မုန်းတာထက်ပို၍ / မုန်းတာထက်ပိ...
By Li_Wi_0611
598K 17.4K 2.1K
Both Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 [ The End ]
Thanks To All and Please Choose
Introducing New Fictions
Attention Please
Extra
!
Part 15
18K 509 23
By Li_Wi_0611
Unicode
ရေခဲမုန့်သွားဝယ်တဲ့သူ့ရဲ့နောက်ကျောပြင်လေးကို ကြည့်ပြီး နှင်းပြုံးမိသည်။
ထို့နောက်ဘယ်ဘက်ရင်အုံမှတဒိန်းဒိန်းနဲ့ခုန်နေသည့် ရင်ခုန်သံ။နှင်း ကိုယ့်ရင်ဘက်ကို ဖိရင်း
'ဘာဖြစ်‌နေတာလဲ ငြိမ်ငြိမ်နေစမ်း'
ဒီလိုဖြစ်တာဒီတစ်ခါတည်းမဟုတ်။သူနဲ့အတူရှိတဲ့အချိန်တိုင်း သူ့အကြောင်းစဉ်းစားတဲ့အချိန်တိုင်း ခုန်နေခြင်းဖြစ်သည်။
'ငါ သူ့ကို.. မဟုတ်လောက်ပါဘူး မဟုတ်ပါဘူး"
နှင်းကိုယ့်အတွေးနဲ့ကိုယ်စဉ်းစားနေရင်း
"အွတ်"
နောက်ကနေအုပ်လိုက်တဲ့အရာတစ်ခုကြောင့် ခေါင်းတစ်ခုလုံး ဝေ့ဝါးပြီး တစ်လောကလုံးအမှောင်ဖုံးသွားတော့၏။
"တင်း"
ဖုန်းထဲဝင်လာတဲ့ Message ကိုကြည့်ပြီးနောက်မှာတော့မင်းမြတ်တစ်ကိုယ်လုံးပူထူကာဒေါသတွေအလိပ်လိုက်ပင်ထွက်လာ၏။
ဝင်လာတဲ့ Message က Unknown Contact တစ်ခုကနေပို့လာတဲ့ပုံတစ်ပုံ။
ပုံထဲမှာက
နှင်းတစ်ယောက်မေ့နေပြီး တစ်ကိုယ်လုံးကိုလဲကြိုးတွေနဲ့တုပ်ထားခြင်းခံနေရသည်။
မင်းမြတ် အဲ့ဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်တော့
မကြာပါတန်းကိုင်လာသည်။
"မင်းဘယ်သူလဲ ဘာလို့သူ့ကိုခေါ်သွားတာလဲ ဘာလိုချင်လို့လဲ"
"အိုဟိုး မေးခွန်းတွေများလှချည်လား ကိုမင်းမြတ်သူရိန် ဖြေးဖြေးမေးပါ"
မင်းမြတ်လည်း ဒေါသကိုအနည်းငယ်ထိန်းလိုက်ကာ
"ဘာလိုချင်လို့ဒီလိုလုပ်တာလဲ"
"ပိုက်ဆံ ပိုက်ဆံလိုချင်တယ်"
"ဘယ်လောက်လဲ"
"2 မီလီယံ"
"2 မီလီယံ ရတယ် ပေးမယ် ဒါပေမယ့်သူ့ကိုလက်ဖျားနဲ့တောင် မထိနဲ့ ဆံချည်မျှင်လေးတစ်မျှင်လောက်တောင်ထိတာနဲ့ မင်းကိုငါသတ်ပစ်မယ်"
"အဟက် မထိပါဘူးဗျာ ကြမ်းလှချည်လား အော်နောက်ဆုံးတော့လည်းသံမဏိခဲမင်းမြတ်သူရိန်မှာလည်း အားနည်းချက်ဆိုတာရှိတာဘဲနော် ရီချင်လိုက်တာ"
"အခြားဟာတွေလျှောက်‌ပြောမနေနဲ့ ပိုက်ဆံဘယ်လိုပေးရမလဲ"
"လိပ်စာပို့ပေးလိုက်မယ် ခင်ဗျားတစ်ယောက်တည်းလာခဲ့"
"ရတယ် လိပ်စာသာမြန်မြန်ပို့ပေး"
"အလျင်လိုလှချည်လား ဖြေးဖြေးပေါ့ဗျာ မြန်မြန်ဆန်ဆန်ကြီး ပြီးသွားရင်ပျင်းစရာကြီး ပြီးတော့ကောင်မလေးကလည်း လှလှလေးနော်"
"ဘာ! မင်း!"
"တီ တီ"
"ဟယ်လို ဟယ်လို
ဟာ တောက်!!!"
မင်းမြတ်ရဲ့ဒေါသတွေကထိပ်ဆုံးဒီဂရီ၌။
ဖုန်းကိုထပ်ခေါ်တော့မကိုင်တော့။
သူမလေးဘာမှဖြစ်လို့မရဘူး သူမလေးတစ်ခုခုဖြစ်ရင် သူ ရင်ကျိုးရလိမ့်မယ်
'မင်းဘာမှမဖြစ်ရဘူးနော် နှင်း'
_____/\_______/\_______
သူမသတိရလာပြီး ဘေးဘီကိုကြည့်လိုက်တော့ ဂိုထောင်လိုမျိုးနေရာကြီးတစ်ခုထဲသို့ရောက်နေ၏။
ခေါင်းကလည်းတဆစ်ဆစ်ကိုက်နေသည်။
"သတိရလာပြီလား"
အသံလာရာကိုကြည့်လိုက်တော့ ယောက်ျားတစ်ယောက် ရုပ်ကိုတော့သေချာမမြင်ရ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထား၏။
"ရှင် ဘယ်သူလဲ ဘာလို့ကျွန်မကိုဖမ်းထားတာလဲ"
"ဖြေးဖြေးမေးပါ မောနေဦးမယ်"
"ကျွန်မေးတာဘဲဖြေပါ ဘာလို့ကျွန်မကိုဖမ်းထားတာလဲ"
"မဖြေချင်ဘူး မကြာခင်မင်းကိုလာခေါ်တော့မှာ စိတ်မပူပါနဲ့ ငါလည်းမင်းကိုအကြားကြီးဖမ်းမထားချင်ပါဘူး"
လာခေါ်တော့မယ်ဆိုတဲ့စကားကြောင့် နှင်းဘာမှထပ်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ တော်ကြာစကားမှားပြောပြီး စိတ်တိုသွားခါမှမပြန်ရဘဲနေလိမ့်မည်။
'မြန်မြန်လာပါတော့မင်းမြတ် ကျွန်မကြောက်တယ်'
---
"နှင်း နှင်း"
မင်းမြတ်ကားထဲမှာအိပ်ပျော်သွားပြီး အိမ်မက်ဆိုးတွေမက်ကာထအော်နေခြင်းဖြစ်၏။
"Boss အဆင်ပြေရဲ့လား"
"အင်း ပြေတယ် နေရာရှာတာရောဘယ်လိုလဲ"
"ဖုန်းနံပါတ်ကကျတော့မှတ်ပုံမတင်ရသေးတဲ့ဖုန်းဆိုတော့ ရှာမရသေးဘူး သူမောင်းသွားတဲ့ကားကလည်းလိုင်စင်အတုကြီးနဲ့ဆိုတော့နည်းနည်းကြာမယ် Boss"
"ဟာ ကျစ် ပိုက်ဆံဘယ်လောက်ကုန်ကုန်မြန်မြန်သာလုပ် သူတစ်ခုခုဖြစ်လို့မဖြစ်ဘူး"
"ဟုတ်ကဲ့ Boss"
"ငါမှာထားတာတွေရောလုပ်ပြီးပြီလား"
"ဟုတ်ကဲ့ အကုန်အဆင်သင့်ပါ"
"ပိုက်ဆံစုတာရော ဘယ်လောက်ရပြီလည်း"
"1 မီလီ တော့ ပြည့်တော့မယ် Boss"
ပိုက်ဆံကရှိပေမယ့် ချက်ချင်းကြီးကျတော့စုရတာမလွဲလှ။
"ရှယ်ယာတွေ ရောင်းလိုက်"
"Boss?"
"ရောင်းလိုက်ခုချိန်မှာ သူမကလွဲပြီးကျန်တာဘာမှအရေးမကြီးဘူး"
"ဟုတ်ကဲ့ Boss"
ဝဏတားချင်ပေမယ့် Boss ကိုယ်တိုင်ကသူပြောတာကို လက်ခံမှာမဟုတ်မှန်းသိနေ၍မတားဖြစ်။
မင်းမြတ်စီစဉ်ထားတာရှိပေမယ့်လည်း အရံအနေနဲ့တော့ ပိုက်ဆံကိုဖြည့်ထားရမယ်။ အခြေအနေက ဘာဖြစ်မှန်း မသိသေးတော့ အပိုအလိုအနေနဲ့ Plan B သဘောပေါ့။
'မင်းဘာမှမဖြစ်ရဘူးနော် ငါမင်းရအောင်ကယ်မယ်'
---
*Phone Ringing*
"ဘယ်လိုလဲ ပိုက်ဆံပြည့်ပြီလား"
"ပြည့်ပြီ လိပ်စာသာပို့တော့"
"Wow ဒီလောက်မြန်မြန်ကြီး မင်းမြတ်သူရိန်ပါဝါကတော့ ပေါ့သေးသေးမဟုတ်ဘူးဘဲ အဲ့ကောင်မလေးကိုအဲ့လောက်တောင်ချစ်တာလား"
"အခြားဟာတွေလျှောက်မပြောနေနဲ့ လိပ်စာသာမြန်မြန်ပေး"
"မင်းမြတ်သူရိန်ရဲ့အားနည်းချက်ဖြစ်တဲ့ ဒီကောင်မလေးကို လွှတ်တောင်မပေးချင်တော့ဘူး"
"ဘာ မင်း"
"ဟား ဟား နောက်တာပါ လိပ်စာပို့ပေးလိုက်မယ် မြန်မြန်သာ လာခဲ့ မင်းကောင်မလေးကကြောက်နေတဲ့ပုံဘဲ"
သူမလေးကြောက်‌နေတယ်တဲ့။မင်းမြတ်ရင်ဘက်ထဲ အောင့်ခနဲခံစားခံလိုက်ရသည်။
"သူ့ကို သူ့ကိုဖုန်းခနလောက်လွှဲ‌ပေးလို့ရမလား ခနလေးပါ"
"မရဘူး မြန်မြန်သာလာခဲ့ပါ မင်းသာမြန်မြန်လာရင် မြန်မြန် တွေ့ရမှာ တစ်ယောက်တည်းလာခဲ့နော် ဒါဘဲဖုန်းချလိုက်ပြီ"
"ဟယ်လို ဟယ်လို ဟာ ကျစ်!"
'နှင်းကြောက်နေတယ်တဲ့ တောင်းပန်ပါတယ် ကို့ကြောင့်ခုလိုဖြစ်တာ ကိုတောင်းပန်ပါတယ် နှင်း'
ခနကြာတော့ လိပ်စာပို့လာသည်။
"၀ဏ မင်းကိုရှေ့မှာချခဲ့မယ်"
"Boss တစ်ယောက်တည်းဖြစ်ပါ့မလား"
"ဖြစ်တယ် မင်းသာငါမှာထားတဲ့အတိုင်းလုပ်"
"ဟုတ်ကဲ့ Boss"
'နှင်းခနလောက်ဘဲစောင့်ပါ ကိုလာပြီ'
💢💢💢
"ကျွီ"
ဆိုသည့်အသံနဲ့ အတူဝင်လာသူကမင်းမြတ်။
ဒီနေရာကဂိုထောင်ပျက်ကြီးတစ်ခုဖြစ်ပြီး မြို့ထဲနှင့်လည်းတော်တော်ပင်ဝေးပြီးလူလဲပြတ်သည်။
"မြန်လိုက်တာ ပိုက်ဆံရော"
"နှင်းဘယ်မှာလဲ သူအန္တရယ်ကင်းမကင်းအရင်ကြည့်မယ်"
"စိတ်ပူတတ်လိုက်တာ အဟက် ဟိုထဲမှာ"
သူညွှန်ပြသည့်အခန်းထဲကို မင်းမြတ်ဝင်လိုက်တော့ ခုံပေါ်မှာ နှင်းကိုကြိုးတွေတုပ်ပြီး ပါးစပ်ကိုတိပ်နဲ့ကပ်ထားသည်။
မင်းမြတ်ကိုမြင်တော့ နှင်းဂနာမငြိမ်ဖြစ်ပြီး စကားပြောဖို့ အတင်းလုပ်ကာ မျက်ရည်တွေလည်းဝဲတက်လာ၏။
မင်းမြတ်သူမကို ကြိုးတွေဖြည်ပေးဖို့လုပ်တော့
ဟိုကောင်ရောက်လာပြီး
"ဟေ့ ဟေ့ ခနနေဦးလေ မင်းပိုက်ဆံမပေးရသေးဘူး"
မင်းမြတ်လည်းလက်ထဲကအိတ်ကို သူ့ကိုပစ်ပေးလိုက်၏။
အထုပ်သူ့လက်ထဲရောက်ရော ရုပ်ကမှိုရတဲ့ရုပ်နှင့်။
မင်းမြတ်ပိုက်ဆံထုပ်ကိုပစ်ပေးပြီး နှင်းဆီသွားမယ်အလုပ်
"ခနလေးနေပါဦး ပိုက်ဆံမရေရသေးဘူးလေ"
"ဒီလောက်အများကြီးကိုဘယ်လိုရေမှာလဲ"
"ခန်းမှန်းပြီး‌ရေမှာပေါ့ဗျာ"
ပြောကာပိုက်ဆံတွေကိုထိုင်ရေနေ၏။
ခနကြာတော့
"1 မီလီယံတည်းရယ် ကျန်တဲ့ 1 မီလီယံရော"
သူပြောပြီးသည်နှင့် မင်းမြတ်ပါလာတဲ့သေနတ်ကိုထုတ်ပြီး သူ့ကို ရွယ်လိုက်သည်။
အဲ့ကောင်တစ်ချက်သဘောပေါက်သွားဟန်ရှိပြီး ရီကာ
"မင်းကညစ်ပြီပေါ့လေ ရတယ်လေ"
သူအလျင်အမြန်ပင်ပါလာတဲ့သေနတ်ကိုထုတ်ပြီး နှင်းနားထင်၌ ထောက်ထား၏။
နှင်းလည်းလန့်ဖြန့်ကာ အတော်ပင်ကြောက်သွားသည်။
မင်းမြတ်စီစဉ်ထားသည့်အတိုင်း အိပ်ကပ်ထဲကခလုတ်ကိုဟို‌ကောင်မမြင်အောင်အလျင်အမြန်ပင် နှိပ်လိုက်သည်။
"အစကတော့ ဒီလောက်ထိကြမ်းဖို့စိတ်ကူးမရှိပါဘူး
ဒါပေမယ့် မင်းကကတိဖောက်တာဆ်ိုတော့ ငါလည်းကြမ်းရတော့မှာပေါ့ လက်ထဲကသေနတ်ကိုချလိုက် မချရင်ဒီမှာနော်"
သူထောက်ထားတဲ့ နှင်းရဲ့နားထင်နားကသေနတ်ကိုမျက်စာ ပစ်ပြသည်။
မင်းမြတ်လည်း လက်ထဲကသေနတ်ကိုကြမ်းပြင်မှာချလိုက်၏။
"ဒီပိုက်ဆံတွေယူပြီးထွက်သွားလိုက် အဲ့ဒါဆိုမင်းအထိမနာတော့ဘူး"
"မသွားနိုင်ဘူး ဒီလောက်တည်းနဲ့မရဘူး"
သူတို့နှစ်ယောက်စကားများကာအခြေအတင်ဖြစ်နေတုန်းမှာ ဝဏနဲ့အတူရဲတွေပါရောက်လာ၏။
ရဲတွေကိုမြင်တော့သူအလျင်အမြန်ပင်နှင်းကိုကြိုးဖြည်ပြီး ချုပ်ကာ နှင်းခေါင်း၌သေနတ်ကိုထောက်ထား၏။
"လက်နက်ချလိုက်ပါ တရာခံလက်နက်ချလိုက်ပါ"
"မချနိုင်ဘူး ရှေ့ကိုတစ်ယောက်မှတိုးမလာနဲ့ တိုးလာရင်သူ့ကို ပစ်လိုက်မှာ"
သူ့ပုံစံကတကယ်လုပ်မယ့်ပုံကြောင့် မင်းမြတ်လည်းရဲတွေကို အတင်းမကြမ်းဖို့ပြောလိုက်သည်။
ဟိုကောင်က နှင်းကိုသေနတ်နဲ့ထောက်မြဲထောက်ရင်း အပေါ်ထပ်ကိုတက်သွား၏။
မင်းမြတ်နဲ့ရဲတွေလည်း သူတစ်ခုခုလုပ်မှာကြောက်ကြောက်နှင့်ပင်နောက်ကလိုက်လာရသည်။
ဆောက်လက်စဂိုထောင်အဟောင်းကြီးဖြစ်တာကြောင့်
အပေါ်ထပ်ကဟာလာဟင်းလင်းကြီး။
အပေါ်ထပ် အပေါက်နားရောက်တော့
"တစ်ယောက်မှမလှုပ်ကြနဲ့ လှုပ်ရင်ပစ်မှာနော်"
ထို့နောက်အဲ့ကောင်ကမင်းမြတ်ကို
"ငါအေးဆေးထွက်သွားမှာမို့ သူတို့ကိုတားပေး
မဟုတ်ရင်တော့ငါ့အဆိုးမဆိုနဲ့နော်"
"တားပေးမှာမို့ သူ့ကိုတော့လွှတ်ပေး"
မင်းမြတ်လည်းစီစဉ်ထားတဲ့အတိုင်း ၀ဏကိုမျက်နှာရိပ်မျက်နှာကဲပြလိုက်တော့ ၀ဏလည်းနားလည်ဟန်ပေါက်ကာခေါင်းငြိမ့်ပြသည်။
ထို့နောက် မင်းမြတ်ဟိုကောင်ကိုဝင်လုံးလိုက်သည်။
မင်းမြတ်ဝင်လုံးလိုက်တာကြောင့် နှင်းသူ့လက်ထဲကနေလွတ်သွားသည်။
"နှင်းပြေးပြေး"
နှင်းလည်း အလျင်အမြန်ပင်၀ဏတို့ဆီပြေးလာလိုက်၏။
မင်းမြတ်ဟိုကောင့်ဆီကသေနတ်ကိုရအောင် ပုတ်ထုတ်သည်။
ဟိုကောင်ကထင်သလောက်အားမသန်လှတာကြောင့် ခနလေးအတွင်းပင် သူ့လက်ထဲကသေနတ်ကို အဝေးကိုပစ်ထုတ်လိုက်နိုင်၏။
သေနတ်လည်းအဝေးရောက်ရော ဟိုကောင်ကအသင့်ပါလာတဲ့ သူ့ခါးကြားကဓားကိုထုတ်လိုက်ပြီး
"ဇွက်"
မင်းမြတ်ရှောင်လိုက်ပေမယ့် ဓားကခါးနားကနေဖြတ်ပြီး ရှပ်ထိသွား၏။ ရှပ်ထိတယ်ဆိုပေမယ့် နည်းနည်းနက်သွားတာကြောင့် သွေးတွေထွက်လာတော့၏။
"မင်းမြတ်!"
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှင်းအန္တရာယ်တွေဘာတွေ ဘာမှမမြင်တော့ဘဲ သူ့ဆီပြေးသွားလိုက်သည်။
"မင်းမြတ် မင်းမြတ်"
မင်းမြတ်ဒဏ်ရာကြောင့်ခွေကျသွား၏။
နှင်းသူ့ကိုရင်ခွင်ထဲမှာထည့်ထားလိုက်ပြီး မျက်ရည်တွေလည်းကျလာသည်။
"ရှင်ဘာမှမဖြစ်ရဘူးနော် မင်းမြတ်ရှင်ဘာမှမဖြစ်ရဘူး
ဆေးရုံကားခေါ်ကြပါဦး"
နှင်းပြောခါမှ၀ဏလည်း ပြာပြာသလဲဆေးရုံကားခေါ်၏။
တရာခံကောင်ဖြစ်တဲ့ဟို‌ကောင်က‌တော့ မင်းမြတ်ကိုဓားနဲ့ထိုးပြီး အရမ်းကိုထိတ်လန့်သွားတဲ့ပုံ
"မဟုတ်ဘူး မဟုတ်ဘူး"
စောနုကသေနတ်လွင့်သွားရာနေရာကိုသွားပြီး
'အဖေ တောင်းပန်ပါတယ်'
"ဒိုင်း!!!"
___________________________
Up တာနောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်နော်
အင်တာနက်လိုင်းတွေက ပျက်နေတာတစ်ကြောင်း ပြီးတော့ သာသာတို့မြို့မှာလည်း အခြေအနေဆိုးနေတာနဲ့ဘဲ မ Up ဖြစ်တာပါ
ဒီအချိန်မှာလည်း Up ရတာ မျက်နှာပူပေမယ့် စောင့်နေရတဲ့ ဒါဒါလေးတွေရှိနေတာကြောင့် Up ပေးလိုက်ပါတယ်
နောက်ပိုင်း Update လည်းနည်းနည်းကြာနိုင်တာမို့ နားလည်ပေးကြပါနော်
သာသာ့ Fic လေးကိုဖတ်ပြီးခနလောက်တော့ ဘဝအမောတွေပြေကြလာက်မယ်ထင်ပါတယ်
အားလုံးဘဲ ဂရုစိုက်ကြပါနော်🙆💖
Edit : သာသာရယ် ဒီမှာပြင်ထားတယ်နော် ဘီလီယံကနေ မီလီယံကို ဘီလီယံကအရမ်းအရမ်းကိုများလွန်းတော့ယုတ်တိမရှိမှာစိုးလို့
***************************
Zawgyi
"အွတ်"
"တင်း"
ပုံထဲမှာက
"ဘယ်လောက်လဲ"
"2 မီလီယံ"
"ဘာ! မင်း!"
"တီ တီ"
"ဟယ်လို ဟယ်လို
ဟာ တောက်!!!"
_____/\_______/\_______
"သတိရလာပြီလား"
---
"နှင်း နှင်း"
"Boss အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ Boss"
"Boss?"
"ဟုတ်ကဲ့ Boss"
---
*Phone Ringing*
"ဘာ မင်း"
"ဟယ်လို ဟယ်လို ဟာ ကျစ်!"
"ဟုတ်ကဲ့ Boss"
💢💢💢
"ကျွီ"
ဟိုကောင်ရောက်လာပြီး
ခနကြာတော့