{Uni}
Knock Knock
"လော့မချထားဘူး"
ဖန်ရှင်းတစ်ယောက် တံခါးလော့မချထားဘူးဆိုသည်ကြောင့် တံခါးလေးဖွင့်ပြီးဝင်လာသောအခါ မှန်ရှေ့တွင် ဆံပင်ပုံသွင်းနေသည့်Seanကိုတွေ့သည်။
ခေါင်းလျှော်ရေချိုးပြီး Gucci အင်္ကျီအဖြူလေးနှင့်Seanသည် သိပ်ကိုချစ်ဖို့ကောင်းနေပါ၏။
"ဖွားဖွားပြန်ရောက်နေပြီ Sean။ ထမင်းစားဖို့ စောင့်နေတယ်"
"ရောက်တောင်လာပြီလား။ ခနနေရင်ဆင်းခဲ့မယ် Shinn"
"အင်း"
"အာ....Shinn"
"အင်း ပြော"
အပြင်ထွက်ဖို့လုပ်နေရာမှ ဖန်ရှင်းပြန်လှည့်ပြီးထူးလိုက်သည်။
"ငါလေ ဖွားဖွားကို ပေကျင်းမှာကျောင်းသွားတက်ဖို့ ပြောရင် ကောင်းမလားလို့"
"မကောင်းလောက်ဘူးထင်တယ်။ ဖွားဖွားက..."
"ငါသိပါတယ် ဒါပေမယ့်ငါသွားချင်တယ်လေ"
"မင်းသားရိပေါ်ကြောင့်လား"
"......"
"မင်းသားတစ်ယောက်အတွက်နဲ့ Seanရာ.."
"သူ့ကြောင့်လည်းပါတယ်။ ပြီးတော့ မားနဲ့ပါးတို့ကိုလည်းတွေ့ချင်သေးတယ်.."
ပြောရင်းအသံတိမ်ဝင်သွားသည့် ရှောင်းကျန့်ကြောင့် ဖန်ရှင်းသူ့အနားသွားကာ ပုခုံးလေးပုတ်ပြီးနှစ်သိမ့်လိုက်သည်။
"ကြိုးစားပြီးပြောကြည့်လေ။ တကယ်လို့သွားလို့ရရင် ငါလည်းလိုက်ခဲ့မယ်Sean"
"ငါ့ကို မင်းပဲနားလည်တယ်Shinn"
"တော်စမ်းပါကွာ။ အောက်မှာဖွားဖွားစောင့်နေပြီ သွားမယ်"
"အင်း အင်း"
သွက်လက်သောခြေလှမ်းတို့ဖြင့် အောက်ထပ်ဆင်းသွားလိုက်သည်။ ထမင်းစားခန်းထဲရောက်သည့်အခါ စားပွဲပေါ်တွင် မြင်နေရသည့်ဟင်းပွဲတွေသည် သာမန်လူသာဆို မျက်လုံးပြူးသွားနိုင်သော်လည်း ၁၀နှစ်ကျော်လောက်မြင်ဖူးနေသည့် သူ့အဖို့တော့ မထူးဆန်းတော့ပေ။
"မြေးလေး.. မနက်ကဘယ်အချိန်မှထလဲကွယ်။ ဖွားက မနက်စာစားဖို့စောင့်နေတာ။ မြေးမဆင်းလာတော့ ဖွားတစ်ယောက်တည်း စားလိုက်ရတယ်"
ရှောင်းကျန့်အားမြင်သည်နှင့် နုပျိုနေသေးသည့် ၆၂နှစ်အရွယ်ဖွားဖွားက သူ့ကိုတစ်ယောက်တည်းထမင်းစားလိုက်ရ၍ မကျေနပ်သလိုလေးပြောသည်။
ဖွားဖွားက သူ့ကိုအရမ်းအလိုလိုက်သည်။ သမက်ဖြစ်သူက တရုတ်လူမျိုးဖြစ်ပြီး လူမျိုးမတူတာကြောင့် ရှောင်းကျန့်၏မိဘတွေကို သဘောမတူခဲ့သည့်ဖွားဖွားက ရက်စက်စွာပင် သူ့မားကိုအမွေပြတ်ပါ စွန့်လွှတ်ခဲ့သည်။
တရုတ်တွင် တက်သစ်စ မင်းသားတစ်ယောက်ဖြစ်နေသည့်သူ့ပါးကြောင့် စား၊ ဝတ်၊ နေ ရေးအတွက်အဆင်ပြေခဲ့ပြီး သူ့ကိုလူ့ဘဝထဲရောက်အောင် ခေါ်ဆောင်ပေးခဲ့သည်။
သို့ပေမယ့် ကံဆိုးလွန်းသည့် သူတို့မိသားစုပါ။ ရှောင်းကျန့် ၅နှစ်သားအရွယ်တွင် မူကြိုလာကြိုရင်း သူ့မိဘတွေသည် သူ့ဆီမရောက်ခင်လမ်းတစ်ဝက်မှာတင် Accidentဖြစ်ကာ ပွဲချင်းပြီးဆုံးပါးသွားခဲ့သည်။
၅နှစ်သားအရွယ်သူသည် ဘာသိတတ်ဦးမည်တဲ့လဲ။ နေ့လယ်၁၂နာရီ၌ မူကြိုတွင်ထမင်းစားပြီးချိန်ကတည်းက စောင့်နေခဲ့သော်လည်း ည၉နာရီကျော်မှ မူကြိုကို အမေနဲ့အဖေလာမကြိုဘဲ ဓါတ်ပုံထဲတွင်မြင်ဖူးပြီးသားဖြစ်သည့် အဖွားဖြစ်သူလာခေါ်တာကိုပျော်နေခဲ့သည်။ အနေစိမ်းသော်လည်း ဆွေမျိုးမှန်းသိ၍သူပျော်ခဲ့သည်။ ဖွားဖွားအဲ့နေ့က သူ့ကိုဖက်ပြီးငိုနေခဲ့၏။
သူသာ သူ့သမီးလေးကိုမရက်စက်ခဲ့လျှင်၊ သူသာ သူ့မိဘနှစ်ပါးကို လက်ခံပေးခဲ့လျှင် သူရဲ့နန်းတော်လိုအိမ်ထဲတွင် သူတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင် နေလို့ရသည်ကို သူ့ကြောင့်ပါ၊ သူ့အမှားပါဟုဆိုကာ ငိုခဲ့သည်။ ဖြစ်သွားသမျှသည် သူ့ကြောင့်မဟုတ်ခဲ့တာကိုမေ့လျော့နေသည်အထိ။
အဲ့နေ့ကစပြီး သူ့ကိုဖွားဖွားက ဂျပန်ကိုခေါ်လာခဲ့တာဖြစ်သည်။ သူ့မိဘတွေကိုတွေ့ချင်လို့ ငိုသည့်အခါတိုင်း ဖွားဖွားက အချိန်တန်ရင် သူမကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်ဟုပြောကာ ငိုရှာသည်။ ဖွားဖွားငိုတော့ သူလည်းမကြည့်ရက်ပြန်။ ဖွားဖွားလိုက်ပို့သည်အထိပဲ စောင့်နေခဲ့သည်။ သူ့အသက်၁၀နှစ်တွင် အိမ်တော်ထိန်းကြီးKuနှင့်အတူပါလာသည့် ဖန်ရှင်းနှင့်စတွေ့ခဲ့သည်။
အသက်အရွယ်တူသည့်သူတို့နှစ်ယောက်သည် ထင်ထားတာထက်ပင် တစ်ယောက်ကိုတစ်ယောက်ဖေးဖေးမမနှင့် ချစ်ချစ်ခင်ခင်ဖြစ်ခဲ့ကြသည်။ နောက်ဆုံး ညီအစ်ကိုအရင်းတွေလိုတောင်ဖြစ်လာကြသည်။
သူ့အသက်၁၂နှစ်တွင် ဖွားဖွားသည်သူ့လက်လေးကိုဆွဲကာ အချိန်တန်ပြီဟုဆိုပြီး တရုတ်ကသူ့မိဘတွေဆီသို့ ပြန်ခေါ်သွားခဲ့သည်။ မိဘတွေကိုတွေ့ရတော့မည်မို့ ပျော်ပျော်ရွှင်ရွှင်လိုက်သွားခဲ့သည့် ရှောင်းကျန့်သည် သစ်ပင်ကြီးနှစ်ပင် ဘေးချင်းကပ်ပြီး စိုက်ထားသည့် စိမ်းစိုစိုမြက်ခင်းပြင်ကြီးရှေ့ရောက်သည့်အခါတွင် ကြောင်နေမိသည်။ ဖွားဖွားကသူ့ကို ဘာလို့ဒီခေါ်လာသည်လဲဆိုသည့်အတွေးနှင့်။
ကိုယ့်ကိုအမြင်ရှင်းစေပြီး ဒီပတ်ဝန်းကျင်လေးက သာယာလိုက်တာဟု တွေးမိသည့်နေရာသည် ကိုယ့်ကို သေလောက်အောင်လည်း ခံစားရစေနိုင်သည်ဆိုတာ တကယ်ကြုံဖူးမှ သူသိခဲ့သည်။
ဆုံးသွားပြီတဲ့။ သူငိုခဲ့သည်။ ငိုရလွန်းလို့ မျက်ရည်တွေတောင်ကုန်ပြီထင်ခဲ့၏။ သူဖွားဖွားကိုလည်း အပြစ်မတင်ရက်ခဲ့ပေ။ သူကသာ ၇နှစ်နေမှ ဒီဝေဒနာကိုခံစားရတာ။ ဖွားဖွားက ၇နှစ်လုံး ဒီဝေဒနာကို သူ့အပြစ်လို့ခံယူပြီးခံစားခဲ့ရမည်လေ။ သူ့အတွက်တွေးပေးပြီး သူ့ကိုမြင်တိုင်း ရင်ထဲတွင်ဘယ်လောက်တောင် ဒဏ်ရာတွေနဲ့ပြည့်နေလိုက်မလဲ။ သူအပြစ်မတင်ရက်ပါဘူး။
နောက်တော့ဖွားဖွားက သူ့ကိုဂျပန်ကိုပြန်ခေါ်လာခဲ့သည်။ တရုတ်နိုင်ငံကို ခြေမချခိုင်းတော့သည့်အပြင် တရုတ်လူမျိုးတွေဖြစ်သည့် အိမ်တော်ထိန်းနှင့်ဖန်ရှင်းကိုပါ အလုပ်ဖြုတ်ဖို့အထိလုပ်ခဲ့သည်။ သူ့အတွက်ရင်းနှီးသူတွေမို့ အလုပ်မဖြုတ်ဖို့ကို ရှောင်းကျန့်တောင်းပန်ခဲ့ရသည်။
ဖွားဖွားသည် သူတောင်းပန်တော့လည်းလက်ခံခဲ့၏။ သို့ပေမယ့် သူ့ရှေ့တွင်တရုတ်လိုပြောလျှင် မျက်နှာလေးညှိုးသွားတတ်သည်မို့ ဖန်ရှင်းတို့ကလည်းဂျပန်လိုပဲပြောပေးသလို အိမ်တော်ထိန်းကြီးလည်း ဂျပန်လိုသာပြောခဲ့သည်။ သို့သော် ဖွားဖွားရှေ့တွင်သာဖြစ်သည်။
တရုတ်စာကို လေ့လာခွင့်မရခဲ့သည့် ရှောင်းကျန့်သည် ဖွားဖွား ကုမ္ပဏီသွားသည့်အချိန်တွေဆို ဖန်ရှင်းတို့ကို ခိုးသင်ခိုင်းရ၍ သူတရုတ်လိုနည်းနည်းရေးတတ်သည်။
သူတရုတ်စာသင်တာ ၁နှစ်လောက်သာရှိသေးသည်။ အကြောင်းရင်းကတော့ ၁၇နှစ်အရွယ်တွင် သူသဘောကျခဲ့ရသည့် Idolပေါက်စလေး ဝမ်ရိပေါ်ကြောင့်ပင်။ သူတရုတ်စကားကို ပြောတတ်ပေမယ့် ရေးတတ်ဖို့ခက်နေသေးသည်။ သို့သော်တရုတ်စာကို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်လျှင်တောင် တချို့စကားလုံးတွေကိုသူမသိသေး။
ဥပမာ မနက်က ဖန်ရှင်းပြောသွားသည့် 'လက်ပေါက်ကပ်တယ်'ဆိုသည့် စကားလုံးမျိုးပင်။
"မြေး ဘာတွေတွေးနေတာတုန်း။ ဟင်းတွေ စားမကောင်းလို့လား။ သားအကြိုက် ငါးဆုပ်ဟင်းလေးလေ"
"ကောင်းပါတယ်ဖွားဖွား။ သားပြောစရာရှိလို့ပါ"
"ပြောလေ မြေးရယ်"
"သားလေ.. တရုတ်မှာကျောင်းသွားတက်ချင်တယ်"
"...."
ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည့်ဖွားဖွားသည် ဇွန်းလေးပြန်ချကာ သူ့နှင့်မျက်လုံးချင်းဆုံလာသည်။
"ဘာလို့ သွားချင်တာလဲ"
"အကြောင်းပြချက်တွေအများကြီးထဲကမှ ကျွန်တော်ဖွားဖွားကိုပေးသိချင်တာက ကျွန်တော်ကျောင်းသွားတက်ချင်တယ်"
"ဖွားဖွား ခွင့်မပြုဘူးဆိုရင်ရော"
"ဖွားဖွား ခွင့်ပြုအောင်ကြိုးစားမယ်"
"....."
"ဖွားဖွား.."
"ဖွား စားလို့ဝပြီ။ လုပ်ငန်းရှင်တွေနဲ့ ချိန်းထားတာ ရှိသေးတယ်"
တစ်ဝက်ပင်မကျိုးသေးသည့် ထမင်းပန်းကန်လေးကိုကြည့်ပြီး သူစိတ်မကောင်းဖြစ်မိသည်။ ဖွားဖွားသူ့ကြောင့် အစားအသောက်ပျက်ရပြီ။
Driverနဲ့အတူ ထွက်သွားပြီဖြစ်သည့် ကားလေးအားထွက်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်မိသည်။
"ငါသာတရုတ်ကို အိမ်ဦးနဲ့ကြမ်းပြင်လို့ကူးနေတာသိရင် ဖွားဖွားမေ့များသွားမလား မသိဘူး"
"သချာပေါက်ကို မေ့လဲသွားမှာပေါ့"
သူ့ဘာသာသူ ရေရွတ်နေမိသည်ကို ဖန်ရှင်းက အပြတ်အသတ်ကြီး လာထောက်ခံနေသည်ကြောင့် ရင်ထဲတွင်အလိုမကျမှုက Auto ဖြစ်ပေါ်လာသည်။
"ဖွားဖွား အဲ့လိုငါသွားတိုင်းမမေ့လဲအောင် ဖွားဖွား လက်ခံအောင်လုပ်မှာ"
"ဒါဆိုရင်တော့ ထပ်ကြိုးစားလိုက်ဦး"
လေချွန်ရင်းထွက်သွားသည့် ဖန်ရှင်းပုံစံသည် တကယ်ပြေးကန်ချင်စရာ။ လေပူတစ်ချက်မှုတ်ထုတ်ပြီး သူ့အခန်းသို့ပြန်လာလိုက်သည်။ ကုတင်ပေါ်လှဲချ၍ ဖုန်းကိုဖွင့်ပြီး Instagram ထဲဝင်တော့ ချစ်ရပါသောIdolဆီမှ Likeတစ်ဖြစ်လည်း Heart Signလေး။
Instagram ၏ Likeသင်္ကေတကိုက Heart ဆိုတာသိပေမယ့် Idolပေးတာဆိုလျှင် အရာရာကိုရွှေလို့မှတ်သည့်သူသည် Heart Signရတော့ ပျော်ရွှင်မှုကဖော်မပြနိုင်အောင်ဖြစ်သည်။
Log Outလုပ်ကာ နောက်တစ်ကောင့်ဖြစ်သည့် Sean Xiao ဆိုသည့် Day Toyနှင့်Profile ပုံမတူသည့်အကောင့်ထဲဝင်လိုက်သည်။
ထိုအကောင့်သည် သူအသက်၁၈နှစ်ကတည်းက စသုံးလာတာဖြစ်ပြီး ကျောင်းမှသူငယ်ချင်းတွေနှင့်ရိုက်ထားသည့်သူ့ပုံတွေ၊ သူကျောင်းတွင်ဆွဲထားသည့်ပန်းချီတွေတင်ဖြစ်သည်။ ထိုအကောင့်တွင်တော့ Fan Boy အနေနှင့်မဟုတ်ဘဲ သာမန်ဂျပန်ကျောင်းသားအနေနှင့်သာ သုံးသည်။ ထိုအကောင့်တွင် Just Nowဆိုကာ သူတင်လိုက်သည့် နောက်ထပ်Postတစ်ခုသည် 'Seanကိုစောင့်နေမယ်မလား'တဲ့။
ခနလေးချင်းပင် ရောက်လာသည့်Likeတွေနှင့် Commentတွေသည် ကျောင်းမှသူငယ်ချင်းတွေနှင့် သူ့အားCrushနေသည့်ကောင်မလေးတွေဖြစ်သည်။
*နောက်ဆုံးတော့ Sean Xiaoလေးအချစ်ကိုရှာတွေ့သွားပြီ*
*ငါ့ကို တကယ်မစဥ်းစားပေးတော့ဘူးလား Sean*
*ဟျောင့်Sean!! ဘယ်သူ့ကိုစောင့်ခိုင်းနေတာလဲ! နာမည်ထည့်ပြောကွာ!! မင်းလုပ်တာ ငါ့ညီမက ဘေးမှာ ပူညံပူညံလုပ်နေလို့ ငါGame အေးဆေးမဆော့ရဘူးကွ*
*ရက်စက်သွားပြီပေါ့*
*ဘယ်သူလဲ...အား!!!*
တော်တော်များများသည် မိန်းကလေးတွေဖြစ်ပြီး ကြေကွဲမန့်တွေက ပိုများသည်။
"မင်းတို့ကို အသည်းခွဲဖို့မရည်ရွယ်ပါဘူး"
မန့်တွေလိုက်ဖတ်ပြီး ပြုံးစိစိနှင့်ဖုန်းပိတ်ကာ တစ်ရေးလောက်အိပ်ရန်ပြင်လိုက်တော့သည်။
//////
Airconမဖွင့်ဘဲ အိပ်လိုက်မိတာ နောင်တရသည်။ အင်္ကျီလည်းမလဲဘဲ အိပ်လိုက်သည်မို့ ခန္ဓာကိုယ်ကပါ ချွေးစေးတွေထွက်ပြီး အိပ်လို့ပါမရတော့ပေ။
မနေနိုင်တော့သည့်အဆုံး ဆက်မအိပ်တော့ဘဲ ခုံပေါ်မှ Remoteကိုယူကာ Airconကို အနေတော်လောက်ထားပြီး ချွေးတွေစိုနေသည့်အဝတ်စားတွေအားချွတ်လိုက်သည်။ နာရီကြည့်တော့ ည၆နာရီ။
ချွတ်ပြီးသားအဝတ်အား လျှော်မည့်ပုံးမဟုတ်သည့် လွှင့်ပစ်မည့်ပုံးထဲထည့်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ သူဘယ်အင်္ကျီကိုမှ ဘယ်လောက်စျေးကြီးကြီး လျှော်ပြီးပြန်မဝတ်တတ်။
ရေပိုက်ကိုဖွင့်ကာ ခေါင်းကိုရေစိုစေပြီး အပူဒဏ်ကိုလျှော့ကျလိုက်သည်။ ပျော့ပျောင်းပြီး နက်မှောင်နေသည့်ဆံပင်တွေသည် ရေစိုသွားတာတောင် သူ့ဆွဲဆောင်နိုင်မှုကလျော့မသွား။
ရေချိုးပြီး တစ်ခုခုစားရန် ထမင်းစားခန်းထဲဝင်လာလိုက်သည်။ စားပွဲပေါ်တွင် အဆင်သင့်ရှိနေပြီးသား ဟမ်ဘာကာနှင့် Colaသည် သူ့ညစာဖြစ်သည်။
အောင်မြင်ကျော်ကြားလှပါသော ဝမ်ရိပေါ်ဆိုသည့်သူသည် အင်္ကျီအဝတ်စားတွေ၊ ဖိနပ်တွေနေရာ၌သာ အကောင်းစားဘက်ကိုပဲ ပိုက်ဆံဖြုန်းသည့်သူသည် အစားအသောက်နှင့်ပတ်သက်လျှင်တော့ ဖြစ်သလိုသာစားသည်။
ဟမ်ဘာကာအထဲမှအသားပြားကို ဆွဲထုတ်ပြီး ပါးစပ်ထဲထည့်ကာ ကိုက်ထားလိုက်သည်။ ရေခဲသေတ္တာထဲမှ ဘီယာဗူးအရှည်တစ်ဗူးယူကာ ဝရန်တာကိုထွက်လိုက်သည်။ အပေါ်ဆုံးထပ်တွင်ဖြစ်သည့် သူ့အခန်းကြောင့် ကားလမ်းမကြီးကို လှမ်းမြင်နေရသည်။
ကားရောင်စုံပြေးနေသည်ကိုကြည့်ရင်း ဘီယာလေးသောက်လိုက်၊ အမြည်းအနေဖြင့်အသားပြားလေးကိုက်လိုက်နှင့်အရသာက ဘာနဲ့မှမလဲနိုင်။
သူ့ဘဝကတော့ ရိုးရှင်းပါသည်။ မွေးကတည်းက မိဘမဲ့ဂေဟာတွင် ညီအစ်ကိုနှစ်ယောက်လုံး စွန့်ပစ်ခံရပြီး အသက်၁၈နှစ်တွင် ဂေဟာမှထွက်လာခဲ့ကြသည်။ ရရာအလုပ်နှင့် ညီအစ်ကိုနှစ်ယောက် လောက်ငှအောင်နေထိုင်စားသောက်ခဲ့သည်။
Barတွေတွင် သီချင်းဆိုလိုက်၊ ကလိုက်နှင့် သူ့ကို YH Entertainment မှ CEO၏ ကမ်းလှမ်းချက်ကြီးက ရောက်ရှိလာသည်။ ဆိုမယ်၊ ကမယ်၊ သရုပ်ဆောင်မယ်။ ဒီကိစ္စတွေမှလွဲလျှင် ကျန်တာဘာမှစိတ်မဝင်စားသည့် သူ့အတွက် ထိုကမ်းလှမ်းချက်သည် ကံကောင်းမှုတစ်ခုဖြစ်သည်။
ထို့ကြောင့်လည်း သူ ဒီEntertainmentနှင့် ရေရှည်လက်တွဲနိုင်နေနိုင်ခြင်းဖြစ်သည်။
နောက်ပိုင်း အောင်မြင်လာသည့်အချိန်တွင် ဟိုက်ခွမ်းကောက သူ့မန်နေဂျာအဖြစ်လုပ်ပေးပြီး အတူတူတော့မနေဖြစ်။ ဘာလို့ဆို ကောက အိမ်ထောင်ကျသွားလို့ပင်။ ယူထားသည်ကလည်း အမျိုးသားတစ်ယောက်ဖြစ်သည်။
ဘီယာဗူးကိုတန်းပေါ်ချကာ အသားပြားကို ပါးစပ်ထဲအကုန်ထည့်လိုက်သည်။ ဖုန်းကိုထုတ်ပြီး Weiboပေါ်တက်လိုက်သည့်အခါ ထုံးစံအတိုင်း ဒီနေ့လည်း Day Toy အကောင့်၏ပိုင်ရှင်ကို စုံစမ်းနေကြောင်းတင်ထားသည့် သူ့ရဲ့ Fanတွေအား တွေ့ရသည်။
သူလည်း ထိုအကောင့်ပိုင်ရှင်ကိုသိချင်ပါ၏။
သူတက်သစ်စကတည်းက သိလာသည့် ထိုအကောင့်သည် သူ့ပုံတွေ၊ သူ့အကြောင်းတွေ၊ သူနဲ့ပတ်သက်တာကလွဲလျှင် ဘာဆိုဘာမှမတင်။
ချမ်းသာတာတော့သေချာသည်။ သူကြေငြာသမျှပစ္စည်းတွေ ဘယ်လောက်စျေးကြီးကြီး ဝယ်ပြီးကြောင်း ဓါတ်ပုံနှင့်တကွတင်တတ်သည်။ သူဖိနပ်ဝယ်လို့တင်လိုက်လျှင်လည်း ရက်မကူးဘဲ သူနဲ့တစ်ပုံစံတည်းဖိနပ်ကိုဝယ်ပြီးကြောင်းတင်သည်။
သို့သော် သူ့ဆိုဒ်သည် ကိုယ့်ထက်သေးနေတော့ မိန်းကလေးလို့ထင်လိုက်ပေမယ့်လည်း သူဝယ်သည်မှာ ယောက်ျားလေးစီးဖြစ်နေပြန်သည်။ သို့သော် သူနဲ့တူအောင် တမင်တကာပဲ ယောက်ျားလေးစီးကိုဆိုဒ်သေးဝယ်တာလည်း ဖြစ်နိုင်သည်ဟုတွေးဖူးသည်။
တစ်ခါတစ်လေ Storyတွင် ပန်းရောင်အကောင်လေးတွေ ချိစ်လိုလို ကာတွန်းလေးတွေကိုတော့ တင်တတ်သေးသည်မို့ တော်တော်ကလေးဆန်တာပဲလို့တောင်တွေးမိသေးသည်။
"မင်းလေးနဲ့ ထိပ်တိုက်တွေ့ခွင့်ရအောင် ကိုယ်ဘာလုပ်သင့်လဲကွာ"
_______________________
{ZAWGYI}
Knock Knock
"ေလာ့မခ်ထားဘူး"
ဖန္႐ွင္းတစ္ေယာက္ တံခါးေလာ့မခ်ထားဘူးဆိုသည္ေၾကာင့္ တံခါးေလးဖြင့္ၿပီးဝင္လာေသာအခါ မွန္ေ႐ွ႕တြင္ ဆံပင္ပုံသြင္းေနသည့္Seanကိုေတြ႕သည္။
ေခါင္းေလွ်ာ္ေရခ်ိဳးၿပီး Gucci အက်ႌအျဖဴေလးႏွင့္Seanသည္ သိပ္ကိုခ်စ္ဖို႔ေကာင္းေနပါ၏။
"ဖြားဖြားျပန္ေရာက္ေနၿပီ Sean။ ထမင္းစားဖို႔ ေစာင့္ေနတယ္"
"ေရာက္ေတာင္လာၿပီလား။ ခနေနရင္ဆင္းခဲ့မယ္ Shinn"
"အင္း"
"အာ....Shinn"
"အင္း ေျပာ"
အျပင္ထြက္ဖို႔လုပ္ေနရာမွ ဖန္႐ွင္းျပန္လွည့္ၿပီးထူးလိုက္သည္။
"ငါေလ ဖြားဖြားကို ေပက်င္းမွာေက်ာင္းသြားတက္ဖို႔ ေျပာရင္ ေကာင္းမလားလို႔"
"မေကာင္းေလာက္ဘူးထင္တယ္။ ဖြားဖြားက..."
"ငါသိပါတယ္ ဒါေပမယ့္ငါသြားခ်င္တယ္ေလ"
"မင္းသားရိေပၚေၾကာင့္လား"
"......"
"မင္းသားတစ္ေယာက္အတြက္နဲ႔ Seanရာ.."
"သူ႕ေၾကာင့္လည္းပါတယ္။ ၿပီးေတာ့ မားနဲ႔ပါးတို႔ကိုလည္းေတြ႕ခ်င္ေသးတယ္.."
ေျပာရင္းအသံတိမ္ဝင္သြားသည့္ ေ႐ွာင္းက်န္႔ေၾကာင့္ ဖန္႐ွင္းသူ႕အနားသြားကာ ပုခုံးေလးပုတ္ၿပီးႏွစ္သိမ့္လိုက္သည္။
"ႀကိဳးစားၿပီးေျပာၾကည့္ေလ။ တကယ္လို႔သြားလို႔ရရင္ ငါလည္းလိုက္ခဲ့မယ္Sean"
"ငါ့ကို မင္းပဲနားလည္တယ္Shinn"
"ေတာ္စမ္းပါကြာ။ ေအာက္မွာဖြားဖြားေစာင့္ေနၿပီ သြားမယ္"
"အင္း အင္း"
သြက္လက္ေသာေျခလွမ္းတို႔ျဖင့္ ေအာက္ထပ္ဆင္းသြားလိုက္သည္။ ထမင္းစားခန္းထဲေရာက္သည့္အခါ စားပြဲေပၚတြင္ ျမင္ေနရသည့္ဟင္းပြဲေတြသည္ သာမန္လူသာဆို မ်က္လုံးျပဴးသြားႏိုင္ေသာ္လည္း ၁၀ႏွစ္ေက်ာ္ေလာက္ျမင္ဖူးေနသည့္ သူ႕အဖို႔ေတာ့ မထူးဆန္းေတာ့ေပ။
"ေျမးေလး.. မနက္ကဘယ္အခ်ိန္မွထလဲကြယ္။ ဖြားက မနက္စာစားဖို႔ေစာင့္ေနတာ။ ေျမးမဆင္းလာေတာ့ ဖြားတစ္ေယာက္တည္း စားလိုက္ရတယ္"
ေ႐ွာင္းက်န္႔အားျမင္သည္ႏွင့္ ႏုပ်ိဳေနေသးသည့္ ၆၂ႏွစ္အ႐ြယ္ဖြားဖြားက သူ႕ကိုတစ္ေယာက္တည္းထမင္းစားလိုက္ရ၍ မေက်နပ္သလိုေလးေျပာသည္။
ဖြားဖြားက သူ႕ကိုအရမ္းအလိုလိုက္သည္။ သမက္ျဖစ္သူက တ႐ုတ္လူမ်ိဳးျဖစ္ၿပီး လူမ်ိဳးမတူတာေၾကာင့္ ေ႐ွာင္းက်န္႔၏မိဘေတြကို သေဘာမတူခဲ့သည့္ဖြားဖြားက ရက္စက္စြာပင္ သူ႕မားကိုအေမြျပတ္ပါ စြန္႔လႊတ္ခဲ့သည္။
တ႐ုတ္တြင္ တက္သစ္စ မင္းသားတစ္ေယာက္ျဖစ္ေနသည့္သူ႕ပါးေၾကာင့္ စား၊ ဝတ္၊ ေန ေရးအတြက္အဆင္ေျပခဲ့ၿပီး သူ႕ကိုလူ႕ဘဝထဲေရာက္ေအာင္ ေခၚေဆာင္ေပးခဲ့သည္။
သို႔ေပမယ့္ ကံဆိုးလြန္းသည့္ သူတို႔မိသားစုပါ။ ေ႐ွာင္းက်န္႔ ၅ႏွစ္သားအ႐ြယ္တြင္ မူႀကိဳလာႀကိဳရင္း သူ႕မိဘေတြသည္ သူ႕ဆီမေရာက္ခင္လမ္းတစ္ဝက္မွာတင္ Accidentျဖစ္ကာ ပြဲခ်င္းၿပီးဆုံးပါးသြားခဲ့သည္။
၅ႏွစ္သားအ႐ြယ္သူသည္ ဘာသိတတ္ဦးမည္တဲ့လဲ။ ေန႔လယ္၁၂နာရီ၌ မူႀကိဳတြင္ထမင္းစားၿပီးခ်ိန္ကတည္းက ေစာင့္ေနခဲ့ေသာ္လည္း ည၉နာရီေက်ာ္မွ မူႀကိဳကို အေမနဲ႔အေဖလာမႀကိဳဘဲ ဓါတ္ပုံထဲတြင္ျမင္ဖူးၿပီးသားျဖစ္သည့္ အဖြားျဖစ္သူလာေခၚတာကိုေပ်ာ္ေနခဲ့သည္။ အေနစိမ္းေသာ္လည္း ေဆြမ်ိဳးမွန္းသိ၍သူေပ်ာ္ခဲ့သည္။ ဖြားဖြားအဲ့ေန႔က သူ႕ကိုဖက္ၿပီးငိုေနခဲ့၏။
သူသာ သူ႕သမီးေလးကိုမရက္စက္ခဲ့လွ်င္၊ သူသာ သူ႕မိဘႏွစ္ပါးကို လက္ခံေပးခဲ့လွ်င္ သူရဲ႕နန္းေတာ္လိုအိမ္ထဲတြင္ သူတို႔မိသားစုေလးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနလို႔ရသည္ကို သူ႕ေၾကာင့္ပါ၊ သူ႕အမွားပါဟုဆိုကာ ငိုခဲ့သည္။ ျဖစ္သြားသမွ်သည္ သူ႕ေၾကာင့္မဟုတ္ခဲ့တာကိုေမ့ေလ်ာ့ေနသည္အထိ။
အဲ့ေန႔ကစၿပီး သူ႕ကိုဖြားဖြားက ဂ်ပန္ကိုေခၚလာခဲ့တာျဖစ္သည္။ သူ႕မိဘေတြကိုေတြ႕ခ်င္လို႔ ငိုသည့္အခါတိုင္း ဖြားဖြားက အခ်ိန္တန္ရင္ သူမကိုယ္တိုင္လိုက္ပို႔ေပးပါ့မယ္ဟုေျပာကာ ငို႐ွာသည္။ ဖြားဖြားငိုေတာ့ သူလည္းမၾကည့္ရက္ျပန္။ ဖြားဖြားလိုက္ပို႔သည္အထိပဲ ေစာင့္ေနခဲ့သည္။ သူ႕အသက္၁၀ႏွစ္တြင္ အိမ္ေတာ္ထိန္းႀကီးKuႏွင့္အတူပါလာသည့္ ဖန္႐ွင္းႏွင့္စေတြ႕ခဲ့သည္။
အသက္အ႐ြယ္တူသည့္သူတို႔ႏွစ္ေယာက္သည္ ထင္ထားတာထက္ပင္ တစ္ေယာက္ကိုတစ္ေယာက္ေဖးေဖးမမႏွင့္ ခ်စ္ခ်စ္ခင္ခင္ျဖစ္ခဲ့ၾကသည္။ ေနာက္ဆုံး ညီအစ္ကိုအရင္းေတြလိုေတာင္ျဖစ္လာၾကသည္။
သူ႕အသက္၁၂ႏွစ္တြင္ ဖြားဖြားသည္သူ႕လက္ေလးကိုဆြဲကာ အခ်ိန္တန္ၿပီဟုဆိုၿပီး တ႐ုတ္ကသူ႕မိဘေတြဆီသို႔ ျပန္ေခၚသြားခဲ့သည္။ မိဘေတြကိုေတြ႕ရေတာ့မည္မို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လိုက္သြားခဲ့သည့္ ေ႐ွာင္းက်န္႔သည္ သစ္ပင္ႀကီးႏွစ္ပင္ ေဘးခ်င္းကပ္ၿပီး စိုက္ထားသည့္ စိမ္းစိုစိုျမက္ခင္းျပင္ႀကီးေ႐ွ႕ေရာက္သည့္အခါတြင္ ေၾကာင္ေနမိသည္။ ဖြားဖြားကသူ႕ကို ဘာလို႔ဒီေခၚလာသည္လဲဆိုသည့္အေတြးႏွင့္။
ကိုယ့္ကိုအျမင္႐ွင္းေစၿပီး ဒီပတ္ဝန္းက်င္ေလးက သာယာလိုက္တာဟု ေတြးမိသည့္ေနရာသည္ ကိုယ့္ကို ေသေလာက္ေအာင္လည္း ခံစားရေစႏိုင္သည္ဆိုတာ တကယ္ၾကဳံဖူးမွ သူသိခဲ့သည္။
ဆုံးသြားၿပီတဲ့။ သူငိုခဲ့သည္။ ငိုရလြန္းလို႔ မ်က္ရည္ေတြေတာင္ကုန္ၿပီထင္ခဲ့၏။ သူဖြားဖြားကိုလည္း အျပစ္မတင္ရက္ခဲ့ေပ။ သူကသာ ၇ႏွစ္ေနမွ ဒီေဝဒနာကိုခံစားရတာ။ ဖြားဖြားက ၇ႏွစ္လုံး ဒီေဝဒနာကို သူ႕အျပစ္လို႔ခံယူၿပီးခံစားခဲ့ရမည္ေလ။ သူ႕အတြက္ေတြးေပးၿပီး သူ႕ကိုျမင္တိုင္း ရင္ထဲတြင္ဘယ္ေလာက္ေတာင္ ဒဏ္ရာေတြနဲ႔ျပည့္ေနလိုက္မလဲ။ သူအျပစ္မတင္ရက္ပါဘူး။
ေနာက္ေတာ့ဖြားဖြားက သူ႕ကိုဂ်ပန္ကိုျပန္ေခၚလာခဲ့သည္။ တ႐ုတ္ႏိုင္ငံကို ေျခမခ်ခိုင္းေတာ့သည့္အျပင္ တ႐ုတ္လူမ်ိဳးေတြျဖစ္သည့္ အိမ္ေတာ္ထိန္းႏွင့္ဖန္႐ွင္းကိုပါ အလုပ္ျဖဳတ္ဖို႔အထိလုပ္ခဲ့သည္။ သူ႕အတြက္ရင္းႏွီးသူေတြမို႔ အလုပ္မျဖဳတ္ဖို႔ကို ေ႐ွာင္းက်န္႔ေတာင္းပန္ခဲ့ရသည္။
ဖြားဖြားသည္ သူေတာင္းပန္ေတာ့လည္းလက္ခံခဲ့၏။ သို႔ေပမယ့္ သူ႕ေ႐ွ႕တြင္တ႐ုတ္လိုေျပာလွ်င္ မ်က္ႏွာေလးညိႇဳးသြားတတ္သည္မို႔ ဖန္႐ွင္းတို႔ကလည္းဂ်ပန္လိုပဲေျပာေပးသလို အိမ္ေတာ္ထိန္းႀကီးလည္း ဂ်ပန္လိုသာေျပာခဲ့သည္။ သို႔ေသာ္ ဖြားဖြားေ႐ွ႕တြင္သာျဖစ္သည္။
တ႐ုတ္စာကို ေလ့လာခြင့္မရခဲ့သည့္ ေ႐ွာင္းက်န္႔သည္ ဖြားဖြား ကုမၸဏီသြားသည့္အခ်ိန္ေတြဆို ဖန္႐ွင္းတို႔ကို ခိုးသင္ခိုင္းရ၍ သူတ႐ုတ္လိုနည္းနည္းေရးတတ္သည္။
သူတ႐ုတ္စာသင္တာ ၁ႏွစ္ေလာက္သာ႐ွိေသးသည္။ အေၾကာင္းရင္းကေတာ့ ၁၇ႏွစ္အ႐ြယ္တြင္ သူသေဘာက်ခဲ့ရသည့္ Idolေပါက္စေလး ဝမ္ရိေပၚေၾကာင့္ပင္။ သူတ႐ုတ္စကားကို ေျပာတတ္ေပမယ့္ ေရးတတ္ဖို႔ခက္ေနေသးသည္။ သို႔ေသာ္တ႐ုတ္စာကို ေရးတတ္၊ ဖတ္တတ္၊ ေျပာတတ္လွ်င္ေတာင္ တခ်ိဳ႕စကားလုံးေတြကိုသူမသိေသး။
ဥပမာ မနက္က ဖန္႐ွင္းေျပာသြားသည့္ 'လက္ေပါက္ကပ္တယ္'ဆိုသည့္ စကားလုံးမ်ိဳးပင္။
"ေျမး ဘာေတြေတြးေနတာတုန္း။ ဟင္းေတြ စားမေကာင္းလို႔လား။ သားအႀကိဳက္ ငါးဆုပ္ဟင္းေလးေလ"
"ေကာင္းပါတယ္ဖြားဖြား။ သားေျပာစရာ႐ွိလို႔ပါ"
"ေျပာေလ ေျမးရယ္"
"သားေလ.. တ႐ုတ္မွာေက်ာင္းသြားတက္ခ်င္တယ္"
"...."
ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္ေနသည့္ဖြားဖြားသည္ ဇြန္းေလးျပန္ခ်ကာ သူ႕ႏွင့္မ်က္လုံးခ်င္းဆုံလာသည္။
"ဘာလို႔ သြားခ်င္တာလဲ"
"အေၾကာင္းျပခ်က္ေတြအမ်ားႀကီးထဲကမွ ကြၽန္ေတာ္ဖြားဖြားကိုေပးသိခ်င္တာက ကြၽန္ေတာ္ေက်ာင္းသြားတက္ခ်င္တယ္"
"ဖြားဖြား ခြင့္မျပဳဘူးဆိုရင္ေရာ"
"ဖြားဖြား ခြင့္ျပဳေအာင္ႀကိဳးစားမယ္"
"....."
"ဖြားဖြား.."
"ဖြား စားလို႔ဝၿပီ။ လုပ္ငန္း႐ွင္ေတြနဲ႔ ခ်ိန္းထားတာ ႐ွိေသးတယ္"
တစ္ဝက္ပင္မက်ိဳးေသးသည့္ ထမင္းပန္းကန္ေလးကိုၾကည့္ၿပီး သူစိတ္မေကာင္းျဖစ္မိသည္။ ဖြားဖြားသူ႕ေၾကာင့္ အစားအေသာက္ပ်က္ရၿပီ။
Driverနဲ႔အတူ ထြက္သြားၿပီျဖစ္သည့္ ကားေလးအားထြက္ၾကည့္ရင္း ခပ္တိုးတိုးေရ႐ြတ္မိသည္။
"ငါသာတ႐ုတ္ကို အိမ္ဦးနဲ႔ၾကမ္းျပင္လို႔ကူးေနတာသိရင္ ဖြားဖြားေမ့မ်ားသြားမလား မသိဘူး"
"သခ်ာေပါက္ကို ေမ့လဲသြားမွာေပါ့"
သူ႕ဘာသာသူ ေရ႐ြတ္ေနမိသည္ကို ဖန္႐ွင္းက အျပတ္အသတ္ႀကီး လာေထာက္ခံေနသည္ေၾကာင့္ ရင္ထဲတြင္အလိုမက်မႈက Auto ျဖစ္ေပၚလာသည္။
"ဖြားဖြား အဲ့လိုငါသြားတိုင္းမေမ့လဲေအာင္ ဖြားဖြား လက္ခံေအာင္လုပ္မွာ"
"ဒါဆိုရင္ေတာ့ ထပ္ႀကိဳးစားလိုက္ဦး"
ေလခြၽန္ရင္းထြက္သြားသည့္ ဖန္႐ွင္းပုံစံသည္ တကယ္ေျပးကန္ခ်င္စရာ။ ေလပူတစ္ခ်က္မႈတ္ထုတ္ၿပီး သူ႕အခန္းသို႔ျပန္လာလိုက္သည္။ ကုတင္ေပၚလွဲခ်၍ ဖုန္းကိုဖြင့္ၿပီး Instagram ထဲဝင္ေတာ့ ခ်စ္ရပါေသာIdolဆီမွ Likeတစ္ျဖစ္လည္း Heart Signေလး။
Instagram ၏ Likeသေကၤတကိုက Heart ဆိုတာသိေပမယ့္ Idolေပးတာဆိုလွ်င္ အရာရာကိုေ႐ႊလို႔မွတ္သည့္သူသည္ Heart Signရေတာ့ ေပ်ာ္႐ႊင္မႈကေဖာ္မျပႏိုင္ေအာင္ျဖစ္သည္။
Log Outလုပ္ကာ ေနာက္တစ္ေကာင့္ျဖစ္သည့္ Sean Xiao ဆိုသည့္ Day Toyႏွင့္Profile ပုံမတူသည့္အေကာင့္ထဲဝင္လိုက္သည္။
ထိုအေကာင့္သည္ သူအသက္၁၈ႏွစ္ကတည္းက စသုံးလာတာျဖစ္ၿပီး ေက်ာင္းမွသူငယ္ခ်င္းေတြႏွင့္႐ိုက္ထားသည့္သူ႕ပုံေတြ၊ သူေက်ာင္းတြင္ဆြဲထားသည့္ပန္းခ်ီေတြတင္ျဖစ္သည္။ ထိုအေကာင့္တြင္ေတာ့ Fan Boy အေနႏွင့္မဟုတ္ဘဲ သာမန္ဂ်ပန္ေက်ာင္းသားအေနႏွင့္သာ သုံးသည္။ ထိုအေကာင့္တြင္ Just Nowဆိုကာ သူတင္လိုက္သည့္ ေနာက္ထပ္Postတစ္ခုသည္ 'Seanကိုေစာင့္ေနမယ္မလား'တဲ့။
ခနေလးခ်င္းပင္ ေရာက္လာသည့္Likeေတြႏွင့္ Commentေတြသည္ ေက်ာင္းမွသူငယ္ခ်င္းေတြႏွင့္ သူ႕အားCrushေနသည့္ေကာင္မေလးေတြျဖစ္သည္။
*ေနာက္ဆုံးေတာ့ Sean Xiaoေလးအခ်စ္ကို႐ွာေတြ႕သြားၿပီ*
*ငါ့ကို တကယ္မစဥ္းစားေပးေတာ့ဘူးလား Sean*
*ေဟ်ာင့္Sean!! ဘယ္သူ႕ကိုေစာင့္ခိုင္းေနတာလဲ! နာမည္ထည့္ေျပာကြာ!! မင္းလုပ္တာ ငါ့ညီမက ေဘးမွာ ပူညံပူညံလုပ္ေနလို႔ ငါGame ေအးေဆးမေဆာ့ရဘူးကြ*
*ရက္စက္သြားၿပီေပါ့*
*ဘယ္သူလဲ...အား!!!*
ေတာ္ေတာ္မ်ားမ်ားသည္ မိန္းကေလးေတြျဖစ္ၿပီး ေၾကကြဲမန္႔ေတြက ပိုမ်ားသည္။
"မင္းတို႔ကို အသည္းခြဲဖို႔မရည္႐ြယ္ပါဘူး"
မန္႔ေတြလိုက္ဖတ္ၿပီး ျပဳံးစိစိႏွင့္ဖုန္းပိတ္ကာ တစ္ေရးေလာက္အိပ္ရန္ျပင္လိုက္ေတာ့သည္။
//////
Airconမဖြင့္ဘဲ အိပ္လိုက္မိတာ ေနာင္တရသည္။ အက်ႌလည္းမလဲဘဲ အိပ္လိုက္သည္မို႔ ခႏၶာကိုယ္ကပါ ေခြၽးေစးေတြထြက္ၿပီး အိပ္လို႔ပါမရေတာ့ေပ။
မေနႏိုင္ေတာ့သည့္အဆုံး ဆက္မအိပ္ေတာ့ဘဲ ခုံေပၚမွ Remoteကိုယူကာ Airconကို အေနေတာ္ေလာက္ထားၿပီး ေခြၽးေတြစိုေနသည့္အဝတ္စားေတြအားခြၽတ္လိုက္သည္။ နာရီၾကည့္ေတာ့ ည၆နာရီ။
ခြၽတ္ၿပီးသားအဝတ္အား ေလွ်ာ္မည့္ပုံးမဟုတ္သည့္ လႊင့္ပစ္မည့္ပုံးထဲထည့္ၿပီး ေရခ်ိဳးခန္းထဲဝင္လိုက္သည္။ သူဘယ္အက်ႌကိုမွ ဘယ္ေလာက္ေစ်းႀကီးႀကီး ေလွ်ာ္ၿပီးျပန္မဝတ္တတ္။
ေရပိုက္ကိုဖြင့္ကာ ေခါင္းကိုေရစိုေစၿပီး အပူဒဏ္ကိုေလွ်ာ့က်လိုက္သည္။ ေပ်ာ့ေပ်ာင္းၿပီး နက္ေမွာင္ေနသည့္ဆံပင္ေတြသည္ ေရစိုသြားတာေတာင္ သူ႕ဆြဲေဆာင္ႏိုင္မႈကေလ်ာ့မသြား။
ေရခ်ိဳးၿပီး တစ္ခုခုစားရန္ ထမင္းစားခန္းထဲဝင္လာလိုက္သည္။ စားပြဲေပၚတြင္ အဆင္သင့္႐ွိေနၿပီးသား ဟမ္ဘာကာႏွင့္ Colaသည္ သူ႕ညစာျဖစ္သည္။
ေအာင္ျမင္ေက်ာ္ၾကားလွပါေသာ ဝမ္ရိေပၚဆိုသည့္သူသည္ အက်ႌအဝတ္စားေတြ၊ ဖိနပ္ေတြေနရာ၌သာ အေကာင္းစားဘက္ကိုပဲ ပိုက္ဆံျဖဳန္းသည့္သူသည္ အစားအေသာက္ႏွင့္ပတ္သက္လွ်င္ေတာ့ ျဖစ္သလိုသာစားသည္။
ဟမ္ဘာကာအထဲမွအသားျပားကို ဆြဲထုတ္ၿပီး ပါးစပ္ထဲထည့္ကာ ကိုက္ထားလိုက္သည္။ ေရခဲေသတၱာထဲမွ ဘီယာဗူးအ႐ွည္တစ္ဗူးယူကာ ဝရန္တာကိုထြက္လိုက္သည္။ အေပၚဆုံးထပ္တြင္ျဖစ္သည့္ သူ႕အခန္းေၾကာင့္ ကားလမ္းမႀကီးကို လွမ္းျမင္ေနရသည္။
ကားေရာင္စုံေျပးေနသည္ကိုၾကည့္ရင္း ဘီယာေလးေသာက္လိုက္၊ အျမည္းအေနျဖင့္အသားျပားေလးကိုက္လိုက္ႏွင့္အရသာက ဘာနဲ႔မွမလဲႏိုင္။
သူ႕ဘဝကေတာ့ ႐ိုး႐ွင္းပါသည္။ ေမြးကတည္းက မိဘမဲ့ေဂဟာတြင္ ညီအစ္ကိုႏွစ္ေယာက္လုံး စြန္႔ပစ္ခံရၿပီး အသက္၁၈ႏွစ္တြင္ ေဂဟာမွထြက္လာခဲ့ၾကသည္။ ရရာအလုပ္ႏွင့္ ညီအစ္ကိုႏွစ္ေယာက္ ေလာက္ငွေအာင္ေနထိုင္စားေသာက္ခဲ့သည္။
Barေတြတြင္ သီခ်င္းဆိုလိုက္၊ ကလိုက္ႏွင့္ သူ႕ကို YH Entertainment မွ CEO၏ ကမ္းလွမ္းခ်က္ႀကီးက ေရာက္႐ွိလာသည္။ ဆိုမယ္၊ ကမယ္၊ သ႐ုပ္ေဆာင္မယ္။ ဒီကိစၥေတြမွလြဲလွ်င္ က်န္တာဘာမွစိတ္မဝင္စားသည့္ သူ႕အတြက္ ထိုကမ္းလွမ္းခ်က္သည္ ကံေကာင္းမႈတစ္ခုျဖစ္သည္။
ထို႔ေၾကာင့္လည္း သူ ဒီEntertainmentႏွင့္ ေရ႐ွည္လက္တြဲႏိုင္ေနႏိုင္ျခင္းျဖစ္သည္။
ေနာက္ပိုင္း ေအာင္ျမင္လာသည့္အခ်ိန္တြင္ ဟိုက္ခြမ္းေကာက သူ႕မန္ေနဂ်ာအျဖစ္လုပ္ေပးၿပီး အတူတူေတာ့မေနျဖစ္။ ဘာလို႔ဆို ေကာက အိမ္ေထာင္က်သြားလို႔ပင္။ ယူထားသည္ကလည္း အမ်ိဳးသားတစ္ေယာက္ျဖစ္သည္။
ဘီယာဗူးကိုတန္းေပၚခ်ကာ အသားျပားကို ပါးစပ္ထဲအကုန္ထည့္လိုက္သည္။ ဖုန္းကိုထုတ္ၿပီး Weiboေပၚတက္လိုက္သည့္အခါ ထုံးစံအတိုင္း ဒီေန႔လည္း Day Toy အေကာင့္၏ပိုင္႐ွင္ကို စုံစမ္းေနေၾကာင္းတင္ထားသည့္ သူ႕ရဲ႕ Fanေတြအား ေတြ႕ရသည္။
သူလည္း ထိုအေကာင့္ပိုင္႐ွင္ကိုသိခ်င္ပါ၏။
သူတက္သစ္စကတည္းက သိလာသည့္ ထိုအေကာင့္သည္ သူ႕ပုံေတြ၊ သူ႕အေၾကာင္းေတြ၊ သူနဲ႔ပတ္သက္တာကလြဲလွ်င္ ဘာဆိုဘာမွမတင္။
ခ်မ္းသာတာေတာ့ေသခ်ာသည္။ သူေၾကျငာသမွ်ပစၥည္းေတြ ဘယ္ေလာက္ေစ်းႀကီးႀကီး ဝယ္ၿပီးေၾကာင္း ဓါတ္ပုံႏွင့္တကြတင္တတ္သည္။ သူဖိနပ္ဝယ္လို႔တင္လိုက္လွ်င္လည္း ရက္မကူးဘဲ သူနဲ႔တစ္ပုံစံတည္းဖိနပ္ကိုဝယ္ၿပီးေၾကာင္းတင္သည္။
သို႔ေသာ္ သူ႕ဆိုဒ္သည္ ကိုယ့္ထက္ေသးေနေတာ့ မိန္းကေလးလို႔ထင္လိုက္ေပမယ့္လည္း သူဝယ္သည္မွာ ေယာက်္ားေလးစီးျဖစ္ေနျပန္သည္။ သို႔ေသာ္ သူနဲ႔တူေအာင္ တမင္တကာပဲ ေယာက်္ားေလးစီးကိုဆိုဒ္ေသးဝယ္တာလည္း ျဖစ္ႏိုင္သည္ဟုေတြးဖူးသည္။
တစ္ခါတစ္ေလ Storyတြင္ ပန္းေရာင္အေကာင္ေလးေတြ ခ်ိစ္လိုလို ကာတြန္းေလးေတြကိုေတာ့ တင္တတ္ေသးသည္မို႔ ေတာ္ေတာ္ကေလးဆန္တာပဲလို႔ေတာင္ေတြးမိေသးသည္။
"မင္းေလးနဲ႔ ထိပ္တိုက္ေတြ႕ခြင့္ရေအာင္ ကိုယ္ဘာလုပ္သင့္လဲကြာ"
_________________________________