အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 32

2.9K 196 0
By EmmaXing95

Unicode

အကုန်လုံး အံ့ြသနေချိန်တွင် ဟိုနှစ်ယောက်ကတော့ နမ်းလို့ကောင်းတုန်း

ရှောင်းကျန့်က မားတို့ရှိတာမို့ တွန်းနေပေမဲ့ ရိပေါ်ကလွှတ်မပေး ငါ့မင်းကိုဘယ်လိုစိတ်ချရမလဲ ပါးအကျင့်နဲ့ဆို ဆွဲထိုးပြီးနေလောက်ပြီ

တကယ်လည်း ဆွဲထိုးမလို့ပါ ရှောင်မားရော ကျိုးချန်ပါအတင်းဆွဲထားလို့

ခဏကြာမှလွှတ်ပေးတဲ့ ရိပေါ်က လက်ကိုကိုင်ထားရင်း မကြောက်ဖို့ပြောကာ အထဲဝင်တော့မှာမို့ လွှတ်ပေးလိုက်သည် ကျိုးချန်နဲ့ တာဝန်ခံဆရာဝန်လည်း လိုက်ဝင်သွားသည်

အမှန်တော့ရှောင်းကျန့်က အစက မကြောက်ပါဘူး ရိပေါ်ကိုတမင်ချွဲတာဆိုပေမဲ့ ညကအိပ်မက်ကြောင့် လန့်သွားရုံပင်

သူကဘယ်သူ့ကိုမှဆုံးရှုံးဖူးတာမဟုတ်ဘူးလေ ဘယ်သူ့ကိုမှလည်း ရိပေါ်လောက်မချစ်ခဲ့ဖူးဘူး

ကဲ ပြဿနာစပါပြီ

‌ေဆးရံုနားက ကော်ဖီဆိုင်ထဲမှာ

ရှောင်မားက ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြဖို့ပြောသည် ရှောင်ပါးကလည်း အတော်လေးကို မကြိုက်တဲ့ပုံပေါ်သည် ဝမ်ချင်ကဘေးမှာ ရိပေါ်ဘက်က ပြောပေးဖို့အသင့်ပဲ

"သား ခုနက အန်တီတို့အမြင်မှားတာများလား"

"ဘာလို့ အမြင်မှားရမှာလဲ ငါ့မျက်လုံးအကောင်းကြီးရှိသေးတယ်"

"အော် ရှင်ကတစ်မျိုး ရိ‌ေပါ်‌ေလးရှင်းပြပါစေဦး"

"ဘာမှရှင်းပြစရာမလိုဘူး ငါရိပ်မိနေတယ် မင်းတို့နှစ်ယောက်ဆက်ဆံရေးက မရိုးဘူးလို့"

"ဟုတ်ပါတယ်"

"ဘာ"

"ကျွန်တော်တို့က ချစ်သူတွေပါ"

ခပ်တည်တည်နဲ့ပဲပြောလိုက်တဲ့ ရိပေါ်ကို ဝမ်ချင်က အံ့ြသလို့ ရှောင်ပါးအကြည့်က သူများသာဆို ပြာကျသွားလောက်တယ်

"ဘယ်တုန်းကတည်းကလဲ"

"မနေ့မနက်ကပါ"

"ငါတို့ရောက်တဲ့ရက်ပေါ့"

"ဟုတ် ကျွန်တော်သူ့ကိုချစ်တယ် ကျွန်တော်တို့နှစ်ယောက်လုံး ယောကျာ်းလေးမှန်းသိပါတယ် ဒါပေမဲ့ ကျွန်တော့်ကိုအခွင့်အရေးပေးစေချင်တယ်"

"ဘာအခွင့်အရေးမှ ပေးစရာမလိုဘူး ငါသဘောမတူဘူး အကြောင်းအရင်းကတစ်ခုပဲ မင်းတို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေ အချင်းချင်းချစ်နေတာကို အသာထား ပတ်ဝန်းကျင်ကရှိသေးတယ် သူ့ကိုဝိုင်းပြောကြရင် အဲ့အခါကြ မင်းသူ့ကိုဘယ်လိုကာကွယ်ပေးမှာလဲ"

"ကျွန်တော်....."

ဘာမှဆက်မပြောတော့တဲ့ ရိပေါ်

"ဟင်းးး မင်းဘာမှမတတ်နိုင်ပါဘူး အခုအချစ်စစ်နေရင်တောင် မင်းတို့တစ်သက်လုံးပေါင်းနိုင်ပါ့မလား မင်းကရဲလေ"

ပြောပြီး ရှောင်ပါးကထသွားမယ်အလုပ်
ရိပေါ်က

"ပေါင်းနိုင်မှာပါ ကျွန်တော့်မှာ အချစ်ကလွဲပြီး ပေးစရာဘာမှမရှိပေမဲ့ သူပျော်ရွှင်အောင်ထားနိုင်တယ် ဒီထက်လည်းပိုကောင်းအောင် ကျွန်တော်ကြိုးစားနိုင်တယ် ကျွန်တော့်အသက်ကိုတောင် သူပိုင်ပါတယ် သူခွင့်မပြုသ၍ ကျွန်တော်သေမှာမဟုတ်ဘူး"

"ကျွန်တော့်အတွက် သူကအရမ်းအရေးကြီးတယ် သူ့ကိုလုံးဝလက်မလွှတ်နိုင်ဘူး ဦးလေးတို့ ခွင့်မပြုရင် ကျွန်တော်သူ့ကိုခိုး‌ေပြးမှာ"

"အဟွတ် အဟွတ်"

ကော်ဖီသောက်နေတဲ့ ဝမ်ချင်သီးသွား၏ ရဲလှချည်လား ဘိုးတော်

"မင်း...ငါ့သားနေကောင်းသွားမှဆက်ရှင်းမယ်"

ရှောင်ပါးကထွက်သွားပေမဲ့ ရှောင်မားက ပြုံးပြီးထိုင်နေတယ်

"အန်တီ ကျွန်တော်တို့ကိုခွင့်ပြုပေးပါ"

"ကျန့်ကျန့် ပျော်ရင်ပြီးတာပါပဲကွယ် သားတစ်ခုတော့ ကတိပေးရမယ်"

"ဟုတ်"

"သားလုံးဝ အရင်မသေရဘူး ကျန့်ကျန့်ကိုတစ်ယောက်ထဲမထားခဲ့ဘူးလို့ ကတိပေး"

"ကျွန်တော် ကတိပေးပါတယ် အန်တီ ကျန့်ကောကို ကျွန်တော်သေချာဂရုစိုက်မှာပါ"

ယောကျာ်းလေးချင်းကြိုက်တာကို ရှောင်ပါးက မကြိုက်တာမဟုတ်ဘူး ဒါပေမဲ့ အားလည်းမပေးဘူး အခုကသူ့သားဖြစ်နေပြီ
တစ်ခုခုတော့ ဆုံးဖြတ်ရတော့မယ်

ရိပေါ် ပြောပြီးတာနဲ့ ဆေးရုံကိုပြေးတော့တာပဲ ခွဲစိတ်ခန်းရှေ့မှာ ၁၀ နာရီလောက်ကြာအောင် စောင့်နေခဲ့တယ် မသွားခင် အစ်မဝမ်ချင်က သူ့ခေါင်းကို ဆေးထည့်ပေးသည်

တော်တော်ကြာအောင်စောင့်ပြီးကာမှ အထဲကထွက်လာတဲ့ ဆရာဝန်နဲ့ အနောက်ကကျိုးချန် ရှောင်းကျန့်က ကုတင်ပေါ်မှာလှဲလျက်သား မေ့ဆေးကြောင့်မေ့နေတုန်း

"ခွဲစိတ်တာအောင်မြင်တယ် သူ့ကိုအခု စောင့်ကြည့်ခန်းမှာထားမှာ ဒေါ်လေးတို့ရော"

"ကျွန်တော့်ကိုအပ်ပြီး အိမ်ခဏပြန်သွားတယ်"

ရှောင်းကျန့်ကုတင်ဘေးမှာထိုင်နေရင်းက ရိပေါ်ညကအကြောင်းကိုညပြန်စဥ်းစားနေသည်

သူသတိမေ့သွားပြီး ပြန်သတိရလာတော့ အစ်ကိုရှီးချန်က သူ့ကိုနှိုးနေတာ လူကကားထဲမှာမဟုတ်တော့ဘူး အပြင်ရောက်နေပြီ ကျင်းဇီရွှမ်းကိုလည်းဖမ်းမိတယ်

သူ့ကိုပစ်ဖို့လုပ်နေတုန်း နောက်ကနေ ခေါင်းကိုတုတ်နဲ့ရိုက်လိုက်တဲ့ ကျန်းယန်လီက သူ့အသက်ကိုကယ်ခဲ့တာပေ

သူကအခု ကားကိုမှီထားရင်း ခဏနားနေသည်

"ရိပေါ် မင်းအဆင်ပြေရဲ့လား"

"ဟုတ်"

"အကုန်ပြီးသွားပြီ ဒီအမှုက တော်တော်ကြီးတယ် လူတွေအများကြီးသေခဲ့တာ"

"ဟို စိတ္တဇကောင်ကို ဘယ်တော့တရားရုံးတင်မှာလဲ"

"သန်ဘက်ခါ တရားရုံးတက်ရင် တရားသူကြီးက ထောင်ဒဏ်ချလိမ့်မယ် တစ်သက်တစ်ကျွန်းဖြစ်ဖို့မျှော်လင့်တာပဲကွာ"

ဒါနဲ့တစ်ခုမေ့နေတယ်ထင်တယ် ဟုတ်သား

"ရှောင်ရှင်းချန်ဆိုတဲ့တစ်ယောက်ကရော သူကဘယ်လိုပတ်သက်နေလဲ သိပြီလား"

"သူက ကျန်းလီမင်က တောင်းဆိုလို့ လုပ်ပေးတာတဲ့ မင်းတို့နှစ်ယောက်ကိုစောင့်ကြည့်ပေးပါဆိုလို့တဲ့"

"အဲ့လိုရရိုးလား"

"ကျန်းလီမင်ကို လေးစားယုံကြည်တဲ့အထဲမှာ သူလည်းပါတယ်ဆိုတော့ ကောင်းတယ်ပဲထင်ပြီး ကူညီမိတာပေါ့ကွာ"

"ဒါဆိုဘာလို့ သူကအရိုက်ခံလိုက်ရတာလဲ"

"အဲ့တာက ရှောင်ရှင်းချန်က မင်းတို့ကိုစောင့်ကြည့်နေရင်းနဲ့ ကျင်းဇီရွှမ်းကိုပါမြင်သွားတာ သူနဲ့ကျန်းယန်လီနဲ့က ငယ်သူငယ်ချင်းတွေဆိုတော့ ရည်းစားမှန်းသိထားတယ်"

"အဲ့တော့"

"အဲ့တော့ သူကလည်း ထက်မြက်တဲ့လူပဲလေ သေသေချာချာစုံစမ်းတော့မှ ကျန်းစစ်လီကိစ္စကို သိသွားပြီးတော့ သူလေးစားတဲ့သူက အရင်ကဖောက်ပြန်ခဲ့ဖူးမှန်းသိသွားတာပေါ့"

"ဒါလေးပဲလား"

"မဟုတ်ဘူး အဓိကက သူ့သူငယ်ချင်းကိုသနားလို့ ကျန်းလီမင်ကို ဖုန်းဆက်ပြီး ရန်တွေ့ရင်းက သူ့နောက်ကနေ ကျင်းဇီရွှမ်းက အုတ်ခဲနဲ့ချလိုက်တာပဲ မှတ်မိတယ်မလား အဲ့တုန်းက သူဆေးရုံနားမှာတဝဲလည်လည်နဲ့လေ"

"အင်း ကျန်းယန်လီ အဆင်ပြေရဲ့လား"

"ကောင်းပါတယ် သူ့ကိုအိမ်ပြန်ပို့လိုက်ပြီ မင်းလည်းပြန်နားချင်နားတော့လေ ငါဆက်လုပ်လိုက်မယ် ခေါင်းကိုလည်းဆေးထည့်ဦး"

"ရတယ် ကျွန်တော် မနက်ကြမှ ဆေးရုံသွားပြီး အကုန်လုပ်လိုက်မယ် အခုလောလောဆယ် ရေနဲ့ဆေးလိုက်မယ်"

#########

💞MeiXing💞

Zawgyi

အကုန်လုံး အံ့သြနေချိန်တွင် ဟိုနှစ်ယောက်ကတော့ နမ်းလို့ကောင်းတုန်း






ကဲ ပြဿနာစပါပြီ

‌ဆေးရုံနားက ကော်ဖီဆိုင်ထဲမှာ




"အော် ရှင်ကတစ်မျိုး ရိ‌ပေါ်‌လေးရှင်းပြပါစေဦး"


"ဟုတ်ပါတယ်"

"ဘာ"


ခပ်တည်တည်နဲ့ပဲပြောလိုက်တဲ့ ရိပေါ်ကို ဝမ်ချင်က အံ့သြလို့ ရှောင်ပါးအကြည့်က သူများသာဆို ပြာကျသွားလောက်တယ်

"ဘယ်တုန်းကတည်းကလဲ"

"မနေ့မနက်ကပါ"




"ကျွန်တော်....."



ရိပေါ်က


"ကျွန်တော့်အတွက် သူကအရမ်းအရေးကြီးတယ် သူ့ကိုလုံးဝလက်မလွှတ်နိုင်ဘူး ဦးလေးတို့ ခွင့်မပြုရင် ကျွန်တော်သူ့ကိုခိုး‌ပြေးမှာ"

"အဟွတ် အဟွတ်"






"ဟုတ်"













"ဟုတ်"







"အဲ့လိုရရိုးလား"




"အဲ့တော့"


"ဒါလေးပဲလား"





#########

💞MeiXing💞

Continue Reading

You'll Also Like

219K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
607K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.6K 270 11
ချစ်ဖို့ကောင်းတယ့်ကောင်လေးတစ်ယောက်ဘဝထဲ ရုတ်တရတ် ဝင်လာမယ့် ဖူးစာရှင်ဖြစ်နိုင်မယ့် လူ ၂ယောက် ဝင်လာပါတော့သည် အဲ့နှစ်ယောက်မှာ တစ်ယောက်က ကံကောင်းခြင်း တစ်...