Clouds (Complete)

By ANKhine

68.8K 5.1K 214

ပြောင်းလဲမှုများနေတဲ့ လောကကြီးထဲမှာ ကိုယ့်အတွ​က်မပြောင်းလဲတဲ့ အရာတစ်ခုလိုချင်တယ် Kim Soek Jin ကလေး မင်းအတွက်ဆ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31 (End)

29

1.7K 144 14
By ANKhine

မနေ့က Koo ကို သွားရှာတော့ YG က အဖော်လိုက်ပေးတယ် အရင်ဆုံး Koo အိမ်ကိုသွားရှာတော့ အိမ်စောင့်ဦးလေးကြီးကလွဲရင် ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေတဲ့ Koo ရဲ့ အိမ်
Koo သူငယ်ချင်းတွေဆီမှာများ ရှိနိုင်မလားလို့ သိသမျှ သူငယ်ချင်းအိမ်တွေ သွားရှာမိတယ်
ဒါပေမယ့် ရလိုက်တဲ့ အဖြေက သူတို့နဲ့တောင် မတွေ့ဖြစ်တာ တစ်လကျော်ပြီတဲ့လေ
သူတို့ပြောတဲ့ တစ်လဆိုတာ ကျနော် ဆေးရုံပေါ့ရောက်နေတဲ့ တစ်လလေ
Koo ရယ် အနားမှာနေလက်စနဲ့ ဆက်နေပါ့လားကွာ
နောက်ဆုံး Tae ဆီကိုပါ ဆက်သွယ်မေးကြည့်တော့ JK ပျောက်နေမှန်း အခုမှ သိတာတဲ့လေ Tae က တကယ်ပြောတာလား ဒါမှမဟုတ် Koo ကပဲ အဲ့လိုပြောခိုင်းထားတာလား
မသေချာတာမို့ ကိုယ်တိုင် လိုက်သွားကြည့်ချင်တယ် ဒါပေမယ့်လည်း မလိုက်သွားရအောင်လို့ YG နဲ့ NJ နဲ့က အသည်းအသန်တားနေတယ်လေ
ကို့စိတ်နဲ့ ကိုသာဆို ချက်ချင်းတောင် လိုက်ပြီးသွားရှာချင်တာ
Nj က ကျနော့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားလားမသိ သူပဲ Tae ရှိတဲ့ US ကို ဒီတစ်ပတ်ပိတ်ရက်ကို သွားရှာပေးပါ့မယ်တဲ့

ဒါနဲ့လေ NJ ဆိုတဲ့ တစ်ယောက်က ကျနော့တို့ ကျောင်းတတ်ကတည်းက သူငယ်ချင်းတဲ့ ကျနော်ကသာ မသိတာ သူက သိတယ်ပြောတယိ YG နဲ့ လည်း တော်တော် ခင်တဲ့ပုံပဲ အခုလည်းကျနော့ရဲ့ Koo ရှာပုံတော်မှာ သူလည်း ဝိုင်းရှာပေးတယ်လေ
အခုဆိုရင် သူငယ်ချင်းဆိုတာ Yg အပြငိ Nj ပါရှိလာပြီ အချစ်ဆုံး ချစ်ရသူ Koo ရောပေါ့ လက်တလောတော့ ပျောက်နေတာပေါ့နော်

မနေ့က လိုက်ရှာသမျှ နေရာတွေ အကုန်လုံးက တကယ်တော့ YG နဲ့ NJ တို့ ရှာပြီးသားနေရာတွေချည်းပဲ ပြောမရဘူးလေ ကျနော်ရှာတော့မှ တွေ့ချင်တွေ့နိုင်တာမို​့

ဒီနေ့လည်း Koo ကို ရှာပုံတော် ဖွင့်ရပေဦးမည်
Koo ကို ဒီနေ့မှ မဟုတ်ဘူး နောက်နေ့တွေမှာ ကျနော်ရှင်သန်နေတိုင်း ရှာနေမှာ မတွေ့မချင်းရှာနေမှာ ပြီးတော့ သူတွေးနေသလို ကျနော် မုန်းမှာမဟုတ်ပဲ သူ့ကို ချစ်တာကြောင့်ဆိုတာ သူ့ကို သိစေချင်တယ်

Jin - Yg yah... သွားရအောင်

Yg - ဟင် ဘယ်ကိုလဲ

Jin - ဟာ Koo ဆီကိုလေ

Yg - Jk ဘယ်မှာလဲဆိုတာသိပြီလား

Jin - ဟင့်အင်း သိမှတော့ မင်းကို ပြောနေပါတော့မလား ငါကိုတိုင် သွားခေါ်ပြီပေါ့

Yg - ဒါဆို ဒီနေ့က ဘယ်ကို သွားရှာမှာလဲ ပြောပါဦး

Jin - တကယ်တော့ ငါလည်း....  မသိဘူး

Yg ရဲ့ မေးခွန်းမှာ Jin ဖြေစရာ အဖြေမရှိ တကယ်လည်းသူ့မှာ ဘယ်ရှာလို့ ရှာရမှန်းမသိ

Jin - ဒီလိုပဲ လျောက်ရှာကြည့်မလားလို့လေ ရှာရင်းနဲ့တော့ တွေ့မှာပါ

Yg - အဲ့လိုဆို Jin ပင်ပနိးမှာပေါ့ ပြီးတော့ မနေ့ကလည်း ရှာနေတာလေ ဒီနေ့တော့ နားပါလား တစ်ရက်ခြားဖြစ်ဖြစ်......

Jin - Yg ငါ မရှာဖြစ်တဲ့နေ့မှာ သူက ရှိနေရင် ဘယ်လိုလုပ်မလဲ

Yg - တကယ်လို​့ မင်းရှာတဲ့ အချိနိ သူရောက်မလာရင်ရော တော်ကွာ လာ မနက်စာစားမယ်

Yg စိတ်ပူလို့ ပြောတဲ့ စကားတွေဟာ ဒေါသစွက်ကုန်တာကြောင့် jin ခေါင်းလေးငုံ့ကျသွားကာ

Jin - တော်ပြီ......  ငါ မစားတော့ဘူး သွားလိုက်ဦးမယ်...

Yg - jin ...jin ....ဘယ်လဲလို့ ဟာ Jin စောင့်လေ

Yg လှမ်းခေါ်နေပေမယ့် YG စကားကို မကြားသလို ကားသော့ဆွဲပြီး ထွက်သွားတဲ့ Jin
Yg အနောက်က ပြေးလိုက့ပေမယ့် မမှီတော့ ကားလေးကို သာ အရှိန်နဲ့ မောင်းထွက်သွားလေရဲ့
Yg ဆက်လိုက်ချင်ပေမယ့်လည်း ဒီနေ့က အရေးကြီး အစည်းအဝေးက ရှိနေသေးတယ် အစည်းအဝေးပြီးမှပဲ Jin ကို ချော့ပြီး လိုက်ရှာရဦးမယ်

Jin. Yg နဲ့ အတိုက်အခံလုပ်ပြီး ဆက်မပြောချင်တော့ ဒီအတိုင်းထွက်လာခဲ့တာ YG က စေတနာနဲ့ ပြောနေမှန်းသိပေမယ့်လည်း အခုအချိန်က အချစ်ဇောလေ ကိုယ့ခံစားရတာ ကိုယ်တိုင်သာ အသိဆုံးမို့ ရှင်းလည်း မပြချင်တော့
ကိုယ်လည်း ဒေါသထွက်တတ်တာမို့ ကားကို ယူပြီး ထွက်လာပေမယ့်ဘအခုကျတော့ ဘယ်ရှာရမှန်းမသိ မနက်စာလည်း မစားရသေးတာကြောင့်
Subway ကနေ takeaway သာ ယူလာပြီး ကားပေါ်မှာသာ စားခဲ့ရသည်
ခြေဦးတည့်ရာ ရှာနေပေမယ့် တူတာဆိုလို့တောင်မတွေ့ နောက်ဆုံးတော့လည်း စတွေ့ခဲ့တဲ့ဘဟန်မြစ်ဘေးပဲ ကားသွားထိုးထားလိုက်ရပြနိပြီ

*koo မင်းအပုန်းကောင်းတယ်နော် ငါလက်လျော့မှာမဟုတ်လို​့ စောင့်နေပေး Koo*

အချိန်တော်တော့ကြာ ထိုင်နေခဲ့ပြီးမှ တစ်ခုခုကို စဥ်းစားမိဟန် ဖြစ်သွားသော Jin
မြစ်ဘေးနားထိုင်နေရာကနေ ကဗျာကရာ ထကာ ကားရှိရာသို့ ပြေးသွားလေသည်

* ဟုတ်တယ် အဲ့နေရာ အဲ့နေရာကို မရှာရသေးဘူး ငါသတိရသင့်တာကိုကွာ*

ကိုယ့်ကိုယ်ကို ကျိတ်မနိုင်ခဲမရ ပုံစံနဲ့ ရေရွတ်ရင်း ကားလေးကို သူသွားမည့် နေရာသို့ ဦးတည်လိုက်သည်

တကယ်တော့ Jin သတိရသွားတဲ့ နေရာလေးက jin ရဲ့ first kiss လေးကို ဖြစ်စေခဲ့တဲ့ Jk ရဲ့ ပန်းချီအိမ်လေး အဲ့အိမ်လေးက Jk ပြောပြထားပုံအရ Tae တောင် မသိတဲ့ အိမ်လေး Jk အပြင် Jin တစ်ယောက်ထဲသာ သိတဲ့ အိမ်လေး
အဲ့တာကြောင့် ဘယ်သူမှ သွားမရှာရသေးတဲ့နေရာ Jin အတွက် The Last Hope လို့တောင် ခေါ်လို့ရတဲ့ နေရာလေး

*ရှိနေပေးပါ အဲ့နေရာလေးမှာ *

လမ်းမပေါ်ကညကားလေးဟာ မြို့အစွန်က ထိုအိမ်လေးဆီသို​့ အပြေးအလွှားမောင်းနှင်လျက်
ထိုစဥ်
တီ တီ တီ
Jin - Hello yg

Yg - jin ဘယ်မှာလဲ ငါလိုက်ခဲ့မယ်

Jin - ဟင့်အင်း နေပါစေ ငါအခု မြို့အပြင် ခဏသွားနေတာ်

Yg - မြို့အပြင်ဘာသွားလုပ်တာလဲ ဘယ်နေရာလဲ ပြော

Jin - koo ရှိမယ့်နေရာ သွားကြည့်မလို့ ငါ့ဘာသာပဲ သွားလိုက်မယ် ကားမောင်းနေလို့ ဒါပဲနော်

Yg - jin.... jin ....

ဒီနေ့အတွက် ကတော့ Yg စကား နားမထောင်တဲ့ Jin လေး ဖြစ်နေတာပေါ့

တကယ်တော့ အဲ့နေရာလေးက သူတို့နှစ်ယောက် ပဲ သိတာကြောင့် YG ကို မပြောပြလိုက်တာ
Yg သိသွားတာကို Koo မကြိုက်ရင် ဘယ်လို လုပ်မလဲဆိုပြီး မပြောပြလိုက်တာ

အရင်တခါ Koo ကားရပ်တဲ့ နေရာလေးမှာပဲ ကျနော် ကားရပ်လိုက့တယ်

Koo နဲ့ အတူ လျောက်တဲ့ လမ်းလေးကိုပဲ အခု လျောက်နေတယ်
လမ်းလေးကတော့ အရင်အတိုင်း အပင်လေးတွေနဲ့ လှနေတုန်း ရွက်ကြွေလေးတွေကတော့ မြေမှာ ခတဲ့ သူက ခနေတာပဲ
ညနေစောင်းဖြစ်နေတာကြောင့် ဝင်တော့မယ့်နေက အစွမ်းကုန် ရောင်ခြည်ဖြာကျနေတယ်
မပြောင်းလဲတဲ့ လမ်းလေးကလှနေပေမယ့် Koo မပါပဲ တစ်ယောက်ထဲ လျောက်ရတော့ ခံစားချက်ကတော့ ဘယ်တူပါ့မလဲ

Koo ရဲ့ အိမ်ရှေ့လေးမှာ မတ်တပ်ရပ်မိနေတုန်းပဲ ဝင်ဖို့ ခြေလှမ်းတွေက မရဲတရဲ Koo သာ ရှိမနေခဲ့ရင်ဆိုတာမျိုးပေါ့
တံခါးက ပိတ်ထားတယ်ဆိုပေမယ့် koo အထဲမှာ ရှိနိုင်တာမို့ Koo ပြောပြထားတဲ့ Password လေးကို နှိပ်ပြီး အိမ်ထဲသို့

အိမ်တံခါးဖွင့်တာနဲ့ အရင်ကအတိုင်း ရတဲ့ ပန်းချီဆေးအနံ့တွေက ကြိုဆိုနေဆဲ

Jin - koo...

Jin - koo.....

မှောင်နေတဲ့ အခနိးကြီးကို မျက်နှာမူရင်း Koo ကို အော်ခေါ်နေမိတယ်
ပြန်ထူးမယ့်သူမရှိတဲ့ အခနိးကြီးကြောင့် မျော်လင့်ပြီးလာသမျှ jin မျော်လင့်ချက်တို့က ရိုက်ချိုးခံရသလို
လူမရှိတဲ့ အခန်းထဲ မီးလည်း မဖွင့်ချင်တော့ ဆက်လည်း မဝင်ချင်တော​့ ထို အခန်းအလယ်မှာတင် ထိုင်ကာငိုကြွေးနေမိတော့သည်

❤K

Continue Reading

You'll Also Like

170K 17.7K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
89.1K 9.2K 18
ငါတို့က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ငါတို့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပေမယ့် သူငယ်ချင်းသံယောဇဉ်ထက် မပိုခဲ့ကြဘူးနော် Yoai Love Romance ⚠️ M-Preg...
588K 9K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
944K 21.6K 49
In wich a one night stand turns out to be a lot more than that.