သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိ...

By jellyflower1

159K 12.6K 71

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တ... More

Ep1 Unicode
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19
Ep20
Ep21
Ep22
Ep23
Ep24
Ep25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
41 to 42
43
44
45 to46
47
48
49
Ep50
Ep 51
Ep 52
Ep 53
Ep54
Ep 55
Ep 56
Ep 57
Ep 58
Ep 59
Ep 60
Ep 61
Ep 62
Ep63
Ep64
Ep65
Ep66
Ep67
Ep68
Ep69
Ep70
Ep71
Ep73
Ep74
Ep75
Ep 76 +77+78
Ep79+80
Ep81+82+83
Ep 84+85+86
Ep 87+88
Ep 89+90
Ep 91+92
Ep 93+94
Ep 95+96
Ep 97+98
Ep 99+100
Ep 101+102
Ep 103+104
Ep 105+106
Ep 107+108
Ep 109+110
Ep 111+112+113
Ep 114+115+116
Ep 117+118
Ep 119+120+121
Ep 122+123
Ep 124+125
126+127
စာစဉ်(၆) 128+129+130
131+132+133+134+135
136+137+138+139+140
141+142+143+144+145
146+147+148+149+150
စာစဉ်(၇) 151+152+153+154+155
156+157+158+159+160
161+162+163+164+165
166+167+168+169+170
171+172+173174+175
စာစဉ်(၈) 176+177+178+179+180
181+182+183+184+185
186+187+188+189+190
191+192+190+194+195
196+197+198+199+200
အရမ်းတန်တဲ့ ပရိုမိုရှင်း မဖတ်မိရင် နောင်တရမယ်နော်
အပိုင်းဆက် အသိပေးချက်

Ep72

1.5K 132 2
By jellyflower1

အပိုင်း(၇၂)

အမှန်တကယ် ပါးရိုက်ခြင်း(၄)

 
ကံကောင်းတာက အားလုံးက ပုံမှန်အခြေအနေမှာ မဟုတ်တာကြောင့် သူမရဲ့ မျက်ဝန်းထဲမှ ယုတ်မာတဲ့ စိတ်ထားကို သတိမမူမိကြဘူး။
“ရှင်းအာ ဘာတွေ ဖြစ်နေတာလဲ” အခြေအနေက ဘာဖြစ်နေမှန်း မသိတဲ့ 'နင်' အကြီးအကဲက မျက်ခုံးကို တွန့်ကွေးလိုက်ပြီး စကားဆိုတယ်။
နင်ရှင်းက ယွမ်လော့ဖုန်းနဲ့ အိမ်ရှေ့စံ မင်းသားကြားက အလောင်းအစား အပါဝင် မုဝူစွမ်းပြောခဲ့တဲ့ စကားအားလုံးကို တစ်ခုမှ မခြွင်းမချန်ဘဲ ချက်ချင်း ရှင်းပြတယ်။
“အို့ မိန်းကလေး မုဝူစွမ်းက မိန်းကလေးယွမ်ကို ဆေးပညာနဲ့ ပတ်သက်ပြီး ညွှန်ကြား ပြသချင်တာလား”
'နင်' အကြီးအကဲက အရှက်ရနေတဲ့ မုဝူစွမ်းကို ကြည့်ပြီးတော့ အံ့ဩတုန်လှုပ်တဲ့ အသံနဲ့ ပြောတယ်။
“ဒီလိုဆိုတော့လည်း ခေါင်းဖြူအဘိုးအိုကြီးက ဝင်ရောက် ဖြေရှင်းပေးရတာပေါ့။ ဂုဏ်သိက္ခာရှိတဲ့ သမားတော် တစ်ယောက်က ရောဂါအခြေအနေကို ဆန်းစစ်ဖို့အတွက် လူနာရဲ့ သွေးကြောကို စမ်းသပ်ဖို့ မလိုအပ်ဘူး။ လူနာရဲ့အခြေကို မျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ သိမြင်နိုင်တယ်။ ရောဂါကို ခွဲခြမ်း စိတ်ဖြာဖို့အတွက် သွေးကြောစမ်းတဲ့ သမားတော်က ရမ်းကုသမားတော်ပဲ”
မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီလာတယ်။  သူမလက်သီးကို ကျစ်ကျစ် ဆုပ်ထားပြီးတော့ နှလုံးသားထဲက အမုန်းတရားက ငရဲမီးလိုပဲ တောက်လောင်နေတယ်။
အားလုံးက ယွမ်လော့ဖုန်း အမှားပဲ။ သူမကြောင့်သာ မဟုတ်ရင် သူမဒီလောက်ထိ စော်ကားခံရမှာ မဟုတ်ဘူး။ သိက္ခာကျမှာ မဟုတ်ဘူး။ ယွမ်လော့ဖုန်းကိုပဲ ရမ်းကု သမားတော်လို့ ခေါ်သင့်တာ။ အားလုံး ယွမ်လော့ဖုန်းကြောင့်ပဲ။
“ရှင်းအာ” 'နင်' အကြီးအကဲက နင်ရှင်းကို လှည့်ကြည့်လိုက်တယ်။
“အခုကစပြီးတော့ မိန်းကလေးယွမ်ဆီက ပညာကို လေ့လာသင့်တယ်။ မိန်းကလေးယွမ်က စိတ်ထား ကောင်းမွန်ပြီးတော့ ဆေးပညာ ထူးချွန်တယ်။ ယုံကြည် စိတ်ချရတယ်။ မြေးလေးက စိတ်မြန်လက်မြန် ရှိတယ်။ အရမ်း စိတ်လောလွန်းတော့ ပြဿနာ ဖြစ်တော့မလို့ပဲ။ သမားတော်ရမ်းကု လိမ်တာ ခံရတော့မလို့။ မိန်းကလေးယွမ်သာ သူရဲကောင်းဆန်စွာ မကူညီခဲ့ရင် သမားတော်ရမ်းကု လက်ထဲမှာ အဘိုးသေဆုံးနေရပြီ”
“ဟုတ်ကဲ့ မြေးလေး နားလည်ပါပြီ။ အနာဂတ်မှာ ဒီလိုအမှားမျိုး မဖြစ်စေရပါဘူး။ သမားတော်ရမ်းကုရဲ့ လိမ်လည်ခြင်းကိုလည်း မခံရစေပါဘူး။
မြေးအဘိုး နှစ်ယောက်ရဲ့ သမားတော်ရမ်းကုလို့ ခေါ်တဲ့အသံက မုဝူစွမ်းကို ဒေါသထွက်စေတယ်။ ဒေါသထွက်လွန်းလို့ အသက်ရှူနှုန်းတွေ မြန်ဆန်လာတယ်။ သူမ မျက်နှာ နီရဲလာတယ်။ ယွမ်လော့ဖုန်းရဲ့ တိုးညင်းပြီး ကောက်ကျစ်တဲ့အသံကို ကြားလေ ပိုဒေါသ ထွက်လာလေပဲ။
“အိမ်ရှေ့စံမင်းသား ငါတို့ရဲ့ ဒုတိယမြောက် စည်းကမ်းလေးကို စတင်ပြီး ဖြည့်ဆည်းပေးသင့်ပြီ ထင်တယ်”
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သမ်းလိုက်ပြီး သူမအပြုံးမှာ လှောင်ပြုံးလေးတွေ ရှိနေတယ်။
“နောက်ကျနေပြီ။ ငါစောစော ပြန်ပြီးတော့ အနားယူချင်ပြီ။ ငါအချိန်တွေကို အလကား မဖြုန်းတီးနဲ့။ မှတ်ထားရမှာက ပြင်းပြင်းထန်ထန် ပါးရိုက်ရင်တော့ ငါပိုပျော်ရွှင်မယ်။ နင်လည်း မြန်မြန်ပြီးမယ်။
ကွမ်လန်ပုံစံက အရမ်း စိတ်တိုလာပြီးတော့ အော်ဟစ်နေတယ်။
“ယွမ်လော့ဖုန်း မင်းအရမ်း မလွန်လာနဲ့နော်”
“လူကြီးလူကောင်းလို့ ထင်ထားခဲ့တာ။ အိမ်ရှေ့စံမင်းသားက စကားမတည်တဲ့ လူလိမ်လူညာပဲ”
ယွမ်လော့ဖုန်းလည်း ကွမ်လန်ကိုကြည့်ပြီး အချက်ပြလိုက်တယ်။
“ရှင် ကတိတည်ချင်တည် မတည်ချင်နေ ကျွန်မမှာ သက်သေအနေနဲ့ နံပါတ်၄မင်းသားနဲ့ 'နင်' အကြီးအကဲ ရှိနေတာပဲ။ ဒီကိစ္စသာ ပျံ့နှံ့သွားရင်တော့ အိမ်ရှေ့စံမင်းသားက ကတိမတည်တဲ့ လူယုတ်လူညံ့ ဆိုတာ လူတိုင်း သိသွားတာပေါ့”
“မင်း...”
ကွမ်လန် မျက်လုံးတွေက မီးဝင်းဝင်း တောက်လာတယ်။ သူတစ်ပါးကို မကောင်း ကြံစည်ခြင်းတဲ့ သူ့ရဲ့ပုံစံက ယွမ်လော့ဖုန်း မျက်နှာကို တစ်ခဏချင်း ထိုးနှက်ချင်လာတယ်။
“မိန်းကလေးယွမ်”
'နင်'အကြီးအကဲက ကွမ်လန် ယွမ်လော့ဖုန်းကို ရုတ်တရက် တိုက်ခိုက်မှာကို ကြောက်လန့် မိတာကြောင့် ယွမ်လော့ဖုန်းကို သူ့နောက်ကျောဘက်မှာ ထားပြီး ကာထားတယ်။ သူ့ကလေးကို ဒေါသတကြီး ကာကွယ်ပေးနေသလိုပေါ့။
“စိတ်မပူပါနဲ့ သူ ကတိတည်ထားတဲ့ စည်းကမ်းချက်ကို ဖြည့်ဆည်းနိုင်အောင် အဘိုးအို ကူညီမယ်။ သူ ကတိမတည်ရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာမဲ့မှုကို တစ်လောကလုံး သိအောင် ဖြန့်ဝေလိုက်မယ်။
ကွမ်လန်က 'နင်'အကြီးအကဲရဲ့ ဇာစ်မြစ်ကို သေချာမသိဘူး။ သူအလျင်စလို ဆုံးဖြတ်ချက် မချရဲဘူး။ အချိန် သိပ်မကြာခင်မှာပဲ မုဝူစွမ်းက သူ့အနားကို လှမ်းလျှောက်လာတယ်။ သူမရဲ့နူးညံ့့တဲ့ မျက်ဝန်းတွေမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို တွေ့နေရတယ်။
“အိမ်ရှေ့စံမင်းသားလေး မုဝူစွမ်းအတွက် ကတိမတည်တာ မထိုက်တန်ပါဘူး။ မုဝူစွမ်းက သူမကိုပေးထားတဲ့ ကတိကို တည်နိုင်အောင် ဖြည့်ဆည်းပေးပါမယ်။ မင်းသားလေး ကတိတည်ရပါမယ်။ ဒါကြောင့် ကျွန်မ ပါးကို ရိုက်ပါ။ မုဝူစွမ်းက အိမ်ရှေ့စံမင်းသားအတွက် အတားအဆီး မဖြစ်စေရပါဘူး။
မုဝူစွမ်းလည်း သူမရဲ့လှပတဲ့ မျက်နှာလေးကို မော့လိုက်တယ်။ လှပတဲ့မျက်ဝန်းမှာ စိတ်အား ထက်သန်မှုတွေကို မြင်နေရတယ်။
သူမ သူ့ကို အဆင်ပြေစေချင်တယ်။ သူ့ကြောင့် သိမ်ငယ်အရှက်ကွဲခြင်းကို လက်ခံဖို့ ဆန္ဒရှိတယ်။
 

***

Continue Reading

You'll Also Like

20.4M 755K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
112K 6.7K 125
Tên gốc : Hảo Hảo Ái Ngã / 好好爱我 Tác giả : Hàn Thất Tửu Thể loại : Bách hợp, hiện đại, gương vỡ lại lành, hiện tại quá khứ đan xen, chua, cay, mặn, n...
303K 22K 121
Hôm nay lại đang trêu chọc mẹ kế - Chước Chước Nhân vật chính: Tô Mạn x Nguyễn Đào Edit: phuong_bchii
91.4K 6.2K 107
* Lưu ý: Truyện được edit với mục đích phi thương mại và chưa có sự cho phép của tác giả, yêu cầu tôn trọng nguyên tác, không chuyển ver, không re-up...