ရုံ နိုးနေပေမဲ့ ခေါင်းတွေအရမ်းကိုက်သောကြောင့် မျက်လုံး မဖွင့်ချင်။ ကိုယ့်ခန္ဓာကိုယ် အပူချိန်ကြောင့် ဖျားနေပြီ ဆိုတာ ရုံ သိလိုက်ပြီ။ခေါင်းတစ်ခုလုံး တဆစ်ဆစ်ထိုးကိုက်နေသောကြောင့် နားထင်ကိုဖိကာ အားတင်း၍ မျက်လုံးဖွင့်လိုက်သည်။ ဝိုးတဝါး ပုံရိပ်တစ်ခု ။ တစ်ဖန် မျက်လုံးမှိတ်ကာ ပြန်ဖွင့် ကြည့်လိုက်တော့ မောင်။ မျက်လုံးတွေက နွေးထွေးနေပေမဲ့ မျက်နှာကတော့ အပြုံးအရယ်မရှိဘဲ သူ့အား လက်ပိုက်ကာ စိုက်ကြည့်နေသည်။
" မောင် "
အားတင်းကာ ခေါ်လိုက်သော်လည်း လည်ချောင်းမှ ဝေဒနာ ကြောင့် အသံက ကွဲအက်အက်နဲ့ တိုးလျလျ။
ဆက်မာန်ဟိန်း ရုံရဲ့ အန်ဖတ်တွေပေနေသော အိပ်ယာခင်း နဲ့ အဝတ်အစားတွေကို လျှော်ပြီး အိပ်ခန်းထဲဝင်လာတော့ ကုတင်ပေါ်က ကောင်လေးက မျက်မှောင်ကြုတ် ကာ လှုပ်ရွနေသည်။ ည က တစ်ညလုံး အဖျားတွေ တက်နေတာကြောင့် အစိုးရိမ်လွန်ပြီး မအိပ်ပဲ စောင့်ကြည့်နေခဲ့သည်။
စေတနာရုံကို သူစိတ်ဆိုးပါသည်။ စကားနားမထောင်တဲ့အပြင် နေမကောင်းပါ ဖြစ်လာတာမို့ သူ စိတ်ဆိုးသည်။
" မောင် "
အားတင်းကာ ခေါ်နေသော်လည်း ကုတင်ဘေးမှာ ရပ်ကာ မိမိ အား စိုက်ကြည့်နေသော လူသားက ဘာမှ တုံ့မပြန်လာ။ကိုယ့်ကိုဆို အမြဲတမ်း သဲသဲလှုပ်နေသော လူသားက ကိုယ့်ကို မပွေ့ဖက်တာကြောင့် ဝမ်းနည်းလာသည်။ နေမကောင်းဖြစ်နေလို့ စိတ်အားငယ်နေတယ်ထင်ပါသည်။
ကုတင်ပေါ်က ကောင်လေးက မျက်ရည်တွေဝဲနေပြီမို့ လက်နှစ်ဖက် ဆန့်ပေးကာ
" မျက်နှာသစ်မယ် "
ဆန့်ပေးထားတဲ့ လက်နှစ်ဖက်ကို ဥပက္ခာပြုကာ ယိုင်တိ ယိုင်တိုင်နဲ့ ရေချိုးခန်းဆီ ဦးတည် သွားတာမို့ အနောက်ကနေ အပြေးလိုက်ထိန်းရသေးသည်။
မျက်နှာသစ်ပေးမယ်ဆိုတော့လည်း လက်မခံ သူ့ဟာသူ အကုန်လုပ်နေသည်။ အားလုံးပြီးသွားတော့ အိပ်ယာထဲ ပြန်သွားမယ် ထင်ထားပေမဲ့အဆိုးလေးက အဝတ်ဗီရိုဆီ သွား နေတာကြောင့်
" အဲ့ဒါက ဘာလုပ်တာလဲ "
မေးနေတာကို မဖြေမပြုဘဲ အဝတ်ကိုသာ ကြိုးစားထုတ်ယူနေသည်။
" စေတနာရုံ "
" ဘာလဲ!!!! ဟင့် "
ဗီရိုဘေးမှာ ထိုင်ချပြီး ရုတ်တရက် ထငိုသော ရုံ ကြောင့် ကြောင်လျက်သားကြည့်နေမိသည်။ ကိုယ့်မှာ ဘာမှ မပြောရသေး ကိုယ့်ကို အော်ကာ ခြေဆင်းပြီး အာဗြဲ နဲ့ အသံကုန်အော်ငိုနေသော ကောင်ဆိုးလေးကြောင့် ရယ်လည်းရယ်ချင် သနားလည်းသနား။ အနားသွားပြီး ကောက်ပွေ့လိုက်တော့ မရှိ ရှိတဲ့ အားနဲ့ ရုန်းနေသေးသည်။
" အင့် ဖယ် ငါ ဆေးရုံ အင့် သွား "
စကားကိုတောင် ဆုံးအောင် မပြောနိုင်တဲ့ထိ အားရပါးရငိုနေသည်။
" မသွားရပါဘူး နေမကောင်းဖြစ်နေတာကို "
" အင့်... မင်း ... ငါ .... နေ မကောင်း ဟင့် စိတ်ကုန် "
ငိုတယ်ဆိုတာ သိပ်ရှားတဲ့ ကလေးငယ်က ရှိုက်ကြီးတငင်ငိုတာမို့ ဆက်မာန်ဟိန်း စိတ်မကောင်း။ အမှန်အတိုင်းပြောရင် ဘာတွေ ဝမ်းနည်းပြီး ငိုနေတာလည်း လည်း သူမသိ။ သူလည်း ဘာမှမလုပ်မိပါဘူး။နေမကောင်းဖြစ်တာမျိုးတွေ ရှိပေမဲ့ ဒီလိုငိုတာမျိုးတော့ သူမတွေ့ဖူးဘူး။အရက်နာကျပြီး နေမကောင်းဖြစ်တဲ့ချိန် ပိုအားငယ်တတ်လို့လား။ ကိုယ်လည်း အရက်မသောက်ဖူးတော့မသိ။
" တော်ပြီ မငိုတော့ဘူး တိတ်တော့ ဆိုးတုန်းကဆိုးပြီးတော့ "
ကုတင်ပေါ်ကို ချပေးပြီး မျက်ရည်သုတ်ပေးကာ ပြောနေရင်းတန်းလန်း ကုန်းထပြန်တာကြောင့််
" ရုံ မောင် မင်း ကို စိတ်ဆိုးနေတာနော် "
" အင့် အဲ့ဒါကြောင့် ငါသွားပေးမယ် ငါ နေမကောင်းတာကို မင်း စိတ်ရှုပ်နေတာမလား အင့် "
" မဟုတ်ကဟုတ်က ရုံ နေမကောင်းတာကို မောင်က စိတ်ရှုပ်နေတာ မဟုတ်ဘူး စကားနားမထောင်ပဲ အများကြီးသောက်လာတယ် တစ်ခုခုဆို မောင့်ကို ခေါ် လိုက်ပါဆိုတာကို သူစိမ်းကို အိမ်ပြန်လိုက်ပို့ခိုင်းတယ် ခုတော့ ဖျားပြီ "
" သူစိမ်း... ဘယ်သူ လိုက်ပို့တာလဲ ငါ့ကို "
ငါ့ကို ကိုကိုလိုက်ပို့တာ မဟုတ်ဘူးလား။ သူစိမ်း ဘယ်က သူစိမ်းလဲ။
" ကို မင်းနေခ "
ဟုတ်တာပေါ့။ မောင့်အတွက်တော့ သူစိမ်းပေါ့။
ကိုယ့်အဖြေအဆုံး ခေါင်းလေး ငုံ့ကာ အသံတိတ်သွားသည်မို့
" ထားတော့ မငိုတော့နဲ့ ခေါင်းကိုက်မယ် "
" ခုလည်း ကိုက်နေတာ "
သူ့အားမော့ကြည့်ကာ မျက်လုံးလေး ကလယ် ကလယ် နဲ့ ခေါင်းကိုက်နေကြောင်းကို သနားစရာကောင်းအောင် ပြောနေသည်။
" အင်း အဲ့ဒါကြောင့် နွေးနွေးထွေးထွေး လေး ဒီလိုနေ "
စောင်ထဲထဲ့ကာ ပြန်အိပ်ခိုင်းလိုက်သည်။
" ဘယ်သွားမလို့လဲ "
သူ့ကိုစောင်ထဲ ပြန်ထိုးထဲ့ကာ အပြင်ထွက်ဖို့ဦးတည်နေသည်။ ငါ့ကို တကယ် လျစ်လျူရှူနေတာပဲ။
" ဆန်ပြုတ် သွားယူလိုက်ဦးမယ် အော် ဒီမှာ ပျားရည်လေး သောက်ထား "
ကုတင်ဘေးမှာရှိတဲ့ စားပွဲပေါ်က ပျားရည်ခွက်လေးအား လက်ထဲ ထဲ့ပြီး ထွက်သွားသည့်ကောင်လေး။ သောက်ပြီးတဲ့ထိတောင် မစောင့်သွားဘူး လူဆိုးကောင် ငါ့ကို ပစ်ထားတာ ။
" တီ တီ "
ဖုန်းမက်ဆေ့ ဝင်လာသည်မို့ ဖုန်းကို ယူကာ ဖွင့်ကြည့်လိုက်သည်။
" ရုံရုံ နိုးပြီလား "
" အမူးပြေပြီလား နေရတာ အဆင်ပြေလား "
" ဆေးရုံမှာ တွေ့မယ်နော် "
ကိုကို့ဆီက ဝင်လာသော မက်ဆေ့လေးတွေ ကြည့်ပြီး နှုတ်ခမ်းပါးက အလိုလို ပြုံးမိသွားသည်။မသိစိတ်ကလည်း ကြည်နူးမှု လှိုင်းကလေး ဖြတ်သွားသည်ထင်သည် ။
" ဒီနေ့ ဆေးရုံမလာဖြစ်ဘူး "
" ဘာလို့လဲ ကလေးလေး နေမကောင်းလို့လား ဆေးရော သောက်ပြီးပြီလား "
ကိုကို့ဆီ reply ပြန်မယ့်ချိန် မောင် ဝင်လာသည်မို့ စာမပြန်ဖြစ်တော့။ ဘာလို့လဲ ။ ကိုကို နဲ့ ငါ နဲ့ ရင်နှီးမှုကို မောင်လည်း သိနေတာပဲ ဒီစာလေးပြန်တာကို ဘာလို့ ခိုးကြောင်ခိုးဝှက် လို လုပ်နေတာလဲ ။ စေတနာရုံ သတိထားဦး ကိုကို့ကို ဘယ်လောက်ချစ်ချစ် ကိုကို က ချစ်တယ် ပြောပြော မောင့်ဘက်ကို သတိရပါဦး။ ငါလိုအပ်တဲ့ချိန်တိုင်း အသင့်ရှိနေပေးတဲ့ မောင့်ကို ။
" ရုံ "
" ဟင် အင် "
" အဖျား ရှိနေတာမို့ ဆေး တလုံး ထိုးမယ် ပြီးရင် ဆန်ပြုတ်လေးသောက် ဆေးလေးသောက်ပြီး ပြန်အိပ်နော် "
နဖူးပေါ်လက်တင်ပြီး အပူစမ်းကာ ပြောလာသည်။
" ဆန်ပြုတ် နဲ့ ဆေးပဲ သောက်မယ် ဆေးမထိုးဘူး "
" ဆေးမထိုးလို့ မရဘူး အဖျားရှိတယ် "
" ဆေးမထိုးလည်း ပျောက်တယ် ငါ့ကိုယ်ငါ သိတယ် "
" ရုံ "
ဆေးထိုးကြောက်တဲ့ ဆရာဝန်လေးကို ဆက်မာန်ဟိန်း စိတ်မရှည်တော့။
" ကျစ် တင်ပါးမှာ ထိုးမှာလား "
" အင်း "
" နာမှာ "
" မနာဘူး မောင့်ကိုယုံ "
" ငါဆရာဝန်ပါ နာမှန်းသိတယ် "
" အဲ့ဒါဆိုလည်း ခနလေးပဲ အောင့်ခံနော် လိမ္မာတယ် ကလေးလေးကနော် ထိုးပြီးရင် အဖျားပျောက်ပြီ "
" မထိုးလည်း ပျောက်တယ် တကယ်ပြောတာ ငါဖျားတိုင်း မထိုးဘူး ပျောက်တယ် "
" တော်ပြီ မဆိုးနဲ့တော့ ရုံ ဆေးထိုးမယ် ဒီလို မဟုတ်တာပြောပြီး မဂျစ်နဲ့ "
" အင့်!"
လေသံလေး နည်းနည်းမာပြီးပြောလိုက်တာကို ကိုယ်ကို ဆောင့်လှဲကာ ဟိုဘက်လှည့်ပေးသည်။ ကိုယ်လက်တွေ နာကုန်တော့မယ်။ ဘယ်လိုတွေတောင် ဂျစ်နေတာလဲ မောင့်စေတနာရုံလေး။
" ပြီးပြီ မနာဘူးမလား မောင်ထိုးတာ "
ဆေးထိုးတဲ့ချိန် တစ်ချက်တွန့်သွားသေးသည်။ ဆေးထိုးပြီးတာတောင် ဟိုဘက်လှည့်နေတုန်းမို့ ကြည့်လိုက်တော့ အသံတိတ်မျက်ရည်တွေ ကျနေသည်။
" မောင့် ကလေးလေး က အငိုသန်လေးပဲ "
ကိုယ်လေးကို အသာလှည့်ပေးတော့ အလှည့်မခံ။
" ဆန်ပြုတ်စားပြီး ဆေးသောက်ပြီးရင် အိပ်မယ်နော် မောင် ခွံ့ မယ် ခနလေးထ"
ကိုယ်လေးကို ချိုင်းကနေ ပွေ့ချီကာ ကုတင်ခေါင်းရင်းကို မှီပေးလိုက်ပြီး ဆန်ပြုတ်ခွံ့တော့ ဘာမှ မပြောပဲ သောက်သည်။ ဆေးတိုက်တော့လည်း ကြိတ်မှိတ်သောက်သည်။
" မောင့်ကလေးလေးက အလိမ္မာတုံးလေးပဲ ပြန်အိပ်ဦးနော် "
ပြန်လှဲခိုင်းကာ စောင်ခြုံပေးလိုက်သည်။
စကားသာ မပြောသာ ကိုယ်လုပ်သမျှကို အားငယ်တဲ့မျက်ဝန်းလေးနဲ့လိုက်ကြည့်နေသည်။ သူ နဲ့ အတူ မအိပ်ပေးလို့ လာအိပ်ပေးဖို့ ပြောလည်း ပြောချင် ပြောလည်း မပြောချင် ဖြစ်နေတာ အဟင်း။ ဘယ်လိုကောင်လေးလည်း မသိ မြိုချပစ်လိုက်ချင်သည်။
" ပန်းကန် သိမ်းပြီးရင် မောင် အတူ လာအိပ်မယ်နော် ခနလေး "
လုပ်လက်စတွေ မြန်မြန်လုပ်ပြီး ကလေးလေးနား အပြေးသွားကာ ရင်ခွင်ထဲ ထဲ့သိပ်တော့ အလိုက်သင့်ဝင်လာပြီး လူကို မျက်ရည်စိုနေတဲ့ မျက်ဝန်းလေးနဲ့ မော့ကြည့်နေပြန်သည်။
" ဘာလို့လဲ သဲငယ် ဘယ်နား အဆင်မပြေလို့လဲ "
" မင်းက အော်တာ ငါ့ကို "
" ဟောဗျာ ဘယ်တုန်းကလဲ "
" စေတနာရုံလို့လည်းခေါ်တယ် "
" စေတနာရုံ မဟုတ်လို့ ဘယ်သူလေးတုန်း "
" အင့် "
ဒီနေ့ရဲ့ အငိုစိန်လေးက ရှိုက် သံတွေ ပါလာပြန်ပြီ ။ နည်းနည်း မှ အမှားခံလို့မရ ။ ဘာဖြစ်ဖြစ် ငါမှားတာ။
" အင်းအင်း မောင်မှားသွားတာနော် "
" မင်းလို့လည်း ပြောတယ် နေမကောင်းတဲ့သူကို စကားကောင်းကောင်း မပြောဘူး "
" မောင် မှားတာနော် ဟုတ်ပါ့ နေမကောင်းတဲ့ ကလေးလေးကိုနော် မောင် တော်တော်ဆိုး မငိုတော့နဲ့နော် ကလေးလေးက လိမ္မာတယ် နေမကောင်းမပျောက်ရင် ဆေးထပ်ထိုးရလိမ့်မယ် တိတ်တော့ "
" မထိုးတော့ဘူး နေကောင်းသွားပြီ "
" အင်း ဟုတ်တယ် ကောင်းသွားပြီ အဟင်း "
" ဘာရယ်တာလဲ "
" မောင့်ကလေးလေးက ပေတလူးလေးပါကွာ မွ မွ "
" အင့် ဖယ် မျက်နှာသစ်မယ် "
" စတာ မပေတလူးဘူး အိပ်ယာနိုးမှ မောင် ရေပတ် တိုက်ပေးမယ်နော် "
" အင်း မင်း ဆေးခန်း မသွားဘူးလား "
" မောင့်ကလေးလေးလောက် ဘယ်ဟာ မှ အရေးမကြီးဘူး "
" ငါနောက်ခါဆို မမူးတော့ဘူးနော် "
" မောင့်ကလေးငယ်ကို ယုံတယ် "
" ကျေးဇူးပဲ အရာအားလုံးအတွက် "
" ဒါဆို အာဘွားပေး "
ပါးတစ်ဖက်ကို လက်ညိုးနဲ့ ထိုးပြကာ တောင်းဆိုတော့
" ဟာ.... "
ငြင်းပယ်တာလား ရှက်တာလားမသိ ခေါင်းငုံ့သွားသည်မို့
" စတာပါ မောင်က "
" ပြွတ် "
ရုတ်တရက် ကိုယ့်ပါးအား အနမ်းလာပေးသည်မို့ ကြောင်အနေမိသည်။ရင်ခွင်ထဲ အတင်းတိုးကာ ကောင်လေးတစ်ယောက်ရှက်နေသည်မို့စချင်လာသည်။
" မောင့်ကို ဘယ်သူ အာဘွားပေးသွားလဲ မသိပါဘူးကွာ "
" ငါ အိပ်နေပြီ "
" အော် အင်းအင်း အိပ်နေပြီ ကလေးလေးက "
ဟုတ်ပါတယ်။ စေတနာရုံ ဆိုသည်မှာ အဆင့်ကျော်ဖို့မပြောနဲ့ လက်လေးကိုင် ပါးလေးနမ်းတာကိုတောင် တွန့်တိုလွန်းတဲ့ကောင်လေးပါ။ ကိုယ်နမ်းတာတောင် တွန့်တိုတာ ကိုယ့်ကို နမ်းဖို့ဆိုတာ အရမ်းကို ရခဲတာမျိုးပင်။ ဒီနေ့ကတော့ ကလေးလေးဖျားနေတာ ကို စိတ်မကောင်းဖြစ်ပေမဲ့ အာဘွားလေးကြောင့် ပါးစပ်စိမရတော့ပေ။
.
.
(Zawgyi)
႐ုံ နိုးေနေပမဲ့ ေခါင္းေတြအရမ္းကိုက္ေသာေၾကာင့္ မ်က္လုံး မဖြင့္ခ်င္။ ကိုယ့္ခႏၶာကိုယ္ အပူခ်ိန္ေၾကာင့္ ဖ်ားေနၿပီ ဆိုတာ ႐ုံ သိလိုက္ၿပီ။ေခါင္းတစ္ခုလုံး တဆစ္ဆစ္ထိုးကိုက္ေနေသာေၾကာင့္ နားထင္ကိုဖိကာ အားတင္း၍ မ်က္လုံးဖြင့္လိုက္သည္။ ဝိုးတဝါး ပုံရိပ္တစ္ခု ။ တစ္ဖန္ မ်က္လုံးမွိတ္ကာ ျပန္ဖြင့္ ၾကည့္လိုက္ေတာ့ ေမာင္။ မ်က္လုံးေတြက ႏြေးေထြးေနေပမဲ့ မ်က္ႏွာကေတာ့ အၿပဳံးအရယ္မရွိဘဲ သူ႕အား လက္ပိုက္ကာ စိုက္ၾကည့္ေနသည္။
" ေမာင္ "
အားတင္းကာ ေခၚလိုက္ေသာ္လည္း လည္ေခ်ာင္းမွ ေဝဒနာ ေၾကာင့္ အသံက ကြဲအက္အက္နဲ႕ တိုးလ်လ်။
ဆက္မာန္ဟိန္း ႐ုံရဲ႕ အန္ဖတ္ေတြေပေနေသာ အိပ္ယာခင္း နဲ႕ အဝတ္အစားေတြကို ေလွ်ာ္ၿပီး အိပ္ခန္းထဲဝင္လာေတာ့ ကုတင္ေပၚက ေကာင္ေလးက မ်က္ေမွာင္ၾကဳတ္ ကာ လႈပ္႐ြေနသည္။ ည က တစ္ညလုံး အဖ်ားေတြ တက္ေနတာေၾကာင့္ အစိုးရိမ္လြန္ၿပီး မအိပ္ပဲ ေစာင့္ၾကည့္ေနခဲ့သည္။
ေစတနာ႐ုံကို သူစိတ္ဆိုးပါသည္။ စကားနားမေထာင္တဲ့အျပင္ ေနမေကာင္းပါ ျဖစ္လာတာမို႔ သူ စိတ္ဆိုးသည္။
" ေမာင္ "
အားတင္းကာ ေခၚေနေသာ္လည္း ကုတင္ေဘးမွာ ရပ္ကာ မိမိ အား စိုက္ၾကည့္ေနေသာ လူသားက ဘာမွ တုံ႕မျပန္လာ။ကိုယ့္ကိုဆို အၿမဲတမ္း သဲသဲလႈပ္ေနေသာ လူသားက ကိုယ့္ကို မေပြ႕ဖက္တာေၾကာင့္ ဝမ္းနည္းလာသည္။ ေနမေကာင္းျဖစ္ေနလို႔ စိတ္အားငယ္ေနတယ္ထင္ပါသည္။
ကုတင္ေပၚက ေကာင္ေလးက မ်က္ရည္ေတြဝဲေနၿပီမို႔ လက္ႏွစ္ဖက္ ဆန့္ေပးကာ
" မ်က္ႏွာသစ္မယ္ "
ဆန့္ေပးထားတဲ့ လက္ႏွစ္ဖက္ကို ဥပကၡာျပဳကာ ယိုင္တိ ယိုင္တိုင္နဲ႕ ေရခ်ိဳးခန္းဆီ ဦးတည္ သြားတာမို႔ အေနာက္ကေန အေျပးလိုက္ထိန္းရေသးသည္။
မ်က္ႏွာသစ္ေပးမယ္ဆိုေတာ့လည္း လက္မခံ သူ႕ဟာသူ အကုန္လုပ္ေနသည္။ အားလုံးၿပီးသြားေတာ့ အိပ္ယာထဲ ျပန္သြားမယ္ ထင္ထားေပမဲ့အဆိုးေလးက အဝတ္ဗီရိုဆီ သြား ေနတာေၾကာင့္
" အဲ့ဒါက ဘာလုပ္တာလဲ "
ေမးေနတာကို မေျဖမျပဳဘဲ အဝတ္ကိုသာ ႀကိဳးစားထုတ္ယူေနသည္။
" ေစတနာ႐ုံ "
" ဘာလဲ!!!! ဟင့္ "
ဗီရိုေဘးမွာ ထိုင္ခ်ၿပီး ႐ုတ္တရက္ ထငိုေသာ ႐ုံ ေၾကာင့္ ေၾကာင္လ်က္သားၾကည့္ေနမိသည္။ ကိုယ့္မွာ ဘာမွ မေျပာရေသး ကိုယ့္ကို ေအာ္ကာ ေျခဆင္းၿပီး အာၿဗဲ နဲ႕ အသံကုန္ေအာ္ငိုေနေသာ ေကာင္ဆိုးေလးေၾကာင့္ ရယ္လည္းရယ္ခ်င္ သနားလည္းသနား။ အနားသြားၿပီး ေကာက္ေပြ႕လိုက္ေတာ့ မရွိ ရွိတဲ့ အားနဲ႕ ႐ုန္းေနေသးသည္။
" အင့္ ဖယ္ ငါ ေဆး႐ုံ အင့္ သြား "
စကားကိုေတာင္ ဆုံးေအာင္ မေျပာနိုင္တဲ့ထိ အားရပါးရငိုေနသည္။
" မသြားရပါဘူး ေနမေကာင္းျဖစ္ေနတာကို "
" အင့္... မင္း ... ငါ .... ေန မေကာင္း ဟင့္ စိတ္ကုန္ "
ငိုတယ္ဆိုတာ သိပ္ရွားတဲ့ ကေလးငယ္က ရွိုက္ႀကီးတငင္ငိုတာမို႔ ဆက္မာန္ဟိန္း စိတ္မေကာင္း။ အမွန္အတိုင္းေျပာရင္ ဘာေတြ ဝမ္းနည္းၿပီး ငိုေနတာလည္း လည္း သူမသိ။ သူလည္း ဘာမွမလုပ္မိပါဘူး။ေနမေကာင္းျဖစ္တာမ်ိဳးေတြ ရွိေပမဲ့ ဒီလိုငိုတာမ်ိဳးေတာ့ သူမေတြ႕ဖူးဘူး။အရက္နာက်ၿပီး ေနမေကာင္းျဖစ္တဲ့ခ်ိန္ ပိုအားငယ္တတ္လို႔လား။ ကိုယ္လည္း အရက္မေသာက္ဖူးေတာ့မသိ။
" ေတာ္ၿပီ မငိုေတာ့ဘူး တိတ္ေတာ့ ဆိုးတုန္းကဆိုးၿပီးေတာ့ "
ကုတင္ေပၚကို ခ်ေပးၿပီး မ်က္ရည္သုတ္ေပးကာ ေျပာေနရင္းတန္းလန္း ကုန္းထျပန္တာေၾကာင့္္
" ႐ုံ ေမာင္ မင္း ကို စိတ္ဆိုးေနတာေနာ္ "
" အင့္ အဲ့ဒါေၾကာင့္ ငါသြားေပးမယ္ ငါ ေနမေကာင္းတာကို မင္း စိတ္ရႈပ္ေနတာမလား အင့္ "
" မဟုတ္ကဟုတ္က ႐ုံ ေနမေကာင္းတာကို ေမာင္က စိတ္ရႈပ္ေနတာ မဟုတ္ဘူး စကားနားမေထာင္ပဲ အမ်ားႀကီးေသာက္လာတယ္ တစ္ခုခုဆို ေမာင့္ကို ေခၚ လိုက္ပါဆိုတာကို သူစိမ္းကို အိမ္ျပန္လိုက္ပို႔ခိုင္းတယ္ ခုေတာ့ ဖ်ားၿပီ "
" သူစိမ္း... ဘယ္သူ လိုက္ပို႔တာလဲ ငါ့ကို "
ငါ့ကို ကိုကိုလိုက္ပို႔တာ မဟုတ္ဘူးလား။ သူစိမ္း ဘယ္က သူစိမ္းလဲ။
" ကို မင္းေနခ "
ဟုတ္တာေပါ့။ ေမာင့္အတြက္ေတာ့ သူစိမ္းေပါ့။
ကိုယ့္အေျဖအဆုံး ေခါင္းေလး ငုံ႕ကာ အသံတိတ္သြားသည္မို႔
" ထားေတာ့ မငိုေတာ့နဲ႕ ေခါင္းကိုက္မယ္ "
" ခုလည္း ကိုက္ေနတာ "
သူ႕အားေမာ့ၾကည့္ကာ မ်က္လုံးေလး ကလယ္ ကလယ္ နဲ႕ ေခါင္းကိုက္ေနေၾကာင္းကို သနားစရာေကာင္းေအာင္ ေျပာေနသည္။
" အင္း အဲ့ဒါေၾကာင့္ ႏြေးႏြေးေထြးေထြး ေလး ဒီလိုေန "
ေစာင္ထဲထဲ့ကာ ျပန္အိပ္ခိုင္းလိုက္သည္။
" ဘယ္သြားမလို႔လဲ "
သူ႕ကိုေစာင္ထဲ ျပန္ထိုးထဲ့ကာ အျပင္ထြက္ဖို႔ဦးတည္ေနသည္။ ငါ့ကို တကယ္ လ်စ္လ်ဴရႉေနတာပဲ။
" ဆန္ျပဳတ္ သြားယူလိုက္ဦးမယ္ ေအာ္ ဒီမွာ ပ်ားရည္ေလး ေသာက္ထား "
ကုတင္ေဘးမွာရွိတဲ့ စားပြဲေပၚက ပ်ားရည္ခြက္ေလးအား လက္ထဲ ထဲ့ၿပီး ထြက္သြားသည့္ေကာင္ေလး။ ေသာက္ၿပီးတဲ့ထိေတာင္ မေစာင့္သြားဘူး လူဆိုးေကာင္ ငါ့ကို ပစ္ထားတာ ။
" တီ တီ "
ဖုန္းမက္ေဆ့ ဝင္လာသည္မို႔ ဖုန္းကို ယူကာ ဖြင့္ၾကည့္လိုက္သည္။
" ႐ုံ႐ုံ နိုးၿပီလား "
" အမူးေျပၿပီလား ေနရတာ အဆင္ေျပလား "
" ေဆး႐ုံမွာ ေတြ႕မယ္ေနာ္ "
ကိုကို႔ဆီက ဝင္လာေသာ မက္ေဆ့ေလးေတြ ၾကည့္ၿပီး ႏႈတ္ခမ္းပါးက အလိုလို ၿပဳံးမိသြားသည္။မသိစိတ္ကလည္း ၾကည္ႏူးမႈ လွိုင္းကေလး ျဖတ္သြားသည္ထင္သည္ ။
" ဒီေန႕ ေဆး႐ုံမလာျဖစ္ဘူး "
" ဘာလို႔လဲ ကေလးေလး ေနမေကာင္းလို႔လား ေဆးေရာ ေသာက္ၿပီးၿပီလား "
ကိုကို႔ဆီ reply ျပန္မယ့္ခ်ိန္ ေမာင္ ဝင္လာသည္မို႔ စာမျပန္ျဖစ္ေတာ့။ ဘာလို႔လဲ ။ ကိုကို နဲ႕ ငါ နဲ႕ ရင္ႏွီးမႈကို ေမာင္လည္း သိေနတာပဲ ဒီစာေလးျပန္တာကို ဘာလို႔ ခိုးေၾကာင္ခိုးဝွက္ လို လုပ္ေနတာလဲ ။ ေစတနာ႐ုံ သတိထားဦး ကိုကို႔ကို ဘယ္ေလာက္ခ်စ္ခ်စ္ ကိုကို က ခ်စ္တယ္ ေျပာေျပာ ေမာင့္ဘက္ကို သတိရပါဦး။ ငါလိုအပ္တဲ့ခ်ိန္တိုင္း အသင့္ရွိေနေပးတဲ့ ေမာင့္ကို ။
" ႐ုံ "
" ဟင္ အင္ "
" အဖ်ား ရွိေနတာမို႔ ေဆး တလုံး ထိုးမယ္ ၿပီးရင္ ဆန္ျပဳတ္ေလးေသာက္ ေဆးေလးေသာက္ၿပီး ျပန္အိပ္ေနာ္ "
နဖူးေပၚလက္တင္ၿပီး အပူစမ္းကာ ေျပာလာသည္။
" ဆန္ျပဳတ္ နဲ႕ ေဆးပဲ ေသာက္မယ္ ေဆးမထိုးဘူး "
" ေဆးမထိုးလို႔ မရဘူး အဖ်ားရွိတယ္ "
" ေဆးမထိုးလည္း ေပ်ာက္တယ္ ငါ့ကိုယ္ငါ သိတယ္ "
" ႐ုံ "
ေဆးထိုးေၾကာက္တဲ့ ဆရာဝန္ေလးကို ဆက္မာန္ဟိန္း စိတ္မရွည္ေတာ့။
" က်စ္ တင္ပါးမွာ ထိုးမွာလား "
" အင္း "
" နာမွာ "
" မနာဘူး ေမာင့္ကိုယုံ "
" ငါဆရာဝန္ပါ နာမွန္းသိတယ္ "
" အဲ့ဒါဆိုလည္း ခနေလးပဲ ေအာင့္ခံေနာ္ လိမၼာတယ္ ကေလးေလးကေနာ္ ထိုးၿပီးရင္ အဖ်ားေပ်ာက္ၿပီ "
" မထိုးလည္း ေပ်ာက္တယ္ တကယ္ေျပာတာ ငါဖ်ားတိုင္း မထိုးဘူး ေပ်ာက္တယ္ "
" ေတာ္ၿပီ မဆိုးနဲ႕ေတာ့ ႐ုံ ေဆးထိုးမယ္ ဒီလို မဟုတ္တာေျပာၿပီး မဂ်စ္နဲ႕ "
" အင့္!"
ေလသံေလး နည္းနည္းမာၿပီးေျပာလိုက္တာကို ကိုယ္ကို ေဆာင့္လွဲကာ ဟိုဘက္လွည့္ေပးသည္။ ကိုယ္လက္ေတြ နာကုန္ေတာ့မယ္။ ဘယ္လိုေတြေတာင္ ဂ်စ္ေနတာလဲ ေမာင့္ေစတနာ႐ုံေလး။
" ၿပီးၿပီ မနာဘူးမလား ေမာင္ထိုးတာ "
ေဆးထိုးတဲ့ခ်ိန္ တစ္ခ်က္တြန့္သြားေသးသည္။ ေဆးထိုးၿပီးတာေတာင္ ဟိုဘက္လွည့္ေနတုန္းမို႔ ၾကည့္လိုက္ေတာ့ အသံတိတ္မ်က္ရည္ေတြ က်ေနသည္။
" ေမာင့္ ကေလးေလး က အငိုသန္ေလးပဲ "
ကိုယ္ေလးကို အသာလွည့္ေပးေတာ့ အလွည့္မခံ။
" ဆန္ျပဳတ္စားၿပီး ေဆးေသာက္ၿပီးရင္ အိပ္မယ္ေနာ္ ေမာင္ ခြံ႕ မယ္ ခနေလးထ"
ကိုယ္ေလးကို ခ်ိဳင္းကေန ေပြ႕ခ်ီကာ ကုတင္ေခါင္းရင္းကို မွီေပးလိုက္ၿပီး ဆန္ျပဳတ္ခြံ႕ေတာ့ ဘာမွ မေျပာပဲ ေသာက္သည္။ ေဆးတိုက္ေတာ့လည္း ႀကိတ္မွိတ္ေသာက္သည္။
" ေမာင့္ကေလးေလးက အလိမၼာတုံးေလးပဲ ျပန္အိပ္ဦးေနာ္ "
ျပန္လွဲခိုင္းကာ ေစာင္ၿခဳံေပးလိုက္သည္။
စကားသာ မေျပာသာ ကိုယ္လုပ္သမွ်ကို အားငယ္တဲ့မ်က္ဝန္းေလးနဲ႕လိုက္ၾကည့္ေနသည္။ သူ နဲ႕ အတူ မအိပ္ေပးလို႔ လာအိပ္ေပးဖို႔ ေျပာလည္း ေျပာခ်င္ ေျပာလည္း မေျပာခ်င္ ျဖစ္ေနတာ အဟင္း။ ဘယ္လိုေကာင္ေလးလည္း မသိ ၿမိဳခ်ပစ္လိုက္ခ်င္သည္။
" ပန္းကန္ သိမ္းၿပီးရင္ ေမာင္ အတူ လာအိပ္မယ္ေနာ္ ခနေလး "
လုပ္လက္စေတြ ျမန္ျမန္လုပ္ၿပီး ကေလးေလးနား အေျပးသြားကာ ရင္ခြင္ထဲ ထဲ့သိပ္ေတာ့ အလိုက္သင့္ဝင္လာၿပီး လူကို မ်က္ရည္စိုေနတဲ့ မ်က္ဝန္းေလးနဲ႕ ေမာ့ၾကည့္ေနျပန္သည္။
" ဘာလို႔လဲ သဲငယ္ ဘယ္နား အဆင္မေျပလို႔လဲ "
" မင္းက ေအာ္တာ ငါ့ကို "
" ေဟာဗ်ာ ဘယ္တုန္းကလဲ "
" ေစတနာ႐ုံလို႔လည္းေခၚတယ္ "
" ေစတနာ႐ုံ မဟုတ္လို႔ ဘယ္သူေလးတုန္း "
" အင့္ "
ဒီေန႕ရဲ႕ အငိုစိန္ေလးက ရွိုက္ သံေတြ ပါလာျပန္ၿပီ ။ နည္းနည္း မွ အမွားခံလို႔မရ ။ ဘာျဖစ္ျဖစ္ ငါမွားတာ။
" အင္းအင္း ေမာင္မွားသြားတာေနာ္ "
" မင္းလို႔လည္း ေျပာတယ္ ေနမေကာင္းတဲ့သူကို စကားေကာင္းေကာင္း မေျပာဘူး "
" ေမာင္ မွားတာေနာ္ ဟုတ္ပါ့ ေနမေကာင္းတဲ့ ကေလးေလးကိုေနာ္ ေမာင္ ေတာ္ေတာ္ဆိုး မငိုေတာ့နဲ႕ေနာ္ ကေလးေလးက လိမၼာတယ္ ေနမေကာင္းမေပ်ာက္ရင္ ေဆးထပ္ထိုးရလိမ့္မယ္ တိတ္ေတာ့ "
" မထိုးေတာ့ဘူး ေနေကာင္းသြားၿပီ "
" အင္း ဟုတ္တယ္ ေကာင္းသြားၿပီ အဟင္း "
" ဘာရယ္တာလဲ "
" ေမာင့္ကေလးေလးက ေပတလူးေလးပါကြာ မြ မြ "
" အင့္ ဖယ္ မ်က္ႏွာသစ္မယ္ "
" စတာ မေပတလူးဘူး အိပ္ယာနိုးမွ ေမာင္ ေရပတ္ တိုက္ေပးမယ္ေနာ္ "
" အင္း မင္း ေဆးခန္း မသြားဘူးလား "
" ေမာင့္ကေလးေလးေလာက္ ဘယ္ဟာ မွ အေရးမႀကီးဘူး "
" ငါေနာက္ခါဆို မမူးေတာ့ဘူးေနာ္ "
" ေမာင့္ကေလးငယ္ကို ယုံတယ္ "
" ေက်းဇူးပဲ အရာအားလုံးအတြက္ "
" ဒါဆို အာဘြားေပး "
ပါးတစ္ဖက္ကို လက္ညိုးနဲ႕ ထိုးျပကာ ေတာင္းဆိုေတာ့
" ဟာ.... "
ျငင္းပယ္တာလား ရွက္တာလားမသိ ေခါင္းငုံ႕သြားသည္မို႔
" စတာပါ ေမာင္က "
" ႁပြတ္ "
႐ုတ္တရက္ ကိုယ့္ပါးအား အနမ္းလာေပးသည္မို႔ ေၾကာင္အေနမိသည္။ရင္ခြင္ထဲ အတင္းတိုးကာ ေကာင္ေလးတစ္ေယာက္ရွက္ေနသည္မို႔စခ်င္လာသည္။
" ေမာင့္ကို ဘယ္သူ အာဘြားေပးသြားလဲ မသိပါဘူးကြာ "
" ငါ အိပ္ေနၿပီ "
" ေအာ္ အင္းအင္း အိပ္ေနၿပီ ကေလးေလးက "
ဟုတ္ပါတယ္။ ေစတနာ႐ုံ ဆိုသည္မွာ အဆင့္ေက်ာ္ဖို႔မေျပာနဲ႕ လက္ေလးကိုင္ ပါးေလးနမ္းတာကိုေတာင္ တြန့္တိုလြန္းတဲ့ေကာင္ေလးပါ။ ကိုယ္နမ္းတာေတာင္ တြန့္တိုတာ ကိုယ့္ကို နမ္းဖို႔ဆိုတာ အရမ္းကို ရခဲတာမ်ိဳးပင္။ ဒီေန႕ကေတာ့ ကေလးေလးဖ်ားေနတာ ကို စိတ္မေကာင္းျဖစ္ေပမဲ့ အာဘြားေလးေၾကာင့္ ပါးစပ္စိမရေတာ့ေပ။