Unicode
"ဒိုင်းး"
အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ဟိုလူ ပြန်ပေးဆွဲ သမားကသူ့နားထင်သူပြန်ပစ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွား၏။
နှင်းအဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ လန့်ပြီးတုန်သွားကာအသိစိတ်တို့ကင်းမဲ့သွားသလိုတောင်ဖြစ်သွားသည်။
ဒါပေမယ့်နှင်းကိုယ့်ကိုကိုယ်သတိပေးရင်း စိတ်ကိုထိန်းထားရသည်။နှင်းအခုချိန်မှာ ဒီလိုဖြစ်လို့မဖြစ်။ အရေးကြီးဆုံးကသူ။ သူ့ကိုဂရုစိုက်ရမယ်။သူတစ်ခုခုဖြစ်လို့မဖြစ်ဘူး။
ခနကြာတော့ဆေးရုံကားရောက်လာ၏။
ဆေးရုံကားပေါ် လမ်းတစ်လျှောက်လုံး၌လည်း နှင်းတစ်ယောက်မင်းမြတ်ရဲ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ
ပါးစပ်ကလည်း
"ရှင်ဘာမှမဖြစ်ရဘူးနော် ဘာမှမဖြစ်ရဘူး"
မင်းမြတ်ကတော့ဒဏ်ရာအရှိန်ကြောင့် မေ့သွားလိုက်သတိပြန်ရလိုက်ဖြစ်နေ၏။
_____/\_______/\_______
မင်းမြတ်ဒဏ်ရာကိုငါးချက်ချုပ်လိုက်ရသည်။
ဘယ်ဘက်ခါးနားကိုရှပ်ထိသွားပေမယ့် နည်းနည်းနက်သွားတာကြောင့် သွေးထွက်များသွားခြင်းဖြစ်သည်။
အခုတော့မင်းမြတ်မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေ၏။
နှင်း မင်းမြတ်ဘေးမှာလူနာစောင့်ရင်းသူဘာမှကြီးကြီးမားမားမဖြစ်တာကိုဘဲ ဝမ်းသာပြီးကျေးဇူးအလွန်တင်နေရသည်။
နှင်း ဒေါ်လေးမုံ accident နဲ့ကြုံပြီးနောက်ပိုင်း အဲ့လိုကိစ္စမျိုးနဲ့ထပ်ကြုံရမှာအရမ်းကိုကြောက်၏။
ခုထပ်ကြုံလိုက်ရတာကြောင့် မမေ့လဲရုံတမယ်။
"တော်ပါသေးတယ် တော်ပါသေးတယ် ဘာမှမဖြစ်လို့ တော်ပါသေးတယ်"
နှင်းမင်းမြတ်လက်ကိုဆုပ်ကိုင်ရင်း မြန်မြန်သတိရလာဖို့ထိုင်ဆုတောင်းနေမိသည်။
"ဟို မနှင်းပန်းပွင့်အိမ်ပြန်ချင်ပြန်လိုက်ပါလား Boss ကို ကျွန်တော်ဆက်စောင့်လိုက်ပါ့မယ်"
အခန်းထဲကိုဝင်လာရင်းပြောလိုက်တဲ့ ဝဏ
"ရတယ် ကို၀ဏ နှင်းဘဲဆက်စောင့်လိုက်မယ် ကို၀ဏအိမ်ပြန်ပြီး မင်းမြတ်ရဲ့အဝတ်အစားတွေနဲ့အသုံအဆောင်ပစ္စည်းတစ်ချို့ပြန်ယူပေးလို့ရမလားဟင်"
"ဟုတ်ကဲ့ ကျွန်တော်ပြန်ယူလိုက်ပါ့မယ် တခြားဘာထပ်မှာဦးမလဲ"
"ဟုတ် မမှာတော့ပါဘူး အဲ့ဒါတွေဘဲယူခဲ့ပေးနော်"
"ဟုတ်ကဲ့ အဲ့ဒါဆိုကျွန်တော်ပြန်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့"
---
မျက်လုံးကိုဖွင့်လိုက်တော့ ခါးနားကနည်းနည်းနာနေသည်။
ဘေးဘီကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ မျက်နှာလေးအပ်ပြီးအိပ်ပျော်နေတဲ့နှင်း။
နှင်းကိုမြင်တော့ သူကိုယ်တိုင်တောင်မသိလိုက်ဘဲအလိုလို ပြုံးမိသည်။
'အိပ်နေပုံလေးက ကလေးလေးကျနေတာဘဲ'
နှင်းလည်းလှုပ်စိလှုပ်စိအသံတွေကြောင့်အိပ်ပျော်နေရာမှ နိုးလာ၏။
မင်းမြတ်များသတိရလာပြီလားလို့ကြည့်လိုက်တော့ သူကိုပြုံးပြီး ကြည့်နေတဲ့မင်းမြတ်။
"သတိ သတိ ရလာပြီလား"
"အင်း"
"ဘယ်လိုနေလဲဟင် သက်သာရဲ့လား"
"အင်း သက်သာပါတယ်"
"ခေါင်းတွေဘာတွေရောမူးသေးလား"
"မမူးဘူး သက်သာတယ်"
"ဆရာဝန်ခေါ်လိုက်မယ်နော် သတိရလာပြီဆိုတော့"
"ခနနေမှခေါ်ပါလားဟင်"
"ဘာလို့လဲ"
"အလွမ်းသယ်မလို့"
မင်းမြတ်လဲပြောပြီးရော နှင်းမျက်နှာလေးရဲခနဲဖြစ်သွားတာကို မင်းမြတ်သတိထားမိလိုက်သည်။
ရှက်သွားတာလေးကချစ်စရာ
မင်းမြတ်ရဲ့အပြောကြောင့် နှင်းရင်တွေတဒုန်းဒုန်းနဲ့ခုန်နေ၏။
အစကတည်းက သူ့အနားရောက်နေရင်အလိုလိုနေရင်း ရင်ခုန်နေပါတယ်ဆို ခုလိုကြီးပြောလိုက်တော့ဘယ်လိုလုပ်မလဲ။
"အာ ဘာတွေပြောနေတာလဲ"
"အတည်ပြောတာ မင်းနဲ့ခွဲနေရတာ 18 နာရီတောင်ရှိပြီကို လွမ်းတယ်"
"တကယ်သက်သာတာရောဟုတ်ရဲ့လား ကိုယ်တွေဘာတွေရောပူသေးလား"
နှင်းလည်းရှက်တာနဲ့ဘဲ စကားလမ်းကြောင်းလွှဲလိုက်ပြီး သူနဖူးလေးကိုလက်နဲ့ကိုယ်ပူမပူစမ်းကြည့်လိုက်သည်။
"ကိုယ်တော့မပူဘူးဘဲ"
"ကိုယ့်ကိုသာမေးမနေနဲ့ မင်းရောအဆင်ပြေရဲ့လား တစ်ခုခုထိခိုက်မိသေးလား ဒဏ်ရာတွေဘာတွေရောရသေးလား"
"ဘာမှမထိခိုက်ဘူးရတယ် လန့်သွားတာကလွဲရင်ဘာမှမဖြစ်ဘူး"
"တော်သေးတာပေါ့ မင်းသာတစ်ခုခုဖြစ်သွားရင်ကိုယ်ရူးလိမ့်မယ်"
ပြောပြီး မင်းမြတ်နှင်းရဲ့လက်လေးကိုဆွဲယူပြီးကိုင်ထားလိုက်သည်။
"ကိုယ်ဘယ်လောက်တောင်စိတ်ပူသွားလည်းမင်းသိလား"
"ကျွန်ရော ရှင်ထိခိုက်သွားတော့ ဘယ်လောက်တောင်စိတ်ပူသွားလည်းရှင်သိလား အဲ့လိုကြီးတိုးဝင်လာတော့ထိခိုက်သွားမယ်ဆိုတာ ရှင်မသိဘူးလား ရှင်သာတစ်ခုခုဖြစ်သွားရင် ရှင်သာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.ဟင့်"
စကာပြောရင်းငိုချလိုက်တဲ့ နှင်းကြောင့်မင်းမြတ်ဘာလုပ်ရဘာကိုင်ရမလဲမသိတော့။
"မငိုနဲ့လေ ကိုယ်ဘာမှမဖြစ်ဘူးလေ မငိုနဲ့တော့နော် တိတ်"
ငိုနေတဲ့ကလေးကိုချော့ရင်ပိုငိုတယ်ဆိုသည့်အတိုင်း နှင်းမှာအငိုမတတိတ်ဘဲဆက်သာငိုနေတော့သည်။
"ဟင့် ရှင်သာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
"မငိုပါနဲ့တော့ကွာ ကိုယ်ဘာမှမဖြစ်ဘူးလေနော် မငိုနဲ့တော့"
'မင်းငိုရင်ကိုယ်ဘယ်လောက်နာကျင်ရမှန်း မင်းမသိဘူးလား'
"မငိုနဲ့တော့နော်"
ခနလောက်ကြာမှနှင်းအငိုတိတ်သွားတော့၏။
နှင်းအငိုတတိတ်သွားတော့မှဘဲ မင်းမြတ်သက်ပြင်းဖွဖွလေးချလိုက်ရသည်။
"တောင်းပန်ပါတယ် ကျွန်မအရမ်းဝမ်းနည်းသွားလို့ ရှင်သာတစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်ကြောင့်"
"အင်း ရပါတယ်"
"ဆရာဝန်ခေါ်လိုက်တော့မယ်နော်"
"အင်း"
နှင်း ဆရာဝန်ခေါ်တဲ့ဘဲလ်ကိုနှိပ်ပြီးမကြာ ဆရာဝန်ရောက်လာပြီး မင်းမြတ်ကို စမ်းသပ်ကြည့်သည်။
"လူနာကစိတ်ပူစရာမရှိတော့ပါဘူး သက်သာပါတယ် ဆေးရုံတော့သုံးလေးရက်လောက်တက်လိုက်ဦးပေါ့ ပိုစိတ်ချရအောင်လို့"
"ဟုတ်ကဲ့ ဒေါက်တာ"
"ခုတော့အိပ်လိုက်ဦး မနက်ကျမှထပ်လာပြီး အခြေအနေလာကြည့်မယ်နော်"
"ဟုတ်ကဲ့"
"အဲ့ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦးနော်"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
ဒေါက်တာထွက်သွားပြီးနောက် ဒေါက်တာပေးခဲ့တဲ့ဆေးကို မင်းမြတ်ကို တိုက်ဖို့နှင်းပြင်ရတော့သည်။
"ဆေးသောက်လိုက်နော်"
"မသောက်ချင်ဘူး"
"ဘာလို့လဲ"
"ဒီအတိုင်း မသောက်ချင်လို့"
"မသောက်ချင်လို့ မရဘူးလေ ဆေးသောက်မှမြန်မြန် သက်သာမှာပေါ့"
တကယ်ကလေးဆိုးနှင့်တူသည်။
"မြန်မြန်မသက်သာချင်ပါဘူး"
"ဘာလို့"
"မြန်မြန်သက်သာသွားရင် မင်းကိုယ့်ကိုဂရုစိုက်တာခနဘဲခံရတော့မှာပေါ့"
အော်ကလေးဆိုးကြီးရယ်။
"ဟင်း သောက်လိုက်ပါ လိမ္မာပါတယ်နော်"
"မသောက်ချင်ဘူးလို့"
"ရှင်ကကလေးလားဆေးသောက်ဖို့ အဲ့လောက်ပြောနေရတာ
ရတယ် မသောက်နဲ့ကျွန်မလည်းလူနာဆက်မစောင့်တော့ဘူး ပြန်တော့မယ် ရှင်တစ်ယောက်တည်းနေခဲ့တော့"
နှင်းပြောပြီး ထပြန်မယ်လုပ်တော့
မင်းမြတ်က နှင်းလက်ကိုဆွဲထားသည်။
"သောက်မယ် သောက်မယ် ရပြီလား ပြန်တော့မပြန်လိုက်ပါနဲ့"
"အဲ့လိုလိမ္မာမှပေါ့ ဟ"
နှင်းအကြမ်းနည်းသုံးမှဘဲ သူဆေးသောက်တော့သည်။
နှင်း အခုမှသိလိုက်ရတာကမင်းမြတ်ကဆေးသောက်ရမှာ တော်တော်ကြောက်တာဘဲ။တကယ်ကလေးဆိုး။
"မင်းအိပ်တော့မှာလား"
နှင်းအိပ်ဖို့စောင်တွေခေါင်းအုံးတွေပြင်နေတာမြင်တော့ မင်းမြတ်က မေးသည်။
"အင်း အိပ်တော့မှာလေ"
"ဘယ်မှာအိပ်မှာလဲ"
"ဒီမှာလေ"
လူနာစောင့်တွေထိုင်ဖို့လုပ်ထားတဲ့ခြေရင်းနားက ခုံတန်းရှည်ကိုလက်ညှိုးထိုးရင်းနှင်းဖြေလိုက်သည်။
လူနာအခန်းက VIP အခန်းဖြစ်တာကြောင့်အခန်းထဲမှာကိုယ်တွေတစ်ဦးတည်းဘဲ။ အခန်းထဲမှာက လူနာခုတင်ရယ်
ကုတင်ရဲ့ဘေးမှာကလူနာစောင့်တွေထိုင်ဖို့ထိုင်ခုံရယ်
ခြေရင်းမှာကခုံတန်းရှည်တစ်ခုရှိသည်။
ဘေးဘက်မှာကတော့ရေချိုးခန်းနဲ့ အိမ်သာတွဲလျက် အခန်းရှိသည်။
"မိန်ကလေးကအဲ့ခုံမှာအိပ်လို့ဘယ်ဖြစ်မလဲ
ဒီကိုလာအိပ်"
မင်းမြတ်ပြောရင်းသူ့ဘေးနားကုတင်ပေါ်ကိုပုတ်ပြသည်။
"အာ မအိပ်ပါဘူး ဒီမှာဘဲအိပ်မယ်"
"ဒီကိုလာအိပ်ပါ ကိုယ်နဲ့အတူတူ မအိပ်ချင်ဘူးဆိုရင်ကိုယ်ကအဲ့မှာအိပ်လိုက်မယ် မင်းကဒီမှာအိပ်လေ"
"နှင်းဒီမှာဘဲအိပ်မယ် ရှင်ကဒဏ်ရာကြီးနဲ့အဲ့မှာဘဲအိပ်ပါ ရတယ်"
"ရတာသေချာလို့လား"
"ရပါတယ်ဆို အိပ်တော့"
သူပုံစံကသိပ်တော့လက်ခံချင်တဲ့ပုံမပေါ်။
ဒါပေမယ့်နောက်ဆုံးတော့လဲ လက်ခံလိုက်ရသည်။
"အင်း Goodnight"
"Goodnight"
---
"အင် ဟင်း ဟင်း"
'ဘာသံပါလိမ့်'
နှင်းညီးသံကြားလို့ထကြည့်လိုက်တော့ မင်းမြတ်ကိုယ်တွေပူပြီးညီးနေခြင်းဖြစ်၏။
"အာ ကိုယ်တွေပူနေတာဘဲ"
အစောတုန်းကသူနာပြုဆရာမလေး ပြောသွားတာတော့ရှိတယ်။ ညကျရင်အနာအရှိန်ကြောင့်ဖျားနိုင်တယ်တဲ့ ဖျားရင် ဘဲလ်မတီးဘဲနဲ့ ဖုန်းဘဲဆက်လိုက်ပါဆိုပြီး ဖုန်းနံပါတ်ပေးသွားသည်။
နှင်းလည်း လူနာခန်းထဲကကြိုးဖုန်းနဲ့ သူပေးထားခဲ့တဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
"ဟယ်လို"
"ဟယ်လို"
"ဆရာမရေ အခန်းနံပါတ် 1181 က လူနာဖျားနေလို့ပါ အဲ့ဒါ ဖျားရင် ဖုန်းလှမ်းဆက်လိုက်ဆိုလို့ဆက်လိုက်တာပါ"
"အော် ဟုတ်ကဲ့ မနှင်းပန်းပွင့်မလား ကျွန်မအခုချက်ချင်းလာခဲ့မယ်နော်"
"ဟုတ်ကဲ့"
"အင်း ဟင်း ဟင်း အဖေ အမေ အား အင်း ဟင်း"
မင်းမြတ်ညီးနေရင်းမှာဘဲဟိုအိမ်မက်ဆိုးမက်လို့ထင်သည်။ သူ့မိဘတွေကိုတနေ၏။
နှင်းသူ့ဘေးနားမှာဝင်ထိုင်လိုက်ပြီး သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
"အဖေ အမေ မလုပ်ကြပါနဲ့ အဖေ အမေ"
"ဘာမှမဖြစ်ဘူးနော် ကျွန်မရှိတယ်နော် ဘာမှမဖြစ်ဘူး"
"ဟင်း"
"ဘာမှမဖြစ်ဘူး ကျွန်မရှိတယ်နော်"
ထိုအခါမှအနည်းငယ်ငြိမ်ကျသွားကာ မင်းမြတ်မျက်လုံး၌ မျက်ရည်များစီးကျလာ၏။
နှင်းလည်း မျက်ရည်တွေကို သုတ်ပေးရင်း
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"
နှစ်တွေကြာတဲ့အထိ ဒီအိမ်မက်ဆိုးကနေ ရုန်းမထွက်နိုင်သေးတဲ့မင်းမြတ်ကိုနှင်းသနားမိသည်။ ပြီးတော့ဒီလိုတွေ ဖြစ်ရတာ နှင်းမိဘတွေကြောင့်ဆိုတော့ပိုပြီး စိတ်မကောင်းဖြစ်ရပြီးအပြစ်ရှိသလိုခံစားရသည်။
ဖြစ်နိုင်ရင်လေ နှင်း သူ့ကိုဒီအိပ်မက်ဆိုးကနေ အပြီးတိုင်လွတ်မြောက်စေချင်သည်။
နောက် သူနာပြုဆရာမရောက်လာကာ မင်းမြတ်ကိုဆေးထိုးပေးပြီး အားဆေးချိတ်ထားတာကိုထပ်ပြီး ဆေးထပ်သွင်းပေးသည်။
အနာရင်းပြီးဖျားတာမို့ဘေးနားကနေ စောင့်ကြည့်လိုက်ပါဦးဆိုပြီး အခြားမှာစရာရှိတာမှာပြီးထွက်သွားသည်။
နှင်းလည်းမင်းမြတ်ဘေးမှာထိုင်နေလိုက်ပြီး သူ့အခြေအနေကိုစောင့်ကြည့်နေရသည်။
လူနာစောင့်ရင်းမှာဘဲ ဝင်လာတဲ့ အတွေးတစ်ချို့
အဲ့အတွေးတွေက
လွန်ခဲ့သော 13 နာရီခန့်က
"မင်းအဖေဒီပြန်ရောက်နေတယ်"
"ဟင် အဖေ အဖေက"
နှင်းသူ့စကားကြားတော့ အံ့ဩမှုနဲ့အတူလန့်သွားရသည်။
"အဖေကအခုဘယ်မှာလဲဟင်"
"အဲ့ဒါတော့ငါလည်းမသိဘူးသူပျောက်နေတာကြာပြီ ဒါပေမယ့် သေချာတာတစ်ခုကတော့ မင်းမြတ်သူရိန်တော့သိလောက်တယ်"
"မင်းမြတ် မင်းမြတ်ကဘာလို့လဲ"
"မင်းသိချင်ရင် သူ့ကိုမေးကြည့်လေ သူသေချာပေါက်ကိုသိမှာပါ"
ထိုသူပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်မိရင်း
'မင်းမြတ်ကအဖေနဲ့တွေ့ပြီးသွားပြီလား မဟုတ်မှလွဲရောမင်းမြတ်က အဖေ့ကိုတစ်ခုခု....
မဟုတ်လောက်ပါဘူး မဟုတ်လောက်ပါဘူး ငါအတွေးလွန်နေတာနေမှာပါ'
နှင်းလူနာစောင့်ရင်း အတွေးပေါင်းများစွာနှင့်။
အမြဲအိမ်မက်ဆိုးတွေနဲ့ကိုယ့်ကမ္ဘာကိုတစ်ရက်နွေးထွေးတဲ့လက်လေးတစ်စုံရောက်လာခဲ့သည်။ထိုလက်လေးကနွေးထွေးစွာနဲ့ဆုပ်ကိုင်လာချိန်မှာ ကိုယ့်ရဲ့အိမ်မက်ဆိုးတွေမှော်ဆန်စွာရပ်တန့်သွားလေရဲ့။ဆန်းကြယ်လိုက်တာနော်။
ကျေးဇူးပါ နွေးထွေးတဲ့လက်ကလေး မင်းကြောင့်ဒီတစ်ညတော့ကိုယ့်ရဲ့ကမ္ဘာအိမ်မက်ဆိုးတွေထံကနေလွတ်မြောက်နိုင်ခဲ့ပြီ...။
_____/\_______/\_______
မင်းမြတ်အိပ်ယာကနေနိုးပြီးကြည့်လိုက်တော့ နှင်းကခုတင်ပေါ်မှာခေါင်းလေးတင်ပြီးအိပ်နေလေ၏။
'တစ်ညလုံးဒီလိုကြီးအိပ်နေတာလား ခေါင်းတော့နာတော့မှာဘဲ'
မင်းမြတ်အသံမထွက်အောင် ဖြေးဖြေးလေးထလိုက်သည်။
ခါးကတော့နည်းနည်းတော့နာပေမယ့် ဒီလောက်တော့သူခံနိုင်ပါတယ်။
မင်းမြတ်ကုတင်ပေါ်ကနေထပြီး နှင်းကိုအသာအယာလေးမပြီး ချီဖို့လုပ်နေတုန်းမှာဘဲ
"ရှင်နိုးနေပြီလား"
နှင်း နိုးလာ၏။
"ဘာလုပ်နေတာလဲ မတ်တပ်ကြီး"
"ဘာမှမလုပ်ပါဘူး မင်းကိုခုတင်ပေါ်ရွေ့မလို့"
"ဟင်"
"မင်းအိပ်နေတာ ခေါင်းနာနေမှာစိုးလို့"
"အာ ရပါတယ် ကိစ္စမရှိပါဘူး ရှင်သာအရေးကြီးတာ
ဘယ်လိုနေသေးလဲ သက်သာလား"
"အင်း သက်သာပါတယ်"
နှင်းသူ့နှဖူးကို စမ်းကြည့်လိုက်သည်။
"ကိုယ်တော့မပူတော့ဘူး တော်သေးတယ် ညကတစ်ညလုံးဖျားပြီးညီးနေတော့ ကျွန်မမှာစိတ်ပူလိုက်ရတာ"
"ကိုယ်ညကဖျားသေးတယ်လား"
"အင်း ဖျားသေးတယ် အနားရင်းပြီးဖျားတာ တစ်ညလုံးညီးနေတာမနက်ရောက်ခါနီးမှငြိမ်သွားတာ"
"တောင်ပန်ပါတယ် မင်းညကအိပ်ရေးပျက်သွားမှာပေါ့"
"မဟုတ်တာ ရပါတယ် ကျွန်မကြောင့်ဖြစ်တာဘဲ ကျွန်မမှာ တာဝန်ရှိတာပေါ့"
နှင်းစကားကြောင့် မင်းမြတ် နည်းနည်းတော့ ဝမ်းနည်းသွားရသည်။နှင်းကသူ့ကြောင့်ဖြစ်တာမိုလို့ သူ့မှာတာဝန်ရှိလို့လုပ်ပေးတာပေါ့ သူ့ကိုဂရုစိုက်လို့လုပ်ပေးတာမဟုတ်ဘူးပေါ့။
နှင်းနဲ့မင်းမြတ်လည်း ထိုမှာတင်စကားစပြတ်သွား၏။
မင်းမြတ်လည်းကုတင်ပေါ်မှာပြန်လှဲနေလိုက်ပြီး နှင်းလည်း မျက်နှာသစ်သွားတိုက်လုပ်စရာ ရှိတာလုပ်နေ၏။
ခနကြာတော့ ဝဏရောက်လာသည်။
"Boss သက်သာရဲ့လား"
"သက်သာပါတယ်"
မင်းမြတ် ကုတင်ကိုနည်းနည်းခပ်မက်မက် အနေအထားပြောင်းလိုက်ပြီးပြန်ဖြေလိုက်သည်။
"တော်သေးတာပေါ့"
"အော် ကိုဝဏရောက်လာပြီလား"
နှင်းရေချိုခန်းထဲကထွက်အလာ ဝဏကိုမြင်လိုက်တာကြောင့် မေးလိုက်ခြင်းဖြစ်၏။
"ဟုတ်ကဲ့ ကြီးစန်းရယ် မနက်စာထည့်ပေးလိုက်တယ်"
"ဟုတ်လား ကောင်းတာပေါ့"
"Boss အတွက်ကဆန်ပြုတ်ထည့်ပေးလိုက်တယ်"
"ကျွန်မကိုပေးလေ ကျွန်မကျွေးလိုက်မယ်"
"ဟုတ်ကဲ့"
နှင်းကျွေးမယ်ပြောတော့ ၀ဏကနေရာကထပေးပြီး နှင်းက မင်းမြတ်ဘေးကခုံမှာဝင်ထိုင်လိုက်၏။
ဆန်ပြုတ်ကို ထုတ်ရင်း
"တော်သေးတယ် ရှင်ကအမာစာတွေစားလို့မရတော့ ကျွန်မ မနက်စာဘာသွားဝယ်ရမလဲ စဉ်းစားနေတာ ကြီးစန်းကထည့်ပေးလိုက်တော့ အတော်ဘဲဖြစ်သွားတာ"
နှင်းဆန်ပြုတ်ကိုခပ်ရင်းနည်းနည်းပူတာကြောင့်မှုတ်ပေးပြီးမှ မင်းမြတ်ကို ခွံ့သည်။
ဆန်ပြုတ်ကိုကော်ကာ နှုတ်ခမ်းလေးကိုအရှေ့ကို ထော်ပြီးအေးအောင်မှုတ်နေတဲ့နှင်းကိုကြည့်ရင်း မင်းမြတ်ကတော့ ရင်တွေခုန်ပြီးကြည့်မဝဖြစ်နေ၏။
'ချစ်စရာလေး'
တစ်ယောက်ကဆန်ပြုတ်ကိုခွံ့ပေးနေတာကို တစ်ယောက်ကမျက်လုံးကြီးကျွတ်ကျမတက်ပြုံးပြုံးကြီးကြည့်နေတဲ့ နှင်းနဲ့မင်းမြတ်တို့နှစ်ယောက်ကိုကြည့်ပြီး ဝဏအခန်းထဲကဘဲ ထွက်ရမလို ဆက်ပြီးဘဲ ရပ်နေရတော့မလို မျက်နှာတွေပူနေ၏။
---
မင်းမြတ်ဒဏ်ရာကအတော်ကိုသက်သာနေပြီမလို့ ဆရာဝန်က ဆေးရုံဆင်းခွင့်ပေးလိုက်သည်။
မင်းမြတ်တစ်ယောက်ကတော့ ဆေးရုံက မဆင်းချင်သေး။
တစ်ရက်လောက်ဘဲထပ်နေဦးမယ်ဆို၍ တစ်ရက်ဆက်နေရသေးသည်။
စုစုပေါင်းဆေးရုံးတက်ရက်က လေးရက်ဖြစ်သွားတာပေါ့။
ဒီနေ့ကတော့ ဆေးရုံကဆင်းတဲ့နေ့။
မင်းမြတ်ကတော့မဆင်းချင်သေး ဘာလို့မဆင်းချင်တာလဲလို့ မေးလိုက်တော့
"အိမ်ရောက်ရင်းမင်းကဒီလို နီးနီးကပ်ကပ် ပြုစုမပေးဘဲနေမှာကြောက်လို့" တဲ့လေ။
တကယ့်ကလေးကျနေတာဘဲ။
အိမ်ရောက်ရင်လည်း ဒီလိုမျိုးဘဲဂရုစိုက်ပြီးပြုစုပေးပါ့မယ်လို့ ကတိပေးမှ ဆေးရုံကနေလျောလျောရှုရှုဆင်းတော့သည်။
"မင်းမြတ်တို့ နှင်းတို့လာပြီလား"
"ဟုတ်ကဲ့ ကြီးစန်း"
"မင်းမြတ်ရော သက်သာတယ်မလား"
"သက်သာပါတယ် ကြီးစန်း"
"အင်းအင်း အဲ့ဒါဆိုအပေါ်တက်ပြီးနားတော့လေ"
"ဟုတ်ကဲ့"
မင်းမြတ် ဝဏနဲ့အတူအပေါ်ထပ်တက်။
နှင်းရေချိုးဖို့ဆိုပြီးကိုယ့်အခန်းဆီပြန်လာတော့ မင်းမြတ်က နှင်းလက်ကို ဆွဲထားသည်။
"ဘယ်သွားမလို့လဲ"
"ရေချိုးမလို့လေ"
"ကိုယ့်အခန်းမှာချိုး"
"မဟုတ်တာ ကျွန်မအခန်းမှာကျွန်မချိုးပါ့မယ် ပြီးရင်လာခဲ့မယ်လေနော်"
"ပြီးရော ပြီးရင်လာခဲ့နော် ကတိပေးထားတာမမေ့နဲ့"
"အင်းပါ မမမေ့ပါဘူး"
နှင်းသူ့ကိုဆေးရုံမှာလိုဘဲဂရုစိုက်ပါ့မယ်လို့ ကတိပေးတုန်းက သူက ကတိတစ်ခုထပ်တောင်းသည်။
အိမ်ရောက်ရင်သူနားမှာဘဲနေပြီး သူ့မျက်စိရှေ့ကနေဘယ်မှ မသွားပါနဲ့တဲ့။
အဲ့ဒါကြောင့်ခုလည်းရေချိုးတာကို သူ့အခန်းထဲမှာချိုးလုပ်နေတာ။
တကယ့်ကလေးလေးကျနေတာဘဲ။ကလေးကိုမှကလေးဆိုး။
နှင်းတစ်နေ့လုံးသူ့အနားမှာဘဲကပ်နေရသည်။ ဘယ်မှမသွားရ။အိမ်အလုပ်တောင်မလုပ်ရဘူး။
အိမ်သာသွားတာတောင် အိမ်သာရှေ့ကနေရပ်စောင့်နေသေးသည်။
အခုလည်းအခန်းပြန်ပြီး အိပ်မလို့ကိုသူ့အနားမှာဘဲအိပ်တဲ့
"နှင်း ကိုယ့်အခန်းမှာဘဲ ကိုယ်အိပ်လိုက်မယ်လေနော်"
"မရဘူး ဒီမှာဘဲအိပ်"
"ကိုယ့်အခန်းမှာဘဲကိုယ် အိပ်မယ်လို့ နော်"
"မရပါဘူးဆို ကတိပေးထားတာတယ်လေ"
"ကတိကအိပ်တာမပါဘူးလေ"
"မရပါဘူး အမိန့်ဘဲ ဒီမှာဘဲအိပ် အမိန့်ကိုမနာခံရင်အပြစ်ပေးမှာနော်"
"အပြစ်ကိုခံလိုက်မယ်လေနော် အခန်းမှာဘဲအိပ်မယ်"
"မရဘူးကွာ"
"ကိုယ့်အခန်းမှာဘဲ ကိုယ်အိပ်မယ်နော်"
"ဟိုတစ်ခါဆန္ဒဖြည့်ဆည်းပေးမယ်ဆိုတာမှတ်မိလား အဲ့ဒါကို အခုသုံးမယ်"
ပြောရင်းဆိုရင်းနဲ့ မင်းမြတ် နှင်းကိုယ်လေးကိုခုတင်ပေါ်ကို ပစ်လှဲချလိုက်၏။
နှင်းလည်းရုန်းသည်မရ။ သူကအားကြီးနဲ့ဖက်ထားသည်။
"အာ မလုပ် နှင်းကို လွှတ်ပေးနော်"
"ဘာမှမပြောနဲ့တော့ အိပ်ချင်နေပြီ အိပ်တော့"
"ဟို"
"စကားထပ်ပြောရင် ဒီထက်အဆင့်ပိုသွားပြီးကြမ်းသွားလိမ့်မယ်နော်"
ပြောလိုက်မှဘဲ တိတ်သွားတော့သည်။
သူအဲ့လိုပြောလိုက်လို့ငြိမ်သွားတဲ့နှင်းကြောင့် မင်းမြတ်ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။
"လူဆိုးကြီး"
"ဘာ ဘာပြောတယ်"
"ဘာမှမဟုတ်ပါဘူး Good night လို့"
"အင်း Good night"
ဒီညကတော့နှင်းနဲ့မင်းမြတ်အတွက် ရင်ခုန်သံတွေကိုယ်စီနဲ့...
___________________________
Thanks for 11K 🥳🥳🥳
သာသာ့ရဲ့ ဒီ fic လေးဟာဆိုရင် 11K ကျော်သွားပါပြီ🥳ဖတ်တဲ့လူ ရှိမှရှိပါ့မလားလို့ ကြောက်ကြောက်နဲ့ စတင်ခဲ့တဲ့ fic လေးက ဖတ်တဲ့သူအများကြီးဖြစ်သွားတဲ့အတွက် အရမ်းကိုပျော်ပြီး ကျေးဇူးအများကြီးတင်ပါတယ် ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးအများကြီးတင်ပါတယ်🙏🥰
Vote လေးတွေလည်းပေးကြပါဦးနော်
အားလုံးဘဲ ဂရုစိုက်ကြပါ💖🙆
Edit - (ခုတော့ 208K ပေါ့ ဟီး ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုတကယ်ကျေးဇူးအများကြီးပါ💛 တကယ်များလွန်းတဲ့ပမာဏကြီး)
ဒါနဲ့အဲ့တုန်းက ဒီ Author ရှယ် sweet ခဲ့တာဘဲ
ညကြီးပြန်ဖတ်ပြီး အချိုစားနေရတယ်😓
***************************
Zawgyi
"ဒိုင္းး"
အသံၾကားရာကိုလွည့္ၾကည့္လိုက္ေတာ့ ဟိုလူ ျပန္ေပးဆြဲ သမားကသူ႕နားထင္သူျပန္ပစ္ၿပီး ကိုယ့္ကိုကိုယ္အဆုံးစီရင္သြား၏။
ႏွင္းအဲ့ျမင္ကြင္းကိုျမင္လိုက္ရေတာ့ လန႔္ၿပီးတုန္သြားကာအသိစိတ္တို႔ကင္းမဲ့သြားသလိုေတာင္ျဖစ္သြားသည္။
ဒါေပမယ့္ႏွင္းကိုယ့္ကိုကိုယ္သတိေပးရင္း စိတ္ကိုထိန္းထားရသည္။ႏွင္းအခုခ်ိန္မွာ ဒီလိုျဖစ္လို႔မျဖစ္။ အေရးႀကီးဆုံးကသူ။ သူ႕ကိုဂ႐ုစိုက္ရမယ္။သူတစ္ခုခုျဖစ္လို႔မျဖစ္ဘူး။
ခနၾကာေတာ့ေဆး႐ုံကားေရာက္လာ၏။
ေဆး႐ုံကားေပၚ လမ္းတစ္ေလွ်ာက္လုံး၌လည္း ႏွင္းတစ္ေယာက္မင္းျမတ္ရဲ႕လက္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားကာ
ပါးစပ္ကလည္း
"ရွင္ဘာမွမျဖစ္ရဘူးေနာ္ ဘာမွမျဖစ္ရဘူး"
မင္းျမတ္ကေတာ့ဒဏ္ရာအရွိန္ေၾကာင့္ ေမ့သြားလိုက္သတိျပန္ရလိုက္ျဖစ္ေန၏။
_____/\_______/\_______
မင္းျမတ္ဒဏ္ရာကိုငါးခ်က္ခ်ဳပ္လိုက္ရသည္။
ဘယ္ဘက္ခါးနားကိုရွပ္ထိသြားေပမယ့္ နည္းနည္းနက္သြားတာေၾကာင့္ ေသြးထြက္မ်ားသြားျခင္းျဖစ္သည္။
အခုေတာ့မင္းျမတ္ေမ့ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္ေန၏။
ႏွင္း မင္းျမတ္ေဘးမွာလူနာေစာင့္ရင္းသူဘာမွႀကီးႀကီးမားမားမျဖစ္တာကိုဘဲ ဝမ္းသာၿပီးေက်းဇူးအလြန္တင္ေနရသည္။
ႏွင္း ေဒၚေလးမုံ accident နဲ႕ႀကဳံၿပီးေနာက္ပိုင္း အဲ့လိုကိစၥမ်ိဳးနဲ႕ထပ္ႀကဳံရမွာအရမ္းကိုေၾကာက္၏။
ခုထပ္ႀကဳံလိုက္ရတာေၾကာင့္ မေမ့လဲ႐ုံတမယ္။
"ေတာ္ပါေသးတယ္ ေတာ္ပါေသးတယ္ ဘာမွမျဖစ္လို႔ ေတာ္ပါေသးတယ္"
ႏွင္းမင္းျမတ္လက္ကိုဆုပ္ကိုင္ရင္း ျမန္ျမန္သတိရလာဖို႔ထိုင္ဆုေတာင္းေနမိသည္။
"ဟို မႏွင္းပန္းပြင့္အိမ္ျပန္ခ်င္ျပန္လိုက္ပါလား Boss ကို ကြၽန္ေတာ္ဆက္ေစာင့္လိုက္ပါ့မယ္"
အခန္းထဲကိုဝင္လာရင္းေျပာလိုက္တဲ့ ဝဏ
"ရတယ္ ကို၀ဏ ႏွင္းဘဲဆက္ေစာင့္လိုက္မယ္ ကို၀ဏအိမ္ျပန္ၿပီး မင္းျမတ္ရဲ႕အဝတ္အစားေတြနဲ႕အသုံအေဆာင္ပစၥည္းတစ္ခ်ိဳ႕ျပန္ယူေပးလို႔ရမလားဟင္"
"ဟုတ္ကဲ့ ကြၽန္ေတာ္ျပန္ယူလိုက္ပါ့မယ္ တျခားဘာထပ္မွာဦးမလဲ"
"ဟုတ္ မမွာေတာ့ပါဘူး အဲ့ဒါေတြဘဲယူခဲ့ေပးေနာ္"
"ဟုတ္ကဲ့ အဲ့ဒါဆိုကြၽန္ေတာ္ျပန္လိုက္ဦးမယ္ေနာ္"
"ဟုတ္ကဲ့"
---
မ်က္လုံးကိုဖြင့္လိုက္ေတာ့ ခါးနားကနည္းနည္းနာေနသည္။
ေဘးဘီကိုၾကည့္လိုက္ေတာ့ ကုတင္ေပၚမွာ မ်က္ႏွာေလးအပ္ၿပီးအိပ္ေပ်ာ္ေနတဲ့ႏွင္း။
ႏွင္းကိုျမင္ေတာ့ သူကိုယ္တိုင္ေတာင္မသိလိုက္ဘဲအလိုလို ၿပဳံးမိသည္။
'အိပ္ေနပုံေလးက ကေလးေလးက်ေနတာဘဲ'
ႏွင္းလည္းလႈပ္စိလႈပ္စိအသံေတြေၾကာင့္အိပ္ေပ်ာ္ေနရာမွ နိုးလာ၏။
မင္းျမတ္မ်ားသတိရလာၿပီလားလို႔ၾကည့္လိုက္ေတာ့ သူကိုၿပဳံးၿပီး ၾကည့္ေနတဲ့မင္းျမတ္။
"သတိ သတိ ရလာၿပီလား"
"အင္း"
"ဘယ္လိုေနလဲဟင္ သက္သာရဲ႕လား"
"အင္း သက္သာပါတယ္"
"ေခါင္းေတြဘာေတြေရာမူးေသးလား"
"မမူးဘူး သက္သာတယ္"
"ဆရာဝန္ေခၚလိုက္မယ္ေနာ္ သတိရလာၿပီဆိုေတာ့"
"ခနေနမွေခၚပါလားဟင္"
"ဘာလို႔လဲ"
"အလြမ္းသယ္မလို႔"
မင္းျမတ္လဲေျပာၿပီးေရာ ႏွင္းမ်က္ႏွာေလးရဲခနဲျဖစ္သြားတာကို မင္းျမတ္သတိထားမိလိုက္သည္။
ရွက္သြားတာေလးကခ်စ္စရာ
မင္းျမတ္ရဲ႕အေျပာေၾကာင့္ ႏွင္းရင္ေတြတဒုန္းဒုန္းနဲ႕ခုန္ေန၏။
အစကတည္းက သူ႕အနားေရာက္ေနရင္အလိုလိုေနရင္း ရင္ခုန္ေနပါတယ္ဆို ခုလိုႀကီးေျပာလိုက္ေတာ့ဘယ္လိုလုပ္မလဲ။
"အာ ဘာေတြေျပာေနတာလဲ"
"အတည္ေျပာတာ မင္းနဲ႕ခြဲေနရတာ 18 နာရီေတာင္ရွိၿပီကို လြမ္းတယ္"
"တကယ္သက္သာတာေရာဟုတ္ရဲ႕လား ကိုယ္ေတြဘာေတြေရာပူေသးလား"
ႏွင္းလည္းရွက္တာနဲ႕ဘဲ စကားလမ္းေၾကာင္းလႊဲလိုက္ၿပီး သူနဖူးေလးကိုလက္နဲ႕ကိုယ္ပူမပူစမ္းၾကည့္လိုက္သည္။
"ကိုယ္ေတာ့မပူဘူးဘဲ"
"ကိုယ့္ကိုသာေမးမေနနဲ႕ မင္းေရာအဆင္ေျပရဲ႕လား တစ္ခုခုထိခိုက္မိေသးလား ဒဏ္ရာေတြဘာေတြေရာရေသးလား"
"ဘာမွမထိခိုက္ဘူးရတယ္ လန႔္သြားတာကလြဲရင္ဘာမွမျဖစ္ဘူး"
"ေတာ္ေသးတာေပါ့ မင္းသာတစ္ခုခုျဖစ္သြားရင္ကိုယ္႐ူးလိမ့္မယ္"
ေျပာၿပီး မင္းျမတ္ႏွင္းရဲ႕လက္ေလးကိုဆြဲယူၿပီးကိုင္ထားလိုက္သည္။
"ကိုယ္ဘယ္ေလာက္ေတာင္စိတ္ပူသြားလည္းမင္းသိလား"
"ကြၽန္ေရာ ရွင္ထိခိုက္သြားေတာ့ ဘယ္ေလာက္ေတာင္စိတ္ပူသြားလည္းရွင္သိလား အဲ့လိုႀကီးတိုးဝင္လာေတာ့ထိခိုက္သြားမယ္ဆိုတာ ရွင္မသိဘူးလား ရွင္သာတစ္ခုခုျဖစ္သြားရင္ ရွင္သာတစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ.ဟင့္"
စကာေျပာရင္းငိုခ်လိဳက္တဲ့ ႏွင္းေၾကာင့္မင္းျမတ္ဘာလုပ္ရဘာကိုင္ရမလဲမသိေတာ့။
"မငိုနဲ႕ေလ ကိုယ္ဘာမွမျဖစ္ဘူးေလ မငိုနဲ႕ေတာ့ေနာ္ တိတ္"
ငိုေနတဲ့ကေလးကိုေခ်ာ့ရင္ပိုငိုတယ္ဆိုသည့္အတိုင္း ႏွင္းမွာအငိုမတတိတ္ဘဲဆက္သာငိုေနေတာ့သည္။
"ဟင့္ ရွင္သာတစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ"
"မငိုပါနဲ႕ေတာ့ကြာ ကိုယ္ဘာမွမျဖစ္ဘူးေလေနာ္ မငိုနဲ႕ေတာ့"
'မင္းငိုရင္ကိုယ္ဘယ္ေလာက္နာက်င္ရမွန္း မင္းမသိဘူးလား'
"မငိုနဲ႕ေတာ့ေနာ္"
ခနေလာက္ၾကာမွႏွင္းအငိုတိတ္သြားေတာ့၏။
ႏွင္းအငိုတတိတ္သြားေတာ့မွဘဲ မင္းျမတ္သက္ျပင္းဖြဖြေလးခ်လိဳက္ရသည္။
"ေတာင္းပန္ပါတယ္ ကြၽန္မအရမ္းဝမ္းနည္းသြားလို႔ ရွင္သာတစ္ခုခုျဖစ္သြားရင္ဆိုတဲ့စိတ္ေၾကာင့္"
"အင္း ရပါတယ္"
"ဆရာဝန္ေခၚလိုက္ေတာ့မယ္ေနာ္"
"အင္း"
ႏွင္း ဆရာဝန္ေခၚတဲ့ဘဲလ္ကိုႏွိပ္ၿပီးမၾကာ ဆရာဝန္ေရာက္လာၿပီး မင္းျမတ္ကို စမ္းသပ္ၾကည့္သည္။
"လူနာကစိတ္ပူစရာမရွိေတာ့ပါဘူး သက္သာပါတယ္ ေဆး႐ုံေတာ့သုံးေလးရက္ေလာက္တက္လိုက္ဦးေပါ့ ပိုစိတ္ခ်ရေအာင္လို႔"
"ဟုတ္ကဲ့ ေဒါက္တာ"
"ခုေတာ့အိပ္လိုက္ဦး မနက္က်မွထပ္လာၿပီး အေျခအေနလာၾကည့္မယ္ေနာ္"
"ဟုတ္ကဲ့"
"အဲ့ဒါဆို ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါဦးေနာ္"
"ဟုတ္ကဲ့ပါ ေဒါက္တာ"
ေဒါက္တာထြက္သြားၿပီးေနာက္ ေဒါက္တာေပးခဲ့တဲ့ေဆးကို မင္းျမတ္ကို တိုက္ဖို႔ႏွင္းျပင္ရေတာ့သည္။
"ေဆးေသာက္လိုက္ေနာ္"
"မေသာက္ခ်င္ဘူး"
"ဘာလို႔လဲ"
"ဒီအတိုင္း မေသာက္ခ်င္လို႔"
"မေသာက္ခ်င္လို႔ မရဘူးေလ ေဆးေသာက္မွျမန္ျမန္ သက္သာမွာေပါ့"
တကယ္ကေလးဆိုးႏွင့္တူသည္။
"ျမန္ျမန္မသက္သာခ်င္ပါဘူး"
"ဘာလို႔"
"ျမန္ျမန္သက္သာသြားရင္ မင္းကိုယ့္ကိုဂ႐ုစိုက္တာခနဘဲခံရေတာ့မွာေပါ့"
ေအာ္ကေလးဆိုးႀကီးရယ္။
"ဟင္း ေသာက္လိုက္ပါ လိမၼာပါတယ္ေနာ္"
"မေသာက္ခ်င္ဘူးလို႔"
"ရွင္ကကေလးလားေဆးေသာက္ဖို႔ အဲ့ေလာက္ေျပာေနရတာ
ရတယ္ မေသာက္နဲ႕ကြၽန္မလည္းလူနာဆက္မေစာင့္ေတာ့ဘူး ျပန္ေတာ့မယ္ ရွင္တစ္ေယာက္တည္းေနခဲ့ေတာ့"
ႏွင္းေျပာၿပီး ထျပန္မယ္လုပ္ေတာ့
မင္းျမတ္က ႏွင္းလက္ကိုဆြဲထားသည္။
"ေသာက္မယ္ ေသာက္မယ္ ရၿပီလား ျပန္ေတာ့မျပန္လိုက္ပါနဲ႕"
"အဲ့လိုလိမၼာမွေပါ့ ဟ"
ႏွင္းအၾကမ္းနည္းသုံးမွဘဲ သူေဆးေသာက္ေတာ့သည္။
ႏွင္း အခုမွသိလိုက္ရတာကမင္းျမတ္ကေဆးေသာက္ရမွာ ေတာ္ေတာ္ေၾကာက္တာဘဲ။တကယ္ကေလးဆိုး။
"မင္းအိပ္ေတာ့မွာလား"
ႏွင္းအိပ္ဖို႔ေစာင္ေတြေခါင္းအုံးေတြျပင္ေနတာျမင္ေတာ့ မင္းျမတ္က ေမးသည္။
"အင္း အိပ္ေတာ့မွာေလ"
"ဘယ္မွာအိပ္မွာလဲ"
"ဒီမွာေလ"
လူနာေစာင့္ေတြထိုင္ဖို႔လုပ္ထားတဲ့ေျခရင္းနားက ခုံတန္းရွည္ကိုလက္ညွိုးထိုးရင္းႏွင္းေျဖလိုက္သည္။
လူနာအခန္းက VIP အခန္းျဖစ္တာေၾကာင့္အခန္းထဲမွာကိုယ္ေတြတစ္ဦးတည္းဘဲ။ အခန္းထဲမွာက လူနာခုတင္ရယ္
ကုတင္ရဲ႕ေဘးမွာကလူနာေစာင့္ေတြထိုင္ဖို႔ထိုင္ခုံရယ္
ေျခရင္းမွာကခုံတန္းရွည္တစ္ခုရွိသည္။
ေဘးဘက္မွာကေတာ့ေရခ်ိဳးခန္းနဲ႕ အိမ္သာတြဲလ်က္ အခန္းရွိသည္။
"မိန္ကေလးကအဲ့ခုံမွာအိပ္လို႔ဘယ္ျဖစ္မလဲ
ဒီကိုလာအိပ္"
မင္းျမတ္ေျပာရင္းသူ႕ေဘးနားကုတင္ေပၚကိုပုတ္ျပသည္။
"အာ မအိပ္ပါဘူး ဒီမွာဘဲအိပ္မယ္"
"ဒီကိုလာအိပ္ပါ ကိုယ္နဲ႕အတူတူ မအိပ္ခ်င္ဘူးဆိုရင္ကိုယ္ကအဲ့မွာအိပ္လိုက္မယ္ မင္းကဒီမွာအိပ္ေလ"
"ႏွင္းဒီမွာဘဲအိပ္မယ္ ရွင္ကဒဏ္ရာႀကီးနဲ႕အဲ့မွာဘဲအိပ္ပါ ရတယ္"
"ရတာေသခ်ာလို႔လား"
"ရပါတယ္ဆို အိပ္ေတာ့"
သူပုံစံကသိပ္ေတာ့လက္ခံခ်င္တဲ့ပုံမေပၚ။
ဒါေပမယ့္ေနာက္ဆုံးေတာ့လဲ လက္ခံလိုက္ရသည္။
"အင္း Goodnight"
"Goodnight"
---
"အင္ ဟင္း ဟင္း"
'ဘာသံပါလိမ့္'
ႏွင္းညီးသံၾကားလို႔ထၾကည့္လိုက္ေတာ့ မင္းျမတ္ကိုယ္ေတြပူၿပီးညီးေနျခင္းျဖစ္၏။
"အာ ကိုယ္ေတြပူေနတာဘဲ"
အေစာတုန္းကသူနာျပဳဆရာမေလး ေျပာသြားတာေတာ့ရွိတယ္။ ညက်ရင္အနာအရွိန္ေၾကာင့္ဖ်ားနိုင္တယ္တဲ့ ဖ်ားရင္ ဘဲလ္မတီးဘဲနဲ႕ ဖုန္းဘဲဆက္လိုက္ပါဆိုၿပီး ဖုန္းနံပါတ္ေပးသြားသည္။
ႏွင္းလည္း လူနာခန္းထဲကႀကိဳးဖုန္းနဲ႕ သူေပးထားခဲ့တဲ့ဖုန္းနံပါတ္ကိုေခၚလိုက္သည္။
"ဟယ္လို"
"ဟယ္လို"
"ဆရာမေရ အခန္းနံပါတ္ 1181 က လူနာဖ်ားေနလို႔ပါ အဲ့ဒါ ဖ်ားရင္ ဖုန္းလွမ္းဆက္လိုက္ဆိုလို႔ဆက္လိုက္တာပါ"
"ေအာ္ ဟုတ္ကဲ့ မႏွင္းပန္းပြင့္မလား ကြၽန္မအခုခ်က္ခ်င္းလာခဲ့မယ္ေနာ္"
"ဟုတ္ကဲ့"
"အင္း ဟင္း ဟင္း အေဖ အေမ အား အင္း ဟင္း"
မင္းျမတ္ညီးေနရင္းမွာဘဲဟိုအိမ္မက္ဆိုးမက္လို႔ထင္သည္။ သူ႕မိဘေတြကိုတေန၏။
ႏွင္းသူ႕ေဘးနားမွာဝင္ထိုင္လိုက္ၿပီး သူ႕လက္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားလိုက္သည္။
"အေဖ အေမ မလုပ္ၾကပါနဲ႕ အေဖ အေမ"
"ဘာမွမျဖစ္ဘူးေနာ္ ကြၽန္မရွိတယ္ေနာ္ ဘာမွမျဖစ္ဘူး"
"ဟင္း"
"ဘာမွမျဖစ္ဘူး ကြၽန္မရွိတယ္ေနာ္"
ထိုအခါမွအနည္းငယ္ၿငိမ္က်သြားကာ မင္းျမတ္မ်က္လုံး၌ မ်က္ရည္မ်ားစီးက်လာ၏။
ႏွင္းလည္း မ်က္ရည္ေတြကို သုတ္ေပးရင္း
"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး"
ႏွစ္ေတြၾကာတဲ့အထိ ဒီအိမ္မက္ဆိုးကေန ႐ုန္းမထြက္နိုင္ေသးတဲ့မင္းျမတ္ကိုႏွင္းသနားမိသည္။ ၿပီးေတာ့ဒီလိုေတြ ျဖစ္ရတာ ႏွင္းမိဘေတြေၾကာင့္ဆိုေတာ့ပိုၿပီး စိတ္မေကာင္းျဖစ္ရၿပီးအျပစ္ရွိသလိုခံစားရသည္။
ျဖစ္နိုင္ရင္ေလ ႏွင္း သူ႕ကိုဒီအိပ္မက္ဆိုးကေန အၿပီးတိုင္လြတ္ေျမာက္ေစခ်င္သည္။
ေနာက္ သူနာျပဳဆရာမေရာက္လာကာ မင္းျမတ္ကိုေဆးထိုးေပးၿပီး အားေဆးခ်ိတ္ထားတာကိုထပ္ၿပီး ေဆးထပ္သြင္းေပးသည္။
အနာရင္းၿပီးဖ်ားတာမို႔ေဘးနားကေန ေစာင့္ၾကည့္လိုက္ပါဦးဆိုၿပီး အျခားမွာစရာရွိတာမွာၿပီးထြက္သြားသည္။
ႏွင္းလည္းမင္းျမတ္ေဘးမွာထိုင္ေနလိုက္ၿပီး သူ႕အေျခအေနကိုေစာင့္ၾကည့္ေနရသည္။
လူနာေစာင့္ရင္းမွာဘဲ ဝင္လာတဲ့ အေတြးတစ္ခ်ိဳ႕
အဲ့အေတြးေတြက
လြန္ခဲ့ေသာ 13 နာရီခန႔္က
"မင္းအေဖဒီျပန္ေရာက္ေနတယ္"
"ဟင္ အေဖ အေဖက"
ႏွင္းသူ႕စကားၾကားေတာ့ အံ့ဩမႈနဲ႕အတူလန႔္သြားရသည္။
"အေဖကအခုဘယ္မွာလဲဟင္"
"အဲ့ဒါေတာ့ငါလည္းမသိဘူးသူေပ်ာက္ေနတာၾကာၿပီ ဒါေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ မင္းျမတ္သူရိန္ေတာ့သိေလာက္တယ္"
"မင္းျမတ္ မင္းျမတ္ကဘာလို႔လဲ"
"မင္းသိခ်င္ရင္ သူ႕ကိုေမးၾကည့္ေလ သူေသခ်ာေပါက္ကိုသိမွာပါ"
ထိုသူေျပာခဲ့တဲ့စကားေတြကို ျပန္ၾကားေယာင္မိရင္း
'မင္းျမတ္ကအေဖနဲ႕ေတြ႕ၿပီးသြားၿပီလား မဟုတ္မွလြဲေရာမင္းျမတ္က အေဖ့ကိုတစ္ခုခု....
မဟုတ္ေလာက္ပါဘူး မဟုတ္ေလာက္ပါဘူး ငါအေတြးလြန္ေနတာေနမွာပါ'
ႏွင္းလူနာေစာင့္ရင္း အေတြးေပါင္းမ်ားစြာႏွင့္။
အၿမဲအိမ္မက္ဆိုးေတြနဲ႕ကိုယ့္ကမၻာကိုတစ္ရက္ႏြေးေထြးတဲ့လက္ေလးတစ္စုံေရာက္လာခဲ့သည္။ထိုလက္ေလးကႏြေးေထြးစြာနဲ႕ဆုပ္ကိုင္လာခ်ိန္မွာ ကိုယ့္ရဲ႕အိမ္မက္ဆိုးေတြေမွာ္ဆန္စြာရပ္တန႔္သြားေလရဲ႕။ဆန္းၾကယ္လိုက္တာေနာ္။
ေက်းဇူးပါ ႏြေးေထြးတဲ့လက္ကေလး မင္းေၾကာင့္ဒီတစ္ညေတာ့ကိုယ့္ရဲ႕ကမၻာအိမ္မက္ဆိုးေတြထံကေနလြတ္ေျမာက္နိုင္ခဲ့ၿပီ...။
_____/\_______/\_______
မင္းျမတ္အိပ္ယာကေနနိုးၿပီးၾကည့္လိုက္ေတာ့ ႏွင္းကခုတင္ေပၚမွာေခါင္းေလးတင္ၿပီးအိပ္ေနေလ၏။
'တစ္ညလုံးဒီလိုႀကီးအိပ္ေနတာလား ေခါင္းေတာ့နာေတာ့မွာဘဲ'
မင္းျမတ္အသံမထြက္ေအာင္ ေျဖးေျဖးေလးထလိုက္သည္။
ခါးကေတာ့နည္းနည္းေတာ့နာေပမယ့္ ဒီေလာက္ေတာ့သူခံနိုင္ပါတယ္။
မင္းျမတ္ကုတင္ေပၚကေနထၿပီး ႏွင္းကိုအသာအယာေလးမၿပီး ခ်ီဖို႔လုပ္ေနတုန္းမွာဘဲ
"ရွင္နိုးေနၿပီလား"
ႏွင္း နိုးလာ၏။
"ဘာလုပ္ေနတာလဲ မတ္တပ္ႀကီး"
"ဘာမွမလုပ္ပါဘူး မင္းကိုခုတင္ေပၚေ႐ြ႕မလို႔"
"ဟင္"
"မင္းအိပ္ေနတာ ေခါင္းနာေနမွာစိုးလို႔"
"အာ ရပါတယ္ ကိစၥမရွိပါဘူး ရွင္သာအေရးႀကီးတာ
ဘယ္လိုေနေသးလဲ သက္သာလား"
"အင္း သက္သာပါတယ္"
ႏွင္းသူ႕ႏွဖူးကို စမ္းၾကည့္လိုက္သည္။
"ကိုယ္ေတာ့မပူေတာ့ဘူး ေတာ္ေသးတယ္ ညကတစ္ညလုံးဖ်ားၿပီးညီးေနေတာ့ ကြၽန္မမွာစိတ္ပူလိုက္ရတာ"
"ကိုယ္ညကဖ်ားေသးတယ္လား"
"အင္း ဖ်ားေသးတယ္ အနားရင္းၿပီးဖ်ားတာ တစ္ညလုံးညီးေနတာမနက္ေရာက္ခါနီးမွၿငိမ္သြားတာ"
"ေတာင္ပန္ပါတယ္ မင္းညကအိပ္ေရးပ်က္သြားမွာေပါ့"
"မဟုတ္တာ ရပါတယ္ ကြၽန္မေၾကာင့္ျဖစ္တာဘဲ ကြၽန္မမွာ တာဝန္ရွိတာေပါ့"
ႏွင္းစကားေၾကာင့္ မင္းျမတ္ နည္းနည္းေတာ့ ဝမ္းနည္းသြားရသည္။ႏွင္းကသူ႕ေၾကာင့္ျဖစ္တာမိုလို႔ သူ႕မွာတာဝန္ရွိလို႔လုပ္ေပးတာေပါ့ သူ႕ကိုဂ႐ုစိုက္လို႔လုပ္ေပးတာမဟုတ္ဘူးေပါ့။
ႏွင္းနဲ႕မင္းျမတ္လည္း ထိုမွာတင္စကားစျပတ္သြား၏။
မင္းျမတ္လည္းကုတင္ေပၚမွာျပန္လွဲေနလိုက္ၿပီး ႏွင္းလည္း မ်က္ႏွာသစ္သြားတိုက္လုပ္စရာ ရွိတာလုပ္ေန၏။
ခနၾကာေတာ့ ဝဏေရာက္လာသည္။
"Boss သက္သာရဲ႕လား"
"သက္သာပါတယ္"
မင္းျမတ္ ကုတင္ကိုနည္းနည္းခပ္မက္မက္ အေနအထားေျပာင္းလိုက္ၿပီးျပန္ေျဖလိုက္သည္။
"ေတာ္ေသးတာေပါ့"
"ေအာ္ ကိုဝဏေရာက္လာၿပီလား"
ႏွင္းေရခ်ိဳခန္းထဲကထြက္အလာ ဝဏကိုျမင္လိုက္တာေၾကာင့္ ေမးလိုက္ျခင္းျဖစ္၏။
"ဟုတ္ကဲ့ ႀကီးစန္းရယ္ မနက္စာထည့္ေပးလိုက္တယ္"
"ဟုတ္လား ေကာင္းတာေပါ့"
"Boss အတြက္ကဆန္ျပဳတ္ထည့္ေပးလိုက္တယ္"
"ကြၽန္မကိုေပးေလ ကြၽန္မေကြၽးလိုက္မယ္"
"ဟုတ္ကဲ့"
ႏွင္းေကြၽးမယ္ေျပာေတာ့ ၀ဏကနေရာကထပေးပြီး ႏွင္းက မင္းျမတ္ေဘးကခုံမွာဝင္ထိုင္လိုက္၏။
ဆန္ျပဳတ္ကို ထုတ္ရင္း
"ေတာ္ေသးတယ္ ရွင္ကအမာစာေတြစားလို႔မရေတာ့ ကြၽန္မ မနက္စာဘာသြားဝယ္ရမလဲ စဥ္းစားေနတာ ႀကီးစန္းကထည့္ေပးလိုက္ေတာ့ အေတာ္ဘဲျဖစ္သြားတာ"
ႏွင္းဆန္ျပဳတ္ကိုခပ္ရင္းနည္းနည္းပူတာေၾကာင့္မႈတ္ေပးၿပီးမွ မင္းျမတ္ကို ခြံ႕သည္။
ဆန္ျပဳတ္ကိုေကာ္ကာ ႏႈတ္ခမ္းေလးကိုအေရွ႕ကို ေထာ္ၿပီးေအးေအာင္မႈတ္ေနတဲ့ႏွင္းကိုၾကည့္ရင္း မင္းျမတ္ကေတာ့ ရင္ေတြခုန္ၿပီးၾကည့္မဝျဖစ္ေန၏။
'ခ်စ္စရာေလး'
တစ္ေယာက္ကဆန္ျပဳတ္ကိုခြံ႕ေပးေနတာကို တစ္ေယာက္ကမ်က္လုံးႀကီးကြၽတ္က်မတက္ၿပဳံးၿပဳံးႀကီးၾကည့္ေနတဲ့ ႏွင္းနဲ႕မင္းျမတ္တို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ဝဏအခန္းထဲကဘဲ ထြက္ရမလို ဆက္ၿပီးဘဲ ရပ္ေနရေတာ့မလို မ်က္ႏွာေတြပူေန၏။
---
မင္းျမတ္ဒဏ္ရာကအေတာ္ကိုသက္သာေနၿပီမလို႔ ဆရာဝန္က ေဆး႐ုံဆင္းခြင့္ေပးလိုက္သည္။
မင္းျမတ္တစ္ေယာက္ကေတာ့ ေဆး႐ုံက မဆင္းခ်င္ေသး။
တစ္ရက္ေလာက္ဘဲထပ္ေနဦးမယ္ဆို၍ တစ္ရက္ဆက္ေနရေသးသည္။
စုစုေပါင္းေဆး႐ုံးတက္ရက္က ေလးရက္ျဖစ္သြားတာေပါ့။
ဒီေန႕ကေတာ့ ေဆး႐ုံကဆင္းတဲ့ေန႕။
မင္းျမတ္ကေတာ့မဆင္းခ်င္ေသး ဘာလို႔မဆင္းခ်င္တာလဲလို႔ ေမးလိုက္ေတာ့
"အိမ္ေရာက္ရင္းမင္းကဒီလို နီးနီးကပ္ကပ္ ျပဳစုမေပးဘဲေနမွာေၾကာက္လို႔" တဲ့ေလ။
တကယ့္ကေလးက်ေနတာဘဲ။
အိမ္ေရာက္ရင္လည္း ဒီလိုမ်ိဳးဘဲဂ႐ုစိုက္ၿပီးျပဳစုေပးပါ့မယ္လို႔ ကတိေပးမွ ေဆး႐ုံကေနေလ်ာေလ်ာရႈရႈဆင္းေတာ့သည္။
"မင္းျမတ္တို႔ ႏွင္းတို႔လာၿပီလား"
"ဟုတ္ကဲ့ ႀကီးစန္း"
"မင္းျမတ္ေရာ သက္သာတယ္မလား"
"သက္သာပါတယ္ ႀကီးစန္း"
"အင္းအင္း အဲ့ဒါဆိုအေပၚတက္ၿပီးနားေတာ့ေလ"
"ဟုတ္ကဲ့"
မင္းျမတ္ ဝဏနဲ႕အတူအေပၚထပ္တက္။
ႏွင္းေရခ်ိဳးဖို႔ဆိုၿပီးကိုယ့္အခန္းဆီျပန္လာေတာ့ မင္းျမတ္က ႏွင္းလက္ကို ဆြဲထားသည္။
"ဘယ္သြားမလို႔လဲ"
"ေရခ်ိဳးမလို႔ေလ"
"ကိုယ့္အခန္းမွာခ်ိဳး"
"မဟုတ္တာ ကြၽန္မအခန္းမွာကြၽန္မခ်ိဳးပါ့မယ္ ၿပီးရင္လာခဲ့မယ္ေလေနာ္"
"ၿပီးေရာ ၿပီးရင္လာခဲ့ေနာ္ ကတိေပးထားတာမေမ့နဲ႕"
"အင္းပါ မမေမ့ပါဘူး"
ႏွင္းသူ႕ကိုေဆး႐ုံမွာလိုဘဲဂ႐ုစိုက္ပါ့မယ္လို႔ ကတိေပးတုန္းက သူက ကတိတစ္ခုထပ္ေတာင္းသည္။
အိမ္ေရာက္ရင္သူနားမွာဘဲေနၿပီး သူ႕မ်က္စိေရွ႕ကေနဘယ္မွ မသြားပါနဲ႕တဲ့။
အဲ့ဒါေၾကာင့္ခုလည္းေရခ်ိဳးတာကို သူ႕အခန္းထဲမွာခ်ိဳးလုပ္ေနတာ။
တကယ့္ကေလးေလးက်ေနတာဘဲ။ကေလးကိုမွကေလးဆိုး။
ႏွင္းတစ္ေန႕လုံးသူ႕အနားမွာဘဲကပ္ေနရသည္။ ဘယ္မွမသြားရ။အိမ္အလုပ္ေတာင္မလုပ္ရဘူး။
အိမ္သာသြားတာေတာင္ အိမ္သာေရွ႕ကေနရပ္ေစာင့္ေနေသးသည္။
အခုလည္းအခန္းျပန္ၿပီး အိပ္မလို႔ကိုသူ႕အနားမွာဘဲအိပ္တဲ့
"ႏွင္း ကိုယ့္အခန္းမွာဘဲ ကိုယ္အိပ္လိုက္မယ္ေလေနာ္"
"မရဘူး ဒီမွာဘဲအိပ္"
"ကိုယ့္အခန္းမွာဘဲကိုယ္ အိပ္မယ္လို႔ ေနာ္"
"မရပါဘူးဆို ကတိေပးထားတာတယ္ေလ"
"ကတိကအိပ္တာမပါဘူးေလ"
"မရပါဘူး အမိန႔္ဘဲ ဒီမွာဘဲအိပ္ အမိန႔္ကိုမနာခံရင္အျပစ္ေပးမွာေနာ္"
"အျပစ္ကိုခံလိုက္မယ္ေလေနာ္ အခန္းမွာဘဲအိပ္မယ္"
"မရဘူးကြာ"
"ကိုယ့္အခန္းမွာဘဲ ကိုယ္အိပ္မယ္ေနာ္"
"ဟိုတစ္ခါဆႏၵျဖည့္ဆည္းေပးမယ္ဆိုတာမွတ္မိလား အဲ့ဒါကို အခုသုံးမယ္"
ေျပာရင္းဆိုရင္းနဲ႕ မင္းျမတ္ ႏွင္းကိုယ္ေလးကိုခုတင္ေပၚကို ပစ္လွဲခ်လိဳက္၏။
ႏွင္းလည္း႐ုန္းသည္မရ။ သူကအားႀကီးနဲ႕ဖက္ထားသည္။
"အာ မလုပ္ ႏွင္းကို လႊတ္ေပးေနာ္"
"ဘာမွမေျပာနဲ႕ေတာ့ အိပ္ခ်င္ေနၿပီ အိပ္ေတာ့"
"ဟို"
"စကားထပ္ေျပာရင္ ဒီထက္အဆင့္ပိုသြားၿပီးၾကမ္းသြားလိမ့္မယ္ေနာ္"
ေျပာလိုက္မွဘဲ တိတ္သြားေတာ့သည္။
သူအဲ့လိုေျပာလိုက္လို႔ၿငိမ္သြားတဲ့ႏွင္းေၾကာင့္ မင္းျမတ္ရီခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
"လူဆိုးႀကီး"
"ဘာ ဘာေျပာတယ္"
"ဘာမွမဟုတ္ပါဘူး Good night လို႔"
"အင္း Good night"
ဒီညကေတာ့ႏွင္းနဲ႕မင္းျမတ္အတြက္ ရင္ခုန္သံေတြကိုယ္စီနဲ႕...
___________________________
Thanks for 11K🥳🥳🥳
သာသာ့ရဲ႕ ဒီ fic ေလးဟာဆိုရင္ 11K ေက်ာ္သြားပါၿပီ🥳ဖတ္တဲ့လူ ရွိမွရွိပါ့မလားလို႔ ေၾကာက္ေၾကာက္နဲ႕ စတင္ခဲ့တဲ့ fic ေလးက ဖတ္တဲ့သူအမ်ားႀကီးျဖစ္သြားတဲ့အတြက္ အရမ္းကိုေပ်ာ္ၿပီး ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဖတ္ေပးတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးအမ်ားႀကီးအမ်ားႀကီးတင္ပါတယ္🙏
Vote ေလးေတြလည္းေပးၾကပါဦးေနာ္
အားလုံးဘဲ ဂ႐ုစိုက္ၾကပါ🙆💖
Edit - (ခုေတာ့ 208K ေပါ့ ဟီး ဖတ္ေပးၾကတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီကိုတကယ္ေက်းဇူးအမ်ားႀကီးပါ💛 တကယ္မ်ားလြန္းတဲ့ပမာဏႀကီး)
ဒါနဲ႕အဲ့တုန္းက ဒီ Author ရွယ္ sweet ခဲ့တာဘဲ
ညႀကီးျပန္ဖတ္ၿပီး အခ်ိဳစားေနရတယ္😓