Lee Know အပေါ်ထပ် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိပြီ..
သူ့ပုံစံက အခွင့်ရေးနောက်တစ်ကြိမ်ပြန်မရနိုင်တဲ့ စစ်ပွဲကို တိုက်နေရသလိုပဲ ခံစားရသည်..
အခု ခံစားချက်က ငါးနှစ်ကြာမှ ထပ်ခံစားရတဲ့ လေဟာနယ်ထဲ ရောက်နေတဲ့ခံစားချက်မျိုး...
လွန်ခဲ့တဲ့ငါးနှစ်က jisung Rio နဲ့ဖက်တာကို မြင်ပြီး ဒီလို ခံစားခဲ့ရဖူးတယ်..
အဲ့တုန်းက နာကျင်ရကောင်းမှန်းမသိခဲ့ဘူး..
အခုလိုလည်း ဖြစ်လာမယ်လို့ မထင်ခဲ့ဘူး...
NY မှာ အနောက်တိုင်းသူတွေသာမက Korea မလေးတွေနဲ့ပါ ထည်လဲ တွဲခဲ့ဖူးတယ်..
ထိုသို့ ခံစားချက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဘူးဘူး..
အခုခံစားချက်က တစ်ခုခုကို ရင်ထဲက ဆွဲနှုတ်ခံရတော့မှညမို့ နာကျင်နေရတဲ့ ခံစားချက်မျိုး...
ရည်းစားဟောင်းကို ဒီလောက် နှစ်တွေကြာကြီးထိ ခံစားချက်အသစ်တွေနဲ့ ပြန်ရန်ခုန်ဖြစ်မယ်လို့လည်းတစ်ခါမှ မတွေးမိခဲ့ဘူးဘူး...
Ring.....Ring...Ring...
"ဟဲလို အင်း yaya ကိုယ် hometown ကိုပြန်ရောက်ပြီ''
".....''
"ဆောရီး ကိုယ် ပြန်ရောက်ကတည်းက ဆက်ဖို့ပဲ မေ့သွားလို့''
"......''
"အင်းပါ ကိုယ်လည်းသတိရနေမှာပါ''
".....''
"အင်း တာ့တာနော် ကိုယ် ခရီးပန်းလာလို့ နားတော့မလို့''
yaya က Lee Know NY မှာ တွဲနေတဲ့ အခုလက်ရှိတွဲနေတဲ့ အနောက်တိုင်းသူလေးတစ်ယောက်...
အတော်လေး ကို Sexy ကျတဲ့ မိန်းကလေးတစ်ယောက်ဆိုပိုမှန်မည်..
Lee Know တွဲလာတဲ့ ရည်စားတွေသက်တမ်းတလျှောက်လုံး yaya က သက်တမ်း အကြာဆုံးပဲ..
အခုဆို သူနဲ့တွဲနေတာ တစ်နှစ်လောက် ရှိတော့မယ်..
NY မှာ Master ဘွဲ့ထပ်တက်ပြီး ဘွဲ့ရတော့ အတွေ့အကြုံ ရှိအောင် NY က Company တစ်ခုမှ အလုပ်လုပ်ရင်း တွေ့ခဲ့တာ..
Company က Lee Group ရဲ့NY အခြေစိုက် ဌာနခွဲမို့ ထွေထွေထူးထူး ပြသနာမရှိဘဲ မန်နေဂျာရာထူးနဲ့လုပ်နေသည်.....
အဖေက သူလက်ထက်တော့မယ်လို့ပြန်ခေါ်လို့သာ ဒီကို ရောက်လာတာ...အလုပ်ကို ခွင့်ပဲတင်ဖြစ်ခဲ့တယ်...
NY ကနေ Korea မရောက်ခင် တွေးထားတာက အဖေ လက်ထက်ပွဲကို ဂုဏ်ပြုပြီး တစ်ပါတ်လောက် အဲ့မှာနေပြီးရင် ပြန်မယ်လို့စဥ်းစားထားပေမယ့်..
Jisung ကိုတွေ့တော့ မိမိစိတ်အစဥ်က ကမောက်ကမဖြစ်သွားခဲ့ပြီ.....
ဒီနေ့ အဖေ ဘေးမှာ တွေ့ခဲ့တဲ့ လူသားလေးကို မိမိအပိုင်ဖြစ်အောင် ပြန်ယူချင်မိတဲ့အထိပင်ဖြစ်ရသည်...
Jisung ရဲ့ အခုလိုပုံစံကို မိမိကို ပိုပြီးတော့ ဆွဲဆောင်စေသည်...
အရင်လို နုံနုံအအ ကလေးလေး မဟုတ်တော့ပဲ အခုလို ဆက်ဆက်ထိမခံ အကြောတင်းပုံလေးက မိမိ type ဖြစ်နေသည်..
ထိုကောင်လေးက မကြာမှီမှာ မိမိရဲ့ ဖေဖေလေး နေရာ မှာမြင်ရတော့မည်ကို တွေးကြည့်ရုံနဲ့တင် Lee Know ဘယ်ဘက်ရင်အုံက ဆစ်ခနဲ နာကျင်ရသည်..
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ထပ်တူညီတဲ့ လူတစ်ယောက်အတွက်ခံစားချက်မျိုး နောက်တစ်ကြိမ်ဖြစ်တည်ခဲ့ပြီ...
.................
Lee Know ညနေစောင်းတော့ ခြေလက်သန့်စင်ကာ ရေချိုးဖို့ပြင်လိုက်သည်....
ရေမိုးချိုးပြီးတေ့ အဝတ်အစားရွေးနေတာ နာရီဝက်လောက်ပင်ရှိနေပြီ ခုထိ စိတ်တိုင်းကျသည့် ဝတ်စုံမတွေ့သေးချေ....
ကိုယ်လုံးပြည့်ပေါ်တဲ့ မှန်ထဲမှာ ဗီရိုထဲ အဝတ်အစားတစ်စုံပြီးတစ်စုံထုတ်ကာ မိမိကိုယ်ပေါ်ကပ်ပြီး လိုက်မလိုက်ရွေးနေခြင်းဖြစ်သည်..
"ဒီ Black suit ဆိုရင်ကော...''
"ဟင့်အင်း အရမ်း လူကြီးဆန်နေမှာ''
"ဒါဆို ဒီလို ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ Hoodie အပြာဆိုရင်ရော...''
"ဟင့်အင်း ကလေးဆန်သွားမှာ''
တစ်ယောက်ထဲ ရေရွတ်ပြောဆိုကာ အခုစိတ်တိုင်းကျသည်ဟူ၍ မရှိသေးချေ...
နောက်ဆုံးတော့ အနောက်တိုင်း suit သာ ရွေးချယ်လိုက်လေသည်..
အထဲက Shirt အဖြူကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး အသားရောင် Suit နဲ့ တကွ ဆံပင်ကို တစ်ခြမ်းလှန်တင်ထားတဲ့ Lee Know ဟာ ဘယ်လိုပဲ ကြည့်ကြည့် ပြီးပြည့်စုံတဲ့ ခန့်ညားမှုတွေ အတိုင်းအသား မြင်ရသည်...
မှန်ထဲက ပေါ်နေတဲ့ ကိုယ့်ပုံစံကို သဘောတကျနဲ့ ပြောလိုက်လေသည်..
"Perfect! "
............
ဂိုထောင်ထဲကနေထုတ်ကာ သန့်ရှင်းရေးလုပ်ခိုင်းထားတဲ့ ပြိုင်ကား အဖြူလေးက ခြံဝင်းထဲမှာ အဆင်သင့်ဖြစ်လို့နေပြီ..
သန့်ရှင်းရေး အလုပ်သမားဆီက Lee Know ကားသော့ယူလိုက်ပြီး သဘောတကျနဲ့မောင်းထွက်သွားလေသည်....
Lee Know Haru ပို့ထားတဲ့ လိပ်စာရှေ့ရောက်တော့ ကားရပ်ကာ ဆိုင်ကို တစ်ချက်ကြည့်လိုက်သည်..
ဆိုင်လေးဆိုတာထက် ခြံဝင်းနဲ့အိမ်ပုံစံလေးဆို ပိုမှန်မည်..
ခြံကတော့ အတော်ကျယ်သည် ဒါကြောင့် သူ့ဆိုင်မှာ Party လုပ်တာဖြစ်မည်ဟု Lee Know ကောက်ချက်ချလိုက်သည်...
မိမိလည်း ကားကို ဆိုင်ရှေ့က လမ်းဘေးမှာ ကပ်ကာ ပါကင်ထိုးလိုက်သည်....
ခြံဝင်းထဲမှာ Haru နဲ့ Jisung က စားပွဲဝိုင်းတွေပေါ်က ခွက်တွေ ဇွန်းတွေကို သူတ်ကာ သန့်ရှင်းရေးလုပ်နေသည်...
Rio က လိုအပ်တာလေးတွေကို အလုပ်သမားတွေကို ညွှန်ကြားနေသည်..
ခြောက်နာရီ ထိုးတော့မှာမို့ ဧည့်သည်တွေမရောက်မှီ အကုန်အဆင်သင့်ဖြစ်ဖို့အရေးဗျာများနေသည်..
ဧည့်သည်တွေဆိုတာကလည်း Haru တို့ နှစ်ဖက် မိဘ ဆွေမျိုးသားလျင်းနဲ့ ရင်နှီးတဲ့ သူငယ်ချင်းမိတ်ဆွေတချို့သာ ဖိတ်ထားခြင်းဖြစ်သည်...
Haru က ဘေးက မျက်နှာပျက်ဟန်ရှိနေတဲ့ Jisung ပုခုံးကို သူ့ပုခုံးနဲ့တိုက်ကာ မေးလိုက်သည်..
"Hannie''
"အင်း ဘာလဲ ပြောလေ Haru Hyung''
"မင်း.... ''
"အင်း ကျွန်တော် ဘာဖြစ်လို့လဲ?''
"ဟူး ဘာမှမဟုတ်တော့ပါဘူး''
.....ငါ ငါ Lee Know ရောက်နေတယ်ဆိုတာ မင်းကိုပြောပြသင့်လား....
"Haru ဘာပြောစရာရှိလို့လဲ''
Jisung က Haru ထက်နှစ်နှစ်ငယ်ပေမယ့် Haru ကို Hyung လို့ခေါ်သည်က ရှားသည်..
သူငယ်ချင်းအရင်းတွေလို့ နေတတ်ကြတာကြောင့် Haru ကို Hannie က Haru လို့ခေါ်တာများသည်...
"မင်း ဦးငယ် မင်းကို ဘာတွေပြောသေးလဲ''
"ကျွန်တော့ ဦးငယ်က ကျွန်တော့ကိုဘာပြောရမှာလဲ Haru ရဲ့''
"ဟို..... ဟို...သူ့သား...''
"သြော် Lee Know Hyung ပြန်ရောက်နေပြီဆိုတဲ့အကြောင်းလား''
Haru မျက်လုံးတွေ ဝိုင်းစက်သွားသည်..
"ဟင် Hannie က Lee Know ပြန်ရောက်တာ သိနေတာလား''
"အင်း နေ့လည်က Company မှာ ဦးငယ်မိတ်ဆက်ပေးလို့သိခဲ့ရတာ''
"သူ သူ မင်းကိုဘာတွေပြောသေးလဲ မင်း
ဦးငယ်ရှေ့မှာ''
"ဟင့်အင်း ဘာမှမပြောပါဘူး သူက ကျွန်တော့ကို ဘာပြောနိုင်မှာမို့လို့လဲ''
"မဟုတ်ဘူးလေ...ငါပြောတာက....''
"Haru!''
Haru အနောက်က ခေါ်သံကြောင့် ပြောနေရင်း စကားများရပ်သွားလေသည်....
Lee Know ခြံဝင်းထဲ ရောက်ရောက်ခြင်းတွေ့လိုက်ရတာက ထိပ်ဆုံးက ဝိုင်းမှာ Haru နဲ့အတူ ရပ်နေတဲ့ Hannie ကိုဖြစ်သည်...
ဒါကြောင့် Haru ဆီကိုပဲ တည့်တည့်မတ်မတ်လျှောက်လာပြီး လှမ်းခေါ်လိုက်ခြင်းဖြစ်သည်...
"Lee Lee Know? "
Haru က မျက်လုံးတွေဝိုင်းစက်တဲ့အထိ Lee Know ကို တအံ့တသြ ကြည့်နေသည်...
သူ့သူငယ်ချင်းကြီးကို မတွေ့ရတာ ငါးနှစ်ပင်ရှိပြီမဟုတ်လား..
"အင်း ငါပဲ''
Haru Lee Know ကို ဝမ်းသာအားရနဲ့ပြေးဖက်လိုက်သည်..
"မသာကောင် ဒီနှစ်တွေမှာ ငါတို့ကို အဆက်အသွယ်တောင်မလုပ်ဘဲ ပစ်ထားရက်တယ်နော်''
ပြောလည်းပြော မိမိကိုဖက်ကာ ငိုသံကြီးနဲ့ပြောလာတဲ့ Haru ကို Lee Know ကျောလေးသာ အသာပုတ်ကာ ချော့နေသည်..
"ဟား.... ငါအခု မင်းတို့အရှေ့လာပြီလေ''
Haru က အရင်က Lee Know နဲ့ အရပ် သိပ်မကွာပေမယ့် အခုဖက်လိုက်တော့ Haru က Lee Know ရင်ဘတ်နားမှာ ဖြစ်နေသည်..
လူချင်းပြန်ခွာကာ Haru Lee Know ကိုမော့ကြည့်ကာဆိုသည်..
"မင်းအရပ်ကြီးက ရှည်လာလိုက်တာကွာ''
Lee Know က ရီကျဲကျဲနဲ့ Haru ခေါင်းကို အသာပုတ်ကာဆိုသည်..
"ငါက အသက်အရွယ်အလိုက်ရှည်ထွက်လာတာ မင်းတို့ပဲ ပုကျန်ခဲ့တာ''
"ဟွန့်!''
Haru Lee Know ကို မျက်စောင်းပိတ်ထိုးပစ်လိုက်သည်..
ဟုတ်သည်လေ တစ်ခါထဲ ဒီအရပ်ကိုပဲ ထိခိုက်နေတယ်..
Rio နဲ့တုန်းကလည်း အဲ့လိုပဲ Rio လည်း Lee Know လောက်နီးနီးအရပ်ရှည်တယ်..
ကိုယ်ပဲ Jisung လို ပုကျန်ခဲ့တာ..
အမှန်ဆို ငါးပေရှစ်အရပ်က ထင်သလောက်မပုပေ..
သူတို့လို ကလန်ကလား ခြောက်ပေတွေနဲ့ အတူရှိနေရလို့ ကိုယ်တွေက သေးသလို ဖြစ်သွားတာ..
Jisung အရပ်လည်း ငါးပေရှစ်ပဲဟာကို ဟွန့်.....
"ကဲ...ငါ့ကို မျက်စောင်းချည်း လှိမ့်ထိုးမနေနဲ့ ငါဗိုက်ဆာတယ် မုန့်ကျွေးတော့''
"သြော် သူဌေးသားဖြစ်တဲ့ မင်းပဲ ငြီးတော့''
"ငါ ဒီနေ့ရောက်ရောက်ခြင်းပဲ မင်းကိုသတိရလို လာတာကို''
"နေပါ မင်းငါ့ကိုတွေ့ချင်တာ နည်းနည်း Jisung ကိုတွေ့ချင်တာများများ....''
"Haru!!!!''
မိမိနာမည်ကိုအော်လိုက်တာကြောင့် Haru ကိုယ်လေးတုန်တက်သွားသည်..
တရားခံကိုကြည့်တော့ အနောက်က Hannie ဘေးမှာရပ်နေတဲ့ Rioပင်...
"လာပြန်ပြီ နောက်တယောက် ဒီနားနဲ့ ဒီနားဖြည်းဖြည်းအော်ကြပါဟ ငါနားမလေးဘူး''
"မင်း!..... လာ Haru ကိုယ့်နားလာခဲ့''
Haru ဘောက်ဆက်ဆက်နဲ့ လျှောက်သွားပြီး Rio ဘေးရပ်လိုက်သည်..
Lee Know က Haru နောက်လိုက်သွားကာ Rio ရှေ့ရပ်လိုက်သည်..
"မတွေ့တာ ကြာပြီနော် Rio''
"အင်း''
Rio က မျက်နှာသေနဲ့သာ အင်း တစ်လုံးပြောသည်...
Lee Know Rio မိမိကို အမြင်မကြည်တာ သိပေမယ့် အဓိက အကြောင်းအရင်းကိုတော့ရှာမရချေ...
"ဒါနဲ့ စကားမစပ် Congrats ပါနော် မင်းတို့ ဒီနေ့ 2 years Anniversary မလား''
"အင်း''
Rio က Lee Know ကိုမျက်နှာသေနဲ့ကြည့်ကာ ထိုစကားတစ်လုံးသာပြောသည်..
ဘေးက မျက်နှာပူလာတဲ့ Haru က Hannie ကိုပါ အားနာလာသည်...
Rio ဘေးတစ်ဖက်က Hannie က ခေါင်းငုံ့ကာ နေရခတ်နေဟန်..
ဟုတ်ပေသည် lee know က Rio နဲ့သာစကားပြောနေတာ မျက်လုံးက Rio ဘေးက Hannie ကို ပေါက်ထွက်မတက်ကြည့်နေခြင်းဖြစ်သည်..
"အ့!''
Haru Rio ဗိုက်ကြောကို ဆွဲလိမ်တော့ Rio အသံထွက်လာသည်..
သွားကို တင်းတင်းကြိတ်ပြီး Rio ကြားနိုင်သလောက်ပြောနေတဲ့ Haru
"ဘယ်လိုတွေဖြစ်နေတာလဲ ကိုကို ခင်ဗျားအမူအရာပြင်ဦး Lee Know ကို စိတ်ဆိုးနေရင်တောင် ဘေးက Hannie ကိုအားနာ''
ပြောပြီး ဆွဲနေတဲ့ ဗိုက်ခေါက်ကို haru လွှတ်လိုက်သည်....
Rio ကတော့ အဆွဲခံရတဲ့ ဗိုက်ကြောနေရာက နာနေပေမယ့်လည်း မထိရဲဖြစ်နေသည်...
"အ...အင်း မင်း မင်း နယူးယောက်မှာ အဆင်ပြေတယ်မဟုတ်လား Lee Know''
Hannie ကို ပေါက်ထွက်မတက်စိုက်ကြည့်နေတဲ့ Lee Know က Rio စကားပြောမှ ဒီဘက်လှည့်လာသည်...
"အာ...အင်း ပြေ ပြေပါတယ်''
Haru က Hannie ဘေးသွားကာ ဆိုလိုက်သည်..
"ဒါဆို မင်းတို့သူငယ်ချင်းတွေစကားပြောနေကြ ငါ hannie ကို အစားအသောက် ပြင်ဖို့ခေါ်သွားဦးမယ်...
Rio က အသာခေါင်းညိမ့်ပြသည်...
Lee Know ကပြန်တောင်မဖြေနိုင် hannie ကိုသာ တမင်လည်ပြန်တဲ့အထိ ကြည့်နေသည်...
"အဟမ်း!''
Rio အသံပေးမှ Lee Know အရှေ့ကို ကြည့်လာသည်...
"အာ အင်း Rio အဆင်ပြေတယ်မလား ''
"ပြေပါတယ် မင်းမြင်တဲ့အတိုင်း ငါတို့လည်း အဆင်ပြေတယ် Hannie လည်း တော် တော်လေး အ ဆင် ပြေ တယ်''
Rio Lee Know ကို နောင်ပိုင်းစကားတွေကို တစ်လုံးချင်းစီဖိပြောလိုက်သည်..
....ငါပြောတဲ့ အဓိပ္ပါယ်ကို မင်းပေါက်မယ်လို့မျှော်လင့်တယ် Lee Know မင်း နောက်တစ်ကြိမ်ထပ်ပြီး hannie ကို နှောက်ယှက်ခွင့်မပေးနိုင်ဘူး....
"အာ အင်း ငါ ငါ Toilet သွားချင်လို့ အဲ့တာ ဘယ်ကနေ သွားရမလဲ''
"အာ အင်း ဒီဆိုင်ထဲ တည့်တည့်ဝင်ပြီး ညာချိုးလိုက် စားဖိုဆောင်ပြီးတော့ နောက်တစ်ခန်းပဲ''
"အင်း ကျေးဇူး Rio''
Lee Know ခပ်သွက်သွက်ပင် အထဲသို့ဝင်သွားသည်...
အမှန်တော့ leeknow toilet ကို ဝင်ဖို့မဟုတ်ပေ Haru တို့နောက်ကိုသာ လိုက်လာခြင်းဖြစ်သည်...
ခိုးကြောင်ခိုးဝှက်နိုင်ပေမယ့်လည်း နှစ်ယောက်ထဲဆို Hannie က မိမိကို တွေ့မှာမဟုတ် ဒါကြောင့် ကြံမိကြံရာ လုပ်လိုက်ခြင်းသာ....
ထင်တဲ့အတိုင်းပဲ စာဖိုးဆောင်မှာ Haru နဲ့ Hannie စားစရာပြင်နေသည်..
Lee Know က တစ်ဖက် Toilet အခန်းထဲကနေ ဘေးအခန်း အခြေအနေကိုကြည့်နေသည်..
Haru နဲ့ Hannie အပြင် အလုပ်သမား
လေးယောက်လောက်လည်းရှိသည်..
Hannie တို့ ပြင်ဆင်ပြီးတဲ့ ဗန်းတွေကို အလုပ်သမားတွေက သယ်သွားလေသည်..
အလုပ်သမား လေးယောက်လုံး အကုန်ကိုယ်စီ သွယ်ကာ ထွက်သွားလေသည်..
Haru က လက်ထဲမှာ အသီးဗန်းလေးကိုင်ထားသည်...
"အို ငါ မေ့လို့ မျက်နှာချင်းဆိုင် liquor အခန်းထဲက ဝိုင် ပုလင်းတွေ ငါမယူရသေးဘူး..''
"အာ ရတယ် haru ကျွန်တော်ယူလာခဲ့မယ် haru သွားနှင့်''
ထိုစကားကို ကြားလိုက်တဲ့ Lee Know က မျက်နှာချင်းဆိုင်က အခန်းကိုတချက်ကြည့်လိုက်သည်...
"အင်း ဒါဆိုငါသွားနှင့်ပြီနော် ပွဲက စနေပြီမို့''
"အင်းရတယ် သွား ကျွန်တော် ဝိုင် တွေယူပြီး လိုက်ခဲ့မယ်''
"အင်း''
Haru က သစ်သီးဗန်းလေးကိုင်ပြီး ထွက်သွားလေသည်..
Hannie က စားပွဲပေါ်က အမှိုက်တွေကို လက်စသတ်ပြီး liquor အခန်းထဲသို့ ဝင်ဖို့ တံခါးကို အလှမ်း...
ဆက်ခနဲ မိမိလက်ကို ကိုင်လာတဲ့ လူကြောင့် hannie လှည့်ကြည့်လိုက်သည်..
"ခင် ခင်ဗျား!!? "
"Shuuu....''
Lee Know က လက်ညိုးကိုသူ့နှုတ်ခမ်းပေါ်တင်ပြီး တိတ်တိတ်နေဆိုတဲ့ အမူအရာနဲ့လုပ်ပြသည်...
ပြီးနောက် ထိုလက်ကိုင်ရက်သားနဲ့ပင် Lee Know Jisung ကိုပါခေါ်ပြီး liquor အခန်းထဲ ဝက်လိုက်သည်..
Hannie က lee know လက်ဆွဲထားသည်ကို အတင်းရုန်းကန်နေသည်..
"လွှတ်! လွှတ်!''
Lee Know က မလွှတ်ပေးဘဲ ကျန်တဲ့ လက်တဖက်နဲ့ Liquor တံခါးလော့ခ်ကို ချလိုက်သည်..
"ခင် ခင်ဗျားဘာလုပ်တာလဲ အခုချက်ချင်းဖွင့်ပေး!''
"Shuuu တိုးတိုးလို့ကိုယ်ပြောထားတယ်လေ ခဏလေး ကိုယ်ပြောစရာရှိလို့ ပြောပြီးရင် ဖွင့်ပေးမယ်''
Hannie က Lee Know ကို မယုံသက်ာအကြည့်နဲ့ကြည့်နေသည်..
"ကိုယ့်ကို မယုံမကြည်မဖြစ်ပါနဲ့ ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး ကိုယ် မင်းနဲ့စကားပြောချင်ရုံပါ''
"ခင်ဗျားနဲ့ကျွန်တော် စကားပြောဖို့လိုသေးလို့လား Mr.Lee!''
Lee Know သူ့ကို မျက်လုံးစိမ်းနဲ့ကြည့်နေတဲ့ Hannie ကြောင့် ကိုင်ထားတဲ့လက်တစ်ဖက်ကို လွှတ်ပေးလိုက်သည်...
"ကိုယ်...ကိုယ်တောင်းပန်ပါတယ် ကိုယ် မရည်ရွယ်ပါဘူး''
Hannie က lee know တင်းကြပ်စွာ ကိုင်ထားလို့ယောင်တက်လာတဲ့ လက်ကောက်ဝတ်ကို ကိုင်ရင်း ဟက်ခနဲရီကာ ဆိုသည်..
"အဟက် ဘာအတွက်လဲ?''
"ဒီတိုင်းအားလုံး အရာအားလုံးအတွက်''
"ရပါတယ် ကျွန်တော် စိတ်ထဲမရှိတော့ပါဘူး''
"ဟို ဟိုလေ...''
".........''
"တကယ်ပဲ Hannie က ကိုယ့်အဖေနဲ့ ချစ်သူတွေလားဟင်''
"ဘာလဲ ခင်ဗျားမျက်လုံးထဲကျွန်တော်တို့က ပြဇာတ်လုပ်ပြနေတယ်ထင်နေလို့လား''
"မဟုတ် မဟုတ်ပါဘူး ကိုယ် ကိုယ်က ဒီ ဒီတိုင်း''
မိမိကို ဆုံးရှုံးရမှာစိုးလို့ အထိတ်တလန့်နဲ့ တုန်လှုပ်နေတဲ့ hyung က လွန်ခဲ့တဲ့ ငါးနှစ်က hyung သာဆို မိမိ အကုန်လုံးကို ခွင့်လွှတ်ပြီး hyung ရင်ခွင်ထဲ ပြေးဝင်မိတာအမှန်ပင်...
သို့ပေမယ့် အခုတော့ မဟုတ်တော့ပေ မိမိမှာ ဦးငယ်ရှိသည်
ဘယ်လောက်ပဲ Hyung က မိမိ၏ အချစ်ဦး အချစ်ဆုံးဖြစ်ခဲ့တယ်ပဲပြောခဲ့ပါစေ hyung ပေးတဲ့ ဒဏ်ရာတွေက တစ်သတ်တာ သင်ခန်းစာရဖို့လုံလောက်ပြီ...
တခြားနိုင်ငံရဲ့ ရေ မြေ နဲ့တည့်တယ်ထင့်ပါ့ မိမိအရှေ့က hyung က မီးရောင်ပြပြ အောက်မှာတောင် ခန့်ညားနေသည်...
ဦးငယ်ရဲ့ ခန့်ညားမှုလောက်တော့မမှီပေမယ့်ပေါ့...
အခု မိမိအရှေ့က Hyung က အခုဘေးက ဝိုင်တန်းက ပုလင်းတွေလို လူကို ဆွဲဆောင်နိုင်ပြီးယစ်မူးစေတယ်ဆိုရင် ဦးငယ်က အပေါ်က ချိတ်ဆွဲထားတဲ့ ဝါကျင့်ကျင့် မီးအလင်းလေးလိုမျိုး မိမိဘဝရဲ့ အလင်းတန်းငယ်လေးဖြစ်သည်...
ဝိုင်က ယစ်မူးပြီးရင် နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးအနေနဲ့က ခေါင်းကိုက်စေနိုင်သည်..
ဝါကျင့်ကျင့် မီးလေးကတော့ သူနဲ့မတူ ဆန့်ကျင်စွာ မိမိကို အမြဲတမ်း ထိုပုံစံအတိုင်းအလင်းပေးနိုင်မှာ ဦးငယ်လို့ပေါ့...
"ပြောစရာ မရှိတော့ရင် လမ်းဖယ်ပါ ကျွန်တော်အပြင်ထွက်ပါရစေ''
Jisung lee know ကိုကျော်ကာ တံခါးဖွင့်ဖို့အပြု...
"မသွားပါနဲ့!''
မိမိ နောက်ကျောကို သိုင်းဖက်လာတဲ့ သန်မာတဲ့ လက်များကြောင့်တံခါး လက်ကိုင်နားမရောက်ခင်မှာမိမိလက်တွေရပ်တန့်သွားခဲ့သည်...
ရုန်းမလို့ ကြိုးစားပေမယ့်လည်း မိမိပုခုံးပေါ် စိုစွတ်တဲ့ အထိအတွေ့ကြောင့် သူ ငိုနေမှန်း ရိပ်မိလိုက်သည်...
"ကျေးဇူးပြုပြီး...ထားမသွားလိုက်ပါနဲ့...ကျေးဇူးပြုပြီး''
......ဟက် ဒီလူငိုနေတယ် မျက်ရည်စီးကြောင်းတွေ အသွင်သွင်စီးကျပြီး ငိုနေတယ် ....
.......အများက အသည်းနှလုံးမရှိတဲ့သူကြီးလို့သိထားကြတဲ့ Lee Know က အခု မိမိကို ထားမသွားပါနဲ့လို့ ပြောပြီးငိုနေတယ်...
မိမိရုန်းပေမယ့် မိမိ ကို ပို တင်းကြပ်စွာဖက်ထားတဲ့လက်တွေကြောင့် အချည်းအနှီးသာ...
မထူးတော့တာမို့ သူငိုလို့ပြီးတဲ့အထိ စောင့်ဖို့သာ နေလိုက်သည်...
ငိုသံစွတ်နေရင်းနဲ့ပဲ ထိုသူက မိမိပုခုံးပေါ် သူ့မျက်နှာအပ်ကာ စကားဆိုသည်..
"အဲ့တုန်းက အတွက် ကိုယ်တောင်းပန်ပါတယ်...ပြီးတော့ နောင်တလည်းရနေပါပြီ...ဘယ်တုန်းက ရခဲ့လည်းမသိပေမယ့် အခု ကိုယ် ကိုယ့်ခံစားချက်ကို သိလိုက်ရတဲ့အချိန်မှာ jisung ဆိုတဲ့ မင်းကို ကိုယ် လက်မလွှတ်နိုင်ဘူး....ဒါကြောင့် ကိုယ်ဆီပြန်လာပေးမလား...''
"ဟင့်အင်း....''
တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းဖြေလိုက်တဲ့ Jisung ရဲ့စကားမှာ နာကျဥ်းမှုတွေရိုက်ခတ်နေသည်...
"ကိုယ်မှားပါတယ်....ဒါကြောင့်ကိုယ့်အမှားကို ပြန်ပြင်ဆင်ခွင့်ပေးနိုင်မလား Hannie....ကိုယ် ကိုယ် မင်းကို....''
Jisung သည်းမခံနိုင်တော့တာမို့ အတင်းရုန်းကာ ဖယ်လိုက်သည်...
"တော်တော့ Mr.Lee ခင်ဗျား သွေးရူး သွေးတန်းတွေ လျှောက်ပြောမနေနဲ့ အခု ကျွန်တော်က လွန်ခဲ့တဲ့ငါးနှစ်က Han Jisung မဟုတ်တော့သလို ခင်ဗျားကလည်း ကျွန်တော်လွန်ခဲ့တဲ့ငါးနှစ်က ချန်ခဲ့တဲ့ အတိတ်တစ်ခုပဲ''
မျက်ရည်တွေစွတ်နေတဲ့ Hyung ရဲ့ဝိုင်းစက်နေတဲ့ မျက်ဝန်းက အတော်လေးပင် လှသည်...
"မဟုတ်ဘူး....မဟုတ်ဘူး...Hannie က ကိုယ့်ကို ထားမသွားရဘူး ကိုယ်လက်မခံနိုင်ဘူး''
အရူးတယောက်ကို ခေါင်းကို အဆက်မပြတ်ခါကာ တဖြည်းဖြည်း ခြေလှမ်းတွေ နောက်ဆုတ်သွားတဲ့ Lee Know ဆီ Han Jisung လျှောက်သွားကာ လက်မောင်းနှစ်ဖက်ကို ကိုင်ကာ ထိန်းလိုက်သည်...
"ဒီမှာ ကြည့်စမ်း Lee Know !! ခင်ဗျား မမှတ်မိတော့ဘူးလား ကျွန်တော်ကို ခင်ဗျား ဘယ်လို ထားခဲ့တယ်ဆိုတာ!!!''
"မဟုတ်ဘူး မဟုတ်ဘူး''
အရူးတစ်ယောက်လို ခေါင်းကိုသာ အသွင်သွင်ခါနေသည်..
"Lee Know!!! ခင်ဗျား ကျွန်တော့ကို ကြည့်လို့ပြောနေတယ်နော်!!''
Jisung ရဲ့ ခပ်မာမာ အသံကြောင့် Lee Know ငြိမ်သက်သွားသည်...
ဒါကိုကြည့်ကာ သဘောတကျနဲ့ မဲ့ပြုံးတစ်ခုဆင်ကာ jisung က စကားဆက်ဆိုသည်..
"ကျွန်တော် ပြန်ပြောပြပေးရမလား Lee Know!? "
"........''
"ချစ်သူဖြစ်ပြီး တစ်လကြာမှာ ပထမဆုံး တရားဝင် Date ခွင့်ရတဲ့နေ့လေးကိုတောင်ကျွန်တော့စီရောက်အောင်မလာဘဲ Club မှာအပေါင်းအသင်းတွေနဲ့ပျော်မြူးခဲ့တဲ့ ခင်ဗျား....
2 month anni မှာမတွေ့ရမနေနိုင်ရှိလှတဲ့ ကျွန်တော်က အရဲစွန့်ပြီး ခင်ဗျားကျောင်းလာတာကို ခင်ဗျားကောင်မ ခင်ဗျားဘေးရှိနေတာမို့ ''ညီလေးအရင်ပြန်နှင့် hyung လိုက်ခဲ့မယ်'' ပြောပြီး ပထုတ်သွားတဲ့ခင်ဗျား.....
Club မှာ ကောင်မတကာကို ပေါင်ပေါ်တင်ထားပြီး ကျွန်တော်ရှေ့မှာ ပျော်ပါးနေတဲ့ ခင်ဗျား....
အဲ့နေ့က ကျွန်တော် 18 ပြည့်ပြီးပထမဆုံး ခင်ဗျားနဲ့သွားခဲ့ဖူးတဲ့ Club ပဲ... ဒါကို ခင်ဗျားက ကျွန်တော့ရှေ့မှာကောင်မတကာနဲ့ပလူးချင်တိုင်းပလူးပြတယ်...
မိုးရွာကြီးထဲ အသဲကွဲလို့ဆိုပြီး ထွက်အော်နေတဲ့ ခင်ဗျားနောက်ကို အရှက်မရှိထီးတစ်ချောင်းနဲ့ လိုက်မိုးပေးတဲ့ကျွန်တော်....
အဟက် အဲ့နေ့ကသိလား ကျွန်တော်တို့ တစ်နှစ်ပြည့် Anniversary နေ့လေ...''
".........''
"The whole king က ယောက်ျားလေးတစ်ယောက်နဲ့တွဲနေတာပါဆိုတဲ့သတင်းပြန့်သွားမှာ သေမလောက်ကြောက်လို့ ဖုံးဖိနေတဲ့ ခင်ဗျားက ခင်ဗျားကောင်မ ကျောင်းအထိလာပြီး စောက်ရှက်ခွဲတော့ ခေါင်းငုံ့ညိမ်ခံနေတဲ့ခင်ဗျား....
ရုပ်ရှင်ကြည့်မယ်ချိန်းထားပြီး ရောက်မလာခဲ့တဲ့ခင်ဗျား.....
ခင်ဗျားနဲ့အတူတူ ကျောင်းတက်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေချိန်ခင်ဗျားကတော့ လူတကာနဲ့ကျွန်တော့အကြောင်းကိုဟာသတစ်ပုဒ်လို ဖောက်သည်ချနေခဲ့တယ်....
လူတကာနဲ့ပတ်ရှုပ်နေတဲ့ ခင်ဗျားကို နားလည်ပေးတဲ့ကျွန်တော်ကို စောက်ရူးတစ်ယောက်လိုဆက်ဆံခဲ့တယ်.....
ဘယ်လ ဘယ်နှစ်ရဲ့ Anniversary မှ အမှတ်တရ မရှိခဲ့တဲ့ ကျွန်တော့ကို ခင်ဗျားက 2 years Anniversary မှာ လမ်းခွဲစကားပြောခဲ့တယ်...
ပြတ်ပြီးတဲ့အချိန်ထိတောင်......''
"ဟင့်အင်း မပြောနဲ့တော့ မကြားချင်ဘူး..မပြောပါနဲ့တော့...''
"ဟင့်အင်း!!! ခင်ဗျား နားကို နားထောင်ရမယ် Lee Know!!!''
"..........''
"ခင်ဗျား ပျင်းဖို့ကောင်းတယ်လို့ယူဆပြီးထားခဲ့တဲ့ကျွန်တော်ကို လမ်းခွဲ ပြီးတာတောင် လူလည်ခေါင်မှာ ကျွန်တော့ကို အရှက်ခွဲခဲ့တယ်.....
ကျွန်တော်လေ ဘာလို့ ခင်ဗျားကို အရာရာ နားလည်ပေး သည်းခံပေး ခွင့်လွှတ်ပေးခဲ့လဲသိလား?''
"........''
"အဲ့တာ ခင်ဗျားကိုချစ်လို့ပဲ Mr.Lee.....
သိပ်ချစ်ခဲ့လို့ အသက်ပေးရလောက်တဲ့အထိ ကျွန်တော့ အမေထက်ပိုပြီး ခင်ဗျားကိုချစ်ခဲ့လို့...
ကျွန်တော် ပြသနာရှာရင် ခင်ဗျားစိတ်ကုန်ပြီး ထားသွားမှာ သေမလောက်ကြောက်ခဲ့လို့....''
Lee Know jisung စကားတွေကြားပြီးတော့ မိမိခေါင်း ချာခနဲလည်သွားသလိုခံစားရတယ်..
.....အခုဒါဆိုသူက hannie အချစ်ကို စော်ကားခဲ့တာပေါ့..
ကျွန်တော်ကို ဆုံးရှုံးရမှာသေမလောက်ကြောက်ခဲ့တဲ့ ထိုကောင်ငယ်လေးက သူက အထပ်ထပ်အခါခါ စော်ကားခဲ့တာပေါ့...
တကယ်ပဲ ကျွန်တော် Hannie ကို တချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူး......
တုန်ရီနေတဲ့လက်တွေနဲ့ Lee Know Jisung လက်နှစ်ဖက်ကို ကိုင်လိုက်သည်...
"အခု အခုရော ကိုယ့်ကို ချစ်သေးလားဟင်''
"ဟင့်အင်း ကျွန်တော်ပြောပြီးသားပဲ လွန်ခဲ့တဲ့ငါးနှစ်က Han jisung ကအခု ဒီမှာမရှိတော့ဘူး.....''
"ဒါပေမယ့် ကိုယ်မင်းကို....''
"ဟင့်အင်း မပြောနဲ့ မကြားချင်ဘူး....ဖယ်!...လွှတ်.....ကျွန်တော် ခင်ဗျားစီက ဘာ စကားမှမကြားချင်တော့ဘူး''
".........''
"ခင်ဗျားက ကျွန်တော်ရဲ့ အချစ်ဦးနဲ့အချစ်ဆုံးပါလို့ အတန်တန် ပြောထားရက်နဲ့ ကျွန်တော်ကိုထားခဲ့တာ ခင်ဗျားပဲလေ! ဒီလောက်လေးတော့ ခင်ဗျား ခံစားရသင့်တယ်မဟုတ်လား''
.....ဒီလောက်လေးတဲ့လား ကလေးငယ် မဟုတ်ဘူး ကိုယ့်အတွက်တော့ ဒီလောက်လေးမဟုတ်ဘူး ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ် သွားသလိုခံစားနေရတာ ဒီလောက်လေးမဟုတ်ဘူး ကလေးငယ်....
"ကိုယ် မှားပါတယ်...ကိုယ် တောင်းပန်ပါတယ်''
"ခင်ဗျား!...''
"ကိုယ်က ခွင့်လွှတ်ဖို့မတန်တဲ့ကောင်ဆိုတာလည်းသိပါတယ်ကိုယ်အခုလည်း အများကြီး မတောင်းဆိုပါဘူး အဖေနဲ့အတူတူ ကိုယ့်ကိုလည်း တူညီတဲ့ အခွင့်အရေးလေးပေးဖို့ပါ''
"ဒါဆို ကြိုးစားမနေနဲ့တော့ ကျွန်တော် အခုဒီမှာပဲ အဖြေပေးလိုက်တော့မယ်''
Lee Know က ထိုစကားသံကြားတော့ မျှော်လင့်တကြီးဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည်....
"ကျွန်တော် ဦးငယ်ကို ချစ်တယ်''
Lee Know ရဲ့ ဘက်ဘက်ရင်အုံက ဆစ်ခနဲ အောင့်တက်လာသည်...
"ဦးငယ်ကိုပဲ လက်ထက်မှာ''
ဒုတိယအကြိမ် ဘက်ဘက်ရင်အုံကနာကျင်လာသည်...
"ဦးငယ်က ကျွန်တော့ရဲ့ ခင်ပွန်းပဲ''
တတိယအကြိမ် ထိုးနှက်မှု....
Lee Know မျက်ရည်ကြားက အပြုံးလေးနဲ့ jisung ကိုကြည့်လာသည်...
"အင်း အင်း ကိုယ်သိတယ် ကိုယ်အခုပြောတာ အခွင့်အရေးပေးဖို့ပါ ဒါတွေကလည်း ကိုယ်သိပြီး.....''
"Lee Know ခင်ဗျား ရူးနေလား!!!''
"ဟင်?''
"ကျွန်တော်ပြောနေတယ်လေ ကျွန်တော် ခင်ဗျားကို မချစ်ဘူး ဦးငယ်ကိုပဲချစ်တယ်လို့!''
"အင်းလေ ကိုယ်သိပါတယ် ဒါပေမယ့် ကလေးမှ လက်မထက်သေးတာ ကိုယ်ကြိုးစားပိုင်ခွင့်ရှိ...''
ခွပ်!!!!
Jisung Lee Know ကို လက်သီး ခပ်ပြင်းပြင်း တစ်ချက်ထိုးလိုက်သည်..
Lee Know လည်ထွက်သွားတဲ့မျက်နှာကို ပြန်လှည့်ကာ Jisung ကို ပြုံးကာ ကြည့်ပြန်သည်...
"အရှက်မရှိဘူး ခင်ဗျား!''
ထိုသို့ပြောကာ ထွက်ခွာသွားတဲ့ jisung ကျောပြင်လေးကို Lee Know တဆုံးလိုက်ကြည့်နေမိသည်...
ပြီးမှ ပါးကို ကိုင်ကာ တ ဟား ဟား နဲ့ အရူးတစ်ယောက်လိုရီသည်....
"ဟား ဟား အရှက်မရှိလို့ပဲ မင်းကို ကိုယ် ကိုယ်အဖေနဲ့အပြိုင်လုဖို့စဥ်းစားတာပေါ့ ဟား ဟား''
အခန်းငယ်အတွင်း lee know ရဲ့ဝမ်းနည်းဖွယ်ရီသံများဟာ ပျံ့လွှင့်လို့နေသည်.....
.............
ဆိုင်ထဲကနေ ကပျာကယာနဲ့ ထွက်လာတဲ့ Jisung ကို Haru က တွေ့လိုက်တာကြောင့် လှမ်းခေါ်လိုက်သည်...
"Hannie!!!''
ကျလုဆဲဆဲ ဖြစ်တော့မယ့် မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်ပြီး Haru ဆီသွားလိုက်သည်
ဧည့်သည့်တွေတောင်စုံပြီး Rio တို့တောင်
ဧည့်ခံနေပြီဖြစ်သည်...
"အင်း Haru....ဆောရီး ကျွန်တော် ဝိုင်ပုလင်းတွေမေ့ခဲ့လို့''
"အာ...အင်း ရ ရတယ် ဟိုမှာ ဘယ်သူလဲ မင်းကြည့်ဦး''
Haru မေးငေါ့ပြတဲ့ အစွန်ဆုံးနားက စားပွဲဝိုင်းလေးကို Hannie မျက်စိရောက်သွားလေသည်...
"ဦး...ဦးငယ်''
ဦးငယ်က ကျွန်တော်ကို အလှဆုံးပြုံးပြပြီး ရပ်ကြည့်နေသည်...
ကျွန်တော်လည်း ရင်ထဲမှာ တင်းကျပ်နေကာ ငိုချင်လာတာကြောင့် လူကြားထဲလည်း ဂရုမထားနိုင်ဘဲ ဦးငယ်ဆီ အပြေးသွားမိသည်...
"အင့်...ဦး ဦးငယ် ကျွန်တော်ဆီလိုက်လာတယ်...ဟင့်...''
မိမိရင်ခွင်ထဲ အပြေးဝင်လာတဲ့ ကိုယ်လုံးလေးကို Minho က ပြန်၍ ဖက်ထားပေးလိုက်သည်...
"ကလေးဆိုးလေ ဘာလို့ငိုတာတုန်း ''
"ဟင့်အင်း မသိဘူး ကျွန်တော်ငိုချင်နေတာပဲသိတယ်..ဟင့်...''
သေးသွယ်လှတဲ့ ခန္ဓာကိုယ်လေးက Minho ရင်ခွင်ထဲတွင် အံဝင်ခွင်ကျဖြစ်နေသည်......
"မငိုရဘူးလေ ဦးငယ်ဘာပြောထားလည်း Hannie ''
"အင်း မငိုတော့ပါဘူး ဦးငယ် ဒါပေမယ့် ဒီလိုလေးတော့ဖက်ထားချင်သေးတယ်''
အမှန်ဆို ရင်ခွင်ထဲက အဆိုးလေးက မသိပေမယ့်..
Minhoကတော့ ဘေးပတ်ပတ်လည်က အကြည့်တွေကို မြင်နေရသည်..
သို့ပေမယ့် ဒါကို အရေးမစိုက်နိုင် ရင်ခွင်ထဲက ကလေးငယ်သာ အဓိကပင်ဖြစ်သည်..
Haru က Hannie ဆို့ဆီ သွားဖို့လုပ်တော့ Rio က တားလိုက်သည်..
"မသွားနဲ့ Baby သူတို့ကို လွှတ်ထားပေးလိုက်ပါ''
"ဒါပေမယ့်....''
"ဟိုမှာ...baby ရဲ့ချစ်သူငယ်ချင်းကြီးထွက်လာပြီ သူ့ဆီ သတင်းလေးသွားမေးလိုက်ပါဦး ထွက်လာတာ လောကကြီးကိုအရှုံးပေးထားတဲ့အရှုံးသမားရုပ်နဲ့!''
Rio Hannie ထွက်လာပြီး တော့ သိပ်မကြာဘူး Lee Know ထွက်လာတာကိုတွေ့သည်....
သို့ပေမယ့် သူ ဘာဆက်လုပ်မလဲ သိချင်တာကြောင့်ငြိမ်နေလိုက်တာ Lee Know က မျက်ရည်တွေစီးကျလာပြီး အရှေ့က Hannie တို့ ဖက်နေတဲ့ မြင်ကွင်းကို အသက်မပါစွာကြည့်နေတာကို သတိထားလိုက်မိသည်....
အန်ကယ်Minho လည်း သူ့သားကို ဒီမှာတွေ့ရရင် အဆင်မပြေတာမို့ Haru ကို သွားခိုင်းလိုက်တာ...
Haru ကတော့ ဘောက်ဆက်ဆက်နဲ့ Lee Know ဆီသွားလိုက်သည်...
"ယျောင့် မင်းလည်း ဘယ်ပျောက်သွားတာလဲ ပွဲက ပြီးတောင်ပြီးတော့မယ်''
"ဟင်?''
"Lew Know မင်း... မင်းငိုနေတယ်...''
Lee Know ငိုတာ တစ်ခါမှ မမြင်ဘူးတဲ့ သူငယ်ချင်းကြီး Haru က Lee Know ကိုကြည့်ပြီး အဆန်းဖြစ်နေသည်..
"အာ မဟုတ် မဟုတ်ပါဘူး မျက်လုံးထဲ အမှိုက်စ ဝင်သွားလို့...''
"အာ အင်း လာလေ မင်းပဲ ဗိုက်ဆာတယ်ဆို''
"တော် တော်ပြီ ငါ ငါဗိုက်မဆာတော့ဘူး ငါ.. ငါပြန်တော့မယ်''
"အမ် မင်းပြောတော့....''
"ပြန်ပါစေ Haru''
နောက်က ရောက်လာတဲ့ Rio ကဆိုလိုက်ခြင်းဖြစ်သည်...
"Haru သွားတော့...''
Haru ဒီတစ်ခါ Rio ကိုတင်းပြီလေ..
ခြေဖနှောင့်နဲ့ Rio ခြေထောက်ကိုတက်နင်းလိုက်သည်..
"အ့...နာတယ် Haru ရ''
"နာအောင်ပဲ နင်းတာလေ ဘာလို့ လူကို ဟိုသွားခိုင်း ဒီလာခိုင်းလုပ်နေတာလဲ''
"အာ ဟိုမှာလေ Haru အမေ Haru ကိုခေါ်ခိုင်းလိုက်လို့''
Rio ပြောမှ အမေ့ဘက်ကြည့်တော့ အမေက သူ့သမက်ကို နှိပ်စက်တယ်ထင်ပြီး မျက်လုံးစိမ်းကြီးတွေနဲ့ မိမိကိုကြည့်နေသည်..
Haru သိတာပေါ့ အမေက သူ့ရဲ့ ထက်မြက်ပြီးအလိုက်တသိရှိလှတဲ့ သမက်ကို သားထက် ပိုချစ်တယ်ဆိုတာ..
အခုလည်း သူ ခုန မြင်ကွင်းကိုတွေ့လို့ ဒီလိုကြည့်နေတာဖြစ်မည်...
Rioကို Haru ပြန်ကြည့်တော့ ကိုယ် ဘာမှမလုပ်ဘူးဆိုတဲ့ မျက်နှာပေးနဲ့ ခေါင်းခါပြသည်...
"တွေ့မယ် ကိုကို ခင်ဗျားနဲ့ကျွန်တော် ပြီးမှတွေ့မယ်...''
ကျိန်းဝါးကာ ထွက်သွားတဲ့ Haru....
Rio Lee Know ရှေ့တည့်တည့်မှာ ရပ်လိုက်သည်...
"မင်း Hannie ကို ဒုက္ခထပ်ပေးဖို့ မကြိုးစားပါနဲ့ Lee Know''
".....''
"ဒီတစ်ခါဆို ငါ ခွင့်မလွှတ်နိုင်ဘူး!''
ပြတ်သားလှတဲ့ Rio စကားတွေက တချိန်ထဲမှာတင် မိမိအမှားကို ပြေးမြင်မိစေလာသလို တစ်ချိန်ထဲမှာတင်နာကျင်စေသည်..
"ငါ ငါသူ့ကို ချစ်တယ် Rio''
"အဟက်.. ခုမှ ဘာတွေလာပြောနေတာလဲ Lee Know...မင်း ဟိုမှာတွေ့လား''
Rio Hannie တို့ဘက်ကို လက်ညိုးထိုးပြသည်..
"မင်းက သူ့ကိုအကြိမ်ကြမ် ငိုအောင်လုပ်ပေမယ့် မင်းအဖေ ဖြစ်တဲ့ အန်ကယ် Minho ကတော့ သူ မငိုဖို့သာ အဓိက ဦးစားပေးဖြစ်နေတယ်''
Lee Know Rio ပြောနေသည်တွေမှာလည်း အမှန်မို့ ငြိမ်သက်စွာ နားထောင်နေလိုက်သည်...
"Hannie မင်းနဲ့အရင်တွေ့ခဲ့တာ ကံဆိုးပေမယ့် အန်ကယ်Minho နဲ့တွေ့တာ အရမ်းကံကောင်းတာပဲ''
"ငါ ငါသိပါတယ် ငါမကောင်းတဲ့သူပါ ငါ အပြစ်တွေအတွက်ပြန်ပေးဆပ်ချင်တယ် Rio. .ငါ ငါဘာလုပ်ရမလဲဟင်''
"မင်း..တကယ် ပေးဆပ်ချင်လား?''
Lee Know က Rio မေးတဲ့အမေးကို စိတ်အားတက်သန်စွာနဲ့ ခေါင်းကို အဆက်မပြတ် ညိမ့်ပြသည်..
"ဒါဆို မင်း NY ကိုပြန်လိုက်!''
"ဟင်''
"မင်း ဒီနေ့လာရာလမ်းအတိုင်း NY ကိုပြန်လိုက်လို့!''
"ငါ ငါမပြန်ဘူး ငါ....''
"ဘာလဲ မင်း Hannie ကို စိတ်ဒုက္ခပေးမလို့လား''
"ငါ...မဟုတ်''
"တော်ပါတော့ Lee Know ရာ မင်းနဲ့ငါ ငယ်သူငယ်ချင်း သံယောဇဥ် နဲ့ထောက်ပြီး နောက်ဆုံးတစ်ခုပြောလိုက်မယ် ''
".....''
"မင်းနဲ့Jisung က အစကတည်းက မတွေ့သင့်တဲ့သူတွေပဲ!''
Rio စကားတစ်ခွန်းစီတိုင်းက မိမိအမှားတွေကို မီးမောင်းထိုးပြသလို မှန်ကန်နေသည်...
"သွားတော့ Lee Know ဒီမှာ အန်ကယ်လည်း ရောက်နေပြီ မင်းကိုမြင်ရင်မကောင်းဘူး မင်းပြန်လိုက်တော့''
"ကောင်းပါပြီ ငါပြန်ပါ့မယ်''
နွမ်းနယ်လွန်းလှတဲ့ Lee Know နောက်ကျောပြင်ကိုကြည့်ပြီး Rio သက်ပျင်းတစ်ချက် ချလိုက်မိသည်...
...............
"ဦးငယ်''
Jisung ငိုလို့ဝတော့ Minho က Jisung ကို အသာထိန်းပြီး ကားပေါ်ပြန်ခေါ်လာခြင်းဖြစ်သည်..
အရှေ့ကို တည့်တည့်ကြည့်ကာ ကားမောင်းနေတဲ့ ဦးငယ်က ခန့်ညားမှုအပြည့်....
"အင်း Hannie ကိုယ့်ကို ဘာပြောချင်လို့လဲ ''
"ကျွန်တော် ဦးငယ်ကိုချစ်တယ်''
"........''
"ဦးငယ်ကတော့ ကျွန်တော့ကို ထားမသွားဘူးမလား ဦးငယ် ထားသွားရင် ကျွန်တော်...''
ပြောရင်း ရှိုက်သံထပ်ထွက်လာတဲ့ Jisung ကြောင့် Minho ပြာပြာသလဲ ကားကို ဘေးထိုးရပ်လိုက်သည်..
"ကလေးဆိုးလေး ဘာလို့ ငိုနေရတာလဲ ဦးငယ် ရင်တွေနာအောင်လို့''
"ဟင့်..မငို မငိုချင်ပါဘူး ဒါပေမယ့် သူ့ဘာသာ မျက်ရည်တွေက ကျနေတာ''
Minho လက်မလေးအသုံးပြုကာ Jisung မျက်ရည်တွေကို အသာဖိသုတ်ပေးလိုက်သည်...
ပြွတ်!
နှုတ်ခမ်းလေး ကို အနမ်းတစ်ချက်ခြွေလိုက်သည်...
"ချစ်တယ် ဦးငယ်လည်း Hannie ကို သိပ်ချစ်တယ် ဒါကြောင့် မဟုတ်တဲ့ အတွေးတွေမတွေးနဲ့ ဦးငယ်မှာ Han Jisung ဆိုတဲ့ ဒီအဆိုးအဆာလေးပဲရှိ.....အင့်''
Han Jisung အရှေ့က သူ့ဦးငယ် မျက်နှာကို သူ့မျက်နှာနား လက်နှစ်ဖက်နဲ့ဆွဲယူကာ နှုတ်ခမ်းခြင်းဖိကပ်လိုက်သည်...
"အွန့်...အင့်...က....ကလေးငယ်''
ရုတ်တရက်မို့ Minho က လန့်ပြီး စကားပြောချင်သော်လည်း Jisung က နှုတ်ခမ်းကို အလွတ်မပေးချေ အပေါ်တလှည့် အောက်တစ်လှည့်စုပ်ယူနေသည်...
Jisung ရဲ့ အနမ်းကို Minho က လက်ခံရင်း သူကတစ်ဖန် ဦးဆောင်စေကာ မွတ်သိမ့်တဲ့အနည်းတွေ ပေးလိုက်သည်..
Minho jisung ရဲ့အောက်နှုတ်ခမ်းလေးကို နာနာလေးကိုက်လိုက်တော့ နှုတ်ခမ်းသားနှစ်လွှာဟာ ပွင့်လာသည်..
ဒါကို အခွင့်ကောင်းယူပြီး Minhoက သူ့လျှာကိုအသုံးပြုပြီး Jisung ရဲ့ ခံတွင်းတစ်ခုလုံးကို ချယ်လှယ်တော့သည်..
"အု....အွင့်..အ....အင့်....''
ပြင်းပြတဲ့အနမ်းတွေကြောင့် နားရှက်စရာ အသံတွေပင် ထွက်ပေါ်လာသည်...
Minho စိတ်ကြိုက်နှုတ်ခမ်းကိုချယ်လှယ်လို့ဝမှ အောက်နှုတ်ခမ်းကို ကိုက်ဆွဲပြီး လွှတ်ပေးလိုက်သည်..
အရှေ့က ကောင်ငယ်လေးကတော့ နှာထိပ်လေးနဲ့နားတွေနီပြီး အတော်ရှက်နေသည်..
အသက်ကို အခုမှလုရှူရတာကြောင့် နှုတ်ခမ်းလေးက စပ်စိ ဟစိ ဖြစ်ပြီး အမောဖြေနေသည်....
Minho က ထိုပုံစံလေးကို သဘောတကျနဲ့ ကြည့်ပြီး နဖူးချင်းကပ်ကာဆိုလိုက်သည်..
"ချစ်တယ် ကလေးငယ် ရင်နှင့်အမျှ ချစ်တယ်''
Jisung က မောနေရင်းနဲ့မှ ထိုစကားလေးကြောင့်ပြုံးမိသည်..
"ဦးငယ်က ကျွန်တော့အပိုင်''
"အင်း ဦးငယ်က ကလေးငယ်ရဲ့အပိုင်''
ထိုနေ့ညက တည်နေရာ အတူတူ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာရှိနေတဲ့ကားလေးနှစ်စီးမှာ တစ်စီးက ပျော်ရွှင်မှုတွေပြည့်နေသလောက် တစ်စီးမှာတော့ ဝမ်းနည်းမှု အတိုင်းအဆမဲ့ ဖြစ်ပေါ်နေသည်...
..................
ဒီနေ့က အဖေနဲ့Hannie ရဲ့ မဂ်လာဆောင်တဲ့နေ့....
ဒီတစ်ပါတ်အတွင်း Hannie က မိမိကို အကြောင်းအမျိုးမျိုးပြပြီးရှောင်သည်...
မိမိက အဖေကို အကူအညီတောင်းပြီး Comapny မှာ Hannie ကို တွေ့ချင်လို့ အကြောင်းပြချက်မျိုးစုံနဲ့လိုက်လာသော်လည်း Hannie ဆိုတဲ့ ကောင်လေးက အရှောင်ကောင်းတယ်ထင်ပါ့ တစ်ပါတ်လုံးလုံးမတွေ့ရချေ...
အဖေကို မေးသော်လည်း အမြဲ ဆိုက် ထဲမှာလို့ပဲပြောတာကြောင့် Lee Know က အဖေကို Construction ကိုစောင့်ကြည့်သွားတာတွေကို မန်မေဂျာချည်းပဲလွှတ်မနေနဲ့တောင် ပြောသေးသည်...
အဖေကတော့ ဘာတုံ့ပြန်မှုသာမရှိဘဲ မိမိပြောစကားကိုသာ ပြုံးပြုံးကြီးနားထောင်နေခဲ့သည်.....
အခု ကျွန်တော်က အဖေနဲ့ Hannie ရဲ့ မဂ်လာဆောင် ခန်းမကို ရောက်နေခြင်းဖြစ်သည်..
သတို့သားနှစ်ယောက်လုံးကို အရိပ်အယောင်တောင်မတွေ့ရသေးချေ..
အဖေဘက်ကအမျိုးတွေရော ဆုံးသွားပြီပြီဖြစ်တဲ့အမေ့ဘက်ကလူတွေမှာ ရောက်နေတာကြောင့် ကျွန်တော်ကို မတွေ့ရတာ ကြာပြီဆိုတဲ့အကြောင်းပြောနေတာကြောင့် အားနာနာနဲ့ စကားပြောနေရသည်.....
"ဝါးးး ဒီလိုကျတော့ ခန့်လိုက်တာ Hannie က''
Fitting Room မှာ မိတ်ကပ်ပြင်ပြီး အဝတ်အစားလဲနေတဲ့ Hannie ကို Haru က ခြေဆုံးခေါင်းဆုံးကြည့်ပြီးသဘောကျနေသည်...
Jisung က အဖြူရောင် ဝမ်းဆက် Suit ကိုဝတ်ဆင်ထားပြီး နက်ကတိုင်အစား ဖဲပြားအ
ဖြူလေး လည်ပင်းမှာတပ်ဆင်ထားသည်..
Coat အနားသပ်တွေကို စိန်တွေမြုပ်ထားတာကြောင့် တစ်လက်လက်နဲ့ အလွန်လှပနေသည်....
ဆံပင်ကို ပုံသွင်းနေကျအတိုင်း အလယ်ခွဲပြီး ဘေးနှစ်ဖက်မချထားပဲ လူငယ်ဆန်ဆန် ဆံပင်ကိုအရှေ့အကုန်ချထားတာက Hannie နဲ့ တော်တော်လေးပင်လိုက်ဖက်လှသည်...
Haru ချီးကျူးတာကို အနေခတ်ဟန်နဲ့ Hannie လည်ပင်းကို လက်နဲ့အသာပွတ်နေသည်...
"ပြီးပြီလား သည်းငယ်''
အနောက်က အသံကြားတော့ ဘေးက ရှိသမျှ လူတွေက အရိုအသေပြုလာသည်...
"ရတယ်...မင်းတို့သွားတော့''
Minho က လက်ဟန်ပြကာ Jisung ဘေးက Designer တွေ Make up artist တွေကို ပြန်လွှတ်လိုက်သည်...
"Hannie ဒါဆို ငါလည်း ခန်းမမှာပဲစောင့်နေမယ်နော်''
"အင်း ကောင်းပါပြီ Haru''
Haru က Jisung ကို နှုတ်ဆက်ပြီးတော့ ဘေးတစ်ဖက်က Minho ကို အရိုအသေပြုကာ ထွက်သွားသည်..
Minho နဲ့ Hannie နဲ့ ဆင်တူ အဖြူရောင်ပင်ဝတ်ထားသည်...
အရပ် ခြောက်ပေရှိတဲ့ ဦးငယ်က အနောက်တိုင်းဝတ်စုံနဲ့အလိုက်ဖက်ဆုံးပင်..
ဦးငယ်က Shirt အဖြူမှာ Necktile တပ်ဆင်ထားပြီး ရွှေကြိုးလေးနဲ့ လိုက်ဖက်စွာ ဆင်မြန်းထားသည်...
ဆံပင်ကို ဘေးခွဲပြီး အရှေ့ဆံပင်အနည်းငယ်ကို ဂျယ်နဲ့သေသပ်စွာချထားတဲ့ ဦးငယ်က တစ်မျိုးလေး ကြည့်ကောင်းနေပြန်သည်....
မိမိကို တမေ့တမောငေးနေတဲ့ ကလေးငယ်ရဲ့ ခါးလေးကို အသာဆွဲယူပြီး မိမိကိုယ်နဲ့ကပ်လိုက်သည်..
"ဘာတွေ ငေးကြည့်နေရတာလည်း သည်းငယ်ရဲ့''
"ဟင်..အင်း ဘာမှမဟုတ်ပါဘူး ဒီတိုင်း ကျွန်တော့ယောက်ျားက အရမ်းချောနေတာမို့ မှင်သက်သွားတာပါ''
ပြွတ်!
Minho က သဘောတကျနဲ့ Jisung နှုတ်ခမ်းလေးကို အနမ်းပေးလိုက်သည်...
"သည်းငယ် တစ်ကယ်ပဲ ဒီလိုတွေပြောနေမယ်ဆို ခန်းမထဲတောင်ရောက်မှာမဟုတ်တော့ဘူးနော်''
"ဦးငယ်!''
"ဟား ဟား ဟုတ်ပါပြီ ဦးငယ်က စတာပါ...''
ကိုယ်ချင်းပြန်ခွာကာ Jisung ကို Minho ခြေ ဆုံး ခေါင်းဆုံး ကြည့်လိုက်သည်..
"သည်းငယ်လေးက လှလိုက်တာ''
"ဦးငယ် ကျွန်တော်က ကောင်လေးလေ ဘာလို့ လှတယ်လို့သုံးရတာလဲ''
"ဟင့်အင်း အဲ့တာတော့မသိဘူး ဦးငယ်ရှေ့က ကောင်ငယ်လေးက အရမ်းလှတယ်ဆိုတာတော့ ဦးငယ် တပ်အပ်ပြောနိုင်တယ်''
"တော်ပြီ ဦးငယ် ဦးငယ်ကို အချစ်ဝတ္ထုတွေသိပ်မဖတ်နဲ့လို့ပြောတာ ဒါကြောင့်ပဲ...
အခုကြည့် ကျွန်တော် မွှေးညှင်းတွေတောင်ထတယ် ဦးငယ်ရဲ့ အနုအယွစကားတွေကြောင့်''
"ကိုယ့်ရင်ဘက်ထဲက ပွင့်ဟလာတဲ့ခံစားချက် အစစ်အမှန်တွေပါ သည်းငယ်''
"တော်ပြီ တော်ပြီ... သွားတော့ ဦးငယ် ခနနေ ပွဲကစတော့မယ် ကျွန်တော်ပြင်စရာရှိတာဆက်ပြင်ရမယ် ဦးငယ် ခန်းမထဲမှာ အရင်စောင့်နှင့်တော့''
"သည်းငယ်က ဦးငယ်ကိုမချစ်တော့ဘူး''
"ဦးငယ်!!!!''
"အာ ကောင်းပါပြီ ကောင်းပါပြီ ဦးငယ်ထွက်နှင့်ပါ့မယ် ''
မျက်နှာကြီး စူပုတ်ကာ ထွက်ခွာသွားတဲ့ ဦးငယ်ကို ကြည့်ပြီး Jisung သဘောတကျနဲ့ရီမိပြန်ပြီ တကယ် အသက် 44 သာပြောတယ် တခါတလေ ချွဲတာ ကိုယ်တောင်အရှုံးပေးရတဲ့အထိပဲ.....
Jisung မိမိပုံစံကို မှန်ကနေကြည့်ပြီး သေချာပြင်ဆင်နေလိုက်သည်...
ဒေါက်...ဒေါက်...ဒေါက်...
"ဝင်ခဲ့ပါ''
"ဟင် ခင်ဗျား...''
"အင်း ကိုယ်ပါ Hannie''
"ခင်ဗျား ဘာလို့ဝင်လာတာလဲ ထွက်သွား အခုချက်ချင်းထွက်သွား!''
"ကိုယ့်အဖေ မဂ်လာပွဲကို ကိုယ်လာတာလေ ဘာလဲ မရဘူးလား?''
Lee Know ရဲ့ ကြောက်မယ်ဖွယ် အပြုံးတချို့ကြောင့် Jisung နောက်ဆုတ်မိသွားသည်...
Lee Know က အရှေ့ဆက်တိုးလာလေသည်...
"ခင် ခင်ဗျားနော် ရှေ့ဆက်တိုးမလာနဲ့ ကျွန်တော်အော်လိုက်မှာ''
"ဟိုးး စိတ်လျှော့ပါ ဖေဖေလေးရ သတို့သားက စိတ်ကြီးနေလို့မရဘူးလေ ခဏနေ ခန်းမထဲပဲ ဝင်ရတော့မှာကို''
"ဒါဆို ခင်ဗျားထွက်သွားလေ''
"ကိုယ်က ဂုဏ်ပြုစကားပြောချင်လို့ပါ ကိုယ်ရဲ့ ဖေဖေလေးကို...''
".........''
"မင်းကို ငါ့ရဲ့ ဖေဖေလေး နေရာမှာ မြင်ရမယ်လို့ ငါတစ်ခါမှ မထင်ခဲ့မိဘူး Mr.Han!''
"အခုတော့ ခင်ဗျား မထင်ခဲ့သလို ဖြစ်သွားပြီမလား ဖယ်စမ်းပါ ခဗျားရာ!''
Jisung အားပါပါနဲ့အရှေ့က မိမိကို စိုက်ကြည့်နေတဲ့ Lee Know ကိုတွန်းထုတ်လိုက်သည်...
Lee Know က လက်ကောက်ဝတ်ကို ပြန်ဆွဲကာ Jisung ကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်စေသည်...
"ကိုယ်ပြောပြီးပြီလေ ခဏလေးပါပဲလို့ ဂုဏ်ပြုစကားဆိုချင်လို့ပါ''
"ကျွန်တော့်လက်ကိုလွှတ်...''
"အာ အင်း အင်း လွှတ် လွှတ်လိုက်ပြီ ဆောရီး ထွက်သွားမယ်ထင်လို့ ဆွဲထားမိတာ''
Jisung က မိမိလက်ကို လွှတ်ပေးလိုက်တဲ့ Lee Know လက်ကိုကြည့်နေရာမှ Lee Know
ကို ပေစောင်းစောင်းနဲ့ကြည့်လာသည်...
"ကိုယ့်ကို မမုန်းပါနဲ့ အရမ်းလည်း မနာကျည်းပါနဲ့ အဲ့အမုန်းတွေလောက် ကိုယ်မင်းကို ချစ်တာမို့ ကိုယ့်ကိုနားလည်ပေးပါ''
".........''
"ချစ်တယ်...ဘယ်တုန်းကတည်းကမသိပေမယ့် အခုသိလိုက်ရတဲ့အချိန်မှာ အရမ်းကိုချစ်မိသွားခဲ့တယ်...
နောက်ကျပေမယ့်လည်း ဒီစကားလေးတော့ပြောချင်လို့ပါ ချစ်တယ်...သေတဲ့အထိ မင်းတစ်ယောက်ထဲကိုပဲ ချစ်သွားမှာ''
"ခင်ဗျားရူးနေလား!''
ဝတ်ဆင်ထားတဲ့ Black Suit ဟာ Lee Know ရဲ့ စိတ်အစဥ်ကို ထောက်ပံ့ပေးနေသယောင်..
"ကိုယ် မင်းကို ချစ်တယ် Jisung''
"ကျွန်တော်ကတော့ မုန်းတယ်''
"ချစ်တယ်''
"မုန်းတယ် သေလောက်အောင်မုန်းနေမှာ Lee Know ခင်ဗျားကို...''
"ဟား ဟား ဟုတ်ပါပြီ ကိုယ် အရှုံးပေးပါတယ် ဒါဆို....''
"........''
"ဖေဖေနဲ့ ပျော်ပျော်ရွှင်ရွှင် တစ်သတ်လုံးနေထိုင်သွားရမယ်နော်''
"........''
"ကိုယ် မင်းနဲ့တွေ့နိုင်မှာမဟုတ်တော့ဘူး''
"...........''
"ကိုယ် ဒီနေ့ပဲ New York ကိုပြန်တော့မယ်''
"...........''
"ကျန်မာရေးကို ဂရုစိုက်ပါနော် အရမ်းကြီးလည်း မငိုပါနဲ့''
"........''
"ဟား ဟုတ်သားပဲ Hannie ငိုတဲ့အကြောင်းပြချင်တိုင်းက ကိုယ့်ကြောင့်ချည်းပဲကို ဟား တုံးလိုက်တာ ဒီခေါင်း''
ဆိုကာ ကိုယ့်ခေါင်းကို ပြန်ထုနေတဲ့ Lee Know က စိတ်လွတ်နေတဲ့ အရူးသဖွယ်...
Jisung က အရှေ့ကလူကို မမှိတ်မသုန် ကြည့်နေသည်..
Lee Know သာ Jisung ရဲ့ မျက်ဝန်းတွေကို သေချာသတိပြုခဲ့မယ်ဆိုလျှင် ဝမ်းနည်းရိပ်သန်းနေတဲ့ Jisung ရဲ့ မျက်ဝန်းအိမ်လေးကိုတွေ့ရမှာ အမှန်ပင်...
"ဒါဆို ကိုယ်သွားတော့မယ်နော် ပျော်ရွှင်ပါစေ ကိုယ့်ရဲ့နှလုံးသားလေး''
"ခင်ဗျားရောပဲ...''
"ဟင်?''
စကားတစ်လုံးမှပြန်မပြောတဲ့ Jisung ဆီက ထိုစကားကြားတော့ Lee Know လှည့် ကြည့်လာသည်...
"အတိတ်က ဖြစ်ပြီးတဲ့ကိစ္စတွေအတွက် ကျွန်တော် ခင်ဗျားကို ခွင့်လွှတ်လိုက်ပြီ...
ဒါကြောင့် အရင်ကအတိုင်း စိတ်ရှိသလို ပျော်သလိုနေပါ ဘယ်လိုပဲ ဖြစ်ဖြစ် နောင်လည်း ခင်ဗျားနဲ့ကျွန်တော်က ဦးငယ်ကြောင့် အမျိုးတော်ရတော့မှာပဲလေ''
.....ပြောရက်လိုက်တာ ကလေးငယ် ကိုယ်ဘယ်လိုစိတ်နဲ့များ ကလေးငယ်နဲ့အဖေ့ကို ကြည့်နေနိုင်ရမှာလဲ ကလေးငယ် ကိုယ်အဲ့လောက်ထိ အသည်းမမာဘူး....
"အင်း ကျေးဇူးပါပဲ ''
ကျောခိုင်းကာ လှည့်ထွက်သွားတဲ့ Lee Know ကို ကြည့်ကာ Jisung လှမ်းပြောလိုက်သည်...
"ခင်ဗျားကို ကျွန်တော် ချစ်ခဲ့ပါတယ်''
Lee Know က ထိုစကားကြားတော့ မျက်ရည်ကြားထဲက Jisung ကို မျှော်လင့်တကြီးလှည့်ကြည့်လာသည်...
"ဒါပေမယ့် ဦးငယ်ကို ပိုချစ်တယ်''
နာကျင်ရပါတယ် နှလုံးသားကို အစိမ်းလိုက်ခွဲထုတ်ခံရသလို နာကျင်ရပါတယ်...
ဆုံးရှုံးသွားတဲ့အရာတွေထဲမှာ ဒီအရာက မိမိဘဝအတွက်တော့ တန်ဖိုးအမြင့်ဆုံး
ဆုံးရှုံးမှုတစ်ခုသာ ဖြစ်သည်.....
အကယ်၍ အချိန်တွေသာ နောက်ဆုတ်လို့ရမယ်ဆိုရင်....
ဟင့်အင်း နောက်မဆုတ်တော့ဘူး Jisung ကို အဖေ့ထက်ပိုပြီး ကျွန်တော်ချစ်နိုင်မှာမဟုတ်ဘူး.....
"Han Jisungက ဘဝမှာ နောင်တရဖူးတာရှိလား?''
"ရှိတယ်''
".........''
"Lee Know ဆိုတဲ့ခင်ဗျားနဲ့ သိခွင့်ရခဲ့လို့ နောင်တရတယ်....ခင်ဗျားရော?''
"ကိုယ်လား?''
".............''
"ကိုယ်က Han Jisung ဆိုတဲ့ ကောင်လေးကို အရင်ဆုံးချစ်ရတဲ့သူမဖြစ်ခဲ့လို့ နောင်တရတယ်''
Han Jisung က နူးညံ့စွာ ပြုံးလိုက်သည်......
............................End...................................