Mary Sue แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€žแ€ญแ€ฏแ€ทแ€€แ€ฐ...

็”ฑ hooniemochi

1.3M 40.3K 788

ใ€Š ๐–ฒ๐—๐–บ๐—๐—Ž๐—Œ: ๐–ข๐—ˆ๐—†๐—‰๐—…๐–พ๐—๐–พ๐–ฝ // ๐–พ๐–ฝ๐—‚๐—๐–พ๐–ฝ ๐—๐–พ๐—‹๐—Œ๐—‚๐—ˆ๐—‡ใ€‹ ๐–ฌ๐—’๐–บ๐—‡๐—†๐–บ๐—‹ ๐–ณ๐—‹๐–บ๐—‡๐—Œ๐—…๐–บ๐—๐—‚๐—ˆ๐—‡ ๐—ˆ๐–ฟ... ๆ›ดๅคš

๐–ณ/๐–ญ
Description
CHAPTER 1.1
CHAPTER 1.2
CHAPTER 2.1
CHAPTER 2.2
CHAPTER 2.3
CHAPTER 3.1
CHAPTER 3.2
CHAPTER 4.1
CHAPTER 4.2
CHAPTER 4.3
CHAPTER 5.1
CHAPTER 5.2
CHAPTER 6.1
CHAPTER 6.2
CHAPTER 7.1
CHAPTER 7.2
CHAPTER 7.3
CHAPTER 8.1
CHAPTER 8.2
CHAPTER 9.1
CHAPTER 9.2
CHAPTER 9.3
CHAPTER 10

CHAPTER 1.3

12.1K 1.6K 16
็”ฑ hooniemochi

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဉ် ရဲ့ ဒဏ်ရာက အရမ်းကြီး ပြင်းပြင်းထန်ထန်မျိုးတော့ မဟုတ်ဘူး။ သူမ သတိရလာပြီးနောက် ဆေးရုံကနေ ဆင်းလို့ရရုံတောင်မက နောက်တစ်နေ့မှာ ကျောင်းကိုတောင် သွားလို့ရသည်အထိ သက်သာလာခဲ့တယ်။

မိသားစုလေးစုရဲ့ တစ်စုဖြစ်တဲ့ ရှီးမိသားစုဟာ ဝတ္ထုထဲတွင် သေသေချာချာဖော်ပြခြင်းခံခဲ့ရသည်။

ရှီးအိမ်တော်မှာ နေထိုင်ပြီးနောက် ရှီးနဉ် က စည်းစိမ်ချမ်းချမ်းသာသာနဲ့ နေထိုင်ရခြင်းက ဘယ်လောက်တောင်မှ ကောင်းတဲ့အရာ ဖြစ်သလဲဆိုတာကို သိလိုက်ရတယ်။ ရေချိုးခန်းလေးတစ်ခန်းက သူမရဲ့ မူလအိမ်ထက်တောင် ပိုကျယ်နေသေးသည်။ တကယ်လို့သာ သူမမှာ မူလ ရှီးနဉ် ရဲ့ မှတ်ဉာဏ်တွေရှိမနေဘူးဆိုရင် သူမရဲ့အိမ်က အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ အကျွမ်းတဝင်ကို ရှိမှာမဟုတ်ဘူး။

အထူးစာဖိုးမှုးရဲ့ လက်ရာ ဖြစ်တဲ့ စွပ်ပြုတ်ကို သောက်ပြီးနောက် ရှီးနဉ် သူမ အခန်းထဲသို့ ပြန်သွားလိုက်သည်။

အခန်းထဲပြန်ရောက်တော့ သူမ ပထမဆုံးလုပ်တဲ့ အရာကတော့ သူမရဲ့စာအုပ်တွေဖွင့်ကြည့်လိုက်တယ်။

သူမက မသေခင်အချိန်က အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲဖြေပြီးခါစဖြစ်တာကြောင့် အသက်ဆယ့်ငါးနှစ်ပဲရှိသေးသည်။

မူလ ရှီးနဉ် က သူမထက် တစ်နှစ်နဲ့နှစ်လတိတိကို ပိုကြီးသည်။

မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် သူမရဲ့ကျောင်းဖြစ်တဲ့ အမှတ်(၁) ယန်းချန် အထက်တန်းကျောင်းသည် ဒီ‌ဝတ္ထုထဲမှာရှိတဲ့ ပထမတန်းစားပုဂ္ဂလိက အထက်တန်းလွှာ အထက်တန်းကျောင်းပဲဖြစ်တယ်။

နှစ်စဉ် ဝင်ခွင့်စာမေးပွဲကို အောင်မြင်သည့် ပညာသင်ဆုရ ကျောင်းသားတွေဟာ ၂၀ကျော်လောက်ရှိပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းပညာရေးအရင်းအမြစ်နဲ့ သင်ကြားရေးအ‌ခြေအနေများကို ရယူနိုင်မည့် အခွင့်အရေး များရှိလေသည်။

ရှီးနဉ်တောင်မှ မစဉ်းစားဝံ့တဲ့ နာမည်ကြီးအထက်တန်းကျောင်းတစ်ခုပဲ။

မူလ ရှီးနဉ်က စိတ်ကြီးဝင်ပြီး အတ္တဆန်တဲ့ လူမျိုးကိုမှ သွားကြိုက်ရတာတုန်း?? အဲ့ သူက နေ့တိုင်း လူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတာကို ကြိုက်တယ်ဆိုတာကိုတော့ ထည့်ပြောစရာကိုမလိုတော့ဘူး။

စာသင်နေရတာပဲမကောင်းဘူးလား?

ဒီလိုမျိုး ကောင်းမွန်လှတဲ့ ပညာရေးအထောက်အပံ့နဲ့အတူ စာလေ့လာသင်ယူမယ်ဆိုတာကို မတွေးတတ်တဲ့ မူလ ရှီးနဉ် အတွက် စိတ်မကောင်းတောင်ဖြစ်မိတယ်။

အဲ့နေ့ညမှာပဲ ရှီးနဉ် က ဘာသာရပ်များစွာရဲ့ အချက်အလက်အကြောင်းအရာတွေကို အသေးစိတ်ပြန်လေ့လာသင်ယူတယ်။ ကံကောင်းထောက်မစွာနဲ့ဘဲ သူမအရင်ဘဝကသင်ယူ‌လေ့လာခဲ့ဖူးတဲ့အထက်တန်းကျောင်းစာအုပ်ထဲကစာတွေ ဘယ်အရာကိုမှ မေ့မသွားခဲ့ဖူးဘူး။

နောက်တစ်နေ့ အိမ်က ဒရိုင်ဘာ က သူမကို ကျောင်းလိုက်ပို့ပေးခဲ့တယ်။

သူမ ဆေးရုံကနေ ပြန်လာရခဲ့တဲ့အတွက်ကြောင့် ရှီးနဉ် က မွန်းတည့်တဲ့အထိအိပ်ပျော်သွားခဲ့ပြီး နေ့လည်ခင်းပိုင်းမှ ကျောင်းကို သွားလိုက်‌တော့သည်။

Rolls-Royce မှ ထွက်လာပြီးတဲ့နောက် အတင်းအဖျင်းပြောတဲ့အသံများစွာကိုကြားလိုက်ရသည်။

လူတိုင်းက သူမကိုဝိုင်းကြည့်နေကြသည်။

"အဲ... အဲ့တာ ရှီး မိသားစုက ရှီးနဉ် မလား?"

"ဟုတ်တယ် ဟုတ်တယ် သူ ဘယ်လိုလုပ်ပြီးတော့ ကျောင်းကို လာနိုင်တာလဲမသိဘူး? ဟိုးတစ်လောကတောင် သူ့ကိုယ်သူ သတ်သေဖို့ကြံစည်သေးတယ်မဟုတ်ဘူးလား?"

"ငါကြားတာကတော့ သူမက နန်ရှောင်းကော ဆီ ဖွင့်ပြောတာ ဟိုက ငြင်းပစ်လိုက်လို့ဆိုပဲ"

"ချမ်းသာတဲ့မိသားစုက မွေးလာတာပဲရှိတယ် တကယ်တော့ သူက ဘာမှမဟုတ်ဘူး ဒါပေမဲ့ လှတော့လှတယ်နော် လှတော့လည်း ဘာထူးမှာလဲ သူ့ရဲ့အဆင့်တွေက တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး ကျသွားတဲ့အပြင် အကျင့်ကလဲမကောင်းပြန်ဘူး နန်ရှောင်းကော က ဘယ်လိုလုပ် သူ့ကိုကြိုက်မှာတုန်း??"

"သူက ကိုယ့်ကိုယ်ကို ဘာလို့သတ်သေဖို့ကြိုးစားနိုင်ရတာလဲ? ငါ့အထင်တော့ သူ ဟန်ဆောင်နေတာပဲဖြစ်ရမယ် သူက နန်ရှောင်းကော ရဲ့ ဂရုစိုက်မှုနဲ့ အချစ်တွေကို လိုချင်လို့လေ အရှက်မရှိလိုက်တာ‌နော်"

ထိုစကားသံတွေကိုကြားပြီးတဲ့နောက် မူလ ရှီးနဉ် က ဘာလို့ သူ့လက်ကောက်ဝတ်ကိုသူဖြတ်ပြီး သတ်သေဖို့ ကြိုးစားရလဲဆိုတာကို သူမ နားလည်လိုက်သည်။ ဘတ်စကတ်ဘောပြိုင်ပွဲတွင် နန်ရှောင်း အနိုင်ရရှိပြီးတဲ့နောက်မှာ သူမက နန်ရှောင်း ကို လူအများကြီးရှေ့မှာ ဖွင့်ပြောခဲ့သည်။

ရလဒ်ကတော့ သူမ ပိုးစိုးပက်စက်ကို အငြင်းခံလိုက်ရတာပဲ။

သူမ ဒီဝတ္ထုကိုဖတ်တုန်းက ရှီးနဉ် က ဒီအဖြစ်အပျက်(အတင်းပြောခံရတာ)ကိုသည်းမခံနိုင်တဲ့ပုံပဲလို့ သူမခံစားမိတယ်။

မမျှော်လင့်စွာနဲ့ပဲ သူမက အခုဆို ရှီးနဉ် နေရာကိုရောက်နေပြီ။

ပြန်ချေပဖို့အတွက်က တအားပျင်းလွန်းလှတယ်။

ရှီးနဉ် က တိတ်တဆိတ် လှည့်လိုက်ပြီး အဆောက်အဦးထဲကို ဝင်ပြေးသွားပြီး ထိုအတင်းပြောတဲ့အုပ်စုကို လျစ်လျူရှုဖို့ပဲ ရွေးချယ်လိုက်ရတော့တယ်။

သူမက ခပ်မြန်မြန်ကြီး ပြေးဝင်လိုက်မိတာကြောင့် လူတစ်ယောက်ရဲ့ ရင်ဘတ်ကို မတော်တဆ ဝင်တိုက်မိသည်။

အနှီလူရဲ့ရင်ဘတ်ကြီးဟာ တောင့်တင်းကာမာမာကျောကျောဖြစ်ပြီး ရလဒ်အနေနဲ့တော့ ရှီးနဉ် က ဝင်တိုက်ပြီးနောက် ကောင်းစွာကို မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

သူမက မော့ကြည့်လိုက်သောအခါ သူမ ဝင်တိုက်လိုက်တဲ့ သူက အရပ်ရှည်ရှည် ခပ်ချောချော ကောင်လေးတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်။

တစ်ဘက်လူက စိတ်မရှည်စွာနဲ့ဘဲ သူမရဲ့မျက်နှာကို ကြည့်လိုက်သည်။

'ငါ့ကိုလာမရှုပ်နဲ့ အဝေးသွားစမ်း'ဆိုပြီး သူရဲ့မျက်နှာမှာ ပေါ်လွင်နေသည်။

ထို့နောက် ရှီးနဉ် ထိုသူကိုမှတ်မိစေဖို့ သူကိုယ်သူဖိအားပေးလိုက်သည်။

အိုး...ဒီလူက သိပ်မကြာသေးခင်အချိန်က မူလ ရှီးနဉ် ကို ကိုယ့်ကိုယ်ကို သတ်သေစေခဲ့တဲ့ အမျိုးသားဇာတ်လိုက်မလား?....

အားးး ငါဝင်တိုက်မိတဲ့သူက နန်ရှောင်းဖြစ်နေတယ်!!

Thanks for READING 💟

*******

【𝖹𝖠𝖶𝖦𝖸𝖨】

ရွီးနဥ္ ရဲ႕ ဒဏ္ရာက အရမ္းႀကီး ျပင္းျပင္းထန္ထန္မ်ိဳးေတာ့ မဟုတ္ဘူး။ သူမ သတိရလာၿပီးေနာက္ ေဆး႐ုံကေန ဆင္းလို႔ရ႐ုံေတာင္မက ေနာက္တစ္ေန႔မွာ ေက်ာင္းကိုေတာင္ သြားလို႔ရသည္အထိ သက္သာလာခဲ့တယ္။

မိသားစုေလးစုရဲ႕ တစ္စုျဖစ္တဲ့ ရွီးမိသားစုဟာ ဝတၳဳထဲတြင္ ေသေသခ်ာခ်ာေဖာ္ျပျခင္းခံခဲ့ရသည္။

ရွီးအိမ္ေတာ္မွာ ေနထိုင္ၿပီးေနာက္ ရွီးနဥ္ က စည္းစိမ္ခ်မ္းခ်မ္းသာသာနဲ႔ ေနထိုင္ရျခင္းက ဘယ္ေလာက္ေတာင္မွ ေကာင္းတဲ့အရာ ျဖစ္သလဲဆိုတာကို သိလိုက္ရတယ္။ ေရခ်ိဳးခန္းေလးတစ္ခန္းက သူမရဲ႕ မူလအိမ္ထက္ေတာင္ ပိုက်ယ္ေနေသးသည္။ တကယ္လို႔သာ သူမမွာ မူလ ရွီးနဥ္ ရဲ႕ မွတ္ဉာဏ္ေတြရွိမေနဘူးဆိုရင္ သူမရဲ႕အိမ္က အဆင့္ျမင့္နည္းပညာသုံး ပစၥည္းမ်ားကို ဘယ္လိုသုံးရမလဲဆိုတာနဲ႔ အကြၽမ္းတဝင္ကို ရွိမွာမဟုတ္ဘူး။

အထူးစာဖိုးမႈးရဲ႕ လက္ရာ ျဖစ္တဲ့ စြပ္ျပဳတ္ကို ေသာက္ၿပီးေနာက္ ရွီးနဥ္ သူမ အခန္းထဲသို႔ ျပန္သြားလိုက္သည္။

အခန္းထဲျပန္ေရာက္ေတာ့ သူမ ပထမဆုံးလုပ္တဲ့ အရာကေတာ့ သူမရဲ႕စာအုပ္ေတြဖြင့္ၾကည့္လိုက္တယ္။

သူမက မေသခင္အခ်ိန္က အထက္တန္းေက်ာင္းဝင္ခြင့္စာေမးပြဲေျဖၿပီးခါစျဖစ္တာေၾကာင့္ အသက္ဆယ့္ငါးႏွစ္ပဲရွိေသးသည္။

မူလ ရွီးနဥ္ က သူမထက္ တစ္ႏွစ္နဲ႔ႏွစ္လတိတိကို ပိုႀကီးသည္။

မူလပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ေတြအရဆိုရင္ သူမရဲ႕ေက်ာင္းျဖစ္တဲ့ အမွတ္(၁) ယန္းခ်န္ အထက္တန္းေက်ာင္းသည္ ဒီ‌ဝတၳဳထဲမွာရွိတဲ့ ပထမတန္းစားပုဂၢလိက အထက္တန္းလႊာ အထက္တန္းေက်ာင္းပဲျဖစ္တယ္။

ႏွစ္စဥ္ ဝင္ခြင့္စာေမးပြဲကို ေအာင္ျမင္သည့္ ပညာသင္ဆုရ ေက်ာင္းသားေတြဟာ ၂၀ေက်ာ္ေလာက္ရွိၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္းပညာေရးအရင္းအျမစ္နဲ႔ သင္ၾကားေရးအ‌ေျခအေနမ်ားကို ရယူႏိုင္မည့္ အခြင့္အေရး မ်ားရွိေလသည္။

ရွီးနဥ္ေတာင္မွ မစဥ္းစားဝံ့တဲ့ နာမည္ႀကီးအထက္တန္းေက်ာင္းတစ္ခုပဲ။

မူလ ရွီးနဥ္က စိတ္ႀကီးဝင္ၿပီး အတၱဆန္တဲ့ လူမ်ိဳးကိုမွ သြားႀကိဳက္ရတာတုန္း?? အဲ့ သူက ေန႔တိုင္း လူေတြနဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ရတာကို ႀကိဳက္တယ္ဆိုတာကိုေတာ့ ထည့္ေျပာစရာကိုမလိုေတာ့ဘူး။

စာသင္ေနရတာပဲမေကာင္းဘူးလား?

ဒီလိုမ်ိဳး ေကာင္းမြန္လွတဲ့ ပညာေရးအေထာက္အပံ့နဲ႔အတူ စာေလ့လာသင္ယူမယ္ဆိုတာကို မေတြးတတ္တဲ့ မူလ ရွီးနဥ္ အတြက္ စိတ္မေကာင္းေတာင္ျဖစ္မိတယ္။

အဲ့ေန႔ညမွာပဲ ရွီးနဥ္ က ဘာသာရပ္မ်ားစြာရဲ႕ အခ်က္အလက္အေၾကာင္းအရာေတြကို အေသးစိတ္ျပန္ေလ့လာသင္ယူတယ္။ ကံေကာင္းေထာက္မစြာနဲ႔ဘဲ သူမအရင္ဘဝကသင္ယူ‌ေလ့လာခဲ့ဖူးတဲ့အထက္တန္းေက်ာင္းစာအုပ္ထဲကစာေတြ ဘယ္အရာကိုမွ ေမ့မသြားခဲ့ဖူးဘူး။

ေနာက္တစ္ေန႔ အိမ္က ဒ႐ိုင္ဘာ က သူမကို ေက်ာင္းလိုက္ပို႔ေပးခဲ့တယ္။

သူမ ေဆး႐ုံကေန ျပန္လာရခဲ့တဲ့အတြက္ေၾကာင့္ ရွီးနဥ္ က မြန္းတည့္တဲ့အထိအိပ္ေပ်ာ္သြားခဲ့ၿပီး ေန႔လည္ခင္းပိုင္းမွ ေက်ာင္းကို သြားလိုက္‌ေတာ့သည္။

Rolls-Royce မွ ထြက္လာၿပီးတဲ့ေနာက္ အတင္းအဖ်င္းေျပာတဲ့အသံမ်ားစြာကိုၾကားလိုက္ရသည္။

လူတိုင္းက သူမကိုဝိုင္းၾကည့္ေနၾကသည္။

"အဲ... အဲ့တာ ရွီး မိသားစုက ရွီးနဥ္ မလား?"

"ဟုတ္တယ္ ဟုတ္တယ္ သူ ဘယ္လိုလုပ္ၿပီးေတာ့ ေက်ာင္းကို လာႏိုင္တာလဲမသိဘူး? ဟိုးတစ္ေလာကေတာင္ သူ႔ကိုယ္သူ သတ္ေသဖို႔ႀကံစည္ေသးတယ္မဟုတ္ဘူးလား?"

"ငါၾကားတာကေတာ့ သူမက နန္ေရွာင္းေကာ ဆီ ဖြင့္ေျပာတာ ဟိုက ျငင္းပစ္လိုက္လို႔ဆိုပဲ"

"ခ်မ္းသာတဲ့မိသားစုက ေမြးလာတာပဲရွိတယ္ တကယ္ေတာ့ သူက ဘာမွမဟုတ္ဘူး ဒါေပမဲ့ လွေတာ့လွတယ္ေနာ္ လွေတာ့လည္း ဘာထူးမွာလဲ သူ႔ရဲ႕အဆင့္ေတြက တစ္ႏွစ္ထက္တစ္ႏွစ္ပိုပိုၿပီး က်သြားတဲ့အျပင္ အက်င့္ကလဲမေကာင္းျပန္ဘူး နန္ေရွာင္းေကာ က ဘယ္လိုလုပ္ သူ႔ကိုႀကိဳက္မွာတုန္း??"

"သူက ကိုယ့္ကိုယ္ကို ဘာလို႔သတ္ေသဖို႔ႀကိဳးစားႏိုင္ရတာလဲ? ငါ့အထင္ေတာ့ သူ ဟန္ေဆာင္ေနတာပဲျဖစ္ရမယ္ သူက နန္ေရွာင္းေကာ ရဲ႕ ဂ႐ုစိုက္မႈနဲ႔ အခ်စ္ေတြကို လိုခ်င္လို႔ေလ အရွက္မရွိလိုက္တာ‌ေနာ္"

ထိုစကားသံေတြကိုၾကားၿပီးတဲ့ေနာက္ မူလ ရွီးနဥ္ က ဘာလို႔ သူ႔လက္ေကာက္ဝတ္ကိုသူျဖတ္ၿပီး သတ္ေသဖို႔ ႀကိဳးစားရလဲဆိုတာကို သူမ နားလည္လိုက္သည္။ ဘတ္စကတ္ေဘာၿပိဳင္ပြဲတြင္ နန္ေရွာင္း အႏိုင္ရရွိၿပီးတဲ့ေနာက္မွာ သူမက နန္ေရွာင္း ကို လူအမ်ားႀကီးေရွ႕မွာ ဖြင့္ေျပာခဲ့သည္။

ရလဒ္ကေတာ့ သူမ ပိုးစိုးပက္စက္ကို အျငင္းခံလိုက္ရတာပဲ။

သူမ ဒီဝတၳဳကိုဖတ္တုန္းက ရွီးနဥ္ က ဒီအျဖစ္အပ်က္(အတင္းေျပာခံရတာ)ကိုသည္းမခံႏိုင္တဲ့ပုံပဲလို႔ သူမခံစားမိတယ္။

မေမွ်ာ္လင့္စြာနဲ႔ပဲ သူမက အခုဆို ရွီးနဥ္ ေနရာကိုေရာက္ေနၿပီ။

ျပန္ေခ်ပဖို႔အတြက္က တအားပ်င္းလြန္းလွတယ္။

ရွီးနဥ္ က တိတ္တဆိတ္ လွည့္လိုက္ၿပီး အေဆာက္အဦးထဲကို ဝင္ေျပးသြားၿပီး ထိုအတင္းေျပာတဲ့အုပ္စုကို လ်စ္လ်ဴရႈဖို႔ပဲ ေ႐ြးခ်ယ္လိုက္ရေတာ့တယ္။

သူမက ခပ္ျမန္ျမန္ႀကီး ေျပးဝင္လိုက္မိတာေၾကာင့္ လူတစ္ေယာက္ရဲ႕ ရင္ဘတ္ကို မေတာ္တဆ ဝင္တိုက္မိသည္။

အႏွီလူရဲ႕ရင္ဘတ္ႀကီးဟာ ေတာင့္တင္းကာမာမာေက်ာေက်ာျဖစ္ၿပီး ရလဒ္အေနနဲ႔ေတာ့ ရွီးနဥ္ က ဝင္တိုက္ၿပီးေနာက္ ေကာင္းစြာကို မရပ္ႏိုင္ေတာ့ဘဲ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည္။

သူမက ေမာ့ၾကည့္လိုက္ေသာအခါ သူမ ဝင္တိုက္လိုက္တဲ့ သူက အရပ္ရွည္ရွည္ ခပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္ျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

တစ္ဘက္လူက စိတ္မရွည္စြာနဲ႔ဘဲ သူမရဲ႕မ်က္ႏွာကို ၾကည့္လိုက္သည္။

'ငါ့ကိုလာမရႈပ္နဲ႔ အေဝးသြားစမ္း'ဆိုၿပီး သူရဲ႕မ်က္ႏွာမွာ ေပၚလြင္ေနသည္။

ထို႔ေနာက္ ရွီးနဥ္ ထိုသူကိုမွတ္မိေစဖို႔ သူကိုယ္သူဖိအားေပးလိုက္သည္။

အိုး...ဒီလူက သိပ္မၾကာေသးခင္အခ်ိန္က မူလ ရွီးနဥ္ ကို ကိုယ့္ကိုယ္ကို သတ္ေသေစခဲ့တဲ့ အမ်ိဳးသားဇာတ္လိုက္မလား?....

အားးး ငါဝင္တိုက္မိတဲ့သူက နန္ေရွာင္းျဖစ္ေနတယ္!!

Thanks for READING 💟

*******


็ปง็ปญ้˜…่ฏป

You'll Also Like

3.7K 552 124
Heather Adams finds herself in sudden and inexplicable possession of superhuman capabilities. She does not understand the abilities or where they cam...
4.7K 80 72
English Translation Novel
Ponniyin Selvan oneshots ็”ฑ Mischief Managed

ๅŽ†ๅฒๅฐ่ฏด

11.4K 349 20
These oneshots are just some fanfictions based on the story of Ponniyin Selvan characters. Includes all the ships. #( ALL RIGHTS RESERVED) # โˆ† Reque...
5.3K 585 13
I don't own this story. I Just fun translation english to myanmar language. T/N- แ€’แ€ฎnovel แ€œแ€ฑแ€ธ แ€แ€ฌ แ€†แ€€แ€บแ€™แ€•แ€ผแ€”แ€บแ€แ€ฑแ€ฌแ€ทแ€•แ€ซแ€˜แ€ฐแ€ธแ€”แ€ฑแ€ฌแ€บแ‹ แ€•แ€ผแ€”แ€บแ€‘แ€ฌแ€ธแ€œแ€€แ€บแ€…แ€™แ€ญแ€ฏแ€ท แ€”แ€พแ€™แ€ผแ€ฑแ€ฌแ€œแ€ญแ€ฏแ€ท แ€™แ€–...