Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-1

21.5K 1.3K 62
By MochiCookie95

Unicode;

"သခင်လေး နိူးလာပြီတဲ့"
"သခင်လေး နိူးပြီတဲ့ဟေ့"

မီးဖိုဆောင်ထဲ အနက်ရောင် ဂါဝန်ဒူးတိလေးတွေ ဝတ်ထားသည့် အစေခံ Maid လေးများ ရှုတ်ရှုတ်သဲသဲဖြင့် အလုပ်ရှုပ်နေကြသည်။ အကြောင်းအရင်းကား သခင်လေး...။ သခင်လေးက သူ့အဖေလိုပဲ သိပ်ဇီဇာကြောင်တာ...။ လတ်ဆတ်ပြီး ပူနွေးတဲ့ မနက်စာမှ သဘောကျတတ်သူ သို့ပေမယ့် စားပွဲဝိုင်းရောက်နေလျှင်လည်း စားစရာ စုံလင်နေမှ စောင့်နေရတာကို မကြိုက်သူ။

ဂျာမနီနိုင်ငံ ဘာလင်မြို့။ ရဲတိုက်ကြီး ပမာ ခမ်းနားထည်ဝါလှပသော အဖြူရောင်အတိ ချယ်ထားသည့် Alex Armanto အိမ်တော်ကြီး။ ထို Alex Armanto အိမ်တော်ကြီး၏ စတုတ္ထ အထပ်တွင် သန့်ရှင်းကျယ်ဝန်းလှသော သခင်လေး Alex Armanto Grazie ၏ အိပ်ခန်းဆောင်ရှိသည်။

"အဝတ်ပြင်ပြီးပါပြီ သခင်လေးရှင့်"
"အင်း ထားခဲ့"

အဖြူရောင် မှန်တင်ခုံကြီးရှေ့ ထိုင်လိုက်သည့် သခင်လေး မျက်နှာက အေးစက်မာကျောနေသည်မို့ Maid ကောင်မလေး လှစ်ထွက်လာခဲ့သည်။ ကော့နေအောင် မီးပူထိုး ထားသည့် အနက်ရောင် Suit တစ်ထည်ကို ဝတ်ဆင်လိုက်ပြီး မှန်လေးထဲက ကိုယ်မျက်နှာ ကိုယ်ကြည့်ရင်း နှုတ်ခမ်းဖူးဖူးလေးမှာ အပြုံးလို့ မဆိုစလောက်လေး ကွေးသွားသည်။

သူက ဒီ Alex Armanto အိမ်တော်ကြီးရဲ့ အငယ်ဆုံး မြေးလေး Grazie ။ ယောက်ျားလေးတန်မဲ့ ကြည်လင်တောက်ပနေသည့် အသားရည်ပေါ်က အနက်ရောင် မျက်ခုံးတန်းနှင့် ဆွဲငင်မှု ပြည့်ဝလှသော မျက်ဝန်းနက်နက်ရဲ့ ပေါင်ရစပ်မှုက မှင်သက်ဖွယ်။ ထပ်မံ အားဖြည့်ထားသည့် နှင်းဆီဖူးလို နှုတ်ခမ်းထွေးထွေးတို့ကလည်း သူ့အလှကို ပိုမို ပေါ်လွင်စေသည်။ Grazie ဆိုသည့် အမည်မှာ ဂျာမန်စကား die grazie ကို အခြေခံပြီး အမည်ပေးထားခြင်း ဖြစ်သည်။ အဓိပ္ပာယ်က လှပကျော့ရှင်းပြီး ကျက်သရေနဲ့ တင့်တယ်ခြင်းတဲ့...။

ပိုင်ဆိုင်ထားသည့် အလှနှင့် တူညီသည့် ပမာဏလောက် မာနနဲ့ မောက်မာမှုလည်း သူ့မှာရှိသည်။ တစ်အိမ်လုံးမှာ အာဏာအရှိဆုံးလို့ ခံယူထားပေမယ့် တချို့ကတော့ အမောက်မာဆုံးလို့ ကွယ်ရာတွင် ရှုံ့ချကြသည်။ သိပ်တော့ အာရုံမထား။ ကိုယ်မှန်တယ်ထင်ရင် လူသတ်ဖို့တောင် မကြောက်တဲ့ သူမျိုးမို့ပင်။

ကိုယ်ရံတော်ထဲမှ တစ်ယောက်က သူ့အတွက် Necktie ရွေးပေးနေတာကြောင့် ဘေးက ရပ်စောင့်နေလိုက်သည်။ တစ်မိနစ်ပင် မကြာသေးသော်လေး ထုံးစံအတိုင်း စိတ်မရှည် တတ်သည့် Grazie က

"ငါ ရေချိုးကတည်းက မင်း ကြိုရွေးထားရမှာ မဟုတ်ဘူးလား"
"တောင်း.. တောင်းပန်ပါတယ် သခင်လေး ကျွန်တော်"
"တော်တော့ ထွက်သွား.. မင်းကို အလုပ်ထုတ်ပြီ"
"ဗျာ.. သ.. သခင်လေး"
"ထွက်သွား"

အေးစက်စက် စကားသံကြောင့် ထိုကိုယ်ရံတော်လေးခမျာ ဒူးထောက်ရတော့သည်။

"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်"
"သူ့ကို ဆွဲခေါ်သွားလိုက်တော့"

သခင်လေး Grazie စကားကြောင့် တခြား ကိုယ်ရံတော် နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်။ ပြီးမှ အားတင်းကာ

"သခင်လေး သူက သူ့အိမ်မှာ သူ့အမေ နာရေးရှိလို့ စိတ်နဲ့ကိုယ် သိပ်မကပ်လို့ပါ သူ့ကို ဒုတိယအကြိမ် အခွင့်အရေးလေး ပေးပါ့လား"

အရဲတင်းပြောလိုက်သည့် ကိုယ်ရံတော်လေး စကားကို ခုနာ အလုပ်ထုတ်ခံရသည့် ကိုယ်ရံတော်လေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေလေသည်။ သို့ပေမယ့် သခင်လေး Grazie မှာ နည်းနည်းမှာ ဂရုဏာသက်ပုံမပေါ်။

"မင်းတို့နှစ်ယောက်လည်း ထွက်သွား အလုပ်ထုတ်လိုက်ပြီ"
"ဗျာ"
"ဒုတိယအကြိမ်ဆိုတဲ့ စကားက ပထမအကြိမ်မှာသာ ကောင်းကောင်းလုပ်ခဲ့ရင် ပေါ်လာစရာ အကြောင်းမရှိဘူး မင်းတို့ သုံးယောက်လုံး ခြေထောက်ချိုးပြီး ဆွဲမထုတ်ခင် ငါ့အခန်းထဲက ထွက်သွား"

သုံးယောက်လုံး ပြာယာပြာယာ ပြေးထွက်သွားသည်ကို ဂရုမစိုက်သလို Necktie တစ်ခု ဆွဲယူကာ မှန်ကြည့်ပြီး တပ်နေလိုက်သည်။ ဟုတ်ပါသည်။ ဒါလည်း သူ့ရဲ့ ဗီဇတစ်ခုပင်။ ရက်စက်တယ် ပြတ်သားတယ် ဆိုတာ ဂျာမန်လူမျိုး အဖေဆီကရလာသည့် အမွေတစ်ခု ဖြစ်လေမလား။ အကြည်ဓါတ် မျက်နှာလေး အားကိုးနဲ့ ပညာသား ပါပါ လိမ်ညာ ကောက်ကျစ်နိုင်မှုကြောင့် ဂျာမနီနိုင်ငံရဲ့ စီးပွါးရေးနယ်ပယ်မှာ Little Cobra လို့တောင် တင်စားခံရသူ။

ဂျာမနီမှာ နေသည်ကို အဖေအား ဂျာမန်လူမျိုးလို့ ထည့်ပြောရခြင်း အကြောင်းကား သူ့အမေကြောင့်ပင် ဖြစ်သည်။ Grazie ရဲ့ အမေဖြစ်သူက ကိုရီးယားလူမျိုး ဖြစ်သည်။ အဖေနဲ့ အမေ စကားများ ရန်ဖြစ်သည်က ကွာရှင်းဖို့အထိ ဖြစ်သွားတာကြောင့် Grazie ကို အဖေဖြစ်သူက ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ အမေဆိုတာ ရှိနေမှန်း သိပေမယ့် သွားမတွေ့ချင်သလို လိုက်မရှာမိ။ ဘာကြောင့် အဖေနဲ့ အမေ ကွာရှင်းသည်အထိ ဖြစ်ခဲ့လဲ မမှတ်မိတော့ပေမယ့် သေချာတာ တစ်ခုက အမေကို မုန်းသည်။

"ဒါက ဘာလဲ"

အေးစက်စက်ဖြင့် မေးလိုက်သည့် Grazie ရဲ့ မေးခွန်းကြောင့် မီးဖိုဆောင်ထဲ မနက်စာဝိုင်းပြင်နေသည့် Maid လေး တစ်ကိုယ်လုံး ရေခဲရိုက်လိုက်သလို တောင့်ခဲသွားသည်။ သခင်လေး Grazie သည် တော်ရုံဆို အိမ်ဖော်နှင့် ကိုယ်ရံတော်များအား စကားမပြော ပြောလျှင်လည်း သူစိတ်မကြည်စရာ တစ်ခုခုရှိလို့ပင် ဖြစ်သည်။

"ရှင်"
"ငါကမ္ဘာပေါ်မှာ အမုန်းဆုံးက စကားတစ်ခွန်းကို နှစ်ခါပြောရတာပဲ"
"တောင်းပန်ပါတယ် သခင်လေး"
"မင်း ထွက်သွား အလုပ်ထုတ်လိုက်ပြီ"
"ရှင်"

သခင်လေး Grazie ရဲ့ စကားအဆုံးမှာ ကိုယ်ရံတော် နှစ်ယောက်က ထို အိမ်ဖော်မလေးအား မီးဖိုဆောင်မှ ဆွဲခေါ်သွားတော့သည်။

"စားဖိုဆောင် ခေါင်းဆောင် ဘယ်သူလဲ သူ့ကို ခေါ်ပေး"
"ဟုတ်ကဲ့ပါ သခင်လေး"

ခဏ ကြာတော့ ကိုယ်ရံတော်နဲ့အတူ ခပ်ပြည့်ပြည့် ဒေါင်ကောင်းကောင်း အမျိုးသမီးတစ်ယောက် ပါလာသည်။ သခင်လေး Grazie က သူ့မျက်လုံးမှေးလေးတွေဆီမှ စူးရှရှ အကြည့်တစ်ချက်ဖြင့် စားပွဲပေါ် မျက်စပစ်ပြရင်း

"ဒါကဘာလဲ"
"ထိုင်းနိုင်ငံကနေ Export လုပ်ထားတဲ့ သရက်သီးပါ သခင်လေး မျိုးကောင်း လုံးသန့်တွေပါ ချိုအီပြီး မွှေးနေတာပါပဲ"
"အာ.. ဟုတ်လား"

သခင်လေး Grazie က သူ့မျက်လုံးမှေးလေးတွေ မှိတ်သွားမတတ် ပြုံးကာ ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်။ သခင်လေး ပြုံးသွားပြီ ဖြစ်လို့ စားဖိုဆောင် ခေါင်းဆောင် သက်ပြင်းတိုးတိုးလေး ကြိတ်ချလိုက်မိသည်။

"မင်းကိုလည်း အလုပ်ဖြုတ်လိုက်ပြီ"
"ရှန်.. ဘာလို့"
"ငါက သရက်သီး မကြိုက်ဘူးဆိုတာ မသိဘူးလား.."

သခင်လေး Grazie ရဲ့ စကားကြောင့် အမျိုးသမီး မျက်နှာပျက်သွားကာ ဂါဝန်အိပ်ထောင်လေးထဲမှ စာအုပ်သေးသေးလေးအား အမြန်ပြန်လှန်ကြည့်မိသည်။

"စားဖိုဆောင် တာဝန်ယူထားတဲ့ ခေါင်းဆောင်က ငါ ဘာကြိုက်လဲ မကြိုက်ဘူး ဆိုတာတော့ သိထားသင့်တယ် မဟုတ်ဘူးလား"
"တောင်းပန်ပါတယ် သခင်လေး ကျွန်မမှတ်ထားပေမယ့် မေ့သွားတာပါ.. အလုပ်ဝင်ထားတာလည်း ရက်ပိုင်းပဲ ရှိသေးတော့"
"အခု ငါ့ကို့ အကြောင်းပြချက်ပေးနေတာလား"
"အို မဟုတ်ပါဘူး သခင်လေးရယ်"
"ထွက်သွား"

ထိုအမျိုးသမီးမှာ အတွန့်မတက်ရဲတော့ပဲ မျက်နှာငယ်ဖြင့် ထွက်သွားလေတော့သည်။ အဖြစ်အပျက်မှန်သမျှကို အဝေးကနေ လှမ်းကြည့်ရင်း သက်ပြင်းချနေသူက တစ်လှမ်းချင်း သခင်လေး Grazie အနားလျှောက်လာသည်။

"ဘာမဟုတ်တဲ့ အမှားလေးတွေကိုတောင် ပြင်ခွင့်မပေးပဲ နေ့တိုင်း တနေ့ကို အနည်းဆုံး ငါးယောက် အလုပ်ဖြုတ်တယ် ဆိုတာတော့ မင်း မလွန်လွန်းဘူးလား Grazie.. ဒီအိမ်တော်မှာ မင်းတစ်ယောက်တည်း နေတာ မဟုတ်ဘူးနော် စားဖိုဆောင် ခေါင်းဆောင်လည်း တပတ်တစ်ခါလောက် ပြောင်းနေတာ Maid တွေဆိုလည်း အပြောင်းအလဲ များလွန်းလို့ မှတ်တောင် မမှတ်မိတော့ဘူး"

နားထဲ သံရည်ပူလို စီးဝင်လာသည့် ကိုရီးယား ဘာသာစကားကြောင့် Grazie က စူးရှရှ အကြည့်တို့ဖြင့် ထိုလူကို မော့ကြည့်လိုက်ရင်း

"သူတို့သာ အလုပ်ကောင်းကောင်းလုပ်ရင် ကျွန်တော့်ဘက်က အလုပ်ဖြုတ်စရာ အကြောင်းမရှိပါဘူး Bro"

ဂျာမန် ဘာသာစကားနဲ့ ပြန်ဖြေလိုက်သည်ကို ထိုလူက လှောင်သလိုဟန် ခပ်သဲ့သဲ့လေး ပြုံးသွားသည်။ မြင်ဖြစ်အောင် မြင်လိုက်သည့် Grazie မျက်မှောင်ကြုံမိသည်။ ထိုလူနဲ့ ပတ်သက်လာရင် အစစ အရာရာ မုန်းသည်။ အဘိုးက မျက်နှာသာ ပေးနေတာကို မုန်းသည်။ သာယာတဲ့ မိသားစုဘဝ ပိုင်ဆိုင်ထားတာကိုလည်း မုန်းသည်။ ဂျာမနီနိုင်ငံလာပြီး ကိုရီးယား ဘာသာစကား လာပြောနေတာကိုလည်း မုန်းသည်။ ဘက်စုံ ထူးချွန်နေတာကိုလည်း မုန်းသည်။ IQ 148 ရှိနေတာကိုလည်း မုန်းသည်။ ပြုံးလိုက်တိုင်း ပေါ်လာသည့် ထိုလူ၏ ပါးချိုင့်ကြီးကိုလည်း မုန်းသည်။

ထိုသူကား အဖေဖြစ်သူရဲ့ တူ.. Joon ပင်။ Joon သည်လည်း Grazie လို ကိုရီးယားသွေးနှောပေမယ့် မိသားစုဘဝကတော့ Grazie လို ပြိုကွဲမနေပဲ သာယာလျက်ရှိသည်။ Joon မှာ ကိုရီးယားနာမည်လည်း တမျိုးရှိသေးသည်။ နဂိုကတည်းက သိပ်ကြည့်မရသည်မို့ အထူးတလည် နားထောင် မနေတော့ မသိ။

"Bro ဆိုတာထက် Hyung လို့ ခေါ်စေချင်တာ မင်းလည်း ကိုရီးယား နားလည်နေတာပဲ.. အာ.. မေ့နေတာ ပြောလည်း ပြောတတ်တာကို"
"အခု ကျွန်တော့်ကို ရန်စနေတာလား"

Grazie ၏ စကားကို Joon က ဟားတိုက်သလို ရယ်ရင်း

"ဟား ဟား.. မင်း အခု ကိုရီးယားလို ပြောလိုက်တာ သတိထားမိလား"

ဟုတ်ပါသည်။ ဘယ်လောက်ပဲ ဟန်ဆောင် ဟန်ဆောင် သွေးဆိုသည်က ညာလို့မရသည့် အရာ တစ်ခုဖြစ်သည်။ ခေါင်းထဲစွဲနေသည့် ကိုရီးယား ဘာသာစကားကို နှစ်ပေါင်းများစွာ မေ့ထားခဲ့သည်တောင် မှတ်မိနေသေးသည်က သက်သေပင် မဟုတ်လား။ ကိုယ့်ရှေ့မှာ ကိုရီးယားလို ရန်လာစနေသည်ကို ဂျာမန်လို ပြန်ပြောရသည်က အားမလို အားမရ ဖြစ်စေသည်မို့ လွှတ်ခနဲ ထွက်သွားမိသည်။

"ငါ တစ်ခါတစ်လေ စဉ်းစားမိတယ်.. တကယ်လို့ အဲ့တုန်းက မင်း ဦးလေးနောက် လိုက်မလာခဲ့ပဲ မင်းအမေနောက် လိုက်သွားခဲ့ရင် မင်း အခုလို မောက်မာနိုင်ဦးမလား ဆိုတာကို"

Grazie ဘာမှပြန်မပြောပဲ ငြိမ်နေပေမယ့် စားပွဲထက် တစ်ဆက်ဆက် တုန်နေသည့် လက်သီးဆုပ် သေးသေးလေးက ဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာ မြင်နိုင်သည်။ Joon ပြောတဲ့ အဲ့တုန်းကဆိုသည်ကား အဖေနဲ့ အမေ ကွာရှင်းတုန်းကကို ပြောတာ သိသာလွန်းသည် မဟုတ်လား။

"ကျွန်တော့် မိသားစုအရေးကို Bro ဝင်ပြောစရာ အကြောင်းမရှိဘူး ထင်တယ်"
"မင်းသာ အဖြစ်မှန်ကိုသိရင် ဒါမှမဟုတ် မင်းကို မွေးပေးတဲ့ အမေဆိုတာကို ဒီ့ထက် နည်းနည်းလောက် ဂရုစိုက်ခဲ့ရင် ငါဝင်ပါမိမှာ မဟုတ်ဘူး Grazie"

Grazie စားပွဲဝိုင်းမှ ထထွက်ဖို့ ပြင်လိုက်သည်ကို Joon ဆိုသူက ခပ်သဲ့သဲ့လေး ပြုံးရင်း

"အခု အဘိုး အသည်းအသန် ဖြစ်နေတယ်ဆိုတာ မင်းအဖေရဲ့ လက်ချက်ပဲ မဟုတ်လား"

Grazie ရဲ့ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ Joon.. သူသိနေခဲ့တာလား..။ တုန်လှုပ်သွားပေမယ့် ကျွမ်းကျင်နေသည့်အတိုင်း ဟန်ဆောင်လိုက်ရင်း

"ကျွန်တော်မသိဘူး Bro အဖေတို့ မိသားစု ကိစ္စကို ကျွန်တော် ဝင်မပါဘူး"

နောက်ကနေ တစ်လှမ်းချင်း လျှောက်လာတဲ့ Joon ခြေသံတွေက ဘာလို့ ဒီနေ့မှ ခြောက်ခြားစရာ ကောင်းနေရလဲ မသိ။

"မင်း ကပဲ ဖြစ်ဖြစ် မင်းအဖေ မှားနေတာကို တားရမှာပေါ့ ဘာလို့ မင်းကပါ သွေးနားထင်ရောက်ပြီး မင်းအဖေခြေလှမ်းနောက် လိုက်နေရတာလဲ"
"Bro မှာ ကျွန်တော့်အဖေကို ဝေဖန်ပိုင်ခွင့် မရှိဘူး"
"သခင်လေး Joon တောင်ကိုရီးယားက ဆွေမျိုး ဧည့်သည်တွေ ရောက်နေပါတယ်"

အိမ်ဖော် Maid လေး တစ်ယောက်ရဲ့ အသံကြောင့် Joon နဲ့ Grazie ကြား စကား ပြတ်သွားသည်။ ပြာယာပြာယာ ထွက်သွားသည့် Joon ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း Grazie စိတ်တိုနေမိသည်။ အဲ့လို ဟိုဘက်နိုင်ငံက အမျိုးတွေ ဝင်ထွက်အောင် လုပ်နေသည့် သူ့ကို မုန်းသည်။ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ရင်း

"မင်္ဂလာပါ သခင်လေး Grazie"
"အဖေ့လက်ချက်ဆိုတာ Joon ရိပ်မိနေတယ် ဦးလေး.. ကျွန်တော် အဖေနဲ့ စကားပြောချင်တယ်"

Grazie ရဲ့ တောင်းဆိုချက်ကြောင့် တဖက်ဖုန်းထဲက အသံတိတ်သွားပြီး ခဏကြာ အဖေဖြစ်သူရဲ့ အသံကို ကြားလိုက်ရသည်။

"Joon ကို ရှင်းလိုက်"
"ဒါပေမယ့်.. အဲ့ဒါ အဖေ့တူလေ"
"ငါ့ကို ထိုးမယ့်ဓါးဆိုလည်း ဟုတ်တာမို့ မင်းက ရှင်းပေးပါ Grazie"
"ဟုတ်ကဲ့ပါ အဖေ"

ဖုန်းချပြီး Grazie ရဲ့ လှပသော နှုတ်ခမ်းဖူးလေးမှာ အကျည်းတန်သည့် မဲ့ပြုံးတစ်ခု ချိတ်တွယ်သွားလေသည်။ Joon.. အမြဲ ငါ့ကို ဝေဖန်နေတဲ့ Joon.. နောက်ဆုံးတော့ မင်းကို ငါ့လက်နဲ့ ငါကိုယ်တိုင် အဆုံးသတ်ပေးရတော့မယ်.. ဒီအခွင့်အရေးကို ငါစောင့်နေခဲ့တာကြာပြီ။ ........။

အပျော်စီးသင်္ဘောကြီးထက်တွင် သာမန် အထက်တန်းစား လူမျိုးအတွက်ပင် ခမ်းနားလှသည့် ပါတီတစ်ခု။ သို့ပေမယ့် Grazie နှာခေါင်းရှုံ့မိသည်။ သူ့အတွက်တော့ အပေါစား ရှန်ပိန်, အပေါစား DJ နဲ့  အထူးသဖြင့် ကိုရီးယား လူမျိုး အများစု ရှိနေသည့် အပေါစား ပါတီတစ်ခုထက် မပို။ အမေကို မုန်းတီးနေသည့် သူ့အတွက် ကိုရီးယားလူမျိုးများကို မုန်းတီးနေမိခြင်းသည် ခိုင်မာသည့် အကြောင်းပြချက်မလို။

ဒီလောက် ရွံ့ရှာနေပါလျက် ဘာကြောင့် ဒီပါတီကို တက်ရောက်နေရသလဲ ဆိုရင်.. အကြောင်းပြချက်က Joon။ ဂျာမနီနိုင်ငံကို ကိုရီးယားလူမျိုး သူငယ်ချင်း မိတ်ဆွေ ဆွေမျိုးတွေ ခေါ်ပြီး ပါတီကျင်းပနေသည့် Joon။ ဒီည မင်း သိပ်ချစ်တဲ့ ကိုရီးယား လူမျိုးတွေ ရှေ့မှာ မင်းရဲ့ သွေးတွေ စီးစေရမယ်...။

လူအုပ်စုကြား ပါးချိုင့်ကြီး ပေါ်သည်အထိ ဝေဝေဆာဆာ ပြုံးကာ ရေပက်မဝင် စကားပြောနေသည့် လူကြီးကို Grazie အဝေးကနေ လှမ်း Check နေမိသည်။

"ထူးထူး ခြားခြားပါလား Joon ရဲ့ ပါတီကို လာတက်နေတယ်ဆိုတော့"

Grazie လှည့်ကြည့်လိုက်တော့ အရပ်မြင့်မြင့် ခပ်ချောချော အကိုကြီး တစ်ယောက်။ ထိုသူက Joon နဲ့ စေ့စပ်ထားသော ကိုရီးယားလူမျိုးပင်။ Alex Armanto အိမ်တော်ကြီးကို အမြဲ ဝင်ထွက်နေတာမို့ Grazie လည်း ထိုသူ အကြောင်း သိထားသင့်သလောက် သိသည်။ လက်ထဲက ရှန်ပိန် ခွက်လေးကို ကစားလိုက်ရင်း

"အဘိုး ဆေးရုံတက်နေရတာကို မြေးတွေက သွေးကွဲနေရင် ကောင်းပါ့မလား.. Bro"
"Jin ပါ.. ကိုရီးယားနာမည်က Kim Seokjin ပေမယ့် မင်းကတော့ လွယ်လွယ်ကူကူ Jin လို့ပဲ ခေါ်ပေါ့"

Grazie ဘာမှမပြောပဲ လက်ထဲက ရှန်ပိန်ခွက်လေးကို တငုံမော့သောက်လိုက်သည်။

"ကိုရီးယားလို နားလည်တယ်မလား ကိုရီးယားလိုပဲ ပြောမယ်နော် ဂျာမန်စကားက ငါ့အတွက် နည်းနည်းခက်လို့"

Grazie ဘက်က ဘာမှခွန်းတုံ့မပြန် ပေမယ့် Jin ကတော့ စကားဝိုင်းကို ကိုရီးယားလို ဦးဆောင်နေလေသည်။

"အမေကလည်း ကိုရီးယား လူမျိုးဆို.. ကိုရီးယား နာမည်က ဘာလဲ"
"အဲ့လို ဘာနာမည်ဆိုပြီး မရှိဘူး Grazie တစ်မျိုးပဲ ရှိတယ် ပြီးတော့ အဲ့လိုအကြောင်းတွေ ပြောရလောက်အထိ Bro နဲ့ ကျွန်တော် မရင်းနှီးဘူးမလား"

Jin ဘက်က ကိုရီးယားလိုပဲ ပြောလိုက်ပေမယ့် ဂျာမန်လိုသာဖြေနေသည့် Grazie ကြောင့် ကြားထားတဲ့ သတင်းအတိုင်း ကိုရီးယားနိုင်ငံ/ လူမျိုး/ ဘာသာစကားကို အသားလွှတ်မုန်းနေသည်ဆိုတာ Jin လက်ခံလိုက်မိသည်။ Jin လည်း စကားဝိုင်းကို ဆက်မပြောတော့ပဲ ထိုင်ရာမှ ထသွားကာ Joon အနားပင် ဦးတည်လိုက်တော့သည်။

Joon အနားသွားကာ ပါးပြင်ကို ဖွဖွလေး နမ်းလိုက်တဲ့ Jin ကိုကြည့်ရင်း Grazie မဲ့ပြုံးပြုံးမိသည်။ နဂိုကတည်းက Joon ကို မုန်းပါတယ်ဆို ယောက်ျားချင်း စေ့စပ်ထားသည်တဲ့ ဘယ်လောက် ရွံ့ရှာဖို့ကောင်းလိုက်တဲ့ လုပ်ရပ်လဲ...။ ခဏကြာ လူစုထဲမှ ရှန်းထွက်ပြီး သင်္ဘော ခေါင်းပိုင်းကို ဦးတည်သွားတဲ့ Joon ကို မြင်လိုက်ရတာကြောင့် Grazie လည်း ထိုင်ရာမှ ထလိုက်သည်။ ရင်ဘတ်ထဲ ဝှက်ထားသည့် သေနတ်ကို မသိမသာ ဆွဲထုတ်ပြီး Joon အနောက်လိုက်သွားခဲ့သည်။

"အော Namjoon Hyung ရဲ့ ညီတစ်ဝမ်းကွဲ မဟုတ်လား"

ကျစ်.. အရေးထဲ လက်မောင်းကို လှမ်းဆွဲလိုက်သည့် ကိုရီးယား ဘာသာစကားပြောနေသူ အမျိုးသား တစ်ယောက်ကြောင့် Grazie စိတ်တိုသွားသည်။ သေနတ်ကို ရင်ဘတ်ထဲ ပြန်ထိုးသိမ်းလိုက်ပြီး ထိုသူကိုပင် မော့မကြည့်ပဲ ဆွဲထားသည့် လက်မောင်းကို ဖြုတ်ခါချလိုက်ရင်း

"Sorry ကိုရီးယားလို နားမလည်ဘူး"

Grazie လိမ်ပြောကာ လူအုပ်စုထဲမှ ပြေးထွက်လာခဲ့သည်။ မျက်ချေပြတ်သွားပြီ ဖြစ်သော Joon က ဘယ်ပျောက်သွားမှန်းမသိ။ အဓိက plan ဖျက်စီးသူ ခုနာက လက်မောင်း လာဆွဲသည့် တစ်ယောက်အား မျက်နှာ မမြင်လိုက်ပေမယ့် မေတ္တာတော့ ပို့လိုက်မိသည်။

"Fxxk"
"ငါ့ကို ရှာနေတာလား Grazie"

ကိုရီးယားလို ပြောလိုက်သည့် Joon အသံကြောင့် Grazie ခန္ဓာကိုယ် သေးသေးလေး တုန်ခနဲ ဖြစ်သွားသည်။ လှည့်ကြည့်လိုက်တော့ Joon က ပါးချိုင့်ကြီး ပေါ်အောင် ပြုံးပြလျက်

"မင်း အဖေ ခိုင်းလိုက်တာလား"
"မဟုတ်ဘူး"

Grazie ပြောင်လိမ်တာကို Joon က ရိပ်မိသလို တိုးတိုးလေး ရယ်နေလေသည်။

"မင်း.. မင်းအမေကို ဘာလို့ မုန်းတာလဲ တကယ်ဆို အဲ့တုန်းက ဘာကြောင့် စကားများကြတာလဲဆိုတာ မင်း သိတောင် မသိခဲ့ဘူးမလား"

Joon စကားက မှန်သည်။ တကယ်ဆို အဲ့တုန်းက အဖေနဲ့ အမေ ဘာကြောင့် စကားများခဲ့လဲ Grazie မသိခဲ့..။ အဖေ ခေါင်းထဲရိုက်သွင်းထားတဲ့ 'မင်းအမေက မုန်းဖို့ကောင်းတယ် မင်းအမေကို မုန်းရမယ်' ဆိုသည့် စကားကြောင့်သာ ဖြစ်သည်။

"အဘိုးက ငါ့ကို ပိုအရေးပေးခဲ့တယ်ဆိုတာ မင်းထင်သလို မင်းကို မချစ်လို့ မဟုတ်ဘူး မင်းအဖေကို မုန်းလို့"

Grazie တိတ်ဆိတ်နေသည်ကို Joon က သက်ပြင်းချရင်း

"မင်း ဘက်က ဘာလို့ အဖြစ်မှန်ကို သိဖို့ တခါမှ မကြိုးစားတာလဲ"
"ကျွန်တော် မသိချင်ဘူး Bro"
"ငါ့အဖေက ကိုရီးယားလူမျိုးကို လက်ထပ်တော့ အဘိုးက လူမျိုးခြား ချွေးမမို့လို့ အရမ်းသည်းခဲ့တာလေ.. အဲ့ဒါကို မင်းအဖေက မနာလိုဖြစ်ပြီး လက်ထပ်ထားတာတောင် မကြာသေးတဲ့ သူ့ရဲ့ ဂျာမန်အမျိုးသမီးနဲ့ ကွာရှင်းလိုက်တာ ပြီးတော့ မင်းအမေနဲ့ ယူလိုက်တာပေါ့ ဒါပေမယ့် ငါ့မိဘတွေထက် လက်ထပ်တာ နောက်ကျတဲ့ မင်းမိဘတွေက ကလေးလည်း ငါ့မိဘထက် နောက်ကျမှ ရတော့ သားငယ်ရဲ့ ကလေး ငါက မြေးဦး ဖြစ်ပြီး သားကြီးရဲ့ ကလေး မင်းက မြေးအငယ် ဖြစ်နေတာမို့ မင်းအဖေက သူရဲ့ ဒေါသကို မင်းအမေအပေါ် ပုံချခဲ့တာ.. အရမ်းဆိုးတာပဲ မင်းအဖေက မင်းအမေကို ချစ်လို့ ယူထားတာ မဟုတ်ပဲ အဘိုးဆီက အမွေ လိုချင်ယုံသက်သက် ယူထားတာကို မင်းအမေ ရိပ်မိလာတယ် ဒီလိုနဲ့ စကားတွေများ"
"တော်တော့ Bro ကျွန်တော် မယုံဘူး"

Grazie က Joon ကို ဂရုမစိုက်သလို ကျောခိုင်းလိုက်ပေမယ့် ရင်ဘတ်ထဲကတော့ အမှန်တရားကို ထပ်ကြားချင်နေသေးသည်။

"မင်းက အရွယ်နဲ့မလိုက်အောင် ကြိုးစားပြီး သိပ်ထက်မြက်တဲ့ ကောင်လေးပါ Grazie.. ဒါပေမယ့် ခက်တာက မင်းက အရမ်း လိမ်တတ်တယ်.. မင်းအမေကို မင်း သတိရနေသေးတယ်ဆိုတာ ငါ သိပါတယ် ဆယ့်ငါးနှစ်လုံး ကိုရီးယားစကားကို မမေ့သေးတာ သက်သေပဲမလား"
"ဟင့်အင်း Bro မှားနေပြီ ကျွန်တော် အကုန်မေ့ကုန်ပြီ"
"ငါပြောခဲ့တာတွေ မင်း မယုံရင် မင်းအဖေကို သွားမေးကြည့်လိုက်ပါ Min"

Min..??။ မကြားရတာ ဆယ့်ငါးနှစ်လောက် ကြာပြီဖြစ်သော Nickname လေး ကြောင့် Grazie တကိုယ်လုံး တုန်ရင်လာသည်။

"မင်းအဖေ သွေးအေးတိုင်း မင်း လိုက်သွေးအေးစဟာ မလိုဘူး မင်း အဖေ ရက်စက်တိုင်း မင်း လိုက်ရက်စက်စဟာ မလိုဘူး မင်းအဖေ မောက်မာတိုင်း မင်း လိုက် မောက်မာစဟာ မလိုဘူး နောက်ဆုံး မင်းအဖေ ငွေမက်တိုင်း မင်း လိုက် ငွေမက်စရာ မလိုဘူး Min.. မင်းရဲ့ စိတ်ထဲကလာတဲ့ ဖြစ်တည်မှုအတိုင်း မင်းနေလို့ရတယ်"

Joon စကားတွေက အမှားတွေလို့ ယုံကြည်ထားတာတောင် Grazie နာကျင်မိသည်။ သေနတ်မောင်းကို ဆွဲလိုက်ပြီး Joon ကို ချိန်လိုက်သည်။

"မင်းအဖေအတွက် လူသတ်မလို့လား Min.. တန်ရဲ့လား စဉ်းစားကြည့်ပါဦး မင်းအဖေက မင်းကို ချစ်ရဲ့လား"

ရင်ဘတ်တည့်တည့်ကို နာကျင်စေသည့် စကားကြောင့် Grazie သေနတ်ကို လွှတ်ချလိုက်ပြီး ထိုနေရာမှ ပြေးထွက်လာခဲ့သည်။ ကားကို အရှိန်တင်မောင်းရင်း အဖေရှိသော Hotel ဆီ မောင်းထွက်လာခဲ့သည်။ တစ်နိုင်ငံထဲ တစ်မြို့ထဲ အတူရှိနေပေမယ့် Hotel မှာ နေတာများပြီး ဖုန်းဆက်ရင်တောင် သူ့အတွင်းရေးမှူးသာ ကိုင်သည့်အဖေက သူ့ကို ချစ်ရဲ့လားလို့ ဒီနေ့မှ ထူးထူးခြားခြား တွေးမိလာသည်။

"အဖေနဲ့ တွေ့ခွင့်ပေးပါ"

Hotel Reception ရှိ ဝန်ထမ်းက သူ့တောင်းဆိုမှုကြောင့် မျက်နှာ အနည်းငယ် ပျက်သွားသည်။

"တောင်းပန်ပါတယ် သခင်လေး Grazie သခင်ကြီးက အခု"
"မင်း ငါ့ကို အခု အတွန့်တက်နေတာလား အလုပ်ပြုတ်သွားချင်လို့လား"

Grazie အော်သံကြောင့် ဝန်ထမ်းကောင်လေးမှာ တုန်ယင်နေလေသည်။

"သခင်လေး Grazie"

တည်ငြိမ်သည့် အသံဖြင့် အဖေရဲ့ အတွင်းရေးမှူး ဦးလေး ခေါ်သံကြောင့် Grazie ထိုဦးလေး အနားပြေးသွားလိုက်သည်။

"အဖေနဲ့ တွေ့ချင်တယ် ပြောစရာရှိလို့ပါ"
"မနက်မှလာခဲ့ပါ့လား သခင်လေး အခု သခင်ကြီးက"

ဦးလေးကြီး စကားမဆုံးခင် အမျိုးသမီး နှစ်ယောက်နဲ့ သောက်စားရင်း ထွက်လာသည့် အဖေကို မြင်လိုက်ရတာကြောင့် Grazie အဖေဖြစ်သူဆီ ပြေးသွားမိသည်။

"အဖေ"
"အိုးး ငါ့သားလေးပဲ ဘယ်လိုလဲ Joon ကို လက်စရှင်းခဲ့ပြီလား"
"တောင်းပန်ပေမယ့်.."
"မရှင်းခဲ့နိုင်ဘူးလား"
"အဖေ"
"အခု သွားရှင်း မိုးလင်းလို့ အဲ့ကောင် အသက်ရှိနေသေးရင် မင်းကို သတ်မှာ"

ပြောပြီး ထွက်သွားသည့်အဖေရဲ့ ကျောပြင်ကို ပူဆွေးဆွေး ငေးနေမိသည်။ အဖေ တကယ်ပဲ ကျွန်တော့်ကို မချစ်ခဲ့ဖူးလား....။

နွေရာသီ အစ June လမို့ မိုးက သည်းထန်စွာရွာနေလေသည်။ အဖေ့စကားကြောင့် အပျော်စီး သင်္ဘော ရှိရာ ဆိပ်ကမ်းသို့ Grazie ပြန်ရောက်လာပေမယ့် အဝေးကနေသာ ကြည့်နေမိသည်။ ရုတ်တရပ် ရွာချလိုက်သော မိုးကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် သင်္ဘောပေါ်က လူအစုအဝေးကို အသက်မဲ့စွာ ငေးနေမိသည်။

မဟုတ်ဘူး.. ငါ့ကို တမင် တုန်လှုပ်အောင် Joon လျှောက်ပြောတာ ငါက တုန်လှုပ်သွားရင် ငါရှုံးပြီ..။ မျက်ရည်ပူတို့ စီးဆင်းလာသည်ကို ခပ်ကြမ်းကြမ်း သုတ်ပစ်ပြီး Box ထဲမှ သေနတ်ထုတ်ကာ သင်္ဘောပေါ် Grazie ပြန်တက်လာခဲ့သည်။ ပြေးလွှားနေသည့် လူအုပ်စုကြား Joon ကို လိုက်ရှာနေလိုက်သည်။ Joon ကို မြင်လိုက်ပေမယ့် ကြားထဲ လူတော်တော်များများ ခံနေသည်မို့ ရှေ့မှ ပိတ်နေသည့် ခပ်ဝဝ အမျိုးသမီးကို တွန်းလိုက်မိသည်။

"ဒီက ကလေး လူကြီးကို ဝင်တိုက်ပြီး တောင်းပန်ရမှာပေါ့"

ကိုရီးယား ဘာသာစကား ပြောသည့် ထိုအမျိုးသမီးကို Grazie ကြည့်လိုက်တော့ အသက်အရွယ်နဲ့ မလိုက်အောင် အပေါစား မိတ်ကပ်ထူထူ ခြယ်သထားသည့် ကိုရီးယားလူမျိုး အဒေါ်ကြီး ဖြစ်နေလေသည်။ ကိုယ့်ကိုကိုယ်တောင် သတိမထားမိပဲ Grazie နှာခေါင်း အလိုလို ရှုံ့လိုက်မိသည်။

"ကျစ်.. ကျွန်တော် အလုပ်များနေလို့"

Grazie က ပိုက်ဆံအိတ်ဖွင့်ကာ လဲကျနေသော အမျိုးသမီးအား Credit card တစ်ခု ပစ်ပေးလိုက်သည်။ Grazie ကျောခိုင်းလိုက်ပေမယ့် ထို အမျိုးသမီးက Grazie လက်ကို လှမ်းဆွဲလိုက်ပြီး

"အရာတိုင်းကို ငွေနဲ့ ရှင်းလို့ မရဘူး ကလေးရဲ့.. မျက်လုံး အတွက်ဆို မျက်လုံး သွားအတွက်ဆို သွား ဒါမှ မျှတမှာပေါ့"

ထိုအမျိုးသမီး စကားကြောင့် Grazie မျက်မှောင်ကြုံလိုက်မိသည်။ ဒီအမျိုးသမီးက Psycho လား ဘာလား..။ ထိုခပ်ဝဝ အမျိုးသမီးက လဲကျနေရာမှ အားပြုထလိုက်ပြီး

"မင်း ငါ့ကို တွန်းသလို ငါက ပြန်တွန်းရမှ ကျေနပ်မယ်"
"ဘာ?"

Grazie အံ့ဩဆွံ့အ နေမိချိန် ထိုအမျိုးသမီးက သူ့ကို တွန်းလိုက်သည်။ သင်္ဘော လက်ရန်းမှ ကျော်လွန်၍ Grazie ရေထဲကို ကျသွားသည်။ အရှိန်နဲ့ ကျသွားသည်မို့ ရေအနက်ထဲထိ ရောက်သွားသည် ထင်ရသည်။

ရေအနက်ထဲ Grazie ဘယ်လိုပဲ ကြိုးစား ကြိုးစား ရေမျက်နှာပြင် မတက်နိုင်ခဲ့.. တစ်ခုခုက ဆွဲထားသလို..။ ဒီလိုနဲ့ ရေနစ်သေတော့မှာလား... အဖေက အဘိုးကို လုပ်ကြံထားတာ မပေါ်ဖို့ Joon ကို သတ်ရဦးမှာပါဆို...။

ရုန်းလေ ရေနက်ထဲ ရောက်လေ အသက်ရူက ပိုခက်လာလေသည်မို့ Grazie လက်လျော့လိုက်တော့သည်။ ဒီအသက်ထိပဲ နေဖို့ ကံပါလာလေသလား..။ သေချာ စဉ်းစားကြည့်လိုက်ရင် နည်းနည်းတော့ နာကျင်ဖို့ ကောင်းပေမယ့် Joon ပြောတာ မှန်သည်။ Grazie ဘဝက လွန်ခဲ့သော ဆယ့်ငါးနှစ်ကတည်းက အဖေပုံစံအတိုင်း ရပ်တည်လာခဲ့တာ တကယ့် Alex Armanto Grazie ဆိုတာ ဘယ်လို ပုံစံမှန်း မသိခဲ့..။

Joon ပြောသလို အဲ့တုန်းက အဖေနောက် မလိုက်ခဲ့ပဲ အမေ့နောက် လိုက်သွားခဲ့ရင် Alex Armanto Grazie ဆိုတာ ဘယ်လို ပုံစံ ဖြစ်နေမလဲ သိတော့ သိချင်မိသား ...။ အမှန်တိုင်း ဝန်ခံရရင် ကိုယ့်ကိုကိုယ် လိမ်ထားတာ တစ်ခုရှိတယ်..။ ကျွန်တော့်မှာ ကိုရီးယား နာမည်ရှိတယ် ဆိုတာကိုရော အဲ့နာမည်ကို မေ့ချင်ယောင်ဆောင်နေတာကိုရောပေါ့...။ ကျွန်တော့် ကိုရီးယား နာမည်က Park Jimin ပါ..။

ရေနက်ထဲ အသက်ရူမရသည့်အဆုံး Grazie ခေါ် Jimin ငြိမ်သက်သွားသည်။ ..........................။

"လောကကြီးမှာ ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ အရာတွေ အများကြီး ရှိတယ်ဆိုတာ မင်းကို မြင်စေချင်လို့ပါ ကလေးရေ"

Jimin အား တွန်းချလိုက်သူ ခပ်ဝဝ အမျိုးသမီးက နူးနူးညံ့ညံ့ ပြုံးရင်း ပြောလိုက်သည်။ ...........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟုတ်ကဲ့ ငွေဂုဏ်မောက်နေတဲ့ သွေးအေးရက်စက်သူ သခင်လေးက အလှလေးပါ 😁😁
ဒီ Fic လေးက Sleeping Beauty လေးပြီးမှ တင်ဖို့ အရင်ပတည်းက ကြိုလုပ်ထားခဲ့ပေမယ့် Donation မှာပါတဲ့ သူတွေကို Support တဲ့ အနေနဲ့ တင်လိုက်တာပါ (10) ဦးပြည့်မှ တင်မယ် ပြောခဲ့ပေမယ့် (7) နဲ့ တင်လိုက်ပါတယ်နော် တကယ်လို့ (10) ဦး ပြည့်ခဲ့ရင်လည်း ( 3 ) ရက်အတွင်း Ep-2 တင်ပေးပါ့မယ် 🙏 စိတ်အပန်းဖြေစရာလေး တစ်ခုအနေနဲ့ပဲ မြင်ပေးပါနော် ❤️

Zawgyi;

"သခင္ေလး ႏိူးလာၿပီတဲ့"
"သခင္ေလး ႏိူးၿပီတဲ့ေဟ့"

မီးဖိုေဆာင္ထဲ အနက္ေရာင္ ဂါဝန္ဒူးတိေလးေတြ ဝတ္ထားသည့္ အေစခံ Maid ေလးမ်ား ရႈတ္ရႈတ္သဲသဲျဖင့္ အလုပ္ရႈပ္ေနၾကသည္။ အေၾကာင္းအရင္းကား သခင္ေလး...။ သခင္ေလးက သူ႔အေဖလိုပဲ သိပ္ဇီဇာေၾကာင္တာ...။ လတ္ဆတ္ၿပီး ပူေႏြးတဲ့ မနက္စာမွ သေဘာက်တတ္သူ သို႔ေပမယ့္ စားပြဲဝိုင္းေရာက္ေနလွ်င္လည္း စားစရာ စုံလင္ေနမွ ေစာင့္ေနရတာကို မႀကိဳက္သူ။

ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕။ ရဲတိုက္ႀကီး ပမာ ခမ္းနားထည္ဝါလွပေသာ အျဖဴေရာင္အတိ ခ်ယ္ထားသည့္ Alex Armanto အိမ္ေတာ္ႀကီး။ ထို Alex Armanto အိမ္ေတာ္ႀကီး၏ စတုတၳ အထပ္တြင္ သန္႔ရွင္းက်ယ္ဝန္းလွေသာ သခင္ေလး Alex Armanto Grazie ၏ အိပ္ခန္းေဆာင္ရွိသည္။

"အဝတ္ျပင္ၿပီးပါၿပီ သခင္ေလးရွင့္"
"အင္း ထားခဲ့"

အျဖဴေရာင္ မွန္တင္ခုံႀကီးေရွ႕ ထိုင္လိုက္သည့္ သခင္ေလး မ်က္ႏွာက ေအးစက္မာေက်ာေနသည္မို႔ Maid ေကာင္မေလး လွစ္ထြက္လာခဲ့သည္။ ေကာ့ေနေအာင္ မီးပူထိုး ထားသည့္ အနက္ေရာင္ Suit တစ္ထည္ကို ဝတ္ဆင္လိုက္ၿပီး မွန္ေလးထဲက ကိုယ္မ်က္ႏွာ ကိုယ္ၾကည့္ရင္း ႏႈတ္ခမ္းဖူးဖူးေလးမွာ အၿပဳံးလို႔ မဆိုစေလာက္ေလး ေကြးသြားသည္။

သူက ဒီ Alex Armanto အိမ္ေတာ္ႀကီးရဲ႕ အငယ္ဆုံး ေျမးေလး Grazie ။ ေယာက္်ားေလးတန္မဲ့ ၾကည္လင္ေတာက္ပေနသည့္ အသားရည္ေပၚက အနက္ေရာင္ မ်က္ခုံးတန္းႏွင့္ ဆြဲငင္မႈ ျပည့္ဝလွေသာ မ်က္ဝန္းနက္နက္ရဲ႕ ေပါင္ရစပ္မႈက မွင္သက္ဖြယ္။ ထပ္မံ အားျဖည့္ထားသည့္ ႏွင္းဆီဖူးလို ႏႈတ္ခမ္းေထြးေထြးတို႔ကလည္း သူ႔အလွကို ပိုမို ေပၚလြင္ေစသည္။ Grazie ဆိုသည့္ အမည္မွာ ဂ်ာမန္စကား die grazie ကို အေျခခံၿပီး အမည္ေပးထားျခင္း ျဖစ္သည္။ အဓိပၸာယ္က လွပေက်ာ့ရွင္းၿပီး က်က္သေရနဲ႔ တင့္တယ္ျခင္းတဲ့...။

ပိုင္ဆိုင္ထားသည့္ အလွႏွင့္ တူညီသည့္ ပမာဏေလာက္ မာနနဲ႔ ေမာက္မာမႈလည္း သူ႔မွာရွိသည္။ တစ္အိမ္လုံးမွာ အာဏာအရွိဆုံးလို႔ ခံယူထားေပမယ့္ တခ်ိဳ႕ကေတာ့ အေမာက္မာဆုံးလို႔ ကြယ္ရာတြင္ ရႈံ႕ခ်ၾကသည္။ သိပ္ေတာ့ အာ႐ုံမထား။ ကိုယ္မွန္တယ္ထင္ရင္ လူသတ္ဖို႔ေတာင္ မေၾကာက္တဲ့ သူမ်ိဳးမို႔ပင္။

ကိုယ္ရံေတာ္ထဲမွ တစ္ေယာက္က သူ႔အတြက္ Necktie ေ႐ြးေပးေနတာေၾကာင့္ ေဘးက ရပ္ေစာင့္ေနလိုက္သည္။ တစ္မိနစ္ပင္ မၾကာေသးေသာ္ေလး ထုံးစံအတိုင္း စိတ္မရွည္ တတ္သည့္ Grazie က

"ငါ ေရခ်ိဳးကတည္းက မင္း ႀကိဳေ႐ြးထားရမွာ မဟုတ္ဘူးလား"
"ေတာင္း.. ေတာင္းပန္ပါတယ္ သခင္ေလး ကြၽန္ေတာ္"
"ေတာ္ေတာ့ ထြက္သြား.. မင္းကို အလုပ္ထုတ္ၿပီ"
"ဗ်ာ.. သ.. သခင္ေလး"
"ထြက္သြား"

ေအးစက္စက္ စကားသံေၾကာင့္ ထိုကိုယ္ရံေတာ္ေလးခမ်ာ ဒူးေထာက္ရေတာ့သည္။

"ေတာင္းပန္ပါတယ္ သခင္ေလး ကြၽန္ေတာ္"
"သူ႔ကို ဆြဲေခၚသြားလိုက္ေတာ့"

သခင္ေလး Grazie စကားေၾကာင့္ တျခား ကိုယ္ရံေတာ္ ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္မိသည္။ ၿပီးမွ အားတင္းကာ

"သခင္ေလး သူက သူ႔အိမ္မွာ သူ႔အေမ နာေရးရွိလို႔ စိတ္နဲ႔ကိုယ္ သိပ္မကပ္လို႔ပါ သူ႔ကို ဒုတိယအႀကိမ္ အခြင့္အေရးေလး ေပးပါ့လား"

အရဲတင္းေျပာလိုက္သည့္ ကိုယ္ရံေတာ္ေလး စကားကို ခုနာ အလုပ္ထုတ္ခံရသည့္ ကိုယ္ရံေတာ္ေလးက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ေထာက္ခံေနေလသည္။ သို႔ေပမယ့္ သခင္ေလး Grazie မွာ နည္းနည္းမွာ ဂ႐ုဏာသက္ပုံမေပၚ။

"မင္းတို႔ႏွစ္ေယာက္လည္း ထြက္သြား အလုပ္ထုတ္လိုက္ၿပီ"
"ဗ်ာ"
"ဒုတိယအႀကိမ္ဆိုတဲ့ စကားက ပထမအႀကိမ္မွာသာ ေကာင္းေကာင္းလုပ္ခဲ့ရင္ ေပၚလာစရာ အေၾကာင္းမရွိဘူး မင္းတို႔ သုံးေယာက္လုံး ေျခေထာက္ခ်ိဳးၿပီး ဆြဲမထုတ္ခင္ ငါ့အခန္းထဲက ထြက္သြား"

သုံးေယာက္လုံး ျပာယာျပာယာ ေျပးထြက္သြားသည္ကို ဂ႐ုမစိုက္သလို Necktie တစ္ခု ဆြဲယူကာ မွန္ၾကည့္ၿပီး တပ္ေနလိုက္သည္။ ဟုတ္ပါသည္။ ဒါလည္း သူ႔ရဲ႕ ဗီဇတစ္ခုပင္။ ရက္စက္တယ္ ျပတ္သားတယ္ ဆိုတာ ဂ်ာမန္လူမ်ိဳး အေဖဆီကရလာသည့္ အေမြတစ္ခု ျဖစ္ေလမလား။ အၾကည္ဓါတ္ မ်က္ႏွာေလး အားကိုးနဲ႔ ပညာသား ပါပါ လိမ္ညာ ေကာက္က်စ္ႏိုင္မႈေၾကာင့္ ဂ်ာမနီႏိုင္ငံရဲ႕ စီးပြါးေရးနယ္ပယ္မွာ Little Cobra လို႔ေတာင္ တင္စားခံရသူ။

ဂ်ာမနီမွာ ေနသည္ကို အေဖအား ဂ်ာမန္လူမ်ိဳးလို႔ ထည့္ေျပာရျခင္း အေၾကာင္းကား သူ႔အေမေၾကာင့္ပင္ ျဖစ္သည္။ Grazie ရဲ႕ အေမျဖစ္သူက ကိုရီးယားလူမ်ိဳး ျဖစ္သည္။ အေဖနဲ႔ အေမ စကားမ်ား ရန္ျဖစ္သည္က ကြာရွင္းဖို႔အထိ ျဖစ္သြားတာေၾကာင့္ Grazie ကို အေဖျဖစ္သူက ေခၚထားလိုက္ျခင္း ျဖစ္သည္။ အေမဆိုတာ ရွိေနမွန္း သိေပမယ့္ သြားမေတြ႕ခ်င္သလို လိုက္မရွာမိ။ ဘာေၾကာင့္ အေဖနဲ႔ အေမ ကြာရွင္းသည္အထိ ျဖစ္ခဲ့လဲ မမွတ္မိေတာ့ေပမယ့္ ေသခ်ာတာ တစ္ခုက အေမကို မုန္းသည္။

"ဒါက ဘာလဲ"

ေအးစက္စက္ျဖင့္ ေမးလိုက္သည့္ Grazie ရဲ႕ ေမးခြန္းေၾကာင့္ မီးဖိုေဆာင္ထဲ မနက္စာဝိုင္းျပင္ေနသည့္ Maid ေလး တစ္ကိုယ္လုံး ေရခဲ႐ိုက္လိုက္သလို ေတာင့္ခဲသြားသည္။ သခင္ေလး Grazie သည္ ေတာ္႐ုံဆို အိမ္ေဖာ္ႏွင့္ ကိုယ္ရံေတာ္မ်ားအား စကားမေျပာ ေျပာလွ်င္လည္း သူစိတ္မၾကည္စရာ တစ္ခုခုရွိလို႔ပင္ ျဖစ္သည္။

"ရွင္"
"ငါကမာၻေပၚမွာ အမုန္းဆုံးက စကားတစ္ခြန္းကို ႏွစ္ခါေျပာရတာပဲ"
"ေတာင္းပန္ပါတယ္ သခင္ေလး"
"မင္း ထြက္သြား အလုပ္ထုတ္လိုက္ၿပီ"
"ရွင္"

သခင္ေလး Grazie ရဲ႕ စကားအဆုံးမွာ ကိုယ္ရံေတာ္ ႏွစ္ေယာက္က ထို အိမ္ေဖာ္မေလးအား မီးဖိုေဆာင္မွ ဆြဲေခၚသြားေတာ့သည္။

"စားဖိုေဆာင္ ေခါင္းေဆာင္ ဘယ္သူလဲ သူ႔ကို ေခၚေပး"
"ဟုတ္ကဲ့ပါ သခင္ေလး"

ခဏ ၾကာေတာ့ ကိုယ္ရံေတာ္နဲ႔အတူ ခပ္ျပည့္ျပည့္ ေဒါင္ေကာင္းေကာင္း အမ်ိဳးသမီးတစ္ေယာက္ ပါလာသည္။ သခင္ေလး Grazie က သူ႔မ်က္လုံးေမွးေလးေတြဆီမွ စူးရွရွ အၾကည့္တစ္ခ်က္ျဖင့္ စားပြဲေပၚ မ်က္စပစ္ျပရင္း

"ဒါကဘာလဲ"
"ထိုင္းႏိုင္ငံကေန Export လုပ္ထားတဲ့ သရက္သီးပါ သခင္ေလး မ်ိဳးေကာင္း လုံးသန္႔ေတြပါ ခ်ိဳအီၿပီး ေမႊးေနတာပါပဲ"
"အာ.. ဟုတ္လား"

သခင္ေလး Grazie က သူ႔မ်က္လုံးေမွးေလးေတြ မွိတ္သြားမတတ္ ၿပဳံးကာ ေခါင္းတညိမ့္ညိမ့္ လုပ္ေနေလသည္။ သခင္ေလး ၿပဳံးသြားၿပီ ျဖစ္လို႔ စားဖိုေဆာင္ ေခါင္းေဆာင္ သက္ျပင္းတိုးတိုးေလး ႀကိတ္ခ်လိုက္မိသည္။

"မင္းကိုလည္း အလုပ္ျဖဳတ္လိုက္ၿပီ"
"ရွန္.. ဘာလို႔"
"ငါက သရက္သီး မႀကိဳက္ဘူးဆိုတာ မသိဘူးလား.."

သခင္ေလး Grazie ရဲ႕ စကားေၾကာင့္ အမ်ိဳးသမီး မ်က္ႏွာပ်က္သြားကာ ဂါဝန္အိပ္ေထာင္ေလးထဲမွ စာအုပ္ေသးေသးေလးအား အျမန္ျပန္လွန္ၾကည့္မိသည္။

"စားဖိုေဆာင္ တာဝန္ယူထားတဲ့ ေခါင္းေဆာင္က ငါ ဘာႀကိဳက္လဲ မႀကိဳက္ဘူး ဆိုတာေတာ့ သိထားသင့္တယ္ မဟုတ္ဘူးလား"
"ေတာင္းပန္ပါတယ္ သခင္ေလး ကြၽန္မမွတ္ထားေပမယ့္ ေမ့သြားတာပါ.. အလုပ္ဝင္ထားတာလည္း ရက္ပိုင္းပဲ ရွိေသးေတာ့"
"အခု ငါ့ကို႔ အေၾကာင္းျပခ်က္ေပးေနတာလား"
"အို မဟုတ္ပါဘူး သခင္ေလးရယ္"
"ထြက္သြား"

ထိုအမ်ိဳးသမီးမွာ အတြန္႔မတက္ရဲေတာ့ပဲ မ်က္ႏွာငယ္ျဖင့္ ထြက္သြားေလေတာ့သည္။ အျဖစ္အပ်က္မွန္သမွ်ကို အေဝးကေန လွမ္းၾကည့္ရင္း သက္ျပင္းခ်ေနသူက တစ္လွမ္းခ်င္း သခင္ေလး Grazie အနားေလွ်ာက္လာသည္။

"ဘာမဟုတ္တဲ့ အမွားေလးေတြကိုေတာင္ ျပင္ခြင့္မေပးပဲ ေန႔တိုင္း တေန႔ကို အနည္းဆုံး ငါးေယာက္ အလုပ္ျဖဳတ္တယ္ ဆိုတာေတာ့ မင္း မလြန္လြန္းဘူးလား Grazie.. ဒီအိမ္ေတာ္မွာ မင္းတစ္ေယာက္တည္း ေနတာ မဟုတ္ဘူးေနာ္ စားဖိုေဆာင္ ေခါင္းေဆာင္လည္း တပတ္တစ္ခါေလာက္ ေျပာင္းေနတာ Maid ေတြဆိုလည္း အေျပာင္းအလဲ မ်ားလြန္းလို႔ မွတ္ေတာင္ မမွတ္မိေတာ့ဘူး"

နားထဲ သံရည္ပူလို စီးဝင္လာသည့္ ကိုရီးယား ဘာသာစကားေၾကာင့္ Grazie က စူးရွရွ အၾကည့္တို႔ျဖင့္ ထိုလူကို ေမာ့ၾကည့္လိုက္ရင္း

"သူတို႔သာ အလုပ္ေကာင္းေကာင္းလုပ္ရင္ ကြၽန္ေတာ့္ဘက္က အလုပ္ျဖဳတ္စရာ အေၾကာင္းမရွိပါဘူး Bro"

ဂ်ာမန္ ဘာသာစကားနဲ႔ ျပန္ေျဖလိုက္သည္ကို ထိုလူက ေလွာင္သလိုဟန္ ခပ္သဲ့သဲ့ေလး ၿပဳံးသြားသည္။ ျမင္ျဖစ္ေအာင္ ျမင္လိုက္သည့္ Grazie မ်က္ေမွာင္ႀကဳံမိသည္။ ထိုလူနဲ႔ ပတ္သက္လာရင္ အစစ အရာရာ မုန္းသည္။ အဘိုးက မ်က္ႏွာသာ ေပးေနတာကို မုန္းသည္။ သာယာတဲ့ မိသားစုဘဝ ပိုင္ဆိုင္ထားတာကိုလည္း မုန္းသည္။ ဂ်ာမနီႏိုင္ငံလာၿပီး ကိုရီးယား ဘာသာစကား လာေျပာေနတာကိုလည္း မုန္းသည္။ ဘက္စုံ ထူးခြၽန္ေနတာကိုလည္း မုန္းသည္။ IQ 148 ရွိေနတာကိုလည္း မုန္းသည္။ ၿပဳံးလိုက္တိုင္း ေပၚလာသည့္ ထိုလူ၏ ပါးခ်ိဳင့္ႀကီးကိုလည္း မုန္းသည္။

ထိုသူကား အေဖျဖစ္သူရဲ႕ တူ.. Joon ပင္။ Joon သည္လည္း Grazie လို ကိုရီးယားေသြးေႏွာေပမယ့္ မိသားစုဘဝကေတာ့ Grazie လို ၿပိဳကြဲမေနပဲ သာယာလ်က္ရွိသည္။ Joon မွာ ကိုရီးယားနာမည္လည္း တမ်ိဳးရွိေသးသည္။ နဂိုကတည္းက သိပ္ၾကည့္မရသည္မို႔ အထူးတလည္ နားေထာင္ မေနေတာ့ မသိ။

"Bro ဆိုတာထက္ Hyung လို႔ ေခၚေစခ်င္တာ မင္းလည္း ကိုရီးယား နားလည္ေနတာပဲ.. အာ.. ေမ့ေနတာ ေျပာလည္း ေျပာတတ္တာကို"
"အခု ကြၽန္ေတာ့္ကို ရန္စေနတာလား"

Grazie ၏ စကားကို Joon က ဟားတိုက္သလို ရယ္ရင္း

"ဟား ဟား.. မင္း အခု ကိုရီးယားလို ေျပာလိုက္တာ သတိထားမိလား"

ဟုတ္ပါသည္။ ဘယ္ေလာက္ပဲ ဟန္ေဆာင္ ဟန္ေဆာင္ ေသြးဆိုသည္က ညာလို႔မရသည့္ အရာ တစ္ခုျဖစ္သည္။ ေခါင္းထဲစြဲေနသည့္ ကိုရီးယား ဘာသာစကားကို ႏွစ္ေပါင္းမ်ားစြာ ေမ့ထားခဲ့သည္ေတာင္ မွတ္မိေနေသးသည္က သက္ေသပင္ မဟုတ္လား။ ကိုယ့္ေရွ႕မွာ ကိုရီးယားလို ရန္လာစေနသည္ကို ဂ်ာမန္လို ျပန္ေျပာရသည္က အားမလို အားမရ ျဖစ္ေစသည္မို႔ လႊတ္ခနဲ ထြက္သြားမိသည္။

"ငါ တစ္ခါတစ္ေလ စဥ္းစားမိတယ္.. တကယ္လို႔ အဲ့တုန္းက မင္း ဦးေလးေနာက္ လိုက္မလာခဲ့ပဲ မင္းအေမေနာက္ လိုက္သြားခဲ့ရင္ မင္း အခုလို ေမာက္မာႏိုင္ဦးမလား ဆိုတာကို"

Grazie ဘာမွျပန္မေျပာပဲ ၿငိမ္ေနေပမယ့္ စားပြဲထက္ တစ္ဆက္ဆက္ တုန္ေနသည့္ လက္သီးဆုပ္ ေသးေသးေလးက ဘယ္ေလာက္ ေဒါသထြက္ေနလဲ ဆိုတာ ျမင္ႏိုင္သည္။ Joon ေျပာတဲ့ အဲ့တုန္းကဆိုသည္ကား အေဖနဲ႔ အေမ ကြာရွင္းတုန္းကကို ေျပာတာ သိသာလြန္းသည္ မဟုတ္လား။

"ကြၽန္ေတာ့္ မိသားစုအေရးကို Bro ဝင္ေျပာစရာ အေၾကာင္းမရွိဘူး ထင္တယ္"
"မင္းသာ အျဖစ္မွန္ကိုသိရင္ ဒါမွမဟုတ္ မင္းကို ေမြးေပးတဲ့ အေမဆိုတာကို ဒီ့ထက္ နည္းနည္းေလာက္ ဂ႐ုစိုက္ခဲ့ရင္ ငါဝင္ပါမိမွာ မဟုတ္ဘူး Grazie"

Grazie စားပြဲဝိုင္းမွ ထထြက္ဖို႔ ျပင္လိုက္သည္ကို Joon ဆိုသူက ခပ္သဲ့သဲ့ေလး ၿပဳံးရင္း

"အခု အဘိုး အသည္းအသန္ ျဖစ္ေနတယ္ဆိုတာ မင္းအေဖရဲ႕ လက္ခ်က္ပဲ မဟုတ္လား"

Grazie ရဲ႕ ေျခလွမ္းတို႔ ရပ္တန္႔သြားသည္။ Joon.. သူသိေနခဲ့တာလား..။ တုန္လႈပ္သြားေပမယ့္ ကြၽမ္းက်င္ေနသည့္အတိုင္း ဟန္ေဆာင္လိုက္ရင္း

"ကြၽန္ေတာ္မသိဘူး Bro အေဖတို႔ မိသားစု ကိစၥကို ကြၽန္ေတာ္ ဝင္မပါဘူး"

ေနာက္ကေန တစ္လွမ္းခ်င္း ေလွ်ာက္လာတဲ့ Joon ေျခသံေတြက ဘာလို႔ ဒီေန႔မွ ေျခာက္ျခားစရာ ေကာင္းေနရလဲ မသိ။

"မင္း ကပဲ ျဖစ္ျဖစ္ မင္းအေဖ မွားေနတာကို တားရမွာေပါ့ ဘာလို႔ မင္းကပါ ေသြးနားထင္ေရာက္ၿပီး မင္းအေဖေျခလွမ္းေနာက္ လိုက္ေနရတာလဲ"
"Bro မွာ ကြၽန္ေတာ့္အေဖကို ေဝဖန္ပိုင္ခြင့္ မရွိဘူး"
"သခင္ေလး Joon ေတာင္ကိုရီးယားက ေဆြမ်ိဳး ဧည့္သည္ေတြ ေရာက္ေနပါတယ္"

အိမ္ေဖာ္ Maid ေလး တစ္ေယာက္ရဲ႕ အသံေၾကာင့္ Joon နဲ႔ Grazie ၾကား စကား ျပတ္သြားသည္။ ျပာယာျပာယာ ထြက္သြားသည့္ Joon ေက်ာျပင္က်ယ္ႀကီးကို ၾကည့္ရင္း Grazie စိတ္တိုေနမိသည္။ အဲ့လို ဟိုဘက္ႏိုင္ငံက အမ်ိဳးေတြ ဝင္ထြက္ေအာင္ လုပ္ေနသည့္ သူ႔ကို မုန္းသည္။ ဖုန္းနံပါတ္တစ္ခုကို ႏွိပ္လိုက္ရင္း

"မဂၤလာပါ သခင္ေလး Grazie"
"အေဖ့လက္ခ်က္ဆိုတာ Joon ရိပ္မိေနတယ္ ဦးေလး.. ကြၽန္ေတာ္ အေဖနဲ႔ စကားေျပာခ်င္တယ္"

Grazie ရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ တဖက္ဖုန္းထဲက အသံတိတ္သြားၿပီး ခဏၾကာ အေဖျဖစ္သူရဲ႕ အသံကို ၾကားလိုက္ရသည္။

"Joon ကို ရွင္းလိုက္"
"ဒါေပမယ့္.. အဲ့ဒါ အေဖ့တူေလ"
"ငါ့ကို ထိုးမယ့္ဓါးဆိုလည္း ဟုတ္တာမို႔ မင္းက ရွင္းေပးပါ Grazie"
"ဟုတ္ကဲ့ပါ အေဖ"

ဖုန္းခ်ၿပီး Grazie ရဲ႕ လွပေသာ ႏႈတ္ခမ္းဖူးေလးမွာ အက်ည္းတန္သည့္ မဲ့ၿပဳံးတစ္ခု ခ်ိတ္တြယ္သြားေလသည္။ Joon.. အၿမဲ ငါ့ကို ေဝဖန္ေနတဲ့ Joon.. ေနာက္ဆုံးေတာ့ မင္းကို ငါ့လက္နဲ႔ ငါကိုယ္တိုင္ အဆုံးသတ္ေပးရေတာ့မယ္.. ဒီအခြင့္အေရးကို ငါေစာင့္ေနခဲ့တာၾကာၿပီ။ ........။

အေပ်ာ္စီးသေဘၤာႀကီးထက္တြင္ သာမန္ အထက္တန္းစား လူမ်ိဳးအတြက္ပင္ ခမ္းနားလွသည့္ ပါတီတစ္ခု။ သို႔ေပမယ့္ Grazie ႏွာေခါင္းရႈံ႕မိသည္။ သူ႔အတြက္ေတာ့ အေပါစား ရွန္ပိန္, အေပါစား DJ နဲ႔  အထူးသျဖင့္ ကိုရီးယား လူမ်ိဳး အမ်ားစု ရွိေနသည့္ အေပါစား ပါတီတစ္ခုထက္ မပို။ အေမကို မုန္းတီးေနသည့္ သူ႔အတြက္ ကိုရီးယားလူမ်ိဳးမ်ားကို မုန္းတီးေနမိျခင္းသည္ ခိုင္မာသည့္ အေၾကာင္းျပခ်က္မလို။

ဒီေလာက္ ႐ြံ႕ရွာေနပါလ်က္ ဘာေၾကာင့္ ဒီပါတီကို တက္ေရာက္ေနရသလဲ ဆိုရင္.. အေၾကာင္းျပခ်က္က Joon။ ဂ်ာမနီႏိုင္ငံကို ကိုရီးယားလူမ်ိဳး သူငယ္ခ်င္း မိတ္ေဆြ ေဆြမ်ိဳးေတြ ေခၚၿပီး ပါတီက်င္းပေနသည့္ Joon။ ဒီည မင္း သိပ္ခ်စ္တဲ့ ကိုရီးယား လူမ်ိဳးေတြ ေရွ႕မွာ မင္းရဲ႕ ေသြးေတြ စီးေစရမယ္...။

လူအုပ္စုၾကား ပါးခ်ိဳင့္ႀကီး ေပၚသည္အထိ ေဝေဝဆာဆာ ၿပဳံးကာ ေရပက္မဝင္ စကားေျပာေနသည့္ လူႀကီးကို Grazie အေဝးကေန လွမ္း Check ေနမိသည္။

"ထူးထူး ျခားျခားပါလား Joon ရဲ႕ ပါတီကို လာတက္ေနတယ္ဆိုေတာ့"

Grazie လွည့္ၾကည့္လိုက္ေတာ့ အရပ္ျမင့္ျမင့္ ခပ္ေခ်ာေခ်ာ အကိုႀကီး တစ္ေယာက္။ ထိုသူက Joon နဲ႔ ေစ့စပ္ထားေသာ ကိုရီးယားလူမ်ိဳးပင္။ Alex Armanto အိမ္ေတာ္ႀကီးကို အၿမဲ ဝင္ထြက္ေနတာမို႔ Grazie လည္း ထိုသူ အေၾကာင္း သိထားသင့္သေလာက္ သိသည္။ လက္ထဲက ရွန္ပိန္ ခြက္ေလးကို ကစားလိုက္ရင္း

"အဘိုး ေဆး႐ုံတက္ေနရတာကို ေျမးေတြက ေသြးကြဲေနရင္ ေကာင္းပါ့မလား.. Bro"
"Jin ပါ.. ကိုရီးယားနာမည္က Kim Seokjin ေပမယ့္ မင္းကေတာ့ လြယ္လြယ္ကူကူ Jin လို႔ပဲ ေခၚေပါ့"

Grazie ဘာမွမေျပာပဲ လက္ထဲက ရွန္ပိန္ခြက္ေလးကို တငုံေမာ့ေသာက္လိုက္သည္။

"ကိုရီးယားလို နားလည္တယ္မလား ကိုရီးယားလိုပဲ ေျပာမယ္ေနာ္ ဂ်ာမန္စကားက ငါ့အတြက္ နည္းနည္းခက္လို႔"

Grazie ဘက္က ဘာမွခြန္းတုံ႔မျပန္ ေပမယ့္ Jin ကေတာ့ စကားဝိုင္းကို ကိုရီးယားလို ဦးေဆာင္ေနေလသည္။

"အေမကလည္း ကိုရီးယား လူမ်ိဳးဆို.. ကိုရီးယား နာမည္က ဘာလဲ"
"အဲ့လို ဘာနာမည္ဆိုၿပီး မရွိဘူး Grazie တစ္မ်ိဳးပဲ ရွိတယ္ ၿပီးေတာ့ အဲ့လိုအေၾကာင္းေတြ ေျပာရေလာက္အထိ Bro နဲ႔ ကြၽန္ေတာ္ မရင္းႏွီးဘူးမလား"

Jin ဘက္က ကိုရီးယားလိုပဲ ေျပာလိုက္ေပမယ့္ ဂ်ာမန္လိုသာေျဖေနသည့္ Grazie ေၾကာင့္ ၾကားထားတဲ့ သတင္းအတိုင္း ကိုရီးယားႏိုင္ငံ/ လူမ်ိဳး/ ဘာသာစကားကို အသားလႊတ္မုန္းေနသည္ဆိုတာ Jin လက္ခံလိုက္မိသည္။ Jin လည္း စကားဝိုင္းကို ဆက္မေျပာေတာ့ပဲ ထိုင္ရာမွ ထသြားကာ Joon အနားပင္ ဦးတည္လိုက္ေတာ့သည္။

Joon အနားသြားကာ ပါးျပင္ကို ဖြဖြေလး နမ္းလိုက္တဲ့ Jin ကိုၾကည့္ရင္း Grazie မဲ့ၿပဳံးၿပဳံးမိသည္။ နဂိုကတည္းက Joon ကို မုန္းပါတယ္ဆို ေယာက္်ားခ်င္း ေစ့စပ္ထားသည္တဲ့ ဘယ္ေလာက္ ႐ြံ႕ရွာဖို႔ေကာင္းလိုက္တဲ့ လုပ္ရပ္လဲ...။ ခဏၾကာ လူစုထဲမွ ရွန္းထြက္ၿပီး သေဘၤာ ေခါင္းပိုင္းကို ဦးတည္သြားတဲ့ Joon ကို ျမင္လိုက္ရတာေၾကာင့္ Grazie လည္း ထိုင္ရာမွ ထလိုက္သည္။ ရင္ဘတ္ထဲ ဝွက္ထားသည့္ ေသနတ္ကို မသိမသာ ဆြဲထုတ္ၿပီး Joon အေနာက္လိုက္သြားခဲ့သည္။

"ေအာ Namjoon Hyung ရဲ႕ ညီတစ္ဝမ္းကြဲ မဟုတ္လား"

က်စ္.. အေရးထဲ လက္ေမာင္းကို လွမ္းဆြဲလိုက္သည့္ ကိုရီးယား ဘာသာစကားေျပာေနသူ အမ်ိဳးသား တစ္ေယာက္ေၾကာင့္ Grazie စိတ္တိုသြားသည္။ ေသနတ္ကို ရင္ဘတ္ထဲ ျပန္ထိုးသိမ္းလိုက္ၿပီး ထိုသူကိုပင္ ေမာ့မၾကည့္ပဲ ဆြဲထားသည့္ လက္ေမာင္းကို ျဖဳတ္ခါခ်လိုက္ရင္း

"Sorry ကိုရီးယားလို နားမလည္ဘူး"

Grazie လိမ္ေျပာကာ လူအုပ္စုထဲမွ ေျပးထြက္လာခဲ့သည္။ မ်က္ေခ်ျပတ္သြားၿပီ ျဖစ္ေသာ Joon က ဘယ္ေပ်ာက္သြားမွန္းမသိ။ အဓိက plan ဖ်က္စီးသူ ခုနာက လက္ေမာင္း လာဆြဲသည့္ တစ္ေယာက္အား မ်က္ႏွာ မျမင္လိုက္ေပမယ့္ ေမတၱာေတာ့ ပို႔လိုက္မိသည္။

"Fxxk"
"ငါ့ကို ရွာေနတာလား Grazie"

ကိုရီးယားလို ေျပာလိုက္သည့္ Joon အသံေၾကာင့္ Grazie ခႏၶာကိုယ္ ေသးေသးေလး တုန္ခနဲ ျဖစ္သြားသည္။ လွည့္ၾကည့္လိုက္ေတာ့ Joon က ပါးခ်ိဳင့္ႀကီး ေပၚေအာင္ ၿပဳံးျပလ်က္

"မင္း အေဖ ခိုင္းလိုက္တာလား"
"မဟုတ္ဘူး"

Grazie ေျပာင္လိမ္တာကို Joon က ရိပ္မိသလို တိုးတိုးေလး ရယ္ေနေလသည္။

"မင္း.. မင္းအေမကို ဘာလို႔ မုန္းတာလဲ တကယ္ဆို အဲ့တုန္းက ဘာေၾကာင့္ စကားမ်ားၾကတာလဲဆိုတာ မင္း သိေတာင္ မသိခဲ့ဘူးမလား"

Joon စကားက မွန္သည္။ တကယ္ဆို အဲ့တုန္းက အေဖနဲ႔ အေမ ဘာေၾကာင့္ စကားမ်ားခဲ့လဲ Grazie မသိခဲ့..။ အေဖ ေခါင္းထဲ႐ိုက္သြင္းထားတဲ့ 'မင္းအေမက မုန္းဖို႔ေကာင္းတယ္ မင္းအေမကို မုန္းရမယ္' ဆိုသည့္ စကားေၾကာင့္သာ ျဖစ္သည္။

"အဘိုးက ငါ့ကို ပိုအေရးေပးခဲ့တယ္ဆိုတာ မင္းထင္သလို မင္းကို မခ်စ္လို႔ မဟုတ္ဘူး မင္းအေဖကို မုန္းလို႔"

Grazie တိတ္ဆိတ္ေနသည္ကို Joon က သက္ျပင္းခ်ရင္း

"မင္း ဘက္က ဘာလို႔ အျဖစ္မွန္ကို သိဖို႔ တခါမွ မႀကိဳးစားတာလဲ"
"ကြၽန္ေတာ္ မသိခ်င္ဘူး Bro"
"ငါ့အေဖက ကိုရီးယားလူမ်ိဳးကို လက္ထပ္ေတာ့ အဘိုးက လူမ်ိဳးျခား ေခြၽးမမို႔လို႔ အရမ္းသည္းခဲ့တာေလ.. အဲ့ဒါကို မင္းအေဖက မနာလိုျဖစ္ၿပီး လက္ထပ္ထားတာေတာင္ မၾကာေသးတဲ့ သူ႔ရဲ႕ ဂ်ာမန္အမ်ိဳးသမီးနဲ႔ ကြာရွင္းလိုက္တာ ၿပီးေတာ့ မင္းအေမနဲ႔ ယူလိုက္တာေပါ့ ဒါေပမယ့္ ငါ့မိဘေတြထက္ လက္ထပ္တာ ေနာက္က်တဲ့ မင္းမိဘေတြက ကေလးလည္း ငါ့မိဘထက္ ေနာက္က်မွ ရေတာ့ သားငယ္ရဲ႕ ကေလး ငါက ေျမးဦး ျဖစ္ၿပီး သားႀကီးရဲ႕ ကေလး မင္းက ေျမးအငယ္ ျဖစ္ေနတာမို႔ မင္းအေဖက သူရဲ႕ ေဒါသကို မင္းအေမအေပၚ ပုံခ်ခဲ့တာ.. အရမ္းဆိုးတာပဲ မင္းအေဖက မင္းအေမကို ခ်စ္လို႔ ယူထားတာ မဟုတ္ပဲ အဘိုးဆီက အေမြ လိုခ်င္ယုံသက္သက္ ယူထားတာကို မင္းအေမ ရိပ္မိလာတယ္ ဒီလိုနဲ႔ စကားေတြမ်ား"
"ေတာ္ေတာ့ Bro ကြၽန္ေတာ္ မယုံဘူး"

Grazie က Joon ကို ဂ႐ုမစိုက္သလို ေက်ာခိုင္းလိုက္ေပမယ့္ ရင္ဘတ္ထဲကေတာ့ အမွန္တရားကို ထပ္ၾကားခ်င္ေနေသးသည္။

"မင္းက အ႐ြယ္နဲ႔မလိုက္ေအာင္ ႀကိဳးစားၿပီး သိပ္ထက္ျမက္တဲ့ ေကာင္ေလးပါ Grazie.. ဒါေပမယ့္ ခက္တာက မင္းက အရမ္း လိမ္တတ္တယ္.. မင္းအေမကို မင္း သတိရေနေသးတယ္ဆိုတာ ငါ သိပါတယ္ ဆယ့္ငါးႏွစ္လုံး ကိုရီးယားစကားကို မေမ့ေသးတာ သက္ေသပဲမလား"
"ဟင့္အင္း Bro မွားေနၿပီ ကြၽန္ေတာ္ အကုန္ေမ့ကုန္ၿပီ"
"ငါေျပာခဲ့တာေတြ မင္း မယုံရင္ မင္းအေဖကို သြားေမးၾကည့္လိုက္ပါ Min"

Min..??။ မၾကားရတာ ဆယ့္ငါးႏွစ္ေလာက္ ၾကာၿပီျဖစ္ေသာ Nickname ေလး ေၾကာင့္ Grazie တကိုယ္လုံး တုန္ရင္လာသည္။

"မင္းအေဖ ေသြးေအးတိုင္း မင္း လိုက္ေသြးေအးစဟာ မလိုဘူး မင္း အေဖ ရက္စက္တိုင္း မင္း လိုက္ရက္စက္စဟာ မလိုဘူး မင္းအေဖ ေမာက္မာတိုင္း မင္း လိုက္ ေမာက္မာစဟာ မလိုဘူး ေနာက္ဆုံး မင္းအေဖ ေငြမက္တိုင္း မင္း လိုက္ ေငြမက္စရာ မလိုဘူး Min.. မင္းရဲ႕ စိတ္ထဲကလာတဲ့ ျဖစ္တည္မႈအတိုင္း မင္းေနလို႔ရတယ္"

Joon စကားေတြက အမွားေတြလို႔ ယုံၾကည္ထားတာေတာင္ Grazie နာက်င္မိသည္။ ေသနတ္ေမာင္းကို ဆြဲလိုက္ၿပီး Joon ကို ခ်ိန္လိုက္သည္။

"မင္းအေဖအတြက္ လူသတ္မလို႔လား Min.. တန္ရဲ႕လား စဥ္းစားၾကည့္ပါဦး မင္းအေဖက မင္းကို ခ်စ္ရဲ႕လား"

ရင္ဘတ္တည့္တည့္ကို နာက်င္ေစသည့္ စကားေၾကာင့္ Grazie ေသနတ္ကို လႊတ္ခ်လိုက္ၿပီး ထိုေနရာမွ ေျပးထြက္လာခဲ့သည္။ ကားကို အရွိန္တင္ေမာင္းရင္း အေဖရွိေသာ Hotel ဆီ ေမာင္းထြက္လာခဲ့သည္။ တစ္ႏိုင္ငံထဲ တစ္ၿမိဳ႕ထဲ အတူရွိေနေပမယ့္ Hotel မွာ ေနတာမ်ားၿပီး ဖုန္းဆက္ရင္ေတာင္ သူ႔အတြင္းေရးမႉးသာ ကိုင္သည့္အေဖက သူ႔ကို ခ်စ္ရဲ႕လားလို႔ ဒီေန႔မွ ထူးထူးျခားျခား ေတြးမိလာသည္။

"အေဖနဲ႔ ေတြ႕ခြင့္ေပးပါ"

Hotel Reception ရွိ ဝန္ထမ္းက သူ႔ေတာင္းဆိုမႈေၾကာင့္ မ်က္ႏွာ အနည္းငယ္ ပ်က္သြားသည္။

"ေတာင္းပန္ပါတယ္ သခင္ေလး Grazie သခင္ႀကီးက အခု"
"မင္း ငါ့ကို အခု အတြန္႔တက္ေနတာလား အလုပ္ျပဳတ္သြားခ်င္လို႔လား"

Grazie ေအာ္သံေၾကာင့္ ဝန္ထမ္းေကာင္ေလးမွာ တုန္ယင္ေနေလသည္။

"သခင္ေလး Grazie"

တည္ၿငိမ္သည့္ အသံျဖင့္ အေဖရဲ႕ အတြင္းေရးမႉး ဦးေလး ေခၚသံေၾကာင့္ Grazie ထိုဦးေလး အနားေျပးသြားလိုက္သည္။

"အေဖနဲ႔ ေတြ႕ခ်င္တယ္ ေျပာစရာရွိလို႔ပါ"
"မနက္မွလာခဲ့ပါ့လား သခင္ေလး အခု သခင္ႀကီးက"

ဦးေလးႀကီး စကားမဆုံးခင္ အမ်ိဳးသမီး ႏွစ္ေယာက္နဲ႔ ေသာက္စားရင္း ထြက္လာသည့္ အေဖကို ျမင္လိုက္ရတာေၾကာင့္ Grazie အေဖျဖစ္သူဆီ ေျပးသြားမိသည္။

"အေဖ"
"အိုးး ငါ့သားေလးပဲ ဘယ္လိုလဲ Joon ကို လက္စရွင္းခဲ့ၿပီလား"
"ေတာင္းပန္ေပမယ့္.."
"မရွင္းခဲ့ႏိုင္ဘူးလား"
"အေဖ"
"အခု သြားရွင္း မိုးလင္းလို႔ အဲ့ေကာင္ အသက္ရွိေနေသးရင္ မင္းကို သတ္မွာ"

ေျပာၿပီး ထြက္သြားသည့္အေဖရဲ႕ ေက်ာျပင္ကို ပူေဆြးေဆြး ေငးေနမိသည္။ အေဖ တကယ္ပဲ ကြၽန္ေတာ့္ကို မခ်စ္ခဲ့ဖူးလား....။

ေႏြရာသီ အစ June လမို႔ မိုးက သည္းထန္စြာ႐ြာေနေလသည္။ အေဖ့စကားေၾကာင့္ အေပ်ာ္စီး သေဘၤာ ရွိရာ ဆိပ္ကမ္းသို႔ Grazie ျပန္ေရာက္လာေပမယ့္ အေဝးကေနသာ ၾကည့္ေနမိသည္။ ႐ုတ္တရပ္ ႐ြာခ်လိုက္ေသာ မိုးေၾကာင့္ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနသည့္ သေဘၤာေပၚက လူအစုအေဝးကို အသက္မဲ့စြာ ေငးေနမိသည္။

မဟုတ္ဘူး.. ငါ့ကို တမင္ တုန္လႈပ္ေအာင္ Joon ေလွ်ာက္ေျပာတာ ငါက တုန္လႈပ္သြားရင္ ငါရႈံးၿပီ..။ မ်က္ရည္ပူတို႔ စီးဆင္းလာသည္ကို ခပ္ၾကမ္းၾကမ္း သုတ္ပစ္ၿပီး Box ထဲမွ ေသနတ္ထုတ္ကာ သေဘၤာေပၚ Grazie ျပန္တက္လာခဲ့သည္။ ေျပးလႊားေနသည့္ လူအုပ္စုၾကား Joon ကို လိုက္ရွာေနလိုက္သည္။ Joon ကို ျမင္လိုက္ေပမယ့္ ၾကားထဲ လူေတာ္ေတာ္မ်ားမ်ား ခံေနသည္မို႔ ေရွ႕မွ ပိတ္ေနသည့္ ခပ္ဝဝ အမ်ိဳးသမီးကို တြန္းလိုက္မိသည္။

"ဒီက ကေလး လူႀကီးကို ဝင္တိုက္ၿပီး ေတာင္းပန္ရမွာေပါ့"

ကိုရီးယား ဘာသာစကား ေျပာသည့္ ထိုအမ်ိဳးသမီးကို Grazie ၾကည့္လိုက္ေတာ့ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ အေပါစား မိတ္ကပ္ထူထူ ျခယ္သထားသည့္ ကိုရီးယားလူမ်ိဳး အေဒၚႀကီး ျဖစ္ေနေလသည္။ ကိုယ့္ကိုကိုယ္ေတာင္ သတိမထားမိပဲ Grazie ႏွာေခါင္း အလိုလို ရႈံ႕လိုက္မိသည္။

"က်စ္.. ကြၽန္ေတာ္ အလုပ္မ်ားေနလို႔"

Grazie က ပိုက္ဆံအိတ္ဖြင့္ကာ လဲက်ေနေသာ အမ်ိဳးသမီးအား Credit card တစ္ခု ပစ္ေပးလိုက္သည္။ Grazie ေက်ာခိုင္းလိုက္ေပမယ့္ ထို အမ်ိဳးသမီးက Grazie လက္ကို လွမ္းဆြဲလိုက္ၿပီး

"အရာတိုင္းကို ေငြနဲ႔ ရွင္းလို႔ မရဘူး ကေလးရဲ႕.. မ်က္လုံး အတြက္ဆို မ်က္လုံး သြားအတြက္ဆို သြား ဒါမွ မွ်တမွာေပါ့"

ထိုအမ်ိဳးသမီး စကားေၾကာင့္ Grazie မ်က္ေမွာင္ႀကဳံလိုက္မိသည္။ ဒီအမ်ိဳးသမီးက Psycho လား ဘာလား..။ ထိုခပ္ဝဝ အမ်ိဳးသမီးက လဲက်ေနရာမွ အားျပဳထလိုက္ၿပီး

"မင္း ငါ့ကို တြန္းသလို ငါက ျပန္တြန္းရမွ ေက်နပ္မယ္"
"ဘာ?"

Grazie အံ့ဩဆြံ႕အ ေနမိခ်ိန္ ထိုအမ်ိဳးသမီးက သူ႔ကို တြန္းလိုက္သည္။ သေဘၤာ လက္ရန္းမွ ေက်ာ္လြန္၍ Grazie ေရထဲကို က်သြားသည္။ အရွိန္နဲ႔ က်သြားသည္မို႔ ေရအနက္ထဲထိ ေရာက္သြားသည္ ထင္ရသည္။

ေရအနက္ထဲ Grazie ဘယ္လိုပဲ ႀကိဳးစား ႀကိဳးစား ေရမ်က္ႏွာျပင္ မတက္ႏိုင္ခဲ့.. တစ္ခုခုက ဆြဲထားသလို..။ ဒီလိုနဲ႔ ေရနစ္ေသေတာ့မွာလား... အေဖက အဘိုးကို လုပ္ႀကံထားတာ မေပၚဖို႔ Joon ကို သတ္ရဦးမွာပါဆို...။

႐ုန္းေလ ေရနက္ထဲ ေရာက္ေလ အသက္႐ူက ပိုခက္လာေလသည္မို႔ Grazie လက္ေလ်ာ့လိုက္ေတာ့သည္။ ဒီအသက္ထိပဲ ေနဖို႔ ကံပါလာေလသလား..။ ေသခ်ာ စဥ္းစားၾကည့္လိုက္ရင္ နည္းနည္းေတာ့ နာက်င္ဖို႔ ေကာင္းေပမယ့္ Joon ေျပာတာ မွန္သည္။ Grazie ဘဝက လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ကတည္းက အေဖပုံစံအတိုင္း ရပ္တည္လာခဲ့တာ တကယ့္ Alex Armanto Grazie ဆိုတာ ဘယ္လို ပုံစံမွန္း မသိခဲ့..။

Joon ေျပာသလို အဲ့တုန္းက အေဖေနာက္ မလိုက္ခဲ့ပဲ အေမ့ေနာက္ လိုက္သြားခဲ့ရင္ Alex Armanto Grazie ဆိုတာ ဘယ္လို ပုံစံ ျဖစ္ေနမလဲ သိေတာ့ သိခ်င္မိသား ...။ အမွန္တိုင္း ဝန္ခံရရင္ ကိုယ့္ကိုကိုယ္ လိမ္ထားတာ တစ္ခုရွိတယ္..။ ကြၽန္ေတာ့္မွာ ကိုရီးယား နာမည္ရွိတယ္ ဆိုတာကိုေရာ အဲ့နာမည္ကို ေမ့ခ်င္ေယာင္ေဆာင္ေနတာကိုေရာေပါ့...။ ကြၽန္ေတာ့္ ကိုရီးယား နာမည္က Park Jimin ပါ..။

ေရနက္ထဲ အသက္႐ူမရသည့္အဆုံး Grazie ေခၚ Jimin ၿငိမ္သက္သြားသည္။ ..........................။

"ေလာကႀကီးမွာ ေငြနဲ႔ ေျဖရွင္းလို႔ မရတဲ့ အရာေတြ အမ်ားႀကီး ရွိတယ္ဆိုတာ မင္းကို ျမင္ေစခ်င္လို႔ပါ ကေလးေရ"

Jimin အား တြန္းခ်လိုက္သူ ခပ္ဝဝ အမ်ိဳးသမီးက ႏူးႏူးညံ့ညံ့ ၿပဳံးရင္း ေျပာလိုက္သည္။ ...........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟုတ္ကဲ့ ေငြဂုဏ္ေမာက္ေနတဲ့ ေသြးေအးရက္စက္သူ သခင္ေလးက အလွေလးပါ 😁😁
ဒီ Fic ေလးက Sleeping Beauty ေလးၿပီးမွ တင္ဖို႔ အရင္ပတည္းက ႀကိဳလုပ္ထားခဲ့ေပမယ့္ Donation မွာပါတဲ့ သူေတြကို Support တဲ့ အေနနဲ႔ တင္လိုက္တာပါ (10) ဦးျပည့္မွ တင္မယ္ ေျပာခဲ့ေပမယ့္ (7) နဲ႔ တင္လိုက္ပါတယ္ေနာ္ တကယ္လို႔ (10) ဦး ျပည့္ခဲ့ရင္လည္း ( 3 ) ရက္အတြင္း Ep-2 တင္ေပးပါ့မယ္ 🙏 စိတ္အပန္းေျဖစရာေလး တစ္ခုအေနနဲ႔ပဲ ျမင္ေပးပါေနာ္ ❤️

Continue Reading

You'll Also Like

391K 30.7K 40
jikook (yaoi) park jimin x jeon jung kook Start - 30/ November/2017 End - 12/ June /2020 Cover by myanmar novel
29.6K 2.8K 16
လူႀကီးJoon ႏွင့္ ေပပီ ji ဦးနဲ႔ ေခး ေပါ့ေပါ့ပါးပါး..Typeမ်ိဳးေလးပါ.. အပန္းမႀကီးရင္ ဝင္ၿပီး ဖတ္႐ႈ ေဝဖန္ေပးၾကပါဦးေနာ္ 😘😘😘😘😍😍😍😍 ChimyZin မႀကီး...
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
59.8K 8.1K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...