အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 29

2.9K 205 1
By EmmaXing95


Unicode

ဝမ်နင်ခမျာ စစ်ကျွေးလည်းမရှိ ဝမ်ချင်လည်းမရှိဆိုတော့ တစ်ယောက်တည်း ချိုင်းထောက်နဲ့ ရှောင်းကျန့်ရဲ့လူနာခန်းကိုလာရသည်

အဖွဲ့မှူးနျဲ့က ရိပေါ်ဖုန်းမကိုင်လို့ သူ့ကိုဖုန်းလှမ်းဆက်ပြီး မေးတယ် ဘယ်မှာလဲဆိုတာ 
နှစ်ခါမေးစရာမလိုဘူး သူ့လင်အခန်းမှာပဲနေမှာ

အခန်းတံခါးကိုဖွင့်ပြီး ဝင်ခါနီးတွန့်သွားရတယ်
ငါဘာလို့လာမိပါလိမ့်

တစ်ယောက်ကလည်း ရင်ခွင်ထဲမှာ နောက်တစ်ယောက်ကလည်း သူ့လင်ကိုဘယ်သူခိုးသွားမှာစိုးလို့လဲ အတင်းကိုဖက်ထားတာ အစ်ကိုရှောင်းကျန့် နှုတ်ခမ်းကလည်းပေါက်နေတယ် ငါဒီအတွဲကို စောက်ရမ်းမှန်း......

"ဘယ်သူလဲမသိဘူး"

ရှောင်မားက သူ့သားလူနာခန်းရှေ့မှာ ကောင်လေးတစ်ယောက်ချိုင်းထောက်နဲ့ အထဲလည်းမဝင်ဘဲ ရပ်ကြည့်နေတာကြောင့် မေးလိုက်တော့

"အော် ဒါကျွန်တော့်အသိရဲ့အခန်းပါ"

"ကျန့်ကျန့် သူငယ်ချင်းလား"

"အစ်ကိုရှောင်းကျန့်ကိုသိတယ်လား"

"အန်တီ့သားပဲကို သိတာပေါ့"

"ဗျာ အစ်ကိုရှောင်းရဲ့မိဘတွေက စင်ကာပူမှာလေ ဘယ်တုန်းက ဒီကိုရောက်လာတာလဲ"

"ကျန့်ကျန့်ရဲ့ ဝမ်းကွဲအစ်ကိုကျိုးချန်က ဖုန်းလှမ်းဆက်လို့ အန်တီတို့မှာ စိတ်ပူပြီး လိုက်လာတာ မနေ့ညကမှရောက်တာပါကွယ် အခုမနက်စာအတွက် ဆန်ပြုတ်ပြုတ်ပြီး ပြန်လာတာ"

"အော်"

"သား ထိခိုက်ထားတာလား"

"ဗျာ ဟုတ်ကဲ့ သေနတ်ထိတာပါ ကျွန်တော်ကရဲဆိုတော့ ဝမ်နင်ပါခဗျ နာမည်က"

"ရဲဆိုရင် ရိပေါ်လေးနဲ့ သိတာပေါ့"

ရိပေါ်လေးတဲ့လား ဝမ်ရိပေါ်တို့များ ယောက္ခမနဲ့တောင် ရင်းနှီးနေပြီပေါ့ စွံချက်က ငါသိထားတဲ့ ရေခဲတုံးမှ ဟုတ်ရဲ့လား

"ဟုတ်ကဲ့ဗျ သူ့သူငယ်ချင်းပါ"

"အော် သားခြေထောက်က ဒဏ်ရာကြီးနဲ့ အထဲမှာဝင်ပြောမယ်လေ လာ"

နေဦး အထဲဝင်လို့မဖြစ်ဘူးလေ ဒီအကြောင်းကို ရိပေါ်မပြောရသေးဘူးထင်တယ်
အာ့ဆို ဒီပုံကို မြင်လို့မဖြစ်ဘူး

"ဟို အန်တီ!! ကျွန်တော်လေ..သန့်စင်ခန်းသွားချင်လို့ အဲ့တာ တစ်ယောက်ထဲအဆင်မပြေလို့ ကူညီပေးပါလား တကယ်မျက်နှာပူပါတယ်ဗျာ ဒီလိုတောင်းဆိုရတာ ကျွန်တော်လည်းတကယ် မတတ်နိုင်လို့ပါ"

ငါ့သိက္ခာတွေ သွားပါပြီ မင်းတို့နှစ်ယောက်အရမ်း ဇိမ်ကျနေတယ်ပေါ့ ဒီကိစ္စနောက်မှရှင်းမယ်

"ရပါတယ်ကွယ် ကျန့်ကျန့်သူငယ်ချင်းဆိုတော့ အန်တီသားလိုပဲပေါ့ လာကူညီပေးမယ် ဖြေးဖြေးလျှောက်"

"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ"

အခန်းတံခါးကိုသေချာပြန်ပိတ်ခဲ့သည် အထဲကနှစ်ယောက်ကတော့ ကမ္ဘာကြီးကိုမေ့နေသည်
ဆန်ပြုတ်ကို သူနာပြုတစ်ယောက်ကိုအပ်ခဲ့သည် သန့်စင်ခန်းထဲယူသွားလို့မရဘူးလေ

ကျင်းဇီရွှမ်းတစ်ယောက် ထွက်ပြေးနေရသည် ချိန်းထားတဲ့နေရာကို သွားဖို့အတွက် ကျန်းစစ်လီကို ပိတ်ထားတဲ့အခန်းထဲ သွားကြည့်တော့ ဘယ်သူမှရှိမနေချေ ဘယ်တုန်းကလွတ်သွားမှန်းမသိ ကျန်းလီမင်ဆီလည်း မသွားတော့ပဲနဲ့ နောက် သဘေင်္ာမထွက်ခင်အထိ ပုန်းနေရသည် သဘေင်္ာထွက်ကာမှ ဒီနိုင်ငံကထွက်သွားမယ် (မှောင်ခိုပါ)

ရှောင်မားတော့မသိဘူး ရှောင်ပါးကတော့ ကားပါကင်မှာ ကားထားပြီးတော့တက်လာခဲ့တာ အခန်းတံခါးကိုဖွင့်လိုက်တော့ သူ့သားကိုရင်ခွင်ထဲဖက်ထားတဲ့ ဟိုဝမ်ရိပေါ်ဆိုတဲ့ ကောင်လေး သူ့ကြောင့် ငါ့သားဒီလိုဖြစ်တာ သူကဘာခွင့်ပြုချက်နဲ့ ငါ့သားဖြူဖြူနုနုလေးကို အားကြီးနဲ့ဖက်ထားရတာလဲ

ဒါပေမဲ့လည်း ကျိုးချန်ပြောပုံအရဆိုရင် သူ့သားကိုအရမ်းဂရုစိုက်တယ်တဲ့ အနေအထားကိုမကြိုက်ပေမဲ့ သူ့သားအိပ်ပျော်နေတာကို မနိုးစေချင် ကလေးက night duty တွေဘာတွေနဲ့ ပင်ပန်းနေမှာ ဒါကြောင့်ဒေါသကိုထိန်းပြီး ကျိုးချန်ဆီသွားကာ နှစ်ယောက်ဆက်ဆံရေးကိုမေးတော့သည်

ရှောင်ပါးအကြောင်း ကောင်းကောင်းသိနေတာမို့ ကျိုးချန်လိမ်မပြောရဲ အကုန်ပြောပြလိုက်သည်

ဒါပေမဲ့ ကံကောင်းတာက သူတို့နှစ်ယောက်တွဲနေပြီဆိုတဲ့အကြောင်း ဘယ်သူမှမသိသေးဘူး ပြီးတော့ ရိပေါ်ကကြိုက်နေတယ်ဆိုတာကိုလည်း ဝမ်နင်နဲ့ သူ့အစ်ကိုပဲသိတာ အဲ့တော့ ကျိုးချန်သိထားတာက နှစ်ယောက်ကမူမမှန်ဘူးဆိုတာလေးဘဲ အရမ်းကြီးတော့စိုးရိမ်စရာမရှိပေ

ရှောင်မားတို့ပြန်မလာခင်

ရှောင်းကျန့် နိုးလာပေမဲ့ လှုပ်လို့မရ ဝမ်ရိပေါ်ကြီးက သူ့ကိုအသားကုန်သိမ်းကြုံးဖက်ထားတာ ငါ့နှုတ်ခမ်းကိုပေါက်အောင်လည်းလုပ်ထားသေးတယ် အသားလည်းယူသေးတယ် ဝမ်ရိပေါ် မင်းတော့ သေပြီသာမှတ်

"အာ့ ကိုက်တယ်ဗျ ယုန်ပေါက်လေးက"

သူ့ရင်ဘတ်ကို အသားကုန်ကိုက်လိုက်တော့ ဝမ်ရိပေါ် ပါးစပ်ကထွက်လာတဲ့အသံ နေဦး နေဦး ဘယ်ကယုန်ပေါက်လဲ

"ဘယ်သူက ယုန်ပေါက်လဲ"

"ဟင် အော် ကျွန်တော်ပြောမိလို့လား"

အိပ်ချင်မူးတူးနဲ့ယောင်သွားတာ အဲ့နာမည်ကို
‌ေပါ်တင် မခေါ်ရဲသေးဘူး

"မင်းခုနက ယုန်ပေါက်လို့ခေါ်လိုက်တယ်လေ"

"ကျွန်တော်ကလား ဟုတ်လို့လား"

"မင်း ငါကြားလိုက်တယ်နော်"

"ကဲပါဗျာ ယောင်သွားတာပါ အိပ်မက်ထဲမှာယုန်လေးတစ်ကောင်ကျွန်တော့်ကိုလာနမ်းနေတာ အဲ့မှာ ကျန့်ကောက ကိုက်လိုက်တော့ အဲ့လိုယောင်သွားတာ"

"ဟွန့် ပြီးတာပဲ"

"ကျန့်ကော ခေါင်းကအဆင်ပြေလား ဘယ်တော့ခွဲစိတ်မှာတဲ့လဲ"

"အင်း မနက်ဖြန်"

"မနက်ဖြန်?"

"အင်း မြန်လေကောင်းလေပဲလေ မဟုတ်ဘူးလား"

"ဟုတ်တယ် ကျန့်ကောမြန်မြန်ပြန်ကောင်းလာရမယ်နော်"

"အွမ်း ငါ့ကိုနမ်းပါလား"

Author- ဟော ခုနက နှုတ်ခမ်းပေါက်လို့ဆိုပြီး ဒေါသထွက်နေတာဘယ်သူလဲ🙄

ရှောင်းကျန့်- ပိဆွေ့(ပါးစပ်ပိတ်)

"ဟား နမ်းမှာပေါ့ဗျ"

အနားကပ်လာတဲ့ ရိပေါ်နဲ့ မျက်လုံးမှိတ်လိုက်တဲ့ ရှောင်းကျန့် နှုတ်ခမ်းချင်းထိကာနီးမှာ

"ကျန့်ကျန့် သား မားဆန်ပြုတ်ပြုတ်လာပြီ"

"အဟွတ် အဟွတ်"

"အဟင်း အဟမ်း"

ပြိုင်တူချောင်းတွေဆိုးနေကြတဲ့နှစ်ယောက်ကို ရှောင်မားတစ်ယောက်ထဲ ထူးဆန်းနေပင်မဲ့ နောက်က ဝမ်နင်က အထာနပ်နေသည် သူသိတာပေါ့ အပေါက်လေးကအရင်ချောင်းကြည့်ပြီး စိတ်ချရပြီဆိုမှဝင်လာတာ တမင်ဒါကိုမြင်လို့ဖျက်လိုက်တာ

(ရှင်နော် ဝဋ်ပြန်လည်မယ်)

#########

💞MeiXing💞

ဆန္ဒပြပွဲသွားတဲ့သူတွေ ဂရုစိုက်ကြပါ
အသက်တောင်သေတယ်ဆိုတော့
တကယ်စိတ်မကောင်းဘူး
သာသာက keyboard fighter တစ်ယောက်ပါ
တတ်နိုင်သလောက်အားဖြည့်ပေးမှာပါ အားလုံး fighting💪

Zawgyi



ငါဘာလို့လာမိပါလိမ့်


"ဘယ်သူလဲမသိဘူး"








"အော်"

"သား ထိခိုက်ထားတာလား"












ကျင်းဇီရွှမ်းတစ်ယောက် ထွက်ပြေးနေရသည် ချိန်းထားတဲ့နေရာကို သွားဖို့အတွက် ကျန်းစစ်လီကို ပိတ်ထားတဲ့အခန်းထဲ သွားကြည့်တော့ ဘယ်သူမှရှိမနေချေ ဘယ်တုန်းကလွတ်သွားမှန်းမသိ ကျန်းလီမင်ဆီလည်း မသွားတော့ပဲနဲ့ နောက် သင်္ဘောမထွက်ခင်အထိ ပုန်းနေရသည် သင်္ဘောထွက်ကာမှ ဒီနိုင်ငံကထွက်သွားမယ် (မှောင်ခိုပါ)









"ဘယ်သူက ယုန်ပေါက်လဲ"


‌ပေါ်တင် မခေါ်ရဲသေးဘူး





"ဟွန့် ပြီးတာပဲ"


"အင်း မနက်ဖြန်"

"မနက်ဖြန်?"






"ဟား နမ်းမှာပေါ့ဗျ"



"အဟွတ် အဟွတ်"

"အဟင်း အဟမ်း"



#########

💞MeiXing💞

တကယ်စိတ်မကောင်းဘူး

Continue Reading

You'll Also Like

230K 14.8K 59
Highest rank:- #1 in imaginary Hey guy I'm not new in wattpad I read many manan story that's why I want to write a story Hope you all like it It's m...
36.2K 342 17
Y/n uzumaki ,twelve years old,neglected by his father minato namikaze who spoils his sisters.Y/n was born different than the others.Being a vessel fo...
10.1K 507 10
ငယ်ငယ်ကတည်းကကြိတ်ကြွေလာတဲ့လူသားဟာလည်းကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ်
4.8K 590 14
ဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်