စိတ်ရဲ့ အလှည့် | မြန်မာပြန် |

By rancorous_chocolate

63.1K 5.9K 312

✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်... More

အပိုင်း ၁၊ ​နောက်ဆုံးဆန္ဒ
အပိုင်း ၁၊ အသစ်တစ်ဖန်
အပိုင်း ၁၊ ရောင်နီဦးလို
အပိုင်း ၁၊ ရှာ​ဖွေ​တွေ့ရှိမှု
အပိုင်း ၁၊ တိတ်တခိုး ပဋိညာဥ်
အပိုင်း ၁၊ ဝိုးဝါးမပီ
အပိုင်း ၁၊ ကြက်သွန်ဥ​တွေ မင်းကို ငို​စေသတဲ့
အပိုင်း ၁၊ မိတ်ဖွဲ့ခြင်း
Notes
အပိုင်း ၁၊ ​မျှော်မှန်းမထား​​​သော ​ပြန်ဆုံစည်းမှု
အပိုင်း ၁၊ အသစ်အ​ဟောင်း
အပိုင်း ၁၊ အခမ်းနားဆုံး လက်​ဆောင်
အပိုင်း ၁၊ အဆုံးမဲ့ ကတိ
အပိုင်း ၁၊ မင်္ဂလာပွဲ
အပိုင်း ၁၊ ဝိညာဥ်သို ပစ္စည်း အရှာ
Slytherin's Locket
အပိုင်း ၁၊ ရန်သူ နှင့် အိပ်စက်ခြင်း
အပိုင်း ၁၊ ယုံရခက်​သော
Infiltration & Statues(Unicode)
Infiltration & Statues(Zawgyi)
အပိုင်း ၁၊ ဟိုအ​ဝေးကို
အပိုင်း ၁၊ ​မေ့မိမှား
အပိုင်း ၁၊ ခွာ ၍ ​ပြေး
အပိုင်း ၁၊ ဖမ်းခံထိခြင်း
The Tale of the Three Brothers
အပိုင်း ၁၊ အဖုအထစ်​တွေ
အပိုင်း ၁၊ အိပ်မက်မက်ခြင်း
အပိုင်း ၁၊ ပြင်ဆင်မှု
အပိုင်း ၁၊ မရိုးသား​သော စီမံကိန်း
အပိုင်း ၁၊ ​နောင်တ
အပိုင်း ၁၊ လက်​တွေ့ အ​ပေးအယူ
အပိုင်း ၁၊ ရဲတင်း​သော အိမ်အပြန်
အပိုင်း ၁၊ အဆုံးသတ် ရပ်တည်ချက်
အပိုင်း ၁၊ လက်ဝယ်ပိုင်ပိုင်
အပိုင်း ၁၊ ​နှုတ်ထွက်အခက်ဆုံး စကား
အပိုင်း ၁၊ တိုက်ပွဲ ဒဏ်ရာ
အပိုင်း ၁၊ အလိုမရှိအပ်​သော
အပိုင်း ၂၊ ဖြစ်နိုင်​ခြေများနှင့် ဖြစ်နိုင်ခဲ့ခြေများ
အပိုင်း ၂၊ ကုစားမှု (ဝါ) ​လျှောက်လှဲမှု
အပိုင်း ၂၊ ​ဝေ​မှောင်အုံ့ပျ အသိရခက်
အပိုင်း ၂၊ မူပိုင်
အပိုင်း ၂၊ အိမ်
အ​ရှေ့ကို​ ​လျှောက်ပါလို့ အ​နောက်ကိုတဲ့​ မျှော်လိုက်ရင်
Hello!

အပိုင်း ၁၊ အိမ်သို့ တစ်ခါ

862 133 10
By rancorous_chocolate

Unicode

"ဒရေကို၊ကလေး၊အမေတို့မိသားစုက အခု ဘယ်အနေအထားမှာလဲဆိုတာ သား နားလည်မှဖြစ်မယ်နော်"

သူ အမက်မောရဆုံးသော လိုအင်များက အပြင်ဘက်မှာ တည်ရှိနေသည့်အလား ပြတင်းပေါက်ခုံပေါ်ထိုင်၍ ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေသော ဒရေကို့ကို ရတက်မအေး ဖြစ်နေသည့် နာစစ်စာက အသနားခံသည်။စစ်စစ်ပေါက်ပေါက်ပြောရလျှင်တော့ ဟယ်ရီက အဲသည်အပြင်ဘက် တစ်နေရာရာမှာ ရှိနေနိုင်သည်ဖြစ်၍ ထိုခိုင်းနှိုင်းတင်စားမှုက မှန်ကန်ပါသည်။

ရက်စ်လေဆီမှာ ဒရေကို အဖမ်းခံရပြီး မာလ်ဖွိုင်းစံအိမ်သို့ ပြန်ခေါ်လာခံရတာ သုံးပတ်နီးပါးရှိပြီ။အစပိုင်းမှာ သူ ဆန့်ကျင်ခဲ့၏။လွတ်မြောက်ဖို့ပင် လျှို့ဝှက်ကြံစည်ခဲ့သည်။ကံမကောင်းဘဲ သူ့အမေ သူ့ကို တွေ့သွားကာ အခု သူတို့ သည်နေရာမှာ သူ့အဖေနှင့် သူတို့မိသားစုအတွက် ပူးပေါင်းပေးဖို့ သူ့အမေက တောင်းပန်နေပြီး ဒရေကိုက အဖြေပေးဖို့ ငြင်းဆန်နေခြင်းဖြစ်၏။သူ့ကို အမှန်တကယ် ချစ်သော လူတွေထဲမှာမှ တစ်ယောက်ဖြစ်သည့် သူ့အမေကို လျစ်လျှူရှုနေခြင်းအတွက် အပြစ်ရှိသလို ခံစားရသည်။ဒါပေမဲ့ သူ ဟယ်ရီ့ကို ပိုချစ်သည်။ဒရေကို့အတွက် သူ့အသက်ကို စွန့်လွှတ်မည့် ဟယ်ရီ၊သူ့အတွက် ဘာမဆို လုပ်ပေးမည့် ဟယ်ရီ။

သူ ဟယ်ရီ့ကို လွမ်းသည်။အပြုံးနွေးနွေးတွေ၊ရင်ဖိုရသည့် အထိအတွေ့၊ဇိမ်ကျသော အပွေ့အဖက်ကို လွမ်းသည်။ဒရေကို ဟယ်ရီ့ကို သည်နေရာမှာ သည်အခု ရှိနေစေချင်သည်။သို့ပေမဲ့ ဟယ်ရီ့ကို ပြန်လိုချင်လျှင် တိုက်ခိုက်ရမည်မှန်း သူသိသည်။ဟယ်ရီ နှင့် ဖူးပွင့်စ သူတို့အချစ်အတွက် တိုက်ခိုက်ရမည်။ယခုတော့ သူလုပ်နိုင်သမျှ အရာအားလုံးဟူ၍ အမှောင်သခင် ကမ်းလှမ်းသည့် ယာယီစစ်ဆိုင်းခြင်းကို လက်သင့်ခံပြီး ဇာမဏီငှက်ပြန်တမ်းအဖွဲ့အတွက် သတင်းအချက်အလက်တွေ ရနိုင်သမျှ စုဆောင်းထားဖို့သာ ရှိသည်။

ဒရေကို ပြန်ရောက်နေပြီဖြစ်ကြောင်း အမှောင်သခင်မသိသေးပါ။အမှောင်သခင် ပြန်လာတော့မည်ဟု ယူဆရလျှင်ရချင်း တစ်နေရာရာမှာ သူ ပြန်သွားပုန်းရှောင်နေဖို့ ဆဗရပ်စ်က ဒရေကို့ကို ပြောပြီးဖြစ်၏။သိရသလောက် ဆဗရပ်စ်သည် ဒမ်ဘယ်ဒေါအတွက် အလုပ်လုပ်ပေးနေသော နှစ်ဖက်ချွန် သူလျှိုဖြစ်သည်။ထိုအချက်ကို ဒရေကို့ မိဘများပင်မသိ၊သို့ပေမဲ့ ၎င်းအား လျှို့ဝှက်ချက်အဖြစ် ဒရေကို ထိန်းသိမ်းမည်ဟု ယုံကြည်ခံထားရပြီး ဖြစ်၏။ဆဗရပ်စ်က ဒရေကို့ မှတ်ဉာဏ်တွေကို တစ်ချက်စစ်ဆေးကြည့်ပြီး သူ့ကို စိတ်ချ၍ရသည်ဟု မှတ်ယူခဲ့သည်။

ဘာကြောင့်လဲ သူသိနေသည်ဟူသော ခံစားချက်တစ်ခု ဒရေကို့မှာ ရှိသည်။ချစ်ခြင်း ဖြစ်၏။၎င်းကပဲ ဆဗရပ်စ်ကို သူ့ကိုယ်ကျိုးစီးပွါး၊သူ့ ယုံကြည်ချက်များအား စွန့်လွှတ်စေပြီး စစ်ပွဲ၏ အခြားတစ်ဖက်က ဝင်တိုက်စေခဲ့သည့်အရာ ဖြစ်သည်။၎င်းက ဟယ်ရီ ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲ မသိရသည့်အချိန်မှာတောင် သူ့အား ဟယ်ရီ့ကို သစ္စာစောင့်သိစေသည့် အရာဖြစ်၏။၎င်းက လွန်ခဲ့သည့် ရက်သတ္တပတ် သုံးပတ်လုံး ဒရေကို့ကို စိတ်မှန်နေသေးအောင် ပြုလုပ်ပေးသည့် အရာဖြစ်သည်။သူ့အဖေက သူ့ကို ဥပေက္ခာပြုထားဖို့ ရွေးချယ်ခဲ့ပြီး စံအိမ်ထဲမှာ တစ်ဦးတည်းသော သူ့သားရှိနေခြင်းအား လုံးဝ လျစ်လျှူရှုထားခဲ့၏။ဒရေကို့အမေကတော့ ဒရေကို ကျန်းကျန်းမာမာ ရှိနေဖို့ အကောင်းဆုံးကြိုးစားသည်။အမေ့ လုံ့လစိုက်မှု နှင့် အမေ့ အကူအညီကို သူ ကျေးဇူးတင်မိသည်။၎င်းက ကမ္ဘာကြီးထဲ သူတစ်ယောက်တည်းလို ခံစားနေရခြင်းအား လျော့ပါးစေသည်။ဒါပေမဲ့ သူသိသည်။သူ့အတွက် ဟယ်ရီ ပြန်ရောက်လာဦးမည်မှန်း သူသိသည်။

သူ့အချိန်အများစုကို သူ့ကိုယ်ပိုင်အခန်းတွေထဲမှာ ဒရေကို ကုန်ဆုံးသည်။ရံဖန်ရံခါ လက်ရှိ ဘာတွေဖြစ်ပျက်နေသလဲ သိရဖို့အတွက် အစည်းအဝေးတွေကို အလွတ်သဘော တက်သည်။အမှောင်သခင်က စိတ်အနားမရဘဲ ဗျာများလာကြောင်း သူ့အဖေ၏ သူငယ်ချင်းနှစ်ယောက်ထံမှ သိရသည်။အစည်းအဝေးတိုင်းက ထိတ်လန့်မှုတွေ၊သူ မမြင်ပါရစေနှင့်ဟု ဆုတောင်းမိသည့် အရာတွေကို ပို၍ ဆောင်ယူလာပေးသည်။ဒါပေမဲ့ သူ ရင်ဆိုင်သည်။ဟယ်ရီ့အတွက် သူ ရင်ဆိုင်သည်။အမှောင်သခင်က ဝိညာဉ်သိုပစ္စည်းတွေအကြောင်း သိသည်။အမှောင်ဂိုဏ်းသား ဂိုက်ဖမ်းချင်သူတစ်စုကို အငိုက်ဖမ်းသမားများဟု နာမည်တပ်ကာ ဟယ်ရီ့ကို ရှာပြီး သူ့ဆီ ဖမ်းခေါ်လာဖို့ တာဝန်ပေးထားသည်။

သူ့ နာမည်ဟသူ မည်သူမဆိုကို အငိုက်ဖမ်းသမားတွေ ချက်ချင်း ရှာတွေ့နိုင်ဖို့ သူ့ကိုယ်ပိုင်နာမည်ကို ကျိန်စာတိုက်ထားသည်အထိပင် အမှောင်သခင်က စီမံထားသည်။အရင်လို ရူးရူးနှမ်းနှမ်းနှင့် အမှောင်သခင်ကို ဟယ်ရီ နာမည်တပ်မခေါ်မိဖို့ ဒရေကို မျှော်လင့် ဆုတောင်းနေရသည်။ဟုတ်တော့ဟုတ်သည်။အငိုက်ဖမ်းသမားတွေ သူတို့နောက် လိုက်နေသည်ကို သိဖို့ မပြောနှင့်၊ထိုသောက်နာမည်အား ကျိန်စာတိုက်ထားသည်ကိုတောင် ဟယ်ရီက သိချင်မှ သိမည်။ဒရေကို နေ့တိုင်း ဇီးကွက်အလာ မျှော်သည်။သတင်းစကား၊ဟယ်ရီ့ဆီက တစ်ခုခု လောက်။ဟယ်ရီ အဆင်ပြေနေသည်ဟု သိရဖို့၊သူ လွမ်းနေသလောက် ဟယ်ရီလည်း သူ့ကို လွမ်းနေသည်ဟု သိရဖို့။

ဒါပေမဲ့ စိတ်ပျက်စရာ မနက်ခင်းတစ်ခုမှာ နှင်းလို ဆွတ်ဆွတ်ဖြူနေသည့် ဇီးကွက်တစ်ကောင် သူ့ပြတင်းပေါက် အပြင်မှာ လာနားသည်။ငှက်မလေးက နှင်းခဲနေသော ပြတင်းမှန်ကို ပေါက်၏။အမူအရာက အလောသုံးဆယ်၊အထိတ်တလန့်။ဒရေကို သူ့ကို ဟယ်ရီ့ ဇီးကွက် ဟတ်ဒ်ဝစ်ဂ်ဟု ချက်ချင်း မှတ်မိသွားသည်။သတင်းစကားကို သူ့ခြေထောက်မှ သွက်သွက် ဖြေယူလိုက်ပြီး မထိရသေးသည့် သူ့ပန်းကန်ပြားမှ ခပ်ကြီးကြီး ဝက်သားခြောက် တစ်ပိုင်းကို ဒရေကို သူ့ဆီ ပစ်ပေးလိုက် ၏။ပုရပိုက်ထဲ ပါရှိသည့် သတင်းစကားကို မြင်ရဖို့စိတ်အားထက်သန်လျက် ပုံပျက်နေပြီဖြစ်သည့် ပုရပိုက်အပိုင်းကို စိတ်လှုပ်ရှားစွာ အလိပ်ဖြေနေသော ဒရေကို့ကို ချန်ခဲ့၍ ငှက်မလေးက ကျေးဇူးတင်ကြောင်း အော်မြည်ကာ မြန်မြန် ထွက်ခွါသွားသည်။

ဒရေကို

ငါပါ၊ဟယ်ရီ။ငါ ငါ့ကိုယ်ငါ အယောင်ဆောင်ထားတဲ့ အလိမ်အညာ အမှောင်ဂိုဏ်းသားတစ် ယောက်မဟုတ်ဘူးဆိုတာ ဒီလိုပဲ သေချာပေါက် မင်း သိပေးပါ။လုံခြုံတဲ့ အိမ်မှာတုန်းက မင်းသုံးခဲ့တဲ့ ဘယ်လိုကြီးမှန်းမသိတဲ့ ခေါင်းလျှော်ရည်ကို ငါမှတ်မိတုန်းပဲ။မင်းအနံ့ရတယ်။သစ်ခွနံ့(ဗနီလာနံ့)နဲ့ သစ်ကြံပိုးခေါက်နံ့။ငါ အဲ့အနံ့ကို မှတ်မိနေတုန်းပဲ။

ပြီးတော့ ရွန် ငါတို့ကို ထားသွားပြီ။ငတုံး အကြီးစား။ဆက်ဆံရေးတွေက တင်းမာလာပြီး ရွန်နဲ့ ဟာမိုင်အိုနီအတွက် ငါ့ကိုယ်ငါ လူပိုကြီးတစ်ယောက်လို တစ်ချိန်လုံး ထိန်းမရအောင် ခံစားရတယ်။မင်း ငါနဲ့ ရှိနေပါစေလို့ ငါတကယ် ဆုတောင်းမိတဲ့ အချိန်တွေ ရှိတယ်။ရွန်က ဟာမိုင်အိုနီကို ကြွေနေတာ။ဟာမိုင်အိုနီကလည်း သူ့ကို ချစ်နေတာ။ဒါပေမဲ့ ငါက ဟာမိုင်အိုနီနဲ့ ချစ်နေတယ်လို့ သူထင်နေတာ။သူက အဲ့လို ငတုံး။အင်းလေ၊အဲ့ကိစ္စက ရှုပ်ထွေးလွန်းပါတယ်။မင်း ရှိနေခဲ့ရင်တော့ သူတို့ရဲ့ ထုတ်မပြောရုံတမယ် သောက်ခံစားချက်တွေကို အချိန်ယူ အဖြေရှာပေးနိုင်မယ်ထင်တယ်။

သူထွက်သွားပြီးတော့ ဟာမိုင်အိုနီက အရင်လို မဟုတ်တော့ဘူး။ခက်တယ်။ငါတို့ ဘယ်မှာရှာရမလဲ သိတောင်မသိတော့ဘူး။အို၊ဒါနဲ့ ဟာမိုင်အိုနီနဲ့ ငါ ဂေါ့ဒရစ် ဟောလိုးကို မနေ့က ရောက် သေးတယ်။ဘာဖြစ်ခဲ့လဲ မင်းယုံမှာ မဟုတ်ဘူး။ငါ ငါ့မိဘတွေရဲ့ အုတ်ဂူတွေကို သွားကြည့်ခဲ့တယ်။ငါ သူတို့ကို သတိရတယ်၊ဒရေကို။ငါ သူတို့ကို ဒီမှာ ရှိနေစေချင်လိုက်တာ။ဒီလိုဆို သူတို့ မင်းအကြောင်းကို သိမှာပဲ။သူတို့ မင်းကို ချစ်မှာလို့ ငါ ကျိန်းသေ ပြောရဲတယ်။ပြီးတော့ အဲ့ဒီမှာ အဘွားကြီးတစ်ယောက်လေ၊တကယ်တော့ မကောင်းဆိုးဝါး မြွေပုံကြီး ပြောင်းသွားပြီး ငါတို့ကို သတ်တော့မလို့။မှောင်ဆေးရည် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုလည်း ဖြတ်လာခဲ့ရသေးတယ်။ငါ ဘာနံ့ ရခဲ့လဲ မှန်းကြည့်။သစ်ခွနံ့ နဲ့ သစ်ကြံပိုးခေါက်နံ့ဟ။

ငါ အဲ့တာကို အခုလိုကြီး မပြောသင့်ပါဘူး၊ဒါပေမဲ့ ငါ မင်းကို ပြောဖို့ လိုအပ်တယ်။အမှန်အတိုင်း ပြောရရင် ငါတို့ အချင်းချင်း နောက်ထပ်တစ်ကြိမ် ဆုံဖို့ ရှိပါဦးမလားတောင် မသိတော့ပါဘူး။ငါ မင်းကို ချစ်တယ်။ဒရေကို မာလ်ဖွိုင်း။စိတ်ဆိုးနေတဲ့ မင်းရဲ့ ပုံစံလေ၊မျက်နှာ တစ်ခုလုံး နီရဲပြီး ငါ့ကို တစ်ခုပြီး တစ်ခု ဆဲတာလေးတွေ၊ငါ့အတွက် မင်း သက်သက်ချန်ထားပေးတဲ့ တိတ်တခိုး အပြုံးတွေ၊မင်းငါ့ကို ဆုပ်ကိုင်ထားတာတွေ၊အဲ့တာတွေက ငါ့ကို ငါ ဘာမဆို လုပ်နိုင်ပါတယ်ဆိုလို့ ခံစားရစေတယ်။ငါ မင်းကို ချစ်တယ်။သောက် ကောင်။အဲ့တာအားလုံး မင်းအပြစ်။ဒါနဲ့။

ဟာမိုင်အိုနီက ငါ့ကို ဖင်ကြွပြီး မီးထည့်ဖို့ ထင်းရှာလို့ ပြောနေပြီ။သွားမှ ရမယ် ထင်တယ်။အခုလောက်ဆို အသေ အေးနေလောက်ပြီ။ဘယ်လိုပဲ နေနေ ငါ မင်းဆီ လာခဲ့မယ်။ငါ မင်းနဲ့ ထပ် တွေ့ မယ်။မင်းဆီရောက်ဖို့ နောက်ထပ် မှော်နက်သခင် ဆယ်ယောက်လောက်ကို ငါ ထပ်သတ်ရဦးမယ်ဆိုရင်တောင်မှပေါ့။

အမြဲတမ်းပဲ မင်းရဲ့

ဟယ်ရီ

နှစ်ပေါင်းများစွာကြာသွားသကဲ့သို့ ထင်ရသည်အထိ ဒရေကို ဟယ်ရီ့ နာမည်ကို စိုက်ကြည့်နေခဲ့၏။သူ့ အမြင်အာရုံ ဝေဝါးလာသည်။သူမသိလိုက်ခင်မှာပဲ မျက်ရည်တွေက သူ့မျက်နှာပေါ် စီးကျလာနေခဲ့ပြီး ပုရပိုက်ပေါ် ကျစဉ်သည်နှင့် စာလုံးတွေကို ပေပွစွန်းထင်းစေခဲ့၏။ဟယ်ရီ့အား သူ တမ်းတမိခြင်းက မခံစားနိုင်လောက်တော့အောင် တိုးပွါး လာသည်နှင့်အမျှ လည်ချောင်းထဲ ခံနေသည့် ဆို့နင့်မှုက ကြီးထွားလာခဲ့၏။စေးထန်းထန်း သူ့လက်တွေထဲ ကြေနေပြီဖြစ်သည့် ပုရပိုက်အပိုင်းကို သူ့အသက်သွေးကြောတစ်ခုလို အတင်းဆုပ်ထားလျက် ဒရေကို ရှိုက်ငိုခဲ့သည်။အသက်သွေးကြော။ဆုပ်ကိုင် ဆွဲထားဖို့ရာ တစ်စုံတစ်ခု။သူ့အား ရှေ့ဆက်နိုင်စေမည့် တစ်စုံတစ်ရာ။

ဟယ်ရီ သူ့ကို ချစ်နေသည်။သူ ဒရေကို့ဆီ အရောက်လာလိမ့်မည် ဖြစ်၏။သူ ပိုင်ဆိုင်ရလိမ့်မည်ဟု ဒရေကို အမြဲတွေးထားခဲ့သည့် ထို ပြီးပြည့်စုံသည့် အမြဲ ပျော်ရွှင်စွာနေထိုင်သွားကြလေတော့သတည်းကို သူတို့ ပိုင်ဆိုင်ရချင်မှ ပိုင်ဆိုင်ရလိမ့်မည်။သို့ပေမဲ့ ဟယ်ရီ ပါဝင်သည့် ဘယ်ဘဝတစ်ခုကမဆို သူ၏ ပြီးပြည့်စုံသော ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်းဖြစ်လိမ့်မည်ကို ဒရေကို သိ၏။

{T/N-တစ်နေကုန် စိတ်အဆင်းရဲ မခံပါနဲ့နော်။စိတ်အနားယူဖို့ အချိန်ပေးပါ။ပြီးတော့ ဒီ novel လေးက readers တွေ စိတ်အပန်းဖြေစရာတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။လိုအပ်တာ ရှိရင်ပြောပါ။ဒါနဲ့ နောက်ထပ်ဘာသာပြန်ဖို့ fic တစ်ပုဒ် ရှာနေတယ်။ဒီ novel လေး တစ်ဝက်ကျိုးပါပြီ။အခုထိ လိုက်ပါလာပေးကြတာ ကျေးဇူးတင်ပါတယ်။အခုလို trans နိုင်တာ readers တွေကြောင့်ပါပဲ။}

Thank you.
#WhatsHppeningInMyanmar
#Mar7Coup

7,March,2021.

Zawgyi

"ဒေရကို၊ကေလး၊အေမတို႔မိသားစုက အခု ဘယ္အေနအထားမွာလဲဆိုတာ သား နားလည္မွျဖစ္မယ္ေနာ္"

သူ အမက္ေမာရဆုံးေသာ လိုအင္မ်ားက အျပင္ဘက္မွာ တည္ရွိေနသည့္အလား ျပတင္းေပါက္ခုံ ေပၚထိုင္၍ ျပတင္းေပါက္အျပင္သို႔ ေငးၾကည့္ေနေသာ ဒေရကို႔ကို ရတက္မေအး ျဖစ္ေနသည့္ နာစစ္စာက အသနားခံသည္။စစ္စစ္ေပါက္ေပါက္ေျပာရလွ်င္ေတာ့ ဟယ္ရီက အဲသည္အျပင္ဘက္ တစ္ေနရာရာမွာ ရွိေနႏိုင္သည္ျဖစ္၍ ထိုခိုင္းႏႈိင္းတင္စားမႈက မွန္ကန္ပါသည္။

ရက္စ္ေလဆီမွာ ဒေရကို အဖမ္းခံရၿပီး မာလ္ဖြိဳင္းစံအိမ္သို႔ ျပန္ေခၚလာခံရတာ သုံးပတ္နီးပါးရွိၿပီ။အစပိုင္းမွာ သူ ဆန္႔က်င္ခဲ့၏။လြတ္ေျမာက္ဖို႔ပင္ လွ်ိဳ႕ဝွက္ႀကံစည္ခဲ့သည္။ကံမေကာင္းဘဲ သူ႔အေမ သူ႔ကို ေတြ႕သြားကာ အခု သူတို႔ သည္ေနရာမွာ သူ႔အေဖႏွင့္ သူတို႔မိသားစုအတြက္ ပူးေပါင္းေပးဖို႔ သူ႔အေမက ေတာင္းပန္ေနၿပီး ဒေရကိုက အေျဖေပးဖို႔ ျငင္းဆန္ေနျခင္းျဖစ္၏။သူ႔ကို အမွန္တကယ္ ခ်စ္ေသာ လူေတြထဲမွာမွ တစ္ေယာက္ျဖစ္သည့္ သူ႔အေမကို လ်စ္လွ်ဴရႈေနျခင္းအတြက္ အျပစ္ရွိသလို ခံစားရသည္။ဒါေပမဲ့ သူ ဟယ္ရီ႕ကို ပိုခ်စ္သည္။ဒေရကို႔အတြက္ သူ႔အသက္ကို စြန္႔လႊတ္မည့္ ဟယ္ရီ၊သူ႔အတြက္ ဘာမဆို လုပ္ေပးမည့္ ဟယ္ရီ။

သူ ဟယ္ရီ႕ကို လြမ္းသည္။အၿပဳံးေႏြးေႏြးေတြ၊ရင္ဖိုရသည့္ အထိအေတြ႕၊ဇိမ္က်ေသာ အေပြ႕အဖက္ကို လြမ္းသည္။ဒေရကို ဟယ္ရီ႕ကို သည္ေနရာမွာ သည္အခု ရွိေနေစခ်င္သည္။သို႔ေပမဲ့ ဟယ္ရီ႕ကို ျပန္လိုခ်င္လွ်င္ တိုက္ခိုက္ရမည္မွန္း သူသိသည္။ဟယ္ရီ ႏွင့္ ပြင့္သစ္စ သူတို႔အခ်စ္အတြက္ တိုက္ခိုက္ရမည္။ယခုေတာ့ သူလုပ္ႏိုင္သမွ် အရာအားလုံးဟူ၍ အေမွာင္သခင္ ကမ္းလွမ္းသည့္ ယာယီစစ္ဆိုင္းျခင္းကို လက္သင့္ခံၿပီး ဇာမဏီငွက္ျပန္တမ္းအဖြဲ႕အတြက္ သတင္းအခ်က္အလက္ေတြ ရႏိုင္သမွ် စုေဆာင္းထားဖို႔သာ ရွိသည္။

ဒေရကို ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း အေမွာင္သခင္မသိေသးပါ။အေမွာင္သခင္ ျပန္လာေတာ့မည္ဟု ယူဆရလွ်င္ရခ်င္း တစ္ေနရာရာမွာ သူ ျပန္သြားပုန္းေရွာင္ေနဖို႔ ဆဗရပ္စ္က ဒေရကို႔ကို ေျပာၿပီးျဖစ္၏။သိရသေလာက္ ဆဗရပ္စ္သည္ ဒမ္ဘယ္ေဒါအတြက္ အလုပ္လုပ္ေပးေနေသာ ႏွစ္ဖက္ခြၽန္ သူလွ်ိဳျဖစ္သည္။ထိုအခ်က္ကို ဒေရကို႔ မိဘမ်ားပင္မသိ၊သို႔ေပမဲ့ ၎အား လွ်ိဳ႕ဝွက္ခ်က္အျဖစ္ ဒေရကို ထိန္းသိမ္းမည္ဟု ယုံၾကည္ခံထားရၿပီး ျဖစ္၏။ဆဗရပ္စ္က ဒေရကို႔ မွတ္ဉာဏ္ေတြကို တစ္ခ်က္စစ္ေဆးၾကည့္ၿပီး သူ႔ကို စိတ္ခ်၍ရသည္ဟု မွတ္ယူခဲ့သည္။

ဘာေၾကာင့္လဲ သူသိေနသည္ဟူေသာ ခံစားခ်က္တစ္ခု ဒေရကို႔မွာ ရွိသည္။ခ်စ္ျခင္း ျဖစ္၏။၎ကပဲ ဆဗရပ္စ္ကို သူ႔ကိုယ္က်ိဳးစီးပြါး၊သူ႔ ယုံၾကည္ခ်က္မ်ားအား စြန္႔လႊတ္ေစၿပီး စစ္ပြဲ၏ အျခားတစ္ဖက္က ဝင္တိုက္ေစခဲ့သည့္အရာ ျဖစ္သည္။၎က ဟယ္ရီ ဘယ္ေရာက္လို႔ ဘယ္ေပါက္ေနလဲ မသိရသည့္အခ်ိန္မွာေတာင္ သူ႔အား ဟယ္ရီ႕ကို သစၥာေစာင့္သိေစသည့္ အရာျဖစ္၏။၎က လြန္ခဲ့သည့္ ရက္သတၱပတ္ သုံးပတ္လုံး ဒေရကို႔ကို စိတ္မွန္ေနေသးေအာင္ ျပဳလုပ္ေပးသည့္ အရာျဖစ္သည္။သူ႔အေဖက သူ႔ကို ဥေပကၡာျပဳထားဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး စံအိမ္ထဲမွာ တစ္ဦးတည္းေသာ သူ႔သားရွိေနျခင္းအား လုံးဝ လ်စ္လွ်ဴရႈထားခဲ့၏။ဒေရကို႔အေမကေတာ့ ဒေရကို က်န္းက်န္းမာမာ ရွိေနဖို႔ အေကာင္းဆုံးႀကိဳးစားသည္။အေမ့ လုံ႔လစိုက္မႈ ႏွင့္ အေမ့ အကူအညီကို သူ ေက်းဇူးတင္မိသည္။၎က ကမာၻႀကီးထဲ သူတစ္ေယာက္တည္းလို ခံစားေနရျခင္းအား ေလ်ာ့ပါးေစသည္။ဒါေပမဲ့ သူသိသည္။သူ႔အတြက္ ဟယ္ရီ ျပန္ေရာက္လာဦးမည္မွန္း သူသိသည္။

သူ႔အခ်ိန္အမ်ားစုကို သူ႔ကိုယ္ပိုင္အခန္းေတြထဲမွာ ဒေရကို ကုန္ဆုံးသည္။ရံဖန္ရံခါ လက္ရွိ ဘာေတြျဖစ္ပ်က္ေနသလဲ သိရဖို႔အတြက္ အစည္းအေဝးေတြကို အလြတ္သေဘာ တက္သည္။အေမွာင္သခင္က စိတ္အနားမရဘဲ ဗ်ာမ်ားလာေၾကာင္း သူ႔အေဖ၏ သူငယ္ခ်င္းႏွစ္ေယာက္ထံမွ သိရသည္။အစည္းအေဝးတိုင္းက ထိတ္လန္႔မႈေတြ၊သူ မျမင္ပါရေစႏွင့္ဟု ဆုေတာင္းမိသည့္ အရာေတြကို ပို၍ ေဆာင္ယူလာေပးသည္။ဒါေပမဲ့ သူ ရင္ဆိုင္သည္။ဟယ္ရီ႕အတြက္ သူ ရင္ဆိုင္သည္။အေမွာင္သခင္က ဝိညာဥ္သိုပစၥည္းေတြအေၾကာင္း သိသည္။အေမွာင္ဂိုဏ္းသား ဂိုက္ဖမ္းခ်င္သူတစ္စုကို အငိုက္ဖမ္းသမားမ်ားဟု နာမည္တပ္ကာ ဟယ္ရီ႕ကို ရွာၿပီး သူ႔ဆီ ဖမ္းေခၚလာဖို႔ တာဝန္ေပးထားသည္။

သူ႔ နာမည္ဟ သူ မည္သူမဆိုကို အငိုက္ဖမ္းသမားေတြ ခ်က္ခ်င္း ရွာေတြ႕ႏိုင္ဖို႔ သူ႔ကိုယ္ပိုင္နာမည္ကို က်ိန္စာတိုက္ထားသည္အထိပင္ အေမွာင္သခင္က စီမံထားသည္။အရင္လို ႐ူး႐ူးႏွမ္းႏွမ္းႏွင့္ အေမွာင္သခင္ကို ဟယ္ရီ နာမည္တပ္မေခၚမိဖို႔ ဒေရကို ေမွ်ာ္လင့္ ဆုေတာင္းေနရသည္။ဟုတ္ေတာ့ဟုတ္သည္။အငိုက္ဖမ္းသမားေတြ သူတို႔ေနာက္ လိုက္ေနသည္ကို သိဖို႔ မေျပာႏွင့္၊ထိုေသာက္နာမည္အား က်ိန္စာတိုက္ထားသည္ကိုေတာင္ ဟယ္ရီက သိခ်င္မွ သိမည္။ဒေရကို ေန႔တိုင္း ဇီးကြက္အလာ ေမွ်ာ္သည္။သတင္းစကား၊ဟယ္ရီ႕ဆီက တစ္ခုခု ေလာက္။ဟယ္ရီ အဆင္ေျပေနသည္ဟု သိရဖို႔၊သူ လြမ္းေနသေလာက္ ဟယ္ရီလည္း သူ႔ကို လြမ္းေနသည္ဟု သိရဖို႔။

ဒါေပမဲ့ စိတ္ပ်က္စရာ မနက္ခင္းတစ္ခုမွာ ႏွင္းလို ဆြတ္ဆြတ္ျဖဴေနသည့္ ဇီးကြက္တစ္ေကာင္ သူ႔ျပတင္းေပါက္ အျပင္မွာ လာနားသည္။ငွက္မေလးက ႏွင္းခဲေနေသာ ျပတင္းမွန္ကို ေပါက္၏။အမူအရာက အေလာသုံးဆယ္၊အထိတ္တလန္႔။ဒေရကို သူ႔ကို ဟယ္ရီ႕ ဇီးကြက္ ဟတ္ဒ္ဝစ္ဂ္ဟု ခ်က္ခ်င္း မွတ္မိသြားသည္။သတင္းစကားကို သူ႔ေျခေထာက္မွ သြက္သြက္ ေျဖယူလိုက္ၿပီး မထိရေသးသည့္ သူ႔ပန္းကန္ျပားမွ ခပ္ႀကီးႀကီး ဝက္သားေျခာက္ တစ္ပိုင္းကို ဒေရကို သူ႔ဆီ ပစ္ေပးလိုက္ ၏။ပုရပိုက္ထဲ ပါရွိသည့္ သတင္းစကားကို ျမင္ရဖို႔စိတ္အားထက္သန္လ်က္ ပုံပ်က္ေနၿပီျဖစ္သည့္ ပုရပိုက္အပိုင္းကို စိတ္လႈပ္ရွားစြာ အလိပ္ေျဖေနေသာ ဒေရကို႔ကို ခ်န္ခဲ့၍ ငွက္မေလးက ေက်းဇူးတင္ေၾကာင္း ေအာ္ျမည္ကာ ျမန္ျမန္ ထြက္ခြါသြားသည္။

ဒေရကို

ငါပါ၊ဟယ္ရီ။ငါ ငါ့ကိုယ္ငါ အေယာင္ေဆာင္ထားတဲ့ အလိမ္အညာ အေမွာင္ဂိုဏ္းသားတစ္ ေယာက္မဟုတ္ဘူးဆိုတာ ဒီလိုပဲ ေသခ်ာေပါက္ မင္း သိေပးပါ။လုံၿခဳံတဲ့ အိမ္မွာတုန္းက မင္းသုံးခဲ့တဲ့ ဘယ္လိုႀကီးမွန္းမသိတဲ့ ေခါင္းေလွ်ာ္ရည္ကို ငါမွတ္မိတုန္းပဲ။မင္းအနံ႔ရတယ္။သစ္ခြနံ႔(ဗနီလာနံ႔)နဲ႔ သစ္ႀကံပိုးေခါက္နံ႔။ငါ အဲ့အနံ႔ကို မွတ္မိေနတုန္းပဲ။

ၿပီးေတာ့ ႐ြန္ ငါတို႔ကို ထားသြားၿပီ။ငတုံး အႀကီးစား။ဆက္ဆံေရးေတြက တင္းမာလာၿပီး ႐ြန္နဲ႔ ဟာမိုင္အိုနီအတြက္ ငါ့ကိုယ္ငါ လူပိုႀကီးတစ္ေယာက္လို တစ္ခ်ိန္လုံး ထိန္းမရေအာင္ ခံစားရတယ္။မင္း ငါနဲ႔ ရွိေနပါေစလို႔ ငါတကယ္ ဆုေတာင္းမိတဲ့ အခ်ိန္ေတြ ရွိတယ္။႐ြန္က ဟာမိုင္အိုနီကို ေႂကြေနတာ။ဟာမိုင္အိုနီကလည္း သူ႔ကို ခ်စ္ေနတာ။ဒါေပမဲ့ ငါက ဟာမိုင္အိုနီနဲ႔ ခ်စ္ေနတယ္လို႔ သူထင္ေနတာ။သူက အဲ့လို ငတုံး။အင္းေလ၊အဲ့ကိစၥက ရႈပ္ေထြးလြန္းပါတယ္။မင္း ရွိေနခဲ့ရင္ေတာ့ သူတို႔ရဲ႕ ထုတ္မေျပာ႐ုံတမယ္ ေသာက္ခံစားခ်က္ေတြကို အခ်ိန္ယူ အေျဖရွာေပးႏိုင္မယ္ထင္တယ္။

သူထြက္သြားၿပီးေတာ့ ဟာမိုင္အိုနီက အရင္လို မဟုတ္ေတာ့ဘူး။ခက္တယ္။ငါတို႔ ဘယ္မွာရွာရမလဲ သိေတာင္မသိေတာ့ဘူး။အို၊ဒါနဲ႔ ဟာမိုင္အိုနီနဲ႔ ငါ ေဂါ့ဒရစ္ ေဟာလိုးကို မေန႔က ေရာက္ ေသးတယ္။ဘာျဖစ္ခဲ့လဲ မင္းယုံမွာ မဟုတ္ဘူး။ငါ ငါ့မိဘေတြရဲ႕ အုတ္ဂူေတြကို သြားၾကည့္ခဲ့တယ္။ငါ သူတို႔ကို သတိရတယ္၊ဒေရကို။ငါ သူတို႔ကို ဒီမွာ ရွိေနေစခ်င္လိုက္တာ။ဒီလိုဆို သူတို႔ မင္းအေၾကာင္းကို သိမွာပဲ။သူတို႔ မင္းကို ခ်စ္မွာလို႔ ငါ က်ိန္းေသ ေျပာရဲတယ္။ၿပီးေတာ့ အဲ့ဒီမွာ အဘြားႀကီးတစ္ေယာက္ေလ၊တကယ္ေတာ့ မေကာင္းဆိုးဝါး ေႁမြပုံႀကီး ေျပာင္းသြားၿပီး ငါတို႔ကို သတ္ေတာ့မလို႔။ေမွာင္ေဆးရည္ ေရာင္းတဲ့ ဆိုင္တစ္ဆိုင္ကိုလည္း ျဖတ္လာခဲ့ရေသးတယ္။ငါ ဘာနံ႔ ရခဲ့လဲ မွန္းၾကည့္။သစ္ခြနံ႔ နဲ႔ သစ္ႀကံပိုးေခါက္နံ႔ဟ။

ငါ အဲ့တာကို အခုလိုႀကီး မေျပာသင့္ပါဘူး၊ဒါေပမဲ့ ငါ မင္းကို ေျပာဖို႔ လိုအပ္တယ္။အမွန္အတိုင္း ေျပာရရင္ ငါတို႔ အခ်င္းခ်င္း ေနာက္ထပ္တစ္ႀကိမ္ ဆုံဖို႔ ရွိပါဦးမလားေတာင္ မသိေတာ့ပါဘူး။ငါ မင္းကို ခ်စ္တယ္။ဒေရကို မာလ္ဖြိဳင္း။စိတ္ဆိုးေနတဲ့ မင္းရဲ႕ ပုံစံေလ၊မ်က္ႏွာ တစ္ခုလုံး နီရဲၿပီး ငါ့ကို တစ္ခုၿပီး တစ္ခု ဆဲတာေလးေတြ၊ငါ့အတြက္ မင္း သက္သက္ခ်န္ထားေပးတဲ့ တိတ္တခိုး အၿပဳံးေတြ၊မင္းငါ့ကို ဆုပ္ကိုင္ထားတာေတြ၊အဲ့တာေတြက ငါ့ကို ငါ ဘာမဆို လုပ္ႏိုင္ပါတယ္ဆိုလို႔ ခံစားရေစတယ္။ငါ မင္းကို ခ်စ္တယ္။ေသာက္ ေကာင္။အဲ့တာအားလုံး မင္းအျပစ္။ဒါနဲ႔။

ဟာမိုင္အိုနီက ငါ့ကို ဖင္ႂကြၿပီး မီးထည့္ဖို႔ ထင္းရွာလို႔ ေျပာေနၿပီ။သြားမွ ရမယ္ ထင္တယ္။အခုေလာက္ဆို အေသ ေအးေနေလာက္ၿပီ။ဘယ္လိုပဲ ေနေန ငါ မင္းဆီ လာခဲ့မယ္။ငါ မင္းနဲ႔ ထပ္ ေတြ႕ မယ္။မင္းဆီေရာက္ဖို႔ ေနာက္ထပ္ ေမွာ္နက္သခင္ ဆယ္ေယာက္ေလာက္ကို ငါ ထပ္သတ္ရဦးမယ္ဆိုရင္ေတာင္မွေပါ့။

အၿမဲတမ္းပဲ မင္းရဲ႕

ဟယ္ရီ

ႏွစ္ေပါင္းမ်ားစြာၾကာသြားသကဲ့သို႔ ထင္ရသည္အထိ ဒေရကို ဟယ္ရီ႕ နာမည္ကို စိုက္ၾကည့္ေနခဲ့၏။သူ႔ အျမင္အာ႐ုံ ေဝဝါးလာသည္။သူမသိလိုက္ခင္မွာပဲ မ်က္ရည္ေတြက သူ႔မ်က္ႏွာေပၚ စီးက်လာေနခဲ့ၿပီး ပုရပိုက္ေပၚ က်စဥ္သည္ႏွင့္ စာလုံးေတြကို ေပပြစြန္းထင္းေစခဲ့၏။ဟယ္ရီ႕အား သူ တမ္းတမိျခင္းက မခံစားႏိုင္ေလာက္ေတာ့ေအာင္ တိုးပြါး လာသည္ႏွင့္အမွ် လည္ေခ်ာင္းထဲ ခံေနသည့္ ဆို႔နင့္မႈက ႀကီးထြားလာခဲ့၏။ေစးထန္းထန္း သူ႔လက္ေတြထဲ ေၾကေနၿပီျဖစ္သည့္ ပုရပိုက္အပိုင္းကို သူ႔အသက္ေသြးေၾကာတစ္ခုလို အတင္းဆုပ္ထားလ်က္ ဒေရကို ရႈိက္ငိုခဲ့သည္။အသက္ေသြးေၾကာ။ဆုပ္ကိုင္ ဆြဲထားဖို႔ရာ တစ္စုံတစ္ခု။သူ႔အား ေရွ႕ဆက္ႏိုင္ေစမည့္ တစ္စုံတစ္ရာ။

ဟယ္ရီ သူ႔ကို ခ်စ္ေနသည္။သူ ဒေရကို႔ဆီ အေရာက္လာလိမ့္မည္ ျဖစ္၏။သူ ပိုင္ဆိုင္ရလိမ့္မည္ဟု ဒေရကို အၿမဲေတြးထားခဲ့သည့္ ထို ၿပီးျပည့္စုံသည့္ အၿမဲ ေပ်ာ္႐ႊင္စြာေနထိုင္သြားၾကေလေတာ့သတည္းကို သူတို႔ ပိုင္ဆိုင္ရခ်င္မွ ပိုင္ဆိုင္ရလိမ့္မည္။သို႔ေပမဲ့ ဟယ္ရီ ပါဝင္သည့္ ဘယ္ဘဝတစ္ခုကမဆို သူ၏ ၿပီးျပည့္စုံေသာ ေပ်ာ္႐ႊင္ဖြယ္ရာ ဇာတ္သိမ္းျဖစ္လိမ့္မည္ကို ဒေရကို သိ၏။

{T/N-တစ္ေနကုန္ စိတ္အဆင္းရဲ မခံပါနဲ႔ေနာ္။စိတ္အနားယူဖို႔ အခ်ိန္ေပးပါ။ၿပီးေတာ့ ဒီ novel ေလးက readers ေတြ စိတ္အပန္းေျဖစရာတစ္ခုျဖစ္ပါေစလို႔ ဆႏၵျပဳပါတယ္။လိုအပ္တာ ရွိရင္ေျပာပါ။ဒါနဲ႔ ေနာက္ထပ္ဘာသာျပန္ဖို႔ fic တစ္ပုဒ္ ရွာေနတယ္။ဒီ novel ေလး တစ္ဝက္က်ိဳးပါၿပီ။အခုထိ လိုက္ပါလာေပးၾကတာ ေက်းဇူးတင္ပါတယ္။အခုလို trans ႏိုင္တာ readers ေတြေၾကာင့္ပါပဲ။}

Thank you.
#WhatsHppeningInMyanmar
#Mar7Coup

7,March,2021.

Continue Reading

You'll Also Like

1.8K 152 12
JunZhe မြန်မာဘာသာပြန်။ It's not my work. Just a (မိခင်ဘာသာသို့ပြန်ဆိုခြင်း) for the pure purpose of offline reading. Credit to the မူရင်းစာရေးသူ and...
3.2M 205K 78
ජනෙල් විදුරුවෙන් එපිට බලාගෙන උන්නු මගේ අතක සුලැගිල්ලක් වටේ එයාගේ ඇගිල්ලක් දැවටෙද්දි මන් එයා දිහා ගෙල හරවල බැලුවා.... " හරිම කෙනා ජිවිතේට ආවම සත්තයි ප...
37.6K 4.1K 34
Wang Yibo and Xiao Zhan
63.1K 5.9K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
Wattpad App - Unlock exclusive features