Jin ပြင်ပေးထါးတဲ့ နေ့လည်စာကို အားရပါးရ စားနေတဲ့ Jk ကို Jin ထိုင်ကြည့်နေမိသည်
တကယ်တော့ Jin က သူချက်ပေးထါးတာတွေ အရသာရှိမရှိ သိချင်လို့ Jk ဖြေလာမှာကို ထိုင်စောင့်နေခြင်း ဖြစ်သည်
ပထမဆုံးစစားကတည်းက အရသာရှိလွန်းနေတာကို မပြောပဲ Jin ထိုင်ကြည့်နေတာကို သဘောကျတဲ့ Jk က တမင်သက်သက် စားပြီးတဲ့ အထိ မပြောပဲ စားနေခြင်းဖြစ်သည် ဒီလိုလုပ်နေခြင်းဟာ တစ်ရက်ထဲမဟုတ် Jin ချက်ကျွေးတာ စားတဲ့ တစ်နှစ်ပတ်လုံးတွင်ဖြစ်သည်
Jin - Jk... ဘယ်လိုလဲ စားလိူ့ကောင်းလား
မျက်လုံးလေး အဝိုင်းသားလေးနဲ့ မေးလာတဲ့ Jin ကို Jk လက်မ နှစ်ဖက်ထောင်ပြကာ
Jk - အကောင်းဆုံးပဲ 😋😋
Jin - တော်သေးတာပေါ့
Jk - အမြဲတမ်းစားကောင်းနေတာကို ဘာတွေ စိုးရိမ်နေတာလဲ
Jin - ဒါပေမယ့်လညိး ကိုယ်ချက်ထားတာ စားတဲ့သူက ကြိုက်မကြိုက် ရှိသေးတယ်လေ
Jk - အဲ့အတွက် စိတ်မပူနဲ့ Jin ဘာချက်ချက် ကို့အတွက်က ကောင်းပြီးသား😊😊
Jk က အမြဲလိုလို စကားပြောရင် အနှောင့်အသွားမလွတ်အောင့ ပြောလေ့ရှိသည် ဒါကို Jin သိသော်လည်း မသိသလိုသာ နေတတ်သည်
Jk က jin အပေါ် အရမ်းကောင်းတာသိပေမယ့် Jin အတွက်ကတော့ သူကိုယ့်သူတောင် ဘယ်သူမှန်းမသိရသေးပဲနဲ့ တခြားလူတစ်ယောက်ရဲ့ ဘဝထဲကို မဝင်ရဲ
Jin ဟာ ကာမပိုင် ယောကျားတစ်ဦး ဖြစ်နေခဲ့လျင် ဒါမှမဟုတ် ရာဇဝတ်မှုတစ်ခုခုများ ကျုးလွန်ခဲ့ဖူးရင် ဒီလို မရေရာတဲ့ အတွက် ကို့ဘေးနားက သူတွေကို မထိခိုက်စေချင် သူဘယ်သူဆိုတာ သိရတဲ့ အခါကျရင်တော့ Jin ကောင်းကောင်းဆုံးဖြတ်နိုင်ပါလိမ့်မယ်
Jk - စားလို့ပြီးပြီဆိုတော့ သွားတော့မယ်နော် လူနာကြည့်ရဦးမယ် ညနေလာခဲ့မယ်နော် Jin တာ့တာ
စားပြီးတာနဲ့ Jin ကို တာ့တာပြကာ duty coat လေးဆွဲပြီး ထွက်သွားတဲ့ Jk
Jk နောက်ကျောလေးကို ကြည့်နေရာမှ ပန်းကန်မျအားထသိမ်းကာ ဆေးရုံ ပန်းခြံထဲက ထိုင်နေကျခုံလေးသို့ ထွက်ခဲ့လေသည်
ဒီခုံလေးက Jin ဒီကိုရောက်ပြီး လူနာ အဖြစ်နဲ့ကတည်းက ထိုင့နေကျခုံလေး
ထိုင်ခုံလေးမှာထိုင်ပြီး အဝေးတစ်နေရာကို ကြည့်ကာ အကြောင်းအရာတစ်ချို့အား ပြန်တွေးလေသည်
သို့သော် အတိတ်ကအကြောင်းအရာများအား မမှတ်မိ Jk နဲ့ စတွေ့တာတွေကိုသာ Jk ပြောပြသလောက် ပြန်သိရသည် jin မှာ အဲ့ရှေ့က မှတ်ဉာဏ်ဘာမှမရှိ...........
Flash back....
Jk - appa သားဒီနေ့ ပြန်လာမှာပါဆို စိတ်ချ လာနေပြီ အခုလမ်းမှာ ဟုတ်ပြီလား
Seoul နဲ့ နယ်မြို့လေးနဲ့က သုံးနာရီလောက် ကားမောင်းရပြီး လမ်းတော်တော့များများက တောင်ကုန်း တောင်ပတ်လမ်းများဖြစ်ပြီး တောလမ်းတွေလည်း များပြားလွန်းသည်
တစ်လတစ်ခါ seoul ကိုသွားပြီး သူငယ်ချင်းများနှင့်ဆုံကာ ဆေးရုံအတွက် လိုအပ်တာများကို သွားဝယ်တဲ့ Jk တစ်ယောက် နယ်မြို့လေးသိုြ အပြန်လမ်း ညနေနေဝင်ချိန်တွင် ကားလေးမောင်းလျက်
Jk ကားမောင်းနေရင်း မှောင်ရီစပြုလာတာကြောင့် ရှေ့မီးလေးထိုးကာ သီချင်းတညီးညီးနဲ့ ဆက်မောင်းလာခဲ့သည် လမ်းတစ်နေရာ အရောက်တွင်
လူတစ်ယောက် ယိုင်တိုင်တိုင်နဲ့ လျောက်နေတာမြင်တော့
Jk - ဟိုးအရှေ့က လူလား ...သရဲလား... ဒီအချိန်ကြီး....ဒီလိုနေရာမှာ လမ်းလျောက်နေတာဆိုတော့.... လူမှ ဟုတ်ရဲ့လား မသိဘူး...အမလေး ကြက်သီးတောင်ထတယ်....
Jk အတွေးတစစဖြင့် ကားလေးကို အရှိန်တင်ရင်းပါးစပ်မှလည်း ရရာဘုရားစာရွတ်ကာ အမြန်ဖြတ်မောင်းဖို့ ပြင်တော့သည်
ဒါပေမယ့် Jk ထိုလူနားမရောက်ခင်မှာတင် လဲကျသွားသောကြောင့်
Jk - ဟင်..... သရဲမဟုတ်ပဲ လူများလား.....
Jk ကားကို မြန်မြန်မောင်းကာ လဲကျနေသော လူအနားရပ်လိုက်ပြီး ဆင်းကြည့်တော့ ဒဏ်ရာဒဏ်ချက်များနဲ့ လူတစ်ယောက် ခေါင်းတွင်လည်း သွေးများထွက်လျက် လက်နဲ့ မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာများနှင့်
Jk ထိုလူအား ပွေ့ထူကာ
Jk - ဟေ့လူ.... ဟေ့လူ.... ကြားလား ကျနော့ ခေါ်နေတာ
Jk လှုပ်နှိုးပြီးခေါ်တော့ မျက်ဝန်းလေးက ပွင့်လာကာ
ကိုကို......
ကိုကိုဆိုတဲ့ တစ်ခွန်းသာ ခွန်းတုံ့ပြန်ပြီး မေ့မျောသွားတဲ့ ထိုလူ jk လည်း မတတ်နိုင်တဲ့အဆုံး သူ့ဆေးရုံလေးကိုသာ ခေါ်လာခဲ့တော့သည်
အခုရောက်နေတဲ့ နေရာက မြို့ပေါ်က ဆေးရုံထက်စာရင် နယ်ကဆေးရုံလေး Hope က ပိုနီူနေပြီဖြစ်လို့ ကားပေါ်ပွေ့ချီကာ ခေါ်လာခဲ့တော့သည်
At hope hospital
(Jungkook သား ဘာဖြစ်လာတာလဲ ဧကန္တ ကားတိုက်မိတာလား)
Jk - မဟုတ်ဘူး appa ပြီးမှ သားပြောပြမယ်နော် အရင်ဆုံး သူ့ကိုစမ်းသပ်ဖို့ လုပ်ရမယ်
စမ်းသပ်မှုတွေ ပြီးတော့ ခွဲစိတ်ဖို့ လိုအပ်တာကြောင့် Dr.Sam ကိုယ်တိုင်ဦးဆောင်ပြီး Operation ကို စတင်တော့သည်
Jk က စိတ်ကျန်းမာရေးဆရာဝန်ဆိုတော့ အခန်းပြင်မှာသာ ထိုင်စောင့်နေဖြစ်သည် operation ပြီးတော့ Dr.samက
(တော်သေးတယ် dr.jeon ရေ နံရိုးနှစ်ချောင်းကျိုးသွားပေမယ့် အဆုတ်ကို သွားမထိလို့
ကြည့်ရတာ car accident များဖြစ်ထားလားမစိဘူး အရှိန်နဲ့ တိုက်ခံထားရသလိုပဲ)
Jk - ဟုတ်မယ်ထင်တယ် သတိရလာတော့မှပဲ အကျိုးအကြောင်းမေးရတာပေါ့ dr.sam ရယ်
Dr.sam နဲ့ စကားပြောပြီးတာနဲ့ လူနာကောင်လေး အခန်းကိုသွားကြည့်တော့ အခန်းထဲမှာ ကြိုရောက်နေတဲ့ Jk appa
Jk ဒီလူနဲ့တွေ့ခဲ့ပုံအကြောင်း ရှင်းပြပြီးတော့
(အဲ့တာဆို သားလာတဲ့ လမ်းတစ်လျောက်မှာ တိုက်ထားတဲ့ ကားတွေဘာတွေ မတွေ့ဘူးလား)
Jk - မတွေ့မိဘူး appa
(Hmmmm..... ဒီကောင်လေးမှာလည်း ဘာမှ မပါလာဘူး သူ့မိသားစုကိုဆက်သွယ်ရအောင်ကလည်း ph လည်း မပါ မှတ်ပုံတင် လည်းမပါဘူးဆိုတော့..... )
Jk - သူသတိရလာမှပဲ မေးကြည့်ရတာပေါ့ appa ရယ် ဒါကသူ့ဆဲဲကြိုးလေး Operation ခန်းဝက်ရမယ်ဆိူတော့ သားဖြုတိသိမ်းပေးထါးတာ ကြည့်ရတာ သူ့နာမည်လားမသိဘူး
Jin.. တဲ့
(အင်းးးး သိမ်းထားပေးလိုက်ပါသားရယ်)
Jk - nae appa
----------------------------------------
သုံးရက်မြောက်နေ့
Nurse - dr.jeon....dr.sam...... လူနာသတိရလာပြီ.....
မြို့ဆေးရုံတွေလို အခန်းထဲကနေ ခေါ်ဖို့မရှိတော့ အခန်းပြင်ထွက်ကာ ခေါ်နေရသည်
သူနာပြုခေါ်တာကြောင့် ထိုကောင်လေးဆီ လာကြည့်တော့
Dr.Sam - လူနာ ဘယ်လိုနေသေးလဲ ကျနော့ မီးအလင်းရောင်အတိုင်း လိုက်ကြည့်ပါ
Dr.sam စေခိုငိးချက်တွေ အကုန်လိုက်လုပ်ပြီးတော့
Jin - ဒါက ဘယ်နေရာလဲ...... ပြီးတော့ ဘယ်သူတွေလဲ.....ကျနော်ကရော.....ဘယ်..သူ..လဲ
မေးခွန်းတွေ စတင်မေးလာတာကြောင့် ဖြေဖို့ အလှည့်ကျသူက Jk
ဒါပေမယ့် နောက်ဆုံးမေးခွန်းအတွက့တော့ jk တွင် အဖြေမရှိ
Jk - အခုက ဆေးရုံမှာပါ ကျနော်တို့က ဆေးရုံကဆရာဝန်တွေပါ ကျနော်လမ်းမှာတွေ့လို့ ခေါ်လာပေးတါ...
Jin - awww.... ဒါဆို ကျနော်က.... ဘယ်သူလဲ ဆိုတာရော.....
Jk - ဘာမှ မမှတ်မိတော့ဘူးလား လူနာ
Jk မေးလိုက်တော့ တစ်ခုခုကို ကြိုးစားပြီး စဥ်းစားနေပုံရတယ်
ဒါပေမယ့် စဥ်းစားတာ မရတဲ့အပြငိ လက်တို့က နားထင် သို့ ဖိကာ အခြေအနေ မဟန်တော့တဲ့ပုံ ပေါ်လာတာကြောင့်
Jk - လူနာ... ရတယ် မစဥ်းစားနဲ့တော့နော်... စိတ်အေးအေးထား.... စိတ်လျော့ထားနော်
Jin - အားးးးး ခေါင်းတွေ....ခေါငိးတွေ အရမ်းကိုက်နေတယိ.....
ဘယ်လိုမှ ထိန်းမရတဲ့ အဆုံး စိတ်ငြိမ်ဆေး ထိုးပေစလိုက်ကာ ဆွေးနွေးတိုင်ပင်ရန် ထွက်ခဲ့ရတော့သညိ
နောက်ဆုံးတော့ သတိရတဲ့အထိ ဆေးရုံမှာထားရန်သာ စီစဥ်လိုက်ကြတော့သည်
သူ့ကိုယိ့သူမမှတ်မိတဲ့ကောင်လေးကို ဆွဲကြိုးက နာမည်လေးအတိုင်း Jin လို့ခေါ်ကြပြီးတော့
Jk နဲ့ ရွယ့တူဖြစ်ပုံပေါ်တာကြောင့် jk နဲ့ jin က သူငယ်ချင်းလိုမျိုး ဖြသ်လယခဲ့သညိ
----------------------------------
Jin - dr.jeon......jin ပြောစရာရှိလို့...
Jk - ဟာ လုပ်ပြန်ပြီ Jin ကလည်း Jk လို့ပဲ ခေါ်ပါဆိူတာကို...
Jin - အင်းပါ jk ရယ်
Jk - ဒါနဲ့ ဘာပြောမလို့လဲ...
Jin - ဟို... jin နေလည်းပြန်ကောင်းနေပြီဆိုတော့ ဒီမှာဒီအတိုင်းကြီးနေရမှာ အဆင်မပြေဘူး...
Jk - ဟငိ...jin ကို ဘယ်သူက ဘာပြောလို့လဲ
Jin - ဘယ်သူမှ ဘာမှ မပြောပါဘူး jk ရယ် ဒီအတိုင်းကြီး နေနေရတာကို စိတ်ထဲ အဆင်မပြေတာပါ
Jk - အာ့ဆို jin က ဘာလုပ်ချင်လို့လဲ...
Jin - မသိဘူး.... အရင်က ဘာလုပ်တဲ့သူမှန်းမသိတော့ ဘာလုပ်တတ်မှန်းလဲ မသိဘူး...ဒါပေမယ့်
Jk - ဒါပေမယ့် ဘာဖြသ်လဲ...
Jin - ဟင်းချက် ကြည့်ချင်တဲ့ စိတ်တော့ရှိတယိ... ရမရတော့ မသိဘူး....
Jk - ဟင်းချက်မယ်... ဖြစ်ပါ့မလား...
Jin - စမ်းကြည့်တာပေါ့.... ကူညီမယ်မလားဟငိ
..
Jk - ရတာပေါ့... လာသွားမယ်
Jin လက်လေးကို ဆွဲပြီး jk စားဖိုဆောင်ဘက်ထွက်ခဲ့တော့သည်
ထိုနေ့မှစပြီး jk တစ်ယောက် jin လက်ရညကို မြည်းစမ်းရင်း ကြိုက်သွားကာ ယနေ့အထိ jk ရဲ့ ကိုယ်ပိုင်စားဖိူမှုးလေးအပြင်
ဆေးရုံ ဝန်ထမ်းနဲ့ လူနာတွေအတွက် ချက်ပြုတ်ရေး လက်ထောက် လည်း ဖြစ်လာသည်
ချက်ပြုတ်ရေး ခေါင်းဆောင်ကတော့ အရင်ကတည်းက ရှိနေတဲ့ အန်တီကြီးတွေ ဖြစ်ပြီးတော့ jin လေးကိုလည်း ချစ်ကြတာကြောင့် jin လေးကို လက်ထောက် အဖြစ် ချက်ပြုတ်စေခဲ့သည်
ထိူအကြောင်းအရာများဟာ jin လေးအား hope တွင် ဆက်လက်ရှိစေသည့် အကြောင်းအရင်း တစ်ခု ဖြစ်စေသည်
-----------------------------------------
Jin အတွက် နောက်ကြောင်းစုံစမ်းပေးဖို့ Jk အရင်က ကြိုးစားပမ်းစား လုပ်ပေးသော်လညိး တစ်နှစ်ဆိုတဲ့ အချိန် ကြာလာတာနဲ့ အမျှ jin အပေါ် အမျိုးအမည်မသိတဲ့ သံယောဇဉ် ဖြစ်လာပြီး Jin သူ့ဘဝမှ ထွက်သွားမှာကို စိုးရိမ်မိသည်
ဒါ့ကြောင့် စုံစမ်းပေးတါတွေကို အရှိန်လျော့ဖြစ်ခဲ့သည်
*ဒါဟာ jin အပေါ်ထားမိတဲ့ Jk ရဲ့ အတ္တတစ်ခု ဖြစ်ခဲ့သည် *
တစ်ဖက်မှာလည်း Jin အကြောင်း စုံစမ်းနေတဲ့ လူတစ်ယောက် တစ်နည်းအားဖြင့် Jin accident ဖြစ်ပြီး Jk နဲ့ တွေ့တုန်းက ခေါ်ခဲ့တဲ့ နာမည်လေး
**ကိုကို**
❤K