံကြောင့် မိုးငယ် နှာခေါင်းတစ်ချက်ရှုံ့မိသည်။
Daddyဆိုတဲ့ သူကို သွားကြိုဖို့​အရေး မနေ့ကတည်းက ဆော်သြနေတာ မပြီးနိုင်။
အိမ်က ဘွားဘွားကော ဘိုးဘိုးကော၊ ထမင်းဟင်းချက်သည့် ဒေါ်ကြီးအေး ပင် မနေရ၊ ကိုခန့် ဆိုသောနာမည်ကို ပါးစပ်ဖျားကမချ ပြာယာခတ်နေကြတာ။
တီတီမေကတော့ အဆိုးဆုံးပင် ကိုယ်တိုင် မီးဖိုချောင်ဝင်နေတာက သက်သေ။
လူမှန်းသိတက်စကတည်းက Daddyဆိုသော သူကို ​ဓာတ်ပုံတွေဖြင့်သာ ရင်းနှီးခဲ့ရသည်။
သူ့ကို မွေးစားခဲ့သည်ကို သိပေမယ့် ဘာ့ကြောင့် ထားသွားသလဲ မသိ။
ဖုန်းခေါ်တိုင်း သြရှရှအသံအနေအထားမှာ ဟုတ်ကဲ့ ဖြင့်သာအချိန်ကုန်ခဲ့သည်။
ကျောင်းသွားတတ်သည်ဟု သိထားသော်လည်း ဟိုမှာ အလုပ်ပါ ဝင်နေတာကြောင့် အိမ်ကို ပြန်မလာတာ သူ ရှစ်နှစ်သားလောက်ကတည်းက။
အခု သူ့ အသက်ပင် တစ်ဆယ့်ခြောက်နှစ်ရှိပြီ။

"မိုးငယ်ရေ!!!!"

"လာပြီ!!"

ထပ်ထွက်လာသည့် တီတီမေ့အသံ ခပ်စူးစူးမှာ အပေါ်ဝတ်တစ်ထည်ကို ဆွဲယူရင်း အောက်သို့ ​အမြန်ဆင်းခဲ့ရသည်။

လေဆိပ်အတွင်း ခဏမျှ ​စောင့်ပြီးချိန်တွင် Sunglassမိုးပြာရောင်ကို ခပ်လျောလျောတပ်ထားကာ ရှပ်အင်္ကျီ အပြာနုရောင်ကို စတိုင်လ်ပင် အနက်ဖြင့် တွဲဝတ်ထားသည့် ကျော့ရှင်းသည့်အမျိုးသားတစ်ဦးရောက်လာသည်။

"မင်္ဂလာပါ မေမေ~".

"သား! ကိုခန့်!"

ရည်ရည်မွန်မွန်ဖြင့် ရယ်ပြုံးရင်း ဘွားဘွားရှေ့ လက်အုပ်ချီကာ နှုတ်ဆက်လိုက်ဟန်က တကယ်ကြည့်ကောင်းလှသည်။

ထိုလူသည် သူ၏ Daddyဆိုသူ ဦးခန့်တည်ကြည် ဖြစ်နေသည်လား။
အသက်သုံးဆယ်ဟု မထင်ရလောက်အောင် နုပျိုလွန်းလှသည်က မနာလိုချင်စရာ။
ဖြောင့်တောင့်နေသည့် ကိုယ်ဟန်က မိုးငယ်ရဲ့ပိန်ပါးပါးကိုယ်လုံးနှင့် နှိုင်းယှဉ်လို့ပင် မဖြစ်။

ဘွားဘွားတို့ အလွမ်းသယ်နေကြသည်နှင့် မအားမလပ်ဖြစ်နေသူက မိုးငယ်ကို အခုမှ မြင်ဟန် တစ်ချက်စိုက်ကြည့်လာသည်။

"သားငယ် မင်းDaddyအနားလာလေ!"

တီမေ့အသံနှင့်အတူ လက်မောင်းကို ဆွဲခံလိုက်ရတာမို့ ထိုလူ့အရှေ့သို့ မိုးငယ်ရောက်သွားရသည်။

ရှေ့တည့်တည့်ရောက်ကာမှ ကွာခြားလွန်းသည့် အရပ်ကြောင့် စိတ်ထဲဘဝင်မကျ။ ဒီလောက်ကြီး မြင့်မားနေစရာလိုလို့လား။

"မိုး ဦး ငယ်"

တစ်လုံးချင်း နာမည်ခေါ်လိုက်သံက မိုးငယ်ကိုယ်လုံးကို ခပ်တောင့်တောင်ဖြစ်သွားစေသည်။

ဖျက်ခနဲ မော့ကြည့်လိုက်ပေမယ့် မျက်မှန်နောက်က မျက်ဝန်းနက်တွေကို ရင်မဆိုင်ရဲစွာ ပြန်ငုံ့ချမိသည်။

ပြန်မထူးမိလိုက်သည်က ထိုလူ့ကို အလိုမကျဖြစ်စေသည် ထင်၏။

"လူကြီးတစ်ယောက်က မင်းကို ခေါ်ရင် ပြန်ထူးရမယ်ဆိုတဲ့ အခြေခံသဘောလောက်ကို မင်းမသိဘူးလား မိုးဦးငယ်."

သြရှရှနှင့် ခပ်လေးလေးထွက်လာသည့် စကားသံက ဆူညံ​သံတွေကို ရပ်သွားစေသည်။

စစတွေ့ချင်းမှာပင် ထိုကဲသို့အခြေအနေ တင်းမာလိမ့်မည်ဟု မတွေးထားဖူး၍ မယုံနိုင်စွာ ကြောင်ကြည့်နေမိသည်။

"ကိုခန့်. သားငယ်က လူစိမ်းရင် စကားသိပ်မပြောတတ်လို့ပါကွယ်"

တီတီမေရဲ့ ဖာထေးသံကို ဘွားဘွားကပါ ခေါင်းညိတ်ထောက်ခံပေးသည်။

"ကျွန်တော်က လူစိမ်းမှ မဟုတ်တာ မမ.."

"ကဲပါ ကိုခန့်ရယ် အခုမှတွေ့ကာစကို နင်ဘယ်လိုဖြစ်နေတာလဲ နောက်တော့ ရင်းနှီးသွားမှာပေါ့ လာလာ အိမ်ပြန်ကြစို့
သားငယ်! မင်းDaddyဆီက အထုတ်တွေ ကူသယ်လိုက်"

ခေါင်း​ညိတ်ပြရင်း ထိုသူ့လက်ထဲက အထုတ်တစ်ချို့ကို ကူသယ်တော့ ဘာမှတော့ ထပ်မပြော။
မျက်ခုံးနှစ်ဖက်ကတော့ အနည်းငယ်တွန့်ချိုးထားသည်။

သူများတွေနဲ့ ဖော်ရွေတတ်ပြီး မိုးငယ်နဲ့မှ ဘုကလန့်ဖြစ်နေသည်ကြောင့် သက်ပြင်းကိုသာချမိသည်။
Daddyဆိုသူနှင့် နဂိုတည်းက ဂျစ်ကန်ကန်နေတတ်သည့်သူ နောက်ပိုင်း.ဘယ်လိုနှစ်ပါးသွားရမည်နည်း။

"တီမေ သား ဒီနေ့ ကျူရှင်မရှိဘူး အဲ့ဒါ စက်ဘီးထွက်စီးမယ်နော် ဟိုကောင်တွေနဲ့"

ဧည့်ခန်းထဲ TVကြည့်နေသည့် တီမေ့အနားထိုင်ကာ ပြောလိုက်ပေမယ့် နံဘေးနားက Laptopကိုင်ထားသည့် သူ က မိုးငယ်ဆီ ကြည့်လာသည်။

"ကျူရှင်က ဘာလို့မရှိတာလဲ"

အဲ့ဒါတွေ မကြိုက်တာ။ လူကိုအဲ့လို မယုံသင်္ကာအပြောတွေ အကြည့်တွေကို မိုးငယ်လုံးဝမကြိုက်။
ထိုလူက ရောက်ကတည်းက ထိုအတိုင်းပင်။
မိုးငယ်... တီမေတို့ကိုပြောသမျှ သူ ဝင်နားထောင်သည်။ ပြီးရင် မေးခွန်းတွေက စလာပြီ။

"ဆရာ့မိန်းမ အူအတက်ပေါက်လို့ ပိတ်တယ်"

Laptopကို ပိတ်ချကာ မိုးငယ်ဘက်ကို လှည့်လာသည်။

"ဆိုတော့ ပုံမှန်ဆို စာလုပ်နေရမယ့်အချိန်မှာ မင်းက အပြင်ထွက်မယ်ပေါ့"

"တီမေ!"

စိတ်မရှည်စွာ တီမေ့ကို ခေါ်လိုက်တော့ ထိုလူ့ဆီက မျက်မှောင်က ပိုကျုံ့သွားသည်။

"မိုးဦးငယ် ငါ မင်းကို စကားပြောနေတာမပြီးသေးဘူး ကြားကနေ ဖြတ်ပြောတာ ရိုင်းတယ်လို့မထင်ဘူးလားဟမ်!"

"ကျွန်တော်က အစကတည်းက တီမေ့ကို  ပြော​နေတာ ဖြတ်​ဝင်ပြောတာက ဘယ်သူလဲ"

"ဘာကွ!"

"သားငယ်! "

တီမေက ဝင်ဟန့်ပေမယ့် သူ မျက်နှာထားကို မပြင်မိ။
သူကိုယ်တိုင်လည်း ထိုလူ့ကို အမြင်ကပ်နေသလို မကျေနပ်ပေ။
ပြန်ရောက်လာတဲ့ တစ်ပတ်အတွင်း စကားပြောအဆင်မပြေတာတစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။
ပြဿနာကို တမင်ရှာနေသလိုမို့ မုန်းပါသည်။အပြစ်ရှာချင်နေတဲ့မျက်လုံးတွေကို မကြိုက်ပါ။ပြီးတော့ မိုးငယ် စိတ်ရှုပ်တာလည်းမခံနိုင်။ဦးခန့်တည်ကြည်က သိပ်စိတ်ရှုပ်ဖို့ကောင်းသည်။

"ကက်ကက်လန်ပြန်ပြောနေတာပဲ မိုးဦးငယ် ဒီတစ်ပတ်အတွင်း မင်းအပြုအမူတွေကို ငါစောင့်ကြည့်နေတာ ငါအတော်စိတ်ကုန်တယ် ငါ့သည်းခံနိုင်မှုက ဒီလောက်အထိပဲ "

"ကိုခန့်! ကလေးက ငယ်သေး"

"ဆယ့်ခြောက်နှစ်က ငယ်တာလား မမ! ကျွန်တော် မမတို့လက်ထဲ သူ့ကို အပ်ခဲ့တာ အခုလို ရိုင်းစိုင်းနေဖို့မဟုတ်ဘူး"

"တီမေ့ကို မပြောနဲ့!"

"မင်းလုပ်တာ ဟုတ်နေရင် ငါပြောနေစရာလိုလား ဒီမှာ မိုးဦးငယ် မင်းရဲ့ အုပ်ထိန်းသူအစစ် က ငါပါ မင်းကို ပြောဖို့လိုအပ်တယ်ထင်လို့ ငါ ဝင်ပြောခဲ့တာတွေပဲ ဒါကို မင်းရိုင်းနေတာ"

"အုပ်ထိန်းသူအစစ်တဲ့လား ဒါဆိုရင်လည်း ဘာလို့ထားခဲ့သေးလဲ အခုမှ ဘာလို့ပြန်ပေါ်လာ​သေးလဲ!! "

မျက်နှာတစ်ပြင်လုံးနီရဲသွားသည်အထိ ဒေါသထွက်သွားဟန် ရှေ့ကလူသည် မိုးငယ်ကို ခပ်စူးစူးစိုက်ကြည့်နေသည်။

"သားငယ်!!! မင်းဘယ်လိုတွေပြောနေတာလဲ Daddyကို ဒီလိုတွေပြောစရာလား ပြန်တောင်းပန် သားငယ် တီမေ ဒီလိုအပြုအမူတွေ မကြိုက်ဘူး!"

တီမေက တောင်းပန်ရန်ပြောသော်လည်း သူ မတောင်းပန်မိ။

ဒေါသတကြီး မိုးငယ်အရှေ့ ရောက်လာသူကို ပြန်သာစိုက်ကြည့်နေလိုက်သည်။

မေးရိုးပေါ် ရောက်လာသည့် သူရဲ့လက်အကြီးကြီးက နာကျင်စေသည်။

"အေး! ဟုတ်တယ် ငါက အခုမှ ပြန်ပေါ်လာတာ အေး! ဘာလို့ပျောက်သွားလဲ သိချင်ရင်ပြောပြမယ် ခေါင်းထဲစွဲနေအောင် သေချာမှတ်ထား!! မင်း ဒီအချိန်ထိ သုံးဖြုန်းလာနိုင်ဖို့ မင်းအတွက် ငါရှာဖွေနေရလို့! ငါ ထွက်သွားရတာ ရှင်းအောင်ပြောရရင် မင်းအခုဝတ်ထားတဲ့ အဝတ်အစား၊ မင်းသုံးနေတဲ့ အသုံးအဆောင်၊ မင်းရနေတဲ့မုန့်ဖိုး ကုန်ကုန်ပြောမယ် မင်းစီးနေတဲ့ ဖိနပ်ကအစ! ငါနဲ့လွတ်ကင်းတာ တစ်ခုမှမရှိဘူး! နားလည်လား!!!ငါ မင်းကို အိမ်ခေါ်လာဖို့အတွက် ငါရင်းနှီးခဲ့ရသမျှက မင်းငါ့ကို ဒီလို ရိုင်းစိုင်းနေဖို့မဟုတ်ဘူး! "

"အ"

အားဖြင့် လွှတ်ချလိုက်တာမို့ မေးရိုးတွေက ပြုတ်ထွက်မတတ် ပူထူကာ နာကျင်ရသည်။

မျက်လုံးထဲ က သူ့အလိုလိုကျနေသည့် မျက်ရည်တွေက တားဆီးလို့မရ။

အိမ်ထဲက ထွက်သွားသူရဲ့ ကျော​ပြင်ကိုသာ ငေးကြည့်ရင်း လက်သီးကိုသာ ခပ်တင်းတင်းဆုပ်မိသည်။

"မိုးငယ် မင်း ဒီတစ်ခါ လွန်တယ် မင်းDaddy ပြောသွားသမျှက အမှန်တွေပဲ နှစ်ဆယ့်နှစ်နှစ် အရွယ်လေးနဲ့ မင်းကို မွေးစားဖို့ သူ မလွယ်ခဲ့ဘူး မင်းအဘိုးနဲ့ပေးခဲ့ရတဲ့ကတိတွေရှိတယ် သူဝါသနာပါရာအလုပ်ကို စွန့်လွှတ်ခဲ့ရတာတွေရှိတယ် မင်းရဲ့Daddyဖြစ်ဖို့ သူလွယ်လွယ်ကူကူ ပေးခဲ့ရတာ ဘာမှမရှိဘူး မိုးငယ် မင်းသိထားဖို့က မင်းကို တီတီတို့ချစ်တယ် ဆိုတာ သူ့ခြေဖဝါးတောင်မမှီဘူး "

တစ်ခါမှ စိတ်မဆိုးဖူးတဲ့ တီတီမေကပါ ​စိတ်ဆိုးသွားတာမို့ ပိုငိုချင်လာသည်။

သူမှ မသိခဲ့တာ။ သူသိအောင်လည်း ဘယ်သူကမှ မပြောပြခဲ့ဖူးဘူး။ သူသိတာက သူ့ကိုမွေးစားပြီး ပစ်ပယ်ထားတဲ့ Daddyကို သူ မကျေနပ်ဘူးဆိုတာရယ်၊သူ့ကိုပဲ အပြစ်ရှာနေတဲ့ Daddyစကားသံတွေရယ်။
သူ မှားပြီလား။
မကျေနပ်ချက်လေး ထုတ်ပြောခဲ့တာပဲရှိပါတယ်။ ဘာတွေဖြစ်သွားမယ်မှန်း သူမှ မသိခဲ့တာ။
ထိုနေ့ညနေက စက်ဘီးစီးလည်း မထွက်ဖြစ်တော့ပါ။
အခန်းထဲသာ ဝင်ခွေရင်း စဉ်းစားနေမိသည်။
သူဘာလုပ်သင့်သလဲ။

~•~

နောက်တစ်နေ့မနက်.Daddyက မိုးငယ် မနိုးခင်ကပင် အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသည်တဲ့။

တစ်ညလုံး ဘာလုပ်ရမလဲ တွေးခဲ့ရသည်ကြောင့် မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့သည်က Daddyထွက်သွားသည်ကို သူ မသိလိုက်။

မနေ့က ဖြစ်တဲ့ကိစ္စကို ဘွားဘွားတို့လည်း သိသွားဟန်ပေမယ့် ဘိုးဘိုး မျက်နှာကသာ ခပ်တင်းတင်းဖြစ်နေသည်ကိုတွေ့ရသည်။

ဘွားဘွားကတော့ "မြေး Daddyကို ပြန်မပြောတော့နဲ့ လိမ္မာတော့ မြေးငယ်" ဟုသာ ခပ်ပြုံးပြုံး ပြောတတ်သည်။

တီမေကတော့ သူ့ကို စိတ်ကောက်နေသည်။
လုပ်စရာရှိတာ လုပ်ပေး၍ စကားတော့အရင်လို ဟက်ဟက်ပက်ပက် မပြောပေ။

"ဒေါ်ကြီးအေး သားက ရိုင်းနေလို့လား"

တစ်အိမ်လုံးတွင် စကားပြောစရာ ဒေါ်ကြီးအေးသာ ရှိတော့သည်။

ဟင်းချက်နေသည့်အနား သွားကာ ခပ်တိုးတိုးမေးရသည်။

"အမလေး ငါတို့သားငယ်လေးက မရိုင်းပါဘူးရှင် ဒီလောက်လိမ္မာတာကို"

ပါးဖောင်းလေးကို တစ်ချက်ဖျစ်ကာ ပြောလာသည်ကြောင့် ပြုံးလိုက်မိသည်။

"ဒါပေမယ့် ကိုခန့်ကို တော့ ပြန်မပြောသင့်ဘူးလေ ကလေးရယ် ခမျာမှာ မင်းကို ချစ်ရှာတာ မင်း အိမ်ကိုရောက်လာတုန်းက သူ့မှာမထိရက်မကိုင်ရက် ချီးကလူသေးကလူ တယုတယလုပ်ပေးတာက အသန့်ကြိုက်တဲ့သူမှ ဟုတ်ရဲ့လား လို့မေးရအောင်အထိပဲ ကိုခန့်ကို နားလည်ပေးလိုက်ပါ သားငယ်လေးရယ်"

တွေ့လား။ တစ်အိမ်လုံးရဲ့အချစ်တော်က Daddyပါဆို။အစက အငယ်ဆုံးမို့ မိုးငယ်ကို ဝိုင်းအလိုလိုက်ချစ်ကြတယ်လို့ ထင်ခဲ့ပေမယ့် Daddyရောက်လာမှ ရာထူးဖယ်ချခံလိုက်ရသလို။
မဟုတ်သေးဘူး။ မိုးငယ်ကသာ Daddyနေရာကို ခဏ ဝင်ယူခဲ့မိသည် ထင်ပါရဲ့။

ဒေါ်ကြီးအေးကို မေးမိကာမှ ကောင်း​ကြောင်းတွေ နားနှင့်မဆံအောင်နားထောင်လိုက်ရသည်။

ဂစ်တာတီးဝါသနာပါသည့် သူက ဂီတအနုပညာရှင် ဖြစ်ချင်ခဲ့သည်တဲ့။

စီးပွားရေးလုပ်ငန်းတွေထက် ကိုခန့်က လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနှင့် ဂစ်တာတစ်လက်ရှိရင် ပြီးပြည့်စုံနေမယ့် လူငယ်လေးတစ်ယောက်ပါတဲ့။

"ကြီးအေးဖြင့် မှတ်မိပါသေးတယ် မင်းကလေးငယ်ငယ် နီတာရဲလေးကို မချီတက်ချီတက် ချီပြီး ရပ်ကွက်ထဲ ကလေးအမေတွေဆီ သူကိုယ်တိုင် နို့လိုက်တောင်းခဲ့တာကို ကိုခန့်လို လူက အဲ့လို ပြာယာခတ်ပြီး ဂရုစိုက်ခဲ့တာ သားငယ်လေးပဲ ရှိတယ်"

ကြီးအေး ပြောသမျှ ​မိုးငယ်မျက်လုံးထဲ မြင်ယောင်ကြည့်တော့ သူ့အမှားကို ပိုမြင်လာရသည်။

"ဒါဆို သူက ဘာလို့ သူဝါသနာပါရာကို မလုပ်ဘဲ နိုင်ငံခြားထွက်သွားရတာလဲ"

"မင်းကြောင့်ပဲပေါ့ မိုးငယ် ငါ့မောင်လေးက မင်းကြောင့် သူ့ဝါသနာကို စွန့်ခဲ့ရတာ မင်းကို မွေးစားချင်ရင် သူဖြစ်စေချင်တဲ့ စီးပွားရေးဘက် ဝင်ရမယ်ဆိုတဲ့ မင်းဘိုးဘိုးရဲ့ အမိန့်ကြောင့် သူ ထွက်သွားရတာ အေး! မင်းအဘိုး ငါ့အဖေက ကျောင်းစားရိတ်ကလွဲ ပြီး ဘာမှမပို့ခဲ့ဘူး မင်းအတွက်ကိုပါ သူ့ကို တာဝန်ယူခိုင်းခဲ့တာ ဟိုမှာ သူဘယ်လိုနေတယ် ဘယ်လိုစားတယ်တော့မသိဘူး အချိန်တန်ရင် မင်းကိုတော့ အကောင်းတကာ့အကောင်းဆုံးပဲ ရအောင်ပို့ပေးခဲ့တာ မင်းအခုချိန်ထိ ရခဲ့တာတွေအကုန် ကိုခန့်ချွေးနည်းစာတွေချည့်ပဲ ဒါကို မင်းက သူ့ကို ဘယ်လိုဆက်ဆံလိုက်သလဲ ငါမပြောချင်ဘူး! "

ဘယ်ကနေ ဘယ်လို မီးဖိုခန်းထဲဝင်လာမှန်းမသိတဲ့ တီမေက ဝင်ဖြေလိုက်တာမို့ မိုးငယ် မျက်နှာလေး အိုသွားရသည်။
သူ တကယ်မှားပြီ။

"သားမှ မသိခဲ့ဘဲ တီမေရယ် သားကို ဘာမှ အသိမပေးကြဘဲကို "

"မင်း အနေရခက်မဆိုးလို့ မပြောခဲ့ကြတာလေ အခုတော့ မင်းလည်းသိသင့်တဲ့အရွယ်မို့ ပြောပြတာ နောက်ကို စကားပြောဆင်ခြင် သားငယ် တီမေကပါ မင်းကို စိတ်မပျက်ချင်ဘူး ကြားလား"

"ဟုတ်..."

~•~

ဒီနေ့ Daddyပြန်လာမည်ဆို၍ မိုးဦးငယ် ကျောင်းက စောစောပြန်ချင်မိသည်။
နာရီတွေက ဒီနေ့မှ ကြာနေသလိုထင်ရကာ ကျောင်းကအတော်နှင့်မဆင်း။

ပြီးရင် ကျူရှင်ချိန်က ရှိနေသေးသည်မို့ သူ ညမှ အိမ်ပြန်ရောက်လိမ့်မည်။

ဒါဆို Daddyနဲ့ မတွေ့ရတော့ဘူး။
ကျူရှင် ပျက်လိုက်မယ်တွေးမိတော့လည်း Daddyသာသိလျှင် သူ့ကို ပိုစိတ်ဆိုးသွားနိုင်သည်။
သို့နှင့် ကျူရှင်ကိုသာ ခြေဦးလှည့်ရတော့သည်။

ညနေ ခြောက်နာရီ ခွဲတွင် ကျူရှင်ပြီး၍ အခန်းထဲက အထွက် မြင်လိုက်ရသည်က ကားအနက်တစ်စီးဘေးတွင် မှီ၍ ရပ်နေသော လူ။

"Daddy!"

ဟန်မဆောင်နိုင်ပါ။ မိုးငယ် ပြေး၍ ဖက်လိုက်မိတော့သည်။
မှားခဲ့ခြင်းတွေအတွက် ခွင့်လွှတ်ဖို့တောင်းခံမည်။
အနစ်နာခံခဲ့ခြင်းတို့အတွက် သူ့ဘဝတစ်လျှောက်လုံး ထိုလူ့အနား ရှိနေစေရမည်။
စကားနားထောင်ခြင်းသည် အသေးဆုံးဖြည့်ဆည်းခြင်းဆိုလျှင် ဘဝနဲ့ဆိုင်သည့် ဆုံးဖြတ်ချက်များအထိ ထိုလူ့အမိန့်နှင့်သာ စိတ်တိုင်းကျစေရမည်။
သူ ထိုရင်ခွင်ကျယ်ကို ယုံကြည်အားကိုးခြင်းများနှင့် ဝင်ရောက်ခိုလှုံတော့မည်။

"ဘာဖြစ်တာလဲ ဘာဖြစ်လာတာလဲ ဟင် မိုးကလေး!"

ပြာပြာသလဲ ရင်ခွင်ထဲ က ကလေးငယ်ကို ဆွဲထုတ်လိုက်ရသည်။
ခရီးမထွက်ခင်က ကတောက်ကဆ ဖြစ်ခဲ့၍ ဒီကလေးဝမ်းနည်းသွားတာကို သူ သိသည်။
ဒီအရွယ်အထိ အလိုလိုက်ခဲ့တဲ့ မမ ကပါ ဆူလိုက်သည့်အကြောင်းပြန်ကြားရတော့ သူ စိတ်မကောင်းပါ။
ငယ်ငယ်ကတည်းက အငိုသန်သည့်ကောင်လေးက အခုအရွယ်ထိ ဝမ်းနည်းလွယ်မည့်အကြောင်း မျက်ရည်တဝဲဝဲ မျက်လုံးတောက်တောက်လေးတွေက သက်သေပင်။
ကျူရှင်ကနေ ကြိုရင်း အပြင်မှာတစ်ခုခု လိုက်ကျွေးရင်း ရင်းနှီးစေမည့် အစီအစဉ်နှင့် ခန့်တည်ကြည် လာခဲ့တာဖြစ်သည်။
အခုတော့ တွေ့တွေ့ချင်း ရင်ခွင်ထဲ တိုးဝင်လာသည့် ဂျစ်ကန်ကန်လေးက သူ့ကို ယောက်ယက်ခတ်စေပြီ။
သူ့ကလေးကို ဘယ်အရာက ထိုသို့ဖြစ်စေခဲ့ပါသနည်း။

"ဘာဖြစ်တာလဲလို့ Daddyမေးနေတယ်လေ~"

"မိုး မိုးငယ်မှားသွားပါတယ် Daddy~ ခွင့်လွှတ်ပေးပါ မသိခဲ့လို့ပါ မသိခဲ့လို့ပြောခဲ့မိတာတွေပါ တောင်းပန်ပါတယ်"

ပြတ်တောင်းပြတ်တောင်းအသံတုန်တုန်လေးက ရင်ထဲ ထိစေသည်မှာ နက်နက်ရှိုင်းရှိုင်း။
တောင်းပန်စရာမလိုအောင်ကို ခွင့်လွှတ်လိုက်သည့်အကြောင်း မိုးဦးငယ်က မသိခဲ့လေရော့လား။

"ခွင့်လွှတ်ပြီးသားပါ ကလေးရယ် Daddyက မင်းနဲ့ပတ်သက်ရင် တစ်ခါမှ အပြစ်မယူခဲ့ဖူးပါဘူး ခွင့်လွှတ်ခဲ့ပြီးသားမို့ တောင်းပန်စရာ မလိုသလို ဝမ်းနည်းစရာလည်းမလိုဘူး Daddyအတွက် အပြစ်ကင်းပြီးသားပါကွယ်"

"Daddy~~~"

ခပ်တင်းတင်းထပ်မံ ဖက်တွယ်လာရင်း ရင်ခွင်ထဲ မျက်နှာမြုပ်ထားပြန်ကာ သူ့ကိုသာ တနေပြန်သည့်ကောင်လေးက အခုထိ ကလေးသေးသေးလေးလိုပင်။
သူလည်း မှားခဲ့ပြန်ပေါ့။ ဒီလိုကလေးမျိုးကိုမှ ဝမ်းနည်းစေမိခဲ့တာပဲ။

"ဟိတ် တော်ပြီ ကိုယ်က မင်းကို ကြိုပြီးရင် တစ်ခုခုဝင်စားပြီးမှ အိမ်ပြန်မလို့ အခုတော့ ဝင်စားချိန်မရတော့ဘူး နောက်နေ့မှ လိုက်ကျွေးတော့မယ် အိမ်ပြန်စို့ "

ရင်ခွင်ထဲက ဇွတ်ဆွဲထုတ်ရင်း ကားထဲပို့ရသည်။

ငြိမ်ငြိမ်ကလေး လုပ်ပေးသမျှ အသာတကြည် ခံနေတာမို့ အူယားရပါသည်။
အိမ်ပြန်လမ်းက ရင်းနှီးခြင်းတို့ကို ပြန်လည်အစပျိုးခဲ့သည်မှာ ကြည်နူးဖွယ်ရာ။

ဂျစ်ကန်ကလေးနှင့် ခန်တည်ကြည်တို့ ငြိမ်းချမ်းရေးယူ၍ အဆင်ပြေခဲ့ပြီ။

"Daddy~ မိုးငယ်ကို စပါကတ်တီလုပ်ကျွေး!"

"Daddy! ကျွန်တော်နဲ့ စက်ဘီးပြိုင်စီးမယ်!"

"Daddy! မိုးငယ်ဖို့ တောင်ပေါ်ကနေ လိမ္မော်သီးဝယ်ခဲ့ဦး"

"Daddy!! ဒီgameက မနိုင်တော့ဘူး ကူဆော့ပေးဦး"

"Daddy!! တီတီမေက သားကို အော်တယ်! "

"Daddy! ...."

"..."

"မိုးငယ်! သစ်ပင်တက်ပြန်ပြီလား! အခုဆင်းခဲ့!!"

"မိုးကလေး! Gameပဲဆော့နေတယ် အခု စာလာလုပ်!"

"မိုးဂျစ်ကန်!! ငါ ထလာရင် မင်းသေပြီနော်! အခု ကန်ထဲက တက်ခဲ့စမ်း!"

"မိုးဂျစ်ကန်! လာ အိပ်တော့!"

"မမ! ကလေးကို အလိုလိုက်ပြန်ပြီ! မေမေကောပဲ ဘာလို့မြှောက်ပေးနေတာလဲ!"

"မိုးဦးငယ်ရေ!"

"..."

ပြေလည်ပြီးနောက်ပိုင်းတွင် ထိုကဲ့သို့သော အော်သံများသည် မိုးဦးငယ်တို့အိမ်အတွင်း တစ်ရက်မပြတ်နေ့စဉ်ပေါ်ထွက်လာတတ်သည်။

ခန့်တည်ကြည်အနား ကပ်ချွဲတက်လာသည့် မိုးဦးငယ်က Daddyဒေါသကိုတော့ ကြောက်ပါသည်။

စည်းကမ်းကြီးသည့် Daddyက အစပိုင်းတွင် စကားနှင့်သာ ဆုံးမပြုပြင်ခြင်းပြုလုပ်သော်လည်း ဂျစ်ကန်ကန်နှင့် လုပ်ချင်ရာလုပ်တတ်သည့်သူကြောင့် သစ်ကိုင်းချိုးလိုက် ဝါးခြမ်းသပ်လိုက်နှင့် အလုပ်ရှုပ်ရတော့သည်။

~•~

"မိုးဦးငယ်ရဲ့ Daddyလား"

"ဟုတ်ကဲ့ "

"ဒါဆို ဒါလေးတစ်ချက်ကြည့်ပေးပါ"

ဒီနေ့က အလုပ်ကနေ ဟိုကလေးရဲ့ ကျူရှင်ဆရာမ ဖုန်းဆက်၍ ထွက်လာရခြင်း။

ရောက်သွားတော့ ရုံးခန်းအတွင်း ထိုင်စေကာ ကဒ်ပြားတစ်ခု ထုတ်ပြလာသည်။
သေချာတာပေါ့။ စာမေးပွဲရမှတ်စာရင်း။

"ဒါက ကျောင်းနဲ့မဆိုင်တဲ့ ကျူရှင်က သီးသန့်စစ်တဲ့စာမေးပွဲတွေဆိုပေမယ့် အရေးကြီးပါတယ် ဆယ်တန်းမို့ ပိုအရေးကြီးတယ် ဥာဏ်ကောင်းတဲ့ကလေးတစ်ယောက်ရဲ့ ပေါ့ဆလို့ ရလာတဲ့ ရလဒ်မျိုးကို ကျွန်မတို့ မလိုချင်ပါဘူး ကျူရှင်မှာတင်မလုံလောက်တာမို့ အိမ်ကပါ ကြပ်မတ်ပေးစေချင်ပါတယ်"

အပတ်တိုင်း စစ်သည့် စာမေးပွဲရလဒ်တွေက ကျေနပ်စရာမရှိ။
မကျပေမယ့် မကျခဲ့ရုံလေးသာ။
မိုးဦးငယ်ကို သူတကယ် တင်းကြပ်သင့်ပြီ။
ဒီလိုအတိုင်ခံရတာနဲ့တင် သူ့မျက်နှာက ပူနေပြီ။
ထိုဆရာမရဲ့ မျက်လုံးတွေထဲ 'ကိုယ့်ကလေးကိုယ် ဂရုမစိုက်ဘူးလား'ဆိုတဲ့ အရိပ်အယောင်တွေက ခန့်တည်ကြည်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

"ကျွန်တော် သိပါပြီ နောက်မဖြစ်စေဖို့ သေချာဂရုစိုက်လိုက်ပါ့မယ်"

ကတိထားခဲ့ရင်း အလုပ်ပြန်ရန် နာရီကြည့်တော့ ဟိုကလေး ကျောင်းဆင်းချိန်။

တစ်ခါတည်းဝင်ကြိုလိုက်တာအဆင်ပြေလိမ့်မည်။
ပြောစရာရှိတာလည်းပြောရင်းပေါ့။

"Daddy!"

လူအုပ်ကြားထဲကနေ ပြေးလာပြန်သည့် ကောင်လေးက ခန့်တည်ကြည်ရှိရာဆီ တန်းတန်းမတ်မတ်။
ချွေးစတို့ဖြင့် ခပ်နွမ်းနွမ်းမျက်နှာလေးက ပင်ပန်းနေဟန်။

"ကားပေါ်တက်"

ပြူးကြောင်ကြောင်မျက်လုံးလေးတွေနှင့် ကြည့်လာပြီး အခြေအနေမဟန်တာကို ရိပ်မိဟန်တူသည်။ ငြိမ်ငြိမ်ဆိတ်ဆိတ်ကားပေါ်တက်လာသည်။

ခါးပတ် ပတ်ပြီးတာ.သေချာမှ မောင်းထွက်လာကာ လူအနည်းငယ်ရှင်းသည့်နေရာတွင် ခဏ ရပ်မိသည်။
နံဘေးက တိတ်ဆိတ်ကလေးကတော့ အခုထိ ကုပ်ကုပ်ကလေး။

"ဘာ ဘာဖြစ်လို့လဲ Daddy ကားတစ်ခုခု!"

"ကားဘာမှမဖြစ်ဘူး ကိုယ်မင်းနဲ့ ပြောစရာရှိလို့ "

"ကိုယ့်ဘက်ကို လှည့်!"

ကျောပိုးအိတ်က ကြိုးကို လိမ်ကျစ်နေသည့် ကောင်လေးက သူ၏ ဂျစ်ကန်ကန်မှ ဟုတ်ပါရဲ့လား။

"ပြော! ကျူရှင်က အမှတ်တွေက ဘယ်လိုဖြစ်ရတာလဲ"

ခပ်အေးအေးမေးလာသည့်Daddyအသံက တုန်ခနဲ ဖြစ်သွားစေသည်။
မိုးငယ်ရဲ့ကကျိုးကချောင် အမှတ်တွေအကြောင်း Daddyသိသွားပြီ။
အဲ့ဒါထက် ပိုဆိုးတာက Daddy သူ့ကို စိတ်ဆိုးနေပြီဖြစ်ကြောင်း ခပ်တင်းတင်းမေးရိုးတွေအရ မိုးဦးငယ်သိပါသည်။

"ကျွန် တော်.."

မဝံ့မရဲ Daddyမျက်နှာကို တစ်ချက်ခိုးကြည့်မိတော့ ​အေးစက်စက်အငွေ့အသက် ကဲထားသည့် မျက်ဝန်းနက်တို့နှင့်ဆုံသည်ကြောင့် အမြန် အကြည်လွှဲရသည်။
စကားလည်း ဆက်မပြောနိုင်ပါ။
သို့သော် မဖြေပါလျှင် Daddyစိတ်ပိုတိုလာလိမ့်မည်။

"တောင်းပန်ပါတယ် Daddy"

"ကိုယ် မင်းကို တောင်းပန်ခိုင်းနေတာမဟုတ်ဘူး မိုးဦးငယ် ကိုယ်မေးတဲ့မေးခွန်းရဲ့ အဖြေက အဲ့ဒီစကားမဟုတ်ဘူး"

ခေါင်းကို သာ ငုံ့ထားမိကာ လက်တွေကလည်း အိတ်က ကြိုးတွေကို အားကိုးရာတစ်ခုနှယ် ဆွဲဆုပ်ဖိချေနေမိသည်။

"လက်ပိုက်ထား! ကိုယ် စကားပြောနေရင် အရေးမပါတဲ့ ဟာတွေလုပ်ပြီး အာရုံလွဲထားတာကို မုန်းတယ်"

ဆတ်ခနဲ တုန်သွားရကာ လက်ကို ကပြာကယာ ပိုက်လိုက်ရသည်။

" စာမလိုက်နိုင်ဘူးလား"

"ဟင့် အင်း "

"ကျူရှင်က သင်တာတွေ အများနဲ့မို့ နားမလည်တာလား"

"မ မဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ ဘယ်အရာတွေက မင်းကို ခက်ခဲစေတာလဲ မင်းဥာဏ်ရည်က ဒီလောက်မဆိုးတာကို ငါသိတယ် မိုးဦးငယ် "

"ကျွန်တော် စာ သေ ချာလိုက်မလုပ် မိလို့ပါ Daddy ကျွန်တော့်အမှားပါ "

အပြစ်လုပ်ထားမိသည့်စိတ်အပြင် Daddyစိတ်ပျက်သွားပြီဆိုသော စိတ်က မိုးဦးငယ်ကို တုန်ယင်စေကာ တစ်ကိုယ်လုံးအငွေ့ပျံမတက်ခံစားရသည်။

"ကိုယ် မင်းကို ဘာ မဖြည့်စည်းပေးခဲ့တာရှိလဲ "

"မရှိပါဘူး"

"မင်း လိုလေသေးမရှိ​ရအောင် ကိုယ်အရာရာဂရုတစိုက်နဲ့ အလိုက်တသိ လုပ်ပေးခဲ့တယ် မိုးဦးငယ် မင်းပါးစပ်က လိုချင်တယ်ပြောရင် ကိုယ်မလုပ်ပေးတာများရှိခဲ့လို့လား"

"အင့်! မရှိ မရှိပါဘူး Daddy"

ထိုသို့သော စကားတွေကို လေသံခပ်အေးအေးနဲ့ ပြောနေပေမယ့် နားထောင်ရသူအတွက်တော့ ဝမ်းနည်းစိတ်ကိုလှိုက်တက်လာစေသည်။
ဟုတ်သည်။Daddyက လိုအပ်တာထက်ကို ပို၍ ဖြည့်ဆည်းပေးခဲ့သည်။
အရာရာကို မိုးကလေးအတွက်လို့ သာရှေ့တန်းတင်ခဲ့တဲ့ Daddyကိုမှ သူက စိတ်ပျက်စေမိခြင်း။

"ကိုယ် အမုန်းဆုံးက ဘာလဲသိလား"

အသာ မော့ကြည့်တော့ Daddyအကြည့်တွေက မိုးငယ်တစ်ကိုယ်လုံးကို ကျုံ့သေးထားချင်မိတဲ့အထိပဲ။

"အမှားလုပ်ပြီးမှ မျက်ရည်ထွက်လာပြီး တောင်းပန်တာကို အမုန်းဆုံးပဲ! အစကတည်းက မမှားအောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးမရှိဘဲနဲ့ ငါမှားတော့ ဘာဖြစ်လဲ တောင်းပန်လိုက်ရင်ပြီးသွားမယ်ဆိုတဲ့ သဘော သိပ်မုန်းတယ်!"

"ဟင့်!"

နှုတ်ခမ်းကို ဖိကိုက်ကာ အသံမထွက်ဖို့ လုပ်လိုက်ပေမယ့် မမှီလိုက်ပါ။
မျက်နှာပေါ် စီးကျလာသည့် မျက်ရည်စီးကြောင်းတို့က Daddyအတွက် စိတ်ပျက်စေခြင်းတွေ။
အခုအချိန်တွင်အဖြစ်ချင်ဆုံးကိုပြောပါဆိုလျှင် အခုလိုအနေအထားကနေ အငွေ့ပျံပြီးတော့ဖြစ်ဖြစ် ပျောက်ကွယ်သွားချင်မိသည်။
သို့သော် အတွေးမျှသာ။
သူတကယ် မလုပ်နိုင်ပါ။ Daddyပို၍ စိတ်ပျက်စေမည့် အရာတို့ကို သူမလုပ်နိုင်ပါ။

"ကိုယ် မင်းကို အမှတ်စာရင်းကြောင့် အခုလိုတွေပြောနေရတာမဟုတ်ဘူး မိုးဦးငယ် မင်းကောင်းကောင်း
လုပ်နိုင်တဲ့ အလုပ်တစ်ခုကို သေချာမလုပ်ဘဲ ခပ်ပေါ့ပေါ့တွေးပြီး ပြီးပြီးရော လုပ်
ပစ်လိုက်တာကို ခွင့်မလွှတ်နိုင်တာ! မင်းတန်ဖိုးကို မင်းချပစ်လိုက်တာ သိရဲ့လားကွ"

"..."

ဘာစကားမှ မပြောမိပါ။ ပြောဖို့ မဖြစ်နိုင်တော့လို့။ပါးစပ်ဟလိုက်တာနဲ့ ရှိုက်သံက ထွက်လာလိမ့်မည်။ငိုသံပါနေမည့် သူ့အသံကို Daddyကို မကြားစေချင်ပါ။
ပို၍ စိတ်ပျက်လာမည်ကို သူခံနိုင်ရည်မရှိပါ။

"မင်းမှာ ရှိတဲ့အပြစ်ကိုသိပြီလား"

"ဟုတ်... ကဲ့"

"ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မင်းမှတ်သွားစေဖို့ ကိုယ်တာဝန်ယူတယ် မိုးဦးငယ် ကားနောက်ခန်းကို သွားမယ်"

"ဟင်!"

အံ့သြနေချိန်မရှိလိုက် Daddyက ဆင်းသွားပြီမို့ မိုးဦးငယ်အမြန်လိုက်ဆင်းကာ ကားနောက်ခန်းသို့ရွေ့လိုက်ရသည်။

Daddyက နောက်ဖုံးထဲရှိနေသည့် ကုမ္ပဏီပြက္ခဒိန်တစ်ခုက စာရွက်တွေညှပ်ထားသည့် ပိုက်တန်းကိုချွတ်နေသည်။
မဟုတ်မှ.. အဲ့ဒီပိုက်တန်းကလေးနဲ့ သူ့ကို..။

တွေးလို့ပင်မဆုံးသေး Daddyက နံဘေးရောက်လာသည်။
သူဘာလုပ်ရမလဲ တွေဝေနေတုန်းမှာ အမိန့်သံက ထွက်လာသည်။
ကိုယ့်ပေါင်ပေါ် မှောက်လိုက်...တဲ့။

ကျောင်းစိမ်းပုဆိုးက ချပ်ချပ်ရပ်ရပ်မို့ မှောက်လိုက်ချိန်မှာ တင်းကျပ်နေသည်။
သူတော့ ပိုနာတော့မည်။ နာရတော့မည်ဆိုတာထက် Daddyပေါ်တွင် ဒီအနေအထားနဲ့ဆိုတာက နားရွက်ဖျားတွေကိုပါ နီရဲလာစေသည်။
တင်ပါးပေါ် ခပ်ဆဆ လာထိနေသည့် ပိုက်တန်းကလေးက မာမှန်း သူခံစားမိသည်။

"ဆယ်ချက်! ကိုယ်ဆယ်ချက်ရိုက်မယ် မင်းဆီက အသံထွက်တာ မကြားချင်ဘူး အသံထွက်လာရင် အကန့်အသတ်မရှိဖြစ်သွားလိမ့်မယ် နားလည်မလား"

အယောင်ယောင်အမှားမှားဖြင့် မိုးငယ် ခေါင်းကို ငြိမ့်မိလိုက်သည်။
သို့သော် ပူထူသွားသည့် နားရွက်ဖျားဆီက နာကျင်မှုက ခပ်ပြင်းပြင်းပဲ။

"အ!"

"ပါးစပ်နဲ့ဖြေ​လေ မိုးဦးငယ်!"

"ဟုတ် ကဲ့ နား နားလည်ပါပြီ Daddy!"

ထိုအခါမှ နားရွက်လေးကို လွှတ်ပေးသည်။ နာလိုက်သည်ဖြစ်ခြင်း။
Daddyဒေါသထွက်လျှင် တကယ်ကြောက်ဖို့ကောင်းတာကို သူ အရင်ထဲက သိပါသည်။အခုအကြိမ်တွင်တော့ ပို၍ သိခဲ့ပါပြီ။

"ဝှစ်!"

"အွန့်"

စပ်ခနဲ ဖြတ်သွားသည့်နာကျင်မှုက အသံထွက်မိတော့မတက်။
ဒီလောက်ထိ နာသည်လား။တင်ပါးပေါ် မီးတစ်စဖြတ်ပြေးသွားသလိုမျိုး။

"ဝှစ်!!"

ပထမတစ်ချက်ထက်ပိုပြင်းသည်။နာလွန်းသည်ကြောင့် ကိုယ်လုံးကို လူးလွန့်မိသည်အထိ။

"ငြိမ်ငြိမ်နေ!"

"ဝှစ်!!!"

မျက်ရည်က ဝေ့တက်လာကာ အလန့်တကြား Daddyခြေသလုံးကို ဆုပ်ကိုင်မိလိုက်သည်။
သူ့မှာ အသံလည်းမထွက်ရသဖြင့် အလွန်ခံရခက်သည်။
နှုတ်ခမ်းသားကို အတင်းဖိကိုက်ထားရုံသာ တတ်နိုင်သည်။

"ဝှစ်!!!ဝှစ်!!!"

".အ."

နှစ်ချက်ဆင့်ရိုက်လိုက်သည်ကြောင့် စိတ်က လွှတ်ထွက်သွားကာ အသံပြုမိသည်။
လက်တစ်ဖက်ကလည်း Daddyခြေသလုံးဆီ ပို၍ တင်းတင်း ဆုပ်ကိုင်ထားမိသည်။
မျက်ရည်တွေကတော့ ထိန်းမရ စီးကျနေပြီ။
ပူထူနေသည့် တင်ပါးတွေက ပေါက်ထွက်​တော့မယ့်အလား။
ဒီပြက္ခဒိန်က ဟာကလေးက လူကို ဒီလောက်နာစေမှန်း သူမသိခဲ့ပါ။
Daddyလက်ဆ ပြင်းတာလည်းပါလိမ့်မည်။

"ဝှစ်!!! အသံမထွက်ဖို့ ကိုယ်ပြောထားတယ်လေ!"

ထပ်မံရောက်လာသည့် မီးပြင်းတစ်စက ပူမြဲ ထူမြဲ နာကျင်ရမြဲ။
မျက်ရည်တွေနှင့်ပေပွနေမည့် အဖြစ်ကိုလည်း မရှက်နိုင်တော့ပါ။
သူတကယ်နာနေပြီ။
ဒီလိုမျိုး တစ်ခါမှ အကျွေးမခံရဖူးပါ။ နားရွက်​ဆွဲတာမျိုးနှင့် နားရင်းအုပ်တာမျိုးလောက်သာ သူ ရင်းနှီးခဲ့တာဖြစ်သည်။
ဒေါသထွက်ရင် Daddyက တုတ်ဆွဲတတ်ပေမယ့် တစ်ခါမှ သူ့ကို မရိုက်ခဲ့ပါ။
အခုမှသာ..။

"ဝှစ်!!!"

"အ! Daddy ~နာနေပြီ ဟင့် တောင်းပန်ပါတယ် အရမ်းနာလို့ပါ နောင်မလုပ်တော့ပါဘူး~"

နာလွန်း၍ ​တောင်းပန်မိတော့ ခပ်ကြိတ်ကြိတ်ထွက်လာသည့်စကားက သူ့ကို ပိုဝမ်းနည်းစေသည်။

"မရဘူး မိုးဦးငယ် ကိုယ် မင်းကို လျော့ပေးဖို့ အစီအစဉ်မရှိဘူး သုံးချက်ပဲ ကျန်တော့တယ် အသံထွက်ပြီး အမှတ်စဉ်ရေပေး!"

အသံထွက်ပြီး ရေပေးရမယ်? တုန်ယင်နေတဲ့ ရှိုက်သံတွေနှင့်လား။ Daddy တကယ်ရက်စက်ပါပြီ။

"ဝှစ်!!!"

"အ! တ. တစ်!"

"ဝှစ်!!"

"အို့! ဟင့် နှစ်!"

ဒုတိယက အရှိန်နည်းနည်းလျော့သွား၍ သက်ပြင်းချလို့မှ မဆုံးခင်မှာပင်။

"နောက်ဆုံးအချက်အတွက် ပြင်ဆင်ထား မိုးဦးငယ်!"

သတိပေးသံနှင့် တစ်ဆက်တည်းမှာပဲ။

"ဝှစ်!!!!"

"အား!!Daddy! နာတယ်အဟင့် သ သုံး!"

နောက်ဆုံးအချက်တွင် ပိုက်တန်းကလေးက ကျိုးသွားသည်။

Daddyလက်တွေလည်း နီရဲနေကာမိုးဦးငယ်သည်လည်း တင်းထားသမျှ ရွာချနေမိသည်။

သူတကယ်နာနေပြီ။ တင်ပါးတစ်ခုလုံး အထိမခံနိုင်တဲ့အထိ။

အသာအယာ ဆွဲထူလိုက်သည့် လက်တွေကြား သူ့ကိုယ်လုံးလေး ပါသွားရသည်။

"တော်တယ် အဆုံးထိ တောင့်ခံခဲ့တဲ့အတွက် "

ခေါင်းက ဆံပင်တွေကြား ထိုးဖွလာသည့် Daddyလက်ကြီးကြီးမှာ နာကျင်ခြင်းတို့ တချို့တစ်ဝက်လျော့သွားသလိုပင်။
Daddyပြုံးနေသည်လေ။ အရာရာကိုခွင့်လွှတ်လိုက်ပြီဖြစ်တဲ့ အပြုံးမျိုး။

"Daddy!! ဟင့် "

ရင်ခွင်ထဲ သူဝင်မိတော့ အလိုက်သင့် ဖွင့်ပေးထားသည်။

သူ့ရဲ့နွေးထွေးရာ။

ထိုနေ့က ကျူရှင်လည်းမမှီတော့၍ အိမ်သို့သာ ပြန်လာရသည်။

ညဘက်တွင်အခက်အခဲတစ်ခု ကြုံပြန်သည်။

Daddyနှင့် စာလုပ်ရခြင်း။

ပြီးပြီးရောရေးထားသည့် လက်ရေးတွေကို အမြင် Daddyသွေးတက်သွားသည်။

သူကတော့ ဟီးခနဲသာ အရှက်ပြေရယ်ပြနေမိသည်။

ညစဉ်ညတိုင်း Guideလုပ်ပေးသည့် Daddyကြောင့် စာမေးပွဲအတွက် သူ အဆင်ပြေပြေနဲ့ ထူးချွန်ခဲ့သလို တင်ပါးထက်တွင်လည်း အချိုးရာတွေ ထပ်ခဲ့သည်လေ။

Daddyလက်ဆ ဘယ်လောက်ပြင်းကြောင်းကို ကျွန်တော် တကယ် ပြောပြချင်ပါသည်။

ပညာရေးအတွက် Guideဖြစ်ပေးရုံသာမက ကျွန်တော့်ဘဝတစ်ခုလုံးရဲ့ Guideအဖြစ် Daddyက တာဝန်ယူခဲ့ရသည်။

ကျွန်တော် ရင့်ကျက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် လူကြီးတစ်ယောက်ဖြစ်ခဲ့သည်အထိ Daddyက ဘေးကနေ ဖေးမပေးနေတုန်းပင်။

Daddyကို သူ ချစ်ကြောင်းပြောမိရင် Daddyက သဘောတကျရယ်တတ်သည်။

စည်းတွေဘောင်တွေနဲ့ အတွေးကြပ်လွန်းသည့် ကျွန်တော့်ရဲ့လူပျိုကြီးကို ကျွန်တော့်ဘက်ကစတင်၍ ဆွဲထုတ်ခဲ့သည်။

ခဏခဏ နဲ့နေသည့် ကျွန်တော့်ကြောင့် သစ်ငုတ်တိုကြီးပင် ကျွတ်ထွက်ခဲ့ပြီ။

လူပျိုကြီးကို ကျွန်တော် ဘယ်သူ့ကိုမှ မပေးနိုင်ပါ။
ချောလွန်းခန့်လွန်းတဲ့ လူပျိုကြီးကို ကျွန်တော်တစ်ယောက်တည်းပိုင်ဆိုင်ချင်ပါသည်။

ကျွန်တော်က သူ့အတွက် အရာရာဆိုလျှင် ကျွန်တော့်အတွက်တော့ Daddyက တစ်ခုတည်းသော ပိုင်ဆိုင်ရာပါပဲ။

အဲ. ကျွန်တော်ပိုင်ဆိုင်ချင်တဲ့အထဲ သူ့ရဲ့ ကြိမ်လုံးတွေ၊ခါးပတ်တွေတော့ မပါဘူးပေါ့။

~•~

The End.

10:50PM,
Apr 3,2021

(A.n:
tt-ch*co ဆိုတဲ့ ကလေးအတွက် One shot ကလေးပြီးခဲ့ပါပြီ။)





Continue Reading

You'll Also Like

86.5K 9.8K 101
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
76K 8.7K 87
transition novel
19.9K 853 25
Ukeလေးကသူအရမ်းမုန်းနေတဲ့semeနဲ့လက်ထပ်လိုက်ရသောအခါ။သူတို့နှစ်ယောက်ချစ်သွားကြသောအခါမှတစ်ချိန်ကukeလေးချစ်ခဲ့ရတဲ့သူ ကပြန်တွေ့လိုက်ရသောအခါ............. Uk...
251K 9.2K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...