A Boy Named JeonJungKook [Co...

By Yon_Di

310K 30.9K 3.5K

ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More

!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]

!! Part 16 !!

8.3K 1K 112
By Yon_Di

Unicode

JungKook ရဲ့ဂစ်တာတစ်လက်နဲ့ချစ်ရေးဆိုဝန်ခံချက်ကြီးက တစ်ကျောင်းလုံးမှာ ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေတော့သည် ။ ပွဲပြီးကတည်းက TaeHyung ရှက်လွန်းလို့ ကျောင်းကိုတောင်မလာရဲ ။ ထို့ကြောင့် တစ်ပတ်လောက်အထိခွင့်ယူထားလေတော့သည် ။

ကျောင်းကိုမလာတဲ့ Baby Hyung ကြောင့်သူစိတ်ထဲပျော်မနေတော့ ။ တစ်နေ့မှမတွေ့ရရင်မနေနိုင်တဲ့မျက်နှာလေးကို မတွေ့ရတာ တစ်နေ့နှင့်နေ့တစ်ပိုင်း ရှိနေပြီ ။ ဖုန်းဆက်တော့လည်းမကိုင် ။ စာပို့တော့လည်း seen ပြပြီး reply မပြန် ။ JungKook မှာတော့ရင်တွင်းမီးတွေတောက်နေရချေပြီ ။ ပထမတစ်ရက်ကမလာတော့ ဆရာမကိုသွားမေးတာ ခွင့်တစ်ပတ်တိုင်ထားသည်ပြောသည် ။ အခုညနေတော့ အိမ်ကိုလိုက်သွားပြီး ရစ်ပစ်ဦးမယ်ဟု JungKook အကြံဆိုးလေးကိုမွေးမြူလိုက်တော့သည် ။

~ A Boy Named JeonJungKook ~

မိုးမချုပ်ခင်လေး အမှိုက်အိတ်လေးကိုဆွဲပြီး လမ်းထိပ်ကအမှိုက်ပုံးထဲလွှင့်ပစ်ဖို့ရန် ထွက်လာခဲ့လိုက်သည် ။ အလိုရှိရာနေရာကိုမရောက်သေးခင် အလစ်ဝင်သုတ်ခံရသော အမှိုက်ထုပ်နှင့်အတူ ပုခုံးလေးတစ်ဖက် ။ TaeHyung အလန့်တကြားလှည့်ကြည့်လိုက်တော့ ဟိုကောင်လေးဖြစ်နေသည် ။

"ဘာလာလုပ်တာလဲ"

"Baby Hyung နှလုံးသားလေးကိုအလစ်ဝင်သုတ်တာ"

"အခုတော့ အမှိုက်ထုပ်ပဲရလိုက်တယ်မလား"

"ဟဲဟဲ အမှိုက်ထုပ်ကူဆွဲပေးတော့ မျက်နှာသာလေးပေးပြီး နှလုံးသားလေးပါပေးမလားလို့လေ"

"အိုဟိုး KimTaeHyung တို့ကမလေ့ဘူး....ပခုံးဖက်ထားတာကိုလွှတ်"

"ခဏလေးပါဗျာ ကမ္ဘာတစ်ခုလုံးပိုင်စားထားသလိုခံစားရတဲ့ခံစားချက်မျိုးရနေတာမလို့ ဒီက Daddy ရင်ခွင်ထဲ ခဏငြိမ်ငြိမ်လေးနေပါဦး Baby ရဲ့"

"မင်းဘိုးအေကို Daddy Baby"

TaeHyung ပြောပြောဆိုဆိုနဲ့တွန်းထုတ်လိုက်တော့အမှိုက်ထုပ်နှင့်အတူ ဘေးကိုလွင့်ထွက်သွားလေသည် ။

"ချစ်လို့အလိုလိုက်လိုက်တာနော် Baby လေး...အိမ်ရောက်မှ ဟင်းဟင်း"

လေကြီးမိုးကြီးစကားနှင့်အတူပြောင်စပ်စပ်ရုပ်က TaeHyung ကိုကလိကလိနှင့်ဘာကိုအသည်းယားလို့ယားစေမှန်းမသိ ။ စိတ်ပေါက်ပေါက်နှင့်သာ လက်ခလယ်ထောင်ပြလိုက်သည် ။ ဒါတောင်မနာတတ်တဲ့ဟာလေးက လက်မလက်ညှိုးသုံးကာအသည်းပုံတွေလုပ်ပြတုန်း ။

"heartu heartu"

"မင်းမေကြီးတော်ကို heartu"

နှစ်ယောက်သား တစ်ယောက်ကဆဲလိုက် တစ်ယောက်ကအလွန်အကြူးတွေချစ်ပြလိုက်နှင့်အမှိုက်ပုံနားရောက်လာသည် ။ အမှိုက်တွေသေချာခွဲပစ်ပြီးတော့ သူ့အနောက်က ကားယားကားယားနှင့်အူယားဖားယားပါလာပြန်သည် ။ TaeHyung တိုက်ခန်းကိုရောက်သည်အထိ အတူတက်လိုက်လာတာမလို့ နည်းနည်းတောင်ကြောင်စီစီလေးဖြစ်သွားရသည် ။

"မင်းကဘာလိုက်လုပ်တာလဲ"

"Baby Hyung ဆီလိုက်လာတာလေ"

"ဘာတွေလာပြောနေတာလဲ မှောင်နေပြီ အိမ်ပြန် မင်းကိုကျွေးစရာမရှိဘူး"

"စားစရာမရှိရင် Baby ကိုစားမယ် အဟဲ"

"လိ့လိ့"

မျက်နှာတွေနီရဲပြီးသူ့ကိုဆဲကာ အိမ်ထဲကိုပြေးဝင်သွားတဲ့ အကိုသေးသေးလေးနောက်ကိုအသည်းယားစွာပင်ဝင်လိုက်လာခဲ့ရသည် ။

"ဟေ့ရောင် ပြန်လေ အိမ်ထဲထိဘာလိုက်လုပ်ပြန်လဲ"

စွာစိလန်သေးသေးလေးက သူ့အိမ်ထဲလိုက်လာလို့ ရန်လိုသံသေးသေးလေးနှင့် စွာနေသေးသည် ။

"အောဟော တစ်ချိန်မှာအရင်းနှီးဆုံးသူစိမ်းလေးဖြစ်လာမယ့်သူကိုနှင်ထုတ်ရက်တယ်လား"

"မင်း လစ်လိုက်တော့"

"တံခါးဖွင့်ပေးလေ"

"မင်းလက်နဲ့မင်းဖွင့်လေ တံခါးတစ်ချပ်လုံးကိုမြင်နေပြီးမဖွင့်တတ်တော့ဘူးလား"

"နိုး နိုး Baby Hyung လက်နဲ့ဖွင့်မှလစ်လို့ရမယ် Baby နှလုံးသားတံခါးလေးကိုပြောတာ"

စပ်ဖြဲဖြဲမျက်နှာနှင့်မျက်လုံးတစ်ဖက်မှိတ်ပြပြီးပြောလာတဲ့ဟာလေးကြောင့် TaeHyung တစ်ကိုယ်လုံးကြက်သီးတွေဖြင်းဖြင်းထလို့ ။ စကားတွေဟာ မွေးကတည်းက သင်ပေးလာသလို မပြောတတ် မပြောရဲဆိုတာမရှိ ။

"ပြန်တော့ကွာ ငါစာလုပ်စရာရှိသေးတယ် အာရုံလာမနောက်နဲ့"

"ဘေးကနေထိုင်နေမယ်လေ ညိမ်ညိမ်လေး"

"မရဘူး ပြန်....မင်းရှိနေရုံနဲ့တင်ငါကြောက်လွန်းလို့"

"မကြောက်ပါနဲ့ဆို ကတိပေးတယ် လုံးဝညိမ်ညိမ်လေးထိုင်နေမယ်လို့ ကတိ ကတိ"

လက်သန်းလေးထောင်ကာ ကတိတွေအတင်းပေးနေတဲ့ ဟာလေးကို TaeHyung မယုံသလိုမျိုးကြည့်မိတော့ သွားကိုအစွမ်းကုန်ပေါ်အောင်စိကာမျက်လုံးတွေမှိတ်သည်အထိရယ်ပြလေသည် ။ မောင်းထုတ်လည်း ပြန်မှာမဟုတ်တာကသေချာနေလေသည် ။

"အသံထွက်လာလို့ကတော့ ဆွဲထိုးမှာနော်"

"သဘောပါဗျာ"

TaeHyung လည်းပြောမနိုင်ဆိုမနိုင်လေးကိုမပြောတော့ပဲ လုပ်စရာရှိတဲ့စာတွေကိုသာထိုင်လုပ်နေလိုက်သည် ။

စာထဲအာရုံရောက်နေသည့် Bay Hyung လေးက နှုတ်ခမ်းလေးတစ်စူစူနဲ့ ။ မျက်နှာလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေရတာကိုက ချစ်ရေစီးကမ်းတွေအဆက်မပြတ်ပြိုကျနေသလိုမျိုး ။ တဝေါဝေါနဲ့ပြိုဆင်းနေသည့်နှလုံးသားရေတံခွန်ကြီးကတော့ ရပ်တန့်နိုင်မည့်ပုံလည်းမပေါ်ပေ ။ အချိန်တော်တော်ကြာကြာထိကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်ထင်ပါသည် ။ မျက်စောင်းလှလှလေးတွေဒိုင်းခနဲပစ်ဝင်လာမှ သွားကိုအစွမ်းကုန်ချဲရင်း မျက်နှာချိုသွေးရပြန်သည်။

"မင်းကအသံပဲတိတ်နေတာ အဲ့လိုစိုက်ကြည့်နေတော့ ငါ့စာကဘယ်လိုအာရုံရောက်တော့မှာလဲ"

"ဟီးဟီး ငေးနေခွင့်လေးတော့မတွန့်တိုပါနဲ့ Baby Hyung လေးရဲ့"

"မငေးနေနဲ့ ငါမကြိုက်ဘူး"

"ကပ်စေးနဲလိုက်တာ"

စူပုတ်ပုတ်မျက်နှာလေးက မျက်စောင်းလေးတစ်ခဲခဲနှင့်ကြည့်သွားပြီးစာပြန်လုပ်နေလေသည် ။ သူ့ကိုအာရုံထဲမထည့်တော့သည့်ပုံမျိုး ။ ဘာပဲပြောပြော ဘယ်လိုပဲအော်အော် ငေးကြည့်နေရဖို့အရေးကသူ့အရေး ။ အခုချိန်ထိအဖြေပြန်မပေးဖို့မပြောနဲ့ ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်တဲ့ Baby Hyung လေးကသူ့ကိုစိတ်ထဲတောင်ရှိရဲ့လား ။ သူ့မှာသာ ဒီအစ်ကိုသေးသေးလေးနဲ့မှအတည်ကြီးတွေဖြစ်ကုန်ပြီး ပြောသမျှမနာနိုင်ပဲမျော့လိုကပ်တွယ်နေတာ ။

"Baby Hyung"

သူ့အမေးကိုကြားရဲ့သားနဲ့ပြန်မထူး ။ သူ့အစ်ကိုအဆိုးလေးကအမြဲအဲ့လို ။ သူကလည်းအဲ့တာလေးတွေကိုမှချစ်မဝနိုင်တွေဖြစ်နေတာ ။ တော်တော်ကြာမှဘောက်ဆတ်ဆတ်နဲ့ပြန်ထူးသည် ။

"ဘာလဲ"

"ချစ်တယ်"

"ပါးစပ်ပိတ်"

"ချစ်တယ်လို့ ချစ်တယ်ချစ်တယ်ချစ်တယ်ချစ်တယ် ချစ်တယ်ဗျာ"

"JeonJungKook"

"ဗျာ ဗျာ့"

"ငါပါးစပ်ပိတ်နေဖို့ပြောထားတယ်နော်"

"ဟုတ်ပါတယ်ဗျာ ပိတ်လိုက်ပါပြီဗျာ"

နှုတ်ခမ်းပါးတွေကို ဇစ်ဆွဲသလိုဆွဲပြီးပိတ်ပြတဲ့ဟာလေးကို TaeHyung လုပ်ပစ်ချင်လွန်းလို့ ။ သူပြောချင်တာပြောပြီးတော့ ပြုံးစိစိရုပ်နဲ့ပြန်ညိမ်နေသည် ။ ဒီကောင်လေးဟာ ထူးတော့ထူးဆန်းသား ။ ဒီလောက်ပစ်ပစ်ခါခါတွေပြောလွှတ်နေတာတောင် အခုချိန်ထိတွယ်ကပ်နေသည် ။

TaeHyung စာလုပ်ပြီးလို့နာရီကိုကြည့်လိုက်တော့ ၇ နာရီတောင်ခွဲနေပြီ ။ ဘေးကဟာလေးညိမ်နေပါတယ်မှတ်လို့ လှည့်ကြည့်လိုက်တော့အိပ်ပျော်နေသည် ။ ဘယ်ချိန်ကအိပ်ပျော်သွားလဲတော့မသိ ။ စားပွဲပေါ်မျက်နှာအပ်ပြီးအိပ်နေတာမလို့ စားပွဲမျက်နှာပြင်နဲ့မိတ်ဆက်နေတဲ့ပါးပြင်လေးကညှစ်ထားသလိုဖြစ်ပြီး ဖောင်းဖောင်းလေးဖြစ်နေသည် ။ အရှေ့ကယုန်သွားကြီးကြီးလေးနှစ်ချောင်းကလည်းအထင်းသား ။ ကျန်တဲ့ပါးလေးတစ်ဖက်ကို TaeHyung အသာလေးညှစ်ကြည့်တော့ အိကျိကျိလေးရယ် ။ မျက်နှာလေးကသာကလေးမျက်နှာလေးနဲ့ မပြောရဲမဆိုရဲတာကဘာမှမရှိ ။ TaeHyung စိတ်ပေါက်ပေါက်နဲ့ပါးကိုအားထည့်ညှစ်လိုက်တော့ အိပ်နေရာကနေနိုးလာလေသည် ။

"အွန်းးးး ကျွန်တော်အိပ်ပျော်သွားတာလား"

အပျင်းကြောရှည်ကြီးဆန့်ရင်းမေးနေပုံက မြင်ပြင်းကပ်စရာ ။

"မှန်း ပါးတွေနာနေသလိုပဲ....ကျွန်တော်အိပ်နေတုန်း Baby Hyung ပါးခိုးနမ်းထားတာလားပြော"

စိတ်ရှိတိုင်းသာလုပ်ပစ်ရရင် ဒီကောင်လေး စိစိညက်ညက်ကြေနေလောက်ပြီ ။ အပြောနဲ့ရော အလုပ်နဲ့ပါ အသားယူတတ်လွန်းသည် ။ TaeHyung အငြင်းပွားစကားနဲ့သတ်ပုတ်နေတာတွေမလုပ်ချင်တော့လို့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရသည်။

"မှောင်နေပြီ"

"အာ ဟုတ်သား အိမ်ပြန်ရဦးမယ်...ဒီကနှလုံးသားလေးကန့်ပိုင်ရှင်သည်းညှာအူပွတ်အစာအိမ်လေးကနေမှမနေစေချင်တော့ ပြန်ရဦးမပေပေါ့လေ"

TaeHyung သာအိမ်ပေါ်ကနေပြေးဆင်းသွားချင်တော့သည် ။ သူအိမ်ထဲခေါ်သွင်းမိခဲ့တာကိုကမဟာအမှား ။

လွယ်အိတ်ကိုကောက်လွယ်ပြီးပြန်ဖို့ပြင်နေတဲ့ဟာလေး ။ အချိန်ကလည်း ညစာစားချိန်ဆိုတော့ ဒီကောင်လေးဘာမှမစားရသေးလို့လမ်းမှာဗိုက်ဆာနေမှာသေချာပေါက် ။ ညစာကျွေးပြီးမှလွှတ်ပြန်လည်း ပိုပြီးမိုးချုပ်နေမည် ။ ဘယ်လိုလုပ်ရမခဲ ဝေခွဲရခက်နေပေမယ့်လည်း ပါးစပ်ကတော့လွတ်ခနဲထွက်သွားရှာသည် ။

"မပြန်ခင်ခေါက်ဆွဲပြုတ်အတူစားသွားဦးမလား"

JungKook မှာ ဖိနပ်ကြိုးချည်နေရင်းတုံ့ခနဲရပ်သွားကာတအံ့တဩ ပြူးပြူးကြီးနဲ့ TaeHyung ကိုမော့ကြည့်လာလေတော့သည် ။

TaeHyung မှာသူ့ကိုပြူးကြောင်ကြောင်ကြီးစိုက်ကြည့်နေတဲ့ဟာလေးကြောင့် ချောင်းဟန့်ကာ အရှက်ပြေရမ်းရသေးသည် ။

"အဟမ်း မင်း စားချင်စား မစားချင်လည်းနေ"

ရှက်ရမ်းရမ်းပြီးအိမ်ထဲပြန်လှည့်ဝင်သွားတဲ့သူ့ Baby Hyung  လေး ။ တံတွေးတွေကိုမဆက်မပြတ်မျိုချရင်း လူကရင်တုန်ပန်းတုန် ကတုန်ကယင်နဲ့ ။ Baby Hyung ကခေါက်ဆွဲအတူစားမယ်တဲ့ ။ ဒါဆို ရှက်သွားတဲ့မျက်နှာလေးနဲ့စကားအသွားအလာလေးက သူ့ရင်ထဲပန်းခင်းကြီးပွင့်နေစေချေပြီ ။ ဖိနပ်ကိုအမြန်ပြန်ချွတ်ရင်း အိမ်ထဲကိုသာအသည်း အသန်ပြန်ဝင်လာခဲ့လိုက်တော့သည် ။

"ခဏထိုင်ဦး ပြီးရင်ငါခေါ်လိုက်မယ်"

"ဟုတ်"

JungKook စိတ်လှုပ်ရှားစွာတံတွေးကိုအသံမြည်အောင်မြိုချရင်းသာ ခုံမှာထိုင်စောင့်နေမိသည် ။ အတွေးတွေကတောင်ရောက်မြောက်ရောက်။ စောင့်ခိုင်းထားတယ်ဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ပဲနေမည် ။

တစ်မိနစ် ၊ နှစ်မိနစ် ၊ သုံးမိနစ် ၊ လေးမိနစ် ၊ ငါးမိနစ် ၊ ခြောက်မိနစ် ၊ ခုနှစ်မိနစ် ၊ ရှစ်မိနစ် ၊ ကိုးမိနစ် ၊ ဆယ်မိနစ် ။

အချိန်တွေကအခုမှဘာလို့ ဆယ်သက်လောက်ကြာနေရသလဲ။ စုစုပေါင်းဆယ်မိနစ်တိတိပြည့်ပြီးစောင့်ပြီးချိန်မှာတော့ ကြားလိုက်ရတဲ့ အထဲဘက်ကအသံလေး ။

"JungKook ရေ လာတော့ ငါပြီးပြီ"

JungKook ရင်တွေတဒိန်းဒိန်းနဲ့ သွေးခုန်နှုန်းတွေကလည်းဆောင့်တက်နေချေပြီ ။ အခန်းဘက်ကိုဦးတည်နေတဲ့ခြေလှမ်းတွေကလည်းမျှော်လင့်ချက်တွေအပြည့်နှင့်တက် တက်ကြွကြွ။ နှလုံးသားကလည်းပန်းတွေနဲ့ပွင့်ဝေနေသလို လေပဲသလပ်နေသလိုခံစားချက်ကြီး။

ထမင်းစားခန်းထဲရောက်တော့ တစ်စုံတစ်ရာကသူ့ကိုစောင့်မျှော်နေသည်။

ခဏလေး....ဒါနဲ့ တစ်ခုခုတော့လွဲနေပြီမဟုတ်ဘူးလား ။

ဘဝမှာရွှေရောင်ခေါက်ဆွဲပြုတ်အိုးကအခုလောက်ထိ ဆန္ဒတွေကိုရိုက်ချိုးလိမ့်မယ်လို့မထင်ထားမိခဲ့ ။ ဧည့်ခန်းကနေ အနောက်ဖက်အခန်းထဲဝင်ဝင်လာချင်း ထမင်းစားပွဲပေါ်က အနံ့တသင်းသင်းနဲ့ရွှေရောင်ခေါက်ဆွဲပြုတ်အိုးက "JeonJungKook သောက်ပေါကြီးဆိုပြီး"သူ့အတွေးတွေကိုလှောင်ပြောင်နေသလို ။

ကြောင်အစွာရပ်နေတုန်းမှာပဲ သူ့ Baby Hyung လေးက ခုံမှာထိုင်ဖို့ပြောလာသည်။

"ထိုင်လေ ပြူးကြောင်ကြောင်နဲ့ဘာရပ်လုပ်နေတာလဲ"

"ဟို ဟို တစ်ခု ခုတော့...."

"ဘာတွေပြောနေတာလဲ ထိုင်စားလေ...ပွကုန်တော့မှာပဲခေါက်ဆွဲက"

JungKook တစ်ယောက်ခုံမှာမအီမသာကြီးနှင့်ဝင်ထိုင်လိုက်ရသည်။ အဖြစ်အပျက်တွေကို သူအခုထိကိုမယုံနိုင်သေးဘူး။ သူထိုင်ပြီးတာနဲ့ မျက်နှာချင်းဆိုင်ခုံမှာ Baby Hyung ကဝင်ထိုင်သည်။

"ဟို Baby Hyung"

ခေါက်ဆွဲစားနေရင်း TaeHyung ကမော့ကြည့်လာသည်။ ဘာလဲပြော ဆိုသည့်ပုံစံနှင့်မလို့ JungKook ပြောဖို့ရန်ခက်ခဲနေသည်။

"ဟိုလေ တကယ်ကြီး ဒီခေါက်ဆွဲစားရမှာလား"

"အင်းလေ ခေါက်ဆွဲမစားလို့ မင်းကဘာစားချင်နေတာလည်း...ကျွေးစရာဒါပဲရှိတာ"

"မဟုတ်ဘူးလေ Hyung ရဲ့....အာ ပြောရခက်လိုက်တာ"

အရှေ့ကဝဲစားလေးက အင်တင်တင်နှင့်တစ်ယောက်တည်း ဘာတွေဖြစ်နေမှန်းမသိ။ ဘာဖြစ်နေလည်းသူလည်းမစဉ်းစားတတ်။

"ဘာလဲ ကြက်ဥမပါဘူးထင်လို့လား....တစ်လုံးတည်းကျန်တော့လို့ တစ်လုံးတည်းထည့်ထားတာ....ငါမစားပါဘူး မင်းစားဖို့ထည့်ပေးထားတာ"

ပြောလေ ဝေးလေဖြစ်နေတဲ့ TaeHyung ကို JungKook ဘယ်ကနေစပြောရမယ်မသိဖြစ်နေတော့သည်။ TaeHyung ကစာတော်ပြီးလည်လည်ဝယ်ဝယ်ထက်ထက်မြက်မြက်နဲ့ဗဟုသုတပေါင်းစုံရှိပေမယ့် ဒီလိုမျိုးကတော့ ဒူဝေဝေပင်။ JeonJungKook ဆိုတာကလည်း ဒါမျိုးဆို သက်စရာမလိုအောင် သိနေတတ်နေတဲ့သူမျိုး။

"Baby Hyung တစ်ကယ်မသိတာလား"

"ဟင် ငါကဘာကိုသိရပြန်ဦးမှာလဲ"

"ဟာ ဗျာ...."

ခေါက်ဆွဲတွဲလောင်းနှင့်အူကြောင်ကြား Hyung ပုံစံကို သူဆွဲဆတ်လုပ်ပစ်လိုက်ချင်ပြီ။ ပြီးတော့ အခုကိစ္စက သူပဲစ,ထားတာလေ။ အခုတော့မသိသလိုနှင့် နေနေပြန်သည်။

"Baby Hyung ပဲခေါက်ဆွဲအတူစားမယ်ဆို"

"အင်းလေ အခုစားနေတယ်လေ"

"ဒီလိုစားတာမဟုတ်ဘူးလေဗျာ"

"ဟ ဒီလိုမစားလို့ ကင်းမြီးကောက်ထောင်ပြီးစားရမှာလား"

"ဟာ ဗျာ အတူနေမယ်ပြောနေတာလေဗျာ....ပြောရတာတောင် ရှက်လာပြီဗျာ"

"အေး အခုအတူနေနေတာပဲလေ...ဘာဖြစ်နေလို့....."

ထိုအခါမှ TaeHyung တစ်စုံတစ်ခုကိုပြေးသတိရသွားခဲ့သည်။ ဒီဝဲစားလေးကတော့....

"ဒင်" ခနဲအိုးအဖုံးရိုက်သံတစ်ခုက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတော့သည်။

"Baby Hyung"

JungKook ကရွှေရောင်အိုးအဖုံးနဲ့အတီးခံလိုက်ရသည့် နဖူးစောင်းကို ဖိကိုင်ကာအော်သည်။ TaeHyung ကလည်းရှက်ရှက်နှင့် လှိမ့်ဆဲ့သည်။

"နှာဗူးကောင် လိ့လိ့ မင်းမေကြီးတော်ကို အတူနေရမှာလား"

"Baby Hyung....အရူးကွက်မနင်းနဲ့နော်...Baby Hyung ပဲခေါက်ဆွဲပြုတ်အတူစားမယ်ပြောပြီး"

"ငါက မင်းအိမ်အပြန်မှာဗိုက်ဆာနေမှာစိုးလို့ ခေါက်ဆွဲပြုတ်ကျွေးတာလေ....မင်းဘာသာ နှာဗူးတွေးတွေးနေတာ"

"အဲ့လိုတွေးတောင် Baby Hyung လုပ်တာလေ....ချစ်ခွင့်ပန်ထားတဲ့လူတစ်ယောက်ကို ခေါက်ဆွဲအတူစားမလားမေးတာက အဲ့တာမတွေးရင် ကျွန်တော်ကဘာပြေးတွေးရမှာလဲလို့"

"တိတ်စမ်း"

နောက်ထပ် ဒင် ခနဲထုသံက JungKook ခေါင်းနှင့်မိတ်ဆက်လိုက်သည့်အနေနှင့်ထွက်ပေါ်လာသည်။

"Baby Hyung ကျွန်တော်ပြောပြီးသားနော် အဆံချောင်ကိုလူအများကြီးရှိထဲ မင်္ဂလာခန်းမထဲ အနမ်းမခြွေချင်ရင် မထုနဲ့လို့"

"ငါထပ်လုပ်လိုက်ရ"

အိုးအဖိုးတစ်ပြင်ပြင်နဲ့ ရိုက်ဖို့ပဲ TaeHyung ကလက်တစ်ပြင်ပြင်။ ဒီကောင်လေး အတွေးတွေက သူမတူတဲ့ level တစ်ခုရောက်နေပြီ။ သူလည်းတစ်ချက်သတိလွတ်သွားခဲ့တာ။
ကိုယ်ကတော့သူ့ကို စေတနာနဲ့ သူကတော့ကိုယ့်ကို အကြံနဲ့။

"သွား အိမ်ပြန်တော့"

"ဟင်အင်း မပြန်တော့ဘူး ဒီမှာပဲညအိပ်တော့မှာ"

"ဟေ့ရောင် ပြန်ကွာ"

"ကန်ချတောင် မသွားဘူး"

မျက်နှာကြီးရဲကာ ရှက်ရမ်းရမ်းပြီး နှင်ထုတ်တဲ့သူကနှင်ထုတ်သည်။ မပြန်ပဲ မျက်နှာပြောင်ပြောင်နှင့်ဆက်နေတဲ့သူက နပိန်တွယ်တွယ်ကာဆက်နေသည်။

"ဟီး အများကြီးရှက်သွားတာပဲ မျက်နှာလေးက ကျွန်တော်စားလို့ရတော့မယ့် စတော်ဘယ်ရီလေးလိုရဲနေတာပဲ"

"ပါးစိပ်ပိတ်ထား"

"ချစ်လိုက်တာဗျာ...ကျွန်တော့် Baby Hyung သေးသေးလေးက innocnet လေးကိုး....ဒီက Daddy ကနည်းနည်းမှောင်သွားတယ်ဗျာ...ဟဲဟဲ"

"မင်း ပါးစပ်ပိတ်မလား....ငါလက်သီးနဲ့ပိတ်ပေးရမလား"

"ရပါတယ် ဘာနဲ့ပိတ်ပိတ်....ကိစ္စမရှိဘူး"

ပြောလေကဲလေ ဒီလူဆိုးကောင်လေးက သူ့ကိုတော်ရုံနှင့်စနောက်လို့ပြီးတော့မှာမဟုတ်တော့။ စိတ်ထဲနေရာပေးထားတာလေးတွေတောင် မရှိချင်တော့ဘူး။ တစ်ကယ်ကိုစေတနာတုံးအောင်လုပ်တဲ့ဟာလေး။

"ဒါနဲ့ ကျွန်တော်ပြောထားတဲ့ကိစ္စလေးကို စဉ်းစားထားဦးနော်...ဒီကောင်ကြီးရင်ဘတ်တစ်ခုလုံးနဲ့အပြည့်အဝချစ်ပြီး ချစ်ရေးဆိုထားတာလေးကို"

"လိ့ကိုတောင် မစဉ်းစားဘူး"

"အဲ့တာကိုတော့မစဉ်းစားပါနဲ့ဦး....အခုတော့ အဖြေကိစ္စလောက်ပါပဲ...ကျွန်တော်စောင့်နိုင်ပါတယ် အဟဲ"

"ငါ မင်းကိုမုန်းမိတော့မယ်နော် JeonJungKook"

"မုန်းမိတော့မယ်ဆိုတော့ ချစ်နေလို့ပေါ့"

"J e o n J u n g K o o K"

"ဗျာ ဗျ"

TaeHyung စိတ်တိုတိုနဲ့ပိတ်အော်တာတောင် သူကမျက်နှာပိုးမသေသေးပဲဖြစ်နေတုန်း။ ဘာပြောရမှန်းမသိအောင်ကို ဒီပြောမနိုင်ဆိုမနိုင်လူဆိုးကောင်လေးကိုစိတ်တိုနေပြီဖြစ်သည် ။ ဘယ်လိုပြောပြော မနာတတ်ပဲမျက်နှာပြောင်တတ်တဲ့ဒီဟာလေးနဲ့ ဒီညတော့ဘယ်လိုနှစ်ပါးသွားရပေဦးမည်မသိ။

~ A Boy Named Jeon Jung Kook ~

Hey....မျက်နှာပြောင် Pro max  လေးရဲ့‌ Update 👀
တစ်ဝက်ရေးထားတာရှိလို့ လာတင်ပေးတာ။ မျှော်နေကြမလားမသိပေမယ့် ဒါလေးရေးချင်လာတာမလို့ ရေးပြီးတင်ပေးလိုက်ပါတယ်လို့ ✌


Zawgyi

JungKook ရဲ႕ဂစ္တာတစ္လက္နဲ႔ခ်စ္ေရးဆိုဝန္ခံခ်က္ႀကီးက တစ္ေက်ာင္းလုံးမွာ ေျပာမဆုံးေပါင္ေတာသုံးေထာင္ျဖစ္ေနေတာ့သည္ ။ ပြဲၿပီးကတည္းက TaeHyung ရွက္လြန္းလို႔ ေက်ာင္းကိုေတာင္မလာရဲ ။ ထို႔ေၾကာင့္ တစ္ပတ္ေလာက္အထိခြင့္ယူထားေလေတာ့သည္ ။

ေက်ာင္းကိုမလာတဲ့ Baby Hyung ေၾကာင့္သူစိတ္ထဲေပ်ာ္မေနေတာ့ ။ တစ္ေန႔မွမေတြ႕ရရင္မေနႏိုင္တဲ့မ်က္ႏွာေလးကို မေတြ႕ရတာ တစ္ေန႔ႏွင့္ေန႔တစ္ပိုင္း ရွိေနၿပီ ။ ဖုန္းဆက္ေတာ့လည္းမကိုင္ ။ စာပို႔ေတာ့လည္း seen ျပၿပီး reply မျပန္ ။ JungKook မွာေတာ့ရင္တြင္းမီးေတြေတာက္ေနရေခ်ၿပီ ။ ပထမတစ္ရက္ကမလာေတာ့ ဆရာမကိုသြားေမးတာ ခြင့္တစ္ပတ္တိုင္ထားသည္ေျပာသည္ ။ အခုညေနေတာ့ အိမ္ကိုလိုက္သြားၿပီး ရစ္ပစ္ဦးမယ္ဟု JungKook အႀကံဆိုးေလးကိုေမြးျမဴလိုက္ေတာ့သည္ ။

~ A Boy Named JeonJungKook ~

မိုးမခ်ဳပ္ခင္ေလး အမႈိက္အိတ္ေလးကိုဆြဲၿပီး လမ္းထိပ္ကအမႈိက္ပုံးထဲလႊင့္ပစ္ဖို႔ရန္ ထြက္လာခဲ့လိုက္သည္ ။ အလိုရွိရာေနရာကိုမေရာက္ေသးခင္ အလစ္ဝင္သုတ္ခံရေသာ အမႈိက္ထုပ္ႏွင့္အတူ ပုခုံးေလးတစ္ဖက္ ။ TaeHyung အလန႔္တၾကားလွည့္ၾကည့္လိုက္ေတာ့ ဟိုေကာင္ေလးျဖစ္ေနသည္ ။

"ဘာလာလုပ္တာလဲ"

"Baby Hyung ႏွလုံးသားေလးကိုအလစ္ဝင္သုတ္တာ"

"အခုေတာ့ အမႈိက္ထုပ္ပဲရလိုက္တယ္မလား"

"ဟဲဟဲ အမႈိက္ထုပ္ကူဆြဲေပးေတာ့ မ်က္ႏွာသာေလးေပးၿပီး ႏွလုံးသားေလးပါေပးမလားလို႔ေလ"

"အိုဟိုး KimTaeHyung တို႔ကမေလ့ဘူး....ပခုံးဖက္ထားတာကိုလႊတ္"

"ခဏေလးပါဗ်ာ ကမာၻတစ္ခုလုံးပိုင္စားထားသလိုခံစားရတဲ့ခံစားခ်က္မ်ိဳးရေနတာမလို႔ ဒီက Daddy ရင္ခြင္ထဲ ခဏၿငိမ္ၿငိမ္ေလးေနပါဦး Baby ရဲ႕"

"မင္းဘိုးေအကို Daddy Baby"

TaeHyung ေျပာေျပာဆိုဆိုနဲ႔တြန္းထုတ္လိုက္ေတာ့အမႈိက္ထုပ္ႏွင့္အတူ ေဘးကိုလြင့္ထြက္သြားေလသည္ ။

"ခ်စ္လို႔အလိုလိုက္လိုက္တာေနာ္ Baby ေလး...အိမ္ေရာက္မွ ဟင္းဟင္း"

ေလႀကီးမိုးႀကီးစကားႏွင့္အတူေျပာင္စပ္စပ္႐ုပ္က TaeHyung ကိုကလိကလိႏွင့္ဘာကိုအသည္းယားလို႔ယားေစမွန္းမသိ ။ စိတ္ေပါက္ေပါက္ႏွင့္သာ လက္ခလယ္ေထာင္ျပလိုက္သည္ ။ ဒါေတာင္မနာတတ္တဲ့ဟာေလးက လက္မလက္ညႇိဳးသုံးကာအသည္းပုံေတြလုပ္ျပတုန္း ။

"heartu heartu"

"မင္းေမႀကီးေတာ္ကို heartu"

ႏွစ္ေယာက္သား တစ္ေယာက္ကဆဲလိုက္ တစ္ေယာက္ကအလြန္အၾကဴးေတြခ်စ္ျပလိုက္ႏွင့္အမႈိက္ပုံနားေရာက္လာသည္ ။ အမႈိက္ေတြေသခ်ာခြဲပစ္ၿပီးေတာ့ သူ႔အေနာက္က ကားယားကားယားႏွင့္အူယားဖားယားပါလာျပန္သည္ ။ TaeHyung တိုက္ခန္းကိုေရာက္သည္အထိ အတူတက္လိုက္လာတာမလို႔ နည္းနည္းေတာင္ေၾကာင္စီစီေလးျဖစ္သြားရသည္ ။

"မင္းကဘာလိုက္လုပ္တာလဲ"

"Baby Hyung ဆီလိုက္လာတာေလ"

"ဘာေတြလာေျပာေနတာလဲ ေမွာင္ေနၿပီ အိမ္ျပန္ မင္းကိုေကြၽးစရာမရွိဘူး"

"စားစရာမရွိရင္ Baby ကိုစားမယ္ အဟဲ"

"လိ့လိ့"

မ်က္ႏွာေတြနီရဲၿပီးသူ႔ကိုဆဲကာ အိမ္ထဲကိုေျပးဝင္သြားတဲ့ အကိုေသးေသးေလးေနာက္ကိုအသည္းယားစြာပင္ဝင္လိုက္လာခဲ့ရသည္ ။

"ေဟ့ေရာင္ ျပန္ေလ အိမ္ထဲထိဘာလိုက္လုပ္ျပန္လဲ"

စြာစိလန္ေသးေသးေလးက သူ႔အိမ္ထဲလိုက္လာလို႔ ရန္လိုသံေသးေသးေလးႏွင့္ စြာေနေသးသည္ ။

"ေအာေဟာ တစ္ခ်ိန္မွာအရင္းႏွီးဆုံးသူစိမ္းေလးျဖစ္လာမယ့္သူကိုႏွင္ထုတ္ရက္တယ္လား"

"မင္း လစ္လိုက္ေတာ့"

"တံခါးဖြင့္ေပးေလ"

"မင္းလက္နဲ႔မင္းဖြင့္ေလ တံခါးတစ္ခ်ပ္လုံးကိုျမင္ေနၿပီးမဖြင့္တတ္ေတာ့ဘူးလား"

"ႏိုး ႏိုး Baby Hyung လက္နဲ႔ဖြင့္မွလစ္လို႔ရမယ္ Baby ႏွလုံးသားတံခါးေလးကိုေျပာတာ"

စပ္ၿဖဲၿဖဲမ်က္ႏွာႏွင့္မ်က္လုံးတစ္ဖက္မွိတ္ျပၿပီးေျပာလာတဲ့ဟာေလးေၾကာင့္ TaeHyung တစ္ကိုယ္လုံးၾကက္သီးေတြျဖင္းျဖင္းထလို႔ ။ စကားေတြဟာ ေမြးကတည္းက သင္ေပးလာသလို မေျပာတတ္ မေျပာရဲဆိုတာမရွိ ။

"ျပန္ေတာ့ကြာ ငါစာလုပ္စရာရွိေသးတယ္ အာ႐ုံလာမေနာက္နဲ႔"

"ေဘးကေနထိုင္ေနမယ္ေလ ညိမ္ညိမ္ေလး"

"မရဘူး ျပန္....မင္းရွိေန႐ုံနဲ႔တင္ငါေၾကာက္လြန္းလို႔"

"မေၾကာက္ပါနဲ႔ဆို ကတိေပးတယ္ လုံးဝညိမ္ညိမ္ေလးထိုင္ေနမယ္လို႔ ကတိ ကတိ"

လက္သန္းေလးေထာင္ကာ ကတိေတြအတင္းေပးေနတဲ့ ဟာေလးကို TaeHyung မယုံသလိုမ်ိဳးၾကည့္မိေတာ့ သြားကိုအစြမ္းကုန္ေပၚေအာင္စိကာမ်က္လုံးေတြမွိတ္သည္အထိရယ္ျပေလသည္ ။ ေမာင္းထုတ္လည္း ျပန္မွာမဟုတ္တာကေသခ်ာေနေလသည္ ။

"အသံထြက္လာလို႔ကေတာ့ ဆြဲထိုးမွာေနာ္"

"သေဘာပါဗ်ာ"

TaeHyung လည္းေျပာမႏိုင္ဆိုမႏိုင္ေလးကိုမေျပာေတာ့ပဲ လုပ္စရာရွိတဲ့စာေတြကိုသာထိုင္လုပ္ေနလိုက္သည္ ။

စာထဲအာ႐ုံေရာက္ေနသည့္ Bay Hyung ေလးက ႏႈတ္ခမ္းေလးတစ္စူစူနဲ႔ ။ မ်က္ႏွာေလးကိုတစ္စိမ့္စိမ့္ထိုင္ၾကည့္ေနရတာကိုက ခ်စ္ေရစီးကမ္းေတြအဆက္မျပတ္ၿပိဳက်ေနသလိုမ်ိဳး ။ တေဝါေဝါနဲ႔ၿပိဳဆင္းေနသည့္ႏွလုံးသားေရတံခြန္ႀကီးကေတာ့ ရပ္တန႔္ႏိုင္မည့္ပုံလည္းမေပၚေပ ။ အခ်ိန္ေတာ္ေတာ္ၾကာၾကာထိကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနမိသည္ထင္ပါသည္ ။ မ်က္ေစာင္းလွလွေလးေတြဒိုင္းခနဲပစ္ဝင္လာမွ သြားကိုအစြမ္းကုန္ခ်ဲရင္း မ်က္ႏွာခ်ိဳေသြးရျပန္သည္။

"မင္းကအသံပဲတိတ္ေနတာ အဲ့လိုစိုက္ၾကည့္ေနေတာ့ ငါ့စာကဘယ္လိုအာ႐ုံေရာက္ေတာ့မွာလဲ"

"ဟီးဟီး ေငးေနခြင့္ေလးေတာ့မတြန႔္တိုပါနဲ႔ Baby Hyung ေလးရဲ႕"

"မေငးေနနဲ႔ ငါမႀကိဳက္ဘူး"

"ကပ္ေစးနဲလိုက္တာ"

စူပုတ္ပုတ္မ်က္ႏွာေလးက မ်က္ေစာင္းေလးတစ္ခဲခဲႏွင့္ၾကည့္သြားၿပီးစာျပန္လုပ္ေနေလသည္ ။ သူ႔ကိုအာ႐ုံထဲမထည့္ေတာ့သည့္ပုံမ်ိဳး ။ ဘာပဲေျပာေျပာ ဘယ္လိုပဲေအာ္ေအာ္ ေငးၾကည့္ေနရဖို႔အေရးကသူ႔အေရး ။ အခုခ်ိန္ထိအေျဖျပန္မေပးဖို႔မေျပာနဲ႔ ဖုတ္ေလတဲ့ငပိရွိတယ္လို႔ေတာင္မထင္တဲ့ Baby Hyung ေလးကသူ႔ကိုစိတ္ထဲေတာင္ရွိရဲ႕လား ။ သူ႔မွာသာ ဒီအစ္ကိုေသးေသးေလးနဲ႔မွအတည္ႀကီးေတြျဖစ္ကုန္ၿပီး ေျပာသမွ်မနာႏိုင္ပဲေမ်ာ့လိုကပ္တြယ္ေနတာ ။

"Baby Hyung"

သူ႔အေမးကိုၾကားရဲ႕သားနဲ႔ျပန္မထူး ။ သူ႔အစ္ကိုအဆိုးေလးကအၿမဲအဲ့လို ။ သူကလည္းအဲ့တာေလးေတြကိုမွခ်စ္မဝႏိုင္ေတြျဖစ္ေနတာ ။ ေတာ္ေတာ္ၾကာမွေဘာက္ဆတ္ဆတ္နဲ႔ျပန္ထူးသည္ ။

"ဘာလဲ"

"ခ်စ္တယ္"

"ပါးစပ္ပိတ္"

"ခ်စ္တယ္လို႔ ခ်စ္တယ္ခ်စ္တယ္ခ်စ္တယ္ခ်စ္တယ္ ခ်စ္တယ္ဗ်ာ"

"JeonJungKook"

"ဗ်ာ ဗ်ာ့"

"ငါပါးစပ္ပိတ္ေနဖို႔ေျပာထားတယ္ေနာ္"

"ဟုတ္ပါတယ္ဗ်ာ ပိတ္လိုက္ပါၿပီဗ်ာ"

ႏႈတ္ခမ္းပါးေတြကို ဇစ္ဆြဲသလိုဆြဲၿပီးပိတ္ျပတဲ့ဟာေလးကို TaeHyung လုပ္ပစ္ခ်င္လြန္းလို႔ ။ သူေျပာခ်င္တာေျပာၿပီးေတာ့ ၿပဳံးစိစိ႐ုပ္နဲ႔ျပန္ညိမ္ေနသည္ ။ ဒီေကာင္ေလးဟာ ထူးေတာ့ထူးဆန္းသား ။ ဒီေလာက္ပစ္ပစ္ခါခါေတြေျပာလႊတ္ေနတာေတာင္ အခုခ်ိန္ထိတြယ္ကပ္ေနသည္ ။

TaeHyung စာလုပ္ၿပီးလို႔နာရီကိုၾကည့္လိုက္ေတာ့ ၇ နာရီေတာင္ခြဲေနၿပီ ။ ေဘးကဟာေလးညိမ္ေနပါတယ္မွတ္လို႔ လွည့္ၾကည့္လိုက္ေတာ့အိပ္ေပ်ာ္ေနသည္ ။ ဘယ္ခ်ိန္ကအိပ္ေပ်ာ္သြားလဲေတာ့မသိ ။ စားပြဲေပၚမ်က္ႏွာအပ္ၿပီးအိပ္ေနတာမလို႔ စားပြဲမ်က္ႏွာျပင္နဲ႔မိတ္ဆက္ေနတဲ့ပါးျပင္ေလးကညႇစ္ထားသလိုျဖစ္ၿပီး ေဖာင္းေဖာင္းေလးျဖစ္ေနသည္ ။ အေရွ႕ကယုန္သြားႀကီးႀကီးေလးႏွစ္ေခ်ာင္းကလည္းအထင္းသား ။ က်န္တဲ့ပါးေလးတစ္ဖက္ကို TaeHyung အသာေလးညႇစ္ၾကည့္ေတာ့ အိက်ိက်ိေလးရယ္ ။ မ်က္ႏွာေလးကသာကေလးမ်က္ႏွာေလးနဲ႔ မေျပာရဲမဆိုရဲတာကဘာမွမရွိ ။ TaeHyung စိတ္ေပါက္ေပါက္နဲ႔ပါးကိုအားထည့္ညႇစ္လိုက္ေတာ့ အိပ္ေနရာကေနႏိုးလာေလသည္ ။

"အြန္းးးး ကြၽန္ေတာ္အိပ္ေပ်ာ္သြားတာလား"

အပ်င္းေၾကာရွည္ႀကီးဆန႔္ရင္းေမးေနပုံက ျမင္ျပင္းကပ္စရာ ။

"မွန္း ပါးေတြနာေနသလိုပဲ....ကြၽန္ေတာ္အိပ္ေနတုန္း Baby Hyung ပါးခိုးနမ္းထားတာလားေျပာ"

စိတ္ရွိတိုင္းသာလုပ္ပစ္ရရင္ ဒီေကာင္ေလး စိစိညက္ညက္ေၾကေနေလာက္ၿပီ ။ အေျပာနဲ႔ေရာ အလုပ္နဲ႔ပါ အသားယူတတ္လြန္းသည္ ။ TaeHyung အျငင္းပြားစကားနဲ႔သတ္ပုတ္ေနတာေတြမလုပ္ခ်င္ေတာ့လို႔ ကိုယ့္စိတ္ကိုယ္ျပန္ထိန္းရသည္။

"ေမွာင္ေနၿပီ"

"အာ ဟုတ္သား အိမ္ျပန္ရဦးမယ္...ဒီကႏွလုံးသားေလးကန႔္ပိုင္ရွင္သည္းညႇာအူပြတ္အစာအိမ္ေလးကေနမွမေနေစခ်င္ေတာ့ ျပန္ရဦးမေပေပါ့ေလ"

TaeHyung သာအိမ္ေပၚကေနေျပးဆင္းသြားခ်င္ေတာ့သည္ ။ သူအိမ္ထဲေခၚသြင္းမိခဲ့တာကိုကမဟာအမွား ။

လြယ္အိတ္ကိုေကာက္လြယ္ၿပီးျပန္ဖို႔ျပင္ေနတဲ့ဟာေလး ။ အခ်ိန္ကလည္း ညစာစားခ်ိန္ဆိုေတာ့ ဒီေကာင္ေလးဘာမွမစားရေသးလို႔လမ္းမွာဗိုက္ဆာေနမွာေသခ်ာေပါက္ ။ ညစာေကြၽးၿပီးမွလႊတ္ျပန္လည္း ပိုၿပီးမိုးခ်ဳပ္ေနမည္ ။ ဘယ္လိုလုပ္ရမခဲ ေဝခြဲရခက္ေနေပမယ့္လည္း ပါးစပ္ကေတာ့လြတ္ခနဲထြက္သြားရွာသည္ ။

"မျပန္ခင္ေခါက္ဆြဲျပဳတ္အတူစားသြားဦးမလား"

JungKook မွာ ဖိနပ္ႀကိဳးခ်ည္ေနရင္းတုံ႔ခနဲရပ္သြားကာတအံ့တဩ ျပဴးျပဴးႀကီးနဲ႔ TaeHyung ကိုေမာ့ၾကည့္လာေလေတာ့သည္ ။

TaeHyung မွာသူ႔ကိုျပဴးေၾကာင္ေၾကာင္ႀကီးစိုက္ၾကည့္ေနတဲ့ဟာေလးေၾကာင့္ ေခ်ာင္းဟန႔္ကာ အရွက္ေျပရမ္းရေသးသည္ ။

"အဟမ္း မင္း စားခ်င္စား မစားခ်င္လည္းေန"

ရွက္ရမ္းရမ္းၿပီးအိမ္ထဲျပန္လွည့္ဝင္သြားတဲ့သူ႔ Baby Hyung  ေလး ။ တံေတြးေတြကိုမဆက္မျပတ္မ်ိဳခ်ရင္း လူကရင္တုန္ပန္းတုန္ ကတုန္ကယင္နဲ႔ ။ Baby Hyung ကေခါက္ဆြဲအတူစားမယ္တဲ့ ။ ဒါဆို ရွက္သြားတဲ့မ်က္ႏွာေလးနဲ႔စကားအသြားအလာေလးက သူ႔ရင္ထဲပန္းခင္းႀကီးပြင့္ေနေစေခ်ၿပီ ။ ဖိနပ္ကိုအျမန္ျပန္ခြၽတ္ရင္း အိမ္ထဲကိုသာအသည္း အသန္ျပန္ဝင္လာခဲ့လိုက္ေတာ့သည္ ။

"ခဏထိုင္ဦး ၿပီးရင္ငါေခၚလိုက္မယ္"

"ဟုတ္"

JungKook စိတ္လႈပ္ရွားစြာတံေတြးကိုအသံျမည္ေအာင္ၿမိဳခ်ရင္းသာ ခုံမွာထိုင္ေစာင့္ေနမိသည္ ။ အေတြးေတြကေတာင္ေရာက္ေျမာက္ေရာက္။ ေစာင့္ခိုင္းထားတယ္ဆိုေတာ့ ျပင္ဆင္စရာရွိတာျပင္ဆင္ဖို႔ပဲေနမည္ ။

တစ္မိနစ္ ၊ ႏွစ္မိနစ္ ၊ သုံးမိနစ္ ၊ ေလးမိနစ္ ၊ ငါးမိနစ္ ၊ ေျခာက္မိနစ္ ၊ ခုႏွစ္မိနစ္ ၊ ရွစ္မိနစ္ ၊ ကိုးမိနစ္ ၊ ဆယ္မိနစ္ ။

အခ်ိန္ေတြကအခုမွဘာလို႔ ဆယ္သက္ေလာက္ၾကာေနရသလဲ။ စုစုေပါင္းဆယ္မိနစ္တိတိျပည့္ၿပီးေစာင့္ၿပီးခ်ိန္မွာေတာ့ ၾကားလိုက္ရတဲ့ အထဲဘက္ကအသံေလး ။

"JungKook ေရ လာေတာ့ ငါၿပီးၿပီ"

JungKook ရင္ေတြတဒိန္းဒိန္းနဲ႔ ေသြးခုန္ႏႈန္းေတြကလည္းေဆာင့္တက္ေနေခ်ၿပီ ။ အခန္းဘက္ကိုဦးတည္ေနတဲ့ေျခလွမ္းေတြကလည္းေမွ်ာ္လင့္ခ်က္ေတြအျပည့္ႏွင့္တက္ တက္ႂကြႂကြ။ ႏွလုံးသားကလည္းပန္းေတြနဲ႔ပြင့္ေဝေနသလို ေလပဲသလပ္ေနသလိုခံစားခ်က္ႀကီး။

ထမင္းစားခန္းထဲေရာက္ေတာ့ တစ္စုံတစ္ရာကသူ႔ကိုေစာင့္ေမွ်ာ္ေနသည္။

ခဏေလး....ဒါနဲ႔ တစ္ခုခုေတာ့လြဲေနၿပီမဟုတ္ဘူးလား ။

ဘဝမွာေ႐ႊေရာင္ေခါက္ဆြဲျပဳတ္အိုးကအခုေလာက္ထိ ဆႏၵေတြကို႐ိုက္ခ်ိဳးလိမ့္မယ္လို႔မထင္ထားမိခဲ့ ။ ဧည့္ခန္းကေန အေနာက္ဖက္အခန္းထဲဝင္ဝင္လာခ်င္း ထမင္းစားပြဲေပၚက အနံ႔တသင္းသင္းနဲ႔ေ႐ႊေရာင္ေခါက္ဆြဲျပဳတ္အိုးက "JeonJungKook ေသာက္ေပါႀကီးဆိုၿပီး"သူ႔အေတြးေတြကိုေလွာင္ေျပာင္ေနသလို ။

ေၾကာင္အစြာရပ္ေနတုန္းမွာပဲ သူ႔ Baby Hyung ေလးက ခုံမွာထိုင္ဖို႔ေျပာလာသည္။

"ထိုင္ေလ ျပဴးေၾကာင္ေၾကာင္နဲ႔ဘာရပ္လုပ္ေနတာလဲ"

"ဟို ဟို တစ္ခု ခုေတာ့...."

"ဘာေတြေျပာေနတာလဲ ထိုင္စားေလ...ပြကုန္ေတာ့မွာပဲေခါက္ဆြဲက"

JungKook တစ္ေယာက္ခုံမွာမအီမသာႀကီးႏွင့္ဝင္ထိုင္လိုက္ရသည္။ အျဖစ္အပ်က္ေတြကို သူအခုထိကိုမယုံႏိုင္ေသးဘူး။ သူထိုင္ၿပီးတာနဲ႔ မ်က္ႏွာခ်င္းဆိုင္ခုံမွာ Baby Hyung ကဝင္ထိုင္သည္။

"ဟို Baby Hyung"

ေခါက္ဆြဲစားေနရင္း TaeHyung ကေမာ့ၾကည့္လာသည္။ ဘာလဲေျပာ ဆိုသည့္ပုံစံႏွင့္မလို႔ JungKook ေျပာဖို႔ရန္ခက္ခဲေနသည္။

"ဟိုေလ တကယ္ႀကီး ဒီေခါက္ဆြဲစားရမွာလား"

"အင္းေလ ေခါက္ဆြဲမစားလို႔ မင္းကဘာစားခ်င္ေနတာလည္း...ေကြၽးစရာဒါပဲရွိတာ"

"မဟုတ္ဘူးေလ Hyung ရဲ႕....အာ ေျပာရခက္လိုက္တာ"

အေရွ႕ကဝဲစားေလးက အင္တင္တင္ႏွင့္တစ္ေယာက္တည္း ဘာေတြျဖစ္ေနမွန္းမသိ။ ဘာျဖစ္ေနလည္းသူလည္းမစဥ္းစားတတ္။

"ဘာလဲ ၾကက္ဥမပါဘူးထင္လို႔လား....တစ္လုံးတည္းက်န္ေတာ့လို႔ တစ္လုံးတည္းထည့္ထားတာ....ငါမစားပါဘူး မင္းစားဖို႔ထည့္ေပးထားတာ"

ေျပာေလ ေဝးေလျဖစ္ေနတဲ့ TaeHyung ကို JungKook ဘယ္ကေနစေျပာရမယ္မသိျဖစ္ေနေတာ့သည္။ TaeHyung ကစာေတာ္ၿပီးလည္လည္ဝယ္ဝယ္ထက္ထက္ျမက္ျမက္နဲ႔ဗဟုသုတေပါင္းစုံရွိေပမယ့္ ဒီလိုမ်ိဳးကေတာ့ ဒူေဝေဝပင္။ JeonJungKook ဆိုတာကလည္း ဒါမ်ိဳးဆို သက္စရာမလိုေအာင္ သိေနတတ္ေနတဲ့သူမ်ိဳး။

"Baby Hyung တစ္ကယ္မသိတာလား"

"ဟင္ ငါကဘာကိုသိရျပန္ဦးမွာလဲ"

"ဟာ ဗ်ာ...."

ေခါက္ဆြဲတြဲေလာင္းႏွင့္အူေၾကာင္ၾကား Hyung ပုံစံကို သူဆြဲဆတ္လုပ္ပစ္လိုက္ခ်င္ၿပီ။ ၿပီးေတာ့ အခုကိစၥက သူပဲစ,ထားတာေလ။ အခုေတာ့မသိသလိုႏွင့္ ေနေနျပန္သည္။

"Baby Hyung ပဲေခါက္ဆြဲအတူစားမယ္ဆို"

"အင္းေလ အခုစားေနတယ္ေလ"

"ဒီလိုစားတာမဟုတ္ဘူးေလဗ်ာ"

"ဟ ဒီလိုမစားလို႔ ကင္းၿမီးေကာက္ေထာင္ၿပီးစားရမွာလား"

"ဟာ ဗ်ာ အတူေနမယ္ေျပာေနတာေလဗ်ာ....ေျပာရတာေတာင္ ရွက္လာၿပီဗ်ာ"

"ေအး အခုအတူေနေနတာပဲေလ...ဘာျဖစ္ေနလို႔....."

ထိုအခါမွ TaeHyung တစ္စုံတစ္ခုကိုေျပးသတိရသြားခဲ့သည္။ ဒီဝဲစားေလးကေတာ့....

"ဒင္" ခနဲအိုးအဖုံး႐ိုက္သံတစ္ခုက က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာေတာ့သည္။

"Baby Hyung"

JungKook ကေ႐ႊေရာင္အိုးအဖုံးနဲ႔အတီးခံလိုက္ရသည့္ နဖူးေစာင္းကို ဖိကိုင္ကာေအာ္သည္။ TaeHyung ကလည္းရွက္ရွက္ႏွင့္ လွိမ့္ဆဲ့သည္။

"ႏွာဗူးေကာင္ လိ့လိ့ မင္းေမႀကီးေတာ္ကို အတူေနရမွာလား"

"Baby Hyung....အ႐ူးကြက္မနင္းနဲ႔ေနာ္...Baby Hyung ပဲေခါက္ဆြဲျပဳတ္အတူစားမယ္ေျပာၿပီး"

"ငါက မင္းအိမ္အျပန္မွာဗိုက္ဆာေနမွာစိုးလို႔ ေခါက္ဆြဲျပဳတ္ေကြၽးတာေလ....မင္းဘာသာ ႏွာဗူးေတြးေတြးေနတာ"

"အဲ့လိုေတြးေတာင္ Baby Hyung လုပ္တာေလ....ခ်စ္ခြင့္ပန္ထားတဲ့လူတစ္ေယာက္ကို ေခါက္ဆြဲအတူစားမလားေမးတာက အဲ့တာမေတြးရင္ ကြၽန္ေတာ္ကဘာေျပးေတြးရမွာလဲလို႔"

"တိတ္စမ္း"

ေနာက္ထပ္ ဒင္ ခနဲထုသံက JungKook ေခါင္းႏွင့္မိတ္ဆက္လိုက္သည့္အေနႏွင့္ထြက္ေပၚလာသည္။

"Baby Hyung ကြၽန္ေတာ္ေျပာၿပီးသားေနာ္ အဆံေခ်ာင္ကိုလူအမ်ားႀကီးရွိထဲ မဂၤလာခန္းမထဲ အနမ္းမေႁခြခ်င္ရင္ မထုနဲ႔လို႔"

"ငါထပ္လုပ္လိုက္ရ"

အိုးအဖိုးတစ္ျပင္ျပင္နဲ႔ ႐ိုက္ဖို႔ပဲ TaeHyung ကလက္တစ္ျပင္ျပင္။ ဒီေကာင္ေလး အေတြးေတြက သူမတူတဲ့ level တစ္ခုေရာက္ေနၿပီ။ သူလည္းတစ္ခ်က္သတိလြတ္သြားခဲ့တာ။
ကိုယ္ကေတာ့သူ႔ကို ေစတနာနဲ႔ သူကေတာ့ကိုယ့္ကို အႀကံနဲ႔။

"သြား အိမ္ျပန္ေတာ့"

"ဟင္အင္း မျပန္ေတာ့ဘူး ဒီမွာပဲညအိပ္ေတာ့မွာ"

"ေဟ့ေရာင္ ျပန္ကြာ"

"ကန္ခ်ေတာင္ မသြားဘူး"

မ်က္ႏွာႀကီးရဲကာ ရွက္ရမ္းရမ္းၿပီး ႏွင္ထုတ္တဲ့သူကႏွင္ထုတ္သည္။ မျပန္ပဲ မ်က္ႏွာေျပာင္ေျပာင္ႏွင့္ဆက္ေနတဲ့သူက နပိန္တြယ္တြယ္ကာဆက္ေနသည္။

"ဟီး အမ်ားႀကီးရွက္သြားတာပဲ မ်က္ႏွာေလးက ကြၽန္ေတာ္စားလို႔ရေတာ့မယ့္ စေတာ္ဘယ္ရီေလးလိုရဲေနတာပဲ"

"ပါးစိပ္ပိတ္ထား"

"ခ်စ္လိုက္တာဗ်ာ...ကြၽန္ေတာ့္ Baby Hyung ေသးေသးေလးက innocnet ေလးကိုး....ဒီက Daddy ကနည္းနည္းေမွာင္သြားတယ္ဗ်ာ...ဟဲဟဲ"

"မင္း ပါးစပ္ပိတ္မလား....ငါလက္သီးနဲ႔ပိတ္ေပးရမလား"

"ရပါတယ္ ဘာနဲ႔ပိတ္ပိတ္....ကိစၥမရွိဘူး"

ေျပာေလကဲေလ ဒီလူဆိုးေကာင္ေလးက သူ႔ကိုေတာ္႐ုံႏွင့္စေနာက္လို႔ၿပီးေတာ့မွာမဟုတ္ေတာ့။ စိတ္ထဲေနရာေပးထားတာေလးေတြေတာင္ မရွိခ်င္ေတာ့ဘူး။ တစ္ကယ္ကိုေစတနာတုံးေအာင္လုပ္တဲ့ဟာေလး။

"ဒါနဲ႔ ကြၽန္ေတာ္ေျပာထားတဲ့ကိစၥေလးကို စဥ္းစားထားဦးေနာ္...ဒီေကာင္ႀကီးရင္ဘတ္တစ္ခုလုံးနဲ႔အျပည့္အဝခ်စ္ၿပီး ခ်စ္ေရးဆိုထားတာေလးကို"

"လိ့ကိုေတာင္ မစဥ္းစားဘူး"

"အဲ့တာကိုေတာ့မစဥ္းစားပါနဲ႔ဦး....အခုေတာ့ အေျဖကိစၥေလာက္ပါပဲ...ကြၽန္ေတာ္ေစာင့္ႏိုင္ပါတယ္ အဟဲ"

"ငါ မင္းကိုမုန္းမိေတာ့မယ္ေနာ္ JeonJungKook"

"မုန္းမိေတာ့မယ္ဆိုေတာ့ ခ်စ္ေနလို႔ေပါ့"

"J e o n J u n g K o o K"

"ဗ်ာ ဗ်"

TaeHyung စိတ္တိုတိုနဲ႔ပိတ္ေအာ္တာေတာင္ သူကမ်က္ႏွာပိုးမေသေသးပဲျဖစ္ေနတုန္း။ ဘာေျပာရမွန္းမသိေအာင္ကို ဒီေျပာမႏိုင္ဆိုမႏိုင္လူဆိုးေကာင္ေလးကိုစိတ္တိုေနၿပီျဖစ္သည္ ။ ဘယ္လိုေျပာေျပာ မနာတတ္ပဲမ်က္ႏွာေျပာင္တတ္တဲ့ဒီဟာေလးနဲ႔ ဒီညေတာ့ဘယ္လိုႏွစ္ပါးသြားရေပဦးမည္မသိ။

~ A Boy Named Jeon Jung Kook ~

Hey.... မျက်နှာပြောင် pro max လေးရဲ့ Update 👀
တစ္ဝက္ေရးထားတာရွိလို႔ လာတင္ေပးတာ။ ေမွ်ာ္ေနၾကမလားမသိေပမယ့္ ဒါေလးေရးခ်င္လာတာမလို႔ ေရးၿပီးတင္ေပးလိုက္ပါတယ္လို႔ ✌

Continue Reading

You'll Also Like

73.2K 18.6K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
82.3K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
21.9K 1.3K 24
အချစ်တစ်ခုအတွက်နဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးကို စွန့်ပစ်ခဲ့သည့် ဂျွန်ဂျောင်ဂုဆိုသည့် ကောင်လေးဟာ ဆင်းရဲပါတယ်ဆိုသည့် ကင်မ်ထယ်ယောင်းဆိုသည့် ကောင်လေးကို...