မျက်နှာပေါ်သို့ ကျရောက်လာသော အလင်းရောင်ခပ်စူးစူးနဲ့အတူ ဘယ်ဘက်လက်မောင်းပေါ်က အောင့်သက်သက်ခံစားမှုတို့ကြောင့် မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ ပန်းရောင်မျက်နှာကျက်ကြောင့် ဒါဟာ ကိုယ့်အခန်းမဟုတ်ဘဲ ယောင်းငယ်ရဲ့ အခန်းဆိုတာ သိလိုက်သည်။
"😦 ဟင် ငါညက အိမ်မပြန်ဖြစ်ဘူးလား ဒါဆို ယောင်းငယ်!"
အတွေးစကိုဖြတ်ကာ ဘေးကိုကြည့်လိုက်တော့ ကိုယ့်လက်မောင်းပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာသော ကျွန်မရဲ့ ယောင်းငယ်။
မျက်ခုံးလေးနှစ်ဖက် အနည်းငယ်တွန့်ချိုးနေခြင်းဟာ သူမမျက်နှာပေါ်မှာ ကျရောက်နေတဲ့ သူရိန်နေမင်းကြောင့်ပဲ ဖြစ်ရမယ်။ရာရာစစ ကျွန်မမြတ်နိုးရတဲ့ သူမလေးအပေါ်မှာ လာထိုးရဲတဲ့ နေစုတ် တွေ့မယ်😤။
ထိုသို့ ကြုံးဝါးကာ ကျွန်မ၏ A Man ရဲ့ ဒိုင်းကာအလား အသုံးဝင်လှတဲ့ လက်ဖဝါးအားအသုံးပြု၍ သူမမျက်နှာပေါ်မှာ နေရောင်မကျရောက်ရလေအောင် ကာကွယ်ပေးလိုက်သည်။
'တွေ့မယ်' ဆိုလို့ နေမင်းကို တက်ငြိမ်းမယ်လို့များထင်လိုက်ကြသေးလား မထင်နဲ့နော် အဲ့လောက်မစွမ်းဘူး။ေနကိုငြိမ်းလို့ရေလာက်တဲ့အထိ ကမ္ဘာပေါ်မှာ ရှိတဲ့ရေက မလုံလောက်သလို မီးသတ်ဆေးလည်း အဲ့လောက်ထိ ထုတ်နိုင်မှာမဟုတ်ဘူး။
(ရှိလည်း ငြိမ်းနိုင်မှာကျလို့😌)
ဒါပေမယ့် ယောင်း ကို ချစ်တဲ့ အချစ်တွေကသာ နေကို ငြိမ်းလို့ရမယ်ဆို အဲ့ဒီ နေ တစ်စင်းကနည်းသေးတယ် ဆယ်စင်းဆိုရင်ေတာင် အသာလေးငြိမ်းလို့ရတယ် သိဖို့။
(အမလေး Jennie Kim ရယ် လေလုံးထွားတာလည်းထွားပေါ့ ဒါပေမယ့် နင်ပြောတဲ့ အဲ့နေပျောက်သွားမှ နင့်လာအမှုပတ်နေမယ်နော်)
အချိန်ကိုကြည့်လိုက်တော့ 7:30။ဆေးရုံကိုသွားရဦးမှာမို့ ထမှဖြစ်တော့မည်။ဒါပေမယ့် ဒီအခြေနေလေးက ရခဲတာမို့ အလျင်အမြန် ဓာတ်ဖမ်းထားလိုက်သည်။ပြီးမှ ယောင်းငယ်အပေါ်မှာ ကာပေးထားတဲ့ လက်ချောင်းလေးတွေကို ကစားနေလိုက်တော့ လှုပ်လှုပ်ရွရွဖြစ်လာသော ကလေးလေး။
(အမလေး 🙄 တို့ Park Chae Young တော့ နာမည်မျိုးစုံရနေတာပဲ)
"အိပ်ရေးမဝသေးဘူး ငြိမ်ငြိမ်နေ"
သူမ နိူးလာပါပြီ။
"ထတော့ ယောင်းငယ်ရဲ့ ကိုယ်ဆေးရုံသွားရဦးမှာလေ ပြီးတော့...."
"ပြီးတော့ဘာဖြစ်လဲ"
မျက်စိမပွင့်သေးဘဲ နှုတ်ခမ်းလေးဆူပြီးပြောနေတာ တကယ်ကို အသဲယားစရာပါ။
"ပြီးတော့ ကိုယ့်လက်မောင်းလည်းတော်တော် အောင့်နေပြီ 😅"
"အောင့်လည်းခံပေါ့ မနေ့ညကကျ လူကို နှိပ်စက်ထားပြီးတော့"
"မနေ့ညက....🤔"
"ဟာ ဘာလဲ မေ့သွားပြီးလား လူယုတ်မာကြီးရဲ့😫"
အမြဲစကားကို ရှင်းရှင်းမပြောဘဲ တည့်ချတတ်တဲ့ ပတ်ချယ်ယောင်းနဲ့ လိုရာပဲဆွဲတွေးတဲ့ ဂျန်းစိန်တွေ့ကြပြန်ပြီ။
"မနေ့ညက ဘာမှမဖြစ်ကြဘူးလေ ဟို ကိုယ်
ယောင်းငယ် ဆေးလိမ်းပေးတာခံရင်းအိပ်ပျော်သွားတာလေ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ ဒီကလည်းဘာပြောလို့လဲ
ဆေးလိမ်းပေးနေရတာနဲ့ နှိပ်ပေးနေရတာနဲ့အိပ်ရာဝင်တာနောက်ကျသွားလို့ အိပ်ရေးမဝဘူးလို့ပြောတာပဲလေ"
"😁 သိဘူးလေ"
"အမြဲဒီအတွေးတွေပဲဝင်နေတာပဲ ယုံလို့ကိုမရဘူး"
"အံမယ် လူက innocent girl လေးပါနော် သူကသာလူကို အသားယူနေပြီးတော့"
"ဖြစ်ရတယ် ဘယ်မှာအသားယူနေလို့လဲ"
"ဒီမှာလေ ကိုယ့်လက်မောင်းပေါ်လည်းအိပ်တယ် ကိုယ့်ကိုလည်းဖက်ထားသေးတယ်"
"အဲ့ အဲ့တာ ညက အရမ်းအေးနေလို့ မသိလိုက်ဘဲ ဖက်ထားတာဖြစ်မှာပေါ့ ရှင့်ကိုများ ဖက်ချင်လွန်းလို့"
(ဟုတ်လည်းဟုတ်ဘဲနဲ့)
"ယောင်းငယ် မဖက်ချင်လည်း ကိုယ်ကတော့ဖက်ချင်တယ်"
ဟုဆိုကာ ပိုတိုးပြီးဖက်ထားလိုက်တော့
"ဟာ ဖယ် မဖက်နဲ့ ထတော့မှာ"
"ဘာလို့လည်း ယောင်းငယ်ပဲ ကိုယ့်ကြောင့်အိပ်ရေးမဝသေးဘူးဆို အိပ်ပါ"
"ဟာ ဖယ် ဖယ်လို့ အော်လိုက်မှာနော်"
"အော်ပေါ့ ဘယ်သူမှကြားမှာမဟုတ်ဘူး ကြားလည်း အချစ်စမ်းနေကြတာပဲဆိုပြီး လာကြမှာမဟုတ်ဘူး"
"အော် ဒီလိုလားတွေ့ကြသေးတာပေါ့😏"
ဟုဆိုကာ လည်ပင်းအား ကုန်းကိုက်
လိုက်သည်။
"Ahh!"
ယောင်းငယ်ကိုက်တာ အရမ်းနာပေမယ့် တစ်ချက်ပဲအော်ပြီး ဆက်မအော်တော့ပဲ ငြိမ်ခံနေလိုက်သည်။ယောင်းငယ်ပေးတာဆိုရင် နာကျင်မှုဖြစ်ဖြစ် ပျော်ရွှင်မှုဖြစ်ဖြစ် အကုန်လုံးကို ခံယူဖို့အသင့်ဖြစ်နေတာမို့။
စိတ်တိုတိုနဲ့ကိုက်လိုက်တာ ပါးစပ်ထဲ ငံကျိကျိ အရသာ ဝင်လာတော့မှ အသိပြန်ဝင်ကာ ကြည့်လိုက်တော့ လည်ပင်းမှာ သွားရာကအကွင်းလိုက်နှင့် သွေးများပါထွက်နေသည်။
"😧သွေးတွေ အရူးမကြီး ဒီလောက်ထိဖြစ်သွားတာကို ဘာလို့မရုန်းတာလဲ ဘာလို့ပေခံနေရတာလဲ"
"ကိုယ်ဘာမှမဖြစ်ပါဘူး ယောင်းငယ်ရဲ့ ယောင်းငယ်ပေးတဲ့ ဘယ်လိုနာကျင်မှုမဆို ကိုယ့်အတွက်က ချိုမြန်ပြီးသားပါ"
"အဲ့ဒါကြောင့် အရူးလို့ပြောတာ နာရင်နာတယ်ပြောပါ့လား အရူးလို ချိုမြိန်တယ်လေးဘာလေးနဲ့ အခုတော့ကြည့် ဆေးလိမ်းရမယ့်နေရာပိုတိုးလာပြီ 😒"
"ကိုယ်က ရ........"
"ဘာမှမရနဲ့ ဖယ်လက်"
ဒဏ်ရာကိုလက်နဲ့အုပ်ထားတာကြောင့် ဖယ်ခိုင်းလိုက်ပြီး သူ့လည်ပင်းကိုကြည့်လိုက်တော့ ကျော့ရှင်းနေတဲ့ လည်တိုင်ဖွေးဖွေးရယ် စိမ်းနေတဲ့သွေးကြောလေးတွေကြောင့် အညှို့ခံလိုက်ရတဲ့လူတစ်ယောက်လို သူထင်မထားတာတစ်ခုလုပ်လိုက်သည်။
(😨)
တစ်ယောက်ယောက် လာကယ်ကြပါဦး။
Jen တစ်ကိုယ်လုံးလေထဲလွင့်သွားသလိုလို၊ခုန်လိုက်တဲ့နှလုံးဆိုတာလဲ မြန်လွန်းလို့ပေါက်ထွက်တော့မယ်။ဗိုက်ထဲလဲ လိပ်ပြာလေးတွေ ပျံဝဲနေသလို၊အသက်ကလည်း ရှူမိလားတောင်မသိတော့ပါဘူး 😣။ ေယာင်းငယ်ေရ မင်း အမကြီးကမင်းကြောင့် အခါခါသေ နေရပါပြီ။
စိတ်ကတကယ်ကို ဘယ်လိုဖြစ်သွားတယ်မသိပါဘူး။ယောင်းနှုတ်ခမ်းနဲ့ ထိထားတဲ့အဲ့ေနရာက အရမ်းကိုနူးညံ့တယ် ပြီးတော့ အနံ့ ဟုတ်တယ် အနံ့တစ်ခု။အဲ့အနံ့က ဘာအနံ့လဲ။သူသုံးနေကြ canal တံဆိပ်လည်းမဟုတ်ဘူး။ဘာလည်းတော့မသိဘူးတော်တော်တော့မွှေးတယ် အဲ့တာကြောင့်လည်း သူ့လည်းပင်းက ကျွန်မနှုတ်ခမ်းတွေကို ခွာလို့မရခဲ့တာ။
ထိုသို့ လိပ်ပြာလေးနှစ်ကောင် အချစ်ပန်းခင်းကြီးထဲမှာ ပျော်မွေ့နေကြစဉ်
(ဒေါက် ဒေါက်)
😳😮😳😮😳😮😳😮😳😮
တံခါးခေါက်သံကြောင့် Park Chae Young တစ်ယောက်လန့်ဖြန့်ကာ ထထိုင်လို်က်သည်။
"သမီးလေး ယောင်း ထပြီလား သမီးလေး"
"ဟုတ် ဟုတ်ကဲ့ ထပြီ"
Shit! အရေးထဲ သောက်စကားက လာထစ်နေတယ်။
"နိုးပြီဆိုရင်လည်း အောက်ကိုမြန်မြန်ဆင်းခဲ့နော်သမီးလေး အောက်မှာ သူဌေး ထမင်းစားဖို့စောင့်နေတယ်"
"ဟုတ်ကဲ့ ဒေါ်ဒေါ်"
စိတ်ညစ်ပါတယ် ဘာလို့ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လာရတာလဲ ဒီအရှုပ်ထုပ်ကိုဘယ်လိုလုပ်ရမလဲ။
(အမလေး စိတ်ပူမနေနဲ့ ဟိုက သူ့ယောက္ခထီးနဲ့ အဆင်ပြေပြီးသား)
"ထတော့လေ မကြားဘူးလား အောက်မှာ Daddy စောင့်နေတယ်တဲ့"
ကိုယ်ကသာ ပြောနေတာ သူက အခုထိ အိပ်ရာပေါ်မှာ မျက်နှာကျက်ကိုမျက်လံုးအပြူးသားနဲ့ ကြည့်နေတုန်း။
ကျွန်မ သူ့အနားတိုးကာသေချာကြည့်နေပေမယ့် သူကမျက်တောင်မခပ်ဘဲစိုက်ကြည့်နေတာကြောင့်
"Jennie Kim!!!"
"ဟင် ဟင် ဘာလဲ ယောင်းငယ် ဘာဖြစ်တာလည်း"
"ကျွန်မ ဘာမှမဖြစ်ဘူး ဖြစ်နေတာကရှင် ခေါ်မကြားအော်မကြားနဲ့ မျက်လုံးကြီးဖွင့်ပြီး အိပ်ပျော်နေတာလား"
"မဟုတ်ပါဘူး"
"မဟုတ်ရင်လည်း ထတော့ အောက်မှာ Daddyရောက်နေတယ်"
"ဟင် ဟုတ်လား အာ့ဆို မြန်မြန်လုပ်ကြမယ်လေ"
"ဘာ ဘာကိုမြန်မြန်လုပ်မှာလည်း"
"ဟင် ဟို ဟို မျက်နှာသစ်ကြရအောင်လို့ ပြောတာပါ 😅"
"ပြီးရော 😒 သွားမယ်"
************************************
"သမီးလေး နိုးပြီလား ဪ သမီး Jen လည်းရောက်နေတာပဲ"
"ဟုတ်ကဲ့ အန်ကယ်"
"အေးအေး လာကြ မနက်စားကြမယ်"
"အန်ကယ်ရော အလုပ်တွေအဆင်ပြေခဲ့တယ်မလား"
"အဆင်ပြေရမှာပေါ့ သမီးရဲ့ အန်ကယ်က ဘယ်သူမို့လို့လည်း"
"ဟုတ်ပါ့ 😄"
မတော်ရသေးတဲ့ ချွေးမနဲ့ယောက္ခမတို့က စကားေကာင်းနေပေမယ့် ချယ်ယောင်းတစ်ယောက်ကတော့ ဘာမှဝင်မပြောဘဲ အစားကိုသာ ငုံ့စားနေသည်။
"သမီး ချယ်...."
"စားလို့ပြီးပါပြီ အရင်ထနှင့်ပါမယ်"
နားမထောင်ချင်တာကြောင့် အားလုံးကို ဦးညွတ်ကာ ထဖို့ပြင်လိုက်သည်။
"သမီး ခဏလေး Daddy ပြောစရာရှိလို့"
"Daddy မှာရှိလည်း သမီးမှာမရှိဘူး"
"ခဏလေးပါ သမီးရယ်"
ပြောနေတာတောင်သွားဖို့လုပ်နေတာကြောင့် Jen ဝင်မပါချင်ပေမယ့် ပါရတော့သည်။
လက်ကိုလှမ်းဆွဲကာ
"ယောင်းငယ်"
"ဟင်းးးးးး ဒါဆိုလည်းမြန်မြန်ပြော ကျောင်းသွားရဦးမှာ"
"အေးပါကွယ် သမီးတို့စာမေးပွဲလည်းနီးနေပြီမလား စာေမးပွဲပြီးရင် သမီးသွားချင်တဲ့ New Zealandကို သွားဖို့ Daddy စီစဥ်ပေးထားတယ်"
စိတ်ထဲ ထခုန်ချင်လောက်အောင်အရမ်းပျော်သွားေပမယ့် ဘေးမှာလူတွေရှိနေတာကြောင့်
"ဒါပဲပြောမှာမလား အာ့ဆို သွားပြီ"
ဟုဆိုကာ ထမင်းဝိုင်းကနေ ထထွက်သွားလေသည်။
"သမီးလေး ကိုသာ ဒီကိစ္စပြောပြလိုက်ရင် အရမ်းပျော်သွားမယ်လို့ထင်ထားတာ ဦးလေးမှားသွားပြီထင်ပါတယ်"
"စိတ်မကောင်းမဖြစ်ပါနဲ့အန်ကယ်ရယ် ယောင်းငယ်ကအဲ့လိုပဲ သူ့စိတ်ထဲဖြစ်နေတဲ့ခံစားချက်ကို သူများကိုထုတ်မပြတတ်ဘူး သူ့စိတ်ထဲပဲထားတာ အခုသူအရမ်းပျော်နေမှာသေချာပါတယ် သူ့အဲ့ကို အရမ်းသွားချင်နေတာ"
"အေးပါကွယ် ကဲကဲ စားကြရအောင်"
"ဟုတ်ကဲ့"
အခြားတစ်ဖက်တွင်
"ဟာ ဒီမျက်ရည်က ဘာလို့ကျလာရတာလည်း ပျော်ရမှာကို ဘာလို့လည်း မကျနဲ့ မကျစမ်းနဲ့ဟာ"
တကယ်တော့ သူမရဲ့ မျက်ရည်တွေက ပျော်လွန်းလို့ ဝမ်းသာလွန်းလို့ ကျတယ်ဆိုတာ
ဒီကောင်မလေးတကယ်မသိတာလား။
တကယ်တော့ Youngက ကပြားမလေးပါ။New Zealand ဆိုတာ ယောင်းအမေနဲ့ ယောင်းရဲ့ ေမွးရပ်ေြမေပါ့။ ဒါေပမယ့် Daddy ဟာ အဲ့ဒီကိုလုံးဝပြန်သွားခွင့်မပြုခဲ့ပါဘူး ။Ommaရဲ့အငွေ့အသက်တွေရှိနေတဲ့ အဲ့နေရာကို အမုန်းကြီးမုန်းနေခဲ့တာပါ။ဘာလို့လဲဆိုတာတော့ Daddyပဲသိနိုင်ပါတယ် Omma ရဲ့ အရိုးပြာကိုလည်း
အဲ့ဒီမှာပဲ မြှုပ်နှံထားခဲ့တာပါ။ ဒါကြောင့က အဲ့ဒီကိုအရမ်းသွားချင်ေနခဲ့တာေပါ့။သူမရဲ့ အမေ သေတယ်ဆိုတာ အသံပဲကြားခဲ့ရပြီး လူကိုယ်တိုင်သွားဖို့ သူမရဲ့ အဖေဟာ လုံးဝခွင့်မပြုခဲ့ပါဘူး။အခုသွားဖို့ ခွင့်ပြုတယ်ဆိုတော့ သူမအမေပေါ်မှာထားတဲ့ သူ့အဖေရဲ့အမုန်းတွေဟာ ပျက်ပြယ်သွားတာများလား။
ဘာပဲဖြစ်ဖြစ် Omma ကိုတွေ့ရတော့မယ်။