(Zawgyi)
ရုတ္တရတ္ႀကီး Taehyung ကိုျမင္လိုက္ရလို႔ Jimin မ်က္ႏွာပ်က္ၿပီး ေတာ္ေတာ္ေလးလန္႔သြားခဲ့တယ္...။ Yoongi ဘက္ကို လွမ္းၾကည့္လိုက္ေတာ့ သူနဲ႔မဆိုင္သလို ခပ္ျပံဳးျပံဳးပင္....။
"မင္းတို႔၂ေယာက္ရန္ျဖစ္ၾကျပန္ၿပီလား...?? ေျပာေတာ့ေနာက္တစ္ခါဆို ဘယ္ေတာ့မွရန္မျဖစ္ေတာ့ဘူးဆို"
Taehyung က ေျပာေျပာဆိုဆိုနဲ႔ အနားတိုးလာရင္း သူ႕နားမွာတပ္ထားတဲ့ နားၾကပ္ကိုဆြဲျဖဳတ္လိုက္တယ္...။
"ဘာေတြျဖစ္ေနၾကတာလဲ ေျပာစမ္းပါဦး... ငါ့ဘာသာ သီခ်င္းေလးနားေထာင္ရင္း ေအးေဆးအိပ္ေနတာကို မင္းတို႔ေၾကာင့္လန္႔သြားတာပဲ"
Jimin စိတ္ထဲမွာတမ်ိဳးျဖစ္သြားၿပီး ေသခ်ာေအာင္ Taehyung ကို ျပန္ေမးလိုက္တယ္....။
"TaeTae ahh ငါတို႔ခုနကေျပာတာ မင္းၾကားလိုက္လား...??"
"မၾကားလို႔ ဘာျဖစ္ေနၾကတာလဲလို႔ ေမးတာေပါ့"
ထိုအခါ Yoongi က ဟက္ခနဲရယ္လိုက္ရင္း Taehyung ရဲ႕ပခံုးကို လွမ္းပုတ္လိုက္ရင္း ေျပာလာတယ္...။
"သိခ်င္ရင္ မင္းရဲ႕ Jimin ကိုသာ ရေအာင္ေမးေတာ့... ငါကေတာ့ သြားႏွင့္ၿပီ"
Yoongi ထြက္သြားေတာ့ Taehyung က Jimin ကိုၾကည့္ကာ ေမးဆတ္ျပတယ္....။ သေဘာကေတာ့ ဘာျဖစ္ၾကတာလဲ ေျပာျပေပါ့.....။
"အာ.. ဒီလိုပါပဲ... မင္းလည္းသိတဲ့အတိုင္းပဲ.. ငါတို႔က ကိစၥေသးေသးေလးကအစ ျငင္းခံုရင္း ရန္ျဖစ္ၾကတာကို"
Jimin အတတ္ႏိုင္ဆံုး စကားကိုထိန္းေျပာလိုက္ရတယ္....။ ဒါကိုေတာင္ Taehyung က ေသခ်ာရဲ႕လားဆိုတဲ့ပံုစံျဖင့္ စူးစူးရဲရဲၾကည့္လာတယ္....။
"ငါကေတာ့ Taehyung ဆိုတဲ့နာမည္ကို ၾကားလိုက္မိလားလို႔..."
"အဲ...အဲဒါက ငါတို႔က တစ္ဖြဲ႕တည္းဆိုေတာ့ ေျပာေနရင္းနဲ႔ မင္းနာမည္လည္း ပါလာတာေပါ့"
ထိုအခါမွ Taehyung လည္း ခပ္ျပံဳးျပံဳးနဲ႔ ေခါင္းတညိတ္ညိတ္လုပ္ေနတယ္....။ Jimin မွာေတာ့ ေဇာေခၽြးေတြပါပ်ံေနေရာပဲ....။ Taehyung မၾကားတာပဲ ေတာ္ေတာ္ေလး ကံေကာင္းတယ္....။
"Jimin ahh ေန႔လည္စာ သြားစားၾကမယ္ေလ... ငါဗိုက္ဆာေနၿပီ"
ဒီလိုနဲ႔ Taehyung ပခံုးဖက္ျပီး ဆြဲေခၚသြားရာေနာက္သို႔ Jimin လည္း ကန္႔လန္႔ကန္႔လန္႔နဲ႔ ပါသြားရျပန္သည္....။ စားေသာက္ခန္းထဲသို႔ မေရာက္မီလမ္းမွာပင္ ေရွ႕မ်က္ႏွာခ်င္းဆိုင္မွ ေလွ်ာက္လာေသာ Yoongi ကိုေတြ႕လိုက္ရတယ္...။ သူတို႔ႏွစ္ေယာက္ရဲ႕ ပံုစံကိုျမင္ေတာ့ Yoongi က အကဲခတ္သလို မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္သည္....။
"Yoongi ahh ငါတို႔ ေန႔လည္စာ သြားစားမလို႔... မင္းေရာ တစ္ခါတည္း စားေတာ့မလား...??"
"ငါမဆာေသးဘူး... မင္းတို႔ဘာသာသြားၾက"
Yoongi က လွမ္းေနတဲ့ ေျခလွမ္းကိုေတာင္မရပ္ဘဲ စကားေျပာရင္းနဲ႔ ေဘးကေန ျဖတ္ေလၽွာက္သြားသည္.....။
Jimin လည္း Taehyung မ်က္ႏွာကို ေမာ့ၾကည့္မိေတာ့ Taehyung က သေဘာက်စြာရယ္ေမာရင္း Jimin ရဲ႕ပါးတစ္ဖက္ကို မနာေအာင္ လိမ္ဆြဲလိုက္သည္......။
"Aigoo Wuri Jiminnie ဘာလို႔ ဒီေလာက္ခ်စ္စရာေကာင္းေနတာလဲ...??"
Taehyung ရဲ႕ ရုတ္တရက္လုပ္လိုက္တဲ့အျပဳအမူက ခ်စ္သူရည္းစားလို ပံုစံမ်ိဳးျဖစ္ေနေလသည္....။ Jimin နားမလည္ႏိုင္ေတာ့ေပမယ့္ ရင္ေတြခုန္သြားတာေတာ့ အမွန္ပင္......။
"သြားၾကရေအာင္... ဗိုက္ဆာေနၿပီ"
ဒီလိုနဲ႔ Taehyung ဆြဲေခၚရာေနာက္သို႔ Jimin ပါသြားရျပန္သည္...။ စားေသာက္ခန္းေရာက္ေတာ့ ေခါက္ဆြဲစားရင္း ဖုန္းကလိေနေသာ Hoseok ကိုေတြ႕လိုက္ရသည္.....။ သူတို႔ႏွစ္ေယာက္ကို ျမင္ေတာ့ Hoseok က ၿပံဳးစိစိလုပ္ေနျပန္သည္....။
"၂ေယာက္သားအဆင္ေျပေနၾကပါလား..??"
"ငါတို႔၂ေယာက္က အျမဲတမ္းအဆင္ေျပတယ္... ေနာ္ Jiminnie... မင္းကလည္း ေန႔လည္စာသြားစားတာ ငါတို႔ကိုေတာင္မေခၚဘူး"
"ေအာင္မာ မင္းတို႔ကမွအေဖာ္နဲ႔အေပါင္းနဲ႔... ငါကအျမဲတမ္းတစ္ေယာက္တည္းကို"
"ဘာပဲျဖစ္ျဖစ္ကြာ ေနာက္ဆိုငါ့ကိုအေၾကာင္းၾကားေပါ့"
"Awww ဟုတ္ကဲ့ပါခင္ဗ်... ကၽြန္ေတာ္မသိလို႔ပါ"
စားေသာက္ခန္းထဲမွာ ထံုးစံအတိုင္း Taehyung နဲ႔ Hoseok ျပိဳင္ျငင္းရင္း ဆူညံေနၾကသည္...။ Jimin ကေတာ့ ထူးထူးျခားျခား တိတ္ဆိတ္ေနေတာ့ Hoseok သတိထားမိလာသည္....။
"Jiminnie ေနမေကာင္းဘူးလား...?? စကားလည္းမေျပာပါလား"
"မဟုတ္ပါဘူး... သီခ်င္းအသစ္ေရးဖို႔ စဥ္းစားေနတာပါ"
သူ႕ကိုသံသယမဝင္ေစရန္အတြက္ Jimin ပါးစပ္ထဲရိွရာ ေျဖခ်လိုက္ေတာ့သည္...။ ထိုအခါ Hoseok က တအံ့တဩပံုစံျဖင့္ ခ်ီးက်ဴးလာျပန္သည္...။
"Wow wuri Jiminnie အလုပ္အရမ္းၾကိဳးစားပါလား... ငါသာဆိုသီခ်င္းကို စိတ္ပါမွထေရးတာ... စိတ္ကလဲ တစ္ပါတ္ေနလို႔ တစ္ခါပါခ်င္မွပါတာ... ဒါေပမယ့္ အခ်ိန္တန္ရင္ Hyung က အကုန္အစအဆံုးစီစဥ္ေပးတာပဲေလ"
"Yahh Jung Hoseok...!!! မင္းက Hyung ကို မင္းတစ္ေယာက္တည္း ပိုင္သလိုလိုနဲ႔ အကုန္ခိုင္းစားေနတာပဲ"
Hyung အေၾကာင္းပါလာေတာ့ Taehyung က ထေအာ္ေတာ့သည္....။ အစတည္းက Taehyung က သူ႔ Hyung ကိုဆို လံုးဝအထိမခံေပ...။
"ဘာလို႔လဲ....?? ငါက Hyung ကို တမင္ခိုင္းစားေနတာမွမဟုတ္တာ... Hyung ကိုယ္တိုင္က ငါ့ကိုစိတ္မခ်လို႔ ေနာက္ကေန အကုန္လိုက္လုပ္ေပးေနတာ"
"ဒါေပမယ့္ မင္းဝတ္မယ့္ အဝတ္အစားေလာက္ေတာ့ မင္းဘာသာစီစဥ္ေလ"
"ငါလည္းလုပ္တာပဲ... ျပီးရင္ Hyung က အဆင္မေျပဘူးဆိုျပီး သူ႔စိတ္ၾကိဳက္ေျပာင္းလိုက္တာကို... Hyung စီစဥ္ေပးတာကလည္း ငါနဲ႔လိုက္ေနေတာ့ အခုေနာက္ပိုင္း ကိုယ့္ဘာသာမလုပ္ေတာ့တာ"
ဟုတ္ေတာ့လည္းဟုတ္သည္.....။ Hyung က Hoseok ေနာက္က အျမဲတေကာက္ေကာက္လိုက္ကာ စီစဥ္ေပးေနက်...။ Hyung အလုပ္အားခ်ိန္က Hoseok Schedule မရွိတဲ့အခ်ိန္မွသာ....။
Jimin လည္း ေန႔လည္စာကို ခပ္ျမန္ျမန္ပဲစားၿပီး ဆက္လက္ျငင္းခံုေနက်ဆဲ Hoseok နဲ႔ Taehyung ကိုႏႈတ္ဆက္ကာ အရင္ျပန္ႏွင့္လာလိုက္သည္....။
သူတို႔ရဲ႕နားေနခန္းကိုေရာက္ေတာ့ Yoongi ကို ဂစ္တာတီးရင္း သီခ်င္းေရးေနတာေတြ႕လိုက္ရတယ္....။ Jimin အခန္းထဲဝင္လာတာကို ေမာ့ေတာင္မၾကည့္ေပ...။ Jimin လည္း ကိုယ့္ဘာသာပဲ ႏိုင္ငံျခားအက Video ကိုဖြင့္ကာ ၾကည့္ေနလိုက္သည္......။
"မင္းလည္း မၾကာခင္ TaeTae ကစားတာခံရေတာ့မယ္"
"ဟမ္ ဘာေျပာတာလဲ....??"
ရုတ္တရက္ေျပာလိုက္တဲ႔ Yoongi ရဲ႕စကားကို Jimin နားမလည္လို႔ျပန္ေမးမိေတာ့ Yoongi က မ်က္လံုးတစ္ခ်က္လွန္ၾကည့္ျပီး မဲ႔ျပံဳးျပံဳးလိုက္သည္....။ မုန္းလိုက္တာ...။ အျမဲလူကို အထင္ေသးတဲ႔အၾကည့္နဲ႔ ျပံဳးတဲ႔အဲဒီ႔လိုအျပံဳးမ်ိဳးေတြကို.....။
"ငါနဲ႔ TaeTae ေပါင္းလာတာၾကာၿပီ... သူ႔အေၾကာင္းကို ငါအသိဆံုး... ဘယ္အရာကိုမွ အေလးအနက္မထားတက္တဲ့အက်င့္ သူ႔ဆီမွာရွိတယ္"
"အဲ႔ဒါမင္းနဲ႔ဘာဆိုင္လို႔လဲ...?? ငါ့ကိစၥကိုဝင္မပါပါနဲ႔"
"မင္းေတာင္ဘာမဆိုင္ညာမဆိုင္ ငါ့ကိစၥဝင္ပါေသးတာပဲ... အခုမင္းစကားနဲ႔မင္းေနာ္... ငါတို႔အခုခ်ိန္ကစျပီး တစ္ေယာက္ကိစၥတစ္ေယာက္ ဝင္မစြက္ဖက္ေၾကး... ဘယ္လိုလဲ...??"
"ရတယ္ေလ"
Yoongi က သူ႔မူပိုင္မဲ႔ျပံဳးတစ္ခုကို ထပ္ျပံဳးရင္း ေရးလက္စသီခ်င္းကို ဆက္ေရးေနသည္...။ Jimin လည္း ၾကည့္လက္စ Video ကိုသာ ဆက္ၾကည့္ေနေပမယ့္ စိတ္က Video မွာမရွိ....။
Hoseok ေတာင္မွ Yoongi ကစားတာကို သိသိၾကီးနဲ႔ ျငိမ္ခံေနတာ...။ စိတ္ထားျဖဴစင္တဲ့ Taehyung ကေတာ့ အဲ႔ေလာက္မဆိုးေလာက္ပါဘူး...။ Yoongi သက္သက္မဲ့အက်င့္ပုတ္ျပီး ေလ်ွာက္ေျပာတာေနမွာပါ.....။
×××××××××××××××××××
"တင္း…ေတာင္"
အိမ္ေရွ႕က Bell ျမည္သံၾကားတာေတာင္ Hoseok ထမၾကည့္ပဲ လက္သည္းညွပ္ေနတာမပ်က္ေပ....။ ခဏေနေတာ့ အျပင္ကလူက သူ႔ဘာသာတံခါးဖြင့္ကာ ဝင္လာေတာ့သည္....။
"Hobi ရယ္ တစ္ခါတစ္ေလေလာက္ တံခါးေလးဘာေလး ထဖြင့္ပါလား"
"Password ကို Hyung သိေနတာပဲဟာကို... ကိုယ့္ဘာသာဖြင့္ဝင္ေပါ့"
"Hyung မွာ ဒီေလာက္ အထုတ္အပိုးေတြအမ်ားၾကီးကို လာဝိုင္းမသယ္ေပးဘူးလား...??"
"အာာ ဒီအထိေတာင္သယ္လာျပီးျပီကို Hyung ကလဲ"
Hoseok က လက္သည္းညွပ္ေနတာ Seokjin ကို ေမာ့ေတာင္မၾကည့္...။ Seokjin ကေတာ့ Hoseok ပံုစံကိုၾကည့္ကာ ေခါင္းတခါခါျဖစ္ေနသည္...။ Hoseok တစ္ေယာက္ မန္ေနဂ်ာကို အဲ႔လိုရိုေသေလးစားတာ....။
"အခု Hyung ကို ေရေလးတစ္ခြက္ေတာင္ ခပ္မတိုက္ခ်င္ဘူးလား...??"
"ေရခဲေသတၱာထဲမွာ Hyung ဘာသာယူေသာက္... အား...!!!!"
"ဘာ.....ဘာျဖစ္တာလဲ...??"
Seokjin စိုးရိမ္စြာျဖင့္ Hoseok ေဘးနားေရာက္သြားသည္...။
"လက္အသားကိုပါညွပ္မိသြားျပီ... အဲ႔ဒါ Hyung ေၾကာင့္... Hyung ေဘးနားမွာ စကားလာမ်ားေနလို႔"
"ေဆာရီးပါ Hobi ရယ္... အရမ္းနာေနလား... ျပစမ္းပါဦး Hyung ကို"
Seokjin လည္း ငိုမဲ႔မဲ႔ျဖစ္ေနတဲ႔ Hoseok ရဲ႕ လက္ေလးကို အသာအယာဆြဲယူျပီးၾကည့္လိုက္ေတာ့ လက္ညိႇဳးထိပ္ေလးနားမွာ လက္သည္းညွပ္နဲ႔ညွပ္မိ၍ ေသြးအနည္းငယ္စို႔ေနရွာသည္ေလ.....။
"ကေလးလား...?? အခုထိ လက္သည္းေတာင္ ေကာင္းေကာင္းမညွပ္တတ္ဘူး"
"ဘာျဖစ္လဲ... အစထဲက ကြၽန္ေတာ္က လက္သည္းညွပ္တာမက်ြမ္းဘူး... ၿပီးေတာ့ Hyung က ေဘးကေျပာေနေတာ့ အာရံုမ်ားသြားတာကိုး"
"ကဲပါ... အားလံုး Hyung အျပစ္ေတြခ်ည္းပဲ... ဟုတ္ျပီလား... ေပး လက္သည္းညွပ္... Hyung ညွပ္ေပးမယ္"
Seokjin က Hoseok လက္ထဲမွ လက္သည္းညွပ္ကိုယူျပီး သူကိုယ္တိုင္ ေသေသခ်ာခ်ာ စိတ္ရွည္လက္ရွည္ ညွပ္ေပးေနသည္....။ မၾကာမီမွာပင္ လက္သည္းညွပ္တဲ႔အလုပ္ျပီးသြားေတာ့ Hoseok က သေဘာက်စြာ သူ႔လက္ကေလးသူ ျဖန္႔ၾကည့္ေနသည္...။
"Hyung က ေတာ္လိုက္တာ... ေနာက္ဆို ကြၽန္ေတာ့္ကို လက္သည္းအျမဲညွပ္ေပးပါလားဟင္...??"
"ၾကံဳတဲ႔အခါ ညွပ္ေပးပါ့မယ္ကြာ... ဒါနဲ႔ ေျခသည္းေရာညွပ္မွာလား...??"
Hoseok က လည္ပင္းကိုလက္နဲ႔ပြတ္ရင္း ရယ္က်ဲကဲ်လုပ္ေနသည္....။
"အမွန္ေတာ့ ညွပ္ရမွာပဲ... ရပါတယ္ Hyung ရယ္... ကြၽန္ေတာ့္ဘာသာ…"
"လာစမ္းပါကြာ... လုပ္ေပးလက္စနဲ႔ မထူးေတာ့ဘူး"
"အားနာစရာၾကီး Hyung ရယ္"
Seokjin က ဘာမွဆက္ေျပာမေနေတာ့ဘဲ Hoseok ရဲ႕ေျခေထာက္ကိုဆြဲယူကာ ေျခသည္းညွပ္ေပးေနလိုက္သည္.....။ Hoseok မ်က္နွာကလည္း သေဘာက်ျပီးျပံဳးရႊင္ေနသည္...။ ထိုစဥ္ အိမ္တံခါးပြင့္သြားျပီး.......
"ဟမ္ Jung Hoseok ေတာ္ေတာ္ ဘုန္းတန္ခိုးၾကီးေနပါလား... Hyung ကို ခိုင္းစားေနတယ္ေပါ့"
"အာာ Yoongi"
"Annyeong Hyung...!!!"
Yoongi က Seokjin ကိုပါႏႈတ္ဆက္ျပီးတာနဲ႔ အိမ္ခန္းထဲ တန္းဝင္သြားေတာ့သည္...။ သူကအျမဲတမ္း အဲ့လိုပဲအခ်ိန္မေရြးေရာက္လာတတ္ၿပီး Hoseok အိမ္ကို သူ႔အိမ္လိုသေဘာထားတာ....။ Seokjin ကေတာ့ အားနာသလို Hoseok ကို လွမ္းၾကည့္သည္.....။
"Yoongi ေတာ့ အထင္လြဲသြားၿပီထင္တယ္ Hobi"
"အထင္လြဲၿပီး သဝန္တိုရင္ ပိုေတာင္ေကာင္းေသးတယ္... ဒါေပမယ့္ Hyung ရယ္ သူက ကြၽန္ေတာ့္ကိုဆို ဂ႐ုကိုမစိုက္တာ"
"အင္းပါ... ဘာမွမျဖစ္လည္းၿပီးတာပဲ"
Hoseok ကိုေျခသည္းညႇပ္ေပးၿပီးေတာ့ Seokjin လည္း ျပန္ဖို႔ျပင္သည္....။
"Hyung ျပန္ေတာ့မယ္... ဟိုအထုတ္ေတြက Hobi အတြက္ အဝတ္အစားေတြနဲ႔ ဖိနပ္ေတြ... ၿပီးရင္ဝတ္ၾကည့္ဦး... အဆင္မေျပလည္း ျပန္လဲရေအာင္"
"Hyung ဝယ္လာတာ အကုန္အဆင္ေျပမွာပါ... Size ကလည္း Hyung သိေနတာပဲ... မွားစရာ မ႐ွိပါဘူး"
"Ok ေလ... ဒါဆို Hyung ျပန္ၿပီ... Yoongi ကိုလည္း ေျပာလိုက္ဦး"
"Nae လိုက္မပို႔ေတာ့ဘူးေနာ္"
"ဘယ္တုန္းကေရာ လိုက္ပို႔႔ေပးဖူးလို႔လဲ"
Hoseok လ်ွာေလးတစ္လစ္ထုတ္ကာ ေျပာင္ျပေတာ့ Seokjin အသည္းယားၿပီး Hoseok ရဲ႕ဆံပင္ေလးေတြကို ဆြဲဖြလိုက္သည္...။ ခဏေန Seokjin ျပန္သြားေတာ့ Hoseok လည္း အခန္းထဲဝင္လာေတာ့ Yoongi ကို အိပ္ရာေပၚမွာလွဲၿပီး ဂိမ္းေဆာ့ေနတာ ေတြ႔ရသည္...။
"Hyung ျပန္သြားၿပီလား...??"
"အင္း ခုေလးတင္ျပန္သြားတာ... မင္းကိုလည္းႏႈတ္ဆက္သြားေသးတယ္"
Yoongi က ဘာမွျပန္မေျပာေတာ့ Hoseok လည္း သူလွဲအိပ္ေနတဲ့ ကုတင္ေပၚ တက္ထိုင္လိုက္သည္...။
"Yoongi ဒီေန႔ ဘာ Schedule မွ မ႐ွိဘူးေပါ့"
"မင္းလို နာမည္ႀကီးအဆိုေတာ္ကေတာင္ မ႐ွိတာ... ငါကဘယ္လိုလုပ္႐ွိမွာလဲ... အိမ္မွာဟိုႏွစ္ေကာင္နဲ႔ ေနရတာ နားညီးလို႔"
"ငါက အဲ့ေလာက္ႀကီးလည္းနာမည္မႀကီးပါဘူး Yoongi ရယ္"
"ဒါနဲ႔ မင္းကုိ Hyung ကအရမ္း ဂ႐ုစိုက္တာေနာ္"
"အင္းေလ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ သူ႔အဆိုေတာ္ကို ဂ႐ုစိုက္တာေပါ့"
Hoseok ရဲ႕စကားေၾကာင့္ Yoongi လည္း လွဲေနရာမွထထိုင္ကာ Hoseok နဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္သည္...။
"ဒီမွာ Hobi.... Hyung က ငါတို႔အားလံုးရဲ႕မန္ေနဂ်ာေလ.. ဒါေပမယ့္ မင္းတစ္ေယာက္တည္းကိုပဲ သူမ်ားထက္ပိုၿပီး ဂ႐ုစိုက္တာ သာမန္မွမဟုတ္တာ... ငါထင္တာ Hyung က မင္းကို သေဘာက်ေနတာလားလို႔ "
"အာာ မျဖစ္ႏိုင္တာ... Hyung က TaeTae ကိုလည္း ဂရုစိုက္ပါတယ္"
"ျဖစ္ကိုျဖစ္ႏိုင္တယ္... Taehyung ကိုက ခပ္ဆိုးဆိုးညီေလးကို ဂရုစိုက္သလိုပံုစံမ်ိဳးပါ... စိတ္ကူးမလြဲနဲ႔ေနာ္ Hobi... ကိုယ္ခ်စ္ကိုမ႐ွာနဲ႔ သူခ်စ္ကို႐ွာ... Hyung ေလာက္ မင္းအေပၚေကာင္းတဲ့သူ မရွိေတာ့ဘူး"
"Yoongi ကလည္း မဟုတ္ပါဘူးဆို... ငါ့ကိုစိတ္ဆိုးလို႔ တမင္ Hyung ဆီတြန္းလႊတ္ေနတာလား....??"
"မဟုတ္တာ... မင္းကိုစိတ္ဆိုးစရာလား... ငါကမင္းအတြက္ ဝမ္းသာေပးေနတာ... တစ္ဖက္သတ္ခ်စ္ရတာ ပူေလာင္ပါတယ္ကြာ.. Hyung သနားပါတယ္"
"Min Yoongi......!!!!!"
Yoongi က အတင္းကို Seokjin နဲ႔ ေအာင္သြယ္ေနေတာ့ Hoseok စိတ္ဆိုးၿပီး ကုတင္ေပၚထိုင္ေနရာမွ ၾကမ္းျပင္ေပၚထရပ္လိုက္သည္...။ Yoongi ကေတာ့ ခပ္ေအးေအးပင္ လွမ္းၾကည့္ေနသည္...။
"ငါ့အေပၚမွာ တကယ္ပဲ ဘာခံစားခ်က္မွမ႐ွိတာလား...?? စိတ္ဆိုးတာ သဝန္တိုတာေတာင္ မ႐ွိဘူးေပါ့...?? တစ္ဖက္သတ္ခ်စ္ရတာ ပူေလာင္တယ္ဆို ငါကလည္းမင္းကို တစ္ဖက္သတ္ခ်စ္ေနရတာေလ"
ထိုအခါ Yoongi က ဟက္ခနဲတစ္ခ်က္ရယ္လိုက္ၿပီး.....
"ငါေျပာၿပီးသားပဲကို... မင္းကိုသူငယ္ခ်င္းတစ္ေယာက္လို သေဘာထားတာပါလို႔... မင္းကိုမေျပာနဲ႔ တျခားသူေတြကိုလည္း အဲ့လိုသဝန္တိုတာမ်ဳိး ႐ွိမွာမဟုတ္ဘူး... ဘာလို႔လဲ သိလား...??"
"-------------"
"ငါမွမခ်စ္တတ္တာ... ငါ့ကိုယ္ငါပဲခ်စ္တယ္... တျခားသူကို မခ်စ္ခ်င္ဘူး"
"Yoongi ရာ...."
Yoongi ရဲ႕အေျဖေၾကာင့္ Hoseok မ်က္ရည္က်ေတာ့ Yoongi က ထံုးစံအတိုင္း သူနဲ႔မဆိုင္သလိုလို....။
"ငိုမေနပါနဲ႔ကြာ... မင္းရဲ႕တန္ဖိုး႐ွိလွတဲ့ အခ်ိန္ေတြကို ကိုယ့္ကိုမခ်စ္တဲ့သူတစ္ေယာက္အတြက္ ျဖဳန္းမပစ္ပါနဲ႔"
"ငါကိုက အမွတ္မ႐ွိတာပါ Yoongi ရယ္"
Hoseok မ်က္ရည္သုတ္ရင္း အခန္းအျပင္သို႔ ထြက္သြားလိုက္သည္...။ Yoongi မ်ား လာေခ်ာ့မလားလို႔ ေမ်ွာ္လင့္ခ်က္ေသးေသးေလး ထားမိေပမယ့္ လက္ေတြ႔မျဖစ္ႏိုင္တာသိေတာ့ ရင္ဘတ္ထဲက ပိုေအာင့္လာသည္.....။ ငါတို႔ဘာလို႔မ်ား အဲ့ေလာက္လြဲေနရတာလဲ Yoongi ရယ္.....။
××××××××××××××××××××××××××
"ဒီ....ဒီ....ဒီ."
Hoseok ညက ငိုရင္းအိပ္ေပ်ာ္သြားခဲ့တာ Silent လုပ္ထားေပမယ့္ Vibration ႐ွိေနေသးေသာ ဖုန္းကေဘးကေန အသံေပးေနသည္...။
"Hello...!!!!"
Hoseok အိပ္ခ်င္မူးတူးနဲ႔ Caller ID ကိုလည္းမၾကည့္ဘဲ ထူးလိုက္သည္....။ မဟုတ္လည္း မကိုင္မခ်င္း ေခၚေနမွာပဲကို.....။
"ဟာ..ခုထိအိပ္ေနတုန္းလား...?? ဘယ္အခ်ိန္႐ွိေနၿပီလဲ...??"
တစ္ဖက္က ေအာ္ေငါက္လိုက္တဲ့အသံကို စိတ္ဆိုးရမယ့္အစား Hoseok တစ္ေယာက္ အိပ္ေနရာကေနေတာင္ ငုတ္တုပ္ထထိုင္သည္....။
"Yoongi....???"
"ငါေန႔လည္က်ရင္ Studio မွာ ဓာတ္ပံု႐ိုက္စရာ႐ွိတယ္... မင္းလာခဲ့ပါလား... ၿပီးရင္ Dinner တူတူသြားစားမလားလို႔"
"တကယ္လား...?? ငါလာခဲ့မွာေပါ့"
"အင္း... ေနာက္မက်ေစနဲ႔"
တစ္ဖက္မွ Yoongi က ေျပာၿပီးတာနဲ႔ ဖုန္းခ်သြားေလၿပီ...။ Hoseok ကေတာ့ ဖုန္းကို ႁပြတ္ခနဲတစ္ခ်က္နမ္းၿပီး ကုတင္ေပၚမွာ ထခုန္ေပါက္ေနေလသည္...။ ၿပီးမွသတိရၿပီး မွန္ေ႐ွ႕ေျပးကာၾကည့္လိုက္ေတာ့ ညကငိုထားတဲ့အ႐ွိန္ေၾကာင့္ သူ႔မ်က္လံုးေလးေတြ အစ္ေနသည္...။
"ဟြန္း လူဆိုးေကာင္... မေန႔ကေတာ့ငိုရေအာင္လုပ္ၿပီး အခုမွ... ငါ့ရဲ႕ လွပတဲ့မ်က္လံုးေလးေတာ့ သြားပါၿပီ... Treatment အျမန္ေျပးလုပ္မွပဲ"
Hoseok တစ္ေယာက္ အိမ္ထဲတြင္တစ္ေယာက္တည္း ေျပးလႊားၿပီးအလုပ္႐ႈပ္ေနသည္...။ မ်က္ႏွာကိုျပင္ဆင္ၿပီးေတာ့ ဝတ္ဖုိ႔အဝတ္အစားက ႐ွာရေသးတယ္....။
"ဒီအက်ီေလးက လွေတာ့လွသား... ေတာ္ေန Yoongi က ငါ့ကို ကေလးကလားလို႔ ေျပာေနဦးမယ္"
"ဒါေလးကေတာ့ တည္ၿငိမ္ေပမယ့္... အင္း...အသက္ႀကီးသလိုျဖစ္သြားမွာ"
"ဒါဆိုရင္ေရာ....???"
"ဒီတစ္ထည္ကေတာ့ မဆိုးပါဘူး... ဒါေပမယ့္....."
Hoseok ေရြးရင္းနဲ႔ စိတ္မ႐ွည္ေတာ့....။ ၿပီးေတာ့မွ အၾကံရသြားသလို တစ္ခ်က္ျပံဳးလိုက္ရင္း ဖုန္းေကာက္ကိုင္ကာ နံပါတ္တစ္ခုကိုႏွိပ္လိုက္သည္။
"အင္း....Hobi ေျပာ..."
တစ္ဖက္မွ ဖုန္းျပန္ထူးေတာ့ Hoseok ခ်စ္စဖြယ္အသံေလးလုပ္ကာ ျပန္ေျဖလိုက္သည္.....။
"Hyung ေရ... ကြၽန္ေတာ္ Yoongi နဲ႔ Date လုပ္မလို႔... အက်ႌလာေရြးေပးပါလား..??"
"အာာ Hobi ကလဲ... Hyung အလုပ္ထဲမွာေလ"
"မရဘူး.....Hyung မလာနို္င္ရင္လည္း ဝတ္ရမယ့္ အက်ီေျပာေပး... ေနာ္လို႔ Hyung"
"ဟုတ္ပါၿပီကြာ... ခဏေလး Hyung စဥ္းစားၾကည့္မယ္"
"အင္း... Yoongi ႀကိဳက္ေလာက္မယ့္ ဒီဇို္င္းေလးေနာ္"
Seokjin လည္း အလ်င္အျမန္စဥ္းစားရေတာ့သည္...။
"ဟိုတစ္ခါ Hyung ဝယ္ေပးတဲ့ အက်ႌေလးေရာ...?? အနက္ေပၚမွာ ေငြေရာင္အစင္းေသးေသးေလးေတြနဲ႔... ျပီးေတာ့......."
"Nae Nae အဲ့အက်ီေလးလွတယ္... ေက်းဇူးပါ Hyung"
Hoseok ဖုန္းခ်သြားေတာ့ တစ္ဖက္မွ Seokjin လည္း ျပံဳးေနမိသည္...။ ကိစၥေသးေသးေလးကအစ လာေမးတတ္ အကူအညီေတာင္းတတ္တာ...။ ငါမ႐ွိရင္ ဒီကေလးဘယ္လိုလုပ္မလဲ...။
Hoseok အေၾကာင္းေတြးရင္း ျပံဳးေနေသာ Seokjin... ေနာက္ထပ္အေၾကာင္းအရာတစ္ခု ေခါင္းထဲဝင္လာေတာ့ ရင္ထဲမွာဆစ္ခနဲ နာက်င္သြားရျပန္သည္.....။
"ဒါဆို ဒီည သူနဲ႔ Yoongi Date လုပ္ၾကမွာေပါ့"
ေပ်ာ္ပါေစ Hobi ရယ္...။ မင္းရဲ႕အျပံဳးေလးေတြက လွပလြန္းလို႔ပါ....။ Hyung ေလ မင္းကိုေပ်ာ္ရႊင္ေနတာပဲျမင္ခ်င္မိတယ္....။ Hyung ရဲ႕ ႏွလံုးသားေတြ ဘယ္ေလာက္ပဲ နာက်င္ေၾကကြဲေနပါေစ... မင္းရဲ႕အျပံဳးေလးေတြကို ေတြ႔ရရင္ပဲ ေအးခ်မ္းႏိုင္ပါတယ္ကေလးရယ္.....။
×××××××××××××××××××
"One More"
"အင္း ဟုတ္ၿပီ Ready"
ဓာတ္ပံု႐ိုက္ကူးၿပီးမွ Jimin လည္းသက္ျပင္းခ်ႏိုင္ေတာ့သည္....။ ကင္မရာႏွင့္အခုထိ သူ႔မွာအသားမက်ေသးတာအမွန္ပင္...။ Yoongi နဲ႔ Taehyung ကေတာ့ ေအးရာေအးေၾကာင္း သက္ေတာင့္သက္သာပင္...။
Jimin ခဏအေမာေျဖရင္း အေအးတစ္ဗူးေဖာက္ေသာက္ေနလိုက္သည္.....။ ဒါၿပီးရင္ ျပန္ဖို႔ပဲ႐ွိေတာ့တာကို ေနာက္မွအဝတ္အစားလဲလည္းရတာပဲ....။
"Hyung... Pizza စားခ်င္ပါတယ္ဆို"
"Pizza မွ Hyung မႀကိဳက္တာ"
"ဟာာ Hyung ကလည္း... ခုနေျပာေတာ့ ဒါၿပီးရင္ TaeTae နဲ႔အတူတူ ညစာသြားစားမွာဆို"
Taehyung နဲ႔ Seokjin Hyung.....။ Taehyung က အဝတ္ေတာင္လဲၿပီးေနၿပီ....။ ထံုးစံအတိုင္း Hyung ရဲ႕ လက္ေမာင္းကိုဖက္တြယ္ကာ ကေလးတစ္ေယာက္လို ပူဆာေနေလသည္....။ Hyung ကေတာ့ Taehyung စိတ္ေကာက္တာကိုၾကည့္ၿပီး ရယ္ပဲရယ္ေနသည္....။
"ညစာစားမယ္ေျပာတာေလ... Pizza စားမယ္ေျပာတာမွမဟုတ္တာ"
"ဒါဆို TaeTae နဲ႔အတူတူေတာ့ အျပင္သြားမယ္ေပါ့"
"အင္း Pizza ေတာ့ မစားရဘူးေနာ္"
"ဘာပဲစားရစားရ အစားအေသာက္ဆို TaeTae တို႔က မေရြးပါဘူး"
"Haha သိပါ့ကြာ"
၂ေယာက္သားညႇိႏႈိင္းလို႔အဆင္ေျပသြားေတာ့ Seokjin က သူ႔လူေတြကို မွာၾကားစရာရွိတာေတြ မွာၾကားေနစဥ္ Taehyung ကလည္း ေဘးမွာ Seokjin ရဲ႕လက္ေမာင္းကို မလြတ္တမ္းကိုင္ထားဆဲ...။ Jimin ကေတာ့ သူတို႔၂ေယာက္ကို ဒီတိုင္းေလးပဲ ေငးၾကည့္ေနမိတယ္...။
"Jiminnie...!!!"
ေရွ႕ကိုရုတ္တရတ္ေရာက္လာကာ ေခၚလိုက္တဲ့ Taehyung ေၾကာင့္ Jimin လန္႔သြားရသည္...။ သူ႔မွာၾကည့္သာၾကည့္ေနရတာ စိတ္က တျခားေရာက္ေနေတာ့ Taehyung သူ႔ဆီေလၽွာက္လာတာကို မျမင္မိလိုက္....။
"လန္႔သြားတာလား ဟိဟိ"
"အာာ မင္းကလဲ"
"စတာပါကြာ... ငါ Hyung နဲ႔ညစာသြားစားမလို႔.. မင္းက Yoongi နဲ႔ျပန္လိုက္ေနာ္"
"အင္းပါ ရပါတယ္... ေကာင္းေကာင္းစားခဲ့ပါ"
"၂ေယာက္သား အိမ္မွာရန္ျဖစ္မေနၾကနဲ႔ဦး"
"မျဖစ္ပါဘူးကြာ... ကေလးေတြမွမဟုတ္တာ"
Jimin စကားေၾကာင့္ Taehyung က သေဘာက်စြာနဲ႔ တဟားဟားရယ္ေနေလသည္....။ Jimin ကေတာ့ စိတ္ထဲမွာသိပ္မေက်နပ္...။ Taehyung ဘက္က ဟန္ေဆာင္ပန္ေဆာင္ေလးေတာင္ လိုက္ခဲ့ပါလားမွ မေခၚတာကို...။
"TaeTae ေရ သြားမယ္ေဟ့"
"Nae Hyung...!!!"
"ဒါနဲ႔ Jiminnie ေရာ လိုက္ခဲ့မလား Hyung တို႔နဲ႔အတူတူ"
"အာ... ရပါတယ္... Hyung တို႔ပဲသြားၾကပါ... ကၽြန္ေတာ္နားခ်င္ေနၿပီ"
"ဒါဆိုလည္း ဂရုစိုက္ျပန္ေနာ္"
"ဟုတ္ကဲ့... Hyung တို႔လည္း ေကာင္းေကာင္းစားခဲ့ပါ"
"အင္း ေက်းဇူးပဲ Jimin...."
Jimin ကိုယ့္ဘာသာသိေနတယ္...။ Taehyung နဲ႔ Hyung ကို တြဲေတြ႕ရင္စိတ္ထဲမွာ သဝန္တိုေနမိတာေလ....။ Taehyung ကလည္း Hyung အနားဆိုအရမ္းကပ္တာပဲ....။ Jimin သိပ္ေတာင္ မသကၤာခ်င္ေတာ့....။
Jimin သတိလက္လြတ္နဲ႔ လက္ထဲကေသာက္လက္စ အေအးဘူးကိုပဲ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္မိေတာ့ အေအးဘူးက တျဖည္းျဖည္းနဲ႔ပိန္လာတယ္...။
"Wow Jiminnie အတြင္းအားက်င့္ေနတာလား..??"
အသံလြင္လြင္ေလးနဲ႔အတူ ေဘးမွာေရာက္လာသူက Hoseok...။
"Aww Hobi... ခုနကေတာ့မင္းကို ေတြ႕လိုက္သလိုရွိသား"
"ေအးေလ... ငါေရာက္ေနတာၾကာၿပီကို... Yoongi နဲ႔ခ်ိန္းထားလို႔ေလ"
"Dating....??"
"အင္း...လိုက္ခဲ့မလား...??"
"ေတာ္ပါကြာ... ငါဒီေလာက္ေတာ့ အလိုက္သိပါတယ္"
Hoseok က ရယ္ေနျပန္တယ္...။ ဘာပဲေျပာေျပာ သူကမွေခၚေဖာ္ရေသးတယ္....။ Taehyung ကေတာ့ လွည့္ေတာင္မၾကည့္သြားဘူး...။ ထိုစဥ္ Yoongi အဝတ္အစားလဲၿပီးထြက္လာေတာ့ Hoseok လည္း Jimin ကိုႏႈတ္ဆက္ကာ Yoongi နဲ႔အတူတူ ထြက္သြားေတာ့တယ္....။
Studio မွာလည္း လူေတာ္ေတာ္ရွင္းေနၿပီဆိုေတာ့ Jimin လည္း ဆက္ထိုင္မေနေတာ့ဘဲ အိမ္သို႔သာျပန္လာခဲ့လိုက္ေတာ့တယ္...။
××××××××××××××
"Hyung ဒီဆိုင္မွာစားမွာလား..??"
"အင္းေလ... ဒီမွာအစားအေသာက္ေကာင္းတယ္ဆိုလို႔"
Seokjin နဲ႔ Taehyung ဆိုင္ထဲဝင္လာေတာ့ ဆိုင္ရွင္က ပ်ာပ်ာသလဲႀကိဳဆိုကာ အေပၚထပ္သို႔လိုက္ပို႔ေပးတယ္...။ အေပၚထပ္မွာက စားပြဲဝိုင္း၃ဝိုင္းသာရွိၿပီး VIP မ်ားအတြက္သာ သီးသန္႔ျပင္ဆင္ေပးထားတာျဖစ္တယ္....။
"TaeTae ဘာစားမလဲ...?? ႀကိဳက္တာမွာ"
"ဟုတ္ကဲ့ Hyung...!!"
၂ေယာက္သားစားစရာေတြမွာၿပီးေတာ့ အရင္လာခ်ေပးတဲ့အေအးကို ေသာက္ေနစဥ္ ရယ္ေမာစကားေျပာဆိုသံနဲ႔အတူ အေပၚထပ္သို႔တက္လာတဲ့ စံုတြဲတစ္တြဲ....။
"Omo Yoongi နဲ႔ Hoseok"
"ဟာာ Hyung နဲ႔ TaeTae ကလည္း Date လာလုပ္တာလား..??"
၄ေယာက္သားမတိုင္ပင္ပဲ လာဆံုေနၾက၍ အံ့ဩေနၾကသည္...။ Yoongi တို႔လည္း တျခားဝိုင္းမွာထိုင္မေနေတာ့ဘဲ Taehyung တို႔ဝိုင္းမွာပဲ ဝင္ထိုင္လိုက္ၾကတယ္....။
"ထူးထူးျခားျခား ၄ေယာက္လာဆံုေနပါလား... Jiminnie ကိုေတာင္ သတိရမိသား"
Hoseok ကေတာ့ သူ႔သူငယ္ခ်င္းျဖစ္သူကို သတိရရွာပါတယ္....။
"Hyung ေခၚတယ္... သူကပင္ပန္းလို႔ နားခ်င္ၿပီတဲ့"
"အင္း ကၽြန္ေတာ္လည္းေခၚတယ္... သူကမလိုက္တာ"
"ကဲ ေတာ္ေတာ့ Hobi... သူ႔ဘာသာမလိုက္ခ်င္လို႔ မလိုက္တာကို... မွာစရာရွိတာသာအျမန္မွာ... ငါဗိုက္ဆာေနၿပီ"
Yoongi လွမ္းဟန္႔လိုက္ေတာ့ Hoseok ဘာမွဆက္မေျပာေတာ့ဘဲ Menu ကိုသာ လွမ္းယူၾကည့္လိုက္တယ္....။ Seokjin ကေတာ့သက္ျပင္းဖြဖြသာ ခ်လိုက္တယ္....။ သူဘာေျပာေျပာ Hyung ကလဲဆိုၿပီး အထြန္႔တက္တတ္တဲ့သူက Yoongi စကားက်ေတာ့ နားေထာင္ရွာသားပဲ....။
"Heyy TaeTae မစားနဲ႔ဦး"
"ဘာလို႔လဲ...??"
စားစရာေတြေရာက္လာ၍ စားဖို႔ျပင္ေနတဲ့ Taehyung ကို Hoseok က လွမ္းတားေတာ့ ဟိုကလည္း မေက်မနပ္နဲ႔ ျပန္ေအာ္တယ္....။
"Group Selfie ရုိက္မယ္ေလ... အမွတ္တရေလး"
"ဟာာ လုပ္မေနနဲ႔... စားစရာရွိတာသာစားစမ္းပါ"
"TaeTae ကလဲ အမွတ္တရပါဆို... ၄ေယာက္လံုး မတိုင္ပင္ထားပဲ လာဆံုတာကို... ေနာ္ Yoongi..??"
Hoseok က Yoongi ဘက္ကိုပါလွမ္းၿပီး ခြင့္ျပဳခ်က္ေတာင္းေနေတာ့ ဟိုကိုယ္ေတာ္ကလည္း စိတ္ၾကည္ေနတဲ့အခ်ိန္မို႔ထင္တယ္ ေခါင္းညိတ္ျပလိုက္တယ္....။
"Hyung....!!!!"
Yoongi ကေတာင္ခြင့္ျပဳမွေတာ့ Seokjin က တားပါ့မလား...။ ျပံဳးၿပီးပဲ ေခါင္းညိတ္ျပလိုက္တာေပါ့....။ ဒီလိုနဲ႔ ၃မဲ၁မဲနဲ႔အႏိုင္ရသြားတဲ့ Hoseok သူ႔စိတ္ႀကိဳက္ Group Selfie ရိုက္ခြင့္ရသြားေတာ့တယ္...။
အိမ္မွာတစ္ေယာက္တည္းက်န္ခဲ့တဲ့ Jimin ကေတာ့ ျဖစ္သလိုပဲ ေခါက္ဆြဲျပဳတ္ေလးစားရင္း အပ်င္းေျပဖုန္းကလိေနစဥ္ Hoseok ရဲ႕ IG မွာ တက္လာတဲ့ဓာတ္ပံုေၾကာင့္ အံ့ဩသြားရတယ္...။
"ဟမ္ သူတို႔က ၄ေယာက္အတူတူသြားဆံုတာပဲ... ငါကသာ တစ္ေယာက္တည္း အိမ္မွာက်န္ခဲ့တာ"
ပံုေအာက္မွာလည္း ခ်က္ခ်င္းပင္ Like ေတြ Comment ေတြ တက္လာလိုက္ၾကတာ...။ Fan ေတြက "Jimin Oppa ေရာ" လို႔ေမးထားၾကေတာ့ Taehyung က ဝင္ေရးထားတယ္...။ "He is lazy to join with us" တဲ့ေလ...။
အရူးရဲ႕... ငါကမင္းတို႔လြတ္လြတ္လပ္လပ္သြားပါေစဆိုၿပီး ေနခဲ့တာေလ...။ အခုလို လူစံုမယ္မွန္း သိရင္လိုက္မွာေပါ့...။ အား....မသိေတာ့ဘူး စိတ္ဆိုးတယ္...။
Jimin ေခါက္ဆြဲလည္းဆက္မစားေတာ့ဘဲ အခန္းထဲဝင္ကာ သီခ်င္းအက်ယ္ႀကီးဖြင့္နားေထာင္ရင္း အိပ္ေပ်ာ္သြားေတာ့တယ္...။ ေတာ္ေတာ္ေလးၾကာမွ အျပင္ကျပန္ေရာက္လာတဲ့ Taehyung က Jimin ရဲ႕အခန္းထဲကိုဝင္လာၿပီး သီခ်င္းကို လာပိတ္ေပးသြားတယ္...။
"ေတာင္းပန္ပါတယ္ Jimin ahh"
ေမွာက္ခံုေလးအိပ္ေပ်ာ္ေနတဲ့ Jimin ရဲ႕မ်က္ႏွာေပၚအုပ္ေနတဲ့ ဆံပင္ေလးေတြကို သပ္တင္ေပးရင္း Taehyung တိုးတိုးေလးေရရြတ္လိုက္တယ္....။ ထိုျမင္ကြင္းကို ဟေနတဲ့တံခါးမွတဆင့္ Yoongi ကလည္း ျမင္သြားခဲ့တယ္....။
"TaeTae ကေရာ Jimin အေပၚမွာ ခံစားခ်က္ရွိေနတာလား..?? အာာ... ငါနဲ႔မွမဆိုင္တာကို"
Yoongi လည္း ဆက္ၾကည့္မေနေတာ့ဘဲ ျပန္လွည့္ထြက္လာလိုက္တယ္...။
Park Jimin မင္း ကံေကာင္းပါေစ...။
Kim Taehyung ကစားတာသာ မျဖစ္ပါေစနဲ႔...။
To Be Continued..........
(Unicode)
ရုတ်တရတ်ကြီး Taehyung ကိုမြင်လိုက်ရလို့ Jimin မျက်နှာပျက်ပြီး တော်တော်လေးလန့်သွားခဲ့တယ်...။ Yoongi ဘက်ကို လှမ်းကြည့်လိုက်တော့ သူနဲ့မဆိုင်သလို ခပ်ပြုံးပြုံးပင်....။
"မင်းတို့၂ယောက်ရန်ဖြစ်ကြပြန်ပြီလား...?? ပြောတော့နောက်တစ်ခါဆို ဘယ်တော့မှရန်မဖြစ်တော့ဘူးဆို"
Taehyung က ပြောပြောဆိုဆိုနဲ့ အနားတိုးလာရင်း သူ့နားမှာတပ်ထားတဲ့ နားကြပ်ကိုဆွဲဖြုတ်လိုက်တယ်...။
"ဘာတွေဖြစ်နေကြတာလဲ ပြောစမ်းပါဦး... ငါ့ဘာသာ သီချင်းလေးနားထောင်ရင်း အေးဆေးအိပ်နေတာကို မင်းတို့ကြောင့်လန့်သွားတာပဲ"
Jimin စိတ်ထဲမှာတမျိုးဖြစ်သွားပြီး သေချာအောင် Taehyung ကို ပြန်မေးလိုက်တယ်....။
"TaeTae ahh ငါတို့ခုနကပြောတာ မင်းကြားလိုက်လား...??"
"မကြားလို့ ဘာဖြစ်နေကြတာလဲလို့ မေးတာပေါ့"
ထိုအခါ Yoongi က ဟက်ခနဲရယ်လိုက်ရင်း Taehyung ရဲ့ပခုံးကို လှမ်းပုတ်လိုက်ရင်း ပြောလာတယ်...။
"သိချင်ရင် မင်းရဲ့ Jimin ကိုသာ ရအောင်မေးတော့... ငါကတော့ သွားနှင့်ပြီ"
Yoongi ထွက်သွားတော့ Taehyung က Jimin ကိုကြည့်ကာ မေးဆတ်ပြတယ်....။ သဘောကတော့ ဘာဖြစ်ကြတာလဲ ပြောပြပေါ့.....။
"အာ.. ဒီလိုပါပဲ... မင်းလည်းသိတဲ့အတိုင်းပဲ.. ငါတို့က ကိစ္စသေးသေးလေးကအစ ငြင်းခုံရင်း ရန်ဖြစ်ကြတာကို"
Jimin အတတ်နိုင်ဆုံး စကားကိုထိန်းပြောလိုက်ရတယ်....။ ဒါကိုတောင် Taehyung က သေချာရဲ့လားဆိုတဲ့ပုံစံဖြင့် စူးစူးရဲရဲကြည့်လာတယ်....။
"ငါကတော့ Taehyung ဆိုတဲ့နာမည်ကို ကြားလိုက်မိလားလို့..."
"အဲ...အဲဒါက ငါတို့က တစ်ဖွဲ့တည်းဆိုတော့ ပြောနေရင်းနဲ့ မင်းနာမည်လည်း ပါလာတာပေါ့"
ထိုအခါမှ Taehyung လည်း ခပ်ပြုံးပြုံးနဲ့ ခေါင်းတညိတ်ညိတ်လုပ်နေတယ်....။ Jimin မှာတော့ ဇောချွေးတွေပါပျံနေရောပဲ....။ Taehyung မကြားတာပဲ တော်တော်လေး ကံကောင်းတယ်....။
"Jimin ahh နေ့လည်စာ သွားစားကြမယ်လေ... ငါဗိုက်ဆာနေပြီ"
ဒီလိုနဲ့ Taehyung ပခုံးဖက်ပြီး ဆွဲခေါ်သွားရာနောက်သို့ Jimin လည်း ကန့်လန့်ကန့်လန့်နဲ့ ပါသွားရပြန်သည်....။ စားသောက်ခန်းထဲသို့ မရောက်မီလမ်းမှာပင် ရှေ့မျက်နှာချင်းဆိုင်မှ လျှောက်လာသော Yoongi ကိုတွေ့လိုက်ရတယ်...။ သူတို့နှစ်ယောက်ရဲ့ ပုံစံကိုမြင်တော့ Yoongi က အကဲခတ်သလို မျက်မှောင်ကျုံ့ကြည့်လိုက်သည်....။
"Yoongi ahh ငါတို့ နေ့လည်စာ သွားစားမလို့... မင်းရော တစ်ခါတည်း စားတော့မလား...??"
"ငါမဆာသေးဘူး... မင်းတို့ဘာသာသွားကြ"
Yoongi က လှမ်းနေတဲ့ ခြေလှမ်းကိုတောင်မရပ်ဘဲ စကားပြောရင်းနဲ့ ဘေးကနေ ဖြတ်လျှောက်သွားသည်.....။
Jimin လည်း Taehyung မျက်နှာကို မော့ကြည့်မိတော့ Taehyung က သဘောကျစွာရယ်မောရင်း Jimin ရဲ့ပါးတစ်ဖက်ကို မနာအောင် လိမ်ဆွဲလိုက်သည်......။
"Aigoo Wuri Jiminnie ဘာလို့ ဒီလောက်ချစ်စရာကောင်းနေတာလဲ...??"
Taehyung ရဲ့ ရုတ်တရက်လုပ်လိုက်တဲ့အပြုအမူက ချစ်သူရည်းစားလို ပုံစံမျိုးဖြစ်နေလေသည်....။ Jimin နားမလည်နိုင်တော့ပေမယ့် ရင်တွေခုန်သွားတာတော့ အမှန်ပင်......။
"သွားကြရအောင်... ဗိုက်ဆာနေပြီ"
ဒီလိုနဲ့ Taehyung ဆွဲခေါ်ရာနောက်သို့ Jimin ပါသွားရပြန်သည်...။ စားသောက်ခန်းရောက်တော့ ခေါက်ဆွဲစားရင်း ဖုန်းကလိနေသော Hoseok ကိုတွေ့လိုက်ရသည်.....။ သူတို့နှစ်ယောက်ကို မြင်တော့ Hoseok က ပြုံးစိစိလုပ်နေပြန်သည်....။
"၂ယောက်သားအဆင်ပြေနေကြပါလား..??"
"ငါတို့၂ယောက်က အမြဲတမ်းအဆင်ပြေတယ်... နော် Jiminnie... မင်းကလည်း နေ့လည်စာသွားစားတာ ငါတို့ကိုတောင်မခေါ်ဘူး"
"အောင်မာ မင်းတို့ကမှအဖော်နဲ့အပေါင်းနဲ့... ငါကအမြဲတမ်းတစ်ယောက်တည်းကို"
"ဘာပဲဖြစ်ဖြစ်ကွာ နောက်ဆိုငါ့ကိုအကြောင်းကြားပေါ့"
"Awww ဟုတ်ကဲ့ပါခင်ဗျ... ကျွန်တော်မသိလို့ပါ"
စားသောက်ခန်းထဲမှာ ထုံးစံအတိုင်း Taehyung နဲ့ Hoseok ပြိုင်ငြင်းရင်း ဆူညံနေကြသည်...။ Jimin ကတော့ ထူးထူးခြားခြား တိတ်ဆိတ်နေတော့ Hoseok သတိထားမိလာသည်....။
"Jiminnie နေမကောင်းဘူးလား...?? စကားလည်းမပြောပါလား"
"မဟုတ်ပါဘူး... သီချင်းအသစ်ရေးဖို့ စဉ်းစားနေတာပါ"
သူ့ကိုသံသယမဝင်စေရန်အတွက် Jimin ပါးစပ်ထဲရှိရာ ဖြေချလိုက်တော့သည်...။ ထိုအခါ Hoseok က တအံ့တဩပုံစံဖြင့် ချီးကျူးလာပြန်သည်...။
"Wow wuri Jiminnie အလုပ်အရမ်းကြိုးစားပါလား... ငါသာဆိုသီချင်းကို စိတ်ပါမှထရေးတာ... စိတ်ကလဲ တစ်ပါတ်နေလို့ တစ်ခါပါချင်မှပါတာ... ဒါပေမယ့် အချိန်တန်ရင် Hyung က အကုန်အစအဆုံးစီစဉ်ပေးတာပဲလေ"
"Yahh Jung Hoseok...!!! မင်းက Hyung ကို မင်းတစ်ယောက်တည်း ပိုင်သလိုလိုနဲ့ အကုန်ခိုင်းစားနေတာပဲ"
Hyung အကြောင်းပါလာတော့ Taehyung က ထအော်တော့သည်....။ အစတည်းက Taehyung က သူ့ Hyung ကိုဆို လုံးဝအထိမခံပေ...။
"ဘာလို့လဲ....?? ငါက Hyung ကို တမင်ခိုင်းစားနေတာမှမဟုတ်တာ... Hyung ကိုယ်တိုင်က ငါ့ကိုစိတ်မချလို့ နောက်ကနေ အကုန်လိုက်လုပ်ပေးနေတာ"
"ဒါပေမယ့် မင်းဝတ်မယ့် အဝတ်အစားလောက်တော့ မင်းဘာသာစီစဉ်လေ"
"ငါလည်းလုပ်တာပဲ... ပြီးရင် Hyung က အဆင်မပြေဘူးဆိုပြီး သူ့စိတ်ကြိုက်ပြောင်းလိုက်တာကို... Hyung စီစဉ်ပေးတာကလည်း ငါနဲ့လိုက်နေတော့ အခုနောက်ပိုင်း ကိုယ့်ဘာသာမလုပ်တော့တာ"
ဟုတ်တော့လည်းဟုတ်သည်.....။ Hyung က Hoseok နောက်က အမြဲတကောက်ကောက်လိုက်ကာ စီစဉ်ပေးနေကျ...။ Hyung အလုပ်အားချိန်က Hoseok Schedule မရှိတဲ့အချိန်မှသာ....။
Jimin လည်း နေ့လည်စာကို ခပ်မြန်မြန်ပဲစားပြီး ဆက်လက်ငြင်းခုံနေကျဆဲ Hoseok နဲ့ Taehyung ကိုနှုတ်ဆက်ကာ အရင်ပြန်နှင့်လာလိုက်သည်....။
သူတို့ရဲ့နားနေခန်းကိုရောက်တော့ Yoongi ကို ဂစ်တာတီးရင်း သီချင်းရေးနေတာတွေ့လိုက်ရတယ်....။ Jimin အခန်းထဲဝင်လာတာကို မော့တောင်မကြည့်ပေ...။ Jimin လည်း ကိုယ့်ဘာသာပဲ နိုင်ငံခြားအက Video ကိုဖွင့်ကာ ကြည့်နေလိုက်သည်......။
"မင်းလည်း မကြာခင် TaeTae ကစားတာခံရတော့မယ်"
"ဟမ် ဘာပြောတာလဲ....??"
ရုတ်တရက်ပြောလိုက်တဲ့ Yoongi ရဲ့စကားကို Jimin နားမလည်လို့ပြန်မေးမိတော့ Yoongi က မျက်လုံးတစ်ချက်လှန်ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်....။ မုန်းလိုက်တာ...။ အမြဲလူကို အထင်သေးတဲ့အကြည့်နဲ့ ပြုံးတဲ့အဲဒီ့လိုအပြုံးမျိုးတွေကို.....။
"ငါနဲ့ TaeTae ပေါင်းလာတာကြာပြီ... သူ့အကြောင်းကို ငါအသိဆုံး... ဘယ်အရာကိုမှ အလေးအနက်မထားတက်တဲ့အကျင့် သူ့ဆီမှာရှိတယ်"
"အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲ...?? ငါ့ကိစ္စကိုဝင်မပါပါနဲ့"
"မင်းတောင်ဘာမဆိုင်ညာမဆိုင် ငါ့ကိစ္စဝင်ပါသေးတာပဲ... အခုမင်းစကားနဲ့မင်းနော်... ငါတို့အခုချိန်ကစပြီး တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ကြေး... ဘယ်လိုလဲ...??"
"ရတယ်လေ"
Yoongi က သူ့မူပိုင်မဲ့ပြုံးတစ်ခုကို ထပ်ပြုံးရင်း ရေးလက်စသီချင်းကို ဆက်ရေးနေသည်...။ Jimin လည်း ကြည့်လက်စ Video ကိုသာ ဆက်ကြည့်နေပေမယ့် စိတ်က Video မှာမရှိ....။
Hoseok တောင်မှ Yoongi ကစားတာကို သိသိကြီးနဲ့ ငြိမ်ခံနေတာ...။ စိတ်ထားဖြူစင်တဲ့ Taehyung ကတော့ အဲ့လောက်မဆိုးလောက်ပါဘူး...။ Yoongi သက်သက်မဲ့အကျင့်ပုတ်ပြီး လျှောက်ပြောတာနေမှာပါ.....။
×××××××××××××××××××
"တင်း…တောင်"
အိမ်ရှေ့က Bell မြည်သံကြားတာတောင် Hoseok ထမကြည့်ပဲ လက်သည်းညှပ်နေတာမပျက်ပေ....။ ခဏနေတော့ အပြင်ကလူက သူ့ဘာသာတံခါးဖွင့်ကာ ဝင်လာတော့သည်....။
"Hobi ရယ် တစ်ခါတစ်လေလောက် တံခါးလေးဘာလေး ထဖွင့်ပါလား"
"Password ကို Hyung သိနေတာပဲဟာကို... ကိုယ့်ဘာသာဖွင့်ဝင်ပေါ့"
"Hyung မှာ ဒီလောက် အထုတ်အပိုးတွေအများကြီးကို လာဝိုင်းမသယ်ပေးဘူးလား...??"
"အာာ ဒီအထိတောင်သယ်လာပြီးပြီကို Hyung ကလဲ"
Hoseok က လက်သည်းညှပ်နေတာ Seokjin ကို မော့တောင်မကြည့်...။ Seokjin ကတော့ Hoseok ပုံစံကိုကြည့်ကာ ခေါင်းတခါခါဖြစ်နေသည်...။ Hoseok တစ်ယောက် မန်နေဂျာကို အဲ့လိုရိုသေလေးစားတာ....။
"အခု Hyung ကို ရေလေးတစ်ခွက်တောင် ခပ်မတိုက်ချင်ဘူးလား...??"
"ရေခဲသေတ္တာထဲမှာ Hyung ဘာသာယူသောက်... အား...!!!!"
"ဘာ.....ဘာဖြစ်တာလဲ...??"
Seokjin စိုးရိမ်စွာဖြင့် Hoseok ဘေးနားရောက်သွားသည်...။
"လက်အသားကိုပါညှပ်မိသွားပြီ... အဲ့ဒါ Hyung ကြောင့်... Hyung ဘေးနားမှာ စကားလာများနေလို့"
"ဆောရီးပါ Hobi ရယ်... အရမ်းနာနေလား... ပြစမ်းပါဦး Hyung ကို"
Seokjin လည်း ငိုမဲ့မဲ့ဖြစ်နေတဲ့ Hoseok ရဲ့ လက်လေးကို အသာအယာဆွဲယူပြီးကြည့်လိုက်တော့ လက်ညှိုးထိပ်လေးနားမှာ လက်သည်းညှပ်နဲ့ညှပ်မိ၍ သွေးအနည်းငယ်စို့နေရှာသည်လေ.....။
"ကလေးလား...?? အခုထိ လက်သည်းတောင် ကောင်းကောင်းမညှပ်တတ်ဘူး"
"ဘာဖြစ်လဲ... အစထဲက ကျွန်တော်က လက်သည်းညှပ်တာမကျွမ်းဘူး... ပြီးတော့ Hyung က ဘေးကပြောနေတော့ အာရုံများသွားတာကိုး"
"ကဲပါ... အားလုံး Hyung အပြစ်တွေချည်းပဲ... ဟုတ်ပြီလား... ပေး လက်သည်းညှပ်... Hyung ညှပ်ပေးမယ်"
Seokjin က Hoseok လက်ထဲမှ လက်သည်းညှပ်ကိုယူပြီး သူကိုယ်တိုင် သေသေချာချာ စိတ်ရှည်လက်ရှည် ညှပ်ပေးနေသည်....။ မကြာမီမှာပင် လက်သည်းညှပ်တဲ့အလုပ်ပြီးသွားတော့ Hoseok က သဘောကျစွာ သူ့လက်ကလေးသူ ဖြန့်ကြည့်နေသည်...။
"Hyung က တော်လိုက်တာ... နောက်ဆို ကျွန်တော့်ကို လက်သည်းအမြဲညှပ်ပေးပါလားဟင်...??"
"ကြုံတဲ့အခါ ညှပ်ပေးပါ့မယ်ကွာ... ဒါနဲ့ ခြေသည်းရောညှပ်မှာလား...??"
Hoseok က လည်ပင်းကိုလက်နဲ့ပွတ်ရင်း ရယ်ကျဲကဲျလုပ်နေသည်....။
"အမှန်တော့ ညှပ်ရမှာပဲ... ရပါတယ် Hyung ရယ်... ကျွန်တော့်ဘာသာ…"
"လာစမ်းပါကွာ... လုပ်ပေးလက်စနဲ့ မထူးတော့ဘူး"
"အားနာစရာကြီး Hyung ရယ်"
Seokjin က ဘာမှဆက်ပြောမနေတော့ဘဲ Hoseok ရဲ့ခြေထောက်ကိုဆွဲယူကာ ခြေသည်းညှပ်ပေးနေလိုက်သည်.....။ Hoseok မျက်နှာကလည်း သဘောကျပြီးပြုံးရွှင်နေသည်...။ ထိုစဉ် အိမ်တံခါးပွင့်သွားပြီး.......
"ဟမ် Jung Hoseok တော်တော် ဘုန်းတန်ခိုးကြီးနေပါလား... Hyung ကို ခိုင်းစားနေတယ်ပေါ့"
"အာာ Yoongi"
"Annyeong Hyung...!!!"
Yoongi က Seokjin ကိုပါနှုတ်ဆက်ပြီးတာနဲ့ အိမ်ခန်းထဲ တန်းဝင်သွားတော့သည်...။ သူကအမြဲတမ်း အဲ့လိုပဲအချိန်မရွေးရောက်လာတတ်ပြီး Hoseok အိမ်ကို သူ့အိမ်လိုသဘောထားတာ....။ Seokjin ကတော့ အားနာသလို Hoseok ကို လှမ်းကြည့်သည်.....။
"Yoongi တော့ အထင်လွဲသွားပြီထင်တယ် Hobi"
"အထင်လွဲပြီး သဝန်တိုရင် ပိုတောင်ကောင်းသေးတယ်... ဒါပေမယ့် Hyung ရယ် သူက ကျွန်တော့်ကိုဆို ဂရုကိုမစိုက်တာ"
"အင်းပါ... ဘာမှမဖြစ်လည်းပြီးတာပဲ"
Hoseok ကိုခြေသည်းညှပ်ပေးပြီးတော့ Seokjin လည်း ပြန်ဖို့ပြင်သည်....။
"Hyung ပြန်တော့မယ်... ဟိုအထုတ်တွေက Hobi အတွက် အဝတ်အစားတွေနဲ့ ဖိနပ်တွေ... ပြီးရင်ဝတ်ကြည့်ဦး... အဆင်မပြေလည်း ပြန်လဲရအောင်"
"Hyung ဝယ်လာတာ အကုန်အဆင်ပြေမှာပါ... Size ကလည်း Hyung သိနေတာပဲ... မှားစရာ မရှိပါဘူး"
"Ok လေ... ဒါဆို Hyung ပြန်ပြီ... Yoongi ကိုလည်း ပြောလိုက်ဦး"
"Nae လိုက်မပို့တော့ဘူးနော်"
"ဘယ်တုန်းကရော လိုက်ပို့ပေးဖူးလို့လဲ"
Hoseok လျှာလေးတစ်လစ်ထုတ်ကာ ပြောင်ပြတော့ Seokjin အသည်းယားပြီး Hoseok ရဲ့ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်...။ ခဏနေ Seokjin ပြန်သွားတော့ Hoseok လည်း အခန်းထဲဝင်လာတော့ Yoongi ကို အိပ်ရာပေါ်မှာလှဲပြီး ဂိမ်းဆော့နေတာ တွေ့ရသည်...။
"Hyung ပြန်သွားပြီလား...??"
"အင်း ခုလေးတင်ပြန်သွားတာ... မင်းကိုလည်းနှုတ်ဆက်သွားသေးတယ်"
Yoongi က ဘာမှပြန်မပြောတော့ Hoseok လည်း သူလှဲအိပ်နေတဲ့ ကုတင်ပေါ် တက်ထိုင်လိုက်သည်...။
"Yoongi ဒီနေ့ ဘာ Schedule မှ မရှိဘူးပေါ့"
"မင်းလို နာမည်ကြီးအဆိုတော်ကတောင် မရှိတာ... ငါကဘယ်လိုလုပ်ရှိမှာလဲ... အိမ်မှာဟိုနှစ်ကောင်နဲ့ နေရတာ နားညီးလို့"
"ငါက အဲ့လောက်ကြီးလည်းနာမည်မကြီးပါဘူး Yoongi ရယ်"
"ဒါနဲ့ မင်းကို Hyung ကအရမ်း ဂရုစိုက်တာနော်"
"အင်းလေ မန်နေဂျာတစ်ယောက်အနေနဲ့ သူ့အဆိုတော်ကို ဂရုစိုက်တာပေါ့"
Hoseok ရဲ့စကားကြောင့် Yoongi လည်း လှဲနေရာမှထထိုင်ကာ Hoseok နဲ့မျက်နှာချင်းဆိုင်လိုက်သည်...။
"ဒီမှာ Hobi.... Hyung က ငါတို့အားလုံးရဲ့မန်နေဂျာလေ.. ဒါပေမယ့် မင်းတစ်ယောက်တည်းကိုပဲ သူများထက်ပိုပြီး ဂရုစိုက်တာ သာမန်မှမဟုတ်တာ... ငါထင်တာ Hyung က မင်းကို သဘောကျနေတာလားလို့ "
"အာာ မဖြစ်နိုင်တာ... Hyung က TaeTae ကိုလည်း ဂရုစိုက်ပါတယ်"
"ဖြစ်ကိုဖြစ်နိုင်တယ်... Taehyung ကိုက ခပ်ဆိုးဆိုးညီလေးကို ဂရုစိုက်သလိုပုံစံမျိုးပါ... စိတ်ကူးမလွဲနဲ့နော် Hobi... ကိုယ်ချစ်ကိုမရှာနဲ့ သူချစ်ကိုရှာ... Hyung လောက် မင်းအပေါ်ကောင်းတဲ့သူ မရှိတော့ဘူး"
"Yoongi ကလည်း မဟုတ်ပါဘူးဆို... ငါ့ကိုစိတ်ဆိုးလို့ တမင် Hyung ဆီတွန်းလွှတ်နေတာလား....??"
"မဟုတ်တာ... မင်းကိုစိတ်ဆိုးစရာလား... ငါကမင်းအတွက် ဝမ်းသာပေးနေတာ... တစ်ဖက်သတ်ချစ်ရတာ ပူလောင်ပါတယ်ကွာ.. Hyung သနားပါတယ်"
"Min Yoongi......!!!!!"
Yoongi က အတင်းကို Seokjin နဲ့ အောင်သွယ်နေတော့ Hoseok စိတ်ဆိုးပြီး ကုတင်ပေါ်ထိုင်နေရာမှ ကြမ်းပြင်ပေါ်ထရပ်လိုက်သည်...။ Yoongi ကတော့ ခပ်အေးအေးပင် လှမ်းကြည့်နေသည်...။
"ငါ့အပေါ်မှာ တကယ်ပဲ ဘာခံစားချက်မှမရှိတာလား...?? စိတ်ဆိုးတာ သဝန်တိုတာတောင် မရှိဘူးပေါ့...?? တစ်ဖက်သတ်ချစ်ရတာ ပူလောင်တယ်ဆို ငါကလည်းမင်းကို တစ်ဖက်သတ်ချစ်နေရတာလေ"
ထိုအခါ Yoongi က ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး.....
"ငါပြောပြီးသားပဲကို... မင်းကိုသူငယ်ချင်းတစ်ယောက်လို သဘောထားတာပါလို့... မင်းကိုမပြောနဲ့ တခြားသူတွေကိုလည်း အဲ့လိုသဝန်တိုတာမျိုး ရှိမှာမဟုတ်ဘူး... ဘာလို့လဲ သိလား...??"
"-------------"
"ငါမှမချစ်တတ်တာ... ငါ့ကိုယ်ငါပဲချစ်တယ်... တခြားသူကို မချစ်ချင်ဘူး"
"Yoongi ရာ...."
Yoongi ရဲ့အဖြေကြောင့် Hoseok မျက်ရည်ကျတော့ Yoongi က ထုံးစံအတိုင်း သူနဲ့မဆိုင်သလိုလို....။
"ငိုမနေပါနဲ့ကွာ... မင်းရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေကို ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက် ဖြုန်းမပစ်ပါနဲ့"
"ငါကိုက အမှတ်မရှိတာပါ Yoongi ရယ်"
Hoseok မျက်ရည်သုတ်ရင်း အခန်းအပြင်သို့ ထွက်သွားလိုက်သည်...။ Yoongi များ လာချော့မလားလို့ မျှော်လင့်ချက်သေးသေးလေး ထားမိပေမယ့် လက်တွေ့မဖြစ်နိုင်တာသိတော့ ရင်ဘတ်ထဲက ပိုအောင့်လာသည်.....။ ငါတို့ဘာလို့များ အဲ့လောက်လွဲနေရတာလဲ Yoongi ရယ်.....။
××××××××××××××××××××××××××
"ဒီ....ဒီ....ဒီ."
Hoseok ညက ငိုရင်းအိပ်ပျော်သွားခဲ့တာ Silent လုပ်ထားပေမယ့် Vibration ရှိနေသေးသော ဖုန်းကဘေးကနေ အသံပေးနေသည်...။
"Hello...!!!!"
Hoseok အိပ်ချင်မူးတူးနဲ့ Caller ID ကိုလည်းမကြည့်ဘဲ ထူးလိုက်သည်....။ မဟုတ်လည်း မကိုင်မချင်း ခေါ်နေမှာပဲကို.....။
"ဟာ..ခုထိအိပ်နေတုန်းလား...?? ဘယ်အချိန်ရှိနေပြီလဲ...??"
တစ်ဖက်က အော်ငေါက်လိုက်တဲ့အသံကို စိတ်ဆိုးရမယ့်အစား Hoseok တစ်ယောက် အိပ်နေရာကနေတောင် ငုတ်တုပ်ထထိုင်သည်....။
"Yoongi....???"
"ငါနေ့လည်ကျရင် Studio မှာ ဓာတ်ပုံရိုက်စရာရှိတယ်... မင်းလာခဲ့ပါလား... ပြီးရင် Dinner တူတူသွားစားမလားလို့"
"တကယ်လား...?? ငါလာခဲ့မှာပေါ့"
"အင်း... နောက်မကျစေနဲ့"
တစ်ဖက်မှ Yoongi က ပြောပြီးတာနဲ့ ဖုန်းချသွားလေပြီ...။ Hoseok ကတော့ ဖုန်းကို ပြွတ်ခနဲတစ်ချက်နမ်းပြီး ကုတင်ပေါ်မှာ ထခုန်ပေါက်နေလေသည်...။ ပြီးမှသတိရပြီး မှန်ရှေ့ပြေးကာကြည့်လိုက်တော့ ညကငိုထားတဲ့အရှိန်ကြောင့် သူ့မျက်လုံးလေးတွေ အစ်နေသည်...။
"ဟွန်း လူဆိုးကောင်... မနေ့ကတော့ငိုရအောင်လုပ်ပြီး အခုမှ... ငါ့ရဲ့ လှပတဲ့မျက်လုံးလေးတော့ သွားပါပြီ... Treatment အမြန်ပြေးလုပ်မှပဲ"
Hoseok တစ်ယောက် အိမ်ထဲတွင်တစ်ယောက်တည်း ပြေးလွှားပြီးအလုပ်ရှုပ်နေသည်...။ မျက်နှာကိုပြင်ဆင်ပြီးတော့ ဝတ်ဖို့အဝတ်အစားက ရှာရသေးတယ်....။
"ဒီအကျီလေးက လှတော့လှသား... တော်နေ Yoongi က ငါ့ကို ကလေးကလားလို့ ပြောနေဦးမယ်"
"ဒါလေးကတော့ တည်ငြိမ်ပေမယ့်... အင်း...အသက်ကြီးသလိုဖြစ်သွားမှာ"
"ဒါဆိုရင်ရော....???"
"ဒီတစ်ထည်ကတော့ မဆိုးပါဘူး... ဒါပေမယ့်....."
Hoseok ရွေးရင်းနဲ့ စိတ်မရှည်တော့....။ ပြီးတော့မှ အကြံရသွားသလို တစ်ချက်ပြုံးလိုက်ရင်း ဖုန်းကောက်ကိုင်ကာ နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
"အင်း....Hobi ပြော..."
တစ်ဖက်မှ ဖုန်းပြန်ထူးတော့ Hoseok ချစ်စဖွယ်အသံလေးလုပ်ကာ ပြန်ဖြေလိုက်သည်.....။
"Hyung ရေ... ကျွန်တော် Yoongi နဲ့ Date လုပ်မလို့... အင်္ကျီလာရွေးပေးပါလား..??"
"အာာ Hobi ကလဲ... Hyung အလုပ်ထဲမှာလေ"
"မရဘူး.....Hyung မလာနိုင်ရင်လည်း ဝတ်ရမယ့် အကျီပြောပေး... နော်လို့ Hyung"
"ဟုတ်ပါပြီကွာ... ခဏလေး Hyung စဉ်းစားကြည့်မယ်"
"အင်း... Yoongi ကြိုက်လောက်မယ့် ဒီဇိုင်းလေးနော်"
Seokjin လည်း အလျင်အမြန်စဉ်းစားရတော့သည်...။
"ဟိုတစ်ခါ Hyung ဝယ်ပေးတဲ့ အင်္ကျီလေးရော...?? အနက်ပေါ်မှာ ငွေရောင်အစင်းသေးသေးလေးတွေနဲ့... ပြီးတော့......."
"Nae Nae အဲ့အကျီလေးလှတယ်... ကျေးဇူးပါ Hyung"
Hoseok ဖုန်းချသွားတော့ တစ်ဖက်မှ Seokjin လည်း ပြုံးနေမိသည်...။ ကိစ္စသေးသေးလေးကအစ လာမေးတတ် အကူအညီတောင်းတတ်တာ...။ ငါမရှိရင် ဒီကလေးဘယ်လိုလုပ်မလဲ...။
Hoseok အကြောင်းတွေးရင်း ပြုံးနေသော Seokjin... နောက်ထပ်အကြောင်းအရာတစ်ခု ခေါင်းထဲဝင်လာတော့ ရင်ထဲမှာဆစ်ခနဲ နာကျင်သွားရပြန်သည်.....။
"ဒါဆို ဒီည သူနဲ့ Yoongi Date လုပ်ကြမှာပေါ့"
ပျော်ပါစေ Hobi ရယ်...။ မင်းရဲ့အပြုံးလေးတွေက လှပလွန်းလို့ပါ....။ Hyung လေ မင်းကိုပျော်ရွှင်နေတာပဲမြင်ချင်မိတယ်....။ Hyung ရဲ့ နှလုံးသားတွေ ဘယ်လောက်ပဲ နာကျင်ကြေကွဲနေပါစေ... မင်းရဲ့အပြုံးလေးတွေကို တွေ့ရရင်ပဲ အေးချမ်းနိုင်ပါတယ်ကလေးရယ်.....။
×××××××××××××××××××
"One More"
"အင်း ဟုတ်ပြီ Ready"
ဓာတ်ပုံရိုက်ကူးပြီးမှ Jimin လည်းသက်ပြင်းချနိုင်တော့သည်....။ ကင်မရာနှင့်အခုထိ သူ့မှာအသားမကျသေးတာအမှန်ပင်...။ Yoongi နဲ့ Taehyung ကတော့ အေးရာအေးကြောင်း သက်တောင့်သက်သာပင်...။
Jimin ခဏအမောဖြေရင်း အအေးတစ်ဗူးဖောက်သောက်နေလိုက်သည်.....။ ဒါပြီးရင် ပြန်ဖို့ပဲရှိတော့တာကို နောက်မှအဝတ်အစားလဲလည်းရတာပဲ....။
"Hyung... Pizza စားချင်ပါတယ်ဆို"
"Pizza မှ Hyung မကြိုက်တာ"
"ဟာာ Hyung ကလည်း... ခုနပြောတော့ ဒါပြီးရင် TaeTae နဲ့အတူတူ ညစာသွားစားမှာဆို"
Taehyung နဲ့ Seokjin Hyung.....။ Taehyung က အဝတ်တောင်လဲပြီးနေပြီ....။ ထုံးစံအတိုင်း Hyung ရဲ့ လက်မောင်းကိုဖက်တွယ်ကာ ကလေးတစ်ယောက်လို ပူဆာနေလေသည်....။ Hyung ကတော့ Taehyung စိတ်ကောက်တာကိုကြည့်ပြီး ရယ်ပဲရယ်နေသည်....။
"ညစာစားမယ်ပြောတာလေ... Pizza စားမယ်ပြောတာမှမဟုတ်တာ"
"ဒါဆို TaeTae နဲ့အတူတူတော့ အပြင်သွားမယ်ပေါ့"
"အင်း Pizza တော့ မစားရဘူးနော်"
"ဘာပဲစားရစားရ အစားအသောက်ဆို TaeTae တို့က မရွေးပါဘူး"
"Haha သိပါ့ကွာ"
၂ယောက်သားညှိနှိုင်းလို့အဆင်ပြေသွားတော့ Seokjin က သူ့လူတွေကို မှာကြားစရာရှိတာတွေ မှာကြားနေစဉ် Taehyung ကလည်း ဘေးမှာ Seokjin ရဲ့လက်မောင်းကို မလွတ်တမ်းကိုင်ထားဆဲ...။ Jimin ကတော့ သူတို့၂ယောက်ကို ဒီတိုင်းလေးပဲ ငေးကြည့်နေမိတယ်...။
"Jiminnie...!!!"
ရှေ့ကိုရုတ်တရတ်ရောက်လာကာ ခေါ်လိုက်တဲ့ Taehyung ကြောင့် Jimin လန့်သွားရသည်...။ သူ့မှာကြည့်သာကြည့်နေရတာ စိတ်က တခြားရောက်နေတော့ Taehyung သူ့ဆီလျှောက်လာတာကို မမြင်မိလိုက်....။
"လန့်သွားတာလား ဟိဟိ"
"အာာ မင်းကလဲ"
"စတာပါကွာ... ငါ Hyung နဲ့ညစာသွားစားမလို့.. မင်းက Yoongi နဲ့ပြန်လိုက်နော်"
"အင်းပါ ရပါတယ်... ကောင်းကောင်းစားခဲ့ပါ"
"၂ယောက်သား အိမ်မှာရန်ဖြစ်မနေကြနဲ့ဦး"
"မဖြစ်ပါဘူးကွာ... ကလေးတွေမှမဟုတ်တာ"
Jimin စကားကြောင့် Taehyung က သဘောကျစွာနဲ့ တဟားဟားရယ်နေလေသည်....။ Jimin ကတော့ စိတ်ထဲမှာသိပ်မကျေနပ်...။ Taehyung ဘက်က ဟန်ဆောင်ပန်ဆောင်လေးတောင် လိုက်ခဲ့ပါလားမှ မခေါ်တာကို...။
"TaeTae ရေ သွားမယ်ဟေ့"
"Nae Hyung...!!!"
"ဒါနဲ့ Jiminnie ရော လိုက်ခဲ့မလား Hyung တို့နဲ့အတူတူ"
"အာ... ရပါတယ်... Hyung တို့ပဲသွားကြပါ... ကျွန်တော်နားချင်နေပြီ"
"ဒါဆိုလည်း ဂရုစိုက်ပြန်နော်"
"ဟုတ်ကဲ့... Hyung တို့လည်း ကောင်းကောင်းစားခဲ့ပါ"
"အင်း ကျေးဇူးပဲ Jimin...."
Jimin ကိုယ့်ဘာသာသိနေတယ်...။ Taehyung နဲ့ Hyung ကို တွဲတွေ့ရင်စိတ်ထဲမှာ သဝန်တိုနေမိတာလေ....။ Taehyung ကလည်း Hyung အနားဆိုအရမ်းကပ်တာပဲ....။ Jimin သိပ်တောင် မသင်္ကာချင်တော့....။
Jimin သတိလက်လွတ်နဲ့ လက်ထဲကသောက်လက်စ အအေးဘူးကိုပဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိတော့ အအေးဘူးက တဖြည်းဖြည်းနဲ့ပိန်လာတယ်...။
"Wow Jiminnie အတွင်းအားကျင့်နေတာလား..??"
အသံလွင်လွင်လေးနဲ့အတူ ဘေးမှာရောက်လာသူက Hoseok...။
"Aww Hobi... ခုနကတော့မင်းကို တွေ့လိုက်သလိုရှိသား"
"အေးလေ... ငါရောက်နေတာကြာပြီကို... Yoongi နဲ့ချိန်းထားလို့လေ"
"Dating....??"
"အင်း...လိုက်ခဲ့မလား...??"
"တော်ပါကွာ... ငါဒီလောက်တော့ အလိုက်သိပါတယ်"
Hoseok က ရယ်နေပြန်တယ်...။ ဘာပဲပြောပြော သူကမှခေါ်ဖော်ရသေးတယ်....။ Taehyung ကတော့ လှည့်တောင်မကြည့်သွားဘူး...။ ထိုစဉ် Yoongi အဝတ်အစားလဲပြီးထွက်လာတော့ Hoseok လည်း Jimin ကိုနှုတ်ဆက်ကာ Yoongi နဲ့အတူတူ ထွက်သွားတော့တယ်....။
Studio မှာလည်း လူတော်တော်ရှင်းနေပြီဆိုတော့ Jimin လည်း ဆက်ထိုင်မနေတော့ဘဲ အိမ်သို့သာပြန်လာခဲ့လိုက်တော့တယ်...။
××××××××××××××
"Hyung ဒီဆိုင်မှာစားမှာလား..??"
"အင်းလေ... ဒီမှာအစားအသောက်ကောင်းတယ်ဆိုလို့"
Seokjin နဲ့ Taehyung ဆိုင်ထဲဝင်လာတော့ ဆိုင်ရှင်က ပျာပျာသလဲကြိုဆိုကာ အပေါ်ထပ်သို့လိုက်ပို့ပေးတယ်...။ အပေါ်ထပ်မှာက စားပွဲဝိုင်း၃ဝိုင်းသာရှိပြီး VIP များအတွက်သာ သီးသန့်ပြင်ဆင်ပေးထားတာဖြစ်တယ်....။
"TaeTae ဘာစားမလဲ...?? ကြိုက်တာမှာ"
"ဟုတ်ကဲ့ Hyung...!!"
၂ယောက်သားစားစရာတွေမှာပြီးတော့ အရင်လာချပေးတဲ့အအေးကို သောက်နေစဉ် ရယ်မောစကားပြောဆိုသံနဲ့အတူ အပေါ်ထပ်သို့တက်လာတဲ့ စုံတွဲတစ်တွဲ....။
"Omo Yoongi နဲ့ Hoseok"
"ဟာာ Hyung နဲ့ TaeTae ကလည်း Date လာလုပ်တာလား..??"
၄ယောက်သားမတိုင်ပင်ပဲ လာဆုံနေကြ၍ အံ့ဩနေကြသည်...။ Yoongi တို့လည်း တခြားဝိုင်းမှာထိုင်မနေတော့ဘဲ Taehyung တို့ဝိုင်းမှာပဲ ဝင်ထိုင်လိုက်ကြတယ်....။
"ထူးထူးခြားခြား ၄ယောက်လာဆုံနေပါလား... Jiminnie ကိုတောင် သတိရမိသား"
Hoseok ကတော့ သူ့သူငယ်ချင်းဖြစ်သူကို သတိရရှာပါတယ်....။
"Hyung ခေါ်တယ်... သူကပင်ပန်းလို့ နားချင်ပြီတဲ့"
"အင်း ကျွန်တော်လည်းခေါ်တယ်... သူကမလိုက်တာ"
"ကဲ တော်တော့ Hobi... သူ့ဘာသာမလိုက်ချင်လို့ မလိုက်တာကို... မှာစရာရှိတာသာအမြန်မှာ... ငါဗိုက်ဆာနေပြီ"
Yoongi လှမ်းဟန့်လိုက်တော့ Hoseok ဘာမှဆက်မပြောတော့ဘဲ Menu ကိုသာ လှမ်းယူကြည့်လိုက်တယ်....။ Seokjin ကတော့သက်ပြင်းဖွဖွသာ ချလိုက်တယ်....။ သူဘာပြောပြော Hyung ကလဲဆိုပြီး အထွန့်တက်တတ်တဲ့သူက Yoongi စကားကျတော့ နားထောင်ရှာသားပဲ....။
"Heyy TaeTae မစားနဲ့ဦး"
"ဘာလို့လဲ...??"
စားစရာတွေရောက်လာ၍ စားဖို့ပြင်နေတဲ့ Taehyung ကို Hoseok က လှမ်းတားတော့ ဟိုကလည်း မကျေမနပ်နဲ့ ပြန်အော်တယ်....။
"Group Selfie ရိုက်မယ်လေ... အမှတ်တရလေး"
"ဟာာ လုပ်မနေနဲ့... စားစရာရှိတာသာစားစမ်းပါ"
"TaeTae ကလဲ အမှတ်တရပါဆို... ၄ယောက်လုံး မတိုင်ပင်ထားပဲ လာဆုံတာကို... နော် Yoongi..??"
Hoseok က Yoongi ဘက်ကိုပါလှမ်းပြီး ခွင့်ပြုချက်တောင်းနေတော့ ဟိုကိုယ်တော်ကလည်း စိတ်ကြည်နေတဲ့အချိန်မို့ထင်တယ် ခေါင်းညိတ်ပြလိုက်တယ်....။
"Hyung....!!!!"
Yoongi ကတောင်ခွင့်ပြုမှတော့ Seokjin က တားပါ့မလား...။ ပြုံးပြီးပဲ ခေါင်းညိတ်ပြလိုက်တာပေါ့....။ ဒီလိုနဲ့ ၃မဲ၁မဲနဲ့အနိုင်ရသွားတဲ့ Hoseok သူ့စိတ်ကြိုက် Group Selfie ရိုက်ခွင့်ရသွားတော့တယ်...။
အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ Jimin ကတော့ ဖြစ်သလိုပဲ ခေါက်ဆွဲပြုတ်လေးစားရင်း အပျင်းပြေဖုန်းကလိနေစဉ် Hoseok ရဲ့ IG မှာ တက်လာတဲ့ဓာတ်ပုံကြောင့် အံ့ဩသွားရတယ်...။
"ဟမ် သူတို့က ၄ယောက်အတူတူသွားဆုံတာပဲ... ငါကသာ တစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာ"
ပုံအောက်မှာလည်း ချက်ချင်းပင် Like တွေ Comment တွေ တက်လာလိုက်ကြတာ...။ Fan တွေက "Jimin Oppa ရော" လို့မေးထားကြတော့ Taehyung က ဝင်ရေးထားတယ်...။ "He is lazy to join with us" တဲ့လေ...။
အရူးရဲ့... ငါကမင်းတို့လွတ်လွတ်လပ်လပ်သွားပါစေဆိုပြီး နေခဲ့တာလေ...။ အခုလို လူစုံမယ်မှန်း သိရင်လိုက်မှာပေါ့...။ အား....မသိတော့ဘူး စိတ်ဆိုးတယ်...။
Jimin ခေါက်ဆွဲလည်းဆက်မစားတော့ဘဲ အခန်းထဲဝင်ကာ သီချင်းအကျယ်ကြီးဖွင့်နားထောင်ရင်း အိပ်ပျော်သွားတော့တယ်...။ တော်တော်လေးကြာမှ အပြင်ကပြန်ရောက်လာတဲ့ Taehyung က Jimin ရဲ့အခန်းထဲကိုဝင်လာပြီး သီချင်းကို လာပိတ်ပေးသွားတယ်...။
"တောင်းပန်ပါတယ် Jimin ahh"
မှောက်ခုံလေးအိပ်ပျော်နေတဲ့ Jimin ရဲ့မျက်နှာပေါ်အုပ်နေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း Taehyung တိုးတိုးလေးရေရွတ်လိုက်တယ်....။ ထိုမြင်ကွင်းကို ဟနေတဲ့တံခါးမှတဆင့် Yoongi ကလည်း မြင်သွားခဲ့တယ်....။
"TaeTae ကရော Jimin အပေါ်မှာ ခံစားချက်ရှိနေတာလား..?? အာာ... ငါနဲ့မှမဆိုင်တာကို"
Yoongi လည်း ဆက်ကြည့်မနေတော့ဘဲ ပြန်လှည့်ထွက်လာလိုက်တယ်...။
Park Jimin မင်း ကံကောင်းပါစေ...။
Kim Taehyung ကစားတာသာ မဖြစ်ပါစေနဲ့...။
To Be Continued..........