အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 26

2.9K 213 1
By EmmaXing95


Unicode

"ဟို အစ်ကိုရှီးချန် ဒီအကြောင်းကို ဘယ်သူမှမပြောနဲ့နော် အစ်ကို့ညီကိုရောပဲ ကျွန်တော်အဆင်သင့်မဖြစ်သေးလို့"

"အင်း ရတယ် ငယ်လေး သဘော ကိုယ်က ကိစ္စမရှိဘူး"

"အင်း အစ်ကို ကျွန်တော်သွားပြီနော်"

"အင်း ညနေကြလာကြိုမယ်နော်"

"ဟုတ်"

ထွက်သွားတဲ့ သူလေးကိုမျက်နှာပြုံးဖြီးကာကြည့်နေပြီး သူလည်းစခန်းပြန်မလို့ နောက်လှည့်တော့ မကျေမနပ်နဲ့ ပါးစပ်ကဘာတွေပြောမှန်းမသိ ပြောနေတဲ့ သူ့ညီရဲ့အချစ်ကလေး ကိုမြင်သွားသည်

"ဒေါက်တာ ဘာတွေပြောနေတာလဲ"

"ဝမ်ရိပေါ် အစုတ်ပလုတ် အယ်..မှားလို့ အစ်ကိုရှီးချန်..ဟို...ဘာမှမဟုတ်ပါဘူး"

ပါးစပ်ကလွှတ်ခနဲထွက်သွားပြန်ပြီ ငါ့အကျင့်က တကယ်ပါပဲ

"ရိပေါ် တစ်ခုခုလုပ်လို့လား"

"ဟင် ဘာမှမလုပ်ပါဘူး"

*မဟုတ်မှ သိနေတာလား*

တွေးမိရင်းက သူဒီအခွင့်အရေးမှာ ရိပေါ်အကြောင်းကိုပိုသိချင်တာကြောင့်

"ဟို အစ်ကိုရှီးချန် ရိပေါ်ကလေ ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ"

"ဒေါက်တာသိချင်လို့လား"

"ဟုတ် ကျွန်တော်သူနဲ့ပိုပြီး ရင်းနှီးချင်လို့"

"အော်"

ဒေါက်တာလေးကလည်း သူ့ညီကိုစိတ်ဝင်စားနေတာပဲ ဒါပေမဲ့ အဖြေမပေးသေးတော့ ဟိုကမစောင့်နိုင်တော့တာနေမှာ

"အာ့ဆို နောက်နေ့ကြရင် အိမ်ကိုလာခဲ့လေ"

"အိမ် အစ်ကို့အိမ်လား"

"အင်း အရင်တုန်းကတော့ တစ်မိသားစုလုံးနေတာပေါ့ ရိပေါ်ရဲ့ငယ်ငယ်ကအမှတ်တရတွေအကုန် အဲ့မှာရှိတယ်"

"ဟုတ် ကျွန်တော် မနက်ဖြန်လာလို့ရလား"

"ရတယ်"

"ဟုတ် ကျေးဇူးပါအစ်ကို"

အစ်ကိုရှီးချန်က ဖော်ဖော်ရွေရွေ နဲ့ သူ့အိမ်ကိုလာဖို့ခေါ်တော့ ရှောင်းကျန့်လည်းမငြင်းတော့ဘူး ပြီးတော့ ရိပေါ်ရဲ့ အမှတ်တရတွေရှိနေတဲ့နေရာဆိုတော့ သူသွားချင်မိသည် အရင်က သူရောက်ခဲ့ပေမဲ့ သူ့ကိုရိပေါ်က...

အာ အဲ့အကြောင်းကို ဘာလို့တွေးမိတာပါလိမ့်

အဲ့လိုနဲ့ အစ်ကိုရှီးချန်ပြန်သွားပြီး ရှောင်းကျန့်လည်း ပျင်းတာနဲ့ထိုင်နေတာ စစ်ကျွေးရောက်လာတော့

"အစ်ကိုရှောင်းကျန့် ဒီနေ့လူနာမရှိဘူးလား"

"အေးကွ ဒါကကောင်းပေမဲ့ ငါပျင်းလို့သေတော့မယ်"

"အစ်ကိုကတော့ အလုပ်မရှိရင်မနေနိုင်ဘူးနော်"

"နေဦး မင်းကဒီကိုဘာလာလုပ်တာ ဝမ်နင်ကရော"

"အစ်မဝမ်ချင်စောင့်ပေးနေတယ်လေ သူ့မောင်ကိုအေးအေးဆေးဆေးပြုစုချင်လို့ နေ့တစ်ဝက်ခွင့်ယူလိုက်တာတဲ့ဗျာ"

"အော် အဲ့တာကြောင့်လား"

"ဟုတ်"

"နေဦး အာ့ဆို အရေးပေါ်ဌာနမှာ နာ့စ်ဆိုလို့ မျန်မျန်ပဲရှိတာပေါ့"

"ရှိပါသေးတယ်ဗျ"

"သူတို့က ဝါနုသေးတယ်လေကွာ ဝမ်ချင်လောက်တော်တာ ဘယ်သူရှိလို့လဲ တကယ်လို့ အရေးကြီးလူနာရောက်လာရင်...."

တီ တီ

"ဟယ်လို TU ဆေးရုံအရေးပေါ်ဌာနကပါ"

"ရှင် ဟုတ်ကဲ့ ပြင်ဆင်ထားလိုက်ပါ့မယ်"

"ဒေါက်တာရှောင်းကျန့် ကားနှစ်စီးတိုက်မိတာ တစ်ခုက ဘတ်စ်ကားတဲ့ လူတော်တော်များများထိခိုက်ထားတယ်တဲ့"

"ပြောနေတုန်းပဲရှိသေးတယ် ကဲစစ်ကျွေးရေ မင်းတော့ စာမေးပွဲအတွက် အတွေ့အကြုံကောင်းတွေရပြီပေါ့ကွာ"

"တကယ်လား အစ်ကို ကျွန်တော်အစွမ်းကုန်ကူညီပါ့မယ်"

စစ်ကျွေးက စတုတ္ထနှစ်ကျောင်းသားဆိုတော့ သူအတွက် နောက်ဆုံးစာမေးပွဲက အရေးကြီးတယ် ဒါကလုံးဝ ‌ေလ့လာဖို့အခွင့်အရေးကောင်းပဲလေ

အဲ့နေ့က တော်တော်အလုပ်ရှုပ်သွားတယ် ရှောင်းကျန့် တစ်ယောက်တည်းလုပ်ရတာ မနိုင်တော့လို့ ကျိုးချန်ကို ဖုန်းလှမ်းဆက်ပြီး လာကူခိုင်းရတယ် ဟိုကလည်း လာရှာပါတယ်

သူခွင့်ယူထားတယ်ဆိုပေမဲ့ ဘယ်လိုမှမရတော့လို့ ခေါ်ရတာ ရှောင်းကျန့်ခေါင်းက အခြေအနေမကောင်းဘူး ခဏခဏကိုက်တယ် တစ်ခါတစ်လေတော့လည်း မူးတယ် ဒါမဲ့ ခဏပါပဲ ပြီးရင်ပျောက်သွားရော သူလည်းဘယ်သူ့ကိုမှမပြောပဲ ဆေးပဲသောက်နေတယ်

Time skip>>>

ရိပေါ်တို့အရင်အိမ်ကို အစ်ကိုရှီးချန်က လာခေါ်တာကြောင့် သူလည်းလိုက်လာခဲ့တယ် သူမှလမ်းမသိတာ ရိပေါ်ခေါ်လာတုန်းက အိပ်ပျော်နေတာလေ

အိမ်လေးက နေချင်စရာလေးပါ ရှောင်းကျန့်သေချာမကြည့်မိခဲ့တာ ခြံထဲမှာ ပန်းပင်တွေလည်း စိုက်ထားတယ်

"အမေက အပင်စိုက်ရတာဝါသနာပါတယ်လေ"

"အော် ကျွန်တော့်အမေရောပဲ"

ရှီးချန်က ပြုံးပြီး အိမ်ထဲကိုခေါ်ကာ ရေတစ်ခွက်ချပေးပြီး ရိပေါ်အကြောင်းပြောဖို့ စကားစတယ်

"ရိပေါ်က အမှန်တော့ သူ့ကိုရဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး"

"ဘာလို့လဲ"

"ဘာလို့ဆို သူကရည်မှန်းချက်တွေအရမ်းများတဲ့သူလေ ကျောင်းစာကိုစိတ်မဝင်စားပေမဲ့ အရင်တုန်းက ဆိုင်ကယ်ပြိုင်ပွဲတွေဝင်ပြိုင်တယ် စကိတ်စီးရတာကြိုက်တယ်"

"ရိပေါ်ကလား စကိတ်စီးတယ်ပေါ့"

"အင်း မထင်ထားဘူးမလား"

"ဟုတ် ကျွန်တော်သူ့ကို ဘယ်လိုပျော်ရမှန်းမသိတဲ့သူလို့ထင်ထားတာ"

"ဟက်ဟက် သူအရင်ကအဲ့လိုမဟုတ်ပါဘူး လာပြမယ်"

အစ်ကိုရှီးချန်ခေါ်တော့ သူလည်းလိုက်ရတာပေါ့
ဒါက ရိပေါ် သူ့အခန်းဆိုပြီး သူ့ကိုပြောခဲ့တာမလား

အခန်းထဲက ဆုတွေကိုသူမမြင်ဘူး အဲ့တုန်းက

"ဒါတွေက သူဆိုင်ကယ်ပြိုင်ပွဲမှာတုန်းက ဆုတွေ"

"ဒါတွေအကုန်လုံးလား"

"အင်း ဟုတ်တယ်"

တော်တော်များတဲ့ဆုတွေ ရှောင်းကျန့်လိုစာဂျပိုးလေးတောင် ဒီလောက်ဆုတွေအများကြီးမရဖူးဘူး

"သူက သူမကြိုက်တာကိုမလုပ်ဘူး ကျောင်းလည်း ခဏခဏပြေးတယ် အဖေဆိုဆူခဲ့တာပေါ့"

အရင်တုန်းက ကျောင်းပြေးလေးက အခုဆို ရဲသား‌ေလးတစ်ယောက်ဖြစ်နေပြီ

ရှောင်းကျန့် တကယ်ကို ရိပေါ်အကြောင်းမသိတာတွေအများကြီးပဲ လာလိုက်တာမှန်သွားတယ် ရိပေါ်ရဲ့ အဲ့ဒီအချိန်က ကလေးဆန်တဲ့ပုံစံကို သူမြင်ချင်မိပါ၏

ရိ‌ေပါ်ရဲ့ကောင်ဆိုးလေး တစ်ယောက်ပုံစံ ဘယ်လိုများဖြစ်မလဲ

"အမေနဲ့အဖေဆုံးသွားတော့ သူပြောင်းလဲသွားတာ လုံးဝမပြုံးတော့ဘူး ဆိုင်ကယ်လည်းမစီးတော့ဘူး စကိတ်ဆိုလည်း အကုန်လွှင့်ပစ်တာ ပြီးတော့ သူနေခဲ့တဲ့ဘဝနဲ့ လုံးဝမတူတဲ့ ရဲဆိုတဲ့ဘဝကြီးထဲ ခြေစုံပစ်ဝင်ခဲ့တယ် ကျွန်တော်နဲ့လည်း အရင်လိုမဟုတ်တော့ဘူး"

"......."

"အဖေနဲ့အမေရဲ့ ကားကိုဆိုင်ကယ်တစ်စီးကတိုက်မိပြီး အက်စီးဒင့်ဖြစ်ခဲ့တာလေ"

"ဒါဆို သူကအာ့ကြောင့် ဆိုင်ကယ်ကို..."

"ဟုတ်တယ် ဆက်မစီးတော့တာ"

"အခုလိုပြောပြလို့ ကျေးဇူးပါနော် ကျွန်တော်နဲ့မဆိုင်ပေမဲ့လည်း"

"ရပါတယ် အခုမဆိုင်ပေမဲ့ နောက်ကြရင် ဒေါက်တာ့ကို သူကပြောပြမှာပါ"

"ဗျာ ဘာလို့လဲ"

"ကျွန်တော်အကုန်သိပါတယ်ဗျာ ဒေါက်တာတို့နှစ်ယောက်အကြောင်းကို"

"......."

ရှောင်းကျန့် မျက်နှာဘယ်နားသွားထားရမှန်းမသိတော့ဘူး ရှက်လိုက်တာ ဒီအိမ်မှာဘာဖြစ်ခဲ့တယ်ဆိုတာကအစ အကုန်သိတာများလား

"အဟမ်း ဟုတ်...ကျွန်တော် ဒီမှာခဏဆက်နေလို့ရလား"

"ရပါတယ် ဒေါက်တာအဆင်ပြေသလိုသာနေ"

"ဟုတ်"

ခြံထဲပတ်ကြည့်နေတဲ့ ဒေါက်တာလေး ရိပေါ်ဆီကဖုန်းလာလို့ ကိုင်လိုက်သည်

"ဘာလို့ဖုန်းဆက်တာလဲ"

"ဟော စိတ်ဆိုးမပြေသေးဘူးလား"

"မင်းအဖြေတောင်းမလို့ဆို ဒါပဲ"

"ဟေ့ နေဦးလေ မဟုတ်ပါဘူး ဒီနေ့ပိတ်ရက်ဆိုတော့ အိမ်မှာမလား"

"အင်း ဒါမဲ့ ငါ့အိမ်မှာမဟုတ်ဘူး"

"ဟင် ဘယ်သူ့အိမ်မှာလဲ"

"မင်းအရင်ကနေခဲ့တဲ့အိမ်"

ရိပေါ် အံ့ြသသွားသည်

"ကော အဲ့ဒီ့ကိုဘယ်လိုရောက်နေတာလဲ အစ်ကိုရောရှိလား"

"ဘာလဲ မင်းငယ်ငယ်ကဆိုးခဲ့တဲ့အကြောင်းတွေ သိသွားမှာစိုးလို့လား"

"ကျွန်တော်...ငယ်ငယ်ကမဆိုးပါဘူး"

"အော် ဟုတ်လား ဒါဆို ကျောင်းခဏခဏပြေးတယ်ဆိုတဲ့ ဆိုင်ကယ်ရူးလေးက ဘယ်သူလဲ"

"အဲ့အကြောင်းတွေပါသိသွားပြီပေါ့ ကော အခုအဲ့မှာပဲစောင့်နေ ကျွန်တော်လာပြီ"

"ဟား ဟား ဆိုးတုန်းကဆိုးပြီး အခုမှလာရှက်နေရလား မင်းငါ့ကိုအဲ့အကြောင်းတွေဘယ်တော့မှပြောပြဖို့ စိတ်ကူးထားတာလဲ ဟမ်"

"ကျွန်တော် ပြောပြမလို့ပဲလေ အဲ့နေ့က စိတ်မထိန်းနိုင်တော့လို့ ကောကိုနမ်းမိသွားတာ ကောပဲ အိမ်ပြန်ချင်တယ်ဆိုလို့..."

တစ်ဖက်က ဘာစကားမှပြန်မပြောတော့ ရိပေါ်သိသွားပြီ ရှက်နေပြီဆိုတာ ကိုယ့်ကိုအရင်လာစထားပြီး သူ့အလှည့်ကြတော့ စကားတောင်မပြောနိုင်တော့ဘူး

"ဟေ့ ဘာလို့တိတ်သွားတာလဲ ကျွန်တော့်ရဲ့ first kiss ပိုင်ရှင်လေး"

"ဘယ်..ဘယ်သူက first kiss လဲ"

"ကောလေ ကောက ကျွန်တော့်ရဲ့ first kiss ပဲ"

"မင်းတော်တော် အရှက်မရှိတာပဲ အဲ့အကြောင်းကို ဆက်မပြောနဲ့တော့"

"ကျွန်တော်မရှက်တတ်မှန်း ခုမှသိလား"

"........."

"ကောသိလား ကောနှုတ်ခမ်းက အရမ်းချိုတာ ကျွန်တော်ထပ်နမ်းချင်သေးတယ်"

"ဝမ်ရိပေါ်!!!!! မင်းပါးစပ်ကိုပိတ်လိုက်တော့!!! ဘေးမှာဘယ်သူရှိသေးလဲ!!! ကြားသွားရင်ဘယ်လိုလုပ်မလဲ!!!"

"ဟား ဟား အခုကားပေါ်မှာ ဘယ်သူမှမရှိဘူး ကောဆီရောက်တော့မယ်"

"ဟွန့် မင်းအဲ့အကြောင်းကို မင်းအစ်ကိုကိုလည်း ပြောပြထားသေးတယ်နော်"

"အော် ဟုတ်တယ် အစ်ကိုက ကျွန်တော့်ရဲ့အချစ်ရေးရာတိုင်ပင်ခံလေ"

"ဘာကို အချစ်ရေးရာ...."

တီ.............

"ကော! ကော! ဘာဖြစ်သွားတာလဲ ကျန့်ကော! ကျွန်တော့်ကိုပြန်ဖြေဦး ရှောင်းကျန့်!"

##########

💞MeiXing💞

မကြာခင်တွဲတော့မှာပါ

Zawgyi





"ဟုတ်"






"ဟင် ဘာမှမလုပ်ပါဘူး"

*မဟုတ်မှ သိနေတာလား*





"အော်"



"အိမ် အစ်ကို့အိမ်လား"



"ရတယ်"

"ဟုတ် ကျေးဇူးပါအစ်ကို"









"အော် အဲ့တာကြောင့်လား"

"ဟုတ်"


"ရှိပါသေးတယ်ဗျ"


တီ တီ






စစ်ကျွေးက စတုတ္ထနှစ်ကျောင်းသားဆိုတော့ သူအတွက် နောက်ဆုံးစာမေးပွဲက အရေးကြီးတယ် ဒါကလုံးဝ ‌လေ့လာဖို့အခွင့်အရေးကောင်းပဲလေ



Time skip>>>







"ဘာလို့လဲ"



"အင်း မထင်ထားဘူးမလား"






"ဒါတွေအကုန်လုံးလား"

"အင်း ဟုတ်တယ်"



အရင်တုန်းက ကျောင်းပြေးလေးက အခုဆို ရဲသား‌လေးတစ်ယောက်ဖြစ်နေပြီ


ရိ‌ပေါ်ရဲ့ကောင်ဆိုးလေး တစ်ယောက်ပုံစံ ဘယ်လိုများဖြစ်မလဲ


"......."






"ဗျာ ဘာလို့လဲ"


"......."




"ဟုတ်"


"ဘာလို့ဖုန်းဆက်တာလဲ"





"ဟင် ဘယ်သူ့အိမ်မှာလဲ"


ရိပေါ် အံ့သြသွားသည်














"........."






"ဘာကို အချစ်ရေးရာ...."

တီ.............


##########

💞MeiXing💞

မကြာခင်တွဲတော့မှာပါ

Continue Reading

You'll Also Like

10.1K 507 10
ငယ်ငယ်ကတည်းကကြိတ်ကြွေလာတဲ့လူသားဟာလည်းကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ်
2.9K 994 23
Where creativity branches out and ideas blossom, this portfolio book serves as a vibrant showcase of artistic endeavors. Each page unfolds a tapestry...
959K 21.8K 49
In wich a one night stand turns out to be a lot more than that.
230K 14.8K 59
Highest rank:- #1 in imaginary Hey guy I'm not new in wattpad I read many manan story that's why I want to write a story Hope you all like it It's m...