Unicode
ဒီနေ့ နှင်းဆေးရုံကနေဆင်းတဲ့နေ့။
မင်းမြတ်ကတော့ ဟိုနေ့နောက်ပိုင်းတစ်ရက်မှရောက်မလာခဲ့ပေ။ဒီနေ့ဝဏရယ်ကြီးစန်းရယ် နှင်းကိုလာကြိုကြသည်။
"သမီးသက်သာတယ်မလား"
"ဟုတ်ကြီးစန်း သက်သာပါတယ်"
"ဆရာဝန်ကရောဘာမှာလိုက်သေးလဲ"
"ဆေးမှန်မှန်သောက်ဖို့ရယ် လက်ကဒဏ်ရာကိုအထိအခိုက်မခံဖို့ရယ်မှာလိုက်တယ်ကြီးစန်း"
"အော် ဟုတ်ပြီ သမီး"
အိမ်ပြန်ရောက်တော့မင်းမြတ်အိမ်မှာရှိမနေ။
"သမီးအခန်းထဲသွားနားတော့လေ အိမ်အလုပ်တွေမလုပ်နဲ့ဦး"
"ဟုတ် ကြီးစန်း"
နှင်းအခန်းထဲဝင်ပြီးအိပ်ယာပေါ်လှဲနေမိသည်။
အတွေးများစွာ နယ်ချဲရင်းနဲ့ပေါ့
မင်းမြတ် အကြောင်းစုံကိုရှင်းပြပြီးနောက်ပိုင်း နှင်းညဆိုရင်တောင်အိပ်မပျော်တော့။
တကယ်ဘဲ အမေတို့အဖေတို့ကအဲ့လိုလုပ်ခဲ့တာလား။
တကယ်သာဆိုရင် တော်တော်ရက်စက်ကြတာဘဲ။
တကယ်မဟုတ်ဖို့လည်းအကြိမ်ကြိမ်သာဆုတောင်းမိသည်။
ဒါပေမယ့် ဒီအချိန်မှာနှင်းလုပ်နိုင်တာဘာတစ်ခုမရှိ။မင်းမြတ်ကိုတောင်းပန်ရုံကလွဲပြီး။
"အဖေနဲ့အမေရယ် ဘာလို့ဒီလိုလုပ်ခဲ့တာလဲ"
---
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် နှင်းအိပ်ပျော်နေရာမှထပြီး တံခါးထဖွင့်လိုက်သည်။
"Boss ကခေါ်ခိုင်းလိုက်လို့ပါ"
"အော် ဟုတ်"
ဝဏ လာခေါ်တာကြောင့်နှင်းလည်းမင်းမြတ်ရှိရာကိုသွားလိုက်၏။
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့"
အခန်းထဲဝင်လာလိုက်တော့မင်းမြတ်နဲ့အတူမိန်းကလေးတစ်ဦး။ဆံပင်အတိုကိုမှဖြောင့်ထားပြီးအဝတ်အစားတွေက ခေတ်ဆန်ဆန် စကပ်အတိုနဲ့အပေါ်ကဂျင်းအင်္ကျီနဲ့ ရုပ်ရည်ကလည်းတော်တော်လှသည်။ အသားကလည်းဖွေးဥလို့။
"ခေါ်တယ်ဆိုလို့"
"အင်း ဧည့်သည်ရောက်ရောက်နေတာမိုလို့ ညစာပြင်ခိုင်းတာ"
"အော် ဟုတ်"
"သေသေချာချာလေးပြင်ပေး ဧည့်သည်ကငါ့အတွက် အရေးကြီးတဲ့သူမိုလို့"
ပြောပြီး မင်းမြတ်ဟိုအမျိုးသမီးကိုကြည့်ပြီးပြုံးသည်။
"ဟုတ် စိတ်ချပါ သေချာပြင်ပေးပါ့မယ်"
"အင်း သွားလို့ရပြီ"
"ဟုတ်ကဲ့"
နှင်းပြောပြီးလှည့်ပြန်လာတော့
"ရိန်ကလည်းရပါတယ် အဲ့လောက်ကြီးမလိုပါဘူး ရိုစီကဧည့်သည့်မှမဟုတ်တာ"
"မဟုတ်တာ ရိုစီကလည်းမင်းနဲ့ငါက ခုမှပြန်တွေ့တာကို ဒီလောက်တော့လုပ်ပေးရမှာပေါ့"
"ဟုတ်ပါပြီ ရိန်ရယ်"
'အော် သူတို့နှစ်ယောက်ကချစ်သူတွေထင်ပါတယ်'
အပြင်ရောက်တော့နှင်းတွေးမိလိုက်သည်။
_____/\_______/\_____
"ရိုစီ ထည့်စားနော်"
"အင်းပါ ရိန်လည်းထည့်စားနော်"
"အင်း"
"ဝါး စားကောင်းလိုက်တာမြန်မာပြည်မရောက်တာကြာလို့ မြန်မာစာကိုလွမ်းနေတာ ညီမကဟင်းချက်တော်တာဘဲ"
"အဲ့လောက်ကြီး မဟုတ်ပါဘူးရှင့်"
သူ နှင်းဘက်ကိုလှည့်ပြီးပြောလိုက်တော့ နှင်းလဲအလိုက်သင့်သာပြန်ဖြေလိုက်သည်။
"ရိုစီရယ် ဒီလက်ရာကပုံမှန်ပါဘဲ ရိုစီကမြန်မာစာမစားရတာကြာတော့ ဒါကိုကောင်းတယ်ထင်နေတာ ဒီထက်ကောင်းတာတွေအများကြီးရှိသေးတယ် လိုက်ကျွေးချင်တာကိုအချိန်မရလို့အိမ်မှာဘဲကျွေးလိုက်ရတာ"
"အဲ့ဒါဆိုလည်းနောက်မှလိုက်ကျွေးပေါ့"
"ဟုတ်ပါပြီ"
(ဒီနေရာမှာ နှင်းကသူတို့ထမင်းစားတာကို ဘေးနားမှာရပ်ပြီး စောင့်နေပေးရတာပါနော်)
"ရိန်ရေ ဒီနေ့ရိန့်ကျေးဇူးကြောင့်ရိုစီအရမ်းပျော်ခဲ့ရတယ် Thank you so much ပါရိန်"
"ရပါတယ်ကွာ အဲ့လောက်လည်းမဟုတ်ပါဘူး
ရိုစိပြန်တော့မှာမလားလိုက်ပို့ပေးမယ်"
"အင်း ပြန်မယ်လေ"
သူတို့နှစ်ယောက်ပြန်မယ်လုပ်တော့ နှင်းပန်းကန်တွေမြန်မြန်ဆေးပြီး အိမ်ရှေ့ကိုတံခါးဖွင့်ပေးဖို့ထွက်အလာမြင်လိုက်ရတာက
မင်းမြတ်နဲ့မရိုစီတို့ နမ်းနေကြတဲ့မြင်ကွင်း
"အာ ဒါငါမကြည့်သင့်ဘူး"
မမြင်ရအောင်ဟိုဘက်လှည့်နေလိုက်သည်။ဒါပေမယ့်စိတ်ထဲမှာတော့တစ်မျိုးပင်။
ခနကြာတော့သူတို့နှစ်ယောက်ထွက်သွားကြသည်။
နှင်းလည်းသူတို့နှစ်ယောက်ဘယ်လိုပတ်သက်လဲဆိုတာသိချင် တာနဲ့ဘဲ ကြီးစန်းကိုမေးကြည့်တော့
"သူတို့နှစ်ယောက်က အမေရိကမှာကျောင်းအတူတူတက်ရင်း ခင်ကြတာလေ"
"အော် သူတို့နှစ်ယောက်ကချစ်သူတွေလား"
"ဟုတ်ရင်လည်းဟုတ်မှာပေါ့ သမီးရယ် ကောင်မလေးကအဲ့လောက်လှတာ မင်းမြတ်ကမကြိုက်ဘဲဘယ်နေပါ့မတုန်း"
"ဟုတ်သားနော်"
'အေးလေ ချစ်သူတွေဘဲ နေမှာပေါ့'
--
အချိန်ည 11:30
နှင်းမင်းမြတ်ကိုပြောစရာရှိလို့စောင့်နေတာ။ ပြောစရာဆိုတာထက် တောင်းပန်စရာပေါ့။နှင်းမိဘတွေအစားသူ့ကို တောင်းပန်မလို့။
"ကျွီ"
"ပြန်လာပြီဘဲ"
နှင်းအပြေးအလွှားသွားပြီး တံခါးဖွင့်ပေး တံခါးပိတ်ပေး လုပ်ပြီးနောက်မင်းမြတ်ကအပေါ်ထပ်တက်မည်အလုပ်
"ခနလေးပါ ကျွန်မ ပြောစရာရှိလို့"
"ဘာပြောမှာဘဲ နောက်နေ့မှပြောငါဒီနေ့ပင်ပန်းနေလို့နားတော့မယ်"
"ခနလေးပါ ခနလေးဆိုရပါပြီ"
"အဲ့ဒါဆိုလည်း မြန်မြန်ပြော"
"ကျွန်မ ကျွန်မတောင်းပန်ပါတယ်"
"ဘာကိုလဲ"
"ကျွန်မမိဘတွေလုပ်ခဲ့တဲ့ကိစ္စအတွက်ပါ"
"အဟက်"
မင်းမြတ် မထိတထိရီလိုက်ပြီး
"မင်းဆီကတောင်ပန်မှာကို ငါမလိုချင်ဘူး
မင်းတောင်းပန်လိုက်လို့လဲငါ့မိဘတွေကပြန်ရှင်လာမှာမှမဟုတ်တာ"
"ဒါပေမယ့်-"
"အဲ့ဒါဘဲမလား"
အပေါ်တက်မယ်လုပ်တဲ့မင်းမြတ်လက်ကိုနှင်းဆွဲထားလိုက်ပြီး
"ကျွန်မဘာလုပ်ပေးရင်ရမလဲ ဘာလုပ်ပေးရင်ရှင်စိတ်ပြေမလဲဟင်"
"ငါလိုချင်တာ ငါလိုချင်တာကမင်းသေပေးဖို့ဘဲ"
"ဟင်"
"ဘာလဲ လန့်သွားတယ်မလား မင်းအသက်ကိုတော့မပေးနိုင်ဘူးမလား တော်လိုက်ကြရအောင်"
"ကျွန်မတကယ်သေပေးရင် ရှင်တကယ်စိတ်ပြေပြီး ကျွန်မမိဘတွေကိုခွင့်လွှတ်ပေးမှာလား"
"ဟင့်အင် မင်းဘာလုပ်လုပ်ငါမင်းမိဘတွေလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး ငါသေတဲ့အထိ"
"ရှင်"
"တော်ပါတော့ကွာ ငါဆက်နားမထောင်ချင်တော့ဘူး"
"အခွင့်အရေးတော့ အခွင့်အရေးတော့ပေးပါ ကျွန်မမိဘတွေ ကိစ္စအတွက် ကျွန်မတစ်ခုခုတော့လုပ်ပေးချင်လို့ပါ"
"မင်းတစ်ခုခုလုပ်ပေးချင်တာလား? အဲ့ဒါဆိုငါခိုင်းတာတစ်ခု လုပ်မလား"
"အင်း ဘာလဲဟင် ရှင်းခိုင်းမှာက"
မင်းမြတ်နှင်းကိုနံရံမှာဆွဲကပ်လိုက်ပြီး
"ဒါ"
မင်းမြတ် နှင်းရဲ့နှုတ်ခမ်းတွေကိုစုတ်ယူနမ်းရှိုက်လိုက်သည်။
သူအားနဲ့ ဖိကပ်ထားကြောင့်နှင်းရုန်းလို့ပင်မရ။
အနမ်းကြမ်းတွေနဲ့အတူတစ်လွှာချင်းတစ်လွှာချင်းနမ်းရှိုက်နေတဲ့ဝိုင်အရသာပြင်းပြင်းစွဲကပ်နေတဲ့အနမ်းတို့။
နှင်းရဲ့နှုတ်ခမ်းတွေကချိုမြိန်လွန်းတာကြောင့်မင်းမြတ် တော်တော်နဲ့မရပ်တန့်နိုင်။တစ်လွှာချင်း တစ်လွှာချင်းဆီကို သိမ်းပိုက်နေ၏။
အနမ်းတွေကြာလာတာနဲ့အမျှ နှင်းနှုတ်ခမ်းတွေနာလာပြီးအသက်ရှုပင်မဝတော့။
တော်တော်ကြာမှမင်းမြတ် နှင်းကိုလွှတ်ပေးလိုက်သည်။
"ရပြီ"
ပြောပြီး မင်းမြတ်အပေါ်ထပ်ကိုတက်သွား၏။
မျက်နှာမှာတော့ အနိုင်ရသူပမာအပြုံးတွေနှင့်။
မင်းမြတ်လွှတ်ပေးတော့မှ နှင်းအသက်ဝဝရှူရတော့သည်။
အသက်ကိုဝဝရှူရင်း အရမ်းကိုခုန်နေတဲ့နှလုံးကိုလည်းဖိထားရသေးသည်။
ဘယ်လိုလူမှန်းမသိဘူး
_____/\_______/\_______
မနေ့ကသောက်ထားတဲ့အရှိန်ကြောင့်အိပ်ယာနိုးတော့ ခေါင်းကနည်းနည်းမူးနေသည်။
မနေ့ကတစ်ခုခုဖြစ်ထားတယ်ဆိုတာကိုမသိစိတ်ကအလိုလို သိနေတာကြောင့် သေချာစဉ်းစားကြည့်ခါကျမှမနေ့ညက ဖြစ်ခဲ့တာကိုပြန်သတိရတော့၏။
ကိုယ့်နှုတ်ခမ်ကိုကိုင်ရင်းပြုံးနေမိသည်။
"ချိုတယ်"
နှင်း ညကဖြစ်ရပ်ကြောင့်တော်တော်နဲ့အိပ်မပျော်ဘဲမိုးလင်းခါနီးကျမှအိပ်ပျော်သွားတော့ ခုအိပ်ရေးမဝဘူးဖြစ်နေ၏။
လူကတစ်ဝါးဝါးသမ်းရင်းဖြင့်လုပ်စရာရှိတာတွေကိုလုပ်နေ၏။
မင်းမြတ်အပေါ်ကနေဆင်းလာပြီးမနက်စာစားဖို့ စားပွဲဝိုင်းကို ဝင်ထိုင်လိုက်တော့ အလိုက်တသိဘဲနှင်းကမုန့်တွေနဲ့ကော်ဖီ ချပေးသည်။
နှင်းသာမလုံမလဲဖြစ်နေတာ သူကတော့ဘယ်လိုမှမနေ။ဘာမှမဖြစ်ခဲ့တဲ့သူအတိုင်းဘဲ။
မနက်စာကော်ဖီနဲ့မုန့်ကိုစားရင်း ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်တော့
"အင်းပြော"
"ဘာ ရှာတွေ့ပြီ!"
________________________
အားလုံးဘဲ ဂရုစိုက်ကြပါနော်💖🙆
***********************
Zawgyi
ဒီေန႕ ႏွင္းေဆး႐ုံကေနဆင္းတဲ့ေန႕။
မင္းျမတ္ကေတာ့ ဟိုေန႕ေနာက္ပိုင္းတစ္ရက္မွေရာက္မလာခဲ့ေပ။ဒီေန႕ဝဏရယ္ႀကီးစန္းရယ္ ႏွင္းကိုလာႀကိဳၾကသည္။
"သမီးသက္သာတယ္မလား"
"ဟုတ္ႀကီးစန္း သက္သာပါတယ္"
"ဆရာဝန္ကေရာဘာမွာလိုက္ေသးလဲ"
"ေဆးမွန္မွန္ေသာက္ဖို႔ရယ္ လက္ကဒဏ္ရာကိုအထိအခိုက္မခံဖို႔ရယ္မွာလိုက္တယ္ႀကီးစန္း"
"ေအာ္ ဟုတ္ၿပီ သမီး"
အိမ္ျပန္ေရာက္ေတာ့မင္းျမတ္အိမ္မွာရွိမေန။
"သမီးအခန္းထဲသြားနားေတာ့ေလ အိမ္အလုပ္ေတြမလုပ္နဲ႕ဦး"
"ဟုတ္ ႀကီးစန္း"
ႏွင္းအခန္းထဲဝင္ၿပီးအိပ္ယာေပၚလွဲေနမိသည္။
အေတြးမ်ားစြာ နယ္ခ်ဲရင္းနဲ႕ေပါ့
မင္းျမတ္ အေၾကာင္းစုံကိုရွင္းျပၿပီးေနာက္ပိုင္း ႏွင္းညဆိုရင္ေတာင္အိပ္မေပ်ာ္ေတာ့။
တကယ္ဘဲ အေမတို႔အေဖတို႔ကအဲ့လိုလုပ္ခဲ့တာလား။
တကယ္သာဆိုရင္ ေတာ္ေတာ္ရက္စက္ၾကတာဘဲ။
တကယ္မဟုတ္ဖို႔လည္းအႀကိမ္ႀကိမ္သာဆုေတာင္းမိသည္။
ဒါေပမယ့္ ဒီအခ်ိန္မွာႏွင္းလုပ္နိုင္တာဘာတစ္ခုမရွိ။မင္းျမတ္ကိုေတာင္းပန္႐ုံကလြဲၿပီး။
"အေဖနဲ႕အေမရယ္ ဘာလို႔ဒီလိုလုပ္ခဲ့တာလဲ"
---
"ေဒါက္ ေဒါက္ ေဒါက္"
တံခါးေခါက္သံေၾကာင့္ ႏွင္းအိပ္ေပ်ာ္ေနရာမွထၿပီး တံခါးထဖြင့္လိုက္သည္။
"Boss ကေခၚခိုင္းလိုက္လို႔ပါ"
"ေအာ္ ဟုတ္"
ဝဏ လာေခၚတာေၾကာင့္ႏွင္းလည္းမင္းျမတ္ရွိရာကိုသြားလိုက္၏။
"ေဒါက္ ေဒါက္ ေဒါက္"
"ဝင္ခဲ့"
အခန္းထဲဝင္လာလိုက္ေတာ့မင္းျမတ္နဲ႕အတူမိန္းကေလးတစ္ဦး။ဆံပင္အတိုကိုမွေျဖာင့္ထားၿပီးအဝတ္အစားေတြက ေခတ္ဆန္ဆန္ စကပ္အတိုနဲ႕အေပၚကဂ်င္းအကၤ်ီနဲ႕ ႐ုပ္ရည္ကလည္းေတာ္ေတာ္လွသည္။ အသားကလည္းေဖြးဥလို႔။
"ေခၚတယ္ဆိုလို႔"
"အင္း ဧည့္သည္ေရာက္ေရာက္ေနတာမိုလို႔ ညစာျပင္ခိုင္းတာ"
"ေအာ္ ဟုတ္"
"ေသေသခ်ာခ်ာေလးျပင္ေပး ဧည့္သည္ကငါ့အတြက္ အေရးႀကီးတဲ့သူမိုလို႔"
ေျပာၿပီး မင္းျမတ္ဟိုအမ်ိဳးသမီးကိုၾကည့္ၿပီးၿပဳံးသည္။
"ဟုတ္ စိတ္ခ်ပါ ေသခ်ာျပင္ေပးပါ့မယ္"
"အင္း သြားလို႔ရၿပီ"
"ဟုတ္ကဲ့"
ႏွင္းေျပာၿပီးလွည့္ျပန္လာေတာ့
"ရိန္ကလည္းရပါတယ္ အဲ့ေလာက္ႀကီးမလိုပါဘူး ရိုစီကဧည့္သည့္မွမဟုတ္တာ"
"မဟုတ္တာ ရိုစီကလည္းမင္းနဲ႕ငါက ခုမွျပန္ေတြ႕တာကို ဒီေလာက္ေတာ့လုပ္ေပးရမွာေပါ့"
"ဟုတ္ပါၿပီ ရိန္ရယ္"
'ေအာ္ သူတို႔ႏွစ္ေယာက္ကခ်စ္သူေတြထင္ပါတယ္'
အျပင္ေရာက္ေတာ့ႏွင္းေတြးမိလိုက္သည္။
_____/\_______/\_____
"ရိုစီ ထည့္စားေနာ္"
"အင္းပါ ရိန္လည္းထည့္စားေနာ္"
"အင္း"
"ဝါး စားေကာင္းလိုက္တာျမန္မာျပည္မေရာက္တာၾကာလို႔ ျမန္မာစာကိုလြမ္းေနတာ ညီမကဟင္းခ်က္ေတာ္တာဘဲ"
"အဲ့ေလာက္ႀကီး မဟုတ္ပါဘူးရွင့္"
သူ ႏွင္းဘက္ကိုလွည့္ၿပီးေျပာလိုက္ေတာ့ ႏွင္းလဲအလိုက္သင့္သာျပန္ေျဖလိုက္သည္။
"ရိုစီရယ္ ဒီလက္ရာကပုံမွန္ပါဘဲ ရိုစီကျမန္မာစာမစားရတာၾကာေတာ့ ဒါကိုေကာင္းတယ္ထင္ေနတာ ဒီထက္ေကာင္းတာေတြအမ်ားႀကီးရွိေသးတယ္ လိုက္ေကြၽးခ်င္တာကိုအခ်ိန္မရလို႔အိမ္မွာဘဲေကြၽးလိုက္ရတာ"
"အဲ့ဒါဆိုလည္းေနာက္မွလိုက္ေကြၽးေပါ့"
"ဟုတ္ပါၿပီ"
(ဒီေနရာမွာ ႏွင္းကသူတို႔ထမင္းစားတာကို ေဘးနားမွာရပ္ၿပီး ေစာင့္ေနေပးရတာပါေနာ္)
"ရိန္ေရ ဒီေန႕ရိန႔္ေက်းဇူးေၾကာင့္ရိုစီအရမ္းေပ်ာ္ခဲ့ရတယ္ Thank you so much ပါရိန္"
"ရပါတယ္ကြာ အဲ့ေလာက္လည္းမဟုတ္ပါဘူး
ရိုစိျပန္ေတာ့မွာမလားလိုက္ပို႔ေပးမယ္"
"အင္း ျပန္မယ္ေလ"
သူတို႔ႏွစ္ေယာက္ျပန္မယ္လုပ္ေတာ့ ႏွင္းပန္းကန္ေတြျမန္ျမန္ေဆးၿပီး အိမ္ေရွ႕ကိုတံခါးဖြင့္ေပးဖို႔ထြက္အလာျမင္လိုက္ရတာက
မင္းျမတ္နဲ႕မရိုစီတို႔ နမ္းေနၾကတဲ့ျမင္ကြင္း
"အာ ဒါငါမၾကည့္သင့္ဘူး"
မျမင္ရေအာင္ဟိုဘက္လွည့္ေနလိုက္သည္။ဒါေပမယ့္စိတ္ထဲမွာေတာ့တစ္မ်ိဳးပင္။
ခနၾကာေတာ့သူတို႔ႏွစ္ေယာက္ထြက္သြားၾကသည္။
ႏွင္းလည္းသူတို႔ႏွစ္ေယာက္ဘယ္လိုပတ္သက္လဲဆိုတာသိခ်င္ တာနဲ႕ဘဲ ႀကီးစန္းကိုေမးၾကည့္ေတာ့
"သူတို႔ႏွစ္ေယာက္က အေမရိကမွာေက်ာင္းအတူတူတက္ရင္း ခင္ၾကတာေလ"
"ေအာ္ သူတို႔ႏွစ္ေယာက္ကခ်စ္သူေတြလား"
"ဟုတ္ရင္လည္းဟုတ္မွာေပါ့ သမီးရယ္ ေကာင္မေလးကအဲ့ေလာက္လွတာ မင္းျမတ္ကမႀကိဳက္ဘဲဘယ္ေနပါ့မတုန္း"
"ဟုတ္သားေနာ္"
'ေအးေလ ခ်စ္သူေတြဘဲ ေနမွာေပါ့'
--
အခ်ိန္ည 11:30
ႏွင္းမင္းျမတ္ကိုေျပာစရာရွိလို႔ေစာင့္ေနတာ။ ေျပာစရာဆိုတာထက္ ေတာင္းပန္စရာေပါ့။ႏွင္းမိဘေတြအစားသူ႕ကို ေတာင္းပန္မလို႔။
"ကြၽီ"
"ျပန္လာၿပီဘဲ"
ႏွင္းအေျပးအလႊားသြားၿပီး တံခါးဖြင့္ေပး တံခါးပိတ္ေပး လုပ္ၿပီးေနာက္မင္းျမတ္ကအေပၚထပ္တက္မည္အလုပ္
"ခနေလးပါ ကြၽန္မ ေျပာစရာရွိလို႔"
"ဘာေျပာမွာဘဲ ေနာက္ေန႕မွေျပာငါဒီေန႕ပင္ပန္းေနလို႔နားေတာ့မယ္"
"ခနေလးပါ ခနေလးဆိုရပါၿပီ"
"အဲ့ဒါဆိုလည္း ျမန္ျမန္ေျပာ"
"ကြၽန္မ ကြၽန္မေတာင္းပန္ပါတယ္"
"ဘာကိုလဲ"
"ကြၽန္မမိဘေတြလုပ္ခဲ့တဲ့ကိစၥအတြက္ပါ"
"အဟက္"
မင္းျမတ္ မထိတထိရီလိုက္ၿပီး
"မင္းဆီကေတာင္ပန္မွာကို ငါမလိုခ်င္ဘူး
မင္းေတာင္းပန္လိုက္လို႔လဲငါ့မိဘေတြကျပန္ရွင္လာမွာမွမဟုတ္တာ"
"ဒါေပမယ့္-"
"အဲ့ဒါဘဲမလား"
အေပၚတက္မယ္လုပ္တဲ့မင္းျမတ္လက္ကိုႏွင္းဆြဲထားလိုက္ၿပီး
"ကြၽန္မဘာလုပ္ေပးရင္ရမလဲ ဘာလုပ္ေပးရင္ရွင္စိတ္ေျပမလဲဟင္"
"ငါလိုခ်င္တာ ငါလိုခ်င္တာကမင္းေသေပးဖို႔ဘဲ"
"ဟင္"
"ဘာလဲ လန႔္သြားတယ္မလား မင္းအသက္ကိုေတာ့မေပးနိုင္ဘူးမလား ေတာ္လိုက္ၾကရေအာင္"
"ကြၽန္မတကယ္ေသေပးရင္ ရွင္တကယ္စိတ္ေျပၿပီး ကြၽန္မမိဘေတြကိုခြင့္လႊတ္ေပးမွာလား"
"ဟင့္အင္ မင္းဘာလုပ္လုပ္ငါမင္းမိဘေတြလုံးဝခြင့္လႊတ္မွာမဟုတ္ဘူး ငါေသတဲ့အထိ"
"ရွင္"
"ေတာ္ပါေတာ့ကြာ ငါဆက္နားမေထာင္ခ်င္ေတာ့ဘူး"
"အခြင့္အေရးေတာ့ အခြင့္အေရးေတာ့ေပးပါ ကြၽန္မမိဘေတြ ကိစၥအတြက္ ကြၽန္မတစ္ခုခုေတာ့လုပ္ေပးခ်င္လို႔ပါ"
"မင္းတစ္ခုခုလုပ္ေပးခ်င္တာလား? အဲ့ဒါဆိုငါခိုင္းတာတစ္ခု လုပ္မလား"
"အင္း ဘာလဲဟင္ ရွင္းခိုင္းမွာက"
မင္းျမတ္ႏွင္းကိုနံရံမွာဆြဲကပ္လိုက္ၿပီး
"ဒါ"
မင္းျမတ္ ႏွင္းရဲ႕ႏႈတ္ခမ္းေတြကိုစုတ္ယူနမ္းရွိုက္လိုက္သည္။
သူအားနဲ႕ ဖိကပ္ထားေၾကာင့္ႏွင္း႐ုန္းလို႔ပင္မရ။
အနမ္းၾကမ္းေတြနဲ႕အတူတစ္လႊာခ်င္းတစ္လႊာခ်င္းနမ္းရွိုက္ေနတဲ့ဝိုင္အရသာျပင္းျပင္းစြဲကပ္ေနတဲ့အနမ္းတို႔။
ႏွင္းရဲ႕ႏႈတ္ခမ္းေတြကခ်ိဳၿမိန္လြန္းတာေၾကာင့္မင္းျမတ္ ေတာ္ေတာ္နဲ႕မရပ္တန႔္နိုင္။တစ္လႊာခ်င္း တစ္လႊာခ်င္းဆီကို သိမ္းပိုက္ေန၏။
အနမ္းေတြၾကာလာတာနဲ႕အမွ် ႏွင္းႏႈတ္ခမ္းေတြနာလာၿပီးအသက္ရႈပင္မဝေတာ့။
ေတာ္ေတာ္ၾကာမွမင္းျမတ္ ႏွင္းကိုလႊတ္ေပးလိုက္သည္။
"ရၿပီ"
ေျပာၿပီး မင္းျမတ္အေပၚထပ္ကိုတက္သြား၏။
မ်က္ႏွာမွာေတာ့ အနိုင္ရသူပမာအၿပဳံးေတြႏွင့္။
မင္းျမတ္လႊတ္ေပးေတာ့မွ ႏွင္းအသက္ဝဝရႉရေတာ့သည္။
အသက္ကိုဝဝရႉရင္း အရမ္းကိုခုန္ေနတဲ့ႏွလုံးကိုလည္းဖိထားရေသးသည္။
ဘယ္လိုလူမွန္းမသိဘူး
_____/\_______/\_______
မေန႕ကေသာက္ထားတဲ့အရွိန္ေၾကာင့္အိပ္ယာနိုးေတာ့ ေခါင္းကနည္းနည္းမူးေနသည္။
မေန႕ကတစ္ခုခုျဖစ္ထားတယ္ဆိုတာကိုမသိစိတ္ကအလိုလို သိေနတာေၾကာင့္ ေသခ်ာစဥ္းစားၾကည့္ခါက်မွမေန႕ညက ျဖစ္ခဲ့တာကိုျပန္သတိရေတာ့၏။
ကိုယ့္ႏႈတ္ခမ္ကိုကိုင္ရင္းၿပဳံးေနမိသည္။
"ခ်ိဳတယ္"
ႏွင္း ညကျဖစ္ရပ္ေၾကာင့္ေတာ္ေတာ္နဲ႕အိပ္မေပ်ာ္ဘဲမိုးလင္းခါနီးက်မွအိပ္ေပ်ာ္သြားေတာ့ ခုအိပ္ေရးမဝဘူးျဖစ္ေန၏။
လူကတစ္ဝါးဝါးသမ္းရင္းျဖင့္လုပ္စရာရွိတာေတြကိုလုပ္ေန၏။
မင္းျမတ္အေပၚကေနဆင္းလာၿပီးမနက္စာစားဖို႔ စားပြဲဝိုင္းကို ဝင္ထိုင္လိုက္ေတာ့ အလိုက္တသိဘဲႏွင္းကမုန႔္ေတြနဲ႕ေကာ္ဖီ ခ်ေပးသည္။
ႏွင္းသာမလုံမလဲျဖစ္ေနတာ သူကေတာ့ဘယ္လိုမွမေန။ဘာမွမျဖစ္ခဲ့တဲ့သူအတိုင္းဘဲ။
မနက္စာေကာ္ဖီနဲ႕မုန႔္ကိုစားရင္း ဖုန္းဝင္လာတာေၾကာင့္ကိုင္လိုက္ေတာ့
"အင္းေျပာ"
"ဘာ ရွာေတြ႕ၿပီ!"
________________________
အားလုံးဘဲ ဂ႐ုစိုက္ၾကပါေနာ္💖🙆