"ပါပါး ဗိုက်ထဲမှာတကယ်ပဲ က လေးလေးရှိနေတာလား"
သမီးက ဝေ့ရင်းဗိုက်နားကိုနားကပ်ကာမေးသည်
"အင်းဟုတ်တယ် ဒီထဲမှာ က လေးလေးရှိတယ်"
"'ပါပါး"
"ဟင်"
"က လေးလေးက ဘာလေးလဲ ယောကျ်ားလေးလားမိန်းက လေးလား"
"ဒါတော့မသိသေးဘူးလေ မွေးလာမှ သိမှာပေါ့"
"မ မွေးသေးဘူးလား ဘယ်တော့မှ မွေးမှာလည်း"
"အင်း နောက်၆လ လောက်မှ
"ဟွန်း အဲ့လောက်ကြာလား"
"အင်း ကြာတာပေါ့ "
"မောင်လေးဆိုကောင်းမယ်နော်ပါပါး"
"သမီးက မောင်လေးလိုချင်လို့လား"
"အင်း"
"အင်း ဒါဆို မောင်လေးပဲမွေးပါစေလို့ဆုတောင်းရမှာပဲ"
"အင်းအင်း"
"ဝေ့ရင်း"
ဝေ့ရင်းအတွက်အစစအရာရာ ဂရုစိုက်ပေးတဲ့ လန်ကျန့်က တော့ ဆေးခွက်တွေကိုင်ပြီး ရောက်ချလာပါပြီ
"ပါပါးဆေးသောက်ရ တော့မှာလား"
"အင်း"
လန်ကျန့်က ဆေးခွက်ကိုယူပြီး ဝေ့ရင်းကိုတိုက်လိုက်သည်
ကိုယ်ဝန်ဆောင်အားဆေးလည်းဘာထူးလည်း နှလုံးအားဆေးလိုပဲ တအားခါး
"ပါပါး ခါးလို့လား"
"ခါးတာပေါ့"
"သမီးတုန်းကလည်းဒီလိုဆေးခါးကြီးတွေ သောက်ကတာလား"
"အင်းပေါ့ "
သမီးနဲ့ ဝေ့ရင်းပြောနေတာကို နားထောင်ရင်း ဟိုးလွန်ခဲ့တဲ့အချိန်တွေကို လန်ကျန့် ပြန်တွေးတောမိသည်
Flash back~~~
"ဟန်ကွမ်းကျွင်း ဝေ့သခင်လေး ဒီတမနက်လုံး အန်ပဲအန်နေတယ် "
ကျင်းရီလာပြောတော့ လန်ကျန့် အံ့သြသွားသည်
"ဘာဖြစ်လို့ပါလိမ့် မ နေ့က အ ကောင်းကြီးပါ အစာမ ကြေလို့များလား"
"မဟုတ်ဘူး သခင်လေး မနက်ထဲက ဘာမှမစားရ သေးဘူးပြောတယ်"
ဒီတော့မှ လန်ကျန့် သတိရမိသည် မနက်ကလည်း ဝေ့ရင်းဟုတ်တိပတ်တိ မစားပေ
နောက်တော့သမားတော်ခေါ်ပြီး အ ဆောင်သို့ပြန်လာလိုက်သည်
"ဝေ့ရင်း!"
ကုတင်ကိုကျောမှီထားတဲ့ ဝေ့ရင်းက မျက်ရည်တွေနဲ့
"ဝေ့ရင်း ဘာဖြစ်လို့လဲ"
"သခင်လေးက တောက်လှျှောက်အန်နေတာ အ့ကြောင့်ခုလိုငိုနေတာ"
စစ်ကျွေးက ပြောပြသည်
"သမားတော်ဝေ့ရင်းကိုစမ်းသပ်ပေးပါဦး"
သမားတော်က ဝေ့ရင်းသွေးကြောကိုထပ်တလဲလဲ စမ်းသည် ပြီးတော့သူပြောလိုက်တာက
"ဂုဏ်ယူပါတယ် ဝေ့သခင်လေးမှာ ရင်သွေးလေးလွယ်ထားရပါပြီ နှစ်လရှိပါပြီ"
လန်ကျန့်အပါအဝင် အားလုံးက အံ့သြသွားရသည် ယောကျ်ားလေးတဦးမို့ ဒီလိုစကားမျိုးကြားရမယ်မထင်ခဲ့တာမို့ လန်ကျန့် အ တော်လေး အံ့သြခဲ့ရသည်
"အီးဟီး အဟင့်ဟင့် ငါလို သခင်လေးက ဗိုက်ကြီးနေတယ်တဲ့ ကျန်းချန်ရေ ရှစ်ကျဲရေ ကယ်ပါဦး အီးဟီး လက်ထပ်တာနှစ်လပဲရှိသေးတယ် ခုဗိုက်ပါကြီးနေပြန်ပြီ ငါတော်တော်ကံဆိုးပါလား အဟင့်ဟင့် က လေးအ မေကြီး ဖြစ်တော့မယ် အရပ်ကတို့ရေကယ်ကျပါဦး အဟင့်ဟင့်''
"ဝေ့ရင်း! ဘာတွေ လျှောက်အော်နေတာလဲ"
"ဟုတ်သားပဲ သခင်လေးက လည်းဒါဝမ်းသာစရာကို"
"အင်းလေ ခုဆိုလန်အိမ်တော်မှာ က လေးလေးတစ်ယောက်ရောက်လာတော့မယ်"
"အဟင့် မဟုတ်ဘူး ငါဒီက လေးကိုမလိုချင်ဘူး ငါမ မွေးဘူး"
"ဝေ့ရင်း!! မင်းဘယ်လိုပြောလိုက်တာလဲ!!!"
လန်ကျန့် အော်လိုက်စဖြင့် ဝေ့ရင်းခန လေးသုံးစက္ကန့်စာလောက်ငြိမ်သွားသည် ပြီးတာနဲ့အာဗြဲကြီးနဲ့ ထ အော်ငိုလေသည်
"အူးဝါး မင်္ဂလာဦးညဆိုပြီး လူကိုလုပ်ချင်သလိုလုပ်သွားလို့ သူများတကာ နုနုထွတ်ထွတ်လေးက သူအလုပ်ကောင်းလို့ဗိုက်ကြီးတာကို လာအော်နေတယ် ကံဆိုးတဲ့ငါလေး ဒီကမ္ဘာမှာ ငါ့လောက်ကံဆိုးတဲ့သူမရှိတော့ပါဘူး အီးဟီး"
"မင်းး ဘာတွေ ပြောနေတာလည်း"
စစ်ကျွေးနဲ့ကျင်းရီ ရှိနေတာမို့ လန်ကျန့် အ တော်လေးရှက်သွားရသည်
စစ်ကျွေးနဲ့ကျင်းရီလည်းသူတို့ဟန်ကွမ်းကျွင်းရှက်နေမှန်းသိတာမို့ အပြင်ထွက်လာကျသည်
လန်ကျန့်လည်း ပူပူနွေးနွေးဗိုက်ကြီးသည်လေးမို့ စိတ်လျှော့လိုက်ရ တော့သည် တကယ်ပါ အဲ့ဒီတုန်းက ဗိုက်ကြီးသည် စပ်စလူးစိန်နဲ့အ တော်လေးပျာယာခတ်ခဲ့ရတာ ပြန်တွေးမိလည်းရီရပါသည်
Flash end~~~
"လန်ကျန့် မင်းဘာတွေ ပြုံးနေတာလည်း"
"ဒီလိုပါပဲ အရင်က သမီးကိုမင်းကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်တွေကိုပြန်တွေးမိလို့ပါ"
ဝေ့ရင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်
"အဲ့တုန်းက ငါအ တော်လေး ပင်ပန်းလိုက်တယ်"
"မင်းကဘာလို့လဲ"
"အဲ့ဒီဗိုက်ပူလေးကို လိုက်ထိန်းရ လို့လေ" လန်ကျန့်က နှာခေါင်းကိုဖွဖွဆွဲကာပြောသည်
"ဟွန့် မင်းနော်"
သူတို့ကသာ သာယာနေတာ သမီးက ဝေ့ရင်းပေါင်ပေါ်မှာအိပ်ပျော်နေသည်
ဝေ့ရင်းကိုလန်ကျန့်က အ လေးအပင် မ မခိုင်းတော့ လန်ကျန့်ပဲသမီးကိုချီကာ သူ့အ ဆောင်ထဲသိပ်ထားပေးလိုက်လေသည်
ခန နေ တော့ လန်ကျန့် ဝေ့ရင်းဆီပြန်လာသည်
ဝေ့ရင်းက ဒီခန လေးအတွင်းအိပ်ပျော်နေသည်
ဒီဟာလေး အစားရောအအိပ်ကော တအားသန်လာတာ ခုအိပ်တယ်နော် နိုးလာရင်အစားကို သဲကြီးမဲကြီးစားပြပါလိမ့်မယ် ဒါကြောင့် ကြိုပြီးခုထဲက ပြင်ပေးထားမှ
လန်ကျန့် တော့ဒီကာလ အတွင်း အရမ်း အလုပ်ရှုပ်ရပါသည် ဝေ့ရင်းကလည်းမထင်ရင်မထင်သလိုနွဲ့ဆိုးဆိုးတတ်သေးသည် နည်းနည်းတော့ပင်ပန်းတာပေါ့ ဒါပေမဲ့သူပျော်ပါတယ်
***************************
part(26)မျှော်