My Confusing Partner (โœ”๏ธŽ)

By Cremie3407

38.9K 5.2K 1.7K

Try not to fall in love with your partner! A Park Jimin FanFiction. Cremie's fourth completed fiction. oct112... More

๐Ÿ’˜One
๐Ÿ’˜Two
๐Ÿ’˜Three
๐Ÿ’˜Four
๐Ÿ’˜Five
๐Ÿ’˜Six
๐Ÿ’˜Seven
๐Ÿ’˜Eight
๐Ÿ’˜Nine
๐Ÿ’˜Ten
๐Ÿ’˜Eleven
๐Ÿ’˜Twelve
๐Ÿ’˜Thirteen
๐Ÿ’˜Fourteen
๐Ÿ’˜Fifteen
๐Ÿ’˜Sixteen
๐Ÿ’˜Seventeen
๐Ÿ’˜Eighteen
๐Ÿ’˜Twenty
๐Ÿ’˜Twenty 1
๐Ÿ’˜Final

๐Ÿ’˜Nineteen

1.5K 193 172
By Cremie3407

Unicode

" ဒါ ကိုယ့်အိမ်လေ "

Jiminက ဘူဆန်မှာအိမ်သီးသန့်ဝယ်ထားတာမို့ အခုလည်း သူ့ကိုယ်ပိုင်အိမ်မှာသာ ‌နေဖို့တွေးထားပြီးသားဖြစ်သည်။

" အင်း "

အင်း တစ်လုံးတည်းသာဖြေပြီး တုံ့ပြန်မှုတစ်စုံတရာပိုမလာတဲ့ haeunကိုကြည့်ပြီး jiminခေါင်းလေးနေပြီ။ ကြီးကြီးမားမားမှားခဲ့တာမျိုးမှမရှိဘဲ...။

" အိမ်ထဲဝင်ရအောင်လေ။ ကျွန်မနားချင်ပြီ။ "

စိမ်းသက်သက်ဖြစ်နေတဲ့လေသံအတွက် ဖြေရှင်းချက်တစ်ခုခုကို jiminမပေးတတ်။ အခုဖြစ်နေတဲ့ကိစ္စမှာ သူတမင်ရည်ရွယ်ခဲ့တာတစ်ခုမှ,မှမပါဘဲ...။

အိမ်ကား.. နှစ်ထပ်အိမ်လေးဖြစ်သည်။ အဝါရောင်နုဖျော့ဖျော့လေးခြယ်ဆိုးထားတဲ့ အိမ်နံရံလေးဖက်လေးလံက သူ့အားစိတ်တည်ငြိမ်မှုကိုပေးသည်။

အိမ်အပေါ်ထပ်ရောက်တာနဲ့... အိပ်ခန်းတည်နေရာကိုမေးလာတဲ့ Haeun...။

" အိပ်ခန်းကဘယ်မှာလဲ..."

" လှေကားထိပ်က ပထမဆုံးအခန်းပဲ Haeun..."

ဘာမှပြန်မဖြေ... လှေကားထစ်တစ်ထစ်လောက်လှမ်းပြီး တစ်ခုခုကိုသတိရသွားဟန်တူတဲ့ သူမက အနောက်သို့လှည့်ကာ.. jiminထံမေးခွန်းစလာသည်။

" ကျွန်မအခန်းမလား.."

" အခန်းခွဲမအိပ်ဘဲ ဒီတိုင်း အတူနေလို့ မဖြစ်ဘူးလား Haeun ၊ ဆိုးလ်မှာလိုမျိုးလေ။ "

ခွင့်တောင်းသလို သျှိုဝပ်ကာမေးလာတဲ့jiminကိုကြည့်ပြီး haeunစိတ်မဆိုးရက်...။ မဟုတ်သေးဘူး... အခုလည်း သူမစိတ်ဆိုးနေတာမှ မဟုတ်ဘဲ။ သဝန်တိုတယ်ခေါ်မလားပဲ...။ ဟုတ်တယ်... သဝန်တိုတာ။

" ကျွန်မကဘာမှမဖြစ်ပါဘူး။ ကျွန်မတို့အတူအိပ်တာ တော်ကြာ ရှင့်saejung သိသွားလို့ စိတ်မကောင်းဖြစ်နေမှဖြင့်...."

ထိုစကားကြောင့်လJiminမခို့တရို့နှင့် ကြိတ်ရယ်မိသည်။ သူ့ချစ်သူလေး သဝန်တိုနေတာပဲ....။

" အာ... အဲ့တာက.. "

" တစ်ခန်းတည်းအတူနေရမယ်ဆိုလည်း နေတာပေါ့။ ကျွန်မ ပင်ပမ်းနေပြီ။ အရင်နားတော့မယ်...။

စကားတစ်ခွန်းတောင်ရှင်းပြမခံတဲ့သူမဟာ ယတိပြတ်ပြောသွားတဲ့စကားရဲ့အဆုံး အပေါ်ထပ်ကအခန်းဆီကိုဦးတည်သွားသည်။

အခုဖြစ်စဉ်ရဲ့ ပြဿနာအရင်းမြစ်က... Jiminမိဘတွေအိမ်မှာစတာပေ...။ အတိအကျဆိုရင်တော့ jiminအမေ့သူငယ်ချင်းရဲ့သမီး saejungနဲ့ သူမရဲ့သရက်သီးအချိုမုန့်ကနေစတော့တာပဲ...။

ညနေက~~

" oppa.. ဟင်းတွေထည့်စားနော်။ saejungကိုယ်တိုင် အမေနဲ့အတူတူချက်ထားတာ.."

ကကြီးပုံစံနှုတ်ခမ်းလေးကို ကွေးညွှတ်နေအောင် ပီပီပြင်ပြင်ပြုံးနေတဲ့saejungလေးက haeunမျက်စိတည်းမှာတော့ ချစ်ဖို့ကောင်းလွန်းတာ သူမ,ဝန်ခံပါသည်။ ဒါပေမဲ့... အမေ?? ဘယ်လောက်တောင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေမို့ jiminအမေကိုပါ သူမကအမေလို့ခေါ်နေတာလဲ...။ ဒါက နည်းနည်းအတင့်ရဲလွန်းရာမကျဘူးလား...။

" ဝိုး... Saejungတောင် ဟင်းတွေ ၊ ဘာတွေချက်လို့ပါလား...! "

" ဟီး.. ပြောသားပဲ! Oppaနဲ့လက်ထပ်မှာပါလို့။ လက်ထပ်ပြီးရင်ချက်ကျွေးဖို့ အခုတည်းက လေ့လာနေတာ။ "

" ဟုတ်လား? စာပဲကြိုးစားစမ်းပါ ကလေးမရယ်။ "

" ကလေးမ မဟုတ်တော့ပါဘူးဆိုနေ oppaကလည်း.."

‌ဆူပုတ်သွားတဲ့မျက်နှာထားကြောင့် စိတ်ကောက်သွားဟန်ရှိတဲ့saejungကို jiminရဲ့အမေကပဲပြန်ချော့ရပြန်သည်။

" ကဲ ကဲ သားလည်းနောက်မနေနဲ့တော့။ သမီးလေးအပင်ပမ်းခံပြီးချက်ပေးထားတာကိုပဲ ကုန်အောင်စား..."

" သမီးအတွက် တကယ် အမေကလွဲပြီးမရှိဘူးပဲ..."

မိသားစုဝင်အချင်းချင်း စကားတွေဖောင်ဖွဲ့နေပုံမှာ ချစ်စရာကောင်းလွန်းသည်။ တစ်ကယ်အပြင်လူမလိုလောက်အောင်ကို ချစ်ခြင်းတရားတွေနဲ့ပြည့်စုံနေတဲ့ဒီမိသားစုထဲ ဝင်တိုးဖို့တောင် လက်တွန့်မိသလို...။

Jiminဘေးခုံကနေရာလေးက သူမ့အတွက်ဖြစ်သင့်တာ... သမီးဆိုတဲ့နာမ်စားကိုထပ်ခါတလဲလဲသုံးနေတဲ့ jiminအမေရဲ့လက်မောင်းကိုချိတ်ပြီး... 'အမေ့သားကလေ ဒီလို...' ဆိုပြီး jiminကိုစနောက်နေရမဲ့ မိန်းကလေးဟာလည်း သူမပဲဖြစ်သင့်တာ...။ သူမပဲဖြစ်သင့်တဲ့‌ထိုနေရာကို ‌ပိုင်ဦးနေတဲ့ တခြားတစ်ယောက်... အထူးသဖြင့်.. saejungဆိုသည့်မိန်းကလေးက haeunရဲ့စိတ်ကူးယဉ်ဘဝလေးကိုပိုင်ဆိုင်ထားတာပဲ....။ ကံကောင်းလွန်းတဲ့saejungကို သူမအားကျမိတယ်...။

အာ... ခနလောက် မေ့သွားတာပဲ။ Jiminဆိုတာ သူမ,ပေါင်းဖက်ရမယ့်လူသားမှမဟုတ်တာ...။ ထမင်းစားပွဲဝိုင်းကြီးရဲ့ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့haeun...။ စိတ်မကောင်းမဖြစ်ဖို့မှာထားတဲ့ jiminကိုတော့အားနာသည်။ ဘာလို့ဆို အခု သူမ စိတ်မကောင်းဖြစ်နေပြီ...၊ အားငယ်နေပြီ...။ မှီခိုဖို့ပုခုံးတစ်ဖက်ငှားမယ့်သူမရှိ...၊ ဘယ်သူမှမသိမမြင်နိုင်တဲ့ ဒီကောင်မလေးကလည်း ခံစားချက်နဲ့ပါပဲ...။

တောင့်ခံနေရတာ ပင်ပမ်းလိုက်လေခြင်း...။

" သားရေ.. လာ ထိုင်ပါဦး ၊ ဒီမှာလေ သားညီမလေးက အချိုမုန့်တွေလည်းလုပ်ထားတယ်။ "

ဧည့်ခန်းထဲရောက်နှင့်နေပြီးဖြစ်တဲ့ jiminအဖေရဲ့ခေါ်သံကိုကြားမှ နယ်လွန်နေတဲ့ သူမအတွေးတွေဟာတစ်ခန်းရပ်သွားသည်။ အချိုမုန့်တွေထည့်ထားတဲ့ဗန်းကြီးကို ကိုင်လာတဲ့ jiminအဖေရဲ့အနောက်က တပ်ကြပ်မကွာပါလာသူမှာ saejungနဲ့jimin။

Haeunကိုသတိထားမိသွားတဲ့jiminက ခနပါပဲဆိုတဲ့ဟန်နဲ့ တစ်ချက်ပြုံးပြသည်။ Jiminထိုင်လိုက်တဲ့ဆိုဖာဟာ နှစ်ယောက်ထိုင်၍ပင်ရနိုင်သည်။

" ဟိုဖက်မှာထိုင်ပါ့လား Saejung "

Haeunအတွက်ဖယ်ထားဟန်တူသည့်နေရာမှာလာထိုင်နေတဲ့saejungကို တခြားမှာထိုင်ပေးဖို့jiminပြောလေတော့... ဘာလို့လဲရယ်ဆိုပြီး အထွန့်တက်လေတဲ့သူမ..။

" ဘာလို့လဲ... မရပါဘူး။ oppaဘေးမှာပဲထိုင်မှာ...။ ငယ်ငယ်တည်းက oppaဘေးခုံဆိုတာsaejungအတွက်ပဲ။ အခုလည်း အဲ့လိုပဲ...။ "

Jiminဘာမှမပြောလိုက်ရသေးခင်မှာ ထိုင်နှင့်ပြီးသားဖြစ်နေတဲ့saejung..။ တစ်ကယ်တမ်းလည်း ဘာလို့လဲမေးလာတဲ့saejungကို သူဘာပြန်ဖြေလို့ရမှာလဲ...။ Haeunရှိနေတာ ဘယ်သူမှ,မှမသိဘဲ....။

အားနာသည့်မျက်ဝန်းငယ်တွေကလှမ်းကြည့်လေတော့လည်း haeunစိတ်မဆိုးရက်...။ အနည်းဆုံးတော့ jiminကသူမအတွက်စဉ်းစားပြီး နေရာဖယ်ထားပေးခဲ့တာပဲလေ။ ပိုင်ရှင်ကဦးသွားတာတော့ ဘယ်တတ်နိုင်မလဲ။

ဒီလိုဆိုတိုင်းလည်း လက်မလျှော့နိုင်...။ Jiminဘေးနားကဆိုဖာလက်တန်းပေါ်မှာထိုင်ချလိုက်တဲ့ haeunကိုကြည့်ပြီး jiminကျေနပ်သလိုရယ်သည်...။

ဒါမှ ငါ့ကောင်မလေး....!!

ထိုစဉ် jiminအမေရောက်လာပြီး မုန့်ဗန်းထဲကမုန့်တွေယူဖို့ပြောလာသည်။ မုန့်တွေထဲမှ... အဝါရောင်ရှိသည့်မုန့်ဝိုင်းလေးက haeunမျက်စိထဲတော်တော်ဘဝင်ကျလှသည်။ မုန့်အဝိုင်းလေးကိုမှ ဘေးပတ်ပတ်လည်တွင် တစ်မျိုးဆန်းကြယ်စွာအနားသတ်ကာ ဖိထားသည့်ပုံစံက ချစ်ဖို့အရမ်းကောင်းနေတာမို့ပင်။ သရက်သီးအရသာများလား...။

" Jimin.. အဲ့အဝါမုန့်လေးယူစားပါ့လား.."

ရွေးရခက်နေသည့်jiminကို haeunကအကြံပေးလေတော့.. သူမထံပြန်ကြည့်လေတဲ့ သူ့မျက်ဝန်းတွေဟာတွန့်ဆုတ်နေသည်။ သူ မကြိုက်တာများလား...။

ဒီလိုဆိုတော့လည်း မဟုတ်..! ထိုအဝါရောင်မုန့်ဝိုင်းအား ချက်ချင်းပင်ကောက်ကိုင်လိုက်တဲ့jimin..။ အခုမှကျေနပ်သွားသလိုလိုရှိတဲ့စိတ်ကြောင့် သူမရယ်နိုင်တော့သည်။

ဒါပေမဲ့ ပြဿနာက ဒါမဟုတ်..!

" Oppa... သရက်သီးမုန့်က saejungဟာလေ.. oppaဘယ်တုန်းက သရက်သီးအရသာစားလို့လဲ။ အဲ့တာကြောင့်ပဲ oppaအတွက်စတော်ဘယ်ရီအရသာနဲ့သီးသန့်လုပ်ပေးထားတာ... စတော်ဘယ်ရီပဲ‌စားနော်.. နော် oppa..."

" ဒါပေမဲ့ ကိုယ်က...."

" သားရယ်... သမီးနဲ့ဖက်လုနေစရာလား။ တစ်ကယ့်ကလေးတွေ။ "

လက်ဖဝါးနှစ်ဖက်ကိုစုရဲ့ယှက်ကိုင်ကာ တောင်းဆိုလာတဲ့saejungကိုကြည့်ပြီး နေမရစွာဝင်ပြောလာတဲ့ jiminအမေဟာ တစ်ကယ်ပဲsaejungအပေါ်မှာ သမီးအရင်းလေးတစ်ယောက်လို ခင်တွယ်တာမို့ပင်။

" Saejungလေးပေးတဲ့ စတော်ဘယ်ရီအရသာကိုယူလိုက်.. သရက်သီးအရသာကို saejungလေးကိုပေးလိုက်သား..."

အမှန်ဆို saejungမျက်နှာညှိုးတာလည်း jiminမမြင်ရက်..။ တစ်ဦးတည်းသောသားဖြစ်တဲ့jiminက saejungလေးကိုညီမလေးအရင်းလိုချစ်တာ အမှန်တရား...။ အကြီးတို့ရဲ့ သဘာဝ... အလျှော့ပေးခြင်းဆိုတဲ့ ဦးစားပေးမှုတွေဟာ အစ်ကိုကြီးတစ်ယောက်အနေနဲ့ saejungအပေါ်မှာထားပေးသင့်တာ သဘာဝပဲမဟုတ်လား...။

" ဟုတ်ပါပြီ။ ရော့.. သရက်အရသာကို saejungယူ..။ Oppaက Saejungကျွေးတာပဲ စားမှာမို့ စိတ်မကောင်းမဖြစ်နဲ့တော့နော်။ "

" ရေး.... ဒါမှ ငါ့oppaကွ!! "

*ပြွတ်စ်*

သေပါပြီ... saejungက jiminပါးကိုနမ်းလိုက်တာပဲ!! ငယ်ငယ်တုန်းကတော့ ဒါတွေကလုပ်နေကြပေမဲ့ အခုကမတူတော့ဘူးလေ! ကမ္ဘာတစ်ဝှမ်းလုံးက နတ်မင်းတွေမက တောစောင့်နတ်၊တောင်စောင့်နတ်ပါမကျန် ၊ စကြဝဠာတခွင်က ဂြိုလ်သားတွေပါ ဆင်းကယ်ရင်တောင် jiminအတွက်လွတ်လမ်းမမြင်တော့တာအမှန်..!

Jiminမခို့တရို့ဖြင့်.. ဆိုဖာလက်တန်းကိုလှမ်းကြည့်လေတဲ့အခါ haeunကရှိမနေတော့...။ ဒါက ငယ်ထိပ်တည့်တည့်ကို မိုးကြိုးပစ်တာပဲ..။ အိန်း...! သေရော!!

ထိုအချိန်ကစပြီး.. jiminတစ်စက်လေးမှစိတ်မငြိမ်တော့ပေ။ သူ့ချစ်သူလေးကြာကြာစိတ်ကောက်လို့မဖြစ်ဘူး။ ဘူဆန်အထိလာရတဲ့ရည်ရွယ်ချက်ရဲ့နောက်မှာ haeunနဲ့အတူလုပ်ရမယ့်ပလန်တွေဟာ တပုံကြီးရယ်...။

ထိုအိမ်မှာ ညည့်နက်တဲ့အထိနေဖို့တွေးထားပေမဲ့ မဖြစ်နိုင်တော့။ ဒါကြောင့် နောက်မှအလည်ထပ်လာတော့မယ်ဟူ၍ပြောကာ ချက်ချင်းပင်ထွက်လာခဲ့သည်။ Jiminမိဘတွေက ဘာမှမပြော... မသွားပါနဲ့တကဲကဲလုပ်ကာ ဆွဲထားတဲ့ saejungရဲ့လက်တွေကို jiminအားမနာတမ်းဖြုတ်ချခဲ့လိုက်သည်။

ညနေကဖြစ်ခဲ့တဲ့ ပြဿနာအရင်းခံကိုပြန်တွေးနေတာမို့ လှေကားရင်းမှာတင် သူရပ်တန့်နေခဲ့သည်။ အတွေးတို့အဆုံးသတ်တော့မှ... သူသတိရတာက haeunကိုချော့ရမှာပင်။ အမှန်ဆို ချစ်သူဖြစ်ပြီးတည်းက haeunအပေါ် သူ့ဘက်ကအလျှော့ပေးတာမျိုးမရှိခဲ့..။ ကတောက်ကဆဖြစ်ရင်တောင် ဘယ်တော့မှစိတ်မဆိုးတဲ့haeunကြောင့်သာ ပြန်ညှိစရာမလိုဘဲအဆင်ပြေခဲ့ရတာချည်း... ။

အခန်းထဲဝင်သွားတော့ တွေ့လိုက်ရတာဟာ ကုတင်ပေါ်မှာတစ်ဖက်သို့လှည့်ကာအိပ်နေတဲ့ သူမ။ စောင်မခြုံထားတဲ့အပြင် ခြေအိတ်ပါမချွတ်ထား...။

ခြေရင်းသို့သွားကာ သူမခြေအိတ်ကိုဆွဲချွတ်လိုက်တော့ ပေါ်လာတဲ့ခြေဖမိုးဖြူဖြူကို လက်ဖဝါးနုနုနဲ့ပွတ်သပ်ကာ jiminငုတ်နမ်းလိုက်သည်။ ထိုအခါ ခေါင်းထောင်လာတဲ့သူမ...၊

" ဘာလုပ်တာလဲ? "

" နမ်းတာလေ..၊ မင်းလည်း ကိုယ့်ကိုအဲ့လိုနမ်းခဲ့တာပဲမလား။ "

" မှတ်မိနေခဲ့တာလား အဲ့ညကိုလေ "

" အင်း... အကုန်တော့မဟုတ်ပါဘူး။ တစ်ချို့တလေပေါ့။ "

ဂုတ်ပိုးကိုပွတ်သပ်ကာပြောလာတဲ့jiminကို သူမတဖန်လျစ်လျူပြန်ရှူလိုက်သည်။ သူမ အခုထိစိတ်ပြေသေးတာမှ မဟုတ်ဘဲ....။ ‌ဂွမ်းကပ်စောင်ကိုပါဆွဲယူပြီး ခေါင်းမြီးခြုံလိုက်တဲ့သူမ။

Jiminအသံတိတ် တစ်ချက်ရယ်မိသည်။ သူ့ချစ်သူက လူကြီးဆန်သလိုလိုနဲ့ ကလေးပေါက်စလေး...။

စောင်လုံးအောက်ကသူမတစ်ကိုယ်လုံးကို တင်းကျပ်စွာသိမ်းကျုံးဖက်လိုက်သည်။ အသားယူလက်စနဲ့တစ်ခါတည်း သူ့ခြေထောက်တစ်ဖက်ကိုပါ သူမခြေပေါ်တင်လေတော့ သူမထံကမကျေနပ်တဲ့အသံက တဆာဆာနဲ့ထွက်လာသည်။

" စိတ်ဆိုးမပြေသေးဘူးလား ကိုယ့်ရဲ့မင်းသမီးလေးက..။ ဟင်? "

ဘာမှမတုံ့ပြန်လာခဲ့။

" မပြေသေးဘူးပဲ..."

" ဘာလို့ သူများရွေးပေးတဲ့မုန့်ကိုမစားလဲ?။ ပြီးတော့... သူက ဘာလို့ရှင့်ပါးကိုနမ်းရတာလဲ? သွား... မကျေနပ်ဘူး။ "

ဒီတစ်ခါ‌တော့ အသံထွက်သည်အထိ jiminရယ်မိပြီ။ တစ်ကယ့် ကလေးလေး!!

" ကိုယ်ပြောပြမှာမို့ စောင်ခနဖယ်ပေး "

" မဖယ်ဘူး!! "

ပြောမရတဲ့အဆုံးJiminကပဲ စောင်လွှာကိုဖယ်ချလေတော့ ပြူထွက်လာတဲ့ သူမမျက်နှာလေးဟာ ဖြူလုံးလေး..။ အသည်းယားလို့ နှာထိပ်လေးကိုအသံမြည်အောင်နမ်းလေတော့ ပြန်ရလိုက်တာဟာ သူမရဲ့မျက်စောင်းလှလှ...။

သူမမျက်ဝန်းတွေကို စေ့စေ့ကြည့်ပြီး အဖြစ်မှန်တွေကို ပြောပြဖို့သူပြင်လေသည်။

" သရက်သီးမုန့်ကလေ.. saejungမစားခိုင်းလို့မစားတာမဟုတ်ဘူးhaeunရဲ့။ ကိုယ်က သရက်သီးအရသာကိုမကြိုက်တာ။ ငယ်ငယ်တည်းက သရက်သီးနဲ့ပတ်သက်တာဆို ဘာမှမကြိုက်လို့ပါ။ "

" ဪ... ကျွန်မမှမသိဘဲ။ "

ခေါင်းငုတ်ကာခပ်တိုးတိုးပြောလေတော့ သူမရဲ့နဖူးပြေပြေလေးကို သူ့နှုတ်ခမ်းနဲ့တစ်ချက်ဖိကပ်လိုက်သည်။

" မသိလည်း အဆင်ပြေတယ်။ အခုသိသွားပြီပဲ"

" ‌ဒါပေမဲ့ မကျေနပ်သေးပါဘူး။ နမ်းတာကကော?? "

" ဒါကလား... ကိုယ်ဆိုးလ်ကိုတက်လာတုန်းက saejungက ၁၂နှစ်လောက်ပဲရှိဦးမှာ။ ဒီကြားထဲ ကိုယ်ကဘူဆန်လဲမလာဖြစ်ဘူးလေ။ ဒါကြောင့် အခုမှပြန်တွေ့ရတော့ ကိုယ့်ကိုငယ်ငယ်တုန်းကလို ဆက်ဆံနေတုန်းထင်ပါရဲ့။ နောက်ဆို ဒါမျိုးတွေမလုပ်တော့ဖို့ပြောထားရမယ်။ "

" ဪ...
ဒါဆိုလည်း ရှင့်ကိုစိတ်ကောက်စရာမရှိတော့ဘူးပေါ့။ "

" သဝန်တိုနေတာမလား... ကိုယ့်ကလေးက။ "

" ဟင်း.. ကလေးက ဘယ်သူလဲ? ရှင်ကသာ ကလေး။ "

" ကဲပါ... ဟုတ်ပါပြီ... "

ပြောစရာစကားတွေပြတ်တောက်သွားတော့လည်း နှစ်ယောက်ကြားကတိတ်ဆိတ်လှသည်။ အနေခက်သလိုဖြစ်နေတဲ့ အစိမ်းသက်သက်ရင်ခုန်သံတွေက ဘာကြောင့်များလဲ...။

" Haeun..."

" ပြောလေ.. jimin"

" ကိုယ်.. ကိုယ် မင်းကို.."

တည်ငြိမ်တဲ့Jiminရဲ့နက်နဲတဲ့အကြည့်စူးစူးတွေကို အဓိပ္ပာယ်မဖော်တတ်။ အက်ဝင်ကာတိုးညှင်းသွားတဲ့ သူ့စကားသံခပ်ရှရှကြောင့် မွှေးညှင်းများပါထောင်လာတဲ့အထိပေ။

" ဘာဖြစ်လို့လဲ jimin..."

" ဘာမှ မဟုတ်ဘူး Haeun...။ "

သူမနဖူး‌နွေးနွေးကို နောက်တစ်ကြိမ်ခပ်ဖွဖွနမ်းလိုက်ပြန်တော့ ရင်ခုန်သံတွေဟာမြန်သည်ထက်မြန်လာခဲ့သည်။ ဆွဲဆောင်မှုအားပြင်းလွန်းတဲ့ Haeunရဲ့ဖြူလွှလွှမျက်နှာလေးကိုအနီးကပ်မြင်လိုက်ရတဲ့ ထိုခနမှာ သူတစ်ကယ်သွေးပြောင်းပြန်စီးသွားတာပါလား....။ တစ်ခနတာအတွက်တည်တဲ့ စိတ်ဆန္ဒတစ်ခုတည်းအတွက်နဲ့ ချစ်ရသူရဲ့ယုံကြည်မှုကိုတော့အဆုံးရှုံးမခံနိုင်။

" ကိုယ့် သန့်စင်ခန်းသွားဦးမယ်။ အိပ်နှင့်နော်..!"

သူမရဲ့ခွင့်ပြုချက်ကိုရပြီးတာနဲ့ သန့်စင်ခန်းဆီမပြေးရုံတမယ် ဝင်သွားတဲ့Jiminကိုကြည့်ပြီး သူမနားမလည်နိုင်။

" Shiii... အဲ့လောက်တောင်ဖြစ်နေတာလား park jiminရေ...!!"

သန့်စင်ခန်းထဲတွင်.... ခပ်မြန်မြန်လှုပ်ရှားမှုနဲ့အတူ ကြိတ်မှိတ်ကာကြုံးဝါးမိတဲ့အသံကို သူတစ်ဦးတည်းသာကြားနိုင်သည်။ ကိစ္စဝိစ္စပြီးလေတော့ သူ့အနီးနားပတ်ပတ်လည်ကိုရေဆေးချကာ သန့်စင်လိုက်သည်။

သူ့အဖြစ်သူတွေးမိကာ ရယ်ချင်မဆုံး။
မနက်ဖြန်အတွက် ကြိုပြီးရင်တုန်ပန်းတုန်ဖြစ်ကာ ဂြိုလ်ကြွနေတဲ့ စိတ်တွေပါလား...။

ဘာမှမဖြစ်သလိုဟန်နဲ့ သန့်စင်ခန်းထဲမှထွက်လာကာ အိပ်မောကျနေပြီဖြစ်တဲ့haeunနားကို ခြေသံလုံလုံနှင့်သူလျှောက်သွားသည်။ သူမလည်း ခရီးပန်းလောက်ရောပေါ့...!

ဘာမှမနှောင့်ယှက်တော့ဘဲ သူမနောက်ကျောကို သူ့ရင်ခွင်ကျယ်ကြီးထဲ တခုတ်တရသိမ်းကျုံးဖက်ကာ အိပ်စက်လိုက်တော့သည်။

သူ့ရင်ထဲက အကောင်ပေါက်ဟာလည်း နောက်နေ့ခါအတွက် အိန္ဒြေမဆည်နိုင်အောင်ကို ခုန်ပေါက်နေရင်းပေါ့...။

~~<♡︎>~~

" ဒီနေ့ကော.. ရှင့် saejungက ရှင့်အိမ်လာဦးမှာလား..!"

ကားထဲတွင် မေးလာတဲ့မေးခွန်းက jiminကိုပြုံးစေသည်။ သူ့ချစ်သူက ကောက်တေးလေး...။

" မပြောတတ်ဘူး။ ပြီးတော့.. ကိုယ့်saejungမဟုတ်ပါဘူး။ ကိုယ့်မှာ Kang haeunဆိုတဲ့ သရဲမလေးပဲရှိတာ။"

" သရဲမ မဟုတ်ပါဘူး။ ကျွန်မက နတ်သမီးပါ။ "

" မဟုတ်တာ.. လူဆိုးမက အငြင်းသန်သားပဲ!! "

" Park Jimin!! "

" ဘာဖြစ်တုန်း Kang haeun!! "

" ဘာမှ မပြောတော့ဘူး။ ရှင့်လို ကျပ်မပြည့်နဲ့ဖက်ပြီးရန်မဖြစ်ဘူး။ "

" ဘယ်သူက ဖက်နေလို့လဲ။ "

လက်လျှော့ကာ ကားမှန်တစ်ဖက်ခြမ်းသို့လှည့်သွားတဲ့haeunကိုကြည့်ပြီး jiminရယ်ချင်စိတ်ကိုမနည်းမြိုသိပ်ထားရတာ ပင်ပမ်း၏။ Haeunကိုစိတ်တိုအောင်စရတာလောက် ပျော်ဖို့ကောင်းတာရှိမယ်မထင်။

အခုက ဒီနေ့အတွက်Haeunဝတ်ဖို့ရာဝတ်စုံဝယ်ပြီး အပြန်တွင်ဖြစ်သည်။ Haeunမှ ဆိုးလ်ကနေအဝတ်အစားတွေမယူလာခဲ့ရတာပဲ။ အဖြူရောင်မီနီစကတ်လေးနဲ့အတူ ဇာပါးအစအဖြူလေးနဲ့shoulder offတစ်ထည်ကို jiminကိုယ်တိုင်က လိုလိုလာလားဆင်ပေးလို့သာ သူမ,ဝတ်ရခြင်းဖြစ်သည်။ သူမအတွက် သက်သောင့်သက်သာတော့ရှိမနေ။

Jiminမိဘ‌အိမ်ကိုသွားမယ်လို့ထင်နေတဲ့haeunကို ဘာမှမဖြေရှင်းပဲ တစ်နေရာသို့ သူတိတ်တိတ်လေးခေါ်သွားခဲ့သည်။ လမ်းတည်နေရာတွေမသိတဲ့ သူမက ဘာမှမပြောဘဲပါလာရင်းသာ...။

တရွေ့ရွေ့မောင်းနှင်လာတဲ့အငှားယဉ်ဟာ နောက်ဆုံးတော့ ဦးတည်ရာကိုရောက်လာခဲ့ပြီ။ အမှန်ဆို ဘူဆန်ကိုလာရတဲ့ အကြောင်းရင်းက သက်သက်ရှိနေသည်။ သူ့မွေးရပ်မြေမှာပဲ လုပ်ချင်တဲ့အရာမျိုး...!

ဘာတွေဖြစ်နေမှန်းမသိတဲ့သူမဟာ တဝိုးတဝါးနဲ့ယောင်နနဖြစ်နေသည်။ သူမလက်ကိုကိုင်ဆွဲရင်းဝင်သွားသည့်နေရာက... ခန်းမတစ်ခု...။

ဗလာနတ္ထိခန်းမကြီးမှာ လူတစ်ဦးတစ်ယောက်မှမရှိနေ...။

" Jimin... ဒီနေရာကိုဘာလို့လဲဟင် ။ "

" ကိုယ့်လက်ကိုတွဲပြီး ကိုယ်ခေါ်တဲ့နေရာကို ယုံယုံကြည်ကြည်နဲ့လိုက်ခဲ့မယ်မလား Haeun..."

နက်နဲတဲ့မျက်ဝန်းတွေနဲ့ပြောလာတဲ့သူ့ကို သူမခေါင်းညိတ်ပြလိုက်သည်။ ယုံကြည်ရတဲ့ တစ်ဦးတည်းသောချစ်ရသူမို့...။

တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ ခန်းမထိပ်ဆီအထိလျှောက်သွားခဲ့ကြသည်။

ဒီနေ့ကစပြီး... လောကဓံက သာသည်ဖြစ်စေ ၊ နာသည်ဖြစ်စေ အေးအတူ၊ပူအမျှရှိသွားကြမဲ့ ကိုယ်တို့နှစ်ယောက်ဟာ နေမကောင်းလည်း နာကျင်တဲ့ဒဏ်ကိုအတူခံစားကြမယ်...။ ပျော်ရွှင်စရာရှိလည်း အပြုံးတွေကိုမျှဝေကြမယ်။ ကိုယ်တိုင်တည်မယ့် မိသားစုကမ္ဘာလေးအတွက် ကိုယ်ကခိုင်မာတဲ့ခြံစည်းရိုးတံတိုင်းကြီးဖြစ်ပေးမှာမို့ မင်းကနွေးထွေးတဲ့အိမ်ကလေးဖြစ်ပေး... အိမ့်ဆည်းလည်းလေးတွေ ညံနေတဲ့ဘဝလေးကို အတူပိုင်ဆိုင်ကြမယ် ..။ သေသည်အထိ မဖောက်ပြားသောချစ်ခြင်းတွေနဲ့ ရိုးမြေကျပေါင်းသင်းပါ့မယ် ကိုယ့်သတို့သမီးလေး Kang Haeun...!

အရမ်းချစ်ရတဲ့ ဒီလူသားကို တစ်ခါလောက်ပိုင်ဆိုင်ခွင့်ရဖူးရင်ပဲ ကျေနပ်လှပါပြီ ဖန်ဆင်းရှင်။ ကျွန်မ မပျောက်ကွယ်ခင်အချိန်လေးအတွင်း ဒီလူသားအတွက် ကျွန်မရဲ့အရာရာကိုပေးခွင့်ရရင် သေပျော်ပါပြီ။ အတူနေခွင့်မရှိတော့ရင်တောင် ဒီနှလုံးသားက ထာဝရရှင့်အပိုင်ပါ.. ကျွန်မရဲ့ သတို့သား Park Jimin!

မတူညီတဲ့ခံစားချက်တွေနဲ့ ကတိသစ္စာပြုပြီးနောက် အပြန်အလှန်လဲဝတ်ခဲ့ကြတဲ့ လက်ထပ်လက်စွပ်လေးနှစ်ကွင်း...။ Haeunသေချာကြည့်မိတော့ ဒါ ဟိုတလောက jiminဖုန်းထဲမှာတွေ့ခဲ့ရတဲ့ စုံတွဲလက်စွပ်လေးပဲ...။ ရိုးရှင်းတဲ့ပုံစံလေးက သူမအကြိုက်ဖြစ်နေတာမို့ သူမအခုထိမှတ်မိနေခြင်းပေ။

[ My Note - ဖုန်းထဲကလက်စွပ်ပုံဆိုတာက Episode 16မှာပါတဲ့အခန်းလေးပါ။ ]

ထပ်တူကျသွားတဲ့နှုတ်ခမ်းပါးနှစ်လွှာက ချစ်ခြင်းတရားတွေအပြည့်နှင့်။

" ကိုယ်တို့နှစ်ယောက်ရဲ့ဘဝတွေက အခုဆို တစ်ထပ်တည်းကျသွားပြီ။ "

အပျော်လွန်ပြီးပြော‌နေတဲ့ သူ့မျက်ဝန်းတွေဟာ ပျော်လွန်းလို့ပင် ပုလဲဥတွေတွဲခိုနေသည်။ ဒါကို သူမခပ်ဖွဖွသုတ်ပေးလေတော့ သူမ့လက်ဖဝါးကိုနမ်းလာတဲ့jimin...။

" အိမ်ပြန်ကြရအောင်လား jimin..."

" အင်း... ပြန်ကြမယ် Haeun..."

စောနကအနမ်းကြောင့်... လက်ကောက်ဝတ်ပေါ်က အနီစက်လေးတစ်စက်ထပ်ပျောက်သွားပြန်တာ သူမ,သိသည်။ အခုဆို နှစ်ဆက်သာလျှင်ကျန်တော့သည်။ အဲ့နောက်ပိုင်း ဘာတွေဖြစ်လာမယ်ဆိုတာ သူမ,မသိနိုင်တာမို့ ရတဲ့အချိန်လေးမှာ သူကိုအပြည့်အဝချစ်ချင်သည်။ မနက်ဖြန်ဆိုတာ မသေချာတော့ဘူး...!

~~<♡︎>~~

ရေချိုးပြီးတာတောင် ပူရှရှဖြစ်‌နေဆဲခန္ဓာကိုယ်ဟာ အခန်းတွင်းကအပူပေးစက်ကြောင့်လားဆိုတာ မသဲကွဲတော့! ကုတင်တစ်ဖက်စီတွင်ထိုင်ကာ တစ်ခုခုပြောရန်ကိုပင် အနေခက်နေကြတဲ့ သူတို့နှစ်ဦးဟာ.. တစ်ယောက်နဲ့တစ်ယောက် အခုထိ စကားမပြောဖြစ်သေး။

" ရေသွားချိုးလေ jimin"

Jiminကို အခန်းပြင် ပ,ထုတ်ရန်ပြင်နေတဲ့ သူမရဲ့အကြံကို jiminရိပ်မိပါသည်။

" ကိုယ် ချိုးပြီးပြီလေ..."

" အာ.. ဟုတ်သား..."

ပြောကာဆိုကာ သူမ,ထိုင်နေတဲ့ကုတင်တစ်ဖက်ခြမ်းကို ရောက်လာတဲ့jimin...။

" Haeun..."

" ဟင်..."

" ဒီကိုလာပါဦး "

ထိုသို့ဆိုပြီး သူမကိုယ်လေးကို‌ တင်မှတဆင့်စွေ့ကနဲချီမကာ သူ့ပေါင်ပေါ်တင်သို့လိုက်သည်။ မျက်နှာချင်းဆိုင်အနေအထားမှာ မြင်နေရတာဟာ အရမ်းဆွဲဆောင်မှုရှိတဲ့သူမမျက်နှာ‌လေး။ သူမရဲ့ညှို့အားပြင်းတဲ့တစ်ဖက်ခြမ်းကိုမြင်တိုင်း ထိန်းမရစွာပြင်းပြလာတဲ့ သူ့ဆန္ဒတွေကို ဒီအချိန်မှာတော့ ထိန်းချုပ်‌နေဖို့မလိုတော့ဘူးပဲ..။

မျက်စိရှေ့ဝဲကျနေတဲ့ဆံနွယ်တွေကို နားနောက်သို့ပို့လိုက်တော့ ပေါ်လာတဲ့ပါးပြင်နုနုကို ညှင်သာစွာနမ်းမိသည်။ ချုပ်တည်းမနိုင်တော့တဲ့ဆန္ဒကြောင့် သူမနှုတ်ခမ်းကို ချက်ချင်းပင်ဆွဲငုံကာ... ပြင်းရှတဲ့အနမ်းတွေဆီဦးတည်သည်။ အနမ်းတွေဟာ မေးဖျားမှတစ်ဆင့် လည်တိုင်ဆီဦးတည်တော့ ဖြစ်ပေါ်လာတဲ့ခံစားချက်အတိုင်း လည်တိုင်နုနုကို တရစ်ရစ်ကိုက်ချေမိသည်။

လက်တစ်ဖက်က သူမပေါင်ပြင်ကိုပွတ်သပ်နေမိပြီး နောက်လက်တစ်ဖက်ကသူမရဲ့အင်္ကျီကြယ်သီး တစ်လုံးစ ၊ နှစ်လုံး‌စလောက်ကိုဖြုတ်လိုက်တော့ ပေါ်လာတဲ့ ဖြူဖွေး‌ဖွေးရင်ဘတ်ဟာ သူ့အားသွေးတိုးစမ်းနေသယောင်! နှစ်သက်စွာ တတိတိ ကိုက်ခဲလိုက်သည်။ တယ်လည်း ယစ်မူးစရာပဲ...!

Jiminဆံနွယ်တွေကြားတိုးဝင်ကာ ဆော့ကစားလာတဲ့ သူမလက်ချောင်းလေးတွေ...။ စည်းချက်မကျတဲ့အသက်ရှူသံတွေနဲ့အတူ ပုံမှန်မဟုတ်တဲ့အသံညှင်းညှင်းတချို့ သူမထံကထွက်လာမှ jiminအသိပြန်ဝင်ကာ... သူမမျက်ဝန်းတွေကို စေ့စေ့ကြည့်ရင်း စိတ်မတင်းထားဖို့အသိပေးမိသည်။

" Haeun... ဘာမှ စိတ်မပူနဲ့နော်။ ကိုယ့်ကိုသာယုံပြီးလိုက်ခဲ့ ၊ အဆင်ပြေသွားလိမ့်မယ်။ "

" အင်း..."

သူမမျက်နှာသာ မက်မွန်သီးလိုရဲနေပြီ။ Jiminအချိန်မဆွဲချင်တော့။ ချက်ချင်း အကောင်အထည်ဖော်လိုက်တဲ့စိတ်ဆန္ဒတွေဟာ သူမအတွက်တော့စိမ်းသက်သက်နဲ့။

" ချစ်တယ်.. Haeun ah..."

အောင့်သက်သက်နဲ့ ထူးဆန်းတဲ့ခံစားချက်တွေကြား အသံတောင်ရဲရဲမထွက်တတ်ပေမဲ့ Jiminထံက တဖွဖွပြောလာတတ်တဲ့ချစ်တယ်ဆိုတဲ့စကားနဲ့တင် သူမ,ဖြေဆည်ရသည်။ တင်းကျပ်တဲ့တိုးဝင်မှုတိုင်းကို သူ့ကျောပြင်ကြီးအားကုပ်တွယ်ရင်းသာ အံတုမိသည်...။

" အ့.. jimin ah~~'

Haeunရဲ့နဖူးစမှခြေဖျားအထိ ခတ်နှိပ်မိတဲ့တံဆိပ်တစ်ခုချင်းဆီဟာ... သူမက Park Jiminအပိုင်ဆိုတာ ဖော်ပြနေသယောင်...! ဖွေးဖက်အုညက်နေတဲ့အသားစိုင်တွေပေါ်က ခရမ်းပုတ်ရောင်တံဆိပ်ချက်တွေဟာ ဆွဲဆောင်မှု ရှိလိုက်လေခြင်း။ စိုထိုင်းနေတဲ့ထိုခရမ်းရောင်အမှတ်တွေအပေါ် ထပ်ခါတလဲလဲ အနမ်းခြွေမိသည်။

အချိန်တစ်ခုအရောက်.. နာကျင်မှုတွေပပျောက်ရင်း... ချစ်ကြိုးအလီလီသွယ်ခဲ့ကြတဲ့ ထိုညလေးက သူတို့နှစ်ယောက်အတွက် အမြဲအမှတ်ရနေတော့မှာ ပကတိပေ!!

~~<♡︎>~~

မနက်မိုးလင်းချိန်... Jiminထက်အရင်နိုးနေတဲ့ haeun...။ ကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့အဝတ်အစားတွေကို လှမ်းယူဖို့အထိ သူမမှာအားမရှိနေတာမို့..၊ ကုတင်ခေါင်းရင်းကဘောင်ပေါ်မှာ ညတည်းက jiminကြိုပြီးတင်ထားပေးတဲ့bathrobeကိုယူကာ ခပ်ပြေပြေလေးဝတ်လိုက်သည်။

ခေါင်းအုံးဖြူဖြူ ၊ စောင်လုံးဖြူဖြူကြား အိပ်မောကျနေတဲ့ အဖြူရိပ်လေးကို သူမကြည့်လို့မဝ..။ ဖြောင့်စင်းကာတန်းနေတဲ့ Jiminရဲ့မျက်ခုံးတန်းကို သူမလက်မနဲ့ဖိပွတ်ဆွဲလိုက်သည်။ မှိတ်စင်းနေတဲ့မျက်ခွံမို့မို့ကို နှုတ်ခမ်းနဲ့ဖိကပ်ကာနမ်းရှုပ်လေတော့ လူးလူးလွန့်လွန့်ဖြစ်လာတဲ့Jimin...။ ဒါတောင် မနိုးသေး။

" နောက်ဆုံး တစ်စက်တည်းကျန်တော့တာပဲ...! "

လက်ကောက်ဝတ်ကိုကြည့်ပြီး ရင်နာနာနဲ့သူမ,တီးတိုးမိသည်။

" ဘယ်လိုလုပ်ကြမလဲ...။ ကျွန်မက ရှင့်အနားကထွက်သွားရတော့မှာပဲ။ အဆုံးရှုံးမခံရဲအောင်ကိုချစ်တယ် ရှင်ရယ်..."

ကျမလာတော့တဲ့မျက်ရည်တွေဟာ ကုန်ခမ်းသွား၍မဟုတ်..! မျက်ရည်မကျနိုင်တော့တဲ့အထိ သူမပင်ပမ်းနေပြီ။

Jiminရဲ့နဖူးပြင်ပေါ်က သူမအရမ်းမြတ်နိုးရတဲ့မှဲ့‌နက်လေးကို အသာယာဖိကပ်နမ်းလိုက်သည်။ ကုတင်ပေါ်ကနေခြေချလေတော့ ဝမ်းဗိုက်အောက်ဖက်က စိမ်းသက်နေတဲ့နာကျင်မှုတစ်ချို့က သူမကိုထိုးနှက်နေသည်။ ဒါကို အံတုကာ.. ဖြေးဖြေးဆီထရင်း ရေချိုးခန်းဆီဦးတည်သွားလိုက်သည်။

ဖြည်းဖြည်းဆီ တလှုပ်လှုပ်နဲ့ပဲ ရေမိုးချိုးသန့်စင်အပြီးတွင် မနေ့ကjiminဝယ်ထားပေးတဲ့ အပြာနုရောင်ဂါဝန်တိုလေးကိုဝတ်လိုက်သည်။ ဘာမှ မပြင်ဆင်မခြယ်သထားတဲ့ သူမ့အလှဟာ သဘာဝအတိုင်းကိုလှလွန်းသည်။

မှန်တင်ခုံရှေ့ထိုင်ပြီး စာရွက်တစ်ရွက်ကိုင်ကာ တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့သူမ...။

" Haeun~~"

" ဪ..!! "

ရုတ်တရက်မို့ လန့်သွားသည်...၊ ဒါကြောင့်မို့ စာရွက်ကို‌ စာအုပ်ကြားထဲညှပ်ကာ အမြန်ဖွက်လိုက်ရသည်။

" နိုးပြီလား..."

" အင်း... ဘယ်လိုနေသေးလဲ Haeun..? တစ်ခုခုကနာနေတာမျိုး မရှိဘူးလား။ ဗိုက်တွေဘာတွေအောင့်တာကော ရှိလား??"

" ဟင့်အင်း!! မ...မရှိဘူး!
ဒါကို ဒီလိုကြီးမေးရလား!!"

" ရှက်နေတာပဲ ကိုယ့်မိန်းမက။ ကိုယ်တို့ကြားမှာ ရှက်စရာရှိသေးလို့လား။ "

" Jimin...! တော်ပြီ.. ရေသွားချိုး။ ဒီနေ့ လျှောက်လည်ရအောင်။ "

" သဘောရှိ! "

Jiminဟာ ကုတင်ပေါ်ကနေ ဇွတ်တရွတ်တုံးတိကြီးထလာလို့လဲ သူမမှာမျက်နှာလွှဲခဲ့ရသေးသည်။ တစ်ကယ် ပြောမနိုင်...။

အခုတစ်ခုအကြာအထိ ဆိုဖာပေါ်မှာ မင်သေသေနဲ့ထိုင်စောင့်နေမိသည်။ ထို့နောက်မှာတော့ အဆင်သင့်ဖြစ်လို့ထွက်လာပြီဖြစ်တဲ့ jiminရဲ့လက်ကိုတွဲကာ... ပန်းခြံတစ်ခုကို ခေါ်သွားပေးဖို့တောင်းဆိုမိသည်။

တစ်လမ်းလုံး ငြိမ်နေတဲ့သူမကို Jiminစိတ်မချ...။ ပန်းခြံဝန်းထဲအရောက်တွင် လူခြေတိတ်တဲ့အပိုင်းမှာသာ သူတို့လမ်းလျှောက်ခဲ့ကြသည်။

" နေမကောင်းဘူးလား haeun..."

" ကောင်းပါတယ်။ ဒီတိုင်း နုံးနေတာ နေမှာပါ။ "

" ဟုတ်လား... ကိုယ်ကြောင့်ထင်တယ်။ကိုယ့်မိန်းမလေးကို နေထိုင်မကောင်းဖြစ်အောင် လုပ်မိတာ တောင်းပန်ပါတယ်။ ‌အမြန်သက်သာသွားရင် ကောင်းမှာပဲ။ "

လမ်းလျှောက်နေရင်းမှ သူမကိုတစ်ဝတခဲထွေးဖက်ကာပြောလာတဲ့ jimin...။

" Jimin... တစ်ကယ်လို့.... တစ်ကယ်လို့များ ကျွန်မသာရုတ်တရက်ပျောက်ကွယ်သွားရင် ၊ ကျွန်မကိုစောင့်မနေဘဲ အချစ်သစ်ကိုရှာလိုက်ပါနော်။ "

" မကြားခဲ့ဘူးလို့ သတ်မှတ်လိုက်မယ်။ "

ထူးဆန်းတဲ့စကားကြောင့် မပြုံးရွှင်နိုင်တော့တဲ့ သူ့မျက်နှာဟာတည်ဆိတ်သွားသည်။ အချိန်တစ်ခနအထိ... စကား‌စပြောဖို့ကို အားယူနေရသလိုပင်...။

" တစ်ကယ်ပဲ ဘာလို့အဲ့လိုတွေတွေးနေတာလဲ..! ဘယ်သူမှ မပျောက်ကွယ်ဘူး။ ကိုယ်တို့တွေ တစ်သက်လုံးအတူရှိနေမှာ။ "

ရုတ်တရက်... ပြောကာဆိုတာ သူမကိုတင်းကျပ်စွာ ‌စွေ့ကနဲဖက်ရင်းပြောလာတဲ့သူ့အသံတွေဟာ တုန်ရီနေခဲ့သည်။ သူ့ကျောပြင်ကျယ်အား haeunလက်ကလေးနဲ့ အသာအယာပွတ်သပ်ပေးနေမိတာဟာ... သူ့အား အနည်းငယ်လောက်ဖြစ်ဖြစ် စိတ်သက်သာရာရစေရန် မျှော်လင့်ရင်း...။

" ကျွန်မတို့ တစ်ခုခုကစားကြမလား...။ တူတူပုန်းတမ်းလိုမျိုးလေ။ "

ရုတ်ချည်းပြောလာတဲ့ သူမရဲ့စကားကြောင့် jiminမှာရယ်ရခက် ငိုရခက်နှင့်။

" ကလေးလား...?"

" မဆော့ဘူးလား ဒါဆို။ ဒီက ဆော့ချင်‌လို့မေးနေတဲ့ဟာ။ "

" ဆော့ပါ့မယ်လို့ ကလေးမရဲ့။ "

" ဟီး... ကျွန်မက ပုန်းမယ်။ ရှင်ကရှာ..!
ဪ.. ဒါနဲ့..."

* ပြွတ်စ်*

Jiminနှုတ်ခမ်းလုံးလုံးလေးကိုနမ်းရုံမျှနမ်းလိုက်တော့ ကျေနပ်သွားတဲ့အရိပ်‌ရောင်က သူ့မျက်နှာမှာ အထင်းသား။

နောက်ဆုံးအစက်တစ်ခုပါပျောက်ကွယ်ရင်း အခုတော့ တစ်ကယ်ကုန်သွားပြီပဲ...!

" ကဲ စပြီနော် ။ ကျွန်မအသံပေးမှ စရှာ။ "

မျက်လုံးစုံမှိတ်ထားတဲ့သူ့ကို တစိမ့်စိမ့်ကြည့်ကာ... ခြေတစ်လှမ်းဆီနောက်ဆုတ်သွားတဲ့သူမ...။ တမြေ့မြေ့တိုက်စားသွားတဲ့ နှလုံးသားရဲ့ခံနိုင်ရည်က အားနည်းနေပြီ။ တစ်ကယ်မခွဲချင်တာအမှန်....။

ဖြစ်နိုင်ရင်.. အခုနေပဲဖြစ်ဖြစ် Jiminရင်ခွင်ထဲပြေးဝင်ကာ 'ဖွက်ထားပေးပါ' ဆိုပြီး တောင်းဆိုမိမှာ! မဖြစ်နိုင်!! ဒါက ပိုပြီး နာကျင်သွားရမှာ သူမ,သိသည်။

တစ်ထစ်ချင်းစီ နောက်ဆုတ်သွားတဲ့ သူမရဲ့ခြေလှမ်းတွေဟာ တဖြည်းဖြည်းစိမ့်လာပြီ။ တစ်လှမ်းဆုတ်တိုင်း တစ်ချက်နာကျင်ရတဲ့နှလုံးသားဟာ သူနဲ့မခွဲနိုင်တဲ့စိတ်ဆန္ဒတွေကို ပို၍လှုံ့ဆော်ပေးနေသည်။

သူနဲ့ ခပ်လှမ်းလှမ်းတစ်နေရာအရောက်တွင် သူမခြေလှမ်းများရပ်တန့်လိုက်သည်။

လက်ကောက်ဝတ်ပေါ်ကိုကြည့်မိချိန် Kang Haeunဆိုတဲ့ တက်တူးဘေးက ဗလာကျင်းနေတဲ့နေရာလပ်ကိုကြည့်ပြီး .. သူမ ခံစားချက်မဲ့စွာရယ်မိသည်။

" အရာအားလုံး တစ်ကယ်ပြီးသွားပြီပဲ...။ ဒီအတောတွင်း တကယ်ပျော်ခဲ့ရပါတယ် jimin...။ အရမ်းချစ်တယ်...။ "

ပေါက်ကနဲ စီးကျလာတဲ့မျက်ရည်စကို သူမဆွဲပွတ်သုတ်လိုက်သည်။

" လိုက်လို့ရပြီ!!! "

မျက်စိရှေ့က Jiminကို သူမ,အော်ပြောလိုက်သည်။ မှိတ်ထားတဲ့မျက်ခွံလွှာကိုဖွင့်ချကာ သူမ,ရှိရာကိုရှာနေခဲ့တဲ့သူ...။

" ဝါး... တကယ် အပုန်းကောင်းတာပဲ။ ရှာတွေ့မှ တဝကြီးဖက်နမ်းပစ်မယ် ကြည့်နေ! "

သူသိနိုင်မလား... ဒီစကားတွေကို နားထောင်ပေးမဲ့တစ်စုံတယောက်က လောကကြီးမှာရှိ‌မနေတော့ဘူးဆိုတာ..။

အဖြစ်မှန်တွေကိုမသိသေးတဲ့jiminတစ်ယောက် သူမကိုရှာမြဲရှာဆဲ...။ Jiminက အပုန်းကောင်းတယ်လို့ထင်နေခဲ့တဲ့ သူမဟာ တစ်ကယ်တော့ ရှာမတွေ့နိုင်အောင်ကိုပျောက်ကွယ်သွားခဲ့ပြီပဲ...။

" Haeun..."

ခုန Jiminရပ်နေတဲ့နေရာရဲ့ ခပ်လှမ်းလှမ်းတစ်နေရာမှာ မြင်လိုက်‌ရတဲ့အရာက သူ့အားတုန့်ကနဲရပ်တန့်စေသည်။

လက်ထပ်လက်စွပ်...? ဒါ Haeunရဲ့ဟာပဲ။ ဒါက ဘာလို့မြေပြင်ပေါ်ကျနေတာလဲ..!

မဟုတ်မှ...!!?

မဖြစ်နိုင် ဆိုတဲ့မျှော်လင့်ချက်သေးသေးလေးနဲ့တင် ထိုလက်စွပ်နားကိုပြေးသွားမိတာ အရူးတစ်ပိုင်းလို..။ လက်စွပ်ဘေးမှာ စာရွက်လေးတစ်ရွက်...။ ကောက်ကိုင်လိုက်ကာ စာရွက်ထဲသီကုံးထားတဲ့စာတိုလေးရဲ့တစ်ကြောင်းစီကို တုန်လှုပ်စွာဖတ်မိသည်။

နောက်ဆုံးစာကြောင်းလေးအဆုံး... အသက်မဲ့သလိုဖြစ်သွားတဲ့ ဒီခန္ဓာဟာ တစ်ကယ်ပဲ သွေးပျက်နေပြီ....။ မယုံနိုင်သေး...။

အထီးကျန်စွာတည်နေတဲ့ မြေပြင်ပေါ်ကလက်စွပ်လေးကို ကောက်ယူလိုက်တဲ့ jimin...။ သူ့လက်သန်းကြွယ်ပေါ်က လက်စွပ်လေးကတောင် ငိုနေပြီ...။ ‌ဆုပ်ကိုင်ပေမဲ့ လက်တစ်စုံကပျောက်ကွယ်သွားပြီမို့..!

" ပြန်..ပြန်လာပေးပါ Haeun...။ ထွက်မသွားပါနဲ့...! "

" ဘာလို့လဲ..! ဘာလို့ သူ့ကိုခေါ်သွားရတာလဲ။ ဘာလို့လဲ!! "

"ကျွန်တော့်ချစ်ရသူကို ပြန်ပေးပါ...haeunကို ကျွန်တော့်ဆီပြန်ပေးပါ ဖန်ဆင်းရှင်!! ကျေးဇူးပြုပြီး haeunလေးကိုခေါ်မသွားပါနဲ့~~ကျေးဇူပြုပြီး...သူမ မရှိရင် ကျွန်တော့်ဘဝကြီးအသက်မဲ့သွားလိမ့်မယ်!!!"

ဒေါသတကြီး ညည်းတွားနေတဲ့ အပြစ်တင်သံတွေအတွက် ဖြေဆည်ပေးမဲ့သူမဟာ ရှိမနေ...!

တစ်ကယ် အဓိပ္ပာယ်မဲ့တဲ့မနက်ဖြန်ဆိုတာ အခုမှ လက်တွေ့ကြုံဖူးပြီမို့!

ကံမပါလို့ ခွဲရတယ်...? ရယ်ရလိုက်တာ...။ သူမ,မရှိတဲ့ အကျည်းတန်‌သောဘဝကြီးက ခြောက်ခြားစရာကောင်းတာအမှန်!!

ကိုယ်တို့တွေရဲ့ ကတိစကားကိုမှတ်မိသေးမလား...၊ လောကဒံက သာသည်ဖြစ်စေ ၊ နာသည်ဖြစ်စေ အတူဝေမျှပါမယ်ဆိုပြီးလေ....။

ဒါကြောင့်...

တစ်နေ့တော့ မင်းနောက်ကို ကိုယ်လဲလိုက်ခဲ့မယ် Haeun...။ အဲ့နေ့က သိပ်မကြာတော့ပါဘူး။

" " ☘︎ အာညော်! ဟဟ...!
ရှင် ဒီစာကိုဖတ်နေတဲ့အချိန် ကျွန်မကထာဝရပျောက်ကွယ်သွားလောက်ပြီမလို့ ရှင့်ဘေးနားမှာရှိမနေတော့ဘူးထင်တယ်။ ကျွန်မကို စောင့်မနေပါနဲ့တော့။ ရှင့်အနားမှာ ထာဝရအတွက်ဆိုးတူ၊ကောင်းတူနေပေးနိုင်မဲ့ ပါတနာနဲ့တွေ့ပြီး ရှင်အမြဲလိုချင်ခဲ့တဲ့ မိသားစုဘဝကိုတည်ထောင်ပါ..!
အရမ်းချစ်တယ် ကျွန်မရဲ့ Park Jimin.. ☘︎ " "

သင်သိလား...? တစ်ချို့ လှပလွန်းတဲ့ အချစ်ဇာတ်လမ်းတွေကို ဝမ်းနည်းစရာဇာတ်သိမ်းတွေက အလှပိုတိုးစေတတ်တယ်တဲ့...။ နောက်ထပ်မရနိုင်တော့တဲ့အမှတ်တရတွေကို ပြန်တွေးမိတိုင်း တခြားအရာတွေထက် ပိုလှပပြီးတန်ဖိုးရှိနေတာမျိုးပေါ့...။

~~~<♥︎>~~~

SE? HE?
Stay tuned!

This is not final episode!

To be continued~~~

March 21,2021
Sunday

Zawgyi

" ဒါ ကိုယ့္အိမ္ေလ "

Jiminက ဘူဆန္မွာအိမ္သီးသန႔္ဝယ္ထားတာမို႔ အခုလည္း သူ႔ကိုယ္ပိုင္အိမ္မွာသာ ‌ေနဖို႔ေတြးထားၿပီးသားျဖစ္သည္။

" အင္း "

အင္း တစ္လုံးတည္းသာေျဖၿပီး တုံ႔ျပန္မႈတစ္စုံတရာပိုမလာတဲ့ haeunကိုၾကည့္ၿပီး jiminေခါင္းေလးေနၿပီ။ ႀကီးႀကီးမားမားမွားခဲ့တာမ်ိဳးမွမရွိဘဲ...။

" အိမ္ထဲဝင္ရေအာင္ေလ။ ကြၽန္မနားခ်င္ၿပီ။ "

စိမ္းသက္သက္ျဖစ္ေနတဲ့ေလသံအတြက္ ေျဖရွင္းခ်က္တစ္ခုခုကို jiminမေပးတတ္။ အခုျဖစ္ေနတဲ့ကိစၥမွာ သူတမင္ရည္႐ြယ္ခဲ့တာတစ္ခုမွ,မွမပါဘဲ...။

အိမ္ကား.. ႏွစ္ထပ္အိမ္ေလးျဖစ္သည္။ အဝါေရာင္ႏုေဖ်ာ့ေဖ်ာ့ေလးျခယ္ဆိုးထားတဲ့ အိမ္နံရံေလးဖက္ေလးလံက သူ႔အားစိတ္တည္ၿငိမ္မႈကိုေပးသည္။

အိမ္အေပၚထပ္ေရာက္တာနဲ႔... အိပ္ခန္းတည္ေနရာကိုေမးလာတဲ့ Haeun...။

" အိပ္ခန္းကဘယ္မွာလဲ..."

" ေလွကားထိပ္က ပထမဆုံးအခန္းပဲ Haeun..."

ဘာမွျပန္မေျဖ... ေလွကားထစ္တစ္ထစ္ေလာက္လွမ္းၿပီး တစ္ခုခုကိုသတိရသြားဟန္တူတဲ့ သူမက အေနာက္သို႔လွည့္ကာ.. jiminထံေမးခြန္းစလာသည္။

" ကြၽန္မအခန္းမလား.."

" အခန္းခြဲမအိပ္ဘဲ ဒီတိုင္း အတူေနလို႔ မျဖစ္ဘူးလား Haeun ၊ ဆိုးလ္မွာလိုမ်ိဳးေလ။ "

ခြင့္ေတာင္းသလို သွ်ိဳဝပ္ကာေမးလာတဲ့jiminကိုၾကည့္ၿပီး haeunစိတ္မဆိုးရက္...။ မဟုတ္ေသးဘူး... အခုလည္း သူမစိတ္ဆိုးေနတာမွ မဟုတ္ဘဲ။ သဝန္တိုတယ္ေခၚမလားပဲ...။ ဟုတ္တယ္... သဝန္တိုတာ။

" ကြၽန္မကဘာမွမျဖစ္ပါဘူး။ ကြၽန္မတို႔အတူအိပ္တာ ေတာ္ၾကာ ရွင့္saejung သိသြားလို႔ စိတ္မေကာင္းျဖစ္ေနမွျဖင့္...."

ထိုစကားေၾကာင့္လJiminမခို႔တ႐ို႕ႏွင့္ ႀကိတ္ရယ္မိသည္။ သူ႔ခ်စ္သူေလး သဝန္တိုေနတာပဲ....။

" အာ... အဲ့တာက.. "

" တစ္ခန္းတည္းအတူေနရမယ္ဆိုလည္း ေနတာေပါ့။ ကြၽန္မ ပင္ပမ္းေနၿပီ။ အရင္နားေတာ့မယ္...။

စကားတစ္ခြန္းေတာင္ရွင္းျပမခံတဲ့သူမဟာ ယတိျပတ္ေျပာသြားတဲ့စကားရဲ႕အဆုံး အေပၚထပ္ကအခန္းဆီကိုဦးတည္သြားသည္။

အခုျဖစ္စဥ္ရဲ႕ ျပႆနာအရင္းျမစ္က... Jiminမိဘေတြအိမ္မွာစတာေပ...။ အတိအက်ဆိုရင္ေတာ့ jiminအေမ့သူငယ္ခ်င္းရဲ႕သမီး saejungနဲ႔ သူမရဲ႕သရက္သီးအခ်ိဳမုန႔္ကေနစေတာ့တာပဲ...။

ညေနက~~

" oppa.. ဟင္းေတြထည့္စားေနာ္။ saejungကိုယ္တိုင္ အေမနဲ႔အတူတူခ်က္ထားတာ.."

ကႀကီးပုံစံႏႈတ္ခမ္းေလးကို ေကြးၫႊတ္ေနေအာင္ ပီပီျပင္ျပင္ၿပဳံးေနတဲ့saejungေလးက haeunမ်က္စိတည္းမွာေတာ့ ခ်စ္ဖို႔ေကာင္းလြန္းတာ သူမ,ဝန္ခံပါသည္။ ဒါေပမဲ့... အေမ?? ဘယ္ေလာက္ေတာင္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းေတြမို႔ jiminအေမကိုပါ သူမကအေမလို႔ေခၚေနတာလဲ...။ ဒါက နည္းနည္းအတင့္ရဲလြန္းရာမက်ဘူးလား...။

" ဝိုး... Saejungေတာင္ ဟင္းေတြ ၊ ဘာေတြခ်က္လို႔ပါလား...! "

" ဟီး.. ေျပာသားပဲ! Oppaနဲ႔လက္ထပ္မွာပါလို႔။ လက္ထပ္ၿပီးရင္ခ်က္ေကြၽးဖို႔ အခုတည္းက ေလ့လာေနတာ။ "

" ဟုတ္လား? စာပဲႀကိဳးစားစမ္းပါ ကေလးမရယ္။ "

" ကေလးမ မဟုတ္ေတာ့ပါဘူးဆိုေန oppaကလည္း.."

‌ဆူပုတ္သြားတဲ့မ်က္ႏွာထားေၾကာင့္ စိတ္ေကာက္သြားဟန္ရွိတဲ့saejungကို jiminရဲ႕အေမကပဲျပန္ေခ်ာ့ရျပန္သည္။

" ကဲ ကဲ သားလည္းေနာက္မေနနဲ႔ေတာ့။ သမီးေလးအပင္ပမ္းခံၿပီးခ်က္ေပးထားတာကိုပဲ ကုန္ေအာင္စား..."

" သမီးအတြက္ တကယ္ အေမကလြဲၿပီးမရွိဘူးပဲ..."

မိသားစုဝင္အခ်င္းခ်င္း စကားေတြေဖာင္ဖြဲ႕ေနပုံမွာ ခ်စ္စရာေကာင္းလြန္းသည္။ တစ္ကယ္အျပင္လူမလိုေလာက္ေအာင္ကို ခ်စ္ျခင္းတရားေတြနဲ႔ျပည့္စုံေနတဲ့ဒီမိသားစုထဲ ဝင္တိုးဖို႔ေတာင္ လက္တြန႔္မိသလို...။

Jiminေဘးခုံကေနရာေလးက သူမ့အတြက္ျဖစ္သင့္တာ... သမီးဆိုတဲ့နာမ္စားကိုထပ္ခါတလဲလဲသုံးေနတဲ့ jiminအေမရဲ႕လက္ေမာင္းကိုခ်ိတ္ၿပီး... 'အေမ့သားကေလ ဒီလို...' ဆိုၿပီး jiminကိုစေနာက္ေနရမဲ့ မိန္းကေလးဟာလည္း သူမပဲျဖစ္သင့္တာ...။ သူမပဲျဖစ္သင့္တဲ့‌ထိုေနရာကို ‌ပိုင္ဦးေနတဲ့ တျခားတစ္ေယာက္... အထူးသျဖင့္.. saejungဆိုသည့္မိန္းကေလးက haeunရဲ႕စိတ္ကူးယဥ္ဘဝေလးကိုပိုင္ဆိုင္ထားတာပဲ....။ ကံေကာင္းလြန္းတဲ့saejungကို သူမအားက်မိတယ္...။

အာ... ခနေလာက္ ေမ့သြားတာပဲ။ Jiminဆိုတာ သူမ,ေပါင္းဖက္ရမယ့္လူသားမွမဟုတ္တာ...။ ထမင္းစားပြဲဝိုင္းႀကီးရဲ႕ ခပ္လွမ္းလွမ္းမွာထိုင္ေနတဲ့haeun...။ စိတ္မေကာင္းမျဖစ္ဖို႔မွာထားတဲ့ jiminကိုေတာ့အားနာသည္။ ဘာလို႔ဆို အခု သူမ စိတ္မေကာင္းျဖစ္ေနၿပီ...၊ အားငယ္ေနၿပီ...။ မွီခိုဖို႔ပုခုံးတစ္ဖက္ငွားမယ့္သူမရွိ...၊ ဘယ္သူမွမသိမျမင္ႏိုင္တဲ့ ဒီေကာင္မေလးကလည္း ခံစားခ်က္နဲ႔ပါပဲ...။

ေတာင့္ခံေနရတာ ပင္ပမ္းလိုက္ေလျခင္း...။

" သားေရ.. လာ ထိုင္ပါဦး ၊ ဒီမွာေလ သားညီမေလးက အခ်ိဳမုန႔္ေတြလည္းလုပ္ထားတယ္။ "

ဧည့္ခန္းထဲေရာက္ႏွင့္ေနၿပီးျဖစ္တဲ့ jiminအေဖရဲ႕ေခၚသံကိုၾကားမွ နယ္လြန္ေနတဲ့ သူမအေတြးေတြဟာတစ္ခန္းရပ္သြားသည္။ အခ်ိဳမုန႔္ေတြထည့္ထားတဲ့ဗန္းႀကီးကို ကိုင္လာတဲ့ jiminအေဖရဲ႕အေနာက္က တပ္ၾကပ္မကြာပါလာသူမွာ saejungနဲ႔jimin။

Haeunကိုသတိထားမိသြားတဲ့jiminက ခနပါပဲဆိုတဲ့ဟန္နဲ႔ တစ္ခ်က္ၿပဳံးျပသည္။ Jiminထိုင္လိုက္တဲ့ဆိုဖာဟာ ႏွစ္ေယာက္ထိုင္၍ပင္ရႏိုင္သည္။

" ဟိုဖက္မွာထိုင္ပါ့လား Saejung "

Haeunအတြက္ဖယ္ထားဟန္တူသည့္ေနရာမွာလာထိုင္ေနတဲ့saejungကို တျခားမွာထိုင္ေပးဖို႔jiminေျပာေလေတာ့... ဘာလို႔လဲရယ္ဆိုၿပီး အထြန႔္တက္ေလတဲ့သူမ..။

" ဘာလို႔လဲ... မရပါဘူး။ oppaေဘးမွာပဲထိုင္မွာ...။ ငယ္ငယ္တည္းက oppaေဘးခုံဆိုတာsaejungအတြက္ပဲ။ အခုလည္း အဲ့လိုပဲ...။ "

Jiminဘာမွမေျပာလိုက္ရေသးခင္မွာ ထိုင္ႏွင့္ၿပီးသားျဖစ္ေနတဲ့saejung..။ တစ္ကယ္တမ္းလည္း ဘာလို႔လဲေမးလာတဲ့saejungကို သူဘာျပန္ေျဖလို႔ရမွာလဲ...။ Haeunရွိေနတာ ဘယ္သူမွ,မွမသိဘဲ....။

အားနာသည့္မ်က္ဝန္းငယ္ေတြကလွမ္းၾကည့္ေလေတာ့လည္း haeunစိတ္မဆိုးရက္...။ အနည္းဆုံးေတာ့ jiminကသူမအတြက္စဥ္းစားၿပီး ေနရာဖယ္ထားေပးခဲ့တာပဲေလ။ ပိုင္ရွင္ကဦးသြားတာေတာ့ ဘယ္တတ္ႏိုင္မလဲ။

ဒီလိုဆိုတိုင္းလည္း လက္မေလွ်ာ့ႏိုင္...။ Jiminေဘးနားကဆိုဖာလက္တန္းေပၚမွာထိုင္ခ်လိုက္တဲ့ haeunကိုၾကည့္ၿပီး jiminေက်နပ္သလိုရယ္သည္...။

ဒါမွ ငါ့ေကာင္မေလး....!!

ထိုစဥ္ jiminအေမေရာက္လာၿပီး မုန႔္ဗန္းထဲကမုန႔္ေတြယူဖို႔ေျပာလာသည္။ မုန႔္ေတြထဲမွ... အဝါေရာင္ရွိသည့္မုန႔္ဝိုင္းေလးက haeunမ်က္စိထဲေတာ္ေတာ္ဘဝင္က်လွသည္။ မုန႔္အဝိုင္းေလးကိုမွ ေဘးပတ္ပတ္လည္တြင္ တစ္မ်ိဳးဆန္းၾကယ္စြာအနားသတ္ကာ ဖိထားသည့္ပုံစံက ခ်စ္ဖို႔အရမ္းေကာင္းေနတာမို႔ပင္။ သရက္သီးအရသာမ်ားလား...။

" Jimin.. အဲ့အဝါမုန႔္ေလးယူစားပါ့လား.."

ေ႐ြးရခက္ေနသည့္jiminကို haeunကအႀကံေပးေလေတာ့.. သူမထံျပန္ၾကည့္ေလတဲ့ သူ႔မ်က္ဝန္းေတြဟာတြန႔္ဆုတ္ေနသည္။ သူ မႀကိဳက္တာမ်ားလား...။

ဒီလိုဆိုေတာ့လည္း မဟုတ္..! ထိုအဝါေရာင္မုန႔္ဝိုင္းအား ခ်က္ခ်င္းပင္ေကာက္ကိုင္လိုက္တဲ့jimin..။ အခုမွေက်နပ္သြားသလိုလိုရွိတဲ့စိတ္ေၾကာင့္ သူမရယ္ႏိုင္ေတာ့သည္။

ဒါေပမဲ့ ျပႆနာက ဒါမဟုတ္..!

" Oppa... သရက္သီးမုန႔္က saejungဟာေလ.. oppaဘယ္တုန္းက သရက္သီးအရသာစားလို႔လဲ။ အဲ့တာေၾကာင့္ပဲ oppaအတြက္စေတာ္ဘယ္ရီအရသာနဲ႔သီးသန႔္လုပ္ေပးထားတာ... စေတာ္ဘယ္ရီပဲ‌စားေနာ္.. ေနာ္ oppa..."

" ဒါေပမဲ့ ကိုယ္က...."

" သားရယ္... သမီးနဲ႔ဖက္လုေနစရာလား။ တစ္ကယ့္ကေလးေတြ။ "

လက္ဖဝါးႏွစ္ဖက္ကိုစုရဲ႕ယွက္ကိုင္ကာ ေတာင္းဆိုလာတဲ့saejungကိုၾကည့္ၿပီး ေနမရစြာဝင္ေျပာလာတဲ့ jiminအေမဟာ တစ္ကယ္ပဲsaejungအေပၚမွာ သမီးအရင္းေလးတစ္ေယာက္လို ခင္တြယ္တာမို႔ပင္။

" Saejungေလးေပးတဲ့ စေတာ္ဘယ္ရီအရသာကိုယူလိုက္.. သရက္သီးအရသာကို saejungေလးကိုေပးလိုက္သား..."

အမွန္ဆို saejungမ်က္ႏွာညႇိဳးတာလည္း jiminမျမင္ရက္..။ တစ္ဦးတည္းေသာသားျဖစ္တဲ့jiminက saejungေလးကိုညီမေလးအရင္းလိုခ်စ္တာ အမွန္တရား...။ အႀကီးတို႔ရဲ႕ သဘာဝ... အေလွ်ာ့ေပးျခင္းဆိုတဲ့ ဦးစားေပးမႈေတြဟာ အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ saejungအေပၚမွာထားေပးသင့္တာ သဘာဝပဲမဟုတ္လား...။

" ဟုတ္ပါၿပီ။ ေရာ့.. သရက္အရသာကို saejungယူ..။ Oppaက Saejungေကြၽးတာပဲ စားမွာမို႔ စိတ္မေကာင္းမျဖစ္နဲ႔ေတာ့ေနာ္။ "

" ေရး.... ဒါမွ ငါ့oppaကြ!! "

*ႁပြတ္စ္*

ေသပါၿပီ... saejungက jiminပါးကိုနမ္းလိုက္တာပဲ!! ငယ္ငယ္တုန္းကေတာ့ ဒါေတြကလုပ္ေနၾကေပမဲ့ အခုကမတူေတာ့ဘူးေလ! ကမာၻတစ္ဝွမ္းလုံးက နတ္မင္းေတြမက ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္ပါမက်န္ ၊ စၾကဝဠာတခြင္က ၿဂိဳလ္သားေတြပါ ဆင္းကယ္ရင္ေတာင္ jiminအတြက္လြတ္လမ္းမျမင္ေတာ့တာအမွန္..!

Jiminမခို႔တ႐ို႕ျဖင့္.. ဆိုဖာလက္တန္းကိုလွမ္းၾကည့္ေလတဲ့အခါ haeunကရွိမေနေတာ့...။ ဒါက ငယ္ထိပ္တည့္တည့္ကို မိုးႀကိဳးပစ္တာပဲ..။ အိန္း...! ေသေရာ!!

ထိုအခ်ိန္ကစၿပီး.. jiminတစ္စက္ေလးမွစိတ္မၿငိမ္ေတာ့ေပ။ သူ႔ခ်စ္သူေလးၾကာၾကာစိတ္ေကာက္လို႔မျဖစ္ဘူး။ ဘူဆန္အထိလာရတဲ့ရည္႐ြယ္ခ်က္ရဲ႕ေနာက္မွာ haeunနဲ႔အတူလုပ္ရမယ့္ပလန္ေတြဟာ တပုံႀကီးရယ္...။

ထိုအိမ္မွာ ညည့္နက္တဲ့အထိေနဖို႔ေတြးထားေပမဲ့ မျဖစ္ႏိုင္ေတာ့။ ဒါေၾကာင့္ ေနာက္မွအလည္ထပ္လာေတာ့မယ္ဟူ၍ေျပာကာ ခ်က္ခ်င္းပင္ထြက္လာခဲ့သည္။ Jiminမိဘေတြက ဘာမွမေျပာ... မသြားပါနဲ႔တကဲကဲလုပ္ကာ ဆြဲထားတဲ့ saejungရဲ႕လက္ေတြကို jiminအားမနာတမ္းျဖဳတ္ခ်ခဲ့လိုက္သည္။

ညေနကျဖစ္ခဲ့တဲ့ ျပႆနာအရင္းခံကိုျပန္ေတြးေနတာမို႔ ေလွကားရင္းမွာတင္ သူရပ္တန႔္ေနခဲ့သည္။ အေတြးတို႔အဆုံးသတ္ေတာ့မွ... သူသတိရတာက haeunကိုေခ်ာ့ရမွာပင္။ အမွန္ဆို ခ်စ္သူျဖစ္ၿပီးတည္းက haeunအေပၚ သူ႔ဘက္ကအေလွ်ာ့ေပးတာမ်ိဳးမရွိခဲ့..။ ကေတာက္ကဆျဖစ္ရင္ေတာင္ ဘယ္ေတာ့မွစိတ္မဆိုးတဲ့haeunေၾကာင့္သာ ျပန္ညႇိစရာမလိုဘဲအဆင္ေျပခဲ့ရတာခ်ည္း... ။

အခန္းထဲဝင္သြားေတာ့ ေတြ႕လိုက္ရတာဟာ ကုတင္ေပၚမွာတစ္ဖက္သို႔လွည့္ကာအိပ္ေနတဲ့ သူမ။ ေစာင္မၿခဳံထားတဲ့အျပင္ ေျခအိတ္ပါမခြၽတ္ထား...။

ေျခရင္းသို႔သြားကာ သူမေျခအိတ္ကိုဆြဲခြၽတ္လိုက္ေတာ့ ေပၚလာတဲ့ေျခဖမိုးျဖဴျဖဴကို လက္ဖဝါးႏုႏုနဲ႔ပြတ္သပ္ကာ jiminငုတ္နမ္းလိုက္သည္။ ထိုအခါ ေခါင္းေထာင္လာတဲ့သူမ...၊

" ဘာလုပ္တာလဲ? "

" နမ္းတာေလ..၊ မင္းလည္း ကိုယ့္ကိုအဲ့လိုနမ္းခဲ့တာပဲမလား။ "

" မွတ္မိေနခဲ့တာလား အဲ့ညကိုေလ "

" အင္း... အကုန္ေတာ့မဟုတ္ပါဘူး။ တစ္ခ်ိဳ႕တေလေပါ့။ "

ဂုတ္ပိုးကိုပြတ္သပ္ကာေျပာလာတဲ့jiminကို သူမတဖန္လ်စ္လ်ဴျပန္ရႉလိုက္သည္။ သူမ အခုထိစိတ္ေျပေသးတာမွ မဟုတ္ဘဲ....။ ‌ဂြမ္းကပ္ေစာင္ကိုပါဆြဲယူၿပီး ေခါင္းၿမီးၿခဳံလိုက္တဲ့သူမ။

Jiminအသံတိတ္ တစ္ခ်က္ရယ္မိသည္။ သူ႔ခ်စ္သူက လူႀကီးဆန္သလိုလိုနဲ႔ ကေလးေပါက္စေလး...။

ေစာင္လုံးေအာက္ကသူမတစ္ကိုယ္လုံးကို တင္းက်ပ္စြာသိမ္းက်ဳံးဖက္လိုက္သည္။ အသားယူလက္စနဲ႔တစ္ခါတည္း သူ႔ေျခေထာက္တစ္ဖက္ကိုပါ သူမေျခေပၚတင္ေလေတာ့ သူမထံကမေက်နပ္တဲ့အသံက တဆာဆာနဲ႔ထြက္လာသည္။

" စိတ္ဆိုးမေျပေသးဘူးလား ကိုယ့္ရဲ႕မင္းသမီးေလးက..။ ဟင္? "

ဘာမွမတုံ႔ျပန္လာခဲ့။

" မေျပေသးဘူးပဲ..."

" ဘာလို႔ သူမ်ားေ႐ြးေပးတဲ့မုန႔္ကိုမစားလဲ?။ ၿပီးေတာ့... သူက ဘာလို႔ရွင့္ပါးကိုနမ္းရတာလဲ? သြား... မေက်နပ္ဘူး။ "

ဒီတစ္ခါ‌ေတာ့ အသံထြက္သည္အထိ jiminရယ္မိၿပီ။ တစ္ကယ့္ ကေလးေလး!!

" ကိုယ္ေျပာျပမွာမို႔ ေစာင္ခနဖယ္ေပး "

" မဖယ္ဘူး!! "

ေျပာမရတဲ့အဆုံးJiminကပဲ ေစာင္လႊာကိုဖယ္ခ်ေလေတာ့ ျပဴထြက္လာတဲ့ သူမမ်က္ႏွာေလးဟာ ျဖဴလုံးေလး..။ အသည္းယားလို႔ ႏွာထိပ္ေလးကိုအသံျမည္ေအာင္နမ္းေလေတာ့ ျပန္ရလိုက္တာဟာ သူမရဲ႕မ်က္ေစာင္းလွလွ...။

သူမမ်က္ဝန္းေတြကို ေစ့ေစ့ၾကည့္ၿပီး အျဖစ္မွန္ေတြကို ေျပာျပဖို႔သူျပင္ေလသည္။

" သရက္သီးမုန႔္ကေလ.. saejungမစားခိုင္းလို႔မစားတာမဟုတ္ဘူးhaeunရဲ႕။ ကိုယ္က သရက္သီးအရသာကိုမႀကိဳက္တာ။ ငယ္ငယ္တည္းက သရက္သီးနဲ႔ပတ္သက္တာဆို ဘာမွမႀကိဳက္လို႔ပါ။ "

" ဪ... ကြၽန္မမွမသိဘဲ။ "

ေခါင္းငုတ္ကာခပ္တိုးတိုးေျပာေလေတာ့ သူမရဲ႕နဖူးေျပေျပေလးကို သူ႔ႏႈတ္ခမ္းနဲ႔တစ္ခ်က္ဖိကပ္လိုက္သည္။

" မသိလည္း အဆင္ေျပတယ္။ အခုသိသြားၿပီပဲ"

" ‌ဒါေပမဲ့ မေက်နပ္ေသးပါဘူး။ နမ္းတာကေကာ?? "

" ဒါကလား... ကိုယ္ဆိုးလ္ကိုတက္လာတုန္းက saejungက ၁၂ႏွစ္ေလာက္ပဲရွိဦးမွာ။ ဒီၾကားထဲ ကိုယ္ကဘူဆန္လဲမလာျဖစ္ဘူးေလ။ ဒါေၾကာင့္ အခုမွျပန္ေတြ႕ရေတာ့ ကိုယ့္ကိုငယ္ငယ္တုန္းကလို ဆက္ဆံေနတုန္းထင္ပါရဲ႕။ ေနာက္ဆို ဒါမ်ိဳးေတြမလုပ္ေတာ့ဖို႔ေျပာထားရမယ္။ "

" ဪ...
ဒါဆိုလည္း ရွင့္ကိုစိတ္ေကာက္စရာမရွိေတာ့ဘူးေပါ့။ "

" သဝန္တိုေနတာမလား... ကိုယ့္ကေလးက။ "

" ဟင္း.. ကေလးက ဘယ္သူလဲ? ရွင္ကသာ ကေလး။ "

" ကဲပါ... ဟုတ္ပါၿပီ... "

ေျပာစရာစကားေတြျပတ္ေတာက္သြားေတာ့လည္း ႏွစ္ေယာက္ၾကားကတိတ္ဆိတ္လွသည္။ အေနခက္သလိုျဖစ္ေနတဲ့ အစိမ္းသက္သက္ရင္ခုန္သံေတြက ဘာေၾကာင့္မ်ားလဲ...။

" Haeun..."

" ေျပာေလ.. jimin"

" ကိုယ္.. ကိုယ္ မင္းကို.."

တည္ၿငိမ္တဲ့Jiminရဲ႕နက္နဲတဲ့အၾကည့္စူးစူးေတြကို အဓိပၸာယ္မေဖာ္တတ္။ အက္ဝင္ကာတိုးညႇင္းသြားတဲ့ သူ႔စကားသံခပ္ရွရွေၾကာင့္ ေမႊးညႇင္းမ်ားပါေထာင္လာတဲ့အထိေပ။

" ဘာျဖစ္လို႔လဲ jimin..."

" ဘာမွ မဟုတ္ဘူး Haeun...။ "

သူမနဖူး‌ေႏြးေႏြးကို ေနာက္တစ္ႀကိမ္ခပ္ဖြဖြနမ္းလိုက္ျပန္ေတာ့ ရင္ခုန္သံေတြဟာျမန္သည္ထက္ျမန္လာခဲ့သည္။ ဆြဲေဆာင္မႈအားျပင္းလြန္းတဲ့ Haeunရဲ႕ျဖဴလႊလႊမ်က္ႏွာေလးကိုအနီးကပ္ျမင္လိုက္ရတဲ့ ထိုခနမွာ သူတစ္ကယ္ေသြးေျပာင္းျပန္စီးသြားတာပါလား....။ တစ္ခနတာအတြက္တည္တဲ့ စိတ္ဆႏၵတစ္ခုတည္းအတြက္နဲ႔ ခ်စ္ရသူရဲ႕ယုံၾကည္မႈကိုေတာ့အဆုံးရႈံးမခံႏိုင္။

" ကိုယ့္ သန႔္စင္ခန္းသြားဦးမယ္။ အိပ္ႏွင့္ေနာ္..!"

သူမရဲ႕ခြင့္ျပဳခ်က္ကိုရၿပီးတာနဲ႔ သန႔္စင္ခန္းဆီမေျပး႐ုံတမယ္ ဝင္သြားတဲ့Jiminကိုၾကည့္ၿပီး သူမနားမလည္ႏိုင္။

" Shiii... အဲ့ေလာက္ေတာင္ျဖစ္ေနတာလား park jiminေရ...!!"

သန႔္စင္ခန္းထဲတြင္.... ခပ္ျမန္ျမန္လႈပ္ရွားမႈနဲ႔အတူ ႀကိတ္မွိတ္ကာႀကဳံးဝါးမိတဲ့အသံကို သူတစ္ဦးတည္းသာၾကားႏိုင္သည္။ ကိစၥဝိစၥၿပီးေလေတာ့ သူ႔အနီးနားပတ္ပတ္လည္ကိုေရေဆးခ်ကာ သန႔္စင္လိုက္သည္။

သူ႔အျဖစ္သူေတြးမိကာ ရယ္ခ်င္မဆုံး။
မနက္ျဖန္အတြက္ ႀကိဳၿပီးရင္တုန္ပန္းတုန္ျဖစ္ကာ ၿဂိဳလ္ႂကြေနတဲ့ စိတ္ေတြပါလား...။

ဘာမွမျဖစ္သလိုဟန္နဲ႔ သန႔္စင္ခန္းထဲမွထြက္လာကာ အိပ္ေမာက်ေနၿပီျဖစ္တဲ့haeunနားကို ေျခသံလုံလုံႏွင့္သူေလွ်ာက္သြားသည္။ သူမလည္း ခရီးပန္းေလာက္ေရာေပါ့...!

ဘာမွမေႏွာင့္ယွက္ေတာ့ဘဲ သူမေနာက္ေက်ာကို သူ႔ရင္ခြင္က်ယ္ႀကီးထဲ တခုတ္တရသိမ္းက်ဳံးဖက္ကာ အိပ္စက္လိုက္ေတာ့သည္။

သူ႔ရင္ထဲက အေကာင္ေပါက္ဟာလည္း ေနာက္ေန႔ခါအတြက္ အိေျႏၵမဆည္ႏိုင္ေအာင္ကို ခုန္ေပါက္ေနရင္းေပါ့...။

~~<♡︎>~~

" ဒီေန႔ေကာ.. ရွင့္ saejungက ရွင့္အိမ္လာဦးမွာလား..!"

ကားထဲတြင္ ေမးလာတဲ့ေမးခြန္းက jiminကိုၿပဳံးေစသည္။ သူ႔ခ်စ္သူက ေကာက္ေတးေလး...။

" မေျပာတတ္ဘူး။ ၿပီးေတာ့.. ကိုယ့္saejungမဟုတ္ပါဘူး။ ကိုယ့္မွာ Kang haeunဆိုတဲ့ သရဲမေလးပဲရွိတာ။"

" သရဲမ မဟုတ္ပါဘူး။ ကြၽန္မက နတ္သမီးပါ။ "

" မဟုတ္တာ.. လူဆိုးမက အျငင္းသန္သားပဲ!! "

" Park Jimin!! "

" ဘာျဖစ္တုန္း Kang haeun!! "

" ဘာမွ မေျပာေတာ့ဘူး။ ရွင့္လို က်ပ္မျပည့္နဲ႔ဖက္ၿပီးရန္မျဖစ္ဘူး။ "

" ဘယ္သူက ဖက္ေနလို႔လဲ။ "

လက္ေလွ်ာ့ကာ ကားမွန္တစ္ဖက္ျခမ္းသို႔လွည့္သြားတဲ့haeunကိုၾကည့္ၿပီး jiminရယ္ခ်င္စိတ္ကိုမနည္းၿမိဳသိပ္ထားရတာ ပင္ပမ္း၏။ Haeunကိုစိတ္တိုေအာင္စရတာေလာက္ ေပ်ာ္ဖို႔ေကာင္းတာရွိမယ္မထင္။

အခုက ဒီေန႔အတြက္Haeunဝတ္ဖို႔ရာဝတ္စုံဝယ္ၿပီး အျပန္တြင္ျဖစ္သည္။ Haeunမွ ဆိုးလ္ကေနအဝတ္အစားေတြမယူလာခဲ့ရတာပဲ။ အျဖဴေရာင္မီနီစကတ္ေလးနဲ႔အတူ ဇာပါးအစအျဖဴေလးနဲ႔shoulder offတစ္ထည္ကို jiminကိုယ္တိုင္က လိုလိုလာလားဆင္ေပးလို႔သာ သူမ,ဝတ္ရျခင္းျဖစ္သည္။ သူမအတြက္ သက္ေသာင့္သက္သာေတာ့ရွိမေန။

Jiminမိဘ‌အိမ္ကိုသြားမယ္လို႔ထင္ေနတဲ့haeunကို ဘာမွမေျဖရွင္းပဲ တစ္ေနရာသို႔ သူတိတ္တိတ္ေလးေခၚသြားခဲ့သည္။ လမ္းတည္ေနရာေတြမသိတဲ့ သူမက ဘာမွမေျပာဘဲပါလာရင္းသာ...။

တေ႐ြ႕ေ႐ြ႕ေမာင္းႏွင္လာတဲ့အငွားယဥ္ဟာ ေနာက္ဆုံးေတာ့ ဦးတည္ရာကိုေရာက္လာခဲ့ၿပီ။ အမွန္ဆို ဘူဆန္ကိုလာရတဲ့ အေၾကာင္းရင္းက သက္သက္ရွိေနသည္။ သူ႔ေမြးရပ္ေျမမွာပဲ လုပ္ခ်င္တဲ့အရာမ်ိဳး...!

ဘာေတြျဖစ္ေနမွန္းမသိတဲ့သူမဟာ တဝိုးတဝါးနဲ႔ေယာင္နနျဖစ္ေနသည္။ သူမလက္ကိုကိုင္ဆြဲရင္းဝင္သြားသည့္ေနရာက... ခန္းမတစ္ခု...။

ဗလာနတၳိခန္းမႀကီးမွာ လူတစ္ဦးတစ္ေယာက္မွမရွိေန...။

" Jimin... ဒီေနရာကိုဘာလို႔လဲဟင္ ။ "

" ကိုယ့္လက္ကိုတြဲၿပီး ကိုယ္ေခၚတဲ့ေနရာကို ယုံယုံၾကည္ၾကည္နဲ႔လိုက္ခဲ့မယ္မလား Haeun..."

နက္နဲတဲ့မ်က္ဝန္းေတြနဲ႔ေျပာလာတဲ့သူ႔ကို သူမေခါင္းညိတ္ျပလိုက္သည္။ ယုံၾကည္ရတဲ့ တစ္ဦးတည္းေသာခ်စ္ရသူမို႔...။

တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ကာ ခန္းမထိပ္ဆီအထိေလွ်ာက္သြားခဲ့ၾကသည္။

ဒီေန႔ကစၿပီး... ေလာကဓံက သာသည္ျဖစ္ေစ ၊ နာသည္ျဖစ္ေစ ေအးအတူ၊ပူအမွ်ရွိသြားၾကမဲ့ ကိုယ္တို႔ႏွစ္ေယာက္ဟာ ေနမေကာင္းလည္း နာက်င္တဲ့ဒဏ္ကိုအတူခံစားၾကမယ္...။ ေပ်ာ္႐ႊင္စရာရွိလည္း အၿပဳံးေတြကိုမွ်ေဝၾကမယ္။ ကိုယ္တိုင္တည္မယ့္ မိသားစုကမာၻေလးအတြက္ ကိုယ္ကခိုင္မာတဲ့ၿခံစည္း႐ိုးတံတိုင္းႀကီးျဖစ္ေပးမွာမို႔ မင္းကေႏြးေထြးတဲ့အိမ္ကေလးျဖစ္ေပး... အိမ့္ဆည္းလည္းေလးေတြ ညံေနတဲ့ဘဝေလးကို အတူပိုင္ဆိုင္ၾကမယ္ ..။ ေသသည္အထိ မေဖာက္ျပားေသာခ်စ္ျခင္းေတြနဲ႔ ႐ိုးေျမက်ေပါင္းသင္းပါ့မယ္ ကိုယ့္သတို႔သမီးေလး Kang Haeun...!

အရမ္းခ်စ္ရတဲ့ ဒီလူသားကို တစ္ခါေလာက္ပိုင္ဆိုင္ခြင့္ရဖူးရင္ပဲ ေက်နပ္လွပါၿပီ ဖန္ဆင္းရွင္။ ကြၽန္မ မေပ်ာက္ကြယ္ခင္အခ်ိန္ေလးအတြင္း ဒီလူသားအတြက္ ကြၽန္မရဲ႕အရာရာကိုေပးခြင့္ရရင္ ေသေပ်ာ္ပါၿပီ။ အတူေနခြင့္မရွိေတာ့ရင္ေတာင္ ဒီႏွလုံးသားက ထာဝရရွင့္အပိုင္ပါ.. ကြၽန္မရဲ႕ သတို႔သား Park Jimin!

မတူညီတဲ့ခံစားခ်က္ေတြနဲ႔ ကတိသစၥာျပဳၿပီးေနာက္ အျပန္အလွန္လဲဝတ္ခဲ့ၾကတဲ့ လက္ထပ္လက္စြပ္ေလးႏွစ္ကြင္း...။ Haeunေသခ်ာၾကည့္မိေတာ့ ဒါ ဟိုတေလာက jiminဖုန္းထဲမွာေတြ႕ခဲ့ရတဲ့ စုံတြဲလက္စြပ္ေလးပဲ...။ ႐ိုးရွင္းတဲ့ပုံစံေလးက သူမအႀကိဳက္ျဖစ္ေနတာမို႔ သူမအခုထိမွတ္မိေနျခင္းေပ။

[ My Note - ဖုန္းထဲကလက္စြပ္ပုံဆိုတာက Episode 16မွာပါတဲ့အခန္းေလးပါ။ ]

ထပ္တူက်သြားတဲ့ႏႈတ္ခမ္းပါးႏွစ္လႊာက ခ်စ္ျခင္းတရားေတြအျပည့္ႏွင့္။

" ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ဘဝေတြက အခုဆို တစ္ထပ္တည္းက်သြားၿပီ။ "

အေပ်ာ္လြန္ၿပီးေျပာ‌ေနတဲ့ သူ႔မ်က္ဝန္းေတြဟာ ေပ်ာ္လြန္းလို႔ပင္ ပုလဲဥေတြတြဲခိုေနသည္။ ဒါကို သူမခပ္ဖြဖြသုတ္ေပးေလေတာ့ သူမ့လက္ဖဝါးကိုနမ္းလာတဲ့jimin...။

" အိမ္ျပန္ၾကရေအာင္လား jimin..."

" အင္း... ျပန္ၾကမယ္ Haeun..."

ေစာနကအနမ္းေၾကာင့္... လက္ေကာက္ဝတ္ေပၚက အနီစက္ေလးတစ္စက္ထပ္ေပ်ာက္သြားျပန္တာ သူမ,သိသည္။ အခုဆို ႏွစ္ဆက္သာလွ်င္က်န္ေတာ့သည္။ အဲ့ေနာက္ပိုင္း ဘာေတြျဖစ္လာမယ္ဆိုတာ သူမ,မသိႏိုင္တာမို႔ ရတဲ့အခ်ိန္ေလးမွာ သူကိုအျပည့္အဝခ်စ္ခ်င္သည္။ မနက္ျဖန္ဆိုတာ မေသခ်ာေတာ့ဘူး...!

~~<♡︎>~~

ေရခ်ိဳးၿပီးတာေတာင္ ပူရွရွျဖစ္‌ေနဆဲခႏၶာကိုယ္ဟာ အခန္းတြင္းကအပူေပးစက္ေၾကာင့္လားဆိုတာ မသဲကြဲေတာ့! ကုတင္တစ္ဖက္စီတြင္ထိုင္ကာ တစ္ခုခုေျပာရန္ကိုပင္ အေနခက္ေနၾကတဲ့ သူတို႔ႏွစ္ဦးဟာ.. တစ္ေယာက္နဲ႔တစ္ေယာက္ အခုထိ စကားမေျပာျဖစ္ေသး။

" ေရသြားခ်ိဳးေလ jimin"

Jiminကို အခန္းျပင္ ပ,ထုတ္ရန္ျပင္ေနတဲ့ သူမရဲ႕အႀကံကို jiminရိပ္မိပါသည္။

" ကိုယ္ ခ်ိဳးၿပီးၿပီေလ..."

" အာ.. ဟုတ္သား..."

ေျပာကာဆိုကာ သူမ,ထိုင္ေနတဲ့ကုတင္တစ္ဖက္ျခမ္းကို ေရာက္လာတဲ့jimin...။

" Haeun..."

" ဟင္..."

" ဒီကိုလာပါဦး "

ထိုသို႔ဆိုၿပီး သူမကိုယ္ေလးကို‌ တင္မွတဆင့္ေစြ႕ကနဲခ်ီမကာ သူ႔ေပါင္ေပၚတင္သို႔လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္အေနအထားမွာ ျမင္ေနရတာဟာ အရမ္းဆြဲေဆာင္မႈရွိတဲ့သူမမ်က္ႏွာ‌ေလး။ သူမရဲ႕ညႇိဳ႕အားျပင္းတဲ့တစ္ဖက္ျခမ္းကိုျမင္တိုင္း ထိန္းမရစြာျပင္းျပလာတဲ့ သူ႔ဆႏၵေတြကို ဒီအခ်ိန္မွာေတာ့ ထိန္းခ်ဳပ္‌ေနဖို႔မလိုေတာ့ဘူးပဲ..။

မ်က္စိေရွ႕ဝဲက်ေနတဲ့ဆံႏြယ္ေတြကို နားေနာက္သို႔ပို႔လိုက္ေတာ့ ေပၚလာတဲ့ပါးျပင္ႏုႏုကို ညႇင္သာစြာနမ္းမိသည္။ ခ်ဳပ္တည္းမႏိုင္ေတာ့တဲ့ဆႏၵေၾကာင့္ သူမႏႈတ္ခမ္းကို ခ်က္ခ်င္းပင္ဆြဲငုံကာ... ျပင္းရွတဲ့အနမ္းေတြဆီဦးတည္သည္။ အနမ္းေတြဟာ ေမးဖ်ားမွတစ္ဆင့္ လည္တိုင္ဆီဦးတည္ေတာ့ ျဖစ္ေပၚလာတဲ့ခံစားခ်က္အတိုင္း လည္တိုင္ႏုႏုကို တရစ္ရစ္ကိုက္ေခ်မိသည္။

လက္တစ္ဖက္က သူမေပါင္ျပင္ကိုပြတ္သပ္ေနမိၿပီး ေနာက္လက္တစ္ဖက္ကသူမရဲ႕အက်ႌၾကယ္သီး တစ္လုံးစ ၊ ႏွစ္လုံး‌စေလာက္ကိုျဖဳတ္လိုက္ေတာ့ ေပၚလာတဲ့ ျဖဴေဖြး‌ေဖြးရင္ဘတ္ဟာ သူ႔အားေသြးတိုးစမ္းေနသေယာင္! ႏွစ္သက္စြာ တတိတိ ကိုက္ခဲလိုက္သည္။ တယ္လည္း ယစ္မူးစရာပဲ...!

Jiminဆံႏြယ္ေတြၾကားတိုးဝင္ကာ ေဆာ့ကစားလာတဲ့ သူမလက္ေခ်ာင္းေလးေတြ...။ စည္းခ်က္မက်တဲ့အသက္ရႉသံေတြနဲ႔အတူ ပုံမွန္မဟုတ္တဲ့အသံညႇင္းညႇင္းတခ်ိဳ႕ သူမထံကထြက္လာမွ jiminအသိျပန္ဝင္ကာ... သူမမ်က္ဝန္းေတြကို ေစ့ေစ့ၾကည့္ရင္း စိတ္မတင္းထားဖို႔အသိေပးမိသည္။

" Haeun... ဘာမွ စိတ္မပူနဲ႔ေနာ္။ ကိုယ့္ကိုသာယုံၿပီးလိုက္ခဲ့ ၊ အဆင္ေျပသြားလိမ့္မယ္။ "

" အင္း..."

သူမမ်က္ႏွာသာ မက္မြန္သီးလိုရဲေနၿပီ။ Jiminအခ်ိန္မဆြဲခ်င္ေတာ့။ ခ်က္ခ်င္း အေကာင္အထည္ေဖာ္လိုက္တဲ့စိတ္ဆႏၵေတြဟာ သူမအတြက္ေတာ့စိမ္းသက္သက္နဲ႔။

" ခ်စ္တယ္.. Haeun ah..."

ေအာင့္သက္သက္နဲ႔ ထူးဆန္းတဲ့ခံစားခ်က္ေတြၾကား အသံေတာင္ရဲရဲမထြက္တတ္ေပမဲ့ Jiminထံက တဖြဖြေျပာလာတတ္တဲ့ခ်စ္တယ္ဆိုတဲ့စကားနဲ႔တင္ သူမ,ေျဖဆည္ရသည္။ တင္းက်ပ္တဲ့တိုးဝင္မႈတိုင္းကို သူ႔ေက်ာျပင္ႀကီးအားကုပ္တြယ္ရင္းသာ အံတုမိသည္...။

" အ့.. jimin ah~~'

Haeunရဲ႕နဖူးစမွေျခဖ်ားအထိ ခတ္ႏွိပ္မိတဲ့တံဆိပ္တစ္ခုခ်င္းဆီဟာ... သူမက Park Jiminအပိုင္ဆိုတာ ေဖာ္ျပေနသေယာင္...! ေဖြးဖက္အုညက္ေနတဲ့အသားစိုင္ေတြေပၚက ခရမ္းပုတ္ေရာင္တံဆိပ္ခ်က္ေတြဟာ ဆြဲေဆာင္မႈ ရွိလိုက္ေလျခင္း။ စိုထိုင္းေနတဲ့ထိုခရမ္းေရာင္အမွတ္ေတြအေပၚ ထပ္ခါတလဲလဲ အနမ္းေႁခြမိသည္။

အခ်ိန္တစ္ခုအေရာက္.. နာက်င္မႈေတြပေပ်ာက္ရင္း... ခ်စ္ႀကိဳးအလီလီသြယ္ခဲ့ၾကတဲ့ ထိုညေလးက သူတို႔ႏွစ္ေယာက္အတြက္ အၿမဲအမွတ္ရေနေတာ့မွာ ပကတိေပ!!

~~<♡︎>~~

မနက္မိုးလင္းခ်ိန္... Jiminထက္အရင္ႏိုးေနတဲ့ haeun...။ ၾကမ္းျပင္ေပၚျပန႔္က်ဲေနတဲ့အဝတ္အစားေတြကို လွမ္းယူဖို႔အထိ သူမမွာအားမရွိေနတာမို႔..၊ ကုတင္ေခါင္းရင္းကေဘာင္ေပၚမွာ ညတည္းက jiminႀကိဳၿပီးတင္ထားေပးတဲ့bathrobeကိုယူကာ ခပ္ေျပေျပေလးဝတ္လိုက္သည္။

ေခါင္းအုံးျဖဴျဖဴ ၊ ေစာင္လုံးျဖဴျဖဴၾကား အိပ္ေမာက်ေနတဲ့ အျဖဴရိပ္ေလးကို သူမၾကည့္လို႔မဝ..။ ေျဖာင့္စင္းကာတန္းေနတဲ့ Jiminရဲ႕မ်က္ခုံးတန္းကို သူမလက္မနဲ႔ဖိပြတ္ဆြဲလိုက္သည္။ မွိတ္စင္းေနတဲ့မ်က္ခြံမို႔မို႔ကို ႏႈတ္ခမ္းနဲ႔ဖိကပ္ကာနမ္းရႈပ္ေလေတာ့ လူးလူးလြန႔္လြန႔္ျဖစ္လာတဲ့Jimin...။ ဒါေတာင္ မႏိုးေသး။

" ေနာက္ဆုံး တစ္စက္တည္းက်န္ေတာ့တာပဲ...! "

လက္ေကာက္ဝတ္ကိုၾကည့္ၿပီး ရင္နာနာနဲ႔သူမ,တီးတိုးမိသည္။

" ဘယ္လိုလုပ္ၾကမလဲ...။ ကြၽန္မက ရွင့္အနားကထြက္သြားရေတာ့မွာပဲ။ အဆုံးရႈံးမခံရဲေအာင္ကိုခ်စ္တယ္ ရွင္ရယ္..."

က်မလာေတာ့တဲ့မ်က္ရည္ေတြဟာ ကုန္ခမ္းသြား၍မဟုတ္..! မ်က္ရည္မက်ႏိုင္ေတာ့တဲ့အထိ သူမပင္ပမ္းေနၿပီ။

Jiminရဲ႕နဖူးျပင္ေပၚက သူမအရမ္းျမတ္ႏိုးရတဲ့မွဲ႔‌နက္ေလးကို အသာယာဖိကပ္နမ္းလိုက္သည္။ ကုတင္ေပၚကေနေျခခ်ေလေတာ့ ဝမ္းဗိုက္ေအာက္ဖက္က စိမ္းသက္ေနတဲ့နာက်င္မႈတစ္ခ်ိဳ႕က သူမကိုထိုးႏွက္ေနသည္။ ဒါကို အံတုကာ.. ေျဖးေျဖးဆီထရင္း ေရခ်ိဳးခန္းဆီဦးတည္သြားလိုက္သည္။

ျဖည္းျဖည္းဆီ တလႈပ္လႈပ္နဲ႔ပဲ ေရမိုးခ်ိဳးသန္႔စင္အၿပီးတြင္ မေန႔ကjiminဝယ္ထားေပးတဲ့ အျပာႏုေရာင္ဂါဝန္တိုေလးကိုဝတ္လိုက္သည္။ ဘာမွ မျပင္ဆင္မျခယ္သထားတဲ့ သူမ့အလွဟာ သဘာဝအတိုင္းကိုလွလြန္းသည္။

မွန္တင္ခုံေရွ႕ထိုင္ၿပီး စာ႐ြက္တစ္႐ြက္ကိုင္ကာ တကုပ္ကုပ္နဲ႔အလုပ္ရႈပ္ေနတဲ့သူမ...။

" Haeun~~"

" ဪ..!! "

႐ုတ္တရက္မို႔ လန႔္သြားသည္...၊ ဒါေၾကာင့္မို႔ စာ႐ြက္ကို‌ စာအုပ္ၾကားထဲညႇပ္ကာ အျမန္ဖြက္လိုက္ရသည္။

" ႏိုးၿပီလား..."

" အင္း... ဘယ္လိုေနေသးလဲ Haeun..? တစ္ခုခုကနာေနတာမ်ိဳး မရွိဘူးလား။ ဗိုက္ေတြဘာေတြေအာင့္တာေကာ ရွိလား??"

" ဟင့္အင္း!! မ...မရွိဘူး!
ဒါကို ဒီလိုႀကီးေမးရလား!!"

" ရွက္ေနတာပဲ ကိုယ့္မိန္းမက။ ကိုယ္တို႔ၾကားမွာ ရွက္စရာရွိေသးလို႔လား။ "

" Jimin...! ေတာ္ၿပီ.. ေရသြားခ်ိဳး။ ဒီေန႔ ေလွ်ာက္လည္ရေအာင္။ "

" သေဘာရွိ! "

Jiminဟာ ကုတင္ေပၚကေန ဇြတ္တ႐ြတ္တုံးတိႀကီးထလာလို႔လဲ သူမမွာမ်က္ႏွာလႊဲခဲ့ရေသးသည္။ တစ္ကယ္ ေျပာမႏိုင္...။

အခုတစ္ခုအၾကာအထိ ဆိုဖာေပၚမွာ မင္ေသေသနဲ႔ထိုင္ေစာင့္ေနမိသည္။ ထို႔ေနာက္မွာေတာ့ အဆင္သင့္ျဖစ္လို႔ထြက္လာၿပီျဖစ္တဲ့ jiminရဲ႕လက္ကိုတြဲကာ... ပန္းၿခံတစ္ခုကို ေခၚသြားေပးဖို႔ေတာင္းဆိုမိသည္။

တစ္လမ္းလုံး ၿငိမ္ေနတဲ့သူမကို Jiminစိတ္မခ်...။ ပန္းၿခံဝန္းထဲအေရာက္တြင္ လူေျခတိတ္တဲ့အပိုင္းမွာသာ သူတို႔လမ္းေလွ်ာက္ခဲ့ၾကသည္။

" ေနမေကာင္းဘူးလား haeun..."

" ေကာင္းပါတယ္။ ဒီတိုင္း ႏုံးေနတာ ေနမွာပါ။ "

" ဟုတ္လား... ကိုယ္ေၾကာင့္ထင္တယ္။ကိုယ့္မိန္းမေလးကို ေနထိုင္မေကာင္းျဖစ္ေအာင္ လုပ္မိတာ ေတာင္းပန္ပါတယ္။ ‌အျမန္သက္သာသြားရင္ ေကာင္းမွာပဲ။ "

လမ္းေလွ်ာက္ေနရင္းမွ သူမကိုတစ္ဝတခဲေထြးဖက္ကာေျပာလာတဲ့ jimin...။

" Jimin... တစ္ကယ္လို႔.... တစ္ကယ္လို႔မ်ား ကြၽန္မသာ႐ုတ္တရက္ေပ်ာက္ကြယ္သြားရင္ ၊ ကြၽန္မကိုေစာင့္မေနဘဲ အခ်စ္သစ္ကိုရွာလိုက္ပါေနာ္။ "

" မၾကားခဲ့ဘူးလို႔ သတ္မွတ္လိုက္မယ္။ "

ထူးဆန္းတဲ့စကားေၾကာင့္ မၿပဳံး႐ႊင္ႏိုင္ေတာ့တဲ့ သူ႔မ်က္ႏွာဟာတည္ဆိတ္သြားသည္။ အခ်ိန္တစ္ခနအထိ... စကား‌စေျပာဖို႔ကို အားယူေနရသလိုပင္...။

" တစ္ကယ္ပဲ ဘာလို႔အဲ့လိုေတြေတြးေနတာလဲ..! ဘယ္သူမွ မေပ်ာက္ကြယ္ဘူး။ ကိုယ္တို႔ေတြ တစ္သက္လုံးအတူရွိေနမွာ။ "

႐ုတ္တရက္... ေျပာကာဆိုတာ သူမကိုတင္းက်ပ္စြာ ‌ေစြ႕ကနဲဖက္ရင္းေျပာလာတဲ့သူ႔အသံေတြဟာ တုန္ရီေနခဲ့သည္။ သူ႔ေက်ာျပင္က်ယ္အား haeunလက္ကေလးနဲ႔ အသာအယာပြတ္သပ္ေပးေနမိတာဟာ... သူ႔အား အနည္းငယ္ေလာက္ျဖစ္ျဖစ္ စိတ္သက္သာရာရေစရန္ ေမွ်ာ္လင့္ရင္း...။

" ကြၽန္မတို႔ တစ္ခုခုကစားၾကမလား...။ တူတူပုန္းတမ္းလိုမ်ိဳးေလ။ "

႐ုတ္ခ်ည္းေျပာလာတဲ့ သူမရဲ႕စကားေၾကာင့္ jiminမွာရယ္ရခက္ ငိုရခက္ႏွင့္။

" ကေလးလား...?"

" မေဆာ့ဘူးလား ဒါဆို။ ဒီက ေဆာ့ခ်င္‌လို႔ေမးေနတဲ့ဟာ။ "

" ေဆာ့ပါ့မယ္လို႔ ကေလးမရဲ႕။ "

" ဟီး... ကြၽန္မက ပုန္းမယ္။ ရွင္ကရွာ..!
ဪ.. ဒါနဲ႔..."

* ႁပြတ္စ္*

Jiminႏႈတ္ခမ္းလုံးလုံးေလးကိုနမ္း႐ုံမွ်နမ္းလိုက္ေတာ့ ေက်နပ္သြားတဲ့အရိပ္‌ေရာင္က သူ႔မ်က္ႏွာမွာ အထင္းသား။

ေနာက္ဆုံးအစက္တစ္ခုပါေပ်ာက္ကြယ္ရင္း အခုေတာ့ တစ္ကယ္ကုန္သြားၿပီပဲ...!

" ကဲ စၿပီေနာ္ ။ ကြၽန္မအသံေပးမွ စရွာ။ "

မ်က္လုံးစုံမွိတ္ထားတဲ့သူ႔ကို တစိမ့္စိမ့္ၾကည့္ကာ... ေျခတစ္လွမ္းဆီေနာက္ဆုတ္သြားတဲ့သူမ...။ တေျမ့ေျမ့တိုက္စားသြားတဲ့ ႏွလုံးသားရဲ႕ခံႏိုင္ရည္က အားနည္းေနၿပီ။ တစ္ကယ္မခြဲခ်င္တာအမွန္....။

ျဖစ္ႏိုင္ရင္.. အခုေနပဲျဖစ္ျဖစ္ Jiminရင္ခြင္ထဲေျပးဝင္ကာ 'ဖြက္ထားေပးပါ' ဆိုၿပီး ေတာင္းဆိုမိမွာ! မျဖစ္ႏိုင္!! ဒါက ပိုၿပီး နာက်င္သြားရမွာ သူမ,သိသည္။

တစ္ထစ္ခ်င္းစီ ေနာက္ဆုတ္သြားတဲ့ သူမရဲ႕ေျခလွမ္းေတြဟာ တျဖည္းျဖည္းစိမ့္လာၿပီ။ တစ္လွမ္းဆုတ္တိုင္း တစ္ခ်က္နာက်င္ရတဲ့ႏွလုံးသားဟာ သူနဲ႔မခြဲႏိုင္တဲ့စိတ္ဆႏၵေတြကို ပို၍လႈံ႕ေဆာ္ေပးေနသည္။

သူနဲ႔ ခပ္လွမ္းလွမ္းတစ္ေနရာအေရာက္တြင္ သူမေျခလွမ္းမ်ားရပ္တန္႔လိုက္သည္။

လက္ေကာက္ဝတ္ေပၚကိုၾကည့္မိခ်ိန္ Kang Haeunဆိုတဲ့ တက္တူးေဘးက ဗလာက်င္းေနတဲ့ေနရာလပ္ကိုၾကည့္ၿပီး .. သူမ ခံစားခ်က္မဲ့စြာရယ္မိသည္။

" အရာအားလုံး တစ္ကယ္ၿပီးသြားၿပီပဲ...။ ဒီအေတာတြင္း တကယ္ေပ်ာ္ခဲ့ရပါတယ္ jimin...။ အရမ္းခ်စ္တယ္...။ "

ေပါက္ကနဲ စီးက်လာတဲ့မ်က္ရည္စကို သူမဆြဲပြတ္သုတ္လိုက္သည္။

" လိုက္လို႔ရၿပီ!!! "

မ်က္စိေရွ႕က Jiminကို သူမ,ေအာ္ေျပာလိုက္သည္။ မွိတ္ထားတဲ့မ်က္ခြံလႊာကိုဖြင့္ခ်ကာ သူမ,ရွိရာကိုရွာေနခဲ့တဲ့သူ...။

" ဝါး... တကယ္ အပုန္းေကာင္းတာပဲ။ ရွာေတြ႕မွ တဝႀကီးဖက္နမ္းပစ္မယ္ ၾကည့္ေန! "

သူသိႏိုင္မလား... ဒီစကားေတြကို နားေထာင္ေပးမဲ့တစ္စုံတေယာက္က ေလာကႀကီးမွာရွိ‌မေနေတာ့ဘူးဆိုတာ..။

အျဖစ္မွန္ေတြကိုမသိေသးတဲ့jiminတစ္ေယာက္ သူမကိုရွာၿမဲရွာဆဲ...။ Jiminက အပုန္းေကာင္းတယ္လို႔ထင္ေနခဲ့တဲ့ သူမဟာ တစ္ကယ္ေတာ့ ရွာမေတြ႕ႏိုင္ေအာင္ကိုေပ်ာက္ကြယ္သြားခဲ့ၿပီပဲ...။

" Haeun..."

ခုန Jiminရပ္ေနတဲ့ေနရာရဲ႕ ခပ္လွမ္းလွမ္းတစ္ေနရာမွာ ျမင္လိုက္‌ရတဲ့အရာက သူ႔အားတုန႔္ကနဲရပ္တန႔္ေစသည္။

လက္ထပ္လက္စြပ္...? ဒါ Haeunရဲ႕ဟာပဲ။ ဒါက ဘာလို႔ေျမျပင္ေပၚက်ေနတာလဲ..!

မဟုတ္မွ...!!?

မျဖစ္ႏိုင္ ဆိုတဲ့ေမွ်ာ္လင့္ခ်က္ေသးေသးေလးနဲ႔တင္ ထိုလက္စြပ္နားကိုေျပးသြားမိတာ အ႐ူးတစ္ပိုင္းလို..။ လက္စြပ္ေဘးမွာ စာ႐ြက္ေလးတစ္႐ြက္...။ ေကာက္ကိုင္လိုက္ကာ စာ႐ြက္ထဲသီကုံးထားတဲ့စာတိုေလးရဲ႕တစ္ေၾကာင္းစီကို တုန္လႈပ္စြာဖတ္မိသည္။

ေနာက္ဆုံးစာေၾကာင္းေလးအဆုံး... အသက္မဲ့သလိုျဖစ္သြားတဲ့ ဒီခႏၶာဟာ တစ္ကယ္ပဲ ေသြးပ်က္ေနၿပီ....။ မယုံႏိုင္ေသး...။

အထီးက်န္စြာတည္ေနတဲ့ ေျမျပင္ေပၚကလက္စြပ္ေလးကို ေကာက္ယူလိုက္တဲ့ jimin...။ သူ႔လက္သန္းႂကြယ္ေပၚက လက္စြပ္ေလးကေတာင္ ငိုေနၿပီ...။ ‌ဆုပ္ကိုင္ေပမဲ့ လက္တစ္စုံကေပ်ာက္ကြယ္သြားၿပီမို႔..!

" ျပန္..ျပန္လာေပးပါ Haeun...။ ထြက္မသြားပါနဲ႔...! "

" ဘာလို႔လဲ..! ဘာလို႔ သူ႔ကိုေခၚသြားရတာလဲ။ ဘာလို႔လဲ!! "

"ကြၽန္ေတာ့္ခ်စ္ရသူကို ျပန္ေပးပါ...haeunကို ကြၽန္ေတာ့္ဆီျပန္ေပးပါ ဖန္ဆင္းရွင္!! ေက်းဇူးျပဳၿပီး haeunေလးကိုေခၚမသြားပါနဲ႔~~ေက်းဇူျပဳၿပီး...သူမ မရွိရင္ ကြၽန္ေတာ့္ဘဝႀကီးအသက္မဲ့သြားလိမ့္မယ္!!!" ကျွန်တော့်ချစ်ရသူကို ပြန်ပေးပါ...haeunကို ကျွန်တော့်ဆီပြန်ပေးပါ ဖန်ဆင်းရှင်!! ကျေးဇူးပြုပြီး haeunလေးကိုခေါ်မသွားပါနဲ့~~ကျေးဇူပြုပြီး...သူမ မရှိရင် ကျွန်တော့်ဘဝကြီးအသက်မဲ့သွားလိမ့်မယ်!!!"

ေဒါသတႀကီး ညည္းတြားေနတဲ့ အျပစ္တင္သံေတြအတြက္ ေျဖဆည္ေပးမဲ့သူမဟာ ရွိမေန...!

တစ္ကယ္ အဓိပၸာယ္မဲ့တဲ့မနက္ျဖန္ဆိုတာ အခုမွ လက္ေတြ႕ႀကဳံဖူးၿပီမို႔!

ကံမပါလို႔ ခြဲရတယ္...? ရယ္ရလိုက္တာ...။ သူမ,မရွိတဲ့ အက်ည္းတန္‌ေသာဘဝႀကီးက ေျခာက္ျခားစရာေကာင္းတာအမွန္!!

ကိုယ္တို႔ေတြရဲ႕ ကတိစကားကိုမွတ္မိေသးမလား...၊ ေလာကဒံက သာသည္ျဖစ္ေစ ၊ နာသည္ျဖစ္ေစ အတူေဝမွ်ပါမယ္ဆိုၿပီးေလ....။

ဒါေၾကာင့္...

တစ္ေန႔ေတာ့ မင္းေနာက္ကို ကိုယ္လဲလိုက္ခဲ့မယ္ Haeun...။ အဲ့ေန႔က သိပ္မၾကာေတာ့ပါဘူး။

" " ☘︎ အာေညာ္! ဟဟ...!
ရွင္ ဒီစာကိုဖတ္ေနတဲ့အခ်ိန္ ကြၽန္မကထာဝရေပ်ာက္ကြယ္သြားေလာက္ၿပီမလို႔ ရွင့္ေဘးနားမွာရွိမေနေတာ့ဘူးထင္တယ္။ ကြၽန္မကို ေစာင့္မေနပါနဲ႔ေတာ့။ ရွင့္အနားမွာ ထာဝရအတြက္ဆိုးတူ၊ေကာင္းတူေနေပးႏိုင္မဲ့ ပါတနာနဲ႔ေတြ႕ၿပီး ရွင္အၿမဲလိုခ်င္ခဲ့တဲ့ မိသားစုဘဝကိုတည္ေထာင္ပါ..!
အရမ္းခ်စ္တယ္ ကြၽန္မရဲ႕ Park Jimin.. ☘︎ " "

သင္သိလား...? တစ္ခ်ိဳ႕ လွပလြန္းတဲ့ အခ်စ္ဇာတ္လမ္းေတြကို ဝမ္းနည္းစရာဇာတ္သိမ္းေတြက အလွပိုတိုးေစတတ္တယ္တဲ့...။ ေနာက္ထပ္မရႏိုင္ေတာ့တဲ့အမွတ္တရေတြကို ျပန္ေတြးမိတိုင္း တျခားအရာေတြထက္ ပိုလွပၿပီးတန္ဖိုးရွိေနတာမ်ိဳးေပါ့...။

~~~<♥︎>~~~

SE? HE?
Stay tuned!

This is not final episode!

To be continued~~~

March 21,2021
Sunday

Continue Reading

You'll Also Like

1.2M 63.9K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
3.3K 379 7
December แ€€ แ€™แ€„แ€นแ€ธแ€กแ€แ€ผแ€€แ€น แ€˜แ€ฌแ€ฑแ€แ€ผแ€™แ€บแ€ฌแ€ธ แ€šแ€ฐแ€ฑแ€†แ€ฌแ€„แ€นแ€œแ€ฌแ€œแ€ญแ€™แ€นแ€ทแ€™แ€œแ€ฒ ? December แ€€ แ€™แ€„แ€บแ€ธแ€กแ€แ€ฝแ€€แ€บ แ€˜แ€ฌแ€แ€ฝแ€ฑแ€™แ€ปแ€ฌแ€ธ แ€šแ€ฐแ€†แ€ฑแ€ฌแ€„แ€บแ€œแ€ฌแ€œแ€ญแ€™แ€ทแ€บแ€™แ€œแ€ฒ ? Kim Tae Hyung x OC Both Zawgyi and Unicode avai...
14.2K 1.2K 10
BTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Taehyung, Jin, Hoseok, Rap Monster ...
5.3K 361 6
Club แ€™แ€พแ€ฌ แ€™แ€ฐแ€ธแ€•แ€ผแ€ฎแ€ธแ€แ€…แ€บแ€Šแ€แ€ฌแ€€แ€ฏแ€”แ€บแ€†แ€ฏแ€ถแ€ธแ€แ€ฒแ€ทแ€žแ€ฐแ€€......แ‹ Club แ€™แ€ฝแ€ฌ แ€™แ€ฐแ€ธแฟแ€•แ€ฎแ€ธแ€แ€…แ€นแ€Šแ€แ€ฌแ€€แ€ฏแ€”แ€นแ€†แ€ฏแ€ถแ€ธแ€แ€ฒแ€ทแ€žแ€ฐแ€€......แ‹ Taehyung ร— OC (short story)