"ငါတို့အတန်းထဲက အလယ်နားလေးမှာထိုင်တဲ့ အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ကောင်ရှိတယ်ကွာ"
"ရှောင်းကျန့်ဆိုတဲ့တစ်ယောက်လား"
"ဟုတ်တယ် သူ့ကအမြဲရေဘူးဆောင်နေကြ သူ့ရေဘူးထဲမင်းတို့ဆေးခပ်လိုက်ကွာ"
အတန်းထဲတွင် လူဆိုးလူမိုက်တွေလို့ဆရာမတွေသတ်မှတ်ထားတဲ့၀မ်ချောင်တို့အဖွဲ့ အတန်းလစ်ပြီးခေါင်မိုးထပ်မှာကြိတ်တိုင်ပင်နေကြသည်
"မင်းသူနဲ့ရန်စရှိလို့လား အဲ့လိုလုပ်ရအောင်"
"ငါ ရှောင်အန်းကိုလိုက်တာ ရှောင်အန်းကဒီကောင့်ကြောင့်ငါ့ကိုအနားကပ်မခံဘူး အပြစ်မရှိတဲ့ပုံစံနဲ့ ငါကြည့်မရလို့ကွာ ငါစီစဉ်တဲ့အတိုင်းလုပ်ကြမယ်"
တိုင်ပင်ပြီးသွားတော့ ဆေးလိပ်သောက်နေကြပြီး ခဏအကြာ ပြန်ထွက်သွားကြတော့သည်
ဘယ်သူမှမရှိတော့မှ တိုင်ထောင့်အကွယ်နားကနေ ရိပေါ်ထွက်လာခဲ့သည်
ခုနကပြောသွားတာအကုန်ကြားပေမယ့် မသိသလိုသာနေနေလိုက်သည် သူနဲ့မှမဆိုင်တာ....
ကျောင်းဆင်းလို့ပြန်တော့ အိမ်ကလာကြိုတာစောင့်နေရင်း ရိပေါ်အုတ်ခုံပေါ်မှာထိုင်နေရင်းဂိမ်းဆော့နေသည်
"ရှောင်းကျန့် မင်းဂိမ်းဆိုင်လိုက်ဦးမှာလား"
ရှောင်းကျန့်ဆိုတဲ့အသံကိုကြားတော့ ဂိမ်းဆော့နေရင်းမှသူနားစွင့်မိသည်
"ငါမလိုက်တော့ဘူး ဒီနေ့စောစောပြန်လာမယ်လို့မားကိုမှာထားတယ် မင်းတို့သွားလိုက်ကြတော့"
ဒီအသံကြားတဲ့အချိန်မှာတော့ သူအသံရှိရာကိုဝေ့ကြည့်မိသည်
အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ကောင်လေး ပုံစံလေးကရိုးရိုးအေးအေးလေးပါဘဲ သာမန်ဖြစ်တဲ့ type မျိုး
ယုန်ကလေးနဲ့တူသည် သွားကြီးကြီးနှစ်ချောင်းကယုန်ပေါက်ကလေးနဲ့ပိုတူစေသည်
ခဏကြည့်ပြီး ဂိမ်းသာဆက်ဆော့နေလိုက်သည် သူနဲ့ဘာမှဆိုင်သည့်လူမဟုတ် .....
နေ့ရက်တွေကပုံမှန်အတိုင်းလည်ပတ်နေဆဲ..
နေ့လည်ခင်းတစ်ခုမှာ ကိစ္စတစ်ခုထဲသူ၀င်မပါခင်အထိပေါ့...
"ဒီမှာ ဆေးခပ်ထားပြီးသားရေဘူး သူလစ်ရင် မင်းလဲလိုက်တော့"
"မင်းကဆေးခပ်ပြီး ဘာလုပ်မလို့လဲ ကျားကျားချင်းကွာ ဘာမှလုပ်လို့မရတာကို"
ခပ်ရိုင်းရိုင်းပြောတဲ့စကားပေမယ့် တစ်ဖက်ကအားရပါးရရယ်မောလိုက်သည်
"ငါကြိုက်တဲ့ကောင်မလေးကိုမရရင် သူကြိုက်တဲ့အကောင်ကိုဖျက်ဆီးလိုက်ရုံပေါ့ သူကြိုက်နေတဲ့ကောင်က ယောက်ျားတွေနဲ့အိပ်နေတဲ့ဂေး ဆိုရင် သူဆက်ကြိုက်နိုင်ပါ့တော့မလား"
သူ့ဘေးခုံကစကားသံတွေကိုမကြားချင်မှအဆုံး လျစ်လျူရှုထားပေမယ့် နောက်ဆုံးစကားတစ်ခွန်းကြားပြီးတော့ စိတ်မှာ ဖျင်းခနဲဖြစ်သွားသည်
ဒီလောက်ထိအောက်တန်းကျဖို့မလိုပါဘဲနဲ့...
"ထမင်းစားချိန်ရောက်ရင် ကန်တင်းလာလိမ့်မယ် ကြည့်လဲလိုက် ငါဟိုကောင်တွေကိုအဆင်သင့်ပြင်ခိုင်းထားလိုက်မယ်"
ဒီခွေး.... တွေကတော့ ရိပေါ်စိတ်ထဲတိတ်တိတ်လေးကျိန်ဆဲပြီးသာနေနေလိုက်သည်
ထမင်းစားချိန်ရောက်တော့ သူ့ဘေးခုံကလူတွေအရင်ထွက်သွားသည် ရှောင်းကျန့်ဆိုတဲ့တစ်ယောက်ကသူ့သူငယ်ချင်းတွေနဲ့စကားပြောတုန်း
Canteen ရောက်တော့ဟိုကောင်တွေက လက်ထဲရေဘူးကိုင်ပြီး ထမင်းယူဖို့တန်းစီနေကြသည်
ကမ္ဘာကြီးပျက်စီးရင်တောင်သူနဲ့မဆိုင်သလိုနေနေတဲ့၀မ်ရိပေါ်က သူ့ရှေ့ကကောင်ကို မတော်တဆတမင်တိုက်ရင်း ရေဘူးကိုခြေထောက်နဲ့နင်းချလိုက်သည်
စီစဉ်ထားတာတွေလွဲကုန်တဲ့၀မ်ချောင်တို့က ေဒါသတကြီးနဲ့သူ့ကိုထိုးဖို့ပြင်တော့ စိတ်ထဲတိတ်တိတ်လေးကြိတ်ဆဲလိုက်သည်
"Shit"
ဒီနေ့ဟိုနှစ်ကောင်ကျောင်းမလာကြဘူး
ရန်ပွဲအသေးစားလေးတစ်ခုအပြီးမှာ နှစ်ဖက်လူံးဒဏ်ရာရကုန်ပေမယ့် ရိပေါ်ကနည်းနည်းလေးသက်သာတယ် ရန်ဖြစ်နေကြဆိုတော့ စီနီယာကျနေပြီ
"၀မ်ရိပေါ် မင်းနဲ့ငါဒီလောက်နဲ့ပြီးမသွားဘူး"
စီစဉ်ထားတာတွေအကုန်ပျက်ကုန်တဲ့၀မ်ချောင်ကဒေါသတကြီးအော်ဟစ်တော့သည်..
"ငါမတော်တဆဖြစ်တာလို့မင်းကိုတောငိးပန်ပြီးပြီဘဲလေ မပြီးသေးဘူးဆိုတော့မင်းကဘာဖြစ်ချင်လို့လဲ"
"မင်း ရှောင်အန်းကိုကြိုက်နေတာမလား အဲဒါကြောင့်ဒီလိုတွေလုပ်တာမလား မင်းနဲ့ငါမပြီးဘူးနော်"
"မင်းကဘဲမပြီးတာ ငါကမင်းနဲ့ဘာပတ်သတ်စရာမှမရှိဘူး ဟေကောင် ငါ့ကိုမင်းဇယားလာမကပ်နဲ့"
ပြောပြီးလှည့်ထွက်လာတော့ အ၀င်အ၀မှာ တန်းစီနေတဲ့လူတွေကိုတွေ့လိုက်ရသည်
ရောက်ဦးမှာပေါ့ ကျောင်းအုပ်ကြီးရုံးခန်းကို...
သူပြန်အထွက်မှာဘဲ သူ့ကိုတမေ့တမောကြည့်နေပါသော ဖြူဖြူစင်စင်မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိသည်
ဘေးကကောင်မလေးတစ်ယောက်ဆီကလည်း ရှောင်းကျန့် ခေါ်သံနဲ့အတူစကားတိုးတိုးပြောသံကိုကြားနေရသည်
ရှောင်းကျန့်ဆိုတာသူပေါ့ နှစ်ခါဘဲမြင်လိုက်ရပေမယ့် သူ့မျက်လုံးကြည်ကြည်တောက်တောက်တွေက ရီပေါ်အာရုံထဲ တဝဲလည်လည် လိုက်ပါလာတော့သည်
အဲဒီအချိန်ကစပြီး အတန်းတက်ရမယ့်ရက်တွေကရိပေါ်အတွက် သိပ်မပျင်းရတော့...
ကျိုးချန်နဲ့ဟောက်ရွှမ်းတို့လိုအတန်းမမှန်တဲ့ကောင်တွေနဲ့ပေါင်းပေမယ့် ရိပေါ်အတန်းမှန်လာခဲ့သည်
သူ့မျက်စောင်းထိုးကကောင်လေးက သူအတန်းမှန်ရတဲ့အကြောင်းပြချက်ဖြစ်လာသည် သူကိုယ်တိုင်တောင်သတိမထားမိပါဘဲနဲ့ပေါ့....
မသိမသာနဲ့သူ့ရင်ထဲရောက်လာတဲ့ရှောင်းကျန့်ကို သူကိုယ်တိုင်သတိထားမိသွားချိန်မှာတော့ ရှောင်းကျန့်ကသူ့ရင်ထဲနက်နက်ရှိုင်းရှိုင်းရောက်နှင့်နေပြီးပြီ
ဘေဂျင်းရောက်ပြီးသိပ်မကြာခင်မှာဘဲ ပါးပါးက နောက်အိမ်ထောင်ပြုလိုက်သည် သူ့ကိုနားလည်ပေးနိုင်တယ်ဆိုတဲ့အမျိုးသမီးနဲ့ပေါ့
အကျိုးဆက်ကတော့ ထိုအမျိုးသမီးရဲ့ သမီးကအိမ်ပေါ်ရောက်လာတဲ့အပြင် ရိပေါ်နဲ့ကျောင်းအတူတူတက်ချင်သည်ဟုဆိုကာ ရိပေါ်တို့ကျောင်းကိုရောက်လာခဲ့သည်...
လီလီလို့ခေါ်တဲ့ဒီကောင်မလေးရဲ့ခြေလှမ်းတွေကိုရိပေါ်ရိပ်မိပါသည် ရှန်ဟိုင်းမှာကတည်းကသူ့ကိုဖွင့်ပြောဖူးတဲ့ကောင်မလေးက အိမ်ပေါ်ထိရောက်လာပြီဆိုမှတော့ နောက်ဆုတ်ဖို့ကိုမမြင်တော့
သူသာရှောင်ရတော့မှာပေါ့....
တစ်ရက်ပါးပါးနဲ့စကားများပြီး အတန်းမတက်ဘဲ စာကြည့်တိုက်မှာထိုင်နေတုန်း ရှောင်းကျန့်ရောက်လာခဲ့သည်
စာအုပ်လာငှားတာထင်ပါတယ် သူ့အရပ်နဲ့လည်းမမှီတာမို့ ရိပေါ်နေရာကထယူပေးလိုက်သည်
"မင်းမမှီရင်ငါတို့ကိုအကူညီလှမ်းတောင်းလို့ရပါတယ်ကွ အချင်းချင်းတွေဘဲလေ"
အဲ့လိုပြောတော့ ရှောင်းကျန့်ကပြုံးပြသည်
ချစ်ဖို့ကောင်းလိုက်တာ ယောက်ျားတွေကိုစိတ်၀င်စားတာမဟုတ်ဘဲ စိတ်၀င်စားတဲ့သူကယောက်ျားလေးတစ်ယောက်ဖြစ်လာခဲ့သည်...
စာအုပ်လှမ်းပေးတော့လက်ချောင်းချင်းထိတဲ့ခဏမှာတင် ရင်ထဲ လိပ်ပြာအကောင်တစ်သန်းပျံသွားသလိုပင်...
ဘယ်လိုခံစားချက်ကြီးမှန်းမသိ... ရှောင်းကျန့်ကတော့ စာအုပ်ယူပြီးထွက်သွားခဲ့ပြီ...
ကျန်ခဲ့တဲ့သူ့မှာသာ....
"ဟေ့ကောင် ရိပေါ် ငုတ်တုတ်သေပြီလား ခွေးကောင်"
ကျိုးချန်ရဲ့လှမ်းဆဲတဲ့အသံကကြားမှ အသိ၀င်လာတာမို့ သူတို့ရှိရာဆီပြန်လာထိုင်ရသည်
ရင်ထဲမှာပျံနေတဲ့လိပ်ပြာတွေက အခုထိမရပ်သေး..
"မင်းသဘောကျနေတာမလား"
".............."
"တိတ်တိတ်နေရင်၀န်ခံတာဘဲနော် မင်းသဘောကျနေတာမို့လား"
ဟောက်ရွှမ်းရဲ့စကားကိုငြင်းဖို့ကြိုးစားပေမယ့် သူမငြင်းနိုင်..
မငြင်းနိုင်ဘူးဆိုတာထက် သူ့ရဲ့ပထမဆုံးအချစ်ကို သူကိုယ်တိုင် မလိမ်ညာချင်...
"အေးကွာ ငါတောင်မသိလိုက်ဘဲနဲ့"
ရိပေါ်စကားကြားတော့ ဟောက်ရွှမ်းကငါပြောတယ်မလားဆိုတဲ့မျက်နှာမျိုးနဲ့ကျိုးချန်ကိုမျက်နှာပင့်ပြသည်...
"မင်းဘာဆက်လုပ်မလဲ ဖွင့်မပြောဘူးလား"
"အိမ်ကလွယ်လွယ်နဲ့ခွင့်ပြုပေးမယ်ထင်လား သိသွားရင် အရင်ဆုံးထိခိုက်မှာ သူ့ကို ငါ့မှာဘာအင်အားမှမရှိဘဲ သူ့ကိုငါ့အနားမခေါ်ချင်ဘူး ငါ့ပါပါးကမင်းတို့ထင်ထားတာထက်အများကြီးဆိုးတယ် "
စကားဆုံးတော့ အကုန်လုံးငြိမ်ကျသွားကြသည် ရိပေါ်ပြောတာလည်းမမှား....
ရိပေါ်ကတော့ သူ့ချစ်ရတဲ့သူကိုကာကွယ်နိုင်တဲ့အင်အားရှိမှ ချစ်ကြောင်းပြောဖို့ကိုသာစဉ်းစားသည်
တခြားသူတွေနဲ့အသံမကြားချင်ဘူး အနားကလူနဲ့ဘဲယူရမယ် မင်းငါ့အကြောင်းသိပါတယ် ဆိုတဲ့စကားတွေထွက်လာကတည်းက ပါးပါး ဘာလုပ်စေချင်လဲဆိုတာသူသိသည်...
အတန်းထဲမှာ ဂရုမစိုက်ဘဲနေတာတောင် လီလီဆိုတဲ့ကောင်မလေးက သူ့ကိုအတင်းကပ်ဖို့ကြိုးစားသည်
အိမ်မှာဆိုလည်း လူကြီးတွေရှေ့ရောက်ရင် ပိုလို့သာ
ဒီခြေလှမ်းတွေရဲ့အဆုံးသတ်ကို ရိပေါ်ကောင်းကောင်းကြီးသိပါသည်
ဒါကြောင့်လည်း ဘာကြောင့်နဲ့မှမပတ်သတ်မိအောင်နေသည်
ဘယ်သူနဲ့သမုတ်တာကိုမှမခံချင် အထူးသဖြင့်ရှောင်းကျန့်အထင်မလွဲစေချင်....
ပါးပါးအိမ်ထောင်ပြုလိုက်ပြီးနောက်ပိုင်း သူကအိမ်မှာ လူပိုတစ်ယောက်သာလျှင်...
ပါးပါးရဲ့ဥပက္ခာကပိုပြီးကြီးမားလာခဲ့သလို ရိပေါ်ရဲ့လျစ်လျူရှုတာတွေကလည်းပိုများလာခဲ့သည်..
မရိုးမသားနဲ့သူတို့သားအဖကြား၀င်လာတဲ့သူတွေအတွက်တော့ ဒီအခြေအေနကမဟာအခွင့်အရေးပေါ့..
သားအဖနှစ်ယောက် စိတ်ချင်းပိုလို့ဝေးကွာခဲ့ကြရသည်....
ငြိမ်နေတဲ့ရိပေါ်ကိုကြည့်ပြီး ကျိုးချန် နဲ့ ဟောက်ရွှမ်း ဘာလုပ်ပေးရမယ်မှန်းမသိ..
"ငါတို့ကူညီပေးရမလား မင်းဖွင့်ပြောချင်ရင်ငါတို့ကူညီပေးမယ်လေ မင်းပါးပါးလည်းမသိရအောင်"
"တစ်နေ့တော့သိမှာဘဲ ပါးပါးက သူသိသွားရင်ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူး ရှောင်းကျန့်ကိုဘဲထိမှာ အဲဒီအချိန်ကျ ငါကာကွယ်နိုင်မယ့်အင်အားရှိဖို့လိုတယ် ကျိုးချန် အေးချမ်းနေတဲ့သူ့ဘ၀လေး ငါ့မိသားစုကြောင့်ကမောက်ကမမဖြစ်စေချင်ဘူး ငါတို့တွေငယ်သေးတယ်"
ရိပေါ်စကားဆုံးတော့ သက်ပြင်းရှည်ကြီးတစ်ခုကို သုံးယောက်သားချလိုက်မိသည်..
အချစ်တစ်ခု စတင်ဖို့ ဘာကြောင့်ဒီလောက်ခက်ခဲနေရပါသလဲ???
"ဒါဆိုမင်းသူ့ကိုချစ်တာမပြောတော့ဘူးလား"
"ပြောမှာ ငါအချိန်ခဏလေးယူရမယ်ထင်တယ် ငါသူ့ကိုကာကွယ်ပေးနိုင်မယ့်အင်အားရှိလာမယ့်အထိအချိန်တစ်ခုယူရလိမ့်မယ်"
"ဒီကြားထဲ သူကတခြားတစ်ယောက်ယောက်ကိုရွေးချယ်သွားရင်ရော မင်းဘာလုပ်မလဲ"
ကျိုးချန်စကားကြားတော့ ရိပေါ်အကြာကြီးငိုင်သွားခဲ့ရသည်
ဒီအချက်ကိုသူမေ့နေမိလေသည် ထိုကောင်လေးကသူ့ကိုသဘောကျဖို့ဆို သန်းတစ်ရာပုံမှတစ်ပုံလောက်တောင်ဖြစ်နိုင်ချေမရှိ....
"ကံစီမံရာပေါ့ကွာ ကံကိုလူကစီရင်တာဆိုပေမယ့် ဒီတစ်ခါကံကြမ္မာကတော့ ငါ့ကိုစီရင်ပါစေ ရှောင်းကျန့်ပျော်မယ့်အရာတွေက ငါပျော်ရမယ့်အရာတွေဘဲ"
ဒီစကားတွေကို သူတို့သုံးယောက်အပြင် မလှမ်းမကန်းမှာရှိနေတဲ့ ကောင်မလေးတစ်ယောက်လည်းကြားသွားခဲ့လေသည်。。。。
လက်သီးကိုတင်းအောင်ဆုပ် မျက်နှာရဲကာ ဒေါသခက်ထန်နေတဲ့မျက်လုံးတွေက မျက်နှာလှလှလေးကိုအကျည်းတန်စေခဲ့သည်....
အိမ်မှာပါးပါးနဲ့အဆင်မပြေသမျှ ရိပေါ်တတ်လာတာတစ်ခုက ဆိုင်ကယ်စီးတာ...
အထက်တန်းပြီးခါနီးမှာ ရိပေါ် ဆိုင်ကယ်ကိုကျွမ်းကျင်စွာစီးတတ်နေပြီ...
ကျောင်းသွားရင် လီလီကိုခေါ်မသွားနိုင်ဘူးဆိုပြီး နေ့တိုင်းတော့ငြင်းရသည်
သူ့ဆိုင်ကယ်နောက် တစ်ယောက်ကလွဲပြီးဘယ်သူ့ကိုမှခေါ်မတင်နိုင်ပါ....
ဖြူဖြူစင်စင်ထိုကောင်လေးကိုငေးရင်း သူ့ကိုဒုက္ခပေးချင်တဲ့သူတွေကို သူမသိအောင်ကာကွယ်ပေးရင်း နဲ့ ရိပေါ်တို့နောက်ဆုံးစာမေးပွဲကြီးကိုရောက်လာခဲ့သည်...
စာမေးပွဲနောက်ဆုံးရက်မနက်မှာပင် ပါးပါးက နိုင်ငံခြားမှာ လီလီနဲ့အတူကျောင်းသွားတက်ရမယ်လို့ပြောလာခဲ့သည်.....
လက်မခံနိုင်တဲ့အကြောင်းပြောတော့ သားအဖနှစ်ယောက်ထုံးစံအတိုင်းရန်ဖြစ်ကြသည်
"မင်းမသွားရင် ဒီကောင်လေးကို ဒီမှာမနေနိုင်အောင်ငါလုပ်လိုက်လို့ရတယ်"
စကားသံအဆုံး စားပွဲပေါ်ကိုပစ်ချလိုက်တဲ့ပုံတွေကိုကြည့်တော့ ရှောင်းကျန့်ရဲ့ပုံတွေ...
ပါးပါးဘယ်လိုသိသွားတာလဲ ဒီအကြောင်းတွေကိုသူရယ် ကျိုးချန်နဲ့ဟောက်ရွှမ်းရယ်ဘဲသိတာ
"မင်းဘာကိုရွေးချယ်မလဲ မင်းရွေးချယ်မှုနဲ့မင်းဆုံးဖြတ်ချက်ကဒီကောင်လေးရှေ့ဆက်ရမယ့်အနာဂတ်ဘဲ"
အံကြိတ်ကာလက်သီးဆုပ်ရင်း လီလီကိုကြည့်လိုက်တော့ မထိတထိမျက်နှာနဲ့သူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရသည်
ဒီမိန်းမဒီကိစ္စတွေကိုဘယ်လိုသိသွားရပြန်တာလဲ တရားခံကသူမကလွဲပြီးတခြားမရှိ...
"ရတယ်လေ ကျွန်တော်ကျောင်းသွားတက်မယ် ဒါပေမယ့် သူနဲ့အတူမတက်နိုင်ဘူး ကျွန်တော်ဝါသနာပါတာကိုကျွန်တော်လုပ်မယ် အဲဒီကျောင်းမှာ ကျွန်တော့်ကို ပါးပါးရဲ့သားမှန်းဘယ်သူမှမသိပါစေနဲ့
ဒီမိန်းမနဲ့တစ်ကျောင်းတည်းအတူလုံး၀မတက်နိုင်ဘူး အဓိကက ရှောင်းကျန့်ကိုမြူတစ်မှုန်စာတောင်မထိခိုက်ပါစေနဲ့"
"ကောင်းပြီလေ ဒီလောက်တော့လည်းလိုက်လျောပေးနိုင်ပါတယ် ညနေစာမေးပွဲပြီးတာနဲ့သွားရမယ်လို့သာသိထား"
စကားဆုံးတာနဲ့လှည့်ထွက်ခဲ့သည် ခြံထဲရောက်တော့ လီလီရဲ့ခေါ်သံကြားတာနဲ့ ခဏရပ်လိုက်ကာ သူမကိုတည့်တည့်ကြည့်ရင်း
"ပျော်လား မင်းဒီလိုလုပ်လိုက်ရတော့ပျော်လား"
"ငါဘာမှမလုပ်ဘူးရိပေါ် ပါးပါးကသူ့ဟာသူသိသွားတာ ငါဘာမှမလုပ်ပါဘူး"
"မင်းဘာလုပ်လဲမင်းအသိဆုံးဖြစ်မှာပါ ကြိုက်တာလုပ် ငါဘာမှမပြောဘူးနော် တစ်ယောက်ဘဲရမယ် နှစ်ယောက်မရဘူး"
"ရိပေါ် နင်ဘာပြောတာလဲ"
"နင့်မားကိုပြောလိုက် ငါ့မားတုန်းကငါငယ်သေးလို့ အခုငါကလေးမဟုတ်တော့ဘူးလို့သာပြောလိုက် ထပ်ပြောမယ် ရှောင်းကျန့်တစ်ခုခုဖြစ်လို့ကတော့မင်းတို့သားအမိတာ၀န်ယူရမယ်သာတွေးထား"
မေ့ပစ်ထားတဲ့အတိတ်ဆိုးတွေကိုပြန်မတွေးမိအောင်ကြိုးစားရင်း ရိပေါ်ကျောင်းကိုထွက်ခဲ့လိုက်သည် စာမေးပွဲနောက်ဆုံးနေ့ ဒီနေ့ပြီးရင်ဒီနိုင်ငံကထွက်သွားရတော့မည်
ဘာတွေဆက်ဖြစ်မလဲသူမသိနိုင် ကံကြမ္မာနဲ့လောင်းကြေးထပ်ထားတယ်ဆိုပေမယ့် မနီးခင်မှာမဝေးသွားချင်....
locker မှာပစ္စည်းသွားထားတော့ ပန်းစည်းေတွအရုပ်တွေမုန့်တွေ တွေ့ရပြန်သည်
ဘတ်စကတ်ဘောနည်းနည်းဆော့တတ်သွားတာက နာမည်ကြီးဖို့ဖြစ်လာစေသလားမတွေးတတ်
သူ့ကိုကောင်မလေးတော်တော်များများကြိုက်ကြတယ်လို့ပြောကြပေမယ့် သူ့မျက်လုံးထဲဘယ်သူကမှရှောင်းကျန့်လောက်ချစ်ဖို့မကောင်း...
စာမေးပွဲခန်းနားရောက်တော့ ရှောင်းကျန့်ကိုသူ့သူငယ်ချင်းတွေနဲ့တွေ့လိုက်ရသည် ရယ်မောနေတဲ့ထိုလူသားကိုသူ့အနားမှာထားထားချင်သည်
ပုံရိပ်လေးတွေကိုမျက်လုံးအမြင်အာရုံကတစ်ဆင့် ဦးနှောက်ထဲအထိသိမ်းဆည်းပြီးတဲ့နောက်မှာတော့စာမေးပွဲဖြေဖို့အခန်းထဲ၀င်ရတော့သည်
အားလုံးပြီးလို့ပစ္စည်းသိမ်းဖို့သွားတုန်း ကားစောင့်နေတဲ့လီလီကားတိုက်ခံရတယ်ဆိုပြီးဖုန်း၀င်လာတာကြောင့် ကမန်းကတန်းပြေးသွားမိသည်
ဘယ်လိုဘဲ မပတ်သတ်စေချင်ဦးတော့ အသက်အန္တရာယ်အရေးကိုတော့ လျစ်လျူရှုမထားနိုင်ခဲ့ပါ
ကားဂိတ်ဆီရောက်တော့အကောင်းအတိုင်းရှိနေတဲ့လီလီကိုတွေ့လိုက်ရသည်
"လီလီ နင်..."
"နင်ငါ့ကိုသံယောဇဉ်ရှိရဲ့သားနဲ့ရိပေါ်ရယ်"
"........"
တကယ်ကိုဘာမှမပြောနိုင်တော့ ရိပေါ်စိတ်ပျက်လက်ပျက်နဲ့သာ ထွက်သွားဖို့ပြင်တော့ သူ့အရှေ့ရောက်လာကာ လီလီ ကဖြတ်ခနဲနမ်းလိုက်သည်
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာဘဲ ရှောင်းကျန့်ကဒီနေရာကိုရောက်လာခဲ့လေသည်...
လီလီကိုတွန်းထုတ်ပြီး ရှောင်းကျန့်နောက်ပြေးလိုက်သွားပေမယ့် ဘယ်မှာမှရှာမရတော့
ကျောင်း၀င်းထဲပြန်ပြေး၀င်ပြီးနေရာအနှံ့ရှာတော့လည်းမတွေ့ ပစ္စည်းသိမ်းတဲ့ locker ဆီရောက်တော့ စာအုပ်တစ်အုပ်ချိတ်ထားတာတွေ့လိုက်သည်
ယူကြည့်တော့ သူ့ပုံတွေအများကြီး အားကစားပွဲမှာ ကြိုဆိုပွဲမှာ အတန်းထဲမှာ
ပုံစံအမျိုးမျိုးနဲ့သူ့ပုံတွေ....
ဒါဘယ်သူလာထားသွားတာလဲ .......
စာအုပ်ကြားထဲမှာ စာတစ်စောင်တွေ့လိုက်သည်
"မင်းအမြဲတမ်းပျော်ရွှင်ပါစေတဲ့"
ဒီလက်ရေးကိုသူကောင်းကောင်းသိတာပေါ့
လူကိုတိတ်တိတ်လေးခိုးကြည့်ရင်း လက်ရေးကိုအလွတ်ကျက်ထားတဲ့ရိပေါ်အတွက် မြင်ရုံနဲ့ ဒါဘယ်သူ့လက်ရေးမှန်းတန်းသိသည်..
ရှောင်းကျန့်ကသူ့ကိုစိတ်၀င်စားနေတာလား ဆိုတဲ့အတွေးလေးခေါင်းထဲရောက်လာတဲ့အချိန်မှာဘဲ
ပါးပါးလွှတ်လိုက်တဲ့ကားကရောက်လာခဲ့သည်
သူငြင်းရင် ရှောင်းကျန့်အတွက် အန္တရာယ်ရှိသည် လိုက်သွားဖို့ကျပြန်တော့ ဒီစာအုပ်နဲ့စာက ရှောင်းကျန့်လာထားသွားတာလားဆိုတာသူသိရမှဖြစ်မည်
သူဘာမှမတတ်နိုင်တော့ဘူးလား
မျက်နှာနီပြီးမျက်ရည်ဝိုင်းကာ အံကြိတ်နေတဲ့ ရိပေါ်ကိုကြည့်ကာ အိမ်ထိန်းယန်း သက်ပြင်းချလိုက်သည်
"ဦးလေးစုံစမ်းထားပေးပါ့မယ် လေယာဉ်မမှီဘဲနေမယ် သူဌေး၀မ်ဒေါသမထွက်ခင်လူလေးအမြန်သွားပါ"
စကားအဆုံးမှာရိပေါ်မျက်ရည်ကျသည် သူပိုင်ဆိုင်ချင်တဲ့အင်အားဆိုတာ ဒီလိုအခြေအနေတွေဖြစ်လာရင်ကောင်းကောင်းရင်ဆိုင်နိုင်ဖို့...
အခုတော့ ဘာမှမတတ်နိုင် စိတ်ကိုလျှော့ချရင်း photo book နဲ့စာလေးကိုယူကာထွက်လာခဲ့လိုက်သည်
ရှောင်းကျန့် ကျေးဇူးပြုပြီး မင်းဖြစ်နေပေးပါ
ကျေးဇူးပြုပြီး ငါ့ကိုစောင့်နေပေးပါ ငါဆက်ဆက်ပြန်လာခဲ့မယ်.....
New York ကိုဦးတည်နေတဲ့လေယာဉ်ပေါ်မှာတော့ စာအုပ်လေးတစ်အုပ်ပိုက်ထားတဲ့ ကောင်လေးတစ်ယောက်အသံတိတ်ရှိုက်ရင်း.........။