๐Ÿ’ž Eternal Love ๐Ÿ’ž { Complete...
By Aster_Brown
1.8M 120K 6K
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More
Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 13
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 21
Chapter _ 22
Chapter _ 23
Chapter _ 24
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
๐ŸŒŒ Sweet Home ๐ŸŒŒ
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 44
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
EXTRA _ 15 { End }
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌโคโค
Daddy?????
Chapter _ 25
25.2K 1.8K 106
By Aster_Brown
Unicode
********
X မြို့ရဲ့အဆင့်မြင့် Hotel တစ်ခုမှာအကောင်း
ဆုံးအခန်းကိုယူထားပေမယ့် ဦးစိုင်း မှာပူပင်
သောကတွေကြောင့်ကောင်းကောင်းအနား
မယူနိုင်...။ သား ရဲ့ရှေ့ရေးကိုတွေးလိုက်မိ
တိုင်း ဦးစိုင်း အနေနဲ့တစ်ခုခုလုပ်သင့်ကြောင်း
ပိုသေချာလာစေသည် ။
အပြစ်မရှိတဲ့အဲ့ဒီကောင်လေးကိုဆိုးဆိုးရွား
ရွားထိခိုက်သွားအောင်လုပ်ဖို့အစီစဥ်မရှိပေ
မယ့် သားကိုမပတ်သက်နိုင်တော့အောင်တစ်
ခုခုတော့လုပ်ရပေဦးမည် ။
" ဥက္ကဋ္ဌကြီး .....ဒါ ရှိုင်းစေ ရဲ့ကိုယ်ရေး
အချက်အလက်တွေပါ "
ဦးစိုင်း ရှေ့ကစားပွဲပေါ်ရောက်လာတဲ့ဖိုင်ကို
အလျှင်အမြန်ဆွဲယူကြည့်လိုက်သည် ။ နေ
ရောင် ပြင်ဆင်လာတဲ့ဖိုင်ထဲမှာ ပြည့်ပြည့်စုံ
စုံရေးထားပေးတဲ့အချက်အလက်တွေက
ဦးစိုင်း နှုတ်ခမ်းတို့ကိုကော့ညွတ်သွားစေ
သည်။
" ဟက်....တကယ်မလွယ်တဲ့ကောင်လေးဘဲ
ပိုင်ဆိုင်သူရှိပြီးသားဆိုတာသိပေမယ့်...
Dragon ဂိုဏ်းခေါင်းဆောင် Xiao Wang
လို့တော့မထင်ခဲ့ဘူး...မလွယ်ဘူးဘဲ တကယ့်
အကောင်ကြီးကြီးကိုမှဖမ်းဆုပ်ထားတာ...ငါ့
သားကိုလဲ အဲ့လိုမာယာတွေနဲ့ မြူဆွယ်ထားတာဘဲနေမှာ ရွံ့စရာကောင်းလိုက်တာ "
ဦးစိုင်း လက်ထဲကဖိုင်ကိုပစ်ချလိုက်ပြီးယုံ
ကြည်စိတ်ချရတဲ့လူတစ်ယောက်ကိုဖုန်း
လှမ်းဆက်လိုက်သည် ။
" အေး...မင်း လူနည်းနည်းလောက်စီစဥ်
ထားလိုက် ငါရက်နည်းနည်းလောက်ကျ
ရင်သုံးစရာရှိတယ် "
Company ကအနားယူသွားပြီဖြစ်ပေမယ့်
ဦးစိုင်း မှာအာဏာနဲ့အဆက်အသွယ်ကောင်း
တွေရှိနေဆဲဘဲ ။ ဒါကြောင့်ဒီလိုကောင်လေး
တစ်ယောက်က ဦးစိုင်း အတွက်အတားအစီး
တစ်ခုတောင်မဟုတ် ။
" နေရောင်...အဲ့ကောင်လေးက ငြိုးမာန်လျှမ်း
သိုက် ရဲ့လက်ထဲမှာဆိုတော့လှုပ်ရှားဖို့လွယ်
မှာမဟုတ်ဘူးသေချာစောင့်ကြည့်ထားလိုက် "
ဦးစိုင်း လိုအပ်တဲ့လူတွေပြင်ဆင်ထားဖို့ဖုန်း
ဆက်ထားလိုက်ပြီးနောက် နေရောင် ကိုပါဟို
ကောင်လေးကိုစောင့်ကြည့်ထားဖို့တစ်ခါ
တည်းမှာထားလိုက်သည် ။
" ဟုတ်ကဲ့.... ဥက္ကဋ္ဌကြီး..."
.......................................................
ကြည်လင်နေသည့်မှန်နံရံကြီးရဲ့တစ်ဖက်
မှာ ဂုဏ် လက်ထဲကအရက်ခွက်တစ်ခွက်
ဖြင့်ငြိမ်သက်စွာရပ်နေမိသည် ။ ဖေဖေ နဲ့
ထိပ်တိုက်တွေ့ပြီးကတည်းက ဂုဏ် လူတစ်
ချို့ကိုတိတ်တဆိတ်ပြင်ဆင်ထားခဲ့သည် ။
ဒါက ကလေးငယ် ကိုကာကွယ်ပေးနိုင်ဖို့ဖြစ်
ပြီး ဖေဖေ့ ရဲ့လှုပ်ရှားမှုတွေကိုပါစောင့်ကြည့်
နိုင်ဖို့ပင်...။
** ဒေါက်!....ဒေါက်! **
တံခါးခေါက်ပြီးနောက် ဆန်းထူး စွပ်ပြုတ်
ဗူးနဲ့အတူရုံးခန်းထဲဝင်လာလိုက်သည် ။
တံခါးဖွင့်သံကြောင့် သူ့ကိုလှည့်ကြည့်လာ
တဲ့ အကို ကနေ့စဥ်ရက်ဆက်သောက်ဖြစ်
နေတဲ့အရက်ဒဏ်နဲ့ ကောင်းကောင်းအနား
မယူထားတဲ့ခန္ဓာကိုယ်ကြောင့် နွမ်းလျလျှက် ။
" CEO....ကျွန်တော် ကြက်စွပ်ပြုတ်လေးလုပ်
လာတယ်..နည်းနည်းလောက်ဖြစ်ဖြစ်သောက်
လိုက်ဦး "
ဆန်းထူး ရုံးခန်းထဲကစားပွဲပေါ်မှာစွပ်ပြုတ်
ဗူးကိုနေရာချနေရင်းလှမ်းပြောလိုက်ပေမယ့်
ထုံးစံအတိုင်း အကို ကခေါင်းဘဲငြိမ့်ပြပြီးအဲ့
ဒီနေရာမှာဘဲရပ်နေသည် ။
" CEO...လာပါ..ကျွန်တော် ကိုယ်တိုင်အပင်
ပန်းခံလာတာ...ပြီးတော့ CEO စားနေတုန်း
ကျွန်တော်ပြောစရာလဲရှိသေးတယ် "
စွပ်ပြုတ်ဗူးအဖုံးကိုဖွင့်ထားပေးကာ တစ်ရှုး
နဲ့ဇွန်းကိုသေချာသုတ်ပြီး ဗူးမှာတစ်ခါတည်း
ထည့်ပေးရင်း ပြောစရာရှိသေးတယ်လို့ပြော
လိုက်တော့မှ အကို ကဆိုဖာမှာဝင်ထိုင်လာ
သည် ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နူး
အိနေတဲ့ကြက်သားကကြည့်ရုံနဲ့တင်အရသာ
ရှိမယ်ဆိုတာသေချာပါသည် ။
အကို့ ခံတွင်းထဲသူကိုယ်တိုင်ချက်ထား
သည့်စွတ်ပြုတ်ဟင်းရည်လေးတွေတစ်
ဇွန်းပြီးတစ်ဇွန်းဝင်သွားတာကိုစောင့်ကြည့်
ရင်း ဆန်းထူး ခံစားချက်တွေမြင့်တက်လာ
သည် ။ စွတ်ပြုတ်တစ်ဝက်လောက်သောက်
ပြီးရပ်လိုက်တာကြောင့် အကို့ ကို သူတစ်ရှူး
တစ်ခုအမြန်လှမ်းပေးလိုက်သည် ။
" ဥက္ကဋ္ဌကြီးရဲ့လူတွေကို D & M Company
နဲ့ ငြိုးမာန် ရဲ့စံအိမ်အနီးမှာတွေ့တွေ့နေ
တယ် ။ ကြည့်ရတာ ရှိုင်းစေ က ငြိုးမာန် ရဲ့
လက်ထဲမှာမလို့ဘာမှလုပ်လို့မရသေးဘူးထင်
ပါတယ်...CEO စိတ်ပူစရာမလိုပါဘူး ။ ကျွန်
တော်တို့လဲသေချာစောင့်ကြည့်နေပါတယ်... "
" ဖေဖေ့ လူတွေကိုလဲသတိထား...ပြီးတော့
မျက်ခြေမပြတ်စေနဲ့...ငါတို့ဘက်ကသတိ
လွတ်တာနဲ့ ဖေဖေ ကလက်ဦးသွားလိမ့်မယ် "
" CEO သာကောင်းကောင်းစားပြီးကောင်း
ကောင်းအိပ်ပါ...ကျန်တာ ကျွန်တော် တာဝန်
ယူပါ့မယ် "
ဂုဏ့် ရှေ့မှာစွပ်ပြုတ်ဗူးကိုသေချာပြန်သိမ်း
ဆည်းနေတဲ့ ဆန်းထူး ကိုအမှတ်တမဲ့အချိန်
အနည်းငယ်လောက်စိုက်ကြည့်လိုက်မိသည် ။
ဂုဏ် ကြည့်နေတာကိုသိဟန်ဖြင့် ပြန်မော့
ကြည့်လာသည့် ဆန်းထူး ရဲ့မျက်ဝန်းတွေက
ချစ်ခြင်းတရားတွေကိန်းဝပ်နေလျှက် ။
ဂုဏ် ဒီလိုအကြည့်မျိုးကိုမရင်းနှီးစရာအ
ကြောင်းမရှိ....။
ဂုဏ် ကိုယ်တိုင် ကလေးငယ် ကိုဒီလိုမျက်
ဝန်းတွေနဲ့တစ်ချိန်လုံးကြည့်နေခဲ့ဖူးတာ
ကြောင့်ပင် ။ အကယ်၍ ဆန်းထူး သာ ဂုဏ့်
ကိုစိတ်ဝင်စားနေတာဆိုရင်...။ မဖြစ်နိုင်ဘူး
ဆန်းထူး က SUN Group ကြီးရဲ့တစ်ဦး
တည်းသောမြေးဘဲလေ...။
" ဆန်းထူး.....ဒီအတောအတွင်းကျေးဇူးတင်
ပါတယ်...အရင်ကတည်းက မင်းကိုပြောချင်
နေတာ SUN ဥက္ကဋ္ဌကြီးက မင်းကိုပြန်လာစေ
ချင်နေတာကြာပြီ.... "
ဆန်းထူး စိတ်တွေဒီထက်ပိုပြီးအစွန်းထိမ
ရောက်စေဖို့ ဂုဏ် တစ်ဖက်လှည့်နဲ့ SUN
Group ကိုပြန်ဖို့ပြောလိုက်မိသည် ။
" ကျွန်တော် ပညာမစုံသေးဘူးဗျ...ပြီးတော့
ဘိုးဘိုး ရဲ့နေရာကိုသွားယူရအောင် ဘိုးဘိုး
ကကျန်းမာနေသေးတယ်လို့ CEO မထင်ဘူး
လား...ကဲပါ...ကျွန်တော် အလုပ်တွေရှိသေး
တယ်..သတင်းထူးရတာနဲ့ Ceo နားပြေးလာ
ပါ့မယ် "
စားပွဲပေါ်ကသိမ်းစရာရှိတာတွေသိမ်းပြီး
ထွက်သွားတဲ့ ဆန်းထူး ရဲ့ကျောပြင်ကိုငေး
ကြည့်ရင်း ဂုဏ့် စိတ်ထဲအတွေးတစ်ချို့ဝင်
လာခဲ့သည်။ ဆန်းထူး က ဂုဏ် တွေးမိသလို
မဟုတ်ပါစေနဲ့လို့.......။
............................................
ဒီနေ့ မာန့် စံအိမ်ရဲ့မီးဖိုခန်းထဲတွင် နို့ထမင်း
စားချင်နေတဲ့ Baby ကြောင့် ဒေါ်လေးမေ
နို့ထမင်းကြိုပေးနေရသည် ။ မာန် နဲ့ ဘုန်း
မင်း ကအပေါ်ထပ်ကအလုပ်ခန်းထဲမှာအ
လုပ်အကြောင်းဆွေးနွေးနေစဥ် Baby က
တော့ ဒေါ်လေးမေ နို့ထမင်းကြိုနေတဲ့နား
မှာလိုက်ရှုပ်နေပုံရသည် ။
" ကဲ...ရပါပြီ.."
ပျစ်ပျစ်နှစ်နှစ်နို့ထမင်းလေးကို သာကူချို
လေးဆမ်းပြီး သခင်လေး ရှေ့ချပေးတော့
မျက်နှာကလေးက ချစ်စဖွယ်ပြုံးယောင်
သန်းလို့....။ နည်းနည်းပူနေသေးတဲ့ပန်းကန်
လေးကိုရင်ဘတ်နားထိဆွဲယူပြီး နှုတ်ခမ်း
ချွန်ချွန်လေးနဲ့တဖူး ဖူး အသံထွက်နေအောင်
မှုတ်နေတော့ မေနှင်း တိတ်တိတ်လေးရယ်
လိုက်မိသည် ။
မေနှင်း သိသလောက်ဆို သခင်လေး က
အအေးစာတွေကြိုက်ပေမယ့် ပူလွန်းတဲ့
စားစရာတွေကိုမစားပေ ။ ခပ်နွေးနွေးလေး
ဆိုရင်အဆင်ပြေပေမယ့် အခုမှအိုးထဲကခပ်
ယူလာတဲ့နို့ထမင်းကတော့ သခင်လေး အ
တွက်ပူလွန်းသည် ။
" ဒေါ်လေး အအေးခံပေးရမလား..."
" ဟင့်အင်း...ရပြီ "
နည်းနည်းလည်းနွေးနေပြီမို့လို့ အမေနှင်း
ကိုအလုပ်မရှုပ်စေချင်တော့ပေ ။ နို့နံ့လေး
သင်းနေတဲ့နို့ထမင်းလေးနဲ့ သာကူချိုရဲ့အ
နံ့လေးကပနံသင့်လို့...။ အမေနှင်း ကသူ
ကြိုက်တဲ့စတော်ဘယ်ရီလေးတွေ Blue
Berry လေးတွေပါထည့်ထားပေးတော့သူ
စားရဖို့မစောင့်နိုင်တော့...။
" ရှိုင်းပေါက်ရေ!!....ရှိုင်းပေါက်...."
လူမမြင်ရသေးဘူး အသံကတစ်အိမ်လုံး
ကိုကြားရော....။ ရှိုင်းစေ ပါးစပ်ထဲထည့်ဖို့
လုပ်နေတဲ့ဇွန်းလေးကိုပြန်ချထားလိုက်ရ
သည် ။ ဧည့်ခန်းတစ်ခုလုံးပတ်ရှာနေရင်း
ထမင်းစားခန်းထဲကသူ့ကိုမြင်သွားတော့
ပိုးလေး ကချက်ချင်းပြေးချလာသည် ။
" အိုင်ရား....ရှိုင်းစေ ငါအော်နေတာလိပ်
ခေါင်းတောင်ထွက်တော့မယ်....Wow...နို့
ထမင်းလုပ်စားနေတာဘဲ "
ရှိုင်းစေ ရဲ့နို့ထမင်းပန်းကန်လေးကိုဆတ်
ခနဲဆွဲယူပြီးတစ်ဇွန်းပြီး တစ်ဇွန်းခပ်စား
ပစ်လိုက်တဲ့ ပိုးလေး ကိုသူငေးကြောင်
ကြောင်လေးကြည့်နေလိုက်မိသည် ။
" အမ်....ပိုး...ပိုးလေး...အဲ့တာ...ငါ့ဟာ "
ပိုးလေး ကိုမစားစေချင်တာမဟုတ်ပေမယ့်
သူသေချာလေးအအေးခံထားရတဲ့ပန်းကန်
လေးမို့နှမြောမိတာကြောင့် ပိုးလေး စားနေ
တာကိုသာမျက်နှာလေးမဲ့ပြီးကြည့်နေမိ
သည် ။
" မင်းကထပ်ယူစားလိုက်လေကွာ...ဟီး.."
ဒီအိမ်မှာဧည့်သည်လာလုပ်တဲ့သူကအိမ်
ရှင်ရဲ့မျက်နှာကိုလည်းမကြည့်ဘူး ။ နွား
ငတ်ရေကျအသားကုန်မြိုစို့နေတဲ့ ပိုးလေး
ကို ပိုင်ဇင်ခ အနောက်ကနေလှမ်းတို့ပြီးသ
တိတွေပေးနေလည်း သောက်ဂရုကိုမစိုက် ။
" ပိုးလေး....တော်တော့...တော်တော့လို့ "
ပိုးလေး အနောက်နားကပ်ပြီးသတိပေး
လိုက်ပေမယ့် ပိုင်ဇင်ခ ကိုတံတောင်နဲ့တွန်း
လွတ်သည် ။
" မတော်ဘူးဗျာ....နို့ထမင်းလေးဘဲကို
ကပ်စေးကကုပ်......အ့..."
** ချွမ်း..**
ပိုးလေး ခေါင်းကိုနောက်ကနေ နရင်းဖြတ်
အုပ်ခံလိုက်ရတာကြောင့်လက်ထဲကဇွန်း
ပါပြုတ်ကျသွားရသည် ။ ထမင်းစားနေ
ရင်ခွေးတောင်ရန်မစရဘူးဆိုတာ ဒီလူကြီး
ပိုင်ဇင်ခ မသိဘူးလား...။ ဒီလူကြီးကတော့
ပိုးလေး ဆိုတဲ့ကောင်ကိုဘယ်လိုသတ္တိနဲ့ရိုက်
ရဲတာလဲကွ ။
" ဦးလေးကြီး ခင်ဗျား....ဟီး...ဟီး...အကို
မာန်ကြီးဘဲ..."
ရန်တွေ့ပစ်မယ်ဆိုတဲ့စိတ်နဲ့ဆတ်ခနဲလှည့်
ကြည့်လိုက်ပေမယ့် သူ့ကိုလက်ပိုက်ပြီးငုံ့
ကြည့်နေတဲ့ အကိုမာန် ရဲ့အေးစက်နေတဲ့
မျက်လုံးတွေကြောင့်အမြီးကုပ်သွားခဲ့ရသည် ။
ဟိုလူကြီးက အကိုမာန် ရဲ့နောက်မှာကုပ်ကုပ်
လေးရပ်နေပြီး ငါသတိပေးနေသားဘဲ ဆိုတဲ့
အကြည့်နဲ့ ပိုးလေး ကိုလှမ်းကြည့်နေသည်။
" အကိုမာန် ကဒီလောက်ချမ်းသာတာ ကျွန်
တော့်ကိုနို့ထမင်းလေးတစ်ပန်ကန်တောင်
မသထှာဘူးလား..."
စောစောကရိုက်ချက်က အကိုမာန် ရဲ့လက်
ချက်ဆိုတာသေချာတော့ ပိုးလေး မျက်နှာ
ချိုသွေးရတော့သည် ။
" မင်းစားနေတာ ငါ့ကလေးလေး ရဲ့ပန်ကန်
လေငါ့ကလေးလေး ကအရမ်းပူတဲ့အစာတွေ
မစားဘူး မင်းလုပ်လို့ ငါ့ကလေးလေး စားချင်
တာနောက်မှစားရတော့မယ် .....ဒေါ်လေးမေ
Baby အတွက်ထပ်ယူခဲ့ "
မာန် ကငိုမဲ့မဲ့လေးဖြစ်နေတဲ့ Baby ဘေးမှာ
ဝင်ထိုင်လိုက်ပြီး ဒေါ်လေးမေ ကိုနောက်တစ်
ပန်းကန်ခူးခဲ့ဖို့ပြောတစ်ခါတည်းပြောလိုက်
သည်။
" ကိုကို....Baby က အမေနှင်း ချက်ပေး
နေကတည်းကစားချင်နေတာကို...ဟွန့် "
ပိုးလေး ကိုမျက်စောင်းလှည့်ထိုးရင်း အကို
မာန် ကိုတိုင်ပြောဟန်လေးလုပ်နေတဲ့ ရှိုင်း
ပေါက် ကိုသူတအံ့တဩငေးကြည့်လိုက်မိ
သည် ။ အမယ် ဟိုလူကြီးကလဲ သူ့ပေါက်စ
တိုင်နေတာကိုခေါင်းလေးငြိမ့်ပြီး နားထောင်
နေရင်းနို့ထမင်းပူပူလေးတွေကို ဇွန်းနဲ့မွှေပြီးအအေးခံနေသည်တဲ့လေ ။
အအေးခံပြီးတော့မပြီးသေးဘူး ဇွန်းငယ်
လေးနဲ့ခပ်ပြီး မပူအောင်သေချာမှုတ်ပြီးမှ
ရှေ့ကပေါက်စရဲ့ နှုတ်ခမ်းချွန်ချွန်ထဲထည့်
ပေးသည်တဲ့....။ RS တွေများသောက်မြင်
ကပ်စရာသိပ်ကောင်း...။
" ပူသေးလား "
" ဟင့်အင်း...နွေးနွေးလေး ကောင်းတယ်
အာ....."
မျက်စိဆံပင်မွှေးစူးအောင်လာ Ro ပြနေ
တဲ့နှစ်ယောက်ကို ပိုးလေး မေးထောက်ကာ
ကြည့်နေပေးလိုက်သည် ။ ခွေးစာကျွေးရ
တာသိပ်ကြိုက်တယ်ပေါ့ဟုတ်လား ကျွေး
စမ်းဘယ်လောက်ကြာကြာကျွေးမှာလဲ
ဒီကောင် ပိုးလေး ကတဝကြီးထိုင်စားပစ်
မယ် ။
ဟွန်း.... သူလည်းဒီလိုအစစအရာရာဂရု
စိုက်ပေးတဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ခဲ့ဖူး
ပါတယ်နော် ။ အဲ့ဒီလူကသူ့ရဲ့အကိုရင်း
ဖြစ်သူ ပိုးရောင်ခြည် ပင် ။ အရင်ချိန်တွေ
တုန်းက ပိုးလေး ကိုဂရုစိုက်ပေးခဲ့တဲ့ ကိုကြီး
ရဲ့ဂရုစိုက်မှုတွေက ရှိုင်းပေါက် ကို အကိုမာန်
ဂရုစိုက်ပြုစုယုယသလိုမျိုးဘဲ ။
ပိုးလေး မျက်နှာတစ်ကမ္ဘာလို့တွေးထားတဲ့
ထိသူ့ကိုချစ်ပေးခဲ့သည် ။ လွန်ခဲ့တဲ့ ၅ နှစ်
က အမူးသမားကောင်ကြောင့်သာမဟုတ်
ရင် ကိုကြီးက ပိုးလေး ကိုခွဲသွားမှာမဟုတ်
ဘူး ။ ဒါမှမဟုတ် ပိုးလေး ထိုင်တဲ့ဘက်ကို
ပြေးဝင်လာတဲ့ကားကြောင့် စီယာတိုင်ကိုဆွဲ
ဆွဲလှည့်ပြီးရှောင်ပေးလိုက်တဲ့ ကိုကြီးကြောင့်
သာမဟုတ်ရင် သေသွားရတဲ့ကိုကြီး နေရာမှာ
ပိုးလေး ဖြစ်နေခဲ့မှာ......။
" ပိုးလေး ဘာလို့မျက်ရည်ကျနေတာလဲ
ကိုကို ကအရမ်းရိုက်လိုက်လို့လား...."
" ဟမ်....မဟုတ်..."
မျက်ရည်ကျမိနေမှန်းတောင်မသိတဲ့သူက
ရှိုင်းပေါက် ရဲ့အသံကြားမှ ပါးပြင်ကစိုစွတ်
မှုကိုသတိထားမိတော့သည် ။ အမြဲပြုံးရယ်
နေတဲ့ ပိုးလေး ကအခုလိုဝမ်းနည်းနေတဲ့ပုံစံ
နဲ့မလိုက်မဖက်ဖြစ်စေသည်။
" မငိုနဲ့နော်...ငါ ကိုကို့ ကိုဆူပေးမယ်လေ..
နော် "
ရှိုင်းစေ စကားကြောင့် ပိုးလေး ခပ်စစရယ်
လိုက်ပြီး ရှေ့ကကောင်လေး ကိုသေချာလေး
ငေးကြည့်လိုက်သည် ။
" ဘယ်လို ဆူမှာလဲ...ငါ့ ရှေ့မှာဆူပြ "
အကြပ်ရိုက်သွားတဲ့ပုံစံနဲ့ Baby က မာန့် ကို
မော့ကြည့်လာပြီး...မျက်တောင်လေး တစ်
ချက် နှစ်ချက် ခက်နေသည်။
" အဟမ်း....ကိုကို ကဆိုးလိုက်တာ...နော် "
" ခွီး....ဟား...ဟား...အဲ့တာ ဆူတာလား "
ပိုးလေး ကစားပွဲခုံကိုတစ်ဘန်းဘန်းရိုက်ပြီး
ရယ်နေတာကြောင့် Baby ကမျက်နှာလေးမဲ့
ပြီး မာန့် ကိုမော့ကြည့်ရှာသည် ။ ရယ်ချင်စိတ်
ကိုမနည်းထိန်းထားရတဲ့ မာန် ကလဲပြုံးစိ ပြုံးစိ
ဖြစ်နေမှာတော့သေချာသည် ။
" ရှိုင်းပေါက်....ကျောင်းပိတ်ရက်ကပျင်းစရာ
ကြီးငါတို့ ကစားကွင်းသွားလည်ရအောင် "
" ကစားကွင်း!! "
ကစားကွင်းသွားမယ်ဆိုတော့ Baby မျက်
လုံးလေးက ဘလင်းဘလင်းကိုဖြစ်လို့...။
Baby ကသွားခွင့်ရမလားဆိုတဲ့မျက်လုံး
လေးနဲ့မော့ကြည့်လာတာကြောင့် မာန် ခေါင်း
အသာရမ်းပြလိုက်သည် ။
" Baby ကိုတခြားသူတွေနဲ့မထည့်ပေးနိုင်
တာ Baby သိတယ်မလား.....ကိုယ် ဒီရက်
ပိုင်းအရေးကြီး တဲ့အစည်းဝေးတွေတက်စ
ရာရှိနေတယ်..နောက်ရက်မှ ကိုယ်လိုက်ပို့
မယ်နော် "
" ဟာ..အကိုမာန် ကလဲ ကျွန်တော် ကမ
နက်ဖြန်သွားချင်တာ...ရှိုင်းပေါက် ဘာမှမ
ဖြစ်ပါဘူး အကဲပိုလိုက်တာဗျာ..."
မာန် က ပိုးလေး ရဲ့စကားကို လျစ်လျူရှု
ထားပေမယ့် Baby ကတော့ ပိုးလေး နဲ့အ
တူလိုက်သွားချင်နေဟန်ဖြင့်...။ မာန့် ကိုမျက်
နှာငယ်လေးနဲ့မော့ကြည့်ကာလက်ညိုးလေး
နဲ့လိုက်တို့နေတဲ့ Baby ကိုမသိချင်ယောင်
ဆောင်ထားလိုက်သည် ။
ခဏကြာတော့ Baby ကဘာတွေးမိသွား
လဲမသိ....ချိုချိုအီအီလေးပြုံးပြီး မာန့်
ပေါင်ပေါ်ကိုမျက်နှာချင်းဆိုင်တက်ထိုင်
ကာ ရင်ဘတ်ကအင်္ကျီကြယ်သီးတွေကို
တို့ထိ တို့ထိလုပ်လာသည် ။
" Daddyyyyy. ...."
နားရွက်ဖျားလေးတွေရဲသွားတဲ့ ကိုကို က
သူ့ကိုအလိုလိုက်ဖို့ ၅၀% သေချာသွားချေပြီ ။
ဟီး...ဟီး ကိုကို ကသူ့လက်ကနေဘယ်တော့
မှပြေးမလွတ်ဘူးကွ ။
ရှိုင်းစေ ရဲ့လက်နက်ကိုမျက်စိရှေ့တင်တွေ့
လိုက်ရတဲ့ ပိုးလေး ခမျာပါးစပ်လေးဟပြီး
မှင်သက်လျှက်...။ သူတင်မကဘူး ပိုင်ဇင်ခ
လည်းပါးစပ်အဟောင်းသားနဲ့ ။
" Daddy.....Baby သွားချင်တယ်...လုပ်ပါဦး
အွန်း...Daddy အစည်းဝေးက Baby ထက်
အရေးကြီးလို့လား ...ပြွတ်စ်....အွန်း...လို့...."
ကြယ်သီး ၂ လုံးလောက်ဖြုတ်ထားတဲ့ မာန့်
ရင်ဘတ်ပေါ်က နှုတ်ခမ်းအိအိလေးတွေရဲ့
အထိအတွေ့ကြောင့် မာန် လက်မှာအကြော
စိမ်းတွေထောင်ထလာတဲ့ထိ လက်သီးဆုပ်
ကာစိတ်ရိုင်းတွေကိုထိန်းချုပ်လိုက်ရသည် ။
မာန် မခံနိုင်တော့တဲ့နောက်ဆုံး Baby ရဲ့
မျက်နှာလေးကို လက်နှစ်ဖက်ထဲထည့်ပြီး
ဆွဲမော့ပစ်လိုက်ကာခပ်မြန်မြန်အနမ်းတစ်
ချက်ပေးရင်းစိတ်ငြိမ်အောင်ကြိုးစားလိုက်
ရသည် ။
" Ok...Ok မနက်ဖြန် ကိုယ့်အလုပ်တွေဖျက်
လိုက်မယ်....Baby အခုလိုလုပ်နေရင်ဒီနေရာ
မှာတင်ကိုယ် ပွဲကြမ်းမိလိမ့်မယ် "
" ယေး....ဟိ....ဟိ...Daddy....ကအကောင်း
ဆုံးဘဲ "
မာန့် အဓိကနေရာနားမှာကပ်ထိုင်ပြီးငြိမ်
ငြိမ်မနေတဲ့ Baby ကြောင့်အောက်ကအ
ကောင်ကလည်းငြိမ်ငြိမ်မနေတော့...။ အ
ပျော်လွန်ပြီးလှုပ်ယွနေတဲ့ Baby ကိုချိုင်း
က မ ချီလိုက်ပြီး ဘေးကခုံမှာချပေးကာ အပေါ်ထပ်ပြေးတက်သွားတဲ့ မာန် ကြောင့်
ဘုန်းမင်း နဲ့ ပိုင်ဇင်ခ မှာမျက်နှာတွေရဲလို့
နေသည် ။ အပြင်ကိုတိုးထွက်ချင်နေတဲ့
Boss ရဲ့မြွေဆိုးကို သူတို့နှစ်ယောက်ဘဲမြင်
လိုက်သည်လေ........။
" ဟာ....ရှိုင်းပေါက် ကတော်လှချည်လား
အကိုမာန် က တကယ်မလွတ်တော့ဘူးထင်
နေတာ "
" ဟီး....ဟီး....ငါ ကိုကို့ ကိုအဲ့လိုအမြဲတမ်း
ပူဆာနေကျ...ကိုကို က Daddy လို့ခေါ်ပြီး
ပူဆာရင် ငါ့ကိုအမြဲအလိုလိုက်တယ် "
အမြဲဆိုတဲ့စကားကြောင့် ပိုးလေး ခမျာမျက်
လုံးပြူးသွားရသည် ။ မာန့် လိုလူမျိုးသာ ဒီ
ပေါက်စပေါ်အမြဲ တက်နေရင်ဒီပေါက်စလေး
မျက်တွင်းဟောက်ပက်ဖြစ်နေချေတော့မည်။
" အာ...ဟေ့ကောင် အမြဲတော့မကောင်းဘူး
လေ..မင်း မပင်ပန်းဘူးလား "
ပိုးလေး ကအရူးဘဲ ။ Daddy လို့ခေါ်တာ
ဘာပင်ပန်းစရာရှိလဲ ။
" ပင်ပန်းပါဘူး....Daddy လို့ခေါ်တာလေး
ကိုဘာပင်ပန်းစရာရှိလို့လဲ "
" မင်း အဲ့လိုခေါ်ပြီးချွဲပြနေတာ ဟိုကမင်း
ကိုဘာမှမဘာဘူးလား...မဟုတ်မှလွဲရော...
ဘာအဓိပ္ပါယ်လဲမသိဘဲ လုပ်နေတာတော့
မဟုတ်ဘူးမလား "
" Daddy. ...ကအဓိပ္ပါယ်ရှိသေးတာလား!!
ဒီတိုင်းချစ်သူကောင်လေးကိုခေါ်တဲ့ Nick
Name လေးဘဲဟုတ်ဘူးလား "
စားပွဲပေါ်လက်လေးထောက်ပြီး မျက်တောင်
လေးပုတ်ကာမေးလာတဲ့ ရှိုင်းပေါက် ကြောင့်
ပိုးလေး ကိုယ့်နဖူးကိုယ်ရိုက်ပြီးခေါင်းသာခါ
မိတော့သည်။ ထမင်းစားခန်းအပြင်မှာရပ်နေ
တဲ့ ဘုန်းမင်း က မြင်သာမြင်မကြင်ရတဲ့ Boss
အကြောင်းကိုတွေးမိတိုင်း တခွီး...ခွီး နဲ့ခိုးရယ်
နေတော့သည် ။
______________________________________________________________________
မြတ်နိုးခြင်းများစွာဖြင့်.... Aster
# 13.2.2021
ဘန်ဘန် လေးကြိုက်တဲ့နို့ထမင်းပုံလေးပါ ။
Zawgyi
********
ပိုသေချာလာစေသည် ။
အချက်အလက်တွေပါ "
သည်။
လှမ်းဆက်လိုက်သည် ။
ရင်သုံးစရာရှိတယ် "
တစ်ခုတောင်မဟုတ် ။
တည်းမှာထားလိုက်သည် ။
" ဟုတ်ကဲ့.... ဥက္ကဋ္ဌကြီး..."
.......................................................
နိုင်ဖို့ပင်...။
** ဒေါက်!....ဒေါက်! **
လိုက်ဦး "
ဒီနေရာမှာဘဲရပ်နေသည် ။
ယူပါ့မယ် "
ကြောင်းမရှိ....။
ကြောင့်ပင် ။ အကယ်၍ ဆန်းထူး သာ ဂုဏ့်
တည်းသောမြေးဘဲလေ...။
ချင်နေတာကြာပြီ.... "
ပါ့မယ် "
မဟုတ်ပါစေနဲ့လို့.......။
............................................
" ကဲ...ရပါပြီ.."
လိုက်မိသည် ။
စားစရာတွေကိုမစားပေ ။ ခပ်နွေးနွေးလေး
တွက်ပူလွန်းသည် ။
" ဟင့်အင်း...ရပြီ "
နံ့လေးကပနံသင့်လို့...။ အမေနှင်း ကသူ
သည် ။
လွတ်သည် ။
ကပ်စေးကကုပ်......အ့..."
** ချွမ်း..**
ပါပြုတ်ကျသွားရသည် ။ ထမင်းစားနေ
ပိုင်ဇင်ခ မသိဘူးလား...။ ဒီလူကြီးကတော့
ရဲတာလဲကွ ။
မာန်ကြီးဘဲ..."
မသထှာဘူးလား..."
ချိုသွေးရတော့သည် ။
Baby အတွက်ထပ်ယူခဲ့ "
သည်။
ပေးသည်တဲ့....။ RS တွေများသောက်မြင်
ကပ်စရာသိပ်ကောင်း...။
" ပူသေးလား "
အာ....."
ကြည့်နေပေးလိုက်သည် ။ ခွေးစာကျွေးရ
မယ် ။
ပိုးလေး ဖြစ်နေခဲ့မှာ......။
" ဟမ်....မဟုတ်..."
နော် "
ငေးကြည့်လိုက်သည် ။
" ကစားကွင်း!! "
အသာရမ်းပြလိုက်သည် ။
မယ်နော် "
ဆောင်ထားလိုက်သည် ။
" Daddyyyyy. ...."
မှပြေးမလွတ်ဘူးကွ ။
မှင်သက်လျှက်...။ သူတင်မကဘူး ပိုင်ဇင်ခ
ရသည် ။
ဆုံးဘဲ "
လိုက်သည်လေ........။
နေတာ "
လုံးပြူးသွားရသည် ။ မာန့် လိုလူမျိုးသာ ဒီ
ပိုးလေး ကအရူးဘဲ ။ Daddy လို့ခေါ်တာ
ဘာပင်ပန်းစရာရှိလဲ ။
ဘာအဓိပ်ပါယျလဲမသိဘဲ လုပ်နေတာတော့
မဟုတ်ဘူးမလား "
" Daddy. ...ကအဓိပ္ပါယ်ရှိသေးတာလား!!
Name လေးဘဲဟုတ်ဘူးလား "
နေတော့သည် ။
______________________________________________________________________
# 13.2.2021
ထည့်ပေးထားပါတယ် အပေါ်မှာကြည့်ပေး
ပါ ။
Continue Reading
You'll Also Like
57.9K 7.7K 24
แ€€แ€ผแ€šแ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€›แ€ฑแ€€แ€ผแ€Šแ€ทแ€บแ€€แ€ผแ€›แ€กแ€ฑแ€ฌแ€„แ€บ แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€–แ€ผแ€ฑแ€‘แ€ฝแ€€แ€บแ€แ€šแ€บ แ€†แ€ญแ€ฏแ€›แ€„แ€บ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€แ€ญแ€ฏแ€ท แ€กแ€แ€ปแ€…แ€บแ€…แ€…แ€บแ€œแ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€ท... แพแ€€แ€šแ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€ฑแ€›แพแ€€แ€Šแ€ทแ€นแพแ€€แ€›แ€ฑแ€กแ€ฌแ€„แ€น แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€ฑแ€ปแ€–แ€‘แ€ผแ€€แ€นแ€แ€šแ€น แ€†แ€ญแ€ฏ...
253K 16.2K 37
แ€„แ€ซแ€ทแ€˜แ€แ€™แ€ฝแ€ฌโ€‹ โ€‹แ€ฑแ€œแ€ฌแ€˜แ€แ€€แ€นโ€‹แฟแ€•แ€ฎแ€ธ แ€•แ€ญแ€ฏแ€„แ€นโ€‹แ€†แ€ญแ€ฏแ€„แ€นโ€‹แ€แ€บแ€„แ€นโ€‹แ€แ€ฒแ€ทแ€แ€ฌแ€™แ€บแ€ญแ€ณแ€ธแ€†แ€ญแ€ฏแ€แ€ฌ แ€™แ€„แ€นโ€‹แ€ธแ€”แ€ฒแ‚”แ€™แ€ฝ แ€ปแ€–แ€…แ€นโ€‹โ€‹แ€ฑแ€•แšแ€œแ€ฌแ€แ€ฌแ€•แ€ซ แ€ฑแ€’แ€ซแ€žโ€‹แ€ฑแ€แ€ผแŠแ€™แ€ฌแ€”แ€นโ€‹แ€™แ€ฌแ€”โ€‹แ€ฑแ€แ€ผแ€”แ€ฒแ‚”โ€‹แ€ฑแ€™แ€บแ€ฝแ€ฌแ€นโ€‹แ€œแ€„แ€นโ€‹แ€ทแ€แ€บแ€€แ€นโ€‹แ€€แ€„แ€นโ€‹แ€ธแ€™แ€ฒแ€ทโ€‹แ€ฑแ€”แ€แ€บแ€ญแ€”แ€นโ€‹ แ€•แ€‘แ€™แ€†แ€ถ...
60.5K 4.8K 24
[COMPLETED] Unicode and Zawgyi ================ Unicode --------- แ€žแ€ฝแ€€แ€บแ€žแ€ฝแ€€แ€บแ€œแ€€แ€บแ€œแ€€แ€บแ€›แ€”แ€บแ€€แ€ฏแ€”แ€บแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€›แ€šแ€บ แ€แ€ฑแ€ฌแ€žแ€ฌแ€ธแ€œแ€ฐแ€›แ€ญแ€ฏแ€ธแ€€แ€ผแ€ฎแ€ธแ€›แ€šแ€บ.....แ‹ "แ€แ€ฑแ€ฌแ€žแ€ฌแ€ธแ€€แ€ฑแ€ฌแ€„แ€บแ€€แ€แ€ปแ€ฑแ€ฌแ€œแ€ญแ€ฏแ€€แ€บแ€แ€ฌ...