Unicode
" ပိန်သွားလိုက်တာ "
" အင်း...."
" ငိုနေတုန်းလား "
" ..... "
Haeunပေါင်ပြင်ထက်တွင် ခေါင်းအုံးကာအိပ်နေတဲ့jiminတစ်ယောက် haeunရဲ့အမေးကိုမဖြေအား...။ လက်တင်ထားခဲ့သော သူမ့ပေါင်တံဖြူဖြူအား ပိုတိုး၍ဖက်ကာ မျက်ဝန်းတွေကိုစေ့စေ့မှိတ်ရင်း အလွမ်းဖြေနေသည်။
အခုနတည်းက 'မထားခဲ့ပါနဲ့တော့' ဆိုတဲ့ တစ်ခုတည်းသောစကားကိုထပ်ခါတလဲလဲပြောရင်း ကတိတွေအထပ်ထပ်တောင်းနေတဲ့jiminဟာ ဝမ်းသာလို့ဆိုပြီး မျက်ရည်ကြည်တွေက မျက်ဝန်းလှလှလေးတွေဆီကနေ စီးသွန်လာသေးတာ...။ ပေါင်ပေါ်ခေါင်းအုံးစေပြီး ချော့ထားရသည်မှာမကြာသေး ၊ အခု ပေါင်သားပေါ်ကစိုစွတ်မှုကြောင့်သူငိုနေပြန်ပြီဆိုတာ သူမသိလိုက်ပြီ။
" အိုက်ဂူးး မျက်ရည်လွယ်လိုက်တာ ဒီကလေးက.. မကြာခင်ပဲ ကလေးအဖေဖြစ်တော့မှာကို..."
စရင်းနောက်ရင်း သူ့ပါးဖောင်းဖောင်းဖြူဖြူလေးပေါ်က မျက်ရည်စီးကြောင်းကို လက်ဖဝါးနှင့်ဝိုက်ချကာ ဖိကပ်သုတ်လိုက်ပြီး နီမွတ်နေတဲ့နှာထိပ်ကို သူမ့လက်ညှိုးလေးနဲ့တောက်လိုက်တော့ မျက်ဖြူလှန်ကြည့်လာတဲ့ Jimin..။ မကျေနပ်တဲ့ပုံနဲ့ သူဟာ တစ်ခုခုကိုဘဝင်မကျသလိုနှင့် တစ်ကယ့်ဂျစ်လေး။
" အခု လူကိုကလေးလိုဆက်ဆံနေတာလား "
" ဟုတ်တယ်.... ရှင့်ကို ကလေးလေးလိုရင်ဝယ်ပိုက်ထားချင်တာ "
ထိုအခါ လှဲအိပ်နေရာမှ ဆက်ကနဲထထိုင်ကာ သူမ့မျက်နှာနားတိုးကပ်လာတဲ့jiminကြောင့် haeunရင်တွေအဆမတန်ခုန်ရပြန်ပြီ။ Jiminနဲ့ဘယ်လောက်ပင် ထိတွေ့ဖူးခဲ့ပါစေ ၊ နတ်သက်ကြွေထားသလားအောက်မေ့ရတဲ့ ကြွေမျက်နှာလှလှလေးကို အနီးကပ်မြင်ရတိုင်း သူမ့နှလုံးသားက မရင့်ကျက်တတ်တဲ့အတိုင်း သိပ်ခုန်ပြနေသည်။
အခုလည်း သူမ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့jiminရဲ့ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့်ဖိကိုင်လိုက်ကာ စူထွက်လာတဲ့နှုတ်ခမ်းရဲရဲကို သူမနှုတ်ခမ်းပါးနှင့်ဖိကပ်နမ်းလိုက်သည်။
" ကလေးလေး... "
ထိုအခါ နှုတ်ခမ်းထောင့်တစ်ဖက်ကညွှန့်ကျသွားကာ ခေါင်းတညိတ်ညိတ်ဖြင့် ခပ်ယေးယေးပြုံးလာတဲ့jiminက သိပ်ချောနေပြန်သည်။
" ကလေးလေးက ဟောဒီ့ထဲကို ဘေဘီလေးတစ်ယောက်လုံးထည့်ပေးနိုင်တယ်ဆိုတာ တော်တော်ဆန်းကြယ်တာပဲ..."
သူမရဲ့ပြားချပ်နေဆဲဗိုက်သားပြင်ကို သူ့လက်ဖဝါးနဲ့ပွတ်သပ်ကာပြောတော့ သူမရဲ့လက်နဲ့သူ့ကျောပြင်ဟာ ချက်ချင်းဆိုသလိုအပ်သွားသည်။
" အ့... ရိုက်တယ်ဟ "
" လုပ်သတ်ပစ်ရမှာ ၊ ဘာတွေလာပြောနေမှန်းမှမသိဘဲ "
" ကိုယ့်မိန်းမလေးက ရှက်နေတာလား"
" ကျွန်မက အရှက်ရှိတော့ရှက်တတ်တယ်။ ရှင်ကသာ အရှက်မရှိတာ။ "
တစ်ခွန်းမကျန် ပက်ကနဲပက်ကနဲပြောပြီး ကုတင်ပေါ်ထိုင်နေရာမှ တင်ကြွကာထမည်ကြံတော့ jiminသူမ့လက်ကောက်ဝတ်သေးသေးလေးကို အားပါပါဆွဲကာ သူ့ရင်ခွင်ကျယ်ထဲပြိုဆင်းစေသည်။
" အရှက်မရှိဘူးလို့အထင်ခံလက်စနဲ့ တစ်ကယ်ချွတ်ပြလိုက်ရမလား "
မဲ့ပြုံး,ပြုံးကာပြောလာတဲ့jiminက ဆွဲကုတ်ပစ်ချင်စရာကောင်းပေမဲ့ အပြောနဲ့အလုပ်ကညီသေးတာမို့ ကြောက်ရတာတော့အမှန်။
" ရှင်.. ဘာလုပ် ! သွား... လူဆိုးကောင် ၊ လွှတ် အခု "
" မလွှတ်ဘူး "
သန္ဓေသားလေးတည်နေတဲ့ သူမရဲ့ဗိုက်ချပ်ချပ်အား ငုတ်ငုတ်နမ်းပြီး jiminလက်တစ်ဖက်ကလည်း သူမ့ခါးနဲ့ဂုတ်ပိုးနားကို မထိတထိစပြန်တော့ ယားကျိကျိခံစားချက်ကို အံမတုနိုင်တဲ့သူမဟာ jiminကိုယ်ပေါ်မှာတင် ထွန့်ထွန့်ကိုလူးလို့။
" Yarr.. park jimin တော်တော့လို့...၊ အူတက်ကုန်မယ် "
အနားမပေးစတမ်း ကလိထိုးနေတဲ့jiminကြောင့် ရယ်သံစွတ်နေတဲ့သူမ့စကားတွေဟာ ဗလုံးဗထွေးဖြစ်ကုန်ပြီ။
" ဒါဆို ချစ်တယ်လို့ပြော "
" ချစ်တယ် ချစ်တယ် အများကြီးချစ်တယ် ၊ ဟိ.. လွှတ်ပေးတော့ဆိုနေ "
ထိုအခါမှ ခါးဆီမှာအလုပ်ရှုပ်နေတဲ့ jiminလက်တို့ကရပ်တန့်သွားပြီး သူမ့ခါးသိမ်သိမ်ကို ထွေးဖက်လာသည်။ အခုအခြေအနေက... နွေးထွေးလွန်းတဲ့သူ့ရင်ခွင်ထဲ နားခိုနေတဲ့ သူမ့ကျောပြင်ငယ်လေးက လုံခြုံလွန်းလှသည်။
" အရူး... ခါတိုင်းကျချစ်တယ်လို့မပြောဖူးတဲ့အတိုင်းပဲ..."
" သိတယ်... ဒီတိုင်းရစ်ချင်လို့ "
သူမ့ပုခုံးပေါ်တွင် jiminမျက်နှာအပ်လိုက်ပြီး ပုခုံးသားတွေကိုခပ်ပြင်းပြင်းလေးနမ်းရှုံ့ကာ စကားတို့ဆက်သည်။
" ဒါနဲ့ အခုန အရူးလို့ခေါ်လိုက်တာလား"
ရင်ခွင်ထဲက အနှီကိုငုတ်ကြည့်ရင်းမေးတော့ သူမလေးကဘာမှပြန်မဖြေဘဲ တခစ်ခစ်နဲ့ကျိတ်ပုန်းရယ်နေတာမို့ သူကပါပြုံးမိပြန်ပြီ။ ဒီကောက်တေးလေးကို ထပ်စချင်စိတ်ကလည်း တဖွားဖွားပေါ်လာပြန်သည်။
" နောက်တစ်ခါ ဒါမျိုးမပြောနိုင်အောင် လုပ်ပစ်ရမှထင်တယ်"
" ဘာကို.."
မျက်ဝန်းတွေက ပေကလပ်ပြုကာမေးလာတဲ့သူမကို လိုတာထက်ပိုတင်းကျပ်အောင်ဖက်လိုက်ပြီး အထိမခံနိုင်အောင်ယားလှပါချည်ရဲ့ဆိုတဲ့ သူမရဲ့ဂုတ်ပိုးကို သူ့နှုတ်ခမ်းလုံးလုံးတွေနဲ့ထပ်ဖိကပ်ပြန်သည်။
" ဒီလိုလေ...."
" အဟား... Park Jimin... မလုပ်နဲ့တော့ဆိုနေ "
အခန်းငယ်လေးထဲ ရယ်သံတွေကတဖြူးဖြူးပျံ့နှံ့နေသလောက်ကို ထိုနေ့က ရာသီဥတုလေးကလည်း အင်မတန်သာယာခဲ့သည်။ အစမခံတဲ့ချစ်ရသူကို တရစပ်စနောက်နေရသည်မှာလည်း အရသာတစ်ခုဖြစ်၏။
ဒီရယ်သံတွေကို ဗိုက်ထဲက ကလေးငယ်လေးသာကြားခဲ့မယ်ဆိုလည်း ဖေဖေတို့နဲ့အတူ မမောတမ်းရယ်လိုက်စမ်းပါ...။
အကြာကြီးနေမှ ပြန်ရလိုက်တဲ့ပျော်ရွှင်မှုက အနားမှာ သူမ ရှိလို့သာ...။
~~‹‹ 𑁍 ››~~
" နောက်ဆုံးတော့ မင်းတို့ပြန်တည့်သွားပြီပေါ့.."
နေရာကား အသားကင်နံ့တထောင်းထောင်းနှင့် ဆိုဂျူဝိုင်းလေးတွင်ဖြစ်သည်။ အခုဆို jiminတစ်ယောက်ဆိုးလ်ပင်ပြန်ရောက်နေပြီဖြစ်သည်။ Haeunကလူသားတစ်ယောက်လိုနေထိုင်ခွင့်ရနေပြီမို့ namjoon hyungတို့နဲ့မိတ်ဆက်ပေးဖို့ရာ အခုလိုစီစဉ်လိုက်ခြင်းဖြစ်သည်။ သမီးရည်းစားအနေနဲ့သာ အသိပေးဦးမည် ၊ ကိုယ်ဝန်ကိစ္စနဲ့ လက်ထပ်ထားတဲ့ကိစ္စက သူတို့အတွက်အသိခံဖို့အဆင်သင့်မဖြစ်သေးတာမို့လည်းပါသည်။
အခုလည်း Namjoon hyungရဲ့အမေးကိုဖြေဖို့က ရယ်ရခက် ၊ ငိုရခက်ကြီး...၊ ၊
" ပြန်တည့်သွားပြီ namjoon sii.."
ဒါလေး ဖြေဖို့ကိုပင်တွန့်နေတဲ့jiminအစား haeunကဝင်ဖြေပေးရခြင်းဖြစ်သည်။ အမှန်ဆို namjoonကသာ haeunကိုအခုမှတွေ့ဖူးတာဆိုပေမဲ့ ၊ namjoonဆိုတာ သူမအတွက်တော့ မစိမ်းတော့တဲ့သူတစ်ယောက်ဆိုလည်းမမှား...။ ဒါကြောင့် စကားပြောတဲ့နေရာမှာ အရမ်းရင်းနှီးတဲ့ပုံဖမ်းနေရင်လည်းမဖြစ်တာမို့ အပြောအဆိုချုပ်တည်းရတာ နဲနဲတော့ခက်သား။
" ဒါဆို jimin oppaလက်ရှိတွဲနေတဲ့ ကောင်မလေးဆိုတာ ဒီက haeunပေါ့..."
" ကလေး... unnieလို့ခေါ်ရမယ်လေ"
Haeunအားဘုကြည့်ကြည့်ကာပြောနေတဲ့ heejinကြောင့် ဘေးကnamjoonတစ်ယောက် ခေါင်းပူနေရပြီ။ သူ့ကောင်မလေးက တစ်ကယ့် ဆိုးပေတူး..!
" ဟုတ်...၊
နောက်ဆို ဆင်ခြင်ပါ့မယ် haeun unnie...။ "
ဒီလိုဆိုတော့လည်း haeunအတွက် heejinကချစ်ဖို့ကောင်းနေပြန်ရော..။ နောက်ဆို heejinနဲ့ဒီထက်ပိုကောင်းတဲ့ဆက်ဆံရေးကိုရလာမယ်လို့ သူမယုံကြည်သည်။
" ကဲ..ကဲ အသားကင်တွေ ပူတုန်းစားကြတာပေါ့ "
သူမတို့နှစ်ယောက်ရဲ့စကားဝိုင်းကိုအဆုံးသတ်လိုက်တဲ့jiminက ချက်ချင်းဆိုသလို haeunရဲ့ခွက်ထဲသို့ ဆိုဂျူငှဲ့လာသည်။ အဲ့မှာ သေတာပဲ..!! Haeunမှ ဆိုဂျုမသောက်တတ်တာ...။
" Jimin ah... ကျွန်မဆိုဂျူမသောက်ဘူးလေ။ "
Haeunရဲ့စကားကြောင့် heejinမှာ သောက်လက်စဆိုဂျူပါ သီးရတဲ့အထိဖြစ်သွားသည်။
" ဘယ်လို... ဘယ်လို? Unnieက ဆိုဂျူမသောက်တတ်ဘူးပေါ့။ "
ခွက်ထိုးလန်ရယ်ချလာတဲ့heejinကိုကြည့်ပြီး အကြောင်းရင်းကိုသိသလိုလိုရှိလာတဲ့ namjoonနဲ့jimin..။
" ဘာဖြစ်လို့လဲဟင် heejin ssi "
" ဆိုဂျူနဲ့လက်ထပ်ထားသလားအောက်မေ့ရတဲ့jimin oppaနဲ့တော့ ဟုတ်နေပြီ။ "
" ဪ... ဒါလား...၊ ဟုတ်သား.. jiminအရက်မူးလာရင်လေ ကျွန်မကို လူဆိုးမဆိုပြီး...."
" Haeun ah... ဒီအမဲသားကင်စားကြည့်..!"
Haeunတစ်ယောက် ပြောလက်စပင်မပြီးသေး ၊ jiminရဲ့လျှပ်တပြတ်အလျင်မှာ အမဲသားပြားနဲ့နှုတ်ပိတ်ခြင်းခံလိုက်ရသည်။
" ဟ...
ဒါနဲ့ unnieရေ...၊ Jimin oppaမလိမ္မာတာရှိရင် namjoon oppaကိုသာတိုင်ပစ် နော်။ "
" ဟုတ်ပြီ heejin.. "
နှစ်ယောက်သားအတိုင်အဖောက်ညီနေတဲ့haeunနဲ့heejinကိုကြည့်ပြီး လက်မြောက်အရှုံးပေးလိုက်ရတဲ့အဖြစ်ပေ။ ဒီနှစ်ယောက်သာအမြဲဆုံနေရင် jiminတို့ ထွက်ပေါက်ပျောက်လိုက်မဲ့ဖြစ်ခြင်းကိုတွေးရင်းတွေးရင်း သက်ပြင်းသာအခါခါချနေမိသည်။ မလွယ်စိန်တွေ...၊ ၊
" ဒါနဲ့ မနက်ဖြန် hoseok ဆိုင်ကိုအလည်လာလိမ့်မယ်jimin..။ ဆိုးလ်ကိုအလုပ်ကိစ္စနဲ့ရောက်နေတာမလို့တဲ့။ "
" အာ.. ဟုတ်လား။ Hoseok hyungနဲ့မတွေ့တာတောင်ကြာပြီ။ "
Namjoonနဲ့jiminရဲ့စကားကိုကြားပြီး haeunစိတ်လောနေမိသည်။ Hoseokဆိုတာ သူမ ပထမဆုံးကယ်တင်ဖူးတဲ့အသက်တစ်ချောင်းရဲ့ပိုင်ရှင်မို့ ကောင်းကောင်းရှင်သန်နေရဲ့လားဆိုပြီး တစ်ခါလောက်ဖြစ်ဖြစ် လူချင်းတွေ့ကာ မေးချင်တာမို့လည်းပါသည်။
ဒီလိုနဲ့ သူတို့လေးယောက်ရဲ့ dual dateလေးဟာလည်း လှလှပပနှင့်ကောင်းကောင်းအဆုံးသတ်သွားသည်။
Namjoonတို့ကိုနှုတ်ဆက်ပြီးတာနဲ့ jiminနဲ့haeunတို့ ကွန်ဒိုဆီလမ်းလျှောက်ပြန်ခဲ့ကြသည်။ ညဦးယံခါမို့ ကောင်းကင်ထက်တွင် လမင်းကြီးကထိန်ထိန်သာနေသည်။
" Jimin ah.. မှတ်မိသေးလား..။ ရှင်ကျွန်မကိုပထမဆုံးနမ်းခဲ့တာက အခုလို လသာတဲ့ညမှာပဲလေ...။ "
" အမ်... ဟုတ်ပါ့မလား "
Jiminစကားကြောင့် သူမ ခြေလှမ်းတွေရပ်တန့်သွားသည်။
" ဘာကိုလဲ။ ရှင်ကမမှတ်မိတာလား။ "
" မှတ်မိတာပေါ့ haeunရဲ့။ ကိုယ်ပြောချင်တာက ကိုယ်တို့ရဲ့ first kissက အဲ့ညကဆိုတာ သေချာရဲ့လား။ ကိုယ်မှတ်မိသလောက်ဆို... ကွန်ဒိုမှာများလားလို့။ ဒီက သရဲမလေးက စနမ်းခဲ့တာလေ။ "
" သရဲမ မဟုတ်ပါဘူးနော်။ ပြီးတော့ အဲ့တုန်းက တမင်နမ်းခဲ့တာမှမဟုတ်ဘဲ။ ဘာလို့ ဒါကိုပဲပြောနေ.."
" နမ်းမိသွားတာကို နောင်တရနေတာလား "
" ရစရာလား..!"
ချက်ချင်းကြီးပြန်ဖြေလာတဲ့စကားကြောင့် jiminသဘောတကျရယ်မိပြန်သည်။ လမ်းလျှောက်နေရင်းပင် သူမကိုယ်လေးကို သူ့long coatထဲထည့်ကာ တင်းတင်းလေးဖက်ထားပေးတော့ သူမကိုယ်လေးဟာနွေးသိပ်နေခဲ့သည်။
" ဗိုက်ထဲက ဘေဘီလေး အေးနေမယ်..၊ လာ--လာ ဖေဖေက ဖက်ထားပေးမယ်။"
ထိုသို့ဆိုကာ သူမကိုပွေ့ရင်း သူမ့ပုခုံးပေါ်ကသူ့လက်ဟာ သူမ့ဗိုက်ဆီရောက်သွားပြီး နွေးနေအောင်ထွေးဖက်ပြန်သည်။
" အာ.. နေဦး။ "
" ဘာကိုလဲ jimin..."
" ကိုယ်ဖုန်းကျန်ခဲ့ပြီထင်တယ်။"
" ဟုတ်လား... ဆိုင်မပိတ်လောက်သေးဘူးဟုတ်။ အမြန်သွားယူကြမယ်လေ။"
" နေ-နေ ၊ ကိုယ်အမြန်သွားယူမှာမို့ Haeunကဒီမှာပဲစောင့်နေ။"
Jiminတစ်ယောက် သူမ့လည်ပင်းထက်က အနည်းငယ်ပြေနေတဲ့ မာဖလာအား သေချာပြန်ပတ်ပေးကာ လာခဲ့သည့်လမ်းအတိုင်းအပြေးပြန်သွားသည်။ သူမလည်း သူ့နောက်ကျောကိုကြည့်ရင်း ပြုံးပြုံးကြီးကျန်ခဲ့သည်။
" ပျော်လား..."
ဒီအသံပိုင်ရှင်.... သတိရနေခဲ့တာ။
" နတ်သားမူ...!"
မလှမ်းမကမ်းကနတ်သားမူကို အပြေးလေးထွေးဖက်တော့ နတ်သားမူက သူမ့ကျောပြင်လေးအား ခပ်ဖွဖွပုတ်လာသည်။
" ပျော်တာပေါ့ နတ်သားမူရဲ့။ အနည်းဆုံးတော့ သူ့ရဲ့ရင်သွေးလေးကိုကျွန်မမွေးပေးခဲ့ဖို့ အခွင့်အရေးလေးတစ်ခုတော့ ရခဲ့တယ်လေ။ "
" ပြီးရင်ကော...? မင်းအတွက်ကကော..? မင်းဘာဆက်လုပ်မှာလဲ။"
သူမအနည်းငယ်တွေဝေသွားသည်။
" ကျွန်မ... သေချာမသိဘူး။ သေချာတာတစ်ခုက ကျွန်မနောင်တရစရာမရှိတော့ဘူး။ ဒီတိုင်း jiminတစ်ယောက်တည်းအထီးကျန်ပြီး အဓိပ္ပာယ်မဲ့နေတာထက်စာရင် ကျွန်မ့ကိုယ်ပွားလေးကို သူ့အနားထားပေးနိုင်ခဲ့တာက သူ့အတွက်ပိုခံသာမလားပဲ..."
" အင်း...၊ အရာရာအဆင်ပြေဖို့ပဲမျှော်လင့်တယ် Haeun "
ပြောပြီးတာနဲ့လှည့်ပြန်သွားတဲ့နတ်သားမူကိုကြည့်ပြီး သူမတွေတွေကြီးရပ်ကျန်နေခဲ့သည်။
" Haeun... ကိုယ်မကြာဘူးဟုတ် "
အနားရောက်လာတဲ့jiminကို ခေါင်းညိတ်ပြပြီး သူ့ရဲ့လက်ကိုတွဲကိုင်ကာ ခြေလှမ်းတို့ကိုဆက်လိုက်သည်။
" ဒါနဲ့ လက်စွပ်က haeunဆီမှာရှိနေပါလား..."
Jiminသိထားတာက အိပ်မက်ထဲမှာ Haeunရှိတဲ့နတ်ပြည်ကိုရောက်သွားတုန်း လက်စွပ်ကိုhaeunဆီပေးခဲ့တာလေ.. အခုက ဘာလို့လဲ...။
" မဟုတ်မှလွဲရော... အဲ့နေ့တုန်းကဟာကို အိပ်မက်လို့ထင်နေတုန်းလား..."
" တ..တစ်ကယ်ကြီးလား..။ ဒါဆို ကိုယ်နတ်ပြည်ရောက်ခဲ့တာ တစ်ကယ်ပေါ့? နတ်သားနာမူဆိုတဲ့ ဦးလေးကြီးနဲ့ တွေ့ခဲ့တာကောလေ။"
" ဟင်း.. ရှင် အဲ့လိုဦးလေးကြီးလို့ ကျပ်ကျပ်ခေါ် သိလား။ ဟိုက ရှင့်ကိုလုပ်လိမ့်မယ်။ "
ထိုသို့ပြောပြီး အရှေ့ကနေထွက်သွားတဲ့သူမ့နောက်ကို သိချင်စိတ်တဖွားဖွားဖြင့်လိုက်ရပြန်သည်။
" ဒါဆို ဒါတွေက တစ်ကယ်ရှိနေတာပေါ့! ဟုတ်လားဟင်.."
" ဒါပေါ့..."
" ဝါး... တစ်ကယ်မိုက်တာပဲ..."
ထိုနေရာနဲ့ပတ်သတ်ပြီး မပြီးနိုင်တဲ့မေးခွန်းတွေကို တရစပ်မေးလာတဲ့jiminကြောင့် ရာသီဥတုအေးစိမ့်နေတဲ့ထိုညလေးမှာ သူမကတော့ နားပူခံခဲ့ရလေသည်...။
~~‹‹ 𑁍 ››~~
" တွေ့ရတာဝမ်းသာပါတယ် jung hoseok ssi..."
" ဟုတ်ကဲ့... တွေ့ရတာဝမ်းသာပါတယ်"
Namjoonပြောထားသည့်အတိုင်း cafe shopသို့ hoseokရောက်လာခဲ့သည်။ Haeunပါjiminနဲ့အတူလိုက်ခဲ့တာမို့ hoseokနဲ့တွေ့ဖြစ်အောင်တွေ့ခဲ့သေးသည်။ အမှန်ဆို လိုက်လာလို့တွေ့တယ်ဆိုတာထက် တွေ့ချင်လို့လိုက်လာတာဆို ပိုမှန်မှာ။
" ဒါနဲ့... ကျွန်တော်တို့ အရင်ကတွေ့ဖူးကြလားဟင်...။"
ဇဝေဇဝါနဲ့မေးလာတဲ့hoseokကိုကြည့်ပြီး အဖြစ်မှန်တွေပြောပြချင်သည်။ 'ရှင့်ကိုကယ်ခဲ့တဲ့နတ်သမီးက ကျွန်မပါ' ဆိုပြီးတော့လေ...။
ဒါပေမဲ့... ဘေးမှာ namjoonလည်းရှိနေတာမို့ မလိုလားအပ်တာတွေမပြောဖြစ်တော့အောင် သူမ,မသိသလိုဟန်ဆောင်လိုက်သည်။
" မပြောတတ်ဘူး... တွေ့ဖူးကြတာလဲ ဖြစ်နိုင်တာပဲ။ "
" ဟုတ်ပဗျာ... ကျွန်တော်က ခရီးတွေခနခနသွားနေရတာဆိုတော့ တစ်နေရာမှာတွေ့ဖူးကြတယ်ထင်ပါရဲ့...။ "
ခနလောက်တိတ်ဆိတ်သွားတဲ့သူမဟာ မျက်စိရှေ့ကကော်ဖီခွက်ကိုသာစေ့စေ့ကြည့်နေမိသည်။ ဒီမေးခွန်းကိုမေးလိုက်သင့်လားတွေးမိပြန်တော့ ရုတ်တရက်မို့အထူးဆန်းကြီးဖြစ်နေမှာလည်းစိုးပြန်သည်။
" ကောင်းကောင်းရှင်သန်နေတယ်ဟုတ်..."
" ဗျာ... ဘာကို..."
မေးခွန်းရဲ့အတိမ်အနက်ကိုနားမလည်တဲ့hoseokက ခွန်းတုံ့ပြန်မေးလာသည်။ ဒါက ဖြစ်သင့်ပါတယ်လေ...။
" Jiminပြောပြတယ် ၊ hoseok ssiက တစ်ခါကကားမတော်တဆဖြစ်ဖူးတယ်ဆိုလို့... ဒီအတိုင်းမေးကြည့်တာပါ။"
" အာ... ဟုတ်ကဲ့ ၊ အခုတော့ အဆင်ပြေနေပါပြီ ။"
" တော်ပါသေးတယ်။"
ဒီလိုသိရရင်ကျေနပ်ပါပြီ...။
Hoseokနဲ့စကားလက်ဆုံကျနေပြီးမှ ဘေးမှာထိုင်နေတဲ့jiminဘက်သို့လှည့်ကြည့်လေတော့... သူ့ရဲ့ ရှစ်ခေါက်ချိုးမျက်နှာဟာ ဘာကြောင့်များလဲရယ်လို့ အဓိပ္ပာယ်မပေါ်။
" Jimin ah..."
" ထိုင်နှင့်ဦး Haeun... ကိုယ်လုပ်စရာလေးတွေ သွားလုပ်ဦးမယ်။"
" အင်း..."
အဲ့ကနေစတာပဲ! လုပ်စရာတွေလုပ်ပြီးလို့ စကားသွားပြောတာတောင် အဖက်လှုပ်မခံရ။ တစ်ကယ်ဘာဖြစ်သွားတာတုန်း..?
အိမ်ပြန်ရောက်တဲ့ထိ တိတ်ဆိတ်နေတဲ့jiminကို သူမဒီတိုင်းဆက်ကြည့်မနေနိုင်တော့တာမို့ တည့်တိုးမေးရန်ဆုံးဖြတ်လိုက်သည်။
" ဘာဖြစ်နေတာလဲဆိုနေမှ.."
" ဘာကိုလဲ"
Haeunဝတ်ဖို့ရာ ဗီရိုထဲက သူ့ရှပ်အင်္ကျီပွပွကြီးတွေကိုရှာနေတဲ့jiminဟာ သူမ့အမေးအား အသက်မပါသလိုဖြေလာသည်။
" နေ့လည်တည်းက ဘာဖြစ်သွားတာတုန်းဆိုနေ..."
" ရော့... ဒါလေးဝတ်လိုက် ၊ ချည်သားဆိုတော့ ဘေဘီလေးလည်းသက်သောင့်သက်သာရှိလောက်တယ် ၊ မင်းရောပဲ...။ "
" သိချင်တာ ဒါမဟုတ်ဘူးလေ။"
" ဘာသိချင်တာတုန်း... မနက်ကလိုပဲနေလေ... မနက်ကလိုပဲ လူကိုပစ်ထားပေါ့။ ဘာလို့လာမေးနေသေးလဲ။ hoseok hyungနားမှာပဲ သွားနေလေ..။"
အာ... သိလိုက်ပြီ။ သူလေး သဝန်တိုနေတာပဲ။ အခုထိ သူမ့အချစ်တွေက ဘယ်လောက်အနှိုင်းမဲ့တယ်ဆိုတာ မသိသေးတဲ့jiminကြောင့် အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်။ သူမ့အတွက်ကို သူမကိုယ်တိုင်လျစ်လျူရှူကာ jiminအတွက်ပဲတွေးပြီးရွေးချယ်ခဲ့တာတောင်လေ။
ဘယ်လိုမဆို.. စိတ်ကောက်နေတဲ့ ချစ်ရသူကို စိတ်ကောက်ပြေအောင်ချော့ရဖို့က သူမ့တာဝန်!
အရင်ဆုံးဘာမှမပြောသေးဘဲ.. သူပေးတဲ့အင်္ကျီကိုယူကာ ကုတင်ခေါင်းရင်းဘက်ကိုသွားပြီး အင်္ကျီလဲဖို့ပြင်လိုက်သည်။ ထွေထွေထူးထူးမဟုတ်တာမို့ ရေချိုးခန်းထဲထိ ဝင်ပြီးလဲမနေတော့ပေ။
အောက်သို့ငုတ်ထားသော သူမမျက်ဝန်းတွေက ကုတင်ဘေးကခုံပုလေးဆီ အကြည့်ရောက်သွားသည်။ ခုံပုလေးပေါ်တင်ထားခဲ့တဲ့ ပန်းရောင်စာအုပ်လေး။ ဒီစာအုပ်ကို သူမ မှတ်မိပါသေးသည်။ ဒုတိယစာမျက်နှာမှာဆွဲထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံတူခဲဆွဲပန်းချီလေးကို အခုထိမေ့မရသေး။
[[ Note- ဒီစာအုပ်ကို haeunပထမဆုံးအကြိမ်တွေ့ဖူးတဲ့အပိုင်းက ep-10မှာပါပါတယ်။]]
" Jimin ah... ဒါ ဘယ်သူ့ပုံလဲဆိုတာ သိလို့ရမလားဟင်။"
သူမ့အမေးကြောင့် ကုတင်ခြေရင်းမှာ တဘတ်တစ်ထည်နဲ့အလုပ်ရှုပ်နေတဲ့jiminတစ်ယောက် လည်ပြန်လှည့်ကာကြည့်လာသည်။ စာအုပ်ကိုတွေ့တော့ သူမနားဆီ ခပ်သွက်သွက်လျှောက်လာတဲ့ သူ့ခြေလှမ်းတွေဟာ ပေါ့ပေါ့ပါးပါးနှင့်။
" ဒါ... ဟိုးအရင်တည်းက ကိုယ့်အိပ်မက်ထဲပေါ်လာနေကျ မိန်းကလေးတစ်ယောက်ရဲ့ပုံပါ"
" ဪ... အရင်ကတော့ Heejinပုံလို့ ထင်သွားသေးတာ။ ဒါပေမဲ့ heejinနဲ့ကလည်းတူမနေပြန်တော့.. မေ့မရတဲ့ ရည်းစားဟောင်းပုံတွေ၊ဘာတွေများလားပေါ့။"
မေးငေါ့ကာပြောလာတဲ့ သူမ့စကားတွေဟာ တမင်ကိုထိကပါး၊ရိကပါးနှင့်ရစ်သီနေမှန်းသိသာသည်။ ဒီအခြေအနေကိုမှ သဘောကျနေပြန်တဲ့ jiminရယ်ပါ။
သူတို့နှစ်ဦးက တစ်မျိုးပင်...၊ သဝန်တိုခံရတာကိုကြိုက်သည် ၊ အချော့ခံရတာကိုကြိုက်သလို ချော့မြူရတာကိုလည်းကြိုက်ကြသေးသည်။ အကြိုက်တူတဲ့သူတို့နှစ်ယောက်ရဲ့အပြုအမူတွေက အချင်းချင်းသဟဇာတဖြစ်ကြတယ်ဆိုမလားပဲ။
" အရူးမလေး... သေချာကြည့်ဦး။ ကိုယ့်ရုပ်ကိုတောင်မမှတ်မိတာ ဘယ်လိုကောင်မလေးပါလိမ့်။"
" ဟင်... ဒါကျွန်မလား.."
" မင်းလေးကသာ ကိုယ့်ကိုပစ်ထားရက်တာ..၊ ကိုယ့်မှာတော့ ဟိုးအရင်တည်းက haeunဆိုတဲ့အရူးမလေးကိုအိပ်မက်ထဲခနခနထည့်မက်နေခဲ့တာပဲ ၊ ပုံတူဆွဲနိုင်လောက်တဲ့အထိဆိုပါတော့။ စာအုပ်ထဲချဆွဲထားတဲ့ အိပ်မက်ထဲကကောင်မလေးကhaeunဆိုတာကို ကိုယ်လည်းမကြာသေးခင်ကမှရိပ်မိတာ...။"
ဘာမှ ပြန်မဖြေနိုင်ဘဲ ယောင်နနဖြစ်နေတဲ့haeunကြောင့် အသံထွက်သည်အထိjiminရယ်မိပြန်ပြီ။
" အံ့ဩသွားတာလား"
" အင်း... အိပ်မက်ကို အံ့ဩတာမဟုတ်ဘူး။ ကျွန်မ့ပုံကို ဒီလိုပုံဆိုးပန်းဆိုးဆွဲရက်တာကို အံ့ဩတာ။ အာ... ကျွန်မမျက်နှာလှလှလေးတော့ သွားပါပြီ။"
" ပုံဆိုးပန်းဆိုး!? ဒီမှာ အမိ!! ဒီပုံကိုဆွဲဖို့ အချိန်ဘယ်လောက်ပေးခဲ့ရသလဲ သိရဲ့လား "
မြင်ချင်တာ ဒီပုံ..! အခုနောက်ပ်ိုင်း အလျှော့ပေးတတ်လာတဲ့jiminထက် အရင်ကလို နှုတ်ခမ်းထော်ပြီး အသံတဆာဆာနှင့် ရန်တွေ့တတ်တဲ့jiminကိုလွမ်းလှသည်မို့ လှလွန်းတဲ့ပုံတူပန်းချီကိုတောင် ပုံဆိုးပန်းဆိုးဟုတမင်ပြောခဲ့ခြင်းပေ။
" အခု ဒီလိုတွေပြောနေပြီဆိုတော့ စိတ်ကောက်ပြေသွားတဲ့သဘောပေါ့နော်"
" ဘယ်သူကစိတ်ကောက်နေလို့လဲ"
" ရှင်လေးပဲ အခုနက သဝန်တိုပြီးစိတ်ကောက်နေတာလေ"
" ဟောလ်... တော်ပြီ။ ရေသွားချိုးတော့မယ်။ "
စိတ်ကောက်နေပြန်တဲ့ဒီအနှီကို ထပ်စချင်စိတ်ကထိန်းမရ!
" Park Jiminရေလို့..."
ကုတင်ပေါ်ထိုင်လျက်သား ခေါ်လိုက်လေတော့ jiminကနောက်ပြန်လှည့်ကြည့်လာသည်။
" ဘာလဲ... ရေအတူချိုးချင်လို့ ခေါ်တာလား။"
ထိုသို့ပြောပြီးတာနဲ့ jiminထံအရှိန်ပြင်းပြင်းနဲ့ဝဲပျံလာတဲ့ ခေါင်းအုံးနှစ်လုံး..။
" Park Jimin!!!"
~~~« ᪥ »~~~
Scroll down to another update episode ❤️.
April 2,2021
Friday
Zawgyi
" ပိန္သြားလိုက္တာ "
" အင္း...."
" ငိုေနတုန္းလား "
" ..... "
Haeunေပါင္ျပင္ထက္တြင္ ေခါင္းအုံးကာအိပ္ေနတဲ့jiminတစ္ေယာက္ haeunရဲ႕အေမးကိုမေျဖအား...။ လက္တင္ထားခဲ့ေသာ သူမ့ေပါင္တံျဖဴျဖဴအား ပိုတိုး၍ဖက္ကာ မ်က္ဝန္းေတြကိုေစ့ေစ့မွိတ္ရင္း အလြမ္းေျဖေနသည္။
အခုနတည္းက 'မထားခဲ့ပါနဲ႔ေတာ့' ဆိုတဲ့ တစ္ခုတည္းေသာစကားကိုထပ္ခါတလဲလဲေျပာရင္း ကတိေတြအထပ္ထပ္ေတာင္းေနတဲ့jiminဟာ ဝမ္းသာလို႔ဆိုၿပီး မ်က္ရည္ၾကည္ေတြက မ်က္ဝန္းလွလွေလးေတြဆီကေန စီးသြန္လာေသးတာ...။ ေပါင္ေပၚေခါင္းအုံးေစၿပီး ေခ်ာ့ထားရသည္မွာမၾကာေသး ၊ အခု ေပါင္သားေပၚကစိုစြတ္မႈေၾကာင့္သူငိုေနျပန္ၿပီဆိုတာ သူမသိလိုက္ၿပီ။
" အိုက္ဂူးး မ်က္ရည္လြယ္လိုက္တာ ဒီကေလးက.. မၾကာခင္ပဲ ကေလးအေဖျဖစ္ေတာ့မွာကို..."
စရင္းေနာက္ရင္း သူ႔ပါးေဖာင္းေဖာင္းျဖဴျဖဴေလးေပၚက မ်က္ရည္စီးေၾကာင္းကို လက္ဖဝါးႏွင့္ဝိုက္ခ်ကာ ဖိကပ္သုတ္လိုက္ၿပီး နီမြတ္ေနတဲ့ႏွာထိပ္ကို သူမ့လက္ညႇိဳးေလးနဲ႔ေတာက္လိုက္ေတာ့ မ်က္ျဖဴလွန္ၾကည့္လာတဲ့ Jimin..။ မေက်နပ္တဲ့ပုံနဲ႔ သူဟာ တစ္ခုခုကိုဘဝင္မက်သလိုႏွင့္ တစ္ကယ့္ဂ်စ္ေလး။
" အခု လူကိုကေလးလိုဆက္ဆံေနတာလား "
" ဟုတ္တယ္.... ရွင့္ကို ကေလးေလးလိုရင္ဝယ္ပိုက္ထားခ်င္တာ "
ထိုအခါ လွဲအိပ္ေနရာမွ ဆက္ကနဲထထိုင္ကာ သူမ့မ်က္ႏွာနားတိုးကပ္လာတဲ့jiminေၾကာင့္ haeunရင္ေတြအဆမတန္ခုန္ရျပန္ၿပီ။ Jiminနဲ႔ဘယ္ေလာက္ပင္ ထိေတြ႕ဖူးခဲ့ပါေစ ၊ နတ္သက္ေႂကြထားသလားေအာက္ေမ့ရတဲ့ ေႂကြမ်က္ႏွာလွလွေလးကို အနီးကပ္ျမင္ရတိုင္း သူမ့ႏွလုံးသားက မရင့္က်က္တတ္တဲ့အတိုင္း သိပ္ခုန္ျပေနသည္။
အခုလည္း သူမ့အနားကိုတျဖည္းျဖည္းတိုးကပ္လာတဲ့jiminရဲ႕ပါးႏွစ္ဖက္ကို လက္ဖဝါးႏွစ္ဖက္ျဖင့္ဖိကိုင္လိုက္ကာ စူထြက္လာတဲ့ႏႈတ္ခမ္းရဲရဲကို သူမႏႈတ္ခမ္းပါးႏွင့္ဖိကပ္နမ္းလိုက္သည္။
" ကေလးေလး... "
ထိုအခါ ႏႈတ္ခမ္းေထာင့္တစ္ဖက္ကၫႊန႔္က်သြားကာ ေခါင္းတညိတ္ညိတ္ျဖင့္ ခပ္ေယးေယးၿပဳံးလာတဲ့jiminက သိပ္ေခ်ာေနျပန္သည္။
" ကေလးေလးက ေဟာဒီ့ထဲကို ေဘဘီေလးတစ္ေယာက္လုံးထည့္ေပးႏိုင္တယ္ဆိုတာ ေတာ္ေတာ္ဆန္းၾကယ္တာပဲ..."
သူမရဲ႕ျပားခ်ပ္ေနဆဲဗိုက္သားျပင္ကို သူ႔လက္ဖဝါးနဲ႔ပြတ္သပ္ကာေျပာေတာ့ သူမရဲ႕လက္နဲ႔သူ႔ေက်ာျပင္ဟာ ခ်က္ခ်င္းဆိုသလိုအပ္သြားသည္။
" အ့... ႐ိုက္တယ္ဟ "
" လုပ္သတ္ပစ္ရမွာ ၊ ဘာေတြလာေျပာေနမွန္းမွမသိဘဲ "
" ကိုယ့္မိန္းမေလးက ရွက္ေနတာလား"
" ကြၽန္မက အရွက္ရွိေတာ့ရွက္တတ္တယ္။ ရွင္ကသာ အရွက္မရွိတာ။ "
တစ္ခြန္းမက်န္ ပက္ကနဲပက္ကနဲေျပာၿပီး ကုတင္ေပၚထိုင္ေနရာမွ တင္ႂကြကာထမည္ႀကံေတာ့ jiminသူမ့လက္ေကာက္ဝတ္ေသးေသးေလးကို အားပါပါဆြဲကာ သူ႔ရင္ခြင္က်ယ္ထဲၿပိဳဆင္းေစသည္။
" အရွက္မရွိဘူးလို႔အထင္ခံလက္စနဲ႔ တစ္ကယ္ခြၽတ္ျပလိုက္ရမလား "
မဲ့ၿပဳံး,ၿပဳံးကာေျပာလာတဲ့jiminက ဆြဲကုတ္ပစ္ခ်င္စရာေကာင္းေပမဲ့ အေျပာနဲ႔အလုပ္ကညီေသးတာမို႔ ေၾကာက္ရတာေတာ့အမွန္။
" ရွင္.. ဘာလုပ္ ! သြား... လူဆိုးေကာင္ ၊ လႊတ္ အခု "
" မလႊတ္ဘူး "
သေႏၶသားေလးတည္ေနတဲ့ သူမရဲ႕ဗိုက္ခ်ပ္ခ်ပ္အား ငုတ္ငုတ္နမ္းၿပီး jiminလက္တစ္ဖက္ကလည္း သူမ့ခါးနဲ႔ဂုတ္ပိုးနားကို မထိတထိစျပန္ေတာ့ ယားက်ိက်ိခံစားခ်က္ကို အံမတုႏိုင္တဲ့သူမဟာ jiminကိုယ္ေပၚမွာတင္ ထြန႔္ထြန႔္ကိုလူးလို႔။
" Yarr.. park jimin ေတာ္ေတာ့လို႔...၊ အူတက္ကုန္မယ္ "
အနားမေပးစတမ္း ကလိထိုးေနတဲ့jiminေၾကာင့္ ရယ္သံစြတ္ေနတဲ့သူမ့စကားေတြဟာ ဗလုံးဗေထြးျဖစ္ကုန္ၿပီ။
" ဒါဆို ခ်စ္တယ္လို႔ေျပာ "
" ခ်စ္တယ္ ခ်စ္တယ္ အမ်ားႀကီးခ်စ္တယ္ ၊ ဟိ.. လႊတ္ေပးေတာ့ဆိုေန "
ထိုအခါမွ ခါးဆီမွာအလုပ္ရႈပ္ေနတဲ့ jiminလက္တို႔ကရပ္တန႔္သြားၿပီး သူမ့ခါးသိမ္သိမ္ကို ေထြးဖက္လာသည္။ အခုအေျခအေနက... ေႏြးေထြးလြန္းတဲ့သူ႔ရင္ခြင္ထဲ နားခိုေနတဲ့ သူမ့ေက်ာျပင္ငယ္ေလးက လုံၿခဳံလြန္းလွသည္။
" အ႐ူး... ခါတိုင္းက်ခ်စ္တယ္လို႔မေျပာဖူးတဲ့အတိုင္းပဲ..."
" သိတယ္... ဒီတိုင္းရစ္ခ်င္လို႔ "
သူမ့ပုခုံးေပၚတြင္ jiminမ်က္ႏွာအပ္လိုက္ၿပီး ပုခုံးသားေတြကိုခပ္ျပင္းျပင္းေလးနမ္းရႈံ႕ကာ စကားတို႔ဆက္သည္။
" ဒါနဲ႔ အခုန အ႐ူးလို႔ေခၚလိုက္တာလား"
ရင္ခြင္ထဲက အႏွီကိုငုတ္ၾကည့္ရင္းေမးေတာ့ သူမေလးကဘာမွျပန္မေျဖဘဲ တခစ္ခစ္နဲ႔က်ိတ္ပုန္းရယ္ေနတာမို႔ သူကပါၿပဳံးမိျပန္ၿပီ။ ဒီေကာက္ေတးေလးကို ထပ္စခ်င္စိတ္ကလည္း တဖြားဖြားေပၚလာျပန္သည္။
" ေနာက္တစ္ခါ ဒါမ်ိဳးမေျပာႏိုင္ေအာင္ လုပ္ပစ္ရမွထင္တယ္"
" ဘာကို.."
မ်က္ဝန္းေတြက ေပကလပ္ျပဳကာေမးလာတဲ့သူမကို လိုတာထက္ပိုတင္းက်ပ္ေအာင္ဖက္လိုက္ၿပီး အထိမခံႏိုင္ေအာင္ယားလွပါခ်ည္ရဲ႕ဆိုတဲ့ သူမရဲ႕ဂုတ္ပိုးကို သူ႔ႏႈတ္ခမ္းလုံးလုံးေတြနဲ႔ထပ္ဖိကပ္ျပန္သည္။
" ဒီလိုေလ...."
" အဟား... Park Jimin... မလုပ္နဲ႔ေတာ့ဆိုေန "
အခန္းငယ္ေလးထဲ ရယ္သံေတြကတျဖဴးျဖဴးပ်ံ႕ႏွံ႔ေနသေလာက္ကို ထိုေန႔က ရာသီဥတုေလးကလည္း အင္မတန္သာယာခဲ့သည္။ အစမခံတဲ့ခ်စ္ရသူကို တရစပ္စေနာက္ေနရသည္မွာလည္း အရသာတစ္ခုျဖစ္၏။
ဒီရယ္သံေတြကို ဗိုက္ထဲက ကေလးငယ္ေလးသာၾကားခဲ့မယ္ဆိုလည္း ေဖေဖတို႔နဲ႔အတူ မေမာတမ္းရယ္လိုက္စမ္းပါ...။
အၾကာႀကီးေနမွ ျပန္ရလိုက္တဲ့ေပ်ာ္႐ႊင္မႈက အနားမွာ သူမ ရွိလို႔သာ...။
~~‹‹ 𑁍 ››~~
" ေနာက္ဆုံးေတာ့ မင္းတို႔ျပန္တည့္သြားၿပီေပါ့.."
ေနရာကား အသားကင္နံ႔တေထာင္းေထာင္းႏွင့္ ဆိုဂ်ဴဝိုင္းေလးတြင္ျဖစ္သည္။ အခုဆို jiminတစ္ေယာက္ဆိုးလ္ပင္ျပန္ေရာက္ေနၿပီျဖစ္သည္။ Haeunကလူသားတစ္ေယာက္လိုေနထိုင္ခြင့္ရေနၿပီမို႔ namjoon hyungတို႔နဲ႔မိတ္ဆက္ေပးဖို႔ရာ အခုလိုစီစဥ္လိုက္ျခင္းျဖစ္သည္။ သမီးရည္းစားအေနနဲ႔သာ အသိေပးဦးမည္ ၊ ကိုယ္ဝန္ကိစၥနဲ႔ လက္ထပ္ထားတဲ့ကိစၥက သူတို႔အတြက္အသိခံဖို႔အဆင္သင့္မျဖစ္ေသးတာမို႔လည္းပါသည္။
အခုလည္း Namjoon hyungရဲ႕အေမးကိုေျဖဖို႔က ရယ္ရခက္ ၊ ငိုရခက္ႀကီး...၊ ၊
" ျပန္တည့္သြားၿပီ namjoon sii.."
ဒါေလး ေျဖဖို႔ကိုပင္တြန႔္ေနတဲ့jiminအစား haeunကဝင္ေျဖေပးရျခင္းျဖစ္သည္။ အမွန္ဆို namjoonကသာ haeunကိုအခုမွေတြ႕ဖူးတာဆိုေပမဲ့ ၊ namjoonဆိုတာ သူမအတြက္ေတာ့ မစိမ္းေတာ့တဲ့သူတစ္ေယာက္ဆိုလည္းမမွား...။ ဒါေၾကာင့္ စကားေျပာတဲ့ေနရာမွာ အရမ္းရင္းႏွီးတဲ့ပုံဖမ္းေနရင္လည္းမျဖစ္တာမို႔ အေျပာအဆိုခ်ဳပ္တည္းရတာ နဲနဲေတာ့ခက္သား။
" ဒါဆို jimin oppaလက္ရွိတြဲေနတဲ့ ေကာင္မေလးဆိုတာ ဒီက haeunေပါ့..."
" ကေလး... unnieလို႔ေခၚရမယ္ေလ"
Haeunအားဘုၾကည့္ၾကည့္ကာေျပာေနတဲ့ heejinေၾကာင့္ ေဘးကnamjoonတစ္ေယာက္ ေခါင္းပူေနရၿပီ။ သူ႔ေကာင္မေလးက တစ္ကယ့္ ဆိုးေပတူး..!
" ဟုတ္...၊
ေနာက္ဆို ဆင္ျခင္ပါ့မယ္ haeun unnie...။ "
ဒီလိုဆိုေတာ့လည္း haeunအတြက္ heejinကခ်စ္ဖို႔ေကာင္းေနျပန္ေရာ..။ ေနာက္ဆို heejinနဲ႔ဒီထက္ပိုေကာင္းတဲ့ဆက္ဆံေရးကိုရလာမယ္လို႔ သူမယုံၾကည္သည္။
" ကဲ..ကဲ အသားကင္ေတြ ပူတုန္းစားၾကတာေပါ့ "
သူမတို႔ႏွစ္ေယာက္ရဲ႕စကားဝိုင္းကိုအဆုံးသတ္လိုက္တဲ့jiminက ခ်က္ခ်င္းဆိုသလို haeunရဲ႕ခြက္ထဲသို႔ ဆိုဂ်ဴငွဲ႔လာသည္။ အဲ့မွာ ေသတာပဲ..!! Haeunမွ ဆိုဂ်ဳမေသာက္တတ္တာ...။
" Jimin ah... ကြၽန္မဆိုဂ်ဴမေသာက္ဘူးေလ။ "
Haeunရဲ႕စကားေၾကာင့္ heejinမွာ ေသာက္လက္စဆိုဂ်ဴပါ သီးရတဲ့အထိျဖစ္သြားသည္။
" ဘယ္လို... ဘယ္လို? Unnieက ဆိုဂ်ဴမေသာက္တတ္ဘူးေပါ့။ "
ခြက္ထိုးလန္ရယ္ခ်လာတဲ့heejinကိုၾကည့္ၿပီး အေၾကာင္းရင္းကိုသိသလိုလိုရွိလာတဲ့ namjoonနဲ႔jimin..။
" ဘာျဖစ္လို႔လဲဟင္ heejin ssi "
" ဆိုဂ်ဴနဲ႔လက္ထပ္ထားသလားေအာက္ေမ့ရတဲ့jimin oppaနဲ႔ေတာ့ ဟုတ္ေနၿပီ။ "
" ဪ... ဒါလား...၊ ဟုတ္သား.. jiminအရက္မူးလာရင္ေလ ကြၽန္မကို လူဆိုးမဆိုၿပီး...."
" Haeun ah... ဒီအမဲသားကင္စားၾကည့္..!"
Haeunတစ္ေယာက္ ေျပာလက္စပင္မၿပီးေသး ၊ jiminရဲ႕လွ်ပ္တျပတ္အလ်င္မွာ အမဲသားျပားနဲ႔ႏႈတ္ပိတ္ျခင္းခံလိုက္ရသည္။
" ဟ...
ဒါနဲ႔ unnieေရ...၊ Jimin oppaမလိမၼာတာရွိရင္ namjoon oppaကိုသာတိုင္ပစ္ ေနာ္။ "
" ဟုတ္ၿပီ heejin.. "
ႏွစ္ေယာက္သားအတိုင္အေဖာက္ညီေနတဲ့haeunနဲ႔heejinကိုၾကည့္ၿပီး လက္ေျမာက္အရႈံးေပးလိုက္ရတဲ့အျဖစ္ေပ။ ဒီႏွစ္ေယာက္သာအၿမဲဆုံေနရင္ jiminတို႔ ထြက္ေပါက္ေပ်ာက္လိုက္မဲ့ျဖစ္ျခင္းကိုေတြးရင္းေတြးရင္း သက္ျပင္းသာအခါခါခ်ေနမိသည္။ မလြယ္စိန္ေတြ...၊ ၊
" ဒါနဲ႔ မနက္ျဖန္ hoseok ဆိုင္ကိုအလည္လာလိမ့္မယ္jimin..။ ဆိုးလ္ကိုအလုပ္ကိစၥနဲ႔ေရာက္ေနတာမလို႔တဲ့။ "
" အာ.. ဟုတ္လား။ Hoseok hyungနဲ႔မေတြ႕တာေတာင္ၾကာၿပီ။ "
Namjoonနဲ႔jiminရဲ႕စကားကိုၾကားၿပီး haeunစိတ္ေလာေနမိသည္။ Hoseokဆိုတာ သူမ ပထမဆုံးကယ္တင္ဖူးတဲ့အသက္တစ္ေခ်ာင္းရဲ႕ပိုင္ရွင္မို႔ ေကာင္းေကာင္းရွင္သန္ေနရဲ႕လားဆိုၿပီး တစ္ခါေလာက္ျဖစ္ျဖစ္ လူခ်င္းေတြ႕ကာ ေမးခ်င္တာမို႔လည္းပါသည္။
ဒီလိုနဲ႔ သူတို႔ေလးေယာက္ရဲ႕ dual dateေလးဟာလည္း လွလွပပႏွင့္ေကာင္းေကာင္းအဆုံးသတ္သြားသည္။
Namjoonတို႔ကိုႏႈတ္ဆက္ၿပီးတာနဲ႔ jiminနဲ႔haeunတို႔ ကြန္ဒိုဆီလမ္းေလွ်ာက္ျပန္ခဲ့ၾကသည္။ ညဦးယံခါမို႔ ေကာင္းကင္ထက္တြင္ လမင္းႀကီးကထိန္ထိန္သာေနသည္။
" Jimin ah.. မွတ္မိေသးလား..။ ရွင္ကြၽန္မကိုပထမဆုံးနမ္းခဲ့တာက အခုလို လသာတဲ့ညမွာပဲေလ...။ "
" အမ္... ဟုတ္ပါ့မလား "
Jiminစကားေၾကာင့္ သူမ ေျခလွမ္းေတြရပ္တန႔္သြားသည္။
" ဘာကိုလဲ။ ရွင္ကမမွတ္မိတာလား။ "
" မွတ္မိတာေပါ့ haeunရဲ႕။ ကိုယ္ေျပာခ်င္တာက ကိုယ္တို႔ရဲ႕ first kissက အဲ့ညကဆိုတာ ေသခ်ာရဲ႕လား။ ကိုယ္မွတ္မိသေလာက္ဆို... ကြန္ဒိုမွာမ်ားလားလို႔။ ဒီက သရဲမေလးက စနမ္းခဲ့တာေလ။ "
" သရဲမ မဟုတ္ပါဘူးေနာ္။ ၿပီးေတာ့ အဲ့တုန္းက တမင္နမ္းခဲ့တာမွမဟုတ္ဘဲ။ ဘာလို႔ ဒါကိုပဲေျပာေန.."
" နမ္းမိသြားတာကို ေနာင္တရေနတာလား "
" ရစရာလား..!"
ခ်က္ခ်င္းႀကီးျပန္ေျဖလာတဲ့စကားေၾကာင့္ jiminသေဘာတက်ရယ္မိျပန္သည္။ လမ္းေလွ်ာက္ေနရင္းပင္ သူမကိုယ္ေလးကို သူ႔long coatထဲထည့္ကာ တင္းတင္းေလးဖက္ထားေပးေတာ့ သူမကိုယ္ေလးဟာေႏြးသိပ္ေနခဲ့သည္။
" ဗိုက္ထဲက ေဘဘီေလး ေအးေနမယ္..၊ လာ--လာ ေဖေဖက ဖက္ထားေပးမယ္။"
ထိုသို႔ဆိုကာ သူမကိုေပြ႕ရင္း သူမ့ပုခုံးေပၚကသူ႔လက္ဟာ သူမ့ဗိုက္ဆီေရာက္သြားၿပီး ေႏြးေနေအာင္ေထြးဖက္ျပန္သည္။
" အာ.. ေနဦး။ "
" ဘာကိုလဲ jimin..."
" ကိုယ္ဖုန္းက်န္ခဲ့ၿပီထင္တယ္။"
" ဟုတ္လား... ဆိုင္မပိတ္ေလာက္ေသးဘူးဟုတ္။ အျမန္သြားယူၾကမယ္ေလ။"
" ေန-ေန ၊ ကိုယ္အျမန္သြားယူမွာမို႔ Haeunကဒီမွာပဲေစာင့္ေန။"
Jiminတစ္ေယာက္ သူမ့လည္ပင္းထက္က အနည္းငယ္ေျပေနတဲ့ မာဖလာအား ေသခ်ာျပန္ပတ္ေပးကာ လာခဲ့သည့္လမ္းအတိုင္းအေျပးျပန္သြားသည္။ သူမလည္း သူ႔ေနာက္ေက်ာကိုၾကည့္ရင္း ၿပဳံးၿပဳံးႀကီးက်န္ခဲ့သည္။
" ေပ်ာ္လား..."
ဒီအသံပိုင္ရွင္.... သတိရေနခဲ့တာ။
" နတ္သားမူ...!"
မလွမ္းမကမ္းကနတ္သားမူကို အေျပးေလးေထြးဖက္ေတာ့ နတ္သားမူက သူမ့ေက်ာျပင္ေလးအား ခပ္ဖြဖြပုတ္လာသည္။
" ေပ်ာ္တာေပါ့ နတ္သားမူရဲ႕။ အနည္းဆုံးေတာ့ သူ႔ရဲ႕ရင္ေသြးေလးကိုကြၽန္မေမြးေပးခဲ့ဖို႔ အခြင့္အေရးေလးတစ္ခုေတာ့ ရခဲ့တယ္ေလ။ "
" ၿပီးရင္ေကာ...? မင္းအတြက္ကေကာ..? မင္းဘာဆက္လုပ္မွာလဲ။"
သူမအနည္းငယ္ေတြေဝသြားသည္။
" ကြၽန္မ... ေသခ်ာမသိဘူး။ ေသခ်ာတာတစ္ခုက ကြၽန္မေနာင္တရစရာမရွိေတာ့ဘူး။ ဒီတိုင္း jiminတစ္ေယာက္တည္းအထီးက်န္ၿပီး အဓိပၸာယ္မဲ့ေနတာထက္စာရင္ ကြၽန္မ့ကိုယ္ပြားေလးကို သူ႔အနားထားေပးႏိုင္ခဲ့တာက သူ႔အတြက္ပိုခံသာမလားပဲ..."
" အင္း...၊ အရာရာအဆင္ေျပဖို႔ပဲေမွ်ာ္လင့္တယ္ Haeun "
ေျပာၿပီးတာနဲ႔လွည့္ျပန္သြားတဲ့နတ္သားမူကိုၾကည့္ၿပီး သူမေတြေတြႀကီးရပ္က်န္ေနခဲ့သည္။
" Haeun... ကိုယ္မၾကာဘူးဟုတ္ "
အနားေရာက္လာတဲ့jiminကို ေခါင္းညိတ္ျပၿပီး သူ႔ရဲ႕လက္ကိုတြဲကိုင္ကာ ေျခလွမ္းတို႔ကိုဆက္လိုက္သည္။
" ဒါနဲ႔ လက္စြပ္က haeunဆီမွာရွိေနပါလား..."
Jiminသိထားတာက အိပ္မက္ထဲမွာ Haeunရွိတဲ့နတ္ျပည္ကိုေရာက္သြားတုန္း လက္စြပ္ကိုhaeunဆီေပးခဲ့တာေလ.. အခုက ဘာလို႔လဲ...။
" မဟုတ္မွလြဲေရာ... အဲ့ေန႔တုန္းကဟာကို အိပ္မက္လို႔ထင္ေနတုန္းလား..."
" တ..တစ္ကယ္ႀကီးလား..။ ဒါဆို ကိုယ္နတ္ျပည္ေရာက္ခဲ့တာ တစ္ကယ္ေပါ့? နတ္သားနာမူဆိုတဲ့ ဦးေလးႀကီးနဲ႔ ေတြ႕ခဲ့တာေကာေလ။"
" ဟင္း.. ရွင္ အဲ့လိုဦးေလးႀကီးလို႔ က်ပ္က်ပ္ေခၚ သိလား။ ဟိုက ရွင့္ကိုလုပ္လိမ့္မယ္။ "
ထိုသို႔ေျပာၿပီး အေရွ႕ကေနထြက္သြားတဲ့သူမ့ေနာက္ကို သိခ်င္စိတ္တဖြားဖြားျဖင့္လိုက္ရျပန္သည္။
" ဒါဆို ဒါေတြက တစ္ကယ္ရွိေနတာေပါ့! ဟုတ္လားဟင္.."
" ဒါေပါ့..."
" ဝါး... တစ္ကယ္မိုက္တာပဲ..."
ထိုေနရာနဲ႔ပတ္သတ္ၿပီး မၿပီးႏိုင္တဲ့ေမးခြန္းေတြကို တရစပ္ေမးလာတဲ့jiminေၾကာင့္ ရာသီဥတုေအးစိမ့္ေနတဲ့ထိုညေလးမွာ သူမကေတာ့ နားပူခံခဲ့ရေလသည္...။
~~‹‹ 𑁍 ››~~
" ေတြ႕ရတာဝမ္းသာပါတယ္ jung hoseok ssi..."
" ဟုတ္ကဲ့... ေတြ႕ရတာဝမ္းသာပါတယ္"
Namjoonေျပာထားသည့္အတိုင္း cafe shopသို႔ hoseokေရာက္လာခဲ့သည္။ Haeunပါjiminနဲ႔အတူလိုက္ခဲ့တာမို႔ hoseokနဲ႔ေတြ႕ျဖစ္ေအာင္ေတြ႕ခဲ့ေသးသည္။ အမွန္ဆို လိုက္လာလို႔ေတြ႕တယ္ဆိုတာထက္ ေတြ႕ခ်င္လို႔လိုက္လာတာဆို ပိုမွန္မွာ။
" ဒါနဲ႔... ကြၽန္ေတာ္တို႔ အရင္ကေတြ႕ဖူးၾကလားဟင္...။"
ဇေဝဇဝါနဲ႔ေမးလာတဲ့hoseokကိုၾကည့္ၿပီး အျဖစ္မွန္ေတြေျပာျပခ်င္သည္။ 'ရွင့္ကိုကယ္ခဲ့တဲ့နတ္သမီးက ကြၽန္မပါ' ဆိုၿပီးေတာ့ေလ...။
ဒါေပမဲ့... ေဘးမွာ namjoonလည္းရွိေနတာမို႔ မလိုလားအပ္တာေတြမေျပာျဖစ္ေတာ့ေအာင္ သူမ,မသိသလိုဟန္ေဆာင္လိုက္သည္။
" မေျပာတတ္ဘူး... ေတြ႕ဖူးၾကတာလဲ ျဖစ္ႏိုင္တာပဲ။ "
" ဟုတ္ပဗ်ာ... ကြၽန္ေတာ္က ခရီးေတြခနခနသြားေနရတာဆိုေတာ့ တစ္ေနရာမွာေတြ႕ဖူးၾကတယ္ထင္ပါရဲ႕...။ "
ခနေလာက္တိတ္ဆိတ္သြားတဲ့သူမဟာ မ်က္စိေရွ႕ကေကာ္ဖီခြက္ကိုသာေစ့ေစ့ၾကည့္ေနမိသည္။ ဒီေမးခြန္းကိုေမးလိုက္သင့္လားေတြးမိျပန္ေတာ့ ႐ုတ္တရက္မို႔အထူးဆန္းႀကီးျဖစ္ေနမွာလည္းစိုးျပန္သည္။
" ေကာင္းေကာင္းရွင္သန္ေနတယ္ဟုတ္..."
" ဗ်ာ... ဘာကို..."
ေမးခြန္းရဲ႕အတိမ္အနက္ကိုနားမလည္တဲ့hoseokက ခြန္းတုံ႔ျပန္ေမးလာသည္။ ဒါက ျဖစ္သင့္ပါတယ္ေလ...။
" Jiminေျပာျပတယ္ ၊ hoseok ssiက တစ္ခါကကားမေတာ္တဆျဖစ္ဖူးတယ္ဆိုလို႔... ဒီအတိုင္းေမးၾကည့္တာပါ။"
" အာ... ဟုတ္ကဲ့ ၊ အခုေတာ့ အဆင္ေျပေနပါၿပီ ။"
" ေတာ္ပါေသးတယ္။"
ဒီလိုသိရရင္ေက်နပ္ပါၿပီ...။
Hoseokနဲ႔စကားလက္ဆုံက်ေနၿပီးမွ ေဘးမွာထိုင္ေနတဲ့jiminဘက္သို႔လွည့္ၾကည့္ေလေတာ့... သူ႔ရဲ႕ ရွစ္ေခါက္ခ်ိဳးမ်က္ႏွာဟာ ဘာေၾကာင့္မ်ားလဲရယ္လို႔ အဓိပၸာယ္မေပၚ။
" Jimin ah..."
" ထိုင္ႏွင့္ဦး Haeun... ကိုယ္လုပ္စရာေလးေတြ သြားလုပ္ဦးမယ္။"
" အင္း..."
အဲ့ကေနစတာပဲ! လုပ္စရာေတြလုပ္ၿပီးလို႔ စကားသြားေျပာတာေတာင္ အဖက္လႈပ္မခံရ။ တစ္ကယ္ဘာျဖစ္သြားတာတုန္း..?
အိမ္ျပန္ေရာက္တဲ့ထိ တိတ္ဆိတ္ေနတဲ့jiminကို သူမဒီတိုင္းဆက္ၾကည့္မေနႏိုင္ေတာ့တာမို႔ တည့္တိုးေမးရန္ဆုံးျဖတ္လိုက္သည္။
" ဘာျဖစ္ေနတာလဲဆိုေနမွ.."
" ဘာကိုလဲ"
Haeunဝတ္ဖို႔ရာ ဗီ႐ိုထဲက သူ႔ရွပ္အက်ႌပြပြႀကီးေတြကိုရွာေနတဲ့jiminဟာ သူမ့အေမးအား အသက္မပါသလိုေျဖလာသည္။
" ေန႔လည္တည္းက ဘာျဖစ္သြားတာတုန္းဆိုေန..."
" ေရာ့... ဒါေလးဝတ္လိုက္ ၊ ခ်ည္သားဆိုေတာ့ ေဘဘီေလးလည္းသက္ေသာင့္သက္သာရွိေလာက္တယ္ ၊ မင္းေရာပဲ...။ "
" သိခ်င္တာ ဒါမဟုတ္ဘူးေလ။"
" ဘာသိခ်င္တာတုန္း... မနက္ကလိုပဲေနေလ... မနက္ကလိုပဲ လူကိုပစ္ထားေပါ့။ ဘာလို႔လာေမးေနေသးလဲ။ hoseok hyungနားမွာပဲ သြားေနေလ..။"
အာ... သိလိုက္ၿပီ။ သူေလး သဝန္တိုေနတာပဲ။ အခုထိ သူမ့အခ်စ္ေတြက ဘယ္ေလာက္အႏႈိင္းမဲ့တယ္ဆိုတာ မသိေသးတဲ့jiminေၾကာင့္ အနည္းငယ္ေတာ့စိတ္မေကာင္းျဖစ္မိသည္။ သူမ့အတြက္ကို သူမကိုယ္တိုင္လ်စ္လ်ဴရႉကာ jiminအတြက္ပဲေတြးၿပီးေ႐ြးခ်ယ္ခဲ့တာေတာင္ေလ။
ဘယ္လိုမဆို.. စိတ္ေကာက္ေနတဲ့ ခ်စ္ရသူကို စိတ္ေကာက္ေျပေအာင္ေခ်ာ့ရဖို႔က သူမ့တာဝန္!
အရင္ဆုံးဘာမွမေျပာေသးဘဲ.. သူေပးတဲ့အက်ႌကိုယူကာ ကုတင္ေခါင္းရင္းဘက္ကိုသြားၿပီး အက်ႌလဲဖို႔ျပင္လိုက္သည္။ ေထြေထြထူးထူးမဟုတ္တာမို႔ ေရခ်ိဳးခန္းထဲထိ ဝင္ၿပီးလဲမေနေတာ့ေပ။
ေအာက္သို႔ငုတ္ထားေသာ သူမမ်က္ဝန္းေတြက ကုတင္ေဘးကခုံပုေလးဆီ အၾကည့္ေရာက္သြားသည္။ ခုံပုေလးေပၚတင္ထားခဲ့တဲ့ ပန္းေရာင္စာအုပ္ေလး။ ဒီစာအုပ္ကို သူမ မွတ္မိပါေသးသည္။ ဒုတိယစာမ်က္ႏွာမွာဆြဲထားတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ပုံတူခဲဆြဲပန္းခ်ီေလးကို အခုထိေမ့မရေသး။
[[ Note- ဒီစာအုပ္ကို haeunပထမဆုံးအႀကိမ္ေတြ႕ဖူးတဲ့အပိုင္းက ep-10မွာပါပါတယ္။]]
" Jimin ah... ဒါ ဘယ္သူ႔ပုံလဲဆိုတာ သိလို႔ရမလားဟင္။"
သူမ့အေမးေၾကာင့္ ကုတင္ေျခရင္းမွာ တဘတ္တစ္ထည္နဲ႔အလုပ္ရႈပ္ေနတဲ့jiminတစ္ေယာက္ လည္ျပန္လွည့္ကာၾကည့္လာသည္။ စာအုပ္ကိုေတြ႕ေတာ့ သူမနားဆီ ခပ္သြက္သြက္ေလွ်ာက္လာတဲ့ သူ႔ေျခလွမ္းေတြဟာ ေပါ့ေပါ့ပါးပါးႏွင့္။
" ဒါ... ဟိုးအရင္တည္းက ကိုယ့္အိပ္မက္ထဲေပၚလာေနက် မိန္းကေလးတစ္ေယာက္ရဲ႕ပုံပါ"
" ဪ... အရင္ကေတာ့ Heejinပုံလို႔ ထင္သြားေသးတာ။ ဒါေပမဲ့ heejinနဲ႔ကလည္းတူမေနျပန္ေတာ့.. ေမ့မရတဲ့ ရည္းစားေဟာင္းပုံေတြ၊ဘာေတြမ်ားလားေပါ့။"
ေမးေငါ့ကာေျပာလာတဲ့ သူမ့စကားေတြဟာ တမင္ကိုထိကပါး၊ရိကပါးႏွင့္ရစ္သီေနမွန္းသိသာသည္။ ဒီအေျခအေနကိုမွ သေဘာက်ေနျပန္တဲ့ jiminရယ္ပါ။
သူတို႔ႏွစ္ဦးက တစ္မ်ိဳးပင္...၊ သဝန္တိုခံရတာကိုႀကိဳက္သည္ ၊ အေခ်ာ့ခံရတာကိုႀကိဳက္သလို ေခ်ာ့ျမဴရတာကိုလည္းႀကိဳက္ၾကေသးသည္။ အႀကိဳက္တူတဲ့သူတို႔ႏွစ္ေယာက္ရဲ႕အျပဳအမူေတြက အခ်င္းခ်င္းသဟဇာတျဖစ္ၾကတယ္ဆိုမလားပဲ။
" အ႐ူးမေလး... ေသခ်ာၾကည့္ဦး။ ကိုယ့္႐ုပ္ကိုေတာင္မမွတ္မိတာ ဘယ္လိုေကာင္မေလးပါလိမ့္။"
" ဟင္... ဒါကြၽန္မလား.."
" မင္းေလးကသာ ကိုယ့္ကိုပစ္ထားရက္တာ..၊ ကိုယ့္မွာေတာ့ ဟိုးအရင္တည္းက haeunဆိုတဲ့အ႐ူးမေလးကိုအိပ္မက္ထဲခနခနထည့္မက္ေနခဲ့တာပဲ ၊ ပုံတူဆြဲႏိုင္ေလာက္တဲ့အထိဆိုပါေတာ့။ စာအုပ္ထဲခ်ဆြဲထားတဲ့ အိပ္မက္ထဲကေကာင္မေလးကhaeunဆိုတာကို ကိုယ္လည္းမၾကာေသးခင္ကမွရိပ္မိတာ...။"
ဘာမွ ျပန္မေျဖႏိုင္ဘဲ ေယာင္နနျဖစ္ေနတဲ့haeunေၾကာင့္ အသံထြက္သည္အထိjiminရယ္မိျပန္ၿပီ။
" အံ့ဩသြားတာလား"
" အင္း... အိပ္မက္ကို အံ့ဩတာမဟုတ္ဘူး။ ကြၽန္မ့ပုံကို ဒီလိုပုံဆိုးပန္းဆိုးဆြဲရက္တာကို အံ့ဩတာ။ အာ... ကြၽန္မမ်က္ႏွာလွလွေလးေတာ့ သြားပါၿပီ။"
" ပုံဆိုးပန္းဆိုး!? ဒီမွာ အမိ!! ဒီပုံကိုဆြဲဖို႔ အခ်ိန္ဘယ္ေလာက္ေပးခဲ့ရသလဲ သိရဲ႕လား "
ျမင္ခ်င္တာ ဒီပုံ..! အခုေနာက္ပ္ိုင္း အေလွ်ာ့ေပးတတ္လာတဲ့jiminထက္ အရင္ကလို ႏႈတ္ခမ္းေထာ္ၿပီး အသံတဆာဆာႏွင့္ ရန္ေတြ႕တတ္တဲ့jiminကိုလြမ္းလွသည္မို႔ လွလြန္းတဲ့ပုံတူပန္းခ်ီကိုေတာင္ ပုံဆိုးပန္းဆိုးဟုတမင္ေျပာခဲ့ျခင္းေပ။
" အခု ဒီလိုေတြေျပာေနၿပီဆိုေတာ့ စိတ္ေကာက္ေျပသြားတဲ့သေဘာေပါ့ေနာ္"
" ဘယ္သူကစိတ္ေကာက္ေနလို႔လဲ"
" ရွင္ေလးပဲ အခုနက သဝန္တိုၿပီးစိတ္ေကာက္ေနတာေလ"
" ေဟာလ္... ေတာ္ၿပီ။ ေရသြားခ်ိဳးေတာ့မယ္။ "
စိတ္ေကာက္ေနျပန္တဲ့ဒီအႏွီကို ထပ္စခ်င္စိတ္ကထိန္းမရ!
" Park Jiminေရလို႔..."
ကုတင္ေပၚထိုင္လ်က္သား ေခၚလိုက္ေလေတာ့ jiminကေနာက္ျပန္လွည့္ၾကည့္လာသည္။
" ဘာလဲ... ေရအတူခ်ိဳးခ်င္လို႔ ေခၚတာလား။"
ထိုသို႔ေျပာၿပီးတာနဲ႔ jiminထံအရွိန္ျပင္းျပင္းနဲ႔ဝဲပ်ံလာတဲ့ ေခါင္းအုံးႏွစ္လုံး..။
" Park Jimin!!!"
~~~« ᪥ »~~~
Scroll down to another update episode ❤️.
April 2 ,2021
Friday