တစ်ခါတစ်လေမှာ ကိုယ် အများကြီးမျော်လင့်ထားတဲ့ အရယတွေ ဖြစ်မလာခဲ့ရင် အရမ်းဝမ်းနည်းရတတ်တယ် အခုလည်း Jin ဝမ်းနည်းကြီးစွာနဲ့ ထိုင်ငိုနေမိတာ မိနစ်အနည်းငယ်လောက် ရှိရောပေါ့
အမှောင်ထဲမှာ တစ်ယောက်ထဲ စိတ်ရှိလက်ရှိ ထိုင်ငိုနေတဲ့ Jin ပခုံးပေါ်ကို လာပုတ်တဲ့ လက်ကြောင့် ဝမ်းနည်းတဲ့ စိတ်ကနေ ကြောက်လန့်တဲ့ စိတ်သို့ အလျင်အမြန်ပင် ကူးပြောင်းကာ
ထိုင်နေရာမှ ရုတ်တရက်ထကာ အော်မိတော့သည်
Jin - အားးးးးးးး
Jin မှာ အော်လည်းအော် အနောက်လည်းဆုတ်ရင်း နောက်ဆုံးတော့ နံရံနဲ့ ထိမိတော့မှ.
Jin - ဘယ်...ဘယ်သူလဲ
Jin - ဘယ်သူလဲ လို့ မေးနေတယ်
မီးဖွင့် ချင်သော်လညိး မီးခလုတ်က အနီးအနားမရှိ အသံတို့ကလည်းတုန်ရီစွာပင် မေးနေသော်လညိး တစ်ဖက်က ပြနိမဖြေ
ပြန်မဖြေသောကြောင့် ပို၍စိုးရိမ်မိတယ်
နှလုံးရောဂါအခံရှိတာကြောင့် အခုလို အလန့်တကြားကိစ္စက ဖြစ်နေတော့ မေးနေရင်းနှင့်ပင် ရင်ဘတ်တို့က အောင့်တတ်လာသည်
ထို့ကြောင့် ကြာကြာမရပ်နိုင်တော့ပဲ ရင်ဘက်သို့ လက်ဖိကာ ထိုင်ကျသွားတော့ မှ တစ်ဖက်လူရဲ့ အသံနှင့် အတူ မီးဖွင့်သံကိုပါ ကြားရတော့သည်
Jk- Hyung........
Jk - Hyung ရရဲ့လား အဆင်ပြေလား ဆေးရုံသွားမလား Hyung......
Jk - Hyung ကိုပြောနေတာကြားလား အဆင်ပြေရဲ့လားလို့
Jk ထိုင်လျက်ဖြစ်သွားတဲ့ Jin အနားသို့ အပြေးသွားကာ Jin ပခုံးလေးကို ကိုင်ရင်း တရစပ်မေးနေပေမယ့် Jin ကတော့ ရင်ဘက်ကို လက်ဖိထားဆဲ သို့သော် မျက်ဝန်းတို့ကတော့ Jk အား မျက်တောင်မခတ်ပဲ စိုက်ကြည့်နေမိတယ် Jin ရဲ့ အခုလို ပုံစံက Jk အားစိုးရိမ်စိတ်တွေ တဖွားဖွား တိုးလာအောင် လုပ်ပေးနေသလို
Jk - Hyung...... ပြန်ဖြေဦးလေ တစ်ခုခု
Jin - koo.........
တိုးတိုးလေးပါပဲ တကယ့်ကို တိုးတိုးလေးပါ
Jin - ဘာလို့လဲ........ ဘာလို့လဲ koo.....ဘာလို့လဲလို့
ပြောလဲပြော ငိုလည်းငိုကာ Jk အား တင်းကြပ်စွာ ထဖက်လိုက်တော့သည်
Jin - ရှာနေတာ........တွေ့ချင်မှာ.... မသိဘူးလား......koo.... မသွားနဲ့......koo အဟင့် အဟင့် အဟင့်
ပြောချင်တာတွေက များလာတော့ ရုတ်တရက် ဖြစ်သွားတဲ့ အချိန်မှာ စကားတို့က မထွက်လာ တစ်ဝက်တစ်ပျက် စကားတို့ကသာ ထွက်လာသည် အသံကလည်း ငိုသံစွက်နေတာကြောင့် သေချာမှ နားမထောင်လျင် ဘာပြောမှန်းသိရမည်မဟုတ်
အသည်းအသန် ငိုရင်း စိုးရိမ်ပြီး ပြောနေတဲ့ Hyung ကို ကြည့်ပြီး အသဲယားတာရော စိတ်မကောင်းတာရောကြောင့် hyung လက်ထဲမှ ရုန်းထွက်ကာ Hyung ကိုပဲ ပြန်ထွေးပွေ့ပေးလိုက်သည်
Jk - Hyung မငိုနဲ့တော့နော် ကို ဘယ်မှမသွားဘူး
တိတ်တော့နော် Hyung
ပြီးတော့ Hyung ကို အခူလို နာကျင်စေမိလို့ ကို တောင်းပန်ပါတယ်နော်
Jin - ကတိ...နော်...မထွက်သွားရင်.... ရတာမို့... မတောင်း....ပန်နဲ့...
ရင်ခွင်ထဲကနေ ရှိုက်သံလေးနဲ့ ပြောလာတဲ့ Hyung ကြောင့်
Jk - ကို့ကိုကြည့်ပါဦး Hyung ရဲ့ မငိူနဲ့တော့လေ ငိုရင် မလှပဲ နေတောမှာပေါ့
Jin - ငိုပါတယ်ဆိုမှ လှမလား
အဲ့လိုပါဆို ကျနောံရဲ Hyung က ကလေးလိုပဲ ငိာနေတာတောင် စကားနိုင်က လုလိုက်သေးတယ်
Jk - ကဲ ထ ခုံမှာထိုင်ရအောင်
ထလို့သာ ပါးစပ်ကပြောပေမယ့် တကယ်တော့ Jk က Jin ကို ပွေ့လျက်သားနှင့် ခုံပေါ်သို့ အသာအယာ ချပေးလိုက်သည် ပြီးမှ ဘေးကနေ ဝင်ထိုင်ပြီး Hyung မျက်နှာလေး ကို မေးကနေ ဆဲွဲယူပြီး မျက်နှာချင်းဆိုင် လိုက်တော့
ငိုထားလို့ ရဲနေတဲ့ မျက်နှာလေးရယ် အရည်လဲ့လဲ့ မျက်ဝန်းလေးရယ် နှာသီးလေးက တရှုံ့ရှုံ့နဲ့ နှုတ်ခမ်းလေးကလည်း ဆူထော်နေလိုက်တာဆိုတာ အသဲယားစရာ
Jk - Hyung ပြုံးမပြဘူးလား အဲ့လိုပဲ ဆူပုတ်နေမှာလား
Jin - မင်းက အခုလိုလုပ်တာကို ငါက ပျော်ပြရမှာလား
ပြွတ်စ်.
Jin - မင်း... မင်း.. ဘာလုပ်တာလဲ
ပြွတ် စ်
Jin - ဟာ...
Jk - koo လေ ဘာမင်းလဲ ရန်တွေ့နေတဲ့ အဲ့နှုတ်ခမ်းလေးကို အပြစ်ပေးတါ
Jin - ဟွန့်
ပြွတ်စ်..
ဒီတခါကတော့ Jin ဘက်က စတင်လိုက်တဲ့ အနမ်း
Jin - လွမ်းနေတာ Koo.....
ထို့နောက် ထိကပ်သွားတဲ့ နှုမ်းခမ်းတစ်စုံ အလွမ်းတွေကို အနမ်းတွေအဖြစ် ပုံဖော်ရင်း ချစ်ခြင်းတို့ကို ပျံ့လွင့်စေလျက်
ခဏကြာတော့မှ လက်ကလေးနဲ့ Jk ကို တွန်းနေတာကြောင့် ခွာပေးလိုက်တော့ အသက်လုရှုနေရတဲ့ Hyung
ဒီတော့မှ Jk သတိရပြီး
Jk - Hyung အဆင်ပြေလား
Jin - omm..
Jk - ဒါနဲ့ စောစောကလေ Hyung အော်ပြီး လဲသွားတာက ဘာဖြစ်တာလဲ နှလုံးပြန်အောင့်လို့လား Hyung
Jin - အဲ့တုန်းက လန့်သွားတော့ ရုတ်တရက် ဖြစ်သွားတာပါ အခု ဘာမှ မဖြစ်တော့ဘူး
Jk - တော်သေးတာပေါ့ Hyung ရယ် ကို ဖြင့် စိတ်ပူလိုက်ရတာ
Jin - ဟင့် အဲ့တာလား စိတ်ပူတဲ့သူက လန့်အောင် လုပ်ရလားလို့
Jk - ဒီအတိုင်း ဟီး........
Jin - ရယ်မနေနဲ့ Koo ပြောပါဦး လူကို ဘာမှ ပြန်မဖြေတာရယ် ဘယ်ရောက်နေတာလဲဆိုတာရယိ
Jk - ကိုက စားစရာတချို့ သွားဝယ်တာ Hyung ရဲ့ ဟိုမှာတွေ့လား စားစရာတွေ
Jin - aww
Jk - အိမ်ရှေ့မှာ ကားတွေ့လို့ ကြည့်တော့ Hyung ရဲ့ ကားဖြစ်နေလို့ မြန်မြန်ဝင်လာတာ ဒါပေမယ့် Hyung က အမှောင်ထဲမှာ ထိုင်ငိုနေတာကိုလို့
ပြီးတော့ ဘာတွေပြောပြီးငိုနေတာလဲဆိုတာ နားထောင်နေတာ
Hyung ကို ချော့ဖို့ အနားကပ်လာတာ Hyung က အလန့်တကြား ထအော်တော့ ရယ်ချင်မိသွားတာ အဲ့တာနဲ့ပဲ မီးမဖွင့်တော့ပဲ Hyung ကို နောက်လိုက်မိတာ.
Jin - အကျင့် မကောင်းလိုက့တဲ့ Koo .... မြန်မြန်သာ မီးမဖွင့်ရင် ငါသေနေလောက်ပြီ
Jk - ရှူး.... အဲ့လို ကိုက အဖြစ်ခံပါ့မလားလို့...အခုပဲကြည့်လေ Hyung က မေးနေရာကနေ ရုတ်တရက် လဲသွားတော့ ကျနော့ ဘယ်လောက် စိတ်ပူရလဲဆိုတာ
Jin - ထားပါတော.... ဒါနဲ့လေ...ဘာလို့ Hyung ကို မယုံရတာလဲ Koo😞😞
Jk - ဘာကိုလဲ Hyung
Jin - Hyung အနားကနေ ထွက်သွားတဲ့ ကိစ္စလေ
အဲ့တာ Hyung အချစ်ကို မယုံလို့ ထွက်သွားတာမလား 😞😞😞
Jk - ဖြစ်စရာလား Hyung ရယ်..... တကယ်တော့ ကိုက Hyung ကို မျက်နှာချင်းဆိုင် ဖို့ သတ္တိမရှိခဲ့တာပါ ကို့ကြောင့်ပဲ Hyung ထိခိုက်....
Jin - တော်တော့..... Koo အပြစ်မဟုတ်ဘူးလေ Koo လုပ်တာမှ မဟုတ်တာ Koo အဖေဆိုပေမယ့် သူလည်း သူ့အပြစ်သူ ခံယူနေပြီလေ
Jk - omm ပါ Hyung ကျေးဇူးတင်ပါတယ်
Jin - ကျေးဇူးတင်တယ်ဆိုရင် အဲ့ဒီ ကျေးဇူးဆိုတဲ့ စကားအစား ချစ်တယ်လို့ပဲ ပိုပြောပေးနော်
Jk - စကားတွေ တတ်နေလိုက်တာ ကို့ ကလေးကြီးက ချစ်ပါတယ်ဗျာ အရမ်းချစ်တယ်
Jin - Hyung လည်း Koo ကို ချစ်တယ်
Koo ရဲ့ ရင်ခွင်လေးထဲမှာပဲ ကလေးတစ်ယောက်လို ချွဲနွဲ့ရင်း မတွေ့ရတဲ့ ရက်တွေ အတွက်ပိုတိုးလို့ အလွမ်းသယ်နေမိတယ်
ညစာကိုတော့ Jk ဝယ်လာတဲ့ အစားအသောက်တွေနဲ့ပဲ နှစ်ပါးသွားပြီး Yg ကိုတော့ ဒီည ပြန်မလာဖြစ်ကြောင်း နဲ့ Koo ကို ရှာတွေ့ကြောင်း အကြမိးဖျဥ်းပြောပြခဲ့သည်
စားပြီးသားတွေကို Koo ရှငိးပေးနေတုန်း Koo ရဲ့ ပန်းချီတွေ ဆက်ကြည့်မိတယ် တစ်ချို့ပန်းချီတွေက အသစ်ထပ်ဆွဲထားတာတွေနဲ့တူတယ် အခုမှ မြင်ဖူးတာ အခန်းလေးထဲဝင်ကြည့်တော့ အရင်လို ပန်းချီကားတွေချည်း ဟုတ်မနေ ကုတင်လေးတစ်လူံးက သပ်သပ်ရပ်ရပ်လေး ကြည့်ရတာ Koo အိပ်တဲ့ ကုတင်လေးပေါ့ ဘေးက ဗီရိုလေးထဲမှာလည်း Koo အဝတ်အစားတွေ ဒီဘက်မှာတော့ ဆွဲလက်စ ပန်းချီကားနဲ့ ပိတ်ဖြူစအုပ်ထားတဲ့နောက်ထပ် ပန်းချီတွေ
Jk- Hyung ကြည့်ချင်လို့လား ကြည့်လေ
Jin - omm koo
Omo နောက်ထပ် Jin ပုံတွေပါလား ဖွင့်ပြောတုန်းက Jin ပန်ချီတွေလိုပဲ အခုလည်း နောက်ထပ် Jin ပုံ အသစ်တွေ
Jk - အဲ့တာတွေက Hyung ကို လွမ်းတိုင်း ဆွဲထားတာလေ
ပြီးတော့ Hyung ကို အမြဲ တွေ့ရသလို ဖြစ်အောင် ကို့ အခန်းထဲမှာ ထားတာ
Jin - Kooရယ်........ Hyung ကို အဲ့လောက်ချစ်တာလား
Jk - ဒါပေါ့ ကို့ရဲ့ ကလေးကြီးကို အများကြီး ချစ်တာကြောင့်
Jin - 😊😊😊
Jin. Jk ကို ဖက်ထားလိုက်ပြီး အနမ်းတို့ကို ဆုချသလို ပေးမိတော့သည် ဒါကို လက်လွတ်မခံတဲ့ JK အတွက်တော့ သိုးငယ်လေးကို စားဖို့အထိ ကြံရွယ်မိတော့သည်
အနမ်းတို့ကနေ လက်တို့ကပါ နယ်ကျော်လာတာကြောင့် Jin. Jk ကို ခဏတွန်းပြီး
Jin - koo ဘာလုပ်မလို့လဲ မရဘူးနော်
Jk- hyung ကလညိး သိရဲ့သားနဲ့ နော်ပါနော်
Jin - အာ့ဆို မနက်ဖြန် Hyung နဲ့ ပြန်လိုက်ခဲ့ရမယ်နော်
Jk - အင်း လိုက်ခဲ့မယ် ကတိပေးတယ်
Jin - ပြီးရော
Jk - အာ့ဆို စလိုက်ကြမလား
Jin - omm (ရှက်နေတဲ့ လေသံကြီးနဲ့)
(ကို့ဘာသာ ဆက်တွေးပြီး ကြည့်မှောင်လိုက်ပါနော်)
ဒီညတော့ ထို အိမ်ငယ်လေးထဲမှာ ချစ်ခြင်းတို့နယ်ကျော်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ငြီးတွားသံတို့က ပြည့်နှက်နေလျက်
❤K