သခင့်ရဲ့ အရုပ်
By chitthawmaung
3.4K 52 6
အကိုဖြစ်သူသေခဲ့ရတဲ့အတွက် ဖခင်ရဲ့အပစ်တွေကို သားဖြစ်သူထံ လက်စားချေရာမှ ဖြစ်လာခဲ့တဲ့အချစ်တစ်ခုကို ပုံဖော်ထားတဲ့... More
Part 1
bl
Part 2
1K 22 5
By chitthawmaung
Unicode
"အန်တီထား အဲဒါကဘာလုပ်မလို့လဲ "
တစ်ခါမှ မလာသဖူး ကုမ္ပဏီကိုလိုက်လာခဲ့တဲ့ အန်တီထားကြောင့် အံဩနေမိရင်းက မသင်ကာလို့နောက်က လိုက်ကြည့်ရာ ဒယ်ဒီရဲ့ လက်မှတ်နဲ့ ပိုက်ဆံတွေထုတ်နေတာ တွေ့ရတော့ ခွန်းမေးလိုက်ခြင်းဖြစ်သည်။
"ခွန်း "
ခွန်းကိုမြင်တော့ အန်တီထား မျက်နှာပျက်သွားပြီး ဆက်မလုပ်ပဲ ခွန်းကို ကြည့်တဲ့အကြည့်ကို ပြန်တင်းလိုက်သည်။
"ဘာလို့လဲ ငါငွေအသုံးလိုလို့ထုတ်တာလေ "
"အန်တီထား အခုချိန်မှာ ကုမ္ပဏီတစ်ခုလုံး ဒုက္ခရောက်နေတာလေ ဒယ်ဒီလက်မှတ်ကိုအခုလိုအလွဲသုံးစားမလုပ်ပါနဲ့ "
"ငါနားလည်တယ် ဒါပေမဲ့ မင်းဒယ်ဒီဆိုတာလဲငါ့ရဲ့ယောကျ်ားပဲ သူ့ပစ္စည်းကငါ့ပစ္စည်းပဲပေါ့ "
"အဲဒါဆို ဒယ်ဒီဆီကို တောင်းလေ "
"မင်းဒယ်ဒီလို ဒုက္ခိတ တစ်ယောက်ဆီက ငါကလက်ဝါးဖြန့်တောင်းနေရမှာလား "
"အန်တီထား "
သူ့ဒယ်ဒီကို ဒုက္ခိတဆိုပြီး သုံးလိုက်တဲ့အတွက် ခွန်းဒေါသထွက်သွားသည်။ ထိုသို့ပြောသူမှာ အန်တီထားဖြစ်နေ၍ ခွန်းပိုပြီး စိတ်ပျက်မိတာ ။ တကယ်ဆိုရင် ဒီလိုအချိန်မှာ ဒယ်ဒီ့ကိုပြုစုနေရမယ့်အချိန် ။ မပြုစုရင်တောင်မှ အခုလိုမပြောသင့် ။ ပြီးတော့ နောက်လူလဲ မရှာသင့်ဘူးလေ ။
မနေ့ညက ကိစ္စကိုတွေးမိသွားပြီး ခွန်းဒေါသထွက်သွားတယ်ဆိုရင်လဲမှန်သည်။
"အခု ဘာလုပ်ဖို့လဲ ဟိုတလောကမှ သိန်းနှစ်ရာ ယူသွားတာမဟုတ်လား "
ခွန်းစကားကြောင့် သူမ မျက်နှာ ထပ်ပျက်သွားရသည်။ ဒီကိစ္စကို ခွန်းမသိဘူးထင်ထားခဲ့တာ ဘယ်လိုများသိသွားသလဲဆိုပြီး သူမထိတ်လန့်သွားသည်။
"ငါ့ဆိုင်အတွက် အရင်းအနီးလိုနေလို့ ထည့်လိုက်တာ "
"ဆိုင် ဘာဆိုင်လဲ ငွေစင်သွန်းဆိုတဲ့ကော်ဖီဆိုင်လား အဲဒီဆိုင်က ရောင်းပြီးသွားပြီမဟုတ်ဘူးလား "
"မင်း မင်းဘယ်လို "
ခွန်းမှာ အားလုံးသိနေ၍ သူမပို၍ အံဩမိသည်။ သူ့မအထင်မှာ ခွန်းဆင့်ပိုင် ဆိုတာက ဘာမှနားမလည်တဲ့ချာတိတ်တစ်ယောက်လို့ထင်ထားခဲ့တာ ။အခုလိုအလုံးစုံသိနေတော့ သူမ တကယ်ပင် ထိတ်လန့်အံဩနေရသည်။
"အန်တီထား ကျွန်တော်တောင်းဆိုတာပါ အခုဆိုရင် ဒယ်ဒီရဲ့ ဘိုးဘွားစဥ်ဆက်ပိုင်လာတဲ့ ဒီ sky world ကုမ္ပဏီကြီးက အကြွေးတွေထဲမှာ နစ်သထက်နေပြီ လုံးဝမဖြေရှင်းနိုင်ရင် ဒီကုမ္ပဏီကြီးကိုဆုံးရှုံးရတော့မှာ အန်တီထားရဲ့ "
"ဟွန်း တော်ပြီ တော်ပြီ ငါဘာမှမယူတော့ဘူး ဒီလောက်လေးသုံးတာကို လိုက်ပြောနေတယ် ဖအေရဲ့သား တပုံစံထဲပဲ စိတ်ပျက်ဖို့ကောင်းတယ် "
ခွန်းရဲ့စကားကြောင့် သူမဘာမှမလုပ်တော့ပဲ ထွက်သွားရာ ခွန်း သက်ပြင်းရှည်ကြီးကို လေးပင်စွာချလိုက်သည်။
တကယ်ဆိုရင် ဒယ်ဒီရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့မိမိသာ အရာရာနားလည်ပြီး ဒယ်ဒီကိုကူညီပေးနိုင်ခဲ့လျှင် အခုလို ဖြစ်မှာမဟုတ်ပေ ။ အခုတော့ ဒီကုမ္ပဏီကြီးကို လက်လွှတ်ရတော့မယ့်အခြေအနေကိုရောက်နေပြီ ။
ဒီကိစ္စတွေကို ဒယ်ဒီကိုမပြောရသေး ။ပြောဖို့လဲ ဘယ်ကစရမှန်းမသိသလို ဒယ်ဒီစိတ်ဆင်းရဲမှာစိုး၍ ပြောလို့လဲမထွက် ။
အလုပ်စားပွဲပေါ်မှ တိမ်သားမာန် ကုမ္ပဏီမှ ဒယ်ဒီရဲ့အကြွေးတွေကို နောက်အပတ်အကျေပေးဖို့ ပြောထားတဲ့ စာကို ကြည့်ရင်း ခွန်း စိတ်မကောင်းဖြစ်ရသည်။
လူတစ်ယောက်မှာ အကျိုးရယ် အကြောင်းရယ် အဆိုးရယ်အကောင်းရယ် ဆိုပြီး  ဖြစ်လာပေမဲ့ ။ သူ့အတွက်ကတော့ အရာအားလုံး က အဆိုးတွေချည်သာဖြစ်နေတော့သည်။
စီမံကိန်းတစ်ခုအတွက် တိမ်သားမာန် ကုမ္ပဏီမှ ဒယ်ဒီချေးတဲ့ငွေက သိန်းတစ်သောင်းကြီးများတောင် ။ စီမံကိန်းကလဲ အကောင်အထည်မပေါ်ပဲ လိုအပ်တဲ့ အလုပ်တွေထဲ ဖြည့်လိုက်နဲ့ ဘာမှမရှိတော့ချေ ။ ဒယ်ဒီအလုပ်ဆက်ပြီးလုပ်နိုင်ရင် ဒီလောက်ထိအမြန်မတောင်းနိုင်ပေမဲ့ အခုဟာက ဒယ်ဒီရဲ့အခြေအနေကိုသိတော့ အမြန်ဆုံးလိုချင်နေပုံရသည်။
ဒယ်ဒီရဲ့ ရှေ့နေနဲ့ဆွေးနွေးကြည့်တော့ ဒီကုမ္ပဏီကြီးရဲ့အကြွေးတွေက စွန့်လွတ်ဖို့အထိဖြစ်နေတာကိုသိ ​ခဲ့ရသည်။
"သူဌေး ဧည့်သည်တစ်ယောက်က မတင့်တင့်ထားကို တွေ့ချင်လို့တဲ့ အပြင်မှာစောင့်နေတယ် "
အတွင်းရေးမှူးမလေးရဲ့ စကားကြောင့် ခွန်း စိတ်ထဲထင့်သွားသည်။ တခါတလေလေး ကုမ္ပဏီကိုလိုက်လာတဲ့ အန်တီထားကိုတွေ့ချင်လို့တဲ့ ။ ဘယ်သူလဲ ဘာကြောင့်တွေ့ချင်တာလဲဆိုတာ သူစိတ်ဝင်စားသည်။
အန်တီထားလဲ ဘယ်ကိုရောက်နေလဲမသိတာမို့ ခွန်း ခေါင်းညိတ်ကာဖြေလိုက်သည်။
"ဘယ်သူတဲ့လဲ "
"ဟို ဒေါ်တင့်တင့်ထားရဲ့ မိတ်ဆွေပါတဲ့ ချိန်ထားတာရှိလို့ လာခေါ်တာလို့ပြောပါတယ် "
"ကောင်းပြီ ငါလိုက်ခဲ့မယ် ဘယ်မှာလဲ "
"အပြင်မှာပါ "
ခွန်း ပြောကာ သူမရဲ့ နောက်သို့လိုက်လာခဲ့သည်။ အခန်းရဲ့အပြင်မှာ သူတို့ကိုကျောပေးပြီးရပ်နေတဲ့ ယောကျ်ားတစ်ယောက်ကိုတွေ့ရတော့ အတွင်းရေးမှုးမလေးက 'သူပါ ' ဆိုပြီးပြောတော့ ခွန်း 'ရပြီလုပ်စရာရှိတာသွားလုပ်'ဆိုပြီးပြောကာ ထိုသူထံ လျှောက်လာခဲ့သည်။
"အန်တီထားကို တွေ့ချင်တယ်ဆိုတာက "
သူ့အနားကိုရောက်သွားပေမဲ့ လမ်းလျှောက်တာ ညှင်သာ၍လားမသိ သူမသိတော့ ခွန်းပြောလိုက်ရာ သူ ခွန်းကိုလှည့်ကြည့်လာသည်။
"ဟင် "
ခွန်း မြင်လိုက်ရတဲ့ သူ့ကြောင့် ခွန်းအံဩသွားသည်။ ဟုတ်ပါတယ် သူပါပဲ ။ကျော်ကျော်ဦး
"ဟုတ်ပါတယ် မမထားနဲ့ ချိန်းထားလို့လာခေါ်တာ "
"ဘာကိစ္စလဲ "
"ငါ့အထင် မင်းသိဖို့မလိုဘူးထင်တယ် ဒါက ငါနဲ့မမထားရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ "
"အန်တီထားဆိုတာ ငါ့အဖေရဲ့ မိန်းမ အဲတော့ ငါသိခွင့်ရှိတယ် "
"အဟင်း မမထားက ငါ့ကိုတွေ့ချင်တယ်ဆိုလို့လာခဲ့တာ "
မမထား မမထားနဲ့ နားကြားပြင်းကတ်အောင်ခေါ်ပြောနေတဲ့ သူ့စကားတွေကိုနားထောင်ရင်းခွန်း သက်ပြင်းချလိုက်မိသည်။ အန်တီထားက ဘာကိစ္စကြောင့်တွေ့ချင်ရတာလဲ
"အန်တီထားမရှိဘူး "
"ငါအခုလေးတင် သူနဲ့ဖုန်းပြောထားတာ သူဒီမှာရှိတယ်တဲ့ "
"ဟင်း အန်တီထားက အိမ်ထောင်သည်ဆိုတာတော့ မင်းသိမှာပါ "
"သိတယ်လေ ဘာလို့လဲ "
"မင်းဘာကိုလိုချင်တာလဲ မင်းအန်တီထားဆီက ဘာတွေထပ်လိုချင်နေသေးတာလဲ ဒီအဝတ်အစားတွေ ဒီဖုန်းတွေ ဒီကား အားလုံး အန်တီထားဆီက ရထားပြီးပြီမလား ဒီလောက်နဲ့ ကျေနပ်ပါတော့ "
"ခွန်း မောင်လေး ရောက်နေတာကြာပြီလား "
ထိုစဥ် အန်တီထားရောက်လာတော့ သူ့အားသေချာစိုက်ကြည့်နေတဲ့ ကျော်ကျော်ဦးအကြည့်တွေက အန်တီထားထံရောက်သွားပြီး ရွန်းစိုတဲ့မျက်လုံးများဖြင့်ကြည့်ကာပြုံးပြလျှက်...
"မကြာသေးပါဘူးမမထားရဲ့ မမထားကအရေးတကြီးဆိုလို့သာ လာခဲ့ရတာ မောင်လေးက အားတာမဟုတ်ဘူး "
"ဟုတ်ပါပြီ မမထားခေါ်တာအလေးထားပြီးရောက်လာလို့ ကျေးဇူးပါ ကဲပါ အပြင်သွားပြီး အေးဆေးပြောကြတာပေါ့ "
"အန်တီထား ဖေဖေ နေသိပ်ကောင်းတာမဟုတ်ဘူးနော် "
"မင်းအဖေက ခြေထောက်ပဲမသွားနိုင်တာပါ သေဖို့ရာနဲ့အဝေးကြီး ဒီလောက်တောင် စိတ်ပူနေရင် မင်းပြန်ပြီး သွားဂရုစိုက် ၊ လာမောင်လေး သွားမယ် "
ပြောကာထွက်သွားတဲ့ အန်တီထားကြောင့် ခွန်း စိတ်ပျက်သွားရသည်။ ဘာရယ်မဟုတ် ခွန်းရဲ့အပြစ်တင်မှုတွေကိုတလှေကြီးခံသွားရသူက ကျော်ကျော်ဦး..
ဟုတ်တယ်လေ ကာမပိုင်ရှိနေတဲ့ မိန်းမတစ်ယောက်ကို ပိုင်းလုံးလာလုပ်နေတဲ့ သူ့ကို ခွန်း မကျေနပ် ။ သူ့ပုံစံနဲ့ ဒီလိုလုပ်မယ်လို့ ခွန်းတကယ်ထင်မထားခဲ့တာပါ ။
ပြီးတော့ ထွက်သွားပြီး ခွန်းကိုပြန်လှည့်ကြည့်ကာပြုံးတဲ့ အပြုံးက အရမ်းမုန်းဖို့ကောင်းလှသည်။
*****************
"သား "
"ဒယ်ဒီ အပြင်က လေစိမ်းတွေတိုက်နေတာ ဘာလို့ထွက်လာတာလဲ "
စိတ်ညစ်တာကြောင့် အိပ်မပျော်ပဲ အပြင် ဝါးရံတာမှာ ထိုင်နေတဲ့ ခွန်းရဲ့အနားကို ဝှီးချဲကို ကိုယ်တိုင်တွန်းကာရောက်လာတဲ့ ဒယ်ဒီကို စိုးရိမ်စွာ ခွန်းပြောလိုက်သည်။
"မအေးပါဘူးသားရယ် ဘာလဲ သားစိတ်ညစ်နေပြီလား "
"မဟုတ်ပါဘူးဒယ်ဒီ "
"ဒယ်ဒီ့ကိုမညာချင်ပါနဲ့တော့ သားရယ် ဒယ်ဒီအသုံးမကျမှုတွေကြောင့် ဘာတွေဖြစ်နေမလဲဆိုတာ ဒယ်ဒီသိပါတယ် "
"သားအသုံးမကျလို့ပါဒယ်ဒီရာ အရင်က သားသာ ဒယ်ဒီ့အလုပ်တွေကိုကူပြီးလုပ်ပေးခဲ့မယ်ဆိုရင် အခုလို ဖြစ်လာမှာမဟုတ်ဘူး အခုတော့ အခုတော့ သားဘာမှမတတ်နိုင်တော့ဘူး "
ခွန်းပြောရင်း ဝမ်းနည်းလာတာကြောင့် မျက်ရည်များဝဲလို့လာသည်။ ထိုအခါ ဖခင်ဖြစ်တဲ့ဦးထွန်မြသာ သားရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ပေးရှာသည်။
"သားဘာမှစိတ်မညစ်ပါနဲ့သား ဒယ်ဒီအားလုံးကိုလက်ခံနိုင်ပါတယ်သားရဲ့ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲပေါ့သားရယ် ဒယ်ဒီကို သားသိတတ်တာနဲ့တင် ဒယ်ဒီကျေနပ်ပါတယ် သားရယ် "
နေ့ခင်းက ကုမ္ပဏီကိုဒယ်ဒီရဲ့ရှေ့နေရောက်လာပြီး ပြောတဲ့စကားတွေကို ဒယ်ဒီအား ခွန်း ပြန်ပြောပြလိုက်သည်။
"အချိန် ထပ်ပြီး ပေးလို့မရတော့ဘူးတဲ့လား ဦးလေး "
"ဦးလေးလဲ ကြိုးစားပေးတာပဲ ဒါပေမဲ့ တိမ်သားမာန်ကုမ္ပဏီ ပိုင်ရှင်အသစ်က အရမ်းပြောရခတ်တာပဲ အခက်အခဲ ဖြစ်နေလို့ အချိန်တောင်တာတောင် လက်မခံဘူး ချက်ချင်းလိုချင်တယ်တဲ့ နောက်ဆုံးမှသာ တစ်ပတ်အချိန်ပေးမယ်ဆိုပြီးပြောခဲ့တာ "
"တပတ် ဟုတ်လား ဒီတပတ်အတွင် ဘယ်လိုလုပ်ပြီး "
"ဦးလေးလဲ မပြောတတ်တော့ပါဘူးငါ့တူရာ "
အကြွေးတွေကို တပတ်အတွင်းအကျေပေးချေရမယ်တဲ့ မပေးချေနိုင်ရင် ဒယ်ဒီကို သူတို့ ထောင်ချမယ်လို့ ပြောတယ် ။ ဒီတပတ်အတွင်း ဒီသိန်းပေါင်းများစွာကို ဘယ်လိုလုပ်ရှာနိုင်မှာလဲ ။
ကုမ္ပဏီကလဲ အခွံသာသာမို့ အိမ်နဲ့ကားကိုသာ ကြည့်ရတော့မည်။ ဒီအသက်အရွယ်ကြီးနဲ့ ဒုက္ခိတ ဖြစ်နေတဲ့ ဒယ်ဒီကို ထောင်ထဲတော့ အရောက်မခံနိုင်ပါ ။
"ဒါ ဒါဆို ရင်ဘယ်လိုလုပ်ကြမှာလဲသား "
"မတတ်နိုင်တော့ဘူးဒယ်ဒီ ဒီတပတ်အတွင်းသူတို့အကြွေးတွေကိုမပေးချေနိုင်ရင် ဒယ်ဒီကိုတရားစွဲမယ်တဲ့ အဲလိုသားအဖြစ်မခံနိုင်ဘူး သားတို့ဒီအိမ်နဲ့ခြံကို ရောင်းပြစ်ရတော့မှာပဲ "
"ဘာ ဒီတိုက်နဲ့ ခြံကိုရောင်းရမယ်ဟုတ်လား "
သူတို့ပြောစကားကိုကြားပြီးရောက်လာသူက အန်တီထား ။ သူမရဲ့မျက်နှာက ထိုစကားကြောင့် အကြီးအကျယ် စိတ်ပျက်နေပုံရသည်။
"ဟုတ်တယ်အန်တီထား အခုချိန်မှာ ဒီနည်းလမ်းပဲရှိတော့တယ် မကြာခင်ပဲ ကုမ္ပဏီကလဲ ဒေဝါလီခံရတော့မှာ "
"အဲဒါဒယ်ဒီအပြစ်တွေပါသားရယ် ဒယ်ဒီအသုံးမကျလို့ ဒယ်ဒီအသုံးမကျလို့ သားတို့ ဆင်းရဲရတော့မယ် "
"အဲလိုမပြောပါနဲ့ဒယ်ဒီရယ် "
"ဟုတ်တယ် အဲဒါရှင်အသုံးမကျလို့ဖြစ်တာပေါ့ "
"အန်တီထား ဘယ်လိုပြောလိုက်တာလဲ "
"ငါပြောတာဘာမှားနေလို့လဲ မင်းအဖေသာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်မယ်ဆို ဒီလိုဖြစ်လာမှာမဟုတ်ဘူး အသုံးမကျလို့အခုလိုဖြစ်ရတာ "
"တော်တော့ဗျာ ခင်ဗျားဆက်မပြောနဲ့တော့ "
"ပြောပါစေ သားရယ် ပြောပါစေ "
"ဟွန်း "
အန်တီထားစိတ်ပျက်စွာပြောကာ သူတို့အနားက ထွက်သွားသည်။ ဒယ်ဒီကတော့ သူ့ကိုယ်သူအပြစ်တွေတင်ပြီး ဝမ်းနည်းကာ မျက်ရည်များကျလို့နေသည်။ ခွန်းလဲ ဝမ်းနည်းပါသည်။ သို့သော် ဒယ်ဒီ့ကိုအခုလိုမမြင်တွေ့လိုပါ၍ သူဝမ်းနည်းနေလို့မဖြစ် ။
ဒယ်ဒီဝမ်းနည်းရမဲ့ကိစ္စဆိုရင် သူမပြောချင်ပါ ။ သို့သော် ဒီကိစ္စက မပြောလို့ မပြီးမဲ့ ကိစ္စမို့ ခွန်းပြောလိုက်ခြင်းသာဖြစ်သည်။
"ဒယ်ဒီ​ အိပ်တော့လေ သားလိုက်ပို့ပေးမယ် "
ခွန်း ဝှီးချဲကိုတွန်းကာ ဒယ်ဒီကိုအခန်းထဲလိုက်ပို့ပေးကာ အိပ်ယာပေါ် ထိ ထားခဲ့ပြီးကာမှ ပြန်ထွက်လာခဲ့သည်။ အန်တီထားကတော့ ဒယ်ဒီ အက်စီးဒင့်ပြီးတဲ့အချိန်ကစပြီး ဒယ်ဒီအနားမှမအိပ်တော့ပေ ။
"မအိပ်သေးဘူးမောင်လေးရဲ့ နေ့ခင်းက မောင်နဲ့တွေ့ခဲ့တဲ့အကြောင်းတွေကို ပြန်တွေးပြီး အိပ်လို့မပျော်ဘူးဖြစ်နေတာ "
ဒယ်ဒီအခန်းမှာ ရေမရှိ၍ ရေဘူးကိုယူကာ အောက်ထပ်သို့ ဆင်းလာစဥ် အောက်မှာ အန်တီထားရဲ့အသံကိုကြား၍ ခွန်းရပ်ကာနားထောင်နေမိသည်။ စကားပြောတာတောင် ချွဲချွဲ နွဲ့နွဲ့နဲ့ ပြောနေတဲ့နောက် ဘယ်သူဆိုတာ ခွန်း တွေးနေဖို့ပင်မလို ။
ခွန်း ဘာမှမပြောချင်တော့တာကြောင့် အပေါ်သို့ရေဖြည့်ပြီးပြန်တတ်လာခဲ့သည်။ ဒယ်ဒီကိုကြည့်တော့ ဒယ်ဒီက အိပ်နေပြီဖြစ်၍ ခွန်း ဒယ်ဒီအပေါ်စောင်ခြုံပေးပြီး ပြန်ထွက်လာခဲ့သည်။
အခုချိန်မှာ မေမေရှိရင် သိပ်ကောင်းမှာပဲဆိုပြီးတွေးမိကာ ဝမ်းနည်းရသည်။ မေမေသာရှိရင် ဒယ်ဒီ့ကို ဒီလိုမျိုးအထီးကျန်စေမှာမဟုတ်ပေ ။
ခွန်းဆယ်တန်းတတ်တဲ့နှစ်မှာ မေမေဆုံးသွားခဲ့တယ် ။မကြာပါဘူး ဒယ်ဒီနောက်မိန်းမယူခဲ့တယ် ခွန်းလုံးဝလက်မခံနိုင်ခဲ့ပါ ။ မေမေ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးနိုင်၍ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်ခဲ့ပေမဲ့ ဒယ်ဒီက သူလုပ်ချင်တာကိုသာလုပ်သွားခဲ့သည်။
အဲဒီအချိန်ကခွန်း ဆိုးပေနေခဲ့ပြီး ဒယ်ဒီစိတ်ပျက်ခဲ့ရတယ်လေ ။ အခုလို ဖြစ်သွားတော့ ခွန်းဆက်ပြီး ပေတေနေလို့မရတော့ ဒယ်ဒီမှာ အားကိုးစရာ သူပဲရှိတော့တာမဟုတ်လား ။ ဒါကြောင့် ခွန်း ပြန်ပြီး လိမ္မာလာခဲ့တာပါ ။
ဒါပေမဲ့အားလုံးကနောက်ကျသွားခဲ့ပြီလား...
အရာအားလုံးဆုံးရှုံးလိုက်ချိန်မှ သူ့အတွက်အားလုံးက နောက်ကျခဲ့ပြီလေ ။
ဆက်ရန်
Zawgyi
"ခွန်း "
"ငါနားလည်တယ် ဒါပေမဲ့ မင်းဒယ်ဒီဆိုတာလဲငါ့ရဲ့ယောက်ျားပဲ သူ့ပစ္စည်းကငါ့ပစ္စည်းပဲပေါ့ "
"အန်တီထား "
"မင်း မင်းဘယ်လို "
"ဘယ်သူတဲ့လဲ "
"အပြင်မှာပါ "
"ဟင် "
"ဘာကိစ္စလဲ "
"အန်တီထားမရှိဘူး "
"သိတယ်လေ ဘာလို့လဲ "
*****************
"သား "
"မဟုတ်ပါဘူးဒယ်ဒီ "
"ဟွန်း "
ဆက်ရန်
Continue Reading
You'll Also Like
217K 36.3K 97
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
1.1M 57.6K 48
361K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...