အပိုင်း - ၄၅
အိပ်ရာထက် ခပ်လျှောလျှောမှီကာဒိုင်ယာရီစာအုပ်ကို ဖွင့်လိုက်ရင်း မုန်တိုင်းအတွေးများက မနက်က အဖြစ်အပျက်များဆီသို့ ~~
" M2K "
နန်းတော်တမျှ ခမ်းနားကြီးကျယ်သော အဆင့်မြင့်ဟိုတယ်ကြီးရှေ့မှ ဆိုင်းဘုတ်ကို ကြည့်ကာ မုန်တိုင်း ရေရွတ်လိုက်မိသည် ။
ဟိုတယ်ရှေ့မှာ ကြောင်အအ ရပ်နေမိတုန်း အနောက်တိုင်းဝတ်စုံပြည့်နှင့် လူတစ်ယောက်က သူ့နားရောက်လာပြီး
" သခင်လေး ရောက်လာပြီ "
ထိုလူ့ပုံစံက မုန်တိုင်းကို ရင်းနှီးနေဟန် ။
" ဟို ချစ်စရာကောင်းတဲ့ ကောင်လေးသေးသေးလေးကော မပါဘူးလား "
ထိုလူ့ စကားကြောင့် မုန်တိုင်း ကြောင်သွားမိသည် ။ သူ့စကားက သက်တန့်ကို ရည်ရွယ်မှန်း သိသာလွန်းသည် ။ မုန်တိုင်းနားမှာ ချစ်စရာကောင်းတာဆိုလို့ သက်တန့် တစ်ယောက်သာ ရှိသည်မဟုတ်လား ။ ထိုလူက သက်တန့်ကို ဘယ်လိုများ သိနေတာပါလိမ့် ။
" ခင်ဗျားက သူ့ကို သိလို့လား "
" သိတာပေါ့သခင်လေးရယ်... အဲ့ကောင်လေး နာမည်က သက်တန့်ရောင်... သခင်လေးရဲ့ အချစ်ဆုံး သူငယ်ချင်း ဟုတ်တယ်မလား "
" မဟုတ်ဘူး "
" ဗျာ ? "
မုန်တိုင်း စကားကြောင့် ထိုလူက ရေပက်မဝင်စကားပြောနေရာမှ ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
" အချစ်ဆုံးတော့ အချစ်ဆုံးပဲ... နောက်က သူငယ်ချင်း မပါဘူး "
မုန်တိုင်း အထာပါပါ ပြောလိုက်တော့ ထိုလူက မျက်လုံးထောင့်ကပ်ကာ တစ်ချက်စဉ်းစားဟန် ပြုသည် ။ ပြီးနောက် လက်ဖျောက် တစ်ချက် ဖျောက်ခနဲ တီးလိုက်ပြီး
" အာ... ကျွန်တော် သိပြီ သူငယ်ချင်းမဟုတ်ရင်.. ညီအစ်ကို... အချစ်ဆုံး ညီအစ်ကို ဟုတ်တယ်မလား... ကျွန်တော် ထင်တော့ထင်သား... သခင်လေးကို မွေးစားထားတဲ့ အိမ်မှာလည်း သားတစ်ယောက်ရှိတယ်ဆို... အဲ့ကလေးက သူလား"
ထိုလူက တစ်ယောက်တည်း တစ်လွဲထင်ကြေးတွေပေးနေ၍ မုန်တိုင်း မသိမသာ သက်ပြင် ချလိုက်မိသည် ။ ဒါကြောင့် သူ လူတွေနဲ့ စကားများများ မပြောချင်တာ ။
" မဟုတ်ဘူး... ဒါနဲ့ ကျွန်တော်တို့ အရင်က တွေ့ဖူးလား "
အနောက်တိုင်းဝတ်စုံနှင့်လူကို ကြည့်ရတာ မြင်ဖူးသလိုလို ရှိတာကြောင့် မုန်တိုင်း မေးကြည့်လိုက်တော့ ထိုလူကပြုံးလျက်
" တွေ့ဖူးတာပေါ့ သခင်လေးရယ်... ကျောင်း ကပွဲ တုန်းကလေ... သခင်လေးကို ရန်စတဲ့ ချာတိတ်လေးတွေကို သမပေးလိုက်တာ ကျွန်တော်တို့ပေါ့... "
" အာ... ကျွန်တော် မှတ်မိပြီ "
" အဲ့နေ့က အချိန်ကျရင် သိလာပါလိမ့်မယ် ဆိုတဲ့ စကားကိုရော သခင်လေး မှတ်မိလား... အခု သခင်လေး သိဖို့ အချိန်ကျပါပြီ...
ကျွန်တော်က M2K ဥက္ကဌ ရဲ့ တစ်ဦးတည်းသော လူယုံပါ... M2K ဥက္ကဌ ကိုတော့ သခင်လေး သိမှာပါနော် "
" စီးပွားရေး ဂျာနယ်တွေထဲမှာ ခဏခဏ ဖတ်ဖူးပါတယ် "
" အဲ့ဒါကို ပြောတာ မဟုတ်ဘူး သခင်လေးရဲ့... M2K ဥက္ကဌနဲ့ သခင်လေးရဲ့ ဆက်နွယ်မှုကို ပြောတာ "
ထိုလူက စကားပြောနေရင်းမှ မုန်တိုင်းကို အကဲခတ်သလို တစ်ချက်ကြည့်သည် ။ ပြီးနောက် ပြောရမလို မပြောရမလို မဝံ့မရဲ အမူအရာမျိုးဖြင့်
" M2K ဥက္ကဌဆိုတာ သခင်လေးရဲ့.... "
အဖေ... ။
ဟုတ်သည် ။ စီးပွားရေး လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားနေတဲ့ M2K ဥက္ကဌဆိုသူဟာ မုန်တိုင်းကို စွန့်ပစ်ခဲ့တဲ့ အဖေအရင်း ဖြစ်သည်။
လူယုံဆိုသော ပုဂ္ဂိုလ်ဆီမှ သူ မကြားချင်သော နာမ်စားတစ်ခု ထွက်မလာခင် မုန်တိုင်း စကားကို အမြန် ဖြတ်ပြောလိုက်၏။
" ကျွန်တော့်ကို ဥက္ကဌ ဆီ ခေါ်သွားပေးပါ "
မုန်တိုင်း ထိုသို့ ဆိုလိုက်တော့ ထိုလူယုံတော် တစ်အောင့်လောက် ယောင်နန ဖြစ်သွားသည်။ထို့နောက် အမူအရာပြန်ထိန်းလိုက်ကာ မုန်တိုင်းကို ဟိုတယ်ထဲ ခေါ်သွားတော့၏။
သွားသည့် လမ်းတစ်လျှောက်တွင် မုန်တိုင်းကို ဝပ်တွား မခစား ကြရုံတမယ် ဦးညွတ်ကြိုဆိုကြသည့် ဝန်ထမ်းများက မနည်းမနောပင် ။
ထိုသို့ ဦးညွတ်ကြိုဆိုကြသည့် လူတစ်ယောက်စီကို တွေ့တိုင်းလည်း မုန်တိုင်း စိတ်ထဲ နာကျင်ရသည် ။ ယခင်က ထိုကဲ့သို့ သူတစ်ပါးကို ဦးညွတ်အောက်ကျို့ရသည့် အလုပ်ဆိုတာ သူ လုပ်နေကျ အလုပ်များပင် မဟုတ်ပါလား ။ ထိုအတွေးဝင်လာတိုင်း နှလုံးသားထဲ နာကျင်ရသလို မိဘအရင်းဆိုသော သူများကိုလည်း နာကျည်းမိသည် ။
သူတို့မှာ ပြည့်စုံအဆင်ပြေတာထက်ပိုသည့်အခြေအနေမျိုးရှိပါလျက်နှင့် သူ့ကို ဘာလို့များ ရက်ရက်စက်စက် စွန့်ပစ်ခဲ့ကြသလဲ။ ယနေ့ အဖေရှိရာအရပ်ဆီ မုန်တိုင်း ခြေချဖြစ်တာသည်လည်း ထိုမေးခွန်း မေးရန် စိတ်တစ်ခုတည်းကြောင့်ပင်။
" ဥက္ကဌက ဟိုတယ်ပိုင်ရှင်နဲ့ ရှယ်ယာကိစ္စအစည်းအဝေး လုပ်နေလို့ သခင်လေး ငါးမိနစ်လောက် စောင့်ပါဦးဗျ... ကျွန်တော် အပြင်မှာ ရှိနေပါမယ်... ဘာပဲလိုလို လှမ်းသာ ခေါ်လိုက်ပါ "
အခန်းထဲရောက်တော့ လူယုံတော်က မုန်တိုင်းကို ဆိုဖာမှာထိုင်စေပြီးအခန်းပြင်ကို အလိုက်တသိ ထွက်သွားသည် ။
ထိုလူ ထွက်သွားပြီးနောက် သူရောက်နေသည့်အခန်းထဲကို မုန်တိုင်းမျက်စိ ကစားကြည့်မိလိုက်တော့ အလွန်ခမ်းနားလှသည့် လူနေအသုံးအဆောင်များကို တွေ့ရသည် ။
လူချမ်းသာတို့ တည်းခိုသည့် အခန်းဖြစ်သည့်အလျောက် အခန်းက ခေတ်ဆန်ပြီး ခမ်းနား၏ ။ စားပွဲပေါ်အလှထောင်ထားသော ခပ်ထည်ထည် ဖယောင်းတိုင်ကအစပင် သာမန်လူတို့၏ တိုက်ခန်းနှစ်ခန်းစာ တန်ဖိုးလောက် ရှိမည်မှာ မလွဲပင် ။
ပန်းချီးကားများချိတ်ဆွဲထားသည်မှာလည်း ပန်းချီ ပြခန်းကြီးနှင့်ပင် တူသည် ။ ပန်းချီကားတွေကို လိုက်ကြည့်နေရင်း အလုပ်စားပွဲပေါ်က ဓာတ်ပုံ တစ်ခုဆီ အကြည့်ရောက်မိတော့ မုန်တိုင်း စိတ်ထဲ တစ်မျိုးလေးဖြစ်သွားမိသည် ။ ခံစားချက်က ဝမ်းနည်းသလိုလို ကြည်နူးသလိုလို ။ စို့စို့နင့်နင့်။
ဓာတ်ပုံပေါ်မှ အမျိုးသားသည် အပြစ်ကင်းစွာ ပြုံးနေသည် ။ ဆံပင်ကို သပ်သပ်ယပ်ယပ် လှန်ဖီးထားသော်ငြား အပြုံးနှင့်အမူအရာတို့က ကလေးတစ်ယောက်နှယ် ဖြူစင်လှ၏ ။
ထိုအမျိုးသားပုံကို ကြည့်ပြီး သက်တန့်ကိုတောင် မုန်တိုင်းသတိရသွားမိသည် ။ နောင်အနှစ်နှစ်ဆယ်လောက်နေရင် သက်တန့်လေးလည်း ဒီလို ပုံစံလေး ဖြစ်နေမှာပဲ ။
အတွေးနှင့်အတူ ဓာတ်ပုံလေးကို ကြည့်နေမိတုန်း အခန်းတံခါး ပွင့်လာ၍ မုန်တိုင်း လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း အမျိုးသား တစ်ဦး ဝင်လာတာကို တွေ့ရသည် ။ ထိုလူသည် အသားအရည်ညိုညိုဝင်းဝင်းနှင့် အရပ်ကလည်း အတော်ရှည်သည် ။
ပုံစံက တစ်ချက်ကြည့်လိုက်သည်နှင့် လူတိုင်းအပေါ် ဩဇာလွှမ်းနိုင်မည့် အထက်တန်းလွှာ ဥပတိရုပ်မျိုးပင် ။ နောက်ပြီး တည်တင်းနေသော ထိုလူကြီး၏ မျက်နှာထားသည် ရေခဲရိုက်ထားသလို အေးစက်စက် ဖြစ်လို့နေသည် ။
မုန်တိုင်း ယောင်နစွာကြည့်နေမိတုန်း ထိုလူ့ထံမှ ကြားလိုက်ရသည့် နာမ်စား တစ်ခုကြောင့် မုန်တိုင်း နှလုံးသားတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည် ။
" သား "
ဩဇာတိက္ကမအပြည့်ပါသော ထိုလူ့ အသံက သိသိသာသာ တုန်ယင်နေသည် ။ အစောက တည်တင်းနေသော မျက်နှာထားဟာလည်း ပျက်ယွင်းစ ပြုနေပြီဖြစ်သည် ။
" သား... ရောက်တာ ကြာပြီလား "
အဖေဆိုသောသူက ရုတ်တရတ် သူ့အနား လျှောက်လာတာကြောင့် မုန်တိုင်း လန့်သွားပြီး မတ်တပ်ထရပ်လိုက်သည် ။ စိတ်လှုပ်ရှားမှုကြောင့် ဒူးများပင် တဆတ်ဆတ်တုန်နေမိသည်ကိုတော့ ကာယကံရှင် ဖြစ်သည့် သူသာသိမည် ။
" ထိုင်ပါ... သားရယ်... လွတ်လွတ်လပ်လပ်နေပါ... "
" ဟို... ဟုတ်ကဲ့ "
မုန်တိုင်း အသံများလည်း သိသိသာသာ တုန်ယင်နေသည် ။ ဒီလိုအခြေအနေကြီးမှာ အနေရခက်လွန်းလို့ ဖြစ်နိုင်လျှင် သူ အကျယ်ကြီး အော်ဟစ် ပစ်လိုက်ချင်မိသည် ။ အဖေ့မျက်နှာကို မြင်ပြီး သူ့ရင်ဘတ်ထဲမှာ နာသည် ။ စို့နင့်သည် ။
" တကယ်ကို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာပဲ "
အဖေက မုန်တိုင်းကို ကြည့်လျက် မျက်ရည်များဝဲကာ ဆိုသည် ။ သို့သော် မုန်တိုင်းမှာ ပြန်ပြောစရာ စကားမရှိ ။ ရင်ဘတ်ထဲမှာ ခံစားချက်မျိုးစုံ ရောပြွန်းရှုပ်ထွေးနေကြ၍ မျက်ရည်မကျမိအောင်သာ ထိန်းနေရသည် ။
" ကျွန်တော့်ကို ခေါ်တာ ဘာများ ပြောစရာရှိလို့လဲ "
မုန်တိုင်း အတတ်နိုင်ဆုံး အသံကို ထိန်းကာ ပြောလိုက်တော့ အဖေဖြစ်သူ မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည် ။ သူစိမ်းဆန်သည်ထင်လျှင်လည်း မတတ်နိုင်ပါ ။ မုန်တိုင်းအနေနှင့် ဟိုးငယ်ငယ်လေးထဲက မိရင်းဖရင်းဆိုသူများကို သူစိမ်းထက် မပိုသော လူစာရင်းထဲမှာ သွင်းထားခဲ့ပြီးသားပင် ။
" သားကို ဒယ်ဒီ တောင်းပန် ချင်လို့ပါ... နောက်ပြီး အမွေ... "
" ဥက္ကဌဆီက ကျွန်တော် ဘာတစ်ပြားတစ်ချက်မှ မမျှော်လင့်ထားလို့ အဲ့ဒီကိစ္စကိုတော့ ဆက်မပြောစေချင်ပါဘူးဗျ... နောက်ပြီး ဥက္ကဌ တောင်းပန်တာကို လည်း ကျွန်တော် လက်မခံနိုင်ပါဘူး... "
ထိုစကားကို ကြားပြီး အဖေဖြစ်သူ မျက်ရည်များ ကျဆင်းလာသည် ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ့ပုံစံက အလွန်ဖြေမဆည်နိုင် ဖြစ်နေသည့်ပုံမျိုး ပေါက်နေ၏။
' ခံစားရတယ်မလား... ဒါ ကျွန်တော့ ဘဝ တစ်လျှောက် ခံစားရတာတွေထက်စာရင် အကင်းလေးပါ '
မုန်တိုင်း အဖေ့ပုံစံကို ကြည်ပြီး စိတ်ထဲမှ နာကျည်းစွာ ဆိုလိုက်မိသည် ။
" ဒါဆို သားတကယ်ပဲ ဒယ်ဒီတို့နဲ့ အတူတူပြန်နေဖို့ ဆန္ဒမရှိဘူးလား "
"
ဒီနေ့ လာခဲ့တာ... ကျွန်တော် အရမ်းသိချင်နေတဲ့ မေးခွန်း တစ်ခု မေးချင်လို့ လာခဲ့ရုံ သက်သက်ပါ... ဒါပြီးရင် ကျွန်တော် ပြန်မှာပါ "
" သား မေးချင်တဲ့ မေးခွန်းကို ဒယ်ဒီ သိပါတယ် "
အဖေက ငိုနေရင်းကြားမှ နာနာကျင်ကျင် ပြုံးလျက် သူ့ အလုပ်စားပွဲနား ထ သွားသည် ။ ထို့နောက် အံဆွဲထဲမှ အညိုရောင် စာအုပ်ထူထူတစ်အုပ်ကို ယူလိုက်ပြီး
" ဒီ Diary စာအုပ်ထဲမှာ သားသိချင်နေတဲ့ မေးခွန်းရဲ့ အဖြေပါတယ်... သား ယူသွားပါ... ဒီထဲမှာ ဒယ်ဒီတို့အကြောင်း သားအမေအကြောင်း အားလုံး ရေးထားတယ်... စာအုပ်ဖတ်ပြီးတဲ့အခါ ဒယ်ဒီ့ကို ခွင့်မလွတ်နိုင်ရင်တောင် သားအတွက် အနှစ်နှစ်ဆယ်လုံးရင်ကွဲနာကျနေရတဲ့ တစ်စုံတစ်ယောက်ကိုတော့ ခွင့်လွှတ်ပေးဖို့ ဒယ်ဒီ တောင်းဆိုချင်တယ်... "
ဒိုင်ယာရီ စာအုပ်ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ရင်း မုန်တိုင်း မျက်ရည်မကျမိအောင် အံကို တင်းတင်းကြိတ်ထားမိသည် ။ အိမ်မှာကတည်းက စိတ်ကို ပြင်ဆင်ထားခဲ့သော်ငြား တကယ့်တကယ်တမ်းကြုံတွေ့လာတော့ သူ ခံနိုင်ရည်မရှိခဲ့ပါ ။ ရင်ထဲမှာ ပူလောင်လိုက်တာ ဆိုတာ မီးမြိုက်ထားသည့်အတိုင်းပင်။
ကြာကြာဆက်နေလျှင် စိတ်မထိန်းနိုင်တော့မည်စိုး၍ မုန်တိုင်း စာအုပ်ကို ယူကာ အခန်းထဲမှ ပြေးထွက်လာခဲ့လိုက်သည် ။
ဟိုတယ်ဓာတ်လှေကားထဲအရောက် လူက မတ်တပ်ရပ်ဖို့ပင် အားမရှိတော့၍ မုန်တိုင်း ခွေလှဲချကာ ဒိုင်ယာရီစာအုပ်ကို ရင်ဝယ်ပိုက်ရင်း အော်ဟစ် ပစ်လိုက်သည် ။ မိဘနှင့်သားသမီးကြားက ရေစီးကြောင်းသံယောဇဉ်ကို ဖြတ်ဖို့ သူထင်ထားသလောက် မလွယ်ကူခဲ့ပါ ။
ထိုအကြောင်းများကို ပြန်လည်တွေးမိပြီး မုန်တိုင်း မျက်ရည်ပင် ဝဲချင်လာသည် ။
လက်ထဲက ဒိုင်ယာရီစာအုပ်ကို ဖွင့်ဖတ်ကြည့်လိုက်တော့ ပထမ စာမျက်နှာတွင် မြင်လိုက်ရသော ဓာတ်ပုံကြောင့် မုန်တိုင်း မျက်ခုံးများ ပင့်တက်သွားမိသည် ။ ဓာတ်ပုံထဲတွင် အပြစ်ကင်းစွာပြုံးနေသည့်ကောင်လေးကို အသက်ခပ်လတ်လတ် အမျိုးသား တစ်ဦးက မြတ်မြတ်နိုးနိုး ကြည့်နေ၏ ။
ထို အမျိုးသားကား အခြားသူ မဟုတ်ဘဲ မုန်တိုင်း အဖေအရင်းဖြစ်နေ၍ မုန်တိုင်း အကြီးအကျယ် အံ့ဩသွားမိသည် ။ ထို့အပြင် ပြုံးနေသည့်ကောင်လေးကိုလည်း သူရင်းရင်းနှီးနှီး မြင်ဖူးနေသည် ။ သူခန့်မှန်းတာ မမှားဘူးဆိုလျှင် ထိုကောင်လေးသည် အဖေ့အလုပ်စားပွဲပေါ်က ဓာတ်ပုံထဲမှ အမျိုးသား၏ ပုံပဲဖြစ်ရမည် ။
ပုံအောက်တွင် အမည်နာမ တစ်ခုကို ရေးထိုးထားသေး၍ မုန်တိုင်း အသံထွက် ဖတ်ကြည့်လိုက်တော့
" ရတု "
*********
" မေမေ့... သား လိုက်သွားချင်တယ်လို့ဆို ! "
မုန်တိုင်းက သူ့ နေရပ်မြို့ဆီ အလည်ပြန်မည် ဆို၍ သက်တန့်က လိုက်မယ် တကဲကဲ လုပ်နေသည် ။ သို့သော် မွေးသဖခင်ကြီးက ခွင့်မပြု၍ အမေ့နားကပ်ကာ ဇွတ် ပူဆာရတော့၏ ။ အမေ့ဆီကစစ်ကူရလျှင်တော့ အဖေ့ဘက်က အလံဖြူပြ နိုင်လောက်သည် ။
" မလိုက်ရဘူး "
မေမေက တိခနဲ ယတိပြတ်ငြင်းချလိုက်၍ သက်တန့် မျက်နှာလေး ရှုံ့မဲ့သွားသည် ။ စကားပြောတာလည်း ပြတ်လိုက်တာဆိုတာ ဦးဂုဏ်ရောင် မိန်းမလို့ မပြောရ။ တစ်လေသံတည်းတွေပါပင် ။
" မေမေတို့ မတရားဘူး... သား စာမေးပွဲပြီးတည်းက ခရီးသွားချင်တယ်လို့ ပြောတာလည်း လိုက်မပို့ဘူး... အခုလည်း လူကြုံရှိနေတာကို မထည့်ပေးဘူး... မေမေတို့က စိတ်ဓာတ်ပဲ "
" ဆိတ်ဓာတ်တွေ သိုးဓာတ်တွေ လာမပြောနဲ့... ဒီအိမ်မှာ နင့်ဖေကို ကျော်ပြီး ဘယ်သူ ဆုံးဖြတ်လို့ရလို့တုန်း... ငါခွင့်ပြုလည်း သူမလွှတ်ရင် အလကားပဲ... "
" မေမေ သားဘက်က ပြောပေးရင်တော့ ရလောက်မှာပါဗျာ... ဖေဖေစိတ်ပျော့သွားအောင် မေမေက နည်းနည်းပါးပါး ချော့ပြောပေါ့... ကိုရေ ကလေးကို လွှတ်လိုက်ပါနော် ဘာညာ "
သက်တန့် ထိုသို့ဆိုတော့ မေမေက မျက်နှာကို ရွဲ့လိုက်ပြီး
" အမလေး... ကိုရေ ကတ်ရေနဲ့ ချော့တိုင်း ပျော့သွားရအောင် နင့်အဖေကမုန်တိုင်းနဲ့ မတူဘူးဟဲ့ "
မေမေ့ စကားကြောင့် သက်တန့် ခန္ဓာကိုယ် ဓာတ်လိုက်သလို ရှိန်းခနဲ ဖြစ်သွားမိသည် ။
နေပါဦး မေမေက သူ မုန်တိုင်းကို အဲ့လိုခေါ်တာ ဘယ်လို သိသွားရသလဲ!
" မေမေက ဘယ်လိုသိ... "
" အမလေး... ဟိုနေ့က အိမ်ရှေ့မှာ နင်တို့ နှစ်ယောက်ဖက်ပြီး ပလူးနေတာ ငါမမြင်ဘူးများ ထင်နေလား... "
မေမေ့ စကားကြောင့် သက်တန့် ပါးတွေနားတွေ ထူပူကာ ရဲတက်လာသည် ။ ဒါဆို သူနဲ့မုန်တိုင်း နမ်းတာလည်း မေမေမြင်တယ်ပေါ့ ။
အမလေးလေး ရှက်လို့သေတော့မှာပဲ !
ဘယ်နှယ့် ခံစားချက်ကြီးပါလိမ့် !
" သား အိပ်ချင်လို့ အပေါ်တက်ပြီ "
သက်တန့် မေမေနှင့် မျက်နှာချင်းပင် ဆိုင်ဖို့ အားမရှိတော့ ၍ အိမ်အပေါ်ထပ်ဆီ ဝရုန်းသုံးကား ပြေးတက်လာခဲ့သည် ။ လှေကားနား ရောက်တော့ အိမ်ရှေ့ခန်းမှ အသံတစ်သံကြားရ၏ ။
" ချိုသက်ရေ... ငါလာတယ် "
ကြည့်ရတာ သက်တန့်ဘက်က ရှေ့နေလိုက်ပေးမည့် တစ်စုံတစ်ယောက်ကတော့ အချိန်ကိုက် ရောက်လာပုံပါပင် ။
အားကိုးပါတယ် ယောက္ခမလောင်းကြီးရေ... ။
TBC ...
************************************
အပိုင္း - ၄၅
အိပ္ရာထက္ ခပ္ေလွ်ာေလွ်ာမွီကာဒိုင္ယာရီစာအုပ္ကို ဖြင့္လိုက္ရင္း မုန္တိုင္းအေတြးမ်ားက မနက္က အျဖစ္အပ်က္မ်ားဆီသို႔ ~~
" M2K "
နန္းေတာ္တမွ် ခမ္းနားႀကီးက်ယ္ေသာ အဆင့္ျမင့္ဟိုတယ္ႀကီးေရွ႕မွ ဆိုင္းဘုတ္ကို ၾကည့္ကာ မုန္တိုင္း ေရ႐ြတ္လိုက္မိသည္ ။
ဟိုတယ္ေရွ႕မွာ ေၾကာင္အအ ရပ္ေနမိတုန္း အေနာက္တိုင္းဝတ္စုံျပည့္ႏွင့္ လူတစ္ေယာက္က သူ႔နားေရာက္လာၿပီး
" သခင္ေလး ေရာက္လာၿပီ "
ထိုလူ႔ပုံစံက မုန္တိုင္းကို ရင္းႏွီးေနဟန္ ။
" ဟို ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးေသးေသးေလးေကာ မပါဘူးလား "
ထိုလူ႔ စကားေၾကာင့္ မုန္တိုင္း ေၾကာင္သြားမိသည္ ။ သူ႔စကားက သက္တန႔္ကို ရည္႐ြယ္မွန္း သိသာလြန္းသည္ ။ မုန္တိုင္းနားမွာ ခ်စ္စရာေကာင္းတာဆိုလို႔ သက္တန႔္ တစ္ေယာက္သာ ရွိသည္မဟုတ္လား ။ ထိုလူက သက္တန႔္ကို ဘယ္လိုမ်ား သိေနတာပါလိမ့္ ။
" ခင္ဗ်ားက သူ႔ကို သိလို႔လား "
" သိတာေပါ့သခင္ေလးရယ္... အဲ့ေကာင္ေလး နာမည္က သက္တန႔္ေရာင္... သခင္ေလးရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း ဟုတ္တယ္မလား "
" မဟုတ္ဘူး "
" ဗ်ာ ? "
မုန္တိုင္း စကားေၾကာင့္ ထိုလူက ေရပက္မဝင္စကားေျပာေနရာမွ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္ ။
" အခ်စ္ဆုံးေတာ့ အခ်စ္ဆုံးပဲ... ေနာက္က သူငယ္ခ်င္း မပါဘူး "
မုန္တိုင္း အထာပါပါ ေျပာလိုက္ေတာ့ ထိုလူက မ်က္လုံးေထာင့္ကပ္ကာ တစ္ခ်က္စဥ္းစားဟန္ ျပဳသည္ ။ ၿပီးေနာက္ လက္ေဖ်ာက္ တစ္ခ်က္ ေဖ်ာက္ခနဲ တီးလိုက္ၿပီး
" အာ... ကြၽန္ေတာ္ သိၿပီ သူငယ္ခ်င္းမဟုတ္ရင္.. ညီအစ္ကို... အခ်စ္ဆုံး ညီအစ္ကို ဟုတ္တယ္မလား... ကြၽန္ေတာ္ ထင္ေတာ့ထင္သား... သခင္ေလးကို ေမြးစားထားတဲ့ အိမ္မွာလည္း သားတစ္ေယာက္ရွိတယ္ဆို... အဲ့ကေလးက သူလား"
ထိုလူက တစ္ေယာက္တည္း တစ္လြဲထင္ေၾကးေတြေပးေန၍ မုန္တိုင္း မသိမသာ သက္ျပင္ ခ်လိုက္မိသည္ ။ ဒါေၾကာင့္ သူ လူေတြနဲ႔ စကားမ်ားမ်ား မေျပာခ်င္တာ ။
" မဟုတ္ဘူး... ဒါနဲ႔ ကြၽန္ေတာ္တို႔ အရင္က ေတြ႕ဖူးလား "
အေနာက္တိုင္းဝတ္စုံႏွင့္လူကို ၾကည့္ရတာ ျမင္ဖူးသလိုလို ရွိတာေၾကာင့္ မုန္တိုင္း ေမးၾကည့္လိုက္ေတာ့ ထိုလူကၿပဳံးလ်က္
" ေတြ႕ဖူးတာေပါ့ သခင္ေလးရယ္... ေက်ာင္း ကပြဲ တုန္းကေလ... သခင္ေလးကို ရန္စတဲ့ ခ်ာတိတ္ေလးေတြကို သမေပးလိုက္တာ ကြၽန္ေတာ္တို႔ေပါ့... "
" အာ... ကြၽန္ေတာ္ မွတ္မိၿပီ "
" အဲ့ေန႔က အခ်ိန္က်ရင္ သိလာပါလိမ့္မယ္ ဆိုတဲ့ စကားကိုေရာ သခင္ေလး မွတ္မိလား... အခု သခင္ေလး သိဖို႔ အခ်ိန္က်ပါၿပီ...
ကြၽန္ေတာ္က M2K ဥကၠဌ ရဲ႕ တစ္ဦးတည္းေသာ လူယုံပါ... M2K ဥကၠဌ ကိုေတာ့ သခင္ေလး သိမွာပါေနာ္ "
" စီးပြားေရး ဂ်ာနယ္ေတြထဲမွာ ခဏခဏ ဖတ္ဖူးပါတယ္ "
" အဲ့ဒါကို ေျပာတာ မဟုတ္ဘူး သခင္ေလးရဲ႕... M2K ဥကၠဌနဲ႔ သခင္ေလးရဲ႕ ဆက္ႏြယ္မႈကို ေျပာတာ "
ထိုလူက စကားေျပာေနရင္းမွ မုန္တိုင္းကို အကဲခတ္သလို တစ္ခ်က္ၾကည့္သည္ ။ ၿပီးေနာက္ ေျပာရမလို မေျပာရမလို မဝံ့မရဲ အမူအရာမ်ိဳးျဖင့္
" M2K ဥကၠဌဆိုတာ သခင္ေလးရဲ႕.... "
အေဖ... ။
ဟုတ္သည္ ။ စီးပြားေရး ေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားေနတဲ့ M2K ဥကၠဌဆိုသူဟာ မုန္တိုင္းကို စြန႔္ပစ္ခဲ့တဲ့ အေဖအရင္း ျဖစ္သည္။
လူယုံဆိုေသာ ပုဂၢိဳလ္ဆီမွ သူ မၾကားခ်င္ေသာ နာမ္စားတစ္ခု ထြက္မလာခင္ မုန္တိုင္း စကားကို အျမန္ ျဖတ္ေျပာလိုက္၏။
" ကြၽန္ေတာ့္ကို ဥကၠဌ ဆီ ေခၚသြားေပးပါ "
မုန္တိုင္း ထိုသို႔ ဆိုလိုက္ေတာ့ ထိုလူယုံေတာ္ တစ္ေအာင့္ေလာက္ ေယာင္နန ျဖစ္သြားသည္။ထို႔ေနာက္ အမူအရာျပန္ထိန္းလိုက္ကာ မုန္တိုင္းကို ဟိုတယ္ထဲ ေခၚသြားေတာ့၏။
သြားသည့္ လမ္းတစ္ေလွ်ာက္တြင္ မုန္တိုင္းကို ဝပ္တြား မခစား ၾက႐ုံတမယ္ ဦးၫြတ္ႀကိဳဆိုၾကသည့္ ဝန္ထမ္းမ်ားက မနည္းမေနာပင္ ။
ထိုသို႔ ဦးၫြတ္ႀကိဳဆိုၾကသည့္ လူတစ္ေယာက္စီကို ေတြ႕တိုင္းလည္း မုန္တိုင္း စိတ္ထဲ နာက်င္ရသည္ ။ ယခင္က ထိုကဲ့သို႔ သူတစ္ပါးကို ဦးၫြတ္ေအာက္က်ိဳ႕ရသည့္ အလုပ္ဆိုတာ သူ လုပ္ေနက် အလုပ္မ်ားပင္ မဟုတ္ပါလား ။ ထိုအေတြးဝင္လာတိုင္း ႏွလုံးသားထဲ နာက်င္ရသလို မိဘအရင္းဆိုေသာ သူမ်ားကိုလည္း နာက်ည္းမိသည္ ။
သူတို႔မွာ ျပည့္စုံအဆင္ေျပတာထက္ပိုသည့္အေျခအေနမ်ိဳးရွိပါလ်က္ႏွင့္ သူ႔ကို ဘာလို႔မ်ား ရက္ရက္စက္စက္ စြန႔္ပစ္ခဲ့ၾကသလဲ။ ယေန႔ အေဖရွိရာအရပ္ဆီ မုန္တိုင္း ေျခခ်ျဖစ္တာသည္လည္း ထိုေမးခြန္း ေမးရန္ စိတ္တစ္ခုတည္းေၾကာင့္ပင္။
" ဥကၠဌက ဟိုတယ္ပိုင္ရွင္နဲ႔ ရွယ္ယာကိစၥအစည္းအေဝး လုပ္ေနလို႔ သခင္ေလး ငါးမိနစ္ေလာက္ ေစာင့္ပါဦးဗ်... ကြၽန္ေတာ္ အျပင္မွာ ရွိေနပါမယ္... ဘာပဲလိုလို လွမ္းသာ ေခၚလိုက္ပါ "
အခန္းထဲေရာက္ေတာ့ လူယုံေတာ္က မုန္တိုင္းကို ဆိုဖာမွာထိုင္ေစၿပီးအခန္းျပင္ကို အလိုက္တသိ ထြက္သြားသည္ ။
ထိုလူ ထြက္သြားၿပီးေနာက္ သူေရာက္ေနသည့္အခန္းထဲကို မုန္တိုင္းမ်က္စိ ကစားၾကည့္မိလိုက္ေတာ့ အလြန္ခမ္းနားလွသည့္ လူေနအသုံးအေဆာင္မ်ားကို ေတြ႕ရသည္ ။
လူခ်မ္းသာတို႔ တည္းခိုသည့္ အခန္းျဖစ္သည့္အေလ်ာက္ အခန္းက ေခတ္ဆန္ၿပီး ခမ္းနား၏ ။ စားပြဲေပၚအလွေထာင္ထားေသာ ခပ္ထည္ထည္ ဖေယာင္းတိုင္ကအစပင္ သာမန္လူတို႔၏ တိုက္ခန္းႏွစ္ခန္းစာ တန္ဖိုးေလာက္ ရွိမည္မွာ မလြဲပင္ ။
ပန္းခ်ီးကားမ်ားခ်ိတ္ဆြဲထားသည္မွာလည္း ပန္းခ်ီ ျပခန္းႀကီးႏွင့္ပင္ တူသည္ ။ ပန္းခ်ီကားေတြကို လိုက္ၾကည့္ေနရင္း အလုပ္စားပြဲေပၚက ဓာတ္ပုံ တစ္ခုဆီ အၾကည့္ေရာက္မိေတာ့ မုန္တိုင္း စိတ္ထဲ တစ္မ်ိဳးေလးျဖစ္သြားမိသည္ ။ ခံစားခ်က္က ဝမ္းနည္းသလိုလို ၾကည္ႏူးသလိုလို ။ စို႔စို႔နင့္နင့္။
ဓာတ္ပုံေပၚမွ အမ်ိဳးသားသည္ အျပစ္ကင္းစြာ ၿပဳံးေနသည္ ။ ဆံပင္ကို သပ္သပ္ယပ္ယပ္ လွန္ဖီးထားေသာ္ျငား အၿပဳံးႏွင့္အမူအရာတို႔က ကေလးတစ္ေယာက္ႏွယ္ ျဖဴစင္လွ၏ ။
ထိုအမ်ိဳးသားပုံကို ၾကည့္ၿပီး သက္တန႔္ကိုေတာင္ မုန္တိုင္းသတိရသြားမိသည္ ။ ေနာင္အႏွစ္ႏွစ္ဆယ္ေလာက္ေနရင္ သက္တန႔္ေလးလည္း ဒီလို ပုံစံေလး ျဖစ္ေနမွာပဲ ။
အေတြးႏွင့္အတူ ဓာတ္ပုံေလးကို ၾကည့္ေနမိတုန္း အခန္းတံခါး ပြင့္လာ၍ မုန္တိုင္း လွည့္ၾကည့္လိုက္ေတာ့ အရပ္ရွည္ရွည္ ေထာင္ေထာင္ေမာင္းေမာင္း အမ်ိဳးသား တစ္ဦး ဝင္လာတာကို ေတြ႕ရသည္ ။ ထိုလူသည္ အသားအရည္ညိဳညိဳဝင္းဝင္းႏွင့္ အရပ္ကလည္း အေတာ္ရွည္သည္ ။
ပုံစံက တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ လူတိုင္းအေပၚ ဩဇာလႊမ္းႏိုင္မည့္ အထက္တန္းလႊာ ဥပတိ႐ုပ္မ်ိဳးပင္ ။ ေနာက္ၿပီး တည္တင္းေနေသာ ထိုလူႀကီး၏ မ်က္ႏွာထားသည္ ေရခဲ႐ိုက္ထားသလို ေအးစက္စက္ ျဖစ္လို႔ေနသည္ ။
မုန္တိုင္း ေယာင္နစြာၾကည့္ေနမိတုန္း ထိုလူ႔ထံမွ ၾကားလိုက္ရသည့္ နာမ္စား တစ္ခုေၾကာင့္ မုန္တိုင္း ႏွလုံးသားတစ္ခုလုံး ေအးခဲသြားသလို ခံစားလိုက္ရသည္ ။
" သား "
ဩဇာတိကၠမအျပည့္ပါေသာ ထိုလူ႔ အသံက သိသိသာသာ တုန္ယင္ေနသည္ ။ အေစာက တည္တင္းေနေသာ မ်က္ႏွာထားဟာလည္း ပ်က္ယြင္းစ ျပဳေနၿပီျဖစ္သည္ ။
" သား... ေရာက္တာ ၾကာၿပီလား "
အေဖဆိုေသာသူက ႐ုတ္တရတ္ သူ႔အနား ေလွ်ာက္လာတာေၾကာင့္ မုန္တိုင္း လန႔္သြားၿပီး မတ္တပ္ထရပ္လိုက္သည္ ။ စိတ္လႈပ္ရွားမႈေၾကာင့္ ဒူးမ်ားပင္ တဆတ္ဆတ္တုန္ေနမိသည္ကိုေတာ့ ကာယကံရွင္ ျဖစ္သည့္ သူသာသိမည္ ။
" ထိုင္ပါ... သားရယ္... လြတ္လြတ္လပ္လပ္ေနပါ... "
" ဟို... ဟုတ္ကဲ့ "
မုန္တိုင္း အသံမ်ားလည္း သိသိသာသာ တုန္ယင္ေနသည္ ။ ဒီလိုအေျခအေနႀကီးမွာ အေနရခက္လြန္းလို႔ ျဖစ္ႏိုင္လွ်င္ သူ အက်ယ္ႀကီး ေအာ္ဟစ္ ပစ္လိုက္ခ်င္မိသည္ ။ အေဖ့မ်က္ႏွာကို ျမင္ၿပီး သူ႔ရင္ဘတ္ထဲမွာ နာသည္ ။ စို႔နင့္သည္ ။
" တကယ္ကို ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာတာပဲ "
အေဖက မုန္တိုင္းကို ၾကည့္လ်က္ မ်က္ရည္မ်ားဝဲကာ ဆိုသည္ ။ သို႔ေသာ္ မုန္တိုင္းမွာ ျပန္ေျပာစရာ စကားမရွိ ။ ရင္ဘတ္ထဲမွာ ခံစားခ်က္မ်ိဳးစုံ ေရာႁပြန္းရႈပ္ေထြးေနၾက၍ မ်က္ရည္မက်မိေအာင္သာ ထိန္းေနရသည္ ။
" ကြၽန္ေတာ့္ကို ေခၚတာ ဘာမ်ား ေျပာစရာရွိလို႔လဲ "
မုန္တိုင္း အတတ္ႏိုင္ဆုံး အသံကို ထိန္းကာ ေျပာလိုက္ေတာ့ အေဖျဖစ္သူ မ်က္ႏွာ သိသိသာသာ ပ်က္ယြင္းသြားသည္ ။ သူစိမ္းဆန္သည္ထင္လွ်င္လည္း မတတ္ႏိုင္ပါ ။ မုန္တိုင္းအေနႏွင့္ ဟိုးငယ္ငယ္ေလးထဲက မိရင္းဖရင္းဆိုသူမ်ားကို သူစိမ္းထက္ မပိုေသာ လူစာရင္းထဲမွာ သြင္းထားခဲ့ၿပီးသားပင္ ။
" သားကို ဒယ္ဒီ ေတာင္းပန္ ခ်င္လို႔ပါ... ေနာက္ၿပီး အေမြ... "
" ဥကၠဌဆီက ကြၽန္ေတာ္ ဘာတစ္ျပားတစ္ခ်က္မွ မေမွ်ာ္လင့္ထားလို႔ အဲ့ဒီကိစၥကိုေတာ့ ဆက္မေျပာေစခ်င္ပါဘူးဗ်... ေနာက္ၿပီး ဥကၠဌ ေတာင္းပန္တာကို လည္း ကြၽန္ေတာ္ လက္မခံႏိုင္ပါဘူး... "
ထိုစကားကို ၾကားၿပီး အေဖျဖစ္သူ မ်က္ရည္မ်ား က်ဆင္းလာသည္ ။ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားကာ သူ႔ပုံစံက အလြန္ေျဖမဆည္ႏိုင္ ျဖစ္ေနသည့္ပုံမ်ိဳး ေပါက္ေန၏။
' ခံစားရတယ္မလား... ဒါ ကြၽန္ေတာ့ ဘဝ တစ္ေလွ်ာက္ ခံစားရတာေတြထက္စာရင္ အကင္းေလးပါ '
မုန္တိုင္း အေဖ့ပုံစံကို ၾကည္ၿပီး စိတ္ထဲမွ နာက်ည္းစြာ ဆိုလိုက္မိသည္ ။
" ဒါဆို သားတကယ္ပဲ ဒယ္ဒီတို႔နဲ႔ အတူတူျပန္ေနဖို႔ ဆႏၵမရွိဘူးလား "
"
ဒီေန႔ လာခဲ့တာ... ကြၽန္ေတာ္ အရမ္းသိခ်င္ေနတဲ့ ေမးခြန္း တစ္ခု ေမးခ်င္လို႔ လာခဲ့႐ုံ သက္သက္ပါ... ဒါၿပီးရင္ ကြၽန္ေတာ္ ျပန္မွာပါ "
" သား ေမးခ်င္တဲ့ ေမးခြန္းကို ဒယ္ဒီ သိပါတယ္ "
အေဖက ငိုေနရင္းၾကားမွ နာနာက်င္က်င္ ၿပဳံးလ်က္ သူ႔ အလုပ္စားပြဲနား ထ သြားသည္ ။ ထို႔ေနာက္ အံဆြဲထဲမွ အညိဳေရာင္ စာအုပ္ထူထူတစ္အုပ္ကို ယူလိုက္ၿပီး
" ဒီ Diary စာအုပ္ထဲမွာ သားသိခ်င္ေနတဲ့ ေမးခြန္းရဲ႕ အေျဖပါတယ္... သား ယူသြားပါ... ဒီထဲမွာ ဒယ္ဒီတို႔အေၾကာင္း သားအေမအေၾကာင္း အားလုံး ေရးထားတယ္... စာအုပ္ဖတ္ၿပီးတဲ့အခါ ဒယ္ဒီ့ကို ခြင့္မလြတ္ႏိုင္ရင္ေတာင္ သားအတြက္ အႏွစ္ႏွစ္ဆယ္လုံးရင္ကြဲနာက်ေနရတဲ့ တစ္စုံတစ္ေယာက္ကိုေတာ့ ခြင့္လႊတ္ေပးဖို႔ ဒယ္ဒီ ေတာင္းဆိုခ်င္တယ္... "
ဒိုင္ယာရီ စာအုပ္ကို က်စ္က်စ္ ပါေအာင္ ဆုပ္ကိုင္ရင္း မုန္တိုင္း မ်က္ရည္မက်မိေအာင္ အံကို တင္းတင္းႀကိတ္ထားမိသည္ ။ အိမ္မွာကတည္းက စိတ္ကို ျပင္ဆင္ထားခဲ့ေသာ္ျငား တကယ့္တကယ္တမ္းႀကဳံေတြ႕လာေတာ့ သူ ခံႏိုင္ရည္မရွိခဲ့ပါ ။ ရင္ထဲမွာ ပူေလာင္လိုက္တာ ဆိုတာ မီးၿမိဳက္ထားသည့္အတိုင္းပင္။
ၾကာၾကာဆက္ေနလွ်င္ စိတ္မထိန္းႏိုင္ေတာ့မည္စိုး၍ မုန္တိုင္း စာအုပ္ကို ယူကာ အခန္းထဲမွ ေျပးထြက္လာခဲ့လိုက္သည္ ။
ဟိုတယ္ဓာတ္ေလွကားထဲအေရာက္ လူက မတ္တပ္ရပ္ဖို႔ပင္ အားမရွိေတာ့၍ မုန္တိုင္း ေခြလွဲခ်ကာ ဒိုင္ယာရီစာအုပ္ကို ရင္ဝယ္ပိုက္ရင္း ေအာ္ဟစ္ ပစ္လိုက္သည္ ။ မိဘႏွင့္သားသမီးၾကားက ေရစီးေၾကာင္းသံေယာဇဥ္ကို ျဖတ္ဖို႔ သူထင္ထားသေလာက္ မလြယ္ကူခဲ့ပါ ။
ထိုအေၾကာင္းမ်ားကို ျပန္လည္ေတြးမိၿပီး မုန္တိုင္း မ်က္ရည္ပင္ ဝဲခ်င္လာသည္ ။
လက္ထဲက ဒိုင္ယာရီစာအုပ္ကို ဖြင့္ဖတ္ၾကည့္လိုက္ေတာ့ ပထမ စာမ်က္ႏွာတြင္ ျမင္လိုက္ရေသာ ဓာတ္ပုံေၾကာင့္ မုန္တိုင္း မ်က္ခုံးမ်ား ပင့္တက္သြားမိသည္ ။ ဓာတ္ပုံထဲတြင္ အျပစ္ကင္းစြာၿပဳံးေနသည့္ေကာင္ေလးကို အသက္ခပ္လတ္လတ္ အမ်ိဳးသား တစ္ဦးက ျမတ္ျမတ္ႏိုးႏိုး ၾကည့္ေန၏ ။
ထို အမ်ိဳးသားကား အျခားသူ မဟုတ္ဘဲ မုန္တိုင္း အေဖအရင္းျဖစ္ေန၍ မုန္တိုင္း အႀကီးအက်ယ္ အံ့ဩသြားမိသည္ ။ ထို႔အျပင္ ၿပဳံးေနသည့္ေကာင္ေလးကိုလည္း သူရင္းရင္းႏွီးႏွီး ျမင္ဖူးေနသည္ ။ သူခန႔္မွန္းတာ မမွားဘူးဆိုလွ်င္ ထိုေကာင္ေလးသည္ အေဖ့အလုပ္စားပြဲေပၚက ဓာတ္ပုံထဲမွ အမ်ိဳးသား၏ ပုံပဲျဖစ္ရမည္ ။
ပုံေအာက္တြင္ အမည္နာမ တစ္ခုကို ေရးထိုးထားေသး၍ မုန္တိုင္း အသံထြက္ ဖတ္ၾကည့္လိုက္ေတာ့
" ရတု "
*********
" ေမေမ့... သား လိုက္သြားခ်င္တယ္လို႔ဆို ! "
မုန္တိုင္းက သူ႔ ေနရပ္ၿမိဳ႕ဆီ အလည္ျပန္မည္ ဆို၍ သက္တန႔္က လိုက္မယ္ တကဲကဲ လုပ္ေနသည္ ။ သို႔ေသာ္ ေမြးသဖခင္ႀကီးက ခြင့္မျပဳ၍ အေမ့နားကပ္ကာ ဇြတ္ ပူဆာရေတာ့၏ ။ အေမ့ဆီကစစ္ကူရလွ်င္ေတာ့ အေဖ့ဘက္က အလံျဖဴျပ ႏိုင္ေလာက္သည္ ။
" မလိုက္ရဘူး "
ေမေမက တိခနဲ ယတိျပတ္ျငင္းခ်လိုက္၍ သက္တန႔္ မ်က္ႏွာေလး ရႈံ႕မဲ့သြားသည္ ။ စကားေျပာတာလည္း ျပတ္လိုက္တာဆိုတာ ဦးဂုဏ္ေရာင္ မိန္းမလို႔ မေျပာရ။ တစ္ေလသံတည္းေတြပါပင္ ။
" ေမေမတို႔ မတရားဘူး... သား စာေမးပြဲၿပီးတည္းက ခရီးသြားခ်င္တယ္လို႔ ေျပာတာလည္း လိုက္မပို႔ဘူး... အခုလည္း လူႀကဳံရွိေနတာကို မထည့္ေပးဘူး... ေမေမတို႔က စိတ္ဓာတ္ပဲ "
" ဆိတ္ဓာတ္ေတြ သိုးဓာတ္ေတြ လာမေျပာနဲ႔... ဒီအိမ္မွာ နင့္ေဖကို ေက်ာ္ၿပီး ဘယ္သူ ဆုံးျဖတ္လို႔ရလို႔တုန္း... ငါခြင့္ျပဳလည္း သူမလႊတ္ရင္ အလကားပဲ... "
" ေမေမ သားဘက္က ေျပာေပးရင္ေတာ့ ရေလာက္မွာပါဗ်ာ... ေဖေဖစိတ္ေပ်ာ့သြားေအာင္ ေမေမက နည္းနည္းပါးပါး ေခ်ာ့ေျပာေပါ့... ကိုေရ ကေလးကို လႊတ္လိုက္ပါေနာ္ ဘာညာ "
သက္တန႔္ ထိုသို႔ဆိုေတာ့ ေမေမက မ်က္ႏွာကို ႐ြဲ႕လိုက္ၿပီး
" အမေလး... ကိုေရ ကတ္ေရနဲ႔ ေခ်ာ့တိုင္း ေပ်ာ့သြားရေအာင္ နင့္အေဖကမုန္တိုင္းနဲ႔ မတူဘူးဟဲ့ "
ေမေမ့ စကားေၾကာင့္ သက္တန႔္ ခႏၶာကိုယ္ ဓာတ္လိုက္သလို ရွိန္းခနဲ ျဖစ္သြားမိသည္ ။
ေနပါဦး ေမေမက သူ မုန္တိုင္းကို အဲ့လိုေခၚတာ ဘယ္လို သိသြားရသလဲ!
" ေမေမက ဘယ္လိုသိ... "
" အမေလး... ဟိုေန႔က အိမ္ေရွ႕မွာ နင္တို႔ ႏွစ္ေယာက္ဖက္ၿပီး ပလူးေနတာ ငါမျမင္ဘူးမ်ား ထင္ေနလား... "
ေမေမ့ စကားေၾကာင့္ သက္တန႔္ ပါးေတြနားေတြ ထူပူကာ ရဲတက္လာသည္ ။ ဒါဆို သူနဲ႔မုန္တိုင္း နမ္းတာလည္း ေမေမျမင္တယ္ေပါ့ ။
အမေလးေလး ရွက္လို႔ေသေတာ့မွာပဲ !
ဘယ္ႏွယ့္ ခံစားခ်က္ႀကီးပါလိမ့္ !
" သား အိပ္ခ်င္လို႔ အေပၚတက္ၿပီ "
သက္တန႔္ ေမေမႏွင့္ မ်က္ႏွာခ်င္းပင္ ဆိုင္ဖို႔ အားမရွိေတာ့ ၍ အိမ္အေပၚထပ္ဆီ ဝ႐ုန္းသုံးကား ေျပးတက္လာခဲ့သည္ ။ ေလွကားနား ေရာက္ေတာ့ အိမ္ေရွ႕ခန္းမွ အသံတစ္သံၾကားရ၏ ။
" ခ်ိဳသက္ေရ... ငါလာတယ္ "
ၾကည့္ရတာ သက္တန႔္ဘက္က ေရွ႕ေနလိုက္ေပးမည့္ တစ္စုံတစ္ေယာက္ကေတာ့ အခ်ိန္ကိုက္ ေရာက္လာပုံပါပင္ ။
အားကိုးပါတယ္ ေယာကၡမေလာင္းႀကီးေရ... ။
TBC ...
************************************