Chapter-41
ပြောမဆုံးပေါင်တောသုံးထောင်ဆိုတဲ့အတိုင်း Falconတို့အိမ်လေးကတစ်နေ့တစ်မျိုးရိုးရတယ်ကိုမရှိ။အကြောင်းကစိတ်ဖောက်နေသလားထင်ရတဲ့အတွဲနှစ်တွဲကြောင့်ဆိုလျှင်မမှားပါ။တည့်ရင်လည်းသူတို့အပြင်မရှိသလို မျက်စိ ရှိသမျှအမွေးစူးရအောင်နန့်ကြပြီး သတ်ပြီဟေ့ဆိုရင်လည်းအိမ်ကတုတ်၊ဓါးလက်နက်အစုံရှိသမျှမနေရ။ တော်ကြာနေ ဒယ်ဒယ့်ဂိုဏ်းကမဖြုတ်ရသေးဘဲလက်နက်ကိုင်ရမ်းကားတယ်လို့ပတ်ဝန်းကျင်ကထင်မည်စိုး၍ဖြေရှင်းရတာအခါခါ...
မိုးစိုလာသည့်Pကိုထီးမိုးပေးကာနှစ်ယောက်သားအိမ်ထဲဝင်ပြေးကြသည်။
ဒီနေ့ငါးကန်သွားဝယ်တာငါးမရရေချိုးပြန်ဆိုသလိုဖြစ်သွားရသည်။
"P ရရဲ့လား။"
"အေး မင်းဟာလေးမလာသေးဘူးလား။ငါးကန်မရဘူး လှမ်းပြောလိုက်"
"အင်း အင်း ငါပြောလိုက်မယ်။မင်းဆံပင်တွေသုတ်ဦး"
ခွဲစိတ်ပြီးတည်းကထပ်မညှပ်တော့သောဆံပင်တွေကကျောလယ်ထိရှည်လာ၍တစ်ပတ်လျှို ဆံထုံးနှင့်နေတတ်သောPက ရေစိုနေသောတီရှပ်အဖြူမှာတက်တူးစိုစိုတွေနှင့်ဆံထုံးလေးနှင့်ပနံသင့်လှသည်။မိန်းမတွေလိုလှတာလည်းမဟုတ်။ယောကျာ်းတွေလိုခန့်ညားတာချည်းပဲလည်းမဟုတ်။Pကသူ့ဟာနဲ့သူတော့ပြည့်စုံသည့်လူသားလေးပင်။
"ရီဥဥ ဘာလုပ်နေတာလဲ။ဒါ"
"အာ... ကလေး...
ကိုယ်တို့ငါးကန်သွားဝယ်တာ မရခဲ့လို့
မင်းလိုချင်တဲ့ဒီဇိုင်းရှာမရဘူး"
"ဘယ်သူကဝယ်ခိုင်းလို့လဲ။ကိုယ့်ဘာသာမှန်တွေဝယ်ပြီးလုပ်မှာပါဆို။ ဒယ်ဒယ် ရော့ သား ဂျာကင်ခြုံထားလိုက် "
ရေစိုနေတော့မြင်နေရသည့်အထဲကအရာတွေကို ဖေ မပြောနှင့်။သူတို့တောင်သဝန်တိုပါသည်။ရည်းစားကရည်းစား။ဒယ်ဒယ်ကတော့သူတို့အဖေမို့ တစ်ခုခုဆို ဒယ်ဒယ့်ကိုသာကာကွယ်ပေးမည်။
"သား ဒယ်ဒယ်နောက်မှရှာပေးမယ်နော်။ဟိုကောင်ရော"
"မုန့်စားမလို့တဲ့။စတိုးဆိုင်သွားတယ်။သားက E-bookရှာနေလို့ကြာသွားတာ"
"ဟော ဖေပြန်လာပြီ။ ရီဥဥ လာ သားတို့အထဲသွားရအောင်
ဖေနဲ့ဒယ် ကိုရှောင်ပေးကြမယ်။"
"အင်း ကလေး P ငါဝင်နှင့်ပြီ"
မဏီခေါင်းသာညိတ်ပြကာလင်တော်မောင်ကားဆီပြေးတော့သည်။
~~~
ညနေစောင်းမို့မဖျားအောင်ရေစိုနေသောဆံသားရှည်တွေကိုသုတ်ပေးရင်းမေးရသည်။
"ဘယ်နှရက်တောင်ကြာမှာလဲ။"
Phoenix Galleryကြီးအတွက် ထပ်မံဖြည့်သွင်းရန် ကုန်တွေဝယ်ဖို့ မဏီကမိုးကုတ်သွားရမည်ဖြစ်သည်။
မောင်မလိုက်လာနဲ့။ကလေးထိန်းတဲ့လေ။
ခန့်သျှားမှာစိတ်မချရသည့်ထဲအိမ်ပေါ်ကသမက်လောင်းကိုအောင့်အည်းသည်းခံရမည်မို့စိတ်ကမုန်ယိုနေရသည်။
"ကိုယ်လိုက်ခဲ့လို့မရဘူးလား။အိမ်မှာရီလန်းရှိတာပဲ။သူကလေးထိန်းမှာပေါ့။နော် နော်"
ဘုရားစူးအိမ်ဦးနတ်။ချွဲနေတာရုံးပတီသီးရှုံးတယ်။
"ထပ်ပြောရင် ပြန်မလာဘဲနေလိုက်မှာ
မောင်ကလိမ္မာပါတယ်။တစ်ပတ်ပဲဟာ"
"တစ်ပတ်ကြီးများတောင်
အား ကိုယ်မင်းရဲ့ peach ballလေးကိုလွမ်းနေတော့မှာပဲ။"
"သေနာ မအေဘေး လူကျမလွမ်းဘူးပေါ့ ဟုတ်လား နှာဘူး"
"ဘာနှာဘူးလဲ။မင်းမှတ်ထား ယောကျာ်းမှန်ရင်ဘူးရင်ဘူး မဘူးရင်ဒူးပဲ။ငါကတော့ ဘူးတယ်။ယောကျာ်းပီပီသသ"
"ဒီည အလွမ်းဖြေလို့ရသေးတာပဲကို စောက်လေကြောတွေရှည်နေတယ်။"
"အင်း ဟုတ်ပါပြီ။ဒါဆိုလေမရှည်တော့ဘူး။ ကျန်တာပဲ "
ထိုစကားအဆုံးတွင်တော့ ဇာမဏီ မလုပ်ချင်သော၊တစ်နည်းငသျှားလုပ်ချင်သောအလုပ်ကိုနှစ်ကိုယ်တူ ညီညီမျှမျှလုပ်လိုက်ကြရသည်။
"မနက်ဖြန်ကားစီးရမှာကို ရရဲ့လား"
ကျောပြင်ကတက်တူးရာလေးတွေအတိုင်းလက်ညှိုးနဲ့ဖွဖွပွတ်ဆွဲပေးရင်းခန့်သျှားကပြောသည်။ပြောပြီးတာနဲ့နားရွက်လေးပါဆွဲငုံရင်းနောက်တစ်ခါစရန်ကြံနေပြန်သည်။
"၉နာရီflightနဲ့သွားမှာ"
/မင်းမနိုးခင်ထသွားမှာ အကောင်စုတ်
နို့မို့ ငါခရီးသွားရမဲ့ကိန်းမမြင်ဘူး/
"အင်း ဘာလို့လောဘကြီးနေတာလဲ။ကိုယ်တို့ရန်ကုန်မှာပဲအခြေချနေကြတဲ့ဟာ မင်းကသာကူးလိုက်သန်းလိုက်နဲ့"
"သားတွေနောင်ရေးရှိသေးတယ်လေ။မောင်ကရောအလုပ်မလုပ်ဘဲနေနိုင်လို့လား။hotel၃ခုပြိုင်ဖွင့်ထားပြီးတော့"
"အဲ့ဒါတွေကကိုယ်တို့မိသားစုနွေးထွေးမှုနဲ့ယှဥ်ရင်အဝေးရောက်သွားပြီ။"
"ငါ မင်းတို့ကိုအချိန်ပိုပေးနိုင်အောင်ကြိုးစားပါ့မယ်။"
"အင်း ယုံပေးမယ်။
ဘာဘာညာညာမကြားချင်ဘူးနော်
မိုးကုတ်ကအချောအလှတွေပေါတယ်ဆို။"
"သေချင်းဆိုး ယီးဖြစ်လို့ ငါ့ကိုမယုံသင်္ကာပြောတာလား။"
"သူတောင်းစားရယ် မင်းကိုချစ်လို့တွန့်တိုနေတာလေ မချစ်ရင် ဘေထုပ်ထည်တွေလို ဈေးမှာအော်ရောင်းပစ်တယ်။"
"သေချင်လို့ ခွေးရူးကောင်"
ခန့်သျှားကိုအနောက်လှည့်ကာထုတော့မဏီ့လက်ကိုဆွဲချုပ်ပြီးအပေါ်ကအသာစီးရသွားသောအခါ ဇာမဏီကခြေထောက်နဲ့ခါးကိုချိတ်တွယ်ပြီးဖနောင့်နဲ့မရမကလှမ်းပေါက်သည်။
"မထိရေးချ မထိ မင်းဘာလုပ်နိုင်သေးလဲ ပြောလေ"
သူသားအိမ်ထုတ်ပြီးအားသန်လာတာလည်းတစ်မျိုးမကောင်းပေ။အရင်လိုဖြူဖပ်ဖပ်ပျော့နှဲ့နှဲ့မဟုတ်တော့၍ဇာမဏီကိုဆွဲချုပ်နိုင်လာသည်။ချုပ်ရိုးကျက်တော့အားကစားပြန်လုပ်၍ဗလကလည်းထွက်လာသည်မှာရုပ်ကိုကဝက်ဝံဖြူဖြူကြီးလိုပင်။
"ငြိမ်ငြိမ်နေ စကားနားမထောင်ရင်လက်လိမ်ချိုးလိုက်မယ်"
"ဒါလား ယောကျာ်း
သူများယောကျာ်းတွေလို အာဘွားပေးပြီးချော့ပြောမယ်မရှိဘူး လူကိုလက်လိမ်ချိုးမလေး ဘာလေးနဲ့"
အဲ့ခါကျတော့နှစ်ယောက်သားချစ်တင်းနှောပြီးစ ပြန်သတ်ကြပါပြီ။သူတို့ချစ်ရင်လည်းသားတွေအခန်းထိကြားရသလို သူတို့သတ်ရင်လည်းအိမ်နီးချင်းတွေတောင်မေးယူရတဲ့အထိပါပဲ။
"မင်းကိုအရှင်မထားဘူး"
"မင်းကိုလည်းလမ်းမသလားနိုင်အောင်f**kပစ်မယ်။"
ခေါင်းအုံးကမှို့တွေထွက်ပြီးနှစ်ယောက်သားချွေးအရွှဲသားနဲ့သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်ကြပြန်သည်။အဆုံးသတ်မှာတော့ကုတင်ပေါ်ကထပြီးမှန်တင်ခုံပေါ်ကroll onဘူးနဲ့ကောက်ပေါက်တဲ့ယောကျာ်းကို ဇာမဏီက ခါးနဲ့ပေါင်တွေကိုကိုင်မပြီးကိုင်ပေါက်လိုက်တာနဲ့အဆုံးသတ်သည်။
"မင်း မင်း****"
"ပါးစပ်ကိုအပ်နဲ့ဆွဲချုပ်ပစ်မယ်။ထပ်ပြောရဲပြောကြည့်"
ခန့်သျှားကျော်ခါးနာနာနဲ့ပဲဘေးနားကပ်အိပ်လိုက်ရသည်။ခရီးသွားခါနီးခွဲမအိပ်ချင်ပါ။ပြန်လာမှစိတ်ကောက်ပြမယ်။
မဏီပင်ပန်းနေတာကတစ်ကြောင်း၊ခရီးသွားခါနီးအိမ်စိတ်မချရတာကတစ်ကြောင်းမို့တော်တော်နှင့်အိပ်မပျော်ရသည့်ကြားထဲ မောင်ကအရမ်းဟောက်လွန်းတော့စိတ်ညစ်ရသည်။ရီလန်းနဲ့နေတုန်းကဟောက်ရင်ပါးစပ်ကိုတိတ်နဲ့ကပ်ပစ်တာပင်။ဇာမဏီက ခန့်သျှားကျော်ကလွဲရင်ကျန်တဲ့သူသည်းမခံတတ်ပါ။အခုယောကျာ်းဖြစ်သူလည်းပင်ပန်းထားတော့သူထိုသို့လုပ်ရမှာအားနာသည်။ဟိုဘက်သည်ဘက်လူးလှိမ့်ရင်းမောင်နဲ့ဝေးအောင်အစွန်းသွားအိပ်မိသည်။
"ခလော ခလော"
ခန့်သျှားကျော်ဟောက်သံကြီးကပိုပိုကျယ်လာသည်။နားကြပ်တပ်ပြီးသီချင်းနားထောင်တော့လည်းမျက်လုံးကကျယ်သွားပြီ။စိတ်တွေတိုလာသည်မို့စောင်တွေကိုကန်ချပြီးဘေးနားကထရန်ပြင်လိုက်စဥ်
"ဒါကဘယ်လင်ဆီသွားအိပ်မလို့လဲ။"
"မင်း..."
"ပြန်လာအိပ်
မင်းလင်နဲ့ခဏခွဲရမှာ ခရီးသွားခါနီး ကိုယ်စကားမများချင်ဘူး။"
သူ့အလိုကျသူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်စေတော့ပိုဆိုးသည်။ဟောက်သံကြီးကနီးနီးကပ်ကပ်ကြီး။
"မုန်းလိုက်တာ ငါ-ိုး ဘောဖြစ်လို့အဲ့လောက်ဟောက်နေတာလား။ မီးရထားစက်ခေါင်းများမျိုချထားသလားထင်ရတယ်။မင်းကိုလေ ဘာလို့ယူမိလဲကိုမသိတော့ဘူး။"
ခန့်သျှားကျော် ဒီတစ်ခါနိုးလာ၍သူဘာဖြစ်နေလဲဆိုတာရိပ်မိသွားလေပြီ။သို့သော် မဏီပွင့်လင်းတာကိုလိုချင်၍မသိဟန်ဆောင်ကာ စကားစပြောလိုက်သည်။
"မင်းကစာအုပ်တစ်အုပ်ဆို ကိုယ်ကကြောင်တစ်ကောင်ပဲထားလိုက်ပါတော့
မင်းပြောကြည့်ကြောင်ကစာအုပ်ဖတ်နိုင်မလားလို့"
"စောက်ရူးတောင်သိတယ်။မင်းမေးခွန်းကလည်း"
"မင်းပြောမှကိုယ်သိမယ်ပြောတာ
လင်မယားကြားပွင့်လင်းစမ်းပါ။နေ့တိုင်းမမြင်သင့်တာရော မြင်သင့်တာရောတွေ့နေမြင်နေရတဲ့ဟာ"
"မင်းဟောက်လွန်းတော့ငါအိပ်မရလို့"
ထိုခါမှခန့်သျှားကသားချော့တေးဆိုပြီးချော့သိပ်သည်။ပြီးတော့မှ မဏီအိပ်ပြီလား နှုတ်ခမ်းတွေကိုကိုက်ရင်းစမ်းသပ်လေသည်။
"အိပ်ပြီပဲ။Good night, Bae."
သူတို့လင်မယားအတွက်ကရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်ဆိုတာမဆန်းတော့ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ဗိုလ်တို့သားအမိTVကြည့်ရင်းစားဖို့စပျစ်သီးရေဆေးနေရင်းလိမ္မော်ရည်ပုလင်းဖွင့်ဖို့ဖောက်တံရှာရသည်။ဗိုလ်ဗိုလ့်ရဲ့ဖောက်တံကသူ့ယောကျာ်းပဲလေ။
"ဦးမင်းခက် Juicyပုလင်းလေးဖွင့်ပေးပါတော်"
"လာပြီ။လာပြီ။"
ခေါင်းလျှော်ပြီးစရေစက်တွေနဲ့မီးဖိုထဲဝင်လာလို့ဗိုက်ခေါက်လိမ်ဆွဲရသေးသည်။
"မင်းပဲခေါ်ပြီးတော့"
"ကျွန်မခေါ်လည်းရှင်ခေါင်းအရင်သုတ်လေ
ကလေးတောင်သိတယ်။ရှင်က"
"ဖေဖေကလူဆိုးကြီး။မေမေဆူနေတာ ဖေဖေဆိုးလို့"
မီးငယ်ကဖအေကိုစနောက်နေတော့ မိခင်ဖြစ်သူကလည်းသားအဖနှစ်ယောက်ကိုကြည့်ပြီးရယ်နေသည်။
"မြတ်စွာဘုရား ကျွန်တော်မျိုး ကလေးနှစ်ယောက်ထိန်းနေရတာလား ဘုရား"
သူပဲလိုချင်လှချည်ရဲ့ဆိုပြီးအခုတော့သားအမိနှစ်ယောက်ကိုလက်လန်နေရှာပြီထင်။
"မေမေ အာ"
စပျစ်သီးလေးခွံ့လိုက်၊အာလူးကြော်လေးစားလိုက်နဲ့ အသေးလေးနဲ့မေမေကသာယာနေသလောက် ဖအေကသူတို့သားအမိနှစ်ယောက်ရဲ့ထိုင်ခုံလေးပေါ့။မိခင်သာမက သမီးဖြစ်သူပါနိုင်စားတာခံနေရတဲ့ဘဝ။
"ဂိုး ဟာ ကပ်သီးလေးကွာ"
ဗိုလ်ဗိုလ်ကအာစင်နယ်ဘက်က
မင်းခက်ကမန်ယူက
ထိုတည်းကလင်မယားနှစ်ယောက်တည့်ကိန်းမမြင်တော့။
"ကဲ ဦးမင်းခက် လောင်းကြေးရှုံးပြီ။ရှင်ထိုင်ထ အခါ၂၀လုပ်"
"မီးငယ်ကရော"
"မီးငယ်ကမေ့မေ့ဘက်က"
"အေးရော...
ငါးမြွှေထိုးမလေးတွေ"
အမေတူလေးမွေးထား၍အခုတည်းကBL seriesတွေကြည့်ချင်သည်ဆို၍၁၀နှစ်တောင်မပြည့်သေးသောဗိုလ်ဗိုလ်အသေးစားကိုဘောလုံးပွဲတို့၊actionကားတို့ဘက်လှည့်ပြရသည်။ကလေးကငယ်သေးသည်လေ။သူတို့ခေတ်ကအရွယ်ရောက်မြန်သည်။
"ဖေဖေ မေမေ့ကိုဘာလို့ယူတာလဲ။"
"မျက်စိကန်းနေလို့"
ထိုင်ထလုပ်နေရင်းသမီးတော်အမေးကိုဖြေရသေးသည်။
"ဘာ!!! ဦးမင်းခက်
ရှင့်ကိုနောက်တစ်ယောက်မမွေးပေးတော့ဘူး"
"ကျေးဇူးတင်တယ်။"
နောက်တစ်ယောက်သာဆို မင်းခက်ရှိန်သာဆံပင်ဖြူမည့်ကိန်းမြင်ပါသည်။
~~~~
မနက်ခင်းလေးမှာနိုးလာခဲ့။
ဘေးနားမှာယောကျာ်းကမရှိ။
"ဝေါ့ ဝေါ့"
ခန့်သျှား ရေချိုးခန်းထဲကထိုးအန်သံတွေကြားနေရလို့သွားကြည့်တဲ့အခါ ...မဏီ
"မဏီ ဘာလို့ အန်နေတာလဲ။"
"ယီးဖြစ်လို့အန်နေရတဲ့ထဲမင်းကိုရှင်းပြနေရမှာလား။"
ရေချိုးပြီးစထင်ပါသည်။မျက်နှာကအမွေးအမျှင်တွေသန့်စင်ပြီးbathrobeတစ်ထည်ဝတ်ထားကာဘိုထိုင်ထဲလက်ထိုးအန်နေသည်။
"ဘာဖြစ်တာလဲ။အစာမကြေဘူးလား။ညကမင်းညစာမစားပါဘူး။ကိုယ်ပဲစားတာပါ။အ.."
"စောက်ပါးစပ်ကအရသာခံမနေနဲ့။ကျောနှိပ်ပေး"
"မင်း မဟုတ်မှလွဲရော..."
ခန့်သျှားအကြည့်ကsix packတွေဆီရောက်သွားပြီးသကာလ ...
ဇာမဏီ၏ ဘာကြည့်နေတာလဲ ဆိုသောနွဲ့နွဲ့စန်းအိုက်တင်နှင့်ခြေကန်ချက်ကိုလက်ခံလိုက်ရလေသည်။
"ဖေ ဘာဖြစ်တာလဲ။"
ဖေဖေ ကဒယ်ဒယ့်ကိုကုန်းပိုးပြီးဖိနပ်ကမန်းကတန်း စီးနေလို့အမြွှာနှစ်ကောင်လက်လွှဲယူမည်ဆိုတော့လည်းအယူမခံ။
"မင်းဒယ်ဒယ် အန်နေလို့"
"ဗျာ !!!"
"ဟေ့ကောင် ငါတို့အငယ်လေးရတော့မှာလား။"
Falconနှစ်ကောင်မျက်လုံးပြူးပြီးဒယ်ဒယ့်ဗိုက်ဆီမျက်လုံးတွေကသွားကပ်သည်။
ထို့နောက်လင်မယားနှစ်ယောက်ဆေးရုံသွားဖို့ဖြစ်သွားလေသည်။ခရီးစဥ်လည်းရွှေ့ဆိုင်းရင်းပေါ့။
"ဦးခေါင်းခွဲစိတ်ပြီးတဲ့သူမို့အသက်အရွယ်ရလာတော့ဖြစ်တတ်ပါတယ်။ခေါင်းထိထားတဲ့သူကအန်တတ်တယ်။တက်တတ်တယ်။တက်တဲ့အဆင့်ထိမရောက်စေနဲ့။အန်ပြီဆိုတာနဲ့ဆေးရုံကိုလာပြသင့်တယ်။"
မှိန်းနေတဲ့ဇာမဏီကတော့အေးအေးဆေးဆေးပါပဲ။သားနှစ်ကောင်နဲ့ယောကျာ်းဖြစ်သူကငိုလို့။
ဒုန်း
တံခါးကိုအကြမ်းပတမ်းဆွဲဖွင့်ကာဝင်လာသူကသမက်တော်Ex...
"P ဘာဖြစ်တာလဲ။ငါ့ကိုတစ်ယောက်ထဲထားခဲ့ကြပြီးသွားတာ ငါတောင်မသိလိုက်ဘူး။ဘာဖြစ်တာလဲ။သေတော့မှာလား။"
တော်တော်ကောင်းတဲ့EXပါ။မူးမော်အော့အန်ရုံကို အသုဘချတဲ့အဆင့်ထိရောက်သွားစေတာ
"မင်းအဖေငါမသေသေးဘူး။ခွေးမသားရဲ့။
အန်ရုံလေးကို သဂြိုလ်စရိတ်ပါပေးချင်နေတာလား။F**K"
"အဟဲ ဘာများဖြစ်လို့လဲလို့ပါကွာ။မင်းကလည်း"
"တော်တော့ ခြောက်ပေအကွာကနေ ရီဥဥ လာ သားနဲ့ပြန်မယ်"
မွေးရကျိုးအနပ်လွန်သွားသောသားလေးကသူ့အကောင်ကိုစိတ်မချလို့ နေမကောင်းတဲ့ဖအေကိုပစ်ပြီးထွက်သွားတာများရင်ကိုကော့လို့....
"ဒူးမနာသားလေး ဒီလိုမှန်းသိ ငါတစ်ယောက်ပဲမွေးခိုင်းတယ်။"
မွေးရကျိုးမနပ်သောသကောင့်သားကတော့စပ်ဖြဲဖြဲနဲ့ဘဲလက်ဆွဲပြီးထွက်သွားပါပြီ။
"မင်းခရီးစဥ်ဖျက်တော့ ကိုယ်နဲ့ပဲနေတော့
ကြားလား။"
"ဟင် ဒါဆို ဘယ်သူသွားမှာလဲ။မောင်"
"Eagleလေ"
"ဪ တော်တော်ကောင်းတဲ့ယောက်ဖ"
ဆေးရုံကိုအမှီလိုက်လာရတဲ့လင်းယုန်ကြီးရင်ဝဆောင့်ကန်ခံလိုက်ရသလိုပဲ။ယောက်ဖတော်ကျေးဇူးအကြောင်းပြုအစ်ကိုတော်အရှုပ်ပခုံးပြောင်းထမ်းရပြီ။
"ဟဲဟဲ လာပါကွာ မင်းကလည်း မင်းကိုငါ့ညီပါထည့်ပေးလိုက်မှာကို သွားလိုက်ပါနော် ယောက်ဖရယ်"
Eagleမချိုမချဥ် ဆားငန်နေသည့်အပြုံးလေးနှင့်ပြုံးရင်းငခန့်မျက်နှာလက်သီးကျွေးချင်စိတ်လေးထိန်းထားရသည်။
ငါကသူ့ခိုင်းဖတ်လား။ယူပြီးတည်းကအရှုပ်ထုပ်တွေကမပြီးနိုင်ဘူး။lee~~
~~~
"ဖေ ဘာလုပ်နေတာလဲ။"
"မင်းဒယ်ဒယ်အတွက် မြူစွမ်ပြုတ်နေတာ"
"မွှေးနေတာပဲ။သားတို့ဖို့ရော"
"စာရင်းထဲမပါဘူး"
"ငင့် ဖေ ကလည်းဗျာ
ခွဲခြား ခွဲခြားနဲ့"
"ဘာဖြစ်လဲ။ငါက မင်းဒယ်ဒယ်ကိုပိုချစ်တယ်။မကျေနပ် -င်ဆောင့်သေ"
"လခွမ်း သားလေးတစ်ယောက်FAဖြစ်တာ ဖေတို့ကြောင့်လည်းပါတယ်။ သားအပေါ် မိဘဝတ္တရားငါးပါးမကျေချင်ဘူးလားလို့။ ဖေချည်းနှိမ်နေတာပဲ။သားငိုချင်လာပြီ။ ရွှတ်"
"မင်းဘာသာကြိုးစား ငါတော့မရှာပေးနိုင်ဘူး။ဒါပဲ ငါ့သား ငါ့ခြေဖျားမှီအောင်ကြိုးစားစမ်းပါ။မင်းဒယ်ဒယ်တောင်ငါ့ကိုမြင်တာနဲ့တစ်ခါတည်းကြွေဆင်းသွားတာ။ပြောရင်းအသည်းယားလာပြီ။သွားလိုက်ဦးမယ်ဟေ့"
ခန့်သျှားဘေးနားကအရှုပ်ထုပ်ကောင်ကိုဝါးတူနဲ့ထိပ်ခေါက်ပြီးလင်ဗန်းပေါ်မြူစွမ်ပန်းကန်တင်ကာပုစွန်ထုပ်တွေအပေါ်ကထည့်ပြီးလင်လင်လေးကိုမြူစွမ်တိုက်ရန်အခန်းထဲဝင်သွားတော့သည်။
"ဖေဟာလေ ဒယ်ဒယ့်ကိုသူမွေးထားတာကျနေတာပဲ။တကယ်ပိုလွန်းတယ်။"
သူအမြင်ကတ်၍မဆုံးသေး။ရီဥဥအတွဲကလည်းထမင်းစားခန်းထဲဝင်လာပြီး Bubble Tea လုသောက်နေပြန်သည်။
"ကလေးကလည်း ခွဲသောက်ပါဆို ကလေးမဝဘဲနေမယ်။"
ဘိုးတော်အသံကသာကူကျိုပြီးတရော်ကင်ပွန်းလောင်းထားသလိုချွဲပျစ်နေတာပဲ။
"မြန်မာနှင့် ပုဂံသည် ခွဲခြားမရ" သလို
" ဦးနဲ့ သားလည်း ခွဲခြားမရပါဘူးနော်
တူတူပဲသောက်မယ်။ဖြစ်နိုင်ရင်လေ ဘိုထိုင်အိမ်သာတောင်အမြွှာပူးပါတာလိုချင်တာ ဦးနဲ့ အီးအီးပါရင်းကြည်နူးလို့ရအောင်"
"ထွီ...ရွံတာ ဝေါ့"
သူ့ဆီထိုအတွဲအကြည့်ရောက်လာတော့လည်းအပြုံးမပျက်လက်ခလယ်ထောင်ပြလိုက်သည်။
"ကျွတ်စ် ကျွတ်စ်
သနားစရာ စောက်RSတွေများ အအေးတောင်တစ်ယောက်တစ်ဘူးဝယ်မသောက်နိုင်ရှာဘူး။"
Bubble Teaတစ်ဘူးကိုပိုက်နှစ်ချောင်းတပ်သောက်နေတဲ့စုံတွဲကသူ့အားမျက်စောင်းထိုးလာသည်။
"ဦး သူ့ကိုကြည့်မနေနဲ့။ကိုယ့်ဘာသာသောက်
ဟိုလဒ မင်းမစွံတိုင်းလူတကာပတ်ရမ်းမနေနဲ့။မင်းရုပ်ကငါနဲ့သာတူတာ အကျင့်ကတစ်စက်မပြောနဲ့ တစ်မှုန်တောင်မကောင်းတော့ ဘယ်သူကကြိုက်မှာလဲ။"
"မင်း မင်း မင်းကရော ငါနဲ့ရုပ်ဘယ်လောက်ကွာနေလို့လဲ။ဟိုနေ့ကဆိုမင်းဘဲကြီးက ငါနဲ့မင်းကိုတောင်မှားပြီးလာဖက်သေးတယ်။ သိရဲ့လား စောက်ကျင့်တစ်ခြမ်းယုတ်ရဲ့။"
သူနဲ့အမြွှာမို့အပြည့်ယုတ်ရင်သူပါမကောင်းဖြစ်၍စောက်ကျင့်ကိုတစ်ခြမ်းသာယုတ်ခိုင်းလိုက်ပါသည်။
"ဘာ!!
ရီဥဥ သူပြောတာဟုတ်လား။"
"အဲဒါကလေ အဲ့နေ့က ကလေးနဲ့သူ့အင်္ကျီအရောင်ကဆင်နေတော့လေ ဦးက ဦးက"
"တော် တန် တိတ်
ပြောချင်တဲ့သဘောကတကယ်ကြီးသွားဖက်ခဲ့တယ်ပေါ့။
ခင်ဗျားနာပြီသာမှတ်"
"ဟင့်"
"ရယ်မနေနဲ့။ငါ့ ဥဥကိုမြှူဆွယ်တဲ့ကောင် ငရဲကြီးရှစ်ထပ်ကိုstep by stepဆင်းရပါစေ ကဲကွာ"
သူများအတွဲကြားဝင်မွှေလိုက်ရ၍ကျိတ်ရယ်နေသောမသာကောင်အားဘေးနားကရေခဲတုံးနှင့်ကောက်ပေါက်လိုက်ရာice-kissဖြစ်သွားရှာသည်။
*********************************
Chapter-41
"P ရရဲ့လား။"
"ရီဥဥ ဘာလုပ်နေတာလဲ။ဒါ"
"အာ... ကလေး...
~~~
မောင်မလိုက်လာနဲ့။ကလေးထိန်းတဲ့လေ။
မောင်ကလိမ္မာပါတယ်။တစ်ပတ်ပဲဟာ"
"တစ်ပတ်ကြီးများတောင်
"အင်း ဟုတ်ပါပြီ။ဒါဆိုလေမရှည်တော့ဘူး။ ကျန်တာပဲ "
"အင်း ယုံပေးမယ်။
"ဒါလား ယောကျာ်း
"မင်းကိုအရှင်မထားဘူး"
"မင်း မင်း****"
"ခလော ခလော"
"မင်း..."
"ပြန်လာအိပ်
"စောက်ရူးတောင်သိတယ်။မင်းမေးခွန်းကလည်း"
"အိပ်ပြီပဲ။Good night, Bae."
~~~~~~~~~~~~~~~~~~~~~~~~
"လာပြီ။လာပြီ။"
"မင်းပဲခေါ်ပြီးတော့"
ကလေးတောင်သိတယ်။ရှင်က"
"မေမေ အာ"
"ဂိုး ဟာ ကပ်သီးလေးကွာ"
မင်းခက်ကမန်ယူက
"မီးငယ်ကရော"
"မီးငယ်ကမေ့မေ့ဘက်က"
"အေးရော...
ငါးမြွှထေိုးမလေးတွေ"
"မျက်စိကန်းနေလို့"
"ဘာ!!! ဦးမင်းခက်
"ကျေးဇူးတင်တယ်။"
~~~~
"ဝေါ့ ဝေါ့"
"မဏီ ဘာလို့ အန်နေတာလဲ။"
"ဘာဖြစ်တာလဲ။အစာမကြေဘူးလား။ညကမင်းညစာမစားပါဘူး။ကိုယ်ပဲစားတာပါ။အ.."
"မင်း မဟုတ်မှလွဲရော..."
"ဖေ ဘာဖြစ်တာလဲ။"
"မင်းဒယ်ဒယ် အန်နေလို့"
"ဗျာ !!!"
ဒုန်း
"မင်းအဖေငါမသေသေးဘူး။ခွေးမသားရဲ့။
ကြားလား။"
"Eagleလေ"
~~~
"ဖေ ဘာလုပ်နေတာလဲ။"
"မွှေးနေတာပဲ။သားတို့ဖို့ရော"
"စာရင်းထဲမပါဘူး"
"ငင့် ဖေ ကလည်းဗျာ
ခွဲခြား ခွဲခြားနဲ့"
"ထွီ...ရွံတာ ဝေါ့"
"ကျွတ်စ် ကျွတ်စ်
"ဦး သူ့ကိုကြည့်မနေနဲ့။ကိုယ့်ဘာသာသောက်
"ဘာ!!
ရီဥဥ သူပြောတာဟုတ်လား။"
"တော် တန် တိတ်
ခင်ဗျားနာပြီသာမှတ်"
"ဟင့်"
*********************************