{Zawgyi}
•ေကာ ကြၽန္ေတာ္ ဒီမွာရွိတယ္! မေၾကာက္နဲ႔!•
အရမ္းကို... ရင္းႏွီးေနတဲ့ စကားႀကီး!
ဒီလိုစကားကို ၾကားရေလာက္တဲ့အေနအထားေရာက္သြားလိမ့္မယ္လို႔ လင္ရွန္း ဘယ္တုန္းကမွ ထင္မထားခဲ့ဘူး။
သူ႔ခမ်ာ ေျပာစရာစကားေတာင္မရွိေတာ့ဘူး!
ေမာ့က်ဴးခ်န္ရဲ႕ႏွာတံရွည္ရွည္ကလည္း သူ႔ပါးျပင္တစ္ေလွ်ာက္ ဘာလိုလိုနဲ႔ပြတ္တိုက္သြားတယ္။
တဖက္လူရဲ႕ေပါ့ပါးတဲ့အသက္ရႈေငြ႕က သူ႔နားကို ႐ိုက္ခတ္ေနေတာ့တယ္။
သူတို႔ေတြက အရမ္းကိုနီးကပ္ေနၿပီး တစ္ဖက္လူရဲ႕ရင္ခြင္က အေႏြးဓာတ္တစ္ခုတည္းတင္ လင္ရွန္းခံစားမိေနတာမဟုတ္ဘူး။
ေမာ့က်ဴးခ်န္ရင္ဘတ္ထဲက ျပင္းထန္တဲ့ 'ႏွလုံးခုန္သံ'ကိုေတာင္ ၾကားေနရၿပီး အဲ့တာက ျမန္သထက္ ျမန္လာတယ္...
"အဲ့ေတာ့..." လင္ရွန္း ႏႈတ္ခမ္းသပ္လိုက္ကာ "သင္ခန္းစာသင္ယူဖို႔ မင္းကတိေပးလိုက္တာလား?"
သူတကယ္ကို ေသာကပင္လယ္ေဝေနၿပီ!
လက္ရွိအခ်ိန္က စီနီယာႏွစ္ဝက္ရဲ႕ ပထမဆုံးလပတ္စာေမးပြဲျဖစ္တယ္။
ေ႐ႊေရာင္ေႏြဦးက်ေရာက္တဲ့ ေအာက္တိုဘာလေလး!
ေကာလိပ္ဝင္စာေမးပြဲေျဖဖို႔ ရွစ္လေလာက္သာလိုေတာ့တယ္။
သူတို႔အခုခ်ိန္မွ အျပင္းအထန္ႀကိဳးစားမယ္ဆိုရင္ေတာင္ စုတ်န္းတ်န္းေရာ ေမာ့က်ဴးခ်န္ပါ ငါးခန္း ဒါမွမဟုတ္ သုံးခန္းကို အျပတ္ျဖတ္ႏိုင္ၾကမွာမဟုတ္ဘူး။
ေမာ့က်ဴးခ်န္ မ်က္လုံးေတြကို ေမွးက်ဥ္းထားလိုက္တယ္။
စစခ်င္းတုန္းကေတာ့ လင္ရွန္းဒီလိုေတြလုပ္ေနတာက သူ႔ရဲ႕အာ႐ုံစိုက္မႈကို လိုခ်င္တာေၾကာင့္လို႔ပဲ သူထင္ခဲ့တယ္။
တစ္ဖက္လူက သူထင္ထားတာထက္ ပိုၿပီးစိတ္ဝင္စားစရာေကာင္းလိမ့္မယ္လို႔ ထင္မထားဘူး။
သူက ျပဇာတ္တစ္ခုလုံး ကျပခ်င္တာလား?
"အင္း" ေမာ့က်ဴးခ်န္ လင္ရွန္းကို လႊတ္ေပးလိုက္တယ္။
ဘယ္လိုေနေန ခုေနာက္ပိုင္း သူလည္း အေတာ္ေလးပ်င္းေနတာေၾကာင့္ ပ်င္းေနတာေတြေပ်ာက္သြားေအာင္ ဒီလူပ်က္ေလးကို ေကာင္းေကာင္းအသုံးခ်ရမယ္။
"စုတ်န္းတ်န္းလည္း လာရမယ္!" လင္ရွန္းက 'တစ္လက္မေလာက္ရၿပီးတာနဲ႔ ၿခံထဲထိပါတိုးလာ'ဆိုတဲ့အတိုင္း ေနာက္တစ္ခု ေတာင္းဆိုလိုက္တယ္။
စုတ်န္းတ်န္းက ေျပာရဆိုရခက္လိမ့္မယ္လို႔ သူခံစားမိတယ္။
ေမာ့က်ဴးခ်န္ကေတာ့ သူ႔ထက္ပိုၿပီး ေကာင္းေကာင္းေျပာႏိုင္လိမ့္မယ္။
အဆုံးမွာ သူမက ၀တၳဳထဲက ေခါင္းမာ၊ အေလွ်ာ့မေပးတတ္ဘဲ အင္အားအျပည့္နဲ႔ ဇာတ္လိုက္မတစ္ေယာက္ပဲေလ။
ၿပီးေတာ့ ေမာ့က်ဴးခ်န္က သူမကို သူ႔ရဲ႕'သီးသန႔္အေစခံ'အျဖစ္ တစ္ႀကိမ္အတင္းအက်ပ္လုပ္ခိုင္းဖူးေသးတယ္။
ေမာ့က်ဴးခ်န္ "..."
လင္ရွန္းက သူ႔ကိုေမွ်ာ္လင့္တႀကီးနဲ႔ၾကည့္လိုက္တယ္ "စုတ်န္းတ်န္း စာ႐ြက္ျပန္အပ္ၿပီး ထြက္လာတာကို ေစာင့္ၾကတာေပါ့ ၿပီးရင္ ဒီေန႔ကေန စၾကတာေပါ့ ဟုတ္ၿပီလား?"
တျခားေက်ာင္းသားေတြကို ဒီလိုေတာင္းဆိုမႈလုပ္ရမွာကို သူနည္းနည္းေတာ့ရွက္တယ္။
သူတို႔က တေလာကေလးတင္ ေကာလိပ္ဝင္စာေမးပြဲလို ပုံစံတူလပတ္စာေမးပြဲ ေျခာက္ခုေျဖၿပီးထားတာျဖစ္တယ္။
ေက်ာင္းသားေတြ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ နားရက္ႏွစ္ရက္ေပးထားတယ္။
ဒါေပမယ့္ ခုေလးတင္ေျဖလိုက္ရတဲ့ ႐ူပေဗဒစစ္ေဆးတဲ့စာ႐ြက္မွာေတာ့ ေမာ့က်ဴးခ်န္က နာမည္ပဲေရးၿပီး စာ႐ြက္အလြတ္ျပန္အပ္လိုက္တာျဖစ္တယ္။
ေမးခြန္းေလးတစ္ခုေတာင္မေျဖႏိုင္တဲ့လူေတြအဖို႔ေတာ့ ေနာက္ရွစ္လေနရင္ေျဖရမယ့္ ဝင္ခြင့္စာေမးပြဲမတိုင္ခင္အထိ တစ္ခ်က္ကေလးေတာင္ နားဖို႔မထိုက္တန္ဘူး။
ေမာ့က်ဴးခ်န္ "..."
အတန္းထဲမွာ သူမရဲ႕စာေမးပြဲစာ႐ြက္ကိုပဲ အာ႐ုံစိုက္ၿပီးေျဖေနတဲ့ စုတ်န္းတ်န္းတစ္ေယာက္ ႐ုတ္တရက္ဆိုသလို ေက်ာ႐ိုးတစ္ေလွ်ာက္ ေအးစိမ့္သြားတယ္။
မထိန္းႏိုင္ေလာက္ေအာင္လည္း တုန္ရီလာတယ္။ [ T/N : စာလုပ္ရေတာ့မယ္ဆို အသံေတာင္မၾကားရေသးဘူး ျဖစ္ၿပီ ]
စုတ်န္းတ်န္း "???"
႐ူပေဗဒစာေမးပြဲကို တစ္နာရီခြဲသာျပဳလုပ္တာျဖစ္တယ္။
ေနာက္ဆုံးမိနစ္အထိ စုတ်န္းတ်န္းက လိမ္လိမ္မာမာေလး ထိုင္ေနခဲ့တယ္။
သူမေျဖဆိုႏိုင္တဲ့ေမးခြန္းေတြ မ်ားမ်ားစားစားမရွိဘူးဆိုေပမယ့္ သူမစိတ္ကူးရွိတဲ့အတိုင္း စာ႐ြက္တစ္ခုလုံးကို ဂ႐ုတစိုက္နဲ႔ ျဖည့္ေနဆဲျဖစ္တယ္။
သူမက စာသင္ခန္းထဲကေန ေနာက္ဆုံးထြက္တဲ့လူျဖစ္တယ္။
သူမရဲ႕ေက်ာပိုးအိတ္ေလးလြယ္ၿပီး စာသင္တဲ့စင္နားကျဖတ္သြားခ်ိန္မွာ သူမတို႔ရဲ႕အတန္းပိုင္ လီရႈခ်န္းက မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး သူေရွ႕က ေျဖၿပီးသားေမးခြန္းစာ႐ြက္ကို ၾကည့္ေနတာေတြ႕လိုက္ရတယ္။
စုတ်န္းတ်န္းလည္း မေနႏိုင္မထိုင္ႏိုင္ စာ႐ြက္ကို တိတ္တိတ္ေလးခိုးၾကည့္လိုက္တဲ့အခါ__
အမွတ္ျပည့္!
အံ့ဩသြားတဲ့အတြက္ ပင့္သက္ရႈိက္မိသြားၿပီး မသိစိတ္ကေန မ်က္လုံးေတြက စာေမးပြဲစာ႐ြက္ေထာင့္နားက နာမည္ေပၚကို က်ေရာက္သြားတဲ့အခါမွာ__
လင္ရွန္း!
လင္ရွန္းေလ? ? ? ! ! !
စုတ်န္းတ်န္း ဆြံ႕အေနေတာ့တယ္!
သူမ မိန္းေမာသြားၿပီး စာသင္ေဆာင္ကေန အသက္မပါသလို လမ္းေလွ်ာက္ထြက္လာတယ္။
အဲ့ေနာက္ ႐ူပေဗဒမွာအမွတ္ျပည့္ရတဲ့ တစ္စုံတစ္ေယာက္ကို စုတ်န္းတ်န္းေတြ႕လိုက္ရတယ္...
မဟုတ္ေသးဘူး! သူမကို ေန႔ခင္းတုန္းက စာသင္ခန္းအေနာက္ဘက္မွာ ေခ်ာင္ပိတ္ခဲ့တဲ့လင္ရွန္းဆိုၿပီး ျဖစ္သင့္တာ။
သူမကို ေၾကာင္ေတာင္ေတာင္လာလုပ္ခ်င္ေနတယ္လို႔ သူမေတြးခဲ့မိေပမယ့္ အဲ့အစား သူက သူမကို ေန႔ခင္းမွာေျဖမယ့္ ႐ူပေဗဒစာေမးပြဲအတြက္ အဆင္သင့္ျဖစ္ၿပီလားဆိုတာကို လာေမးခဲ့႐ုံသာ... အဲ့လင္ရွန္းကေလ။
အခုခ်ိန္မွာ သူက စာသင္ေဆာင္ေရွ႕က သစ္ပင္ေအာက္မွာ ရပ္ေနၿပီး သူမကို တက္တက္ႂကြႂကြလက္ေဝ့ယမ္းျပေနတယ္။
"စုတ်န္းတ်န္း ငါတို႔ဒီမွာ!"
ေနာက္ဆုံးေတာ့ စုတ်န္းတ်န္းထြက္လာၿပီဆိုတာ လင္ရွန္းေတြ႕လိုက္ရတဲ့အတြက္ ခ်က္ခ်င္းပဲ သူမကို ေအာ္ေခၚလိုက္တယ္။
သူတို႔ေတြ ေစာင့္ေနရတာ ေတာ္ေတာ္ေတာင္ၾကာၿပီ။
သူတို႔ေစာင့္ေနရတာ အခ်ိန္ၾကာလာေလ၊ ေမာ့က်ဴးခ်န္မ်က္ႏွာႀကီးက ပိုၿပီးေအးစက္လာေလပဲ။
စုတ်န္းတ်န္းကို နာရီဝက္ေလာက္ေစာင့္ေနရစဥ္အတြင္းမွာ လင္ရွန္းအမ်ားႀကီးလုပ္ခဲ့တယ္။
အေရးအႀကီးဆုံးကေတာ့ သူတို႔ႏွစ္ေယာက္အတြက္ တင္းက်ပ္ေပမယ့္ ညႇဥ္းပန္းႏွိပ္စက္ရာမက်တဲ့အစီအစဥ္တစ္ခု ဘယ္လိုလုပ္လို႔ရႏိုင္မလဲဆိုတာပဲ... အထူးသျဖင့္ စုတ်န္းတ်န္းအတြက္။
"ငါဘာလုပ္ေပးရမလဲ?"
"စုတ်န္းတ်န္း" လင္ရွန္းက စုတ်န္းတ်န္းကို ရႈပ္ေထြးတဲ့အၾကည့္နဲ႔ၾကည့္ၿပီး အနည္းငယ္ၿပဳံးစစနဲ႔ "ဒီေန႔ကစၿပီး ငါမင္းတို႔ရဲ႕သင္ခန္းစာေတြကို ကူညီေပးမယ္"
"???" စုတ်န္းတ်န္း ေၾကာင္သြားတယ္။
မွန္းထားခဲ့တဲ့ 'ဘာလို႔လဲ'ဆိုတာကို နားမေထာင္ေတာ့ဘဲ လင္ရွန္းက စိတ္ေက်နပ္သလိုမ်ိဳး ေခါင္းေလးၿငိတ္ကာ "အရင္ဆုံး ငါ့ကို WeChatမွာ အပ္ေပး"
ႏွစ္ေယာက္သား အခ်င္းခ်င္း addၿပီးတဲ့ေနာက္မွာ လင္ရွန္းက သူ႔ရဲ႕အေသးစိတ္ျပန္လည္ေလ့က်င့္ခန္းကို သူမဆီပို႔ေပးလိုက္တယ္။
ထို႔ေနာက္ ေကာလိပ္ဝင္ခြင့္စာေမးပြဲမေျဖခင္ အထက္တန္းေက်ာင္းသားေတြအတြက္ စိတ္လႈပ္ရွားစြာ အဆင္သင့္ျပင္ဆင္ေပးေနတဲ့ အတန္းေခါင္းေဆာင္ဆရာလိုမ်ိဳး သူက စုတ်န္းတ်န္းကို အားတက္သေရာေျပာလိုက္တယ္ "နင္တကယ္လို႔ ဒီျပန္လည္ေလ့က်င့္ခန္းေတြအတိုင္း တင္းတင္းက်ပ္က်ပ္လိုက္လုပ္မယ္ဆိုရင္ ေနာက္လပတ္စာေမးပြဲမွာ အေကာင္းဆုံးရႏိုင္လိမ့္မယ္ဆိုတာ ငါအာမခံႏိုင္တယ္"
လင္ရွန္း "ျပန္လည္ေလ့က်င့္ခန္းက ေသခ်ာအက်ိဳးသက္ေရာက္မႈရေစဖို႔ ပထမဆုံးပန္းတိုင္ေသးေသးေလးတစ္ခု ထားၾကတာေပါ့"
သူ စုတ်န္းတ်န္းကို ေမွ်ာ္လင့္တႀကီးၾကည့္ကာ "ဥပမာအေနနဲ႔ဟာ ေနာက္လပတ္စာေမးပြဲမွာ ထိပ္ဆုံးအေယာက္တစ္ရာထဲကို ဝင္ဖို႔ဆိုရင္ေရာ ဘယ္လိုလဲ?"
စုတ်န္းတ်န္း "..."
ရွင္းဆန္းအထက္တန္းေက်ာင္း တတိယႏွစ္မွာ ေယဘုယ်အားျဖင့္ Aကေန Fအထိ ေျခာက္ခန္း၊ rocket classေလးခန္းနဲ႔ လက္ေ႐ြးစင္တစ္ခန္းရွိတယ္။ [ T/N : rocket class ဆိုတာက ေလခြင္းအားေတြ၊ ႐ူပေဗဒေတြအေၾကာင္းကို သင္တဲ့အတန္းဆိုၿပီး ရွာေတြ႕ပါတယ္၊ အမွားပါရင္ ခြင့္လႊတ္ပါ ]
အတန္းဆယ္တန္းမွာ ေက်ာင္းသားေလးရာရွိတယ္။
စုတ်န္းတ်န္းက ဒီေက်ာင္းကို ၿပီးခဲ့တဲ့စာသင္ႏွစ္အဆုံးမွာမွ ေက်ာင္းေျပာင္းလာတာျဖစ္ၿပီး သူမရဲ႕ပထမဦးဆုံး ဖိုင္နယ္စာေမးပြဲကိုေျဖဆိုခဲ့တယ္။ တစ္ေက်ာင္းလုံးမွာ အဆင့္ 360ဝင္တာေၾကာင့္ အတန္း Fေရာက္လာတာသာျဖစ္တယ္။
"ဟုတ္ၿပီ" လင္ရွန္းေျပာလိုက္တယ္ "ေကာလိပ္ဝင္စာေမးပြဲမေျဖခင္ ငါတို႔ေတြ ရွစ္လေလာက္အခ်ိန္က်န္ေသးတယ္၊ အဲ့ေတာ့ကာ အလာပသလာပေျပာၿပီး အခ်ိန္မျဖဳန္းရေအာင္... အခ်ိန္က ဘယ္သူ႔မွေစာင့္ေနမွာမဟုတ္ဘူး အခုပဲ စလိုက္ၾကစို႔!"
သူ ေမာ့က်ဴးခ်န္ဘက္ကို ေခါင္းလွည့္လိုက္တယ္ "ေမာ့က်ဴးခ်န္ ငါတို႔ေတြ စာသင္လို႔ရေအာင္ ေက်ာင္းေဘးနားမွာ မင္းရဲ႕တိုက္ခန္းတစ္လုံးရွိတယ္လို႔ ခုေလးတင္ေျပာလိုက္တယ္မွတ္လား?"
စိတ္ရႈပ္ေထြးေနသလို အမူအယာနဲ႔ ေမာ့က်ဴးခ်န္ ေခါင္းၿငိတ္ျပလာတယ္။
စုတ်န္းတ်န္းက ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္ၿပီးေနာက္ လင္ရွန္းကို ၾကည့္လိုက္ျပန္တယ္။
စာေမးပြဲစာ႐ြက္ထဲက ၿပီးျပည့္စုံလွတဲ့အမွတ္ကိုသတိရသြားေတာ့ သူမမေနႏိုင္ဘဲ ႏႈတ္ခမ္းကို ဖြင့္ဟလိုက္တယ္ "နင္... အတန္း အတန္းေဖာ္လင္ရွန္း၊ ဒီလရဲ႕႐ူပေဗဒစာေမးပြဲမွာ နင္က အမွားမရွိတဲ့ရလဒ္ရသြားတာကို ခုေလးတင္ ငါေတြ႕လိုက္တယ္"
လင္ရွန္းက တည္ၿငိမ္စြာ ေခါင္းေလးၿငိတ္ျပၿပီး မေမ့မေလ်ာ့ သိမ္ေမြ႕စြာၿပဳံးျပကာ စုတ်န္းတ်န္းကို အားေပးလိုက္တယ္ "အဲ့တာေၾကာင့္ ႐ူပေဗဒမွာ သုညကေန အမွတ္ျပည့္ရသြားတဲ့အတြက္ ငါ့ရဲ႕စာသင္တဲ့နည္းလမ္းက နင္နဲ႔ ထိုက္တန္တာ!"
ေမာ့က်ဴးခ်န္ "..."
စုတ်န္းတ်န္း "..."
လင္ရွန္းအပါအဝင္ ေမာ့က်ဴးခ်န္ေရာ စုတ်န္းတ်န္းပါ ပူးေပါင္းေနၾကတဲ့အတြက္ ဒီျမင္ကြင္းက ရွင္းဆန္းအထက္တန္းေက်ာင္းမွာ အရမ္းကိုထင္ရွားေနတယ္။
ေမာ့က်ဴးခ်န္က ေက်ာင္းရဲ႕ 'ေရခဲတုံးနတ္ဆိုး'လို႔ လူသိမ်ားတဲ့ အသည္းေက်ာ္ ပစ္မွတ္အႀကီးစားႀကီးတစ္ေယာက္!
စုတ်န္းတ်န္းက ေခါင္းေၾကာမာကာ အရႈံးမေပးတတ္ဘဲ ေမာ့က်ဴးခ်န္ကို မေၾကာက္တတ္တဲ့ ေက်ာင္းေျပာင္း အမ်ိဳးသမီးငယ္ေလးတစ္ေယာက္...
ၿပီးေတာ့ လင္ရွန္း၊ သူကေတာ့ ၿပီးခဲ့တဲ့လပတ္စာေမးပြဲမွာ အံ့ဩစရာမေကာင္းေလာက္ေအာင္ ေအာက္ဆုံးအဆင့္ရခဲ့တဲ့သူျဖစ္တယ္။
သို႔ေပမယ့္ သူ႔မွာ ဉာဏ္ႀကီးရွင္အစ္ကို လင္ယြမ္ရွိတယ္။ သူ႔အစ္ကိုက တစ္ခ်ိန္တစ္ခါတုန္းက ေက်ာင္းမွာ အေက်ာ္ၾကားဆုံးလူတစ္ေယာက္ျဖစ္ခဲ့ၿပီး သူေက်ာင္းတက္စဥ္တုန္းက အျမင့္ဆုံးမွာသာရွိခဲ့တယ္။
ၿပီးေတာ့ ညီငယ္ေလး လင္ခ်ီလည္း ရွိေသးတယ္။ ထိုေကာင္ေလးကေတာ့ ဒုတိယႏွစ္လက္ေ႐ြးစင္အတန္းမွာတက္ေနၿပီး မတရားခန႔္ညား႐ုံတင္မကဘူး သူတို႔အတန္းမွာလည္း အေကာင္းဆုံးေက်ာင္းသားေလးတစ္ေယာက္ ျဖစ္ေနလိုက္ေသးတယ္။
ျဖတ္သြားျဖတ္လာေက်ာင္းသားေတြအားလုံးက မတတ္သာစြာ သူတို႔ကို အႀကိမ္အနည္းငယ္ေလာက္ ၾကည့္ေနမိတယ္။
အခ်ိန္တိုေလးအတြင္းမွာ ဒီလိုထူးဆန္းတဲ့ေပါင္းစည္းမႈႀကီးက တစ္ေက်ာင္းလုံးပ်ံ႕ႏွံ႔သြားေတာ့တယ္။
သိပ္မနီးမေဝးမွာရပ္ထားတဲ့ Rolls-Royce Phantom ဆီကို လင္ရွန္း၊ ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔ သုံးေယာက္သား ယွဥ္တြဲၿပီးေလွ်ာက္သြားၾကတယ္။
ဒါေပမယ့္ သူတို႔ကားထဲမဝင္ေသးခင္ သူတို႔ေနာက္ဘက္က ႐ုတ္တရက္ အသည္းအသန္လွမ္းလာေနတဲ့ ေျခသံေတြကို ၾကားလိုက္ရတယ္။
လင္ရွန္းလက္ေမာင္းက တင္းက်ပ္သြားၿပီး သူ႔ေနာက္ဘက္က လက္တစ္ဖက္က သူ႔ကိုဆြဲသြားတယ္။
သူလည္း သတိလက္လြတ္ျဖစ္ၿပီး သူ႔ေနာက္မွာရွိေနတဲ့လူရဲ႕ လက္ေမာင္းၾကားထဲ ေရာက္သြားေတာ့တယ္။
မာေတာင့္ေနတဲ့ရင္ဘတ္ႀကီးေၾကာင့္ လင္ရွန္းနည္းနည္းေတာင္နာသြားတယ္။
သူ႔ကိုဆြဲၿပီးေနာက္ ထိုလူက လက္ကိုဆန႔္ကာ ကာကြယ္ေပးသူတစ္ေယာက္လိုဟန္ပန္အျပည့္နဲ႔ လင္ရွန္းကို သူ႔လက္ေမာင္းထဲမွာ ကာေပးထားတယ္။
"ေကာ ကြၽန္ေတာ္ ဒီမွာရွိတယ္!" အဲ့ေနာက္မွာ သူ႔ေခါင္းအေပၚနားေလာက္ကေန ၾကည္လင္ၿပီး သာယာတဲ့လူငယ္ေလးတစ္ေယာက္အသံ ထြက္ေပၚလာတယ္ "မေၾကာက္နဲ႔!"
_______________________________________
{Unicode}
•ကော ကျွန်တော် ဒီမှာရှိတယ်! မကြောက်နဲ့!•
အရမ်းကို... ရင်းနှီးနေတဲ့ စကားကြီး!
ဒီလိုစကားကို ကြားရလောက်တဲ့အနေအထားရောက်သွားလိမ့်မယ်လို့ လင်ရှန်း ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။
သူ့ခမျာ ပြောစရာစကားတောင်မရှိတော့ဘူး!
မော့ကျူးချန်ရဲ့နှာတံရှည်ရှည်ကလည်း သူ့ပါးပြင်တစ်လျှောက် ဘာလိုလိုနဲ့ပွတ်တိုက်သွားတယ်။
တဖက်လူရဲ့ပေါ့ပါးတဲ့အသက်ရှုငွေ့က သူ့နားကို ရိုက်ခတ်နေတော့တယ်။
သူတို့တွေက အရမ်းကိုနီးကပ်နေပြီး တစ်ဖက်လူရဲ့ရင်ခွင်က အနွေးဓာတ်တစ်ခုတည်းတင် လင်ရှန်းခံစားမိနေတာမဟုတ်ဘူး။
မော့ကျူးချန်ရင်ဘတ်ထဲက ပြင်းထန်တဲ့ 'နှလုံးခုန်သံ'ကိုတောင် ကြားနေရပြီး အဲ့တာက မြန်သထက် မြန်လာတယ်...
"အဲ့တော့..." လင်ရှန်း နှုတ်ခမ်းသပ်လိုက်ကာ "သင်ခန်းစာသင်ယူဖို့ မင်းကတိပေးလိုက်တာလား?"
သူတကယ်ကို သောကပင်လယ်ဝေနေပြီ!
လက်ရှိအချိန်က စီနီယာနှစ်ဝက်ရဲ့ ပထမဆုံးလပတ်စာမေးပွဲဖြစ်တယ်။
ရွှေရောင်နွေဦးကျရောက်တဲ့ အောက်တိုဘာလလေး!
ကောလိပ်ဝင်စာမေးပွဲဖြေဖို့ ရှစ်လလောက်သာလိုတော့တယ်။
သူတို့အခုချိန်မှ အပြင်းအထန်ကြိုးစားမယ်ဆိုရင်တောင် စုတျန်းတျန်းရော မော့ကျူးချန်ပါ ငါးခန်း ဒါမှမဟုတ် သုံးခန်းကို အပြတ်ဖြတ်နိုင်ကြမှာမဟုတ်ဘူး။
မော့ကျူးချန် မျက်လုံးတွေကို မှေးကျဉ်းထားလိုက်တယ်။
စစချင်းတုန်းကတော့ လင်ရှန်းဒီလိုတွေလုပ်နေတာက သူ့ရဲ့အာရုံစိုက်မှုကို လိုချင်တာကြောင့်လို့ပဲ သူထင်ခဲ့တယ်။
တစ်ဖက်လူက သူထင်ထားတာထက် ပိုပြီးစိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ထင်မထားဘူး။
သူက ပြဇာတ်တစ်ခုလုံး ကပြချင်တာလား?
"အင်း" မော့ကျူးချန် လင်ရှန်းကို လွှတ်ပေးလိုက်တယ်။
ဘယ်လိုနေနေ ခုနောက်ပိုင်း သူလည်း အတော်လေးပျင်းနေတာကြောင့် ပျင်းနေတာတွေပျောက်သွားအောင် ဒီလူပျက်လေးကို ကောင်းကောင်းအသုံးချရမယ်။
"စုတျန်းတျန်းလည်း လာရမယ်!" လင်ရှန်းက 'တစ်လက်မလောက်ရပြီးတာနဲ့ ခြံထဲထိပါတိုးလာ'ဆိုတဲ့အတိုင်း နောက်တစ်ခု တောင်းဆိုလိုက်တယ်။
စုတျန်းတျန်းက ပြောရဆိုရခက်လိမ့်မယ်လို့ သူခံစားမိတယ်။
မော့ကျူးချန်ကတော့ သူ့ထက်ပိုပြီး ကောင်းကောင်းပြောနိုင်လိမ့်မယ်။
အဆုံးမှာ သူမက ၀တ္ထုထဲက ခေါင်းမာ၊ အလျှော့မပေးတတ်ဘဲ အင်အားအပြည့်နဲ့ ဇာတ်လိုက်မတစ်ယောက်ပဲလေ။
ပြီးတော့ မော့ကျူးချန်က သူမကို သူ့ရဲ့'သီးသန့်အစေခံ'အဖြစ် တစ်ကြိမ်အတင်းအကျပ်လုပ်ခိုင်းဖူးသေးတယ်။
မော့ကျူးချန် "..."
လင်ရှန်းက သူ့ကိုမျှော်လင့်တကြီးနဲ့ကြည့်လိုက်တယ် "စုတျန်းတျန်း စာရွက်ပြန်အပ်ပြီး ထွက်လာတာကို စောင့်ကြတာပေါ့ ပြီးရင် ဒီနေ့ကနေ စကြတာပေါ့ ဟုတ်ပြီလား?"
တခြားကျောင်းသားတွေကို ဒီလိုတောင်းဆိုမှုလုပ်ရမှာကို သူနည်းနည်းတော့ရှက်တယ်။
သူတို့က တလောကလေးတင် ကောလိပ်ဝင်စာမေးပွဲလို ပုံစံတူလပတ်စာမေးပွဲ ခြောက်ခုဖြေပြီးထားတာဖြစ်တယ်။
ကျောင်းသားတွေ စိတ်ပြေလက်ပျောက်ဖြစ်အောင် နားရက်နှစ်ရက်ပေးထားတယ်။
ဒါပေမယ့် ခုလေးတင်ဖြေလိုက်ရတဲ့ ရူပဗေဒစစ်ဆေးတဲ့စာရွက်မှာတော့ မော့ကျူးချန်က နာမည်ပဲရေးပြီး စာရွက်အလွတ်ပြန်အပ်လိုက်တာဖြစ်တယ်။
မေးခွန်းလေးတစ်ခုတောင်မဖြေနိုင်တဲ့လူတွေအဖို့တော့ နောက်ရှစ်လနေရင်ဖြေရမယ့် ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ တစ်ချက်ကလေးတောင် နားဖို့မထိုက်တန်ဘူး။
မော့ကျူးချန် "..."
အတန်းထဲမှာ သူမရဲ့စာမေးပွဲစာရွက်ကိုပဲ အာရုံစိုက်ပြီးဖြေနေတဲ့ စုတျန်းတျန်းတစ်ယောက် ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက် အေးစိမ့်သွားတယ်။
မထိန်းနိုင်လောက်အောင်လည်း တုန်ရီလာတယ်။ [ T/N : စာလုပ်ရတော့မယ်ဆို အသံတောင်မကြားရသေးဘူး ဖြစ်ပြီ ]
စုတျန်းတျန်း "???"
ရူပဗေဒစာမေးပွဲကို တစ်နာရီခွဲသာပြုလုပ်တာဖြစ်တယ်။
နောက်ဆုံးမိနစ်အထိ စုတျန်းတျန်းက လိမ်လိမ်မာမာလေး ထိုင်နေခဲ့တယ်။
သူမဖြေဆိုနိုင်တဲ့မေးခွန်းတွေ များများစားစားမရှိဘူးဆိုပေမယ့် သူမစိတ်ကူးရှိတဲ့အတိုင်း စာရွက်တစ်ခုလုံးကို ဂရုတစိုက်နဲ့ ဖြည့်နေဆဲဖြစ်တယ်။
သူမက စာသင်ခန်းထဲကနေ နောက်ဆုံးထွက်တဲ့လူဖြစ်တယ်။
သူမရဲ့ကျောပိုးအိတ်လေးလွယ်ပြီး စာသင်တဲ့စင်နားကဖြတ်သွားချိန်မှာ သူမတို့ရဲ့အတန်းပိုင် လီရှုချန်းက မျက်မှောင်ကြီးကြုတ်ပြီး သူရှေ့က ဖြေပြီးသားမေးခွန်းစာရွက်ကို ကြည့်နေတာတွေ့လိုက်ရတယ်။
စုတျန်းတျန်းလည်း မနေနိုင်မထိုင်နိုင် စာရွက်ကို တိတ်တိတ်လေးခိုးကြည့်လိုက်တဲ့အခါ__
အမှတ်ပြည့်!
အံ့ဩသွားတဲ့အတွက် ပင့်သက်ရှိုက်မိသွားပြီး မသိစိတ်ကနေ မျက်လုံးတွေက စာမေးပွဲစာရွက်ထောင့်နားက နာမည်ပေါ်ကို ကျရောက်သွားတဲ့အခါမှာ__
လင်ရှန်း!
လင်ရှန်းလေ? ? ? ! ! !
စုတျန်းတျန်း ဆွံ့အနေတော့တယ်!
သူမ မိန်းမောသွားပြီး စာသင်ဆောင်ကနေ အသက်မပါသလို လမ်းလျှောက်ထွက်လာတယ်။
အဲ့နောက် ရူပဗေဒမှာအမှတ်ပြည့်ရတဲ့ တစ်စုံတစ်ယောက်ကို စုတျန်းတျန်းတွေ့လိုက်ရတယ်...
မဟုတ်သေးဘူး! သူမကို နေ့ခင်းတုန်းက စာသင်ခန်းအနောက်ဘက်မှာ ချောင်ပိတ်ခဲ့တဲ့လင်ရှန်းဆိုပြီး ဖြစ်သင့်တာ။
သူမကို ကြောင်တောင်တောင်လာလုပ်ချင်နေတယ်လို့ သူမတွေးခဲ့မိပေမယ့် အဲ့အစား သူက သူမကို နေ့ခင်းမှာဖြေမယ့် ရူပဗေဒစာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာကို လာမေးခဲ့ရုံသာ... အဲ့လင်ရှန်းကလေ။
အခုချိန်မှာ သူက စာသင်ဆောင်ရှေ့က သစ်ပင်အောက်မှာ ရပ်နေပြီး သူမကို တက်တက်ကြွကြွလက်ဝေ့ယမ်းပြနေတယ်။
"စုတျန်းတျန်း ငါတို့ဒီမှာ!"
နောက်ဆုံးတော့ စုတျန်းတျန်းထွက်လာပြီဆိုတာ လင်ရှန်းတွေ့လိုက်ရတဲ့အတွက် ချက်ချင်းပဲ သူမကို အော်ခေါ်လိုက်တယ်။
သူတို့တွေ စောင့်နေရတာ တော်တော်တောင်ကြာပြီ။
သူတို့စောင့်နေရတာ အချိန်ကြာလာလေ၊ မော့ကျူးချန်မျက်နှာကြီးက ပိုပြီးအေးစက်လာလေပဲ။
စုတျန်းတျန်းကို နာရီဝက်လောက်စောင့်နေရစဉ်အတွင်းမှာ လင်ရှန်းအများကြီးလုပ်ခဲ့တယ်။
အရေးအကြီးဆုံးကတော့ သူတို့နှစ်ယောက်အတွက် တင်းကျပ်ပေမယ့် ညှဉ်းပန်းနှိပ်စက်ရာမကျတဲ့အစီအစဉ်တစ်ခု ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာပဲ... အထူးသဖြင့် စုတျန်းတျန်းအတွက်။
"ငါဘာလုပ်ပေးရမလဲ?"
"စုတျန်းတျန်း" လင်ရှန်းက စုတျန်းတျန်းကို ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်ပြီး အနည်းငယ်ပြုံးစစနဲ့ "ဒီနေ့ကစပြီး ငါမင်းတို့ရဲ့သင်ခန်းစာတွေကို ကူညီပေးမယ်"
"???" စုတျန်းတျန်း ကြောင်သွားတယ်။
မှန်းထားခဲ့တဲ့ 'ဘာလို့လဲ'ဆိုတာကို နားမထောင်တော့ဘဲ လင်ရှန်းက စိတ်ကျေနပ်သလိုမျိုး ခေါင်းလေးငြိတ်ကာ "အရင်ဆုံး ငါ့ကို WeChatမှာ အပ်ပေး"
နှစ်ယောက်သား အချင်းချင်း addပြီးတဲ့နောက်မှာ လင်ရှန်းက သူ့ရဲ့အသေးစိတ်ပြန်လည်လေ့ကျင့်ခန်းကို သူမဆီပို့ပေးလိုက်တယ်။
ထို့နောက် ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေခင် အထက်တန်းကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစွာ အဆင်သင့်ပြင်ဆင်ပေးနေတဲ့ အတန်းခေါင်းဆောင်ဆရာလိုမျိုး သူက စုတျန်းတျန်းကို အားတက်သရောပြောလိုက်တယ် "နင်တကယ်လို့ ဒီပြန်လည်လေ့ကျင့်ခန်းတွေအတိုင်း တင်းတင်းကျပ်ကျပ်လိုက်လုပ်မယ်ဆိုရင် နောက်လပတ်စာမေးပွဲမှာ အကောင်းဆုံးရနိုင်လိမ့်မယ်ဆိုတာ ငါအာမခံနိုင်တယ်"
လင်ရှန်း "ပြန်လည်လေ့ကျင့်ခန်းက သေချာအကျိုးသက်ရောက်မှုရစေဖို့ ပထမဆုံးပန်းတိုင်သေးသေးလေးတစ်ခု ထားကြတာပေါ့"
သူ စုတျန်းတျန်းကို မျှော်လင့်တကြီးကြည့်ကာ "ဥပမာအနေနဲ့ဟာ နောက်လပတ်စာမေးပွဲမှာ ထိပ်ဆုံးအယောက်တစ်ရာထဲကို ဝင်ဖို့ဆိုရင်ရော ဘယ်လိုလဲ?"
စုတျန်းတျန်း "..."
ရှင်းဆန်းအထက်တန်းကျောင်း တတိယနှစ်မှာ ယေဘုယျအားဖြင့် Aကနေ Fအထိ ခြောက်ခန်း၊ rocket classလေးခန်းနဲ့ လက်ရွေးစင်တစ်ခန်းရှိတယ်။ [ T/N : rocket class ဆိုတာက လေခွင်းအားတွေ၊ ရူပဗေဒတွေအကြောင်းကို သင်တဲ့အတန်းဆိုပြီး ရှာတွေ့ပါတယ်၊ အမှားပါရင် ခွင့်လွှတ်ပါ ]
အတန်းဆယ်တန်းမှာ ကျောင်းသားလေးရာရှိတယ်။
စုတျန်းတျန်းက ဒီကျောင်းကို ပြီးခဲ့တဲ့စာသင်နှစ်အဆုံးမှာမှ ကျောင်းပြောင်းလာတာဖြစ်ပြီး သူမရဲ့ပထမဦးဆုံး ဖိုင်နယ်စာမေးပွဲကိုဖြေဆိုခဲ့တယ်။ တစ်ကျောင်းလုံးမှာ အဆင့် 360ဝင်တာကြောင့် အတန်း Fရောက်လာတာသာဖြစ်တယ်။
"ဟုတ်ပြီ" လင်ရှန်းပြောလိုက်တယ် "ကောလိပ်ဝင်စာမေးပွဲမဖြေခင် ငါတို့တွေ ရှစ်လလောက်အချိန်ကျန်သေးတယ်၊ အဲ့တော့ကာ အလာပသလာပပြောပြီး အချိန်မဖြုန်းရအောင်... အချိန်က ဘယ်သူ့မှစောင့်နေမှာမဟုတ်ဘူး အခုပဲ စလိုက်ကြစို့!"
သူ မော့ကျူးချန်ဘက်ကို ခေါင်းလှည့်လိုက်တယ် "မော့ကျူးချန် ငါတို့တွေ စာသင်လို့ရအောင် ကျောင်းဘေးနားမှာ မင်းရဲ့တိုက်ခန်းတစ်လုံးရှိတယ်လို့ ခုလေးတင်ပြောလိုက်တယ်မှတ်လား?"
စိတ်ရှုပ်ထွေးနေသလို အမူအယာနဲ့ မော့ကျူးချန် ခေါင်းငြိတ်ပြလာတယ်။
စုတျန်းတျန်းက မော့ကျူးချန်ကို ကြည့်လိုက်ပြီးနောက် လင်ရှန်းကို ကြည့်လိုက်ပြန်တယ်။
စာမေးပွဲစာရွက်ထဲက ပြီးပြည့်စုံလှတဲ့အမှတ်ကိုသတိရသွားတော့ သူမမနေနိုင်ဘဲ နှုတ်ခမ်းကို ဖွင့်ဟလိုက်တယ် "နင်... အတန်း အတန်းဖော်လင်ရှန်း၊ ဒီလရဲ့ရူပဗေဒစာမေးပွဲမှာ နင်က အမှားမရှိတဲ့ရလဒ်ရသွားတာကို ခုလေးတင် ငါတွေ့လိုက်တယ်"
လင်ရှန်းက တည်ငြိမ်စွာ ခေါင်းလေးငြိတ်ပြပြီး မမေ့မလျော့ သိမ်မွေ့စွာပြုံးပြကာ စုတျန်းတျန်းကို အားပေးလိုက်တယ် "အဲ့တာကြောင့် ရူပဗေဒမှာ သုညကနေ အမှတ်ပြည့်ရသွားတဲ့အတွက် ငါ့ရဲ့စာသင်တဲ့နည်းလမ်းက နင်နဲ့ ထိုက်တန်တာ!"
မော့ကျူးချန် "..."
စုတျန်းတျန်း "..."
လင်ရှန်းအပါအဝင် မော့ကျူးချန်ရော စုတျန်းတျန်းပါ ပူးပေါင်းနေကြတဲ့အတွက် ဒီမြင်ကွင်းက ရှင်းဆန်းအထက်တန်းကျောင်းမှာ အရမ်းကိုထင်ရှားနေတယ်။
မော့ကျူးချန်က ကျောင်းရဲ့ 'ရေခဲတုံးနတ်ဆိုး'လို့ လူသိများတဲ့ အသည်းကျော် ပစ်မှတ်အကြီးစားကြီးတစ်ယောက်!
စုတျန်းတျန်းက ခေါင်းကြောမာကာ အရှုံးမပေးတတ်ဘဲ မော့ကျူးချန်ကို မကြောက်တတ်တဲ့ ကျောင်းပြောင်း အမျိုးသမီးငယ်လေးတစ်ယောက်...
ပြီးတော့ လင်ရှန်း၊ သူကတော့ ပြီးခဲ့တဲ့လပတ်စာမေးပွဲမှာ အံ့ဩစရာမကောင်းလောက်အောင် အောက်ဆုံးအဆင့်ရခဲ့တဲ့သူဖြစ်တယ်။
သို့ပေမယ့် သူ့မှာ ဉာဏ်ကြီးရှင်အစ်ကို လင်ယွမ်ရှိတယ်။ သူ့အစ်ကိုက တစ်ချိန်တစ်ခါတုန်းက ကျောင်းမှာ အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ခဲ့ပြီး သူကျောင်းတက်စဉ်တုန်းက အမြင့်ဆုံးမှာသာရှိခဲ့တယ်။
ပြီးတော့ ညီငယ်လေး လင်ချီလည်း ရှိသေးတယ်။ ထိုကောင်လေးကတော့ ဒုတိယနှစ်လက်ရွေးစင်အတန်းမှာတက်နေပြီး မတရားခန့်ညားရုံတင်မကဘူး သူတို့အတန်းမှာလည်း အကောင်းဆုံးကျောင်းသားလေးတစ်ယောက် ဖြစ်နေလိုက်သေးတယ်။
ဖြတ်သွားဖြတ်လာကျောင်းသားတွေအားလုံးက မတတ်သာစွာ သူတို့ကို အကြိမ်အနည်းငယ်လောက် ကြည့်နေမိတယ်။
အချိန်တိုလေးအတွင်းမှာ ဒီလိုထူးဆန်းတဲ့ပေါင်းစည်းမှုကြီးက တစ်ကျောင်းလုံးပျံ့နှံ့သွားတော့တယ်။
သိပ်မနီးမဝေးမှာရပ်ထားတဲ့ Rolls-Royce Phantom ဆီကို လင်ရှန်း၊ မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ သုံးယောက်သား ယှဉ်တွဲပြီးလျှောက်သွားကြတယ်။
ဒါပေမယ့် သူတို့ကားထဲမဝင်သေးခင် သူတို့နောက်ဘက်က ရုတ်တရက် အသည်းအသန်လှမ်းလာနေတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။
လင်ရှန်းလက်မောင်းက တင်းကျပ်သွားပြီး သူ့နောက်ဘက်က လက်တစ်ဖက်က သူ့ကိုဆွဲသွားတယ်။
သူလည်း သတိလက်လွတ်ဖြစ်ပြီး သူ့နောက်မှာရှိနေတဲ့လူရဲ့ လက်မောင်းကြားထဲ ရောက်သွားတော့တယ်။
မာတောင့်နေတဲ့ရင်ဘတ်ကြီးကြောင့် လင်ရှန်းနည်းနည်းတောင်နာသွားတယ်။
သူ့ကိုဆွဲပြီးနောက် ထိုလူက လက်ကိုဆန့်ကာ ကာကွယ်ပေးသူတစ်ယောက်လိုဟန်ပန်အပြည့်နဲ့ လင်ရှန်းကို သူ့လက်မောင်းထဲမှာ ကာပေးထားတယ်။
"ကော ကျွန်တော် ဒီမှာရှိတယ်!" အဲ့နောက်မှာ သူ့ခေါင်းအပေါ်နားလောက်ကနေ ကြည်လင်ပြီး သာယာတဲ့လူငယ်လေးတစ်ယောက်အသံ ထွက်ပေါ်လာတယ် "မကြောက်နဲ့!"
_____
Thanks 😉