**Zawgyi**
႐ြာမလိုလိုနဲ႔ ညိဳေနတဲ့ မိုးညက ကြၽန္မကို သိပ္က်ီစားတယ္ ေမာင္။ ကြၽန္မေတာ့ ေဆြးရဦးမွာေပါ့ကြယ္။
-×-
ယေန႔ ဂ်င္းနီနဲ႔ လီဆာတို႔ရဲ႕ ၁နွစ္ျပည့္ အန္နီဗာစရီမို႔ မနီးမေဝးက သစ္ေတာအုပ္ဆီ ေပ်ာ္ပြဲစားထြက္ခဲ့ၾကသည္။
မသြားခင္မွာ ဂ်င္းနီက လီဆာ့အတြက္ စပရုိက္အေနနွင့္ ကိတ္မုန္႔လုပ္ခ်င္သည္ဟု ဆိုသျဖင့္ ကြၽန္မ ကူေပးခဲ့သည္။
တကယ္ဆို သူတို႔ရက္စက္သည္ဟု ကြၽန္မထင္မိသည္။
ကြၽန္မ မပါပဲ က်င္းပလို႔ရေနသည္ မဟုတ္ပါလား။
ေမာင္နွင့္တြဲျဖစ္ခါမွ သူတို႔ကြၽန္မကို နွိပ္စက္ေနသည့္အေၾကာင္း ေမာင့္ကိုတိုင္ပစ္ဦးမည္။
သူတို႔အခ်စ္ငွက္နွစ္ေကာင္အတြက္ ပန္ကိတ္လုပ္ရင္း အေတြးေတြက ေမာင့္ဆီ ေရာက္သြားျပန္သည္။
ဒီအခ်ိန္မွာ ေမာင္စာအုပ္ဖတ္ေနမည္လား။
သို႔တည္းမဟုတ္ ေက်ာင္းစာကို သဲႀကီးမဲႀကီးလုပ္ေနမည္လား။ ယေန႔မွ မိုးကအံု႔ေတာ့ ကြၽန္္မ ခါတိုင္းထက္ ပိုလြမ္းပါတယ္ေမာင္။
သစ္ေတာအုပ္ကေလးဆီသို႔ ေရာက္လာခဲ့သည္။သစ္ေတာအုပ္အတြင္းပိုင္းအထိ ခရီးဆက္ခဲ့ၿပီး အတြင္းက်က်ေနေလာက္မွာ ကြၽန္မတို႔နားလိုက္သည္။ ယူလာသည့္ ဖ်ာကုိခင္းကာ စားစရာေသာက္စရာမ်ားကို အစီစဥ္တက် ေနရာခ်လိုက္သည္။ စိမ္းလန္းေနေသာ ဝန္းက်င္ေၾကာင့္ လမ္းတစ္ေလ်ွာက္ ေမာလာခဲ့ရသမ်ွ အပန္းေျပပါသည္။ ဂ်င္းနီ နွင့္ လီဆာတို႔ ေနရာကို တကယ္ေ႐ြးတတ္သည္။ ကြၽန္မတို႔ေနရာေဘးမွာ စမ္းေခ်ာင္းေလးပါရွိေနသည္။
ၾကည္လင္ၿပီး သန္႔ရွင္းေနေသာ စမ္းေခ်ာင္းကေလးကို ၾကည့္ရင္း မ်က္နွာသစ္ခ်င္စိတ္ျဖစ္လာသျဖင့္ ကြၽန္္မ ထလာခဲ့လိုက္သည္။ စမ္းေခ်ာင္း၏ အစပ္နားေလးသို႔ ထိုင္ခ်လို္က္ၿပီး ပတ္ဝန္းက်င္ကိုပါ စူးစမ္းၾကည့္မိသည္။
သဘာဝက ေမြးထုတ္ေပးခဲ့ေသာ အလွတရားက တကယ့္ကို ရင္သပ္ရႈေမာရေလာက္ေအာင္ လွပပါသည္။ ေမာင့္နွင့္အတူ ဤေနရာသို႔ တစ္ေခါက္ေလာက္ျဖစ္ျဖစ္ လာခ်င္ေသးသည္။ ထုိအခါ ေမာင့္ကို ကြၽန္မ၏ေပါင္ေပၚသို႔ ေခါင္းအံုးခိုင္းၿပီး လွဲေလ်ာင္းခိုင္းထားမည္။ ကြၽန္မကေတာ့ ေမာင္အႀကိဳက္ဆံုး စာအုပ္တစ္အုပ္ကို ဖတ္ျပမည္။ ကိုယ့္အေတြးကိုယ္ သေဘာက်ကာ ကြၽန္မ ရယ္မိသည္။
ထို႔ေနာက္ လက္ခုပ္နွစ္ဖက္ျဖင့္ စမ္းေခ်ာင္းထဲမွ ေရကို ခပ္လိုက္ၿပီး မ်က္နွာသစ္လိုက္သည္။ ရုတ္တရက္ စမ္းေခ်ာင္းထဲမွ ေမ်ာပါလာေသာ ေနၾကာပန္း၏ ပြင့္ဖတ္ေလးမ်ားက ကြၽန္မ၏ လက္ခုပ္ထဲသို႔ ပါလာသည္။
ကြၽန္မ ေဘးဘီသို႔ ၾကည့္လိုက္ေတာ့ ဘာမွထူးျခားေနတာမ်ိဳးမေတြ႕ရ။ စမ္းေခ်ာင္း၏ အထက္ပိုင္းကေနစီးဆင္းလာတာပဲျဖစ္ရမည္။ ေျခရာခံလိုက္ခ်င္ေသာ္ျငား လီဆာတို႔အား ထားခဲ့ရမွာကို အားနာပါသည္။
ထို႔ေၾကာင့္ တခ်ိဳ႕ေက်ာက္တံုးေက်ာက္ခဲမ်ားနွင့္ ၿငိကာ ဆက္မစီးဆင္းေတာ့ေသာ ေနၾကာပြင့္ဖတ္တို႔ကိုပါ ကြၽန္မ လွမ္းၿပီးဆယ္ယူလို္က္သည္။ ထို႔ေနာက္ လီဆာတို႔အနားသို႔ျပန္လာလိုက္သည္။
ေနၾကာပန္း၏ပြင့္ဖတ္ေလးေတြျမင္ေတာ့ ေမာင္နွင့္ေနာက္ဆံုးေတြ႕ခဲ့ရသည့္ အခ်ိန္ကို ျပန္လြမ္းမိသည္။ ပန္းဆိုင္ထဲမွာ ေမာင္ေနၾကာပန္းေ႐ြးေနသည့္ပံုရိပ္ကို ျမင္ေယာင္ရင္း ကြၽန္္မရင္ေတြ လွိုက္ဖိုရျပန္သည္။
Unnie ဘာေတြေတြးေနတာလဲ စားေလ ဆိုမွ သတိျပန္ဝင္ကာ ပါလာေသာမုန္႔တခ်ိဳ႕ကိုစားျဖစ္သည္။ ထို႔ေနာက္ စပ်စ္ဝိုင္အနည္းငယ္ကို ေသာက္ကာ အန္နီဗာစရီကို ဂုဏ္ျပဳေပးျဖစ္သည္။ အခ်ိန္အနည္းငယ္ အနားယူၿပီး ျပန္မည္ဟု ျပင္ကာ ဖ်ာလိပ္ေတြ၊ ပစၥည္းေတြ သိမ္းလိုက္ေတာ့မွ မိုးမႊားကေလးေတြက တဖြဲဖြဲက်လာကာ တျဖည္းျဖည္းနွင့္ သည္းလာသည္။
ကြၽန္မတို႔ သံုးေယာက္ တစ္ေယာက္မ်က္နွာ တစ္ေယာက္ၾကည့္လိုက္ၿပီး ရယ္လိုက္ၾကသည္။ မိုးတိတ္တဲ့အထိ ကြၽန္္မတို႔ သည္ေနရာမွာ ေသာင္တင္ေနၾကရေတာ့မည္။
ခ်စ္သူရင္ခြင္ ခိုလႈံစရာရွိသူမ်ားအဖို႔ေတာ့ မိုး႐ြာတာ မဆန္းဘူးေပါ့ေမာင္ရယ္...။ ခိုလွံုစရာမရိွတဲ့ သူအတြက္ေတာ့ မိုး႐ြာတာက ဆန္းၾကယ္သေပါ့။ အထီးက်န္လွပါတယ္ ကြယ္။
တဖြဲဖြဲနွင့္ ႐ြာေကာင္းေကာင္းနွင့္ ႐ြာေနေသာ မိုးအၾကား မျပန္မျဖစ္မို႔ ကြၽန္မတို႔ သံုးေယာက္ျပန္လာခဲ့ရသည္။ မနက္ျဖန္ေတာ့ စာအုပ္ဆိုင္ပိတ္ရလိမ့္မည္ထင္သည္။ ကံေကာင္းၿပီး ေနမေကာင္းသူမရွိလ်ွင္ေတာ့မေျပာတတ္ေပ။
အိမ္ျပန္ေရာက္ေတာ့ ၃နာရီထိုးေတာ့မည္။ ထို႔ေၾကာင့္ ကြၽန္မ အဝတ္စားျမန္ျမန္လဲလိုက္ၿပီး ကေလးကိုစာသင္ရန္ထြက္လာခဲ့လိုက္သည္။ တကၠစီကားေပၚမွာတင္ လူက နွာေစးေနၿပီး ကိုယ္ပါပူလာသည္။
ထံုးစံအတိုင္း SoYoungေလးက ကြၽန္မကို ထြက္ႀကိဳရွာသည္။ ကြၽန္မ တကယ္ေနြးေထြးရပါသည္။ SoYoungေလးနွင့္ စာသင္ေနခိုက္ သူမ၏ ပန္းခ်ီစာအုပ္ကို ကြၽန္မ ဖြင့္ၾကည့္မိသည္။
ဘုရားေရ! လက္ရာေျမာက္တဲ့ ေနၾကာပန္းပံုပန္းခ်ီကားေလးက SoYoung၏ စာအုပ္ထဲမွာ အခန္႔သားေနရာယူေနပါေရာ႕လား။
ထိုပန္းခ်ီကို လက္ညႇိဳးေလးနွင့္အသာယာပြတ္ၾကည့္မိသည္။ ေနၾကာပန္း၏ ပြင့္ဖတ္ေလးမ်ားက တကယ့္ေနၾကာပန္းကေလးမ်ားအတိုင္းပင္။ ဒါSoYoungဆြဲတာေတာ့ မျဖစ္ႏုိုင္။
"SoYoungေလး ဒါSoYoungေလးဆြဲတာလား"
SoYoungကစာေရးေနရာမွ
"ဟင့္အင္း မမဆြဲေပးတာ" ဟုေျဖသည္။
"မမ?"
"ဟုတ္တယ္"
SoYoung မွာ အစ္မရွိသည္ဟုမၾကားဖူး။ ဝမ္းကြဲေလမ်ားလား။
"SoYoungေလးရဲ႕ မမကေတာ္လိုက္တာ။ ၾကည့္ပါဦး လွခ်က္ ပန္းခ်ီေလးက"
SoYoungက မ်က္နွာေလးညႇိဳးငယ္သြားသည္။ ကြၽန္မေတာ့ ကေလးကို အားငယ္ေအာင္လုပ္မိသြားသည္ထင္ပါရဲ႕။
"အို..ဆရာမေျပာခ်င္တာကေလ.."
"သမီးနားလည္ပါတယ္။ ဒါပံုေလးက မမဆြဲေပးတဲ့ ပထမဆံုးနဲ႔ေနာက္ဆံုးပံု ျဖစ္ေနလို႔ပါ။"
ပထမဆံုးနဲ႔ ေနာက္ဆံုးပံု? SoYoungေလးေျပာတာကို ကြၽန္မ နားမလည္ေတာ့။ ကေလးေျပာခ်င္တာက...
"မမကဒီေန႔ နိုင္ငံျခားကို သြားေတာ့မွာ"
"အိုကြယ္...ျဖစ္ရေလ။ မမသြားတယ္ဆိုတာက ျပန္လာမွာပဲ မဟုတ္လား။ ပညာသင္တို႔ ဘာတို႔မဟုတ္လား"
"မဟုတ္ဘူး အဲ့မွာအၿပီးေနမွာတဲ့။ ၿပီးေတာ့ မမက ...မမက...."
SoYoungေလးက ေျပာရင္းေျပာရင္း မ်က္နွာေလး မဲ့လာသည္။ ငိုေတာ့မည္ထင္သည္။ ကြၽန္မ SoYoungေလးကို ရင္ခြင္ထဲထည့္လိုက္ၿပီး
"ဘာမွမျဖစ္ဘူး။ ဘာမွမျဖစ္ဘူး။ ဆရာမရွိတယ္ေနာ္ SoYoungေလး။ တိတ္ တိတ္"
ဟုေခ်ာ့ခါမွ ကေလးက ကြၽန္ရင္ခြင္ထဲတြင္ တအိအိနွင့္ငိုခ်ေတာ့သည္။ ကြၽန္မ SoYoungေလး၏ ေက်ာကို ပြတ္သပ္ေပးေနမိသည္။
"မမကသမီးကို မခ်စ္ဘူး။ သမီးေမေမကိုလည္း မုန္းတယ္တဲ့" ဟု ငိုရင္းေျပာေသးသည္။
အို...ဘယ္လုိမိန္းကေလးမို႔လို႔ ဒီေလာက္ခ်စ္စရာေကာင္းၿပီး အျပစ္ကင္းတဲ့ ကေလးကို ဒီလိုရက္စက္တဲ့ စကားေတြ ေျပာထြက္တာပါလိ္မ့္။ ကြၽန္မရင္ထဲ ေအာင့္သြားရသည္။
"မမက SoYoungေလးကိုခ်စ္ရွာမွာပါ။ ခ်စ္လို႔ပံုေတြေတာင္ ဆြဲေပးေနတာမဟုတ္လား"
ကေလးက ငိုၿမဲ။
"SoYoungေလးရဲ႕ မမကဘယ္သူလဲဟင္။ ဆရာမသိလို႔ရမလား"
ကေလးက ေခါင္းၿငိမ့္ျပကာ စာအုပ္စင္နားသို႔ထသြားသည္။ ထို႔ေနာက္ စာအုပ္တစ္အုပ္ကိုယူကာ စာအုပ္ၾကားညႇပ္ထားေသာ ဓာတ္ပံုတစ္ပံုကို ထုတ္လာသည္။ ထို႔ေနာက္ ကြၽန္္မအနားသို႔ ျပန္ထိုင္လိုက္ၿပီး ဓာတ္ပံုကို ကမ္းေပးလိုက္သည္။ SoYoungေပးေသာ ဓာတ္ပံုကို ကြၽန္္မယူၾကည့္လိုက္သည္။
ဓာတ္ပံုကို ၾကည့္ၿပီးေနာက္မွာေတာ့....
ကြၽန္မ၏ ကမၻာႀကီး ခ်ာခ်ာလည္သြားသည္။ ေခါင္းထဲကေန တဆစ္ဆစ္နွင့္ ထိုးကိုက္လာသည္။ အျမင္အာရံုေတြေဝဝါးသြားၿပီး......။
×-×
၁နွစ္ေက်ာ္သြားၿပီေပါ့ ေမာင္ရယ္..။
လြမ္းလြန္းလို႔ အခါခါေသရပါတယ္။
ခ်စ္လြန္းလို႔ အခါခါ ရူးရပါတယ္။
ျမတ္နိုးမႈ မီးကမေသေသးေတာ့ ခဏခဏေလာင္ၿမိဳက္ပါတယ္ကြယ္။
ကြၽန္မ တကယ္ကို ေအးခ်မ္းခ်င္ၿပီ ေမာင္ရယ္။
ေမာင္ ကုစားမွပဲ ေပ်ာက္မယ္ထင္ပါတယ္။
"Unnie Unnie "
"ဟင္!"
"ေနေကာင္းရဲ႕လား။ ေခါင္းကိုက္ေနလို႔လား"
"မဟုတ္ မဟုတ္ပါဘူး။ အဆင္ေျပပါတယ္"
ခ်ိနဲ႔ေသာအၿပံဳးမ်ားျဖင့္ လီဆာ့ကိုၿပံဳးျပလိုက္သည္။
ကြၽန္မရဲ႕ အၿပံဳးေတြ အသက္မပါဘူး ေမာင္။
ကြၽန္မ တကယ္မေပ်ာ္ဘူး။
ကြၽန္မ ျမတ္နိုးေသာ ထိုစာအုပ္ဆိုင္ကေလးမွာပဲ အလုပ္ဆက္လုပ္ျဖစ္သည္။ SoYoung ေလးတို႔သားအမိနွစ္ေယာက္လံုး နိုင္ငံရပ္ျခားေျပာင္းသြားကတည္းက ပိုက္ဆံမတတ္နိုင္ေသာ ကေလးမ်ားကိုသာ စာသင္ေပးျဖစ္သည္။
ကြၽန္မ သိလိုက္ရသည္မွာ ေမာင္က SoYoung၏ အေဖတူ အေမကြဲ အစ္မျဖစ္သည္။ ေမာင္က မယားႀကီး၏ သမီးျဖစ္ၿပီး SoYoung က မယားအငယ္၏ သမီးျဖစ္သည္။ တကယ္ေတာ့ ေမာင္က မယားအငယ္ကိုသာ မုန္းခ်င္မုန္းမည္။ SoYoungေလးကိုေတာ့ မမုန္းဘူး၏ ကြၽန္္မယံုၾကည္မိသည္။ ေမာင့္၏ ပန္းခ်ီကားေလးထဲမွာ ေမာင့္ခ်စ္ျခင္းေမတၲာေတြကို ကြၽန္္မ ေတြ႕ေနရတာေၾကာင့္ ျဖစ္သည္။
'ကလင္'
ကြၽန္မ၏ အလုပ္ခ်ိန္ျပည့္ၿပီမို႔ အက်ႌဝတ္ကာ လက္ကိုင္အိတ္ကုိဆြဲၿပီး ထြက္လာခဲ့လိုက္သည္။ အျပင္မွာ မိုးကတဖြဲဖြဲ။ ပလတ္စတစ္အၾကည္ေရာင္ ထီးအျဖဴေလးကို အျမန္ထုတ္ေဆာင္းလိုက္ၿပီး ကြၽန္မ ေနေသာတိုက္ခန္းသို႔ ျပန္လာခဲ့သည္။ လမ္းမွာ တျဖည္းျဖည္းနွင့္ မိုးက သည္းလာသည္။
ပန္းဆိုင္ေလးေရွ႕ ရပ္မိေတာ့ အမွတ္တရေတြက နွိပ္စက္ျပန္သည္။
ပန္းဆိုင္က အစ္ကိုက ကြၽန္မကိုရိသဲ့သဲ့နဲ႔ေမာင္ရယ္။
ကြၽန္မ ဒီပန္းဆိုင္ကို မဝယ္ျဖစ္တာလည္း ၾကာပါၿပီ။
ေနာက္ၿပီး ကြၽန္မ သစၥာရွိတာ ေမာင့္ တစ္ေယာက္တည္းကိုပါပဲ.....။
3.4.21
8:40 PM
**Unicode**
ရွာမလိုလိုနဲ့ ညိုနေတဲ့ မိုးညက ကျွန်မကို သိပ်ကျီစားတယ် မောင်။ ကျွန်မတော့ ဆွေးရဦးမှာပေါ့ကွယ်။
--
ယနေ့ ဂျင်းနီနဲ့ လီဆာတို့ရဲ့ ၁နှစ်ပြည့် အန်နီဗာစရီမို့ မနီးမေဝးက သစ်တောအုပ်ဆီ ပျော်ပွဲစားထွက်ခဲ့ကြသည်။
မသွားခင်မှာ ဂျင်းနီက လီဆာ့အတွက် စပရိုက်အနေနှင့် ကိတ်မုန့်လုပ်ချင်သည်ဟု ဆိုသဖြင့် ကျွန်မ ကူပေးခဲ့သည်။
တကယ္ဆို သူတို့ရက်စက်သည်ဟု ကျွန်မထင်မိသည်။
ကျွန်မ မပါပဲ ကျင်းပလို့ရနေသည် မဟုတ်ပါလား။
မောင်နှင့်တွဲဖြစ်ခါမှ သူတို့ကျွန်မကို နှိပ်စက်နေသည့်အကြောင်း မောင့်ကိုတိုင်ပစ်ဦးမည်။
သူတို့အချစ်ငှက်နှစ်ကောင်အတွက် ပန်ကိတ်လုပ်ရင်း အတွေးတွေက မောင့်ဆီ ရောက်သွားပြန်သည်။
ဒီအချိန်မှာ မောင်စာအုပ်ဖတ်နေမည်လား။
သို့တည်းမဟုတ် ကျောင်းစာကို သဲကြီးမဲကြီးလုပ်နေမည်လား။ ယနေ့မှ မိုးကအုံ့တော့ ကျွန််မ ခါတိုင်းထက် ပိုလွမ်းပါတယ်မောင်။
သစ်တောအုပ်ကလေးဆီသို့ ရောက်လာခဲ့သည်။သစ်တောအုပ်အတွင်းပိုင်းအထိ ခရီးဆက်ခဲ့ပြီး အတွင်းကျကျနေလောက်မှာ ကျွန်မတို့နားလိုက်သည်။ ယူလာသည့် ဖျာကိုခင်းကာ စားစရာသောက်စရာများကို အစီစဉ်တကျ နေရာချလိုက်သည်။ စိမ်းလန်းနေသော ဝန်းကျင်ကြောင့် လမ်းတစ်လျှောက် မောလာခဲ့ရသမျှ အပန်းပြေပါသည်။ ဂျင်းနီ နှင့် လီဆာတို့ နေရာကို တကယ်ရွေးတတ်သည်။ ကျွန်မတို့နေရာဘေးမှာ စမ်းချောင်းလေးပါရှိနေသည်။
ကြည်လင်ပြီး သန့်ရှင်းနေသော စမ်းချောင်းကလေးကို ကြည့်ရင်း မျက်နှာသစ်ချင်စိတ်ဖြစ်လာသဖြင့် ကျွန််မ ထလာခဲ့လိုက်သည်။ စမ်းချောင်း၏ အစပ်နားလေးသို့ ထိုင်ချလို်က်ပြီး ပတ်ဝန်းကျင်ကိုပါ စူးစမ်းကြည့်မိသည်။
သဘာဝက မွေးထုတ်ပေးခဲ့သော အလွတရားက တကယ့်ကို ရင်သပ်ရှုမောရလောက်အောင် လှပပါသည်။ မောင့်နှင့်အတူ ဤနေရာသို့ တစ်ခေါက်လောက်ဖြစ်ဖြစ် လာချင်သေးသည်။ ထိုအခါ မောင့်ကို ကျွန်မ၏ပေါင်ပေါ်သို့ ခေါင်းအုံးခိုင်းပြီး လှဲလျောင်းခိုင်းထားမည်။ ကျွန်မကတော့ မောင်အကြိုက်ဆုံး စာအုပ်တစ်အုပ်ကို ဖတ်ပြမည်။ ကိုယ့်အတွေးကိုယ် သေဘာက်ကာ ကျွန်မ ရယ်မိသည်။
ထို့နောက် လက်ခုပ်နှစ်ဖက်ဖြင့် စမ်းချောင်းထဲမှ ရေကို ခပ်လိုက်ပြီး မျက်နှာသစ်လိုက်သည်။ ရုတ်တရက် စမ်းချောင်းထဲမှ မျောပါလာသော နေကြာပန်း၏ ပွင့်ဖတ်လေးများက ကျွန်မ၏ လက်ခုပ်ထဲသို့ ပါလာသည်။
ကျွန်မ ဘေးဘီသို့ ကြည့်လိုက်တော့ ဘာမှထူးခြားနေတာမျိုးမတွေ့ရ။ စမ်းချောင်း၏ အထက်ပိုင်းကနေစီးဆင်းလာတာပဲဖြစ်ရမည်။ ခြေရာခံလိုက်ချင်သော်ငြား လီဆာတို့အား ထားခဲ့ရမွာကို အားနာပါသည်။
ထို့ကြောင့် တချို့ကျောက်တုံးကျောက်ခဲများနှင့် ငြိကာ ဆက်မစီးဆင်းတော့သော နေကြာပွင့်ဖတ်တို့ကိုပါ ကျွန်မ လှမ်းပြီးဆယ်ယူလို်က်သည်။ ထို့နောက် လီဆာတို့အနားသို့ပြန်လာလိုက်သည်။
နေကြာပန်း၏ပွင့်ဖတ်လေးတွေမြင်တော့ မောင်နှင့်နောက်ဆုံးတွေ့ခဲ့ရသည့် အချိန်ကို ပြန်လွမ်းမိသည်။ ပန်းဆိုင်ထဲမှာ မောင်နေကြာပန်းရွေးနေသည့်ပုံရိပ်ကို မြင်ယောင်ရင်း ကျွန််မရင်တွေ လှိုက်ဖိုရပြန်သည်။
Unnie ဘာတွေတွေးနေတာလဲ စားလေ ဆိုမွ သတိပြန်ဝင်ကာ ပါလာသောမုန့်တချို့ကိုစားဖြစ်သည်။ ထို့နောက် စပျစ်ဝိုင်အနည်းငယ်ကို သောက်ကာ အန္နီဗာစရီကို ဂုဏ်ပြုပေးဖြစ်သည်။ အချိန်အနည်းငယ် အနားယူပြီး ပြန်မည်ဟု ပြင်ကာ ဖျာလိပ်တွေ၊ ပစ္စည်းတွေ သိမ်းလိုက်တော့မှ မိုးမွှားကလေးတွေက တဖြဲဖြဲက်လာကာ တဖြည်းဖြည်းနှင့် သည်းလာသည်။
ကျွန်မတို့ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ရယ်လိုက်ကြသည်။ မိုးတိတ်တဲ့အထိ ကျွန််မတို့ သည်နေရာမှာ သောင်တင်နေကြရတော့မည်။
ချစ်သူရင်ခွင် ခိုလှုံစရာရှိသူများအဖို့တော့ မိုးရွာတာ မဆန်းဘူးပေါ့မောင်ရယ်...။ ခိုလှုံစရာမရှိတဲ့ သူအတွက်တော့ မိုးရွာတာက ဆန်းကြယ်သပေါ့။ အထီးကျန်လှပါတယ် ကွယ်။
တဖွဲဖွဲနှင့် ရွာကောင်းကောင်းနှင့် ရွာနေသော မိုးအကြား မပြန်မဖြစ်မို့ ကျွန်မတို့ သုံးယောက်ပြန်လာခဲ့ရသည်။ မနက်ဖြန်တော့ စာအုပ်ဆိုင်ပိတ်ရလိမ့်မည်ထင်သည်။ ကံကောင်းပြီး နေမကောင်းသူမရှိလျှင်တော့မပြောတတ်ပေ။
အိမ်ပြန်ရောက်တော့ ၃နာရီထိုးတော့မည်။ ထို့ကြောင့် ကျွန်မ အဝတ်စားမြန်မြန်လဲလိုက်ပြီး ကလေးကိုစာသင်ရန်ထွက်လာခဲ့လိုက်သည်။ တက္ကစီကားပေါ်မှာတင် လူက နှာစေးနေပြီး ကိုယ်ပါပူလာသည်။
ထုံးစံအတိုင်း SoYoungလေးက ကျွန်မကို ထွက်ကြိုရှာသည်။ ကျွန်မ တကယ်နွေးထွေးရပါသည်။ SoYoungလေးနှင့် စာသင်နေခိုက် သူမ၏ ပန်းချီစာအုပ်ကို ကျွန်မ ဖွင့်ကြည့်မိသည်။
ဘုရားရေ! လက်ရာမြောက်တဲ့ နေကြာပန်းပုံပန်းချီကားလေးက SoYoung၏ စာအုပ်ထဲမှာ အခန့်သားနေရာယူနေပါရော့လား။
ထိုပန်းချီကို လက်ညှိုးလေးနှင့်အသာယာပွတ်ကြည့်မိသည်။ နေကြာပန်း၏ ပွင့်ဖတ်လေးများက တကယ့်နေကြာပန်းကလေးများအတိုင်းပင်။ ဒါSoYoungဆွဲတာတော့ မဖြစ်နိုင်။
"SoYoungလေး ဒါSoYoungလေးဆွဲတာလား"
SoYoungကစာရေးနေရာမှ
"ဟင့်အင်း မမဆွဲပေးတာ" ဟုဖြေသည်။
"မမ?"
"ဟုတ်တယ်"
SoYoung မွာ အစ်မရှိသည်ဟုမကြားဖူး။ ဝမ်းကွဲလေများလား။
"SoYoungလေးရဲ့ မမကတော်လိုက်တာ။ ကြည့်ပါဦး လှချက် ပန်းချီလေးက"
SoYoungက မျက်နှာလေးညှိုးငယ်သွားသည်။ ကျွန်မတော့ ကေလးကို အားငယ်အောင်လုပ်မိသွားသည်ထင်ပါရဲ့။
"အို..ဆရာမပြောချင်တာကလေ.."
"သမီးနားလည်ပါတယ်။ ဒါပုံလေးက မမဆွဲပေးတဲ့ ပထမဆုံးနဲ့နောက်ဆုံးပုံ ဖြစ်နေလို့ပါ။"
ပထမဆုံးနဲ့ နောက်ဆုံးပုံ? SoYoungလေးပြောတာကို ကျွန်မ နားမလည်တော့။ ကလေးပြောချင်တာက...
"မမကဒီနေ့ နိုင်ငံခြားကို သွားတော့မှာ"
"အိုကွယ်...ဖြစ်ရလေ။ မမသြားတယ္ဆိုတာက ပြန်လာမှာပဲ မဟုတ္လား။ ပညာသင်တို့ ဘာတို့မဟုတ်လား"
"မဟုတ္ဘူး အဲ့မှာအပြီးနေမှာတဲ့။ ပြီးတော့ မမက ...မမက...."
SoYoungလေးက ပြောရင်းပြောရင်း မျက်နှာလေး မဲ့လာသည်။ ငိုတော့မည်ထင်သည်။ ကျွန်မ SoYoungလေးကို ရင်ခွင်ထဲထည့်လိုက်ပြီး
"ဘာမွမျဖစ္ဘူး။ ဘာမွမျဖစ္ဘူး။ ဆရာမရှိတယ်နော် SoYoungလေး။ တိတ် တိတ်"
ဟုချော့ခါမှ ကေလးက ကျွန်ရင်ခွင်ထဲတွင် တအိအိနှင့်ငိုချတော့သည်။ ကျွန်မ SoYoungလေး၏ ကျောကို ပွတ်သပ်ပေးနေမိသည်။
"မမကသမီးကို မခ်စ္ဘူး။ သမီးမေမေကိုလည်း မုန်းတယ်တဲ့" ဟု ငိုရင်းပြောသေးသည်။
အို...ဘယ်လိုမိန်းကလေးမို့လို့ ဒီလောက်ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ ကေလးကို ဒီလိုရက်စက်တဲ့ စကားတွေ ပြောထွက်တာပါလိ်မ့်။ ကျွန်မရင်ထဲ အောင့်သွားရသည်။
"မမက SoYoungလေးကိုချစ်ရှာမှာပါ။ ချစ်လို့ပုံတွေတောင် ဆွဲပေးနေတာမဟုတ်လား"
ကေလးက ငိုမြဲ။
"SoYoungလေးရဲ့ မမကဘယ်သူလဲဟင်။ ဆရာမသိလို့ရမလား"
ကေလးက ခေါင်းငြိမ့်ပြကာ စာအုပ်စင်နားသို့ထသွားသည်။ ထို့နောက် စာအုပ်တစ်အုပ်ကိုယူကာ စာအုပ်ကြားညှပ်ထားသော ဓာတ်ပုံတစ်ပုံကို ထုတ်လာသည်။ ထို့နောက် ကျွန််မအနားသို့ ပြန်ထိုင်လိုက်ပြီး ဓာတ်ပုံကို ကမ်းပေးလိုက်သည်။ SoYoungပေးသော ဓာတ်ပုံကို ကျွန််မယူကြည့်လိုက်သည်။
ဓာတ်ပုံကို ကြည့်ပြီးနောက်မှာတော့....
ကျွန်မ၏ ကမ်ဘာကြီး ချာချာလည်သွားသည်။ ခေါင်းထဲကနေ တဆစ်ဆစ်နှင့် ထိုးကိုက်လာသည်။ အမြင်အာရုံတွေဝေဝါးသွားပြီး......။
-
၁နှစ်ကျော်သွားပြီပေါ့ မောင်ရယ်..။
လွမ်းလွန်းလို့ အခါခါသေရပါတယ်။
ချစ်လွန်းလို့ အခါခါ ရူးရပါတယ်။
မြတ်နိုးမှု မီးကမသေသေးတော့ ခဏခဏလောင်မြိုက်ပါတယ်ကွယ်။
ကျွန်မ တကယ္ကို အေးချမ်းချင်ပြီ မောင်ရယ်။
မောင် ကုစားမွပဲ ပျောက်မယ်ထင်ပါတယ်။
"Unnie Unnie "
"ဟင်!"
"နေကောင်းရဲ့လား။ ခေါင်းကိုက်နေလို့လား"
"မဟုတ် မဟုတ်ပါဘူး။ အဆင်ပြေပါတယ်"
ချိနဲ့သောအပြုံးများဖြင့် လီဆာ့ကိုပြုံးပြလိုက်သည်။
ကျွန်မရဲ့ အပြုံးတွေ အသက်မပါဘူး မောင်။
ကျွန်မ တကယ္မေပ်ာ္ဘူး။
ကျွန်မ မြတ်နိုးသော ထိုစာအုပ်ဆိုင်ကလေးမှာပဲ အလုပ်ဆက်လုပ်ဖြစ်သည်။ SoYoung လေးတို့သားအမိနှစ်ယောက်လုံး နိုင်ငံရပ်ခြားပြောင်းသွားကတည်းက ပိုက်ဆံမတတ်နိုင်သော ကေလးမ်ားကိုသာ စာသင်ပေးဖြစ်သည်။
ကျွန်မ သိလိုက်ရသည်မှာ မောင်က SoYoung၏ အေဖတူ အေမကြဲ အစ်မဖြစ်သည်။ မောင်က မယားကြီး၏ သမီးဖြစ်ပြီး SoYoung က မယားအငယ်၏ သမီးဖြစ်သည်။ တကယ်တော့ မောင်က မယားအငယ္ကိုသာ မုန်းချင်မုန်းမည်။ SoYoungလေးကိုတော့ မမုန်းဘူး၏ ကျွန််မယုံကြည်မိသည်။ မောင့်၏ ပန်းချီကားလေးထဲမှာ မောင့်ချစ်ခြင်းမေတ္တာတွေကို ကျွန််မ တွေ့နေရတာကြောင့် ဖြစ်သည်။
'ကလင်'
ကျွန်မ၏ အလုပ်ချိန်ပြည့်ပြီမို့ အကျႌဝတ်ကာ လက်ကိုင်အိတ်ကိုဆွဲပြီး ထွက်လာခဲ့လိုက်သည်။ အပြင်မှာ မိုးကတဖြဲဖြဲ။ ပလတ်စတစ်အကြည်ရောင် ထီးအဖြူလေးကို အမြန်ထုတ်ဆောင်းလိုက်ပြီး ကျွန်မ နေသောတိုက်ခန်းသို့ ပြန်လာခဲ့သည်။ လမ်းမှာ တဖြည်းဖြည်းနှင့် မိုးက သည်းလာသည်။
ပန်းဆိုင်လေးရှေ့ ရပ်မိတော့ အမွတ္တရေတြက နှိပ်စက်ပြန်သည်။
ပန်းဆိုင်က အစ္ကိုက ကျွန်မကိုရိသဲ့သဲ့နဲ့မောင်ရယ်။
ကျွန်မ ဒီပန်းဆိုင်ကို မဝယ်ဖြစ်တာလည်း ကြာပါပြီ။
နောက်ပြီး ကျွန်မ သစ္စာရှိတာ မောင့် တစ်ယောက်တည်းကိုပါပဲ.....။
3.4.21
8:40 PM