တစ်ရက်ပြီးတစ်ရက် ထယ်ယောင်း၏ ရင်ခုန်သံများမှာ ဂျုံးကုကြောင့်သာ လှုပ်ခတ်နေခဲ့ရသည်။
ထယ်ယောင်းစိတ်ချမ်းသာနေမိသည်မှာ ဒီရက်ပိုင်းအတွင်း သူနှင့် ဂျုံးကု၏ အချစ်ခရီးလမ်းလေး အစပျိုးချိန်ဖြစ်နေ၍လား သူ မသိ။ ကြည်နူးစွာ ပျော်ရွှင်နေမိသည်မှာ ထယ်ယောင်း ကိုယ်တိုင်အသိဆုံးပင်။
ဂျုံးကု၏ မျက်ဝန်းများနှင့်ဆုံတိုင်း ထယ်ယောင်းစိတ်လွတ်စွာ ငေးမောကြည့်မိသည်။ ဂျုံးကု မျက်ဝန်းများက သူ့အား မည်မျှချစ်ကြောင်း လေးနက်သော လင်းလက်သော အကြည့်များက သက်သေပြနေသည်ကို ထယ်ယောင်း အမြဲခံစားရသလိုပင်။ ချစ်တယ် ဆိုသည့်စကားကိုလည်း ဂျုံးကု တဖွဖွ ပြောတတ်သေးသည်။ ဂရုစိုက်မှု၊ ကြင်နာမှုများက အရင်နှင့် ပြောင်းလဲသွားခြင်းမရှိ၊ ပို၍ တိုးလာနေဆဲပင်။ ဤမျှ သူ့အပေါ်လေးနက်သည့် ဂျုံးကု၏ အချစ်များက ပျော်ရွှင်စေရသလို တဖက်တွင်လည်း ထယ်ယောင်းအား ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်စေသည်။
*ဂျုံးကု ၏ ခံစားချက်များကို လေးနက်စွာ ပြန်ပေးမိပါရဲ့လား *
"ဂျုံးကု... အကို့ ဇာတ်လမ်းတွဲ ရိုက်ပြီးသွားရင် ခရီးထွက်ရအောင်...မင်းနဲ့အတူ သွားချင်တယ်''
ဂျုံးကု လက်ထဲက စာရွက်စာတမ်းများအား ချရင်း ထယ်ယောင်းဘက်သို့ ကြည့်လိုက်သည်။
"Hyung ဘယ်သွားချင်လဲ... Europe ဘက်သွားကြည့်ချင်လား..Hyung မရောက်ဖူးသေးဘူးဆို''
"အင်း''
............
ထယ်ယောင်း လက်ရှိရိုက်ကူး ထုတ်လွှင့်နေသော ဇာတ်လမ်းမှာ ရိုက်ကွင်း ပြီးဆုံးခါနီးဖြစ်သည်။ ဇာတ်လမ်းတွဲက ပရိသတ်အားပေးမှု အခိုင်အမာရရှိလာသည်နှင့်အမျှ ပရိုမိုးရှင်းပွဲများ၊ ကြော်ငြာများ၊ ပရိသတ်နှင့်တွေ့ဆုံပွဲများ၊ ရေဒီယို အစီအစဉ် များ တို့တွင် ပါဝင်ဆောင်ရွက်လာရသည်။
"အမမီယောင်း...ဒီနေ့ ကျွန်တော် ရေဒီယို အစီအစဉ် အတွက် သွားပေးရဦးမှာ မဟုတ်လား''
"ဟုတ်တယ် ထယ်ယောင်း ညနေ ၄ နာရီ.. အမတို့ XX FM Studioကို သွားရမယ်''
အလုပ်အပြန်နောက်ကြသည်မို့ ထယ်ယောင်း..ဂျုံးကုထံ သူ့အား လာမကြိုရန် ဖုန်းဆက်မှာလေသည်။
"ဟယ်လို Hyung''
"ဂျုံးကု... မင်းဒီနေ့ အကို့ကို လာမကြိုနဲ့တော့.. အကို ရေဒီယိုအစီစဥ် တစ်ခုသွားရဦးမယ်..အပြန် အမမီယောင်း ကားနဲ့ပဲ ပြန်ခဲ့တော့မယ်''
"အွန်း..အဲ့ဒါဆို ဂရုစိုက်ပြန်ခဲ့နော် Hyung''
"အင်း..ဂျုံးကု.... ''
စက္ကန့်အနည်းငယ်မျှ အကြာထိ ဖုန်းထဲမှာ တိတ်ဆိတ်နေခဲ့ပြီး....နောက်.....တိုးညှင်းသော အသံကို ထယ်ယောင်းကြားလိုက်ရသည်။
"ချစ်တယ်... မွ''
ထယ်ယောင်း နားမှ အသံကြားလိုက်သည်နှင့် မျက်နှာထက်၌ နူတ်ခမ်းပါးတို့ အပေါ်သို့ ကွေးညွတ်သွားသည်။ ဘေးနားမှာ လူအများရှိနေသည်မို့.... ဖုန်းချရန်သာ ကြံမိသည်။
"အ....အကို ရိုက်ကူးရေးပြန်စတော့မယ်...ဒါပဲနော် ဂျုံးကု''
တဖက်ကလူ ရှက်နေမည်ဆိုတာ ဂျုံးကု တွေးမိသည်။
"Hyung...''
ဂျုံးကု.. ထယ်ယောင်းထံမှ ချစ်တယ်ဆိုသည့် စကားအား ပြန်ကြားချင်ပါသော်လည်း အတင်းအကျပ် မလုပ်ယူချင်ပေ။
"ဘာမှမဟုတ်တော့ဘူး...
ဂရုစိုက်ပြန်ခဲ့နော်... ကျွန်တော် Hyung ကြိုက်တဲ့ ဟင်းတွေ ချက်ထားမယ်''
.
.
!ဒေါက် !ဒေါက် (တံခါးခေါက်သံ)
"ဝင်ခဲ့ပါ''
"မိုက်ကယ်လ်''
ရုံးခန်းထဲ ဝင်လာသည့် မန်နေဂျာမင် အား ဂျုံးကု ထိုင်ခုံနေရာတွင်ထိုင်စေသည်။
"မန်နေဂျာမင်.. ဘာကိစ္စ ရှိလို့လဲ ဗျ''
" ကျွန်တော် အကူအညီလေးတောင်းစရာရှိလို့ပါ မိုက်ကယ်လ်...တခြားတော့ မဟုတ်ဘူး..
သူဋ္ဌေးဟန်က မိုက်ကယ်လ် ကို တွေ့ချင်နေတယ်''
"သူဋ္ဌေးဟန်''
ဂျုံးကု...သူဋ္ဌေးဟန်ဆိုသူအား ရုတ်တရက် စဥ်းစား၍မရ။
"သူဋ္ဌေးဟန်ဆိုတာ ကျွန်တော်တို့ ပြီးခဲ့တဲ့ Project တုန်းက Support အများဆုံး ထောက်ခံပေးခဲ့တဲ့ SG Group က ဒါရိုက်အဖွဲ့ဝင်ပါ မိုက်ကယ်လ် နဲ့ meeting မှာတွေ့ဆုံ နူတ်ဆက်ဖူးတယ်လေ
မှန်မိလား မိုက်ကယ်လ်''
"သြော် ကျွန်တော် သိပြီ
သူဋ္ဌေးဟန်က ကျွန်တော့်ကို ဘာကြောင့် တွေ့ချင်နေတာလဲ''
🌼Sumairu🌼
မန်နေဂျာမင်၏ စကားအသွားအလာတို့အား နားထောင်ခဲ့ရပြီးနောက် ဂျုံးကု စိတ်ထဲ၌ ထင်ကြေးတချို့ပေးနေမိသည်။ သို့နှင့် သူဋ္ဌေးဟန် ချိန်းဆိုသည့် စားသောက်ဆိုင်သို့ အရောက်သွားခဲ့သည်။ ဆိုင်နေရာက ဂျပန်ရိုးရာဆိုင်.... ဆိုင်၏ ဧည့်ခံကြိုဆိုသူမှ သတ်မှတ်ထားသော စားပွဲဝိုင်းရှိရာ အခန်းငယ်ဆီ လိုက်လံပို့ဆောင်ပေးသည်။
"အို...မိုက်ကယ်လ် ရောက်ပြီလား''
"မဂ်လာပါ ခင်ဗျ''
"ထိုင်ပါကွယ်''
ဂျုံးကု ထိုင်ခုံ မှာ နေရာယူလျက် သူဋ္ဌေးဟန် ဆိုသူအား အကဲခတ်ကြည့်မိလိုက်သည်။
"မောင်ရင်တို့ UK Paradise နဲ့ လက်တွဲ လုပ်ရတာ ဦးလေး သဘောကျနှစ်သက်ပါတယ်...မိုက်ကယ်လ် ရဲ့ စွမ်းဆောင်မှုတွေကြောင့်လည်း အတူလက်တွဲ လုပ်နေတဲ့ Project တွေ အောင်မြင်တာ ဦလေး အသိအမှတ်ပြုပါတယ်''
"ကျွန်တော့်ကို ချီးကျူးနေတာ ဝမ်းသာဂုဏ်ယူမိပါတယ် အခုထိ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပါပဲ ဦးလေး''
ဂျုံးကု နှင့် သူဋ္ဌေးဟန်တို့ စကား လက်ဆုံကြရင်း
မှာယူထားသည့် ဟင်းပွဲများ တဖွဲဖွဲရောက်ရှိလာသည့်အခါ သုံးဆောင်ကြလေသည်။
တစ်ဖက်တွင်......
"ထယ်ယောင်း...အမ လိုက်ပို့ပေးမယ် ကားပေါ်တက်''
"အမကိုပဲ ဒုက္ခ ပေးရတော့မယ်''
ရေဒီယို အစီအစဉ်တင်ဆက်ပေးပြီးနောက် အချိန်မှာ ညနေ ၆ နာရီ ပင် ထိုးချေပြီ။ ထယ်ယောင်း နာရီ ကြည့်ပြီးနောက်... အမမီယောင်း ကားပေါ်တက်ရန်ပြင်သည်။
"ထယ်...ထယ်ယောင်း....''
အနောက်ဘက်မှ ပြေးလာသံနှင့် နာမည်ခေါ်သံရှိရာထံသို့ ထယ်ယောင်းလှည့်ကြည့်မိလိုက်သည်။
"Zee? "
"အား...မောလိုက်တာကွာ''
ထယ်ယောင်း နှင့် မီယောင်း အပြေးလာသော Zee အား ပြိုင်တူ စိုက်ကြည့်နေလေသည်။
"မင်း ဖြေးဖြေး လာလည်း ရပါတယ် ဘာလို့ ပြေးလာတာလဲ''
"ငါ မင်းကိုတွေ့လိုက်တာ လွတ်သွား မှာ စိုးလို့ ''
"Zee မောင်လေး ဘယ်တုန်းက ဒီ Studio ကိုရောက်နေတာလား''
"ကျွန်တော် မနက်ကတည်းက ရိုက်ကူးရော အသံလွှင့်ဖို့ရော ရှိလို့ ရောက်နေတာ..အမတို့ရော''
"အမတို့က ညနေ ၄ နာရီကမှ ရောက်လာတာ ထယ်ယောင်း အသံလွှင့် အစီစဉ် ရှိလို့လေ''
"သြော်..အခု ပြန်ကြတော့မှာ မဟုတ်လား''
Zee မှာမူ ထယ်ယောင်းနှင့် ဆုံဖို့ရာ ခက်ခဲသည်မို့ ညစာစားရန် ခေါ်လေသည်။ အမမီယောင်းမှာ အိမ်ပြန်၍ မိသားစုနှင့်အတူ ညစာစားရန် ကတိပေးထားသောကြောင့် ထယ်ယောင်းနှင့် Zee နှစ်ယောက်သာ သွားရန် ဆိုလေသည်။
ထယ်ယောင်း..လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က ဂျုံးကု ဆီမှ .....
💬 *အိမ်ပြန် နောက်ကျမယ် Hyung .. ရုံးက ဒါရိုက်တာတစ်ယောက် ညစာစားပွဲဖိတ်လို့ လိုက်သွားရဦးမယ်..Hyung ညစာ ကောင်းကောင်းမွန်မွန် ချက်စားနော်..ကျွန်တော် ပြန်လာရင် ဘာစားထားလဲ စစ်မှာ Hyung သိတယ်နော်*💬
......ဟူသော မက်ဆေ့တစ်စောင် ရောက်ရှိလာသည်ကို သတိပြုမိသည်က တစ်ကြောင်း၊ Zee နှင့် မဆုံတာ လွန်ခဲ့သည့် ပွဲကတည်းက ဖြစ်၍ Zee ၏ ညစာ အတူစားရန် ဖိတ်ခေါ်မှုအား မငြင်းဖြစ်တော့ချေ။
.
.
.
"မိုက်ကယ်လ်... ဘယ်လို သဘောရလဲ''
ဂျုံးကု သူဋ္ဌေးဟန် ငှဲ့ပေးသော အရက်ခွက်အား သောက်နေရင်း အမှတ်မထင်သော စကားလုံးများ ကြောင့် ချောင်းဆိုးမိလေသည်။
"အဟွတ်...
ဗျာ''
"ကျွန်တော်... အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ ချစ်သူရှိတယ် ခင်ဗျ၊ လက်တွဲဖော်ဆို ပိုမှန်ပါတယ်..ကျွန်တော် တစ်ဘဝလုံးအတွက် လက်တွဲဖို့ ရည်ရွယ်ထားသူ ရှိလို့ပါ''
သူဋ္ဌေးဟန် တစ်ယောက် စိတ်ပျက်သွားသည့် အမူအရာ မျက်နှာထက်၌ ဖြစ်သော်လည်း လူကြီးလူကောင်း ပီသစွာ ပြန်ဆိုသည်။
"ဒါဆို မင်းက...ဦးလေး သမီးကို လက်မခံနိုင်တော့ဘူးပေါ့...ဝမ်းနည်းစရာပဲ...
ဦးလေးက မင်းလို လုပ်ရည်ကိုင်ရည်ရှိပြီး ထက်မြက်တဲ့သူကို သမီးယွန်းလေး အနားမှာ ထားချင်တာ... အင်းး''
သူဋ္ဌေးဟန်၏ ခါးသက်သက်အပြုံးများကြောင့် လိုက်လျောညီစွာ ဂျုံးကု ဆိုလေသည်။
"သူဋ္ဌေးဟန်က ကျွန်တော့်အပေါ် အများကြီး အကောင်းမြင် ချီးကျူးပေးလို့ ကျေးဇူး တင်ပါတယ်...ယွန်းလေးက ချစ်မြတ်နိုးဖွယ် ကောင်းတဲ့မိန်းကလေးတစ်ယောက်ပါ...အနာဂတ်မှာ စစ်မှန်တဲ့ လက်တွဲဖော်ကောင်း ရှိလာမှာ သေချာပါတယ်''
ထို့နောက် ညစာစားသောက်ပြီး သူဋ္ဌေးဟန် ကားအနားထိ ဂျုံးကု အတူ လိုက်ပါ၍ နူတ်ဆက်လေသည်။ သူဋ္ဌေးဟန်၏ ကားနား၌ ဝတ်စုံ အပြည့်ဆင်မြန်းထားသော အမျိုးသားငယ်တစ်ဦးက ကားတံခါး ဖွင့်ပေးလေသည်။
"မိုက်ကယ်လ်... မောင်ရင်... ဦးလေးတောင်းဆိုတဲ့ အကူအညီလေးတော့ လုပ်ပေးမယ် မဟုတ်လား''
"လုပ်ပေးမှာပါ သူဋ္ဌေးဟန် စိတ်ချပါ.. အေးချမ်းတဲ့ ညချမ်းအချိန်လေးဖြစ်ပါစေ''
"ဟုတ်ပါပြီ''
အနက်ရောင် ဘန်တလေကား ထွက်သွားသည့်တလျောက် ဂျုံးကု လိုက်ကြည့်နေမိသည်။
.
.
"ထယ်ယောင်း''
"ဟင်''
"ငါက တကယ်ပဲ မင်းအတွက် မဖြစ်နိုင်ဘူး လား''
ထယ်ယောင်း မျက်နှာထက်၌ ခပ်ရေးရေး အပြုံးတို့ဆင်မြန်းလျက်....
"Zee ငါတို့က သူငယ်ချင်းကောင်း တွေလေ အသက်ကြီးသည်အထိ ခင်မင်မှုကို မပျက်စီးချင်ဘူး...မင်း ငါပြောတာ နားလည်တယ်မဟုတ်လား''
ညိုးငယ်သော မျက်နှာထက်၌ Zee တစ်ယောက် အားတင်းပြုံးကာ ခေါင်းငြိမ့်ပြလေသည်။ ထယ်ယောင်းနေထိုင်ရာ ဗီလာဝန်းရှေ့သို့ ရောက်နေပြီဖြစ်တာကြောင့် ထယ်ယောင်း Zee အား နူတ်ဆက်ပြီး ကားပေါ် မှဆင်းလေသည်။
ထယ်ယောင်း ဗီလာဝန်းရှေ့မှ လမ်းဆက်လျှောက်လာရာ တိုက်အောက်ခြေ၌ အက်ျီအိတ်ကပ်ထဲ လက်ထည့်ကာ ခြေထောက်တဖက်လှုပ်ခတ်နေသူအား တွေ့လိုက်ရသည်။ ထယ်ယောင်း ဖိနပ်သံကပဲ ကျယ်သွားသလား မသိ၊ ဂျုံးကုက ထယ်ယောင်းထံ စိုက်စိုက်မြိုက်မြိုက်ကြည့်လာလေသည်။
"Hyung''
"ဂျုံးကု မင်း.. မအေးဘူးလား..အပေါ်မှာပဲ စောင့်နေတာ မဟုတ်ဘူး''
ထယ်ယောင်း..ဂျုံးကု အနားသို့သွားကာ ပါးပြင်အား အုပ်မိုးကိုင်လိုက်သည်။ အေးစက်နေသည်မို့ ပါးပြင်အား လက်ဖဝါးနွေးနွေးဖြင့် အပူပေးနေမိသည်။
"Hyung ကို မတွေ့ရတာ ၁၁ နာရီနဲ့ ၁၅ မိနစ်ရှိနေပြီ'' .... လက်ပတ်နာရီအား ငုံ့ကြည့်လျက်ဆိုသည်။
ထယ်ယောင်းလည်း ဂျုံးကု ၏ ချစ်စဖွယ် အပြုမူနှင့် အပြောများကြောင့် ဂျုံးကု နူတ်ခမ်းအား အနမ်းသေးသေးလေးတစ်ခု ပေးလိုက်သည်။ 'ပြွတ်စ်'
"အ...Hyung''
အံသြနေသည့် ဂျုံးကု မျက်နှာအား ထယ်ယောင်းကြည့်ရင်း ရယ်မိသည်။ ပြီးမှ နှစ်ယောက်သား ဘေးဘယ်ညာ လူရှိမရှိကြည့်မိကြသည်။
"လာ...အိမ်ပေါ်တက်ရအောင်''
ထယ်ယောင်း က ဂျုံးကု၏ ခါးအား ပွေ့ဖက်လျက် တိုက်ခန်းပေါ်တက်ရန် ဓာတ်လှေကားစီသို့ အတူ သွားကြသည်။
ထိုမြင်ကွင်း အစအဆုံးအား Zee တစ်ယောက် မြင်တွေ့လိုက်ရပြီး အံသြတုန်လှုပ်စွာ ၎င်းနေရာ၌ အတန်ကြာအောင် ရပ်နေမိလေသည်။ လက်ထဲရှိ ထယ်ယောင်းအား ပေးရန်ကျန်ခဲ့သည့် လက်ဆောင်အိတ်ကလေးကတော့ မြေပေါ်သို့သာ ကျဆင်းခဲ့လေသည်။
🌼Sumairu🌼
Angelicblueberry
I purple you 💜💜
07 March, 2021
Please take care all.
Now, I still hear the voice of gun from near township.
Be Safe All.🙏🙏
Zawgyi***
တစ္ရက္ၿပီးတစ္ရက္ ထယ္ေယာင္း၏ ရင္ခုန္သံမ်ားမွာ ဂ်ဳံးကုေၾကာင့္သာ လႈပ္ခတ္ေနခဲ့ရသည္။
ထယ္ေယာင္းစိတ္ခ်မ္းသာေနမိသည္မွာ ဒီရက္ပိုင္းအတြင္း သူႏွင့္ ဂ်ဳံးကု၏ အခ်စ္ခရီးလမ္းေလး အစပ်ိဳးခ်ိန္ျဖစ္ေန၍လား သူ မသိ။ ၾကည္ႏူးစြာ ေပ်ာ္႐ႊင္ေနမိသည္မွာ ထယ္ေယာင္း ကိုယ္တိုင္အသိဆုံးပင္။
ဂ်ဳံးကု၏ မ်က္ဝန္းမ်ားႏွင့္ဆုံတိုင္း ထယ္ေယာင္းစိတ္လြတ္စြာ ေငးေမာၾကည့္မိသည္။ ဂ်ဳံးကု မ်က္ဝန္းမ်ားက သူ႕အား မည္မွ်ခ်စ္ေၾကာင္း ေလးနက္ေသာ လင္းလက္ေသာ အၾကည့္မ်ားက သက္ေသျပေနသည္ကို ထယ္ေယာင္း အၿမဲခံစားရသလိုပင္။ ခ်စ္တယ္ ဆိုသည့္စကားကိုလည္း ဂ်ဳံးကု တဖြဖြ ေျပာတတ္ေသးသည္။ ဂ႐ုစိုက္မႈ၊ ၾကင္နာမႈမ်ားက အရင္ႏွင့္ ေျပာင္းလဲသြားျခင္းမရွိ၊ ပို၍ တိုးလာေနဆဲပင္။ ဤမွ် သူ႕အေပၚေလးနက္သည့္ ဂ်ဳံးကု၏ အခ်စ္မ်ားက ေပ်ာ္႐ႊင္ေစရသလို တဖက္တြင္လည္း ထယ္ေယာင္းအား ကိုယ့္ကိုယ္ကို မေက်မနပ္ျဖစ္ေစသည္။
* ဂ်ဳံးကု ၏ ခံစားခ်က္မ်ားကို ေလးနက္စြာ ျပန္ေပးမိပါရဲ႕လား*
"ဂ်ဳံးကု... အကို႔ ဇာတ္လမ္းတြဲ ရိုက္ၿပီးသြားရင္ ခရီးထြက္ရေအာင္...မင္းနဲ႕အတူ သြားခ်င္တယ္''
ဂ်ဳံးကု လက္ထဲက စာ႐ြက္စာတမ္းမ်ားအား ခ်ရင္း ထယ္ေယာင္းဘက္သို႔ ၾကည့္လိုက္သည္။
"Hyung ဘယ္သြားခ်င္လဲ... Europe ဘက္သြားၾကည့္ခ်င္လား..Hyung မေရာက္ဖူးေသးဘူးဆို''
"အင္း''
............
ထယ္ေယာင္း လက္ရွိရိုက္ကူး ထုတ္လႊင့္ေနေသာ ဇာတ္လမ္းမွာ ရိုက္ကြင္း ၿပီးဆုံးခါနီးျဖစ္သည္။ ဇာတ္လမ္းတြဲက ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာသည္ႏွင့္အမွ် ပရိုမိုးရွင္းပြဲမ်ား၊ ေၾကာ္ျငာမ်ား၊ ပရိသတ္ႏွင့္ေတြ႕ဆုံပြဲမ်ား၊ ေရဒီယို အစီအစဥ္ မ်ား တို႔တြင္ ပါဝင္ေဆာင္႐ြက္လာရသည္။
"အမမီေယာင္း...ဒီေန႕ ကြၽန္ေတာ္ ေရဒီယို အစီအစဥ္ အတြက္ သြားေပးရဦးမွာ မဟုတ္လား''
"ဟုတ္တယ္ ထယ္ေယာင္း ညေန ၄ နာရီ.. အမတို႔ XX FM Studioကို သြားရမယ္''
အလုပ္အျပန္ေနာက္ၾကသည္မို႔ ထယ္ေယာင္း..ဂ်ဳံးကုထံ သူ႕အား လာမႀကိဳရန္ ဖုန္းဆက္မွာေလသည္။
"ဟယ္လို Hyung''
"ဂ်ဳံးကု... မင္းဒီေန႕ အကို႔ကို လာမႀကိဳနဲ႕ေတာ့.. အကို ေရဒီယိုအစီစဥ္ တစ္ခုသြားရဦးမယ္..အျပန္ အမမီေယာင္း ကားနဲ႕ပဲ ျပန္ခဲ့ေတာ့မယ္''
"အြန္း..အဲ့ဒါဆို ဂ႐ုစိုက္ျပန္ခဲ့ေနာ္ Hyung''
"အင္း..ဂ်ဳံးကု.... ''
စကၠန့္အနည္းငယ္မွ် အၾကာထိ ဖုန္းထဲမွာ တိတ္ဆိတ္ေနခဲ့ၿပီး....ေနာက္.....တိုးညွင္းေသာ အသံကို ထယ္ေယာင္းၾကားလိုက္ရသည္။
"ခ်စ္တယ္... မြ''
ထယ္ေယာင္း နားမွ အသံၾကားလိုက္သည္ႏွင့္ မ်က္ႏွာထက္၌ ႏူတ္ခမ္းပါးတို႔ အေပၚသို႔ ေကြးၫြတ္သြားသည္။ ေဘးနားမွာ လူအမ်ားရွိေနသည္မို႔.... ဖုန္းခ်ရန္သာ ႀကံမိသည္။
"အ....အကို ရိုက္ကူးေရးျပန္စေတာ့မယ္...ဒါပဲေနာ္ ဂ်ဳံးကု''
တဖက္ကလူ ရွက္ေနမည္ဆိုတာ ဂ်ဳံးကု ေတြးမိသည္။
"Hyung...''
ဂ်ဳံးကု.. ထယ္ေယာင္းထံမွ ခ်စ္တယ္ဆိုသည့္ စကားအား ျပန္ၾကားခ်င္ပါေသာ္လည္း အတင္းအက်ပ္ မလုပ္ယူခ်င္ေပ။
"ဘာမွမဟုတ္ေတာ့ဘူး...
ဂ႐ုစိုက္ျပန္ခဲ့ေနာ္... ကြၽန္ေတာ္ Hyung ႀကိဳက္တဲ့ ဟင္းေတြ ခ်က္ထားမယ္''
.
.
!ေဒါက္ !ေဒါက္ (တံခါးေခါက္သံ)
"ဝင္ခဲ့ပါ''
"မိုက္ကယ္လ္''
႐ုံးခန္းထဲ ဝင္လာသည့္ မန္ေနဂ်ာမင္ အား ဂ်ဳံးကု ထိုင္ခုံေနရာတြင္ထိုင္ေစသည္။
"မန္ေနဂ်ာမင္.. ဘာကိစၥ ရွိလို႔လဲ ဗ်''
" ကြၽန္ေတာ္ အကူအညီေလးေတာင္းစရာရွိလို႔ပါ မိုက္ကယ္လ္...တျခားေတာ့ မဟုတ္ဘူး..
သူ႒ေးဟန္က မိုက္ကယ္လ္ ကို ေတြ႕ခ်င္ေနတယ္''
"သူ႒ေးဟန္''
ဂ်ဳံးကု...သူ႒ေးဟန္ဆိုသူအား ႐ုတ္တရက္ စဥ္းစား၍မရ။
"သူ႒ေးဟန္ဆိုတာ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ Project တုန္းက Support အမ်ားဆုံး ေထာက္ခံေပးခဲ့တဲ့ SG Group က ဒါရိုက္အဖြဲ႕ဝင္ပါ မိုက္ကယ္လ္ နဲ႕ meeting မွာေတြ႕ဆုံ ႏူတ္ဆက္ဖူးတယ္ေလ
မွန္မိလား မိုက္ကယ္လ္''
"ေၾသာ္ ကြၽန္ေတာ္ သိၿပီ
သူ႒ေးဟန္က ကြၽန္ေတာ့္ကို ဘာေၾကာင့္ ေတြ႕ခ်င္ေနတာလဲ''
🌼Sumairu🌼
မန္ေနဂ်ာမင္၏ စကားအသြားအလာတို႔အား နားေထာင္ခဲ့ရၿပီးေနာက္ ဂ်ဳံးကု စိတ္ထဲ၌ ထင္ေၾကးတခ်ိဳ႕ေပးေနမိသည္။ သို႔ႏွင့္ သူ႒ေးဟန္ ခ်ိန္းဆိုသည့္ စားေသာက္ဆိုင္သို႔ အေရာက္သြားခဲ့သည္။ ဆိုင္ေနရာက ဂ်ပန္ရိုးရာဆိုင္.... ဆိုင္၏ ဧည့္ခံႀကိဳဆိုသူမွ သတ္မွတ္ထားေသာ စားပြဲဝိုင္းရွိရာ အခန္းငယ္ဆီ လိုက္လံပို႔ေဆာင္ေပးသည္။
"အို...မိုက္ကယ္လ္ ေရာက္ၿပီလား''
"မဂ္လာပါ ခင္ဗ်''
"ထိုင္ပါကြယ္''
ဂ်ဳံးကု ထိုင္ခုံ မွာ ေနရာယူလ်က္ သူ႒ေးဟန္ ဆိုသူအား အကဲခတ္ၾကည့္မိလိုက္သည္။
"ေမာင္ရင္တို႔ UK Paradise နဲ႕ လက္တြဲ လုပ္ရတာ ဦးေလး သေဘာက်ႏွစ္သက္ပါတယ္...မိုက္ကယ္လ္ ရဲ႕ စြမ္းေဆာင္မႈေတြေၾကာင့္လည္း အတူလက္တြဲ လုပ္ေနတဲ့ Project ေတြ ေအာင္ျမင္တာ ဦေလး အသိအမွတ္ျပဳပါတယ္''
"ကြၽန္ေတာ့္ကို ခ်ီးက်ဴးေနတာ ဝမ္းသာဂုဏ္ယူမိပါတယ္ အခုထိ လိုအပ္ခ်က္ေတြကေတာ့ ရွိေနတုန္းပါပဲ ဦးေလး''
ဂ်ဳံးကု ႏွင့္ သူ႒ေးဟန္တို႔ စကား လက္ဆုံၾကရင္း
မွာယူထားသည့္ ဟင္းပြဲမ်ား တဖြဲဖြဲေရာက္ရွိလာသည့္အခါ သုံးေဆာင္ၾကေလသည္။
တစ္ဖက္တြင္......
"ထယ္ေယာင္း...အမ လိုက္ပို႔ေပးမယ္ ကားေပၚတက္''
"အမကိုပဲ ဒုကၡ ေပးရေတာ့မယ္''
ေရဒီယို အစီအစဥ္တင္ဆက္ေပးၿပီးေနာက္ အခ်ိန္မွာ ညေန ၆ နာရီ ပင္ ထိုးေခ်ၿပီ။ ထယ္ေယာင္း နာရီ ၾကည့္ၿပီးေနာက္... အမမီေယာင္း ကားေပၚတက္ရန္ျပင္သည္။
"ထယ္...ထယ္ေယာင္း....''
အေနာက္ဘက္မွ ေျပးလာသံႏွင့္ နာမည္ေခၚသံရွိရာထံသို႔ ထယ္ေယာင္းလွည့္ၾကည့္မိလိုက္သည္။
"Zee? "
"အား...ေမာလိုက္တာကြာ''
ထယ္ေယာင္း ႏွင့္ မီေယာင္း အေျပးလာေသာ Zee အား ၿပိဳင္တူ စိုက္ၾကည့္ေနေလသည္။
"မင္း ေျဖးေျဖး လာလည္း ရပါတယ္ ဘာလို႔ ေျပးလာတာလဲ''
"ငါ မင္းကိုေတြ႕လိုက္တာ လြတ္သြား မွာ စိုးလို႔ ''
"Zee ေမာင္ေလး ဘယ္တုန္းက ဒီ Studio ကိုေရာက္ေနတာလား''
"ကြၽန္ေတာ္ မနက္ကတည္းက ရိုက္ကူးေရာ အသံလႊင့္ဖို႔ေရာ ရွိလို႔ ေရာက္ေနတာ..အမတို႔ေရာ''
"အမတို႔က ညေန ၄ နာရီကမွ ေရာက္လာတာ ထယ္ေယာင္း အသံလႊင့္ အစီစဥ္ ရွိလို႔ေလ''
"ေၾသာ္..အခု ျပန္ၾကေတာ့မွာ မဟုတ္လား''
Zee မွာမူ ထယ္ေယာင္းႏွင့္ ဆုံဖို႔ရာ ခက္ခဲသည္မို႔ ညစာစားရန္ ေခၚေလသည္။ အမမီေယာင္းမွာ အိမ္ျပန္၍ မိသားစုႏွင့္အတူ ညစာစားရန္ ကတိေပးထားေသာေၾကာင့္ ထယ္ေယာင္းႏွင့္ Zee ႏွစ္ေယာက္သာ သြားရန္ ဆိုေလသည္။
ထယ္ေယာင္း..လြန္ခဲ့သည့္ မိနစ္အနည္းငယ္ခန့္က ဂ်ဳံးကု ဆီမွ .....
💬 *အိမ္ျပန္ ေနာက္က်မယ္ Hyung .. ႐ုံးက ဒါရိုက္တာတစ္ေယာက္ ညစာစားပြဲဖိတ္လို႔ လိုက္သြားရဦးမယ္..Hyung ညစာ ေကာင္းေကာင္းမြန္မြန္ ခ်က္စားေနာ္..ကြၽန္ေတာ္ ျပန္လာရင္ ဘာစားထားလဲ စစ္မွာ Hyung သိတယ္ေနာ္*💬
......ဟူေသာ မက္ေဆ့တစ္ေစာင္ ေရာက္ရွိလာသည္ကို သတိျပဳမိသည္က တစ္ေၾကာင္း၊ Zee ႏွင့္ မဆုံတာ လြန္ခဲ့သည့္ ပြဲကတည္းက ျဖစ္၍ Zee ၏ ညစာ အတူစားရန္ ဖိတ္ေခၚမႈအား မျငင္းျဖစ္ေတာ့ေခ်။
.
.
.
"မိုက္ကယ္လ္... ဘယ္လို သေဘာရလဲ''
ဂ်ဳံးကု သူ႒ေးဟန္ ငွဲ႕ေပးေသာ အရက္ခြက္အား ေသာက္ေနရင္း အမွတ္မထင္ေသာ စကားလုံးမ်ား ေၾကာင့္ ေခ်ာင္းဆိုးမိေလသည္။
"အဟြတ္...
ဗ်ာ''
"ကြၽန္ေတာ္... အမွန္အတိုင္း ေျပာရရင္ ကြၽန္ေတာ့္မွာ ခ်စ္သူရွိတယ္ ခင္ဗ်၊ လက္တြဲေဖာ္ဆို ပိုမွန္ပါတယ္..ကြၽန္ေတာ္ တစ္ဘဝလုံးအတြက္ လက္တြဲဖို႔ ရည္႐ြယ္ထားသူ ရွိလို႔ပါ''
သူ႒ေးဟန္ တစ္ေယာက္ စိတ္ပ်က္သြားသည့္ အမူအရာ မ်က္ႏွာထက္၌ ျဖစ္ေသာ္လည္း လူႀကီးလူေကာင္း ပီသစြာ ျပန္ဆိုသည္။
"ဒါဆို မင္းက...ဦးေလး သမီးကို လက္မခံနိုင္ေတာ့ဘူးေပါ့...ဝမ္းနည္းစရာပဲ...
ဦးေလးက မင္းလို လုပ္ရည္ကိုင္ရည္ရွိၿပီး ထက္ျမက္တဲ့သူကို သမီးယြန္းေလး အနားမွာ ထားခ်င္တာ... အင္းး''
သူ႒ေးဟန္၏ ခါးသက္သက္အၿပဳံးမ်ားေၾကာင့္ လိုက္ေလ်ာညီစြာ ဂ်ဳံးကု ဆိုေလသည္။
"သူ႒ေးဟန္က ကြၽန္ေတာ့္အေပၚ အမ်ားႀကီး အေကာင္းျမင္ ခ်ီးက်ဴးေပးလို႔ ေက်းဇူး တင္ပါတယ္...ယြန္းေလးက ခ်စ္ျမတ္နိုးဖြယ္ ေကာင္းတဲ့မိန္းကေလးတစ္ေယာက္ပါ...အနာဂတ္မွာ စစ္မွန္တဲ့ လက္တြဲေဖာ္ေကာင္း ရွိလာမွာ ေသခ်ာပါတယ္''
ထို႔ေနာက္ ညစာစားေသာက္ၿပီး သူ႒ေးဟန္ ကားအနားထိ ဂ်ဳံးကု အတူ လိုက္ပါ၍ ႏူတ္ဆက္ေလသည္။ သူ႒ေးဟန္၏ ကားနား၌ ဝတ္စုံ အျပည့္ဆင္ျမန္းထားေသာ အမ်ိဳးသားငယ္တစ္ဦးက ကားတံခါး ဖြင့္ေပးေလသည္။
"မိုက္ကယ္လ္... ေမာင္ရင္... ဦးေလးေတာင္းဆိုတဲ့ အကူအညီေလးေတာ့ လုပ္ေပးမယ္ မဟုတ္လား''
"လုပ္ေပးမွာပါ သူ႒ေးဟန္ စိတ္ခ်ပါ.. ေအးခ်မ္းတဲ့ ညခ်မ္းအခ်ိန္ေလးျဖစ္ပါေစ''
"ဟုတ္ပါၿပီ''
အနက္ေရာင္ ဘန္တေလကား ထြက္သြားသည့္တေလ်ာက္ ဂ်ဳံးကု လိုက္ၾကည့္ေနမိသည္။
.
.
"ထယ္ေယာင္း''
"ဟင္''
"ငါက တကယ္ပဲ မင္းအတြက္ မျဖစ္နိုင္ဘူး လား''
ထယ္ေယာင္း မ်က္ႏွာထက္၌ ခပ္ေရးေရး အၿပဳံးတို႔ဆင္ျမန္းလ်က္....
"Zee ငါတို႔က သူငယ္ခ်င္းေကာင္း ေတြေလ အသက္ႀကီးသည္အထိ ခင္မင္မႈကို မပ်က္စီးခ်င္ဘူး...မင္း ငါေျပာတာ နားလည္တယ္မဟုတ္လား''
ညိုးငယ္ေသာ မ်က္ႏွာထက္၌ Zee တစ္ေယာက္ အားတင္းၿပဳံးကာ ေခါင္းၿငိမ့္ျပေလသည္။ ထယ္ေယာင္းေနထိုင္ရာ ဗီလာဝန္းေရွ႕သို႔ ေရာက္ေနၿပီျဖစ္တာေၾကာင့္ ထယ္ေယာင္း Zee အား ႏူတ္ဆက္ၿပီး ကားေပၚ မွဆင္းေလသည္။
ထယ္ေယာင္း ဗီလာဝန္းေရွ႕မွ လမ္းဆက္ေလွ်ာက္လာရာ တိုက္ေအာက္ေျခ၌ အက္်ီအိတ္ကပ္ထဲ လက္ထည့္ကာ ေျခေထာက္တဖက္လႈပ္ခတ္ေနသူအား ေတြ႕လိုက္ရသည္။ ထယ္ေယာင္း ဖိနပ္သံကပဲ က်ယ္သြားသလား မသိ၊ ဂ်ဳံးကုက ထယ္ေယာင္းထံ စိုက္စိုက္ၿမိဳက္ၿမိဳက္ၾကည့္လာေလသည္။
"Hyung''
"ဂ်ဳံးကု မင္း.. မေအးဘူးလား..အေပၚမွာပဲ ေစာင့္ေနတာ မဟုတ္ဘူး''
ထယ္ေယာင္း..ဂ်ဳံးကု အနားသို႔သြားကာ ပါးျပင္အား အုပ္မိုးကိုင္လိုက္သည္။ ေအးစက္ေနသည္မို႔ ပါးျပင္အား လက္ဖဝါးႏြေးႏြေးျဖင့္ အပူေပးေနမိသည္။
"Hyung ကို မေတြ႕ရတာ ၁၁ နာရီနဲ႕ ၁၅ မိနစ္ရွိေနၿပီ'' .... လက္ပတ္နာရီအား ငုံ႕ၾကည့္လ်က္ဆိုသည္။
ထယ္ေယာင္းလည္း ဂ်ဳံးကု ၏ ခ်စ္စဖြယ္ အျပဳမူႏွင့္ အေျပာမ်ားေၾကာင့္ ဂ်ဳံးကု ႏူတ္ခမ္းအား အနမ္းေသးေသးေလးတစ္ခု ေပးလိုက္သည္။ 'ႁပြတ္စ္'
"အ...Hyung''
အံၾသေနသည့္ ဂ်ဳံးကု မ်က္ႏွာအား ထယ္ေယာင္းၾကည့္ရင္း ရယ္မိသည္။ ၿပီးမွ ႏွစ္ေယာက္သား ေဘးဘယ္ညာ လူရွိမရွိၾကည့္မိၾကသည္။
"လာ...အိမ္ေပၚတက္ရေအာင္''
ထယ္ေယာင္း က ဂ်ဳံးကု၏ ခါးအား ေပြ႕ဖက္လ်က္ တိုက္ခန္းေပၚတက္ရန္ ဓာတ္ေလွကားစီသို႔ အတူ သြားၾကသည္။
ထိုျမင္ကြင္း အစအဆုံးအား Zee တစ္ေယာက္ ျမင္ေတြ႕လိုက္ရၿပီး အံၾသတုန္လႈပ္စြာ ၎ေနရာ၌ အတန္ၾကာေအာင္ ရပ္ေနမိေလသည္။ လက္ထဲရွိ ထယ္ေယာင္းအား ေပးရန္က်န္ခဲ့သည့္ လက္ေဆာင္အိတ္ကေလးကေတာ့ ေျမေပၚသို႔သာ က်ဆင္းခဲ့ေလသည္။
🌼Sumairu🌼
Angelicblueberry
I purple you 💜💜
07 March, 2021
Please take care all.
Now, I still hear the voice of gun from near township.
Be Safe All.🙏🙏