Final Boss Is No Joke

By Trio3amethys

238K 35.5K 1.2K

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသ... More

ရှီရှန်း
Arc-1.1
Arc-1.2
Arc-1.3
Arc-1.4
Arc-1.5
Arc-1.6
Arc-1.7
Arc-1.8
Arc-1.9
Arc-1.10
Arc-1.11
Arc-1.12
Arc-1.13
Arc-1.14
Arc-1.15
Arc-1.16
Arc-1.17
Arc-1.18
Arc-1.19
Arc.1.20
Arc.1 ending note
Arc-2.0
Arc-2.1
Arc-2.2
Arc-2.3
Arc-2.4
Arc-2.5
Arc-2.6
🎄Merry ✨Christmas 🎄
Arc-2.7
Arc-2.8
Arc-2.9
Arc-2.10
Arc-2.11
Arc-2.12
Arc-2.13
Arc-2.14
Not update
Arc-2.15
Arc-2.16
Arc-2.17
Arc-2.18
Arc-2.19
Arc-2.20
Arc-2.21
Arc-2.22
Arc-2.23
Arc-2.24
Arc-2.25
Arc-2.26
Arc-2.27
Arc-2.28
Arc-2.29
Arc-2.30
Arc-2.31
👋👋👋
Arc-3
Arc-3.1
Arc-3.2
Arc -3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8
Sorry in advance
Arc-3.9
Arc-3.10
Hello
Arc-3.11
Arc-3.12
Arc-3.13
Arc-3.14
Arc-3.15
Arc-3.17
Arc-3.18
Arc-3.19
Arc-3.20
Arc-3.21
Arc- 3.22
Arc-3.23
Arc-3.24

Arc-3.16

1.5K 281 7
By Trio3amethys

°°°Unicode °°°

"စကားပြောနေတာရပ်ပြီးသူမကိုမြန်မြန်တက်ပြီးဖမ်းကြစမ်းပါ!!"

အမိန့်ပေးလိုက်တာကြောင့်သူတို့က သူတို့လုပ်ရမယ့်အရာဆီပြန်ပြီးအာရုံစိုက်သွားကြတယ်

"ငါသူတို့ကိုဖမ်းမထားဘူး..ဒါပေမဲ့ဘယ်သူလုပ်တာလဲဆိုတာကို မင်းတို့သိချင်ရင်တော့ငါပြောပြပေးနိုင်တယ်...သိကြရဲ့လား"

ရှီရှန်းကပြုံးပြုံးကြီးနဲ့ပြန်ပြောတယ်

"မင်းမဟုတ်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါမျိုးတွေလုပ်တာ မင်းကလွဲပြီးဘယ်သူရှိသေးလို့လဲ"

သူတို့တွေဒီလိုပြောနေပေမဲ့မျက်နှာမှာတော့သံသယတွေနဲ့ပြည့်နေတယ်

ပြီးတော့အရာအားလုံးကိုအသေးစိတ်သိကြတာလည်းမဟုတ်ကြဘူးလေ

အဲဒါကြောင့် လုံ့ကျွယ်နဲ့ထုန်းတောင်ဂိုဏ်းချုပ်ပြောတာကို နားထောင်ရုံက လွဲပီးမတတ်နိုင်ကြဘူး

ယဲ့ချင်ချိုးကတော့ ကြောက်လန့်သွားပြီး သူမကိုစိုက်ကြည့်နေတဲ့ ရှီရှန်းကို ပြန်မော့ကြည့်လိုက်တယ်.

သူမကိုလှောင်ရယ်တဲ့ အပြုံးပြုံးပြ​နေတဲ့ ရှီရှန်း ရဲ့မျက်လုံးတွေက ရေသေလိုမျိုးတည်ငြိမ်နေတယ်

'ဒီမိန်းမသေကိုသေရမယ်!!'

"ရှန်းရှူ နင်ကများငါတို့ကို သွေးထိုးဖို့ကြံစည်နေတာလား"

ယဲ့ချင်ချိုးကစကားစပြောလိုက်တယ်

"အားလုံးပဲ..,သူကအချိန်ဆွဲနေတာ.အဲ့အတွက် အခွင့်ရေးမပေးလိုက်နဲ့"

သူမသတိပေးလိုက်တာကြောင့် လူတိုင်းကအသိတရားပြန်ဝင်လာတယ်.

ပြီးတော့အမှန်တရားက ဘာပဲ​ဖြစ်ဖြစ် သူမကအပြစ်တွေ အများကြီးကို ကျူးလွန်ထားတာမို့လို သူမကို ရှင်းထုတ်နိုင်ရင်လည်းအကျိုးအများကြီးရတယ်.

ဒါပေမဲ့ဖုန်းစီပြန်ရောက်လာရင် သူတို့ဘာမှဆက်လုပ်ရဲမှာမဟုတ်ဘူး

"ငါသူမကို မျှားခေါ်မယ်.မင်းတို့တွေအကုန်စက်ကွင်းပုံစံဖော်ကြ"

လုံ့ကျွယ်က အပေါ်ကို ခုန်တက်သွားပြီး ရှီရှန်းကို စတင်တိုက်ခိုက်တော့တယ်.

လုံ့ကျွယ်ရဲ့ကျင့်ကြံဆင့်တွေက ရှီရှန်းထက်မြင့်တဲ့အတွက်ကြောင့် ရှီရှန်းက အဆင့်မြင့်မှော်ပစ္စည်းတွေကို အသုံးပြုလည်း သူမကိုယ်သူမ အန္တရာယ်ကနေပဲ ကာကွယ်နိုင်ပြီးလုံ့ကျွယ်ကို ဒဏ်ရာရအောင် ချဥ်းကပ်ဖို့မဖြစ်နိုင်ဘူး

လုံ့ကျွယ်ကသူ့ရဲ့အစွမ်းတွေကို အကုန်အသုံးမပြုဘဲ ရှီရှန်းကို စက်ကွင်းရဲ့အလယ်ကိုရောက်အောင်သာ တွန်းပို့နေတယ်.

ရှီရှန်းက သူဘာလုပ်နေတယ်ဆိုတာကို ရိပ်မိတဲ့အတွက်ကြောင့် အဲ့နေရာကိုမရောက်အောင်နေတယ်.

သူမ ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ယဲ့ချင်ချိုးက အနောက်ကနေပေါ်လာပြီး တိုက်ခိုက်တော့တယ်

ရှီရှန်းက ရုတ်တရက်ခြေချော်သွားတာကိုအခွင့်ကောင်းယူပြီး လုံ့ကျွယ်က ရှီရှန်းကိုမြေပြင်ပေါ်ရောက်အောင် လေပွေတစ်ခုကိုပစ်လွှတ်လိုက်တယ်.

ရှီရှန်းကစက်ကွင်းထဲကို ရောက်သွားတဲ့အခါမှာ အလင်းတန်းတွေဖြာထွက်လာပြီး သူမကိုဖုံးအုပ်သွားတာ​ကြောင့် အပြင်ဘက်က လူတွေရဲ့မြင်ကွင်းကပါ အရမ်းကိုဝေဝါးသွားတယ်

' ဖာ့ခ်, ငါ့ကျင့်ကြံဆင့်တွေကအားနည်းနေသေးတာသိပါတယ်ဟ!!'

ရှီရှန်းက သူမကိုဖုံးအုပ်ထားတဲ့ အဖြူရောင်အလင်းတန်းတွေကို စိတ်ကသိကအောက်ဖြစ်စွာ ကြည့်ရင်း တွေးလိုက်တယ်

သူမက လက်ချောင်းထိပ်ကို ကိုက်ပြီးသွေးနဲ့လေထဲမှာ သ​​​ေင်္ကတတစ်ခုကို ဆွဲလိုက်တယ်.

သူမရဲ့မျက်နှာက ဖျော့တော့နေပေမဲ့.မျက်လုံးတွေကတည်ငြိမ်နေတုန်းပဲ

နောက်ဆုံးစုတ်ချက်ကို ဆွဲပြီးသွားတဲ့အခါမှာအလင်းတန်းတွေက ကွယ်ပျောက်သွားပြီးတော့အပြင်ဘက်ကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်

အပြင်ကသူတွေလည်း သူမကို ထင်ထင်ရှားရှားမြင်နေရတယ်

" အဲ့ဒါဘာကြီးလဲ!!"

ထုန်းတောင်ဂိုဏ်းချုပ်က ရှီရှန်းရဲ့အရှေ့မှာပျံနေတဲ့သွေးစာ စာလုံးကိုကြည့်ပြီးကြောင်နေတယ်

အနက်ရောင်ဝတ်ရုံအရှည်ကို ဝတ်ထားတဲ့သူမက စက်ကွင်းရဲ့အလယ်မှာ ပျံနေပြီးတော့ သူမရဲ့ပုံစံက မတူညီတဲ့သတ်ဖြတ်ခြင်းအတွက် ကျင့်ကြံခြင်းလောက က သူလိုမျိုးတည်ငြိမ်နေတယ် .

သူမရဲ့မျက်လုံးတွေက ကျယ်ဝန်းလာပြီး သူတို့လုပ်သမျှ အားလုံးကို ရယ်စရာ တစ်ခုအဖြစ်လို့သာ သတ်မှတ်နေတယ်.

သူမက အပြင်ဘက်က အသက်ရှူရပ်တော့မဲ့သူတွေကို လက်ညှိုးထိုးပြလိုက်တယ်

"ဒီနေ့အဖြစ်အပျက်ကို အားလုံးမှတ်မိလိမ့်မယ်လို့မျှော်လင့်ပါတယ်"

ရှီရှန်း ရဲ့အသံကို စက်ကွင်းရဲ့အပြင်ဘက်အခြေအနေကနေ ရှင်းရှင်းလင်းလင်းကြားရတယ် . အကာအရံက အနည်းငယ်အက်ကွဲနေပြီဆိုပေမဲ့ သူမအသံကိုရှင်းရှင်းလင်းလင်းကြားနေရတုန်းပဲ

ရှီရှန်းကစကားပြောပြီးတဲ့အခါမှာ လက်ညှိုးနဲ့အနီရောင်စာလုံးကို ထိလိုက်ပြီး အဖြူရောင်စက်ကွင်းကနေ အနီရောင်အဖြစ်ကိုပြောင်းသွားတယ်

ပတ်ဝန်းကျင်တစ်ခုလုံးက ဝေဝါးပြီး အမှောင်ကျသွားတယ်. အနီရောင်အလင်းတန်းတွေကြားမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားတဲ့ သူမကိုပဲ မြင်ရတယ်.

အဲ့အချိန်မှာ အရာအားလုံးက တိတ်ဆိတ်နေပြီးတော့ ရှီရှန်းကို ကြောက်ကြောက်လန့်လန့်ကြည့်နေကြတယ်

အရာအားလုံးက အနှေးကွက်နဲ့ပြနေတဲ့အတိုင်းပဲ. အနီရောင်အလင်းတန်းတွေက ရှီရှန်းကို မြင်ကွင်းကနေဖုံးကွယ်သွားတယ်.

ရှီရှန်းက လှောင်ရယ်တဲ့အပြုံးတစ်ခုကို ပြုံးပြလိုက်တယ်

ရှီရှန်းကို အနီရောင်အလင်းတန်းတွေ ဖုံးအုပ်လိုက်တဲ့အချိန် သူမဆီကိုတိုးဝင်လာတဲ့ ပုံရိပ်တစ်ခုကိုမြင်လိုက်တယ်

.........

ရှီရှန်းက အားထုတ်ပြီးတော့ သူမရင်ဘတ်ကသွေးထွက်နေတဲ့နေရာကို ဖိလိုက်တဲ့အခါမှာသူမပါးစပ်က သွေးတွေအန်ထွက်လာတယ်.

နှုတ်ခမ်းစွန်းထောင့်တစ်နေရာရဲ့သွေးတွေကို လက်နဲ့သုတ်လိုက်ပြီး အေးစက်စွာရေရွတ်လိုက်တယ်

" အဲတော့...ဇာတ်လိုက်နဲ့ဇာတ်လိုက်မရဲ့ လက်သဏ္ဍာန်နှစ်ခုပေါင်းဆုံရင် မြင်ကွင်းကိုဖျောက်ပစ်နိုင်တယ်ပေါ့ဟုတ်လားး.."

ရှီရှန်းက အဲ့အချိန်တုန်းကို တိုက်ကွက်ကိုရှောင်လိုက်လို့ရပေမဲ့ လုံ့ကျွယ်ရဲ့လေပွေထဲရောက်သွားလို့ သူမဘေးနားက လေတွေကခဲလာပြီးရှောင်ချိန်မရလိုက်ဘူး.

ပြီးတော့အဲ့တိုက်ကွက်က.......

"ဒီလိုအဆင့်မြင့်တိုက်ကွက်ကိုငါ့ကိုဖမ်းဖို့သုံးတယ်ဆိုတော့  ငါကိုအထင်မသေးဘူး ဆိုပြီးကျေးဇူးတင်ရတော့မှာပေါ့"

ရှီရှန်းက လေကိုခပ်ပြင်းပြင်း ရှူထုတ်လိုက်တယ်. သူမအတွင်းပိုင်းက တစ်စဆီ ဆွဲ​​ဖြဲခံနေရသလို ခံစားနေရတယ်.

ခနလောက် နေသားကြသွားတဲ့အခါမှာ ရှီရှန်းက ပတ်ဝန်းကျင်ကို စူးစမ်းတော့တယ်.

ဒီနေရာက ထူးဆန်းလိုက်တာ ကြည့်ရတာချောက်ကမ်းပါးရဲ့အစွန်းကို ရောက်နေတာနဲ့တူကာ အရမ်းကိုကျဥ်းမြောင်းပြီးတော့ နက်တယ်.

ဗြုန်းဆိုင်းကြီး ရောက်လာတဲ့ရှီရှန်းအတွက်တော့ ဒီနေရာကအပင်တွေအားလုံးကထူးဆန်းနေတယ်.

သူမခနလောက် ပြန်ဆန်းစစ်ပြီးတဲ့အခါမှာသူမရဲ့ကျင့်ကြံဆင့်တွေအကုန်လုံးလည်း ပျောက်ဆုံးသွားပြီဖြစ်တယ်

သူမကအဲတိုက်ကွက်ကို ရှန်းရှူ ရဲ့မှတ်ညဏ်တွေအထဲကနေ လေ့လာခဲ့တာဖြစ်တယ်.

အဲဒီသွေးစာလုံးက အသုံးပြုသူကိုမကောင်းဆိုးဝါးလောကရဲ့ ဂိတ်တံခါးကိုဖွင့်ပေးပြီး အသုံးပြုသူရဲ့ကျင့်ကြံမှုအဆင့်အားလုံးကို စုပ်ယူပစ်တယ်.

အဲ့လိုဂိတ်ကိုဖွင့်ဖို့ ပေးဆပ်ရတာကတော့ ကျင့်ကြံဆင့်အားလုံးကိုပဲ

ဟုတ်ပါတယ် သူမအခုရောက်နေတဲ့နေရာကတော့ မကောင်းဆိုးဝါးလောကပဲ

'အဲဒီတော့ဘာလဲ ဇာတ်ညွှန်းထဲကအတိုင်းဖြစ်နေတာလား,ပိုအရေးကြီးတာက ငါဒီကနေဘယ်လိုထွက်ရမှာလဲဟ!!နေစမ်းပါဦးးး..ငါတစ်ခုခုကိုမေ့နေသလိုပဲ.သေစမ်းး..အဲဒါဖုန်းစီဟ, အဲ့တုန်းကအဆုံးမှာ ငါ့ဆီပြေးဝင်လာတဲ့သူက ဖုန်းစီ ပဲ'

ပုံမှန်ဆိုရင် ဖုန်းစီက သူမနဲ့အတူ တွန်းဝင်လာတာ .

ဒါပေမဲ့ ဖုန်းစီကစွမ်းအား အရမ်းပြင်းလွန်းပြီးတော့ အခုရောက်နေတဲ့နေရာကအနည်းငယ်ကျယ်တယ်.

အကယ်၍သူသာ လိုက်လာမယ်ဆိုရင် သူမရဲ့မြင်ကွင်းထဲမှာပဲ ရှိနေရမှာ

ရှီရှန်း ကသူမရဲ့အားမရှိတဲ့ခန္ဓာကိုယ်ကို ဆွဲ ပြီး ဖုန်းစီကိုရှာဖို့ လုပ်တယ်.

အဆုံးမှာတော့ သူ့ကိုချောက်ကမ်းပါးရဲ့ထိပ်ဆုံးမှာ ပေါက်နေတဲ့ အနီရောင်ပန်းပင်ပေါ်မှာတွေ့လိုက်တယ်.

'အဲတော့ ငါကဒီယောက်ျားရင့်မာကြီးကိုကယ်ဖို့အတွက် ဒီလောက်အမြင့်ကြီးကို တက်စေချင်နေတာလားးးး!!ငါမလုပ်နိုင်ဖူးဟ!'

'System!!!ငါညစ်လို့မရဖူးလားး,ဒီတစ်ခါတော့တစ်ကယ်ကိုမရလို့ပါ,ငါဒီမှာတင်သေသွားလိမ့်မယ်

[အဲဒီတော့s ystemရဲ့မှော်ပစ္စည်းဆိုင်တွင်ပစ္စည်းဝယ်ယူလိုပါသလား]

ရှီရှန်း ".....",

"ငါညစ်ချင်တယ်!!"

[Hostတွင်စဥ်းစားချင်3စက္ကန့်ရှိပါသည်..ပစ္စည်းဝယ်ယူလိုပါသလားးး.ရေတွက်နေသည်..3....2....]

"ငါဝယ်မယ်...ဝယ်မယ်..သောက်ချီးး!!"

Screenတစ်ခု ပေါ်လာပြီးတော့ ရှီရှန်းကscanဖတ်လိုက်ပြီးတော့ သူမမျက်လုံးကပစ္စည်းတစ်ခုပေါ်ကို ရောက်သွားတယ်

'​​ကော်ဇောပျံ'

သူ့တန်ဖိုးက ရမှတ်2000

"သေစမ်းးး,နင်ဘဏ်ကိုသာဓားပြ သွားတိုက်လိုက်ပါတော့လား..,ပစ္စည်း လေးတစ်ခုဝယ်ဖို့ဘာလို့အဲလောက်တောင်စျေးကြီးနေရတာလဲ..,ငါနင့်ကိုမကျေနပ်မှုနဲ့ ကွန်ပလိန်းတပ်ရမယ်....ငါနင့်ကိုတရားစွဲမယ်!! '

[ဒီပစ္စည်း ကိုဝယ်ယူလိုပါသလား ]

'ဝယ်ရမယ်..ဟုတ်လားးနင့်ကြီးတော်ကြီး, ငါကတက္ကသိုလ်တက်ဖို့ ပိုက်ဆံစုနေရတဲ့အတိုင်းပဲဟယ်...ဝယ်မနေဘူး!!' ရှီရှန်းက စိတ်တိုတိုနဲ့ဆိုင်ကို ပိတ်လိုက်တယ်. ပြီးတော့သူမနောက်ကိုလှည့်ပြီး ချုံပုတ်တစ်ခုထဲက လှေကားကို ဆွဲထုတ်လိုက်တယ်

[အဲ....Host...ဒါကိုဘယ်ကနေရလာတာလဲ!!..]

ရှီရှန်းကဖုန်းစီကို အောက်ကို ချပေးပြီးတဲ့အခါမှာ သူမလည်း တစ်စစီ ဖြစ်တော့မလိုခံစားနေရတယ်..

.'အမေရေ....ငါလည်းဒဏ်ရာအတော်ရထားတာပဲ!!'

ရှီရှန်းက အဲ့ထူးဆန်းတဲ့အပင်တွေရဲ့ အနားမှာ ကြာကြာမနေရဲတာကြောင့် ဖုန်းစီကိုဆွဲခေါ်လာပြီး အပင်မရှိတဲ့နေရာမှာ ချထားလိုက်တယ်

ရှီရှန်းက ဖုန်းစီကို ချပေးပြီးတဲ့အခါမှာ မြေပြင်ပေါ်ဆောင့်ကြောင့် ထိုင်ပြီးတော့အသက်ကိုပြင်းပြင်း ရှူလိုက် ထုတ်လိုက် လုပ်တော့တယ်.

သူမအနည်းငယ်တော့ ချောင်းဆိုးပြီး ပါးစပ်ထဲက သွေးအရသာကြီးက သူမကိုနေထိုင်မကောင်းဖြစ်စေတယ်

[Host...ဒါကိုကြည့်ပြီးတော့ သင်ခန်းစာရမယ်လို့မျှော်လင့်ပါတယ် ပြီးတော့ဇာတ်လိုက်တွေရဲ့ကံတရားက အမြဲတမ်းဘက်လိုက်ခံရတယ်..,hostကဒီလောက ရဲ့လူမဟုတ်ဘူး..အဲဒါကြောင့်ဇာတ်လိုက်တွေကို သွားထိရင် ပြင်းထန်တဲ့ အပြစ်ဒဏ်ကိုခံရလိမ့်မယ်]

"အဲဒါဆိုလည်း ငါ့ကို သူတို့ကို လက်စားချေရမဲ့တာ၀န်တွေ ဘာလို့ပေးနေသေးလဲ??"

ရှီရှန်း ကဖုန်းစီရဲ့ပုံစံကိုမြင်ရတဲ့အခါမှာလေသံလျော့သွားတယ်

[System အရ ဒီအရာတွေကို ပြောလို့မရပါဘူး..,Host သတိရပါ,ဇာတ်လိုက်တွေအပေါ်မှာတိုက်ရိုက် တိုက်ခိုက်မှုမပြုပါနဲ့]

အေးစက်တဲ့အကြည့်တစ်ချက်က ရှီရှန်းရဲ့မျက်လုံးထဲမှာလင်းလက်သွားတယ်.

ဒီတစ်ခေါက်တော့သူမသင်ခန်းစာရသွားပြီ

#Dora💜 #Mia💙 #Anna💚
25th Feb 2021



°°°Zawgyi  °°°












'ဒီမိန်းမသေကိုသေရမယ်!!'

















သူမက လက်ချောင်းထိပ်ကို ကိုက်ပြီးသွေးနဲ့လေထဲမှာ သ​​​င်္ကေတတစ်ခုကို ဆွဲလိုက်တယ်.




" အဲ့ဒါဘာကြီးလဲ!!"













.........

























ရှီရှန်း ".....",

"ငါညစ်ချင်တယ်!!"




'​​ကော်ဇောပျံ'


"သေစမ်းးး,နင်ဘဏ်ကိုသာဓားပြ သွားတိုက်လိုက်ပါတော့လား..,ပစ္စည်း လေးတစ်ခုဝယ်ဖို့ဘာလို့အဲလောက်တောင်ဈေးကြီးနေရတာလဲ..,ငါနင့်ကိုမကျေနပ်မှုနဲ့ ကွန်ပလိန်းတပ်ရမယ်....ငါနင့်ကိုတရားစွဲမယ်!! '















#Dora💜 #Mia💙 #Anna💚
25th Feb 2021

Continue Reading

You'll Also Like

146K 15.8K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
385K 27.2K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
135K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022