Unicode
4 years later........
ရာသီစက်ဝန်းတွေအလီလီ ကူးပြောင်းလို့ နွေဦးရာသီကိုတောင် ရောက်လာပြန်ပြီ။
Jay သူမဆီ ပြန်မလာသေးတာလဲ
လေးနှစ်ကျော်ကြာခဲ့ပြီ။
သူမ ကျောင်းပြီးလို့ ခုဆို Jayရဲ့
Companyကို ဦးစီးလုပ်ကိုင်နေပြီ။
အစက ခက်ခဲပေမဲ့ ဦးလေးကျော်နိုင်ရဲ့
စနစ်တကျ သင်ပြပေးမှုတွေကြောင့်
သူမ အတော်လေးအဆင်ပြေလာတယ်ပြောရမယ်။
သူငယ်ချင်းတွေနဲ့လဲ အားရင်အားသလို တွေ့ဖြစ်တယ်။
အလုပ်ကို မသွားခင်နဲ့ အလုပ်ကပြန်လာပြီးတိုင်း Jayကို သွားတွေ့တယ်။
Jayမရှိတဲ့နေ့တွေက တကယ်အထီးကျန်လိုက်တာလွန်ရောပဲ။
တစ်ခါတလေ Jayကို လွမ်းလိုက်တာ
ရူးမတတ်ပါဘဲ။
အဲ့လူဆိုးမကြီးကတော့ ခုထိပြန်လာဖို့
စိတ်ကူးမရှိသေးဘူးထင်တယ်....
Jayကို ထားခဲ့မိတာ နှစ်ပတ်ကျော်လေးဆိုပေမဲ့ သူကတော့ ဝတီ့ဆီပြန်မလာတာ ေလးနှစ်တောင်ကျော်ပြီ။
တကယ် အဆိုးလေး.....
ဆေးရုံကိုနေ့တိုင်းလာနေရတာ ချောင်းတောင်ပေါက်တော့မယ်။
ဆေးရုံက ဆရာဝန်တွေ သူနာပြုတွေနဲတောင် အတော်ရင်းနှီးနေပြီ။
နေ့တိုင်း Jayရဲ့ကုတင်ဘေးနားထိုင်ပြီး
စကားတွေတတွတ်တွတ်ပြောဆဲပဲ။
ခြေသည်းလက်သည်းတွေ ရှည်လာရင်
စိတ်ရှည်ရှည်နဲ့ သေချာညှပ်ပေးနေတုန်းပဲ။
Jayက ခုဆို ဆံပင်တွေတောင်အတော်ရှည်နေပြီ။
အရင်ကဂုတ်လောက်ရှိတဲ့ဆံပင်တွေက
ခုဆို ကျောပြင်အောက်နားလောက်ထိရှည်နေရောပဲ။
အိမ်က ဒေါ်ကြီးနဲ့မိချိုကလဲ
မကြာခဏလာကြည့်တတ်သလို
Jayရဲ့ မိဘတွေနဲ့ အစ်မကျော့ရှင်းခင်ကလဲ တစ်ပတ်တစ်ခါလာကြည့်နေကျ။
ခုဆို Jayရဲ့ Companyကြီးက
ရှယ်ယာရှင်တွေပိုများလာသလို
ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုရလာပြီ။
Jayသာ သိရင် ယွန်းလေးကတော်လိုက်တာဆိုပြီး ချီးကျူးနေတော့မှာပဲ။
Companyက အောင်မြင်လာတာနဲ့အမျှ
သူမတာဝန်ယူရတာတွေကလဲ ပိုပိုများလာတယ်။
အလုပ်တွေပင်ပန်းလာတိုင်း Jayကိုလာလာကြည့်ပြီး အမောဖြေရသည်။
Jay သူ့အနားမရှိတော့တဲ့အချိန်မှ
သူ Jayကိုဘယ်လောက်ချစ်တယ်ဆိုတာ ပိုပိုသိလာရတာ။
Jayပြန်သတိရလာရင်တော့
Jayရဲ့ရင်ခွင်လေးထဲဝင်ပြီး
သူ့ကိုဘယ်လောက်ချစ်ကြောင်းတွေထိုင်ပြောရဦးမယ်။
မိုးထက်မာန်ကလဲ သူမကိုတွေ့တိုင်း
အားနာတောင်းပန်တဲ့အကြည့်တွေနဲ့
ကြည့်နေဆဲပဲ။
Jayကို ခုလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို သူမအလွယ်တကူခွင့်လွှတ်ပေးလိုက်လို့ Jayကတော့ စိတ်ဆိုးနေမလား။
ဒီနေ့တော့ မနက်အစောကြီးကတည်းက အရေးကြီးmeetingရှိလို့
Jayဆီကိုတောင် မသွားဖြစ်သေး။
Company ကြီးတစ်ခုကို Jayနေရာအစားဝင်တာဝန်ယူနေရတော့
သူလုပ်နိုင်ပါ့မလားဆိုပြီး အထင်သေးတဲ့လူတွေက တပုံတပင်။
ဒါပေမဲ့ သူမအကောင်းဆုံးလုပ်ပြလိုက်တော့မှ အဲ့ပါးစပ်ပေါက်တွေပိတ်သွားသည်။
နှစ်နှာရီနီးပါး meetingထိုင်ပြီးနောက်မှာ ဝတီအပြင်ကိုထွက်လာလိုက်သည်။
Ring~Ring~
"ဟယ်လို ဒေါက်တာ ပြောပါရှင့်''
"..........''
"ရှင်!!"
ဖုန်း end callတောင်မနှိပ်နိုင်ဘဲ
ဝတီcompanyထဲက အပြေးထွက်သွားသည်။
ဝန်ထမ်းတွေကတော့ သူမကို
"ငါတို့ bossမမ ဘယ်လိုဖြစ်တာလဲ''ဆိုပြီး ငေးကြည့်ကျန်ခဲ့ကြမှာ အသေအချာ။
အလျင်လိုနေတဲ့ စိတ်အဟုန်ကြောင့်
ဆေးရုံဆီကို ဘယ်လိုတွေမောင်းပြီး
ဘယ်လိုတွေရောက်လာလဲတောင်မသိတော့။
Jay ပြန်လာပြီ...Jay ပြန်လာပြီတဲ့
စိတ်ထဲက အထပ်ထပ်ရေရွတ်ပြီး
မျက်ရည်တွေကပါ အလိုအလျောက်
စီးကျလာတော့သည်။
ကျေးဇူးတင်လိုက်ပါတယ်.....
ခုလိုပြန်ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကြီးကို
အခန်းတံခါးကို ဝုန်းခနဲမြည်အောင်
ဆွဲဖွင့်ပြီး မြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် ဝတီ့ရဲ့မျက်ရည်တွေ ပြိုဆင်းကျလာသည်။
Jayကတော့ သူ့ကိုပြုံးပြလို့။
ဝတီ Jayနားပြေးသွားပြီး တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။
"ဟင့်....အရမ်း...အရမ်းလွမ်းနေတာ''
သူ့ကိုဖက်ထားပြီး ကလေးတစ်ယောက်လို ရှုိက်ကြီးတငင်ငိုနေသော
ယွန်းလေးကြောင့် သူ့မှာပြုံးမိရသည်။
ဆံပင်လေးတွေကို လက်ဖဝါးနဲ့အသာပွတ်သပ်ပေးရင်း
"မငိုပါနဲ့ ကိုယ့်ကလေးလေး
ခုကိုယ်ပြန်ရောက်လာပြီ တိတ်.. တိတ်
မငိုနဲ့တော့နော်''
ဒေါက်တာနဲ့ သူနာပြုလေးကတော့
သူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်ကာ
အခန်းထဲက ထွက်သွားကြ၏။
ချော့လေ ငိုလေ ကလေးမလေးက
အငိုမရပ်သေး။ သူ့ဆေးရုံဝတ်စုံနောက်ကျောဘက်တစ်ခုလုံး ရွှဲရွှဲစိုနေပြီ။
"တိတ်တော့လေ...ကလေးလေးကျနေတာပဲကွာ...ကိုယ့်ကိုတအားဖက်မနေနဲ့
ကိုယ်ရေမချိုးတာ ဘယ်လောက်တောင်ကြာနေပြီလဲ နံနေမှာပေါ့''
သူပြောတော့မှ ဖက်ထားတာကို
ပြန်ခွာပေးပြီး သူ့ကို ဟိုထိကြည့်
ဒီထိကြည့်လုပ်နေပြန်သည်။
"ဘယ်နားနာနေသေးလဲ? ခေါင်းတွေဘာတွေကိုက်လား?''
"ဘယ်နေရာကမှ မနာပါဘူး။
ကိုယ်အဆင်ပြေတယ်။
ကြည့်ပါဦး ကိုယ့်ကလေးလေးက
အရင်ကထက် ပိုချော ပိုလှလာပါလား''
ဝတီ့ဆံပင်လေးတွေကို သပ်တင်ပေးရင်း ပြောလိုက်တာကို အင့်ခနဲရှိုက်ပြီး
ပွေ့ဖက်ကာ ငိုပြန်သည်။
"လူဆိုးမကြီး အဲ့လောက်အကြာကြီး
ပစ်ထားရလား။ ဝတီဘယ်လောက်လွမ်းနေလဲမသိဘူးလား ဟင့်......''
"အင်းပါ ကိုယ်မှားသွားပါတယ်..နော်..
နောက် ပစ်မထားတော့ဘူးလေ..
ကိုယ်သတိမရခဲ့တဲ့အချိန်တွေအတွက်
အတိုးချပြီး ချစ်ပေးပါ့မယ်''
ဝတီ့ရဲ့ကိုယ်လေးကို ပြန်ခွာရင်း
ပါးပြင်ပေါ်က မျက်ရည်တွေကို
တယုတယသုတ်ပေးမိသည်။
ပြီးတော့ နဖူးပြင်လေးကိုပါ
အနမ်းခြွေမိသည်။ ဒီကလေးလေးရဲ့
ကိုယ်သင်းန့ံလေးကို လွမ်းနေခဲ့တာ။
"ကိုယ် ဘယ်လောက်ကြာကြာ မေ့နေတာလဲ?''
"လေးနှစ်ကျော်ပြီ...သိရဲ့လား''
သူတို့ အလွမ်းသယ်နေတုန်းမှာပဲ
Jayရဲ့ မိဘတွေနဲ့ အစ်မကျော့ရှင်းခင်တို့ ရောက်လာသည်။
Jayကို ပြေးဖက်ကြပြီး ငိုပြန်သည်။
ကျော့ရှင်းခင်ရော အမေရော
ငိုနေကြတာများ တကယ်ကလေးတွေအတိုင်း။
သူပြုံးမိပြန်သည်။ အမေက Jayနားလာကပ်ထိုင်ကာ ပွေ့ဖက်လာသည်။
"အမေ တောင်းပန်ပါတယ် သမီးရယ်
သမီးအပေါ် အမေမကောင်းခဲ့ဘူး''
"မဟုတ်တာ မေမေရယ်။ မေမေ့လောက် Jayအပေါ် ဘယ်သူကောင်းမလဲ?''
"အမေ စိတ်ချမ်းသာအောင်ပြောမနေပါနဲ့။ အမေမကောင်းတာ အမေသိပါတယ်။ နောက်ဆို ငါ့သမီးလေး
စိတ်ချမ်းသာအောင် အမေထားပါ့မယ်''
အမေက ပြောရင်းငိုသည်။
အဖေကလဲ သူတို့ကိုကြည့်ပြီး မျက်ရည်ဝဲလို့။
"အဖိုးကို သတိရလိုက်တာ...
ဘာလိုလိုနဲ့ အဖိုးဆုံးတာတောင် လေးနှစ်ကျော်သွားပြီပေါ့။ Jayသတိမေ့နေတာ အဖိုးရဲ့ နှစ်ပတ်လည်တွေတောင်
မလုပ်ပေးနိုင်ခဲ့ဘူး''
"ကိုယ့်ကိုယ်ကို အပြစ်မတင်နေပါနဲ့ကွယ်။ သမီးခုလိုသတိရလာတာ
သမီးအဖိုးသိရင် ဝမ်းသာနေတော့မှာ''
ခဏနေတော့မှ ဘေးမှာရပ်နေတဲ့ဝတီကို မြင်သွားကာ Jayရဲ့အမေက
သူမနားလျှောက်လာသည်။
"အရင်ကအန်တီသမီးအပေါ်ပြုမူခဲ့တာတွေအတွက် အန်တီတောင်းပန်ပါတယ်။ လိင်တူချစ်ကြိုက်တာကို
လက်မခံနိုင်ခဲ့ဘဲ Jayကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့မိတာ သမီးကိုလဲ
လက်မခံပေးနိုင်ခဲ့ဘူး..ခုတော့ အန်တီအမြင်မှန်ရသွားပါပြီ''
"ရပါတယ် အန်တီ။ ဝတီ့အပေါ်
အန်တီမှားခဲ့တာ ဘာမှမရှိပါဘူး''
"ဒါဆို Jayနဲ့ မေမေ အရင်ကလို
ပြန်နေလို့ရပြီပေါ့နော်''
"ဒါပေါ့ သမီးရယ်...''
ခုနကတည်းက ရောက်နေတဲ့
ဦးလေးကျော်နိုင်၊ ဒေါ်ကြီးနဲ့ မိချိုအပြင် မောင်ကောင်းတို့ကပါ
သူတို့်မိသားစုကိုကြည့်ပြီး
ပြုံးပျော်နေကြသည်။
~~~~~~~~~~~~~~~
Jayဆေးရုံက ဆင်းခွင့်ရပြီး
Companyကို အရင်လိုပဲ ပြန်ဦးစီးဖြစ်သည်။
ယွန်းလေးကတော့ Cafeလေးတစ်ခုဖွင့်ချင်တယ်ပြောတာကြောင့် လိုအပ်တာတွေ အကုန်လိုက်လုပ်ပေးပြီး
ခုဆို Cafeလေး ဖွင့်ဖြစ်တာ
လေးလကျော်ကြာပြီ။
ဆိုင်အသစ်ဆိုတဲ့အတိုင်း
မှန်းထားသလောက်တော့ မအောင်မြင်သေးပေမဲ့ အခုလဲ အတော်လေးနာမည်ရနေပြီဖြစ်သည်။
"မအိပ်သေးဘူးလား Jay.....''
Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်း
ကုတင်ပေါ်တက်လာကာ ချွဲနွဲ့နွဲ့လေ
သံနဲ့ပြောလာသော ယွန်းလေးကြောင့်
ကြက်သီးမွှေးညှင်းထမိသွားသည်။
အနားကပ်လာကာ ရင်ဘတ်ကိုပွတ်သပ်လာပြန်တာကြောင့် Jayအလုပ်လုပ်နေရာမှ လှည့်ကြည့်လိုက်၏။
Pajamas ကြိုးတစ်လုံးအင်္ကျီကိုမှ ပေါင်တိုလေးဆိုတော့ ပေါင်သွယ်သွယ်တို့က အထင်းသား။
ပေါင်တိုရုံမက လည်ဟိုက်နေသော
အင်္ကျီကြောင့် ရင်ဘတ်ဖွေးဖွေးနဲ့
ညှပ်ရိုးလေးတွေက အာခေါင်ခြောက်စေသည်။
ဒီကောင်မလေး သိပ်မရိုးဘူး....
အိပ်နေတဲ့ကျားကို လာနှိုးတာပဲ....
အရင်ကတည်းက သမာဓိမခိုင်ပါဘူးဆိုနေ......
လက်သွယ်သွယ်တို့က ရင်ဘတ်ကနေတစ်ဆင့် သူ့ရဲ့မျက်နှာပေါ်ကိုပါ
ပွတ်သပ်နေပြန်သည်။
Jayဘေးနားက အနှီကလေးမကို
ပေါင်ပေါ်စွေ့ကနဲပွေ့တင်လိုက်တော့
သူ့လည်တိုင်ကို ချိတ်ဆွဲလာသည့်
လက်အစုံ။
မျက်လုံးချင်းစုံအောင်ကြည့်စေပြီး
ယွန်းလေးရဲ့ မျက်နှာအနှ့ံ လက်ချောင်းတွေနဲ့ ခပ်ဖွဖွတို့ထိမိသည်။
ထို့နောက် cherryရောင်ပြေးနေတဲ့
နှုတ်ခမ်းလေးကိုပါ ငုံထွေးပစ်လိုက်၏။
အသစ်တွေဘယ်လောက်ဟောင်းဟောင်း ဒီနှုတ်ခမ်းတွေက အရင်လို
သူ့ကို ရင်ခုန်အောင်စွမ်းဆောင်နိုင်ဆဲပဲ။
သကြားလုံးလေးထက် ပိုချိုတဲ့
ဒီနှုတ်ခမ်းတွေကို လွှတ်မပေးချင်။
ပိုတိုးလို့သာ နမ်းချင်မိသည်။
လည်တိုင်မှာ ရစ်ပတ်နေသော ယွန်းလေးရဲ့လက်တွေက ခုတော့
သူ့ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်လို့။
အချိန်အတော်ကြာအောင်နမ်းပြီးချိန်မှာတော့ သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းတွေဟာ စတော်ဘယ်ရီသီးလေးတွေလို
ရဲတွတ်ကျန်ခဲ့သည်။
Jayက ဆက်ပြီး ယွန်းလေးရဲ့လည်တိုင်ဆီကို ဦးတည်နမ်းရှိုက်လာသည်။
အမှတ်အသားတွေဆက်တိုက်ချန်နေသော Jayရဲ့ အနမ်းတွေအောက်
သူမ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း။
လည်တိုင်တစ်လျှောက်လုံး အမှတ်အသားတွေနေရာလပ်မကျန်အောင်ပေးပြီးတဲ့နောက် ညှပ်ရိုးတွေပေါ်ကို ဆက်နမ်းရှိုက်မိသည်။
ဒီအနမ်းတွေဆီက ရုန်းမထွက်ချင်။
ရုန်းထွက်ဖို့လဲ စိတ်မကူးမိပါ။
တိတ်ဆိတ်မှုကြီးစိုးနေတဲ့ အိပ်ခန်းထဲမှာသူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းချင်း
စုပ်ယူနမ်းရှိုက်သံတွေကသာထွက်ပေါ်နေသည်။
~~~~~~~~~~~~~~~
ဒီနေ့ Companyပိတ်ရက်ဖြစ်တာကြောင့် ယွန်းလေးနဲ့ Dateဖို့ စဥ်းစားထား၏။
မနက်ကတည်းက ပြင်ဆင်ပြီး မနက်စာတောင်မစားဘဲ ထွက်လာခဲ့ကြသည်။
Strand Restaurantမှာ မနက်စာဝင်စားပြီး ရုပ်ရှင်ရုံဆီဝင်ကာ
ယွန်းလေးကြိုက်တဲ့ရုပ်ရှင်ကိုပြရသေး၏။
ရုပ်ရှင်ပြီးတော့ နေ့လည်တစ်နာရီကျော်ပြီဖြစ်တာကြောင့် Junction Square မှာ နေ့လည်စာစားပြီး
ယွန်းလေးဝယ်ချင်တာ ဝယ်ဖို့
အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့
လူက ဖတ်ဖတ်ကိုမော။
နှစ်ယောက်သား အထုပ်ကိုယ်စီဆွဲရင်း
လျှောက်လာချိန် သူတို့ရဲ့မျက်နှာချင်းဆိုင်က လျှောက်လာတဲ့
မိန်းကလေးကြောင့် နှစ်ယောက်စလုံး
အ့ံဩသွားကြသည်။
"မေသွန်းခ!"
"ဟာ...ဝတီတို့ပါလား''
"နင်ဘယ်တုန်းက ပြန်ရောက်တာလဲ?''
"တစ်လလောက်ပဲ ရှိပါသေးတယ်''
"ခဏပြန်လာတာလား အပြီးပြန်လာတာလား''
နှစ်ယောက်သားရဲစစ်သလိုစစ်နေတာကြောင့် မေသွန်းခပြုံးလိုက်မိ၏။
"အပြီးပြန်လာတာပါ။ အစက
ဟိုမှာအပြီးနေဖို့စဥ်းစားထားပေမဲ့
ဒီနိုင်ငံကြီးကိုမခွဲနိုင်တာရော ကိုကို့ကို
စိတ်မချတာရောကြောင့် ပြန်လာဖို့
ဆုံးဖြတ်လိုက်တာ''
"အင်း...တစ်ခုခုစားကြမလား''
"ငါတော်ပြီ။ ခုနကစားပြီးပြီ
အခုလဲ သူငယ်ချင်းတစ်ယောက်နဲ့
ချိန်းထားလို့''
"ဪ..ဒါဆိုလဲသွားလေ။ ချိန်းထားတာ နောက်ကျနေဦးမယ်''
"ခဏနေဦး သန်ဘက်ခါကျရင်
ငါ့အိမ်မှာ ယွန်းလေးနဲ့ငါ့ရဲ့
7 years anniversary ပါတီရှိတယ်
နင်အဆင်ပြေရင်လာခဲ့လေ''
"Oh! ခုနစ်နှစ်တောင်ရှိပြီပဲ
အချိန်တွေက တော်တော်အကုန်မြန်တယ်။ ငါလာခဲ့မယ်။ ကိုကို့ကိုလဲ
ခေါ်လာလို့ရတယ်မလား?''
"ရတယ် သဘော''
"Ok ဒါဆိုငါ သွားတော့မယ်နော်''
မေသွန်းခက နှုတ်ဆက်ပြီး သူတို့ဘေးက ဖြတ်သွားသည်။
"Jay''
"ဟင်..''
"မေသွန်းခ အရင်ကထက် ပိုချောလာတယ်နော်''
"အင်း။ ဒါပေမဲ့ ယွန်းလေးလောက်တော့ ဘယ်ချောမလဲ''
"တော်ပါ။ ခုနက မေသွန်းခကို ကြည့်နေတာများ မျက်လုံးတွေကျွတ်ကျတော့မဲ့အတိုင်းပဲ''
"ဟမ်..ဘယ်တုန်းကလဲ?''
"သွား...ခုမှ မသိချင်ယောင်ဆောင်မနေနဲ့''
နှုတ်ခမ်းလေးစူကာ ရှေ့က ကော့တော့ ကော့တော့နဲ့ထွက်သွားသော
ယွန်းလေးကို သဘောကျစွာ
ရယ်ရင်း
"ဟေး..ကိုယ့်ကိုစောင့်ပါဦး''
အထုပ်တွေကိုဆွဲရင်း ယွန်းလေးနောက်
အပြေးလိုက်သွားတော့သည်။
~~~~~
Zawgyi
4 years later........
ရာသီစက်ဝန်းတွေအလီလီ ကူးပြောင်းလို့ နွဦေးရာသီကိုတောင် ရောက်လာပြန်ပြီ။
ရူးမတတ်ပါဘဲ။
တကယ် အဆိုးလေး.....
ကြည့်နေဆဲပဲ။
Ring~Ring~
"..........''
"ရှင်!!"
စီးကျလာတော့သည်။
မငိုနဲ့တော့နော်''
အခန်းထဲက ထွက်သွားကြ၏။
"ဘယ်နေရာကမှ မနာပါဘူး။
ကိုယ်အဆင်ပြေတယ်။
ပွေ့ဖက်ကာ ငိုပြန်သည်။
တယုတယသုတ်ပေးမိသည်။
အနမ်းခြွေမိသည်။ ဒီကလေးလေးရဲ့
ကိုယ်သင်းနံ့လေးကို လွမ်းနေခဲ့တာ။
အမေက ပြောရင်းငိုသည်။
"အဖိုးကို သတိရလိုက်တာ...
မလုပ်ပေးနိုင်ခဲ့ဘူး''
သူမနားလျှောက်လာသည်။
"ရပါတယ် အန်တီ။ ဝတီ့အပေါ်
"ဒါပေါ့ သမီးရယ်...''
ခုနကတည်းက ရောက်နေတဲ့
ပြုံးပျော်နေကြသည်။
~~~~~~~~~~~~~~~
လေးလကျော်ကြာပြီ။
"မအိပ်သေးဘူးလား Jay.....''
ပွတ်သပ်နေပြန်သည်။
လက်အစုံ။
ယွန်းလေးရဲ့ မျက်နှာအနှံ့ လက်ချောင်းတွေနဲ့ ခပ်ဖွဖွတို့ထိမိသည်။
ရဲတွတ်ကျန်ခဲ့သည်။
~~~~~~~~~~~~~~~
လူက ဖတ်ဖတ်ကိုမော။
အံ့ဩသွားကြသည်။
"မေသွန်းခ!"
"ဟာ...ဝတီတို့ပါလား''
"အပြီးပြန်လာတာပါ။ အစက
ဆုံးဖြတ်လိုက်တာ''
"ငါတော်ပြီ။ ခုနကစားပြီးပြီ
ချိန်းထားလို့''
"ခဏနေဦး သန်ဘက်ခါကျရင်
ခေါ်လာလို့ရတယ်မလား?''
"ရတယ် သဘော''
"Jay''
"ဟင်..''
"ဟမ်..ဘယ်တုန်းကလဲ?''
ရယ်ရင်း
~~~~~