{Uni}
"ဂျပန်မှာနေတာ ကြာပြီလား"
"၅နှစ်သား အရွယ်လောက်ကတည်းကပါ"
"တရုတ်စာတွေက ခက်တယ်မလား"
"အရမ်းခက်တယ်"
ထိုင်နေရင်း အမေးအဖြေလုပ်နေသည့်သူတို့နှစ်ယောက်သည် အေးအအေး,ဆေးဆေးပင်။
"ချစ်သူရှိလား"
"ဗျာ! မ..မရှိပါဘူး"
"ကိုယ်လည်းမရှိတာ သိတယ်မလား"
"ဟုတ်!"
ဒီတစ်ခါ၌ နှစ်ယောက်လုံး မအေးဆေးနိုင်တော့ပေ။ ချစ်သူမရှိတာ အတည်ပြုသိလိုက်ရသည်မို့ ပျော်နေသည့်သူနှင့် နေရင်းထိုင်ရင်းပူထူသွားသည့်သူနှင့်။ နည်းနည်းတော့ မတည်မငြိမ်နှင့် ရင်ဘက်ထဲမှ အကောင်ငယ်လေးတွေခုန်ပေါက်လာပြီဖြစ်သည်။
"ကိုယ့်Fanဖြစ်တာ ဘယ်လောက်ကြာပြီလဲ"
"၃နှစ်လောက်ရှိပြီ"
"ကိုယ် ပွဲဦးထွက်ကတည်းကပေါ့"
"ဟုတ်"
ရင်ဘက်ထဲမှ အကောင်လေးတွေအနည်းငယ်ပြန်ငြိမ်သွားလေပြီ။
"အချစ်ကို Genderခွဲလား ကလေးလေး"
မရတော့.. ရင်ဘက်ထဲမှအကောင်လေးတွေကြောင့် ခန္ဓာကိုယ်ပါခုန်ချင်သလိုဖြစ်လာ၍ တော်တော်နေရခက်နေပြီဖြစ်သည်။ ကလေးလေး ဆိုလားပဲ။
"အချစ်က အချစ်ပဲလေ။ အချင်းချင်း ချစ်နေရင် ရပြီမဟုတ်လား"
"အဟွန်း! မှန်တာပေါ့"
အချိန်အတော်ကြာမှ ဝမ်ရိပေါ်ဘက်က စကားပြန်စလာသည်။
"ဒီအချိန်မှာ ယောက်ျားလေးတစ်ယောက်က မင်းလေးကို ရည်းစားစကားပြောမယ်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲ"
"ဝမ်ကော အခု!"
"ချစ်တယ်။ ကိုယ်Idolတစ်ယောက်စဖြစ်ကတည်းက ကိုယ့်ကိုစိတ်ဝင်စားအောင်ရော တွေ့ချင်အောင်ပါလုပ်နိုင်တဲ့သူလေးပဲ။ အကောင့်တစ်ခုတည်းနဲ့ ကိုယ့်နှလုံးသားကိုပါ ခိုးယူသွားတဲ့သူလေး။ ကိုယ့်ကို တာဝန်ယူသင့်တယ်မထင်ဘူးလား"
".....!!"
ရှောင်းကျန့် ဘာမှပြန်မပြောနိုင်တော့ပေ။ စဉ်းစားကြည့်ပါလျှင် ကိုယ်သဘောကျနှစ်သက်သည့်Idolသည် ကိုယ့်ကိုချစ်ခွင့်ပန်ခြင်း။ အိပ်မက်မဟုတ်သည့် တကယ့်လက်တွေ့တွင် ချစ်ခွင့်ပန်ခြင်းဖြစ်သည်။ ဤပျော်ရွှင်မှုသည် သူ့ရင်အား ဘယ်လောက်တောင် လှုပ်ခတ်စေမည်လဲ?
"တ..တကယ်ပြောနေတာလား"
"ကိုယ့်လို အချေလို့နာမည်ကြီးနေတဲ့သူက အခုလိုပြောတာ နောက်တာဖြစ်မလား"
"ကျွန်တော်.."
"ချက်ချင်း မပေးခိုင်းပါဘူး။ ကိုယ်အချိန်ပေးမှာပါ။ တစ်ရက်တိတိ အချိန်ပေးမယ်။ ဒါပေမယ့် တစ်ရက်ကျော်လို့မှ အဖြေမပေးဘူးဆိုရင်တော့..."
စကားပြောနေရင်းရပ်လိုက်ကာ ရှောင်းကျန့်မျက်နှာနားကိုတိုးလာ၍ တစ်ခြမ်းစောင်းအပြုံးလေးနှင့် နားနားကပ်ပြောသည်။
"အဲ့ကျရင် မင်းလေးကို စကားနဲ့မဟုတ်တော့ဘဲ အလုပ်နဲ့သိမ်းပိုက်မယ်"
ကြက်သီးတွေတောင်ထပါသည်။ ရင်ခုန်လွန်း၍ အာစေးမိသလိုတောင်ဖြစ်နေသည့်သူအား ဘယ်လိုတောင်ပြောလိုက်သည်လဲ?
နီးကပ်နေသည့်မျက်နှာကိုမှ အထိတ်တလန့်နှင့် မော့ကြည့်မိသည်။
လူကိုနှလုံးရပ်ပြီး သေစေချင်နေသည်လား? အဖြေတောင်းနေသည်လား၊ ခြိမ်းခြောက်နေသည်လား?
"အဲ့လိုလေး ပြူးမကြည့်ပါနဲ့လားကွာ။ တစ်ရက်တောင်မစောင့်နိုင်တော့ဘဲ အခုချက်ချင်းတစ်ခုခုလုပ်လိုက်မိမှာစိုးလို့"
ရှောင်းကျန့် မတ်တပ်ထရပ်လိုက်ရသည်။ ဘာမှလည်းပြန်မပြောတော့ဘဲ မပြေးရုံတမယ် ခြေလှမ်းသွက်သွက်နှင့် မျက်နှာလည်းနီနီရဲရဲဖြင့် ထွက်သွားသည်။ မနီးမဝေးတွင် သူ့တို့ဘက် ပြန်လာနေသည့်ဖန်ရှင်းနှင့် ဟိုက်ခွမ်းကောကို မြင်တော့မှ စိတ်သက်သာရာရသွားရသည်။
"ရှောင်းကျန့် ဘာဖြစ်လာတာလဲ"
"ဘာမှမဖြစ်ပါဘူး။ ဟိုက်ခွမ်းကော ကျွန်တော်တို့ နားနှင့်တော့မယ်နော်။ ဝမ်ကောက သစ်ပင်အောက်မှာထိုင်နေတယ်"
"သြော်...အင်း နားလေ။ ရိပေါ်ကို ကောပဲသွားခေါ်လိုက်မယ်"
"ဟုတ်!"
ဖန်ရှင်းလက်ကိုဆွဲကာ နှလုံးရောဂါသည် အမောဖောက်နေသလို ရင်ဘက်လေးဖိကာ ထွက်လာခဲ့သည်။ သစ်ပင်အောက်မှ ထိုင်ကြည့်နေသည့်ဝမ်ရိပေါ်သည် သဘောတွေကျလို့နေ၏။
ချစ်ဖို့ကောင်းလိုက်လေခြင်း။
"ဘာသွားလုပ်လိုက်ပြန်ပြီလဲ။ ဟိုမှာတော်တော်တောင် ဂယောင်ခြောက်ခြားဖြစ်နေတယ်"
"ဖွင့်ပြောလိုက်တာ ..အဖြေမပေးရင်တစ်ခုခုလုပ်မှာလို့လည်းပြောလိုက်တယ်"
"ဝမ်ရိပေါ် မင်းတော်တော်ယုတ်မာတာပဲ။ အဲ့လိုခြိမ်းခြောက်မှတော့ ဟိုကမလန့်ဘဲနေမလားကွ"
"ကျွန်တော်နဲ့ ချစ်သူဖြစ်ရင်လည်း ခဏခဏ လန့်နေရတော့မှာမို့ ကျင့်သားရအောင်လေ့ကျင့်ပေးရုံပဲ"
"ငါတော့ အဲ့ကောင်လေးကို တော်တော်သနားတယ်ကွာ။ မင်းလိုကြမ်းကြမ်းတမ်းတမ်း လူမျိုးနဲ့တွေ့လို့"
"နေရာတိုင်းမကြမ်းပါဘူး ကြမ်းသင့်တဲ့နေရာလေးတွေပဲကြမ်းမှာ"
"ဟေ့ကောင်! အစ်ကိုရှေ့မှာ ဘာစကားတွေလာပြောနေတာလဲ!!"
သစ်ပင်အောက်တွင် အော်ဟစ်ပြောနေကြသည့်ညီအစ်ကိုနှစ်ယောက်၏စကားတွေအား အရင်ထွက်သွားသည့် သူငယ်ချင်းနှစ်ယောက်ကတော့ မကြားနိုင်တော့ပေ။
//////
"ရှောင်းကျန့် မင်းတစ်ခုခုဖြစ်လာတယ်မလား"
အပေါ်ထပ်တက်ရန်လုပ်နေသည့်ရှောင်းကျန့်အား ဖန်ရှင်းမေးလိုက်သည်။
"အင်း.."
"ဘာဖြစ်ခဲ့တာလဲ"
"ငါ့ကိုဖွင့်ပြောတယ်"
"ဘယ်သူလဲ? မင်းသားဝမ်ရိပေါ်လား?"
"အင်း"
"ဘယ်လိုဖြစ်ပြီး.."
ပြောနေတုန်းတန်းလန်းတွင် ဝမ်ရိပေါ် နှင့်ဟိုက်ခွမ်းဝင်လာသည်မို့ ဖန်ရှင်းလည်း စကားပြတ်သွားသလို ရှောင်းကျန့်လည်းအပေါ်ပြေးတက်သွားသည်။
"ရှောင်းကျန့်..ဟာ.."
ဖန်ရှင်းလှမ်းခေါ်သည်တောင် လှည့်မကြည့်တော့ဘဲ တစ်ချိုးတည်းပြေးတက်သွားသည့် ရှောင်းကျန့်အား ဝမ်ရိပေါ်ကြည့်မဝဖြစ်ရ၏။
မက်မွန်သီး လုံးလုံးလေး။
တညနေလုံး အခန်းထဲကကိုထွက်မလာတော့သည့် ရှောင်းကျန့်ပင်။ မသိလျှင်လူပျိုဖြန်းလေး ရည်းစားစကားပြောခံရ၍ ရှက်ကာအပြင်မထွက်တော့သလို။
Knock Knock~
"ရှောင်းကျန့် ညစာစားမယ်တဲ့"
"ငါမစားတော့ဘူးလို့"
"ဘာမှလည်းမစားရသေးဘဲနဲ့ ရောဂါမရှာချင်စမ်းပါနဲ့ကွာ။ ထွက်ခဲ့စမ်းပါ"
"မစားချင်ပါဘူးဆိုနေ။ တစ်ညလေးပဲ မစားမိ.."
"မင်းသား ဝမ်ရိပေါ်ကိုလွှတ်လိုက်ရမှာလား"
ချက်ချင်းတံခါးလာဖွင့်ပေးသည့်ရှောင်းကျန့်ကြောင့် ဖန်ရှင်း ကြိတ်ရယ်လိုက်မိသည်။
ကြောက်တတ်လိုက်တာ။
"သွား..သွားမယ်လေ။ ကောတို့စောင့်ရတာ ကြာနေတော့မှာပဲ"
"မင်းသာအချိန်ဆွဲမနေရင် မကြာဘူး"
ထို့နောက် အောက်ထပ်ဆင်းသွားကြကာ ထထမင်းစားခန်းထဲရောက်သည်နှင့်
"ကြာသွားလို့တောင်းပန်ပါတယ် ဟိုက်ခွမ်းကော"
"ရပါတယ် ကိစ္စမရှိဘူးညီလေး"
ခုံတွင်ဝင်ထိုင်သည့်အခါ ဝမ်ရိပေါ်သည် ရှောင်းကျန့်၏ မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။ တစ်ချက်ပင် လှည့်မကြည့်ဘဲ ဖုန်းသုံးနေသည့်ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် အကြောင်းပြချက်မရှိ နှုတ်ခမ်းစူမိသည်။
ထိပ်တန်းမင်းသားတစ်ယောက်၏ ညစာဟုမယုံချင်စရာကောင်းအောင် စားပွဲအပြည့်ရှိနေသည့်ဟင်းပွဲတွေသည် ဟင်းသီးဟင်းရွက်တွေချည်း!
ထားပါတော့ ဒါကအစားအသောက်ဆင်ခြင်ရသည်မို့ဟု ဖြည့်တွေး၍ရသည်။
သို့သော်လည်း ဟင်းပွဲတိုင်း၌ နံနံပင်ပါတာတွေကတော့... နောက်ပြီး ခရမ်းချဉ်သီးတွေရော!!
"ရှောင်းကျန့် ညီလေးစားလေ"
တူကိုင်ကာ ငုတ်တုတ်မေ့နေသည့်ရှောင်းကျန့်အား ဟိုက်ခွမ်းကလှမ်းပြောသည်။ ဝမ်ရိပေါ်ကပါ ရှောင်းကျန့်အားကြည့်လာသည်မို့ ပြောရခက်နေရသည်။
"သူက နံနံပင်နဲ့ခရမ်းချဉ်သီးမစားလို့ပါ"
"အာ..ကော မမေးလိုက်မိဘူး။ ဘာစားချင်လဲ။ ဘာပြင်ပေးရမလဲ"
ရှောင်းကျန့် အားနာနေဟန်ဖြစ်နေသောကြောင့် ဖန်ရှင်းကပဲဝင်ဖြေပေးသည်။
"ဟို...ကြက်သွန်နီနဲ့ငရုတ်သီးမှုန့်ရှိလား နောက်ပြီး ကြက်ဥရော"
"ရှိပါတယ်။ အလုပ်သမားတွေကို လိုအပ်တာ ပြောလိုက်ပါ လုပ်ပေးပါလိမ့်မယ်"
"ရတယ် ရတယ်။ ကျွန်တော်ပဲ လုပ်ပေးလိုက်မယ်"
ဖန်ရှင်း ထိုင်ခုံမှထကာ အရင်ဆုံးကြက်ဥကြော်လိုက်သည်။ ကြက်သွန်နီ အခွံခွာ၊ ပါးပါးလှီး၍ ငရုတ်သီးမှုန့်လေးနှင့်သုတ်လိုက်၏။ ၁၅မိနစ်လောက်နှင့် ဟင်းနှစ်ခွက်ပြီးသွားသည်။
ဟင်းခွက်တွေယူ၍ ရှောင်းကျန့်အရှေ့ချပေးသည့်အခါမှ ပြုံးရွှင်သွားသည်။ သူဒီလို မစားရသည်မှာကြာပြီမဟုတ်လား။
"Arigatõgozaimashita!"
"Hai!"
အတိုင်အဖောက်ညီညီနှင့်ပြောကာ ထမင်းပြန်စားနေသည့် သူငယ်ချင်းနှစ်ယောက်အားကြည့်၍ ဟိုက်ခွမ်းသည်ပြုံးနေသော်လည်း ဝမ်ရိပေါ်မှာမပြုံးနိုင်။
သူနင်နေပါသည်။
စားသောက်ပြီးချိန်တွင် ခြံထဲမှ လေးယောက်ထိုင်စားပွဲ၌ ဘီယာဗူးလေးတစ်ယောက်တစ်ဗူးနှင့်ထိုင်ကြသည်။ ရှောင်းကျန့်သည် ဘီယာဗူးကိုမသောက်ဘဲ ထိုင်ကြည့်နေလေသည်။
"ရှောင်းကျန့် မသောက်ချင်ရင်မသောက်နဲ့"
"အင်း.."
တကယ်ကိုမသောက်ဘဲ ဖန်ရှင်းဘက်တိုးပေးလိုက်သည်ကြောင့် ဟိုက်ခွမ်းအံ့သြသွားရသည်။ တက္ကသိုလ်တောင်တက်နေပြီကို ဘီယာမသောက်တတ်ဘူးလို့တော့မပြောနဲ့နော်ဆိုသည့်အတွေးသည်လည်း တစ်ပြိုင်တည်းဝင်သွားသည်။
"ညီလေးရှောင်းကျန့်က မသောက်တတ်ဘူးလား"
"ဟုတ်! ပထမနှစ်တုန်းကတော့ နည်းနည်းသောက်ဖူးတယ်။ မျိုချလို့တောင်မရဘဲ ထွေးထုတ်လိုက်ရတယ်လေ။ အဲဒါတောင် ခဏခဏအန်နေသေးလို့ နောက်ပိုင်းမသောက်ဖြစ်တော့ဘူး"
"ငယ်သေးလို့နေမှာပါ။ ပထမဆုံးဆိုတော့ အရသာကိုမခံစားတတ်သေးတာလည်းပါမှာပေါ့"
"ဟုတ်! ဒါပေမယ့် အခုတော့မသောက်တော့ဘူးဗျ"
"ရပါတယ်။ ဒါဆို အချိုရည်သောက်လေ"
"ဟုတ်ကဲ့"
ဟိုက်ခွမ်းကမ်းပေးသည့် အချိုရည်ဗူးလေးသောက်ကာ ဝမ်ရိပေါ်အား မသိမသာခိုးကြည့်မိသည်။ သူ့ကိုဂရုပင်မစိုက်။ ဘီယာလေးသောက်လိုက် ဖုန်းလေးပွတ်လိုက်နှင့်အဆင်ကိုပြေနေသည်။
ရည်းစားစကားပြောပြီး အဲ့လိုမသိချင်ယောင်ဆောင်လို့ရတာလား?
ဒါ မဖြစ်သင့်ဘူးမဟုတ်လား..
________________________
{ZAWGYI}
"ဂ်ပန္မွာေနတာ ၾကာၿပီလား"
"၅ႏွစ္သား အ႐ြယ္ေလာက္ကတည္းကပါ"
"တ႐ုတ္စာေတြက ခက္တယ္မလား"
"အရမ္းခက္တယ္"
ထိုင္ေနရင္း အေမးအေျဖလုပ္ေနသည့္သူတို႔ႏွစ္ေယာက္သည္ ေအးအေအး,ေဆးေဆးပင္။
"ခ်စ္သူ႐ွိလား"
"ဗ်ာ! မ..မ႐ွိပါဘူး"
"ကိုယ္လည္းမ႐ွိတာ သိတယ္မလား"
"ဟုတ္!"
ဒီတစ္ခါ၌ ႏွစ္ေယာက္လုံး မေအးေဆးႏိုင္ေတာ့ေပ။ ခ်စ္သူမ႐ွိတာ အတည္ျပဳသိလိုက္ရသည္မို႔ ေပ်ာ္ေနသည့္သူႏွင့္ ေနရင္းထိုင္ရင္းပူထူသြားသည့္သူႏွင့္။ နည္းနည္းေတာ့ မတည္မၿငိမ္ႏွင့္ ရင္ဘက္ထဲမွ အေကာင္ငယ္ေလးေတြခုန္ေပါက္လာၿပီျဖစ္သည္။
"ကိုယ့္Fanျဖစ္တာ ဘယ္ေလာက္ၾကာၿပီလဲ"
"၃ႏွစ္ေလာက္႐ွိၿပီ"
"ကိုယ္ ပြဲဦးထြက္ကတည္းကေပါ့"
"ဟုတ္"
ရင္ဘက္ထဲမွ အေကာင္ေလးေတြအနည္းငယ္ျပန္ၿငိမ္သြားေလၿပီ။
"အခ်စ္ကို Genderခြဲလား ကေလးေလး"
မရေတာ့.. ရင္ဘက္ထဲမွအေကာင္ေလးေတြေၾကာင့္ ခႏၶာကိုယ္ပါခုန္ခ်င္သလိုျဖစ္လာ၍ ေတာ္ေတာ္ေနရခက္ေနၿပီျဖစ္သည္။ ကေလးေလး ဆိုလားပဲ။
"အခ်စ္က အခ်စ္ပဲေလ။ အခ်င္းခ်င္း ခ်စ္ေနရင္ ရၿပီမဟုတ္လား"
"အဟြန္း! မွန္တာေပါ့"
အခ်ိန္အေတာ္ၾကာမွ ဝမ္ရိေပၚဘက္က စကားျပန္စလာသည္။
"ဒီအခ်ိန္မွာ ေယာက်္ားေလးတစ္ေယာက္က မင္းေလးကို ရည္းစားစကားေျပာမယ္ဆိုရင္ ဘယ္လိုတုန္႔ျပန္မလဲ"
"ဝမ္ေကာ အခု!"
"ခ်စ္တယ္။ ကိုယ္Idolတစ္ေယာက္စျဖစ္ကတည္းက ကိုယ့္ကိုစိတ္ဝင္စားေအာင္ေရာ ေတြ႕ခ်င္ေအာင္ပါလုပ္ႏိုင္တဲ့သူေလးပဲ။ အေကာင့္တစ္ခုတည္းနဲ႔ ကိုယ့္ႏွလုံးသားကိုပါ ခိုးယူသြားတဲ့သူေလး။ ကိုယ့္ကို တာဝန္ယူသင့္တယ္မထင္ဘူးလား"
".....!!"
ေ႐ွာင္းက်န္႔ ဘာမွျပန္မေျပာႏိုင္ေတာ့ေပ။ စဥ္းစားၾကည့္ပါလွ်င္ ကိုယ္သေဘာက်ႏွစ္သက္သည့္Idolသည္ ကိုယ့္ကိုခ်စ္ခြင့္ပန္ျခင္း။ အိပ္မက္မဟုတ္သည့္ တကယ့္လက္ေတြ႕တြင္ ခ်စ္ခြင့္ပန္ျခင္းျဖစ္သည္။ ဤေပ်ာ္႐ႊင္မႈသည္ သူ႕ရင္အား ဘယ္ေလာက္ေတာင္ လႈပ္ခတ္ေစမည္လဲ?
"တ..တကယ္ေျပာေနတာလား"
"ကိုယ့္လို အေခ်လို႔နာမည္ႀကီးေနတဲ့သူက အခုလိုေျပာတာ ေနာက္တာျဖစ္မလား"
"ကြၽန္ေတာ္.."
"ခ်က္ခ်င္း မေပးခိုင္းပါဘူး။ ကိုယ္အခ်ိန္ေပးမွာပါ။ တစ္ရက္တိတိ အခ်ိန္ေပးမယ္။ ဒါေပမယ့္ တစ္ရက္ေက်ာ္လို႔မွ အေျဖမေပးဘူးဆိုရင္ေတာ့..."
စကားေျပာေနရင္းရပ္လိုက္ကာ ေ႐ွာင္းက်န္႔မ်က္ႏွာနားကိုတိုးလာ၍ တစ္ျခမ္းေစာင္းအျပဳံးေလးႏွင့္ နားနားကပ္ေျပာသည္။
"အဲ့က်ရင္ မင္းေလးကို စကားနဲ႔မဟုတ္ေတာ့ဘဲ အလုပ္နဲ႔သိမ္းပိုက္မယ္"
ၾကက္သီးေတြေတာင္ထပါသည္။ ရင္ခုန္လြန္း၍ အာေစးမိသလိုေတာင္ျဖစ္ေနသည့္သူအား ဘယ္လိုေတာင္ေျပာလိုက္သည္လဲ?
နီးကပ္ေနသည့္မ်က္ႏွာကိုမွ အထိတ္တလန္႔ႏွင့္ ေမာ့ၾကည့္မိသည္။
လူကိုႏွလုံးရပ္ၿပီး ေသေစခ်င္ေနသည္လား? အေျဖေတာင္းေနသည္လား၊ ၿခိမ္းေျခာက္ေနသည္လား?
"အဲ့လိုေလး ျပဴးမၾကည့္ပါနဲ႔လားကြာ။ တစ္ရက္ေတာင္မေစာင့္ႏိုင္ေတာ့ဘဲ အခုခ်က္ခ်င္းတစ္ခုခုလုပ္လိုက္မိမွာစိုးလို႔"
ေ႐ွာင္းက်န္႔ မတ္တပ္ထရပ္လိုက္ရသည္။ ဘာမွလည္းျပန္မေျပာေတာ့ဘဲ မေျပး႐ုံတမယ္ ေျခလွမ္းသြက္သြက္ႏွင့္ မ်က္ႏွာလည္းနီနီရဲရဲျဖင့္ ထြက္သြားသည္။ မနီးမေဝးတြင္ သူ႕တို႔ဘက္ ျပန္လာေနသည့္ဖန္႐ွင္းႏွင့္ ဟိုက္ခြမ္းေကာကို ျမင္ေတာ့မွ စိတ္သက္သာရာရသြားရသည္။
"ေ႐ွာင္းက်န္႔ ဘာျဖစ္လာတာလဲ"
"ဘာမွမျဖစ္ပါဘူး။ ဟိုက္ခြမ္းေကာ ကြၽန္ေတာ္တို႔ နားႏွင့္ေတာ့မယ္ေနာ္။ ဝမ္ေကာက သစ္ပင္ေအာက္မွာထိုင္ေနတယ္"
"ေၾသာ္...အင္း နားေလ။ ရိေပၚကို ေကာပဲသြားေခၚလိုက္မယ္"
"ဟုတ္!"
ဖန္႐ွင္းလက္ကိုဆြဲကာ ႏွလုံးေရာဂါသည္ အေမာေဖာက္ေနသလို ရင္ဘက္ေလးဖိကာ ထြက္လာခဲ့သည္။ သစ္ပင္ေအာက္မွ ထိုင္ၾကည့္ေနသည့္ဝမ္ရိေပၚသည္ သေဘာေတြက်လို႔ေန၏။
ခ်စ္ဖို႔ေကာင္းလိုက္ေလျခင္း။
"ဘာသြားလုပ္လိုက္ျပန္ၿပီလဲ။ ဟိုမွာေတာ္ေတာ္ေတာင္ ဂေယာင္ေျခာက္ျခားျဖစ္ေနတယ္"
"ဖြင့္ေျပာလိုက္တာ ..အေျဖမေပးရင္တစ္ခုခုလုပ္မွာလို႔လည္းေျပာလိုက္တယ္"
"ဝမ္ရိေပၚ မင္းေတာ္ေတာ္ယုတ္မာတာပဲ။ အဲ့လိုၿခိမ္းေျခာက္မွေတာ့ ဟိုကမလန္႔ဘဲေနမလားကြ"
"ကြၽန္ေတာ္နဲ႔ ခ်စ္သူျဖစ္ရင္လည္း ခဏခဏ လန္႔ေနရေတာ့မွာမို႔ က်င့္သားရေအာင္ေလ့က်င့္ေပး႐ုံပဲ"
"ငါေတာ့ အဲ့ေကာင္ေလးကို ေတာ္ေတာ္သနားတယ္ကြာ။ မင္းလိုၾကမ္းၾကမ္းတမ္းတမ္း လူမ်ိဳးနဲ႔ေတြ႕လို႔"
"ေနရာတိုင္းမၾကမ္းပါဘူး ၾကမ္းသင့္တဲ့ေနရာေလးေတြပဲၾကမ္းမွာ"
"ေဟ့ေကာင္! အစ္ကိုေ႐ွ႕မွာ ဘာစကားေတြလာေျပာေနတာလဲ!!"
သစ္ပင္ေအာက္တြင္ ေအာ္ဟစ္ေျပာေနၾကသည့္ညီအစ္ကိုႏွစ္ေယာက္၏စကားေတြအား အရင္ထြက္သြားသည့္ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ မၾကားႏိုင္ေတာ့ေပ။
//////
"ေ႐ွာင္းက်န္႔ မင္းတစ္ခုခုျဖစ္လာတယ္မလား"
အေပၚထပ္တက္ရန္လုပ္ေနသည့္ေ႐ွာင္းက်န္႔အား ဖန္႐ွင္းေမးလိုက္သည္။
"အင္း.."
"ဘာျဖစ္ခဲ့တာလဲ"
"ငါ့ကိုဖြင့္ေျပာတယ္"
"ဘယ္သူလဲ? မင္းသားဝမ္ရိေပၚလား?"
"အင္း"
"ဘယ္လိုျဖစ္ၿပီး.."
ေျပာေနတုန္းတန္းလန္းတြင္ ဝမ္ရိေပၚ ႏွင့္ဟိုက္ခြမ္းဝင္လာသည္မို႔ ဖန္႐ွင္းလည္း စကားျပတ္သြားသလို ေ႐ွာင္းက်န္႔လည္းအေပၚေျပးတက္သြားသည္။
"ေ႐ွာင္းက်န္႔..ဟာ.."
ဖန္႐ွင္းလွမ္းေခၚသည္ေတာင္ လွည့္မၾကည့္ေတာ့ဘဲ တစ္ခ်ိဳးတည္းေျပးတက္သြားသည့္ ေ႐ွာင္းက်န္႔အား ဝမ္ရိေပၚၾကည့္မဝျဖစ္ရ၏။
မက္မြန္သီး လုံးလုံးေလး။
တညေနလုံး အခန္းထဲကကိုထြက္မလာေတာ့သည့္ ေ႐ွာင္းက်န္႔ပင္။ မသိလွ်င္လူပ်ိဳျဖန္းေလး ရည္းစားစကားေျပာခံရ၍ ႐ွက္ကာအျပင္မထြက္ေတာ့သလို။
Knock Knock~
"ေ႐ွာင္းက်န္႔ ညစာစားမယ္တဲ့"
"ငါမစားေတာ့ဘူးလို႔"
"ဘာမွလည္းမစားရေသးဘဲနဲ႔ ေရာဂါမ႐ွာခ်င္စမ္းပါနဲ႔ကြာ။ ထြက္ခဲ့စမ္းပါ"
"မစားခ်င္ပါဘူးဆိုေန။ တစ္ညေလးပဲ မစားမိ.."
"မင္းသား ဝမ္ရိေပၚကိုလႊတ္လိုက္ရမွာလား"
ခ်က္ခ်င္းတံခါးလာဖြင့္ေပးသည့္ေ႐ွာင္းက်န္႔ေၾကာင့္ ဖန္႐ွင္း ႀကိတ္ရယ္လိုက္မိသည္။
ေၾကာက္တတ္လိုက္တာ။
"သြား..သြားမယ္ေလ။ ေကာတို႔ေစာင့္ရတာ ၾကာေနေတာ့မွာပဲ"
"မင္းသာအခ်ိန္ဆြဲမေနရင္ မၾကာဘူး"
ထို႔ေနာက္ ေအာက္ထပ္ဆင္းသြားၾကကာ ထထမင္းစားခန္းထဲေရာက္သည္ႏွင့္
"ၾကာသြားလို႔ေတာင္းပန္ပါတယ္ ဟိုက္ခြမ္းေကာ"
"ရပါတယ္ ကိစၥမ႐ွိဘူးညီေလး"
ခုံတြင္ဝင္ထိုင္သည့္အခါ ဝမ္ရိေပၚသည္ ေ႐ွာင္းက်န္႔၏ မ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္သည္။ တစ္ခ်က္ပင္ လွည့္မၾကည့္ဘဲ ဖုန္းသုံးေနသည့္ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ အေၾကာင္းျပခ်က္မ႐ွိ ႏႈတ္ခမ္းစူမိသည္။
ထိပ္တန္းမင္းသားတစ္ေယာက္၏ ညစာဟုမယုံခ်င္စရာေကာင္းေအာင္ စားပြဲအျပည့္႐ွိေနသည့္ဟင္းပြဲေတြသည္ ဟင္းသီးဟင္း႐ြက္ေတြခ်ည္း!
ထားပါေတာ့ ဒါကအစားအေသာက္ဆင္ျခင္ရသည္မို႔ဟု ျဖည့္ေတြး၍ရသည္။
သို႔ေသာ္လည္း ဟင္းပြဲတိုင္း၌ နံနံပင္ပါတာေတြကေတာ့... ေနာက္ၿပီး ခရမ္းခ်ဥ္သီးေတြေရာ!!
"ေ႐ွာင္းက်န္႔ ညီေလးစားေလ"
တူကိုင္ကာ ငုတ္တုတ္ေမ့ေနသည့္ေ႐ွာင္းက်န္႔အား ဟိုက္ခြမ္းကလွမ္းေျပာသည္။ ဝမ္ရိေပၚကပါ ေ႐ွာင္းက်န္႔အားၾကည့္လာသည္မို႔ ေျပာရခက္ေနရသည္။
"သူက နံနံပင္နဲ႔ခရမ္းခ်ဥ္သီးမစားလို႔ပါ"
"အာ..ေကာ မေမးလိုက္မိဘူး။ ဘာစားခ်င္လဲ။ ဘာျပင္ေပးရမလဲ"
ေ႐ွာင္းက်န္႔ အားနာေနဟန္ျဖစ္ေနေသာေၾကာင့္ ဖန္႐ွင္းကပဲဝင္ေျဖေပးသည္။
"ဟို...ၾကက္သြန္နီနဲ႔င႐ုတ္သီးမႈန္႔႐ွိလား ေနာက္ၿပီး ၾကက္ဥေရာ"
"႐ွိပါတယ္။ အလုပ္သမားေတြကို လိုအပ္တာ ေျပာလိုက္ပါ လုပ္ေပးပါလိမ့္မယ္"
"ရတယ္ ရတယ္။ ကြၽန္ေတာ္ပဲ လုပ္ေပးလိုက္မယ္"
ဖန္႐ွင္း ထိုင္ခုံမွထကာ အရင္ဆုံးၾကက္ဥေၾကာ္လိုက္သည္။ ၾကက္သြန္နီ အခြံခြာ၊ ပါးပါးလွီး၍ င႐ုတ္သီးမႈန္႔ေလးႏွင့္သုတ္လိုက္၏။ ၁၅မိနစ္ေလာက္ႏွင့္ ဟင္းႏွစ္ခြက္ၿပီးသြားသည္။
ဟင္းခြက္ေတြယူ၍ ေ႐ွာင္းက်န္႔အေ႐ွ႕ခ်ေပးသည့္အခါမွ ျပဳံး႐ႊင္သြားသည္။ သူဒီလို မစားရသည္မွာၾကာၿပီမဟုတ္လား။
"Arigatõgozaimashita!"
"Hai!"
အတိုင္အေဖာက္ညီညီႏွင့္ေျပာကာ ထမင္းျပန္စားေနသည့္ သူငယ္ခ်င္းႏွစ္ေယာက္အားၾကည့္၍ ဟိုက္ခြမ္းသည္ျပဳံးေနေသာ္လည္း ဝမ္ရိေပၚမွာမျပဳံးႏိုင္။
သူနင္ေနပါသည္။
စားေသာက္ၿပီးခ်ိန္တြင္ ျခံထဲမွ ေလးေယာက္ထိုင္စားပြဲ၌ ဘီယာဗူးေလးတစ္ေယာက္တစ္ဗူးႏွင့္ထိုင္ၾကသည္။ ေ႐ွာင္းက်န္႔သည္ ဘီယာဗူးကိုမေသာက္ဘဲ ထိုင္ၾကည့္ေနေလသည္။
"ေ႐ွာင္းက်န္႔ မေသာက္ခ်င္ရင္မေသာက္နဲ႔"
"အင္း.."
တကယ္ကိုမေသာက္ဘဲ ဖန္႐ွင္းဘက္တိုးေပးလိုက္သည္ေၾကာင့္ ဟိုက္ခြမ္းအံ့ၾသသြားရသည္။ တကၠသိုလ္ေတာင္တက္ေနၿပီကို ဘီယာမေသာက္တတ္ဘူးလို႔ေတာ့မေျပာနဲ႔ေနာ္ဆိုသည့္အေတြးသည္လည္း တစ္ၿပိဳင္တည္းဝင္သြားသည္။
"ညီေလးေ႐ွာင္းက်န္႔က မေသာက္တတ္ဘူးလား"
"ဟုတ္! ပထမႏွစ္တုန္းကေတာ့ နည္းနည္းေသာက္ဖူးတယ္။ မ်ိဳခ်လို႔ေတာင္မရဘဲ ေထြးထုတ္လိုက္ရတယ္ေလ။ အဲဒါေတာင္ ခဏခဏအန္ေနေသးလို႔ ေနာက္ပိုင္းမေသာက္ျဖစ္ေတာ့ဘူး"
"ငယ္ေသးလို႔ေနမွာပါ။ ပထမဆုံးဆိုေတာ့ အရသာကိုမခံစားတတ္ေသးတာလည္းပါမွာေပါ့"
"ဟုတ္! ဒါေပမယ့္ အခုေတာ့မေသာက္ေတာ့ဘူးဗ်"
"ရပါတယ္။ ဒါဆို အခ်ိဳရည္ေသာက္ေလ"
"ဟုတ္ကဲ့"
ဟိုက္ခြမ္းကမ္းေပးသည့္ အခ်ိဳရည္ဗူးေလးေသာက္ကာ ဝမ္ရိေပၚအား မသိမသာခိုးၾကည့္မိသည္။ သူ႕ကိုဂ႐ုပင္မစိုက္။ ဘီယာေလးေသာက္လိုက္ ဖုန္းေလးပြတ္လိုက္ႏွင့္အဆင္ကိုေျပေနသည္။
ရည္းစားစကားေျပာၿပီး အဲ့လိုမသိခ်င္ေယာင္ေဆာင္လို႔ရတာလား?
ဒါ မျဖစ္သင့္ဘူးမဟုတ္လား..
________________________