love that never looks back(2v...

By seanyoon295241

5K 244 8

u n i c o d e **ကျွန်တော့်ရဲ့အတ္တကိုသာရှေ့တန်းတင်ပြီး ဦးရဲ့အချစ်တွေကိုမျက်ကွယ် ပြုခဲ့မိတယ်...... ... More

intro
episode-2
episode-3
episode-4 final
Thanks & Goodbye

episode-1

1K 50 0
By seanyoon295241

u n i c o d e

ချုံချင်းမြို့ကားလမ်းမကြီးတစ်ခုရဲ့ဘေး.....

ပြိုင်ကားအကောင်းစားကြီးကိုမှီပြီးအရက်သောက်နေတဲ့မိန်းကလေးတစ်ယောက်သူမကတော့ရှောင်းယွီဖေးပင်။

မကြာသူမရှိရာကားနားကိုကပ်ရပ်လာတဲ့ကားတစီးထိုကားပေါ်ကနေဆင်းလာတဲ့သူကတော့သူမရဲ့တစ်ဦးတည်းသောသွေးသားဖြစ်တဲ့သူမရဲ့ဦးလေးရှောင်းရှောင်ကျန့်။

"ယွီလေး  ဒီမှာဘာလုပ်နေတာလည်း
အရက်တွေသောက်တာလေးငယ်မကြိုက်တာသိရဲ့သားနဲ့''

ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထိုးထည့်ကာစမတ်ကျကျ သူ့မဆီတစ်လှမ်းချင်းလှမ်းလျောက်လာရင်းမပျော့မမာလေသံနဲ့ဆူနေတဲ့လေးငယ်....

အသက်28နှစ်ရောက်သည့်တိုင်အိမ်ထောင်မပြုပဲသူမကိုပဲအဖေလိုတစ်မျိုးအမေလိုတစ်မျိုးဦးလေးလိုတစ်ဖုံချစ်ပေးခဲ့တယ်။အကိုတစ်ယောက်လိုလည်းကာကွယ်ပေးခဲ့တယ်။ သူမဆိုးသမျှသည်းခံပေးပြီးသူမလိုချင်တာမှန်သမျှရအောင်ဖြည့်ဆည်းပေးခဲ့တဲ့အပြင်သူမကိုလည်းမိဘမဲ့ဆိုပြီးမျက်နှာမငယ်ရအောင်ထားခဲ့ပေး ပြန်တယ်။သူမရဲ့အလိုမတူမှုအောက်မှာလေးငယ်ဟာဘယ်လိုမိန်းကလေးမျိုးယောကျ်ားလေးမျိုးကိုမှအနားကပ်မခံပဲလက်တွဲဖော်မရှိတစ်ယောက်တည်းအဖော်မဲ့အထီးကျန်ရတယ်။ဒါလည်းမည်သို့မျှအပြစ်မဆိုပဲအပြုံးမပျက်ချစ်ပေးပြန်တယ်။

သူမကိုအရာအားလုံးပေးဆပ်ထားတဲ့သူမရဲ့ဦးလေးကသူမ,မသိနိုင်တဲ့မသိခဲ့တဲ့အရာတစ်ခုကိုလည်းသူမကိုပေးဆပ်ထားပြန်တယ်။အဲ့ဒီအရာဟာသူမဦးလေးရဲ့ပထမဆုံးအချစ်ဖြစ်တဲ့သူမဦးလေးရဲ့ နှလုံးသားလေးဖြစ်တယ်။ထိုအကြောင်းအရာကိုသူမဦးလေးကသူမကိုသိပ်ချစ်တဲ့အတွက်ဘယ်တော့မှပြောပြမှာမဟုတ်ပြန်ဘူး။

"လေးငယ် လိုက်မလာပါနဲ့ဆို ဖုန်းဆက်ပြီးအသိပေးတာစိတ်ပူမှာဆိုးလို့လေ လိုက်လာဖို့မှမဟုပဲ...အ့လိုသာလုပ်နေရင်နောက်တစ်ခါအကြောင်းမကြားတော့ဘူး''

သူမရဲ့စကားအဆုံးမှာတစ်ချက်တစ်ချက်ဖြတ်သွားတတ်တဲ့ကားတေရဲ့မီးရောင်သာရှိနေတဲ့ဒီလိုနေရာမှာတောင်ချောမောကာတည်ကြည်ခန့်ငြားနေတဲ့လေးငယ်ရဲ့ပါးပေါ်မှာပါးချိုင့်ရေးရေးလေးထင်တယ်

"ဟက် ယွီလေးကတော့လေ...သိပ်ကလေးဆန်တာပဲ''

ဒါဟာသူမကိုလေးငယ်ပြောနေကြစကား....

"ယွီလေးအကြောင်းမကြားရုံနဲ့လေးငယ်ကယွီလေးကိုရှာမတွေ့နိုင်တော့ဘူးတဲ့လား''

ဟင့်အင်းသူမ,မထင်ပါ သူမအကြောင်းမကြားခဲ့ရင်တောင်လေးငယ်ဟာသူမကိုရောက်ရာအရပ်ကနေဂုတ်ဆွဲပြီးပြန်ခေါ်လာနိုင်တယ်ဆိုတာသူမသိပြီးဖြစ်တယ်။ လက်တွေ့အနေနဲ့ကတော့သူမအလယ်တန်းလောက်ကဖြစ်မည်ထင်သည်။ ဘယ်အရာကိုမှအသဲထ​ဲထိစွဲနေအောင်မမှတ်တတ်တဲ့သူမဦးနှောက်ထဲမှာထိုအကြောင်းအရာတေကလည်းဝိုးတိုးဝါးတားပင်။

သူမတို့အလယ်တန်းပြီးချိန်မှာလေးငယ်ဟာအကြောင်းတစ်ခုကြောင့်...
အင်း....အ​ကြောင်းတစ်ခုကလည်းလေးငယ်ရဲ့မပြီးပြတ်နိုင်လှတဲ့အလုပ်တေဖြစ်မည်ထင်သည်။ သူမနဲ့ပေးထားတဲ့ ဂျပန်ကဆာကူရာပွဲကိုခေါ်သွားပေးမယ်ဆိုတဲ့က တိကိုလေးငယ်ဟာဖောက်ဖျက်ခဲ့တယ်။ သိပ်ကိုဆိုးသွမ်းတဲ့သူမကလေးငယ်ကိုနားလည်မပေးနိုင်ပဲ လက်ရှိသူမရဲ့ချစ်သူတစ်ချိန်ကသူငယ်ချင်းလေးလက်ကိုဆွဲလို့ဂျပန်ကဆာကူရာပန်းပွဲတော်ကိုသွားကြည့်ခဲ့တယ်။ ဆယ်ကျော်သက်ကလေးနှစ်ယောက်ထဲသွားခဲ့တဲ့ခရီးကကျိန်းသေပေါက်အခက်အခဲများစွာကျုံခဲ့ရတယ်။ ထိုအချိန်လေးငယ်ကလည်းတိုင်းတစ်ပါးမှာရောက်နေသည်ထို့ကြောင့်ဂျပန်ထိရောက်သွားဖြစ်ရခြင်းပင်။ နောက်ဆုံးမှတ်မိတာကတော့ကျောက်ကပ်တေကိုအရှင်လတ်လတ်ခွဲထုတ်ခံရတော့မဲ့သူမနဲ့သူမရဲ့တစ်ချိန်ကသူငယ်ချင်းလေးကိုလူဆိုးတွေ
လက်ထဲကနေသေနတ်ကိုင်ထားတဲ့လေးငယ်ရဲ့ဘော်ဒီဂတ်တွေကလေးငယ်ဆီကိုတကယ်ကြီးဂုတ်ကနေဆွဲ ပြီးပြန်ခေါ်သွားပေးတာပင်။

". ........''

"အဲ့ဒီမိန်းမစကားကိုယုံနေတာလားယွီလေး ဒါကဟောတမ်းစကားတစ်ခုသက်သက်ပါပဲ ဖြစ်မလာနိုင်တာလည်းဖြစ်နိုင်တာပဲလေ''

"လေးငယ်က.  သမီးရဲ့ခံစားချက်ကိုနားမလည်ပါဘူး  မင်္ဂလာပွဲကမလိုတော့ဘူးလေးငယ်''

သူမရဲ့အတွေးတေကလွန်ခဲ့တဲ့တစ်လသူမရယ်လေးငယ်နဲ့သူမချစ်ရသူရယ်သုံးယောက်အတူသွားခဲ့တဲ့ခရီးလေးတစ်ခုဆီသို့....

"ဂျပုမ  မြန်မြန်လာဟာ  ငါ့ဇနီး​လောင်းမို့လို့သာစိတ်ရှည်ရတယ်  မဟုရင်နင့်ကိုထားခဲ့ပြီးလေးငယ်နဲ့ပဲသွားလိုက်မိတော့မယ်''

"ဝမ်ရိပေါ်  နင်လူစိတ်လေးမွေးစမ်းပါ  နင့်မယားလောင်းကမိန်းကလေးဟဲ့လိုတာတေယူရသေးတယ်  နင့်လိုတန်းလန်းလေးသွားလည်းကိစ္စမရှိတဲ့သူမဟုဘူး''

"ဟာ   ကြည့်စမ်းကြည့်စမ်း   ဦးတွေ့လားဦးတူမအရှက်မရှိချက်   ငါနင့်ကိုသူငယ်ချင်းအဖြစ်ကနေဘယ်လိုကြိုက်သွားပြီး အခုလိုလက်ထပ်ဖို့ထိပါဆုံးဖြတ်မိမှန်းကိုမသိဘူးလက်လန်တယ်''

"နင်နော်. .ငါ့ကိုမချစ်တော့တာလား  ငါကဒီလိုပဲကြာတတ်တာနင်သိရဲ့သားနဲ့အဲ့လိုပြောတော့ငါပြန်ပြောမိတာပေါ့''

မျက်နှာလေးညှိုးကျသွားကာမျက်ရည်လေးဝေ့လာတဲ့သူမကိုရိပေါ်ဥပေက္ခာမပြုရက်ပါ...ဒီလိုဆိုတော့လည်းသနားစရာလေး...

"ကိုယ်ကစတာပါသဲရာ မငိုနဲ့နော်  ချစ်လို့တောင်မရရအောင်သုံးနှစ်လောက်လိုက်ထားရတာ အဆုံးရှုံးမခံနိုင်လိူ့လည်းအမြန်လက်ထပ်ဖို့စီစဥ်လိုက်တာကို ကိုယ်ဒီ့ထက်ပိုမချော့တတ်ဘူး စိတ်မကောက်နဲ့တော့''

"ဟွန့် ဘယ်သူကစိတ်ကောက်လို့လည်း နောက်ကျနေပြီဆိုသွားမယ်လေ''

​ရှောင်ကျန့်ကတော့မိမိရှေ့မှာတစ်တီတူးနေတဲ့စုံတွဲကိုနာကျင်မှုတွေကိုမျက်ကွယ်ပြုကာပြုံးပြုံးကြီးလက်ပိုက်ကြည့်နေလိုက်သည်...

"ဦး သွားကြမယ်''

"အော်....ကိုယ့်ကိုသတိရသေးတယ်ပေါ့ ဒီတစ်သက်မသွားတော့ဘူးထင်နေတာ''

"ဟီး...ဦးကလည်းလာ လာ သွားမယ်''

ရှောင်ကျန့်လက်မောင်းကိုဆွဲလို့ကားဆီသွားနေတဲ့ရိပေါ်။ ရှောင်ကျန့်ရှေ့ခန်းမောင်းသူနေရာမှာဝင်ထိုင်ပြီးမိမိဘေးကlover seatမှာထိုင်နေတဲ့ ဝမ်လေးကိုခါးပတ်ပတ်ပေးကာမိမိလည်းပတ်ရင်းကားမောင်းထွက်လိုက်သည်။ ရိပေါ်ဟာချစ်သူဖြစ်တဲ့ယွီဖေးနဲ့အတူနောက်ခန်းမှာဘာလို့မထိုင်လည်းဆိုရင်ဖြေစရာတစ်ခုပဲရှိပါသည်။ ထိုအရာကတော့ယွီဖေးမှာဦးလိုမှိီအိပ်လို့ရတဲ့လက်မောင်းသားကျစ်ကျစ်တေမရှိလို့ပါပဲ။ ပိန်လွန်းတဲ့သူမကိုမှိီရင်ရိပေါ်လေးအရိုးစူးသွားနိုင်သည်ဒါတောင်သူမကဝိတ်ထပ်ချချင်နေသည်။ မိန်းမတေများလှချင်ချက်ကလက်လန််တယ်။

"ဝမ်လေး  ကလေးငယ်  ထတော့  ရောက်ပြီ''

"အင်းးးးး ဦး''

"အင်း''

"ချီ...လမ်းမလျောက်ချင်ဘူး''

"အောင်မာ....မလွန်ဘူးလားကားပေါ်လည်းလေးငယ်လက်ကိုမှီပြီးအိပ်လာတယ် airportမှာစစ်​ဆေး ချိန်လေးခနထပြီး လေယာဥ်ပေါ်တစ်လျောက်လုံးလည်းလေးငယ်လက်ကိုမှီပြီးအိပ်လာတာအခုဟော်တယ်ရောက်တဲ့ထိပဲဒါတောင်ကွကိုမထနိုင်သေးဘူး''

ယွီဖေးဟာထိုသို့ပြောဆိုနေသော်ငြားလည်းအသက်ကလေးတောင်မပြည့်သေးတဲ့သူမထက်သုံးနှစ်ငယ်တဲ့ထိုကောင်လေးကိုဘာနဲ့မှမလည်းနိုင်လောက်အောင်ကိုချစ်ရပါတယ်...

"နင့်ချီခိုင်းလိူ့လား ဦးကိုချီခိုင်းတာကို ဦးသားကိုမချီဘူးလား''

"ယွီလေးပင်ပန်းနေပြီမလား ရေမိုးချိုးပြီးနားဖို့သွားတော့ပစ္စည်းတေအခန်းထဲရောက်လောက်ပြီ ဝမ်လေးကိုလေးငယ်ခေါ်သွားလိုက်မယ်''

'ဟွန့် ဘာခေါ်သွားမှာလည်း အဲ့ဒီ
မကြီးမငယ်လေးကိုနို့စို့ကလေးလိုချီသွားမှာကိုများ'

ရှောင်ကျန့်မှာမဲ့ရွဲ့ကာတိုးတိုး...တိုးတိုးပြောပြီးမကျေမနပ်နဲ့ထွက်သွားတဲ့တူမလေးကိုကြည့်ပြီးခေါင်းခါလိုက်ကာလက်ထဲကအဆိုးလေးကိုတည်းမဲ့အခန်းထဲပွေ့လာခဲ့ပြီးကုတင်ပေါ်ချလို့ဖိနပ်တေခြေအိတ်တေချွတ်ပေးရက်းကျကျနနပြန်သိပ်ရပြန်သည်။ပြီးမှတစ်လမ်းလုံးပင်ပန်းလာသမျှကိုအတိုးချအနားယူဖို့မျက်လုံးတေမှိတ်ကာအိပ်စက်အနားယူခြင်းစီသို့......

::::::::::::::::::::::::::::::::::::::::::::::::::::::
1522words
9.2.221(1:20am)

z a w g i

ခ်ဳံခ်င္းၿမိဳ႕ကားလမ္းမႀကီးတစ္ခုရဲ႕ေဘး.....

ၿပိဳင္ကားအေကာင္းစားႀကီးကိုမွီၿပီးအရက္ေသာက္ေနတဲ့မိန္းကေလးတစ္ေယာက္သူမကေတာ့ေရွာင္းယြီေဖးပင္။

မၾကာသူမရွိရာကားနားကိုကပ္ရပ္လာတဲ့ကားတစီးထိုကားေပၚကေနဆင္းလာတဲ့သူကေတာ့သူမရဲ႕တစ္ဦးတည္းေသာေသြးသားျဖစ္တဲ့သူမရဲ႕ဦးေလးေရွာင္းေရွာင္က်န့္။

"ယြီေလး  ဒီမွာဘာလုပ္ေနတာလည္း
အရက္ေတြေသာက္တာေလးငယ္မႀကိဳက္တာသိရဲ႕သားနဲ႕''

ေဘာင္းဘီအိတ္ထဲလက္တစ္ဖက္ထိုးထည့္ကာစမတ္က်က် သူ႕မဆီတစ္လွမ္းခ်င္းလွမ္းေလ်ာက္လာရင္းမေပ်ာ့မမာေလသံနဲ႕ဆူေနတဲ့ေလးငယ္....

အသက္သုံးဆယ့္ငါးႏွစ္ေရာက္သည့္တိုင္အိမ္ေထာင္မျပဳပဲသူမကိုပဲအေဖလိုတစ္မ်ိဳးအေမလိုတစ္မ်ိဳးဦးေလးလိုတစ္ဖုံခ်စ္ေပးခဲ့တယ္။အကိုတစ္ေယာက္လိုလည္းကာကြယ္ေပးခဲ့တယ္။ သူမဆိုးသမွ်သည္းခံေပးၿပီးသူမလိုခ်င္တာမွန္သမွ်ရေအာင္ျဖည့္ဆည္းေပးခဲ့တဲ့အျပင္သူမကိုလည္းမိဘမဲ့ဆိုၿပီးမ်က္ႏွာမငယ္ရေအာင္ထားခဲ့ေပး ျပန္တယ္။သူမရဲ႕အလိုမတူမႈေအာက္မွာေလးငယ္ဟာဘယ္လိုမိန္းကေလးမ်ိဳးေယာက်္ားေလးမ်ိဳးကိုမွအနားကပ္မခံပဲလက္တြဲေဖာ္မရွိတစ္ေယာက္တည္းအေဖာ္မဲ့အထီးက်န္ရတယ္။ဒါလည္းမည္သို႔မွ်အျပစ္မဆိုပဲအၿပဳံးမပ်က္ခ်စ္ေပးျပန္တယ္။

သူမကိုအရာအားလုံးေပးဆပ္ထားတဲ့သူမရဲ႕ဦးေလးကသူမ,မသိနိုင္တဲ့မသိခဲ့တဲ့အရာတစ္ခုကိုလည္းသူမကိုေပးဆပ္ထားျပန္တယ္။အဲ့ဒီအရာဟာသူမဦးေလးရဲ႕ပထမဆုံးအခ်စ္ျဖစ္တဲ့သူမဦးေလးရဲ႕ ႏွလုံးသားေလးျဖစ္တယ္။ထိုအေၾကာင္းအရာကိုသူမဦးေလးကသူမကိုသိပ္ခ်စ္တဲ့အတြက္ဘယ္ေတာ့မွေျပာျပမွာမဟုတ္ျပန္ဘူး။

"ေလးငယ္ လိုက္မလာပါနဲ႕ဆို ဖုန္းဆက္ၿပီးအသိေပးတာစိတ္ပူမွာဆိုးလို႔ေလ လိုက္လာဖို႔မွမဟုပဲ...အ့လိုသာလုပ္ေနရင္ေနာက္တစ္ခါအေၾကာင္းမၾကားေတာ့ဘူး''

သူမရဲ႕စကားအဆုံးမွာတစ္ခ်က္တစ္ခ်က္ျဖတ္သြားတတ္တဲ့ကားေတရဲ႕မီးေရာင္သာရွိေနတဲ့ဒီလိုေနရာမွာေတာင္ေခ်ာေမာကာတည္ၾကည္ခန့္ျငားေနတဲ့ေလးငယ္ရဲ႕ပါးေပၚမွာပါးခ်ိဳင့္ေရးေရးေလးထင္တယ္

"ဟက္ ယြီေလးကေတာ့ေလ...သိပ္ကေလးဆန္တာပဲ''

ဒါဟာသူမကိုေလးငယ္ေျပာေနၾကစကား....

"ယြီေလးအေၾကာင္းမၾကား႐ုံနဲ႕ေလးငယ္ကယြီေလးကိုရွာမေတြ႕နိုင္ေတာ့ဘူးတဲ့လား''

ဟင့္အင္းသူမ,မထင္ပါ သူမအေၾကာင္းမၾကားခဲ့ရင္ေတာင္ေလးငယ္ဟာသူမကိုေရာက္ရာအရပ္ကေနဂုတ္ဆြဲၿပီးျပန္ေခၚလာနိုင္တယ္ဆိုတာသူမသိၿပီးျဖစ္တယ္။ လက္ေတြ႕အေနနဲ႕ကေတာ့သူမအလယ္တန္းေလာက္ကျဖစ္မည္ထင္သည္။ ဘယ္အရာကိုမွအသဲထ​ဲထိစြဲေနေအာင္မမွတ္တတ္တဲ့သူမဦးႏွောက္ထဲမွာထိုအေၾကာင္းအရာေတကလည္းဝိုးတိုးဝါးတားပင္။

သူမတို႔အလယ္တန္းၿပီးခ်ိန္မွာေလးငယ္ဟာအေၾကာင္းတစ္ခုေၾကာင့္...
အင္း....အ​ေၾကာင္းတစ္ခုကလည္းေလးငယ္ရဲ႕မၿပီးျပတ္နိုင္လွတဲ့အလုပ္ေတျဖစ္မည္ထင္သည္။ သူမနဲ႕ေပးထားတဲ့ ဂ်ပန္ကဆာကူရာပြဲကိုေခၚသြားေပးမယ္ဆိုတဲ့က တိကိုေလးငယ္ဟာေဖာက္ဖ်က္ခဲ့တယ္။ သိပ္ကိုဆိုးသြမ္းတဲ့သူမကေလးငယ္ကိုနားလည္မေပးနိုင္ပဲ လက္ရွိသူမရဲ႕ခ်စ္သူတစ္ခ်ိန္ကသူငယ္ခ်င္းေလးလက္ကိုဆြဲလို႔ဂ်ပန္ကဆာကူရာပန္းပြဲေတာ္ကိုသြားၾကည့္ခဲ့တယ္။ ဆယ္ေက်ာ္သက္ကေလးႏွစ္ေယာက္ထဲသြားခဲ့တဲ့ခရီးကက်ိန္းေသေပါက္အခက္အခဲမ်ားစြာက်ဳံခဲ့ရတယ္။ ထိုအခ်ိန္ေလးငယ္ကလည္းတိုင္းတစ္ပါးမွာေရာက္ေနသည္ထို႔ေၾကာင့္ဂ်ပန္ထိေရာက္သြားျဖစ္ရျခင္းပင္။ ေနာက္ဆုံးမွတ္မိတာကေတာ့ေက်ာက္ကပ္ေတကိုအရွင္လတ္လတ္ခြဲထုတ္ခံရေတာ့မဲ့သူမနဲ႕သူမရဲ႕တစ္ခ်ိန္ကသူငယ္ခ်င္းေလးကိုလူဆိုးေတြ
လက္ထဲကေနေသနတ္ကိုင္ထားတဲ့ေလးငယ္ရဲ႕ေဘာ္ဒီဂတ္ေတြကေလးငယ္ဆီကိုတကယ္ႀကီးဂုတ္ကေနဆြဲ ၿပီးျပန္ေခၚသြားေပးတာပင္။

". ........''

"အဲ့ဒီမိန္းမစကားကိုယုံေနတာလားယြီေလး ဒါကေဟာတမ္းစကားတစ္ခုသက္သက္ပါပဲ ျဖစ္မလာနိုင္တာလည္းျဖစ္နိုင္တာပဲေလ''

"ေလးငယ္က.  သမီးရဲ႕ခံစားခ်က္ကိုနားမလည္ပါဘူး  မဂၤလာပြဲကမလိုေတာ့ဘူးေလးငယ္''

သူမရဲ႕အေတြးေတကလြန္ခဲ့တဲ့တစ္လသူမရယ္ေလးငယ္နဲ႕သူမခ်စ္ရသူရယ္သုံးေယာက္အတူသြားခဲ့တဲ့ခရီးေလးတစ္ခုဆီသို႔....

"ဂ်ပဳမ  ျမန္ျမန္လာဟာ  ငါ့ဇနီး​ေလာင္းမို႔လို႔သာစိတ္ရွည္ရတယ္  မဟုရင္နင့္ကိုထားခဲ့ၿပီးေလးငယ္နဲ႕ပဲသြားလိုက္မိေတာ့မယ္''

"ဝမ္ရိေပၚ  နင္လူစိတ္ေလးေမြးစမ္းပါ  နင့္မယားေလာင္းကမိန္းကေလးဟဲ့လိုတာေတယူရေသးတယ္  နင့္လိုတန္းလန္းေလးသြားလည္းကိစၥမရွိတဲ့သူမဟုဘူး''

"ဟာ   ၾကည့္စမ္းၾကည့္စမ္း   ဦးေတြ႕လားဦးတူမအရွက္မရွိခ်က္   ငါနင့္ကိုသူငယ္ခ်င္းအျဖစ္ကေနဘယ္လိုႀကိဳက္သြားၿပီး အခုလိုလက္ထပ္ဖို႔ထိပါဆုံးျဖတ္မိမွန္းကိုမသိဘူးလက္လန္တယ္''

"နင္ေနာ္. .ငါ့ကိုမခ်စ္ေတာ့တာလား  ငါကဒီလိုပဲၾကာတတ္တာနင္သိရဲ႕သားနဲ႕အဲ့လိုေျပာေတာ့ငါျပန္ေျပာမိတာေပါ့''

မ်က္ႏွာေလးညွိုးက်သြားကာမ်က္ရည္ေလးေဝ့လာတဲ့သူမကိုရိေပၚဥေပကၡာမျပဳရက္ပါ...ဒီလိုဆိုေတာ့လည္းသနားစရာေလး...

"ကိုယ္ကစတာပါသဲရာ မငိုနဲ႕ေနာ္  ခ်စ္လို႔ေတာင္မရရေအာင္သုံးႏွစ္ေလာက္လိုက္ထားရတာ အဆုံးရႈံးမခံနိုင္လိူ႕လည္းအျမန္လက္ထပ္ဖို႔စီစဥ္လိုက္တာကို ကိုယ္ဒီ့ထက္ပိုမေခ်ာ့တတ္ဘူး စိတ္မေကာက္နဲ႕ေတာ့''

"ဟြန့္ ဘယ္သူကစိတ္ေကာက္လို႔လည္း ေနာက္က်ေနၿပီဆိုသြားမယ္ေလ''

​ေရွာင္က်န့္ကေတာ့မိမိေရွ႕မွာတစ္တီတူးေနတဲ့စုံတြဲကိုနာက်င္မႈေတြကိုမ်က္ကြယ္ျပဳကာၿပဳံးၿပဳံးႀကီးလက္ပိုက္ၾကည့္ေနလိုက္သည္...

"ဦး သြားၾကမယ္''

"ေအာ္....ကိုယ့္ကိုသတိရေသးတယ္ေပါ့ ဒီတစ္သက္မသြားေတာ့ဘူးထင္ေနတာ''

"ဟီး...ဦးကလည္းလာ လာ သြားမယ္''

ေရွာင္က်န့္လက္ေမာင္းကိုဆြဲလို႔ကားဆီသြားေနတဲ့ရိေပၚ။ ေရွာင္က်န့္ေရွ႕ခန္းေမာင္းသူေနရာမွာဝင္ထိုင္ၿပီးမိမိေဘးကlover seatမွာထိုင္ေနတဲ့ ဝမ္ေလးကိုခါးပတ္ပတ္ေပးကာမိမိလည္းပတ္ရင္းကားေမာင္းထြက္လိုက္သည္။ ရိေပၚဟာခ်စ္သူျဖစ္တဲ့ယြီေဖးနဲ႕အတူေနာက္ခန္းမွာဘာလို႔မထိုင္လည္းဆိုရင္ေျဖစရာတစ္ခုပဲရွိပါသည္။ ထိုအရာကေတာ့ယြီေဖးမွာဦးလိုမွိီအိပ္လို႔ရတဲ့လက္ေမာင္းသားက်စ္က်စ္ေတမရွိလို႔ပါပဲ။ ပိန္လြန္းတဲ့သူမကိုမွိီရင္ရိေပၚေလးအရိုးစူးသြားနိုင္သည္ဒါေတာင္သူမကဝိတ္ထပ္ခ်ခ်င္ေနသည္။ မိန္းမေတမ်ားလွခ်င္ခ်က္ကလက္လန္္တယ္။

"ဝမ္ေလး  ကေလးငယ္  ထေတာ့  ေရာက္ၿပီ''

"အင္းးးးး ဦး''

"အင္း''

"ခ်ီ...လမ္းမေလ်ာက္ခ်င္ဘူး''

"ေအာင္မာ....မလြန္ဘူးလားကားေပၚလည္းေလးငယ္လက္ကိုမွီၿပီးအိပ္လာတယ္ airportမွာစစ္​ေဆး ခ်ိန္ေလးခနထၿပီး ေလယာဥ္ေပၚတစ္ေလ်ာက္လုံးလည္းေလးငယ္လက္ကိုမွီၿပီးအိပ္လာတာအခုေဟာ္တယ္ေရာက္တဲ့ထိပဲဒါေတာင္ကြကိုမထနိုင္ေသးဘူး''

ယြီေဖးဟာထိုသို႔ေျပာဆိုေနေသာ္ျငားလည္းအသက္ကေလးေတာင္မျပည့္ေသးတဲ့သူမထက္သုံးႏွစ္ငယ္တဲ့ထိုေကာင္ေလးကိုဘာနဲ႕မွမလည္းနိုင္ေလာက္ေအာင္ကိုခ်စ္ရပါတယ္...

"နင့္ခ်ီခိုင္းလိူ႕လား ဦးကိုခ်ီခိုင္းတာကို ဦးသားကိုမခ်ီဘူးလား''

"ယြီေလးပင္ပန္းေနၿပီမလား ေရမိုးခ်ိဳးၿပီးနားဖို႔သြားေတာ့ပစၥည္းေတအခန္းထဲေရာက္ေလာက္ၿပီ ဝမ္ေလးကိုေလးငယ္ေခၚသြားလိုက္မယ္''

'ဟြန့္ ဘာေခၚသြားမွာလည္း အဲ့ဒီ
မႀကီးမငယ္ေလးကိုနို႔စို႔ကေလးလိုခ်ီသြားမွာကိုမ်ား'

ေရွာင္က်န့္မွာမဲ့႐ြဲ႕ကာတိုးတိုး...တိုးတိုးေျပာၿပီးမေက်မနပ္နဲ႕ထြက္သြားတဲ့တူမေလးကိုၾကည့္ၿပီးေခါင္းခါလိုက္ကာလက္ထဲကအဆိုးေလးကိုတည္းမဲ့အခန္းထဲေပြ႕လာခဲ့ၿပီးကုတင္ေပၚခ်လိဳ႕ဖိနပ္ေတေျခအိတ္ေတခြၽတ္ေပးရက္းက်က်နနျပန္သိပ္ရျပန္သည္။ၿပီးမွတစ္လမ္းလုံးပင္ပန္းလာသမွ်ကိုအတိုးခ်အနားယူဖို႔မ်က္လုံးေတမွိတ္ကာအိပ္စက္အနားယူျခင္းစီသို႔......

::::::::::::::::::::::::::::::::::::::::::::::::::::::
1522words
9.2.221(1:20am)

Continue Reading

You'll Also Like

20.2K 678 6
မင်းတို့သိပ်သဘောကျတဲ့ဝမ်က ဘယ်သူ့အပိုင်လို့ထင်သလဲ?🔞 ZSWW... Smut Mature.... မင္းတို႔သိပ္သေဘာက်တဲ့ဝမ္က ဘယ္သူ႕အပိုင္လို႔ထင္သလဲ?🔞 ZSWW... Smut Mature...
208K 9.5K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...
124K 1.8K 9
Your life as Mrs.Kujo. Also the cover is not mine. I found it on Pinterest.
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...