တေစၦသတို႔သား(တစေၦသတို့သား)

By Yumeko_Chittlay

8K 682 24

အခ်ိန္ေတြသာ ေနာက္ျပန္ရစ္လို႔ရရင္ ကာဂိုရွီမားကို သူ ဘယ္ေတာ့မွ ေျပာင္းခဲ့မွာမဟုတ္ဘူး!!!!ေၾကကြဲဆို႔နင့္ဖြယ္ပံုျပ... More

Episode(1)[Z+U]
Episode(2)[Z+U]
Episode(3)[Z+U]
Episode(4)[Z+U]
Episode(5)[Z+U]
Episode(6)[Z+U]
Episode 7[Z+U]
Episode 8[Z+U]
Episode 9[Z+U]
Episode 11[Z+U]
Episode 12[Z+U]
Episode 13 [Z+U]
Episode 14[Z+U]
Episode 15[Z+U]
Episode 16[Z+U]
Episode 17 [Z+U]

Episode 10[Z+U]

305 38 1
By Yumeko_Chittlay

တေစၦ သတို႔သား အပိုင္း (10 )

တိတိက်က်ေျပာရလ်ွင္ က်ေနာ္လို
စိတ္သြားတိုင္း ကိုယ္မပါႏိုင္ ေသာသူ အတြက္ စိတ္တူကိုယ္တူသူငယ္ခ်င္းဆိုတာ မ႐ွိသေလာက္နည္းပါး လြန္းသည္

သူငယ္ခ်င္းမ်ားဆံုၿပီးခ်ိန္းသည့္အခါတိုင္း မသြားႏိုင္သည့္အခါ အေပၚယံ ေၾကာေတြ မ်ားလာၿပီးစိတ္ထဲ အလိုလို ခ်ဥ္ကုန္ ၾကသည္

သို႔ေသာ္ ဖခင္တာဝန္က်ရာ ကာဂို႐ွီမား နယ္ၿမိဳ႕ေလးကို ေရာက္လာသည့္ အခါတြင္

ေႏြးေထြးေသာ လက္အစံုႏွင့္ ကမ္းလွမ္းကာ Ryo က လိုလို လားလား ႀကိဳဆို ခဲ့ၿပီး သူငယ္ခ်င္းအျဖစ္ အသိအမွတ္ ျပဳခဲ့ သည္

က်ိက်ိတက္ ခ်မ္းသာေသာ သူေဌးျကီးရဲ့ တဦးတည္းေသာ သူေဌးသား အပူအပင္ ဆိုတာျမဴတမႈန္ မ႐ွိႏိုင္ေသာ လိုတရ မင္းသားေလးက...

လြန္ခဲ့ေသာအခ်ိန္ေလာက္က မည္မ်ွထိ စိတ္ထိခိုက္ ခံစားခဲ့ရ၍ နာနာက်င္က်င္ ေအာ္ဟစ္ခဲ့ပါသလဲ

ေႏြးေထြးေဖာ္ေရြေသာ အျပံဳးမ်ား ေပ်ာက္ကြယ္ကာ လူစိတ္ ေပ်ာက္ေနခဲ့ သလဲ

တကယ္ဘဲ Ryo မင္းရဲ႕ အစစ္အမွန္ Ryo က ဘယ္သူမ်ားေလ လဲ

"ေအာ္...သားေလး Ryo ေကာဘဲ Kakeru နဲ႔ အတူ ႐ွိေနတာလား"

ေလွကားကေန က်ေနာ့ေနာက္မွ​ ​ေရွ့ဆင့္ေနာက္ဆင့္ ဆင္းလာေသာ Ryo အား အေမက အံ႔ျသတႀကီး ၾကည့္ရင္း ေမးလိုက္သည္

"ဟုတ္တယ္အေမရယ္ စကေတာ့ ျခံဝထိ လိုက္ပို႔ဖို႔ပါဘဲ အိမ္မွာ ဘယ္သူမွ မ႐ွိတာနဲ႔ အေဖာ္ေစာင့္ ေပးလိုက္တာ"

သူ ငါ့နာမယ္ မေခၚရဲဘူး မရဲတရဲ ၾကည့္လာေသာ အၾကည့္တခ်က္ကို အာရံုလႊဲသည့္ အေနျဖင့္ ေမေမေနာက္တြင္ အူတူတူေလး ရပ္ေနေသာ ညမေလးကို လွမ္းေခၚလိုက္သည္

"ကိုကို႔ ညမေလး ကိုကို႔ဆီ လာပါအံုး ဗ်ာ "

က်စ္ဆံၿမီးက်စ္ထားသည့္ ဖဲျပားေလးမ်ားတလႈပ္လႈပ္ျဖင့္ က်ေနာ့္ဆီ အေျပးကေလး လာေနသည့္ Shinon....

က်ေနာ္ေ႐ွ႕တြင္ ၾကက္ေသ ေသေနသည့္ ဟိုလူေ႐ွ႕တြင္ ေျခလွမ္းမ်ား ရပ္တန္႔လိုက္ေတာ့ ရင္ထဲ နင္တင္တင္ ျဖစ္သြားရသည္

"ဦးဦးက ကိုကိုႀကီးရဲ႕ သူငယ္ခ်င္းလား ဦးဦးက အရမ္းေခ်ာတာ ဘဲ"

Ryoက Shinon နဲ႔တန္းတူျဖစ္သြားေအာင္ ဆတ္ခနဲ ဒူးၫြတ္လိုက္ ၿပီး

"ငါ့ညီမေလးကလဲ ညီမေလးရဲ႕ကိုကို Kakeru လိုဘဲ အရမ္း ခ်စ္ဖို႔ေကာင္းေနတာ "

ကိုကို!!! ခ်စ္ဖို့ေကာင္းသည့္ ညီမေလးက ကိုကိုလို႔ေခၚလိုက္တိုင္း ကိုယ့္မွာ နားဝင္ခ်ိဳေနကာ ၾကည္ႏူး လို႔မဆံုး

ညီမေလးတေယာက္ သာ ေခၚတတ္သည့္ နာမ္စားကို ဒီေကာင္အတုယူကာ ေန႔တိုင္းေခၚမည္ဆိုရင္ အသက္တိုမွာ က်ိန္းေသဘဲ

ၿငိမ္ေနေသာက်ေနာ့ကို ညီမေလးက အကဲခတ္သလို အၾကည့္ လက္ျပဳတ္ထြက္မတတ္ ​လက္ယပ္​ေခၚကာ က်ေနာ့္ဆီ လာခဲ့ရန္ မ်က္ရိပ္မ်က္ေျခ ျပေသာ္လည္း

အလိမၼာတံုးေလးက ဟြန္႔ခနဲ မသိခ်င္ဟန္ေဆာင္ကာ Ryo နားဘဲကပ္ေနၿပီး က်ေနာ့္ကိုလဲ လံုးလံုးဂ႐ုမစိုက္ေတာ့ စိတ္ဓာတ္ က်ခ်င္သည္

က်ေနာ္လဲ ခ်စ္ဖို႔ေကာင္းတယ္ေလဗ်ာ

"ေဟာ အငယ္ေလးက သားကိုေတာ္ေတာ္ သေဘာက်ေနပံုရတယ္ေနာ္ သား နားကကိုမခြာ ဘူး"

အေမက က်ေနာ္တို႔အျဖစ္ကို ၾကည့္ရင္းျပံဳးေယာင္သမ္းကာ စေနာက္ေနျပန္ သည္

"ညီမေလးက လိမၼာလိုက္တာေနာ္ ဦးဦးက အသဲ​ေလးကိုခ်စ္လို႔ မုန္႔ေပး မယ္ေနာ္ မျငင္းရဘူးေနာ္အေသးေလး "

"ဦးဦးက ညီမေလးကို လက္ေဆာင္ေပးမွာလား ဘာေလး ေပးမွာလဲ ဟင္ "

စိတ္လႈပ္႐ွားလြန္းကာ တက္ႂကြေနသည့္ Shinon ေလးရဲ႕ အေပ်ာ္မ်က္ႏွာ ကို ညိဳးသြားမည္ ကို စိုးရိမ္ေသာ ေၾကာင့္

Ryo က သူ႔ေဘာင္းဘီအိတ္ထဲ တခုခုကိုထုတ္ၿပီး Shinon ကိုေပးလိုက္တာ က်ေနာ္ မတားလိုက္ႏိုင္

"LiLi နင့္လက္ထဲကဟာကို ကိုႀကီးကို အခု ေပးလိုက္ "

"ဟင့္အင္း ဟင့္အင္း ဦးဦးဆီက လက္ေဆာင္ ရထားတာ မေပးဘူး ကိုကို လိုခ်င္ရင္ ဦးဦးဆီ သြားေတာင္းေနာ္ "

"ကြၽတ္ ဒီေကာင္မေလးကေတာ့ ေပးဆို ေပးလိုက္ပါ လား "

Shinon ကလဲ ျခစ္ကုပ္ကာ သူ႔လက္ခေလးကို စကပ္ ေနာက္ဖက္ ဖြက္ထား သည္ Shinon က်ေနာ့ကို မေပးခ်င္တာလဲ သဘာဝက်ပါသည္

ခေလးဆိုေတာ့ ဘာေလးေပးေပး ေပ်ာ္ေနတတ္တာေလ

Ryo ကခုခ်ိန္မွာ သူ႔စိတ္က အျဖဴလား အမည္းလား ခန္႔မွန္း၍ မရ သူ႔အလိုကို မလိုက္ခဲ့တဲ့အတြက္အၿငိဳးထား ခ်င္ ထားလိမ့္ မယ္

ညီမေလးကိုမ်ား အၿငိဳးထားၿပီး အဆိပ္ေတြဘာေတြ ခတ္ထားႏိုင္တယ္ အံႀကိတ္ရင္းျဖင့္ Lili လက္ထဲက စိုးရိမ္ တႀကီး ဆြဲယူလိုက္မိသည္...

"အင္း ဟင့္ဟင့္ ေမေမ..."

႐ိႈက္ႀကီးတငင္ျဖင့္ အေမ့ရင္ခြင္ထဲ ဝမ္းနည္းတသ တိုးဝင္သြားသည့္ ခေလးမေလး

အကို ညီမေလးကိုစိတ္ပူလို္႔ပါကြယ္ ညီမေလးရဲ႕ ဝမ္းပန္းတနဲငိုေႂကြး လိုက္သံက က်ေနာ့ရင္ဘတ္ကို ဖ်စ္ညစ္ လိုက္သလိုဘဲ

နားလည္ရခက္သည့္မ်က္ဝန္းေတြျဖင့္ Ryo က က်ေနာ့္ကို ၾကည့္ေနေပမဲ့ ဘာတခြန္းမွ ေစာဒက မတတ္

ညီမေလးေရ မင္းသိတဲ့ Ryo ဆိုတာ လူေ႐ွ႕သူေ႐ွ႕မွာေတာ့ မခုတ္တဲ့ေၾကာင္ ကေလးလို မလႈပ္မ႐ွက္ ခပ္ေအးေအး လူတေယာက္လို႔ သာ ထင္ရမယ္

တကယ္ေတာ့ လူတေယာက္ အသက္ကို ပုရြက္ဆိတ္လို နင္းေျခတတ္တဲ့ ေသြးေအးလြန္း သည့္ လူစာ းမ်ိဳး


"ေရာ့မင္းဟာမင္းျပန္ ယူ ငါ့ညီမကိုမင္းေပးစရာမလိုဘူး ငါ ေႂကြးထားႏိုင္တယ္"

အံတင္းတင္းႀကိတ္ကာ ေဒါသတႀကီး Ryo ရဲ႕ နက္ခ္တိုင္ကိုေဆာင့္ဆြဲကာျဖင့္ မ်က္ႏွာခ်င္း နီးကပ္ေစသည္

"မင္းမ်က္ႏွာကိုငါမျမင္ခ်င္ဘူး မင္းနဲ႔ထပ္ၿပီးပတ္သက္စရာအေၾကာင္းမ႐ွိေတာ့ဘူး Ryo"

"အင့္..ကိုကိုရီးက သမီးကိုေအာ္တယ္ ေမေမ ဟင့္.."

"မငိုနဲ႔ေတာ့ သမီးေလး ရယ္ တိတ္ပါကြယ္ သမီး အကိုက အေၾကာင္း႐ွိလို႔ေနမွာပါ "

"ရႊတ္"

တေယာက္နဲ႔တေယာက္ မ်က္ႏွာခ်င္းဆိုင္မိသည္ ႏွင့္ အေမတို႔မသိေအာင္ က်ေနာ့္ပါးကို Ryoက ခိုးနမ္း ေတာ့သည္

စက္စုပ္ရြံ႐ွာေနေသာ အၾကည့္မ်ားသည္ ပါးျပင္ေပၚ ႏူးညံ႕စြာ ခိုးနမ္း လိုက္သည့္ အနမ္းတပြင့္ေၾကာင့္ ရႇက္ေသြး ျဖန္းသြား ေတာ့သည္

ပူထူသြားေသာ ပါးျပင္ကို ကို႔ဖာသာကိုဘဲ ေယာင္ယမ္းကာ ကိုင္မိသည္

Ryo က​ေတာ႕ သူလုပ္ခ််င္တာ လုပ္လိုက္ရ၍ ေက်နပ္ေနဟန္ျဖင့္ ျပံဳးစစျဖင့္ စီးမိုး ၾကည့္ေနသည့္ အၾကည့္ေတြကို လံုးလံုး သည္းမခံႏိုင္

"Fuck You ဘဲ "

"အားႀကီးနဲ႔ကြာ ကိုယ့္ကို Fuck ခ်င္တာမ်ား သဲေလးစိတ္ႀကိဳက္ တက္လုပ္ "

"ေတာက္ ေခြးမသား မင္းကိုသိပ္ေက်နပ္တယ္လို႔ ထင္ေနတာလား ငါ့ရဲ႕ခံစားခ်က္ကို မင္းအေလးမထားဘူး ငါ့အေပၚကို လုပ္လို႔ရတယ္ဆိုတိုင္း ေပါ့ပ်က္ပ်က္လုပ္ေနတဲ့ မင္းကို အရမ္းမုန္းတယ္ ရြံ လည္း ရြံတယ္"

စိတ္ဆိုးဆိုးနဲ႔ အလ်င္စလိုဆဲ မိၿပီးမွ ပီတိျဖာေဝေနသည့္ ၿဖီးေနသည့္ မ်က္ႏွာႀကီးေၾကာင့္ ပိုၿပီး ေဒါသထြက္လာမိကာ စိတ္မထိန္းနိုင္ ေတာ့

ျပံဳးေယာင္သမ္းေနသည့္ ႏႈတ္ခမ္းရဲရဲ က တင္းတင္းေစ့ပိတ္သြားၿပီ
မ်က္ႏွာငယ္ေလးျဖင့္ ၾကည့္လာသည့္ အၾကည့္မ်ားက ဝမ္းနည္းေနသေယာင္..ေယာင္.

"သားရယ္ ဘယ္လိုလုပ္လိုက္တာလဲကြယ္ ကို္ယ့္သူငယ္ခ်င္းကေစတနာနဲ႔ေပးတာ မိုက္မိုက္႐ိုင္း႐ိုင္း ဆက္ဆံရလား သားရယ္ အန္တီၾကားထဲက ေတာင္းပန္ပါတယ္ သားသူငယ္ခ်င္းက အာ့လိုဘဲ လူ​ေတြနဲ႔ ဘယ္လိုဆက္ဆံရမွန္း သူ တကယ္မသိဘူး"

"အေမ သူ႔ကိုေတာင္းပန္စရာမလိုဘူး ဒီလိုေကာင္မ်ိဳးက အေမ ေတာင္းပန္တာနဲ႔ မတန္ဘူး"

ေက်ာခိုင္းလိုက္ေတာ့ မသိမသာဆြဲကိုင္လိုက္သည့္ Ryoရဲ႕ လက္ေခ်ာင္းမ်ားအား..

ေဒါသတႀကီး ေဆာင့္ကာ ျဖဳတ္ခဲ့မိသည္...

"ဟဲ့ သား မင္းဘယ္လိုေျပာလိုက္တာလဲ မင္းသူငယ္ခ်င္းကို ခုခ်က္ခ်င္းေတာင္းပန္လိုက္စမ္း ကိုယ့္အေပၚဒီေလာက္ေကာင္းတဲ့လူကို
ေျပာစရာ လိုလား "

ဟက္ မုဒိမ္းေကာင္က က်ေနာ့္အေပၚေကာင္းတယ္ ေစာနေလးတင္အ႐ူးေကာင္ေၾကာင့္ ေသေတာ့မဲ့ဆဲဆဲ အေမ့သားကို ဘာလို႔အျပစ္မ႐ွိ အျပစ္႐ွာေျပာေနရတာလဲ

ဝဲတက္လာသည့္ မ်က္ရည္စေတြကို မ်က္ေတာင္ျဖင့္ ခပ္ျမန္ျမန္ပုတ္ခတ္ လိုက္ရင္း ဒီညေတာ့ အိပ္ေရးပ်က္ရ အုန္းမည္

"ရပါတယ္ အန္တီရယ္ က်ေနာ္တို႔က ဒီလိုဘဲ စေနာက္ျပီး ေျပာေနၾက Kakeruေလးကို စိတ္မဆိုးပါနဲ႔ ေနာ္အန္တီ သူ ဘာအမွားမွ မလုပ္ထားပါဘူး"

"မဟုတ္ပါဘူးကြယ္ သားကိုအန္တီးအားနာလို္႔ပါ သားစိတ္ထဲမထားဖူးဆိုလဲ ၿပီးတာဘဲကြယ္"

"က်ေနာ္ ျပန္ေတာ့မယ္ေနာ္ ေမွာင္ေနၿပီဆိုေတာ့ေလ ညီမေလးကိုႀကီးျပန္ေတာ့မယ္ေနာ္ အို အသဲေလးက ငိုေနတာလားကြယ္ မငိုနဲ႔ေတာ့ေနာ္ ကိုႀကီးေနာက္တေခါက္လာမွ ညီမေလးႀကိဳက္တဲ့အ႐ုပ္ေတြအမ်ားႀကီးဝယ္ေပးမယ္ေနာ္"

Shion ကိုမ်က္ရည္သုတ္ေပးကာျပံဳးရႊင္ရီေမာေနျပန္သည့္ Ryo က ေစာနကစိတ္ေဖာက္ျပန္ေနသည့္သားရဲေကာင္က သူမဟုတ္ေတာ့သလိုဘဲ...

ေၾကာက္ ဖို႔ ေကာင္း တယ္ မင္းရဲ႕ စိတ္ ႏွစ္ခြျဖစ္ေနသည့္ တဖက္စြန္းေရာက္လြန္းသည့္ စိတ္ကို ငါတကယ္ေၾကာက္တယ္ Ryo

"ညမေလး ကိုကို ကိုလဲစိတ္မဆိုးရဘူးေနာ္"

"ဟုတ္ ကိုႀကီး"

႐ိႈက္သံတဝက္နဲ႔ ညမေလးရဲ႕ႏွာေခါင္းထိပ္ေလးသည္ ငိုထားလြန္း၍ နီျမန္းလို႔ ေနေတာ့ စိတ္ထဲလံုးလံုး မေကာင္း

Shinonကိုႏႈတ္ဆက္ေနတဲ့သူ က်ေနာ့ဖက္ကို မရဲတရဲ ၾကည့္လာသည့္အၾကည့္က ေဆြးေျမ႔လို႔ေနသည္

က်ေနာ္မသိဟန္ေဆာင္ေနေတာ့ ေခါင္းငိုက္စိုက္က်ကာ အိမ္ေပါက္ဝဆီ တလွမ္းခ်င္းေလ်ွာက္ေနသည့္ သူ႔ေက်ာျပင္ကို ၾကည့္ရင္း ေဝခြဲမရ ျဖစ္ေနမိ သည္..

"ဟဲ့ ဘာရပ္ၾကည့္ေနတာလဲ Ryo ေလးကို လမ္းထိပ္ထိ လိုက္ပို႔လိုက္ေလ တခါထဲေသခ်ာေတာင္းပန္လိုက္အံုး"

"အေမ က်ေနာ္မပို႔ခ်င္ဘူး လို႔"

"နင့္ကို ဘာမွမ​ေျပာဘဲ ၾကည့္​ေနတာ အေကာင္းမွတ္ေနလား လူေ႐ွ႕သူေ႐ွ႕မွာ မေကာင္းတတ္လို႔ ငါပါးစပ္ပိတ္ထားတာ ေနာ္"

"ၿပီးေရာ ဗ်ာ အေမတို႔ကလဲ မလုပ္ခ်င္ပါဖူးဆိုေနမွ အရမ္းခ်ဳပ္ခ်ယ္တာ ဘဲ"

အိမ္မပိုင္တဲ့သူတို႔ ထံုစံအတိုင္း အိမ္ၿပိဳမတတ္ေဆာင့္ေပးလိုက္ေတာ့ အေမရဲ႕သက္ျပင္း႐ိႈက္သံက ခပ္သဲ့သဲ့



"မင္းကားေ႐ွ႕ထိငါလိုက္ပို႔ၿပီး ၿပီေနာ္ ကိုယ့္ဖာသာ ေမာင္းၿပီး အိမ္္ျပန္တတ္တယ္မလား မင္းသိထားဖို႔က ငါတို႔ ဒီေန႔ ဒီမွာတင္ ျပတ္ၿပီ ဆိုတာဘဲ "

"Kakeru"

က်ေနာ့္နာမည္ကို ေခၚလိုက္သည့္သူ႔ေလသံက တိုးတိုးေလး

ေနာက္ဖက္ကေန ေပြ႔ဖက္လာသည့္ သူ႔ရဲ႕ အထိအေတြ႔ေတြက ႏူးႏူးညံ႔ညံ႔

"ကိုယ့္ ဖက္ကအရမ္းလြန္မွန္းသိေပမဲ့လဲေလ တကိုယ္ေကာင္းဆန္ၿပီး ကိုယ္ေတာင္းဆိုပါရေစ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈကို ေနာက္ဆံုး ဆိုၿပီးေခါင္းစဥ္တပ္ၿပီး မေျပာနဲ႔ကြာ ကိုယ့္ရင္ထဲက ခံစားရလြန္းလို႔ "

တုန္ရီအက္ကြဲ​ေနသည့္အသံတိုးတိုး​ေလးက ရင္ခြင္ေႏြးေႏြးမွာ ခဏတာ​ေပ်ာ္ဝင္ေစခဲ့ေတာ့သည္ ေပ်ာ့ညံ႔လြန္းတဲ့ကို႔ကိုယ္ကိုဘဲ က်ိန္ဆဲလိုက္ၿပီး

သူ႔ကိုမ်က္ႏွာခ်င္းဆိုင္မိသည့္အခါ မ်က္ရည္စေတြ ျပည့္ေနတဲ့ မ်က္ဝန္းညိဳညိဳေတြက ရင္တခုလံုး ဆြဲလႈပ္လိုက္သလိုပင္

"ဟာ မသိခ်င္ဘူး ခင္ဗ်ားရဲ႕ မဟုတ္မဟတ္ စကားေတြကို နားေထာင္ဖို႔ အခ်ိန္လဲ မ႐ွိဘူး ခင္ဗ်ား လို မုဒိမ္းေကာင္က က်ေနာ္နဲ႔ပတ္သက္ဖို႔ ဘာအေၾကာင္းမွ မ႐ွိဘူး"

"ခင္ဗ်ား တဲ့လားကြာ ဒီလူကို မင္းစိမ္းစိမ္းကားကား ေျပာတတ္ေနၿပီလားဟင္ "

"ေျပာတယ္ ဘာျဖစ္လဲ ခင္မ်ားအသံကိုက်ေနာ္မၾကားခ်င္ေတာ့ဖူး ခမ်ား ေစာက္ခြက္လ ဲမၾကည့္ခ်င္ေတာ့ဘူး ခင္ဗ်ား က်ေနာ္ေကာင္းေကာင္းမြန္မြန္ေျပာေနတုန္း သြားလိုက္ပါေတာ့ဗ်ာ"

ဘယ္သူ႔ကိုစိတ္တိုရေကာင္းမွန္းလဲမသိႏိုင္ေတာ့ ေသခ်ာတာက ယုန္သူငယ္လိုမ်က္ဝန္းေတြျဖင့္
ႏုနယ္ေသာႏွလံုးသားကို ကြၽမ္းက်င္စြာ ႀကိဳးဆြဲ ျခင္းခံရေလၿပီ

ခင္ဗ်ားႀကီး တတ္ႏိုင္လြန္းတယ္

"ကိုယ္ ​ေတာင္းပန္ပါတယ္ ကိုယ္ေနာင္တေတြလဲရေနပါၿပီ မင္းမႀကိဳက္တာကိုလဲ ကိုယ္ထပ္မလုပ္ေတာ့ပါဘူး ကိုယ္ကတိေပးပါတယ္ ဒီလူကိုပစ္မသြားပါနဲ႔ေနာ္
ဒီလူက မင္းမ႐ွိရင္ မေနတတ္လြန္းလို႔ပါ "

ဟင့္အင္း လမ္းေဘးေပၚဒူးမေထာက္ပါနဲ႔ မင္းရဲ႕ အဖိုးတန္အဝတ္စားေတြေပက်ံကုန္ပါလိမ့္မယ္

မ်က္ရည္ဝဲၿပီး ဒရာမာ လာခင္းျပမေနပါနဲ႔ ခင္မင္မႈကို ခုတံုးလုပ္ၿပီးလဲရင္ထဲ မပါတာ​ေတြ မေျပာပါနဲ႔

က်ေနာ္ဟာ မင္းနဲ႔ပတ္သက္တဲ့ အရာတိုင္း အေလးအနက္ ထားတတ္လို႔

စိတ္ေျဖာင့္ေျဖာင့္နဲ႔ ဘဲ ကို႔လမ္းကို ေလ်ွာက္ခြင့္ ေပးပါ Ryo ရယ္

"ဒါဆို ဘာလို႔ ငါမႀကိဳက္တာမင္းအတင္းလုပ္ခဲ့လဲ ငါတို႔က သူငယ္ခ်င္းေတြပါ ဆိုတဲ့ မင္းေျပာေျပာေနတဲ့ အျဖဴေရာင္စည္းကို မင္းဖကက ္စည္းေက်ာ္ဖို႔ စလုပ္ခဲ့သလဲ ေျဖေလ ဟမ္ မင္းမေျဖႏိုင္ေတာ့ဘူးမလား အလကား ေစာက္႐ူး"

"ဟုတ္ပါတယ္ ငါကမင္းေျပာသလို
အေခ်ာင္ရရင္ရသလို လုပ္တတ္တဲ့ အ​ေခ်ာင္သမား ဒါမဲ့ မင္းကိုေတာ့ ငါတကယ္ ျမတ္ႏိုးမိတာပါ မင္းနဲ႔ပတ္သက္ၿပီး အရာရာတိုင္းကို တန္ဖိုးထားတယ္ တခုခုျဖစ္ရင္လဲ ငါ့ ဖက္က​ေန အျပည့္အဝ တာဝန္ယူ​ေပး မွာမို႔ ဒီတခါ​ေလးဘဲ ခြင့္လႊတ္ေပးပါကြာ "

"ဟင့္အင္း မလို​ေတာ့ဘူး မင္းလိုလူနဲ႔ ဘယ္သူက အေရာတဝင္ေနခ်င္မယ္လို့ထင္ေနလဲ ထြက္သြားလိုက္ပါေတာ့ ငါနဲ႔အေဝးဆံုး မွာ မင္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနပါေတာ့ "

ငါ့ဘဝထဲက ထြက္သြားပါေတာ့ Ryo မင္းကိုေပးႏိုင္တဲ့ ငါ့ရဲ႕အေျဖဟာ အျဖဴထည္သက္သက္ဘဲ ႐ွိတာမို႔

မင္း ဆိုတာ ငါန ဲ႔ပတ္သက္ရင္ စေတြ႕ကထဲက အ႐ူးအမူးျဖစ္တာလဲငါသိပါတယ္ တဖက္သတ္ျဖစ္ေနတဲ့မင္းကို ထပ္ၿပီး ေမ်ွာ္လင့္ခ်က္ေတြ​ေပးသလို အျဖစ္ မခံႏိုင္ေတာ့ ဘူး

အာ့အတြက္ငါ့ကို အမုန္းညႇိဳးဖြဲ႔ကာရက္စက္တဲ့လူ သတ္မွတ္လို႔ရပါတယ္ Ryo

"Sayonara "

ႏႈတ္ဆက္ခဲ့ပါတယ္ Ryo

"Kakeru!!!!

အားကိုးတႀကီးေခၚလိုက္တဲ့ Ryoရဲ႕အသံဟာ မထားခဲ့ ပါနဲ႔ရယ္ လို႔ အႀကိမ္ႀကိမ္ေတာင္းပန္ေနသေယာင္

ထိုအခါ က်ေနာ္သည္ အ႐ူးတေယာက္ႏွယ္ ေပတရာလမ္းေပၚကဒူးေထာက္ထိုင္​ေနျမဲ လူေ႐ွ႕က ေျပးထြက္ခဲ့မိပါသည္



နွုတ္ဆက္ခဲ့ပါတယ္တဲ့ ကိုယ္ခုထိ လက္မခံႏိုင္ ဘူးေနာ္ ဒီလိုလြယ္လြယ္နဲ႔ႏႈတ္ဆက္ရေအာင္ က်ေနာ္တို႔ သံေယာဇဥ္က မခိုင္ျမဲတာ မွတ္လို႔

ဟင့္အင္းမေျပးရဘူး ကိုယ့္ရင္ကို ေျခစံုကန္ၿပီးမင္းေလး ဘယ္ကိုမွထြက္မေျပးရဘူး ဒီလူက သိပ္အတၱႀကီးတာမို႔ မင္းေလးကို ကိုယ့္ဆီမွာဘ ဲခ်ည္​ေႏွာင္ ထား ပါရေစ

ကိုယိေလ မင္းကို သိပ္ျမတ္ႏိုးခဲ့မိလို႔ ေျခေထာက္လွလွေလး ပိုင္းျဖတ္မိရင္ေတာင္ မင္းေလးကို ကိုယ္ ခ်စ္လြန္းလို့သာ မွတ္ယူလိုက္ပါ ေနာ္

"ဒီေန႔ ေတာ္ေတာ္ေအးတာဘဲေနာ္ ဟယ္ ဟဲ့ ဟိုမွာ ဆံပင္အဝါေလးနဲ႔ေကာင္ေလးက ဆင္လိုက္တာ"

"ဆင္တယ္ လုပ္မ​ေနနဲ႔ ငါတို႔ကို စိုက္ၾကည့္ေနတာလက္ထဲမွာ ပုဆိန္တလက္နဲ႔ ေၾကာက္စရာႀကီး
ငါတို႔ကို တခုခု လုပ္ေတာ့မယ ္တူတယ္"

"တီ......တီ....."

"Hello ရဲဌာန ကလား႐ွင္ က်မတို႔ကို stalker တ​ေယာက္ ဓားကိုင္ၿပီး စိုက္ၾကည့္ေနလို႔....

ဟုတ္ကဲ့မလာနဲ႔ေတာ့႐ွင့္ သူ႔ဖာသာ ေ႐ွာင္ထြက္ သြားပါတယ္"

ျမဴ​ေတြ ႏွင္း​​ေတြ ​ေဖြး​ေဖြးလႈပ္​ေနသည့္ ကားလမ္းမႀကီး တြင္ ဟြန္းသံ တဝီဝီျဖင့္ ယိမ္းထိုး လႈပ္ခါ ေနသည့္ အနက္ေျဗာင္ ကားတစီးကို အမဲ​ေရာင္ အစက္အေျပာက္အျဖစ္ ျမင္ႏိုင္ေသးသည္

မင္းေလး သိပ္ကံေကာင္းလြန္း ခဲ့တယ္ ငိုေႂကြးေနခဲ့ တဲ့ မင္းေလး ကို ကိုယ့္လို ဆိုက္ပါ့သ္က ရက္ရက္စက္စက္ မလုပ္ရက္ႏိုင္ ခဲ့ဘူးေလ

ကိုယ္ရဲ႕စိတ္​ေတြ ထိန္းမရ​ေအာင္ လႊတ္​ေနရင္​ေတာင္ ကိုယ္ မင္းကိုိ ထိခိုက္ေအာင္ မလုပ္ရက္ဘူး

ခ်စ္တတ္လာသည့္ လူတေယာက္ရဲ႕ ႏွလံုးသားက ႏူးညံ႔လြန္း တတ္သည္ လား

Message တေစာင္မွ ဝင္လာျခင္းမ႐ွိေသာ ဖုန္းscreen ကို အဓိပၸါယ္ မဲ့ေငးၾကည့္ရင္း အႀကိမ္ႀကိမ္ ေနာင္တရေနမိသည္

မင္းေလးကို တတ္ႏိုင္သမ်ွ မထိရက္မတို႔ရက္ အရိပ္တၾကည့္ၾကည့္
ျဖင့္ ျဖဴျဖဳစင္စင္ ခ်စ္ၾကည့္ဖို႔ ကိုယ္ႀကိဳးစားခဲ့ပါ ေသးတယ္

အခ်ိန္ၾကာလာသည္နဲ႔အမ်ွ ကိုယ္နဲ႔ရင္ဘတ္ခ်င္းမညီမ်ွတဲ့ မင္းရဲ႕အေၾကာင္းကို ရိပ္မိ ေလေလ ကိုယ္ဟာ တဖက္သတ္လူသားဆိုတာ သိလာခဲ့ရတယ္

ကိုယ္ဟာ တကယ္တမ္း သတၱိမ႐ွိခဲ့သူ ပါ မင္းေလးကို ဆံုး႐ွံူးရမာစိုးတဲ့ အတၱစိတ္ တခုတည္း ေၾကာင့္ မင္းရဲ႕ဘဝေလးကို ညစ္စြန္းေစခဲ့ မိၿပီ

မင္း ကိုယ့္ကိုနာနာက်ည္းက်ည္း ၾကည့္ေနတဲ့ အၾကည့္ေတြ ကိုယ့္ကို မုန္းတီးလွပါသည္ ဆိုတဲ့မင္းရဲ႕ ျပတ္သားလြန္းတဲ့ စကားလံုးေတြက ကိုယ့္ႏွလံုးသားကို ျမားအစင္းေပါင္းမ်ားစြာနဲ႔ ပစ္ခတ္ လိုက္သလို နင့္ နဲေနေအာင္ ခံစားရတယ္

မ်က္ဝန္းေလး ရက္စက္လိုက္တာကိုယ့္ခေလး ေလး ဒီလူသားရဲ႕ဘဝမွာ မင္းဆိုတဲ့ ျဖစ္တည္မႈေလးေပ်ာက္ကြယ္ခဲ့ရင္ အနာဂတ္​ေပ်ာက္​ေနသလို အထီးက်န္ ခံစား​ေနရတာ မင္းေလး သိရဲ႕သားနဲ႔

ကိုယ္ဟာ အ႐ိုးသားဆံုးဘဲ မင္းရဲ႕နေဘး မွာ ဘာအခြင့္အေရးမယူဘဲ ေနခ်င္ခဲ့မိတာပါ






တံုျပန္ျခင္းမ႐ွိသည့္ ဖုန္းscreenကို စိုက္ၾကည့္ရင္း မ်က္ရည္ပူေတြ စတီယာရင္ ေပၚတေတာက္ေတာက္က်လာ ခဲ့သည္

ဖုန္းကိုဘဲအာရံုျပဳေန၍ ျမဴ ခိုးေတြပိတ္ေနသည့္ လမ္းမႀကီးတေလ်ွာက္ အနက္ေရာင္ ဝမ္းဆက္ဝတ္ထားသည့္ လူတေယာက္ ဘြားခနဲေပၚလာသည္ကို သတိမထားမိလိုက္

"Shit"

"တီ.....တီ...တီ"

တဖက္လူ ၾကားေအာင္ဟြန္းသံအႀကိမ္ႀကိမ္ေပးေသာ္လည္း ထိုအနက္​ဝမ္းဆက္နဲ႔ လူက စူးစူရဲရဲစိုက္ၾကည့္ကာ တခ်က္မွ မလႈပ္

မ်က္ဝန္းေလး သာ မင္းသူငယ္ခ်င္းက ကားကိုမဆင္မျခင္​ေမာင္းရင္းလူသတ္လိုက္မွန္း သူသိ သြားခဲ့ရင္.......

"ကြၽီ..."

စိုးရိမ္တႀကီး ထိုလူကို ေ႐ွာင္ကြင္းရင္းျဖင့္ လမ္းေဘးဘက္ကို ကားကို ျပန္လွည့္​ေကြ႕လိုက္သည့္
အခ်ိန္

"ဝုန္း..."

အ႐ွိန္မထိန္းႏိုင္ဘဲ လမ္းနေဘးက ခ်ယ္ရီပင္ႀကီးဆီ အ႐ွိန္ျပင္းျပင္း ဝင္ေဆာင့္ကာ

ကားေလးသည္ ခ်က္ခ်င္းလိုလို ေၾကမြပ်က္စီးကာ အေငြ႔တလူလူျဖင့္ ထိုးရပ္သြားေလသည္

အခ်ိန္ကား ည 9:45

ခ်ယ္ရီပင္ႀကီးဆီဝင္ေဆာင့္သည့္ကားအ႐ွိန္ေၾကာင့္ ပင္စည္တခုလံုး လႈပ္ယမ္းကာ ခ်ယ္ရီပြင့္ဖတ္မ်ား တျဖဳတ္ျဖဳတ္ေႂကြက် လာသည္

ပန္းႏုေရာင္ခ်ယ္ရီပြင့္ဖတ္မ်ားသည္ အနီရဲရဲေသြးစီးမ်ားျဖင့္ ေသြးေရာင္ဖံုး လႊမ္းသြား ေလသည္

မင္းမ႐ွိေတာ့ တဲ့ ကိုယ့္ဘဝမွာ အသက္႐ွင္သန္ႏိုင္စြမ္း မ႐ွိႏိုင္ေတာ့ပါဘူး မ်က္ဝန္းေလး....




ဆက္ရန္...

လိုင္းေတြလဲ ျဖတ္မယ္ၾကားလို႔ ေရးလက္စႀကီးကိုႏွာေျမာလို႔ တင္သာတင္ရတာ စိတ္အေျခအေနက တစက္မွ မေကာင္းပါဘူး😐

စာဖတ္သူအားလံုးလဲ စိတ္က်န္းမာ ကိုယ္ခ်မ္းသာအထိအခိုက္မ႐ွိေစဖို႔ ဆုေတာင္း လိုက္ပါတယ္🙏🙏🙏

တတ္ႏိုင္သမ်ွ အိမ္မွာေနပါေနာ္ လမ္းတိုင္းမွာ ကိုယ့္လမ္းကလူေတြစုၿပီး ကင္းပုန္းေစာင့္ ေစခ်င္ပါတယ္

သိတယ္မလား ညက်ေခြးေတြတတ္ဆြဲလို႔ အားႀကီးလို႔

Protestသမားေလး​ေတြ လဲ တတ္ႏိုင္သမ်ွ သတိထားပါေနာ္ ကိုယ္တို႔႐ွံုးလို႔မျဖစ္ဘူး🙏🙏🙏🙏

တစေၦ သတို့သား အပိုင်း (10)

တိတိကျကျပြောရလျှင် ကျနော်လို
စိတ်သွားတိုင်း ကိုယ်မပါနိုင် သောသူ အတွက် စိတ်တူကိုယ်တူသူငယ်ချင်းဆိုတာ မရှိသလောက်နည်းပါး လွန်းသည်

သူငယ်ချင်းများဆုံပြီးချိန်းသည့်အခါတိုင်း မသွားနိုင်သည့်အခါ အပေါ်ယံ ကြောတွေ များလာပြီးစိတ်ထဲ အလိုလို ချဉ်ကုန် ကြသည်

သို့သော် ဖခင်တာဝန်ကျရာ ကာဂိုရှီမား နယ်မြို့လေးကို ရောက်လာသည့် အခါတွင်

နွေးထွေးသော လက်အစုံနှင့် ကမ်းလှမ်းကာ Ryo က လိုလို လားလား ကြိုဆို ခဲ့ပြီး သူငယ်ချင်းအဖြစ် အသိအမှတ် ပြုခဲ့ သည်

ကျိကျိတက် ချမ်းသာသော သူဌေးကြီးရဲ့ တဦးတည်းသော သူဌေးသား အပူအပင် ဆိုတာမြူတမှုန် မရှိနိုင်သော လိုတရ မင်းသားလေးက...

လွန်ခဲ့သောအချိန်လောက်က မည်မျှထိ စိတ်ထိခိုက် ခံစားခဲ့ရ၍ နာနာကျင်ကျင် အော်ဟစ်ခဲ့ပါသလဲ

နွေးထွေးဖော်ရွေသော အပြုံးများ ပျောက်ကွယ်ကာ လူစိတ် ပျောက်နေခဲ့ သလဲ

တကယ်ဘဲ Ryo မင်းရဲ့ အစစ်အမှန် Ryo က ဘယ်သူများလေ လဲ


"အော်...သားလေး Ryo ကောဘဲ Kakeru နဲ့ အတူ ရှိနေတာလား"

လှေကားကနေ ကျနော့နောက်မှ​ ​ရှေ့ဆင့်နောက်ဆင့် ဆင်းလာသော Ryo အား အမေက အံ့သြတကြီး ကြည့်ရင်း မေးလိုက်သည်

"ဟုတ်တယ်အမေရယ် စကတော့ ခြံဝထိ လိုက်ပို့ဖို့ပါဘဲ အိမ်မှာ ဘယ်သူမှ မရှိတာနဲ့ အဖော်စောင့် ပေးလိုက်တာ"

သူ ငါ့နာမယ် မခေါ်ရဲဘူး မရဲတရဲ ကြည့်လာသော အကြည့်တချက်ကို အာရုံလွှဲသည့် အနေဖြင့် မေမေနောက်တွင် အူတူတူလေး ရပ်နေသော ညမလေးကို လှမ်းခေါ်လိုက်သည်

"ကိုကို့ ညမလေး ကိုကို့ဆီ လာပါအုံး ဗျာ "

ကျစ်ဆံမြီးကျစ်ထားသည့် ဖဲပြားလေးများတလှုပ်လှုပ်ဖြင့် ကျနော့်ဆီ အပြေးကလေး လာနေသည့် Shinon....

ကျနော်ရှေ့တွင် ကြက်သေ သေနေသည့် ဟိုလူရှေ့တွင် ခြေလှမ်းများ ရပ်တန့်လိုက်တော့ ရင်ထဲ နင်တင်တင် ဖြစ်သွားရသည်

"ဦးဦးက ကိုကိုကြီးရဲ့ သူငယ်ချင်းလား ဦးဦးက အရမ်းချောတာ ဘဲ"

Ryoက Shinon နဲ့တန်းတူဖြစ်သွားအောင် ဆတ်ခနဲ ဒူးညွတ်လိုက် ပြီး

"ငါ့ညီမလေးကလဲ ညီမလေးရဲ့ကိုကို Kakeru လိုဘဲ အရမ်း ချစ်ဖို့ကောင်းနေတာ "

ကိုကို!!! ချစ်ဖို့ကောင်းသည့် ညီမလေးက ကိုကိုလို့ခေါ်လိုက်တိုင်း ကိုယ့်မှာ နားဝင်ချိုနေကာ ကြည်နူး လို့မဆုံး

ညီမလေးတယောက် သာ ခေါ်တတ်သည့် နာမ်စားကို ဒီကောင်အတုယူကာ နေ့တိုင်းခေါ်မည်ဆိုရင် အသက်တိုမှာ ကျိန်းသေဘဲ

ငြိမ်နေသောကျနော့ကို ညီမလေးက အကဲခတ်သလို အကြည့် လက်ပြုတ်ထွက်မတတ် ​လက်ယပ်​ခေါ်ကာ ကျနော့်ဆီ လာခဲ့ရန် မျက်ရိပ်မျက်ခြေ ပြသော်လည်း

အလိမ္မာတုံးလေးက ဟွန့်ခနဲ မသိချင်ဟန်ဆောင်ကာ Ryo နားဘဲကပ်နေပြီး ကျနော့်ကိုလဲ လုံးလုံးဂရုမစိုက်တော့ စိတ်ဓာတ် ကျချင်သည်

ကျနော်လဲ ချစ်ဖို့ကောင်းတယ်လေဗျာ

"ဟော အငယ်လေးက သားကိုတော်တော် သဘောကျနေပုံရတယ်နော် သား နားကကိုမခွာ ဘူး"

အမေက ကျနော်တို့အဖြစ်ကို ကြည့်ရင်းပြုံးယောင်သမ်းကာ စနောက်နေပြန် သည်

"ညီမလေးက လိမ္မာလိုက်တာနော် ဦးဦးက အသဲ​လေးကိုချစ်လို့ မုန့်ပေး မယ်နော် မငြင်းရဘူးနော်အသေးလေး "

"ဦးဦးက ညီမလေးကို လက်ဆောင်ပေးမှာလား ဘာလေး ပေးမှာလဲ ဟင် "

စိတ်လှုပ်ရှားလွန်းကာ တက်ကြွနေသည့် Shinon လေးရဲ့ အပျော်မျက်နှာ ကို ညိုးသွားမည် ကို စိုးရိမ်သော ကြောင့်

Ryo က သူ့ဘောင်းဘီအိတ်ထဲ တခုခုကိုထုတ်ပြီး Shinon ကိုပေးလိုက်တာ ကျနော် မတားလိုက်နိုင်

"LiLi နင့်လက်ထဲကဟာကို ကိုကြီးကို အခု ပေးလိုက် "

"ဟင့်အင်း ဟင့်အင်း ဦးဦးဆီက လက်ဆောင် ရထားတာ မပေးဘူး ကိုကို လိုချင်ရင် ဦးဦးဆီ သွားတောင်းနော် "

"ကျွတ် ဒီကောင်မလေးကတော့ ပေးဆို ပေးလိုက်ပါ လား "

Shinon ကလဲ ခြစ်ကုပ်ကာ သူ့လက်ခလေးကို စကပ် နောက်ဖက် ဖွက်ထား သည် Shinon ကျနော့ကို မပေးချင်တာလဲ သဘာဝကျပါသည်

ခလေးဆိုတော့ ဘာလေးပေးပေး ပျော်နေတတ်တာလေ

Ryo ကခုချိန်မှာ သူ့စိတ်က အဖြူလား အမည်းလား ခန့်မှန်း၍ မရ သူ့အလိုကို မလိုက်ခဲ့တဲ့အတွက်အငြိုးထား ချင် ထားလိမ့် မယ်

ညီမလေးကိုများ အငြိုးထားပြီး အဆိပ်တွေဘာတွေ ခတ်ထားနိုင်တယ် အံကြိတ်ရင်းဖြင့် Lili လက်ထဲက စိုးရိမ် တကြီး ဆွဲယူလိုက်မိသည်...

"အင်း ဟင့်ဟင့် မေမေ..."

ရှိုက်ကြီးတငင်ဖြင့် အမေ့ရင်ခွင်ထဲ ဝမ်းနည်းတသ တိုးဝင်သွားသည့် ခလေးမလေး

အကို ညီမလေးကိုစိတ်ပူလို့်ပါကွယ် ညီမလေးရဲ့ ဝမ်းပန်းတနဲငိုကြွေး လိုက်သံက ကျနော့ရင်ဘတ်ကို ဖျစ်ညစ် လိုက်သလိုဘဲ

နားလည်ရခက်သည့်မျက်ဝန်းတွေဖြင့် Ryo က ကျနော့်ကို ကြည့်နေပေမဲ့ ဘာတခွန်းမှ စောဒက မတတ်

ညီမလေးရေ မင်းသိတဲ့ Ryo ဆိုတာ လူရှေ့သူရှေ့မှာတော့ မခုတ်တဲ့ကြောင် ကလေးလို မလှုပ်မရှက် ခပ်အေးအေး လူတယောက်လို့ သာ ထင်ရမယ်

တကယ်တော့ လူတယောက် အသက်ကို ပုရွက်ဆိတ်လို နင်းခြေတတ်တဲ့ သွေးအေးလွန်း သည့် လူစာ းမျိုး

"ရော့မင်းဟာမင်းပြန် ယူ ငါ့ညီမကိုမင်းပေးစရာမလိုဘူး ငါ ကြွေးထားနိုင်တယ်"

အံတင်းတင်းကြိတ်ကာ ဒေါသတကြီး Ryo ရဲ့ နက်ခ်တိုင်ကိုဆောင့်ဆွဲကာဖြင့် မျက်နှာချင်း နီးကပ်စေသည်



"မင်းမျက်နှာကိုငါမမြင်ချင်ဘူး မင်းနဲ့ထပ်ပြီးပတ်သက်စရာအကြောင်းမရှိတော့ဘူး Ryo"

"အင့်..ကိုကိုရီးက သမီးကိုအော်တယ် မေမေ ဟင့်.."

"မငိုနဲ့တော့ သမီးလေး ရယ် တိတ်ပါကွယ် သမီး အကိုက အကြောင်းရှိလို့နေမှာပါ "

"ရွှတ်"

တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်မိသည် နှင့် အမေတို့မသိအောင် ကျနော့်ပါးကို Ryoက ခိုးနမ်း တော့သည်

စက်စုပ်ရွံရှာနေသော အကြည့်များသည် ပါးပြင်ပေါ် နူးညံ့စွာ ခိုးနမ်း လိုက်သည့် အနမ်းတပွင့်ကြောင့် ရှက်သွေး ဖြန်းသွား တော့သည်

ပူထူသွားသော ပါးပြင်ကို ကို့ဖာသာကိုဘဲ ယောင်ယမ်းကာ ကိုင်မိသည်

Ryo က​တော့ သူလုပ်ချျင်တာ လုပ်လိုက်ရ၍ ကျေနပ်နေဟန်ဖြင့် ပြုံးစစဖြင့် စီးမိုး ကြည့်နေသည့် အကြည့်တွေကို လုံးလုံး သည်းမခံနိုင်

"Fuck You ဘဲ "

"အားကြီးနဲ့ကွာ ကိုယ့်ကို Fuck ချင်တာများ သဲလေးစိတ်ကြိုက် တက်လုပ် "

"တောက် ခွေးမသား မင်းကိုသိပ်ကျေနပ်တယ်လို့ ထင်နေတာလား ငါ့ရဲ့ခံစားချက်ကို မင်းအလေးမထားဘူး ငါ့အပေါ်ကို လုပ်လို့ရတယ်ဆိုတိုင်း ပေါ့ပျက်ပျက်လုပ်နေတဲ့ မင်းကို အရမ်းမုန်းတယ် ရွံ လည်း ရွံတယ်"

စိတ်ဆိုးဆိုးနဲ့ အလျင်စလိုဆဲ မိပြီးမှ ပီတိဖြာဝေနေသည့် ဖြီးနေသည့် မျက်နှာကြီးကြောင့် ပိုပြီး ဒေါသထွက်လာမိကာ စိတ်မထိန်းနိုင် တော့

ပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းရဲရဲ က တင်းတင်းစေ့ပိတ်သွားပြီ
မျက်နှာငယ်လေးဖြင့် ကြည့်လာသည့် အကြည့်များက ဝမ်းနည်းနေသယောင်..ယောင်.

"သားရယ် ဘယ်လိုလုပ်လိုက်တာလဲကွယ် ကို်ယ့်သူငယ်ချင်းကစေတနာနဲ့ပေးတာ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံရလား သားရယ် အန်တီကြားထဲက တောင်းပန်ပါတယ် သားသူငယ်ချင်းက အာ့လိုဘဲ လူ​တွေနဲ့ ဘယ်လိုဆက်ဆံရမှန်း သူ တကယ်မသိဘူး"

"အမေ သူ့ကိုတောင်းပန်စရာမလိုဘူး ဒီလိုကောင်မျိုးက အမေ တောင်းပန်တာနဲ့ မတန်ဘူး"

ကျောခိုင်းလိုက်တော့ မသိမသာဆွဲကိုင်လိုက်သည့် Ryoရဲ့ လက်ချောင်းများအား..

ဒေါသတကြီး ဆောင့်ကာ ဖြုတ်ခဲ့မိသည်...

"ဟဲ့ သား မင်းဘယ်လိုပြောလိုက်တာလဲ မင်းသူငယ်ချင်းကို ခုချက်ချင်းတောင်းပန်လိုက်စမ်း ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့လူကို
ပြောစရာ လိုလား "

ဟက် မုဒိမ်းကောင်က ကျနော့်အပေါ်ကောင်းတယ် စောနလေးတင်အရူးကောင်ကြောင့် သေတော့မဲ့ဆဲဆဲ အမေ့သားကို ဘာလို့အပြစ်မရှိ အပြစ်ရှာပြောနေရတာလဲ

ဝဲတက်လာသည့် မျက်ရည်စတွေကို မျက်တောင်ဖြင့် ခပ်မြန်မြန်ပုတ်ခတ် လိုက်ရင်း ဒီညတော့ အိပ်ရေးပျက်ရ အုန်းမည်

"ရပါတယ် အန်တီရယ် ကျနော်တို့က ဒီလိုဘဲ စနောက်ပြီး ပြောနေကြ Kakeruလေးကို စိတ်မဆိုးပါနဲ့ နော်အန်တီ သူ ဘာအမှားမှ မလုပ်ထားပါဘူး"

"မဟုတ်ပါဘူးကွယ် သားကိုအန်တီးအားနာလို့်ပါ သားစိတ်ထဲမထားဖူးဆိုလဲ ပြီးတာဘဲကွယ်"

"ကျနော် ပြန်တော့မယ်နော် မှောင်နေပြီဆိုတော့လေ ညီမလေးကိုကြီးပြန်တော့မယ်နော် အို အသဲလေးက ငိုနေတာလားကွယ် မငိုနဲ့တော့နော် ကိုကြီးနောက်တခေါက်လာမှ ညီမလေးကြိုက်တဲ့အရုပ်တွေအများကြီးဝယ်ပေးမယ်နော်"

Shion ကိုမျက်ရည်သုတ်ပေးကာပြုံးရွှင်ရီမောနေပြန်သည့် Ryo က စောနကစိတ်ဖောက်ပြန်နေသည့်သားရဲကောင်က သူမဟုတ်တော့သလိုဘဲ...

ကြောက် ဖို့ ကောင်း တယ် မင်းရဲ့ စိတ် နှစ်ခွဖြစ်နေသည့် တဖက်စွန်းရောက်လွန်းသည့် စိတ်ကို ငါတကယ်ကြောက်တယ် Ryo

"ညမလေး ကိုကို ကိုလဲစိတ်မဆိုးရဘူးနော်"

"ဟုတ် ကိုကြီး"

ရှိုက်သံတဝက်နဲ့ ညမလေးရဲ့နှာခေါင်းထိပ်လေးသည် ငိုထားလွန်း၍ နီမြန်းလို့ နေတော့ စိတ်ထဲလုံးလုံး မကောင်း

Shinonကိုနှုတ်ဆက်နေတဲ့သူ ကျနော့ဖက်ကို မရဲတရဲ ကြည့်လာသည့်အကြည့်က ဆွေးမြေ့လို့နေသည်

ကျနော်မသိဟန်ဆောင်နေတော့ ခေါင်းငိုက်စိုက်ကျကာ အိမ်ပေါက်ဝဆီ တလှမ်းချင်းလျှောက်နေသည့် သူ့ကျောပြင်ကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေမိ သည်..

"ဟဲ့ ဘာရပ်ကြည့်နေတာလဲ Ryo လေးကို လမ်းထိပ်ထိ လိုက်ပို့လိုက်လေ တခါထဲသေချာတောင်းပန်လိုက်အုံး"

"အမေ ကျနော်မပို့ချင်ဘူး လို့"

"နင့်ကို ဘာမှမ​ပြောဘဲ ကြည့်​နေတာ အကောင်းမှတ်နေလား လူရှေ့သူရှေ့မှာ မကောင်းတတ်လို့ ငါပါးစပ်ပိတ်ထားတာ နော်"

"ပြီးရော ဗျာ အမေတို့ကလဲ မလုပ်ချင်ပါဖူးဆိုနေမှ အရမ်းချုပ်ချယ်တာ ဘဲ"

အိမ်မပိုင်တဲ့သူတို့ ထုံစံအတိုင်း အိမ်ပြိုမတတ်ဆောင့်ပေးလိုက်တော့ အမေရဲ့သက်ပြင်းရှိုက်သံက ခပ်သဲ့သဲ့

"မင်းကားရှေ့ထိငါလိုက်ပို့ပြီး ပြီနော် ကိုယ့်ဖာသာ မောင်းပြီး အိမ််ပြန်တတ်တယ်မလား မင်းသိထားဖို့က ငါတို့ ဒီနေ့ ဒီမှာတင် ပြတ်ပြီ ဆိုတာဘဲ "

"Kakeru"

ကျနော့်နာမည်ကို ခေါ်လိုက်သည့်သူ့လေသံက တိုးတိုးလေး

နောက်ဖက်ကနေ ပွေ့ဖက်လာသည့် သူ့ရဲ့ အထိအတွေ့တွေက နူးနူးညံ့ညံ့

"ကိုယ့် ဖက်ကအရမ်းလွန်မှန်းသိပေမဲ့လဲလေ တကိုယ်ကောင်းဆန်ပြီး ကိုယ်တောင်းဆိုပါရစေ ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို နောက်ဆုံး ဆိုပြီးခေါင်းစဉ်တပ်ပြီး မပြောနဲ့ကွာ ကိုယ့်ရင်ထဲက ခံစားရလွန်းလို့ "

တုန်ရီအက်ကွဲ​နေသည့်အသံတိုးတိုး​လေးက ရင်ခွင်နွေးနွေးမှာ ခဏတာ​ပျော်ဝင်စေခဲ့တော့သည် ပျော့ညံ့လွန်းတဲ့ကို့ကိုယ်ကိုဘဲ ကျိန်ဆဲလိုက်ပြီး

သူ့ကိုမျက်နှာချင်းဆိုင်မိသည့်အခါ မျက်ရည်စတွေ ပြည့်နေတဲ့ မျက်ဝန်းညိုညိုတွေက ရင်တခုလုံး ဆွဲလှုပ်လိုက်သလိုပင်

"ဟာ မသိချင်ဘူး ခင်ဗျားရဲ့ မဟုတ်မဟတ် စကားတွေကို နားထောင်ဖို့ အချိန်လဲ မရှိဘူး ခင်ဗျား လို မုဒိမ်းကောင်က ကျနော်နဲ့ပတ်သက်ဖို့ ဘာအကြောင်းမှ မရှိဘူး"

"ခင်ဗျား တဲ့လားကွာ ဒီလူကို မင်းစိမ်းစိမ်းကားကား ပြောတတ်နေပြီလားဟင် "

"ပြောတယ် ဘာဖြစ်လဲ ခင်များအသံကိုကျနော်မကြားချင်တော့ဖူး ခများ စောက်ခွက်လ ဲမကြည့်ချင်တော့ဘူး ခင်ဗျား ကျနော်ကောင်းကောင်းမွန်မွန်ပြောနေတုန်း သွားလိုက်ပါတော့ဗျာ"

ဘယ်သူ့ကိုစိတ်တိုရကောင်းမှန်းလဲမသိနိုင်တော့ သေချာတာက ယုန်သူငယ်လိုမျက်ဝန်းတွေဖြင့်
နုနယ်သောနှလုံးသားကို ကျွမ်းကျင်စွာ ကြိုးဆွဲ ခြင်းခံရလေပြီ

ခင်ဗျားကြီး တတ်နိုင်လွန်းတယ်

"ကိုယ် ​တောင်းပန်ပါတယ် ကိုယ်နောင်တတွေလဲရနေပါပြီ မင်းမကြိုက်တာကိုလဲ ကိုယ်ထပ်မလုပ်တော့ပါဘူး ကိုယ်ကတိပေးပါတယ် ဒီလူကိုပစ်မသွားပါနဲ့နော်
ဒီလူက မင်းမရှိရင် မနေတတ်လွန်းလို့ပါ "

ဟင့်အင်း လမ်းဘေးပေါ်ဒူးမထောက်ပါနဲ့ မင်းရဲ့ အဖိုးတန်အဝတ်စားတွေပေကျံကုန်ပါလိမ့်မယ်

မျက်ရည်ဝဲပြီး ဒရာမာ လာခင်းပြမနေပါနဲ့ ခင်မင်မှုကို ခုတုံးလုပ်ပြီးလဲရင်ထဲ မပါတာ​တွေ မပြောပါနဲ့

ကျနော်ဟာ မင်းနဲ့ပတ်သက်တဲ့ အရာတိုင်း အလေးအနက် ထားတတ်လို့

စိတ်ဖြောင့်ဖြောင့်နဲ့ ဘဲ ကို့လမ်းကို လျှောက်ခွင့် ပေးပါ Ryo ရယ်

"ဒါဆို ဘာလို့ ငါမကြိုက်တာမင်းအတင်းလုပ်ခဲ့လဲ ငါတို့က သူငယ်ချင်းတွေပါ ဆိုတဲ့ မင်းပြောပြောနေတဲ့ အဖြူရောင်စည်းကို မင်းဖကက ်စည်းကျော်ဖို့ စလုပ်ခဲ့သလဲ ဖြေလေ ဟမ် မင်းမဖြေနိုင်တော့ဘူးမလား အလကား စောက်ရူး"

"ဟုတ်ပါတယ် ငါကမင်းပြောသလို
အချောင်ရရင်ရသလို လုပ်တတ်တဲ့ အ​ချောင်သမား ဒါမဲ့ မင်းကိုတော့ ငါတကယ် မြတ်နိုးမိတာပါ မင်းနဲ့ပတ်သက်ပြီး အရာရာတိုင်းကို တန်ဖိုးထားတယ် တခုခုဖြစ်ရင်လဲ ငါ့ ဖက်က​နေ အပြည့်အဝ တာဝန်ယူ​ပေး မှာမို့ ဒီတခါ​လေးဘဲ ခွင့်လွှတ်ပေးပါကွာ "

"ဟင့်အင်း မလို​တော့ဘူး မင်းလိုလူနဲ့ ဘယ်သူက အရောတဝင်နေချင်မယ်လို့ထင်နေလဲ ထွက်သွားလိုက်ပါတော့ ငါနဲ့အဝေးဆုံး မှာ မင်းပျော်ပျော်ရွှင်ရွှင် နေပါတော့ "

ငါ့ဘဝထဲက ထွက်သွားပါတော့ Ryo မင်းကိုပေးနိုင်တဲ့ ငါ့ရဲ့အဖြေဟာ အဖြူထည်သက်သက်ဘဲ ရှိတာမို့

မင်း ဆိုတာ ငါန ဲ့ပတ်သက်ရင် စတွေ့ကထဲက အရူးအမူးဖြစ်တာလဲငါသိပါတယ် တဖက်သတ်ဖြစ်နေတဲ့မင်းကို ထပ်ပြီး မျှော်လင့်ချက်တွေ​ပေးသလို အဖြစ် မခံနိုင်တော့ ဘူး

အာ့အတွက်ငါ့ကို အမုန်းညှိုးဖွဲ့ကာရက်စက်တဲ့လူ သတ်မှတ်လို့ရပါတယ် Ryo

"Sayonara "

နှုတ်ဆက်ခဲ့ပါတယ် Ryo

"Kakeru!!!!

အားကိုးတကြီးခေါ်လိုက်တဲ့ Ryoရဲ့အသံဟာ မထားခဲ့ ပါနဲ့ရယ် လို့ အကြိမ်ကြိမ်တောင်းပန်နေသယောင်

ထိုအခါ ကျနော်သည် အရူးတယောက်နှယ် ပေတရာလမ်းပေါ်ကဒူးထောက်ထိုင်​နေမြဲ လူရှေ့က ပြေးထွက်ခဲ့မိပါသည်



နှုတ်ဆက်ခဲ့ပါတယ်တဲ့ ကိုယ်ခုထိ လက်မခံနိုင် ဘူးနော် ဒီလိုလွယ်လွယ်နဲ့နှုတ်ဆက်ရအောင် ကျနော်တို့ သံယောဇဉ်က မခိုင်မြဲတာ မှတ်လို့

ဟင့်အင်းမပြေးရဘူး ကိုယ့်ရင်ကို ခြေစုံကန်ပြီးမင်းလေး ဘယ်ကိုမှထွက်မပြေးရဘူး ဒီလူက သိပ်အတ္တကြီးတာမို့ မင်းလေးကို ကိုယ့်ဆီမှာဘ ဲချည်​နှောင် ထား ပါရစေ

ကိုယိလေ မင်းကို သိပ်မြတ်နိုးခဲ့မိလို့ ခြေထောက်လှလှလေး ပိုင်းဖြတ်မိရင်တောင် မင်းလေးကို ကိုယ် ချစ်လွန်းလို့သာ မှတ်ယူလိုက်ပါ နော်

"ဒီနေ့ တော်တော်အေးတာဘဲနော် ဟယ် ဟဲ့ ဟိုမှာ ဆံပင်အဝါလေးနဲ့ကောင်လေးက ဆင်လိုက်တာ"

"ဆင်တယ် လုပ်မ​နေနဲ့ ငါတို့ကို စိုက်ကြည့်နေတာလက်ထဲမှာ ပုဆိန်တလက်နဲ့ ကြောက်စရာကြီး
ငါတို့ကို တခုခု လုပ်တော့မယ ်တူတယ်"

"တီ......တီ....."

"Hello ရဲဌာန ကလားရှင် ကျမတို့ကို stalker တ​ယောက် ဓားကိုင်ပြီး စိုက်ကြည့်နေလို့....

ဟုတ်ကဲ့မလာနဲ့တော့ရှင့် သူ့ဖာသာ ရှောင်ထွက် သွားပါတယ်"

မြူ​တွေ နှင်း​​တွေ ​ဖွေး​ဖွေးလှုပ်​နေသည့် ကားလမ်းမကြီး တွင် ဟွန်းသံ တဝီဝီဖြင့် ယိမ်းထိုး လှုပ်ခါ နေသည့် အနက်ဗြောင် ကားတစီးကို အမဲ​ရောင် အစက်အပြောက်အဖြစ် မြင်နိုင်သေးသည်

မင်းလေး သိပ်ကံကောင်းလွန်း ခဲ့တယ် ငိုကြွေးနေခဲ့ တဲ့ မင်းလေး ကို ကိုယ့်လို ဆိုက်ပါ့သ်က ရက်ရက်စက်စက် မလုပ်ရက်နိုင် ခဲ့ဘူးလေ

ကိုယ်ရဲ့စိတ်​တွေ ထိန်းမရ​အောင် လွှတ်​နေရင်​တောင် ကိုယ် မင်းကိို ထိခိုက်အောင် မလုပ်ရက်ဘူး

ချစ်တတ်လာသည့် လူတယောက်ရဲ့ နှလုံးသားက နူးညံ့လွန်း တတ်သည် လား

Message တစောင်မှ ဝင်လာခြင်းမရှိသော ဖုန်းscreen ကို အဓိပ္ပါယ် မဲ့ငေးကြည့်ရင်း အကြိမ်ကြိမ် နောင်တရနေမိသည်

မင်းလေးကို တတ်နိုင်သမျှ မထိရက်မတို့ရက် အရိပ်တကြည့်ကြည့်
ဖြင့် ဖြူဖြုစင်စင် ချစ်ကြည့်ဖို့ ကိုယ်ကြိုးစားခဲ့ပါ သေးတယ်

အချိန်ကြာလာသည်နဲ့အမျှ ကိုယ်နဲ့ရင်ဘတ်ချင်းမညီမျှတဲ့ မင်းရဲ့အကြောင်းကို ရိပ်မိ လေလေ ကိုယ်ဟာ တဖက်သတ်လူသားဆိုတာ သိလာခဲ့ရတယ်

ကိုယ်ဟာ တကယ်တမ်း သတ္တိမရှိခဲ့သူ ပါ မင်းလေးကို ဆုံးရှူံးရမာစိုးတဲ့ အတ္တစိတ် တခုတည်း ကြောင့် မင်းရဲ့ဘဝလေးကို ညစ်စွန်းစေခဲ့ မိပြီ

မင်း ကိုယ့်ကိုနာနာကျည်းကျည်း ကြည့်နေတဲ့ အကြည့်တွေ ကိုယ့်ကို မုန်းတီးလှပါသည် ဆိုတဲ့မင်းရဲ့ ပြတ်သားလွန်းတဲ့ စကားလုံးတွေက ကိုယ့်နှလုံးသားကို မြားအစင်းပေါင်းများစွာနဲ့ ပစ်ခတ် လိုက်သလို နင့် နဲနေအောင် ခံစားရတယ်

မျက်ဝန်းလေး ရက်စက်လိုက်တာကိုယ့်ခလေး လေး ဒီလူသားရဲ့ဘဝမှာ မင်းဆိုတဲ့ ဖြစ်တည်မှုလေးပျောက်ကွယ်ခဲ့ရင် အနာဂတ်​ပျောက်​နေသလို အထီးကျန် ခံစား​နေရတာ မင်းလေး သိရဲ့သားနဲ့

ကိုယ်ဟာ အရိုးသားဆုံးဘဲ မင်းရဲ့နဘေး မှာ ဘာအခွင့်အရေးမယူဘဲ နေချင်ခဲ့မိတာပါ

တုံပြန်ခြင်းမရှိသည့် ဖုန်းscreenကို စိုက်ကြည့်ရင်း မျက်ရည်ပူတွေ စတီယာရင် ပေါ်တတောက်တောက်ကျလာ ခဲ့သည်


ဖုန်းကိုဘဲအာရုံပြုနေ၍ မြူ ခိုးတွေပိတ်နေသည့် လမ်းမကြီးတလျှောက် အနက်ရောင် ဝမ်းဆက်ဝတ်ထားသည့် လူတယောက် ဘွားခနဲပေါ်လာသည်ကို သတိမထားမိလိုက်

"Shit"

"တီ.....တီ...တီ"

တဖက်လူ ကြားအောင်ဟွန်းသံအကြိမ်ကြိမ်ပေးသော်လည်း ထိုအနက်​ဝမ်းဆက်နဲ့ လူက စူးစူရဲရဲစိုက်ကြည့်ကာ တချက်မှ မလှုပ်

မျက်ဝန်းလေး သာ မင်းသူငယ်ချင်းက ကားကိုမဆင်မခြင်​မောင်းရင်းလူသတ်လိုက်မှန်း သူသိ သွားခဲ့ရင်.......

"ကျွီ..."

စိုးရိမ်တကြီး ထိုလူကို ရှောင်ကွင်းရင်းဖြင့် လမ်းဘေးဘက်ကို ကားကို ပြန်လှည့်​ကွေ့လိုက်သည့်
အချိန်

"ဝုန်း..."

အရှိန်မထိန်းနိုင်ဘဲ လမ်းနဘေးက ချယ်ရီပင်ကြီးဆီ အရှိန်ပြင်းပြင်း ဝင်ဆောင့်ကာ

ကားလေးသည် ချက်ချင်းလိုလို ကြေမွပျက်စီးကာ အငွေ့တလူလူဖြင့် ထိုးရပ်သွားလေသည်

အချိန်ကား ည 9:45

ချယ်ရီပင်ကြီးဆီဝင်ဆောင့်သည့်ကားအရှိန်ကြောင့် ပင်စည်တခုလုံး လှုပ်ယမ်းကာ ချယ်ရီပွင့်ဖတ်များ တဖြုတ်ဖြုတ်ကြွေကျ လာသည်

ပန်းနုရောင်ချယ်ရီပွင့်ဖတ်များသည် အနီရဲရဲသွေးစီးများဖြင့် သွေးရောင်ဖုံး လွှမ်းသွား လေသည်

မင်းမရှိတော့ တဲ့ ကိုယ့်ဘဝမှာ အသက်ရှင်သန်နိုင်စွမ်း မရှိနိုင်တော့ပါဘူး မျက်ဝန်းလေး....

ဆက်ရန်...




လိုင်းတွေလဲ ဖြတ်မယ်ကြားလို့ ရေးလက်စကြီးကိုနှာမြောလို့ တင်သာတင်ရတာ စိတ်အခြေအနေက တစက်မှ မကောင်းပါဘူး😐

စာဖတ်သူအားလုံးလဲ စိတ်ကျန်းမာ ကိုယ်ချမ်းသာအထိအခိုက်မရှိစေဖို့ ဆုတောင်း လိုက်ပါတယ်🙏🙏🙏

တတ်နိုင်သမျှ အိမ်မှာနေပါနော် လမ်းတိုင်းမှာ ကိုယ့်လမ်းကလူတွေစုပြီး ကင်းပုန်းစောင့် စေချင်ပါတယ်

သိတယ်မလား ညကျခွေးတွေတတ်ဆွဲလို့ အားကြီးလို့

Protestသမားလေး​တွေ လဲ တတ်နိုင်သမျှ သတိထားပါနော် ကိုယ်တို့ရှုံးလို့မဖြစ်ဘူး🙏🙏🙏🙏

Continue Reading

You'll Also Like

3.2K 931 85
Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ေရွ႕ book မွာ ဖတ္ေပးပါ
116K 16.7K 86
အရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ်...
17.3K 552 11
A lonely girl with no parents around finds herself welcoming her home to the worlds most deadliest and insane murderers in the world, but to her they...
29.8M 652K 33
For months Summer is trapped in a cellar with the man who took her - and three other girls: Rose, Poppy, and Violet. His perfect, pure flowers. His f...