"မင်းဒီလိုဘဲဆက်ပြီးရန်ဖြစ်နေဦးမယ်ဆိုကျောင်းပြောင်းဖို့ပြင်တော့"
ပါးပါးဆီကဒေါသတကြီးနဲ့စကားသံထွက်လာတော့ ရိပေါ်မခို့တရို့မဲ့ပြုံးတစ်ခုပြုံးလိုက်သည်
ဒီလိုဘဲလေ ဒီစကားဒီလေသံဘဲထွက်လာမယ်ဆိုတာသိနေပြီးသား
"ကျွန်တော်ကမပြောင်းချင်ဘူးလို့ပြောလည်းပါးပါးစိတ်ကြိုက်လုပ်ဦးမှာဘဲမလား ဘာဖြစ်လို့အပိုတွေပြောနေရတာလဲ ပြောင်းချင်ပြောင်း ထုတ်ချင်ထုတ် ဂရုကိုမစိုက်တာ"
"မင်း အရိုင်းအစိုင်းကောင်"
"ဟုတ်တယ် ရိုင်းတယ် ဘာဖြစ်လဲ ရိုင်းစိုင်းလို့ဆိုပြီးပြောဆိုဆုံးမပေးမယ့်သူမရှိလို့ ရိုင်းတယ် ဘာဖြစ်လဲ"
စကားအဆုံးတွင် ရိပေါ် ပါးတစ်ချက် ပူ ခနဲဖြစ်သွားသည် အထိုးခံရပြန်ပေါ့ ငြိမ်နေပြီမှတ်တာ ဘာမှမထူးပါဘူး...
"မင်းအမေသာမင်းကိုချစ်လွန်းလို့မင်းဒီအရွယ်ထိရောက်လာတာ မဟုတ်ရင်.."
"ကျွန်တော်လည်း မား ကြောင့်မို့လို့သာ အဖေလို့သတ်မှတ်ထားပေးတာ မဟုတ်ရင်ဘာပတ်သတ်မှုမှရှိလာမှာမဟုတ်ဘူး"
"မင်း..."
ထပ်ပြီးထိုးဖို့ပြင်နေတဲ့ ၀မ်လူကြီးမင်းကို အိမ်တော်ထိန်းကြီး ယန်း ကအမြန်၀င်ဆွဲရသည်
"လူလေး သွားသွား သွားနားတော့ အနာဆေးထည့်ဖို့လည်းမမေ့နဲ့"
မျက်နှာချင်းဆိုင်တာနဲ့စကားများကြတဲ့သားအဖနှစ်ယောက်ကို မသိတဲ့သူတွေက သားအဖအရင်းလို့တောင်ထင်ကြမှာမဟုတ်...
ရိပေါ်မေမေငယ်စဉ်ကတည်းကအမှုထမ်းခဲ့တဲ့ အိမ်ထိန်းယန်း အတွက် ရိပေါ်ကတော့ကိုယ့်သွေးသားပင်...
ချန်မေဟွား ဆိုသည့်အတိုင်း ပန်းလေးလိုလှသည့်ရိပေါ့်မေမေ က ခင်ပွန်းဖြစ်သူကိုမချစ်ဘဲလက်ထပ်လိုက်ရသည်
သားလေးတစ်ယောက်ရလာတဲ့အချိန်မှာတော့ မေဟွားရဲ့ ဥပက္ခာတွေက ခင်ပွန်းဖြစ်သူ၀မ်ကျိုးလီ အပေါ်ပိုပြီးကြီးမားလာခဲ့သည်
သည်းခံစိတ်တွေမြိုသိပ်မှုတွေများလာတဲ့အခါမှာ ၀မ်လူကြီးမင်းကအပြင်မှာစိတ်သာယာကိုရှာတော့သည်
ကြာလာတော့သားနဲ့အမေကတစ်ဖက် အဖေကတစ်ဖက်ဖြစ်လာရတဲ့အထိ မိဘတွေရဲ့ပဋိပက္ခကကြီးမားလာခဲ့သည်
ဖခင်ဖြစ်သူရဲ့မေတ္တာကိုမရတဲ့ရိပေါ်ကလည်း ဂရုမစိုက်တော့ဘဲ လုပ်ချင်ရာလုပ်သည်
ရိပေါ်အထက်တန်းစတက်မည့်နှစ်တွင် မေဟွားဆုံးသည် ဆုံးပြီးဘယ်လောက်မှမကြာ ၀မ်လူကြီးမင်းက ကုမ္ပဏီကိုစိတ်ချရသည့်လူနှင့်လွှဲကာ ရှယ်ယာရှင်အဖြစ်သာအမည်ခံပြီး နိုင်ငံရေးထဲခြေစုံပစ်၀င်ခဲ့သည်...
သူ့အပေါ်နားလည်ပေးနိုင်တယ်လို့သူထင်တဲ့အမျိုးသမီးတစ်ယောက်နဲ့တွဲနေတယ်ဆိုပြီး ထွက်နေတဲ့သတင်းသဲ့သဲ့ကိုလည်းရိပေါ်သတင်းကြားနေတာကြာပြီ
ညနေကဖြစ်တဲ့ပြဿနာကလည်း အဲဒီကိစ္စကနေစတာ အိမ်ထောင်ရေးအဆင်မပြေတဲ့မိဘတွေနဲ့နေရတဲ့ကလေးတွေရဲ့ထုံးစံအတိုင်း ရိပေါ်ကဂျစ်ကန်ကန်နိုင်သည်
ဘာကိုမှထီမထင် ဂရုမစိုက်တတ်တဲ့သူမို့ အတန်းထဲမှာမကျေနပ်တဲ့သူတွေအများသား..
ပါးပါးနဲ့တွဲနေတယ်ဆိုပြီးနာမည်ကြီးနေတဲ့အမျိုးသမီးရဲ့သမီးကရိပေါ်နဲ့အတန်းတူတူ ရိပေါ်ကိုစိတ်၀င်စားနေတယ်ဆိုပြီး ရည်းစားထည်လဲတွဲနေတဲ့ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်
အဖေကအမေကိုယူ သားကသမီးကိုယူ ဆိုပြီး စလိုက်တဲ့စကားတစ်ခွန်းကစပြီး စကားများရန်ဖြစ်ကြ ထိုးကြိတ်ကြတော့ မိဘအခေါ်ခံရသည်
နောက်ဆုံးတော့အဖေဖြစ်သူရဲ့ အထိုးခံရတာနဲ့ဘဲရိပေါ် အဆုံးသတ်သည်
စိတ်ရှုပ်ရှုပ်နဲ့ပင်ရေချိုးအ၀တ်အစားလဲပြီး ရိပေါ်အခန်းတွင်းအောင်းနေတော့သည်
ဦးလေးယန်းကထမင်းစားဖို့လာခေါ်ပေမယ့် မကြားချင်ယောင်သာဆောင်နေလိုက်ေတာ့သည်
အခုချိန်မှာ သူဘယ်သူနဲ့မှ မတွေ့ချင် ဖြစ်နိုင်ရင် ဒီအိမ်မှာပါ မနေချင်...
မားနဲ့အတူတူနေခဲ့တဲ့အချိန်တွေကိုသတိရသည် ပါးပါးကိုလေးစားဖို့ချစ်ဖို့အမြဲပြောတဲ့ မားမားကို ဒီအခြေအနေတွေမြင်စေချင်သည်
မားကချစ်စေချင်ပေမယ့် ပါးပါးကတော့ ကျွန်တော့်ကိုလျစ်လျူရှုထားဆဲပါ မားရေ...
အသံတိတ်ရှိုက်ရင်းနှင့်ပင် အိပ်ပျော်သွားတဲ့ရိပေါ်က မနက်ဖြန်ဘယ်ကျောင်းကိုဘယ်လိုပြောင်းရမလဲဆိုတာမစဉ်းစားနိုင်တော့.....
အောက်ထပ်ကိုဆင်းတော့အထုပ်အသင့်ပြင်ပြီးစောင့်နေတဲ့ ဦးလေးယန်းကိုတွေ့လိုက်ရသည်
"လူလေး သူဌေး၀မ်ကားပေါ်မှာစောင့်နေပါတယ်"
"ဒီတစ်ခါရော ဘယ်ေကျာင်းပြောင်းဦးမလို့လဲ ဒီမြို့မှာပြောင်းဖို့ကျောင်းရောကျန်သေးရဲ့လား"
သူ့ရဲ့အတွန့်တက်တဲ့မေးခွန်းကို မဖြေဘဲ ဦးလေးလီကကားပေါ်တက်ဖို့သာပြောလေသည်
ကားပေါ်ရောက်တော့ နောက်ခန်းမှာအထုပ်အပြည့်နဲ့အတူ မျက်နှာတည်တင်းနေသော ပါးပါးကိုတွေ့လိုက်တော့
"ဘေဂျင်းကိုအပြီးပြောင်းမယ် ငါမြို့တော်၀န်အနေနဲ့သွားမှာမို့ မင်းငါ့ကိုမျက်နှာမပျက်စေနဲ့"
နားကြပ်ကိုနားထဲထည့်ပြီးပြတင်းပေါက်မှန်ကနေတစ်ဆင့်အပြင်ကိုငေးကာ ပါးပါးစကားကိုလျစ်လျူရှုလိုက်သည်
ဘယ်လိုပုံစံနဲ့ဘဲပြောင်းပြောင်း ၀မ်ရိပေါ်ဆိုတာအမြဲလျစ်လျူရှုခံနေရမှာဘဲမို့ ဘာကိုမှအထူးတလည်ဂရုစိုက်မနေချင်တော့......
ဘေဂျင်းအထက်တန်းကျောင်းကိုစတက်ပြီးသိပ်မကြာခင်မှာဘဲ စိတ်တူကိုယ်တူသူငယ်ချင်းနှစ်ယောက်ရိပေါ်ရခဲ့လေသည်....
ကျောင်းတက်လိုက် ရန်ဖြစ်လိုက်နဲ့နေ့ရက်တွေကိုလည်ပတ်နေတုန်း မနေနိုင်မထိုင်နိုင်၀င်ပါမိရာကတစ်ဆင့် သူ့နှလုံးသားကတစ်စုံတစ်ယောက်ကိုလိုအပ်ဖို့ဖြစ်လာရပါတော့တယ်....