💞 Eternal Love 💞 { Complete...

By Aster_Brown

1.8M 120K 6K

# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More

Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 13
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 21
Chapter _ 22
Chapter _ 23
Chapter _ 25
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
🌌 Sweet Home 🌌
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 44
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
EXTRA _ 15 { End }
ကျေးဇူးတင်လွှာ❤❤
Daddy?????

Chapter _ 24

25.4K 1.9K 98
By Aster_Brown

Unicode
********

အပန်းပြေရုံတင်မဟုတ်ဘဲတစ်လောကလုံး
ကိုမေ့ပစ်လိုက်ချင်ဟန်ဖြင့် ဂုဏ် အရက်
တွေဇွတ်သောက်နေမိသည် ။ ဂုဏ် ဒီရက်
ပိုင်းရုံးခန်းထဲမှာဘဲအချိန်ဖြုန်းနေပြီး အိမ်
ပြန်လာဖို့ဆက်တိုက်ပြောနေသည့် ဖေဖေ့
စကားတွေကိုတောင်ငြင်းဆန်ပစ်ခဲ့သည် ။

အခုချိန်မှာ ဂုဏ် ဘယ်သူနဲ့မှမတွေ့ချင်..။
ဂုဏ့် မျက်လုံးတွေကကြိမ်းစပ်နာကျင်နေ
သည့်တိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်
ဖို့ငြင်းဆန်းနေဆဲဘဲ...။ ဂုဏ် မိနစ်အနည်း
ငယ်အနားယူလိုက်ရုံကလွဲပြီး နှစ်နှစ်ခြိုက်
ခြိုက်အိပ်မပျော်နိုင်...။

ကြည်လင်တောက်ပနေသည့်ရေခဲတုံးလေး
တွေက အဆင့်မြင့်ဝီစကီအရောင်ကြောင့်
ပိုပြီးလှပနေသယောင်..။ ဂုဏ် စားပွဲပေါ်က
ဝီစကီခွက်ကိုလှမ်းယူကာ တစ်ကြိုက်တည်း
မော့ချပစ်လိုက်သည် ။ လည်ချောင်းထဲပူပြီး
ဆင်းသွားတဲ့ ဝီစကီခါးခါးတစ်ခွက်က ဂုဏ့်
ရင်ထဲကပူလောင်မှုကိုတော့လျော့မသွားစေ
ခဲ့ပေ။

အဲ့ဒီနေ့တုန်းက ကလေးငယ် ရဲ့ ကိုကို လို့
ခေါ်သံနဲ့အတူ ငြိုးမာန် ရဲ့ရင်ခွင်နဲ့အသား
ကျနေတဲ့ခန္တာကိုယ်လေးက ဂုဏ် ကို ရူးသွပ်
သွားစေဖို့တကယ်လုံလောက်ခဲ့သည်။ စပြီး
ဆုံတွေ့ခဲ့တဲ့သူက ကိုယ်ဖြစ်ပေမယ့်နောက်
ဆုံးမှာ ပိုင်ဆိုင်ခွင့်ရမယ့်သူက ကိုယ်ဖြစ်နိုင်
ပါ့မလား........။

" ဥက္ကဋ္ဌကြီး....ခဏလေး...ကျွန်မ CEO ကို
အကြောင်းကြားပေးပါ့မယ် "

" ငါ့ကို ဘယ်သူထင်လို့တားနေတာလဲ...
ဖယ်စမ်း "

** ဝုန်း!! **

ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အသံနဲ့အ
တူဝင်လာတဲ့သူက ဦးစိုင်းဇာနည် ပင် ။
G & S ကိုဦးဆောင်နေသူက ဂုဏ် ဖြစ်ပေ
မယ့် ဖေဖေ့ ရဲ့ဩဇာအာဏာကတော့အရင်
တိုင်းခိုင်မြဲနေဆဲဘဲ ။ ဧည့်ကြိုကောင်မလေး
ရဲ့ကြောက်လန့်နေတဲ့မျက်လုံးတွေကြောင့်
ဂုဏ် ခေါင်းငြိမ့်ပြကာထွက်သွားခိုင်းလိုက်
သည် ။

" ဂုဏ်ရှိုန်သွေး မင်းတော်တော်ပျက်စီးနေပြီ
ဘဲ "

" ဖေဖေ....ရောက်လာပြီလား ထိုင်ပါဦး "

အရက်ပြင်းပြင်းရဲ့အနံ့နဲ့အတူ အနည်းငယ်
ရီဝေနေသည့်အသံဖြင့်နှုတ်ဆက်လာတဲ့ ဂုဏ်
ကို ဦးစိုင်း မယုံနိုင်စွာငေးကြည့်နေမိသည်။
သားဖြစ်သူကိုအခုလိုပုံစံနဲ့မြင်လိုက်ရတဲ့ ဦး
စိုင်း အတွက်ကမ္ဘာပျက်မတက်ပင်။

" ဂုဏ်ရှိုန်သွေး....မင်း အသိစိတ်ကပ်စမ်း!!..
မင်းအခုလိုဖြစ်နေတဲ့အကြောင်းပြချက်က
ယောက်ျားတစ်ယောက်အတွက်လား...ဟမ်
ဖြေစမ်း "

" ဟား...ဟား...ဥက္ကဌကြီး ဦးစိုင်း ကတော့ မ
သိတာကိုမရှိပါလား.....အခုရော ဖေဖေ ဘာ
ဖြစ်ချင်ပြန်ပြီလဲ... ဟင် "

ဂုဏ့် ကိုကာရံထားသည့်ချစ်ခြင်းမေတ္တာဆို
တဲ့လှောင်အိမ်ကြီးကို ဂုဏ် မုန်းနေပြီ ။

" ဂုဏ်ရှိုန်သွေး!!!. ..မင်းကိုယ်မင်း သာမာန်
လူလို့ထင်နေလား...ဟမ်...မင်းလက်အောက်
က မင်းကိုယုံကြည်ပြီး အလုပ်လုပ်နေတဲ့ လူ
ပေါင်းထောင်ကျော်တွေကို ထည့်စဥ်းစား
ကြည့်စမ်း "

တခြားလူအတွက်စဥ်းစားပါတဲ့လား...။
ဒါဆို ဂုဏ့် ပျော်ရွှင်မှုအတွက်ကျတော့ဘယ်
သူကစဥ်းစားပေးမှာလဲ ။

" ကျွန်တော်က သာမာန်လူဆို သူနဲ့ဖြစ်နိုင်
မလားကျွန်တော်ကသာမာန် လူဆိုရင် သူ
ရွေးချယ်တဲ့သူက ကျွန်တော်ဖြစ်လာမလား
အဲ့တာဆို ဖေဖေ ဒီရာထူးတွေ ဒီစည်းစိမ်တွေ
အားလုံး သူတစ်ယောက်တည်းအတွက် ကျွန်
တော် လဲပစ်နိုင်တယ်....ကျွန်တော့် အတွက်
သူတစ်ယောက်တည်းလိုအပ်တာ.......သူတစ်
ယောက်တည်းပါ...."

တစ်ကိုယ်တည်းရေရွတ်ရင်း မျက်ရည်တွေ
ကျနေသည့် သားဖြစ်သူကို ဦးစိုင်း မှင်သက်
စွာငေးကြည့်နေမိသည် ။ ကမ္ဘာလည့်ပြီးပညာ
တွေသင်ခဲ့တယ် ။ ချောပေ့ လှပေ့ ဆိုတဲ့မိန်း
ကလေးတွေနဲ့တွဲတယ် ဒါပေမယ့် အခုလိုကျ
ရှုံးနေတဲ့ပုံစံမျိုး သား မှာမရှိခဲ့ဖူးဘူး ။

နှလုံးသားနဲ့ရင်းပြီးချစ်မိတဲ့သူက ကောင်
လေးတစ်ယောက်....ပြီးတော့ ထိုကောင်
လေး ကလည်းပိုင်ဆိုင်သူရှိပြီးသား...... ။
ဦးစိုင်း သားကိုဘယ်လိုလုပ်ပေးရမလဲမစဥ်း
စားတတ်တော့....။ သား ကိုအခုလိုအဖြစ်မျိုး
လုံးဝအဖြစ်မခံနိုင်တာက ဖခင်မေတ္တာစိတ်
ကြောင့်သာ ။

သား ကလိင်တူအမျိုးသားတစ်ယောက်နဲ့ချစ်
ကြိုက်နေတာကိုဖခင်တစ်ယောက်အနေနဲ့
ဘယ်လိုမှလက်ခံမပေးနိုင်....။ ငယ်ရွယ်စဥ်
က သား တွဲခဲ့ဖူးတဲ့ကောင်လေးအနည်းငယ်
ကိုလည်း ဦးစိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့သား
အနားကရှင်းထုတ်ပစ်ခဲ့တာချည်းဘဲ ။ ဒါကို
သား သိသွားတဲ့အခါလည်းဂရုစိုက်ခဲ့တာမ
ဟုတ်ဘူး ။

ဒါပေမယ့်အခု သား ကဒီကောင်လေးကိုရူး
ရူးမှုးမှုးဖြစ်နေတာ.....ဒီကောင်လေးကြောင့်
တခါမှမတွေ့ဖူးတဲ့ပုံစံနဲ့ အလဲလဲအပြိုပြို
ဖြစ်နေတာ....ဒါကို ဦးစိုင်း ဘယ်လိုမှကြည့်
မနေနိုင်.....။ Bisexuality လား ဒါမှမဟုတ်
Gay လားတခြားဘယ်သူမဆို ဦးစိုင်း လက်
ခံပေးလို့ရတယ် ။

ဒါပေမယ့် တစ်မိုးအောက်တစ်ယောက်တည်း
ရှိတဲ့ ဦးစိုင်းဇာနည် ရဲ့သားကမဖြစ်ရဘူး ။
မိသားစုဘဝလေး ဖန်တီးမပေးနိုင်တဲ့
ယောက်ျားတစ်ယောက်ကို သား ရဲ့လက်တွဲ
ဖော်အဖြစ် ဦးစိုင်း ဘယ်လိုမှလက်ခံပေးမှာ
မဟုတ်ဘူး ။

" ဟာ.....သား ဂုဏ်လေး အဲ့ကောင်လေးနဲ့
အဆက်သွယ်ဖြတ်လိုက်ပါကွာ....သားဖြစ်
ချင်တာအားလုံးဖြစ်စေရမယ်...တစ်ခုဘဲ
အဲ့ကောင်လေးနဲ့ထပ်ပြီး အဆက်သွယ်မလုပ်
ပါနဲ့ "

" ဖေဖေ အခုချိန်ထိ ကျွန်တော့် ကိုချုပ်ကိုင်
နေတုန်းလား....အခုချိန်ထိ ကျွန်တော့်ကို ဖေ
ဖေ့ လောင်ရိပ်အောက်မှာ ထားနေတုန်းဘဲ
လား....ကျွန်တော့် ကိုသိပ်ပြီးမချုပ်ကိုင်ပါနဲ့
ကျွန်တော်လွတ်ထွက်သွားလိမ့်မယ် "

" နောက်ဆုံးသတိပေးခြင်းဘဲ ဂုဏ်ရှိုန်သွေး..
နောက်ထပ် အဲ့ကောင်လေးနဲ့ထပ် ပက်သတ်ခဲ့
ရင် အဲ့ကောင်လေးရဲ့ဘဝကိုငါ အာမမခံဘူး..
မင်း မယုံရင်စမ်းကြည့်....."

" ဖေဖေ က ကျွန်တော့် ကိုစိန်ခေါ်လိုက်
တာလား "

ဦးစိုင်း က သား ကိုပုခုံးတွန့်ပြလိုက်ပြီးတစ်
ဆက်တည်းမှာဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ဒါက သား စိတ်ကိုတစ်ခုခုလုံ့ဆော်လိုက်မိ
ပုံရသည် ။ ချက်ချင်းမက်တပ်ထရပ်ကာ
ဦးစိုင်း ကိုမျက်နှာချင်းဆိုင်စိုက်ကြည့်လာ
သည် ။

" ဖေဖေ သူ့ကိုထိရဲရင်ထိကြည့်လိုက်....
ကျွန်တော်ငြိမ်နေမှာမဟုတ်ဘူး...ပြီးတော့
ကျွန်တော် သူ့ကိုနောက်ဆုံးအချိန်ထိလက်
လွတ်မှာမဟုတ်ဘူး...ဖေဖေ ကစိန်ခေါ်တယ်
လို့ပြောခဲ့တယ်နော်..ဒါဆို ကျွန်တော်ကလက်
ခံတယ်.... ဖေဖေ ထိနိုင်သလောက် အစွမ်း
ကုန်ကြိုးစားကြည့်လိုက်....ကျွန်တော် ကလဲ
ရေကုန်ရေခမ်း သူ့ကိုကာကွယ်ပြမယ် "

ခုံပေါ်ကအပေါ်ဝတ်ကုတ်အင်္ကျီကိုဆွဲယူပြီး
ဖေဖေ့ ကိုဂရုမစိုက်ဟန်ပြုကာရုံးခန်းထဲက
ထွက်လာသည့် ဂုဏ့် စိတ်တွေကြည်လင်
ပြတ်သားနေသည် ။ ဖေဖေ က ဂုဏ် တွဲခဲ့ဖူး
တဲ့ကောင်လေးတိုင်းကို ဂုဏ့် အနားကနေ
ဖယ်ရှားပစ်လေ့ရှိမှန်းသိပေမယ့်တစ်ခါမှဂ
ရုမစိုက်ခဲ့ဘူး ။

ဒါပေမယ့်အခုက ဂုဏ် ချစ်ရတဲ့ ကလေးငယ်
ဖြစ်နေတာမို့ ဂုဏ် ဘယ်နည်းနဲ့မှအထိခိုက်ခံ
မှာမဟုတ်ပေ ။

......................................................

လူနေမှုအဆင့်တန်းသိပ်မမြင့်တဲ့မြို့လေး
တစ်မြို့ရဲ့ ကော်ဖီဆိုင်လေးထဲတွင် သော်
နန်းစံ ကဒေါင့်ကျကျနေရာလေးမှာထိုင်နေ
ပြီးတစ်စုံတစ်ယောက်ကိုစောင့်နေသည် ။
သော်နန်းစံ တို့ထွက်ပြေးလာပြီးနောက် လူ
သူအရောက်နည်းနဲ့မြို့ငယ်လေးမှာရှောင်
တိမ်းနေခဲ့ရသည် ။

လက်ထဲပါလာတဲ့ငွေအနည်းငယ်လေးနဲ့အိမ်
ငှားနေပြီး သူကဘာအလုပ်မှလည်းမလုပ်
တတ်တာမို့ ကြာလာတော့ငတ်တစ်လှည့်
ပြတ်တစ်လှည့်ဖြစ်နေချေပြီ ။ အကိုဖြစ်သူ
အကြောင်းစုံစမ်းကြည့်တော့လည်း တစ်ခု
မှသတင်းကောင်းမရှိ....။ အကိုကသူတို့သား
အမိကိုတွေ့ချင်နေကြောင်း ကြားပေမယ့်
သူတို့မှာလည်းထွက်ပြေးနေရတဲ့အခြေအ
နေမို့သွားမတွေ့ခဲ့ပေ ။

လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက အကိုဖြစ်သူကို
စီရင်ချက်ချလိုက်ပြီဆိုတာသိခဲ့ရသည် ။
ကိုကြီး ကသူ့အပေါင်းအပါးတွေရဲ့အပြစ်
ပုံချခြင်းကိုခံလိုက်ရတဲ့အပြင် လွန်ခဲ့တဲ့နှစ်
အနည်းငယ် ကကားတိုက်ပြေးခဲ့တဲ့အမှုပါ
ပေါ်လာခဲ့တာကြောင့် ထောင်ဒဏ်အနှစ် ၃၀
ချမှတ်ခံလိုက်ရသည်...။

အမေဖြစ်တဲ့သူကလည်း သူတို့ထွက်ပြေး
လာခဲ့ရသည့်နေ့ကတည်းကသိပ်ပြီးမှုမမှန်
ချင်...။ မကြာသေးခင်က ကိုကြီးရဲ့သတင်း
ကိုပါကြားလိုက်ရတော့ ရူးတစ်ခါကောင်း
တစ်လှည့်ဖြစ်သွားခဲ့သည် ။ အမေဖြစ်သူက
ရူး အကိုကထောင်ကျ သူ့မှာနောက်ဆုံးတော့
ငတ်မသေဖို့အရေးစားသောက်ဆိုင်တွေမှာ
ပန်းကန်ဆေး စားပွဲထိုးဝင်လုပ်ရတော့သည် ။

ဒီကြားထဲ အမေ့ရဲ့ဆေးဖိုးတွေကြောင့်လူ
ကမွဲသထက်မွဲလာသည် ။ သူတို့မိသားစု
အခုလိုဖြစ်ကုန်တာ ရှိုင်းစေ ဆိုတဲ့သေနာ
ကြောင့်ပင် ။ ရှိုင်းစေ သာအစကတည်းက
သူတို့မိသားစုထဲဝင်မလာခဲ့ရင်ဒီလိုတွေဖြစ်
လာမှာမဟုတ်..။ ဒီကိစ္စတွေရဲ့တရားခံက
ရှိုင်းစေ ဆိုတဲ့အကောင်ဘဲ..။

ရှိုင်းစေ ပျော်ရွှင်စွာနဲ့အသက်ရှင်နေတာကို
သူ ဘယ်လိုမှကြည့်မနေနိုင်....။ ဒီအကောင်
ကိုဖျက်ဆီးပစ်ရမှ ကျေနပ်နိုင်မည် ။ ဒါ
ကြောင့် သော်နန်းစံ သူမ ရဲ့နောက်ဆုံးကျန်
တဲ့ဆွဲကြိုးလေးကိုရောင်းပြီး ကြေးစားလူ
သတ်သမားလည်းငှားထားသည် ။ နောက်
ရက်အနည်းငယ်ကြာရင် ရှိုင်းစေ သေပြီဆို
တဲ့သတင်းက သူမ နားထဲသာယာစွာဝင်
ရောက်လာတော့မှာပင် ။

" ငါတို့ကိုအလုပ်အပ်ထားတာ မင်းလား "

သော်နန်းစံ ရှေ့မှာတည်ငြိမ်စွာဝင်ထိုင်လာ
သည့်ခပ်ထွားထွားလူနှစ်ယောက်ကို သူသေ
ချာလေ့လာနေလိုက်သည် ။ ရွက်ကြမ်းရေ
ကြိုရုပ်တွေကခပ်ဆင်ဆင်မို့ ညီအစ်ကိုတွေ
ဖြစ်ဖို့များသည် ။

" ကျွန်မခိုင်းတာကိုသေချာလုပ်ပေးဖို့တော့
လိုတယ်နော် ။ ကျွန်မကထိခိုက်သွားရုံလေး
ဘဲလိုချင်တာမဟုတ်ဘူး...အသေလိုချင်တာ "

သော်နန်းစံ ကရှေ့ကလူနှစ်ယောက်ကိုမျက်
တောင်တစ်ချက်မခတ်ဘဲ လိုချင်တဲ့အချက်
ကိုဖိပြောပစ်လိုက်သည် ။

" ဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်... ကျုပ်
တို့ကိုငွေဘယ်လောက်ပေးမှာလဲ "

" ရှင်တို့ပုံမှန်ယူနေကျစျေးအတိုင်းပေးမယ်
ဒါပေမယ့် တစ်ခုခုလွဲချော်ပြီး ရှင်တို့အဖမ်း
ခံလိုက်ရရင်တောင်...ကျွန်မ နာမည်မထွက်
စေနဲ့...ကျွန်မ နာမည်ထွက်လာရင် ရှင်တို့ရဲ့
ငွေလဲမရဘူးလို့မှတ်ပါ..."

" ဟက်!....ဥပဒေဆိုတဲ့ကောင်ကိုပါးရိုက်
ပြီးကြေးစားလူသတ်သမားလုပ်လာတာ ၁၀
နှစ်ရှိပြီ ။ မင်းစိုးရိမ်သလိုဖြစ်လာစရာဘာ
အကြောင်းမှမရှိဘူး ငါတို့အတွက်ငွေကိုသာ
အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက် "

ဒီလူတွေကဒီလောက်အာမခံနေမှတော့
သော်နန်းစံ တွေဝေမနေတော့ပေ ။ ပိုက်ဆံ
အိတ်ထဲကစရံငွေတစ်ချို့နဲ့ ရှိုင်းစေ ဓာတ်
ပုံကိုထုတ်ပေးလိုက်သည် ။

" ငါ့ကိုသတ်ပေးရမယ့်သူက ဒီကောင်ဘဲ ။
သူက X မြို့မှာနေပြီး S ကျောင်းမှာတက်နေ
တာ ကျန်တာတော့ ရှင် တို့စုံစမ်းနိုင်တယ်မ
လား "

" ဒါပေါ့....အလုပ်ပြီးရင် မင်းကိုထပ်ပြီးဆက်
သွယ်လိုက်မယ် "

ကော်ဖီဆိုင်ထဲကပြန်ထွက်လာပြီးနောက်
လက်ထဲကဓာတ်ပုံကိုသေချာပြန်ကြည့်မိ
သည် ။ အပြစ်ကင်းကာချစ်စဖွယ်ရယ်နေ
တဲ့ကောင်လေးကိုကြေးစားငှားပြီးသတ်ရ
လောက်တဲ့ထိ ဘာကြောင့်များမုန်းနေကြ
လဲမသိ ။ ဒါပေမယ့်ဘာဘဲဖြစ်ဖြစ်သူတို့အ
လုပ်လည်းမဟုတ် သူတို့ကငွေလုံလုံလောက်
လောက်ရနေသရွေ့ဘာမဆိုလုပ်နိုင်တဲ့သူ
တွေပင် ။

.......................................................

" ကိုကို.....ကိုကို တံခါးလာဖွင့်ပါဦး "

မာန့် အလုပ်ခန်းအပြင်ကအော်သံသေးသေး
လေးကြောင့်လုပ်လက်စအလုပ်တွေကိုရပ်
ကာ မာန် ကိုယ်တိုင်တံခါးသွားဖွင့်လိုက်သည် ။

" Baby ကိုယ် ဘာလုပ်ပေးရမလဲ "

မာန့် အမေးကိုအရင်မဖြေ...။ တံခါးအဟ
လေးကနေအခန်းထဲမှာဘယ်သူတွေရှိလဲ
လို့ချောင်းကြည့်လိုက်ပြီးမှ မာန့် ကိုမော့
ကြည့်လာသည် ။

" ကိုကို အလုပ်ရှုပ်နေလား "

" မရှုပ်ပါဘူး...ကိုကို့ ကလေးလေး ကဘာ
လုပ်ချင်လို့လဲ..."

" Baby က ကိုကို နဲ့အတူတူနေချင်လို့ "

မာန် ကအလုပ်မရှုပ်ဘူးဆိုမှအခန်းထဲဝင်
လာပြီး လက်ထဲကဖျော်ရည်ခွက်လေးကို
စားပွဲပေါ်သွားတင်လိုက်သည် ။ ပြီးတာနဲ့
စားပွဲပေါ်က မာန် လုပ်လက်စစာရွက်စာ
တမ်းတွေကိုမျက်လုံးဝိုင်းလေးနဲ့ လိုက်စပ်
စုသည် ။ Baby ဝတ်ထားတဲ့ ယုန်ပုံစံအင်္ကျီ
ဝမ်းဆက်ကဖင်မှာပါယုန်အမှီးလုံးလုံးလေး
ပါနေတာကြောင့် Baby ကတကယ့်ယုန်က
လေးလို...။

" ကိုကို လာလေ...ဒီမှာထိုင် "

မာန့် အလုပ်ထိုင်ခုံလေးကိုလက်နဲ့ပုတ်ပြ
နေတာကြောင့် Baby သဘောအတိုင်းထိုင်
ခုံမှာဝင်ထိုင်ပေးလိုက်သည် ။

" ကိုကို သောက်ဖို့....ကိုကို အလုပ်တွေမပြီး
သေးဘူးဆိုတာ Baby သိသားဘဲ...အလုပ်
လုပ်နော် Baby ဟိုနားမှာနေနေမယ် "

ေဖျာ်ရည်ခွက်လေးကိုရှေ့တိုးပေးရင်းချစ်
စဖွယ်စကားတွေတတ်နေတဲ့ Baby ခါးလေး
ကို မာန် လှမ်းဖက်ထားလိုက်သည် ။

" Baby ပျင်းနေတယ်မဟုတ်လား... ဟို
ကောင်လေးကဒီနေ့လဲမလာပြန်ဘူးလား "

မာန့် အနေနဲ့ ပိုးပြည့်စုံ ဆိုတဲ့ကောင်လေးကို
သိပ်သဘောမကျပေမယ့် Baby ကတော့
တော်တော်လေးခင်တွယ်ပုံရသည် ။ ဟို
ကောင်လေးကလည်း Baby ကိုဆိုရင်တော်
တော်လေးအလိုလိုက်ပြီး ကပ်စေးကိတ်လေး
လိုပြေးပြေးကပ်တတ်သေးသည် ။

" ပိုးလေး ကဘာလို့လဲမသိဘူး Baby ကို
မဆက်သွယ်တာကြာပြီ ကျောင်းလဲမလာ
ဘူး "

ဟိုကောင်လေးကို Baby အနားမှာရက်အ
နည်းငယ်လောက်မတွေ့တာကြောင့် မာန်
နည်းနည်းလောက်စုံစမ်းဖြစ်ခဲ့သေးတယ် ။
ကောင်လေး ကအိမ်ထဲကနေထွက်မလာတာ
၁၀ ရက်လောက်ရှိနေပြီး ဘုန်းမင်း ပြောပုံ
အရတော့ကောင်လေးက နဂိုကတည်းကရင်း
ကျန်းမာရေးသိပ်မကောင်းတာမို့ အခုလည်း
နေမကောင်းဖြစ်နေပုံရသည်တဲ့...။

" သူတစ်နေရာရာသွားခဲ့တာနေမှာပေါ့...
Baby ပျင်းနေရင် ကိုယ်အဖော်လုပ်ပေးမယ်
လေ "

ဒီကောင်လေးနေမကောင်းဖြစ်နေနိုင်တာကို
Baby သိသွားရင်ဝမ်းနည်းနေမှာစိုးတာ
ကြောင့် မာန် စကားလမ်းကြောင်းလွဲလိုက်
သည် ။

" ဟင့်အင်း.... Baby မပျင်းပါဘူး ကိုကို
အလုပ်လုပ်တာကြည့်နေမယ်လေ "

ပြုံးပြုံးရွှင်ရွှင်လေးနဲ့ မာန့် ကိုရယ်ပြနေတာ
ကြောင့် Baby ဆန္ဒကိုဦးစားပေးဖို့စဥ်းစား
လိုက်သည် ။ မာန့် အလုပ်ကလည်းသိပ်မ
များတာမို့မြန်မြန်လက်စသတ်ပြီး Baby
သွားချင်တဲ့နေရာလိုက်ပို့ပေးရမယ်လေ ။

" ဒါဆို ကိုကို့ ကိုအနမ်းလေးပေးပါဦး "

ရှက်ဝဲဝဲလေးဖြစ်သွားပေမယ့် မာန့် နှုတ်
ခမ်းကိုခပ်ဖွဖွဖိကပ်ကာအနမ်းလေးတော့
ပေးလာသည် ။

" အာဘွား....ဟိ...ဟိ...အလုပ်လုပ်တော့ "

ကိုကို့ ကိုအနမ်းပေးပြီးတာနဲ့ ရှိုင်းစေ အခန်း
ထဲလျှောက်ပတ်ကြည့်နေလိုက်သည် ။ ကိုကို
ကဒီအခန်းထဲမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီး
အရေးကြီးတဲ့ဖိုင်တွေသိမ်းထားတတ်တာ
မို့ ရှိုင်းစေ ဗီရိုတွေထဲတော့လိုက်မကြည့်ပေ ။
ဒါပေမယ့် ကိုကို့ စာအုပ်စင်ပေါ်ကစာအုပ်
တွေကိုတော့စိတ်ဝင်စားတာမို့ ယူဖတ်ကြည့်
ဖို့စဥ်းစားထားသည် ။

" အမ်...ဒါကဘာလေးလဲ မီးခလုတ်လား "

စာအုပ်စင်နားမှာစာအုပ်ရွေးနေစဥ် ရှိုင်းစေ
ယူလိုက်မိတဲ့စာအုပ်နောက်က နံရံပေါ်မှာသီး
သန့်တည်ရှိနေတဲ့အနီရောင်ခလုတ်လေးကို
စပ်စပ်စုစုဖြင့်လက်ညိုးလေးနဲ့ဖိချပစ်လိုက်
သည် ။ ပြီးတာနဲ့မီးလုံးတွေကိုလိုက်မော့ကြည့်
လိုက်ပေမယ့် တစ်ခုမှလည်းလင်းမလာဘူး ။ ဟွန့် အပျက်ကြီးနေမှာ....။

" ကိုကို...ဒီအနီရောင်ခလုတ်လေးကအပျက်
ကြီးလား...Baby ဖွင့်ကြည့်တာ ဖွင့်လို့မရ
ဘူး..."

Baby အဲ့ဒီခလုတ်နှိပ်လိုက်တာကို မာန်
ချက်ခြင်းသတိထားမိပြီးသားပင် ။

" ဟား...ဟား...ကလေးလေး...ကိုယ့်နားလာ
တော့ခဏနေ ဘုန်းမင်း တက်လာတော့မယ် "

ဘာမှမသိတဲ့ Baby ကသာအူကြောင်ကြား
လေးလုပ်နေတာမို့ ဘုန်းမင်း ရန်ကကာကွယ်
ဖို့အတွက် မာန့် ပေါင်ပေါ်ခေါ်တင်ထားလိုက်
သည် ။ မကြာပါဘူး အပေါ်ထပ်ကိုပြေးတက်
လာတဲ့အသံနဲ့အတူ ဘုန်းမင်း တစ်ယောက်
ထိပ်လန့်နေတဲ့မျက်နှာနဲ့အခန်းထဲရောက်ချ
လာသည် ။

" Boss တစ်ခုခုမူမမှန်တာတွေ့လို့လား
Company မှာအရေးပေါ်အချက်ပေးသံ
မြည်လာပြီးလုပ်ငန်းအချက်အလက်တွေ
အကုန်ပိတ်ချသွားပြီလို့ဖုန်းဆက်လာတယ်
Boss အရေးပေါ်ခလုတ်နှိပ်လိုက်တာလား "

" အမ်...ခလုတ်လား...အဲ့တာ ကျွန်တော် နှိပ်
လိုက်တာ အဲ့ခလုတ်ကပျက်နေပြီ မီးမလင်း
ဘူး....အကိုဘုန်းမင်း ပြင်လိုက်ဦး "

Boss ရင်ခွင်ထဲကနေခေါင်းလေးထောင်လာ
ပြီး မီးခလုတ်ပျက်နေကြောင်းဝင်ပြောသွား
တဲ့ ပေါက်စ ကို ဘုန်းမင်း နာနာရိုက်ချင်နေ
ပြီ ။

" Boss!!. ..."

" ဆူလိုက်တာ ဘုန်းမင်း ရာ မင်းအသံကြောင့်
Baby လန့်သွားတော့မှာဘဲ...လုပ်လက်စအ
လုပ်တွေကိုရပ်ထားပြီးတော့...ပျက်သွားတဲ့
အချက်အလက်တွေနဲ့ အလုပ်တွေကိုပြန်လုပ်
ထားလိုက်....​ပြီးတော့ဒီအခြေနေအတွင်း ဝန်
ထမ်းတွေကိုလစာ ၃ ဆတိုးပေးလိုက် "

စတော်ဘယ်ရီ ဖျော်ရည်ခွက်ကြီးကိုင်ပြီး
အရေးမပါတဲ့ကိစ္စတစ်ခုဖြစ်သွားသလိုပြု
မူနေတဲ့ Boss ကိုရော ယုန်အင်္ကျီနဲ့ ယုန်
ဘောင်းဘီဝတ်ပြီး ဘာမှမသိတဲ့အကောင်
ပေါက်ကိုရော ဘုန်းမင်း စိတ်နာနေပါပြီနော် ။
ဒီနှစ်ယောက်ကိုဆက်လဲကြည့်မနေနိုင်တော့
တာမို့ ဘုန်းမင်း အခန်းထဲကအမြန်ပြန်ထွက်
လာခဲ့ရသည် ။

တကယ်ဆိုအဲ့ဒီခလုတ်က Company ရဲ့
အရေးကြီးပရောဂျက်တွေ လုပ်ငန်းသုံးဒေ
တာတွေ အချက်အလက်တွေကိုခိုးယူလို့မ
ရအောင်ထိန်းချုပ်ထားတဲ့ အဝေးထိန်းခ
လုတ်တစ်ခုပင် ။ ဒါကြောင့် Boss ကိုင်တဲ့
လုပ်ငန်းသုံးပစ္စည်းတစ်ခုခုမှာမူမမှန်တဲ့အ
ချက်ပြလာတာနဲ့ Boss အလုပ်ခန်းထဲမှာတပ်
ဆင်ထားတဲ့အဝေးထိန်းခလုတ်နဲ့ ပိတ်ချပစ်
လိုက်မှာဖြစ်သည် ။

အခုတော့ အကောင်ပေါက်လက်ချက်ကြောင့်
ပိတ်ချထားတဲ့ဒေတာတွေပြန်ယူ ပရောဂျက်
တွေပြန်စစ် အချက်အလက်တွေပြန်စီရမယ့်
အပြင် လုပ်လက်စအလုပ်တွေကိုပါပြန်စီစစ်
ရတော့မည် ။ ဒီတိုင်းဆို ဘုန်းမင်း ၃ လ
လောက်တော့အိပ်ရေးပျက်ဖို့အခြေအနေဖြစ်
နေချေပြီ ။

သူလည်း မြတ်သူ လို ယန်ရှု နဲ့သွားအိပ်ရရင်
ဘယ်လောက်ကောင်းမလဲနော် ။အနည်းဆုံး
တော့အခုလိုအလုပ်ပုံကြားထဲနိုးတစ်ဝက်
အိပ်တစ်ဝက်နဲ့ အလုပ်မလုပ်ရတော့ဘူးပေါ့
လို့....။

____________________________________________________________

မြတ်နိုးခြင်းများစွာဖြင့်...... Aster

# 7.2.2021






Zawgyi
********

အပန္းေျပ႐ုံတင္မဟုတ္ဘဲတစ္ေလာကလုံး
ကိုေမ့ပစ္လိုက္ခ်င္ဟန္ျဖင့္ ဂုဏ္ အရက္
ေတြဇြတ္ေသာက္ေနမိသည္ ။ ဂုဏ္ ဒီရက္
ပိုင္း႐ုံးခန္းထဲမွာဘဲအခ်ိန္ျဖဳန္းေနၿပီး အိမ္
ျပန္လာဖို႔ဆက္တိုက္ေျပာေနသည့္ ေဖေဖ့
စကားေတြကိုေတာင္ျငင္းဆန္ပစ္ခဲ့သည္ ။

အခုခ်ိန္မွာ ဂုဏ္ ဘယ္သူနဲ႕မွမေတြ႕ခ်င္..။
ဂုဏ့္ မ်က္လုံးေတြကႀကိမ္းစပ္နာက်င္ေန
သည့္တိုင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပစ္လိုက္
ဖို႔ျငင္းဆန္းေနဆဲဘဲ...။ ဂုဏ္ မိနစ္အနည္း
ငယ္အနားယူလိုက္႐ုံကလြဲၿပီး ႏွစ္ႏွစ္ၿခိဳက္
ၿခိဳက္အိပ္မေပ်ာ္နိုင္...။

ၾကည္လင္ေတာက္ပေနသည့္ေရခဲတုံးေလး
ေတြက အဆင့္ျမင့္ဝီစကီအေရာင္ေၾကာင့္
ပိုၿပီးလွပေနသေယာင္..။ ဂုဏ္ စားပြဲေပၚက
ဝီစကီခြက္ကိုလွမ္းယူကာ တစ္ႀကိဳက္တည္း
ေမာ့ခ်ပစ္လိုက္သည္ ။ လည္ေခ်ာင္းထဲပူၿပီး
ဆင္းသြားတဲ့ ဝီစကီခါးခါးတစ္ခြက္က ဂုဏ့္
ရင္ထဲကပူေလာင္မႈကိုေတာ့ေလ်ာ့မသြားေစ
ခဲ့ေပ။

အဲ့ဒီေန႕တုန္းက ကေလးငယ္ ရဲ႕ ကိုကို လို႔
ေခၚသံနဲ႕အတူ ၿငိဳးမာန္ ရဲ႕ရင္ခြင္နဲ႕အသား
က်ေနတဲ့ခႏၱာကိုယ္ေလးက ဂုဏ္ ကို ႐ူးသြပ္
သြားေစဖို႔တကယ္လုံေလာက္ခဲ့သည္။ စၿပီး
ဆုံေတြ႕ခဲ့တဲ့သူက ကိုယ္ျဖစ္ေပမယ့္ေနာက္
ဆုံးမွာ ပိုင္ဆိုင္ခြင့္ရမယ့္သူက ကိုယ္ျဖစ္နိုင္
ပါ့မလား........။

" ဥကၠ႒ႀကီး....ခဏေလး...ကြၽန္မ CEO ကို
အေၾကာင္းၾကားေပးပါ့မယ္ "

" ငါ့ကို ဘယ္သူထင္လို႔တားေနတာလဲ...
ဖယ္စမ္း "

** ဝုန္း!! **

႐ုံးခန္းတံခါးကို တြန္းဖြင့္လိုက္တဲ့အသံနဲ႕အ
တူဝင္လာတဲ့သူက ဦးစိုင္းဇာနည္ ပင္ ။
G & S ကိုဦးေဆာင္ေနသူက ဂုဏ္ ျဖစ္ေပ
မယ့္ ေဖေဖ့ ရဲ႕ဩဇာအာဏာကေတာ့အရင္
တိုင္းခိုင္ၿမဲေနဆဲဘဲ ။ ဧည့္ႀကိဳေကာင္မေလး
ရဲ႕ေၾကာက္လန့္ေနတဲ့မ်က္လုံးေတြေၾကာင့္
ဂုဏ္ ေခါင္းၿငိမ့္ျပကာထြက္သြားခိုင္းလိုက္
သည္ ။

" ဂုဏ္ရွိုန္ေသြး မင္းေတာ္ေတာ္ပ်က္စီးေနၿပီ
ဘဲ "

" ေဖေဖ....ေရာက္လာၿပီလား ထိုင္ပါဦး "

အရက္ျပင္းျပင္းရဲ႕အနံ႕နဲ႕အတူ အနည္းငယ္
ရီေဝေနသည့္အသံျဖင့္ႏႈတ္ဆက္လာတဲ့ ဂုဏ္
ကို ဦးစိုင္း မယုံနိုင္စြာေငးၾကည့္ေနမိသည္။
သားျဖစ္သူကိုအခုလိုပုံစံနဲ႕ျမင္လိုက္ရတဲ့ ဦး
စိုင္း အတြက္ကမၻာပ်က္မတက္ပင္။

" ဂုဏ္ရွိုန္ေသြး....မင္း အသိစိတ္ကပ္စမ္း!!..
မင္းအခုလိုျဖစ္ေနတဲ့အေၾကာင္းျပခ်က္က
ေယာက္်ားတစ္ေယာက္အတြက္လား...ဟမ္
ေျဖစမ္း "

" ဟား...ဟား...ဥကၠဌႀကီး ဦးစိုင္း ကေတာ့ မ
သိတာကိုမရွိပါလား.....အခုေရာ ေဖေဖ ဘာ
ျဖစ္ခ်င္ျပန္ၿပီလဲ... ဟင္ "

ဂုဏ့္ ကိုကာရံထားသည့္ခ်စ္ျခင္းေမတၱာဆို
တဲ့ေလွာင္အိမ္ႀကီးကို ဂုဏ္ မုန္းေနၿပီ ။

" ဂုဏ္ရွိုန္ေသြး!!!. ..မင္းကိုယ္မင္း သာမာန္
လူလို႔ထင္ေနလား...ဟမ္...မင္းလက္ေအာက္
က မင္းကိုယုံၾကည္ၿပီး အလုပ္လုပ္ေနတဲ့ လူ
ေပါင္းေထာင္ေက်ာ္ေတြကို ထည့္စဥ္းစား
ၾကည့္စမ္း "

တျခားလူအတြက္စဥ္းစားပါတဲ့လား...။
ဒါဆို ဂုဏ့္ ေပ်ာ္႐ႊင္မႈအတြက္က်ေတာ့ဘယ္
သူကစဥ္းစားေပးမွာလဲ ။

" ကြၽန္ေတာ္က သာမာန္လူဆို သူနဲ႕ျဖစ္နိုင္
မလားကြၽန္ေတာ္ကသာမာန္ လူဆိုရင္ သူ
ေ႐ြးခ်ယ္တဲ့သူက ကြၽန္ေတာ္ျဖစ္လာမလား
အဲ့တာဆို ေဖေဖ ဒီရာထူးေတြ ဒီစည္းစိမ္ေတြ
အားလုံး သူတစ္ေယာက္တည္းအတြက္ ကြၽန္
ေတာ္ လဲပစ္နိုင္တယ္....ကြၽန္ေတာ့္ အတြက္
သူတစ္ေယာက္တည္းလိုအပ္တာ.......သူတစ္
ေယာက္တည္းပါ...."

တစ္ကိုယ္တည္းေရ႐ြတ္ရင္း မ်က္ရည္ေတြ
က်ေနသည့္ သားျဖစ္သူကို ဦးစိုင္း မွင္သက္
စြာေငးၾကည့္ေနမိသည္ ။ ကမၻာလည့္ၿပီးပညာ
ေတြသင္ခဲ့တယ္ ။ ေခ်ာေပ့ လွေပ့ ဆိုတဲ့မိန္း
ကေလးေတြနဲ႕တြဲတယ္ ဒါေပမယ့္ အခုလိုက်
ရႈံးေနတဲ့ပုံစံမ်ိဳး သား မွာမရွိခဲ့ဖူးဘူး ။

ႏွလုံးသားနဲ႕ရင္းၿပီးခ်စ္မိတဲ့သူက ေကာင္
ေလးတစ္ေယာက္....ၿပီးေတာ့ ထိုေကာင္
ေလး ကလည္းပိုင္ဆိုင္သူရွိၿပီးသား...... ။
ဦးစိုင္း သားကိုဘယ္လိုလုပ္ေပးရမလဲမစဥ္း
စားတတ္ေတာ့....။ သား ကိုအခုလိုအျဖစ္မ်ိဳး
လုံးဝအျဖစ္မခံနိုင္တာက ဖခင္ေမတၱာစိတ္
ေၾကာင့္သာ ။

သား ကလိင္တူအမ်ိဳးသားတစ္ေယာက္နဲ႕ခ်စ္
ႀကိဳက္ေနတာကိုဖခင္တစ္ေယာက္အေနနဲ႕
ဘယ္လိုမွလက္ခံမေပးနိုင္....။ ငယ္႐ြယ္စဥ္
က သား တြဲခဲ့ဖူးတဲ့ေကာင္ေလးအနည္းငယ္
ကိုလည္း ဦးစိုင္း ကိုယ့္နည္းကိုယ့္ဟန္နဲ႕သား
အနားကရွင္းထုတ္ပစ္ခဲ့တာခ်ည္းဘဲ ။ ဒါကို
သား သိသြားတဲ့အခါလည္းဂ႐ုစိုက္ခဲ့တာမ
ဟုတ္ဘူး ။

ဒါေပမယ့္အခု သား ကဒီေကာင္ေလးကို႐ူး
႐ူးမႈးမႈးျဖစ္ေနတာ.....ဒီေကာင္ေလးေၾကာင့္
တခါမွမေတြ႕ဖူးတဲ့ပုံစံနဲ႕ အလဲလဲအၿပိဳၿပိဳ
ျဖစ္ေနတာ....ဒါကို ဦးစိုင္း ဘယ္လိုမွၾကည့္
မေနနိုင္.....။ Bisexuality လား ဒါမွမဟုတ္
Gay လားတျခားဘယ္သူမဆို ဦးစိုင္း လက္
ခံေပးလို႔ရတယ္ ။

ဒါေပမယ့္ တစ္မိုးေအာက္တစ္ေယာက္တည္း
ရွိတဲ့ ဦးစိုင္းဇာနည္ ရဲ႕သားကမျဖစ္ရဘူး ။
မိသားစုဘဝေလး ဖန္တီးမေပးနိုင္တဲ့
ေယာက္်ားတစ္ေယာက္ကို သား ရဲ႕လက္တြဲ
ေဖာ္အျဖစ္ ဦးစိုင္း ဘယ္လိုမွလက္ခံေပးမွာ
မဟုတ္ဘူး ။

" ဟာ.....သား ဂုဏ္ေလး အဲ့ေကာင္ေလးနဲ႕
အဆက္သြယ္ျဖတ္လိုက္ပါကြာ....သားျဖစ္
ခ်င္တာအားလုံးျဖစ္ေစရမယ္...တစ္ခုဘဲ
အဲ့ေကာင္ေလးနဲ႕ထပ္ၿပီး အဆက္သြယ္မလုပ္
ပါနဲ႕ "

" ေဖေဖ အခုခ်ိန္ထိ ကြၽန္ေတာ့္ ကိုခ်ဳပ္ကိုင္
ေနတုန္းလား....အခုခ်ိန္ထိ ကြၽန္ေတာ့္ကို ေဖ
ေဖ့ ေလာင္ရိပ္ေအာက္မွာ ထားေနတုန္းဘဲ
လား....ကြၽန္ေတာ့္ ကိုသိပ္ၿပီးမခ်ဳပ္ကိုင္ပါနဲ႕
ကြၽန္ေတာ္လြတ္ထြက္သြားလိမ့္မယ္ "

" ေနာက္ဆုံးသတိေပးျခင္းဘဲ ဂုဏ္ရွိုန္ေသြး..
ေနာက္ထပ္ အဲ့ေကာင္ေလးနဲ႕ထပ္ ပက္သတ္ခဲ့
ရင္ အဲ့ေကာင္ေလးရဲ႕ဘဝကိုငါ အာမမခံဘူး..
မင္း မယုံရင္စမ္းၾကည့္....."

" ေဖေဖ က ကြၽန္ေတာ့္ ကိုစိန္ေခၚလိုက္
တာလား "

ဦးစိုင္း က သား ကိုပုခုံးတြန့္ျပလိုက္ၿပီးတစ္
ဆက္တည္းမွာဘဲ ေခါင္းၿငိမ့္ျပလိုက္သည္။
ဒါက သား စိတ္ကိုတစ္ခုခုလုံ႕ေဆာ္လိုက္မိ
ပုံရသည္ ။ ခ်က္ခ်င္းမက္တပ္ထရပ္ကာ
ဦးစိုင္း ကိုမ်က္ႏွာခ်င္းဆိုင္စိုက္ၾကည့္လာ
သည္ ။

" ေဖေဖ သူ႕ကိုထိရဲရင္ထိၾကည့္လိုက္....
ကြၽန္ေတာ္ၿငိမ္ေနမွာမဟုတ္ဘူး...ၿပီးေတာ့
ကြၽန္ေတာ္ သူ႕ကိုေနာက္ဆုံးအခ်ိန္ထိလက္
လြတ္မွာမဟုတ္ဘူး...ေဖေဖ ကစိန္ေခၚတယ္
လို႔ေျပာခဲ့တယ္ေနာ္..ဒါဆို ကြၽန္ေတာ္ကလက္
ခံတယ္.... ေဖေဖ ထိနိုင္သေလာက္ အစြမ္း
ကုန္ႀကိဳးစားၾကည့္လိုက္....ကြၽန္ေတာ္ ကလဲ
ေရကုန္ေရခမ္း သူ႕ကိုကာကြယ္ျပမယ္ "

ခုံေပၚကအေပၚဝတ္ကုတ္အကၤ်ီကိုဆြဲယူၿပီး
ေဖေဖ့ ကိုဂ႐ုမစိုက္ဟန္ျပဳကာ႐ုံးခန္းထဲက
ထြက္လာသည့္ ဂုဏ့္ စိတ္ေတြၾကည္လင္
ျပတ္သားေနသည္ ။ ေဖေဖ က ဂုဏ္ တြဲခဲ့ဖူး
တဲ့ေကာင္ေလးတိုင္းကို ဂုဏ့္ အနားကေန
ဖယ္ရွားပစ္ေလ့ရွိမွန္းသိေပမယ့္တစ္ခါမွဂ
႐ုမစိုက္ခဲ့ဘူး ။

ဒါေပမယ့္အခုက ဂုဏ္ ခ်စ္ရတဲ့ ကေလးငယ္
ျဖစ္ေနတာမို႔ ဂုဏ္ ဘယ္နည္းနဲ႕မွအထိခိုက္ခံ
မွာမဟုတ္ေပ ။

......................................................

လူေနမႈအဆင့္တန္းသိပ္မျမင့္တဲ့ၿမိဳ႕ေလး
တစ္ၿမိဳ႕ရဲ႕ ေကာ္ဖီဆိုင္ေလးထဲတြင္ ေသာ္
နန္းစံ ကေဒါင့္က်က်ေနရာေလးမွာထိုင္ေန
ၿပီးတစ္စုံတစ္ေယာက္ကိုေစာင့္ေနသည္ ။
ေသာ္နန္းစံ တို႔ထြက္ေျပးလာၿပီးေနာက္ လူ
သူအေရာက္နည္းနဲ႕ၿမိဳ႕ငယ္ေလးမွာေရွာင္
တိမ္းေနခဲ့ရသည္ ။

လက္ထဲပါလာတဲ့ေငြအနည္းငယ္ေလးနဲ႕အိမ္
ငွားေနၿပီး သူကဘာအလုပ္မွလည္းမလုပ္
တတ္တာမို႔ ၾကာလာေတာ့ငတ္တစ္လွည့္
ျပတ္တစ္လွည့္ျဖစ္ေနေခ်ၿပီ ။ အကိုျဖစ္သူ
အေၾကာင္းစုံစမ္းၾကည့္ေတာ့လည္း တစ္ခု
မွသတင္းေကာင္းမရွိ....။ အကိုကသူတို႔သား
အမိကိုေတြ႕ခ်င္ေနေၾကာင္း ၾကားေပမယ့္
သူတို႔မွာလည္းထြက္ေျပးေနရတဲ့အေျခအ
ေနမို႔သြားမေတြ႕ခဲ့ေပ ။

လြန္ခဲ့တဲ့ ၁၀ ရက္တုန္းက အကိုျဖစ္သူကို
စီရင္ခ်က္ခ်လိဳက္ၿပီဆိုတာသိခဲ့ရသည္ ။
ကိုႀကီး ကသူ႕အေပါင္းအပါးေတြရဲ႕အျပစ္
ပုံခ်ျခင္းကိုခံလိုက္ရတဲ့အျပင္ လြန္ခဲ့တဲ့ႏွစ္
အနည္းငယ္ ကကားတိုက္ေျပးခဲ့တဲ့အမႈပါ
ေပၚလာခဲ့တာေၾကာင့္ ေထာင္ဒဏ္အႏွစ္ ၃၀
ခ်မွတ္ခံလိုက္ရသည္...။

အေမျဖစ္တဲ့သူကလည္း သူတို႔ထြက္ေျပး
လာခဲ့ရသည့္ေန႕ကတည္းကသိပ္ၿပီးမႈမမွန္
ခ်င္...။ မၾကာေသးခင္က ကိုႀကီးရဲ႕သတင္း
ကိုပါၾကားလိုက္ရေတာ့ ႐ူးတစ္ခါေကာင္း
တစ္လွည့္ျဖစ္သြားခဲ့သည္ ။ အေမျဖစ္သူက
႐ူး အကိုကေထာင္က် သူ႕မွာေနာက္ဆုံးေတာ့
ငတ္မေသဖို႔အေရးစားေသာက္ဆိုင္ေတြမွာ
ပန္းကန္ေဆး စားပြဲထိုးဝင္လုပ္ရေတာ့သည္ ။

ဒီၾကားထဲ အေမ့ရဲ႕ေဆးဖိုးေတြေၾကာင့္လူ
ကမြဲသထက္မြဲလာသည္ ။ သူတို႔မိသားစု
အခုလိုျဖစ္ကုန္တာ ရွိုင္းေစ ဆိုတဲ့ေသနာ
ေၾကာင့္ပင္ ။ ရွိုင္းေစ သာအစကတည္းက
သူတို႔မိသားစုထဲဝင္မလာခဲ့ရင္ဒီလိုေတြျဖစ္
လာမွာမဟုတ္..။ ဒီကိစၥေတြရဲ႕တရားခံက
ရွိုင္းေစ ဆိုတဲ့အေကာင္ဘဲ..။

ရွိုင္းေစ ေပ်ာ္႐ႊင္စြာနဲ႕အသက္ရွင္ေနတာကို
သူ ဘယ္လိုမွၾကည့္မေနနိုင္....။ ဒီအေကာင္
ကိုဖ်က္ဆီးပစ္ရမွ ေက်နပ္နိုင္မည္ ။ ဒါ
ေၾကာင့္ ေသာ္နန္းစံ သူမ ရဲ႕ေနာက္ဆုံးက်န္
တဲ့ဆြဲႀကိဳးေလးကိုေရာင္းၿပီး ေၾကးစားလူ
သတ္သမားလည္းငွားထားသည္ ။ ေနာက္
ရက္အနည္းငယ္ၾကာရင္ ရွိုင္းေစ ေသၿပီဆို
တဲ့သတင္းက သူမ နားထဲသာယာစြာဝင္
ေရာက္လာေတာ့မွာပင္ ။

" ငါတို႔ကိုအလုပ္အပ္ထားတာ မင္းလား "

ေသာ္နန္းစံ ေရွ႕မွာတည္ၿငိမ္စြာဝင္ထိုင္လာ
သည့္ခပ္ထြားထြားလူႏွစ္ေယာက္ကို သူေသ
ခ်ာေလ့လာေနလိုက္သည္ ။ ႐ြက္ၾကမ္းေရ
ႀကိဳ႐ုပ္ေတြကခပ္ဆင္ဆင္မို႔ ညီအစ္ကိုေတြ
ျဖစ္ဖို႔မ်ားသည္ ။

" ကြၽန္မခိုင္းတာကိုေသခ်ာလုပ္ေပးဖို႔ေတာ့
လိုတယ္ေနာ္ ။ ကြၽန္မကထိခိုက္သြား႐ုံေလး
ဘဲလိုခ်င္တာမဟုတ္ဘူး...အေသလိုခ်င္တာ "

ေသာ္နန္းစံ ကေရွ႕ကလူႏွစ္ေယာက္ကိုမ်က္
ေတာင္တစ္ခ်က္မခတ္ဘဲ လိုခ်င္တဲ့အခ်က္
ကိုဖိေျပာပစ္လိုက္သည္ ။

" ျဖစ္ခ်င္တဲ့အတိုင္းျဖစ္ေစရမယ္... က်ဳပ္
တို႔ကိုေငြဘယ္ေလာက္ေပးမွာလဲ "

" ရွင္တို႔ပုံမွန္ယူေနက်ေစ်းအတိုင္းေပးမယ္
ဒါေပမယ့္ တစ္ခုခုလြဲေခ်ာ္ၿပီး ရွင္တို႔အဖမ္း
ခံလိုက္ရရင္ေတာင္...ကြၽန္မ နာမည္မထြက္
ေစနဲ႕...ကြၽန္မ နာမည္ထြက္လာရင္ ရွင္တို႔ရဲ႕
ေငြလဲမရဘူးလို႔မွတ္ပါ..."

" ဟက္!....ဥပေဒဆိုတဲ့ေကာင္ကိုပါးရိုက္
ၿပီးေၾကးစားလူသတ္သမားလုပ္လာတာ ၁၀
ႏွစ္ရွိၿပီ ။ မင္းစိုးရိမ္သလိုျဖစ္လာစရာဘာ
အေၾကာင္းမွမရွိဘူး ငါတို႔အတြက္ေငြကိုသာ
အဆင္သင့္ျဖစ္ေအာင္လုပ္ထားလိုက္ "

ဒီလူေတြကဒီေလာက္အာမခံေနမွေတာ့
ေသာ္နန္းစံ ေတြေဝမေနေတာ့ေပ ။ ပိုက္ဆံ
အိတ္ထဲကစရံေငြတစ္ခ်ိဳ႕နဲ႕ ရွိုင္းေစ ဓာတ္
ပုံကိုထုတ္ေပးလိုက္သည္ ။

" ငါ့ကိုသတ္ေပးရမယ့္သူက ဒီေကာင္ဘဲ ။
သူက X ၿမိဳ႕မွာေနၿပီး S ေက်ာင္းမွာတက္ေန
တာ က်န္တာေတာ့ ရွင္ တို႔စုံစမ္းနိုင္တယ္မ
လား "

" ဒါေပါ့....အလုပ္ၿပီးရင္ မင္းကိုထပ္ၿပီးဆက္
သြယ္လိုက္မယ္ "

ေကာ္ဖီဆိုင္ထဲကျပန္ထြက္လာၿပီးေနာက္
လက္ထဲကဓာတ္ပုံကိုေသခ်ာျပန္ၾကည့္မိ
သည္ ။ အျပစ္ကင္းကာခ်စ္စဖြယ္ရယ္ေန
တဲ့ေကာင္ေလးကိုေၾကးစားငွားၿပီးသတ္ရ
ေလာက္တဲ့ထိ ဘာေၾကာင့္မ်ားမုန္းေနၾက
လဲမသိ ။ ဒါေပမယ့္ဘာဘဲျဖစ္ျဖစ္သူတို႔အ
လုပ္လည္းမဟုတ္ သူတို႔ကေငြလုံလုံေလာက္
ေလာက္ရေနသေ႐ြ႕ဘာမဆိုလုပ္နိုင္တဲ့သူ
ေတြပင္ ။

.......................................................

" ကိုကို.....ကိုကို တံခါးလာဖြင့္ပါဦး "

မာန့္ အလုပ္ခန္းအျပင္ကေအာ္သံေသးေသး
ေလးေၾကာင့္လုပ္လက္စအလုပ္ေတြကိုရပ္
ကာ မာန္ ကိုယ္တိုင္တံခါးသြားဖြင့္လိုက္သည္ ။

" Baby ကိုယ္ ဘာလုပ္ေပးရမလဲ "

မာန့္ အေမးကိုအရင္မေျဖ...။ တံခါးအဟ
ေလးကေနအခန္းထဲမွာဘယ္သူေတြရွိလဲ
လို႔ေခ်ာင္းၾကည့္လိုက္ၿပီးမွ မာန့္ ကိုေမာ့
ၾကည့္လာသည္ ။

" ကိုကို အလုပ္ရႈပ္ေနလား "

" မရႈပ္ပါဘူး...ကိုကို႔ ကေလးေလး ကဘာ
လုပ္ခ်င္လို႔လဲ..."

" Baby က ကိုကို နဲ႕အတူတူေနခ်င္လို႔ "

မာန္ ကအလုပ္မရႈပ္ဘူးဆိုမွအခန္းထဲဝင္
လာၿပီး လက္ထဲကေဖ်ာ္ရည္ခြက္ေလးကို
စားပြဲေပၚသြားတင္လိုက္သည္ ။ ၿပီးတာနဲ႕
စားပြဲေပၚက မာန္ လုပ္လက္စစာ႐ြက္စာ
တမ္းေတြကိုမ်က္လုံးဝိုင္းေလးနဲ႕ လိုက္စပ္
စုသည္ ။ Baby ဝတ္ထားတဲ့ ယုန္ပုံစံအကၤ်ီ
ဝမ္းဆက္ကဖင္မွာပါယုန္အမွီးလုံးလုံးေလး
ပါေနတာေၾကာင့္ Baby ကတကယ့္ယုန္က
ေလးလို...။

" ကိုကို လာေလ...ဒီမွာထိုင္ "

မာန့္ အလုပ္ထိုင္ခုံေလးကိုလက္နဲ႕ပုတ္ျပ
ေနတာေၾကာင့္ Baby သေဘာအတိုင္းထိုင္
ခုံမွာဝင္ထိုင္ေပးလိုက္သည္ ။

" ကိုကို ေသာက္ဖို႔....ကိုကို အလုပ္ေတြမၿပီး
ေသးဘူးဆိုတာ Baby သိသားဘဲ...အလုပ္
လုပ္ေနာ္ Baby ဟိုနားမွာေနေနမယ္ "

ေဖျာ်ရည်ခွက်လေးကိုရှေ့တိုးပေးရင်းချစ်
စဖြယ္စကားေတြတတ္ေနတဲ့ Baby ခါးေလး
ကို မာန္ လွမ္းဖက္ထားလိုက္သည္ ။

" Baby ပ်င္းေနတယ္မဟုတ္လား... ဟို
ေကာင္ေလးကဒီေန႕လဲမလာျပန္ဘူးလား "

မာန့္ အေနနဲ႕ ပိုးျပည့္စုံ ဆိုတဲ့ေကာင္ေလးကို
သိပ္သေဘာမက်ေပမယ့္ Baby ကေတာ့
ေတာ္ေတာ္ေလးခင္တြယ္ပုံရသည္ ။ ဟို
ေကာင္ေလးကလည္း Baby ကိုဆိုရင္ေတာ္
ေတာ္ေလးအလိုလိုက္ၿပီး ကပ္ေစးကိတ္ေလး
လိုေျပးေျပးကပ္တတ္ေသးသည္ ။

" ပိုးေလး ကဘာလို႔လဲမသိဘူး Baby ကို
မဆက္သြယ္တာၾကာၿပီ ေက်ာင္းလဲမလာ
ဘူး "

ဟိုေကာင္ေလးကို Baby အနားမွာရက္အ
နည္းငယ္ေလာက္မေတြ႕တာေၾကာင့္ မာန္
နည္းနည္းေလာက္စုံစမ္းျဖစ္ခဲ့ေသးတယ္ ။
ေကာင္ေလး ကအိမ္ထဲကေနထြက္မလာတာ
၁၀ ရက္ေလာက္ရွိေနၿပီး ဘုန္းမင္း ေျပာပုံ
အရေတာ့ေကာင္ေလးက နဂိုကတည္းကရင္း
က်န္းမာေရးသိပ္မေကာင္းတာမို႔ အခုလည္း
ေနမေကာင္းျဖစ္ေနပုံရသည္တဲ့...။

" သူတစ္ေနရာရာသြားခဲ့တာေနမွာေပါ့...
Baby ပ်င္းေနရင္ ကိုယ္အေဖာ္လုပ္ေပးမယ္
ေလ "

ဒီေကာင္ေလးေနမေကာင္းျဖစ္ေနနိုင္တာကို
Baby သိသြားရင္ဝမ္းနည္းေနမွာစိုးတာ
ေၾကာင့္ မာန္ စကားလမ္းေၾကာင္းလြဲလိုက္
သည္ ။

" ဟင့္အင္း.... Baby မပ်င္းပါဘူး ကိုကို
အလုပ္လုပ္တာၾကည့္ေနမယ္ေလ "

ၿပဳံးၿပဳံး႐ႊင္႐ႊင္ေလးနဲ႕ မာန့္ ကိုရယ္ျပေနတာ
ေၾကာင့္ Baby ဆႏၵကိုဦးစားေပးဖို႔စဥ္းစား
လိုက္သည္ ။ မာန့္ အလုပ္ကလည္းသိပ္မ
မ်ားတာမို႔ျမန္ျမန္လက္စသတ္ၿပီး Baby
သြားခ်င္တဲ့ေနရာလိုက္ပို႔ေပးရမယ္ေလ ။

" ဒါဆို ကိုကို႔ ကိုအနမ္းေလးေပးပါဦး "

ရွက္ဝဲဝဲေလးျဖစ္သြားေပမယ့္ မာန့္ ႏႈတ္
ခမ္းကိုခပ္ဖြဖြဖိကပ္ကာအနမ္းေလးေတာ့
ေပးလာသည္ ။

" အာဘြား....ဟိ...ဟိ...အလုပ္လုပ္ေတာ့ "

ကိုကို႔ ကိုအနမ္းေပးၿပီးတာနဲ႕ ရွိုင္းေစ အခန္း
ထဲေလွ်ာက္ပတ္ၾကည့္ေနလိုက္သည္ ။ ကိုကို
ကဒီအခန္းထဲမွာအလုပ္ကိစၥနဲ႕ပတ္သက္ၿပီး
အေရးႀကီးတဲ့ဖိုင္ေတြသိမ္းထားတတ္တာ
မို႔ ရွိုင္းေစ ဗီရိုေတြထဲေတာ့လိုက္မၾကည့္ေပ ။
ဒါေပမယ့္ ကိုကို႔ စာအုပ္စင္ေပၚကစာအုပ္
ေတြကိုေတာ့စိတ္ဝင္စားတာမို႔ ယူဖတ္ၾကည့္
ဖို႔စဥ္းစားထားသည္ ။

" အမ္...ဒါကဘာေလးလဲ မီးခလုတ္လား "

စာအုပ္စင္နားမွာစာအုပ္ေ႐ြးေနစဥ္ ရွိုင္းေစ
ယူလိုက္မိတဲ့စာအုပ္ေနာက္က နံရံေပၚမွာသီး
သန့္တည္ရွိေနတဲ့အနီေရာင္ခလုတ္ေလးကို
စပ္စပ္စုစုျဖင့္လက္ညိုးေလးနဲ႕ဖိခ်ပစ္လိုက္
သည္ ။ ၿပီးတာနဲ႕မီးလုံးေတြကိုလိုက္ေမာ့ၾကည့္
လိုက္ေပမယ့္ တစ္ခုမွလည္းလင္းမလာဘူး ။ ဟြန့္ အပ်က္ႀကီးေနမွာ....။

" ကိုကို...ဒီအနီေရာင္ခလုတ္ေလးကအပ်က္
ႀကီးလား...Baby ဖြင့္ၾကည့္တာ ဖြင့္လို႔မရ
ဘူး..."

Baby အဲ့ဒီခလုတ္ႏွိပ္လိုက္တာကို မာန္
ခ်က္ျခင္းသတိထားမိၿပီးသားပင္ ။

" ဟား...ဟား...ကေလးေလး...ကိုယ့္နားလာ
ေတာ့ခဏေန ဘုန္းမင္း တက္လာေတာ့မယ္ "

ဘာမွမသိတဲ့ Baby ကသာအူေၾကာင္ၾကား
ေလးလုပ္ေနတာမို႔ ဘုန္းမင္း ရန္ကကာကြယ္
ဖို႔အတြက္ မာန့္ ေပါင္ေပၚေခၚတင္ထားလိုက္
သည္ ။ မၾကာပါဘူး အေပၚထပ္ကိုေျပးတက္
လာတဲ့အသံနဲ႕အတူ ဘုန္းမင္း တစ္ေယာက္
ထိပ္လန့္ေနတဲ့မ်က္ႏွာနဲ႕အခန္းထဲေရာက္ခ်
လာသည္ ။

" Boss တစ္ခုခုမူမမွန္တာေတြ႕လို႔လား
Company မွာအေရးေပၚအခ်က္ေပးသံ
ျမည္လာၿပီးလုပ္ငန္းအခ်က္အလက္ေတြ
အကုန္ပိတ္ခ်သြားၿပီလို႔ဖုန္းဆက္လာတယ္
Boss အေရးေပၚခလုတ္ႏွိပ္လိုက္တာလား "

" အမ္...ခလုတ္လား...အဲ့တာ ကြၽန္ေတာ္ ႏွိပ္
လိုက္တာ အဲ့ခလုတ္ကပ်က္ေနၿပီ မီးမလင္း
ဘူး....အကိုဘုန္းမင္း ျပင္လိုက္ဦး "

Boss ရင္ခြင္ထဲကေနေခါင္းေလးေထာင္လာ
ၿပီး မီးခလုတ္ပ်က္ေနေၾကာင္းဝင္ေျပာသြား
တဲ့ ေပါက္စ ကို ဘုန္းမင္း နာနာရိုက္ခ်င္ေန
ၿပီ ။

" Boss!!. ..."

" ဆူလိုက္တာ ဘုန္းမင္း ရာ မင္းအသံေၾကာင့္
Baby လန့္သြားေတာ့မွာဘဲ...လုပ္လက္စအ
လုပ္ေတြကိုရပ္ထားၿပီးေတာ့...ပ်က္သြားတဲ့
အခ်က္အလက္ေတြနဲ႕ အလုပ္ေတြကိုျပန္လုပ္
ထားလိုက္....ၿပီးေတာ့ဒီအေျခေနအတြင္း ဝန္
ထမ္းေတြကိုလစာ ၃ ဆတိုးေပးလိုက္ "

စေတာ္ဘယ္ရီ ေဖ်ာ္ရည္ခြက္ႀကီးကိုင္ၿပီး
အေရးမပါတဲ့ကိစၥတစ္ခုျဖစ္သြားသလိုျပဳ
မူေနတဲ့ Boss ကိုေရာ ယုန္အကၤ်ီနဲ႕ ယုန္
ေဘာင္းဘီဝတ္ၿပီး ဘာမွမသိတဲ့အေကာင္
ေပါက္ကိုေရာ ဘုန္းမင္း စိတ္နာေနပါၿပီေနာ္ ။
ဒီႏွစ္ေယာက္ကိုဆက္လဲၾကည့္မေနနိုင္ေတာ့
တာမို႔ ဘုန္းမင္း အခန္းထဲကအျမန္ျပန္ထြက္
လာခဲ့ရသည္ ။

တကယ္ဆိုအဲ့ဒီခလုတ္က Company ရဲ႕
အေရးႀကီးပေရာဂ်က္ေတြ လုပ္ငန္းသုံးေဒ
တာေတြ အခ်က္အလက္ေတြကိုခိုးယူလို႔မ
ရေအာင္ထိန္းခ်ဳပ္ထားတဲ့ အေဝးထိန္းခ
လုတ္တစ္ခုပင္ ။ ဒါေၾကာင့္ Boss ကိုင္တဲ့
လုပ္ငန္းသုံးပစၥည္းတစ္ခုခုမွာမူမမွန္တဲ့အ
ခ်က္ျပလာတာနဲ႕ Boss အလုပ္ခန္းထဲမွာတပ္
ဆင္ထားတဲ့အေဝးထိန္းခလုတ္နဲ႕ ပိတ္ခ်ပစ္
လိုက္မွာျဖစ္သည္ ။

အခုေတာ့ အေကာင္ေပါက္လက္ခ်က္ေၾကာင့္
ပိတ္ခ်ထားတဲ့ေဒတာေတြျပန္ယူ ပေရာဂ်က္
ေတြျပန္စစ္ အခ်က္အလက္ေတြျပန္စီရမယ့္
အျပင္ လုပ္လက္စအလုပ္ေတြကိုပါျပန္စီစစ္
ရေတာ့မည္ ။ ဒီတိုင္းဆို ဘုန္းမင္း ၃ လ
ေလာက္ေတာ့အိပ္ေရးပ်က္ဖို႔အေျခအေနျဖစ္
ေနေခ်ၿပီ ။

သူလည္း ျမတ္သူ လို ယန္ရႈ နဲ႕သြားအိပ္ရရင္
ဘယ္ေလာက္ေကာင္းမလဲေနာ္ ။အနည္းဆုံး
ေတာ့အခုလိုအလုပ္ပုံၾကားထဲနိုးတစ္ဝက္
အိပ္တစ္ဝက္နဲ႕ အလုပ္မလုပ္ရေတာ့ဘူးေပါ့
လို႔....။

____________________________________________________________

ျမတ္နိုးျခင္းမ်ားစြာျဖင့္...... Aster

# 7.2.2021

Continue Reading

You'll Also Like

123K 7.2K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
168K 9.5K 66
"ကေလး ဆိုလည္းခ်စ္မွာပဲ ကေလးရစ္လဲခံမွာပဲ ကေလး ဘယ္လိုေနေနခ်စ္မွာပဲ" "ဦးက ကေလး ရစ္တယ္ေျပာခ်င္တာလား ကေလး ကဆိုးတယ္ဆိုၿပီးသတ္မွတ္ထားတယ္ေပါ့" 🖤PerthSaint♥
406K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...